Professional Documents
Culture Documents
org -
Posted By Karen Information Center On March 14, 2010 @ 6:22 am In ဆောင်းပါး | No Comments
M.ထက်ခေါင်
ဒုတိယသက်သေ
မြန်မာ့စွယ်စုံကျမ်းမှ မြန်မာလူမျိုး
မည်သိ့ပ
ု င် ရှုံးနိမ့်ခဲ့ဘူးသော်လည်း စစ်ရေးအတွေ့အကြုံများသူများဖြစ်၍ နိုင်ပွဲတွေများလာခဲ့သည်။ သို့ရာတွင်
နိုင်ပွဲတွေမှာ စစ်ဆင်ရန် အသင့်ဖြစ်နေသူများအနေဖြင့် အသင့်ဖြစ်မနေသေးသူများ၊ အကာအကွယ်မ ရှိ
လက်နက်ကိရိယာ မစုံလင်သူများ၊ ကိုယ့်အစုကလေးနှင့်ကိုယ် တကွဲတပြား သီးခြားစီ အေးချမ်းစွာ နေထိုင်နေ
သူများကို အင်အားသုံး၍လည်းကောင်း၊ ရှောင်တခင် ၀င်ရောက်တိုက်ခိုက်၍လည်းကောင်း ရရှိခဲ့သည့် နိုင်ပွဲတွေ က
အများစုဖြစ်သည်။ အနိုင်ရပါများသောအခါ မည်သူမဆိုပင် မိမိတို့ကိုယ် မိမိတို့ အထင်ကြီးလာကြ၊ အခြားသူ များကို
စီးပိုးစော်ကားချင်လာကြ၊ ငါတကော ကောချင်လာကြသည်။ အခြားလူတွေသည် ငါတို့လုပ်သမျှခံရမည့် သူတွေဟု
သဘောထားလျက်၊ လူမှုကိစ္စအ၀၀အပေါ် ချယ်လှယ်ချင်လာကြသည်။ မိမိ အနိုင်ရနိုင်သော သူတို့ အား
မပြိုင်မီကပင် မိမိနှင့် တန်းတူညီမျှ သဘောထားလိုစိတ် မရှိ။ ဆိုင်ပြိုင် အနိုင်ရလိုက်သူများအပေါ်တွင်လည်း
ထောက်ထားညာတာလိုစိတ် မရှိ။ တဦးချင်းစီ၏ ရပိုင်ခွင့် အခွင့်အရေးကို ပေးလိုစိတ်များမရှိ ဖြစ်လာကာ ထိုမှတ
ဆင့် အနိုင့်အထက် ဖိနှိပ်ပိတ်ပင် ကျွန်ပြုလိုစိတ်များ ပေါ်ပေါက်လာတတ်ကြလေသည်။
တိုင်းရင်းသားနှင့် မြန်မာ
ဗမာလူမျိုးကို စွယ်စုံကျမ်းထဲ၌ အဘယ့်ကြောင့် မထည့်သွင်းရသနည်း။ ဗမာလူမျိုးဟူသည်မှာ တကယ်မ ရှိခဲ့၍
ဖြစ်သည်။
ပထမ အင်္ဂလိပ်-မြန်မာစစ်၊ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်များ နှောင်းပိုင်း၊ ဗြိတိသျှတို့၏ အခေါ်အဝေါ် “ဘားမား”ကို
မှီး၍ မိမိတို့ကိုယ်မိမိတို့ ခေါ်ဝေါ်သည့် “ဘမာ”ဆိုသည်မှာလည်း စွယ်စုံကျမ်းထဲတွင် မရှိ။ နှုတ်အ
ခေါ်အဝေါ်အားဖြင့်သာ ရှိနေသော ဘမာ စာလုံးကို ဘကုန်းဖြင့် မပေါင်းဘဲ အသံထွက် ပိုမိုမာကျော၍ ဖဦးထုပ် သံနှင့်
အရောရောအထွးထွေး ဖြစ်စရာလည်း မလိုသော ဗထက်ခြိုက်ဖြင့် “ဗမာ”ဟု ရေးသားခေါ်ဝေါ်ခဲ့ခြင်းမှာ
