You are on page 1of 32

HIV ဝေဒနာရှင်များကို အလှူရှင်များ ပိုမိုအာရုံစိုက်လာ

ခင်ဦးသာ Thursday, 13 January 2011 19:26

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ လူမှုအထောက် အကူပြုအဖွဲ့မှ ကူညီဆောင်ရွက် ပေးနေသော HIV/ AIDS ဝေဒနာရှင်များအား ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများ၊ လူမှုရေး
အဖွဲ့များက အာရုံစိုက်မှု ပိုမိုများလာကြောင်း သိရသည်။
“နိုင်ငံတကာရဲ့အာရုံစိုက်မှု ရလာသလို၊ လူနာတွေလည်း တိုးပွား
လာပါတယ်” ဟု ဝေဒနာသည်များအား ဦးဆောင်ကူညီပေးနေသူ
မဖြူဖြူသင်းက ဧရာဝတီ ကိုပြောသည်။

နိုင်ငံတကာနှင့် ပြည်တွင်းပြည်ပ လူမှုရေး အဖွဲ့များ၏


အာရုံစူးစိုက်လာခြင်းသည် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် နှစ်ရှည်ထောင်ဒဏ် ကျခံရာမှ ပြန်လည်
လွတ်မြောက်လာပြီး ၎င်းကိုယ်တိုင် HIV/ AIDS ဝေဒနာ ရှင်များထံ
သွားရောက် အားပေး ကူညီမှု ပြုလုပ်ခဲ့သည့် နောက်ပိုင်းတွင် ပိုမို
များလာသည်ဟု မဖြူဖြူသင်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် သွားရောက်၍ ဝေဒနာရှင်များကို


တွေ့ဆုံကူညီခဲ့ပြီး နောက်ပိုင်းတွင် စာပေ၊ ဂီတ အနုပညာရှင်များ၊
အဆိုတော်များ၊ ပြည်တွင်း ဂျာနယ်များမှ အယ်ဒီတာ၊
သတင်းထောက်များက သွားရောက်ကာ ငွေကြေး၊ စားသောက်စရာများ
ပေး၍ အားပေးကူညီမှုများ ဆက်တိုက်ရှိလာခဲ့သည်။

စေတနာရှင်များသည် HIV/ AIDS ဝေဒနာရှင်များအား


HIV/AIDS စစစစစစစစစစစစစစ စစစစစစစစ စစစစစစစစစစစစစစစစ စစစစစစစစစ
ကူညီပေးလိုသော် စစစစစစစစစစစစစ
လည်း NLD က တည် ထောင်ထားသော ဂေဟာ စစစစစစစစစစစစစစစစစ
ဖြစ်သောကြောင့် အများစုက ကူညီမှု ပေးရန် ထိတ်လန့်နေကြကြောင်း
( - Reuters)
သိရသည်။

NLD ပါတီကို စစ်အစိုးရက တရားမ၀င် ပါတီအဖြစ် ကြေညာခဲ့သောကြောင့် တရားဝင် ပါတီ ဖြစ်ရေးကို အယူခံဝင်ထားဆဲ ဖြစ်သည်။

ဝေဒနာရှင်များအား ကူညီမှု ပေးနေခြင်းသည် နိုင်ငံရေးနှင့် ပတ်သက်မှု မရှိဟု NLD ၏ တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောသည်။

လူနာများ၏ ကျန်မာရေး အခြေအနေမှာလည်း ယခင်ထက် ပိုမို တိုးတက်ကောင်းမွန်လာကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လူနာများအား စေတနာအပြည့်ဖြင့် ခွဲခြားဆက်ဆံမှု
မရှိ၍ ၀မ်းသာ ဂုဏ်ယူမိကြောင်း HIV ဝေဒနာရှင် အမျိုးသမီး တဦးက ဆိုသည်။

“မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံမှာ နေခဲ့ရတုန်းက တရက်မှ စိတ်မချမ်းသာခဲ့ရဘူး။ ဆရာဝန်တွေက မတူမတန်သလို ဆက်ဆံတယ်၊ အားပေးရမယ့်အစား ခွဲခြားဆက်ဆံလို့ ပိုပြီးတော့
ခံစားရတယ်၊ အားငယ်ရတယ်” ဟု သူက ပြောသည်။

ထိုအမျိုးသမီးသည် တောင်ဒဂုံမြို့ရှိ NLD လူမှုအထောက်အကူပြု အဖွဲ့က တည်ထောင်ထားသော သုခရိပ်မြုံဂေဟာသို့ ရောက်ရှိခဲ့သည်မှာ ၂ နှစ်နီးပါး ရှိပြီ ဖြစ်ကြောင်း၊ သုခရိပ်မြုံသို့
မရောက်မီ ကူးစက်ရောဂါရှင်များအား ကုသထားရှိသည့် ဝေဘာဂီ ဆေးရုံ၌ ၁ နှစ်နီးပါး နေခဲ့ရကြောင်း ရှင်းပြသည်။

ယခုအခါ အသက် ၃၂ နှစ်ရှိပြီဖြစ်သော အဆိုပါ ဝေဒနာရှင် အမျိုးသမီးသည် ဒေးဒရဲမြို့သူ တဦး ဖြစ်ပြီး သူ၏ ခင်ပွန်းသည်ထံမှ ဝေဒနာ ကူးစက် ခံခဲ့ရကြောင်း၊ ခင်ပွန်းသည်မှာ
လွန်ခဲ့သော ၃ နှစ်က ဆုံးပါးသွားခဲ့ကြောင်း၊ ကလေး ၂ ဦးရှိသည့် အနက် သားငယ်ဖြစ်သူလည်း HIV ကူးစက် ခံနေရကြောင်း ဆက်ပြောသည်။

“ကျမနဲ့အတူ ၄ နှစ်အရွယ် သားလေးပါ HIV ပိုး ကူးစက် ခံထားရတယ်။ ကလေးက ခဏခဏ ဖျားလေ့ရှိတယ်” ဟု သူက ဆိုသည်။

သုခရိပ်မြုံဂေဟာသို့ ရောက်ပြီး နောက်ပိုင်းတွင် ၎င်းတို့ သားအမိသည် ကျန်းမာရေး ကောင်းမွန်လာပြီး သာမန်လူများကဲ့သို့ ၀ဖြိုး လာသည်ဟု ပြောသည်။

အဆိုပါ အမျိုးသမီးသည် ဒေးဒရဲတွင် နေခဲ့စဉ်ကလည်း ပတ်ဝန်းကျင်၏ အထင်အမြင်သေးမှု၊ ခွဲခြားဆက်ဆံမှုများ ခံခဲ့ရကြောင်း၊ ထို့ကြောင့် မိမိဒေသသို့ မပြန်တော့ဘဲ သုခရိပ်မြုံ၌သာ
ဝေဒနာရှင်များကို ကူညီပေး၍ ဘ၀ကို ဆက်လက် ရပ်တည်သွားမည် ဖြစ်ကြောင်း ပြောဆိုသည်။

မြန်မာနိုင်ငံတွင် HIV/ AIDS ဝေဒနာရှင်ပေါင်း ၂ သိန်း ၄သောင်းကျော်ရှိပြီး ဝေဒနာရှင် ၅ ဦးလျှင် ၁ ဦးသာ ဆေးဝါးကုသမှု ခံယူခွင့် ရရှိကြောင်း၊ ထို ၁ ဦး သည်ပင် ဆေးဝါးအပြည့်အဝ
ကုသမှု မခံရသေးကြောင်း ကမ္ဘာ့ကုလသမဂ္ဂ (UN) မှ ထုတ်ပြန်သည့် ၂၀၁၀ ပြည့်နှစ် ကမ္ဘာ့ AIDS အစီရင်ခံစာတွင် ရေးသားထားသည်။

ဆေးဝါးလုံလောက်မှု မရှိသေးသော မြန်မာနိုင်ငံမှ ဝေဒနာရှင်များ အတွက် UN က ARV ဆေးဝါး ထောက်ပံ့မှုကို ၂၀၁၅ ခုနှစ်အထိ ထောက်ပံ့ ပေးသွားမည်ဟု သိရသည်။

တောင်ဒဂုံရှိ NLD လူမှုကူညီရေးဂေဟာ၌ ယခင်က ဒေ၀နာရှင် ၈၀ ခန့်သာရှိခဲ့ရာမှ ယခု ရက်ပိုင်းတွင် လူ ၁၂၀ ကျော်အထိ တိုးပွားလာကြောင်း၊ တရက်လျှင် ဝေဒနာရှင် ၅ ဦးမှ ၁၀
ဦးအထိ လာရောက် ခိုလှုံနေကြောင်း ၎င်းအဖွဲ့က ပြောသည်။

ဝေဒနာရှင်တိုးလာခြင်းနှင့်အတူ အခက်အခဲများ ပိုမိုရှိလာသော်လည်း အကောင်းဆုံး အနေအထားကို တွေးတော၍ လုပ်ဆောင်သွားမည်ဟု မဖြူဖြူသင်းက ဆိုသည်။

မြန်မာနိုင်ငံတွင် HIV/ AIDS ရောဂါ ရရှိလာပါက ထိုလူနာအား လူမှုအသိုင်းအဝန်းက ပစ်ပယ် ထားတတ်သည့် သဘာဝသည် ကျေးလက် ဒေသများ၌ သာမက မြို့ပြဒေသများတွင်လည်း
ရှိနေဆဲ ဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဒေသခံကျန်းမာရေးဌာနများသည် အဆိုပါ ရောဂါနှင့်ပတ်သက်၍ ပညာပေးမှု အားနည်းသေးသည့်အပြင် ဝေဒနာရှင်များသည်လည်း


အာဏာပိုင်များ၏ ခြိမ်းခြောက်မှုများကို ခံနေကြရသည်
နေပြည်တော်တွင် ၅ သိန်းတန် GSM စရောင်း
နရီလင်းလက် Thursday, 13 January 2011 15:39

ကျပ် ၅ သိန်းတန် GSM မိုဘိုင်းဖုန်းများကို ပထမ အဆင့်အနေဖြင့် နေပြည်တော်တွင် လိုင်းအရေအတွက် တသိန်းခွဲ စတင် ချပေးမည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရှိရသည်။

တနိုင်ငံလုံးတွင် အသုံးပြုနိုင်သည့် အဆိုပါ GSM မိုဘိုင်းဖုန်းလိုင်းသည် ယခင်က ငွေကျပ် ၁၅ သိန်း ပေးသွင်းရသော်လည်း ယခုကျပ် ၅ သိန်းဖြင့် ဈေးနှုန်းလျှော့ကာ
စတင်ချပေးခြင်းဖြစ်ကြောင်း နေပြည်တော် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အရာရှိတဦးက ပြောသည်။
၎င်းက ဆက်လက်၍ “ဆက်သွယ်ရေး နည်းစနစ်တွေရဲ့
ထိရောက်မှုတွေကို အာဏာပိုင်တွေဘက်က ပိုပြီး သိလာတော့
နည်းပညာကို ဖွံ့ဖြိုးအောင်လုပ်ပြီး ပြည်သူတွေ သုံးစွဲမှုများလာတဲ့အချိန်မှာ
သူတို့အနေနဲ့ ချုပ်ကိုင်ရ လွယ်မယ်ဆိုပြီး မြင်လာတယ်။ ဒါကြောင့်
တယ်လီဖုန်းနဲ့ ပတ်သက်ပြီး အင်တာနက်သုံးလို့ရတဲ့ ၀န်ဆောင်မှုတို့
အဲဒီလိုမျိုး တိုးချဲ့လာတာတွေ အများကြီးပဲ။ အကောင်းဘက်က
ကြည့်ရင်တော့ အလယ်အလတ်တန်းစား လူထုကအစ တယ်လီဖုန်း
ကိုင်လာနိုင်နေပြီ။ ဆက်သွယ်မှုတွေ လွယ်ကူ လျှင်မြန်လာတယ်။
တဘက်မှာတော့ လူထုအသုံးများလာလေ သတင်းပိုရလေ၊
အာဏာပိုင်တွေအတွက် ထိန်းချုပ်ရလွယ်ကူလေ ဖြစ်လာတယ်” ဟု
ဧရာဝတီသို့ ပြောသည်။

အသစ်ချထားပေးမည့် မိုဘိုင်းဖုန်းနံပါတ်များသည် ဂဏန်း ၁၀ လုံးရှိပြီး


ဖုန်းခေါ်ဆိုခ ကြိုတင်ပေးသွင်းငွေအဖြစ် ကျပ် ၅ သောင်း ပေးသွင်းရန်
သတ်မှတ်ထားသည်ဟု သိရသည်။

တည်ဆောက်နေသည့် GSM တာဝါတိုင်များ ပြီးစီးသွားပါက ရန်ကုန်မြို့နှင့်


မန္တလေးမြို့ကြီးများတွင်ပါ ဆက်လက်ချထားပေးသွားရန်
( - Popular News) အာဏာပိုင်များက ညွှန်ကြားထားကြောင်း မြန်မာ့ ဆက်သွယ်ရေး
ဝန်ထမ်းတဦးက ပြောသည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အဆိုပါ ဝန်ထမ်းက “နေပြည်တော်ကတော့ ပထမဆုံးဦးစားပေးဆိုတော့ အရင်ဆုံး ချပေးတာပေါ့။ မြို့ကြီးတွေကို
ဆက်ချပေးသွားဖို့ ရှိတယ်။ တာဝါတိုင်တွေနဲ့ ဆာဗာတွေ နိုင်သလောက် ချပေးသွားမှာ” ဟု ပြောသည်။

ဖုန်းခေါ်ဆိုခကို သတ်မှတ်နယ်မြေအတွင်း သုံးစွဲပါက ၁ မိနစ်လျှင် ၅၀ ကျပ်၊ နယ်မြေကျော်လွန် ခေါ်ဆိုပါက ၆၀ ကျပ်၊ SMS (သတင်းတို စာပို့စနစ်) အတွက် တစောင်လျှင် ၂၅ ကျပ်နှုန်း
သတ်မှတ်ထားသည်ဟု သိရသည်။

ပြင်ဦးလွင်မြို့တွင် ဇန်န၀ါရီလ ၈ ရက်မှ ၁၂ ရက်အထိ ကျင်းပခဲ့သော ၉ ကြိမ်မြောက် မြန်မာအိုင်စီတီ ရက်သတ္တပတ်ပွဲတော်တွင် အင်တာနက်အသုံးပြုနိုင်သည့် ကျပ်ငွေ ၅ သိန်းတန်
McWill ဖုန်း ရောင်းချခြင်းနှင့် ကျပ် ၅ သိန်းတန် ဖုန်းများကို အင်တာနက် အသုံးပြုနိုင်ရန် ဝန်ဆောင်မှုပေးခြင်းများ စတင်ခဲ့သည်။

အဆိုပါ ပွဲတော်တွင် တရုတ်၊ အိန္ဒိယ၊ ကိုရီးယား၊ ဗီယက်နမ်၊ ထိုင်း၊ စင်ကာပူ၊ မလေးရှားတို့မှ နည်းပညာကုမ္ပဏီ ၂၀ ခန့် ပါဝင်ပြသခဲ့ပြီး အများပြည်သူ စိတ်ဝင်စားမှု
အများအပြားရရှိခဲ့ကြောင်း သိရသည်။

အင်တာနက်နှင့် တယ်လီဖုန်း ဆက်သွယ်မှုများကို တိုးချဲ့ပြီး သေချာစွာ ကိုင်တွယ်နိုင်ရန် သက်ဆိုင်ရာ ၀န်ကြီးဌာနမှ အာဏာပိုင်များနှင့် နည်းပညာရှင်များပါ ပူးပေါင်းပြီး လုပ်နေကြောင်း၊
အင်တာနက်သုံးစွဲပါက အချက်အလက်များကို ကြည့်ရှုနိုင်သည့် စနစ်၊ တယ်လီဖုန်းလိုင်းဆိုပါကလည်း ကြားဖြတ်နားထောင်နိုင်သည့် နည်းပညာများ သုံးစွဲလိမ့်မည်ဖြစ်ကြောင်း
ရတနာပုံတယ်လီပို့နှင့် နီးစပ်သူတဦးက ဆိုသည်။

စစ်အစိုးရက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာ နယ်ပယ်နှင့် မီဒီယာ လုပ်ငန်းတို့မှ လူပေါင်း ၃၀၀၀ ကျော်တို့၏ တယ်လီဖုန်းများကို ကြားဖြတ် နားထောင်ရန် စီစဉ်လျက်ရှိသည်ဟု
ယင်းလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ပါဝင်သူ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတဦးကလည်း ယခုလအစောပိုင်းတွင် ဧရာဝတီသို့ ပြောခဲ့သည်။

ယခုလက်ရှိတွင် GSM ရေဒီယို စခန်းပေါင်း ၃၀၊ CDMA 450 Mhz ရေဒီယိုစခန်း ၁၅၁ ခု၊ CDMA 800 MHz ရေဒီယိုစခန်း ၄၂ ခု တို့ကို ဆောက်လုပ်လျက်ရှိပြီး ပြီးစီးသွားပါက
မြန်မာတနိုင်ငံလုံးတွင် မိုဘိုင်းဖုန်း အရေအတွက် ၆၁၀၀၆၁ လုံး ရှိလာမည်ဟု မြန်မာ့ဆက်သွယ်ရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။

၂၀၁၀ ပြည့်နှစ် ဇူလိုင်လအထိ GSM ဖုန်း ၄၉၄၃၀၀၊ CDMA မိုဘိုင်းဖုန်း ၅၄၅၆၅၀၊ CDMA 800 တယ်လီဖုန်း ၁၅၀၀၀၀၊ CD MA (Fixed) တယ်လီဖုန်း ၂၀၀၃၈လုံး၊ WCDMA တယ်လီဖုန်း
အလုံးရေ ၂၈၀၀၀ တို့ ချထားပေးပြီးဖြစ်ကြောင်း သိရှိရသည်။
စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းတခုဖြစ်သော ရွှေသံလွင် ကုမ္ပဏီသည် FTTX ဖိုက်ဘာ ဆက်ကြောင်းနှင့် ရုပ်သံလိုင်း၊ ဖုန်း၊ အင်တာနက်တို့ကို ၀န်ဆောင်မှု ပေးနေသည်။

ကြံ့ဖွံ့ ဘာသာရေးအသင်းဖွဲ့၊ ဝေဖန်ပြောဆိုမှုများရှိနေ


ဆက်လင်း Thursday, 13 January 2011 12:37

၂၀၁၀ ရွေးကောက်ပွဲတွင် အမတ်နေရာ အများဆုံး အနိုင်ရခဲ့သည့် စစ်အစိုးရ ကျောထောက် နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က သာသန နုဂ္ဂဟ
အသင်းအမည်ဖြင့် ဘာသာရေးအသင်း တည်ထောင်လိုက်ခြင်းသည် ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချရန်ဖြစ်ကြောင်း ဝေဖန်ပြောဆိုမှုများ ရှိနေသည်။
ယင်းအသင်း ထူထောင်ခြင်းသည် ဘာသာရေးကို အသုံးချပြီး
လူထုထောက်ခံမှုရရန် ဆောင်ရွက်ခြင်း ဖြစ်သည်ဟု သံဃာတော်များနှင့်
နိုင်ငံရေးပါတီ ခေါင်းဆောင်များက ပြောဆိုသည်။

“သူတို့တွေက ဘာသာ သာသနာကို ကာကွယ် စောင့်ရှောက်လိုတဲ့စိတ်နဲ့


လုပ်တာလို့ ဦးပဉ္ဇင်းတို့ မထင်ပါဘူး။ လူထု ထောက်ခံမှုရအောင်
ဘာသာရေးမှိုင်း တိုက်တယ်လို့ပဲ ထင်ပါတယ်။ ဦးပဉ္ဇင်းတို့
သံဃာ့လှုပ်ရှားမှု ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး တုန်းက
ဘုန်းကြီးတွေကို ရိုက်တယ်။ ဘုန်းကြီးကျောင်း တွေကို ၀င်စီးတယ်။
ဒီလိုလူတွေက သာသနာကို ကာကွယ် စောင့်ရှောက်တယ် ဆိုတာ
နှလုံးသားထဲက လာတာတော့ မဖြစ်နိုင်ဘူး။ သူတို့ကို လူကြိုက်အောင်
လုပ်တာလို့ပဲ ဦးပဉ္ဇင်း ထင်တယ်”ဟု ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုတွင်
ပါဝင်ခဲ့သည့် စာချ ဆရာတော် တပါးဖြစ်သူ ဦးအဂ္ဂက မိန့်သည်။

နိုင်ငံရေး ပါတီတခုက ဘာသာရေး အသင်း ဖွဲ့စည်းခြင်းသည်


အခြေခံဥပဒေကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ဒီမိုကရက်တစ် ပါတီ
(မြန်မာ) ၏ ဥက္ကဌ ဦးသုဝေ ကလည်း ပြောသည်။

( -၀ )
“ဒါက အခြေခံဥပဒေကို ချိုးဖောက်တာပါ။ အခြေခံဥပဒေမှာ ဘာသာရေးလုပ်ကိုင်နေသူတွေက နိုင်ငံရေးမှာ ပါဝင်ပတ်သက်လို့မရဘူး။ အဲဒီလိုပဲ နိုင်ငံရေးပါတီတွေကလည်း
ဘာသာရေးအသင်းအဖွဲ့ ဖွဲ့လို့မရဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေအရကို လုပ်ခွင့်မရှိဘူး။ ဒါက ဥပဒေကို ချိုးဖောက်တာပဲ”ဟု ဦးသုဝေက ထောက်ပြသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း(၁၀) နိုင်ငံရေး ပါတီများ အခန်းတွင် နိုင်ငံရေးပါတီ တခုခုသည် ပုဒ်မ ၄၀၇ (ဂ) နိုင်ငံခြား တိုင်းပြည် တခုခုမှ အစိုးရ သို့မဟုတ်
ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်း တခုခု သို့မဟုတ် လူပုဂ္ဂိုလ် တဦးဦး ထံမှ ငွေကြေး၊ ပစ္စည်း တခြား အထောက်အပံ့ တခုခုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍
ဖြစ်စေ ရယူသုံးစွဲခြင်း၊ (ဃ) ဘာသာရေး ကို နိုင်ငံရေးအတွက် အလွဲသုံးစား ပြုခြင်း စသည်တို့နှင့် ငြိစွန်းလျင် ရပ်တည်ပိုင်ခွင့် မရှိစေရ ဟူ၍ ပါရှိသည်။

ယင်းအသင်းကို စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ လမ်းညွှန်မှုဖြင့် တည်ထောင်ခြင်း ဖြစ်ပြီး ရွေးကောက်ပွဲအနိုင်ရ ကြံ့ဖွံ့ပါတီလွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်သည့်
စီးပွားရေးလုပ်ငန်းရှင် ဇေကမ္ဘာ ဦးခင်ရွှေ က ဥက္ကဌ အဖြစ် တာဝန်ယူမည်ဖြစ် ကြောင်း သိရသည်။

“နိုင်ငံတော်အကြီးအကဲရဲ့လမ်းညွှန်ချက်နဲ့ ဖွဲ့တာပါ၊ အဓိက ကတော့ တောတွေမှာနေထိုင်နေတဲ့ လူတွေ အရမ်းဆင်းရဲလွန်းတော့ တခြား ဘာသာတွေက ထောက်ပံ့ကူညီပြီးတော့
သူတို့ဘာသာကိုပြောင်းအောင် စည်းရုံးသွားတာတွေကို မဖြစ်အောင် ကျနော်တို့အသင်းကြီးက သာသနာပြု လုပ်ငန်းတွေ လုပ်သွားမှာပါ”ဟု ဦးခင်ရွှေက ဆိုသည်။

ကြံ့ဖွံ့ပါတီ က ဖွဲ့စည်းမည့် သာသန နုဂ္ဂဟ အသင်းကို ရပ်ကွက် ကျေးရွာအနှံ့ ဖွဲ့စည်းသွားမည်ဖြစ်ပြီး ဘာသာရေးလုပ်ငန်းများ၊ သာသနာပြု လုပ်ငန်းများ၊ တရားပွဲများကို
ဦးဆောင်ကျင်းပသွားမည်ဟုလည်း သိရသည်။

ဦးသုဝေက“နောက်ရွေးကောက်ပွဲ အတွက်ဆိုရင်လည်း အများကြီးလိုသေးတယ်။ သူတို့ဖွဲ့ပြီးပြီဆိုရင် တခြားပါတီတွေက ထောက် ပြကြမယ်။ ကန့်ကွက်ကြမှာပဲ။ သဘောတူညီမှု


မရှိဘူးဆိုရင်တော့ ပဋိပက္ခတွေဖြစ်လာမှာပဲ”ဟု ပြောသည်။

ကြံ့ဖွံ့ပါတီသည် နောက်လာမည့်ရွေးကောက်ပွဲတွင် လူထုထောက်ခံမှုရစေရန် ဘာသာရေးကိုအသုံးချသည်ဆိုပါက အခြားပါတီများ အနေဖြင့်


ဝိုင်းဝန်းကန့်ကွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ကြံ့ဖွံ့ပါတီသည် ရွေးကောက်ပွဲကြိုကာလတွင်လည်း ဘာသာရေးအသုံးချ မဲဆွဲစည်းရုံးမှု အများအပြားပြုလုပ်ခဲ့သဖြင့် တခြား နိုင်ငံ ရေး ပါတီများက ကန့်ကွက်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ၁၉၆၀ ခုနှစ် ၀န်ကြီးချုပ်ဦးနု အစိုးရအဖွဲ့က ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ အဖြစ် ပြဌာန်းခဲ့သဖြင့် အခြား ဘာသာ ကိုးကွယ်သည့် တိုင်းရင်းသားလူမျိုးများနှင့်
ပဋိပက္ခဖြစ်ပွားခဲ့သည့် သာဓကများရှိခဲ့ပြီး နိုင်ငံရေးနှင့် ဘာသာရေး ရောယှက် ဆက်နွယ်မှုသည် အလွန်အန္တရာယ်ကြီးသော လုပ်ရပ်မျိုးဖြစ်သည်ဟု အငြိမ်းစား အစိုးရ အရာရှိဟောင်းကြီး
တဦးက ဆိုသည်။

ကြံ့ဖွံ့ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲ၌ လွှတ်တော် သုံးရပ်စလုံး၏ မဲဆန္ဒနယ်စုစုပေါင်း ၁၁၅၄ နေရာအနက် ၈၈၂ နေရာအနိုင် ရခဲ့ကြောင်း စစ်အစိုးရ မီဒီယာများက တရားဝင်
ကြေညာထားသည်။
စက်မှုလုပ်ငန်း ၉၀ ရာခိုင်နှုန်း ပုဂ္ဂလိကသို့ လွှဲမည်
ဟိန်းသူ Thursday, 13 January 2011 18:07

နိုင်ငံပိုင် စက်မှုလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းကို ယခုနှစ်အတွင်း ပုဂ္ဂလိကသို့ လွှဲပြောင်း လုပ်ကိုင်ခွင့် ပေးမည်ဖြစ်ပြီး အစိုးရက ၁၀ ရာခိုင်နှုန်းကိုသာ ဆက်လက်လုပ်ကိုင်
သွားမည်ဖြစ်ကြောင်း သိရသည်။

စစ်အစိုးရ အမှတ် ၂ စက်မှုဝန်ကြီးဌာန ဒု ၀န်ကြီး ဦးခင်မောင်ကျော်က ပြီးခဲ့သည့် ဇန်န၀ါရီလ ၉ ရက်နေ့တွင် ကျင်းပခဲ့သော မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း၏ နှစ်ပတ်လည်
ညီလာခံတွင် ယင်းသို့ပြောကြားခဲ့ကြောင်း Eleven မီဒီယာက ဖော်ပြသည်။

“ဒီမိုကရေစီ နိုင်ငံတော်အဖြစ် ပြောင်းလဲတဲ့အခါမှာ နိုင်ငံတော် ပိုင်ဆိုင်တဲ့ စက်မှုလုပ်ငန်းတွေရဲ့ ၉၀ ရာခိုင်နှုန်းအထိကို ပုဂ္ဂလိက ထံ လွှဲပြောင်းပေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ဒါမျိုးက မြန်မာနိုင်ငံတင် မဟုတ်ဘဲ တခြား ဒီမိုကရေစီနိုင်ငံ တွေမှာလည်း ဒီလိုမျိုးပဲ ဆောင်ရွက်လေ့ ရှိပါတယ်''ဟု ဦးခင်မောင်ကျော်က ညီလာခံ၌ ပြောခဲ့သည်။

နိုင်ငံပိုင်များဖြစ်သော စီးပွားရေးလုပ်ငန်း ၁၁၀ ၊ အဆောက်အအုံ ၃၂ ခု၊ စက်သုံးဆီ အရောင်းဆိုင် ၂၄၆ ဆိုင်နှင့် ရန်ကုန်မြစ်ကမ်း တလျောက်ရှိ အလုံဆိပ်ကမ်းမှ ဗိုလ်တထောင်
သံလျက်စွန်းအထိ ဆိပ်ကမ်းမြေနေရာများကို ပုဂ္ဂလိကသို့ လွှဲပြောင်းရောင်းချပြီးဖြစ် သည်ဟုလည်း Eleven မီဒီယာ၌ ရေးသား ထားသည်။

စက်မှုလုပ်ငန်းများ အပြင် နိုင်ငံပိုင် မော်တော်ယာဉ်၊ စီးပွားရေးလုပ်ငန်းများ၊ စက်သုံးဆီဆိုင်များ၊ အဆောက်အအုံများနှင့် မြေကွက် များ၊ လမ်းတံတားများ၊ ဆိပ်ကမ်းများနှင့်
အပန်းဖြေနေရာများကိုပါ ပုဂ္ဂလိကသို့ လွှဲပြောင်းပေးနေသည်ဟု ဆိုသည်။

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) မှ တာဝန်ရှိသူတဦးဖြစ်သည့် ဦးစိုးမြင့်က “အခုလိုကိစ္စမျိုးတွေ ဗီယက်နမ်နိုင်ငံမှာလည်း ရှိခဲ့ဖူးပါတယ်။


