You are on page 1of 52

CPC ဂျာနယ်ကိုယ်စားပြု ကော်မတီမှ Eleven Media

Group နုတ်ထွက်

Committee for Professional Conduct (CPC) ဂျာနယ်ကိုယ်စားပြု ကော်မတီမှ Eleven Media Group နုတ်ထွက်လိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။ 'မနေ့က အဲဒီ အစည်းအဝေး
ပြီးပြီးချင်းပဲ ကျွန်တော်တို့ Eleven Media Group အနေနဲ့တိုင်ပင်ပြီး နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နုတ်ထွက်စာကို အဲဒီနေ့က ချက်ချင်းပဲ စာပေစိစစ်ရေးကို ပို့လိုက်ပါတယ်'ဟု
ဇန်န၀ါရီလ ၁၃ ရက်နေ့က ပြုလုပ်ခဲ့သော အစည်းအဝေးသို့ တက်ရောက်ခဲ့သူ ဒေါက်တာသိန်းမြင့် (Managing Editor) က ပြောပါသည်။

'ကျွန်တော်တို့ Eleven Media Group တည်ထောင်တာ ၁၀ နှစ်ကျော်ပါပြီ။ ဘယ်ဂျာနယ်လစ် အဖွဲ့အစည်းမှာမှ မပါခဲ့ပါဘူး။ ကျွန်တော်တို့ မူဝါဒ၊ ရပ်တည်ချက်နဲ့ တူညီမှု ရှိမှသာ ပူးပေါင်း
ဆောင်ရွက်ခဲ့တာပါ။ ဒီအဖွဲ့ ဖွဲ့စည်းမယ်ဆိုတုန်းက စာနယ်ဇင်း ကျင့်ဝတ်တွေထိန်းဖို့၊ စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ တာဝန်ကို အကာအကွယ်ပေးနိုင်တဲ့အဖွဲ့အစည်းဖြစ်ဖို့ စတုတ္ထမဏ္ဍိုင်
ပီပြင်ဖို့ Independent Body ဖြစ်မယ်ဆိုလို့ ပါဝင်ခဲ့တာပါ။ အခု ဖွဲ့စည်းပုံအရ ဒီလိုမဖြစ်နိုင်တော့လို့ နုတ်ထွက်လိုက်တာပါ။ မနေ့က အစည်းအဝေးမှာ ကျွန်တော်တို့ Eleven Media
Group က ဒီအဖွဲ့မှာ ပါတဲ့သူတွေ အနေနဲ့ အောက်ဖော်ပြပါ အချက်ခြောက်ချက်နဲ့ ညီဖို့ လိုပါတယ်။ မညီရင် ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် စဉ်းစားကြဖို့ တင်ပြခဲ့ပါတယ်။ နေရာရလာရင်
ကပ်ပါးရပ်ပါးလုပ်ပြီး အခွင့်အရေးယူဖို့ပဲ ကြည့်နေတဲ့သူတွေ၊ စာနယ်ဇင်းကျင့်ဝတ်ကို ဖောက်ဖျက်ပြီး အကျင့်သိက္ခာဆိုးနဲ့ ကျော်ကြားတဲ့သူတွေ ဒီအဖွဲ့ထဲမှာ များနေရင် ဒီအဖွဲ့အပေါ်
အစိုးရရော၊ ပြည်သူလူထုပါ ယုံကြည်လေးစားမှုရှိမှာ မဟုတ်သလို ဒီအဖွဲ့ရဲ့ ရည်မှန်းချက်တွေလည်း အောင်မြင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ Eleven Media Group ဟာ
ဘာသားယိမ်းလိုက် ရောယိမ်းလိုက် လုပ်တဲ့ သတင်းမီဒီယာ မဟုတ်ပါဘူး။ ဒါကြောင့် ဖွဲ့စည်းပုံကို မပြင်ရင် ဒီအဖွဲ့မှာ ပါဝင်မှာ မဟုတ်သလို၊ ဒီအဖွဲ့နဲ့လည်း ပူးပေါင်းဆောင်ရွက်မှာ
မဟုတ်ပါဘူး'ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောပါသည်။

CPC ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဦးကိုကို (ကိုက-ို စက်မှုတက္ကသိုလ)် ၊ အတွင်းရေးမှူးအဖြစ် ဦးမျိုးမြင့်မောင် (ညွှန်ကြားရေးမှူး၊ စာပေစိစစ်ရေး)တို့ ဖြစ်ပြီး ဦးမြတ်ခိုင် အပါအ၀င်
စာပေစာနယ်ဇင်းမှ ငါးဦး၊ ပြည်တွင်းဂျာနယ် ကိုယ်စားလှယ်များ အဖြစ် ဦးဝင်းငြိမ်း (အလင်းတန်းဂျာနယ်)၊ ဦးအောင်စိုးသူ(The First Music ဂျာနယ်)၊ ဦးယဉ်ကျော်
(မှုခင်းသတင်းဂျာနယ်)၊ ဦးဇင်ယော်နီ (မနောမယ ဂျာနယ်)၊ ဒေါက်တာဇော်သန်း (Health Care ဂျာနယ်)၊ ဦးခင်မောင်ညို(ဘောဂဗေဒ) (ကမ္ဘာ့စီးပွားရေးဂျာနယ်)၊ ဦးကျော်မင်းဆွေ (The
Voice ဂျာနယ်)၊ ဦးသန်းစိုး (အခွင့်အလမ်းဂျာနယ်)၊ ဦးဝေသာ (တတိုင်းမွှေးဂျာနယ်)၊ ဦးမြင့်ဆွေမြင့် (အင်အား အားကစားဂျာနယ်)၊ ဦးထွန်းထွန်းဦး (အိုလံပစ် အားကစားဂျာနယ်)၊
ဒေါ်ငြိမ်းငြိမ်းနိုင် (7 Day ဂျာနယ်)၊ ဦးချစ်မောင် (News Watch ဂျာနယ်)၊ ဒေါက်တာတင်ထွန်းဦး (ပြည်မြန်မာသတင်းဂျာနယ်)၊ ဒေါက်တာသိန်းမြင့် (Eleven Media Group)တို့
ဖြစ်ပါသည်။ ထို့ပြင် Freelance များထဲမှ ဦးကျော်ရင်မြင့်နှင့် ဦးရဲနိုင်မိုးတို့လည်း ပါဝင်သည်။

၎င်းကော်မတီတွင် ပါဝင်ရမည့် သူများ၏ အရည်အချင်းနှင့် ပတ်သက်၍ Eleven Media Group မှ CPC ကော်မတီသို့ တင်ပြချက်(၆)ချက်မှာ . . .

• စာနယ်ဇင်းကျင့်ဝတ်ကို နားလည်ပြီး ၎င်းကျင့်ဝတ်ကို အမှန်တကယ် လိုက်နာကျင့်သုံးခဲ့သော သမိုင်းကြောင်းရှိသူ ဖြစ်ရမည်။


• ဂုဏ်သိက္ခာပိုင်းဆိုင်ရာ နာမည်ပျက် မရှိသူ၊ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ဂုဏ်သတင်းရှိသူ ဖြစ်ရမည်။ ငွေကြေး အရှုပ်အရှင်း ကင်းသူ ဖြစ်ရမည်။
• မိမိအလုပ်ပေါ် မိမိ မြတ်နိုးမှု ရှိပြီး မိမိတို့ စာနယ်ဇင်း လောကသားများ အပေါ် ကာကွယ်လိုစိတ် ရှိရမည်။
• ညှိနှိုင်းမှုများ လုပ်ဆောင်ရာတွင် သဘောထား ပျော့ပျောင်းမှုများ ရှိသူ ဖြစ်ပြီး စာနယ်ဇင်းတို့၏ ရပိုင်ခွင့်၊ ကျင့်ဝတ် (Principle)ပေါ်၌ နားလည်ကာ အခိုင်အမာ
ရပ်တည်နိုင်သူ ဖြစ်ရမည်။
• ပုဂ္ဂိုလ်ရေးကို ရှေ့တန်းတင်၍ အုပ်စုဖွဲ့၊ ဂိုဏ်းဂဏဖွဲ့သူ မဖြစ်စေရ။
• အစိုးရ၊ နိုင်ငံရေးပါတီများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ သံရုံး၊ NGOs မှ အမှီအခိုကင်းပြီး Sponsor အထောက်အပံ့ကို သွယ်ဝိုက် (သိ)ု့ တိုက်ရိုက်ရယူသူ မဖြစ်ရ။

၂၀၁၁ ခုနှစ်၌ ဖုန်းသုံးစွဲမှုဆိုင်ရာ


ကိစ္စရပ်များ၊ အင်တာနက်
အသုံးပြုခွင့်ပေးမှုများနှင့် IT ပိုင်းဆိုင်ရာ
ဆောင်ရွက်မှုများ အားလုံးကို ရတနာပုံ
တယ်လီပို့မှသာ ဦးဆောင်
လုပ်ကိုင်သွားမည်ဟုသိရ
၂၀၁၁ခုနှစ်၌ ဖုန်းသုံးစွဲမှု ဆိုင်ရာကိစ္စရပ်များ၊ အင်တာနက် အသုံးပြုခွင့်ပေးမှုများနှင့် IT ပိုင်း ဆိုင်ရာ ဆောင်ရွက်မှုများကို ရတနာပုံတယ်လီပို့မှ ဦးဆောင်လုပ်
ကိုင်သွားမည်ဖြစ်ကြောင်း ရတနာပုံ တယ်လီပို့ ကုမ္ပဏီလီမိတက်နှင့် ရတနာပုံမြို့သစ်၌ ရင်းနှီးမြှုပ်နှံကြသော ကုမ္ပဏီများ လုပ်ငန်းပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာနှင့်
သဘောတူစာချုပ်များ လက်မှတ်ရေးထိုးပွဲ၌ရရှိသည့် အချက်အလက်များအရ သိရှိရသည်။

၂၀၁၁ခုနှစ် ဇန်န၀ါရီလ ၈ ရက်နေ့မှ ၁၂ရက်နေ့အထိ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ရတနာပုံနည်းပညာ မြို့သစ်တွင် ကျင်းပခဲ့သည့် န၀မအကြိမ်မြောက် မြန်မာအိုင်စီတီ
ရက်သတ္တပတ်ပွဲတော်တွင် ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်နှင့် ရင်းနှီးမြှုပ်နှံကြမည့် ကုမ္ပဏီများလုပ်ငန်း ပူးပေါင်းမှုဆိုင်ရာ သဘောတူစာချုပ်များ ချုပ်ဆိုသည့် အခမ်းအနားကို
ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ရတနာပုံတယ်လီပို့ ကုမ္ပဏီလိမိတက် နှင့် Elite Tech IT Services ကုမ္ပဏီတို့အကြား ရတနာပုံ Web Portal ဖျော်ဖြေရေးကဏ္ဍများတွင် လည်းကောင်း၊
ရတနာပုံတယ်လီပို့နှင့် Elite Tech Manufacturing ကုမ္ပဏီတို့အကြား Next Generation Business Support System (NGBSS) လုပ်ငန်းတွင် လည်းကောင်း၊ Asia Mega Link
ကုမ္ပဏီနှင့် Solar Panel Production ကိုလည်းကောင်း၊ e Trade နှငM
့် obile Store လုပ်ငန်း ကိုလည်းကောင်း၊ Myanmar Technology Gateway နှငD
့် omain Registration and
Hosting လုပ်ငန်းကို လည်းကောင်း၊ ရွှေသံလွင်ကုမ္ပဏီလိမိတက်နှင့် Multi Play Service (MPS) လုပ်ငန်းများ ကိုလည်းကောင်းစသည်ဖြင့် ရတနာပုံ တယ်လီပို့ကုမ္ပဏီလိမိတက်နှင့်
လုပ်ငန်းပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များကို တာဝန်ရှိသူများမှ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

"အရင်တုန်းက ဖုန်းလျှောက်ရင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှာ လျှောက်ရတယ်။ နောက်ပိုင်း မှာ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ ၀င်လာပြီး မြန်မာ့ဆက်သွယ်ရေးနဲ့ ပူး
ပေါင်းလုပ်ကြတယ်။ အခုအဲဒီ ကုမ္ပဏီ တော်တော်များများနဲ့ ရတနာ ပုံတယ်လီပို့နဲ့ ပူးပေါင်းလိုက်ကြတဲ့ အတွက် နောက်ပိုင်း ဖုန်းအပါအ၀င် IT ပိုင်းဆိုင်ရာ စီမံကိန်းတွေ၊ application
တော်တော်များများကို ရတနာပုံကပဲ ဆောင်ရွက်သွားမယ့် အနေအထားရှိတယ်"ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူပူးပေါင်းနေသည့် ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက
ပြောပြခဲ့ သည်။

http://www.news-eleven.com

သမ္မတကြီး ဦးသန်းရွှေ ဖြစ်လာမလား

ဧရာဝတီ Friday, 14 January 2011 19:27

နောက်တက်မည့် အစိုးရအဖွဲ့တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သမ္မတအဖြစ် တာဝန်ယူမည်ဟု နေပြည်တော်ရှိ စစ်အစိုးရ အသိုင်းအ၀န်းတွင် ပြောဆိုနေကြကြောင်း ဧရာဝတီမှ သိရသည်။

ဒု သမ္မတနေရာအတွက် အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီးဟောင်း


သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ပြည်ထောင်စု လွှတ်တော်
ဥက္ကဋ္ဌနေရာတွင် ဗိုလ်ချုပ်ကြီးဟောင်း ဦးရွှေမန်း၊ လက်ရှိ ဝန်ကြီးချုပ်
ဦးသိန်းစိန်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏
ဥက္ကဋ္ဌနှင့် ၀န်ကြီးချုပ်အဖြစ် ဆက်လက်ရှိနေမည်ဟု ပြောဆိုမှုများ
ရှိနေသည်။

စစ်ဖက်ဆိုင်ရာ ရာထူးနေရာနှင့် ပတ်သက်၍ ကာကွယ်ရေး ဦးစီးချုပ်


နေရာတွင် ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၊ ဒု ကာကွယ်ရေး
ဦးစီးချုပ်နေရာတွင် ဗိုလ်ချုပ် စိုးဝင်း၊ ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်မှာမူ
ကာကွယ်ရေးဝန်ကြီး ဖြစ်လာမည်ဟု သတင်းထွက်ပေါ်နေသည်။

ဒု ဗိုလ်ချုပ်ကြီး ကိုကိုမှာ ပြည်ထဲရေး ၀န်ကြီးအဖြစ် တာဝန်ယူမည်ဖြစ်ပြီး ဒု


ဗိုလ်ချုပ်မှူးကြီး မောင်အေးမှာမူ အနားယူတော့မည် ဟုဆိုသည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းက စစ်တပ်ရာထူး အပြောင်းအလဲများ


ပြုလုပ်ခဲ့ရာ ဒု ဗိုလ်ချုပ်ကြီး မြင့်ဆွေ၊ ဒု ဗိုလ်ချုပ်ကြီး သာအေး အပါအ၀င်
ဒု ဗိုလ်ချုပ်ကြီးများအား အငြိမ်းစားပေးခဲ့ပြီး ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်စေခဲ့သည်။

သို့သော် စီးပွားရေးဦးပိုင် လီမိတက်၏ ယခင် ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီးဟောင်း တင်အေးမှာမူ ရွေးကောက်ပွဲ ၀င်ရောက်ခြင်း မရှိခဲ့ပေ။

နာမည်ကြီး အနုပညာရှင်များ လူမှုရေးလုပ်ငန်းတွင် ပိုမိုစိတ်ဝင်စားလာ

ဟိန်းသူ Friday, 14 January 2011 17:58

ရုပ်ရှင်၊ ဂီတ အသိုင်းအ၀န်းမှ နာမည်ကြီး အနုပညာရှင်များသည် ယခုနှစ်ပိုင်းအတွင်း လူမှုရေးလုပ်ငန်းများကို ပိုမို စိတ်ဝင်စားလာပြီး တိုးတက် လုပ်ကိုင်လာကြကြောင်း တွေ့ရှိရသည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင် သရုပ်ဆောင် ပြေတီဦးက ပြေတီဦးပညာရေး


ဖောင်ဒေးရှင်းဟူ၍ ထူထောင်ခဲ့ သကဲ့သို့ သရုပ်ဆောင် ရဲတိုက်ကလည်း
ယခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ ရဲတိုက်ဖောင်ဒေးရှင်းကို
ထူထောင်ကာ သဘာဝဘေးဒဏ် ကယ်ဆယ်ရေးလုပ်ငန်းများ၊
လေလွင့်ကလေးငယ်များ စောင့်ရှောက်ရေးလုပ်ငန်းများ
လုပ်ကိုင်တော့မည်ဟု သိရသည်။

တေးရေးတေးဆို စိုးသိင်္ခ၊ မေခလာ၊ နှင်းဧကရီ၊ စိုးပိုင်၊ မေရွက်ဝါ၊ အနဂ္ဃ၊


ဂျေမီ၊ ချမ်းအေးဝင်း၊ ဂျီတုန်း၊ သုတ (Cyclone)၊ ကိုရဲလွင(် မဇ္ဈိမလှိုင်း)၊
တေးရေး ကိုနေ၀င်း၊ ဆောင်းဦးလှိုင်၊ သားထွေး၊ ကောင်းပြည့်၊ ကျားပေါက်
(Big Bag)၊ နိုင်ဇော် (Lazy Club)၊ ကိုရဲလွင် (မဇ္ဈိမလှိုင်း) စသည့်
ဂီတအနုပညာရှင်များသည်လည်း လူမှုရေး လုပ်ငန်းများတွင်
အင်တိုက်အားတိုက် ပါဝင်လာသည်ကို တွေ့ရသည်။

ပြေတီဦး၊ ရဲတိုက်စသည့် အနုပညာရှင်များ ဖောင်ဒေးရှင်း တည်ထောင်၍


လူမှုရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းနှင့် အနုပညာရှင်များ
လူမှုရေးလုပ်ငန်းများတွင် စိတ်ပါဝင်စားလာခြင်းကို နာရေးကူညီမှုအသင်း
ထူထောင်ထားသူ သရုပ်ဆောင် ဦးကျော်သူက ထောက်ခံသည်ဟု
( - ) ပြောသည်။
“အနုပညာရှင်ဆိုတာ ပြည်သူလူထုက အာရုံစိုက်နေတာ။ တိုင်းပြည်ရဲ့
မျက်နှာဖုံးလို့ ခေါ်မယ်ဆိုလည်း ရတယ်။ လူမှုရေး ကိစ္စတွေကို ထိထိရောက်ရောက်လေး လုပ်ပေးနိုင်တယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ” ဟု ၎င်းက ပြောသည်။

ရုပ်ရှင် သရုပ်ဆောင် ဦးကျော်သူသည် ၂၀၀၁ ခုနှစ် ဇန်န၀ါရီလတွင် နာရေးကူညီမှု အသင်းကို စာရေးဆရာ၊ ဒါရိုက်တာကြီး ဦးသုခ၏ လမ်းညွှန်မှုဖြင့် ဦးစီး တည်ထောင်ခဲ့ပြီး ၂၀၀၇ ခုနှစ်
မတ်လတွင် သုခကုသိုလ်ဖြစ် ဆေးခန်း တိုးချဲ့ဖွင့်လှစ်ခဲ့သည်။

ဦးကျော်သူက လူမှုရေးလုပ်ငန်းများ၌ အကူအညီပေးရာတွင်လည်း ငွေကြေး စာရင်းဇယား တိကျရုံသာမက၊ အမှန်တကယ် အကူအညီလိုအပ်ပြီး ဒုက္ခရောက်သူများဆီ


ထိထိရောက်ရောက် ပံ့ပိုးနိုင်ရန် အရေးကြီးကြောင်း၊ တခြား အဖွဲ့အစည်းများက ကြားမှ လှူပေးသည့် ကိစ္စမျိုး မဖြစ်သင့်ကြောင်း အကြံပြုသည်။

သရုပ်ဆောင် ရဲတိုက်သည် မတည်ငွေ ကျပ် သိန်း ၇၀ ဖြင့် ရဲတိုက်ဖောင်ဒေးရှင်းကို ထူထောင်လိုက်ပြီဖြစ်သည်။

ရဲတိုက်ဖောင်ဒေးရှင်းတွင် ကော်မတီဝင်အဖြစ်ပါဝင်သော ဦးရဲနိုင်မိုးက “နာဂစ်ဖြစ်တဲ့ ၂၀၀၈ ကတည်းက ရဲတိုက်က အခုလို လုပ်ချင်တယ်လို့ ပြောခဲ့ဖူးတယ်။ အဲဒီတုန်းကလည်း
သူကိုယ်တိုင် လိုက်ကူညီတာတွေရှိတယ်။ အခုလ ၁ ရက်နေ့မှာ ကိုယ့်အဖွဲ့တွေချည်းပဲ အစည်းအဝေးလေး လုပ်ပြီး တည်ထောင်ဖြစ် သွားတာပါ” ဟု ပြောသည်။

သဘာဝ ဘေးအန္တရာယ် ကျရောက်ပါက အမြန်ဆုံးကူညီနိုင်ရန်၊ လေလွင့်ကလေးငယ်များဘ၀ ပြန်လည်ထူထောင်ရန်နှင့် ပညာရေး၊ ကျန်းမာရေး ကူညီမှုများပေးရန်


ရဲတိုက်ဖောင်ဒေးရှင်းကို တည်ထောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ရဲတိုက် ဖောင်ဒေးရှင်းကို အသိပေး မိတ်ဆက်သည့် အခမ်းအနားအား လာမည့် ဇန်န၀ါရီလ ၁၇ ရက်နေ့တွင် ကုန်သည်ကြီးများဟိုတယ်၌ ကျင်းပရန် စီစဉ်ခဲ့သော်လည်း
အစီအစဉ်ပျက်ခဲ့ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ရွှေ့ဆိုင်း ကျင်းပမည်ဟု ဦးရဲနိုင်မိုးက ရှင်းပြသည်။

ရဲတိုက်ဖောင်ဒေးရှင်း ကော်မတီအဖွဲ့ဝင်များအဖြစ် စာရေးဆရာ ကျော်ရင်မြင့်၊ ဆာတိုရီ ဗီဒီယိုထုတ်လုပ်ရေးမှ ဒါရိုက်တာ ရီဇော်၊ အောင်သမာဓိရွှေဆိုင်မှ ဦးအောင်၊ သတင်းစာဆရာ
ဦးရဲနိုင်မိုး၊ ဂရပ်ဖစ်ဒီဇိုင်း ပညာရှင် ဦးစိုးဝင်းငြိမ်းတို့ ပါဝင်ဆောင်ရွက်နေသည်။

“အောင်သမာဓိ ရွှေဆိုင်ပိုင်ရှင်ကိုတော့ ရဲတိုက်ဖောင်ဒေးရှင်းရဲ့ ဘဏ္ဍာရေးမှူးအဖြစ် သတ်မှတ်ထားပါတယ်” ဟု ဦးရဲနိုင်မိုးက ပြောသည်။

သရုပ်ဆောင်ရဲတိုက်သည် ရခိုင်ပြည်နယ်သို့ ကားရိုက်သွားနေရသည်ဟု သိရပြီး ဧရာဝတီနှင့် ဖုန်းအဆက်အသွယ် မရရှိပေ။

နာမည်ကြီး သရုပ်ဆောင် ပြေတီဦးသည် ပြေတီဦး ပညာရေး ဖောင်ဒေးရှင်းကို ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့၊ ၎င်း၏အသက် ၃၁ နှစ်ပြည့် မွေးနေ့တွင် မတည်ငွေ ကျပ် သိန်း ၁၀၀
ဖြင့် စတင်တည်ထောင်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၀ နိုဝင်ဘာလ ၃၀ ရက်နေ့က စတင်ကာ ၂၀၁၀ - ၁၁ ပညာသင်နှစ်တွင် ဆေးတက္ကသိုလ် တက်ရန် အခက်အခဲရှိသည့် ကျောင်းသား၊ ကျောင်းသူ ၅၁ ဦးထဲမှ ၁၀ ဦးအား
ရွေးချယ်၍ ကျောင်းပြီးသည်အထိ တလလျှင် ကျပ် ၅ သောင်းနှုန်းဖြင့် တဦးစီကို ထောက်ပံ့ပေးလျက် ရှိသည်။

ပညာရေး ထောက်ပံ့ကြေး ပေးသည့်နေရာတွင်လည်း ကြားပွဲစားများရှိကြောင်း၊ အမှန်တကယ် ဆင်းရဲပြီး ပညာရေးကို လိုလားသည့် ကျောင်းသား၊ ကျောင်းသူများကို ထောက်ပံ့နိုင်ရန်နှင့်
သေချာစွာ ကွင်းဆင်းလေ့လာရန် လိုအပ်ကြောင်း ဦးကျော်သူက ပြောသည်။

ပြေတီဦး ပညာရေးဖောင်ဒေးရှင်းက ထောက်ပံ့ကြေးရသည့် ကျောင်းသား၊ ကျောင်းသူများသည် စာမေးပွဲကျရှုံးခြင်း မရှိရဘဲ တနှစ်တတန်း မှန်မှန်အောင်မြင်ရမည်ဖြစ်သည်။

ကျရှုံးခဲ့လျှင် ကျရှုံးသည့် နှစ်မှ စပြီး ထောက်ပံ့ငွေ ရပ်ဆိုင်း ခံရမည်ဖြစ်ကာ၊ ကျောင်းခေါ်ကြိမ် မပြည့်၍ စာမေးပွဲ မဖြေရသူများကိုလည်း ထောက်ပံ့ငွေ ရပ်ဆိုင်းမည်ဟု သိရသည်။

ထို့ပြင် ထောက်ပံ့ငွေရသည့် ကျောင်းသား၊ ကျောင်းသူများသည် ကျောင်းမပြီးခင် အိမ်ထောင်ပြုခြင်းကို ခွင့်မပြုသည့်အပြင် ပါတီနိုင်ငံရေးများ မလုပ်ရန်လည်း တားမြစ်ထားသည်။

ထောက်ပံ့ကြေးဖြင့် ဘွဲ့ရသည်အထိ ပညာသင်ခဲ့ပါက မြန်မာနိုင်ငံအတွင်း အနည်းဆုံး ၅ နှစ် ဆေးဝါး ကုသပေးရမည် ဖြစ်သည်။ ၅ နှစ်အတွင်း ပြည်ပနိုင်ငံများသို့
ထွက်ခွာသွားခြင်းမရှိရဟု စည်းကမ်းများ ထုတ်ထားသည်။

“NGO လို့ အမည်ခံပြီး အစိုးရလက်အောက်ခံ ဖြစ်နေမယ်ဆိုရင်တော့ အလကားပဲ” ဟု ဦးကျော်သူက ပြောသည်။

ယခုလ ၂၃ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် အကယ်ဒမီပေးပွဲ၌ ဆုရရှိရန် ရေပန်း အစားဆုံးဖြစ်နေသော သရုပ်ဆောင် နေတိုးကလည်း သရုပ်ဆောင်များ ယခုကဲ့သို့ ဖောင်ဒေးရှင်းများ
တည်ထောင်ကာ လူမှုရေးလုပ်ငန်းများ လုပ်ဆောင် ခြင်းအတွက် ဂုဏ်ယူသည်ဟု ပြောသည်။
“ကျနော့်အနေနဲ့တော့ ဖောင်ဒေးရှင်းကြီး တည်ထောင်ပြီး လုပ်သွားဖို့မရှိပါဘူး။ ကျနော် သဒ္ဒါတရားနဲ့ ညီမျှတဲ့ အတိုင်း အချိန်အခါနဲ့ ဖြစ်ပေါ်လာတဲ့ အခြေအနေပေါ် မူတည်ပြီး
လူမှုရေးလုပ်ငန်းတွေ လုပ်သွားဖို့ပဲရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ဆက်သွယ်ရေးလုပ်ငန်း ရတနာပုံ တယ်လီပို့ ချုပ်ကိုင်မည်

နရီလင်းလက် Friday, 14 January 2011 19:05

၂၀၁၁ ခုနှစ်တွင် ဖုန်းသုံးစွဲမှု၊ အင်တာနက်အသုံးပြုမှု နှင့် IT ပိုင်းဆိုင်ရာ ဆောင်ရွက်မှုများအားလုံးကို ရတနာပုံတယ်လီပို့ ကုမ္ပဏီ လီမိတက် မှ ဦးဆောင်လုပ်ကိုင်သွားမည်ဟု သိရသည်။