တို့ဗမာအစည်းအရုံး၏ တီထွင်မှုသာ ဖြစ်လေသည်။ တို့ဗမာအစည်းအရုံးသည် မြန်မာနှင့် မြန်မာမဟုတ်သော
တိုင်းရင်းသားအားလုံးကို သိမ်းကျုံးပေါင်းရုံး ခေါ်ဆိုသည့် အမည်အဖြစ် မည်သည့်အခါကမျှ မရှိခဲ့သော “ဗမာ ပြည်”
“ဗမာလူမျိုး”ဟူသော အသုံးအနှုန်းကို တီထွင်သုံးနှုန်း အသိအမှတ်ပြုစေခဲ့သည်။
“မဟာ” ပြဿနာ
မဟာဝါဒီနှင့် တိုင်းရင်းသားများ
၁၉၉၆ခုနှစ်က လွတ်လပ်သော ကရင့်သမိုင်း သုတေသနဌာနမှနေ၍ “လွတ်မြောက်ငြိမ်းချမ်းရေး တည် ဆောက်မှု
လမ်းကြောင်းပေါ်၌”ဆိုသော စာအုပ်ငယ်တအုပ်ကို တည်းဖြတ်ထုတ်ဝေဘူးခဲ့သည်။ ထိုစာအုပ် နိဂုံး ပိုင်းတွင်
မျက်ကန်းမျိုးချစ် မဟာလူမျိုးကြီးဝါဒီ (Chauvinist) များနှင့် ပတ်သက်၍ ကျနော် အနည်းငယ်မျှ ရေးသား ဖော်ပြခဲ့၏။
မဟာလူမျိုးကြီးဝါဒီတို့မှာ အမျိုးသားတရပ်လုံးနှင့် မဆိုင်။ အမျိုးသားတရပ်အတွင်း လူတစုနှင့်သာ
သက်ဆိုင်ကြောင်းနှင့် ထိုလက်တဆုပ်စာ ပုဂ္ဂိုလ်များမှာ သာမန်လူများဆိုလျှင် လူအများစုအတွက် မည်သို့မျှ
မထောင်းတာသော်လည်း၊ တိုင်းပြည်အုပ်ချုပ်နေသူ အာဏာရပုဂ္ဂိုလ်များဖြစ်ပါက အခြားအမျိုးသားများ အပါအ ၀င်
လူအများအပြားပင် ဒုက္ခရောက်ကြရကြောင်း၊ ထို့အပြင်လည်း ထိုမဟာလူမျိုးကြီးဝါဒီတို့သည် တကယ်တမ်း အားဖြင့်
စစ်မှန်သော အမျိုးသားရေးဝါဒီ မျိုးချစ် (Patriot)များ မဟုတ်ကြ။ ၎င်းတို့သည် အခြားအမျိုးသားများကို စီးပိုးစော်ကား
ဖိနှိပ်ချယ်လှယ်၊ သွေးနှောမျိုးဖျောက် သုတ်သင်မှုများ လုပ်ရုံသာမက၊ ကိုယ်ရေးကြုံလာပါက မိမိ
အမျိုးသားအချင်းချင်းအပေါ်တွင်ပါ ထောက်ထားငဲ့ကွက်မှု၊ လိုက်လျောမှုများ မရှိဘဲ မိမိအိုးအိမ် စည်းစိမ်မပျက်
စီးစေရေးအတွက် မညှာမတာ ဖိနှိပ်ချေမှုန်းတတ်သူများဖြစ်ကြောင်း ဖော်ပြခဲ့သည်။
(ဆက်လက်ဖော်ပြပါမည်)
M.ထက်ခေါင်
[1]
[2]
[3]
အမျိုးသားရေး၊ ဒီမိုကရေစီရေး၊ တော်လှန်ရေးနှင့် ရန်သူ
[4]
အမျိုးသားရေး၊ ဒီမိုကရေစီရေး၊ တော်လှန်ရေးနှင့် ရန်သ(ူ ၃)
[5]
ကရင်အမျိုးသမီးများ၏ တော်လှန်ရေးအတွက် စွမ်းဆောင်မှုများ
[6]
တော်လှန်ရေးသစ္စာသည်သာ