ဖွံ့ဖြိုးတိုးတက်မှုအတွက် ကျနော်တို့ အကောင်းမြင်ပါတယ်။ ဒါပေ မယ့် အခုအချိန် အထိတော့ အစိုးရကနေ တရားဝင် သတင်း ထုတ်ပြန်တာတော့ မရှိသေးပါဘူး”ဟု ဧရာဝတီ သို့
ပြောသည်။

နိုင်ငံပိုင် သိမ်းဆည်းထားသော ရန်ကုန်နှင့် မန္တလေးမြို့များတွင် အများဆုံးတည်ရှိသည့် တိုက်ခန်း၊ မြေကွက်၊ မြေနှင့် အဆောက် အအုံ စုစုပေါင်း ၁၃၇ ခုကိုရောင်းချရန်နှင့် မန္တလေးအပြင်
ပဲခူး၊ ပြည်၊ တာချီလိတ်၊ ပြင်ဦးလွင်၊ မိတ္ထီလာ၊ လားရှိုး၊ သံတွဲ၊ တောင်တွင်းကြီး မြို့များ၌ တည်ရှိသည့် အိမ်ခြံမြေများကို ရောင်းချရန်အတွက်လည်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၁ ရက်နေ့
နောက်ဆုံးထားကာ အဆိုပြုလွှာများတင်သွင်းရန် ကြေညာထားပြီးဖြစ်သည်။

နိုင်ငံပိုင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား လက်အောက်ရှိ MRTV 3 New Studio Complex အဆောက်အအုံနှင့် မြေနေရာအား ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီလိမီတက်ကို
ပုဂ္ဂလိကပိုင် အဖြစ်ရောင်းချခဲ့ပြီး ဖြစ်သည်။

ထိုကဲ့သို့ နိုင်ငံပိုင် စက်မှုလုပ်ငန်းများ၊ အဆောက်အအုံများ၊ စက်ရုံများကို ရောင်းချနေခြင်းမှာ၂၀၀၈ ခုနှစ် နောက်ပိုင်းမှ စတင်ကာ ပိုမိုများပြားလာပြီး စစ်အစိုးရနှင့် နီးစပ်သော
စီးပွားရေးလုပ်ငန်းရှင်များက အများဆုံးပိုင်ဆိုင်ခွင့် ရရှိထားသည်။
http://bur.irrawaddy.org/

Thursday, January 13, 2011


ပေးစာ - လေးစားပါတယ် ရတနာပုံ
(ဓာတ်ပုံ - Eleven Media Group, Planet)

ကျနော်တို့ မန်းလေးသားတွေ McWill ဖုန်းလျှောက်ဖို့ တပျော်တပါး ပြင်ဦးလွင်ကို


ချီတက်လာကြပါတယ်။ ဂျာနယ်သတင်းတွေမှာ အပြိုင်အဆိုင် ကြော်ငြာနေတာက ပြပွဲအတွင်းမှာ
အလုံးရေး ၆၀၀၀ ချက်ချင်းချပေးမယ်ဆိုပဲ။

ရန်ကုန်ရော မန်းလေးရော တပြိုင်တည်းပေါ့။ ဒါကြောင့် လူတိုင်းရမှာပဲဆိုပြီး သွားကြတာပါ။


ဟိုရောက်တော့ ဖုန်းတွေလျှောက်ကြပါတယ်။

အဲ … မှတ်ပုံတင်မိတ္တူ လိုတယ်ဆိုလို့ မိတ္တူကူး ဘာကူးနဲ့ပေါ့။ ပြီးတော့မှ ပြပွဲမှာ တရက်ကို အလုံး


၅၀ ပဲ လက်ခံတာတဲ့။
စိတ်ထဲမှာတော့ တမျိုးဖြစ်သွားပါတယ်။ ဒီဖုန်းက အင်တာနက်အတွက် အဓိကဆိုတော့ သုံးသူနည်းလည်း အဆင်ပြေမှာပဲပေါ့ ဆိုပြီးလျှောက်တာပါ။

ကြေညာချက်တွေ သတင်းတွေထဲမှာ ပါတာက အခုထုတ်ပြီး အခုချက်ချင်း သုံးလို့ရမယ့်ပုံပဲ။ ကြေညာတာကလည်း ခဏခဏ။ သတင်းတွေမှာရော၊ ဂျာနယ်တွေမှာရော မိုက်မှမိုက်။

အဲ … လျှောက်လွှာတင်ပြီးတော့မှ သေပြီဆရာ။ လိုင်းတွေကို နှစ်ပါတ်ကြာမှ ဖွင့်ပေးမယ်ဆိုပြီ ကြေညာထားပြန်ပါတယ်။

အဲဒါက Customer တွေကို အရူးလုပ်တားလား။ မြန်မာပြည် အစိုးရဌာနတွေစတိုင် ကျင့်သုံးနေတာလား။ ရန်ကုန်ကလူတွေက


လျှောက်ချင်လို့ ရတနာပုံရုံးခွဲကို စုံစမ်းကြတော့ McWill ကို အခုလျှောက်လို့ မရပါဘူးတဲ့။ ကျမတို့ မသိသေးပါဘူးတဲ့။ အခု
လူစာရင်းပဲ ပေးထားလို့ရပါတယ်တဲ့။

ကဲ ... ဘယ်လိုလုပ်ကြမလဲ။

တော်တော်ကောင်းတဲ့ စီမံခန့်ခွဲမှုပါပဲ။

Eleven News သတင်းမှာ ပါလာပါတယ်။ ရတနာပုံတယ်လီပို့က ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်းတွေ၊


အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းတွေ၊ ဖုန်းဝန်ဆောင်မှုလုပ်ငန်းတွေကို ဦးဆောင်မယ်ဆိုတော့ ...

ဒီပုံစံနဲ့ နိုင်ငံနဲ့ချီတဲ့ ဆက်သွယ်ရေး ယန္တရားကို ဘယ်လိုကိုင်တွယ်မလဲ။

တိုင်းပြည်အတွက် ရင်လေးတယ်။ ကိုယ့်ဌာန၊ ကိုယ့်ရုံးခွဲတခုနဲ့တစ်ခုကိုပဲ information communication ကောင်းအောင်


အရင်လုပ်ပါဦး။ တိုင်းပြည်နဲ့ချီပြီး ကိုင်တွယ်မနေပါနဲ့။

တဦးတည်းဆန္ဒ၊ တဦးတည်ဆုံးဖြတ်ချက်နဲ့ အာဏာတွေပြပြီး ဆက်သွယ်ရေးဝန်ဆောင်မှု ကော်ပိုရိတ် မလုပ်ဘဲ၊ ဉာဏ်မမီဘဲ စီမံခန့်ခွဲချင်တဲ့သူတွေ ဘောင်းဘီပြန်ဝတ်ပြီး


တပ်ထဲသာပြန်ကြပါတော့။ စစ်မှုမထမ်းမနေရ ဥပဒေအစား ဘောင်းဘီချွတ်ထားသူတွေကို ဘောင်းဘီပြန်ဝတ်ပေးလိုက်ရင် စရိတ်ပိုသက်သာမယ်။

သူတို့နဲ့ပတ်သက်ပြီး လုပ်စားခွင့်ရနေတဲ့ နည်းပညာကုမ္ပဏီဆိုပြီး ပြည်သူ့ဝင်ငွေကို တစ်ကျပ်ကနေ နှစ်ကျပ်ခွာနေတဲ့ ကုမ္ပဏီပိုင်ရှင် ကြောင်သူတော် ကြွက်သူခိုးတွေလည်း တခုတည်းကို
အဆင့်မမြှင့်ဘဲ ဖုန်းလိုင်းခေါင်းစဉ် မျိုးစုံတပ်ပြီး ပိုက်ဆံညာယူဖို့ ကြိုးစားနေကြတာတွေကိုလည်း တော်တော် အော့နှလုံးနာပါတယ်။

ငါးလည်းဖမ်းတာပဲ။ လမ်းလည်း ဖောက်တာပဲ။ စိုက်ပျိုးရေးဆိုလည်း လုပ်တာပဲ။ တိုက်လည်း ဆောက်တာပဲ။ ဖုန်းဆိုလည်း လုပ်လိုက်တာပဲ။ အဲလို ကြံ့ဖွံ့အရေခြုံ ခေတ်ပျက်သူဌေးတွေမှ
မချမ်းသာရင် ဘယ်သူချမ်းသာမှာလဲ။

ပြည်သူ့ဘဏ္ဍာတွေကို ရင်လေးပါတယ်။ ရတနာပုံကိုတော့ လေစားပါတယ်။ အချီကြီး အပွကြံလို့။

ဒါပါပဲ။

မန်းလေးသား

Thursday, January 13, 2011


ကိုတရုတ်ကြီးရဲ့ မျက်နှာနှစ်ဘက်ထား မူဝါဒ
မွန်ဇော်နိုင်၊ ဇန်နဝါရီ ၁၃၊ ၂၀၁၁

“ဆွေမျိုးပေါက်ဖော်”
“ဘန်ဒေါင်းမူ ၅ ချက်”
“အမျိုးသားစည်းလုံးညီညွတ်ရေး တည်ဆောက်ရန် တိုက်တွန်းခြင်း”

အဲဒီစကားလုံး အသုံးအနှုန်းတွေဟာ မြန်မာနိုင်ငံ၊ မြန်မာလူမျိုးတို့အပေါ် ကိုတရုတ်ကြီးတို့ထားရှိတဲ့ အခြေခံ ဆက်ဆံရေးမူဝါဒပိုင်းဆိုင်ရာ စကားလုံးအသုံးအနှုန်းတွေပါ။


ကောင်းလိုက်လေဗျာ။

ပထ၀ီအနေအထားနဲ့ သမိုင်းစဉ်လာအရ ကျနော်တို့ ကိုမြန်မာနဲ့ ကိုတရုတ်ကြီးတို့ဟာ အိမ်နီးချင်း ဆွေမျိုးရင်းချာတွေပါ။ “ရေကိုသား အကြားမထင်” တဲ့။ ဟုတ်လိုက်လေဗျာ။
အိမ်နီးချင်းဆွေမျိုးဆိုတာက မတော်ချင်လို့မှ မရတာ။ ဒါကြောင့် “ဆွေမျိုးပေါက်ဖော်” ဆိုတဲ့စကားလုံးက ရင်ကိုအေးမြစေပါတယ်ဗျာ။

ကိုမြန်မာနဲ့ ကိုတရုတ်ကြီးတို့က ဘ၀ပေးအရ ဆွေမျိုးပေါက်ဖော်ဖြစ်နေလေတော့ ဒီဘ၀ပေးကို အကြောင်းပြုပြီး နှစ်ဦးနှစ်ဘက် မေတ္တာစေတနာဝေဖြာစွာနဲ့ အကျိုးတူပူးပေါင်းကြဖို့သာ


ရှိတော့တာပေါ့။ “ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ” ဆိုတဲ့ လူကြီးသူမစကားက မြန်မာမှာရှိထားသလို လူကြီးသူမတွေကို လေးမြတ်သမှု ဂါရ၀ပြုတဲ့စဉ်လာကလည်း တရုတ်တို့မှာ
ရှေးပဝေသဏီထဲက ရှိထားပြီးဖြစ်နေလေတော့ ရေးကြီးခွင်ကျယ် “လုပ်ပြော” ပြောနေဖို့ လိုသေးသလားဗျာ။ တနိုင်ငံကအခြားတနိုင်ငံကို ရန်စကျူးကျော်တာ၊ တနိုင်ငံရဲ့ပြည်တွင်းရေးမှာ
အခြားတနိုင်က ၀င်ရောက်နှောက်ယှက် စွတ်ဖက်တာ နှစ်ဦးနှစ်ဘက် ဘာတွေများကောင်းကျိုးရှိလို့လဲ။ ဒါကြောင့် “ဘန်ဒေါင်းမူ ၅ ချက်” ဆိုတာ နတ်လူသာဓုခေါ်စရာပေါ့ခင်ဗျာ။

“ညီညွတ်ခြင်းသည်၊ အင်အား” ဆိုတော့ ကိုတရုတ်ကြီးက ကျနော်တို့ကို စိတ်ကောင်းစေတနာနဲ့


“အမျိုးသား စည်းလုံးညီညွတ်ရေး တည်ဆောက်ရန် တိုက်တွန်းခြင်း” အတွက်လည်း ကျေးဇူးတင်စရာ၊ ၀မ်းမြောက်စရာ ကောင်းလှပါပေတယ်ဗျာ။ ဒါပေမယ့် ကိုတရုတ်ကြီးတို့
အမှန်တကယ် လက်တွေ့ကျင့်သုံးတဲ့
အခြေခံမူဝါဒက မျက်နှာနှစ်ဘက်ထားမူဝါဒ (Two Faces Policy) ဖြစ်နေတယ်ဗျ။

သိကြတဲ့အတိုင်းပါပဲ။ ကိုမြန်မာတို့ ကိုလိုနီလက်အောက်က လွတ်လပ်ပြီဆိုတဲ့နေ့ကစပြီး ပြည်တွင်းစစ်မီးကြီး ဟုန်းဟုန်းတောက်ခဲ့တယ် မဟုတ်လား။ အဲဒီလိုကာလမှာ ကိုတရုတ်ကြီး


လုပ်လိုက်ပုံက လက်နက်ကိုင် ဆန့်ကျင်တိုက်ခိုက်နေကြတဲ့ သူတွေကို “ညီအစ်ကိုတော်ပါတီ” တဲ့။ နယ်ချဲ့တော်လှန်ရေး၊ ဗိုလ်ကျစိုးမိုးမှု ဆန့်ကျင်ရေးမှာ
လက်တွဲတိုက်ပွဲဝင်နေကြသူများတဲ့။ အဲဒီလိုဘန်းတင်ပြီး စိတ်ဓာတ်ရေးရော ရုပ်ဝတ္ထုပိုင်းပါ နောက်ခံပြုပြီးအားပေးခဲ့တယ်။ ဒီအလုပ်ကို ကိုတရုတ်ကြီးက မျက်နှာတစ်ဘက်နဲ့လုပ်တာ။

ကိုတရုတ်ကြီးက နောက်မျက်နှာတစ်ဘက်နဲ့ အစိုးရချင်းဆက်ဆံရေး (State to State Relation) လို့ ဆိုလာပြန်တယ်။ ခေါင်းဆောင်ကြီးများ ဖြစ်ကြတဲ့ ချူအင်လိုင်းနဲ့ မာရှယ်ချင်ယီတို့
ရန်ကုန်မြို့တော်ကို ရောက်လာခဲ့ကြတာ။ ၀န်ကြီးချုပ်ဦးနု အမှူးပြုတဲ့ ဖဆပလခေါင်းဆောင်များနဲ့အတူ သင်္ကြန်ရေကစားခဲ့ကြတာ။ “ဆွေမျိုးပေါက်ဖော်” ကဗျာစပ်ခဲ့တာ။ ထိုစဉ်က
သတင်းစာတွေကို ပြန်လှန်ရင် ကိုတရုတ်ကြီးတို့ရဲ့ ဓာတ်ပုံတွေကို တွေ့နိုင်ပါသေးတယ်နော်။

အဲဒီလို မျက်နှာနှစ်ဘက်ထားမူဝါဒကြောင့် ကိုမြန်မာတို့ရဲ့ ပြည်တွင်းစစ်မီးကြီးဟာ ငြိမ်းသတ်လို့မှမရခဲ့တာ။


ကိုတရုတ်ကြီးပြောဆိုနေတဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးဆိုတာ ဝေလာဝေးပေါ့ဗျာ။ နောက်ဆုံးမှာတော့
စစ်အာဏာရှင်စနစ်ကြီးသာ ကိုမြန်မာတို့ရဲ့မြေပေါ်မှာ ငွါးငွါးစွင့်စွင့်ကြီး မွေးဖွားသန့်စင် ကြီးထွားလာတော့တာပါပဲ။

ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီး ပေါ်လာတော့ မြန်မာ့နိုင်ငံရေးအခင်းအကျင်းက တစ်မျိုးပြောင်းလာတယ်


ခင်ဗျ။ ဖိနှိပ်သူစစ်အာဏာရှင် လက်တဆုပ်စာ ဗိုလ်ချုပ်တွေကတဘက် အဖိနှိပ်ခံပြည်သူတွေကတဘက် ဖြစ်လာပြီလေ။ ပြည်သူတွေရဲ့ တိုက်အားနဲ့နိုင်ငံတကာရဲ့ ဖိအားတွေကြောင့်
စစ်အာဏာရှင်တွေ အားကိုးရှာရတဲ့ဘ၀ကို ရောက်ခဲ့ရတယ်။

“မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ” ဆိုတဲ့အခြေကို ရောက်လာတော့ ဆရာကိုတရုတ်ကြီးက ကျွမ်းကျွမ်းကျင်ကျင် မျက်နှာဘက်ပြောင်းလိုက်တာများ ကြောင်ကကြွက်ကလေးကို မိမိရရ


အုပ်ဖမ်းလိုက်သလိုပါပဲဗျာ။

“သံမဏိသက်တမ်းရှည် ညီအစ်ကိုတော်ပါတီကြီး” ဟာ ရုပ်သေးစင်ပေါ်က ရုပ်သေးရုပ်ကလေးလို အရုပ်ကြိုးပြတ်


မလှုပ်နိုင်မရှားနိုင်တော့တဲ့ အခြေဆိုက်ခဲ့ရတယ်။ ဒီအခြေမှာ ကိုတရုတ်ကြီးက စစ်အာဏာရှင်ဗိုလ်ချုပ်တွေရဲ့
အားထားရာ မင်းဆရာကယ်တင်ရှင်ဇာတ်ထုပ်ကို ဒါရိုက်တာလုပ်ပြီလေ။

နယ်စပ်ဒေသ အမဲရောင်နယ်မြေအားလုံး အဖြူရောင်ဖြစ်စေသတည်း။ ပြည်သူတို့အပေါ် စစ်အာဏာရှင်တို့


ကြမ်းသမျှ၊ ရမ်းသမျှ၊ ဖမ်းသမျှ၊ သတ်သမျှ၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီစင်မြင့်ပေါ်က အသံတွေကို
ဗီတိုအာဏာသုံး၍ တိတ်စေသတည်း။

စစ်အာဏာရှင်ဗိုလ်ချုပ်တို့ကလည်း အတွင်းသိ၊ အစင်းသိတွေဖြစ်လို့ ကိုယ့်ဆရာသခင်ကျေးဇူးရှင်ရဲ့ အကြိုက်ကို


ဆောင်ရတော့ပေမှာပေါ့။ ဟိုတုန်းကလို ရွှေလင်ပန်း၊ ငွေလင်ပန်း၊ ရွှေပန်းခိုင်၊ ငွေပန်းခိုင်၊ လောက်နဲ့တော့ဘယ်ရပါ့မလဲ။ ပေးလိုက်စမ်း အိန္ဒိယသမုဒ္ဒရာစစ်ရေးထွက်ပေါက်။ ပေးလိုက်စမ်း
ရေနံဓာတ်ငွေ့၊ ရေနံပိုက်လိုင်း၊ ရေနံဆိပ်ကမ်း။ ပေးလိုက်စမ်း တောလုံးပြုတ်၊ တောင်လုံးပြောင်။ ပေးလိုက်စမ်း ကျောက်စိမ်း၊ ကျောက်မျက်။ ပေးလိုက်စမ်း မြစ်လုံးပျောက်
လျှပ်စစ်ရေလှောင်၊ ဆည်၊ တမံ၊ ရေကာတာ။

ဘာကျန်တော့လို့လဲ ကိုတရုတ်ကြီးရယ်။ တနိုင်ငံလုံးကိုသာ မြိုချပစ်ဖို့ပဲရှိတော့တယ်နော်။

ဟော … နောက်မျက်နှာတဘက်က ၂၀၀၈-ခုနှစ်၊ ဇန်န၀ါရီလက ဧည့်သည်တရုတ်သံအမတ်ကြီးက အိမ်ရှင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကို ပြောလိုက်ပုံက


စစ်အာဏာရှင်ဗိုလ်ချုပ်တွေကြောင့် အခြေအနေတွေက ဆိုးသည်ထက်ဆိုး ကျိုးသည်ထက် ကျိုးလို့ကုန်ပါပြီ။ ဒီတိုင်းကြည့်နေလို့တော့ မဖြစ်တော့ပါဘူး၊ ပြောင်းလဲဖို့အတွက်
လက်တွဲကြိုးပမ်းကြပါစို့တဲ့။ဒါဟာ အမေရိကန်သံအမတ်ကို မျက်စပစ် လမ်းခင်းတာပဲခင်ဗျာ။

ကိုတရုတ်ကြီးတို့ ဟိုဘက်မှာထားတဲ့ မျက်နှာကတမျိုး။ ဒီဘက်လှည့်လိုက်တော့ မျက်နှာကတဖုံ။ ကနေ့အထိ ဒီမျက်နှာနှစ်ဘက်ထားမူဝါဒကို ကျင့်သုံးလျက်ရှိတုန်းပဲကိုး။


မျက်နှာများတယ်ဆိုတာ၊ ကိုယ်ကျင့်သိက္ခာ
သီလသမာဓိ ဂုဏ်ကျိုးပျက်တာလို့ ကိုမြန်မာတို့က မှတ်ယူတယ်ခင်ဗျ။ တနည်းဆိုရရင် သစ္စာမရှိတာ၊ မိတ်ဆွေ
ကောင်းမပီသတာ၊ ယုံကြည်စိတ်ချမရတာ၊ တွေပေါ့ဗျာ။ တရုတ်ပညာရှိကြီးကွန်ဖြူးရှပ်က ဒီလို အကျင့်ပျက်သီလဆိုးတွေကို ရှောင်ကျဉ်ဖို့ သွန်သင်ဆုံးမသြ၀ါဒပေးခဲ့တာ ကိုတရုတ်ကြီးတို့
အသိဆုံးပါဗျာ။

ဟိုးတုန်းက ကိုတရုတ်ကြီးတို့နေခဲ့ရတဲ့ ကိုလိုနီလက်အောက်ခံဘ၀ကို ကိုမြန်မာတို့က ဘ၀တူတွေပဲလေဆိုတဲ့အသိစိတ်နဲ့ ကိုယ်ချင်းအစာကြီး စာခဲ့ပါတယ်ဗျ။တပ်နီတော်ကြီးရဲ့


အောက်ပွဲကြောင့် လွတ်မြောက်လာတဲ့ ကိုတရုတ်ကြီးကို ကွန်မြူနစ်ဆိုင်းဘုတ်တပ်ပြီး ၀ိုင်းပယ်ထားတော့လည်း ကျနော်တို့ မခံမရပ်နိုင်ဖြစ်ခဲ့ကြရတယ်။

ဒါကြောင့် ဟိုတုန်းက အမေရိကန်သံရုံးကို ၀ိုင်းကြစတမ်းဆို လူငယ်၊ ကျောင်းသား၊ ရဟန်းသံဃာတွေက အဆင်သင့် ၀ိုင်းအုံလာကြတယ်။ အခုတော့ “တရုတ်သံရုံးကိုဝိုင်းကြဟေ့”
လို့ဟစ်လိုက်ရင် လူငယ်၊ ကျောင်းသား၊ ရဟန်းသံဃာတို့သာမက အဖိုး၊ အဖွား၊ လူကြီး၊ လူငယ်၊ ယောက်ျား၊ မိန်းမ၊ အိမ်ရှင်မများပါမကျန် အင်တိုက်အားတိုက် ဆန့်ကျင်
ချီတက်ဆန္ဒပြကြမှာ အသေအချာလို့ ကျနော်ရဲရဲကြီး အာမခံပါတယ်ဗျာ။

အဲဒီလောက်ဆို ကျနော်တို့မြန်မာပြည်သားတွေ စိတ်သဘောထားပြောင်းကုန်ကြပြီဆိုတာကို ကိုတရုတ်ကြီး သဘောပေါက်လောက်ပြီထင်ပါရဲ့။ သဘောမပေါက်သေးဘူးဆိုရင်လည်း


အချိန်မီလေ့လာ
ဆန်းစစ်ပြီး သဘောပေါက်စေချင်တယ်ဗျာ။

နောက်ဆုံး နိဂုံးချုပ်စကားကို အစစ်အမှန် “ဆွေမျိုးပေါက်ဖေါ်” စိတ်ထားနဲ့ ဖြူစင်စွာပြောပါရစေ။

ဘင်္ဂလားဒေ့ရှ်က စီးပွားရေးနိုဗယ်ဆုရပညာရှင်ကြီးက အာဏာရှင်ဆိုတာ တနေ့ပြုတ်ကျမှာ သေချာတယ်။


ဒါကြောင့် တရုတ်တို့၊ အိန္ဒိယတို့ဟာ သမိုင်းမှာအမည်းကွက် မထင်ကျန်ရအောင်သတိရှိကြဖို့လိုတယ်တဲ့။ အဲဒီ
သတိပေးဆုံးမစကားကို အလေးထား သင်ခန်းစာယူစေချင်ကြောင်းပါခင်ဗျား။ ။
သမီးရှင် ထက်ထက် မိုးဦး

(ဓာတ်ပုံ
-Popular
News)

သရုပ်ဆောင် ထက်ထက်မိုးဦး တယောက် ၁၁.၁.၂၀၁၁ နေ့က သမီးလေး “စစ်လွန်းဝတီထက်” ကို ထိုင်းနိုင်ငံ ဘန်ကောက် မြို့မှာရှိတဲ့ ဆေးရုံတခုမှာ မွေးဖွားခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘလ ကတည်းက ဘန်ကောက်မှာ ဆေးရုံတက်ရောက်ခဲ့တာပါ။ သားသမီး လိုချင်နေတဲ့ ထက်ထက်မိုးဦး တယာက် ဆန္ဒပြည့်ဝသွားပါပြီ။

မပြီးပြတ်သေးတဲ့ ထက်ထက်မိုးဦးနဲ့ သတင်းထောက် အေးသူစံ အမှုအတွက် တရားလိုဘက်မှ သက်သေ တယောက်ကို စစ်ဆေးပြီးပါက ကိုယ်ထိလက်ရောက်ကျုးလွန်သူ
ထက်ထက်မိုးဦးအား တရားရုံးသို့ ဆင့်ခေါ် စစ်ဆေးရန်သာကျန်ရှိ တော့ကြောင်း ဂျာနယ်သတင်းထောက်တဦးက ပြောပါတယ်။
ပြည်သူ့အချစ်တော် ကိုဇာဂနာ မွေးနေ့
သီးလေးသီး သီးညီနောင် မောင်နှမများ တင်ဆက်ကျင်းပမယ့် ပြည်သူ့အချစ်တော် ကိုဇာဂနာ မွေးနေ့ကို အားလုံး ပါဝင်ဆင်နွှဲရန် အနုပညာပွဲခင်းသို့ ကြွလှမ်းခဲ့ပါ ချစ်မိတ်ဆွေ ...