အာဏာပိုင်များက ပြည်သူ လူထုကို ၀န်ဆောင်မှု


ပီပီပြင်ပြင်နှင့်ထိထိရောက်ရောက်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် အစိုးရ
လုပ်ငန်းနှင့် မသက်ဆိုင် သည့် ရတနာပုံတယ်လီပို့ ကုမ္ပဏီ လီမိတက်ကို
ယခုကဲ့သို့ ဦးဆောင်လုပ်ပိုင်ခွင့် ပေးခြင်းဖြစ် သည်ဟု
မြန်မာ့ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနှင့် နီးစပ်သူ
အရာရှိ တဦးက ဆိုသည်။

ယင်းကဲ့သို့ လုပ်ဆောင်ရန် ရတနာပုံတယ်လီပို့ နှင့် ပူးပေါင်းလုပ်ကိုင်မည့်


စီးပွားရေး လုပ်ငန်းရှင်များ ပူးပေါင်းမှုဆိုင်ရာ သ ဘောတူစာချုပ်ကို ၂၀၁၁
၊ ဇန်န၀ါရီလ ၈ ရက်နေ့မှ ၁၂ရက်နေ့အထိကျင်းပခဲ့သော မြန်မာ အိုင်စီတီ
ရက်သတ္တပတ်ပွဲတော် တွင် ချုပ်ဆိုခဲ့ကြောင်း သိရသည်။

ရတနာပုံတယ်လီပို့ ကုမ္ပဏီ သည် မြန်မာ့ဆက်သွယ်ရေးဌာန၏


ခွင့်ပြုချက်ဖြင့် ပုဂ္ဂလိက ကုမ္ပဏီများ စုစည်းတည်ထောင်ထား
ခြင်း ဖြစ်ပြီး မြန်မာ့ဆက်သွယ်ရေး ၀န်ကြီးဌာနမှ လုပ်ကိုင်နေသည့်
ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများကို ဦးဆောင် လုပ်ကိုင်
ခွင့်ရရှိထားသည်ဟု ရတနာပုံ တယ်လီပို့ နှင့် နီးစပ်သူ တဦးက
ပြောသည်။
( - theingara.blogspot.com)
“အစိုးရရဲ့ ခွင့်ပြုချက်နဲ့ ကုမ္ပဏီသေးသေးလေးတွေ က ရှယ်ယာတွေ
အသီးသီးထည့်ပြီး ဖွဲ့ထားတဲ့ ရတနာပုံတယ်လီပို့ ကနေ တခြား ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး နည်းပညာပိုင်းကို ဦးဆောင်လုပ်မှာဆိုတော့ ပုဂ္ဂလိကအပိုင်းမှာ အာဏာပိုင်တွေဘက်က ဖွင့်
ပေးတဲ့ သဘောတွေပါတယ်။ အာဏာပိုင်တွေက ၃၀ ရာခိုင်နှုန်းလောက်ရှယ်ယာပါတော့ လုံးဝ ၀င်မပါတာမျိုးတော့ မဟုတ် ဘူး”ဟု သူက ဧရာဝတီကိုပြောသည်။

၎င်းက ဆက်၍ “အခု အခြေအနေက ဆက်သွယ်ရေးဘက် က ဒီအပိုင်းတွေကို တိုက်ရိုက် ပူးပေါင်းပြီး မလုပ်တော့ဘူး။ အကျိုးအမြတ် အတွက် ရတနာပုံတယ်လီပို့ နဲ့ ဘယ်လို
သဘောတူညီမှုတွေလုပ်ထားလဲတော့ မသိဘူး”ဟု ဆိုသည်။

ရတနာပုံ တယ်လီပို့မှ လွှင့်တင်ထားသော ရတနာပုံဝက်ပေါ်တယ်လ် တွင် ပုဂ္ဂလိကပိုင် ဘဏ်သစ်ကြီးများနှင့် ချိတ်ဆက်ကာ အွန်လိုင်းဝန်ဆောင်မှုများ ပြုလုပ်ပေးသွားရန်
စီစဉ်နေသည်ဟု ပြည်တွင်းထုတ်ဂျာနယ်များတွင် ဖော်ပြခဲ့သည်။

“၀က်ဘ် ဆိုက်ထောင်ပြီး ကြော်ငြာတွေတင်၊ သတင်းတွေ တင်တာလောက်ကတော့ အဆင်ပြေပေမယ့် တယ်လီပို့ နဲ့ တွဲလုပ်မယ့် ဥပမာ- အွန်လိုင်း ဘဏ်စနစ်တို့၊ ဖုန်းဘီလ်ဆောင်တာတို့
ဒီလိုမျိုးတွေကတော့ အလှမ်းကွာလွန်းပါတယ်။ အရင်ဆုံး လုပ်သင့်တာ အင်တာနက်လိုင်းမကျဖို့ ဘယ်လို အရှိန်မြှင့်မလဲဆိုတာပဲ။ ပူးပေါင်းလုပ်မယ့် လုပ်ငန်းရှင်တွေဘက်က နည်းပညာ
တွေ ၊ လိုအပ်တဲ့ စက်ပစ္စည်းတွေ၊ ပညာရှင်တွေ ခေါ်ပြီး ဦးဆောင် မယ် ဆိုရင်တော့ အနည်းငယ်ဖြစ်လာနိုင်ပေမယ့် အင်တာ နက်လိုင်း ကောင်းဖို့က အခြေခံလိုအပ်ချက် ဖြစ်နေတယ်။
အာဏာပိုင်တွေ ဘက်ကတော့ ပုဂ္ဂလိက လုပ်ငန်းတွေကို လုပ်ပိုင် ခွင့် ပေးလိုက် ပြန်ချုပ်ကိုင်လိုက် မဖြစ်ဖို့တော့ လိုတယ်”ဟု IT သင်တန်းများ ဖွင့်လှစ် သင်ကြား ပေးနေသည့်
လုပ်ငန်းရှင် တဦး က ဆိုသည်။

လက်ရှိ မြန်မာပြည်၏ အင်တာနက်ထိန်းချုပ်မှုတွင် စစ်ဘက်သုံး အင်တာနက်လိုင်း ကို တပ်မတော် ကွန်ပျူတာ ကွန်ရက်များ ညွန်ကြားရေးမှူးရုံး ကက(ကွန)် ၊ ၀န်ကြီးဌာနသုံး
အင်တာနက် လိုင်းများကို မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း(MPT) နှင့် အရပ်ဘက်သုံး အင်တာနက်လိုင်းများကို ရတနာပုံတယ်လီပို့ မှ ချုပ်ကိုင် ဆောင်ရွက်နေသည်။

“ကောင်းတာ တခုက အရင်ကဆို လုပ်ခွင့်ရချင်မှ ရမှာ ခုဆို အစိုးရနဲ့ ပေါင်းပြီး အင်တာနက်သုံးလို့ရတဲ့ ဖုန်းတွေ ရောင်းလို့ရ လာပြီ။ အာဏာပိုင်တွေ ဘက်ကတော့ ဒီဟာကို
ပိတ်လိုက်ဖွင့်လိုက် မလုပ်ဖို့တော့လိုတယ်။ FEC 200 တန် ဖုန်းကတ်တွေ တုန်းက ဆိုရင်လည်း ခွင့်ပြုလိုက်ပြီး နောက် လုံခြုံရေးစိတ်မချရလို့ ရောင်းချခွင့်ပိတ်ထားတာမျိုးတွေ ဒီလို
ပြဿနာတွေ ဖြစ် မလာအောင်တော့ ကိုင်တွယ်နိုင်ဖို့ တော့လိုတယ်”ဟု မြန်မာ့ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းလုပ်ငန်းနှင့်နီးစပ်သည့် အမည်မဖော်လိုသူ နည်းပညာရှင်တဦးက
ဆိုသည်။

စစ်အစိုးရက တိုက်ရိုက် ချုပ်ကိုင်မှုပြုလုပ်ရန် မလိုသည့်အပြင် ကြားခံကုမ္ပဏီများကို အသုံးချ ဆောင်ရွက်သည့် နည်းလမ်း တခုလည်းဖြစ်နိုင်သည်ဟု သူက ဧရာဝတီကို ပြောသည်။

ရတနာပုံတယ်လီပို့ နှင့် ပူးပေါင်းလုပ်ကိုင်ရန် ဦးတေဇ ပိုင် E-lite ကုမ္ပဏီ ၊ ဦးကျော်ဝင်း ပိုင် ရွှေသံလွင် ကုမ္ပဏီ၊ e Trade ကုမ္ပဏီ ၊ Asia Mega Link ကုမ္ပဏီ၊ Myanmar Technology
Gateway ကုမ္ပဏီ တို့ အပြင် ကုမ္ပဏီ ၁၅ ခုခန့် စာချုပ် ချုပ်ဆိုရာ တွင် ပါဝင်ခဲ့သည်။

ထို့အပြင် မိုဘိုင်းဖုန်းထုတ်လုပ်မှုကို စစ်အစိုးရနှင့် နီးစပ်သည့် ထူး ကုမ္ပဏီ နှင့် အေးရှား ဝေါလ် ကုမ္ပဏီ တို့ လုပ်ကိုင်ခွင့်ရရှိ
ကြောင်း ပြည်တွင်းထုတ် Weekly Eleven ဂျာနယ် အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

ဦးတေဇ သည် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်သစ် အပြင် ကျပ် ၅ သိန်းတန် CDMA တယ်လီဖုန်း ဟန်းဆက်များ ထုတ်လုပ် ရောင်းချနေပြီး တခါသုံး ဖုန်းကတ်များကိုလည်း မြန်မာ့
ဆက်သွယ်ရေး လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခွင့် ရရှိ ထားသူ ဖြစ်သည်။

ဦးတေဇပိုင် ထူး ကုမ္ပဏီ၏ လက်အောက်ခံ ကုမ္ပဏီတခုဖြစ်သော E – Lite ကုမ္ပဏီသည်လည်း ဖိုက်ဘာဆက်ကြောင်းဖြင့် အင်တာနက်၊ ရုပ်မြင်သံကြားလိုင်း၊ တယ်လီဖုန်းလိုင်း ၃ မျိုး
အသုံးပြုနိုင်သော Fiber to the Curb၊ Fiber to the Home၊ Fiber to the Building (FTTx) ကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခွင့် ရရှိခဲ့သည်။

မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် ရတနာပုံနည်းပညာ မြို့သစ်ရှိ ရတနာပုံတယ်လီပို့ ကုမ္ပဏီ လီမိတက်ကို ၂၀၀၆ ခုနှစ် အတွင်း စတင် တည်ထောင်ခဲ့ပြီး နည်းပညာ တက္ကသိုလ် (ရတနာပုံ
ဆိုက်ဘာ စီးတီး)အဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့သည်။

ဂျာနယ်ကိုယ်စားပြု ကော်မတီမှ Eleven Media Group နုတ်ထွက်

ဟိန်းသူ Friday, 14 January 2011 18:56

မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့၊ စာပေစိစစ်ရေးတို့နှင့် တွဲဖက် လုပ်ဆောင်မည့် မကြာသေးမီက ဖွဲ့စည်းလိုက်သော ဂျာနယ်ကိုယ်စားပြု ကော်မတီ Committee for Professional
Conduct (CPC) မှ Eleven Media Group နုတ်ထွက်လိုက်ကြောင်း သိရသည်။
ထိုသို့ နုတ်ထွက်ရခြင်းနှင့် ပတ်သက်၍ Eleven Media Group ၏
ဝက်ဘ်ဆိုဒ်မှတဆင့် သတင်းထုတ်ပြန်ချက်တွင် အမှုဆောင် အရာရှိချုပ်
ဒေါက်တာ သန်းထွဋ်အောင်က “နေရာရလာရင် ကပ်ပါးရပ်ပါးလုပ်ပြီး
အခွင့်အရေးယူဖို့ပဲ ကြည့်နေတဲ့သူတွေ၊ စာနယ်ဇင်းကျင့်ဝတ်ကို
ဖောက်ဖျက်ပြီး အကျင့်သိက္ခာဆိုးနဲ့ ကျော်ကြားတဲ့သူတွေ ဒီအဖွဲ့ထဲမှာ
များနေရင် ဒီအဖွဲ့အပေါ် အစိုးရရော၊ ပြည်သူလူထုပါ
ယုံကြည်လေးစားမှုရှိမှာ မဟုတ်သလို ဒီအဖွဲ့ရဲ့ရည်မှန်းချက်တွေလည်း
အောင်မြင်မှာ မဟုတ်ပါဘူး” ဟု ပြောထားသည်။

Eleven Media Group က တင်ပြထားသော အချက် ၆ ချက်အတိုင်း


ဖွဲ့စည်းပုံကို မပြင်ဆင်လျှင် ပူးပေါင်းမည် မဟုတ်ကြောင်း၊ ယနေ့တွင်
နုတ်ထွက်စာကို စာပေစိစစ်ရေးသို့ ပေးပို့လိုက်ကြောင်း သိရသည်။

တင်ပြထားသည့် အချက် ၆ ချက်တွင် အကြမ်းအားဖြင့်


စာနယ်ဇင်းကျင့်ဝတ်ကို လိုက်နာသူဖြစ်ရန်၊ နာမည်ပျက်မရှိရန်၊
စာနယ်ဇင်း လောကသားများအပေါ် ကာကွယ်လိုစိတ်ရှိရန်၊ သဘောထား
ပျော့ပျောင်းရန်၊ ပုဂ္ဂိုလ်ရေးကို ရှေ့တန်းမတင်ရန်နှင့် အစိုးရ၊
နိုင်ငံရေးပါတီ၊ စီပွားရေးလုပ်ငန်း၊ သံရုံးနှင့် NGO များထံမှ အထောက်အပံ့
၂၂၂၂ () ( - MWJA) မယူသူဖြစ်ရန်တို့ ပါဝင်သည်။
ယမန်နေ့က ပြုလုပ်သည့် CPC ဂျာနယ်ကိုယ်စားပြု ကော်မတီအစည်းအဝေးသို့ သွားတက်ခဲ့သည့် Eleven Media Group ၏ Managing Editor ဒေါက်တာ သိန်းမြင့်က
အစည်းအဝေးပြီးပြီးချင်း Eleven Medi Group နှင့် တိုင်ပင်ကာ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သူတဦးက Eleven Media Group တင်ပြချက်များအနက် နောက်ဆုံးတချက်ဖြစ်သော အစိုးရ၊ နိုင်ငံရေးပါတီ စသည်တို့မှ
အထောက်အပံ့မယူရဆိုသော အချက်အပေါ် သဘောတူညီမှု မရကြခြင်းဖြစ်သည်ဟု ဧရာဝတီသို့ ပြောသည်။

CPC ကော်မတီတွင် ဦးကိုကို (ကိုက-ို စက်မှုတက္ကသိုလ)် က ဥက္ကဋ္ဌ၊ စာပေစိစစ်ရေး ညွှန်ကြားရေးမှူး ဗိုလ်မှူး မျိုးမြင့်မောင် က အတွင်းရေးမှူးနှင့် ဦးမြတ်ခိုင်အပါအဝင်
တခြားကော်မတီဝင်ငါးဦး၊ ပြည်တွင်းဂျာနယ် ကိုယ်စားလှယ်များအဖြစ် မှုခင်းသတင်းဂျာနယ်မှ ဦးယဉ်ကျော်၊ သုတစွယ်စုံ မီဒီယာမှ ဒေါက်တာ တင်ထွန်းဦး၊ အလင်းတန်း ဂျာနယ်မှ
ဦးဝင်းငြိမ်း၊ Health Care ဂျာနယ်မှ ဒေါက်တာ ဇော်သန်း၊ ကမ္ဘာ့စီးပွားရေး ဂျာနယ်မှ ဦးခင်မောင်ညို (ဘောဂဗေဒ)၊ အလွတ်တန်း စာနယ်ဇင်းသမားများထဲမှ ဦးကျော်ရင်မြင့်နှင့် ဦးရဲနိုင်မိုး
စသူတို့ ပါဝင်သည်။

Eleven Media Group ၏ သတင်းထုတ်ပြန်ချက်တွင် စာနယ်ဇင်း ကျင့်ဝတ်များ ထိန်းရန်၊ စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် တာဝန်ကို အကာအကွယ်ပေးနိုင်သည့် အဖွဲ့အစည်းဖြစ်ရန်နှင့်
စတုတ္ထမဏ္ဍိုင် ပီပြင်စေရန် ပါဝင်ခဲ့ခြင်းဖြစ်သော်လည်း ဖွဲ့စည်းပုံအရ ထိုသို့ မဖြစ်နိုင်သဖြင့် နုတ်ထွက်သည်ဟု ဒေါက်တာ သန်းထွဋ်အောင်က ပြောထားသည်။

ဦးခင်မောင်ညိုက ယခုကဲ့သို့ Eleven Media Group နုတ်ထွက်သွားသော်လည်း အဆိုပါ ကော်မတီကို ရှေ့ဆက် လုပ်ဆောင်သွားလိမ့်မည်ဟု ထင်ကြောင်း၊ အပြည့်အ၀ကောင်းသည်ဟု
မပြောနိုင်သော်လည်း ပထမ ခြေလှမ်းတလှမ်း ဖြစ်နိုင်ကြောင်း သုံးသပ်သည်။

“နိုင်ငံကလည်း အပြည့်အ၀ ဒီမိုကရေစီ သွားတာ မဟုတ်တော့ ဒီမိုကရေစီပုံစံ အပြည့်တော့ မဟုတ်ဘူး။ တချိန်မှာ ကိုယ့်ဘာသာကိုယ် ထိန်းနိုင်ဖို့် ပြင်ဆင်တာလို့ ထင်ပါတယ်” ဟု ၎င်းက
ပြောသည်။

ဇန်နဝါရီလ ၆ ရက်နှင့် ၇ ရက်နေ့တို့တွင် စာပေစိစစ်ရေးဌာန၌ ဂျာနယ်များကို ဖိတ်ခေါ်ပြီး ဂျာနယ်ပေါင်း ၁၆၆ စောင်၏ ကိုယ်စားပြုသည့် အဖွဲ့ဝင် ၁၅ ဦးပါဝင်သည့် CPC ကော်မတီကို
ဇန်နဝါရီလ ၇ရက်နေ့က ဂျာနယ်များ၏ ဆန္ဒမဲဖြင့် ရွေးချယ်ခဲ့ကြသည်ဟု သိရသည်။

၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလကုန်တွင် ရဲနိုင်မိုး၊ ကျော်ရင်မြင့်၊ ပန်းချီ ဒီဇိုင်း ဆရာ စိုးဝင်းငြိမ်း၊ ကာတွန်း အော်ပီကျယ်၊ စာရေးဆရာ ညီပုလေးတို့က Myanmar Press Award 2010
အမည်ဖြင့် မြန်မာလူငယ် သတင်းသမားများ ဂုဏ်ပြုဆုပေးပွဲကို စီစဉ်ခဲ့သည်။

သို့သော် စာပေစိစစ်ရေးက ခေါ်ယူတွေ့ဆုံပြီး မူဝါဒရေးဆွဲရေး ကော်မတီတရပ် ဖွဲ့စည်းပေးမည်ဟု ပြောဆိုခဲ့သဖြင့် ဇန်နဝါရီလထဲသို့ ရွှေ့ဆိုင်းခဲ့ရကြောင်း၊ ထို့နောက်
ယာယီဖွဲ့စည်းထားသည့် CPC နှင့် ပူးပေါင်းလုပ်ရန် လိုအပ်သည်ဟု ပြောဆိုခဲ့ကြောင်း သိရပြီး ယခုအထိ ဆုပေးပွဲ အစီအစဉ် ဖြစ်မြောက်မလာသေးပေ။

ဒု - သမ္မတ ၁ ဦးကို တိုင်းရင်းသားပါတီများ စုပေါင်းအဆိုပြုမည်

ခင်ဦးသာ Friday, 14 January 2011 16:53

ရွေးကောက်ပွဲ၌ အနိုင်ရထားသော တိုင်းရင်းသားပါတီများ စုပေါင်း၍ ပေါ်ပေါက်လာမည့် လွှတ်တော်၌ ဒုတိယ သမ္မတ တဦးကို ၎င်းတို့ ကိုယ်စားလှယ်များထဲမှ အဆိုပြုသွားမည်ဟု
ပါတီခေါင်းဆောင်များက ပြောသည်။

“ဖွဲ့စည်းပုံပါ အတိုင်းအဆိုပြုမှာပါ။ ပြည်နယ် ၀န်ကြီးချုပ်ရာထူးတွေကိုတော့ အဆိုပြုမယ်ဆိုပေမယ့် ရနိုင်မယ် မထင်ဘူး” ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ ဥက္ကဋ္ဌ
ဒေါက်တာ အေးမောင်က ဧရာဝတီကို ပြောသည်။

ဇန်န၀ါရီလ ၁၅ ရက်နေ့တွင် တိုင်းရင်းသားပါတီ ၆ ခုခန့်သည် ရန်ကုန်မြို့၌ အစည်းအဝေးပြုလုပ်၍ လွှတ်တော်၌ ဆွေးနွေးကြ မည့် အကြောင်းအရာများအတွက် ကြေညာချက် တစောင်
ထုတ်ပြန်သွားမည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) ခေါ် ကျားဖြူပါတီ၏ ဒု-ဥက္ကဋ္ဌ ဦးစိုင်းဆောင်စီက ပြောသည်။

ပေါ်ပေါက်လာမည့် လွှတ်တော်၌ တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်မှု အပြည့်ဖြင့် မိမိတို့၏ တိုင်းရင်းသားအရေး၊ တန်းတူအခွင့်အရေးရရှိရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး တို့ကို
တပြေးညီ တောင်းဆိုသွားနိုင်ရန် အတွက် ပါတီများ မဟာမိတ် သဘော လုပ်ဆောင်သွားမည်ဟုလည်း ဦးစိုင်းဆောင်စီ က ဆိုသည်။

“ပြည်နယ်တွေအတွက် ၀န်ကြီးချုပ်ရာထူးတွေကို တိုင်းရင်းသားတွေကပဲ ရသင့်တယ်” ဟု ဦးစိုင်းဆောင်စီက ဆိုသည်။

ဦးစိုင်းဆောင်စီက တိုင်းဝန်ကြီးချုပ် ရာထူးများကို ရွေးချယ်ပြီးပြီဟု သိထားကြောင်း၊ သို့သော် ပြည်နယ် ၀န်ကြီး ချုပ် ရာထူးများအတွက် အဆိုပြုနိုင်ရေးကို မနက်ဖြန် အစည်းအဝေး၌
ဆွေးနွေးကြမည်ဖြစ်ကြောင်း ပြောသည်။

RNDP ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်ကမူ ပြည်နယ်ဝန်ကြီးချုပ် ရာထူးများကို အနိုင်ရ တိုင်းရင်းသားပါတီများထဲက မရနိုင် ကြောင်း၊ တိုင်းရင်းသားဖြစ်လျှင်လည်း
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ ကိုယ်စားလှယ် တိုင်းရင်းသားများသာ ရနိုင်မည်ဖြစ်ကြောင်း ပြောဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပေါ်ပေါက်လာမည့် လွှတ်တော်တွင် စစ်တပ်မှ ၁ ဦး၊ အနိုင်ရ အရပ်သား ကိုယ်စားလှယ် များထဲမှ ၂ ဦးတို့ကို ဒုတိယ သမ္မတ အဖြစ်ရွေးချယ်
တင်မြောက်ကြမည် ဖြစ်ပြီး ထို ၃ ဦးထဲမှ ၁ ဦးကို သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်မည် ဖြစ်သည်။

ဒုတိယ သမ္မတ ၂ ဦးအနက် တဦးသည် တိုင်းရင်းသား ကိုယ်စားလှယ်များထဲမှ ရွေးချယ်မည်ဟု ကိုယ်စားလှယ်များ၏ အဆိုအရ သိရသည်။

နိုင်ငံတော် သမ္မတသည် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး အမြင်ရှိသူ ဖြစ်ရမည်ဟုလည်း ဖွဲ့စည်းပုံက ဆိုထားသည်။


ဖွဲ့စည်းပုံအရ နိုင်ငံတော်သမ္မတသည် လုပ်ပိုင်ခွင့်အာဏာ အပြည့်အ၀ ရရှိမည် ဖြစ်ပြီး ဒုတိယ သမ္မတ၏ လုပ်ပိုင်ခွင့်သည် နည်းပါးသည်။

“ဒု-သမ္မတရဲ့ လုပ်ပိုင်ခွင့်ကတော့ နည်းပါတယ်။ သမ္မတ မလုပ်နိုင်တာတွေ၊ တာဝန်လွှဲပေးတာတွေကို လုပ်ရမှာဖြစ်ပြီးတော့ လုံခြုံရေး ကောင်စီအဖွဲ့ဝင်တဦး အနေနဲ့ လုပ်ဆောင်ရမှာပါ”
ဟု ဒေါက်တာ အေးမောင် က ပြောသည်။

မနက်ဖြန် ဆွေးနွေးကြမည့် တိုင်းရင်းသားပါတီများမှာ SNDP၊ RNDP၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ (AMDP)၊ ချင်း အမျိုးသားပါတီ၊ ဖလု-ံ စဝေါ်ပါတီ နှင့် တခြားတိုင်းရင်းသားပါတီ
တချို့ပါဝင်မည် ဟုသိရသည်။

ဖလုံ-စဝေါ်ပါတီ၏ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်ကလည်း လွှတ်တော်ထဲ၌ ဆွေးနွေးရာတွင် တိုင်းရင်းသားအားလုံးသည် အသံတသံ တည်း ဖြစ်ရေး၊ လက်တွေ့ကျကျ ပြောဆိုနိုင်ရေးတို့က
အရေးကြီးပြီး ကြိုတင်ပြင်ဆင်မှုသည် အရေးကြီးသည်ဟု ဆိုသည်။

တိုင်းရင်းသား ခေါင်းဆောင်များ၏ အဆိုအရ ၎င်းတို့ပါတီများသည် လွှတ်တော်နှင့်ပတ်သက်၍ ယနေ့အထိ တိကျသေချာစွာ မသိရသေးကြောင်း၊ လွှတ်တော်အား တာဝန်ခံ ခေါ်ယူမည့်
နအဖ စစ်အစိုးရ ကိုယ်တိုင် မည်သည့် အကြောင်းအရာကိုမှ ရွေးကောက်ပွဲ အနိုင်ရ ပါတီကိုယ်စားလှယ် များအား အသိပေး အကြောင်းကြားမှု မရှိသေးကြောင်း သိရသည်။

လက်ရှိ အစိုးရတာဝန်အပြင် ကြံ့ဖွံ့ပါတီ၏ ခေါင်းဆောင်ရာထူးများကိုပါ ပူးတွဲလုပ်ဆောင်နေကြသော ကြံ့ဖွံ့ပါတီဝင်များကမူ လွှတ်တော်အတွက် သာမက ပေါ်ပေါက်လာမည့် အစိုးရသစ်၌
တာဝန်ယူကြမည့် ရာထူးများကိုပါ ရွေးချယ်ထားပြီး ဖြစ်ကြောင်း
တိုင်းရင်းသားခေါင်းဆောင်များက ပြောသည်။

တိုင်းရင်းသား ခေါင်းဆောင်များ၏ အဆိုအရ ပြည်နယ်ဝန်ကြီးချုပ်ရာထူးများကို ကြံ့ဖွံ့ပါတီဝင်များဖြစ်သော စစ်ဗိုလ်ချုပ် ဟောင်းများကို ရွေးချယ်ထားပြီးပြီဟု သိရသည်။ ၂၀၀၈
ဖွဲ့စည်းပုံတွင် ပြည်နယ် ၀န်ကြီးချုပ်ရာထူးများကို နိုင်ငံတော်သမ္မတမှ
တိုက်ရိုက် ခန့်အပ်နိုင်ကြောင်းပါရှိသည်။