အချိန်။ ။ ၆း၃၀ - ၉း၃၀

နေ့ရက်။ ။ ၂၇၊ ၁၊ ၂၀၁၁

နေရာ။ ။ Art Museum ချင်းမိုင်တက္ကသိုလ်၊ နေမာဟေမင်လမ်း၊ ချင်းမိုင်မြို့၊ ထိုင်းနိုင်ငံ။

နိုင်ငံပိုင်ပစ္စည်းများကို အလှူပေးခြင်း
ဒီနှစ်အတွင်းမှာ နိုင်ငံပိုင် စက်မှုလုပ်ငန်းများရဲ့ ၉၀ ရာခိုင်နှုန်းကို ပုဂ္ဂလိကဆီ လွှဲပြောင်းပေးမှာဖြစ်ပြီး နိုင်ငံပိုင်အဖြစ် ၁၀ ရာခိုင်နှုန်းပဲ ထားမယ်လို့ သိရပါတယ်။Eleven မီဒီယာမှာ
ဖော်ပြထားတဲ့ သတင်းကို ဒီမှာ ဖတ်နိုင်ပါတယ်။ Click Here

ပုဂ္ဂလိကပိုင် ဆိုပေမယ့် စစ်ဗိုလ်ချုပ်များရဲ့သားသမီး ဆွေမျိုးများ၊ သူတို့နဲ့ နီးစပ်တဲ့ လက်တဆုပ်စာ စီးပွားရေးသမားတွေကို ဈေးချိုချိုနဲ့ ရောင်းပစ်တာပါပဲ။

သမိုင်းတန်ဖိုးရှိတဲ့ နေရာ အဆောက်အအုံမျိုးတွေအပါအဝင် စက်ရုံ၊ မြေကွက်တွေကို ဝေစားမျှစား ရောင်းဝယ်နေကြပုံက သေခါနီးလူမမာထံကနေ အမွေခွဲယူနေကြသလိုပါပဲ။

၂၀၁၀ အတွင်းမှာ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း ၁၁၀ ခု၊ နိုင်ငံပိုင် အဆောက်အအုံ ၃၂ ခု၊ နိုင်ငံပိုင် စက်သုံးဆီ အရောင်းဆိုင် ၂၄၆ ဆိုင်နဲ့ ဗိုလ်အောင်ကျော်ဆိပ်ကမ်း၊
ဗိုလ်တထောင်ဆိပ်ကမ်း၊ ပန်းဆိုးတန်း-နန်းသီတာ ဆိပ်ကမ်း၊ ကျန်းမာရေး ဆိပ်ကမ်း၊ ဆူးလေဆိပ်ကမ်း၊ အလုံ ဆိပ်ကမ်းမှ ဗိုလ်တထောင် သံလျက်စွန်းအထိ ဆိပ်ကမ်း မြေနေရာ
အများအပြားကို ဈေးပြိုင် အိတ်ပိတ်စနစ်ဖြင့် ရောင်းချခြင်း၊ အဆိုပြုလွာခေါ်ဆို ရောင်းချခြင်းများ ပြုလုပ်ပြီး ဖြစ်တယ်လို့ Eleven မီဒီယာမှာ ဖော်ပြထားတဲ့ အချက်အလက်တွေအရ
သိရပါတယ်။

ဈေးပြိုင် အိတ်ပိတ် ဆိုပေမယ့် တကယ်က နင်ဒါယူ၊ သူဒါယူဆိုပြီး လက်သင့်ရာ စီးပွားရေးသမားကြီးတွေကို ခွဲပေး၊ စီးပွားရေးသမားကြီးတွေကလည်း ဒါတော့ သူလိုချင်တယ်၊
ဟိုဟာတော့ မလိုချင်ဘူးဆိုပြီး ဗိုလ်ချုပ်တွေ၊ ဝန်ကြီးတွေကို ကပ်ပြီး ချောဆီနဲ့ တောင်းတာပါပဲ။
http://www.irrawaddyblog.com/

မဟာမိတ်လုပ်မည်ဟု တစည ကမ်းလှမ်း


ကိုဝိုင်း | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၁၃ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၃၆ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ပြည်သူ့ အကျိုးစီးပွားအတွက် မည်သူနှင့်မဆို မဟာမိတ်အဖြစ် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ယနေ့
ကမ်းလှမ်းလိုက်သည်။

လွှတ်တော်အမတ်နေရာ ၆၄ နေရာဖြင့် ဒုတိယအများဆုံးရ တစည ပါတီ၏ လွှတ်တော် ကိုယ်စားလှယ်အချို့ကို ပါတီခေါင်းဆောင်များက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ
ပါတီဌာနချုပ်တွင် ယနေ့ တွေ့ဆုံမှာကြားပွဲအပြီး ထုတ်ဖော်ပြောကြားခြင်း ဖြစ်သည်။

“ကျနော်တို့က လွှတ်တော်ထဲမှာ ပြည်သူအတွက်


အကျိုးစီးပွားရှိမယ်ဆိုရင် ဘယ်သူနဲ့ဖြစ်ဖြစ် ဂိုဏ်းဂန မရှိဘဲနဲ့ ပူးပေါင်းဆောင်ရွက်ဖို့
သဘောထားရှိပါတယ်” ဟု ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်နှင့် ပြောခွင့်ရ ဦးဟန်ရွှေက မဇ္ဈိမကို
ပြောသည်။

တွေ့ဆုံပွဲသို့ ပါတီဥက္ကဋ္ဌ ဦးထွန်းရီ (ဒုဗိုလ်ချုပ်ကြီး-ငြိမ်း) ဦးဆောင်၍ ဗဟိုအလုပ်အမှုဆောင်များနှင့်


ပြည်သူ့လွှတ်တော် အမတ် ၁၂ ဦး၊ အမျိုးသား လွှတ်တော်အမတ် ၅ ဦး၊ မကွေးတိုင်း
ချင်းတိုင်းရင်းသား ကိုယ်စားလှယ် ဆလိုင်းလှထွန်းနှင့် ကချင်ပြည်နယ် ဗမာတိုင်းရင်းသား
ကိုယ်စားလှယ် ဦးပါ ခေါ် ဦးခင်မောင်ဆွေတို့ တက်ရောက်ခဲ့သည်။

ပါတီ၏ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များကိုမူ သက်ဆိုင်ရာ တိုင်းစည်း၊


ပြည်နယ်စည်း ကော်မတီများက တာဝန်ယူဆွေးနွေးမှာကြားမှုများ ပြုလုပ်ခဲ့သေးသည်။

ယခုလ ၃၁ ရက်နေ့မှစ၍ ပထမအကြိမ် လွှတ်တော်အသီးသီး အစည်းအဝေးသည် မကြာသေးခင်က


ထုတ်ပြန်ခဲ့သည့် လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ အကောင်အထည်
ပေါ်ရေးအတွက်သာ ဖြစ်မည်ဟု ဦးဟန်ရွှေက ပြောသည်။

“နောက် ၅ နှစ်အတွင်းမှာ ခေါ်သွားမယ့် အစည်းအဝေးတွေမှာ အဆင်သင့်ဖြစ်အောင် ဒီပထမအကြိမ် (photo :: http://ywatwar.blogspot.com)


အစည်းအဝေးကတော့ ပြဋ္ဌာန်းထားတဲ့ ဥပဒေ ၁၇ ခုကို တကယ်ဖွဲ့စည်းဖြစ်အောင် အကောင်အထည် ဖော်သွားရမယ့် ကိစ္စပဲလို့ ထင်ပါတယ်” ဟု သူက ပြောသည်။

ယခုလ ၁ဝ ရက်နေ့၌ လွှတ်တော်ကျင်းပရမည့် ရက်ကို နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သတ်မှတ်ပေးခဲ့ပြီး၊ သမ္မတနှင့် ဒုသမ္မတများ ရွေးချယ်တင်မြှောက်ရေး၊ ဖွဲ့စည်းပုံခုံရုံး၊
တရားစီရင်ရေး၊ နိုင်ငံတော်အလံနှင့် သီချင်း စသည့် ဥပဒေနှင့် နည်းဥပဒေ ၁၇ ခုကို စာအုပ်အဖြစ် ရောင်းချပေးမည်ဟုလည်း ကြေညာခဲ့သည်။

သို့သော် ယင်း ဥပဒေ၊ နည်းဥပဒေများကို လွှတ်တော်ခေါ်ရန် နှစ်ပတ်ကျော်သာခွါ၍ ထုတ်ခဲ့သဖြင့် မလေ့လာရသေးဟု ဦးဟန်ရွှေက ပြောသည်။ “ဒီဥပဒေတွေက မနေ့တနေ့ကမှ
ထုတ်တော့ သေချာဖတ်ဖို့ နေနေသာသာ လောလောဆယ် စာအုပ်ရအောင်တောင် မနည်း လုပ်နေရတယ်” ဟု ဆိုသည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ပထမအကြိမ် အစည်းအဝေးများအတွက် အမတ်များသည် ယခုလ ၂၇ ရက်နေ့ နောက်ဆုံးထားပြီး နေပြည်တော်သို့ “သတင်းပို့ရမည်’’
ဖြစ်သည်။

၂၆ နှစ်ကြာ တပါတီစနစ်ဖြင့် အုပ်ချုပ်ခဲ့သော မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) သည် ၁၉၈၈ ခုနှစ် နိုင်ငံအဝှမ်း ဒီမိုကရေစီ တောင်းဆိုသော လူထုအုံကြွမှုကြောင့်
ပျက်သုန်းခဲ့အပြီး နောက်ပိုင်းတွင် (တစည) အဖြစ် ခေါင်းဆောင်မှု ပြောင်းလဲကာ အမွေဆက်ခံခဲ့သည်။
ဆောင်းတွင်းမိုးကြောင့် မတ်ပဲဈေးတက်
ကျော်ခ | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၁၃ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၄၆ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ အခါမဟုတ်မိုးကြောင့် ပဲဈေးကွက်အတွင်း မတ်ပဲ အဝယ်မြင့်တက်နေပြီး တအိတ်လျှင် ကျပ် ၄ သောင်းခန့် ဈေးတက်သွားသည်။

ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်တွင် ယခုလအစောပိုင်းက ပြည်ပပို့ရန် အသင့်အနေအထားရှိ မတ်ပဲ ပိဿာချိန် ၆ဝ ဝင် တအိတ်လျှင် ကျပ် ၆ သိန်း ၃ သောင်းခန့်မှ
တရိပ်ရိပ်တက်လာရာ မနေ့က ကျပ် ၆၇၅,ဝဝဝ ဈေးပေါက်သွားသည်။

“အခုရက်ပိုင်း ရန်ကုန်ဈေးကွက်မှာ အဝယ်လိုက်နေတာပဲ။


ဈေးလဲ တက်သလို အဝယ်လဲ ပြန်လိုက်လာတယ်” ဟု ဘုရင့်နောင်ကုန်စည်ဒိုင်မှ တာဝန်ရှိသူတဦးက
မဇ္ဈိမကိုပြောသည်။

ယနေ့ ဘုရင့်နောင် ကုန်စည်ဒိုင်တွင် SQRC (Special Quality Ready Cargo) ဈေးကွက်မှာ


ပိဿာချိန် ၆ဝ ဝင်အိတ် တအိတ်လျှင် ကျပ် ၈၂ဝ,ဝဝဝ ဖြစ်ပြီး RQ ခေါ် Raw Quality ပိဿာချိန် ၆ဝ
ဝင်အိတ် တအိတ်မှာ ၈ဝ,ဝဝဝ ဈေး ဝန်းကျင်၌ ရှိသည်။

မြန်မာနိုင်ငံထွက် မတ်ပဲကို အိန္ဒိယသို့ အဓိက တင်ပို့ပြီး တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ ပါကစ္စတန်၊
မလေးရှားနှင့် စင်္ကာပူနိုင်ငံများကိုလည်း တင်ပို့နေသည်။ ၂ဝ၁ဝ မှ စ၍ ကမ္ဘာပေါ်တွင်
မြန်မာနိုင်ငံသည် ကနေဒါ ပြီးလျှင် ဒုတိယ ပဲတင်ပို့မှုအများဆုံးဖြစ်သည်။

၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာရေးနှစ်ဝက် စက်တင်ဘာလလယ်ပိုင်းထိ မတ်ပဲ ပြည်ပတင်ပို့မှု တန်ချိန်


၂၅ဝ,ဝဝဝ ရှိပြီး ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာရေးနှစ်တွင် ပြည်ပပို့တန်ချိန် ၂၉ဝ,ဝဝဝ ရှိသည်ဟု
ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်က ဆိုသည်။

ဆောင်းတွင်းမိုးရွာသဖြင့် မတ်ပဲခင်းအချို့ ပျက်ကာ မတ်ပဲဈေး ပြန်တက်လာခြင်းဖြစ်နိုင်ကြောင်း


ပဲကုန်သည်တဦးက ပြောသည်။

ဇန်နဝါရီ ၇ ရက် ညပိုင်းက ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်နှင့် မကွေးတိုင်းတို့တွင် မိုးရွာပြီး မတ်ပဲခင်း၊ ငရုတ်ခင်းများ၊ ဆားကွင်းများနှင့် ရိတ်ဆဲ စပါးခင်းများ
ပျက်ခဲ့ကြောင်း ဒေသခံ တောင်သူများက ပြောသည်။

“မိုးက ဒီအချိန်ကြီးရွာလိမ့်မယ်လို့ မထင်ဘူး။ မတ်ပဲနဲ့ ငရုပ်တွေက အခုမှ အပင်ပေါက်တွေရှိသေးတယ်။ အကုန်လုံး ရေဝပ်ပြီးတော့ အပင် ၈ဝ ရာခိုင်နှုန်းကျော်လောက် ပုတ်ကုန်တယ်။
ဆားကွင်းတွေလဲ တခုမှ သုံးမရတော့ဘူး။ ရေဝင်ပြီး ပျက်ကုန်တယ်” ဟု ဝါးခယ်မမြို့နယ်က တောင်သူတဦးက မဇ္ဈိမကိုပြောသည်။

နေပြည်တော် မိုးလေဝသနှင့် ဇလဗေဒဌာန ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း တို့တွင် စံချိန်တင်မိုးရွာသွန်းခဲ့ကြောင်း ယမန်နေ့ထုတ်
မြန်မာ့အလင်းသတင်းစာက ဖေါ်ပြခဲ့သည်။

ရခိုင်ပြည်နယ် သံတွဲတွင် မိုးရေချိန်စံချိန်သစ် ၂.၈၃ လက်မဖြင့် ၁၉၇၁ က စံချိန်ဟောင်း ဝ.၉၁ လက်မကို ချိုးခဲ့ပြီး ပဲခူးတိုင်း ပြည်တွင် မိုးရေချိန် ၁.၁၈ လက်မ ဖြင့် ၂ဝဝ၈ စံချိန်ဟောင်း
ဝ.၉၄ လက်မကို ကျော်ကာ စံချိန်သစ်တင် ရွာသွန်းခဲ့ကြောင်း သိရသည်။
ကမ္ဘာ့လှည့်ခရီးသွားနှင့် ချင်းစာပေအရေး လွှတ်တော်တင်မည်
ဖနိဒါ | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၁၃ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၀၀ မိနစ်

ချင်းမိုင(် မဇ္စျိမ) ။ ။ ချင်းပြည်နယ် ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးနှင့် ချင်းစာပေ ကျောင်းတွင် သင်ကြားနိုင်ရေးအတွက် လွှတ်တော်တွင် တင်ပြရန် မူကြမ်းရေးဆွဲပြီးပြီဟု
ချင်းအမျိုးသားပါတီဥက္ကဋ္ဌ ပူးဇူဇမ်းက ပြောသည်။

ကမ္ဘာ့ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးရေး၊ မြန်မာတပြည်လုံး တနေ့ လုပ်အားခ အနိမ့်ဆုံး ကျပ် ၃,ဝဝဝ သတ်မှတ်ရေး၊ ချင်းစာပေကို စာသင်ကျောင်းများတွင် ပြဋ္ဌာန်းပေးရန်နှင့် သဘာဝ
ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အဓိက တင်ပြသွားမှာဖြစ်သည်ဟု ဆိုသည်။

ချင်းအမျိုးသားပါတီ လွှတ်တော်အမတ် ၉ ဦးအပါအဝင်


မြို့နယ်အဖွဲ့ဝင်များ တက်ရောက်သော အစည်းအဝေးများ လွန်ခဲ့သည့် ၃ ပတ် အတွင်း ပြုလုပ်ခဲ့ပြီး
ဇန်နဝါရီ ၃၁ ရက်တွင် ကျင်းပမည့် လွှတ်တော်သုံးရပ် အစည်းအဝေးများအတွက်
ပြင်ဆင်ဆုံးဖြတ်ခဲ့ကြသည်။

“အဲဒီလို မလုပ်ရင် ချင်းလူငယ်တွေက မလေးနဲ့ ထိုင်းတွေ ရောက်သွားတယ်ကွာ။ ဟိုမှာက ၇


ဒေါ်လာလောက် ရတယ်။ ဒီမှာ ၄ ဒေါ်လာလောက် ရနိုင်ရင် ပြန်လာမှာဘဲ။ အဲဒီသဘောတွေ ရှိတယ်။
အခုရတာက စားလို့ မလောက်ဘူးလေ။ စားဝတ်နေရေး မဖူလုံဘူး”ဟု ပူးဇူဇမ်းက ပြောသည်။

ချင်းပြည်နယ်တွင် ရွှေ့ပြောင်းတောင်ယာသာ လုပ်ကြ၍ သစ်တောပြုန်းတီးနေသဖြင့် သဘာဝ


ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ချင်းပြည်နယ်တွင် ထားရှိရန် တောင်းဆိုမည်ဟုလည်း
ဆိုသည်။

“ကျနော်တို့

ချင်းတောင်ပေါ်မှာ ရွှေ့ပြောင်းတောင်ယာကိစ္စက ခုထိ ကျင့်သုံးတယ်။ ရိုးရာ ပုံစံမျိုး ဖြစ်နေတော့


ပြောင်းလဲဖို့ ခက်တယ်။ အသိ ပညာတွေ အများကြီးပေးရမယ်။ သင်တန်းတွေ ပေးရမယ်ဆိုတော့
သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန တခု ပြည်ထောင်စုအနေနဲ့ ဖွင့်ပေးဖို့
လိုချင်တယ်”ဟု သူက ပြောသည်။

သဘာဝ သယံဇာတပစ္စည်းများ ထိန်းသိမ်းရေးကိုလည်း လွှတ်တော်တွင်း တဖြည်းဖြည်း တင်သွင်း


သွားမည်ဟု ဆိုသည်။

ချင်းပြည်နယ်အတွင်း ကြွက်ဘေးကြောင့် အစာရေစာ ရှားပါးမှုကိုလည်း လွှတ်တော်တွင် တင်ပြမည်


ဖြစ်သည်။

ထို့ပြင် ချင်းပြည်နယ်အတွင်း လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ရန် မတူပီနှင့် ပလက်ဝကြား ကားလမ်းဖောက်ရန် ပါတီက ရည်ရွယ်ထားသည်ဟု ဆိုသည်။

ဟားခါးမြို့နယ်ရုံးတွင် ကျင်းပသည့် အစည်းအဝေးတွင် ဥပဒေမူကြမ်း တင်သွင်းရေး ကော်မတီ တခုကိုလည်း ဖွဲ့စည်းခဲ့သည်။

“ကျနော်တို့ အခု ရွေးကောက်မယ့် သမ္မတနေရာကိုတော့ စစ်တပ် ဖြစ်ဖြစ်၊ ဘယ်သူဖြစ်ဖြစ်လိုချင်ပါတယ်။ ဒါပေမဲ့ ဒုသမ္မတနေရာကို တိုင်းရင်းသားတွေထဲက သင့်တော်တဲ့ လူတဦးဦးကို
ပေးဖို့၊ လွှတ်တော် ကိုယ်စားလှယ်တွေ ဒီတခါ ဝိုင်းဝန်း ထောက်ခံပေးကြပါလို့ မေတ္တာ ရပ်ခံချင်တာ”ဟု သူ့အနေဖြင့် တောင်းဆိုလိုက်သည်။

ရခိုင်တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီကလည်း လွှတ်တော် အစည်းအဝေးတွင် တင်ပြမည့် အစီအစဉ်ကို လာမည့် ၁၈ ရက်နှင့် ၂၄ ရက်နေ့များတွင် ဆွေးနွေးမည်ဟု ပါတီဥက္ကဋ္ဌ
ဒေါက်တာ အေးမောင်က ပြောသည်။

အလားတူ ကရင်တိုးတက်ရေးပါတီကလည်း ၁၇ ရက်နေ့တွင် အစည်းအဝေး ကျင်းပကာ အောက်ခြေပါတီဝင်များ တင်ပြချက်ပေါ်မူတည်ကာ လွှတ်တော်တွင်း ဆက်လက်


တင်သွင်းသွားမည်ဟု ဥက္ကဋ္ဌ စောထွန်းအောင်မြင့်က ပြောသည်။
သူလိုကိုယ်လို ဒဿန ဆရာတပည့်
မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၁၃ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၃၅ မိနစ်

(၁)
ဒေါက်တာခင်မောင်ဝင်းနှင့် မောင်ဝဏ္ဏတို့ ကျန်းမာရေးအခြေအနေ မကောင်းလှဟု သတင်းကြားကတည်းက နာရေးသတင်းအတွက် ရသမျှ စုဆောင်း ပြင်ဆင်ထားမိပါသည်။
ဆရာခင်မောင်ဝင်း ဆုံးသည့်ညမှာပင် အတ္ထုပ္ပတ္တိ အကျဉ်းကို လွန်းထားထား အဖိုးယောက္ခမ သခင်ကျော်စိန်-ဒေါ်မိမိကြီးတို့ ပြည်သူ့စာပေတိုက်က ၁၉၆၁ ထုတ် Who's Who in Burma
နှင့် myanmarbookshop စသည့် အင်တာနက် အထောက်အထားများ သုံးကာ မဇ္ဈိမအတွက် ဤသို့ ပြင်ဆင်ခဲ့ပါသည်။

“ဒဿနဝင်း ကွယ်လွန်’’ ဆိုသည့် ခေါင်းစဉ်ဖြင့် ယခုလ ၉ ရက်နေ့ ရက်စွဲ တပ်ခဲ့သည်။ ထို့နောက် …

မဆလခေတ် ပညာရေးဝန်ကြီးနှင့် သံအမတ်ကြီးဟောင်း ဒေါက်တာခင်မောင်ဝင်း (ဒဿနဗေဒ) ရန်ကုန်မြို့တွင် အသက် ၈၁ နှစ် အရွယ် ဇန်နဝါရီ ၉ ရက်၌ ကွယ်လွန်သည်။
မကွယ်လွန်မီ နှစ်ပိုင်းအထိ ဝင်ဆာ (ရှင်စောပု) လမ်း သံတမန်ကျောင်း ကောလိပ်အကြိုသင်တန်း (Pre-Collegiate Program) တွင် ၇ နှစ်ကြာ ဒဿနိကဗေဒကို ပို့ချပေးခဲ့သည်။

မန္တလေး လက်ဆည်ကန်ရပ်တွင် ၁၉၂၉ အောက်တိုဘာ ၇ က မွေးပြီး သမ္မတဟောင်း ဒေါက်တာမောင်မောင်၏ ယောက်ဖဖြစ်သည်။ Some philosophical problems in
contemporary Burma : a study in the comparative philosophy of culture စာတမ်းဖြင့် ၁၉၅၈ တွင် ယေးလ်တက္ကသိုလ်မှ ပါရဂူဘွဲ့ ရရှိသည်။ ၁၉၅၃ မှစ၍
ရန်ကုန်တက္ကသိုလ် သဘာဝတ္တဗေဒနှင့် တက္ကဗေဒဌာန (နောင် ဒဿနိကဗေဒဌာန) တွင် နည်းပြမှ ပါမောက္ခထိ တာဝန်ထမ်းခဲ့ပြီး မန္တလေးဆောင် မမမမ မ မ မ မ မ မ မ
အဆောင်မှူးလည်းဖြစ်ခဲ့သည်။ ၁၉၇၂ တွင် ပညာရေးတက္ကသိုလ် ပါမောက္ခချုပ်၊ ၁၉၇၄ တွင် ပညာရေးဝန်ကြီး ၊ ၁၉၈ဝ မှ ၁၉၈၉ ထိ ပြင်သစ်နှင့် အိန္ဒိယ၊နီပေါတွင်
မြန်မာသံအမတ် (၁၉၈ဝ-၁၉၈၉) တာဝန်များ ထမ်းဆောင်ခဲ့သည်။ မမမမ မ မ မ မ မ မ မ
အသုံးလုံး စာတတ်မြောက်ရေး လှုပ်ရှားမှုကို ဦးစီးခဲ့ပြီး ဒေသကောလိပ်နှင့် တက္ကသိုလ်
စာပေးစာယူတန်းများ ဖွင့်လှစ်ရေးကို အစပျိုးခဲ့သည်။ သူ ဝန်ကြီးဖြစ်ချိန် ၁၉၇၄ ဦးသန့်အရေးအခင်း၊
၁၉၇၆ မှိုင်းရာပြည့်စသည့် ကျောင်းသားအုံကြွမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ၁၉၈၂ တွင်
နိုင်ငံ့ဂုဏ်ရည်(ပထမဆင်)့ ချီးမြှင့်ခံရသည်။ ၁၉၉၉ မှ ကွယ်လွန်ချိန်ထိ ရန်ကုန်တက္ကသိုလ် ဒဿနိကဗေဒ ဌာန
ဂုဏ်ထူးဆောင် ပါမောက္ခအဖြစ် ပါရဂူကျမ်းစာများကို ကြီးကြပ်ပေးခဲ့သည်။

အခြေခံ ယုတ္တိဗေဒစာအုပ် (ဆန်းလွင်နှင့်တွဲ၍) ၊ လူ၊ ကိုယ်ကျင့်တရားနှင့် ဒဿနရှုထောင့် (၁၉၉၈)၊ အတွေးသစ်ကို


ဖန်တီးခဲ့သူများ (၂ဝဝ၆)၊ အနောက်တိုင်းဒဿနဗေဒကို မြန်မာ့မျက်စိဖြင့် ကြည့်ခြင်း (၂ဝဝ၈)၊ ကျွန်တော် နားလည်သော
အရှေ့တိုင်းအတွေးအခေါ် (၂ဝ၁ဝ ဒီဇင်ဘာ) စသည့် စာအုပ်များ ရေးသားခဲ့ကာ အင်္ဂလိပ်ဘာသာဖြင့် The Psychology
of the Burmese Language, Logical Positivism စသည့်စာတမ်းများ ပြုစုခဲ့သည်။ ဇော်ဂျီ၏ ပလေးတိုးနိဒါန်းကို
တည်းဖြတ်ပေးခဲ့သည်။

နိုင်ငံခြားသားနှင့် ခရစ်ယာန်ဘာသာဝင်များ ကြီးစိုးရာ ဒဿနိကဗေဒဌာနတွင် ဗုဒ္ဓအတွေးအခေါ်နှင့်


မမမမမမမမမမမမမမမမမမ
ရိုးရာအမြင်များ လေ့လာရေးကို လမ်းထွင်ပေးခဲ့သူတဦး ဖြစ်သည်။ မြန်မာစာပေလောကတွင်
ထင်ရှားသော အခြား ဒေါက်တာခင်မောင်ဝင်း (သင်္ချာ၊ အသည်း) တို့နှင့် ကွဲပြားစေရန် သူ့ကို မမမမမမမမမမမမမမမမ
မမမမမမမမမမမ မမမမမမ
မမ
ဒဿနဝင်းဟု ခေါ်ကြသည်။ နန္ဒာသိန်းဇံ (ပါမောက္ခ ဒေါက်တာသိန်းဇံ)၊ မောင်ကြည်သစ် (ပါမောက္ခ မမမမမမမမမမမမမမမ မမမ
ဦးအေးကျော်)၊ ဒါရိုက်တာ မောင်ဝဏ္ဏ၊ မြင့်သန်း စသူတို့၏ ဆရာဖြစ်သည်။

အမေရိကရောက် မြေးတပည့်တယောက် ရေးသည့် အောက်မေ့ဘွယ်စာကိုလည်း

( facebook )
ကျနော့ဘလောက်တွင် တင်ဆက်ခဲ့ပါသည်။ မန္တလေး ၁၅ဝ ပြည့် မဂ္ဂဇင်းထဲက ဦးခင်မောင်ဝင်းရေးသည့် “လက်ဆည်ကန်ရပ်တွင် ပြန်ရှာမတွေ့တော့သည့် မန္တလေးကို ကျနော် ရန်ကုန်
မန္တလေးအသင်းတွင် ပြန်တွေ့ပါသည်” ဆိုသည့် စာသားကို ခဏခဏ ဆင်ခြင်ရင်း ရွှေပြည်တော်ကို တမိပေတော့မည်။
(၂)
နောက်နေ့တွင် ဆရာနန္ဒာသိန်းဇံကို ဆက်သွယ်မရ၍ ထိုသတင်း မတင်ဖြစ်ပါ။ နောက်ရက်တွင် မောင်ဝဏ္ဏပါ လိုက်သွားတော့သည်။ တမလွန်တွင် သူ့ဆရာကြီးနဲ့ ဖလော်ဆော်ဖီ
နှီးနှောနေမလား၊ ညီ သုမောင်၊ ယောက်ဖတော် ဆရာအောင်ပြည့်တို့နဲ့ ရုပ်ရှင်ရိုက်ဖို့ လုပ်နေမလားတော့ မသိ။

မောင်ဝဏ္ဏ ရွှေအမြုတေမဂ္ဂဇင်းတွင် ရေးခဲ့သော ဦးခင်မောင်ဝင်း ၈ဝ ပြည့် ကန်တော့ပွဲအကြောင်း အထီးကျန်လွတ်မြောက်မှု ဆိုသည့် ဆောင်းပါးလေးပင် ဒဿနဝင်း ဆုံးချိန်က ကျနော့
facebook တွင် ပြန်တင်ထားမိသေးသည်။

“သေမှာ ကြောက်တယ်ဆိုတာတော့ လူတိုင်းရဲ့ ခံစားမှုပါ။ ကျနော် စိုးရိမ်နေတာက နာမှာကိုပါ။ နာမကျန်းဖြစ်ပြီး အတန်အသင့် ခံစားရတာက သဘာဝပါပဲ။ အိပ်ရာထဲ ပက်လက်လဲပြီး
ဘာတစ်ခုမှ ကိုယ်တိုင်မလုပ်နိုင်တဲ့ နာနည်းမျိုးကို ကျနော် ကြောက်ပါတယ်” ။

ထိုစာကို ဖတ်မိတော့ မဆုံးခင် ကင်ဆာဝေဒနာ အတော်ခံသွားရရှာသော ဦးဝဏ္ဏနှင့် မိသားစု၏ ပရိဝေဒကို အတော်စာနာမိပါသည်။ ထိုစကားမျိုး ဒေါက်တာသန်းထွန်း ဆုံးစဉ်က
အန်တီဒေါ်ခင်ရီကို ကျနော့အဖွား လူထုဒေါ်အမာ ပြောဖူးသည်ကိုလည်း ပြန်ကြားလာသည်။ အဖွားသည် မသေမီ ကျန်းမာရေး ကောင်းနေစဉ်ကတည်းက သေရင် လူမမာကြီး
လုပ်မနေရဘဲ၊ မြန်မြန်သေချင်တယ် ဆိုသည့် စာမျိုး စကားမျိုး မကြာမကြာ ပြောဖူးရေးဖူးသည်။ သို့သော် လက်တွေ့တွင်တော့ မသေချင်သေးဟု အားတင်းထားဆဲမှာပင် ခန္ဓာနှင့် ဇရာက
သူ့အလို မလိုက်ခဲ့ချေ။ နောက် အဖွားမဆုံးခင် တလလောက်က မောင်ဝဏ္ဏတို့ မိသားစု မန္တလေးလာရင်း ဝင်ကန်တော့စဉ်က အဖွားက သား ကိုဝဏ္ဏတို့ ဖတ်ဖို့ဟု လက်မှတ်ထိုးပြီး
စာအုပ်လက်ဆောင် ပေးလိုက်သည့်အကြောင်း လက်မှတ်ပုံလေးနှင့်တကွ အလင်းတန်းဂျာနယ်တွင် မောင်ဝဏ္ဏရေးခဲ့သည်ကိုလည်း ပြန်စဉ်းစားမိပါသည်။

“ဒီနေ့မှာပဲ ကျနော်တို့ရဲ့ ဖလော်ဆော်ဖီ ဆရာကြီး ဒေါက်တာခင်မောင်ဝင်းကို ရေဝေးမှာ သင်္ဂြိုဟ်ပါတယ်။ ဆရာကြီးက ၈၂ နှစ်ပါ။ မောင်ဝဏ္ဏကတော့ ဆရာ့နောက်ကို
တပည့်လိုက်သွားပါတယ်။ ဆရာကြီးကို သင်္ဂြိုဟ်ပြီးလို့ ပြန်အထွက်မှာ မောင်ဝဏ္ဏရဲ့ အလောင်းက ရေဝေး ရောက်လာပါတယ်။ အင်မတန်မှ ရင်နင့်စရာကောင်းတဲ့ အဖြစ်ပါ။ ဒီလိုအဖြစ်မျိုး
နောက်မကြုံပါရစေနဲ့လို့ ဆုတောင်းမိပါတယ်" ဆိုသော ဝီးကလီးအလဲဗင်းဂျာနယ်ပါ ချစ်ဦးညို (ဒဿနိက မဟာဝိဇ္ဇာ) ၏ စကားက အတော်ကြေကွဲစရာ ကောင်းပါသည်။ ဆရာတပည့်
နာရေးအကြောင်း ဦးမြင့်သန်းဆီ ဆရာကိုတာ အီးမေးလ်ပို့ပြီးလောက်ပြီ ထင်ပါသည်။ ကျနော် အကြောင်းမကြားလိုတော့ပါ။
(၃)
မောင်ဝဏ္ဏ၏ ပန်းတွေနဲ့ဝေ၊ ချစ်တဲ့သူငယ်လေ၊ နှောင်းတမြေ့မြေ့၊ ခုနစ်စဉ်အလွမ်း စသည့် အချစ်အလွမ်းကားများကို မြန်မာ့ရုပ်သံက မကြာခဏပြဖူးသော်လည်း စိတ်တွင် သိပ်မစွဲလှပါ။
မဆလခေတ်က တက္ကသိုလ်နောက်ခံ အချစ်နဲ့ သစ္စာတရား ဇာတ်ကွက်မျိုးမှာ တက္ကသိုလ်တွေ ခေတ်ပျက်နေသည့် ၂၁ ရာစု အမြန်ခေတ်တွင် သိပ်လမိုင်းမကပ်ဟု ထင်မိသည်။ စိတ္တဇ
ဇာတ်ရုပ် ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်းကို ပြလျှင် ပိုစိတ်ဝင်စားမိမည် ထင်ပါသည်။