၂၂ နှစ်အတွင်း ပထမဆုံးအကြိမ် ခေါ်ယူမည့် လွှတ်တော်အား ဇန်န၀ါရီလ ၃၁ ရက်နေ့ နံနက် ၈ နာရီ ၅၅ မိနစ်တွင်တပြိုင်တည်း ခေါ်ယူမည်ဟု စစ်အစိုးရ မီဒီယာများက
ရေးသားထားသည်။

အမျိုးသားလွှတ်တော်နှင့်ပြည်သူ့လွှတ်တော်အား နေပြည်တော်မြို့တော်သစ်၌ ပြုလုပ်၍ ပြည်နယ်နှင့် တိုင်းဒေသကြီးများ လွှတ်တော်အား သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသများ၌


ကျင်းပသွားမည်ဟု ကြေညာထားသည်။

လွှတ်တော်ကိုယ်စားလှယ်များ၏ အကျိုးခံစားခွင့်၊ ရပိုင်ခွင့်များကိုမူ ယနေ့ထိ မသိရသေးဟု လွှတ်တော်တက်မည့် ကိုယ်စားလှယ် လောင်းများက ဆိုသည်http://bur.irrawaddy.org/

လူငယ်ကွန်ယက်များ ချိတ်ဆက်မှု အားနည်း


ကိုဝိုင်း | သောကြာနေ့၊ ဇန်နဝါရီလ ၁၄ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၅၀ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကွန်ယက်ဖွဲ့ရေး အယူအဆ ထွက်ပေါ်လာပြီးနောက် လူငယ်ကွန်ယက်အချို့ ပေါ်လာသော်လည်း


တခုနှင့် တခု ချိတ်ဆက်မှု အားနည်းနေသေးသည်ဟု ကွန်ယက်အဖွဲ့ဝင်များ က ဆိုသည်။

ပြည်တွင်း လူငယ်အစုအဖွဲ့များအနက် NLD လူငယ်၏ ဗမာတနိုင်ငံလုံးဆိုင်ရာ လူမှုရေး လူငယ်ကွန်ယက် The Whole Burma Social Youth Network SYN ၊ ကျောင်းသားခေါင်းဆောင်
ကိုမျိုးရန်နောင်သိန်းနှင့် ပါတီအချို့မှ လူငယ်များ ပါဝင်သည့် အမျိုးသားလူငယ်ကွန်ယက် National Youth Network-NYN၊ ပြည်ပအခြေစိုက် မြန်မာနိုင်ငံသားများဆိုင်ရာ
နိုင်ငံတကာလူမှု ကွန်ယက် International Network for Burma တို့အကြား လက်တွေ့ ပူးပေါင်းဆောင်ရွက်ရာတွင် အားနည်းနေသည်။

SYN ကို ယခင်လ ၈ ရက်က NLD ပါတီဝင်မဟုတ်သူများနှင့် NLD လူငယ်များ စတင်ဖွဲ့စည်းခဲ့သော်လည်း ကျန်ကွန်ယက်များမှာမူ NLDခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်
နိုင်ငံတဝန်းမှ လူငယ် ၂ဝဝ ကျော်တို့ ယခင်လ ၂၈ ရက်တွင် တွေ့ဆုံပြီးမှ ဖွဲ့စည်းကြကြောင်း ကွန်ယက်ခေါင်းဆောင်များထံမှ သိရသည်။

NLD ရန်ကုန်တိုင်းအကူအညီပေးရေးနှင့် NYN တို့အကြား လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုမရှိသေးပဲ စိစစ်ဆဲဖြစ်ကြောင်း အဖွဲ့ဝင် ၁၅ ဦးပါ NLD ရန်ကုန်တိုင်းအကူအညီပေးရေး အဖွဲ့ဝင်
ကိုမင်းဟန်က မဇ္ဈိမကို ပြောသည်။

“NYN နဲ့ ထိစပ်ထားတယ်ဆိုတဲ့ အနေအထားပဲရှိပါတယ်။ အဖွဲ့တခုကို သိတယ်ဆိုတဲ့ အနေအထားနဲ့ပဲ မခိုင်မာသေးဘူးလေ။ ဘေးကင်းခြင်း မကင်းခြင်းဆိုတာ ဂရုစိုက်ရအုံးမယ်လေ။
အာဏာပိုင်မှာလဲ လူငယ်ရှိတာပဲ။ လူငယ်ဆိုတိုင်း အကုန်ရောပြီး ဆက်ဆံလို့ရမယ် မထင်ဘူး” ဟု သူက ပြောသည်။

NLD ရန်ကုန်တိုင်းအကူအညီပေးရေးအနေဖြင့် SYN နှင့်ဆက်စပ်နေသည့် အဖွဲ့ငယ် ၇ ဖွဲ့ခန့်နှင့် သွေးအကူအညီပေးရေး ပူးပေါင်းဆောင်ရွက်ခြင်း၊ လူ့အခွင့်အရေးကြေညာချက် ကဲ့သို့
အများသိ သင့်သည့် ကြေညာစာတမ်းများဝေငှခြင်းတို့ လုပ်ကိုင်နေသည်။ SYN နှင့် ဆက်စပ်ထားသည့် အစုအဖွဲ့များတွင် “BG သွေးအလှူပေးရေး”၊ ဆင်းရဲသားများကို ဖန်မီးချောင်းများ
လှူသည့် “Light for Public”၊ သွေးစစ်ပေးသည့် “အလင်းသစ်ဦးတည်ရာ” တို့ ပါဝင်ကြောင်း သိရသည်။

NLD လူငယ်အဖွဲ့နှင့် ဆွေးနွေးဆဲသာဖြစ်သည်ဟု ယခုလ ၆ ရက်က ဖွဲ့စည်းခဲ့သော အမျိုးသား လူငယ်ကွန်ယက် (NYN) ကလည်း ပြောသည်။

ကိုမျိုးရန်နောင်သိန်းက “ဆွေးနွေးနေဆဲပါ။ NLD လူငယ်တွေက ကျနော်တို့ လက်ဦးမှုယူတယ်လို့ ထင်ကြတယ်။ တကယ်က မဟုတ်ပါဘူး။ ကျနော်တို့ ဆီမှာ လူ့ဘောင်သစ်ပါတီ
ဥက္ကဋ္ဌဟောင်း ကိုအောင်ဇေယျ၊ ကရုဏာလက်၊ ကရုဏာဖောင်ဒေးရှင်း တို့လဲ ပါပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

ကိုမျိုးရန်နောင်သိန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယခုလ ၁၂ ရက်က တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ကွန်ယက် ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး လူငယ်များထံမှ အမြင် သဘောထား
မေးမြန်းထားသည်ဟု NYN ၏ facebook စာမျက်နှာပေါ်တွင် ဖော်ပြထားသည်။

“ကျနော်ကပြောပါတယ်၊ အမျိုးသား လူငယ်ကွန်ယက်နဲ့ ပတ်သက်ပြီး ဘာပြောချင်လဲ။ ကွန်ယက် ဘာကြောင့်လိုအပ်တာလဲပေါ့။ ကွန်ယက်ကို ဘယ်လိုကျယ်ပြန့်အောင် လုပ်မလဲပေါ့။
ဒီမေးခွန်းကို လူငယ်တွေ ဖြေပါတဲ့။ လောလောဆယ် ကျနော်တို့ ဖေ့ဘွတ်မှာ တင်ထားတယ်။ အီးမေလ်းဖွင့်ထားတယ်” ဟု မျိုးရန်နောင်သိန်းက ပြောသည်။

NLD ပါတီ၊ NYN တို့နှင့် ဆက်စပ်ထားသော်လည်း ပူးပေါင်းဆောင်ရွက်မှု အားနည်းနေသေးသည့် အခြားကွန်ယက်တခုမှာ ပြည်တွင်းမှ နှစ်ဦးအပါအဝင် အမေရိကန်၊ အိန္ဒိယ၊ ထိုင်း၊
ကနေဒါ၊ ဂျပန် နိုင်ငံအခြေစိုက် မြန်မာ စုစုပေါင်း ၂၉ ဦးပါသော မြန်မာနိုင်ငံသားများဆိုင်ရာနိုင်ငံတကာ လူမှုကွန်ယက် International Network for Burma ဖြစ်သည်။

“အခုတော့ သူတို့နဲ့ NYN နဲ့ အကြမ်းဖျဉ်းပဲ သဘောတူညီမှု ရသေးတယ်။ ဦးဇင်းတို့ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ် မဆောင်ရွက်သေးဘူး ဆိုတာ တရားဝင်ထုတ်ပြန်ပါလိမ့်မယ်” ဟု
၂ဝဝ၇ သံဃာ့အရေးအခင်းတွင် ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့ကိုယ်စားလှယ်အဖွဲ့မှ နိုင်ငံတကာဆက်ဆံရေးတာဝန်ခံ အရှင်ထာဝရက ပြောသည်။

ယခင်လ ၃၁ ရက်က အမေရိကန် ဖို့ဝန်းမှ မြန်မာများအပါအဝင် လူ ၁ဝ ဦးခန့်က လူမှုကွန်ယက်ဖွဲ့ရန် အင်တာနက်မှတဆင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တင်ပြဆွေးနွေးကာ
နိုင်ငံတကာရောက် မြန်မာများထံမှ လူတယောက်ကို တဒေါ်လာ စုဆောင်းပြီး မြန်မာ့ဒီမိုကရေစီရေး ကူညီသွားရန် ရည်ရွယ်ကြောင်း သိရသည်။

ယခုလို NLD အပါအဝင် NLD ကို ဝန်းရံရေးနှင့် ဒီမိုကရေစီအရေးအတွက် ကွန်ယက်များ စတင် ပေါ်ပေါက်လာသကဲ့သို့ နိုဝင်ဘာ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသားပါတီ ၅ ဖွဲ့ကလည်း
အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရန် မနက်ဖြန် ရန်ကုန်၌ တွေ့ဆုံကြမည် ဖြစ်သည်။
တကျော့ပြန် မိုးကြောင့် မွန်ဆားကွင်းများ ပျက်စီး
ကွန်းချမ်း | သောကြာနေ့၊ ဇန်နဝါရီလ ၁၄ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၂၃ မိနစ်

မဇ္ဈိမ ။ ။ ဒုတိယအကျော့ မိုးသည်းထန်စွာ ရွာသွန်းသဖြင့် မွန်ပြည်နယ်ရှိ ဧကတသောင်းခန့်ရှိ ဆားကွင်းများ ပျက်စီးသွားသည်ဟု ပြည်နယ်ဆားလုပ်ငန်းရှင်များက ပြောသည်။

သံဖြူဇရပ်မြို့နယ်တွင် ဆားကွင်းဧက ၅ဝဝဝ ခန့်၊ ပေါင်မြို့နယ်တွင် ဧက ၁၅ဝဝ ခန့်၊ ရေးမြို့နယ်တွင် ဧက ၁၅ဝဝ ခန့်နှင့် သထုံမြို့နယ်တွင် ဧက ၁၅ဝဝ ခန့် ပျက်စီးသွားသည်။ စုစုပေါင်း
ဆုံးရှုံးမှုပမာဏ သိန်း ၁ သောင်းခန့် ရှိမည်ဟု ခန့်မှန်းရသည်။

ဒီဇင်ဘာလလည်က ၃ ရက်ဆက် မိုးရွာသွန်းမှုကြောင့်


ပျက်စီးခဲ့သော ဆားကွင်းများ ပြန်ပြင်ပြီး နေလှမ်းနေစဉ် အင်္ဂါနေ့က မိုးထပ်ရွာသဖြင့်
ပြန်လည်အရည်ပျော်ကုန်တော့သည်။

“ပထမအကြိမ် ရွာပြီးပျက်လို့ ပြင်နေတုန်းမှာ ထပ်ရွာတော့ ပိုဆိုးတာပေါ့” ဟု မွန်ပြည်နယ်တွင်


ဆားအများဆုံး ထုတ်လုပ်သော သံဖြူဇရပ်မြို့နယ် ပင ဆားကွင်းမှ ဧက ၃ဝ ပိုင် ဆားလုပ်ငန်းရှင်
ဦးနိုင်ဝင်းက မဇ္ဈိမကို ပြောသည်။

သူ့အနေဖြင့် ပထမဆုံးထုတ်မည့် ဆား ဧက ၃ဝ အတွက် ရင်းနှီးခဲ့ရသည့် ကျပ်သိန်း ၃ဝ ခန့်


ဆုံးရှုံးရသည်ဟု ဆိုသည်။

နေလှန်းဆား ထုတ်လုပ်ရန်အတွက် ပထမအကြိမ်တွင် ကွင်းပြင်ခြင်း၊ တမံတုတ်ခြင်း၊


ကန်သင်းရိုးရိုက်ခြင်း၊ ဂျုတ်ဆွဲခြင်း၊ ဒလိမ့်လှိမ့်ခြင်း၊ ပင်လယ်ရေငန်သွင်းခြင်းများကို
အဆင့်ဆင့်ပြုလုပ်ရသည်။ ကွင်းထဲမှ ဆားငန်ရည်များ အပူချိန် ၂၅ ဒီဂရီစင်တီဂရိတ် ရောက်ရှိပါက
နေလှန်းဆား ရရှိသည်။

ထိုင်းနိုင်ငံဘက်မှ ဆားများ မွန်ပြည်နယ်အတွင်းသို့ ဝင်ရောက်နေသဖြင့် ယခုအထိ ဆားဈေး


အတက်အကျ မရှိဘဲ ဆားကြမ်းတပိဿာ ၅ဝ ကျပ်နှင့် ကြိတ်ပြီး ဆားချော တပိဿာ ၈ဝ ကျပ် ( :: )
ပေါက်ဈေး ရှိနေသည်။

နေပြည်တော် မိုးလေဝသနှင့် ဇလဗေဒဌာနက ဒီဇင်ဘာလ ၁၁ ရက်နေ့ တိုင်းထွာချက်အရ မော်လမြိုင်တွင် မိုးရေချိန် ၄.ဝ၉ လက်မရှိကာ ၁၈ နှစ်အတွင်း စံချိန်တင် ရွာသွန်းမှုဟု
ထုတ်ပြန်ခဲ့သည်။

ဇန်နဝါရီလဆန်းမှစ၍ ဆားထွက်ရှိပြီး မိုးဦးမကျမီ မေလထိ တနှစ်လျှင် နေလှန်းဆား ၁၂ ကြိမ်ခန့်အထိ ထွက်ရှိကြသည်။ နေလှန်းဆား တပိဿာ ရရှိရန် ထုတ်လုပ်မှုစရိတ် ၃၅-၆ဝ
ကျပ်အကြား ရှိသည်။

မွန်ပြည်နယ်ထွက် ဆားက တနိုင်ငံလုံး၏ ၂ဝ ရာနှုန်းခန့် ဖြစ်သည်။ ကျန်ဆားထွက်ရာ ဒေသများမှာ ရခိုင်ပြည်နယ်၊ ဧရာဝတီ၊ ပဲခူးနှင့် ရန်ကုန်တိုင်းတို့ ဖြစ်သည်။
ဒီကေဘီအေမိုင်း လူ ၁၀ ဦး ထိ
ကျော်ခ | သောကြာနေ့၊ ဇန်နဝါရီလ ၁၄ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၁၀ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ တိုးတက်သော ဗုဒ္ဓဘာသာကရင် အမျိုးသား တပ်မတော်၏ ဆွဲမိုင်းကြောင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၅ ဦးနှင့် အရပ်သား ၅ ဦး မြဝတီမြို့နယ်တွင် ယနေ့
မိုင်းထိသွားသည်။

ကရင်ပြည်နယ် မြဝတီမြို့နယ် သင်္ဃန်းညီနောင်ရွာအနီး ခြေလျင်တပ်ရင်း ၃၅၅ နှင့် ၃၅၆ အကြား မြဝတီ-ကော့ကရိတ်လမ်းပေါ်သို့ နယ်ခြားစောင့်တပ် ၁ဝ၂၂ ဒုရင်းမှူး ဗိုလ်ကင်မရာမင်း
လိုက်လာသော ပစ်ကပ်ကား ဖြတ်မောင်းစဉ် ဒီကေဘီအေတပ်ဖွဲ့ဝင်များက မိုင်းခွဲလိုက်သည်ဟု ဒီကေဘီအေ ကလို့ထူးဖော ဗျူဟာစစ်ဆင်ရေးမှူး ဗိုလ်မှူး စောဆန်းအောင်က ပြောသည်။

ဗိုလ်ကင်မရာမင်း၊ သူ့ဇနီးနှင့် နယ်ခြားစောင့်တပ်သား ၄ ဦး၊ ခရီးသည် ၄ ဦး ဒဏ်ရာရသွားသည်ဟု နယ်ခြားစောင့်တပ်ဖွဲ့ဝင်များနှင့် မျက်မြင်သက်သေများက ဆိုသည်။

“လူတော့မသေဘူး။ မိုင်းစတွေမှန်ပြီး ခြေထောက်နဲ့ လက်တွေ၊ ပုခုံးတွေထိကုန်တယ်” ဟု BGF တပ်ဖွဲ့ဝင်တဦးက မဇ္ဈိမကိုပြောသည်။

ဒဏ်ရာရသူအားလုံးကို မြဝတီဆေးရုံသို့ ချက်ချင်းပို့ပြီး ဗုံးပေါက်ကွဲသံကြောင့် အနီးက စစ်တပ်များ ရုတ်ရုတ်သဲသဲ ဖြစ်သွားကာ နောက်ဖက်တောတန်းထဲသို့ ပစ်ခတ်ခဲ့သည်ဟု
မျက်မြင်သက်သေများက ပြောသည်။

မိုင်းထောင်သူ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

စစ်အစိုးရက မြဝတီမြို့နယ်အတွင်း နယ်ခြားစောင့်တပ်များနှင့်ပေါင်း၍ လက်နက်အင်အား ဖြည့်ဆည်းနေချိန် ဖြစ်သဖြင့် လက်နက်များကိုင်လာသည့် နယ်ခြားစောင့်တပ်ကားကို


တိုက်ရသည်ဟု ဗိုလ်မှူး စောဆန်းအောင်က ပြောသည်။

“ရန်သူက ကျနော်တို့ဒေသကို အင်အားကြီးနဲ့ စီးနင်းဝင်လာတယ်နော်။ အဲဒါကြောင့် ကျနော်တို့ကလဲ မင်းတို့နောက်ကျောကနေ အချိန်မရွေး ဓားနဲ့ထိုးနိုင်တယ်ဆိုတာ


သက်သေပြလိုက်တယ် အဲဒါပဲ” ဟု သူက မဇ္ဈိမကိုပြောသည်။

ယခု မြဝတီ-ကော့ကရိတ်လမ်းတွင် ယာဉ်မဖြတ်သန်းရန် စစ်တပ်က ပိတ်ထားသည်။ ပေါက်ကွဲမှု ဖြစ်ချိန်တွင် ကားပေါ်က နယ်ခြားစောင့်တပ်သားများ လက်နက်ခဲယမ်းအပြည့်
ကိုင်ထားသည်ကို တွေ့ရကြောင်း မြို့ခံများကပြောသည်။

“ကျနော်တို့ရည်ရွယ်ချက်က ဒီလိုမြို့ပေါ်တွေမှာ အချိန်မရွေး ကျနော်တို့ လုပ်နိုင်တယ်ဆိုတာ သက်သေပြလိုက်တာ။ နေ့လယ်ကြောင်တောင်ပဲဖြစ်ဖြစ် ညဖြစ်ဖြစ် ဖြစ်နိုင်မယ်ဆိုလို့ရှိရင်


လူထုကို မသက်ညှာဘူးဆိုရင် ဒိထက် အကြီးအကျယ် ဝင်လုပ်လို့ရတယ်။ အခုဟာ မြို့နေလူထုတွေ မြေဇာပင်ဖြစ်မှာစိုးလို့ အဲလောက်ထိ မလုပ်ရက်သေးတာ” ဟု
ဗိုလ်မှူးစောဆန်းအောင်က ပြောသည်။

ယခုလ ၇ ရက်ကလည်း မြဝတီ-ကော့ကရိတ်လမ်းပေါ်တွင် ဒီကေဘီအေ၏ အလားတူ ဆွဲမိုင်းထောင် တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၈ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

မြဝတီ-ကော့ကရိတ်လမ်းမှာ ထိုင်းနိုင်ငံမှ မော်တော်ကား၊ ဆိုင်ကယ်နှင့် လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်၊ အဝတ်အထည်များ တင်သွင်းရာ လမ်းကြောင်းတခုဖြစ်ပြီး နယ်ခြားစောင့်တပ်က
ထိန်းချုပ်ထားသည်။

ယခင် အပစ်ရပ် ဒီကေဘီအေများကို နယ်ခြားစောင့်တပ် အသွင်ပြောင်းခိုင်းသောအခါ အချို့က လက်မခံဘဲ စစ်အစိုးရကို ပြန်တိုက်နေသည်။


ကော့ကရိတ်နှင့် မြဝတီမြို့နယ်များတွင် DKBA-KNU ပူးပေါင်းတပ်များနှင့် စစ်အစိုးရတပ်များအကြား မနှစ် နိုဝင်ဘာ ၈ ရက်မှ စကာ တိုက်ပွဲများ ယနေ့ထိ ဖြစ်ပွားနေသည်။
ပုဂ္ဂလိကပိုင်လွှဲရာတွင် ဘက်မလိုက်ဖို့ တစညပြော
မျိုးသန့် | သောကြာနေ့၊ ဇန်နဝါရီလ ၁၄ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၁၉ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ နိုင်ငံပိုင်လုပ်ငန်းများ ပုဂ္ဂလိကပိုင် လွှဲပြောင်းခြင်းကို ထောက်ခံသော်လည်း လွှဲပြောင်းရာတွင် ဘက်မလိုက်ရန် တိုင်းရင်းသား စည်းလုံးရေးပါတီက
ပြောကြားလိုက်သည်။

“နိုင်ငံပိုင်လုပ်ငန်းတွေကနေ ပုဂ္ဂလိကဆီ လွှဲပြောင်းတဲ့အခါ စီမံခန့်ခွဲတဲ့နေရာက လွဲချော်သွားတာမျိုး မဖြစ်ဖို့လိုပါတယ်။ တဆင့်ပြန်ရောင်းစားတာမျိုး မဖြစ်ဘဲနဲ့ မျှမျှတတဖြစ်အောင်၊


ကိုယ့်နီးစပ်ရာ ဘက်လိုက်ပြီးတော့ သာသာထိုးထိုး ဆိုတဲ့ဟာမျိုးမဟုတ်ဘဲနဲ့ တကယ့်တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ကို ဦးတည်တဲ့ ပုဂ္ဂလိက လွှဲပြောင်းမှုတွေဖြစ်ဖို့ လိုပါတယ်” ဟု
ဦးဟန်ရွှေကပြောသည်။

တချိန်က ပုဂ္ဂလိကပိုင်လုပ်ငန်းများ နိုင်ငံပိုင်လုပ်ငန်း


ပြောင်းလဲရေး မူကိုကျင့်သုံးခဲ့သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီကို အမွေဆက်ခံသော
တစညအနေဖြင့် ယခုအခါ ဈေးကွက်စီးပွားရေးကို လက်ခံလာပြီး နိုင်ငံပိုင်လုပ်ငန်းများ ပုဂ္ဂလိကပိုင်
လုပ်ခြင်းကို သဘောတူထားသည်။

သို့သော် ဈေးကွက်စီးပွားရေးကို အစိုးရက စည်းမျဉ်းစည်းကမ်းများ ဝင်ရောက် ချမှတ်ဖို့လိုသည်ဟု


တစညက လက်ခံထားသည်။

လွှတ်တော်ပြင်ပ အဓိက အတိုက်အခံဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကမူ အခွင့်ထူးခံ


အသိုင်းအဝိုင်းကို စီးပွားရေး အခွင့်အလမ်းများ ပေးအပ်ခြင်းကြောင့် ပုဂ္ဂလိက လက်ဝါးကြီး
အုပ်စနစ်ကို ကြီးထွားစေသည်ဟု ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့က ထုတ်ပြန်သော
ကြေညာချက်တွင် ဆိုသည်။

နိုင်ငံတော်၏ ဓနဥစ္စ္စာ ခွဲဝေမှု မမျှတ၍ လူအများစု ကုန်ဈေးနှုန်း မြင့်တက်ခြင်း၊ အလုပ်အကိုင်


အခွင့်အလမ်းများ နည်းပါးခြင်းများ ကြုံတွေ့နေရသည်ဟု ပါရှိသည်။

အမေရိကန် နိုင်ငံအခြေစိုက် The Heritage Foundation ၏ အင်တာနက် စာမျက်နှာတွင်လည်း


၂ဝ၁၁ အတွက် စီးပွားရေးလွတ်လပ်ခွင့် အညွှန်းကိန်းအဆင့် သတ်မှတ်ရာတွင် နိုင်ငံ ၁၇၉ နိုင်ငံ (photo :: http://ywatwar.blogspot.com)
အနက် မြန်မာနိုင်ငံက အဆင့် ၁၇၄ တွင် ရှိနေသည်ဟု ဖေါ်ပြသည်။

အခွင့်ထူးခံ စီးပွားရေး လုပ်ငန်းရှင်ဟု အများက သတ်မှတ်ကြသော စစ်အစိုးရအမွေခံ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ အမျိုးသား လွှတ်တော်အမတ် ဦးခင်ရွှေက နိုင်ငံပိုင်လုပ်ငန်းများ ပုဂ္ဂလိကပိုင်
ပြောင်းသင့်သည်မှာ ကြာပြီဖြစ်ပြီး အစိုးရအနေဖြင့် အခွန်ဝင်ငွေဖြင့် ရပ်တည်သင့်သည်ဟု ပြောသည်။

“လွှဲသင့်တာတော့ ကြာပြီပေါ့ဗျာ၊ ကျနော်တို့ စီးပွားရေး ပေါ်လစီက ပြောင်းရမယ်။ ပုဂ္ဂလိကတွေ လုပ်နိုင်အောင် တွန်းအားပေးရမယ်။ ပြီးတော့မှ နိုင်ငံတော်က အခွန်အကောက်နဲ့
ရပ်တည်ရမယ်။ အဲဒီ ပုံစံမျိုးနဲ့ သွားရမယ်”

ပုဂ္ဂလိကပိုင်ဖြစ်သည့်အတွက် ကြိုးစားအားထုတ်မှု ပိုများလာပြီး အလုပ်အကိုင် အခွင့်အလမ်းများလည်း ပိုများလာနိုင်ကြောင်း သူက ပြောသည်။

“ဟိုတုန်းကတော့ နိုင်ငံတော်ကပဲ ရှုံးရှုံးမြတ်မြတ် လုပ်တယ်။ တဦးချင်းတော့ သူတို့အရှုံးမခံနိုင်ဘူး၊ ပုဂ္ဂလိက ဖြစ်တဲ့အတွက် ကိုယ့်ဟာကိုယ် ကြိုးစားမယ်။ ပုဂ္ဂလိက
တဦးထွက်လာတာနဲ့အမျှ ပုဂ္ဂလိက တဦးနောက်မှာ အလုပ်သမားတွေ အလုပ်တွေရလာတာမျိုး ဖြစ်လာမယ်”

မြန်မာအစိုးရ၏ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ အနည်းဆုံး ၅ နှစ်ဆက်တိုက် အရှုံးပေါ်နေကြောင်း ရန်ကုန် အမေရိကန် သံရုံးမှ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ၂ဝဝ၉
ဇူလိုင်ကပို့သည့် လျှို့ဝှက် သတင်းပေးချက်တွင် ဖေါ်ပြထားသည်။

ကွယ်လွန်သူ အာဏာရှင်ဟောင်း ဦးနေဝင်းက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီကို ၁၉၆၂ တွင် ထူထောင်ပြီး နောက်တနှစ်တွင်ပင် ပုဂ္ဂလိက လုပ်ငန်းများကို ပြည်သူပိုင်သိမ်းခဲ့သည်။
၁၉၈၈ နိုင်ငံအဝှမ်း ဒီမိုကရေစီ တောင်းဆို ဆန္ဒပြမှုကြောင့် ပါတီပျက်သွားရာက တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီအဖြစ် ပြန်ထူထောင်ခဲ့သည်။
အဆိုတော် ၅၂ ဦးပါ ဂီတပွဲ မလေးနှင့် စင်္ကာပူတွင် ကျင်းပမည်
မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ ဇန်နဝါရီလ ၁၄ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၁၆ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။ ။ မြန်မာအဆိုတော် ၅၂ ဦး ပါဝင်မည့် ရာစုနှစ်၏ ကြယ်ပွင့်များ ဂီတပွဲတော်ကို လာမည့်လအတွင်း မလေးရှားနှင့် စင်္ကာပူတွင် မဟာနန်း လုပ်ငန်းစုက
ပြုလုပ်သွားမည်ဟု သိရသည်။

မလေးရှားအခြေစိုက် မဟာနန်း စားသောက်ဆိုင်က စီစဉ်ခြင်းဖြစ်ပြီး ယနေ့မနက်တွင် ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံလမ်းရှိ City Star ဟိုတယ်၌ ယခုဂီတပွဲနှင့်ပတ်သက်၍ သတင်းစာ
ရှင်းလင်းပွဲလည်း ပြုလုပ်ခဲ့သည်။

“အခုလောက်ထိ အဆိုတော်များများနဲ့ ပြည်ပမှာ


ရှိုးပွဲလုပ်တာ မရှိသေးဘူးဗျ။ အများဆုံး ဖျော်ဖြေဖို့သွားရင် ၁၅ ယောက်လောက်ပဲလေ” ဟု အဆိုတော်
ပလေးဘွိုင်းသန်းနိုင်က မဇ္ဈိမကို ပြောသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ ဘူကစ်ဂျာလီ မိုးလုံလေလုံကွင်း၊ ၎


ရက်နေ့တွင် ပီနန်မြို့ ပီဇာ မိုးလုံလေလုံကွင်းနှင့် ၅ ရက်နေ့တွင် စင်္ကာပူနိုင်ငံ Indoor Stadium
မိုးလုံလေလုံကွင်းများတွင် ဖျော်ဖြေသွားမည်ဟု ပွဲစီစဉ်သူက မဇ္ဈိမကို ပြောသည်။

“အခုပွဲကို အမြတ်ရမယ်လို့ တွေးမိတာ အမှန်ပဲ။ ဒါပေမဲ့ အခုတော့ လုပ်ရင်းနဲ့ ငွေလည်း များသွားပြီ။


ကုန်တာတွေကို တွက်လို့ မရနိုင်တော့ဘူး။ ရှုံးဖို့တောင် ရှိမယ်ပြောလို့ ရတယ်။ စုစုပေါင်း ကုန်ကျငွေက
၃ ပွဲလုံးပေါင်းရင် မလေးငွေ ၂ သန်း ကျော်မယ်” ဟု ပွဲစီစဉ်သူ မစုစန္ဒီဦးက သတင်းစာရှင်းလင်းပွဲတွင်
ပြောဆိုခဲ့သည်။

Lazy Club ကကကကကကကကကကကက က က က က က က က


ဂီတပွဲတွင် မြန်မာအသံ၊ ခေတ်ပေါ်နှင့် Hip Hop ဟူ၍ ဂီတအမျိုးအစား ၃ မျိုး ပါဝင်ကာ၊
ဟင်္သာထွန်းရင်၊ ရာဇာဝင်းတင့်၊ မောင်မောင်အေး၊ ကေတုဝင်းထွဋ်၊ ဗညားဟန်၊ ဖိုးသောကြာ၊
ပိုင်သက်ကျော်၊ ချိုပြုံး၊ စိုးစန္ဒာထွန်းနှင့် ပိုးအိစံတို့မှ အလင်္ကာဝတ်ရည် မြန်မာ့အသံတီးဝိုင်း၊ Emperor
Band ဖြင့် ဇော်ဝင်းထွဋ်၊ ရင်ဂို၊ ချစ်ကောင်း၊ ဘိုဖြူ၊ မာရဇ္ဇ၊ ဘရိတ်ကီ၊ ထူးအယ်လင်း၊ ဟေမာနေဝင်း၊
ကော်နီနှင့် ရေဗက္ကာဝင်းတို့က ဖျော်ဖြေမည်။

ထို့အပြင် Aurora Band ဖြင့် မြန်မာပြည်သိန်းတန်၊ ပလေးဘွိုင်းသန်းနိုင်၊ ဘိုဘိုဟန်၊ ကိုင်ဇာ၊ စိုးပိုင်၊


ခင်မောင်တိုး၊ ခိုင်ထူး၊ စိုင်းဆိုင်မောဝ်၊ တူးတူး၊ နွဲ့ယဉ်ဝင်း၊ မေဆွိ၊ Lazy Club Band ဖြင့် R ဇာနည်၊
ဇော်ပိုင်၊ ဟန်ထွန်း၊ L လွန်းဝါ၊ ဟဲလေး၊ သြရသ၊ မေခလာ၊ ဆုန်သင်းပါရ်၊ L ဆိုင်းဇီ၊ ဝိုင်းစုခိုင်သိန်း၊
ချမ်းချမ်း၊ Hip Hop ကို J Me၊ စိုင်းစိုင်းခမ်းလှိုင်၊ ဂျောက်ဂျက်၊ သားစိုး၊ ယုန်လေး၊ စန္ဒီမြင့်လွင်၊ Jenny၊
အေသင်ချိုဆွေတို့က သီဆိုကြမည် ဖြစ်သည်။

အထူးအစီအစဉ်အနေဖြင့် မလေးရှားနှင့် စင်္ကာပူတွင် တရားမဝင် အလုပ်သမားများ


လာရောက်ကြည့်ရှုခွင့် ရနိုင်ရန်အတွက် အကြိုအပို့ အစီအစဉ်များပါ ပြုလုပ်သွားမည်ဟု ပွဲစီစဉ်သူက
ဆိုသည်။

Lazy Club ကကကကကကကကကကကက က က က က က က က ၂ ဝင်ကြေးများအဖြစ် မလေးရှားတွင် မလေးရှားရင်းဂစ် ၅ဝ၊ ၁ဝဝ၊ ၁၂ဝ၊ စင်္ကာပူတွင် စင်္ကာပူဒေါ်လာ
၅ဝ၊ ၇ဝ၊ ၁ဝဝ သတ်မှတ်ထားသည်။
NLD အထူးအယူခံကို လက်ခံ
ကျော်ခ | သောကြာနေ့၊ ဇန်နဝါရီလ ၁၄ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၅၈ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို တရားဝင်ပါတီတခုအဖြစ် တည်ရှိနေကြောင်း ဆုံးဖြတ်ဖို့ တင်သွင်းသည့် အထူးအယူခံကို နေပြည်တော် တရားရုံးချုပ်က
မနေ့က လက်ခံလိုက်ပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်မှတ်ထိုးသည့် အဆိုပါ အထူးအယူခံကို NLD ဗဟိုအထောက်အကူပြု အဖွဲ့ဝင်ရှေ့နေ ဦးဉာဏ်ဝင်း၊ ဦးကြည်ဝင်းနှင့် ဦးကျော်ဟိုးတို့ ၃ ဦး မနေ့က
နေပြည်တော် တရားရုံးချုပ်သို့ သွားရောက်တင်သွင်းခဲ့သည်။

“မနေ့ကကျနော်တို့သွားတော့ ၂ နာရီလောက် စောင့်ခိုင်းပြီးမှ ဒီအမှုကို လက်ခံလိုက်တယ်။ ပြီးတော့ အမှုနံပါတ်ပေးတယ်။ နောက်ပြီးတော့ လက်ခံဖို့သင့်မသင့် ၂ ဘက်
လျှောက်လွှဲချက်ကြားနာဖို့ သူတို့အကြောင်းကြားမယ်ပေါ့လေ။ တရားရုံးက အဲဒါပါပဲ” ဟု ရှေ့နေ ဦးကျော်ဟိုးက မဇ္ဈိမကိုပြောသည်။

NLD တရားဝင်ပါတီအဖြစ် ဆက်လက်တည်ရှိခွင့်ရှိကြောင်း ပထမအကြိမ် တင်သွင်းခဲ့သည့် အထွေထွေ အယူခံကို နေပြည်တော် တရားရုံးချုပ်က မနှစ် နိုဝင်ဘာ ၂၂ ရက်က
ပယ်ချခဲ့သော်လည်း အထူး အယူခံတင်ခွင့် ရှိသဖြင့် နောက်ဆုံးအဆင့် အထူးအယူခံတင်သွင်းခြင်းဖြစ်သည်။

မနှစ်နိုဝင်ဘာက ကျင်းပသည့် စစ်အစိုးရ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲဥပဒေများကြောင့် NLD က ဝင်မပြိုင်ခဲ့သည့်နောက် ယင်းဥပဒေများကြောင့်ပင် NLD ပါတီ တရားဝင်
ရပ်တည်ခွင့် မရှိတော့သလို ဖြစ်နေသဖြင့် လျှောက်ထားရခြင်းဖြစ်ကြောင်းသိရသည်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီသည် ၁၉၉ဝ ရွေးကောက်ပွဲတွင် လွှတ်တော်အမတ်နေရာ ၈၂ ရာခိုင်နှုန်းကျော်နှင့် အနိုင်ရခဲ့သည်။

NLD မပါသည့် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် လက်ရှိအာဏာရ စစ်အစိုးရ ကျောထောက်နောက်ခံပေးထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (ကြံ့ဖ)ွံ့ ပါတီက လွှတ်တော်သုံးရပ်ပေါင်း
မဲဆန္ဒနယ် ၁,၁၅၄ အနက် ၈၈၂ နေရာ (၇၆.၅ ရာခိုင်နှုန်း) ဖြင့် အနိုင်ရခဲ့သည်။ သို့သော် မဲမသမာမှုများကြောင့် ယခုထိ ပြိုင်ဘက် ပါတီများ၏ တိုင်တန်းခြင်းကို ရင်ဆိုင်နေရဆဲ ဖြစ်သည်။
ကရင်ငြိမ်းချမ်းရေးနှင့် စီးပွားရေး ပြေလည်အောင် ဖလုံစဝေါ် ဆွေးနွေးမည်
ဖနိဒါ | သောကြာနေ့၊ ဇန်နဝါရီလ ၁၄ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၀၉ မိနစ်

ချင်းမိုင(် မဇ္စိ္ဈမ) ။ ။ ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး ဖြစ်ထွန်းရန်နှင့် အလုပ်လက်မဲ့ လျော့ပါးရေးအတွက် ပြည်ထောင်စု လွှတ်တော်တွင် တင်ပြရန် ဖလုံ စဝေါ် ဒီမိုကရက်တစ်ပါတီက
ပြင်ဆင်ထားပြီး ဖြစ်ကြောင်း ပါတီ ဥက္ကဋ္ဌ စောခင်မောင်မြင့်က ပြောသည်။

“တိုက်ပွဲတွေ ရပ်စဲသွားဖို့ ငြိမ်းချမ်းရေးကိစ္စကို အဓိက ဆောင်ရွက်ဖို့ ဆွေးနွေးပြီးသားပါ။ ငြိမ်းချမ်းမှသာ စီးပွားရေးတွေ ထူထောင်လို့ ရမှာကိုး။ ငြိမ်းချမ်းရေးကို ကိုယ့်ပြည်နယ်အလိုက်
ကျနော်တို့က ဆက်စပ် ဆွေးနွေးဖို့ ရည်ရွယ်ထားတယ်လေ။ ကိုယ့် တိုင်းရင်းသား အချင်းချင်း ဆွေးနွေးတာက ပိုထိရောက်မယ်လို့ ယူဆတာဘဲ”ဟု ဥက္က္ကဋ္ဌ စောခင်မောင်မြင့်က
ပြောသည်။

ကရင်ပြည်နယ် ဒေါနတောင်တန်းရှိ ရွှေ နှင့် စလင်း စသည့် သဘာဝ သယံဇာတများ ထုတ်လုပ်နိုင်ရန် သတ္တုစက်ရုံများ တည်ထောင်၍ ကရင်ပြည်နယ် အလုပ်လက်မဲ့ ပြဿနာ
ဖြေရှင်းရန်နှင့် ရွှေ့ပြောင်းဒုက္ခသည်များ လျော့နည်းစေရေး ဖန်တီးပေးရန် တင်ပြသွားမည်ဟုလည်း ဆိုသည်။

“ဒီသယံဇာတတွေကို ကုန်ချောဖြစ်အောင် ထုတ်ဖို့ စက်ရုံအလုပ်ရုံတွေမှာ အတတ်ပညာရှင် အသိပညာရှင်တွေ လုပ်သားတွေ လိုအပ်မယ်ဆိုတော့ အလုပ်လက်မဲ့ နည်းသွားမှာပေါ့။
နောက်တခုက export import ပို့မယ်ဆိုရင် အလုပ်လက်မဲ့ ပြဿနာ ဖြေရှင်းနိုင်မယ်လို့ ယူဆတယ်”ဟု သူက ဆက်ပြောသည်။

မြန်မာနိုင်ငံ ပြည်တွင်းစစ်ကြောင့် ထိုင်းနိုင်ငံတွင်း စခန်း၉ ခုတွင် ဝင်ရောက်ခိုလှုံနေသည့် ကရင်လူမျိုးများ အပါအဝင် ဒုက္ခသည် တသိန်းခန့်ရှိသည်ဟု ဒုက္ခသည်များကို ကူညီနေသည့်
TBBC အဖွဲ့က မနှစ် နိုဝင်ဘာလက ဖော်ပြခဲ့သည်။

ကရင်စာပေ ယဉ်ကျေးမှုနှင့် ပတ်သက်၍ ကရင်တိုင်းရင်းသားများ နေထိုင်သည့် ပြည်နယ်နှင့် တိုင်းများတွင် တရက်လျှင် တချိန်ခန့် ကရင်ဘာသာ သင်ကြားခွင့် ရရေးကိုလည်း တင်ပြရန်
ရှိသည် ဆိုသည်။

သမ္မတ ရွေးချယ်ရေးအတွက် သမ္မတလောင်း ၃ နေရာတွင် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များထဲမှ တနေရာရလိုသော်လည်း နအဖ၏ ကြံ့ဖွံ့ပါတီ အရွေးခံ
လွှတ်တော်ကိုယ်စားလှယ်က ပိုများသဖြင့် ဒုသမ္မတ တနေရာရရန် မျှော်လင့်မထားကြောင်း သူက သုံးသပ်သည်။

ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ၏ ရန်ကုန်ရုံးချုပ်တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ချင်းအမျိုးသားပါတီနှင့် ဖလုံ စဝေါ်
ဒီမိုကရက်တစ် ပါတီ ၅ ခု ပေါင်း၍ လွှတ်တော်တွင်း တူညီသည့် ဆွေးနွေးချက်များ တင်ပြရန် မနက်ဖြန် အစည်းအဝေးကျင်းပမည် ဖြစ်သည်။

“ကျနော်တို့ တိုင်းရင်းသားပါတီတွေ အဆိုပြုစရာရှိတာတွေ၊ တင်ပြစရာရှိတာတွေကို တညီတညွတ်ထဲ ဖြစ်အောင် ကြိုတင်ညှိနှိုင်းတဲ့သဘောပါ။ ကျနော်တို့ တိုင်းရင်းသားပါတီတွေက


နိုင်ငံတော်အဆင့်ဆိုရင် အားနည်းတာကိုး” ဟု ဖလုံ စဝေါ် ပါတီမှ ဥက္ကဋ္ဌ စောခင်မောင်မြင့်က ပြောသည်။

သို့သော် မနက်ဖြန်တွင် ဘားအံမြို့နယ် အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကို ခရိုင်ကော်မရှင်က တွေ့ဆုံ ညှိနှိုင်းရန် အရေးပေါ် အစည်းအဝေး ခေါ်ထားခြင်းကြောင့် ဖလုံ စဝေါ်က
တက်နိုင်မည် မဟုတ်ကြောင်း သိရသည်။
ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ပူးဇိုဇမ်းက ဤပါတီ ၅ ခုသည် ရွေးကောက်ပွဲ မကျင်းပမီကပင် တိုင်းရင်းသားပါတီ ညီနောင်များအဖွဲ့အဖြစ် ပူးပေါင်းထားသူများဖြစ်၍ တခြားတိုင်းရင်းသား
ပါတီများကိုလည်း စည်းရုံးနိုင်ရေး ဆွေးနွေးသွားမည် ဆိုသည်။

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ဥက္က္ကဋ္ဌ ဒေါက်တာအေးမောင်ကမူ ပါတီ ၅ ခု မဟာမိတ်ဖွဲ့ခြင်း မဟုတ်ဘဲ မိတ်ဆွေဖွဲ့၍ ပါတီကြီးတခုအဖြစ် ပူးပေါင်းဆောင်ရွက်နိုင်ရန်


အစည်းအဝေးကျင်းပမည် ဆိုသည်။

SNDP က ယခုလ ၇ ရက်မှ ယနေ့ထိ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ် ၄ဝ ကျော်နှင့် ပါတီပိုမိုကျစ်လျစ်ရေးနှင့် လာမည့် ၂ဝ၁၅ ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်မှုများ
ဆွေးနွေးနေသည်ဟု ဒုဥက္ကဋ္ဌ စိုင်းဆောင်ဆီက ပြောသည်။
ပြည်သူ့စစ်မှုထမ်း ဥပဒေကို စီးပွားရေးအမြင်နဲ့ ကြည့်ခြင်း
အောင်သူငြိမ်း | သောကြာနေ့၊ ဇန်နဝါရီလ ၁၄ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၃၀ မိနစ်

"ပြည်သူ့စစ်မှုထမ်းဥပဒေ" ထွက်လာတယ်။ တရားဝင် သတင်းစာတွေမှာ ထုတ်ပြန်ကြေညာထားတာ မဟုတ်သေးပေမယ့် အတည်နီးပါး အစိုးရပြန်တမ်းဂေဇက်က မီဒီယာတွေမှာ


ပေါက်ကြားလာတယ်။ ချင်းမိုင်တက္ကသိုလ်က တလောကမှ စီးပွားရေးပညာ မဟာဘွဲ့ရထားတဲ့ ကျနော့်မိတ်ဆွေညီငယ် တယောက်က ပြောလာတယ်။ ၃- ရက်လောက် တွေးပူပြီး
အိပ်မပျော်ဖြစ်သွားတယ်လို့ ဆိုတယ်။ သူသာ စစ်တပ်ထဲ ၂-နှစ်သွားနေရရင် ဘာဆက်လုပ်ရပါ့ဆိုပြီး တွေးပူမိ တဲ့ အကြောင်းပါ။ ကျနော်ကတော့ သူပြောတာကို စီးပွားရေးပညာသဘောနဲ့
အခွင့်အလမ်းအတွက် ပေးရတဲ့တန်ဖိုး (Opportunity cost) ကို ပြောတာလို့ သဘောပေါက်လိုက်ပါတယ်။

စီးပွားရေးပညာမှာ အခွင့်အလမ်းတခုအတွက် ပေးဆပ်လိုက်ရတဲ့ တန်ဖိုး (Opportunity cost) ဆိုတာ ရှိပါတယ်။ ဒီလို စဉ်းစားချက်ကို မူဝါဒချမှတ်ရာ နေရာအတော်များများမှာ အသုံးပြု
ထည့်သွင်းစဉ်းစားလေ့ ရှိပါတယ်။ စီးပွားရေးပညာ သဘောမှာ အရင်းအမြစ် (Resources) တွေက အကန့်အသတ်ရှိပါတယ်။ ရှားပါးပါတယ်။ အဲဒီတော့ ရှားပါးနေတဲ့ အရင်း အမြစ်တွေကို
အကောင်းဆုံးဘယ်လိုနေရာချမယ်ဆိုတာက စဉ်းစားရတာက စီးပွားရေးပညာသဘောပါ။ (Opportunity cost) ပေးဆပ်လိုက်ရတဲ့ အခွင့်အလမ်းတန်ဖိုးဆိုတာကို ဒီလို
အဓိပ္ပာယ်ဖွင့်ကြပါတယ်။

Opportunity cost is the cost related to the next-best choice available to someone who has
(output forgone) ခခခခခခခခခခခခ ခခခခခ
picked among several mutually exclusive choices. (တခုယူရင် တခုမရတော့ဘူးဆိုတဲ့
ရွေးချယ်စရာနည်းလမ်းတွေကြားထဲမှာ ကိုယ်က တခုခုကို ရွေးချယ်လိုက်တဲ့အခါ ကျန်တဲ့၊ လက်လွတ်သွားတဲ့ ခခခခခခ ခခခခခခခခ ခခခခခခခခခခခ ခခခခခခခခခခခခခ ခ
(utility)
တခြားအကောင်းဆုံး ရွေးချယ်စရာ အခွင့်အလမ်း တွေကို ဆိုလိုတာ ဖြစ်ပါတယ်။) ဒီသဘောကို နိုင်ငံရေးသိပ္ပံပညာရှ ခခခခခခခခခခခခခခခခခခခ
င် ဂျွန်စတော့ မေးလ် (John Staurt Mill) က စတင် ခခခခခခခခခခခခ
ဆွေးနွေးခဲ့တယ်လို့လဲ ဆိုကြပါတယ်။

တကယ်ကတော့ စီးပွားရေးပညာဆိုတာ ရှားပါးမှု (scarcity) နဲ့ ရွေးချယ်မှု (choice) ကြားထဲက အခြေခံ ဆက်ဆံရေး တခုသာ ဖြစ်ပါတယ်။ အဲဒီတော့ ရှားပါးလှတဲ့ အရင်းအမြစ်ကို
ဘယ်လိုအကောင်းဆုံး ထိရောက်အောင်၊ အကျိုးရှိအောင် စဉ်းစား အသုံးချကြဖို့ ရည်ညွှန်းတာ ဖြစ်ပါတယ်။
ပေးလိုက်ရမယ့် တန်ဖိုးရယ်၊ ပြန်ရလာမယ့် ရလဒ်ရယ်ကို တွက်ချကြရတာ ဖြစ်ပါတယ်။ ပိုရှင်းအောင် ဥပမာတွေနဲ့ ရှင်းပြချင်ပါတယ်။

(၁ဝ) တန်းအောင်ပြီးတဲ့ ကျောင်းသားတယောက်က ကျောင်းနားပြီးတော့ အလုပ်လုပ်မယ်။ ဒါမှမဟုတ် တက္ကသိုလ် ကောလိပ် ဆက်တက်မယ်ဆိုတဲ့ ရွေးချယ်မှုလုပ်ရဖို့ ဖြစ်လာပါတယ်။
သူ အလုပ်ထွက်လုပ်ရင်တော့ သေချာတာက ပိုက်ဆံငွေကြေး ဝင်လာပါလိမ့်မယ်။ တက္ကသိုလ်ကျောင်းသားဘဝကို ဖြတ်မယ်ဆိုရင်တော့ ငွေကုန်ကြေးကျရှိမှာ ဖြစ်တဲ့အပြင် တချိန်မှသာပဲ
အလုပ်ခွင်ကို ပြန်ရောက်ဖို့ရှိပါတယ်။ မိဘက ပိုက်ဆံမချမ်းသာဘူးဆိုရင်လဲ ကျောင်းသားဘဝ မှာ ချို့ချို့ငဲ့ငဲ့ နေရပါအုံးမယ်။ အလုပ်ထွက်လုပ်ဖို့ ရွေးချယ်လိုက်ခြင်းဖြင့် သူ
တခြားအခွင့်အလမ်းတွေကို စွန့်လိုက်ရပါတယ်။ အနောက်နိုင်ငံတွေမှာ လေ့လာထားချက်အရ ကောလိပ်အောင်ပြီးသူတွေက ပိုပြီးဝင်ငွေကောင်းတယ်။ အလုပ် အကိုင်ရဖို့
အခွင့်အလမ်းများတယ်လို့ သုတေသနတွေက ဆိုပါတယ်။
၂ -
အဲဒါသာမက တက္ကသိုလ်မှာ သူ့မိတ်ဆွေ ပေါင်းသင်း ဆက်ဆံရေးလဲ ပိုကျယ်ပြန့်နိုင်ပါတယ်။ ဝေဖန်ပိုင်းခြားမှု (critical thinking) လဲ ပိုပြီး ဖွံ့ဖြိုးလာနိုင်ပါတယ်။ ခခခခ ခခခခခခခခ ခ ခ ခ
တခြား ပိုကောင်းတဲ့ ဘဝရွေးချယ်စရာလမ်းတွေလဲ ပွင့်လာနိုင်ပါသေးတယ်။ ကိုယ်ကျင့်သိက္ခာ ပိုအဆင့်မြင့်မား စွာ နေထိုင်နိုင်ဖို့လဲ ဖြစ်နိုင်ပါတယ်။ ဒါတင်မက အခြား ခခခခခခခခခခခခ ခ ခ ခ ခ
ရွေးချယ်စရာ အခွင့်အလမ်း၊ အကျိုးအမြတ်များစွာလဲ ရှိနေနိုင်ပါသေးတယ်။ ဒါပေမယ့် တချို့ကတော့ ဘဝအခြေအနေအရပဲ ဖြစ်စေ၊ ကိုယ်သန်ရာ စိတ်ပါရာ
မဟုတ်လို့ဖြစ်စေ၊ ကိုယ်အာရုံစိတ်ဝင်စားတဲ့ အလုပ်ကို ရွေးချယ်ကြတာ ရှိပါတယ်။ တခုကိုရဖို့ ကျန်တာတွေ စွန့်လွှတ်ပေးလိုက်ရတယ် ဆိုတာပါပဲ။

နောက်ဥပမာတခုကတော့ နိုင်ငံတခုရဲ့ စီးပွားရေးမှာ ထွက်ကုန် ၂ မျိုးပဲ ထုတ်တယ်ဆိုပါစို့။ တခုက ပန်းသီးတွေထုတ်တယ်။ ကျန်တာတခုက ရှူးဖိနပ်တွေ ထုတ်တယ်
ဆိုပါစို့။ စီးပွားရေးစနစ်တခုမှာ ထုတ်လုပ်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု အတွက် သုံးရတာက မြေ၊ လုပ်အား၊ အရင်းအနှီး (Land, Labor, Capital) တွေပါ။ ဒါတွေအားလုံးကို
စိုက်ထုတ်သုံးစွဲရင် ဆိုပါစို့၊ ပန်းသီးက သန်း ၁ဝဝ ထုတ်နိုင်ပါလိမ့်မယ်။ တကယ်လို့ ရှူးဖိနပ်ချည်းပဲ ထုတ်မယ် ဆိုပါစို့။ ဖိနပ်အစုံ ၄ သန်း ထုတ်နိုင်ပါမယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ
တခုထုတ်ရင် ကျန်တာတခု မရပါဘူး။ သို့သော်လဲ တချို့လူတွေက ပန်းသီး ထုတ်- တချို့လူတွေက ဖိနပ်ထုတ်ဆိုရင် ပန်းသီးလဲ တချို့ရ၊ ဖိနပ်လဲ တချို့ရပါလိမ့်မယ်။

အဲဒီကြားထဲမှာ ဆက်သွယ်မှု တခု ရှိလာပါတယ်။ Production Possibility Frontier (Production Possibility Curve) "ထုတ်လုပ်မှု ဖြစ်နိုင်ခြေပြ မျဉ်းကွေး" လို့ခေါ်ပါတယ်။ ဒီနေရာမှာ
ထုတ်ကုန်နှစ်ခုလုံး ရအောင် အကန့်အသတ်ရှိနေတဲ့ အရင်းအမြစ်တွေကို ဘယ်လိုအကျိုးရှိအောင် အသုံးချရမယ်ဆိုတဲ့ စဉ်းစားစရာ ဖြစ်လာပါတယ်။ မူဝါဒချမှတ်သူတိုင်းက
ဒီကိစ္စကိုစဉ်းစားကြရပါတယ်။ ငွေကုန်ကြေးကျ စွန့်လိုက်ရတဲ့ ထုတ်လုပ်မှုရလဒ် (output forgone) တွေသာမက အချိန်ကုန်တာ၊ လူတွေက ကိုယ်စိတ်ပါဝင်စားမှု မရှိတဲ့ အလုပ်ကို
လုပ်နေရလို့ မအောင်မြင်တာ၊ ထုတ်လိုက်တဲ့ ထွက်ကုန်တွေရဲ့ အသုံးဝင်မှုအတိုင်းအတာ (utility) တွေကိုလဲ ထည့်သွင်းစဉ်းစားဖို့ လိုပါသေးတယ်။