ဇာခန်းဆီးနောက်ကွယ်မှာကလည်း အေးအေးသင်းကို ပိတ်ထား၍ ပြမဖြစ်သေး။ ဓာတ်ခဲကို ကုလားကားဆန်သည် အောက်မေ့၍ မကြည့်ဖြစ်ပါ။ သူကိုယ်တိုင်လည်း


ထိုကားလူကြိုက်များလွန်း၍ စိတ်ဓာတ်ကျသည်ဟု ဂျူနီယာဝင်း စာတွင် ဖတ်လိုက်ရသည်။ လွမ်းအောင် ရယ်တတ်သူကို သွားကြည့်စဉ်က ရေခဲမုန့်ကို ထန်းညက်နှင့် စားရသလို
အီလည်လည်နိုင်လွန်းလှ၍ ယခု ပြည်သူ့ခေတ် အယ်ဒီတာချုပ်မှူးကြီး ဦးမော်လင်းတို့ လင်မယားနှင့် သမ္မတရုံထဲ ထိုင်ပြီး ရယ်လိုက်ငိုက်လိုက် လုပ်နေရသည်ကို သတိရမိပါသည်။

ဆရာက သူတို့ခေတ်ပုံစံ ဟဲဗီးဒရာမာ အရမ်းခံစားရသည့် ဇာတ်ရုပ်မျိုးကို ယခုခေတ် လူငယ်တွေနဲ့ သုံးပြလိုက်တာ ချော်သွားသလား ထင်မိပါသည်။ နောက်ဆုံးလက်ရာ
ရင်နင့်အောင်မွှေးကတော့ ဝတ္ထုကို မမီနိုင်တော့ဟု ကြားရသည်။ ခေါက်ရိုးကျိုးနေသည့် အရွယ်လွန် စူပါစတားများနှင့် ရိုက်ရသည့် ဒုက္ခဟုသာ တွေးမိသည်။ ဘာပြောပြော ကုလားကားလို
ရိုက်နေသော သက်ကြီးပု မြန်မာရုပ်ရှင်ပေါ်တွင် သူတို့မိသားစု ကျေးဇူးက ကြီးပါသည်။

“မောင်ဝဏ္ဏဟာ နံပါတ်တစ်၊ ဖလော်ဆော်ဖီကို တန်ဖိုးထားသူတဦး ဖြစ်တယ်။ ကျောင်းတုန်းကထက် အပြင်ရောက်သွားတဲ့အချိန်မှာ ပိုတန်ဖိုးထားတတ်သူ ဖြစ်တယ်။ နံပါတ်နှစ်က
သူ့ကိုယ်သူ သူလိုငါလို သဘောထားတယ်။ သူ့ကိုယ်သူ သူလိုငါလို ခံယူထားတာက ကြည့်တဲ့သူရဲ့ အမြင်မှာ သူလိုငါလို မဟုတ်ဘူးဆိုတဲ့ အလွန်ကြီးကျယ်ခြင်းကို ပြန်မြင်စေတယ်...” ဟု
ချစ်ဦးညို၏ သုံးသပ်ချက် ဖြစ်ပါသည်။

မောင်စိန်သောင်းနှင့် မနှင်းရည် ဝတ္ထုများ စာအုပ်ဈေးက စုစည်းထုတ်စဉ်က ဖတ်ကြည့်ကာ မစွဲလှပေ။ အရေးသွက်သည်ဟုသာ ခံစားမိသည်။


" မမမမမမမမမ မမမမမမမမမမမ
အကြိုက်တွေ့သည်က ချင်းတွင်းမဂ္ဂဇင်းထဲက သူလိုကိုယ်လို မောင်ဝဏ္ဏ အခန်းဆက်ဖြစ်သည်။ မြန်မာပြည်က လူ့ထိပ်သီးတို့ထုံးစံ ငါနှင့်ငါသာ
နှိုင်းစရာဟု ဘဝင်နထင်ရောက်ပြီး တောရေးတောင်ရေးတွေ လုပ်လွန်းကြသော ခေတ်ပျက်ကြီးတွင် သူ့ဘဝကို ရိုးရိုးလေး လူတွေကြား ချပြရဲသော မမမမမမမ မမမမမမ မမမမမမမမမမ
မောင်ဝဏ္ဏစာက ထူးနေတော့သည်။ မမမမမမမမမမမ မမမမမမမမမ မမမ
မမမမမမမမမမမမမမမမမ မမမမမမမ
ထို့ပြင် သူဖြတ်သန်းခဲ့သည့် ခေတ်ကာလနှင့် ဒေသတွေ၊ တွေ့ကြုံရသည့် လူတွေအကြောင်း သူမြင်သည့်အတိုင်း ဖောက်သည်ချပြသည်ကလည်း
...”
မဆလခေတ် လူမှုစီးပွားသမိုင်း လေ့လာသူများအတွက် တန်ဖိုးကြီးသည်။ စာပေလုပ်သားညီလာခံမှာ စာရေးဆရာတွေ “သောက်သောက်လဲ”
ဖြစ်ကုန်သည်ဆိုသည့် နောက်ကြောင်းပြန်က ပြုံးချင်စရာ။ သို့သော် ဆရာက အရက်သောက် တေလေခဲ့သည့် အကြောင်းတွေကို အနုပညာသည်၏ ဘဝဟု အထင်ကြီးအောင် အမွှမ်းတင်
ရေးသူမဟုတ်ပါ။ သားအရွယ် တူအရွယ် လူငယ်များ ဆင်ခြင်စရာ တွေးစရာတွေကိုလည်း စေတနာအပြည့်နှင့် ပြောထားခဲ့ပါသည်။

“ဆရာကြီး ဒေါက်တာ "ဦး" ခင်မောင်ဝင်း (ရန်ကုန် တက္ကသိုလ် ဂုဏ်ထူးဆောင် ပါမောက္ခ ) က " ခင်ဗျားက လောဂျစ်တို့၊ ဖလော်ဆော်ဖီတို့ကို လူများများ အသုံးချလို့ရအောင် ကြိုးစားတာ
ကျနော် သိပ်ဝမ်းသာတယ်ဗျာ။ တကယ်က လူတွေအားလုံးဟာ နေ့တိုင်း တွေးနေကြတာပဲ။ နေ့တိုင်း လောဂျစ်တို့၊ ဖလော်ဆော်ဖီတို့ကို သုံးနေကြတာပဲ။ ဒါပေမဲ့ သူတို့သုံးနေတာက
လောဂျစ်ပါ။ သူတို့တွေးနေတာ ဖလော်ဆော်ဖီပါလို့ သတိမထားမိကြဘူး။ ခင်ဗျားက အဲသလို သတိထားမိအောင် ရေးတဲ့အတွက် ကျနော် သိပ်ဝမ်းသာပါတယ်ဗျာ" လို့ ပြောပါတယ် ။ ...”
(မောင်ဝဏ္ဏ၏ အပျင်းပြေဖတ်ဖို့ ဖလော်ဆော်ဖီမ)ှ ။

ယုဒသန်ကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာလှဘူး၊ ပါမောက္ခ ကေအင် ကား စသည့် ရှေ့ဆောင် မြန်မာဒဿန ဆရာများက ခေတ်နောက်ပြန်ဆွဲ အတွေးအခေါ်များနှင့် မှိုင်းဖုံးနေဆဲ
မြန်မာစာတတ် ပြည်သူများကို အလင်းဖွင့် မပေးနိုင်ခဲ့သည့် တာဝန်ကို မိုးထဲရေထဲတွင် နိုင်သလောက် ထမ်းခဲ့သည့် ဒေါက်တာခင်မောင်ဝင်း၊ ဒေါ်မေတင်ထွတ်၊ ဒေါ်ခင်ဆက်ရီ၊
ဘရာသာဖေအောင်မှသည် ဆန်းလွင်၊ နန္ဒာသိန်းဇံ၊ မောင်ကြည်သစ်၊ မောင်ကိုသီ စသည့် မြန်မာ အတွေးအခေါ်စာရေးဆရာများကို လေးစားပါသည်။

“ဆရာကြီးပြောလေ့ရှိသည်မှာ ဆွေးနွေးခြင်းဟူသည် အဖြေတစ်ခုတည်းရရန် မဟုတ်ဟူလို။... ဆရာကြီးသည် ပညာကို လက်ဆင့်ကမ်းခဲ့ပြီ။ ကျနော်တို့မျိုးဆက်များအဖို့ကား


ရှေးရှေးမျိုးဆက်တို့ထက် ပြန့်ပွား တိုးတက်အောင် လုပ်ဖို့ရန်တည်း။... သမုဒ္ဒရာဝမ်းတထွာအတွက် ပြေးရင်းလိုက်ရင်း မိမိတို့အတွက်ရော အများသူငါအတွက်ပါ
တိုးတက်အောင်မြင်စေနိုင်သည့် ပညာလမ်းကို လျစ်လျူရှုထားရသည်မှာ ကြာလှပြီ။ သို့ဖြစ်လျှင်ကား ကြာလေလေ ဆုတ်ယုတ်လေဖြစ်ချိမ့်မည်။ မျိုးဆက်တဆက် လွန်လေတိုင်း
နလပိန်းတုံးဘဝမှ လွတ်မြောက်ဖို့ ဝေးလေလေ ဖြစ်လိမ့်မည်။ ကျနော်တို့တတွေ တွေးခေါ်ရမည်။ ဆွေးနွေးရမည်။ ကျနော်တို့အနာဂတ်အတွက် နောက်နောင် မျိုးဆက်များအတွက်
လုပ်ကြရမည်ကို အဟုတ်ပင် လုပ်ကြရပေလိမ့်မည် မဟုတ်ပါလော” (မောင်အောင်ကောင်း၏ ကျနော်တို့ တွေးခေါ်ရမည်မ)ှ

အင်တာနက်ပေါ်ရှိ မောင်ဝဏ္ဏ၏ ရုပ်ရှင်များ

• ချစ်တဲ့သူငယ်လေ

• လွမ်းအောင်ရယ်တတ်သူ

• ရင်နင့်အောင်မွှေး
တယောက်လက် တယောက်ကူး .. ကရင်နှစ်သစ်ကူး
နှင်းပန်းအိမ် | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၁၃ ရက် ၂၀၁၁ ခုနှစ် ၁၂ နာရီ ၅၈ မိနစ်

နို့ဖိုးတောင်ထိပ်ဖျားမှာ ကရင်အမျိုးသားအလံကို လွှင့်ထူထားတယ်။ လေထဲမှာ တလွင့်လွင့် လှုပ်နေတဲ့ အလံက ကရင်လူမျိုးတွေရဲ့ ရင်ထဲကခံစားမှုနဲ့ ထပ်တူထပ်မျှ ဖြစ်ပါလိမ့်မယ်။
တောပန်းတောင်ပန်း ရနံ့တွေကြား သင်းပျံ့ပျံ့ မွှေးနေတဲ့ ကောက်သစ်စပါးကို မောင်းထောင်းရင်း ကရင်လုံမငယ်တွေ တေးသီချင်း သီဆိုနေကြတယ်။

သူတို့ကရင်ဘာသာကို ကျမနားမလည်ပေမယ့် သီချင်းသံကိုနားထောင်ပြီး ပျော်ရွှင်လိုက်၊ လွမ်းမောလိုက် ဖြစ်နေတဲ့ ကရင်မိန်းကလေးကိုကြည့်ပြီး ခံစားနိုင်ပါတယ်။


စကောကရင်လူမျိုးတွေက “ထာ” ဆိုတဲ့ သီချင်းဆိုပွဲ လုပ်သလို ပိုးကရင်တွေက ဒုံးယိမ်းကပြီး နှစ်သစ်ကူးပွဲ ကျင်းပကြတယ်။

ဒုံးယိမ်းကနေသူတွေကလဲ ကရင့်နှစ်သစ်ကူး ဒုံးပြိုင်ပွဲမှာ အနိုင်ရဖို့ ကြိုးစားနေကြတယ်။ အားမာန်ပါတဲ့ သီချင်းသံနဲ့ စုပေါင်း ကခုန်နေတဲ့ လှုပ်ရှားသံတွေက ဟိန်းထွက်နေတယ်။
ကောက်သစ်စပါးကို မောင်းနေတဲ့ အသံကလဲ ဒုံးယိမ်းသံကြားမှာ ပျောက်မသွားဘူး။ ဒီကောက်သစ်စပါးနဲ့ “ ဖိဖိနတ်” ကို တင်မြှောက်မယ်။ ဖိဖိနတ်က ဝမ်းစာဖူလုံဖို့
စောင့်ရှောက်ကူညီမယ်ဆိုတာ သူတို့ယုံကြည်ကြတယ်လေ။ နောက်ပြီးဒီနှစ်က ထူးခြားတယ်။

၆နှစ်တကြိမ် ဝါထပ်တာမို့ ၂ဝ၁၁ ဇန်နဝါရီ၅မှာ ကရင်နှစ်သစ်ကူးတကြိမ်၊ ၂ဝ၁၁ ဒီဇင်ဘာ၅မှာ ကရင်နှစ်သစ်ကူးတကြိမ်


ပေါင်း၂ကြိမ်မို့ ထူးခြားတယ်။ ဒါကြောင့် ခါတိုင်းနှစ်သစ်ကူးထက် ဒီနှစ် နှစ်သစ်ကူးမှာ အကြံအစည်တွေ ပိုပြီး
ြြြြြ မမမမမမမမမမမ မ မ
အောင်မြင်မယ်လို့ မျှော်လင့်ယုံကြည်ကြတယ်။ မမမမမ မမမမမမမမမမမမမ မမမမမမမမမမမမမမမမမမ
..
ရှေးရှေးပဝေသဏီ လူ့ယဉ်ကျေးမှုအစအဦးထဲက လူ၊ တိရစ္ဆာန်၊ စိုက်ပျိုးထားတဲ့ ကောက်ပဲသီးနှံတွေ
တိုးတက်ပွားစည်အောင် အပျက်အစီး မရှိအောင် ဆုတောင်း တင်မြှောက်တဲ့ ဓလေ့ ရှိတယ်ဆိုတာကို သက်သေ သာဓကတွေနဲ့ တင်ပြတာ ကျမဖတ်ဖူးတယ်။

အခုလဲ ကရင်နှစ်သစ်ကူးပွဲတော်မှာ စိုက်ပျိုးထားတဲ့ ကောက်ပဲသီးနှံတွေကို “ဖိဖိနတ်” နတ်စင်ဆောက်ထားတဲ့ နေရာမှာ ပုံထားမယ်။ ကောက်သစ်စပါးနဲ့ ထမင်းချက်၊ ကြက်ကို
အင်္ဂါစုံအောင် ချက်ထားမယ်။ တာလပေါဟင်း ချက်မယ်။ အားလုံးစုံအောင် လုပ်ပြီးရင် ဖိဖိနတ်ကို ပူဇော်တင်မြှောက်မယ်။ နောက်နှစ်တွေမှာ ရာသီဥတု ကောင်းအောင်၊
ကောက်ပဲသီးနှံတွေ အပျက်အစီး မရှိအောင် ဆုတောင်းကြတဲ့ ပွဲတော်လဲဖြစ်ပါတယ်။

နတ်တင်နေတဲ့ အချိန်မှာ လေတိုက်ပုံကိုကြည့်ပြီး လာမယ့်နှစ် မိုးကောင်းမယ် မကောင်းဘူးလဲ ကြိုတင် ခန့်မှန်းကြတယ်။ ပြာသိုလဆန်း ၁ရက်မှာတော့ ဖိဖိနတ်ကို တင်မြှောက်ကြပါတယ်။
ဖိဖိနတ်ကို တင်မြှောက်ပြီးတာနဲ့ နတ်တင်သူနား ဝိုင်းနေသူတွေက ဆုတောင်းပြည့်အောင် တဇွန်းလောက်၊ တဆုပ်လောက် စတိစားကြတယ်။ သပြေပန်းတွေ ခေါင်းထိုးကြတယ်။
အန္တရာယ်ကင်းအောင် ဆောင်ထားကြတယ်။

“ဖိဖိနတ်”တင်ပြီးတာနဲ့ ချောတိုင်တက်ပွဲ၊ လက်ဝှေ့ပွဲ၊ ဘောလုံးပွဲတွေ၊ ဒုံးယိမ်းပွဲတွေ ကျင်းပကြတယ်။ ကရင်နှစ်သစ်ကူး မတိုင်ခင် ဒုက္ခသည်စခန်းထဲမှာ ၁ လကြိုပြီး ဘောလုံးပွဲ
ကျင်းပတယ်။ နှစ်သစ်ကူးနေ့မှာတော့ ဗိုလ်လုပွဲအတွက် ကစားကြတယ်။ ဘောလုံးပွဲကို ရွာနီးချုပ်စပ်က ကရင်လူမျိုးတွေ ဒေသအခေါ် တောင်ပေါ်ကရင်တွေပါ ဝင်ပြိုင်ကြတယ်။

ဘောလုံးပွဲမှာ အားကစားကော်မတီက ကွင်းလယ်ဒိုင်၊ စည်းကျပ်ဒိုင်အတွက် ဒုက္ခသည်တွေထဲက စိတ်ပါဝင်စားသူတွေကို သင်တန်းပေးပြီး ကူညီ ဆောင်ရွက်ခိုင်းပါတယ်။


ကမ္ဘာ့ဖလားပွဲတွေမှာလို ဗီဒီယို မှတ်တမ်းတွေနဲ့ ရိုက်ထားတာမရှိတော့ အငြင်းပွားစရာတွေ အများကြီးပေါ့။ ဒါပေမဲ့လဲ ကရင်လူမျိုးတွေကို ပူးပေါင်း ပါဝင်ပေးတဲ့
ဘောလုံးအသင်းဝင်တချို့က ခွင့်လွှတ်ပေးကြပါတယ်။ ညီညွတ်ခြင်းဆိုတာ တဦးချင်း တာဝန်ကျေမှုနဲ့လဲ ဆိုင်တယ်ဆိုတာကို သိထားကြတာမို့ မုဒိတာပွားစရာပါပဲ။

ဘောလုံးပွဲကိုတော့ ကလေးလူကြီး အကုန်ကြိုက်ကြတယ်။ သက်ကြီးရွယ်အို၊ ကျားမ မရွေးလူစုံပဲ။ ရင်ခွင်ပိုက်ကလေးတွေ၊ ကျောပိုးအရွယ်တွေအစ မတ်တတ်ပြေးအရွယ်တွေပါ


ဘောလုံးပွဲလာကြတယ်။ ကိုယ်ကြိုက်တဲ့ အသင်း၊ ကိုယ်ကြိုက်တဲ့ ဘောလုံးသမားကို “ထူး…ထူး”လို့ ကရင်လို အော်ကြတယ်။ ဗမာလို ကန်..ကန်လို့ အဓိပ္ပာယ်ရပါတယ်။
ဖိနပ်မစီးနိုင်သူရော၊ ကားဆိုင်ကယ်စီးနိုင်သူရော တပြေးညီ ရင်ဖွင့်ခံစားနိုင်တာက ဘောလုံးပွဲပါပဲ။ ဒုက္ခသည်တွေရဲ့ ရင်တွင်းခံစားချက်တွေ၊ မွန်းကျပ်မှုတွေကို ထွက်ပေါက်ပေးနိုင်တဲ့
ဘောလုံးပွဲမို့ ဘောလုံးကွင်းထဲမှာ ပရိသတ်က ဝက်ဝက်ကွဲ။

ဘောလုံးပွဲကြည့်ပြီး လက်ဝှေ့ပွဲကြည့်ရသလို ခံစားရတဲ့အခါလဲ ရှိတယ်။ ကွင်းထဲမှာ ကန်နေသူကို အားမရလို့ ကွင်းအပြင်က ကြည့်နေသူပရိသတ်က


“ဘယ်လိုကန်လိုက်ပါလား”.. “ဘယ်လိုဖမ်းလိုက်ပါလား”လို့ ပြောနေကြတဲ့ အသံတွေလဲ ကြားရတယ်။ ဒီလိုပြောနေသူကို အချင်းချင်း မြှောက်ပင့်ပြီး “ဦးလေး
မမမမမမမမ
မမမမမမမမမ
မမမမမမ မမမမမမ
မမမမမမမမမ
မမမမမမမမမ
မမမ
ဝင်ကန်ပါလား” .. “ဟ.ငါအသက်ကြီးပြီ။ ကွင်းတပတ်လောက် ပြေးရင် ချွဲထလာမှာပေါ့”..“လွယ်ပါတယ်ဦးလေးရယ်။ အောက်စီဂျင်ဘူး ကျောပိုးပြီး ဝင်ကန်ပေါ့”တဲ့။ မမမမမမမမမမမ
ဒီလိုဟာသတွေကလဲ ဘောလုံးပွဲကို ကူပံ့ပေးတယ်။ ...
တောင်ပေါ်ကရင်လို့ ခေါ်ကြတဲ့သူတွေက ဒုက္ခသည်စခန်း ရွာနီးချုပ်စပ်တွေမှာ နေကြတယ်။ သူတို့က စစ်ပြေး ဒုက္ခသည်ဘဝကနေ နှစ်ကြာလာလို့
တောင်ပေါ်သားကဒ်ကို အိမ်ရှင်နိုင်ငံက ထုတ်ပေးထားတာမို့ အဆင်ပြေနေကြပြီ။ ဒါပေမဲ့ မိရိုးဖလာ ကရင်နှစ်သစ်ကူးကိုတော့ မမေ့နိုင်ဘူး။

မိခင်တိုင်းပြည်ကို စွန့်ခွာလာရတဲ့ ကရင်လူမျိုးတွေ၊ သူတို့ရဲ့ဘိုးဘွားမိဘများထဲမှာ စစ်အာဏာရှင်ရဲ့ ထိုးစစ် တိုက်စစ်ကြောင့် သားသေကျည်ခ၊ လင်ဒုက္ခိတ ဖြစ်ကြရသူတွေ။
မိဘဆွေမျိုးသားချင်းတချို့ သေကွဲကွဲကြ။ တချို့ရှင်ကွဲကွဲပျောက် ငရဲဘုံရောက်သလား၊ ကောင်းကင်ဘုံရောက်သလား မသိရတော့။ ယာမြေအိမ်မြေစွန့်ခဲ့ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံထဲ
ဝင်ခိုလှုံရသူတွေ။ သူတို့သားသမီးမြေးမြစ်ရတဲ့အထိ မိခင်နိုင်ငံကို မပြန်နိုင်သေးဘူး။ သူတို့ဓလေ့ထုံးစံတွေကိုတော့ သားသမီးမြေးမြစ်တွေထိ လက်ဆင့်ကမ်းပေးခဲ့တယ်။ ဒါကြောင့်လဲ
ကရင်နှစ်သစ်ကူးကို ဒုက္ခသည်စခန်းထဲမှာ ကျင်းပနိုင်ခဲ့တာပါ။

မြန်မာနိုင်ငံ ကရင်ပြည်နယ်ဒေသတွေမှာ ကျွဲချိုမှုတ်သံ၊ ဖားစည်သံ၊ ဒုံးယိမ်း စည်းချက်သံတွေ သေနတ်သံဗုံးသံတွေကြားမှာ တိမ်မြုပ်ခဲ့ရတယ်။ “ပြည်ထောင်စုမပြိုကွဲရေး ဒို့အရေး” ဆိုပြီး
စစ်အာဏာရှင်က ကမ္ဘာကြီးကြားအောင် နှုတ်ဖျားမှာ ပန်းပွင့်ပြီး နှလုံးသားမှာ ရန်လိုဓားဝင့်လုပ်နေကြတယ်။ ခုတော့ ကျမတို့ ဒုက္ခသည်စခန်းနဲ့ ၂နာရီကြာသွားရတဲ့နေရာက
သေနတ်သံတွေ မကြာခဏကြားနေရတယ်။ တောင်ယာလုပ်လိုက်၊ စစ်ပြေးဒုက္ခသည်ဖြစ်လိုက် ပြေးလွှားပုန်းရှောင်နေရတဲ့ ကရင်စစ်ပြေးဒုက္ခသည်တွေကို ရောဂါပိုး သယ်သူတွေဆိုပြီး
ထိုင်းနိုင်ငံက လက်မခံဘဲ ငြင်းဆန်နေပါတယ်။ တွယ်ရာမဲ့ တောထဲတောင်ထဲ ပြေးလွှား ပုန်းရှောင်နေရတဲ့ ကရင်စစ်ပြေးဒုက္ခသည်တွေက ကလေးကို သယ်ရလွယ်အောင် ပလိုင်းလုပ်
ကျောပိုးထားရတယ်။

ဒီကလေးတွေက သူတို့ကို ပလိုင်းထဲကချလိုက်ရင် ငိုတော့တာပဲ။ ပလိုင်းထဲမှာနေရတာ လုံခြုံတယ်လို့ ကလေးတွေက ထင်ကြတယ်လို့ ကျောပိုးအိတ် ဆေးလုပ်သားတွေက
ပြောကြတယ်။ လက်ရှိ စစ်ပြေး ဒုက္ခသည်တွေကို ကာကွယ်ဆေး ထိုးပေးပေမယ့် အစာအဟာရ လုံလောက်မှု မရှိတာ၊ တောထဲတောင်ထဲ ပြေးလွှား ပုန်းအောင်းနေရတာတွေကြောင့်
ရောဂါရမှာဘဲလို့ စိတ်ထိခိုက်စွာ ပြောကြတယ်။ ကလေးငယ်တွေမှာ ရောဂါအဖြစ်အများဆုံးတဲ့။

v ကရင်မိခင်တွေက ရင်သွေးတွေကို လူ့လောကထဲရောက်အောင် မွေးဖွားပေးခဲ့ပေမယ့် ရင်သွေးတွေဘဝကိုတော့ မွေးဖွား မပေးနိုင်ပါဘူး။


ရင်သွေးကို လောကရဲ့ အကောင်းဆုံး လက်ဆောင်တွေနဲ့ ဘဝကိုမွေးဖွားပေးဖို့ ကရင်မိခင်တွေကို စစ်အာဏာရှင်စနစ်က ခွင့်မပြုခဲ့ပါဘူး။
အဲဒိစစ်အာဏာရှင် စနစ်ကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံထဲမှာ ဒုက္ခသည်အဖြစ်နဲ့ ကရင်နှစ်သစ်ကူးကို ကျင်းပနေရတာ မှုတ်လား။ မမမမမမမမမမမ မ မ မ မ မ မ
မမမမမမမမ မမမမမမမ မ မ မ မ မ မ
ပြာသိုလဆန်း၁ရက် ကရင့်နှစ်သစ်ကူးပွဲတော်မှာ သက်ကြီးရွယ်အို ကရင့် အဘိုးအဘွားတွေကို ကန်တော့ကြတယ်။ ဒီလို အဘိုးအဘွားတွေထဲမှာ
မမမမမမမမမမမမမမြ
ကရင်တော်လှန်ရေးသမားကြီးတွေလဲ ပါတယ်။ ဇရာရဲ့အရေးအကြောင်းတွေ ပေါ်နေတဲ့ ခန္ဓာကိုယ်ကို သယ်ပိုးနေရတဲ့
ကရင်တော်လှန်ရေးသမားကြီး မြစ်ဝကျွန်းပေါ်သား ဦးဗလာဒူးက ကရင်နှစ်သစ်ကူး အမှတ်တရ စကားပြောခဲ့ပါတယ်။
...