နိုင်ငံခြားတွေမှာ အစိုးရတွေက ဒုံးခွင်းဒုံးကာကွယ်ရေး အစီအစဉ်တွေ ချမယ်ဆိုတော့လဲ ကုန်ကျစရိတ်နဲ့ ရလဒ်ကို တွက်ကြရပြန်ပါတယ်။ ဒီကိစ္စတွေ ဆွေးနွေးငြင်းခုန်ကျတော့ အခုလို
opportunity cost ကို ထည့်သွင်းဆွေးနွေးကြတာ တွေ ကြားဖူးပါတယ်။ လူတဦးချင်းမှာလဲ အခုလို စွန့်လွှတ်လိုက်ရမယ့် အခွင့်အလမ်းကိစ္စတွေ ကြီးကြီးမားမား ရှိပါ တယ်။ ထိုင်းနိုင်ငံမှာ
စစ်သားလုပ်ရမယ် မဲချတော့ စစ်သားလုပ်ရမယ့် အဆိုတော်ပေါက်စ၊ မင်းသားပေါက်စတွေက မလုပ်ချင်ကြပါဘူး။ အနုပညာနယ်ပယ်မှာ သူတို့ ၂-နှစ် မြှုပ်နှံလုပ်ကိုင်ရင်
နာမည်ကြီးအဆိုတော်၊ မင်းသားလဲ ဖြစ်သွားနိုင်ပါသေးတယ်။ အဲသလို မဟုတ်ဘဲ စစ်တပ်ထဲ တာဝန်အရ (စစ်မတိုက်ရဘူးပဲ ထားအုံး၊ အသက်သေလောက်အောင် မစွန့်စားရဘူးပဲ
ထားအုံး) ၂-နှစ် သွားနေရတဲ့အခါ အရွယ်ကောင်းမှာ နာမည်တက်နေစ အခွင့်အရေးလေးလဲ ဆုံးရှုံးသွားနိုင်ပါသေးတယ်။
Labor ခခခခခခခခခခခ ခခခခ
သဘောကတော့ မြန်မာပြည်မှာ အခုနာမည်ကြီးနေတဲ့ မင်းသား "နေတိုး" ၂-နှစ်လောက် စစ်မှုထမ်းနေရလို့ ပျောက်သွားရင် နာမည်ကျော်ပါတော့ ခခခခခခခ ခခခခခခခခခခခ ခခခ
အုံးမလားဆိုတာမျိုး တွေးပူစရာပါပဲ။ အဲဒီ ၂-နှစ်မှာ စီးပွားရေးလုပ်ရင် သူဌေးပေါက်စလဲ ဖြစ်နိုင်ပါသေးတယ်။ ပညာတတ်ကြီးလဲ ဖြစ်သွားနိုင်ပါသေး တယ်။
သိပ္ပံပညာရှင်လဲ ဖြစ်နိုင်ပါတယ်။ ဆုံးရှုံးနိုင်ခြေတွေက အများကြီးပါ။

အလားတူ နိုင်ငံတခုမှာလဲ ဆုံးရှုံးစရာတွေ အများကြီး ရှိပါတယ်။ ခုနက တင်ပြခဲ့သလို နိုင်ငံတခုရဲ့ မြေ၊ လူလုပ်အား၊ အရင်း အနှီး (Land, labor, capital)
ဆိုတဲ့ အခြေခံအရင်းအမြစ်တွေကို ကောင်းကောင်း ထိရောက်အောင် နေရာချဖို့ လိုအပ်နေပါတယ်။ Labor ဆိုတဲ့ လူလုပ်အားကို ကုန်ထုတ်လုပ်မှုမှာ သုံးမလား၊ စစ်တိုက်တဲ့နေရာမှာ
သုံးမလားဆိုတာ အစိုးရတခုအဖို့ ပြန်စဉ်းစားဖို့ အများကြီးကောင်းတဲ့ အနေအထားပါ။ (ကျန်တဲ့ နိုင်ငံရေးပြဿနာတွေကို ဒီနေရာမှာ ခဏ မစဉ်းစားဘဲ ထားပါတယ်။) အရင်းအမြစ်တွေက
အကန့်အသတ်ရှိပါတယ်။ ရှားပါးပါတယ်။ ထိရောက်အောင် ဉာဏ်ကို လွှာသုံးဖို့ လိုအပ်ပါတယ်။

ဆိုပါစို့။ ကျနော်တို့နိုင်ငံက ၁၉၈၈ ခုနှစ်ကထဲက ဒီမိုကရေစီ အပြောင်းအလဲ ခရီးတခုကို စနိုင်ခဲ့တယ် ဆိုပါစို့။ အတော် ခရီးရောက်နေလောက်ပါပြီ။ နှစ-၂ဝ
် အကြာ ၂ဝ၁ဝ မှာ
အတော်လေးလဲ ခရီးပေါက် ရင့်ကျက်နေနိုင်ပါတယ်။ ပြဿနာ တွေက အဟောင်းမဟုတ်တော့ဘဲ ပြဿနာအသစ်၊ စိန်ခေါ်မှု အသစ်တွေအတွက် ပြင်ဆင်ရင်ဆိုင်နေရလောက်ပါပြီ။ အခု
အနှစ်-၂ဝ နောက်ကျပြီးမှ ခရီးစကျမယ်ဆိုတော့ နောက်ကျသွားလို့ ဆုံးရှုံးရတာ နှစ-် ၂ဝ တင်မကပါဘူး။ အဲဒီအချိန်မှာ သူများနိုင်ငံတွေကလဲ ရပ်မနေပါဘူး။ နိုင်ငံတခုအတွက်
opportunity cost တွေ ဘယ်လောက်ဆုံးရှုံးသွားတယ် ဆိုတာ ကျနော်တွက်ဆကြည့်တော့ ဝမ်းနည်းစရာပါ။ အခုအထိတိုင် လွတ်လပ်ရေးရချိန်က စခဲ့တဲ့ ပြည်တွင်းစစ်ရယ်၊
ပြဿနာဟောင်းတွေရယ်မှာပဲ ကျနော်တို့ လည်နေကြရတုန်း မဟုတ်ပါလား။
Friday, January 14, 2011

ကိုအောင်ဇော် Prince Claus ဆု လက်ခံရယူ

သတင်းလွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီရေးအတွက် တက်တက်ကြွကြွ


ဆောင်ရွက်မှုကြောင့် ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော် ကို Prince Claus Award ဆု ချီးမြှင့်ကြောင်း ၂၀၁၀ စက်တင်ဘာလ ၆ ရက်နေ့မှာ ဆုရွေးချယ်ရေးအဖွဲ့က
ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဲဒီဆုကို ယမန်နေ့က ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံဆိုင်ရာ နယ်သာလန် သံအမတ်ကြီးရဲ့ အိမ်မှာ လက်ခံယူတဲ့ အခမ်းအနားနဲ့ ညစာစားပွဲ ကျင်းပခဲ့ပြီး မြန်မာ မိတ်ဆွေများနဲ့
သံတမန်များ တက်ရောက်ပါတယ်။

ဒီဆုကို နယ်သာလန်အခြေစိုက် Prince Claus Fund က ၁၉၉၇ ခုနှစ်မှ စတင်ပြီး အာဖရိက၊ လက်တင်အမေရိက၊ အာရှနဲ့ ကရစ်ဘီယံ ဒေသရှိ အနုပညာရှင်များ၊ အသိပညာရှင်များနဲ့
ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းများကို နှစ်စဉ်ချီးမြှင့်ပါတယ်။

Prince Claus Award ကိုပေးဖို့အတွက် လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက အမည်စာရင်း တင်သွင်းခံရသူတွေကို ရွေးချယ် စိစစ်နေခဲ့တာဖြစ်ပြီး အာရှမှာ ကိုအောင်ဇော်က ဆန်ကာတင်
ကျန်ရစ်ပြီး ဆုရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကိုအောင်ဇော်က “ဒီဆုကို လက်ခံရရှိတဲ့အတွက် အထူးပဲ ၀မ်းမြောက် ဂုဏ်ယူပါတယ်။ ဒီဆုကို ကျနော် တယောက်တည်း ရတယ်လို့ မခံယူပါဘူး။ စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေကို ကြံ့ကြံ့ခံရင်း
အမှန်တရားအတွက် တင်ပြနေတဲ့ ပြည်တွင်းက သတင်းသမားတွေ၊ အယ်ဒီတာတွေ၊ ဘလော့ဂါတွေနဲ့ အကျဉ်းထောင်တွေထဲမှာ ရှိနေတဲ့ သတင်းသမားတွေကိုယ်စား ကျနော်
လက်ခံရယူမှာပါ” လို့ ဆုရရှိကြောင်း ကြေညာစဉ်က ပြောပါတယ်။

ဒီဆုကို ကိုအောင်ဇော်က စာနယ်ဇင်းသမားတဦး အနေနဲ့ လက်ခံရရှိခြင်း ဖြစ်ပြီး ၂၀၀၄ ခုနှစ်မှာ ကဗျာဆရာကြီး ဦးတင်မိုးက စာပေ အနုပညာဖန်တီးမှု အတွက် လက်ခံရရှိခဲ့ဖူးပါတယ်။

ကိုအောင်ဇော်က လက်ခံရရှိတဲ့ ဆုငွေထဲကနေ ပြည်တွင်းပြည်ပ စာနယ်ဇင်းသမားတွေနဲ့ ဘလော့ဂါတွေရဲ့ ရဲရင့်ပြောင်မြောက်လှတဲ့ ဆောင်ရွက်ချက်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ “ဧရာဝတီ
စာနယ်ဇင်းဆု” ကို ချီးမြှင့်မယ်လို့ ပြောပါတယ်။

ကိုအောင်ဇော်ဟာ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် လွတ်လပ်သော ဧရာဝတီ သတင်းဌာနကို ၁၉၉၃ ခုနှစ်မှာ စတင် ထူထောင်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှာ ဧရာဝတီ အင်တာနက်
သတင်းစာမျက်နှာကို တိုးချဲ့ခဲ့ပါတယ်။
တူနီးရှားသမ္မတ နိုင်ငံကထွက်ခွာ၊ ၀န်ကြီးချုပ် ယာယီသမ္မတတာဝန်ယူ
သောကြာ, 14 ဇန်နဝါရီ 2011

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

တူနီးရှားနိုင်ငံကို ၂၃ နှစ်ကြာ သမ္မတလုပ် အုပ်ချုပ်ခဲ့တဲ့ Zin El Abidine Ben Ali (ဇင်း အလ် အာဘီဒင်း ဘန် အာလီ) ဟာ တိုင်းပြည်က ထွက်ပြေးသွားပါပြီ။ တူနီးရှားနိုင်ငံမှာ တိုင်းပြည်
မတည်မငြိမ်ဖြစ်မှုတွေဟာ ဆယ်စုနှစ်တွေအတွင်း အခုတခါ အဆိုးဆုံးဖြစ်ပျက်နေတာပါ။ လောလောဆယ် ကြားဖြတ်သမ္မတအဖြစ် လက်ရှိဝန်ကြီးချုပ် မိုဟာမက် ဂန်နူချီက
တာဝန်ယူထား ရပါတယ်။ မနေ့ကညနေပိုင်းမှာ သမ္မတ ဘန်အာလီ လေယာဉ်နဲ့ထွက်ပြေးသွားခဲ့တာပါ။

တူနီးရှား စစ် တပ်က လေဆိပ်နဲ့ နိုင်ငံပိုင်လေပိုင်နက်ကို သူထွက်မပြေးခင်မှာ တခြားသူတွေရဲ့ အနှောင့်အယှက် မရှိအောင် ပိတ်ပေး ထားခဲ့ပါတယ်။
ဆော်ဒီအာရေးဗျနိုင်ငံကသတင်းတွေမှာတော့ တူနီးရှားသမ္မတရဲ လေယာဉ်ဟာ ဆော်ဒီနိုင်ငံ Jeddah ဂျဒါ့ခ်ျမြို့ ကိုဆင်းသက်ခဲ့တယ်လို့ ဆိုပါတယ်။

တူနီးရှားကို အရင်က သိမ်းပိုက်ခဲ့ဖူးတဲ့ ပြင်သစ်နိုင်ငံကလည်း သူတို့ဆီကို လာပြီးခိုလှုံဖို့ ပြောဆိုတာ မရှိဘူးလို့ ဆိုပါတယ်။ မစ္စတာ ဘန်အာလီဟာ တိုင်းပြည်က ထွက်မပြေးခင်မှာ
သူ့ရဲ့အစိုးရကို ဖျက်သိမ်းခဲ့ပါတယ်။ နောက်ပြီးတော့ တိုင်းပြည်ကိုလည်း နိုင်ငံတော်အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပါတယ်။ လူထုစုဝေးမှုတွေမလုပ်ဖို့နဲ့
ဆူပူသူတွေကိုသေနတ်နဲ့ပစ်ခတ်ဖို့ကိုလည်း လုံခြုံရေး တပ်ဖွဲ့တွေကို အမိန့်ထုတ်ခဲ့ပါတယ်။

တူနီးရှားနိုင်ငံအတွင်းမှာတော့အလုပ်လက်မဲ့တွေများလွန်းတဲ့ပြဿနာနဲ့စားသောက်ကုန် ဈေးတွေ တက်နေတဲ့ပြဿနာတွေကို မကျေနပ်လို့ ပြည်သူတွေက ဆန္ဒပြနေကြပြီး


အဲဒီဆန္ဒပြမှုတွေအတွင်း လူတွေ ဒါဇင်နဲ့ချီပြီး သေဆုံးခဲ့ရပါတယ်။

ဒုတိယသမ္မတ တယောက် တိုင်းရင်းသားထဲက ဖြစ်စေလို


By ကိုမိုးဇော် သောကြာ, 14 ဇန်နဝါရီ 2011
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

ဒီလအကုန်မှာကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်ကနေ ပေါ်ပေါက်လာမယ့် အစိုးရအဖွဲ့သစ်မှာ ဒုတိယ သမ္မတနေရာကို တိုင်းရင်းသား ခေါင်းဆောင်တဦးဦးကို


ရွေးချယ်တင်မြောက်ဖို့အတွက် ချင်းအမျိုးသား တိုးတက်ရေးပါတီရဲ့ ဥက္ကဋ္ဌက ပန်ကြားလိုက်ပါတယ်။ ဒီလို ရွေးချယ်တာဟာ တန်းတူညီမျှရေးနဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးကိုပါ
အထောက်အကူဖြစ်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။ ဒီပန်ကြားချက်ကို တိုင်းရင်းသားပါတီတွေက ကြိုဆိုထောက်ခံပေမဲ့ ပြည်ထောင်စုလွှတ်တော် ၂ ရပ်မှာ တိုင်းရင်းသားပါတီ
အများစုက အနိုင်ရထားတာ မဟုတ်တဲ့အတွက် ဒီပန်ကြားချက်အပေါ်မှာတော့ တချို့က သံသယရှိနေပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က
တင်ပြထားပါတယ်။

မြန်မာစစ်အစိုးရက ဒီလ ၃၁ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော် ခေါ်ယူကျင်းပဖို့အတွက် ကြေညာ ထားတာပါ။ လွှတ်တော်စတင်ချိန်မှာ အစိုးရသစ်ဖွဲ့စည်းဖို့အတွက်


တိုင်းနဲ့ပြည်နယ်တွေကို အခြေခံတဲ့ အမျိုးသားလွှတ်တော်၊ မြို့နယ် ဒါမှမဟုတ် လူဦးရေကို အခြေခံတဲ့ ပြည်သူ့လွှတ်တော်နဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေက ဒုသမ္မတ တယောက်စီ
ရွေးချယ်ရမှာဖြစ်ပါတယ်။

ဒီလို ရွေးချယ်ရာမှာ တန်းတူညီမျှရေးနဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးအတွက် တိုင်းရင်းသား ခေါင်းဆောင်တဦးဦးကို ဒုသမ္မတအဖြစ် ရွေးချယ်ကြဖို့အတွက်


လွှတ်တော်ကိုယ်စားလှယ်တွေကို ချင်းအမျိုးသား တိုးတက်ရေးပါတီရဲ့ ဥက္ကဋ္ဌ ပူးဇိုဇမ်က အခုလို ပန်ကြားပါတယ်။

“ကျနော်တို့ ပြည်ထောင်စုအစိုးရလုပ်တော့မယ်ဆိုရင် ကျနော်တို့ မေတ္တာရပ်ခံချင်တာက တိုင်းရင်းသား ထဲက သင့်လျော်တဲ့ပုဂ္ဂိုလ်တဦးဦးပေါ့။ ဒုသမ္မတနေရာကို ရွေးချယ်ပေးကြပါလို့။


အဲဒါက ကျနော်တို့ ပြည်ထောင်စုအတွက်လည်း ကောင်းမှာပါ။ နောက်ပြီးတော့ ကျနော်တို့ရဲ့ တန်းတူရည်တူဖြစ်ဖို့ကိစ္စတွေ ရော၊ အမျိုးသားစည်းလုံးညီညွတ်ဖို့ကိစ္စကိုရော အင်မတန်
အထောက်အကူ ဖြစ်လိမ့်မယ်ဆိုပြီးတော့ ကျနော် အဲဒါကို အားလုံးကို မေတ္တာရပ်ခံချင်ပါတယ်။ ကျနော်လည်း တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တဦးပါပဲ။
ကျန်တဲ့လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးကို ကျနော် request လုပ် ချင်တယ်။ အဲဒါ ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌအနေနဲ့ရော၊ ကျနော့်ပါတီ အနေနဲ့ရော၊ တိုင်းရင်းသား တဦးအနေနဲ့ပါ
ကျနော် လုပ်ချင်တဲ့ကိစ္စပါ။”

ဒီလို ရွေးချယ်ရာမှာ ပါတီကိုအခြေပြုရွေးချယ်ဖို့ မရည်ရွယ်ဘူးလို့လည်း သူက ဆက်ပြီး ပြောပါတယ်။

“ကျနော် ပါတီနဲ့စကားမပြောပါဘူး။ အကုန်လုံးက ပါတီ လုပ်ဖော်ကိုင်ဖက်တွေအနေနဲ့ပဲ ကျနော် သဘောထားပါတယ်။ ကျနော် ဆိုလိုတာက ကျနော်တို့ မြန်မာပြည်က
တိုင်းရင်းသားပေါင်းစုံနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ပါတီပေါင်းစုံနဲ့ဖွဲ့စည်းထားတာ မဟုတ်ပါဘူး။ အဲဒီအခြေခံရပ်တည်ချက်ပါ။ တိုင်းရင်းသားထဲက တဦးပေါ့။ အဲဒါ ကျနော်တို့
အနာဂတ်နိုင်ငံတော်အတွက် အများကြီး အကျိုးဖြစ်ထွန်း လာလိမ့်မယ်လို့ ကျနော် ယူဆပါတယ်။”

ချင်းအမျိုးသား တိုးတက်ရေးပါတီ ဥက္ကဋ္ဌရဲ့ ပန်ကြားချက်ကိုတော့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီက ကြိုဆိုကြောင်း ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က အခုလို ပြောပါတယ်။

“စစ်မှန်တဲ့ပြည်ထောင်စုကို ကျနော်တို့ ဦးတည်သွားမယ်ဆိုရင် တိုင်းရင်းသားအရေးကိုလည်း မေ့ပျောက် ပစ်လို့မရဘူးလေ။ တိုင်းရင်းသားကို ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တဦးဦး


ပါလာမယ်ဆိုရင် ခုနကလို တိုင်းရင်း သားကို အခြေခံတဲ့ပါတီတွေ အကုန်လုံးကလည်း လက်ခံမှာပါ။ အဲဒီတော့ အမျိုးသားပြန်လည် ရင်ကြား စေ့ရေးဆိုတဲ့ ဦးတည်ချက်ကို ပိုပြီးတော့
တိုင်းရင်းသားတွေ ကြားထဲမှာ ဖြေရှင်းဖို့ပဲ ဦးဆောင်ဦးရွက် ပြုနိုင်တဲ့ ပုဂ္ဂိုလ်တဦးမရှိသေးဘဲနဲ့ ဒါ တိုင်းရင်းသားအကုန်လုံးက သရုပ်ဖော်ကြမယ် ထင်ပါတယ်။ ကြိုဆိုပါတယ်။ ကျနော်
ထင်ပါတယ်။ ဒီဥစ္စာကလည်း အနိုင်ရတဲ့ပါတီတွေမှာလည်း ပေါ်လစီရှိကောင်း ရှိနိုင်ပါတယ်။ အဲဒီလို လူနည်းစုအပေါ်မှာ ဦးစားပေးတဲ့သဘောလည်း ဖြစ်သွားမယ်။ သဘောထားပိုပြီး
ကြီးမားတဲ့သဘောလည်း ပြည်တွင်းပြည်ပက ရှိနေကြမှာပါ။”

ချင်းအမျိုးသားပါတီရဲ့ ဥက္ကဋ္ဌရဲ့ အဆိုပြုချက် အောင်မြင်ဖို့ကိုတော့ လွှတ်တော်ကျင်းပချိန်မှာ ဖြစ်ပေါ် လာမယ့် နိုင်ငံရေးအခင်းအကျင်းပေါ်မှာ အခြေတည်ပြီး သူတို့ပါတီက
ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဒေါက်တာ အေးမောင်က ပြောပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီကတော့ တိုင်းရင်းသားပါတီတွေ အနိုင်ရတာ နည်းတဲ့အတွက် တိုင်းရင်းသားလူမျိုးစုတွေထဲက ဒုသမ္မတ တနေရာဖို့ကို သံသယရှိနေပါတယ်။

“ဆန္ဒကတော့ ရှိတာပေါ့။ လွှတ်တော်ကိုယ်စားလှယ်တွေ အပေါ်မှာမူတည်တာပေါ့။ သူတို့ မဲထည့်ပေးရင် တော့ ရမှာပေါ့။ မဲမထည့်ပေးရင်တော့ မရဘူးပေါ့။ အဲဒါလည်း ရှိသေးတာကိုး။
တိုင်းရင်းသားတွေက ထင်သလောက် မနိုင်ဘူးလေ။ တကယ်တမ်းကျရင်လည်း အမျိုးသား လွှတ်တော်ကနေပြီးတော့ ရနိုင်ခြေ ရှိတာပေါ့။ တကယ့် တိုင်းရင်းသားပါတီတွေ
နိုင်တယ်ဆိုလို့ရှိရင်တော့ chance ရှိတာပေါ့၊ အခွင့်အရေး ရှိတာပေါ့နော်။ အခုဟာက တိုင်းရင်းသားပါတီတွေက ထိပ်ဆုံးက မနိုင်ဘူးလေ။”

ဒါကတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း ပြောသွားတာပါ။

လွန်ခဲ့တဲနှစ် နိုဝင်ဘာလက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အငြင်းပွားမှုတွေ ရှိနေပေမဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီက အမျိုးသားလွှတ်တော်မှာ ၇၆ ရာခိုင်နှုန်းကျော်နဲ့
ပြည်သူ့လွှတ်တော်မှာ ၇၉ ရာခိုင်နှုန်းကျော် အနိုင်ရထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် လွှတ်တော်အတွင်းမှာ စစ်တပ် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းလည်း
ပါဝင်မှာဖြစ်တာကြောင့် မဲအများစုကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ စစ်တပ်ကိုယ်စားလှယ်တွေ အတွင်းမှာ ရှိနေတာလည်း ဖြစ်ပါတယ်။

အဆိုးရွားဆုံး အာဏာရှင် အစိုးရတွေထဲမှာ မြန်မာနိုင်ငံ စာရင်းဝင်


By ဗွီအိုအေ (မြန်မာဌာန) ကြာသပတေး, 13 ဇန်နဝါရီ 2011

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

အမေရိကန်နိုင်ငံက နိုင်ငံရေးနဲ့ နိုင်ငံသားဆိုင်ရာ လွတ်လပ်မှုတွေကို စောင့်ကြည့် အကဲခတ်နေတဲ့ အဖွဲ့က ကမ္ဘာတခုလုံးရဲ့ လွတ်လပ်မှုဟာ မနှစ်က ဆုတ်ယုတ်လာခဲ့တယ်လို့
ဆိုပါတယ်။ အခုလို ဆုတ်ယုတ်လာခဲ့ရတာဟာ ကမ္ဘာ့ ဒီမိုကရေစီ နိုင်ငံတွေရဲ့ ဝေဖန် ဆန့်ကျင်မှု အားနည်းလာတဲ့အတွက် အာဏာရှင် အစိုးရတွေက အာဏာပိုရှိလာတာ ဖြစ်တယ်လို့
ဆိုလိုက်ပါတယ်။

ဒီအစီရင်ခံစာထဲမှာ မြန်မာနိုင်ငံဟာလည်း ကမ္ဘာမှာ နိုင်ငံရေးနဲ့ နိုင်ငံသားဆိုင်ရာ အခွင့်အရေး လွတ်လပ်မှု အဆိုးတကာ့ အဆိုးဆုံးနိုင်ငံ ၄၇ နိုင်ငံထဲမှာ ပါဝင်တယ်လို့ ဆိုထားပါတယ်။

မနေ့က ထုတ်ပြန်ခဲ့တဲ့ ဒီအဖွဲ့ရဲ့ နှစ်စဉ် အစီရင်ခံစာမှာ Freedom House အဖွဲ့ကြီးက ၂၀၁၀ မှာ ကမ္ဘာပေါ်မှာ လွတ်လပ်မှုတွေ ဆုတ်ယုတ်လာတယ်၊ အခုလို ဆုတ်ယုတ်လာတာဟာ ၅
နှစ်ဆက်တိုက် ရှိလာပြီလို့ ဆိုထားပါတယ်။

ဒီအဖွဲ့ရဲ့ သုတေသန ညွှန်ကြားရေးမှူး အက်ရှ် ပရက်တင်တန်က ဒီလိုဖြစ်ခဲ့တဲ့ အဆိုးဆုံး ဖြစ်ရပ်ထဲမှာ မနှစ်က တရုတ်နိုင်ငံဟာ သူ့နိုင်ငံ အတိုက်အခံ ပညာရှင် လျူရှောင်ဘို (Liu
Xiaobo) ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရတာကို ဒေါသတကြီး တုံ့ပြန်ခဲ့တာလည်း ပါတယ်လို့ ဆိုပါတယ်။

ကြေညာချက် တခုထဲမှာတော့ ဘယ်အစိုးရကမှ ဆိုဗီယက်တို့၊ နာဇီ ဂျာမနီတို့တုန်းကတောင်မှ ဒီ နိုဘယ်လ်ဆုပေါ်မှာ အခုလို ရိုင်းရိုင်းပြပြ မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။

ရုရှားနိုင်ငံမှာလည်း စိတ်ပျက်စရာ ဖြစ်ခဲ့တယ်၊ ရုရှား ရေနံသူဌေးကြီးနဲ့ အစိုးရ ဝေဖန်သူ မစ်ခေး ကိုဒိုကော့စကီးကို ထောင်ချတာက သက်သေပြနေတယ်လို့ ဆိုပါတယ်။

ဗင်နီဇွဲလား သမ္မတ ဟူဂို ရှာဗက် (Hugo Chavez) က သမ္မတ အမိန့်နဲ့ တိုင်းပြည်ကို အုပ်ချုပ်ဖို့ ဥပဒေပြု အဖွဲ့က ခွင့်ပြုလိုက်တာကိုလည်း ဝေဖန် ဆန့်ကျင်ထားပါတယ်။
အဖွဲ့ဥက္ကဋ္ဌ ပရက်တင်တန်က ကမ္ဘာ့ ဒီမိုကရေစီ နိုင်ငံတွေက ဝေဖန်ထုတ်ဖော်မှုတွေ မလုပ်ရင် အာဏာရှင်တွေ ပိုပြီး အရှိန်ရလာလိမ့်မယ်လို့ ဆိုလိုက်ပါတယ်။

မြန်မာ-မြောက်ကိုရီးယား ဆက်သွယ်မှု

Friday, January 14, 2011

By ဦးအောင်ခင် & မညိုညိုလွင် စနေ, 15 ဇန်နဝါရီ 2011

ဗမာစစ်အစိုးရက အဏုမြူလက်နက် ထုတ်လုပ်ဖို့ ကြိုးစားတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး အငြင်းပွားစရာတွေ ဖြစ်နေတဲ့အတွက် (International Atomic Energy Agency (IAEA))
အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအား အေဂျင်စီက မြန်မာပြည်ကို သွားရောက်စစ်ဆေးလိုကြောင်း စာရေးအကြောင်းကြားထားတယ်လို့ ဒီဇင်ဘာလ (၁၈) ရက်နေ့က Wall Street
Journal သတင်းဆောင်းပါးမှာ ဖော်ပြထားပါတယ်။ ဗမာအစိုးရရဲ့  အဏုမြူလက်နက် စီမံကိန်းဟာ မဖြစ်စလောက်သာ ဖြစ်ပေမယ့် လျှို့ ဝှက်အကောင်အထည်ဖော်ပြီး မြောက်ကိုရီးယားနဲ့
ဆက်သွယ်တာကြောင့် မယုံသင်္ကာ ဖြစ်လာကြတာပါ။

အခုတလော အမေရိကန်နိုင်ငံခြားရေးဌာနရဲ့  လျှို့ ဝှက်ပေးစာတွေ ပေါက်ကြားသွားတာကြောင့်လည်း တိုးတိုးတိတ်တိတ်လုပ်တတ်တဲ့ မြန်မာနဲ့ မြောက်ကိုရီးယားရဲ့  ဆက်သွယ်မှုကို


စိတ်ဝင်စားလာကြတာပါ။ အဏုမြူလက်နက် စမ်းသပ်ဖောက်ခွဲမှုကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒဏ်ခတ်အရေးယူထားတဲ့ မြောက်ကိုရီးယားဟာ ဗမာစစ်အစိုးရကို
အဏုမြူလက်နက်နဲ့ ဒုံးလက်နက် အတတ်ပညာ သင်ပေးနေတယ်ဆိုတဲ့ သတင်းထွက်နေတာ နှစ်အတော်ကြာနေပါပြီ။ ဗိုလ်ချုပ်ကြီးသူရရွှေမန်း ခေါင်းဆောင်တဲ့ လျှို့ ဝှက်စစ်မစ်ရှင် ၂၀၀၈
နိုဝင်ဘာလမှာ မြောက်ကိုရီးယားကိုသွားတဲ့ သတင်းပေါက်ကြားတော့ မြန်မာ-မြောက်ကိုရီးယား ဆက်သွယ်မှုကို ပိုပြီးမယုံသင်္ကာ ဖြစ်လာကြပါတယ်။

အဏုမြူလက်နက် စီမံကိန်းမှာ ကိုယ်တိုင်ပါဝင်ခဲ့သူ ဗိုလ်မှုးစိုင်းသိန်းဝင်း လွန်ခဲ့တဲ့နှစ် ဇွန်လအစောပိုင်းက အထောက်အထားနဲ့ ဖော်ပြတော့မှာ အဏုမြူလက်နက်ရနိုင်အောင်


ကြိုးပမ်းနေပုံကို သိရပါတယ်။ အဏုမြူလက်နက်နဲ့ ဒုံးလက်နက်ဆိုင်ရာပစ္စည်းကို မြောက်ကိုရီးယားနဲ့ အရောင်းအဝယ်မလုပ်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပိတ်ပင်ထားပါတယ်။ ဒီလို
ပိတ်ပင်ထားတာ ဘယ်လောက်ထိရောက်တယ်ဆိုတာကို စစ်ဆေးဖို့အတွက် ကျွမ်းကျင်သူ (၇) ဦး ပါဝင်တဲ့အဖွဲ့ကို ၂၀၀၉ ဇွန်လမှာ ဖွဲ့စည်းပါတယ်။ ကုလသမဂ္ဂ ကျွမ်းကျင်သူများအဖွဲ့က
လွန်ခဲ့တဲ့နှစ် နိုဝင်ဘာလ (၅) ရက်နေ့မှာ စာမျက်နှာ (၇၀) အစီရင်ခံစာကို ထုတ်ပြန်လိုက်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပိတ်ပင်ထားတဲ့ ပစ္စည်းတွေကို
မြောက်ကိုရီးယားအစိုးရက မြန်မာ၊ အီရန် နဲ့ ဆီးရီးယား တို့ကို နည်းမျိုးစုံသုံးပြီး တင်ပို့ရောင်းချနေတဲ့ အထောက်အထားတွေ တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။

မှောင်ခိုလမ်းကြောင်းက တိတ်တဆိတ် ဆက်သွယ်ပြီး အပေးအယူအရောင်းအဝယ် လုပ်တာဟာ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ဖောက်ဖျက်တာနဲ့ အတူတူပါ။ လုံခြုံရေးကောင်စီ
ဆုံးဖြတ်ချက်မှာ အရေးယူဖို့ကိစ္စကို ဖော်ပြမထားပေမယ့် ကောင်စီဝင်အားလုံး တညီတညွတ်တည်း ဆုံးဖြတ်လိုက်တယ်ဆိုတာကပဲ ကုလသမဂ္ဂရဲ့  သဘောထားကို
ပြသရာရောက်နေပါတယ်။ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို မြောက်ကိုရီးယားနဲ့ မြန်မာလိုက်နာရေးအတွက် တရုတ်နဲ့ ရုရှားမှာ တာဝန်ရှိလာပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားနဲ့
ဗမာစစ်အစိုးရကို ဒေသဆိုင်ရာ အန္တရာယ်လို့ တရုတ်က မမြင်ပါဘူး။ ဒါကြောင့် ဗမာအစိုးရကို အရေးယူဖို့ အခက်အခဲရှိသလို မြောက်ကိုရီးယားကို အရေးယူရာမှာလည်း ခက်ခဲနေပါတယ်။

တောင်ကိုရီးယား ရေငုတ်သင်္ဘောနဲ့ ယုံဖြွန်းကျွန်း တို့ကို မြောက်ကိုရီးယားက တိုက်ခိုက်တာကို ဒေသဆိုင်ရာ အန္တရာယ်လို့ ဂျပန်၊ တောင်ကိုရီးယား နဲ့ အမေရိက တို့ကို မြင်သလို
တရုတ်က မမြင်ပါဘူး။ မြောက် နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံရဲ့  ပဋိပက္ခသာ ဖြစ်တယ်လို့ တရုတ်ကမြင်ပါတယ်။ တောင်ကိုရီးယားမှာ အမေရိကန်စစ်အင်အား တိုးပွားလာတာကသာ
ဒေသဆိုင်ရာအတွက် အန္တရာယ်ရှိတယ်လို့ တရုတ်က မြင်ပါတယ်။ ပြည်တွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တွေကို တိုက်ခိုက်နေတဲ့ ဗမာစစ်အစိုးရကိုလည်း အန္တရာယ်လို့ မမြင်ပါဘူး။
ကိုရီးယားကျွန်စွယ်နဲ့ မြန်မာနိုင်ငံမှာ အင်အားကြီးနိုင်ငံက စစ်တပ်တွေ လာရောက်စခန်းချထားတာကသာ တရုတ်ပြည်အတွက် အန္တရာယ်ရှိတယ်လို့ မြင်ပါတယ်။

မြန်မာစစ်အစိုးရမှာ အဏုမြူလက်နက်ထုတ်လုပ်ဖို့ ရည်ရွယ်ချက်မရှိဘူးဆိုရင် အဏုမြူစီမံကိန်းကို အစစ်ဆေးခံနိုင်ရလိမ့်မယ်။ အရပ်ဘက်သုံး အဏုမြူဓါတ်ပေါင်းဖိုကို စစ်တပ်ရဲ့  လျှို


့ဝှက်စီမံကိန်းအဖြစ် လုပ်ကိုင်နေတာဟာ မယုံသင်္ကာဖြစ်စရာပါ။ နိုင်ငံခြားစစ်တပ်တွေ ကျူးကျော်ဝင်ရောက်လာမှာကို အမြဲတမ်းတွေးကြောက်နေတဲ့ ဗမာစစ်အစိုးရ ခေါင်းဆောင်ပိုင်းရဲ့ 
လျှို့ ဝှက်စိမံကိန်း အကောင်အထည်ဖော်မှုနဲ့ မြောက်ကိုရီးယားနဲ့ ဆက်သွယ်မှုကြောင့် ဗမာစစ်အစိုးရကို ပိုပြီးသံသယဖြစ်နေကြတာပါ။

အဏုမြူစွမ်းအင်က လျှပ်စစ်ဓါတ်အားထုတ်ယူဖို့ ဗိယက်နမ်၊ အင်ဒိုနီးရှား နဲ့ ထိုင်းနိုင်ငံတွေမှာ စီမံကိန်းတွေ ရှိပါတယ်။ မလေးရှားနဲ့ ဖိလစ်ပိုင်ကလည်း အဏုမြူဓါတ်အားကို
စိတ်ဝင်စားနေကြပါတယ်။ နောက် (၁၀) နှစ်လောက်ဆိုရင် အဏုမြူဓါတ်အားပေးစက်ရုံတွေ ရှိလာနိုင်ပါတယ်။ အဏုမြူစက်ရုံကနေ လက်နက်ပစ္စည်းပါ ထုတ်လုပ်နိုင်တာမို့ ကုလသမဂ္ဂ
အဏုမြူစွမ်းအား အေဂျင်စီ နဲ့ အာဆီယံ အာဏာပိုင်တို့ ပူးတွဲဆောင်ရွက်ရမယ့် အချိန်ရောက်လာပါလိမ့်မယ်။ အာဆီယံနိုင်ငံတွေမှာ အဏုမြူလက်နက်မထားဖို့ ၁၉၉၇ မှာ
စာချုပ်ချုပ်ဆိုပြီး ပိတ်ပင်ထားပါတယ်။ ဒါပေမဲ့ အဏုမြူဓါတ်အားကို ငြိမ်းချမ်းစွာအသုံးပြုနိုင်ကြောင်း စာချုပ်အပိုဒ် (၄) မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် အဏုမြူစွမ်းအား အသုံးပြုဖို့ အတိအလင်းကြိုးပမ်းတာဟာ အပြစ်မဟုတ်ဘဲ၊ မြောက်ကိုရီးယားနဲ့ လျှို့ ဝှက်အပေးအယူ လုပ်တာကသာ အပြစ်ကျူးလွန်နေသလို ဖြစ်နေပါတယ်။
http://www.voanews.com/burmese/news/news-analysis/news_analysis_01-15-2011-113624204.html

မြန်မာစစ်အစိုးရ၏ နျူးကလီးယားစီမံကိန်း နှင့် ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း- အပိုင်း (၄)

Friday, January 14, 2011

By ရော်နီညိမ်း စနေ, 15 ဇန်နဝါရီ 2011

တပ်မှူးတပ်သား ပြောစကား (၀၄၃)

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ လက်နက်ငယ်တွေမှာ ဆိုလျှင်လည်း ပြဿနာတွေက engineering အနေနဲ့ ပြောမယ်ဆိုလျှင်တော့ interchangeability မရှိတာပေါ့။ ကျနော်တို့ ဒီသေနက်လေး
တစ်လက်မှာ အစိတ်အပိုင်းပေါင်း(၁၆၃)ခု ရှိတယ်ဆိုရင်၊ ဒါစက်ရုံက ထွက်လာ တာတွေကို ကျနော်တို့ ကောက်တပ်လိုက်မယ် ဆိုရင်၊ အားလုံးဟာ သူ့နေရာနဲ့သူ အံဝင်ဂွင်ကျ
ဖြစ်သွားရမယ်။ အခုဖြစ်နေတာက အဲဒီ အစိတ် အပိုင်းပေါင်း (၁၆၃)ခုဟာ တစ်ခုနဲ့တစ်ခု အံဝင်ဂွင်ကျ မဖြစ်ဘဲနဲ့ တစ်ချို့နေရာတွေ တံစီးတိုက်ရတာတွေ ရှိတယ်။
တစ်ချို့နေရာတွေကျတော့ တူနဲ့ ရိုက်နှက်ပြီးတော့ ထည့်ရတာတွေ ရှိတယ်။ ဆိုတော့ ကျနော်တို့ ထုတ်လုပ်တဲ့လုပ်ငန်းစဉ်မှာ နှေးကွေးကြန့်ကြာတာတွေ ရှိတယ်။ ပိုက်ဆံ ပိုပြီး
ကုန်ကျတာတွေ ရှိတယ်။ ပြီးတော့ အဲဒီသေနက်တွေက ထုထောင်းရိုက်နှက်ပြီးတော့ ဒါကို သေနက်တစ်လက်အဖြစ် ပုံစံသွင်းလိုက်ရတဲ့ အခါမျိုးကျတော့ ဒီ လက်ဖြစ်သေနက် တူးမီး
လောက်တောင်မှ အဆင့်မရှိဘူးဆိုတဲ့ သဘောမျိုး တွေလည်း ရှိပါတယ်။ သေချာပါတယ် ဗျာ။ နိုင်ငံခြားသေနက်ကိုင်ထားတဲ့ သူပုန်နဲ့ ကျနော်တို့ မြန်မာ့တပ်မတော်က အမ်အေ
ကိုင်ထားတဲ့ စစ်ဗိုလ် ယှဉ်ပစ်မယ်ဆိုလျှင် ကိုယ့်စစ်ဗိုလ်က သေဖို့ သေချာနေပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ဒီလောက်တောင်ဖြစ်နေတာ ကိုယ်အသုံးပြုနေတဲ့ လက်နက်ငယ်၊ လက်နက်ကြီး၊ ဗုံးသီး၊ အမြောက်ကျည်ဆံ အဲဒါတွေကအစ ဒီလိုတွေ ဖြစ်နေပြီးတော့
တပ်တွေမှာလည်း တပ်ပြေးဆိုတာ လတိုင်းမှာ တစ်လကို ဘယ်လောက်ပဲ အပေါ်ကို စာရင်းတင်၊ များလွန်းအားကြီးလို့ စာရင်းလျှော့ ပြနေရတယ်။ ပြေးကြတဲ့ အထဲမှာ
အကြောင်းအမျိုးမျိုးနဲ့ပေါ့ နော်၊ အခု အရာရှိတွေ ဆိုတာ အများကြီးပါလာ ပြီ။ အဲဒီတော့ ဒီလောက် ဖြစ်ပျက်နေတဲ့ ကြားထဲကပဲ တပ်မတော်ကြီးဟာ အင်မတန်ကို
အင်အားခိုင်မာတောင့်တင်းပြီးတော့ တိုင်းပြည်အတွက် ကာကွယ်ရေး စွမ်းရည်အပြည့်နဲ့ ရှိနေပါတယ် ဆိုပြီးတော့၊ စစ်ကျောင်းကြီးတွေရဲ့ ဗိုလ်သင်တန်းဆင်းပွဲတွေ၊
တပ်မတော်အခမ်းအနား၊ ဟိုအခမ်း အနား ဒီအခမ်းအနားတွေမှာ တပ်မတော်ခေါင်းဆောင်တွေက ပြောဆိုပေးနေတာတွေ အပေါ်မှာ တပ်မတော်သားတွေ အနေနဲ့ ယုံကြည်မှု ရှိနိုင်
ပါ့မလား ခင်ဗျ။ အခု ဗိုလ်မှူးတို့လို ကိုယ်တိုင်ကြုံတွေ့ နေရတဲ့လူ၊ ကိုယ်ထုတ်လုပ်လိုက်တဲ့ စစ်လက်နက်ပစ္စည်းဟာ ရှေ့တန်းမှာ တိုက်ခိုက်နေရ တဲ့ တပ်မတော်သားတွေအတွက်
ဒုက္ခပဲရောက်ဖို့ ရှိနေတယ်ဆိုတာ ကိုယ့်ဘာသာလည်းသိနေတယ်။ သိသိကြီးနဲ့ပဲ အကုန်လုံးလုပ်နေကြတယ်။ ဆိုတော့ အဲဒီလို အနေအထားမျိုးနဲ့ ဘက်စုံ ကဏ္ဍစုံ၊ တတိုင်းပြည်လုံးမှာ
ဘယ်ကဏ္ဍမှ ဖွံ့ဖြိုးမှုကဏ္ဍ မကျန်အောင် လုပ်ဆောင်နေပါတယ်လို့ ဟိုတနေ့က ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြောသွားတယ်။ ကိုယ့်တပ်မတော်၊ ကိုယ့်ကဏ္ဍ၊ ကိုယ့်ကာကွယ်ရေး
ကဏ္ဍမှာတောင် အဲဒီလောက်တွေ ဖြစ်ပျက်နေတာ သူတို့ အထိတော့ ထားပါတော့၊ အဆင့်ဆင့်ကကော သိကြရဲ့လားခင်ဗျ။ သိလျှက်သားနဲ့ ဒီအတိုင်းပဲ နေနေကြတာလား။ ဒါ ကြီးကို
ရှင်းလို့မရလို့ ဒီအတိုင်းပဲ ထားလိုက်ကြ၊ ငါ့လက်ထဲမှာ မဖြစ်ရင်ပြီးတာပဲဆိုတဲ့ အနေအထားနဲ့ သွားနေတာလား ခင်ဗျ၊ ဗိုလ်မှူးရဲ့ အတွေ့ အကြုံအရ ဘယ်လိုရှိပါသလဲ၊ ဘယ်လိုမြင်ပါသလဲ
ခင်ဗျ။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ကျနော်ကတော့ ဒီ တပ်မတော်ကို အုပ်ချုပ်နေတဲ့လူတွေ တပ်မတော်တင်မက နိုင်ငံတော်ပါ အုပ်ချုပ်နေတဲ့ လူ တွေက စေတနာမမှန်ဘူးလို့ပဲ မြင်ပါတယ်။
စစ်လက်နက်ပစ္စည်းတွေကို ထုတ်လုပ်ရာမှာတင်မက လမ်းတံတားတွေဖောက်တဲ့နေရာမှာ ဆိုရင် လည်း သူက ဖောက်တယ်သာပြောတယ်လေ၊ တံတားတစ်စင်းက
ဘယ်လောက်ကြာကြာ ခံမလဲဆိုတာ သူတို့မှ ထည့်မပြောတာ။ ပြီးတော့ ဒီ တံတားတစ်စင်း ဖောက်လိုက်လို့ သူတို့အိတ်ထဲကို လာဘ်လာဘတွေဘယ်လောက်ဝင်သွားမလဲဆိုတာ
လူတိုင်းက အကုန်သိနေတာပဲ။ သူတို့ လုပ်နေတဲ့ ကိစ္စတွေကိုတော့ အယုံအကြည်မရှိပါဘူး။ အကုန်လုံးက ကြောက်လို့သာ ငြိမ်နေကြတာပါ။ သူတို့ရဲ့ လုပ်ပုံကိုင်ပုံတွေကို အယုံအ
ကြည်မရှိတာ အထူးသဖြင့် ကျနော်တို့ စစ်တပ်ထဲမှာ နေကြတဲ့လူတွေက ကျနော်တို့ စစ်သားစကားပေါ့ဗျာ၊ ခပ်ရိုင်းရိုင်းပဲ ပြောကြပါတယ်။ “လုပ် တော့ လက်တန်း၊ တိုင်းတော့ မျက်မှန်း ၊
ပြောတော့ေ_ာက်သရမ်း” ဆိုတာ ဒီလူကြီးတွေ လုပ်နေတဲ့ ဥစ္စာကို ကျနော်တို့ စစ်သားတွေ ပြောနေ ကျ စကားပါပဲ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ခင်ဗျ၊ အခု မကြာသေးခင်က ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေ ကြည့်မယ်ဆိုရင်၊ ဝေါလေတိုက်ပွဲ။ ဝေါလေတိုက်ပွဲကို အခု အမေရိကန်တပ်မတော်က ပြန်သုံးသပ်ထားတာ၊
သူတို့ကတော့ အပေါ်ကနေပြီးတော့ လေကြောင်း aerial photo (ကောင်းကင်ဓါတ်ပုံ) တွေ ဘာတွေနဲ့ ကြည့်ပြီး၊ သူတို့ပြောတာက သူတို့ ထင်တောင် မထင်ဘူး။ ဒီ ဝေါလေကို
မြန်မာစစ်တပ်ကနေပြီးတော့ ခံစစ်စည်းချတာ တကယ့် အခြေခံလုပ်ရမယ့် ဟာတောင်မှ အခြေခံအတိုင်းမသွားဘူး။ chopper (ရဟတ်ယာဉ်) ထားရမယ့်နေရာနဲ့ command center
(အမိန့်ပေးနေ ရာ) နဲ့ နေရာလွဲတာတို့ ဘာတို့/ အဲဒါကြောင့်မို့ အခု ဒီ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တက်သိမ်းတဲ့အခါမှာ အလွယ်တကူနဲ့ သူတို့ ကျ သွားတယ်။
တပ်စခန်းတစ်ခုကို ဘယ်လိုကာကွယ်ရမလဲ ဆိုတဲ့ ဟာမျိုးတောင်မှ နော်၊ သူတို့ မလုပ်နိုင်တော့ဘူးဆိုတော့ အခု အဖက်ဖက်က နေ ဒီလိုမျိုး ချွတ်ချုံကျနေတာ လက်နက်ခဲယမ်းပိုင်းကော၊
စိတ်ဓါတ်ရေးရာ အရကော၊ အရာရှိတွေကော စစ်သည်တွေကော တပ်ပြေးတွေ ဒီ လောက်များတာကော၊ တိုက်ပွဲတစ်ပွဲကို နိုင်အောင် မတိုက်နိုင်တော့ဘူး။ ဆိုတော့ အဲဒါမျိုးတွေ
ဖြစ်လာတဲ့ဟာ တကယ်တမ်း ပြည်ပရန်နဲ့ ကြုံ ရင် ဒီတပ်မတော်က ဒီတိုင်းပြည်ကို ကာကွယ်နိုင်ပါဦးမလား။ ဗိုလ်မှူးရဲ့ အတွေ့အကြုံအရ ဘယ်လိုမြင်လဲ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ အစောက ပြောတဲ့ ဝေါလေ တိုက်ပွဲမှာ chopper တွေကို ဒီ ဗျူဟာကုန်းရဲ့ အနောက်မှာ ထားတယ်ဆိုတာက ဗျူဟာမှူး အနေနဲ့ ပူပန်မှုတွေ ရှိပါတယ်။
နိုင်ငံတကာကနေပြီးတော့ သုံးသပ်မယ်ဆိုရင်၊ မြန်မာ့တပ်မတော်ကအရာရှိတွေကို အင်မတန် ထူးဆန်း တယ်လို့ပဲ သုံးသပ်ကြမှာပဲ၊ ဘာလို့လဲဆိုတော့ မြန်မာ့တပ်မတော်က အရာရှိတွေက
စက်ယန္တရားတွေကို လူထက်ပိုပြီးတန်ဘိုးထားကြပါတယ်။ ဒီ chopper တွေကို အနောက်မှာ ထားရတယ်ဆိုတာကလည်း မတော်တဆ ပျက်စီးသွားမှာစိုးလို့ ရဲဘော်တွေကို အရှေ့မှာခံပြီး
chopper တွေကို အနောက်မှာ ထားရတာ ဖြစ်ပါတယ်။ ဒီ ရဟတ်ယဉ် တစ်စီး ပျက်ကျသွားမယ်ဆိုလျှင် အဲဒီ ဗျူဟာမှူးက စံ/ခံ
ု (စုံစမ်းစစ်ဆေးရေးခုံရုံး) တက်ရမှာ ဖြစ်ပါတယ်။ အဲဒီ
ပြဿနာလေးတွေရှိပါတယ်။ ကျနော်တို့ တပ်မတော်မှာ။