“ကျနော်တို့ငယ်ငယ်က အမျိုးသား စိတ်လွန်ကဲမှုကြောင့် မလိုလားအပ်တဲ့ လူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်ခဲ့ရတယ်။ ဘုံရန်သူ ပျောက်ခဲ့ရတယ်။ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မန်းဘဇံတို့က
အတွေးအခေါ် လက်နက် တပ်ဆင်ပေးတယ်။ ဒီတော့မှ အမျိုးသားရေးနဲ့ လူတန်းစားအရေး ကွဲကွဲပြားပြား သိလာတာ။
ကရင်တော်လှန်ရေး သေနတ်သံ ပြောင်းသွားတယ်။ ကရင်အမျိုးသား လွတ်မြောက်ရေးကနေ စစ်အာဏာရှင်စနစ် ကျဆုံးရေး သမိုင်းလှေကားထစ်ကို ခုန်ကူးသွားတယ်။
စစ်အာဏာရှင်တွေက ကျနော်တို့ကရင်လူမျိုးတွေရဲ့ လွတ်လပ်ရေးကို လုယူခဲ့တာ မဟုတ်ဘူး။

မြန်မာတနိုင်ငံလုံးက ပြည်သူအားလုံးရဲ့ ဂုဏ်သိက္ခာရှိတဲ့ လူ့အခွင့်အရေးတွေ အလုခံခဲ့ရတာ။ ကျနော်တို့လိုချင်တဲ့ စစ်မှန်တဲ့ပြည်ထောင်စု ဒီနေ့ခေတ် စကားနဲ့ပြောရရင် လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၁ရာစု ဒုတိယပင်လုံဖြစ်ခဲ့ရင် ကျနော်တို့တွေ ရင်ဆိုင်နေရတဲ့ တိုင်းပြည်ပြဿနာ၊ လူမျိုးစုပြဿနာတွေ အေးချမ်းရမှာအမှန်ပဲ။

ကျနော်တို့လိုချင်တဲ့ အောင်မြင်မှုပန်းတိုင်ကို ကျနော့်အသက်အရွယ်အရ မမြင်ရတော့ရင်တောင် ကျနော်တို့ လက်ဆင့်ကမ်းခဲ့တဲ့ မျိုးဆက်သစ် လူငယ်တွေကြောင့် မြန်မာတပြည်လုံး


ချိုးငှက်တွေ ပျံသန်းနိုင်ရမယ်။ မြန်မာတပြည်လုံး သံလွင်ခက်တွေ ဝှေ့ယမ်းနိုင်ရမယ်လို့ ကရင်နှစ်သစ်ကူးမှာ ကျနော် ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်”……………………………တဲ့။
ရခိုင်နှင့် ချင်းတွင် အအေးလှိုင်းဖြတ်မည်
မျိုးသန့် | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၁၃ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၃၁ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တို့တွင် စနေနေ့မှစ၍ နှစ်ရက်တာ အအေးလှိုင်းတခု ဝင်ရောက်နိုင်သည်ဟု မိုးလေဝသပညာရှင် ဦးထွန်းလွင်က
ခန့်မှန်းထားသည်။

ပုံမှန်အပူချိန်၏အောက် မာကျူရီပြဒါးတိုင်တွင် ၄ံC မှ ၆ံCလျော့ကျသွားနိုင်သော အအေးလှိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှတဆင့် မြန်မာနိုင်ငံဘက်ကို ဝင်ရောက်လာမှာဖြစ်သည်ဟု


ဦးထွန်းလွင်က ပြောသည်။
ရခိုင်ပြည်နယ်၏ နှင့် ချင်းပြည်နယ်တို့၏ ယနေ့ အမြင့်ဆုံးအပူချိန်မှာ ၁၈ံC (၆၄.၄ ဖာရင်ဟိုက်) မှ ၂ဝ
ံC (၆၈ ဖာရင်ဟိုက)် အသီးသီးဖြစ်သည်။

ဒီဇင်ဘာလ အတွင်းက ဝင်ရောက်ခဲ့သော အအေးလှိုင်းတခုကြောင့် ရှမ်းပြည်မြောက်ပိုင်း


နမ္မတူမြို့နယ်နှင့် မူဆယ်ခရိုင်တွင်း လူ ၄ ဦး သေဆုံးခဲ့သည်။

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းနှင့် မြောက်ပိုင်းတို့တွင် အအေးလှိုင်းကျရောက်မှု ယမန်နေ့အထိ ရှိနေခဲ့ပြီး


ကလကတ္တားတွင် ၇ နှစ်တွင်း အအေးဆုံးအဆင့်ဖြစ်သည်။ ဥတာပရာဒေ့ရှ် ပြည်နယ်တွင် ၁ C
ံ (၃၃.၈၇
ဖာရင်ဟိုက)် သို့ ယမန်နေ့က ရောက်ရှိကာ လူ ၁၃ ဦးသေဆုံးပြီး အအေးလွန်ကဲမှုကြောင့်
ယခုဆောင်းတွင်း တခုလုံးတွင် သေဆုံးသူစုစုပေါင်း ၁၃ဝ ခန့်ရှိသွားပြီ ဖြစ်သည်။

တပ်ခ်ျမဟာတည်ရှိရာ အဂ္ဂရာတွင် ၁ံC(၃၃.၈၇ ဖာရင်ဟိုက်) သို့ရောက်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်


နိုင်ငံတွင်လည်း ယမန်နေ့မှစ၍ အအေးလှိုင်းဒဏ် ခံနေရသည်။
http://www.mizzimaburmese.com/home.html

NLD ရပ်တည်ရေး နောက်ဆုံး အထူးအယူခံတင် (photo:: www.tunlwin.com)


By ဦးဇော်ဝင်းလှိုင် ကြာသပတေး, 13 ဇန်နဝါရီ 2011
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တရားဝင်ပါတီအဖြစ် ဆက်လက် ရပ်တည်နိုင်ရေး နောက်ဆုံး အထူးအယူခံလွှာကို ကြားနာဖို့အတွက် နေပြည်တော် တရားရုံးချုပ်က ဒီကနေ့
လက်ခံလိုက်ပြီလို့ အကျိုးဆောင် ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောပါတယ်။ အမှုကို လက်ခံထားလိုက်ပေမဲ့ ဘယ်နေ့မှာ ကြားနာမယ် ဆိုတာတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
ဒီနောက်ဆုံး အယူခံလွှာကိုတော့ အကျိုးဆောင်ရှေ့နေ ၃ ဦးက ဒီကနေ့မှာပဲ နေပြည်တော် တရားရုံးချုပ်မှာ သွားရောက် တင်သွင်းခဲ့ကြတာပါ။
“ဒီနေ့ ဦးကြည်ဝင်းရယ်၊ ကျနော်ရယ်၊ ဦးကျော်ဟိုးရယ် ၃ ယောက် နေပြည်တော်ကို လာပြီး အမှုလာတင်ပါတယ်။ ကျနော်တို့ရဲ့ အထူးအယူခံကို ၁၂ နာရီမှာ တင်ပါတယ်။ ၂ နာရီမှာ
ပြန်ချိန်းတယ်။ ၂ နာရီ ပြန်လာတော့ အမှုနံပါတ် ပေးပါတယ်။ အယူခံလျှောက်လွှာ Acceptance ပေါ့၊ မှတ်ပုံတင်တယ်ပေါ့၊ အဲဒီလို ပြောလို့ရတယ်။ အမှုနံပါတ်က ၁၆ ရပါတယ်။”
အခု တင်ပြီးသွားပြီဆိုတော့ ရှေ့ဆက် ဘယ်လိုဖြစ်မလဲ ခင်ဗျ။ ကြားနာဖို့လား၊ ဘယ်လိုပါလဲ။
“ရက်ကို ကျနော်တို့ဆီကို အကြောင်းကြားပေးပါ့မယ်လို့ ပြောလိုက်ပါတယ်၊ တရားရုံးက။”
ဒါဆိုရင် ရှေ့ဆက် စောင့်ရဦးမယ့် သဘောပေါ့။
“ဟုတ်ကဲ့ပါ၊ ကျနော်တို့ သူတို့ အကြောင်းကြားမယ့် နေ့ရက်ကို စောင့်ရမယ်။ အဲဒီနေ့ရက် ရောက်ရင် လက်ခံရေးအတွက် လျှောက်လဲချက် ပေးရမယ်။”
လက်ခံရေးအတွက် ဆိုတော့ ဒီအမှုကို တရားရုံးက လက်ခံ ယူထားလိုက်တာပဲ ရှိသေးတယ်။ ကြားနာမယ်၊ မကြားနာဘူး ဆိုတာတော့ မသေချာသေးဘူးဆိုတဲ့ သဘောလားခင်ဗျ။
“ကြားနာမှာ သေချာတယ်။ ကြားနာမယ့် ရက်ကိုသာ မသိသေးတာပါ။ တဘက်က အစိုးရဘက်က ရှေ့နေချုပ်ရုံးက ဖြစ်မယ်။ နောက် ဒီတဘက်က ကျနော်တို့ပေါ့။”
NLD ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့ဝင် အကျိုးဆောင် ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုဖို့ NLD က ဆုံးဖြတ်ခဲ့ပြီးနောက် စစ်အစိုးရက ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ
နည်းဥပဒေတွေကြောင့် ပါတီအနေနဲ့ တရားဝင် ရပ်တည်ပိုင်ခွင့် မရှိတော့သလို ဖြစ်သွားခဲ့တဲ့အပေါ် NLD က တရားရုံးမှာ အယူခံ ၀င်ထားတာပါ။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်မှတ်ရေးထိုး တင်သွင်းခဲ့တဲ့ ပါတီ ဆက်လက်ရပ်တည်ရေး ပထမအကြိမ် အယူခံကိုတော့ နေပြည်တော် တရားရုံးချုပ်က ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂
ရက်နေ့က ပယ်ချခဲ့ပေမဲ့ အထူးအယူခံဝင်ခွင့် ရှိနေသေးတာကြောင့် အခု နောက်ဆုံးအဆင့် နေပြည်တော်မှာရှိတဲ့ တရားရုံးချုပ်မှာ ဒီအထူးအယူခံကို တင်သွင်းတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ စီးပွားလွတ်လပ်ခွင့် အနည်းဆုံး


By ဗွီအိုအေ (မြန်မာဌာန) ကြာသပတေး, 13 ဇန်နဝါရီ 2011
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
ကမ္ဘာတလွှား စီးပွားရေး လွတ်လပ်ခွင့်တွေကို တိုင်းတာတဲ့ နှစ်စဉ် ဆန်းစစ်ချက်တခုမှာ မြန်မာနိုင်ငံဟာ အဆင့်နိမ့်ဆုံး နိုင်ငံအဖြစ် ဖော်ပြလိုက်ပါတယ်။
ထင်ရှားတဲ့ စီးပွားရေးစာစောင် တခုဖြစ်တဲ့ The Wall Street ဂျာနယ်နဲ့ ၀ါရှင်တန် အခြေစိုက် Heritage Foundation တို့က ပူးတွဲ ထုတ်ပြန်လိုက်တဲ့ ၂၀၁၁ ခုနှစ်အတွက် စီးပွားရေး
လွတ်လပ်ခွင့် အညွှန်းကိန်းရဲ့ အဆင့်သတ်မှတ်ရာမှာ မြန်မာနိုင်ငံဟာ ကမ္ဘာတ၀န်းက နိုင်ငံပေါင်း ၁၇၉ နိုင်ငံအနက် အဆင့် ၁၇၄ နေရာ၊ အာရှ၊ ပစိဖိတ်ဒေသ အနေနဲ့ ဆိုရင်တော့
စီးပွားရေး လွတ်လပ်ခွင့် မရှိတဲ့ နေရာမှာ မြန်မာနိုင်ငံဟာ နောက်ဆုံးကနေ ဒုတိယနေရာမှာသာ ရှိပါတယ်။
ကုန်ထုတ်လုပ်မှုတွေအပေါ် ထိခိုက်လောက်အောင် ပုဂ္ဂလိကပိုင် ကဏ္ဍကို အလေးမထားတာ၊ အစိုးရရဲ့ ထိန်းချုပ်မှုတွေ ကြီးမားတာတွေသာမက နှစ်ပေါင်းများစွာ ဘဏ္ဍာရေး
စီမံခန့်ခွဲမှုတွေမှာ ညံ့ဖျင်းတာ၊ ဥပဒေ လုပ်ထုံးလုပ်နည်းတွေ ကျကျနန မရှိတာတွေက စီးပွားရေး လွတ်လပ်ခွင့် နိမ့်ကျရတဲ့ အခြေခံ အကြောင်းတရားတွေ ဖြစ်စေတယ်လို့ အစီရင်ခံစာက
ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
အာရှ၊ ပစိဖိတ် တိုင်းပြည်တွေနဲ့ ဒေသတွေထဲမှာ ထိပ်ဆုံး ၄ နေရာမှာ ရှိနေတာကတော့ ဟောင်ကောင်၊ စင်ကာပူ၊ သြစတြေးလျနဲ့ နယူးဇီလန်တို့ ဖြစ်ပါတယ်။
ဗြိတိသျှ ကိုလိုနီ လက်အောက်ကနေ ဟောင်ကောင်ကို ၁၉၉၇ ခုနှစ်တုန်းက တရုတ်နိုင်ငံကို ပြန်လည်လွှဲပြောင်း ပေးခဲ့တဲ့နောက် နိုင်ငံရေးနဲ့ စီးပွားရေး လွတ်လပ်ခွင့်တွေအပေါ်
ထိခိုက်မှုတွေ ရှိမှာကို စိုးရိမ်မှုတွေ ရှိခဲ့ပေမဲ့လည်း ဟောင်ကောင်ဟာ ၁၇ နှစ်လုံးလုံး ထိပ်ဆုံးနေရာမှာ ရှိနေခဲ့တာပါ။
သြစတြေးလျ ရေကြီး၊ ၁၅ ဦးသေ အများအပြား ပျောက်ဆုံး
By ဗွီအိုအေ (မြန်မာဌာန) ကြာသပတေး, 13 ဇန်နဝါရီ 2011
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz
• del.icio.us
အကြီးအကျယ် ထိခိုက် ပျက်စီးမှုတွေ ရှိခဲ့တဲ့ သြစတြေးလျနိုင်ငံ မြောက်ပိုင်း ကွင်းစ်လန်းဒ် (Queensland) ပြည်နယ်က ဒီသီတင်းပတ်ထဲ ရေကြီးမှုမှာ သေဆုံးသူ ၁၅ ယောက် ရှိသွားပြီး
ပျောက်ဆုံးနေသူ ၅၀-၆၀ လောက် ရှိနေပါတယ်။
အဖေဖြစ်သူရဲ့ နေအိမ်ထဲကို သွားကြည့်နေတဲ့ အသက် ၂၄ နှစ်အရွယ် လူရွယ်တယောက် ရေစီးထဲမှာ မျောပါသွားတယ်လို့ ကွင်းစ်လန်းဒ်ပြည်နယ် ဝန်ကြီးချုပ် အန်နာ ဘလိုက်ရှ် (Anna
Bligh) က ပြောပါတယ်။
ပြည်နယ်မြို့တော်ဖြစ်တဲ့ ဘရစ်စ်ဘိန်းမြို့မှာလည်း ဘရစ်စ်ဘိန်းမြစ်ရေ လျှံတက်ခဲ့တဲ့အတွက် မြို့ထဲမှာ ရေကြီးနေပါတယ်။
ရပ်ကွက်တချို့ ရေတွေဖုံးလွှမ်းသွားတဲ့အတွက် အိမ်ခြေ ၁၂,၀၀၀ လောက် ရေအောက်ရောက်ခဲ့ပါတယ်။ အိမ် ၁၀၀,၀၀၀ လောက်လည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်နေပါတယ်။
ရေကြီးမှု အခြေအနေနဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဘရစ်စ်ဘိန်းမြို့ရဲ့ အခြေအနေဟာ စစ်ဖြစ်နေတဲ့ နေရာလို ဖြစ်နေတယ်၊ ကွင်းစ်လန်းဒ်ပြည်နယ်ရဲ့ ၄ ပုံ ၃ ပုံ
အခြေအနေကလည်း စစ်ပွဲပြီးကာလ အခြေအနေလို ဖြစ်နေတယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ဘလိုက်ရှ်က မျက်ရည်လည်ရွဲနဲ့ ပြောခဲ့ပါတယ်။
ဒါပေမဲ့ ကွင်းစ်လန်းဒ် ပြည်နယ်သားတွေဟာ စိတ်ဓာတ်ကြံ့ခိုင်ကြသူတွေ ဖြစ်ကြလို့ ပြန်လည် ထူထောင်လာကြမှာပါလို့လည်း သူက ပြောခဲ့ပါတယ်။
http://www.voanews.com/burmese/news/

တူနီးရှား နိုင်ငံ၏ လူထု အုံကြွမှု အပိုင်း (၁)


January 14, 2011 freedom news group Leave a comment Go to comments

1
0

i
မဲပေးပါ

Tunisia Uprising Episode N0 1.


-သမ္မတ ဘင်အလီ ကသမ္မသက်တမ်း ကုန် ဆုံး ချိန် တွင် ပြန်လည် အရွေးခံမည် မဟုတ် ဟု ဆို
-စားသောက်ကုန် များ ကို ဈေးလျှော့ပေးပြီး ၊သတင်းလွတ်လပ်ခွင့် ကို ပြန်လည် ဖော်ဆောင်ပေး
-တူနီးရှား ပြည်သူ များ နိုင်ငံ အနှံ အုံကြွှ မှု စတင်
-တူနီရှား နိုင်ငံ ၏ ဘလောက်ဂါများ က အုံကြွမှု ကို ပိုမို အရှိန် မြှင့်တင်ပေး
-တူနီးရှား နိုင်ငံ လူထု အုံကြွမှု အတွင်း လူ သုံးဆယ် နီးပါး သေးဆုံး
-အာရပ် နိုင်ငံ များ ၏ ပြည်သူ လူထုံ အုံကြွှမှု များ ပြန်လည် အားကောင်းလာ

အယ်(လ)ဂျီးရီယား နဲ့ လစ်ဗျား နိုင်ငံ


ကြားက နိုင်ငံငယ်လေးတစ်ခု ဖြစ်တဲ့ တူနီးရှား နိုင်ငံ ဟာ မြောက်အာဖရိက တိုက်မှာ အသေးဆုံး နိုင်ငံတစ်ခု ဖြစ်ပြီး နိုင်ငံရဲ့ မြို့ တော် တူနစ်ကတော့ သာယာလှပတဲ့ မက်ဒီတာရေးနီးယန်း
ပင်လယ်ကမ်းခြေမှ ရှိတာ ကြောင့် ကမ္ဘာ လှည့် ခရီးသွား တွေ ကို တခြားြေုမာက် အာဖရိက နိုင်ငံတွေ လိုပဲဆွဲဆောင် ထား နိုင်ပါတယ်။
နိုင်ငံရဲ့ မြို့ တော် တူနစ် ကနေ မော်တော် နဲ့ မြေထဲပင်လယ် ကို ဖြတ်သန်း သွားရင် ဆယ်နာ ရီ လောက် အကြာမှာ ပြင်သစ် နိုင်ငံပိုင် ကျွန်း တစ်ခုခု ဒါမှ မဟုတ် အီတလီ နိုင်ငံကမ်းခြေ ကို
ရောက်ရှိပါတယ်။
တူနီရှား နိုင်ငံမှာ ၁၉၈၇ ခုနှစ် ကတည်း က အာဏာရရှိလာတဲ့ အသက် ၇၄ နှစ် အရွယ် ရှိ ဇင်အယ် အဘီဒင်း ဘင် အလီ က အာဏာရှင် ဆန်ဆန် အုပ်ချုပ်လာခဲ့ပါတယ်။
တူနီးရှား နိုင်ငံကို ပြင်သစ် တို့ အုပ်ချုပ် စဉ်မှာ စစ်ထဲ ၀င်ပြီး တော်လှန်ရေး လုပ်ခဲ့တဲ့ ဘင်အလီ ဟာ ၁၉၈၇ နိုဝင်ဘာ ၇ ရက် မှာ အနောက်တိုင်းဆန်ဆန် ပြုပြင်ပြောင်းလဲမှု ကို လိုလားတဲ့
ကျေးဇူးရှင် ဖြစ်သူ သမ္မတ ဟာဘစ်ဘော့ ဂီ ဘာ နဲ့ သူ့ ရဲ့ သားဖြစ်သူ တူနီးရှား နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ကို ရာထူးက ဖယ်ရှားပြီး အာဏာသိမ်း ခဲ့တာ ဖြစ်ပါတယ်။
၂၀၀၅ ခုနှစ် နောက်ပိုင်းမှာတော့ အတိုက်အခံ တွေ ကို
ထောင်သွင်းအကျဉ်းချမှု တွေ ရှိလား ပြီး သတင်းထောက် တွေ ၊ ဘလောက်ဂါတွေ ကို ဖမ်းဆီး အပြစ်ပေးကာပိုမို နှိပ်ကွပ်လာခဲ့ပါတယ်။ နိုင်ငံရဲ့ အထင်ကရ နေရာတွေ တိုင်းမှာ သူ့ ရဲ
့ဓာတ်ပုံ ပိုစတာ ကြီးတွေ ချိတ်ဆွဲထားတဲ့ ဘင်အလီ ဟာ သူ့ ရဲ့  ၂၃ နှစ်တာ အာဏာချုပ်ကိုင်ထား တဲ့ သက်တမ်း
အတွင်း ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလနှောင်း ပိုင်း ကလို့  နိုင်ငံအတွင်းမှာ မငြိမ် သက်မှု တွေ စတင်ခဲ့ပါတယ်။
အသက်၂၆ နှစ် အရွယ်ရှိ တက္ကသိုလ်ဘွဲ့ ရ မိုဟာမက် ဘူဇာဇီ ရဲ့  လမ်းဘေးမှာရောင်း တဲ့ သစ်သီး ဗန်း ကို အာဏာပိုင်တွေ က ခွင့်ပြုချက် ယူပြီးမရောင်းလို့  ဆိုပြီး အကြောင်းပြကာ
သိမ်းဆည်း ခဲ့ပါတယ်။ တစ်နေ့ စာ တစ်နေ့ ရင်းပြီး ၀မ်းစာရှာရတဲ့ ဘွဲ့ ရကျောင်းသား ဘူဇာဇီ သူ့ ရဲ့ သစ်သီးဗန်း အသိမ်းခံရပြီးနောက်မှာတော့ ဆန္ဒပြတဲ့ အနေ နဲ့  ဒီဇင်ဘာလ ၁၉ ရက်နေ
့မှာ မြို့ တော် အုပ်ချုပ်ရေး ရုံး အရှေ့ မှာ သူ့ ကိုယ်သူ မီးရှို့ ပြီး ဆန္ဒပြ ခဲ့ရာကနေ သူ့ ရဲ့ ဇာတိမြို့ ဖြစ်တဲ့ ဆီဒီဘိုရ်ဇဒ် မှာ လူ၁၀၀ ကျော်လောက်နဲ့ စတင်ဆန္ဒပြကြတာ မှာ အခုလို
မငြိမ်မသက် မှု တွေ ပေါ်ပေါက်လာခဲ့ရတာ ဖြစ်ပါတယ်။
ဒီလို မငြိမ်မသက် မှု တွေ ဟာ ဇန်န၀ါရီလ ၁၀ ရက်နေ့ မှာ မြို့ တော် တူးနစ်ကို ကူးစက်ခဲ့ပြီး ဘင်အလီက စစ်တပ်၊ ရဲ တပ်ဖွဲ့ တွေ နဲ့  ဆန္ဒပြသူတွေ ကို ဖြို ခွဲခဲ့ပါတယ်။ ရက် နှစ်ဆယ်
ကျော် ဆန္ဒပြမှု မှာ အစိုးရက သေဆုံး သူ ၂၃ ရှိတယ်
လို့ ဆိုပြီး တက္ကသိုလ် ကျောင်း သားတွေ က လို့ လေးဆယ် ကျော် တယ် လို့ ဆိုပါတယ်။ နိုင်ငံတ၀ှမ်းမှာ ညမထွက် ရ အမိန့် တွေ ထုတ် ပြန် ခဲ့ပေးမယ့် ဆန္ဒပြမှု တွေ ဆက်လက်
အားကောင်းလာတာကြောင့် ………..
ဓာတ်ပုံများ — အယ်(လ)ဂျာဇီးယား၊အေအက်(ဖ)ပီ၊ဂါးဒီးယန်း
ဗီဒီယို— တူနီးရှား ဘလောက်ဂါ၊ France 24

ဒုတိယ ပိုင်းအား ဆက်လက်


ဖတ် ရှုပါရန်
Object 1

Object 2

တူနီးရှား နိုင်ငံသားတွေ ရဲ့ အခြေအနေ ကို နားလည်မှု ရှိပါတယ်၊သက်တမ်းကုန်ရင် ရာထူးကနှုတ်ထွက်ပြီး စစ်တပ် ကို မပစ်ဘို့  အမိန့် ပေးထားတယ် ဟု ယနေ့ ရုပ်သံမှ
ပြောကြားနေသည့် တူနီးရှား သမ္မတ ဘင်အလီ AFP
နယူးယောက်တိုင်း မှ တူနီးရှား အုံကြွှမှု သတင်းနှင့် ဗီဒီယို များ ကို ဆက်လက်ကြည့်ရန်
http://freedomnewsgroup.com/

သတင်းကောင်း သိထားရအောင်
အဝေးကြည့်မှန်ပြောင်း (ရန်ကုန)်
ဇန်န၀ါရီ ၁၃၊ ၂၀၁၁

7DAY NEWS ဂျာနယ် (ဇန်န၀ါရီ ၁၃)


သတင်းကောင်း
ခုခံကျရောဂါကူးစက်နှုန်း ကျလာတယ် ဆိုတော့ သတင်းကောင်းပေါ့။ ကူးစက်နှုန်းက တရက်ကို လူ ၄၀ ပဲ ရှိတော့တယ် တဲ့။ ဒီသတင်းအတွက် 7DAY ကို ကျေးဇူးတင်ပါတယ်။ ကော်လံ
အကျယ်ကြီးနဲ့ စာစီထားတာကတော့ စိတ်ညစ်စရာ။

စစ်တွေက အနှိပ်ခန်း
အနှိပ်ခန်းတွေကို ပိတ်လိုက်တဲ့ သတင်း။ ၀န်ထမ်းတွေကို အိမ်ပြန်ပို့တယ် တဲ့။ သတင်းထဲမှာ ရေးထားသလို ဆိုရင် စစ်တွေမှာ ၇ ခန်းပဲ ရှိတယ်ပေါ့။ ရန်ကုန်မှာတော့ အင်း - များမှ များ။
ရန်ကုန် အနှိပ်ခန်းတွေ အကြောင်း ဟောဒီလင့် moemaka.com/in မှာ ရှိပါကြောင်း။

ကိုယ်ဝန်သည် အစွမ်းပြတဲ့ ရေကူးပြိုင်ပွဲ


အထက်က သတင်းကိုသာ ဖတ်ပါလေ။

လွှတ်တော်များ တည်ဆောက်ဆဲ
မြန်မာပြည် အနှံ့အပြားက လွှတ်တော်အဆောက်အအုံတွေ ဆောက်နေတုန်း ဆိုပဲ။ ဒါက အရေးမကြီးပါဘူးလေ။ ဘောလုံးကွင်းထဲ စုဝေးကြလည်း ရတာပဲ မဟုတ်လား။ အင်း - စစ်ဗိုလ်
တမတ်သား နဲ့ ကြံ့ဖွတ် ငါးဆယ်သားမက ပါတယ် ဆိုတော့ ဖွတ်ဗိုလ်လွှတ်တော်တွေလို့ ခေါ်ကြတော့မှာပဲ။

အင်းလေး ဒေသ လျှပ်စစ်မီး


မီးလင်းမယ်၊ သို့ပေမယ့် ကိုယ်တိုင်ကျဲနေရသတဲ့။ ဒါပေါ့၊ အင်းသားတွေလည်း လူပဲ၊ လျှပ်စစ်မီး လိုအပ်တာပေါ့။ ဒါမျိုး ကိစ္စတွေမှာ သကောင့်သား “နိုင်ငံတော်” ဆိုတဲ့ ငနဲ
ဘယ်ပြေးနေပါလိမ့်။
ထမင်းဝိုင်းမှာ ငရုပ်သီးမပါလို့ ဇနီးကို ထင်းချောင်းနဲ့ ရိုက်သတ်သတဲ့
ဟုတ်ပါတယ်။ မြန်မာပြည်မှာပါ။ ဒါမျိုးအမှုတွေ အကြောင်း ရေးထားတဲ့ ဆောင်းပါး။ အချိန်မရသူများအတွက် စာပိုဒ်တချို့ ကို အနီရောင်အမှတ်အသား ပေးလိုက်ပါတယ်။ ဒီလို
ပြဿနာမျိုးတွေ ဘယ်လို ရှင်းကြမလဲ၊ အရင်က ဘယ်လို ဖြေရှင်းခဲ့ကြသလဲ၊ တခြားနိုင်ငံတွေမှာရော ဘယ်လို ရှင်းကြသလဲ သိချင်လိုက်တာ။

ဘုရားပွဲနဲ့ မရှိမဖြစ်
ဒီသတင်းကလည်း ပြဿနာတခု အကြောင်း တို့ထားတယ်။ ဘုရားပွဲမှာ လောင်းကစားဝိုင်း ထည့်ဖို့ “အထူး အလေးထား ဆောင်ရွက်သွားမည်” ဆိုပဲ။ “မ” တလုံး
ပြုတ်ကျသွားတာလားတော့ မသိဘူး။ ဘုရားပွဲတွေမှာတော့ ဒီလိုဝိုင်းတွေ အမြဲ ရှိတတ်တော့ စာစီစာရိုက်အမှားတော့ ဖြစ်ဟန် မတူလို့ ထင်ရမလိုပါပဲဗျာ။

ကချင်ပြည်၊ အညာသား နဲ့ တောင်ဖြိုလုပ်ငန်း


ကျောက်စိမ်းဒေသအကြောင်း ဆောင်းပါး။ ဒီဒေသ၊ ဒီဒေသရောက် အညာသားတို့အကြောင်းကို တပုဒ်ထဲနဲ့ အများကြီး တွေ့နိုင်ပါတယ် ခင်ဗျာ။

လာမယ့် အိုလံပစ်အတွက် မြန်မာအမျိုးသမီးတို့ ကြိုးပမ်းပုံ


ခြေစစ်ပွဲ ပထမအဆင့်အတွက် အုပ်စု ကကြီး ၅ နိုင်ငံထဲမှာ မြန်မာ ပါတယ်။ ဒီထဲက ၂ သင်း ဒုတိယအဆင့် ခြေစစ်ပွဲ ၀င်ရဦးမယ် တဲ့။ ဒုအဆင့်ပြီးရင် ဘယ်အဆင့် ကျန်းသေးလဲ မသိ။
အင်း - အိုလံပစ် ရောက်ရှိရေးက မလွယ်ပါလားခင်ဗျာ။ ဖီဖာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်အရ အုပ်စုထဲမှာ မြန်မာအသင်းထက် အားနည်းတာ ဟောင်ကောင်ကိုပဲ
တွေ့ရပါတယ်။ ထိုင်း (ကမ္ဘာ့အဆင့်) ၃၃ ဗီယက်နမ် ၃၄ တိုင်ဝမ် ၃၆ မြန်မာ ၄၄ ဟောင်ကောင် ၆၇ မြန်မာ အမျိုးသမီးအသင်းက ကမ္ဘာ့အဆင့် ၄၄ ရှိတယ် ဆိုတော့ ချီးကျူးရမယ်။ မြန်မာ
အမျိုးသားအသင်းက အဆင့် ၁၄၉ တဲ့။