ဦးရော်နီညိမ်း။ ။ ဒါဆိုလို့ရှိရင် ဒါ သေနင်္ဂဗျူဟာအခြေခံအရ တောင်ကုန်းတစ်ကုန်းကို ခံစစ်စည်း (၃)စည်း လုပ်တဲ့နေရာမှာ၊ အလယ် ဒုတိယစည်းမှာ ဒီ chopper တွေက ထားရမယ်၊
command က နောက်ဆုံးစည်းမှာ ထားရမယ်ဆိုတာ လူတိုင်းသိပြီးသားပဲ၊ တပ်မှာပေါ့နော်။ ဒါပေမယ့် သူတို့ က chopper တွေကို နောက်ပို့ရတဲ့ အကြောင်းအရင်းက chopper တွေများ
တစ်ခုခု ထိခိုက်ပျက်စီးခဲ့မယ် ဆိုရင် စစ်ခုံရုံး တက်ရမှာစိုးလို့ ဆိုတဲ့ အပေါ်မှာ ဖြစ်ရတယ်လို့ ဗိုလ်မှူးက အခုပြောပြတယ်။ အဲဒီတော့ ဒီလိုမျိုး လွဲချော်နေတဲ့ဟာက ခုနက ဗိုလ်မှူးပြောသလို
ပစ္စည်းက လူထက်ပိုပြီး တန်ဘိုးရှိနေလို့ ဒါကို ကာကွယ်ရတာ ဖြစ်တယ်ဆိုတော့ စစ်သဘောတရားအရ အမှားကြီးကို သူတို့ လုပ်တဲ့ဟာက အခု ဒီမှာ အပေါ်က aerial photo နဲ့
ကြည့်တဲ့လူတောင်မှ သိနေတဲ့ ကိစ္စ။ ဆိုတော့ အဲဒါတွေက အထက်ကို ပြန်တင်ပြ လို့မရဘူးလား၊ ဒီ တိုက်ပွဲဟာ ကိုယ်က မကျဖို့ အရေးကြီး တာပေါ့။ အခုတော့ ဒီ chopper တွေကတော့
လွတ်ထွက်သွားပါရဲ့၊ ခုနက ပြောသလို နောက်ဆုံး မှာထားလို့၊ ဒါပေမယ့် ဒီတောင်ကုန်းကတော့ ကျသွားတယ်။ ဆိုတဲ့ဟာက၊ နောက် အများကြီးလည်း ကိုယ့်ဘက်က သေတာပေါ့။
ဒါမျိုးကို ပြန်ပြီးတော့ တင်ပြလို့ မရဘူးလား။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ မရနိုင်ပါဘူး ခင်ဗျာ၊ ဒါကတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အဲဒီ ရှေ့တန်းအပို့ခံရတဲ့ ဗျူဟာမှူး ဆိုတာလည်း အမြင်ကပ်လို့ အပို့ခံရတဲ့ ဗျူဟာမှူးတွေပဲ ဖြစ်ပါတယ်။
သူတို့မှာ ရှေ့တိုးလည်း "ထမ်းပိုး နောက်ဆုတ်လည်း လှည်းတုတ"် ဆိုတဲ့ အဖြစ်မျိုးပါ။ သူတို့ ဖြစ်နေတဲ့ ပြဿနာကလည်း များသောအားဖြင့် အလုပ်သင်က ဖြစ်တဲ့
(အလုပ်သင်ဗိုလ်သင်တန်းကျောင်းဆင်း) ဗျူဟာမှူးတွေကိုပဲ အဲဒီ လိုမျိုး အနှိမ်ခံ ဗျူဟာမှူးတွေကိုပဲ ရေ့တန်းကို ပို့တာရှိတယ်။ DSA ဆင်းဆိုရင်လည်း တော်တော်ကြီးကို သူတို့
မျက်မုန်းကျိုးတဲ့ လူတွေကိုပဲ ပို့တာရှိတယ်။ အဲဒီတော့ ခုန ဗျူဟာမှူးက လက်တွေ့ အကျဆုံး အလုပ်ကို သူလုပ်သွားတာ ပါပဲ။ လူတွေ အသေခံပြီးတော့ ရဟတ်ယာဉ်တွေကို
ကာကွယ်သွားရတဲ့ အနေအထားမျိုးဖြစ်ပါတယ်။ ပြီးတော့ အဲဒီ ဗျူဟာမှူးက ပြီးရင် စစ်ခုံရုံးတက်ရမှာပါပဲ၊ ဘယ်လိုပဲ ဖြစ်ဖြစ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ DSTA ပေါ့နော်၊ "တပ်မတော်နည်းပညာတက္ကသိုလ"် ဆိုတာက ပြောမယ်ဆို စစ်အင်ဂျင်နီယာတက္ကသိုလ်ပေါ့၊ စစ်အင်ဂျင်နီယာဆိုတာ ဟိုခေတ်က B.Sc
Engineering နောက် R.I.T ဆင်း၊ အဲဒါကို O.T.S တက်ပြီးတော့မှ ရွေးပြီးခေါ်တယ်။ အခု အဲဒါ ကို မဟုတ်ဘူး (၁၆)နှစ် (၁၇)နှစ်သားကတည်းက လူငယ်ဘ၀ကတည်းက စစ်ထဲဝင်လာတဲ့
ကိုယ်ယုံကြည်စိတ်ချရတဲ့ လူမျိုးကိုမှ DSA ပုံစံမျိုး နဲ့ ရွေးထုတ်ပြီးမှ မွေးမြူမယ်ဆိုတဲ့ ဟာမျိုးနဲ့ သူတို့လုပ်လာတာ။ DSTA ကော DSMA လည်းရှိသေးတယ်။ "တပ်မတော်ဆေးတက္ကသိုလ"် ၊
ဆိုတော့ အဲဒီလိုမျိုး သူတို့ ယုံကြည်ပါတယ် ဆိုပြီးတော့ ငယ်ငယ်လေးကတည်းက မွေးပြီးတော့မှ ထောင်လာတဲ့ တက္ကသိုလ်ကထွက်တဲ့ ဗိုလ် မှူးဆိုရင် ဒါ DSTA အပတ်စဉ် (၁)က
ထွက်တာ၊ အဲဒီတော့ အဲလို ဗိုလ်မှူးတောင်မှ ဒီလိုမျိုး သူတို့ လုပ်နေတဲ့အပေါ်မှာ ကိုယ်သဘော မတွေ့တဲ့ ကိစ္စဖြစ်လာတော့ အဲဒီ DSTA ကို တက်ဖြစ်တဲ့ အကြောင်းနဲ့ နောက် ရုရှ
သွားပြီးတော့ ပညာသင်ရတဲ့ အကြောင်းကို ချုံငုံပြီး ပြောပေးပါခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ DSTA ကို join တာကတော့ စစ်ထဲဝင်လိုက်တယ် ဆိုတာထက် ကိုယ်က တက္ကသိုလ်တစ်ခုကို တက်လိုက်တဲ့ သဘောပဲ ရှိပါတယ်။ ဒါပေမယ့်
စစ်သားစိတ်ပေါက်သွားတယ် ဆိုတာကတော့ ကျနော်တို့ စစ်သင်တန်း တက်ပြီးတဲ့အချိန်မှာ သူငယ်ချင်းတွေနဲ့ အတူတူသွားတယ်။ အတူတူစားတယ်။ အဲဒီလို နေလာတဲ့ အခါကျမှသာ
ကျနော်တို့က စစ်သားစိတ်ဆိုတာ ဖြစ်လာပါတယ်။ စစ်သားစိတ်ဖြစ် လာတဲ့ အခါမှာလည်း ကျနော်တို့က ဒါ တိုင်းပြည်ကို ကာကွယ်ဖို့၊ ပြည်ထောင်စုသား အားလုံးကို ကာကွယ်ဖို့
ကျနော်တို့ တိုင်းပြည်ထဲမှာ ရှိနေ တဲ့ ပြည်ထောင်စုသားဆိုရင် ကျနော်တို့ ကာကွယ်ရမယ်။ ဒါပေမယ့် နောက်ပိုင်း ကိုယ့်ရဲ့ခံယူချက်တွေ ကိုယ့်ရဲ့ယုံကြည်ချက်တွေက အလွဲသုံး စား
လုပ်ခံရတယ်ဆိုတာကတော့ မြင်လာတယ်ဗျ။ ကျနော့်အနေနဲ့ ပိုပြီးတော့ သိသာမြင်သာတာကတော့ ဒီ "လူကြီး" တွေရဲ့ လုပ်ပုံကိုင်ပုံဟာ စေတနာမမှန်တာကို ကျနော်တို့က သိတော့
သိလာတယ်။ ဒါပေမယ့် အဲဒီ အချိန်မှာ ယူနီဖောင်း တစ်ရောင်တည်း ၀တ်ထားတဲ့လူအနေနဲ့ ၊ ပြီးတော့ ကိုယ်အလေးပြုနေတဲ့ လူအနေနဲ့ ကျနော်တို့ဟာ ဘာမှ ပြန်ပြီး ဝေဖန်ဖို့အတွက်
စိတ်ကူးမရှိခဲ့ဘူးပေါ့ ဗျာ။ ရဲရဲမတွေးရဲဘူးပေါ့၊ အဲဒီ အချိန်မှာ နောက်ပိုင်းမှာ ရုရှကို ပညာတော်သင် သွားရတယ်။ အဲဒီမှာ ကျနော်တို့ ပိုပြီးတော့ လွတ်လပ်ပွင့်လင်းသွားတယ်။ ပထမဦးဆုံး
အင် တာနက်ကို စသုံးလာရတယ်။ အဲဒီမှာ ကျနော်တို့ ပိုပြီးတော့ တခြားစာပေတွေ လေ့လာခဲ့တာရှိတယ်။ တခြား မိတ်ဆွေ အပေါင်းအသင်း တွေ့ ကြုံလာတာရှိတယ်။ အဲဒါပြောဆို
ဆွေးနွေးရင်းနဲ့ကမှ ပိုပြီးတော့ မျက်စိပိုပွင့် လာပြီးတော့မှ၊ နောက်ဆုံး တိုင်းပြည်အတွက် အကျိုးရှိမယ်ထင်တဲ့ အလုပ်တစ်ခုကို ကျနော် လုပ်ခဲ့တာပါ။

ဦးရော်နီညိမ်း။ ။ ဗိုလ်မှူးကို ဗိုလ်မှူးမဖြစ်သေးဘဲနဲ့ ပြောတယ် ဘာညာ သူတို့ သတင်းစာတွေက ရေးတယ်။ ကျနော်တို့ သိထားသ လောက်ကတော့ officiating (တစ်နှစ် အစမ်းခန်)့
ဗိုလ်မှူး ဆိုရင၊ ဒါ အပွင့်မတင်သေးခင် စပ်ကြားမှာ လူတိုင်းက ဗိုလ်မှူးလို့ပဲ ခေါ်ရတယ်။ အဲဒီအခါကျတော့ ကျနော်တို့က ဗိုလ်မှူးပဲ ခေါ်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တောင်မှ ဒီမှာ
အသက် (၈၀) နားနီးနေပြီ။ တပ်မတော် အက်ဥပဒေနဲ့ ဆိုရင် ကျနော်တို့ ကြားဖူးတာ ပုဒ်မ (၆၅) " စစ်စည်းကမ်းကျနမှု"ကို ဖောက်ဖျက်ပြီး ကိုယ်ကတော့ အငြိမ်းစား မယူဘဲနဲ့ သူများ ကို
အသက်(၆၀) မှာ အငြိမ်းစားယူခိုင်းပြီး သူတို့လုပ်နေတယ်။ ဗိုလ်မှူးကofficiating မစေ့ခင်မှာ ထွက်လာတဲ့ဟာကို သူတို့က ဘာပဲပြောပြော ကျနော်တို့ကတော့ ဗိုလ်မှူးကို ဗိုလ်မှူးလို့ပဲ
မြင်ပါတယ်။ နောက်တခါကျတော့ ဗိုလ်မှူးက ဒီအတိုင်းပဲနေသွား&င်လည်းပဲ officiating ပြည့်ပြီး ဗိုလ်မှူးဖြစ်၊ နောက် မကြာခင်မှာပဲ ဒုဗိုလ်မှူးကြီးပေါ့ နော်၊ ဒုဗိုလ်မှူးကြီးဆိုတာ ပထမတန်း
First Grade ထဲက ဒါ တံခါးဝပဲ။ အဲဒီတော့ ဒီတံခါးဝ ကို ဗိုလ်မှူးက ရောက်ခါနီးနေတဲ့အချိန်မှာတောင်မှ၊ ဒီ ကိစ္စကို ငါရအောင်လုပ်မှ ဖြစ်မယ်ဆိုတဲ့ဟာမျိုး
ဘယ်အကြောင်းအရာကစေ့ဆော်ပြီး ဘယ် လိုဖြစ်သလဲဆိုတာ ကျနော်တို့ကို ပြောပြပေးပါ ခင်ဗျ။

(မှတ်ချက်။ ။ မြန်မာ့တပ်မတော်တွင် အရာရှိများအား ဒု-ဗိုလ် မှ ဗိုလ်ကြီး အထိ First Grade အရာရှိ၊ ဗိုလ်မှူး အား Second Grade အရာရှိ၊ ဒု-ဗိုလ်မှူးကြီးနှင့်အထက် အရာရှိကြီးများအား
First Grade အရာရှိဟု ခွဲခြားသတ်မှတ်ထားသည်။)

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ မြန်မာပြည်ကို ဘယ်သူမှလည်း လာပြီး ကျူးကျော်စရာ မရှိဘူး။ သူတို့က တစ်ချိန်လုံး ဒါ ပြည်ပ ကျူးကျော်စစ် ကို ကာကွယ်ဖို့ဆိုတဲ့ ရည်မှန်းချက်ကြီးနဲ့ပဲ
တောက်လျှောက်လုပ်နေပါတယ်။ အဲဒီမှာ ကျန်တဲ့ ကဏ္ဍတွေ အားလုံးက ယုတ်လျော့သွားတယ်။ "တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်" ဆိုတဲ့ဟာကို ကျနော်က
လက်မခံပါဘူး။ ကျနော်က "တိုင်းပြည် အင်အားရှိမှ တပ်မတော် အင်အားရှိမည်" ဆိုတာကိုပဲ လက်ခံပါတယ်။ အဲဒါကြောင့်မို့ တိုင်းပြည် အင်အားယုတ်လျော့စေတဲ့ ဒီ ကိစ္စကို ကျနော်
လုံးဝ လက်မခံတာပါ။ ဒီ နျူးကလီးယား စီမံကိန်းဆိုတာ ကျနော်တို့ မြန်မာပြည်အတွက် လုံးဝ မလိုအပ်တဲ့ ကိစ္စပါ။ မလိုအပ်တဲ့ ကိစ္စဆိုတာ သူတို့ရဲ့ paranoid ပေါ့ ကိုယ့်ကိုယ်ကို
ကြောက်နေတာ၊ တစ်တီတူး ခြေထောက်မိုးပေါ်ထောင်ပြီး အိပ်သလိုမျိုး ဖြစ်နေပါတယ်။ ဆိုလိုတဲ့ သဘောက ဒီ ဥစ္စာကြီးက ပြည်သူ့ ဘဏ္ဍာငွေတွေ ဖြုန်းတီးနေယုံတင်မကဘဲ ကျနော်တို့
လူငယ်တွေရဲ့ ဘ၀တွေကိုပါ ဖြုန်းတီးပစ်နေတယ်။ လူအရင်းအမြစ်၊ ပစ္စည်းအရင်း အမြစ် မရှိဘဲနဲ့ technology အရင်းအမြစ် မရှိဘဲနဲ့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စကို နိုင်ငံတကာနဲ့လည်း
ပွင့်ပွင့်လင်းလင်း ဆက်ဆံပြီးတော့ လုပ်တာလည်း မရှိဘူး။ ကျနော် ဒီကိစ္စကို ဖော်ထုတ်ရတဲ့ အကြောင်းအရင်း အဓိက ကတော့ ဒီ မအောင်မြင်နိုင်တဲ့ အဓိပ္ပါယ် မရှိတဲ့ "ရူးနှမ်းနှမ်း
စီမံကိန်းကြီး"ကို ကျနော်က ဖျက်ချင်တာ၊ ဒီစီမံကိန်းကြီးကို ကျနော်က ရပ်တန်းက ရပ်စေချင်တဲ့ သဘောနဲ့ လုပ်တာပါ။ တပ်မတော်သားတွေ အနေနဲ့ သစ္စာစောင့်သိခြင်းမှာ
အတွေးအခေါ်နဲ့ ယှဉ်ပြီး သစ္စာစောင့်သိတာက ပိုပြီးတော့ ကောင်းမယ်လို့ ကျနော်ထင်ပါတယ်။ တပ်မတော်သား တွေဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ခါးပုံစ ကိုဆွဲပြီးတော့
သစ္စာဆိုလာကြတာ မဟုတ်ပါဘူး။ နိုင်ငံတော်အလံကို ကိုင်ပြီးတော့ သစ္စာဆိုလာကြ တာပါ။

ဦးရော်နီညိမ်း။ ။ မြန်မာစစ်အစိုးရဟာ နျူကလီးယားလက်နက်တွေ လျှို့ဝှက်ထုတ်လုပ်ဖို့ စီမံကိန်းတွေရှိနေတယ်ဆိုတဲ့ အထောက်အ ထား တစ်ချို့ကို ယူဆောင်ပြီး ပြည်ပကို
ထွက်ခွါလာသူ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းရဲ့ ပြောစကား စတုတ္ထပိုင်း၊ နောက်ဆုံးပိုင်းကို တင်ဆက် ပေးခဲ့တာဖြစ်ပါတယ် ခင်ဗျာ။ ကျနော် ရော်နီညိမ်းပါ။
http://www.voanews.com/burmese/news/soldier-talk/01_15_11_soldiers_talk043-113656114.html
http://www.voanews.com

လွှတ်တော်ဥပဒေနှင့် နည်းဥပဒေများ အပါအ၀င်စာအုပ်ကို လုံထိန်းစောင့်ကြပ်ပြီး ရောင်းချ


မိုးမခ အထောက်တော်၊ ရန်ကုန်
ဇန်န၀ါရီ ၁၄၊ ၂၀၁၁
လွှတ်တော်ဥပဒေ၊ နည်းဥပဒေများ အပါအ၀င် အခြားသော ဥပဒေများပါဝင်သည့် စာအုပ် ၁၇ အုပ်တွဲ ရောင်းချပေးရာတွင် အရေအတွက်နည်းပါးလွန်းသဖြင့် ယမန်နေ့အထိ
အလုအယက်ဝယ်ယူခဲ့ကြရာမှ ယနေ့တွင် တဦးတစုံ နှုန်းရောင်းချပေးပြီး လုံထိန်းရဲများ၏ အကူအညီကိုယူပြီး တန်းစီဝယ်ယူရန် ထိန်းခဲ့သည်ကိုတွေ့ရသည်။
ယမန်နေ့က ရန်ကုန်မြို့ ကုန်သည်လမ်း စာပေဗိမာန် စာအုပ်အရောင်းဆိုင်တွင် အလုအယက်တိုးဝှေ့ဝယ်ယူပြီး စာအုပ်မှန်ဘီဒိုကွဲခဲ့ပြီး ၀ယ်ယူသူအချို့ ထိခိုက်ဒဏ်ရာရခဲ့သည်။
ထို့သို့ဖြစ်ပျက်ပြီးနောက် နောက်တနေ့တွင် စာအုပ်အရေအတွက် ပိုမိုရောင်းချပေးလာပြီး တန်းစီဝယ်ယူရန်နှင့် ထိန်းကွပ်ခဲ့သည်ကို လည်းတွေ့ရှိရသည်။ သိမ်ဖြူလမ်းရှိ
သတင်းနှင့်စာနယ်ဇင်း ဋ္ဌာန၏ အရောင်းဆိုင်တွင် ဆူးကြိုးအကာအရံများ နှင့် လုံထိန်းရဲများပါ စောင့်ကြပ်စေကာ စာအုပ်ရောင်းချပေးခဲ့သည်ဟု သွားရောက်ဝယ်ယူခဲ့သူ တဦး၏
ပြောဆိုချက်အရ သိရှိရသည်။
ပြည်သူ့လွှတ်တော် ၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်တို့၏ ဥပဒေ၊ နည်းဥပဒေများ ပါဝင်သည့် စာအုပ်ကို လွန်ခဲ့သည့် အင်္ဂါနေ့မှ စတင်ရောင်းချခဲ့ရာတွင်
ဝယ်ယူလိုသည့် အရေအတွက်ထက်နည်းပါး လွန်းသဖြင့် တိုးဝှေ့ဝယ်ယူကြသည့် အဖြစ်သို့ ရောက်ခဲ့ခြင်းဖြစ်သည်။
အချို့သော လွှတ်တော် ကိုယ်စားလှယ်များပင် စာအုပ်ဝယ်ယူမရသေးသည့် အဖြစ်များလည်း ရှိသည်ဟု ပါတီကိုယ်စားလှယ်အချို့၏ ပြောဆိုချက်အရသိရှိရသည်။

စစ်မှုမထမ်းမနေရ ဥပဒေ၊ နိုင်ငံရေးအကျဉ်းသား စောင့်ရှောက်ရေး ကွန်ယက် နဲ့ …


ဦးဝင်းတင်နဲ့ မေးခွန်းများ၊ မိုးမခ
ဇန်န၀ါရီ ၁၃၊ ၂၀၁၁

မြန်မာစစ်အုပ်စုရဲ့ စစ်မှုမထမ်း မနေရ ဥပဒေကို နိုဝင်ဘာ ၄ ရက်မှာ ပြဋ္ဌာန်းခဲ့ပြီး ဖြစ်တယ်။ ဒါကို ရွေးကောက်ပွဲ ကျင်းပပြီးနောက်ပိုင်း အခု ၂၀၁၁ နှစ်သစ်မှာ အများပြည်သူတွေက သိရှိခွင့်
ရကြတယ်။ ဒါနဲ့ ပတ်သက်ပြီး ပြည်တွင်း ပြည်ပမှာ ပြောဆိုမှု၊ ဝေဖန်ဆွေးနွေးမှုတွေ အများအပြား ဖြစ်နေတယ်။ ဒါကိုရော ဆရာက ဘယ်လိုပြောချင်ပါသလဲ။

စစ်မှုမထမ်းမနေရဥပဒေကို ပြဋ္ဌာန်းတာနဲ့ ပတ်သက်ပြီး အများကြီး ပြောဆိုနေကြတယ်။ ဒီလိုဥပဒေမျိုး ပြဋ္ဌာန်းရတယ် ဆိုတာက နိုင်ငံတနိုင်ငံမှာ ကာကွယ်ဖို့ အင်အားမရှိတဲ့ အချိန်မှာ
လုပ်တယ်။ နောက်တခုကတော့ နိုင်ငံမှာ စစ်အင်အားကို အမြဲတမ်း အပြည့်မထားချင်တဲ့အခါမှာ အရေးပေါ် စစ်မှုထမ်း ဆင့်ခေါ်နိုင်အောင် လုပ်တာမျိုး ရှိတယ်။ အခုအချိန်မှာ
မြန်မာပြည်မှာ နိုင်ငံခြားက အန္တရာယ်တွေ ကျရောက်နိုင်ဖို့ ရှိသလား ဆိုရင် မရှိဘူးလို့ ပြောရမှာပဲ။ အိမ်နီးချင်း နိုင်ငံတွေက စစ်လက်နက် အင်အားတွေနဲ့ ကျူးကျော်လာနေတာတွေလည်း
မတွေ့ရဘူး။ ဥပမာ အိမ်နီးချင်း တရုတ်လို နိုင်ငံမျိုးက ဆိုရင် စစ်သားတွေ၊ လက်နက်တွေနဲ့ ၀င်လာမယ့်အစား ပေါက်တူးတွေ၊ ပေါက်ပြားတွေ၊ ဂေါ်ပြားတွေနဲ့ ဂက်စ်တွေ၊ သယံဇာတတွေ
တူးဖော် သယ်ဆောင်ဖို့ ၀င်လာနေတာပဲ တွေ့နေရတယ်လို့ ပြောရမှာပဲ။ အိန္ဒိယတို့ ထိုင်းတို့ကလည်း အလားတူပဲ။ ဘာမှ စစ်ရေး အန္တရယ် မရှိဘူး။
တိုင်းပြည်မှာ ပြည်ပက အန္တရာယ် မရှိဘူးဆိုရင် ပြည်တွင်းက အန္တရာယ်ကို စိုးရိမ်ရအောင်ကလည်း စစ်အာဏာရှင်တွေဘက်က ကြောက်ရ စိုးရိမ်ရမယ့် အင်အားဟာ တိုင်းသူ
ပြည်သားတွေပဲ ရှိတယ်။ ပြည်သူတွေကို ဖိနှိပ်ဖို့ နှိမ်နှင်းဖို့ စစ်အာဏာရှင်တွေက စစ်မှုထမ်းဥပဒေပြဋ္ဌာန်းရတယ်ဆိုရင်လည်း ဒါဟာ မလိုအပ်ဘူး လို့ ပြောချင်တယ်။
တကယ်တမ်း စစ်မှုမထမ်းမနေရ လုပ်ခဲ့မယ် ဆိုရင်လည်း စစ်အာဏာရှင်တွေဖက်က ဖြေရှင်းရမယ့် ကိစ္စတွေကလည်း အများကြီး ရှိတယ်။ ဥပမာအားဖြင့် စစ်မှုထမ်းဟောင်းတွေကို
ဘယ်လိုမျိုး အပြင်လောကမှာ ဘယ်လို အသက်မွေးဝမ်းကြောင်းအလုပ်တွေနဲ့ အဆင်ပြေအောင် ဘယ်လို စီစဉ်ပေးမှာလဲ၊ ပြင်ဆင်ပေးမှာလဲ။
နောက်တခုကတော့ အခုအချိန်ကတည်းက ကလေးစစ်သားပြသနာတွေ၊ အဓမ္မလုပ်အားပေးခိုင်းတာတွေနဲ့ စစ်အာဏာရှင်တွေကို နိုင်ငံတကာက
ဝေဖန်ထောက်ပြနေရတာတွေ၊ အရေးယူပြောဆိုနေရတာတွေ အများကြီး ရှိနေတယ်။ အိုင်အယ်လ်အိုလိုမျိုး အဖွဲ့အစည်းမှာ တိုင်ကြားထားတဲ့ အမှုအခင်းတွေ အများကြီး ရှိနေတယ်။
ဒါတွေကို ဘယ်လို သူတို့ ရင်ဆိုင်မှာလဲ။
ကျနော်က စစ်ရေးတွေ ဘာတွေ နားလည်လို့ ပြောတာမဟုတ်ပါဘူး။ အခုလိုမျိုး ပြဋ္ဌာန်းလိုက်တာကို နိုင်ငံရေးရှုထောင့်ကနေပြီး ဆွေးနွေးပြတာပါ။

နောက်မေးခွန်းတခုကတော့ အခု ဇန်န၀ါရီလဆန်းမှာ စတင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဦးဆောင်လို့ ဆောင်ရွက်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုတွေကို


မိသားစုတဦးကဲ့သို့ စောင့်ရှောက် ကူညီတဲ့ နိုင်ငံရေးအကျဉ်းသားစောင့်ရှောက်ရေး ကွန်ယက် စတင်နေပြီ ဖြစ်ပါတယ်။ အဲသည်ကွန်ယက်မှာ လူကိုယ်တိုင် မိသားစုတဦးလို၊
မိတ်ဆွေတဦးလို ကိုယ်ထိလက်ရောက် ကူညီကြဖို့ မဲနှိုက်ကြတာတွေ ရှိသလို အဝေးကနေပြီးတော့ ဘယ်လိုမျိုး ကူညီ စောင့်ရှောက်မှုတွေ ပေးနိုင်ကြမှာလဲလို့ မေးနေကြတာတွေ
ရှိပါတယ်။ နယ်က အကျဉ်းသားတွေကို စောင့်ရှောက်နိုင်ဖို့၊ ရန်ကုန်က အကျဉ်းသားတွေကို နယ်က ကူညီအားပေးနိုင်ဖို့၊ ပြည်တွင်းက အကျဉ်းသားတွေကို ပြည်ပက
မြန်မာမိသားစုတွေက အားပေးကူညီ ထောက်ခံကြောင်း ပြသနိုင်ဖို့ ဘယ်လို ဆောင်ရွက်နိုင်မလဲ ဆိုတာမျိုးတွေ မေးလာကြပါတယ်။ ဒါကို ဘယ်လို ပြောမလဲ။
ဟုတ်ကဲ့ပါ။ ခုချိန်မှာ လူငယ်ကွန်ယက်၊ သတင်းဂျာနယ်လစ်ကွန်ယက်၊ ဥပဒေပညာရှင်များ ကွန်ယက် စတာတွေကို ပြောဆိုဆွေးနွေး အကောင်အထည် ဖော်နေကြတယ်။
ဖော်ကြတယ် ဆိုရာမှာလည်း အချင်းချင်း ချိတ်ဆက်ပြီး ထိစပ်ပြီး လက်တွဲ လုပ်ကြတဲ့ သဘောပါပဲ။ ဒေါင်လိုက် အပေါ်အောက် လှုပ်ရှားတာမဟုတ်ဘူး။ အလျားလိုက် လှုပ်ရှားကြတာ
ဖြစ်တယ်။ လူတိုင်း လုပ်နိုင်ကြတယ် ဆိုတာကို သိစေချင်တယ်။
သည်လိုပဲ အခု ကျနော်တို့မှာ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီဖို့ ကွန်ယက်ကို စတင်တယ်။ အင်န်အယ်ဒီမှာ စာရင်းရှိထားတဲ့ လူ ၆၀၀ က စပြီးတော့ ကျနော်တို့ ကွန်ယက်ကို
စတင်တယ်။ နိုင်ငံရေးအကျဉ်းသားဆိုတာမှာလည်း ပါတီဝင်တွေမှ မဟုတ်ဘူး၊ ၈၈ မျိုးဆက်တွေ ရှိတယ်။ ရဟန်း သံဃာတော်တွေ သီလရှင်တွေ ရှိတယ်။ နိုင်ငံရေးလှုပ်ရှားလို့ အားပေးလို့
ဖမ်းဆီး ခံထားရသူတွေ ရှိတယ်။ ဖမ်းချူပ်ပြီး အဖိနှိပ်ခံထားရတဲ့ စာနယ်ဇင်းသမားတွေ အနုပညာရှင်တွေလည်း အားလုံး အကျူးံဝင်ပါတယ်။ ကျနော်တို့ကိုလည်း လာပြီး
အကြောင်းကြားကြပါ။ ကျနော်တို့ အစွမ်းကုန် ကူညီ အားပေးနိုင်အောင်လို့ ကြိုးစားပါ့မယ်။
ကျနော်တို့က ကူညီစောင့်ရှောက်တယ် ဆိုတဲ့နေရာမှာ ကျနော်တို့ ပါတီက ရှိနေတဲ့ ပြည်နယ်နဲ့ တိုင်းအလိုက် ဖွဲ့စည်းထားတဲ့ ပါတီဌာနတွေကတဆင့် အကျဉ်းထောင်တွေထဲက
နိုင်ငံရေးအကျဉ်းသားတွေကို သွားရောက်ကူညီဖို့ လုပ်ကိုင်နေတာ ဖြစ်တယ်။ သူတို့တတွေကို ကျနော်တို့က အဆင့်ဆင့် ပူးပေါင်းပြီး အလုပ်လုပ်နေတာ ဖြစ်တယ်။ သည်တော့ နယ်က
အဝေးက သူတွေကို ကျနော်တို့က လက်ဆင့်ကမ်း ကူညီစောင့်ရှောက်မှုတွေ ပေးနေပါတယ်။
ဒါဟာ ကျနော်တို့ရဲ့ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်တဲ့ ကွန်ယက်ဖြစ်ပါတယ်။ ကျနော်တို့က ကိုယ်တိုင်ကိုယ်ကျ မိသားစုလို၊ မိတ်ဆွေတွေလို ကိုယ်ထိလက်ရောက်
ကူညီတာမျိုးကို ဖြစ်ပေါ်အောင် မဲနှိုက်ပေးတာ ဖြစ်တယ်။ သို့သော်လည်း ဖြစ်တဲ့နည်းနဲ့ တတ်နိုင်သလို ကူညီချင်ကြသူတွေကလည်း ရပ်နီး ရပ်ဝေးကနေပြီး နီးစပ်ရာ ပါတီဌာနတွေမှာ
တိုင်းနဲ့ ပြည်နယ်တွေမှာ ဆက်သွယ်မေးမြန်းပါ။ ရွေှ့ဂုံတိုင် ရုံးချူပ်ကို ဆက်သွယ်ပါ။ ကူညီအားပေးမှု တတ်နိုင်သလောက် လုပ်ပေးပါ။
ကျနော်တို့ လူမှုထောက်ကူအဖွဲ့ကို ဦးဆောင်တဲ့သူက ပါတီရဲ့ ခေါင်းဆောင် ဦးတင်ဦးဖြစ်ပါတယ်။ အဲသည်မှာ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးကို တာဝန်ခံထားတာက
ဦးနိုင်းနိုင်းတို့ ဖြစ်ပါတယ်။ ရန်ကုန်က ရွှေဂုံတိုင်ရုံးချူပ်ကို ဆက်သွယ်ပြီးတော့ ကူညီနိုင်သလောက် ကူညီမှုတွေ ပေးလို့ရပါတယ်။ သည်လိုမျိုး ပြောချင်ပါတယ်။
ကျနော်တို့ဆီမှာလည်း ဒီထက်ပိုပြီး ကူညီမှုတွေ ပေးနိုင်အောင်လို့ ရန်ုပုံငွေ ဈေးရာင်းပွဲတွေ လုပ်ခဲ့တယ်။ နောက်လည်း ဆက်ပြီး လုပ်သွားရမှာပဲ။ ဒီကွန်ယက်ဟာ အမြဲတန်း
ဆက်လက်တိုးတက် ကျယ်ပြန့်သွားနေတဲ့ နိုင်ငံရေးအကျဉ်းသားများ၊ မိသားစု ကွန်ယက်ဖြစ်တယ်။
နောက်ဒါနဲ့ ဆက်စပ်ပြီး ပေါ်ပေါက်လာနိုင်တဲ့ ကွန်ယက်ကတော့ နယ်မြေအသီးသီးမှာ ရှိနေတဲ့ အကျဉ်းထောင်များ စောင့်ကြည့်ရေး ကွန်ယက်တွေ ဖြစ်ပါတယ်။ အခုလို
နိုင်ငံရေးအကျဉ်းသားများနဲ့ မိသားစုတွေကို ကူညီစောင့်ရှောက်တဲ့ကွန်ယက်ထဲက လူတွေထဲမှာ အကျဉ်းထောင်တခုကို လူ ၅ ဦး ၆ ဦးက ပုံမှန် သွားရောက် ကူညီစောင့်ရှောက်မှုတွေ
လုပ်နေရတယ် ဆိုကြပါတော့ … အဲသည် လူ ၅ ဦး၊ ၆ ဦးဟာ အဲသည်အကျဉ်းထောင်ကို စောင့်ကြည့်နေတဲ့ ကွန်ယက်တခု အလိုလို ဖြစ်ပေါ်လာပြီပဲပေါ့။ သည်လိုမျိုး
အကျဉ်းထောင်တွေအလိုက် စောင့်ကြည့်ကွန်ယက်တွေ ဖြစ်ပေါ်လာမှာကိုလည်း မြင်ယောင်ကြည့်စေချင်ပါတယ်။ ဒါဆိုရင် အကျဉ်းထောင်တခုထဲမှာ အရေးကိစ္စဖြစ်လာရင် ကွန်ယက်တွေ
အဆင့်ဆင့်ကတဆင့် ကျနော်တို့တွေ သိရှိကြမယ်၊ အများပြည်သူတွေ သိရှိကြမယ် ဖြစ်ပါတယ်။ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေကို လုပ်ကိုင်လာနိုင်မယ် ဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ် ဆရာ
(ဆက်လက်ဖော်ပြပါမည်)