မြန်မာပြည်မှာ ဖွင့်ချင်တဲ့ နိုင်ငံတကာ ကျောင်းများ


နိုင်ငံတကာ တက္ကသိုလ်ကောလိပ်တချို့  မြန်မာပြည်မှာ ဖွင့်ဖို့ ကြိုးစားပေမယ့် နောက်ဆုတ်သွားတဲ့ သတင်း။ နာမည်တွေတော့ ထည့်မရေးထားပါ။ အမေရိကန် တက္ကသိုလ်တွေ ဖြစ်တဲ့
Stamford နဲ့ Webster ကတော့ အိမ်နီးချင်းနိုင်ငံတွေမှာ ကျောင်းခွဲတွေဖွင့်ထားတယ်။

လူကြားထဲ ဆေးလိပ်မသောက်ရ
ဒီသတင်းကိုတော့ စာမျက်နှာ ၁၄ မှာရော ၃၇ မှာပါ တွေ့ရတယ်။ အမှားကောင်း ဆိုပါတော့။
News Watch ဂျာနယ် (ဇန်န၀ါရီ ၅)

သိထားရအောင်
ပြေတီဦးတို့ မင်္ဂလာပွဲနဲ့ အချိန်ကိုက်ပြီးရေးပါတယ် လို့များ ပြောကြမလားဘဲ…။ ပုဆိုးတန်းတင် တဲ့ မြန်မာမှု ဆောင်းပါးလေး… အလွမ်းပြေ ပေါ့။

ဘယ်သူတွေ သွေးလှူကြသလဲ
ဘယ်လိုဘဲ မမြင်နိုင်အောင် ပိတ်ကာထားပေမဲ့ မြန်မာလူငယ်တွေ မျက်လုံး ပွင့်လာတာကတော့ အံ့မခန်းပါဘဲ…။ လျှော့ကို မတွက်ရဲသလောက်…။ ခုလဲ ကြည့်လေ… သွေးလှူတာ
လူငယ် အများဆုံး တဲ့။ နိုင်ငံရေး၊ လူမှုရေး အမြင်တွေ…ပွင့်လင်းလာကြတဲ့ သက်သေ…။ နောင်တခေတ်ရဲ့ ခေါင်းဆောင်လောင်းတွေ…။

လူကုန်ကူးမှုသတင်း ရေးသားခြင်း
လူကုန်ကူးတယ် ဆိုတဲ့စကားက မြန်မာပြည်မှာဖြင့် … နောက်ဆုံးပေါ် အဟော့ဆုံး ဝေါဟာရဖြစ်လာပါပြီ…။ အမှုတွေကလည်း မနည်းမနောကိုး…။ စိနတိုင်းသားတို့ မွေးလာမှာ …
မိန်းကလေးလို့ ကြားတာနဲ့ ဖျက်ချ… ကျိတ်ပြီး သတ်ပစ်ကြ လုပ်ခဲ့ကြသမျှ… ခုတော့ သတို့သမီးရှားတဲ့ဒုက္ခ လှလှကြီးတွေ့နေကြသတဲ့…။ ဖြေစရာ ဖျောက်စရာကတော့ ကိုယ်တို့
ဆီက မသိနားမလည်ရှာတဲ့ ချစ်စဖွယ် လုံမကြီး… လုံမငယ်လေးတွေပေါ့လေ…။ နှမချင်း သားသမီးချင်း မစာနာသူ တွေက… ကိုယ့်လူမျိုး အချင်းချင်း… နည်းအမျိုးမျိးနဲ့ သိမ်းသွင်းတာ
ခံလာကြရရှာပါတယ်။
ခုတော့… ဖမ်းကြဆီးကြ… အရေးယူကြနဲ့…အတော်လေး ဆူညံလာပါပြီ။ ဖြစ်သမျှအမှုတွေကို… လိုက်ကြတဲ့ မီဒီယာလောကသားတွေကလဲ လူအမျိုးမျိုး စိတ်အထွေထွေ
ဖြစ်နေပြန်တော့… မေးသင့်မှန်း ပြောသင့်မှန်းမသိ စာနာမှုကင်းကင်းနဲ့ ကိုယ်သတင်းရရေးကို ရှေ့ရှုလာပြီ ဆိုမှဖြင့်… နစ်နာရသူတွေကတော့ ကာယကံရှင် တွေ ဖြစ်ကြတဲ့
လူကုန်ကူးခံရသူလေးတွေ နဲ့ သူတို့ရဲ့ မိသားစုဝင် တွေပါဘဲ…။
ဒီတော့ကာ… ဘယ်လို အကြောင်း နောက်ခံဘဲ ရှိပါစေ… သတင်းသမား ကျင့်ဝတ်ကို ဖြင့်… ဇစ်ဇစ်မြစ်မြစ် လိုက်နာကျင့်သုံးဖို့ လိုအပ်တဲ့ အကြောင်း ရေးထားတာလေးများ…
သိစေချင်လို့ပါ ခင်ဗျာ…။

Messenger ဂျာနယ် (ဇန်န၀ါရီ ၃)


လက်ကမြင်းတာ သူတို့မှန်း သေချာပြီလား
ဒါလည်း သတင်းသမား ကျင့်ဝတ် အကြောင်း ပြောချင်တာကြောင့် ထည့်ပေးလိုက်တယ်။ မှုခင်းသတင်းတွေ ဆိုရင် ရဲတွေဆီက ရတဲ့ အချက်အလက်တွေထဲက စကားလုံးတွေအတိုင်း
ရေးထားတာ ကျင့်ဝတ်ကို ဖောက်ဖျက်တာပဲ။ အမှုတွင် တရားခံဟုစွပ်စွဲခံရသူ ဆိုတဲ့ စကားလုံးမျိုးကို သုံးသင့်တယ်။
စာနယ်ဇင်းသင်တန်းတွေမှာ ဒီလို အခြေခံကျင့်ဝတ်တွေ သင်ပေးသင့်တယ်။ သင်တန်း တက်ဖို့ အခြေအနေ မပေးဘူး၊ မတက်ချင်ဘူး ဆိုရင်လည်း ရန်ကုန်မှာ ထုတ်တဲ့ Crime ဂျာနယ်
ဆိုတာကို ၀ယ်ဖတ်သင့်တယ်။ ဈေးတော့ နည်းနည်း များမယ်။ ဒါပေမယ့် တစောင်လောက် ၀ယ်ဖတ်ရင်ကို ပညာတွေ အများကြီး ရပါတယ်လေ။
သတင်းထောက်တွေလည်း ဖတ်သင့်သလို အယ်ဒီတာတွေလည်း ဖတ်သင့်ပါတယ်။ တော်ကြာ သတင်းထောက်က ကျင့်ဝတ်နဲ့အညီ ရေးထားတာကို အယ်ဒီတာက “ဟေ့ကောင်၊
ရဲစခန်းကတောင် ဒီကောင့်ကို တရားခံလို့ ပြောနေပြီ၊ ခိုးတာ သတ်တာ ဒီကောင် တဲ့။ မင်းက ဘာတွေ သံသယရှိသူ ဆိုတဲ့ စကားလုံးတွေနဲ့ ကဗျာဆန်ချင်ရတာလဲ” ဆိုပြီး ဟောက်စား
လုပ်လို့ သတင်းက လှေကြီးထိုးရိုးရိုးစာနယ်ဇင်းကပ်ကျေးစာ မိအုံးမယ်။
ကဲ ကဲ သတင်းအကြောင်း ဆက်ရရင် မကြာသေးဘူးခင်ဗျ… ကားတွေကို ခဲနဲ့ပစ်တဲ့သတင်း…။ အခု… ဖတ်ကြည့်ပါဦး… တဖွဲ့တော့ မိပါပေါ့ ဆိုပဲ… ခရီးသွားများ
ခပ်အေးအေးနေလို့တော့ မရဘူးနော့… ။ သတိနဲ့ စောင့်ကြည့်ရဦးမှာပါ…။
ဖတ်စရာတွေ ထပ်လာမယ် တဲ့
ဂျာနယ်…မဂ္ဂဇင်း အသစ်တွေ… ၁၉ စောင်တောင် ထပ်ထွက်ခွင့်ရပြီ…။ သို့သော် အကုန်တော့ ထွက်လာပါ့မလား… မျှော်ကြစို့ရဲ့။ နာမည်တွေက မြန်မာလို ပေးမထားကြပေမယ့်
မြန်မာလို ရေးသား ထုတ်ဝေကြမယ်လို့တော့ ယူဆရပါတယ်။

ငလျင် ထောက်လှမ်းရေး
တကမ္ဘာလုံး … ၂၀၁၂ အဖျားရောဂါ (2012 Fever) နဲ့ အလှန့်ခံထားရချိန်မှာ… မုန်တိုင်းတွေ၊ မီးတောင် ပေါက်ကွဲတာတွေ…၊ ငလျင်တွေ…၊ ဆူနာမီတွေ… တွေ နဲ့ တကယ်လား
ထင်မှတ်ရအောင်… ထပ်ထပ်ကြမ်းအောင်… အမွှေခံနေရပါတယ်။ မြန်မာပြည်လဲ မပြေးသာတဲ့ထဲ ပါပါရဲ့…။ စစ်ကိုင်းပြတ်ရွေ့ ကြီးက တကတည်း ကြောက်စရာပါဘဲ…။ အခု GPS နဲ့
စောင့်ကြည့်မယ်တဲ့လေ…။ အင်မတန်ကောင်းတဲ့ အစီအစဉ်ပါ ခင်ဗျာ။ ဖတ်သင့်တာလေးပေါ့။ တခုဘဲ ပြောစရာရှိပါရဲ့…။ ငလျင်လာတဲ့သတင်းကို အချိန်တိုအတွင်း ဘယ်လိုများ
အသိပေးနိုင်မလဲ ဆိုတာပါ။ အသေအချာထည့်သွင်း စဉ်းစားရမှာပါ။ အဆင့်ဆင့် သတင်းပို့ကောင်း နေတုန်း… ၀ုန်းဆို ငလျင်ကြီး လာလိုက်ရင်တော့…။ အင်း…

မြန်မာစာဆရာ
ဂုဏ်ထူးဦးသိန်းနိုင် ဆိုရင် လေးဆယ်ကျော်တန်းက စပြီး ရင်းနှီးကြပြီးသား ဖြစ်မှာပါ…။ သူပြောထားတဲ့ သူ့အကြောင်း စိတ်ဝင်စားကြမယ် ထင်လို့ ထည့်ပေးပါတယ်…။ နည်းနည်းတော့
ရှည်သလားလို့…။

ထီ ထိုးသူများ၊ မထိုးသူများ ဖတ်ဖို့


ထီထိုးပြီး စိတ်ကူးနဲ့ရူးသူတွေ… ထီပေါက်ပြီး… မြောက်တက်သွားတဲ့သူတွေနဲ့… အစီအရီ ရှိတဲ့ဇာတ်လမ်းလေးတွေ ခဏခဏ ကြားနေရပါတယ်…။ ခုလဲဘဲ… ထီအကြောင်း…
ဆောင်းပါးလေး ကောင်းသဗျ…။

Next >

ဒေါ်စုနဲ့ လူထုကြားမှာ ကာဆီးနေတာ ဦးဝင်းတင်နဲ့ လူတစုတဲ့လား


Thursday, January 13, 2011
ဒေါ်စုနဲ့ လူထုကြားမှာ ကာဆီးနေတာ ဦးဝင်းတင်နဲ့ လူတစုတဲ့လား
ဦးဝင်းတင်နဲ့ မေးခွန်းများ၊ မိုးမခ
ဇန်န၀ါရီ ၁၂၊ ၂၀၁၁
ဒီတပတ်မှာ ဆရာဦးဝင်းတင်နဲ့ တွေ့ဆုံစဉ်မှာ ဆက်လက်မေးမြန်းဖြစ်တာထဲမှာ အဓိကတခုကတော့ ဒေါ်စုနဲ့ အင်န်အယ်ဒီပါတီဟာ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ မီးစင်ကြည့်ပြီး
ကနေကြသလား ဆိုတာ ဖြစ်ပါတယ်။
လူထုနဲ့ နိုင်ငံရေးအင်အားစုများရဲ့ အသံတွေ သဘောထားတွေကို နားထောင်မယ်။ အဲသည်အချက်တွေကိုလည်း အလေးအနက်ထား စဉ်းစားမယ်လို့ ပြောတယ်။
အဲသည်အတွက် ရှုထောင့်မျိုးစုံရှိတဲ့ အစုအဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံတယ်။ နားစွင့်နေတာကို တွေ့ရပါတယ်။ တဖက်ကတော့ စစ်အစိုးရနဲ့ တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးနိုင်ခြင်း
မရှိသော်လည်း စစ်အစိုးရရဲ့ အခြေခံဥပဒေ၊ ကြံ့ဖွံ့လွှတ်တော် နဲ့ လမ်းညွှန်မြေပုံများကို လက်ခံ အားပေးသူ၊ ထောက်ခံသူတွေရဲ့ အာဘော်တွေကို အချိန်ပေးပြီး ဧည့်ခံနေရဆဲ
ဖြစ်နေပါတယ်။

အဲသည်အတွက် ပထမဦးဆုံးမေးခွန်းက အင်န်အယ်ဒီပါတီနဲ့ ခေါင်းဆောင်တွေဟာ လက်ရှိနိုင်ငံရေးလှုပ်ရှားမှုမှာ ဘယ်လိုမျိုး ရပ်တည်နေသလဲ။ မီးစင်ကြည့်ကနေတာလား၊


ကိုယ်ယုံကြည်တဲ့လမ်းကို ဦးဆောင်မှုပေး လျောက်လှမ်းနေပြီလား။ ဘယ်လိုလဲ ဆိုတာ ဖြစ်ပါတယ်။
“ကျနော်တို့ဖက်က လုပ်စရာရှိတာတွေကိုတော့ လုပ်နေရမှာပဲ။ ဘာမှ မလုပ်ဘဲ နေရင်တော့ ကျနော်တို့က ဘာမှ ဖြစ်လာမှာမဟုတ်ဘူးလေ။ သူတို့ဖက်က အရေးယူတာတွေကို
ကြောက်နေလို့ ဘာမှ မလုပ်ပဲ နေရင်တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူးလေ။ ကျနော်တို့တွေမှာက အချိန်သိပ်ရှိတော့တာ မဟုတ်ဘူး။ ကျနော်တို့မှာ လုပ်စရာရှိတာ လုပ်မှပဲ လို့
သဘောရှိတယ်။
ကျနော်တို့ဖက်က သူတို့ဖက်က ရေဒီယိုတွေ၊ သတင်းစာတွေ၊ ပြောနေ ဆိုနေတာတွေကို နားထောင်တယ်။ သူတို့တွေရဲ့ သဘောထားတွေ၊ ခြေလှမ်းတွေကို သုံးသပ်တယ်။ ဒါတွေ
လုပ်နေရမှာပဲ။ သို့သော် သူတို့ စွပ်စွဲတာတွေ၊ လက်ညိုးထိုးတာတွေကို စိုးရိမ်ပြီး လိုက်ကာနေ လိုက်ဖြေရှင်းနေသာဆိုရင် ကျနော်တို့ အလုပ်ဖြစ်တော့မှာ မဟုတ်ဘူးလို့ မြင်တယ်။
ကျနော်တို့ ယခုလက်ရှိ လုပ်ဆောင်နေတဲ့ အလုပ်တွေကို ပြန်လည်ကြည့်ရှုပြီး သုံးသပ်မယ် ဆိုရင်၊ ၂၀၁၀ မတ်လ ၂၉ ရက်နေ့မှာ ကျနော်တို့က ၂၀၁၀ ရွေးကောက်ပွဲမှာ
မှတ်ပုံမတင်ဘူးလို့ အများသဘောတူ၊ ကန့်ကွက်သူမရှိဘဲ ဆုံးဖြတ်ချက် ချနိုင်ခဲ့တယ်။ ဘာကြောင့် သည်လို ဆုံးဖြတ်ခဲ့သလဲ ဆိုတာ ပါတီကိုယ်တိုင်က ထုတ်ပြန်ကြေငြာခဲ့ပြီး ဖြစ်တယ်။
မိမိတို့ နိုင်ငံရေး ရပ်တည်ချက်နဲ့ ကိုယ်ကျင့်သိက္ခာကို မစွန့်လွှတ်ခဲ့ဘူး။ ပြည်သူလူထု ပေးအပ်ထားတဲ့ ယုံကြည်မှုကို မစွန့်လွှတ်ခဲ့ဘူး။ ကျနော်တို့တတွေဟာ အရေးတော်ပုံကြီးကနေ
ပေါက်ထွန်းလာခဲ့တယ်။ အနှစ် ၂၀ ကျော် နိုင်ငံရေးဖြတ်သန်းမှုလည်း ရှိခဲ့ပြီး ဖြစ်ပါတယ်။ အဲသည်အတွက် အချို့တွေက ထင်မြင်ချက်ပေးခဲ့သလို အင်န်အယ်ဒီဟာ ကွဲကြ၊ ပြဲကြမှာပဲ
ဆိုတာမျိုး မဖြစ်ခဲ့ဘဲနဲ့ အင်န်အယ်ဒီဟာ နိုင်ငံရေးပါတီတခုအဖြစ် တစုတစည်းတည်းပဲ နိုင်ငံရေးရပ်တည်မှု ရှိနေဆဲဖြစ်တယ်။ ဒါဟာ တဖက်က ဖျက်သိမ်းထားပြီးဖြစ်တဲ့ ပါတီလို့ ဘယ်လိုပဲ
နံမယ်တပ်တပ်၊ ဘယ်လိုပဲ ပြောပြော ကျနော်တို့ရဲ့ လက်ရှိ အခြေအနေပဲ။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လွတ်မြောက်လာတဲ့ အခါမှာလည်း ပါတီရဲ့ ဆုံးဖြတ်ချက်နဲ့ တသားတည်း ရပ်တည်တယ်။ ကျမတို့ကို နက်ဖြန်ဖမ်းမလား၊ သဘက်ခါဖမ်းမလား
ဆိုတာတွေကို ကြိုကြောက်ပြီးတော့ ဘာမှ မလုပ်ဘဲနဲ့တော့ မနေဘူး။ ဖမ်းချင်လည်း ဖမ်း။ ကျမတို့တတွေက ဒီနေ့လုပ်စရာရှိတာ ဒီနေ့လုပ်မယ်၊ နက်ဖြန်ခါ လုပ်စရာအချိန်ရှိရင် နက်ဖြန်
ဆက်လုပ်မယ် ဆိုတဲ့ ကြွေးကြော်သံနဲ့ ထွက်လာတယ်။ နောက်ပြီးတော့လည်း ပြည်သူနဲ့အတူ ရပ်တည်ပြီးသာလျင် နိုင်ငံရေး လုပ်မယ် လို့ ဆုံးဖြတ်ထားပြီး ဖြစ်တယ် ဆိုတာကို
ထပ်ပြောချင်တယ်။
နောက်ပြီးတော့လည်း ကျမတို့မှာ နိုင်ငံရေးပါတီရယ်လို့ တရားဝင်ရပ်တည်တာတွေ မရှိဘူးဆိုရင်လည်း ကိစ္စမရှိဘူး၊ ပြည်သူတွေနဲ့အတူ ဒီမိုကရေစီကွန်ယက်ကြီးအဖြစ် အချင်းချင်း
ချိတ်တွဲပြီး လက်တွဲပြီး အားလုံးရဲ့ အင်အားတွေ၊ လူငယ်တွေ၊ ကျောင်းသားတွေ၊ လယ်သမားတွေ၊ အလုပ်သမားတွေ၊ ပညာရှင်တွေ၊ မိဘပြည်သူတွေ အားလုံးရဲ့ ကွန်ယက်တွေနဲ့
ပေါင်းစည်းပြီး ပြည်သူကွန်ယက်၊ ဒီမိုကရေစီကွန်ယက်ကြီးအဖြစ် ဆက်လက်ချီတက်သွားမယ်လို့လည်း ထုတ်ဖော်ပြောဆိုပြီး ခုချိန်မှာ အကောင်အထည်ဖော်ဆောင်နေတာ ဖြစ်တယ်။
အဲသလိုမျိုး ပြောချင်တယ်။”

နောက်မေးခွန်းတခုကတော့ အင်န်အယ်ဒီပါတီဟာ ယခုအချိန်မှာ ခေါင်းဆောင်တွေနဲ့ ပါတီဝင်တွေ အတူတကွ တသားတည်း၊ တသံတည်း ရပ်တည်ပြီး တက်ကြွစွာ လှုပ်ရှားနေကြတာကို
တွေ့နေရတယ်။ အဲသည်အချိန်မှာ စစ်အစိုးရရဲ့ ၀ါဒဖြန့်တွေက အမျိုးမျိုးသော ကောလဟလတွေ၊ သွေးထိုးစကားတွေ၊ သံသယစကားတွေကို ဖြန့်ချိလာတယ်။ အင်န်အယ်ဒီက
ပဲ့စင်ထွက်သွားတဲ့ အင်န်ဒီအက်ဖ်လို ပါတီကသူတွေကိုယ်တိုင်ကလည်း ပြောဆိုရာမှာ ဒေါ်စုနဲ့ ပြည်သူတွေကြားမှာ ဦးဝင်းတင်နဲ့ လူအချို့ ပိတ်ဆီးနေတာကြောင့်
အမျိုးသားစည်းလုံးရေးမှာ အတားအဆီးဖြစ်နေရတယ်။ သူတို့တွေမရှိရင် ပြည်သူနဲ့ ဒေါ်စုတို့ အမျိုးသားစည်းလုံးရေး အလုပ်ဖြစ်မယ် ဆိုပြီး ပြောဆိုကြောင်း တလောက ထုတ်တဲ့
ရွှေပြည်တော်စာစောင်က အသားပေးပြီးတော့ ရေးသားလာတာတွေ လုပ်လာတယ်။ အဲသည်တော့ လက်ရှိမှာ အင်န်အယ်ဒီခေါင်းဆောင်ပိုင်းက “အချို့” တွေ၊
ဆရာဦးဝင်းတင်အပါအ၀င်က ဒေါ်စုကို လူထုနဲ့ မသင့်မြတ်အောင် သွေးခွဲနေသလား။ ဒါမှမဟုတ် အခြားသော အစုအဖွဲ့တွေက အင်န်အယ်ဒီပါတီခေါင်းဆောင်ပိုင်းတွေနဲ့ လူထုကြားမှာ
အမြင်ရှုပ်ထွေးအောင် သွေးခွဲနေကြတာလား ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။

“ဒါတွေကတော့ မဆန်းတော့ဘူးလို့ ပြောချင်ပါတယ်။ အင်န်အယ်ဒီပါတီကို သွေးကွဲအောင်၊ လူထုနဲ့ မနီးစပ်အောင်၊ သံသယတွေ ဖြစ်နေ၊ ၀င်နေအောင် တဖက်ကနေပြီးတော့
နှစ်ပေါင်းများစွာ အနှစ် ၂၀ လုံးလုံး လုပ်နေခဲ့တာပါ။ ကျနော်တို့ နိုင်ငံရေးဆိုတာ ကိုယ်ကျိုးစီးပွားမပါတဲ့ နိုင်ငံရေး၊ ပြည်သူ့အကျိုးကို ဦးထိပ်ထားတဲ့ နိုင်ငံရေး၊ ပြည်သူလူထုဖက်ကို
မျက်နှာမူတဲ့ နိုင်ငံရေး ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ဒေါ်စုကိုယ်တိုင်ကလည်း သညိလို ပြောတယ်။ သည်လိုပဲ ခံယူတယ်။
အဲသည်လို ရပ်တည်ချက်၊ ခံယူချက် မှန်ကန်တဲ့အတွက် ကျနော်တို့တတွေ အားလုံးဟာ ယခုအချိန်မှာ သမိုင်းမှာ မကွဲ မပြဲဘဲ ရပ်တည်နိုင်တာ ဖြစ်တယ်။ အများက ၂၀၁၀
ရွေးကောက်ပွဲမတိုင်ခင်မှာ ပြိုကွဲတော့မယ်လို့ ထင်မြင်နေချိန်မှာ ညီညီညွတ်ညွတ်နဲ့ ကျနော်တို့ ဖြတ်သန်းနိုင်ခဲ့တယ်။ ကျနော်တို့အားလုံးရဲ့ နိုင်ငံရေးသိက္ခာ၊ ကိုယ်ကျင့်တရားကို
မှတ်ကျောက်တင်နိုင်ခဲ့တာကို တွေ့နိုင်ပါတယ်။ ဒီလို ပဏာမ ပြောချင်တယ်။
နောက်တခုကတော့ ကျနော်နဲ့ ပတ်သက်ပြီး ပုတ်ခတ်ပြီး ပြောကြတာကို ပြောပါ့မယ်။ ဒီနေရာမှာ ကျနော့်ထက် ကြီးကျယ်မြင့်မြတ်တဲ့ နိုင်ငံရေးသမားတွေ အများကြီးရှိပါတယ်။ ကျနော်ဟာ
သာမန် စာရေးဆရာတဦး၊ သတင်းစာဆရာတဦးဘ၀ကနေ ရောက်ရှိလာတဲ့ နိုင်ငံရေးသမားမျှသာ ဖြစ်ပါတယ်။ ကျနော်ရဲ့ တလျောက်လုံးမှာ ရှိတဲ့ ရပ်တည်ချက်ကတော့
ဒေါ်အောင်ဆန်းစုကြည်သည်သာလျင် မြန်မာပြည်ရဲ့ နိုင်ငံရေးကို ဦးဆောင်နိုင်တဲ့ ပုဂ္ဂိုလ်၊ ရှင်းလင်းနိုင်တဲ့ ပုဂ္ဂိုလ်၊ တရားမျှတမှုကို ဆောင်ကျဉ်းနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ် လို့ တွေ့ရှိတယ်။
ဗိုလ်ချူပ်အောင်ဆန်းလိုမျိုး တခေတ်မှာ တယောက် ပြည်သူလူထုရဲ့ အားကိုးမှုကို ရရှိတဲ့သူဟာ ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်တယ်လို့ ယုံကြည်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့
အမျော်အမြင်၊ အယူအဆ၊ ကိုယ်ကျင့်သိက္ခာ အစစ ပြည့်စုံတဲ့ သူဖြစ်တယ်လို့ ကျနော်က မှတ်ယူတယ်။
အဲသည်လိုမျိုး ကျနော်က ခံယူပြီး နိုင်ငံရေးစလုပ်တဲ့ အချိန်မှာ ကျနော့်အသက် ၆၀ ရှိနေပြီ။ ပြီးတော့ ထောင်ထဲမှာ အနှစ် ၂၀ လောက် နေခဲ့ရတယ်။ ဒုက္ခမျိုးစုံနဲ့ ကြုံခဲ့ရတယ်။ အသက်
၈၀ နီးတော့မှာမှ ထောင်ထဲက ပြန်ထွက်လာတဲ့ အချိန်မှာ ကျနော့်ရဲ့ နိုင်ငံရေးအတွက် အသုံးဝင်မှု၊ အသုံးကျမှု၊ လုပ်နိုင်ကိုင်နိုင်မှု စွမ်းရည်တွေကလည်း ကျဆင်းနေပါပြီ။ အိုမင်းနေပါပြီ။
ကျနော် ရိပ်မိပါတယ်။ သို့သော် ကျနော်ရဲ့ သဘောထားတွေ၊ ရပ်တည်ချက်တွေ၊ ယုံကြည်မှုတွေကတော့ ဘာမှ ပြောင်းလဲသွားခြင်း မရှိပါဘူး။ ကျနော်ဟာ
ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ခေါင်းဆောင်တဦးအဖြစ် ယုံကြည်မှတ်ယူထားမှုတွေဟာ ပြောင်းလဲသွားခြင်း မရှိဘူး။ ကျနော်ဟာ နိုင်ငံအတွက်၊ ပါတီအတွက်၊ တိုင်းပြည်ရဲ့ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်အတွက် နောက်လိုက်တယောက်မျှသာ ဖြစ်တယ်ဆိုတာကို မယိမ်းမယိုင်ဘဲနဲ့ ဆက်လက်ရပ်တည်ပြီး လိုက်ပါ ဆောင်ရွက်နေခြင်းမျှသာ ဖြစ်ပါတယ်။
ကျနော်ရဲ့ ကိုယ်ကျိုးအတွက် လုပ်နေ၊ ကိုင်နေ၊ မျှော်ကိုးနေတာတွေ ဒီအချိန်၊ ဒီအရွယ်မှာ ဘာမှ မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ကျနော်ကနေပြီးတော့ ကာဆီးနေတာ၊
ပိတ်ပင်နေတာတွေ ဘာမှ မရှိပါဘူး ဆိုတာကို ပြောချင်ပါတယ်။
အဲသည်လိုမျိုး ပြောနေ ဆိုနေ၊ စွပ်စွဲနေကြတဲ့သူတွေကိုယ်တိုင်ဟာ တော်တော်ကို ရိုးသားမှု မရှိပါလား၊ အသိဥာဏ်ပညာ နည်းပါလားလို့ပဲ ကျနော်က ပြောချင်တယ်။ အမှန်ကို
အမှန်အတိုင်း မမြင်နိုင်ပါလားလို့ ပြောချင်တယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နိုင်ငံရေးနယ်ပယ်ထဲကို ၀င်ရောက်လာကတည်းက သူ့ကို ဘယ်သူမှ
လွှမ်းမိုးနိုင်ခြင်း မရှိဘူးလို့ ပြောချင်ပါတယ်။ အဲသည်တုန်းက နိုင်ငံရေးသြဇာကြီးမားတယ်ဆိုပြီး ကိုယ့်ကိုယ်ကို ထင်မြင်နေတဲ့ ဗိုလ်အောင်ကြီးကိုယ်တိုင်လည်း မလွှမ်းမိုးနိုင်ခဲ့ဘူး ဆိုတာကို
သတိရစေချင်တယ်။
ကျနော်တို့လိုမျိုး နောက်လိုက်တွေဟာ အခုအချိန်မှာ အများကြီး ရှိနေတဲ့အကြောင်းလည်း ထောက်ပြချင်တယ်။ ဥပမာ အခု ကျနော်တို့ပါတီရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဦးတင်ဦး
ဖြစ်ပါတယ်။ ဦးတင်ဦးကိုယ်တိုင်ကလည်း နိုင်ငံမှာ ကြီးကျယ်တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်တယ်။ အလွန်ထူးချွန်တဲ့
ပုဂ္ဂိုလ်ကြီး ရိုးသား ဖြောင့်မတ် ရဲရင့်တဲ့ စည်းရုံးရေးစွမ်းရည် ထက်မြက်တဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ သူလိုလူ ကိုယ်တိုင်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်တဦး အဖြစ်
သဘောထားတယ်။ သူလည်းပဲ နောက်လိုက်တဦးလို့ ခံယူထားတယ်။ ကြိုက်တဲ့သူ ကြိုက်တဲ့ အချိန်မှာ သွားမေးနိုင်ပါတယ်။ ဦးတင်ဦးကိုယ်တိုင်က သည်လို ခံယူတယ်၊
သဘောထားတယ် ဆိုတာ သူအကျယ်ချုပ်က လွတ်မြောက်လာတဲ့ အချိန်မှာ ထုတ်ဖော်ပြောဆိုခဲ့တာ တွေ့နိုင်တယ်။
ဒေါ်အောင်ဆန်းစုကြည်ကို လွှမ်းမိုးဖို့ ကြိုးစားခဲ့တဲ့ ဗိုလ်အောင်ကြီး နောက်တော့ ဘယ်လိုဖြစ်သွားသလဲဆိုတာကို ပြန်ပြောင်းကြည့်ပြီး သင်ခန်းစာယူနိုင်တယ် လို့ ပြောချင်တယ်။
အပြင်ကလူတွေကိုယ်တိုင်က မြင်နိုင်ပါတယ်။ မြင်ကြပါတယ်။ ပြည်သူတွေကိုယ်တိုင်ကလည်း သည်လိုမျိုးလူတွေကို ဘယ်လို သဘောထားသလဲ၊ တုန့်ပြန်သလဲဆိုတာ
သမိုင်းသက်သေဖြစ်တယ်။ ပြည်သူက သူတို့ဖက်က ၀န်းယံပေးခြင်း မရှိတော့ဘူး။ အထင်အမြင်သေးခြင်း ခံကြရတယ်။ နိုင်ငံတကာအသိုင်းအ၀ိုင်းမှာလည်း ၀င်ဆန့်ခြင်း မရှိတော့တာကို
တွေ့နိုင်တယ်။
တကယ်တမ်းပြောကြရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို လွှမ်းမိုးဖို့ ကြိုးစားလို့ မရတဲ့အခါကြတော့ ဒေါ်စုရဲ့ အခမ်းကဏ္ဍကို သေးသိမ်အောင်၊ နိမ့်ကျအောင်၊ သိက္ခာကျအောင်
လုပ်လာကြတယ်။ အဲသည်လိုမျိုး ဒေါ်စုရဲ့ မဏ္ဍိုင်ကို မှေးမှိန်အောင်၊ သေးသိမ်အောင် လုပ်ဖို့အတွက် တရားခံရှာတဲ့အနေနဲ့ ဦးတင်ဦးတို့ ဦးဝင်းတင်တို့ကို လက်ညိုးထိုးတယ်။
သွေးထိုးတာတွေ၊ မဟုတ်တမ်းတရားတွေ စွပ်စွဲတာတွေ လုပ်လာကြတာလို့ ပြောချင်တယ်။ ကျနော်တဦးတည်း အနေနဲ့ ပြောရရင်တော့ ကျနော်က ဒေါ်စုကို ပိတ်ဆို့နေတာ၊
တားဆီးနေတာ၊ လွှမ်းမိုးနေတာတွေ မရှိဘူး။ ကျနော်ကိုယ်တိုင်က ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်တင်ပြီးတော့ နောက်လိုက်တဦးလို ရပ်တည်နေတာ ဖြစ်ပါတယ်။
အများပြည်သူတွေအားလုံးကလည်း သိကြပါတယ်၊ မြင်ကြပါတယ်လို့ ပြောချင်ပါတယ်။ ဒါတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ က စစ်အုပ်စုနဲ့ အလိုတော်ရိတွေရဲ့ ဓာတ်ပြားဟောင်းကြီးကို
ပြန်ဖွင့်နေတာပဲ။
ကျနော့်ရဲ့ ထောင်အတွေ့အကြုံစာအုပ်ထဲမှာ အခန်းတခန်းအနေနဲ့ ရေးခဲ့ပါတယ်။ ရုပ်မသေး ကြိုးမကိုင်ဆိုပြီးတော့ … အဲသည်တုန်းက ထောက်လှမ်းရေးနဲ့ စစ်အုပ်စုက စွပ်စွဲခဲ့သလို
ဒေါ်စုဟာ ရုပ်သေးမဟုတ်ဘူး၊ ဦးဝင်းတင်ဟာလည်း နောက်ကနေ ကြိုးကိုင်နေသူ မဟုတ်ဘူး ဆိုတာ ရေးခဲ့ပြီး ဖြစ်ပါတယ်။
ဒါကြောင့် ကျနော်တို့တတွေဟာ နောက်လိုက်တွေပါ။ တခြားဘာမှ မဟုတ်ဘူး။ ကျနော်တို့ပါတီက ၂၀၀၉ ဧပြီ ရွှေဂုံတိုင်ကြေညာစာတမ်းမှာ ပြောခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ဟာ
မြန်မာပြည်နဲ့ ပြည်သူလူထုတွေအတွက် အဆုံးအဖြတ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ကျနော်တို့ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်သာလျင် တိုင်းပြည်ကောင်းကျိုးအတွက်
အဆုံးအဖြတ်ပေးနိုင်သူ ဖြစ်လို့ သူနဲ့သာလျင် အဖြေရှာကြပါလို့ တိုက်တွန်းတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလောက် ရှင်းလင်း နားလည်နေတဲ့ အချိန်ရောက်နေပါပြီ။ အခြေအနေ
ရောက်နေပါပြီ။ မြန်မာပြည်သူတွေသာမက နိုင်ငံတကာကပါ လက်ခံထားတဲ့ ခေါင်းဆောင်ဟာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။ သူရဲ့ သြဇာနဲ့ ခေါင်းဆောင်မှုကို ဘယ်သူကမှ
လွှမ်းမိုးလို့ ပိတ်ဆို့ ကာဆီးလို့ မရပါဘူး။ ဒါကို လုပ်ကြံ သွေးထိုးနေကြသူတွေဟာ မရိုးသားတဲ့သူတွေ၊ အသိဥာဏ်နည်းတဲ့သူတွေလို့ ပြောချင်ပါတယ်။ အမှန်တရားကို
မမြင်နိုင်ကြတဲ့သူတွေလို့ ပြောချင်ပါတယ်။ မြန်မာပြည်နိုင်ငံရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးကို မလိုလားတဲ့သူတွေ၊ အမျိုသားစည်းလုံးညီညွတ်မှုကို ဖျက်လို
ဖျက်ဆီးလုပ်ချင်တဲ့သူတွေ ဖြစ်တယ် လို့ ပြောချင်ပါတယ်။

ဟုတ်ကဲ့ပါဆရာ။ ကျေးဇူးတင်ပါတယ်။ ။

(ဆက်လက်ဖော်ပြပါမည်)
http://moemaka.com/index.php?option=com_content&task=view&id=8024&Itemid=1
http://www.moemaka.com/

ရော်ဘာခြစ်အလုပ်သမားများအတွက်အခက်အခဲဖြစ်နေ
စိုးစိုး၊ ကောင်းဝါသတင်းဌာန
ပြာသိုလဆန်း ၉ရက်။ဇန်နဝါရီ ၁၃၊၂၀၁၁။
စိုးစိုး(ဇန်နဝါရီ-၁၃)။ ။ ထိုင်းနိုင်ငံ ဆူရပ်ဒေသတွင် ရော်ဘာခြစ် အလုပ်သမားများသည် ရော်ဘာဈေးနှစ်ဆလောက် မြင့်တက် လာသော်လည်း မိုးဆက်တိုက်ရွာသွန်းခြင်းကြောင့်
ရော်ဘာစေးခြစ်သည့်ရက်လျော့သွားသည့်အခါ နေထိုင် စားသောက် စရိတ်အတွက် အကျပ်အတည်းနှင့် ရင်ဆိုင်နေကြရသည်ဟု အလုပ်သမားများမှ ပြောပါသည်။

ဆောင်းရာသီအချိန်တွင် ရော်ဘာစေးအထွက်များသည့်ရာသီ ဖြစ်သော်လည်း မိုးဆက်တိုက်ရွာသွန်းခြင်း ကြောင့် တစ်လတွင် (၁၀)ရက်လောက်သာ ခြစ်ရသည့်အခါ


ရော်ဘာစေးရနည်းခြင်းကြောင့် အလုပ်သမားများအတွက် တွက်ခြေမကိုက်ဖြစ်ရသည်ဟု ဆူရပ်ဒေသနေ မောင်သန်းထူးကပြောပါသည်။

ပြီးခဲ့သည့်နှစ်များတွင် ရော်ဘာဈေးနှုန်းတစ်ပေါင်လျှင် (၇၅ နှင့် ၈၀)ဘတ် ကြားတွင်ရှိပြီး ယခုနှစ်တွင် ရော်ဘာဈေးနှုန်း (၁၅၀)ဘတ်အထိ မြင့်တက်လာရခြင်းမှာ
မိုးရွာသည့်ရက်ရှည်သွားပြီး ရော်ဘာစေး ရနည်း သည့်အတွက် ဈေးနှုန်း မြင့်တက်လာရခြင်းဖြစ်ကြောင်းသိရှိရပါသည်။

“ တစ်ဆောင်းမုန်းလဆန်းကတည်းက မိုးကြီးနေတာ အခုချိန်အထိပဲ ။ ရော်ဘာခြစ်ရတဲ့ ရက်က နဲနေတော့ ရော်ဘာစေးထွတ်နဲတယ်။ ရော်ဘာစေးထွတ်နဲရင်တော့


ရောင်းလို့ရတဲ့ငွေကလည်းနဲ တာပေါ့။ ရလာတဲ့ငွေကို သုံးစရိတ်။စားစရိတ်။ နေစရိတ်နဲ့ကုန်သွားရောပဲ။ အပိုအလျှံတော့မရှိဘူးပေါ့” ဟု အဆိုပါ မောင်သန်းထူးက ပြောပါသည်။

မိုးဆက်တိုက်ရွာသွန်းခြင်းကြောင့် ရော်ဘာခြစ်ရသည့်ရက်နည်းခြင်းနှင့် ပတ်သတ်၍ အလုပ်သမားများ သာမက ခြံရှင်များအတွက်ပါ စီးပွားရေးဆုတ်ယုတ်ခြင်းနှင့်ရင်ဆိုင်နေကြရပြီး


အခက်အခဲနှင့်လည်း ရင်ဆိုင် နေကြရသည်ဟု သိရှိရပါသည်။

“ကျွန်တော်တို့သဌေးက အခါတိုင်းနှစ်တွေမှာ ရော်ဘာဈေးဒီအထိမမြင့်ပေမယ့် သူတို့မှာ အခက် အခဲနဲ့ရင်ဆိုင်ရတာမရှိပါဘူး။ဒီနှစ်ကျမှ ရော်ဘာဈေး ဒီအထိမြင့်နေပေမယ့်လဲသူတို့


အတွက်ဖူလုံမှု မရှိဘူး။ သူတို့လည်း ဆုံးရှုံးကျွန်တော်တို့အတွက်လဲ ဝင်ငွေနည်း ငွေပျက်ရတာပေါ့ဗျာ” ဟု ခြံအလုပ်သမား တစ်ဦးဖြစ်သူ မောင်လင်းစိုးက ပြောပါသည်။

အလားတူမွန်ပြည်နယ်တခုလုံးတွင် (၂၂ )နှစ်အတွင်း ရာဘာစိုက်ဧက ၅ ဆကျော် တိုးချဲ့စိုက်ပျိုးခဲ့ရာ ယခုအခါ ဧကပေါင်း ၄ သိန်း ၂ သောင်းကျော်ထိရှိလာခဲ့ပြီဟု
မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

မွန်ပြည်နယ်တွင် တနိုင်ငံလုံး ရာဘာ စိုက်ဧက၏ ၃၇ ဒသမ ဝ၆ ရာခိုင်နှုန်းရှိပြီး ၁၉၈၈ မတိုင်မီ စိုက်ဧက (၇၆၆၀၇)ဧကမှ(၂၀၁၀)ခုနှစ် တွင် လေးသိန်းနှစ်ကျော်ဧကထိ
ရောက်လာခဲ့သည်ဟု နိုင်ငံပိုင်သတင်းစာတွင် ဖေါ်ပြထားပါသည်။

http://www.kaowao.org

ရာဘသယ်လာသည့် ပြည်သူ့စစ်အား လက်နက်နှင့်အတူ ဖမ်းမိ


သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။
ဒီဇင်ဘာလ ၁၃ ရက်၊ ၂၀၁၀ ခုနှစ်။
ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့သို့ ရာဘခေါ် စိတ်ကြွဆေးပြားသယ်ဆောင်လာသည့် ပြည်သူ့စစ်တဦး အပါ အ၀င် လူသုံးဦးအား လက်နက်နှင့်အတူ ဖမ်းဆီးမိခဲ့သည်။
ရှမ်းပြည်တောင်ပိုင်း မိုင်းတုန၊် မိုင်းဆတ်ဖက်မှဆင်းလာသည့်ကားအား တာချီလိတ်မြို့အ၀င် လွယ်တော်ခမ်း ဌာန ပေါင်းစုံဂိတ်အနီး ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု လွယ်တော်ခမ်းကျေးရွာသား
တဦးက ယခုလိုပြောသည်။
“တာချီလိတ်ဝင်ခါနီး လွယ်တော်ခမ်းဂိတ်မရောက်ခင်တစ်မိုင်အလိုလောက်မှာမိတာ။ကားကလမ်းဘေး မှာရပ်ထားတော့ အဖွဲ့စုံဂိတ်က မသင်္ကာလို့သွားစစ်တာမှာမိတာ။
သေနတ်လည်းမိတယ်လေ။ သေနတ် တွေကလည်း တရားမ၀င်သေနတ်တွေဖြစ်နေတယ်။”
အသက်(၃၅)နှစ်ခန့် လားဟူအမျိုးသား ပါဆီး၊ အသက်(၂၅)နှစ်ခန့် အားဆာနှင့် ထိုင်းနိုင်ငံသား လက်မှတ် ကိုင် ဆောင်ထားသည့် အသက်(၄၀)ခန့် အိုက်ခမ်းတို့အား ရာဘဆေးပြား
ငါးထောင်ခန့် နှင့် လက်နက်ခဲယမ်းများကို ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ဆက်ပြောသည်။
“မနေ့ကညနေ (၃) နာရီလောက်လေ။ ဖိုးဝီးကားနဲ့ သယ်လာတာ။ အဲဒီမှာ လားဟူပြည်သူ့စစ် တယောက်ပါတယ်။ သူ့နာမည်က ပါဆီးတဲ့။ သူ့ဆီမှာက ကာဘိုင်တစ်လက်ပါတယ်။ ကိုးမမ
ပစ္စတိုတစ် လက်ပါတယ်။”
နောက်ဆက်တွဲအခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး ၎င်းတို့အား တာချီလိတ်ရဲစခန်းတွင် ထိန်းသိမ်းထား သည်ဟု သိရသည်။
ရှမ်းပြည်နယ်၌ မူးယစ်ဆေးဝါးထုတ်လုပ်မှုကို ယခင်ကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ် သည့် UWSA ၀တပ်ဖွဲ့နှင့် ခွန်ဆာအဖွဲ့တို့ကလုပ်ကိုင်ခဲ့ပေမယ့် လက်ရှိတွင် စစ်အစိုးရ
ကျောထောက်နောက်ခံပေးထားသည့် ဌာနေပြည်သူ့စစ်များက လုပ်ဆောင်လာခဲ့သည်ဟု ရှမ်းပြည် မူးယစ်ဆေး စောင့်ကြည့်ရေးအဖွဲ့၏ စက်တင်ဘာ လထုတ် အစီရင်ခံစာတွင်
ဖော်ပြသည်။
လွန်ခဲ့သည့် ၂၀၀၉ ခုနှစ်က မြန်မာနိုင်ငံ၌ ဘိန်းစိုက်ဧက ၇၈,၀၀၀ ကျော်ရှိပြီး ဘိန်းဖြူထုတ်လုပ်မှု ကျဆင်းလာ ပေမယ့် စိတ်ကြွဆေးထုတ်လုပ်မှု ပိုတိုးလာသည်ဟု ကုလသမဂ္ဂ
မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး၏ စာ ရင်းများကဆိုသည်။
လွန်ခဲ့သည့်နှစ်က ရှမ်းပြည်နယ်တွင် ဘိန်းဖြူကီလို ၁၅၀၀ ကျော်နှင့် စိတ်ကြွဆေးပြား ၂၃ သန်း ကျော် ဖမ်းဆီး ရမိခဲ့သည်ဟု မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့က
ထုတ်ပြန်ခဲ့သည်။

http://www.nmg-news.com/nmg/news131210.html

ပါလီမန်အရေခြုံ စစ်အာဏာရှင် စနစ်ဟု ABSDF ဥက္ကဋ္ဌ ပြော


Thursday, 13 January 2011 18:35 သျှမ်းသံတော်ဆင့်

မကြာမီ မြန်မာနိုင်ငံတွင် ပေါ်ထွန်းလာမည့် အစိုးရသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ “က” ကြိုးအတိုင်း “က” ရမည့် ပါလီ မန် အရေခြုံ စစ်အာဏာရှင်စနစ် ဖြစ်မည်ဟု
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက သျှမ်းသံတော်ဆင့်သို့ ယနေ့ ပြောကြားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲ (ဓါတ်ပုံ www.apfnews.com)


“လာမဲ့ ၂၀၁၁ ခုနှစ်ထဲမှာ ပေါ်လာမဲ့ အစိုးရသစ်ဟာ ပါလီမန်မျက်နှာဖုံးစွပ်ရင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကကြိုးအတိုင်း ကရမဲ့ အစိုးရတစ်ခုဖြစ်တယ် ဗီဇစရိုက်ကတော့
စစ်အာဏာရှင်စနစ်ပဲ ” ဟု သူက ပြောသည်။

၎င်းအစိုးရသစ် ပေါ်လာရုံဖြင့် မြန်မာနိုင်ငံသားများ ဆုံးရူံးနေသည့် လွတ်လပ်မှု ၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ၊ ငြိမ်းချမ်း ရေး ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုသည့် အရာများ
ရရှိမည်ဟု မယုံကြည်ကြောင်း သူက ဆိုသည်။

“မြန်မာနိုင်ငံသားတွေအနေနဲ့ နှစ်သစ်တစ်နှစ်ရောက်တိုင်း ဆုတောင်းရုံ နူတ်ခွန်းဆက်ရုံဆိုတဲ့ အခြေအနေကနေ မလွတ် မြောက်သေးဘူး ၂၂ နှစ်ကြာစစ်အာဏာရှင်


ဆန့်ကျင်ရေးသမိုင်းထဲမှာ အလုပ်မဖြစ်တာတွေ အများကြီးရှိတယ် ဒီနေ့ ၂၀၁၁ ထဲမှာ ခွန်အားသစ်မွေးပြီး ဒီမိုကရေစီနဲ့အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အတွက်
ဆက်လက်ချီတက်ရအုံးမှာပဲ” ဟု သူ့အမြင်ကို ဆက်ပြောသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ခေါ်) ABSDF (ဓါတ်ပ-ုံ www.imagestate.com)
ထို့အပြင် လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က နအဖ ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဥပဒေအပေါ် ABSDF အဖွဲ့က ကန့်ကွက်သည့် ကြေငြာချက်ကို
ယနေ့ထုတ်ပြန်မည်ဟု သိရသည်။

အဆိုပါ ဥပဒေပြဋ္ဌာန်းချက်သည် တပ်မတော်တစ်ခုတည်းနှင့် ဆိုင်သည့် အရာမဟုတ်ပဲ နိုင်ငံသားအားလုံး၏ ဘ၀နှင့် တိုက်ရိုက် ပတ်သက် သဖြင့် လွတ်တော်အတွင်း ဥပဒေပြဋ္ဌာန်းရုံဖြင့်
မလုံလောက်ကြောင်း ပြည်သူ့ဆန္ဒခံယူဖို့ လိုအပ်ကြောင်း သိရသည်။

ယင်းဥပဒေသည် နအဖ၏ စစ်တပ်ဗဟိုပြု စဉ်းစားချက်ဖြစ်ပြီး တိုင်းပြည်ကာကွယ်ရေးနှင့် တည်ငြိမ်ရေးကို မဆောင်ရွက် နိုင်ကြောင်း ပြည်တွင်း စစ်ကာလ နိုင်ငံမတည်ငြိမ်သည့်ကာလတွင်
ငြိမ်းချမ်းရေးနှင့် အမျိုးသားသွေးစည်း ညီညွတ်ရေးကို အပြင်းအထန် ထိခိုက်စေနိုင်သဖြင့် ကန့်ကွက်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ခေါ်) ABSDF သည် နအဖစစ်အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေ သည့် ထိုင်း- မြန်မာနယ်စပ်အခြေစိုက်
လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည်။

နှစ်ပေါင်း ၅ ကျိပ်ကျော် ဗမာနှင့်တိုင်းရင်းသား မိတ်ဆွေကောင်းမဖြစ်မှု ကန်ကိုယ်စားလှယ်စိတ်ဝင်စား


Thursday, 13 January 2011 16:08 သျှမ်းသံတော်ဆင့်

ရန်ကုန်ရောက် အမေရိကန် အထက်လွှတ်တော် ဘဏ္ဍာငွေ ခွဲဝေသတ်မှတ်ရေးဆိုင်ရာကော်မတီ အရာရှိ Mr. Paul Grove နှင့်တိုင်းရင်းသားအဖွဲ့အစည်းများ
တမြန်နေ့ကတွေ့ဆုံဆွေးနွေးခဲ့ရာ ဗမာနှင့် တိုင်းရင်းသား မိတ်ဆွေကောင်း မဖြစ်ရတဲ့ ဆွေးနွေးချက်အပေါ် Mr. Paul Grove က အထူးစိတ်ဝင်စားကြောင်း သိရှိရပါသည်။
“ကျနော်တို့ တိုင်းရင်းသား ၆ ဖွဲ့က Mr. Paul Grove ကို ရန်ကုန် US ဌာနေ
ကိုယ်စားလှယ် နေအိမ်မှာ အတူသွား တွေ့တယ်။ ကျနော်တို့ SNLD
အတွင်းရေးများဖွဲ့ထဲက တယောက်သွားတယ်။ ဗမာ နဲ့ တခြားတိုင်းရင်းတွေ နှစ် ပေါင်း
၅၀ ကျော်အထိ မိတ်ဆွေကောင်းတွေမဖြစ်။ ယုံကြည်မှု
မတည်ဆောက်နိုင်တာဘာကြောင့်လ-ဲ ဆိုတဲ့ကိစ္စ သူအရမ်းစိတ်ဝင် စားတယ်” - ဟု
ပါတီပြောခွင့်ရ စိုင်းလိတ်က ပြောပြပါသည်။

သျှမ်းတိုင်းရင်းသားများ ဒီမိုကရေကရေစီအဖွဲ့ချုပ်က ဗမာနှင့်တိုင်းရင်းသားကြား


နှစ်ပေါင်း ၅၀ ကျော်သည့်တိုင် မိတ် ဆွေကောင်းမဖြစ်ခဲ့ရခြင်း၏ အဓိကအကြောင်းရင်း၊
ချင်းအဖွဲ့က ကြွက်နှင့် စားနပ်ရိက္ခာမလုံလောက်မှုပြဿနာ၊ကချင်အဖွဲ့ မှာမူ
အပစ်ရပ်နှင့်လက်နက်ကိုင်တိုင်ဆိုက်နေဆဲ ကချင်အဖွဲ့
ဝင်ထွက်ဆက်ဆံမှုရှိအောင်ကြိုးပမ်းမှုအခြေ အနေ၊
ရခိုင်ကလည်းဂီရိမုန်တိုင်းနောက်ဆက်တွဲ လူမှုစားဝတ်နေရေးပြဿနာ တို့ကို
ဆွေးနွေးတင်ပြသွားကြသည် ဟု ဆိုပါသည်။

“ဘာဖြစ်လို့ မိတ်ဆွေကောင်းတွေမဖြစ်ခဲ့တာလဲ ဆိုတဲ့ကိစ္စက ဗမာတမျိုးသားလုံးနဲ့


တိုင်းရင်းသားတွေမတည့်တာ မဟုတ်ဘူး။ အာဏာဆုပ်ကိုင်ထားလိုတဲ့ ဗမာစစ်အုပ်စုနဲ့
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြားဖြစ်နေတဲ့ ပြသနာဘဲ။
အဲသလိုဖြစ်အောင်လဲ စစ်အာဏာရှင်ကိုယ်တိုင် လက်နက်ကိုင်အဖွဲ့အစည်းတွေ
အများအပြားထွက်ပေါ်လာအောင်ဖန်တီးထား တာဖြစ်တယ်” - ဟု ဆက်၍
ပြောပြပါသည်။

ပြည်ထောင်စုတခုလုံးတွင် လူဦးရေအားဖြင့် ဗမာလူမျိုးက က ၆၀%


တခြားဗမာမဟုတ်သည့်လူမျိုးက ၄၀ % ၊ နယ် မြေပိုင်ဆိုင်မှုမှာ့ ဗမာပြည်က ၄၀%
တခြားတိုင်းရင်းသားနယ်မြေက ၆၀% ဖြစ်ကြောင်း၊ စည်းလုံးညီညွတ်မှု မတည်
ဆောက်ခြင်းအကြောင်းရင်းကလည်း နအဖ စစ်အုပ်စုကိုယ်တိုင် လက်နက်ကိုင်အဖွဲ့အစည်း အမျိုးမျိုး ပေါ်ထွက် လာစေရန် တမင်မွေးထုတ်ထားကြောင်း၊ ဥပမာ - ၁၉၉၆
မုန်တိုင်းတပ်မတော် ( Mong Tai Army) လက်ချ အလင်း ၀င်ပြီးနောက် သျှမ်းပြည်အတွင်း၌ပင်လက်နက်ကိုင်အဖွဲ့အစည်း ၂၀ ဖွဲ့မက ပေါ်ပေါက်လာအောင် ပြန်လည်မွေး
ထုတ်ထားခြင်းကိုကြည့်ခြင်းဖြင့်သိနိုင်သည် ဟု ဆိုသည်။

“အာဏာရ ဗမာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြား ပြဿနာအကြီးအကျယ်ဖြစ်နေတာကို အမေ ရိကန်အစိုးရအနေနဲ့ သိရှိနားလည်ပြီး


သုံးပွင့်ဆိုင်ဆွေးနွေးရေးဖြစ်လာဖို့တိုက်တွန်းရမယ်။ သုံးပွင့်ဆိုင်ဆွေးနွေးရေး ဖြစ်လာဖို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဗမာလူထုကို ဖက်ဒရယ်ပြည်ထောင်စုမူအကြောင်း သိရှိနားလည်
အောင် ရှင်းပြရမယ်။ ကျနော်တို့သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တခြားတိုင်းရင်းသားနိုင်ငံရေးအဖွဲ့အစည်း တွေလဲ တိုင်းရင်းသားပြည်သူတွေကို
ဒီမိုကရေစီအကြောင်းဖက်ဒရယ်မူအကြောင်းနားလည်လာဖို့ စည်းရုံးဟောပြော မယ်၊ တိုင်းရင်းသား နဲ့ ဗမာ လူထုတွေ ဖက်ဒရယ်မူအကြောင်း ဂဃနဏ သိမှ စည်းလုံးညီညွတ်မှု
ယုံကြည်မှုတည်ဆောက်နိုင် မယ်။ အဲဒါမှ စစ်အုပ်စုကို စည်းရုံးနိုင်မယ်။ ဗမာစစ်အုပ်စု သုံးပွင့်ဆိုင် ဆွေးနွေးပွဲမှာ ပါဝင်လာဖို့ US အစိုးရအနေနဲ့
ဘယ်လိုဖိအားပေးတိုက်တွန်းဖြောင်းဖြပေးနိုင်မလဲ”- စသဖြင့် အသေး စိတ်ရှင်းပြခဲ့ကြောင်း စိုင်းလိတ် က ပြောပြပါသည်။

၎င်းနှင့်ပတ်သက်၍ သျှမ်းပြည်အမျိုးသားရေးလှုပ်ရှားနေသူ မျိုးချစ်ပုဂ္ဂိုလ်တဦးက -“ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူမပြောတဲ့ ၂၁ ရာစုပင်လုံညီလာခံတောင်မှ


အကောင်အထည်ဖော်ဖို့ လွယ်မှာမဟုတ်ဘူး။ အကောင်အထည်ဖော် ဖိုမပြောနဲ့ စကားအဖြစ်ပြောတာတောင် စစ်အစိုးရက တော်တော်လေးခံပြင်းနေပြီ။
ဖက်ဒရယ်ဆိုတဲ့စကားလုံးတောင် မှ သူမ မပြောဖူးတာ သတိထားမိတယ်။ ၂၀၀၃ တုန်းကလိုလဲ ဟိုဟိုဒီဒီ မသွားရဲသေးဘူး။ ဒါပေမယ့် အခုလောလေ ဆယ် နအဖဟာ
အစိုးရသစ်ဖွဲ့စည်းရေးကိုသာ အဓိကဦးစားပေးလုပ်နေသေးလို့ တခြားဟာကို သူခဏလစ်လျူရှု ထား တာဘဲဖြစ်တယ်။ အစိုးရသစ်ပေါ်လာလို့ ဥပဒေသစ် ရှိလာမှ
ဆက်လက်ကိုင်တွယ်သွားမှာလဲဖြစ်နိုင်တယ်။” ဟု သုံးသပ်ပြောဆိုသည်။

ဂျန္န၀ါရီ ၁၁ ရက် က ရန်ကုန်ရောက် အမေရိကန် အထက်လွှတ်တော် ဘဏ္ဍာငွေ ခွဲဝေသတ်မှတ်ရေးဆိုင်ရာကော်မတီ အရာရှိ Mr. Paul Grove ကို တိုင်းရင်းသား
အဖွဲ့အစည်းများဖြစ်သည့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင်သဟာယ(ဦးထွန်းလှိုင)် ၊ ၂၀၁၀ ချင်းအမျိုးသားပါတီ (ဥက္ကဌ ကာတွန်းဆရာကျော်ဇ)ံ ၊ ကရင်ပါတီ (ဒေါက်တာ
စောဆိုင်မွန်သာ)၊ ရိုဟင်ဂျာ (မစ္စတာယူနွတ်စ)် နှင့် ကချင် (ငြိမ်းဖောင်ဒေးရှင်း ဒါရိုက်တာ သိက္ခာတော်ရဆရာတော် ဆဘွဲဂျွမ် ) တို့က သွားရောက်တွေ့ဆုံခဲ့ခြင်း ဖြစ်ပါသည်။

http://www.mongloi.org/burmese/

စစ်တပ်အင်အား ပိုမိုကြီးမားရေး အရန်တပ်ဖွဲ့ဥပဒေကိုပါ ပြဌာန်း


2011-01-13
၂၀၁၀ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ ပြဌာန်းချက်မှာ အရန်တပ်ဖွဲ့ဥပဒေကိုပါ စစ်အစိုးရက ထည့်သွင်းထားတယ်လို့
မြန်မာနိုင်ငံ ရှေ့နေများကောင်စီ အထွေထွေ အတွင်းရေးမှူး ဦးအောင်ထူးက ဇန်နဝါရီ ၁၂ ရက် မနေ့က ပြောကြားလိုက်ပါတယ်။

(Photo: AFP)
မြန်မာ စစ်အစိုးရ၏ တပ်မတော်တံဆိပ်ကို စစ်ဦးထုပ်တွင် တပ်ဆင်ထားပုံ ဖြစ်ပါသည်။ (Photo: AFP)
အရန်တပ်ဖွဲ့ဥပဒေအရ အငြိမ်းစား စစ်မှုထမ်းတွေကို ခံစားခွင့်အပြည့်နဲ့ စစ်တပ်ရဲ့ အရန်တပ်ဖွဲ့မှာ ငါးနှစ် ဆက်လက် တာဝန် ပေးအပ်ထားတာပါ။ ဒါကြောင့် အရန်တပ်ဖွဲ့ဆိုတာထက်
အမြဲတမ်း စစ်တပ် ပုံသဏ္ဍာန်မျိုး ပိုပြီး အင်အားကြီးမားအောင် စစ်အစိုးရက ရည်ရွယ်တာ ဖြစ်တယ်လို့ ရှေ့နေ ဦးအောင်ထူးက ဆိုပါတယ်။
“ဘာကြောင့်လဲဆိုတော့ အရန်တပ်ဖွဲ့ဝင်တွေ အကုန်လုံးက တပ်မတော်သားတိုင်း လိုက်နာရတဲ့ ၁၉၅၉ တပ်မတော် အက်ဥပဒေကို လိုက်နာရမယ်၊ နောက် အရန်တပ်ဖွဲ့
ကုန်ကျစရိတ်တွေ အကုန်လုံးကို တိုင်းပြည် ဘဏ္ဍာငွေက ကျခံရမယ်၊ နောက် လက်ရှိ တပ်မတော်မှာ တာဝန်ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်တွေဟာ လက်ရှိ တပ်မတော်က အငြိမ်းစားယူသည်
ဖြစ်စေ၊ နုတ်ထွက်သွားသည် ဖြစ်စေ၊ အရန်တပ်ဖွဲ့မှာ ငါးနှစ် တာဝန်မထမ်းဆောင် မနေရ ထမ်းဆောင်ရမယ်။ အဲဒီ ငါးနှစ် ဟိုဖက်ကို ကျော်သွားဦးတော့၊ တပ်မတော် ကာကွယ်ရေး
ဦးစီးချုပ်ကနေပြီးတော့ အဲဒီ ပုဂ္ဂိုလ်တွေကို တပ်ကထွက်သွားတဲ့ ပုဂ္ဂိုလ်တွေ၊ အငြိမ်းစား ယူသွားတဲ့ ပုဂ္ဂိုလ်တွေ အရန်တပ်ဖွဲ့ဝင်အဖြစ်နဲ့ ထပ်မံ ခန့်အပ်နိုင်တယ်ဆိုတဲ့ ပြဋ္ဌာန်းချက်တွေ
ပါရှိတာကြောင့်မို့လို့ ဒီ အရန်တပ်ဖွဲ့ ဆိုသော်ငြားလည်းပဲ ဒီတပ်ဖွဲ့က တကဲ့ အရန်သဘောမဆောင်ပဲနဲ့ ပင်မတပ်မတော်ကြီးကိုသာ ကြီးထွားသည်ထက် ကြီးထွားအောင်
လုပ်မဲ့အနေအထားကို ဖန်တီးမဲ့ ဥပဒေ ဖြစ်နေတာကို တွေ့ရတယ်။”
လွှတ်တော်ခေါ်ယူပြီး နောက်ပိုင်း လက်ရှိ စစ်ခေါင်းဆောင်တွေအနေနဲ့ အုပ်ချုပ်ရေးကဏ္ဍကနေ အပြင်ကို ရောက်သွားမဲ့ အခြေအနေအတွက် ကြိုတင်ပြီး ပြင်ဆင်တဲ့ သဘောလို့လည်း
ဦးအောင်ထူးက ယူဆပါတယ်။ ဒါအပြင် စစ်တပ်အတွင်း အသက် ၆၀ ပြည့် ပင်စင် မဖြစ်မနေ ယူရမယ် ဆိုတဲ့ ဥပဒေမျိုး လွှတ်တော်ကနေ ပြဌာန်းနိုင်တဲ့ အလားအလာကို
စစ်ဗိုလ်ချုပ်ကြီးတွေ ကြိုတင် အကာအကွယ်ယူတဲ့ သဘော ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အခုပြဌာန်းလိုက်တဲ့ စစ်တပ်ပိုင်းဆိုင်ရာ ဥပဒေတွေဟာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ ၄၀ တပ်မတော်ရဲ့အခန်းကဏ္ဍ ခေါင်းစဉ်အောက်မှာ ပါတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး RFA မှ မအင်ကြင်းနိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

က




်ေ

ြး

န်



က



ံဖို
င်

ူရ
န်
မြန်မာနိုင်ငံ လွတ်လပ်ခွင့် အခြေအနေ Freedom House အစီရင်ခံစာမှာဖော်ပြ
2011-01-13
၂၀၁၀ ပြည့်နှစ်အတွင်း ကမာတလွှား ဒီမိုကရေစီစနစ်နဲ့ တန်ဖိုးတွေ ကျဆင်းခဲ့ပြီး နိုင်ငံပေါင်း ၂၅ နိုင်ငံမှာ သိသိသာသာ ဆုတ်ယုတ်သွားခဲ့ကြောင်း ဇန်နဝါရီ ၁၃ ရက် ဒီကနေ့ ထုတ်ပြန်တဲ့
အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီ အခြေစိုက် Freedom House အဖွဲ့ကြီးရဲ့ နှစ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
(Photo: AFP)
အစိုးရ အမှုထမ်း ရုံးသူရုံးသားများကို ရန်ကုန်မြို့လယ်တွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
မြန်မာနိုင်ငံက ရွေးကောက်ပွဲမှာ စစ်အစိုးရက ကျောထောက်နောက်ခံ ပေးထားတဲ့ ပါတီက နေရာ အများစု အနိုင်ရခဲ့ပြီး တရားမမျှတမှုတွေ၊ မသမာမှုတွေ ဆိုးဆိုးဝါးဝါး ရှိခဲ့တာ မှန်ပေမဲ့
တဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မြောက်လာတာ၊ နိုင်ငံရေးပါတီသစ်တွေ ပေါ်ထွက်လာပြီး နိုင်ငံရေး ပြောဆို လုပ်ကိုင်ခွင့် ရလာတာ၊ တိုင်းရင်းသားပါတီတွေ
ကိုယ်စားလှယ် နေရာတချို့ အနိုင်ရခဲ့တာတွေကြောင့် အကောင်းအဆိုး ဒွန်တွဲ နေခဲ့ပါတယ်လို့ Freedom House အဖွဲ့က အာရှရေးရာ သုတေသနအရာရှိ Sarah Cook က ပြောပါတယ်။
မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အစီရင်ခံစာမှာ ဖော်ပြထားတဲ့အထဲက တခုကတော့ မြန်မာနိုင်ငံက ရွေးကောက်ပွဲဟာ အပြစ် အနာအဆာတွေ ဆိုးဆိုးဝါးဝါး ရှိခဲ့ကြောင်း၊ အစိုးရ
ကျောထောက်နောက်ခံ ပေးထားတဲ့ ပါတီအနိုင်ရရေး ရည်ရွယ်ပြီး လုပ်ထားသလို ရွေးကောက်ပွဲ ဥပဒေတွေမှာလည်း အရင်က ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါဝင်ခွင့်
မရအောင် လုပ်ထားခဲ့ကြောင်း၊ ဒီအချက်တွေဟာ အဆိုးဖက်က အခြေအနေတွေ ဖြစ်ကြောင်း Ms. Cook က ပြောသွားပါတယ်။
Freedom House နှစ်ပတ်လည် အစီရင်ခံစာမှာ နိုင်ငံပေါင်း ၂၅ နိုင်ငံမှာ ဒီမိုကရေစီလွတ်လပ်ခွင့်တွေ သိသိသာသာ ကျဆင်းခဲ့သလို ၁၁ နိုင်ငံကတော့ တိုးတက်လာခဲ့တယ်လို့
ဖော်ပြထားပါတယ်။
Freedom
အ House အဖွဲ့ အစီရင်ခံစာနဲ့ ပတ်သက်လို့ RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက စုစည်း တင်ပြထားပါတယ်။


သံ
ဖို
င်
ယူ

န်

စစ်မှု မထမ်းမနေရ ဥပဒေကို လူ့ဘောင်သစ်ပါတီကန့်ကွက်


2011-01-13
မြန်မာနိုင်ငံမှာ အသက် ပြည့်ပြီးသူတိုင်း စစ်မှုထမ်းဖို့ ပြည်သူ့စစ်မှုထမ်း ဥပဒေကို စစ်အစိုးရက ပြဋ္ဌာန်းလိုက်တဲ့ အပေါ် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက ကန့်ကွက်ကြောင်း ဒီကနေ့
ဇန်နဝါရီ ၁၃ ရက်မှာ ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။

(Photo: AFP)
နအဖစစ်အစိုးရ၏ စစ်တပ်မှ အစောင့်တာဝန်ကျနေသော တပ်သားတဦး ဖြစ်ပါသည်။ (Photo: AFP)
ပြည်သူ့ စစ်မှုထမ်းဥပဒေနဲ့ အရန်တပ်ဖွဲ့ ဥပဒေတွေဟာ ပြည်သူ့အခွင့်အရေးကို ချိုးဖောက်တာ ဖြစ်သလို့။ စစ်မှုထမ်း တပ်မတော်သားများရဲ့ အခွင့်အရေးကိုလည်း ချိုးဖောက်ရာ
ရောက်တယ်လို့ ဆိုပါတယ်။ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ အတွင်းရေးမှူး ဦးခင်မောင်တင့်က အခုလို ပြောပါတယ်။
“ပြည်သူ့ စစ်မှုထမ်း ဥပဒေနဲ့ အရန်တပ်ဖွဲ့ ဥပဒေ ဆိုတာက ကျွန်တော်တို့ တိုင်းပြည်မှာ ရှိတဲ့ ပြည်သူတွေနဲ့ တပ်မတော်သားတွေရဲ့ ဒီမိုကရေစီ အခွင့်အရေးနဲ့ အခြေခံ အခွင့်အရေးတွေကို
ချိုးဖောက်တဲ့ ဥပဒေ ဖြစ်နေတဲ့အတွက် ကျွန်တော်တို့ ဆန့်ကျင်ကန့်ကွက်ရတာ ဖြစ်ပါတယ်။ ဥပဒေတွေ ပြဋ္ဌာန်းတဲ့ ပြဋ္ဌာန်းပုံ ပြဋ္ဌာန်းနည်းကလည်း မဟုတ်ဖူး။ သူတို့တတွေ
သတ်မှတ်ထားတဲ့ ဒီ ဖွဲ့စည်းပုံအရ ပြောမယ်ဆိုရင်တောင်မှ လွှတ်တော်တွေ ပါလီမန်တွေမှာ မူကြမ်းတွေကို တင်သွင်းပြီးတော့မှ အဲဒီမှာ ဆွေးနွေးမဲခွဲ အတည်ပြု ဆုံးဖြတ်ရမှာ ဖြစ်တယ်။”
“ဒီလုပ်ရပ်ကို မလုပ်ပဲနဲ့ စစ်အစိုးရက အပိုင်ချည်နှောင်ပြီးတော့ ဒီ ဥပဒေတွေကို ပြဋ္ဌာန်းလိုက်တာ ဖြစ်တယ်။ ဒါကြောင့် ဒီဥပဒေက ဥပဒေအဖြစ်ကို ပြဋ္ဌာန်းလိုက်တာ။ ဒါကို နောင်
တက်လာတဲ့ အစိုးရက မပယ်မဖျက်မချင်း အတည်ဖြစ်မယ်ဆိုတဲ့ အခြေခံအချက်တွေနဲ့ သူတို့ လက်ဦးမှုရှိရှိ လုပ်ထားတာ ဖြစ်ပါတယ်။ စစ်တပ်ကိုဗျာ တရားဝင် အင်အား စုဆောင်းခွင့်
ရအောင် လုပ်လိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။”
တိုင်းပြည်အတွက် အရေးကြီးတဲ့ ဥပဒေမျိုးကို စစ်မှန်တဲ့ ပြည်သူ့လွှတ်တော် တရပ်ကနေ ချမှတ်ရမဲ့ အစား နအဖက လက်ဦးမှုယူ ပြုလုပ်တာမျိုး လက်မခံနိုင်ကြောင်း၊ စစ်အစိုးရက
လိုရင်လိုသလို စစ်သား စုဆောင်းနိုင်အောင်နဲ့ ပေါ်တာဆွဲနိုင်အောင် ပြဋ္ဌာန်းတဲ့ ဥပဒေဖြစ်ကြောင်းကိုလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
တဆက်တည်းမှာပဲ မြန်မာပြည်သူတွေကို စစ်ကျွန်ဇာတ်သွင်းဖို့ ပြင်ဆင်ထားတဲ့ စစ်အစိုးရရဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ကန့်ကွက်ကြောင်း ၂၀၀၇ ခုနှစ် မျိုးဆက်သစ် ကျောင်းသားများ
သမဂ္ဂကလည်း ဒီကနေ့ ကြေညာချက်တစောင် ထုတ်ပြန်ပြီး ကန့်ကွက်လိုက်ပါတယ်။
စစ်အစိုးရက လိုရင်လိုသလို အသုံးပြုနိုင်အောင် ပြဋ္ဌာန်းလိုက်တဲ့ စစ်မှုထမ်း ဥပဒေဟာ မြန်မာပြည်က လူငယ်ထုတရပ်လုံးကို ငြိမ်းခြောက်လိုက်တာပဲ ဖြစ်ကြောင်း ၂၀၀၇ ခုနှစ်
မျိုးဆက်သစ် ကျောင်သား သမဂ္ဂ ခေါင်းဆောင်တဦး ဖြစ်တဲ့ မခင်သက်ထားဝေက အခုလိုပြောပါတယ်။
“ဒီ လွှတ်တော် ခေါ်ယူခြင်း မရှိပဲ၊ အစိုးရသစ် ဖွဲ့စည်းနိုင်ခြင်း မရှိသေးပဲနဲ့တော့ ဒီ ဥပဒေ ပြဋ္ဌာန်းပိုင်ခွင့် မရှိပါဘူးပေါ့နော်။ စစ်မှုထမ်းတယ် ဆိုတာကလည်း ဒီ လူတိုင်းလူတိုင်း ဒါ
ကိုယ့်သဘော ဆန္ဒနဲ့သာ လုပ်ပိုင်ခွင့် ရှိပါတယ်။ ပြည်သူတွေရဲ့ သဘောဆန္ဒတွေကို လျစ်လျူရှုပြီးတော့ ဒီ ဥပဒေ ထုတ်ခိုင်းစေတာကတော့ အဓိပ္ပာယ် မရှိဘူးပေါ့နော်။ ဒါကတော့
တတိုင်းပြည်လုံးကို စစ်ကျွန်အဖြစ် တရားဝင် သွတ်သွင်းနေတာလို့ပဲ ထင်ပါတယ်။”
စစ်မှုထမ်းတာဟာ နိုင်ငံသားတဦးချင်းရဲ့ ဆန္ဒအလျောက်သာ ဖြစ်သင့်ကြောင်း၊ စစ်မှုထမ်း ဥပဒေကို လည်း စစ်အစိုးရက ပြဋ္ဌာန်းခွင့် မရှိပဲ စစ်မှန်တဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေကသာ မဲခွဲ
ချမှတ်သင့်ကြောင်း၊ ဒါကြောင့် ၂၀၀၇ မျိုးဆက်သစ် ကျောင်းသားတွေအနေနဲ့ စစ်အစိုးရရဲ့ စစ်မှုထမ်း ဥပဒေကို ကန့်ကွက်ကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် လူငယ်ထုနဲ့
ပြည်သူတရပ်လုံးကလည်း ဝိုင်းဝန်း ဆန့်ကျင်သွားဖို့ကိုလည်း သူတို့ရဲ့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။
ဇိုမီးကိုယ်စားလှယ်အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ဆုံ
2011-01-13
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဇိုမီး အမျိုးသား ကွန်ဂရက်က ဥက္ကဋ္ဌ ပူကျင်ရှင်းထန်နဲ့ နယ်က ရောက်ရှိလာတဲ့ ဇိုမီးလူငယ် ကိုယ်စားလှယ်တွေက အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ လာရောက် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါတယ်။
(Photo: RFA)
၂၀ဝ၇ ခုနှစ် စက်တင်ဘာလက ရွှေဝါရောင် သံဃာနှင့် လူထု လှုပ်ရှားမှုတွင် ဇိုမီး တိုင်းရင်းသားများလည်း အတူ လက်တွဲ ပါဝင်ကာ စီတန်းလှည့်လည်နေပုံ ဖြစ်ပါသည်။(Photo: RFA)
ပူကျင်ရှင်းထန်နဲ့ ဇိုမီးလူငယ်တွေဟာ ချင်းပြည်နယ်အတွင်း အခြေအနေတွေနဲ့ လုပ်ဆောင်နိုင်မဲ့ နည်းလမ်းတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း သိရှိလိုတဲ့ အခြေအနေတွေကို မေးမြန်းခဲ့တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ရှင်းပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ညနေပိုင်းမှာ အမေရိကန်ပြည်ထောင်စု အခြေစိုက် NBC သတင်းဌာနနဲ့ တွေ့ဆုံခဲ့တယ်လို့လည်း ဦးအုန်းကြိုင်က ပြောပါတယ်။
“ညနေပိုင်းမှာတော့ သူမ နေအိမ်မှာ NBC ရုပ်သံနဲ့ တွေ့ဆုံပြီးတော့ အင်တာဗျူး ပေးပါတယ်။ အခု ကျွန်တော် ပြောနေတဲ့အချိန်မှာ အင်တာဗျူး ပေးနေတုန်း ရှိပါတယ်။”
တချိန်တည်းမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တရားဝင် ရပ်တည်ခွင့်အတွက် အယူခံကို ဒီကနေ့ နေပြည်တော် တရားရုံးချုပ်မှာ ရှေ့နေတွေက တင်ခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေ ဦးဉာဏ်ဝင်းက AFP သတင်းဌာနကို ပြောကြားလိုက်ပါတယ်။
http://www.rfa.org/burmese

ဘန်ကောက်ပို့စ်က ပြန်ပေးသတင်းကို ဒီကေဘီအေ ဘက်က တုံ့ပြန်


Posted by admin on January 12, 2011 0 Comment

ဒီကေဘီအေတပ်ဖွဲ့မှ ထိုင်းရွာသားတဦးကို ပြန်ပေးဆွဲပြီး ဘတ်သုံးသိန်းတောင်းတယ်ဆိုတဲ့ သတင်းတပုဒ်ကို ဘန် ကောက်ပို့စ် အွန်လိုင်းမှာ ဇန်နဝါရီလ ၁၂ ရက်နေ့ ဒီကနေ့မှာ
ဖေါ်ပြထားတာတွေရှိရပြီး အဲဒီသတင်းကိုပဲ လွတ်လပ်တဲ့ အာရှအသံ အာအက်ဖ်အေ မြန်မာပိုင်းကလည်း ဒီမနက်မှာ ထပ်မံကိုးကားပြီး ရေဒီမှာ တင်ဆက်သွားခဲ့ပါတယ်။
ဒီကေဘီအေ ကို ပြန်ပေးဆွဲငွေတောင်တယ်ဆိုတဲ့ သတင်းဖေါ်ပြချက်နဲ့ ပတ်သက်ပြီး ဒီအေဘီအေ တပ်မဟာ ၅ မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ဆန်းအောင် က အခုလို တုံ့ပြန်ပြောဆိုပါတယ်
….
“ဒီလိုမျိုးသတင်းထွက်လာတာဟာ ကျနော်တို့ကို ရည်ရွယ်ချက်ရှိရှိနဲ့ တခုခုဖြစ်စေချင်တဲ့ သဘောထားတွေ တွေ့ရတယ်၊ နောက်ပြီးတော့ ဒီငွေသုံးသိန်းလောက်နဲ့ ကျနော်တို့ လုပ်နေတဲ့
နိုင်ငံရေးသိက္ခာ ပွန်းပဲအောင်ဘယ်တော့မှ မလုပ်ဘူး။ အခု ပြန်ပေးဆွဲမှုဖြစ်တဲ့ နေရာမှာလဲ ကျနော်တို့တပ်တွေ အဖွဲ့ဝင်တွေ မရှိကြပါဘူး။ ကျနော်တို့ စုံးစမ်းကြား သိရသဘောက်ကတော့
သူတို့ ထိုင်းလူမျိုးချင်း ဖြစ်တဲ့ပြဿနာကို ကျနော်တို့ အဖွဲ့နာမည် ယူသုံးလိုက်တာလို့ ကြားရ တယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး ကျနော်တို့ ဘက်က လုံးဝမဟုတ်ဘူး ပြောချင်ပါတယ်။
ဒီသတင်းကို ဖေါ်ပြတဲ့ သ တင်းဌာန နဲ့ သတင်းရေးတဲ့ သူကိုပါ ဖုန်းနဲ့ကော အီးမေးနဲ့ပါ ဆက်သွယ်ပြီး ပြောပြထားပါတယ်”
၁၅ နှစ်ကျော်ကြာ နအဖနဲ့ အပစ်အခတ်ရပ်ထားရာက မြန်မာနိုင်ငံရဲ့ ၂၀၁၀ ရွေးကောက်ပွဲလုပ်တဲ့နေမှာပဲ နအဖ နဲ့ ဗိုလ်နှုတ်ခမ်းမွှေး ဦးဆောင်တဲ့ ဒီကေဘီအေ တပ်ဖွဲ့ဝင်တွေဟာ
တိုက်ပွဲတွေ ပြည်လည်ဖြစ်ပွားခဲ့ပါတယ်။ အဲဒီအချိန်က စလို့ ဒီကေဘီအေ ဗိုလ်နှုတ်ခမ်းမွှေးကို ဆုငွေထုတ်ဖမ်းခိုင်းတာတွေ၊ ထိုင်းဘက်က သူ့ကို မဖမ်းပေးရင် မဲဆောက် မြ ဝတီ
ကုန်သွယ်ရေးဂိတ် ပြန်မဖွင့်ပေးဘူးဆိုတာတွေ စတဲ့ အတည်ပြုလို့မရတဲ့ သတင်းတွေလည်း မကြာခဏ ထွက် ပေါ်လျက်ရှိပါတယ်။
(မူရင်း သတင်း အင်္ဂလိပ်လိုနဲ့ မြန်မာဘာသာပြန်ကို တဆက်တည်းဖေါ်ပြပေးထားပါတယ်)
(ဘန်ကောက်ပို့စ်က မူရင်းသတင်း)
News > Asia
BURMA
Karen rebels hold Thai man hostage
• Published: 12/01/2011 at 12:00 AM

• Newspaper section: News


TAK : The Democratic Karen Buddhist Army (DKBA) has taken a Thai man hostage in Burma territory and is demanding a 300,000 baht ransom, police say.
The man, identified as only Kriangsak, was being held opposite Tak’s Umphang district, they said. Mr Kriangsak is a resident of Taperpoo village in tambon Mokro
of Umphang district.
The police said yesterday Mr Kriangsak crossed the border into Burma to negotiate a financial matter with a group from the DKBA. However, he failed to reach
an agreement and the DKBA took him hostage and demanded 300,000 baht in cash in exchange for his freedom.
The DKBA claimed Mr Kriangsak owed them this amount.
Tak governor Samat Loifa has assigned Umphang district chief Chawengsak Jaikham to contact the DKBA about Mr Kriangsak’s welfare. It has yet to respond.
Yesterday, a special task force of the 4th Infantry Division in Mae Sot district watched an armed confrontation between the DKBA and the Burmese military near
Manao island opposite Mae Konken village in tambon Mahawan.
A number of K-81 grenades exploded in Thai territory, a special task force source said.
The source said Thai members of the Thai-Burmese Border Committee (TBC) sent a memo to their Burmese counterparts in Myawaddy asking them to seek
assurances from the Burmese military that explosive projectiles were not fired into Thailand.
A group of Burmese soldiers has been surrounded by DKBA militants. The source said a lot of Burmese troops had been killed or injured.
(ဘန်ကောက်ပို့စ်က မူရင်းသတင်းကို မြန်မာဘာသာပြန်)
ဒီကေဘီအေက ထိုင်းတယောက်ကို ဓားစာခံဖမ်းထား
ဇန်န၀ါရီ ၁၂၊ ၂၀၁၁ (ဘန်ကောက်ပို့စ)်
တာ့ခ်။ ။ ဒီကေဘီအေက မြန်မာနယ်ထဲမှာ ထိုင်းအမျိုးသားတဦးကို ဓားစာခံဖမ်းထားပြီး ဘတ်ငွေ ၃ သိန်းတောင်း တယ်လို့ ရဲက ပြောပါတယ်။ ခရိုင်ယန်ဆတ်လို့ သာသိတဲ့ လူတဦးကို
တာ့ခ်ပြည်နယ်၊ အုန်းဖန်ခရိုင်ရဲ့တဖက်ကမ်းမှာ ပြန်ပေးဆွဲထားတယ်လို့ သူတို့က ပြောပါတယ်။ ခရိုင်ယန်ဆတ်ဟာ အုန်းဖန်ခရိုင်၊ မိုခရို တိုက်နယ်က ထာ့ပါပူး ရွာသား တဦးဖြစ်ပါတယ်။
မစ္စတာ ခရိုင်ယန်ဆတ်ဟာ တနေ့က ဒီကေဘီအေ အဖွဲ့တဖွဲ့နဲ့ ဘဏ္ဍာရေးကိစ္စတွေ ညှိနှိုင်းဖို့ နယ်စပ်ကို ဖြတ်ကျော်ပြီး မြန်မာပြည်ထဲကို ၀င်သွားပါတယ်။ ဒါပေမဲ့ ဒီကေဘီအေနဲ့
သဘောတူညီချက်မရတာကြောင့် ဒီကေဘီအေက သူ့ကို ဓားစာခံအဖြစ်ဖမ်းထားပြီး ဘတ်ငွေ ၃ သိန်းနဲ့ပြန်ရွေးဖို့ တောင်းတာဖြစ်တယ်လို့ ရဲက ပြောပါ တယ်။ ခရိုင်ယန်ဆတ်က ဒီငွေကို
ပေးခဲ့တယ်လို့ ဒီကေဘီအေက ထုတ်ဖော်ပြောဆိုပါတယ်။
တာ့ခ်အုပ်ချုပ်ရေးမှူး ဆမတ်လွိုင်ဖက ခရိုင်ယန်ဆတ်ကိစ္စအတွက် ဒီကေဘီအေနဲ့ဆက်သွယ်ဖို့ အုန်းဖန်ခရိုင်မှူးချာ ၀င်ဆတ်ကို လွှတ်ထားပါတယ်။ မဲဆောက်ခရိုင် အထူးတပ်ဖွဲ့၊ တပ်ရင်း
(၄) က မဟ၀မ်တိုက်နယ်၊ မယ့်ခွန်ကင်ရွာ တဖက်မှာရှိတဲ့ မနောက်ကျွန်းအနီး ဒီကေဘီအေနဲ့ မြန်မာစစ်တပ်အကြား လက်နက်ကိုင် ထိပ်တိုက်တွေ့နေတာကို တနေ့က
စောင့်ကြည့်နေပါတယ်။ ထိုင်းမြေပေါ်မှာ K-81 လက်ပစ်ဗုံးသီးတွေ ကျရောက် ပေါက်ကွဲခဲ့တယ်လို့ အထူး တပ်ဖွဲ့သတင်းရပ်ကွက်က ဆိုပါတယ်။ ပေါက်ကွဲတဲ့ကျည်ဖူးတွေဟာ
ထိုင်းနိုင်ငံထဲကို ပစ်ခဲ့တာ မဟုတ်ဘူး။ ဆိုတဲ့ မြန် မာစစ်တပ်ဆီက အာမခံချက်ကို တောင်းဆိုထားတဲ့မှတ်တမ်းကို ထိုင်းမြန်မာနယ်စပ်ကော်မတီရဲ့ ထိုင်းအဖွဲ့ဝင်တွေက မြ၀တီမှာရှိတဲ့
မြန်မာဖက်က ကော်မတီဝင်တွေကို ပေးပို့ခဲ့ပါတယ်။ ဒီကေဘီအေ စစ်သွေကြွတွေက မြန်မာစစ်သား တ ဖွဲ့ကို ၀ိုင်းထားတယ်။ မြန်မာစစ်သားတွေ အများအပြားသေကြေ၊
ဒဏ်ရာရတယ်လို့ သတင်းရပ်ကွက်က ဆိုပါတယ်။
http://www.bangkokpost.com/news/asia/215604/karen-rebels-hold-thai-man-hostage
http://www.naytthit.net/
http://burmese.dvb.no/

You might also like