လွှတ်တော် ဥပဒေ၊ နည်းဥပဒေ စာအုပ်များ တိုးဝှေ့ဝယ်ကြ၊ လူတွေ ထိခိုက်ဒဏ်ရာရ

မိုးမခ အထောက်တော်၊ ရန်ကုန်

ဇန်န၀ါရီ ၁၄၊ ၂၀၁၁

ယခုသီတင်းပတ် အဂါင်္နေ့မှ စတင်ရောင်းချသည့် လွှတ်တော် သုံးရပ်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် အခြားသော ပြည်ထောင်စု အစိုးရအဖွဲ့ဥပဒေ၊ စာရင်းစစ်ချုပ်ဥပဒေ
စာအုပ်များဝယ်ယူရရှိရန် စာအုပ်ဆိုင် မဖွင့်မီကတည်းက စောင့်ဆိုင်းနေရပြီး ရောင်းချသည့်အခါတွင်လည်း တိုးဝှေ့ဝယ်ယူမှုကြောင့် ထိခိုက်အနာတရဖြစ်မှုများပင်ရှိသည်ဟု
သွားရောက်ဝယ်ယူသူ တဦးကပြောသည်။

@font-face { font-family: "Times New Roman"; }@font-face { font-family: "Zawgyi-One"; }p.MsoNormal, li.MsoNormal, div.MsoNormal { margin: 0in 0in
0.0001pt; font-size: 11pt; font-family: Zawgyi-One; }table.MsoNormalTable { font-size: 10pt; font-family: "Times New Roman"; }div.Section1 { page: Section1; }

ဖြစ်ပျက်ပုံမှာ စာအုပ်ရောင်းချပြီး ၃ ရက်မြောက်သည့် ယနေ့နံနက်တွင် ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင်တွင် စာအုပ်ဝယ်ယူရရှိရန်အတွက်


စောင့်ဆိုင်းနေကြသည့် လူအုပ်က စာအုပ်စတင်ရောင်းချသည့်အချိန်တွင် တိုးဝှေ့ရင်း စာအုပ်ဆိုင်မှန်ဗီဒို ကွဲပြီးနောက် စာအုပ်ဝယ်ယူသူတချို့ ခြေထောက်တွင်
မှန်ကွဲစထိရှဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

စတင်ရောင်းသည့်နေ့၏ နေ့ခင်းတွင်ပင် စာအုပ်ရောင်းကုန်သွားခြင်း၊ နောက်တနေ့တွင်လည်း အရေအတွက်အနည်းငယ်သာ ရောင်းချပေးခြင်းကြောင့် တတိယမြောက်နေ့တွင် နံနက်


၉နာရီမတိုင်မီကတည်းက လူ၂၀၀ ၀န်းကျင် စာပေဗိမာန်စာအုပ်ဆိုင်တွင် စောင့်ဆိုင်းနေကြပြီး ၉နာရီခွဲ ၀န်းကျင် စာအုပ်ရောင်းသည့်အချိန်တွင် တိုးဝှေ့ဝယ်ယူကြခြင်းဖြစ်သည်။

ယနေ့နံနက် စာအုပ်မရောင်းချမီ စာပေဗိမာန်မှ စာတည်းမှူးက ၀ယ်ယူသူများအထဲတွင် လွှတ်တော် ကိုယ်စားလှယ်နှင့် ၀န်ထမ်းများ ပါဝင်သလားဟုမေးပြီး အဆိုပါ
ပုဂိုလ်များအား ဦးစားပေးရောင်းချပေးမည့် သဘောပြောသဖြင့် လာရောက်ဝယ်ယူသူအချို့က ပြစ်တင်ဝေဖန်ပြီးနောက်မှ သာမန်လူများကိုပါ တပြေးတည်းရောင်းချပေးခဲ့သည်ဟု
ဝယ်ယူခဲ့သူကပြောသည်။

ဥပဒေ နှင့် နည်းဥပဒေ ၁၇ မျိုးပါဝင်သည့် စာအုပ် တစ်စုံကို ၂၉၀၀ ကျပ်ဖြင့်ရောင်းချပြီး စာအုပ်အတွင်းဘက်တွင် စာအုပ်ရိုက်နှိပ်သည့် ရက်စွဲမှာ ၂၀၁၀ ခု အောက်တိုဘာ
၂၁ရက်နှင့် ၂၈ ရက်စွဲရိုက်နှိပ်ထားသည်ကို တွေ့ရသည်။ နိုဝင်ဘာ ၇ ရက်ရွေးကောက်ပွဲ မတိုင်မီကတည်းက ရိုက်နှိပ် ပြီးဖြစ်သော်လည်း ၂ လခွဲအကြာယခုအချိန်မှာ
အဆိုပါဥပဒေများအား ထုတ်ပြန်ခြင်းဖြစ်သလို စာအုပ်အလုံအလောက် ဖြန့်ဖြူးခြင်း မပြုသေးသည့် အချက်က ထူးဆန်းနေသည်ဟု ရန်ကုန်အခြေစိုက် သတင်းအယ်ဒီတာ
တဦးကပြောသည်။

ကမ္ဘာလှည့်ခရီးသည်၊ အခွန် ၂ ထပ်၊ အကြမ်းမဖက် လှုပ်ရှားမှု


RFA

ဇန်န၀ါရီ ၁၄၊ ၂၀၁၁

ကိုထွေး (ပြင်သစ်)၊ ကိုထွေးလေး (ရန်ကုန)် ၊

ဦးခင်မောင်စိုး (မန္တလေး)၊ မသွယ်သွယ်ဇော် (မလေးရှား)၊

ကိုနောင်နောင် (ဂျပန်)၊ မမြကြေးမုံ (နော်ဝေ) တို့၏ မေးခွန်းများ

ဒေါ်အောင်ဆန်းစုကြည်၏ အဖြေများ

ဇန်န၀ါရီ ၇၊ ၂၀၁၁ RFA ထုတ်လွှင့်ချက်

မေးခွန်းမေးသူ။ ။ ကိုထွေး(ပြင်သစ်)

Q: အန်တီစုခင်ဗျား။ ကျွန်တော် ပဲရစ်က ကိုထွေး ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံကနေ ဒီမိုကရေစီရေးအတွက် တတ်အားသရွေ့ ဆောင်ရွက်နေသူတစ်ဦး ဖြစ်ပါတယ်။

ဥရောပ နိုင်ငံတွေကနေ မြန်မာပြည်ကို အပျော်ခရီး အလည်အပတ်များ သွားနေကြပါတယ်။ မြန်မာပြည်ကနေလည်း ခရီးသွားကုမ္ပဏီများမှတဆင့် စတိုးများအနေနဲ့ ဥရောပသို့
လာရောက် လည်ပတ်နေကြပါတယ်။ tourism လုပ်ငန်းနှင့် ပတ်သက်ပြီး ၂၀၁၁ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား အမြင်ကို သိပါရစေခင်ဗျား။
A: ကိုထွေးတို့လို နိုင်ငံရပ်ခြား ရောက်နေပေမယ့် မြန်မာနိုင်ငံဒီမိုကရေစီရေးအတွက် တတ်အားသရွေ့ ဆောင်ရွက်နေတယ် ဆိုတဲ့ လူတွေဆီက ကြားရတယ် ဆိုလို့ရှိရင် အများကြီး
ကျေနပ်ပါတယ်။ ၀မ်းလည်း ၀မ်းမြောက်ပါတယ်။ အားလည်း တက်ပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေနဲ့ ပတ်သက်လို့ကတော့ အန်တီတို့အနေနဲ့ ဘယ်လို ခရီးသည်တွေကို ဘယ်လိုပုံစံနဲ့
လာတာ အားပေးသင့်တယ်။ ဘယ်လိုပုံစံနဲ့လာတာကို အားမပေးသင့်ဘူး ဆိုတာကို စဉ်းစားပြီး ဆွေးနွေးနေပါတယ်။ အဖြေပေါ်တဲ့ အခါကျလို့ရှိရင် အားလုံး သိအောင်လို့ ပြောမှာ
ဖြစ်ပါတယ်။

မေးသူ။ ။ ကိုထွေးလေး (ရန်ကုန်)

Q: ကရင်နှစ်သစ်ကူးနေ့မှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကရင်ခေါင်းဆောင်တွေက လိုလားစွာ လာပြီး ပေးတဲ့ ကရင်ဝတ်စုံလေးကို ၀တ်ပြီးတော့ ရုံးတက်စေချင်တယ်ပေါ့နော်။
အလားတူ အခြားတိုင်းရင်းသား ခေါင်းဆောင်တွေက ပေးတဲ့ ၀တ်စုံတွေကို သူတို့ရဲ့ သက်ဆိုင်ရာ ပြည်နယ်နေ့တွေ၊ သူတို့ရဲ့အမျိုးသားနေ့၊ သူတို့ရဲ့နှစ်သစ်ကူးနေ့တွေမှာ
ဝတ်ဆင်ပြီးတော့ ရုံးတက်မယ်။ မီဒီယာတွေ၊ သံအမတ်တွေနဲ့ ဧည့်သည်တွေကို တွေ့မယ် ဆိုရင် သက်ဆိုင်ရာ တိုင်းရင်းသားတွေကို လေးစားရာကျသလို၊ တိုင်းရင်းသားတွေကိုလည်း
စည်းရုံးရာမှာ အောင်မြင်မယ်လို့ ထင်တယ်။

A: ကရင်နှစ်သစ်ကူးနေ့ဟာ ရုံးပိတ်ရက် ဖြစ်ပေမယ့် အဲဒီနေ့မှာ ကရင်တိုင်းရင်းသား ၀တ်စုံ ၀တ်ပြီးတော့ ကရင် တာလပေါဟင်း စားဖို့ အမေစီစဉ်ထားပါတယ်။ တခြား တိုင်းရင်းသားတွေနဲ့
ဆိုင်တဲ့ နေ့ထူး နေ့မြတ်တွေမှာ ဆိုလို့ရှိရင်လည်း ဒီတိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုအရ ၀တ်ဆင်ပြီးတော့ တတ်နိုင်သမျှ တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု၊ ဓလေ့ ထုံးတမ်း အစဉ်
အလာတွေကို အားပေးမယ်လို့ အမေ စီစဉ်ထားပါတယ်။ ဒီလို အကြံတွေပေးတဲ့ အတွက်လည်း ကျေးဇူး တင်ပါတယ်။

မေးသူ။ ။ ကိုခင်မောင်စိုး (မန္တလေး)

Q: ကျွန်တော်တို့နိုင်ငံမှာ အုပ်ချုပ်တဲ့သူရော အုပ်ချုပ်ခံ လူတန်းစား ကျွန်တော်တို့ attitude ပြောင်းဖို့ လိုတာပေါ့ဗျာ။ attitude ပြောင်းမှ ကျွန်တော်တို့လည်း အပြောင်းအလဲဖြစ်မှာပေါ့ဗျာ။
တကိုယ်ကောင်း မဆန်ဖို့၊ အတ္တမကြီးဖို့။ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်နဲ့လည်း လုပ်လို့မရဘူးလေ။ ကျွန်တော်တို့နိုင်ငံက နိုင်ငံတကာမပြောပါနဲ့ အိမ်နီးချင်းနိုင်ငံနဲ့ စာရင်ကို
အများကြီး ကျန်ခဲ့ပြီ။ ကျန်ခြဲ့ပီ ဆိုတော့ ကျွန်တော်တို့ အတွေးအခေါ်တစ်ခု ပြောင်းပြီးတော့မှ ကျွန်တော်တို့ အလုပ်လုပ်မှ အပြောင်းအလဲဖြစ်မယ် လို့ ကျွန်တော် ထင်လို့ပါ ခင်ဗျား။ လူတွေ
အတွေးအခေါ် ပြောင်းအောင် ဘယ်လို လုပ်ရမလဲ ဆိုတာ ကျွန်တော် မေးပါတယ်ခင်ဗျာ။

A: ကျွန်မ စောစောကတည်းက စစ်မှန်တဲ့ တော်လှန်ရေး ဆိုတာဟာ စိတ်ဓာတ်တော်လှန်ရေးပဲ ဖြစ်တယ် ဆိုတာ ပြောခဲ့ပါတယ်။ ဒီလိုစိတ်တွေကို ပြောင်းနိုင်မှ တကယ် ကိုယ့်တိုင်းပြည်ကို
ပြောင်းနိုင်မှာပါ။ ကိုယ်လိုချင်သလို ပြောင်းနိုင်မှာ ဖြစ်ပါတယ်။ ဒီလို စိတ်တွေ ပြောင်းနိုင်ဖို့ အတွက်ကတော့ လေ့ကျင့်ယူရမှာ ဖြစ်ပါတယ်။ လေ့ကျင့်ချင်တဲ့ ဆန္ဒလည်း ရှိရမယ်။
အောင်မြင်ခြင်း တရား လေးပါးအရ ပြောရမယ်ဆိုလို့ရှိရင်၊ ဆန္ဒရှိရမယ်။ ၀ီရိယရှိရမယ်။ စိတ်ဓာတ်ရှိရမယ်။ ပညာ ရှိရမယ်။ အဲတော့ ကျွန်မတို့ဟာ ပထမဦးဆုံးတော့ ကိုယ့်ကိုယ်ကို
ပြောင်းလဲသင့်တယ် ဆိုတာကို လက်ခံပြီးတော့ ပြောင်းလဲချင်တဲ့ ဆန္ဒပေါ်မှာ အခြေခြံပီးတော့၊ စပြီး ကြိုးစားရမယ်လို့ ကျွန်မ ထင်ပါတယ်။

မေးသူ။ ။ မသွယ်သွယ်ဇော် (မလေးရှား)

Q: မလေးရှားမှာ အလုပ် လာလုပ်တာ လေးနှစ် ရှိပါပြီ။ အန်တီစုရယ်… သမီးကတော့ ယုံကြည်မှုကို လက်ကိုင်ထားပြီး အမြဲတမ်း မလျှော့တဲ့ ဇွဲနဲ့ သတ္တိရှိရှိ ထာဝရ ကြိုးစားသွားမယ်။
သမီးလို စိတ်ဓာတ်မျိုး လူတိုင်းမှာ ညီညီညွတ်ညွတ် ရှိနေစေချင်တယ်။ နောက်ပြီး နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာဖို့ အတွက် အန်တီစု အနေနဲ့ ဘယ်လို
ဆောင်ရွက်ပေးနိုင်မလဲ ဆိုတာ သိပါရစေရှင်။ ကျေးဇူး တင်ပါတယ်။

A: သမီးဟာ ယုံကြည်မှုကို လက်ကိုင်ထားပြီးတော့ မလျှော့တဲ့ ဇွဲနဲ့ အမှန်တရားအတွက် သတ္တိရှိရှိ ထာဝရကြိုးစားသွားမယ် လို့ ပြောတဲ့ အခါကျတော့ အန်တီ အင်မတန်မှ
ကျေနပ်ပါတယ်။ အားရပါတယ်။ အန်တီတို့ဟာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် တစိုက်မတ်မတ် ကြိုးစားနေပါတယ်။ တကမ္ဘာလုံး သိအောင်လို့ ဒီနိုင်ငံမှာ
နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးပြီး၊ နိုင်ငံရေးဖြစ်စဉ်မှာ အားလုံးပါဝင်နိုင်မှသာ တိုးတက်မှု ရှိနိုင်မယ်။ တကယ့်ကို သာယာဝပြောပြီးတော့ အင်အား တောင့်တင်းတဲ့ နိုင်ငံကြီး
ဖြစ်နိုင်မယ် ဆိုတာ အများ သိနိုင်ဖို့အတွက် အများ လက်ခံနိုင်ဖို့အတွက် အစဉ်တစိုက် ကြိုးစားသွားမှာပါ။ သမီးတို့ အနေနဲ့လည်း တတ်နိုင်သမျှ ကြိုးစားသွားပေးပါလို့
မေတ္တာရပ်ခံချင်ပါတယ်။

မေးသူ။ ။ ကိုနောင်နောင် (ဂျပန်)

Q: မြန်မာနိုင်ငံသားတွေဟာ နိုင်ငံတော်အတွက် ဆိုပြီး အခွန်ငွေ လစဉ် ပေးဆောင်နေကြရသလို တဖက်မှာလည်း မိမိ နေထိုင်လျက်ရှိတဲ့ သက်ဆိုင်ရာ အစိုးရကိုလည်း Income Tax
ပေးဆောင်နေကြရတဲ့ အတွက် ၀င်ငွေခွန်ကို ကျွန်တော်တို့အနေနဲ့ နှစ်ဖက် ပေးဆောင်နေကြပါတယ်။ အဲဒီလိုမှ ပေးဆောင်ခြင်းမရှိတဲ့သူတွေကို သက်ဆိုင်ရာမြန်မာနိုင်ငံသံရုံးက
passport သက်တမ်း ကုန်ဆုံးသွားတဲ့ အခါ ပြန်လည် သက်တမ်းတိုးပေးခြင်း မရှိပါဘူး။ ဒီလိုမျိုး လုပ်ရပ်နဲ့ ပတ်သက်ပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်သလိုမျိုး ခံစားရပါတယ်။

A: နိုင်ငံ အတော်များများမှာတော့ နှစ်နိုင်ငံမှာ အကောက်အခွန် မပေးရအောင်လို့ စည်းကမ်း ဥပဒေတွေ ထုတ်ထားတာ ရှိပါတယ်။ ကျွန်မတို့ နိုင်ငံမှာကျတော့ ဒီလို စည်းကမ်းဥပဒေတွေ
မရှိတဲ့ အခါကျတော့ နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ ကျွန်မတို့ နိုင်ငံသားများဟာ မိမိတို့နေနေတဲ့ နိုင်ငံရော၊ ဒီနိုင်ငံရောကို အခွန်အကောက်တွေ ပေးနေရတဲ့ အခြေအနေမ
ှာရောက်နေတာပါ။

ဒီအခွန်အကောက် ငွေတွေကို ပြည်သူတွေအတွက် ဘယ်လိုသုံးလဲ ဆိုတာ သိရအောင်လို့ ဆိုတာဟာ ပွင့်လင်း မြင်သာမှုရှိတဲ့ အုပ်ချုပ်ရေးစနစ် တခု ရှိဖို့ လိုပါတယ်။
ဒါကြောင့်မို့လို့ ပြည်သူတွေ အတွက် အကောက်အခွန်များကို မှန်မှန်ကန်ကန်နဲ့ သုံးဖို့ ဆိုလို့ရှိရင် ပွင့်လင်းမြင်သာမှုရှိတဲ့ တာဝန်ယူမှုရှိတဲ့ အုပ်ချုပ်မှုစနစ်တခုဟာ တကယ့်ကို
လိုအပ်နေပါတယ်လို့ ကျမ ပြောပါရစေ။

မေးသူ။ ။ မမြကြေးမုံ (နော်ဝေ)

Q: မဟတ္တမဂန္ဒီနဲ့ မာတင်လူသာကင်း ဂျူနီယာတို့ရဲ့ အကြမ်းမဖက် ငြိမ်းချမ်းစွာ လှုပ်ရှားမှုကို ကျွန်မတို့ တိုင်းပြည်မှာ ဒီအတိုင်း ကြိုးစားလာခြဲ့ကတာ နှစ်ပေါင်း ၂၀ ကျော်ခြဲ့ပီ။ အခုအထိ
မအောင်မြင်သေးတဲ့ အခါကျတော့ ဘာများ ကျွန်မတို့မှာ အားနဲချက်တွေ ရှိနေသလဲ။ ဒါမှမဟုတ်ရင် ကျွန်မတို့ကြိုးစားတဲ့ ဒီ အကြမ်းမဖက် ငြိမ်းချမ်းစွာ လှုပ်ရှားမှု နည်းနာကပဲ ကျွန်မတို့
အတွက် မှားများ နေသလား။ ကျွန်မတို့ဟာ အားနဲတယ်၊ တာဝန်မကျေဘူး လို့ နောက် generation က ဝေဖန် ထောက်ပြလာခဲ့ရင် အဲဒါ ကျွန်မတို့ ဘယ်လိုများ ပြန်ဖြေရှင်းရမလဲ။

A: အိန္ဒိယနိုင်ငံ လွတ်လပ်ရေးတိုက်ပွဲနဲ့ အမေရိကန်ပြည်ထောင်စုမှာ လူမည်းများ အခွင့်အရေး အပြည့်အ၀ ရဖို့ တိုက်ပွဲတွေဟာ ဆယ်စုနှစ်တွေ များစွာ ကြာခဲ့ပါတယ်။ ဒါကြောင့်မို့လို့
အကြမ်းမဖက်တဲ့နည်းနဲ့ လုပ်တာဟာ အချိန်ယူရတယ် လို့ပြောကြတာပါ။

မဟတ္တမဂန္ဒီဟာ ဆိုလို့ရှိရင် အကြမ်းဖက်တဲ့ နည်းတွေထက် အကြမ်း မဖက်တဲ့နည်းတွေ သုံးတာဟာ ပိုပြီးတော့ သတ္တိလိုတယ် လို့ ပြောခဲ့ပါတယ်။ ဇွဲ သတ္တိတွေ လိုတာပေါ့နော်။

ဒါကြောင့်မို့လို့ အန်တီတို့နိုင်ငံမှာလည်း အကြမ်းမဖက်တဲ့ နည်းနဲ့ လုပ်ဖို့ ဆိုတာဟာ ဇွဲ သတ္တိ အများကြီး လိုတယ်။ အန်တီတို့ဟာ ဇွဲ ၀ီရိယနဲ့ ဆက်ပြီးတော့ လုပ်သွားရမယ် လို့
ထင်ပါတယ်။ ဒီလို ကြာတာဟာ အန်တီတို့ရဲ့ မှားယွင်းချက် တစ်ခုခုကြောင့်လည်း ဖြစ်နိုင်တာပေါ့နော်။ အဲဒါတွေကတော့ အမြဲပဲ လေ့လာနေရမှာပဲ။ ကိုယ်ဘာလုပ်ခဲ့သလဲ၊ ဒီလို လုပ်တာ
မှန်သလားမှားသလား၊ ဒါတွေကတော့ အမြဲပဲ စဉ်းစားဆင်ခြင် သုံးသပ်နေရမှာပါ။

ဒါပေမယ့်လည်း အန်တီတို့လုပ်တဲ့ အလုပ်ဟာ ကိုယ့်အတွက် မဟုတ်ဘူး၊ ကိုယ့်အချိန်ကာလမှာတင် အောင်မြင်ဖို့အတွက် မဟုတ်ဘူး။ နောင်ခေတ် အဆက်ဆက်အတွက်
ဖြစ်တယ် ဆိုတော့ စိတ်ရှည်ရှည်နဲ့ ဇွဲရှိရှိနဲ့တော့ လုပ်သွားရမှာပဲ။ ကိုယ့်အချိန်အခါမှာ ကိုယ်လုပ်သင့် လုပ်ထိုက်တာတွေကို ကိုယ် လုပ်သွားလို့ရှိရင် နောင်လာမယ့် မျိုးဆက်တွေဟာ
အန်တီတို့ကို တာဝန် မကျေခဲ့ဘူးလို့ ပြောမှာ မဟုတ်ပါဘူး။ အန်တီတို့ တာဝန်ကျေခဲ့လို့ သူတို့ရဲ့ အနာဂတ်တွေဟာ ပိုပြီးတော့ ကောင်းနိုင်တယ် လို့ပဲ ပြောမှာဖြစ်ပါတယ်။

http://www.moemaka.com/

ဆက်ကြေးတောင်းသည့် လက်နက်ကိုင်များကို နအဖတပ် လိုက်လံရှာဖွေဟု ဆို


Friday, 14 January 2011 18:18 သျှမ်းသံတော်ဆင့်
ဂျန္န၀ါရီ ၁၄ ရက် ၂၀၁၁ သျှမ်းပြည်မြောက်ပိုင်း မူစယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုံ ရှောင်ကွင်းလမ်းတစ်နေရာ တွင် အမည်မသိ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့မှ ခရီးသွား ယာဉ်များထံမှ
ငွေကြေးတောင်းယူသည့် ဖြစ်ရပ် ဂျန္န၀ါရီ ၁၂ ရက်နေ့က ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ယင်းဖြစ်ရပ် ပေါ်ပေါက်အပြီး နောက်တစ်ရက်အကြာတွင် နအဖတပ်များက အဆိုပါလက်နက်ကိုင်များကိုအပူတပြင်း လိုက်လံရှာဖွေနေ ကြောင်း စစ်ဘက်သတင်းရပ်ကွက်တစ်ခုက


သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ပန်ဆိုင်းနဲ့နောင်တောင်းရွာကြားက ၁၀၅ မိုင်ကိုကွင်းတဲ့လမ်းပေါ့၊ ဟိုခေးရွာဘက်ထွက်တဲ့လမ်းခွဲမှာ ပြောက်ကျားစစ်ယူနီ ဖေါင်းဝတ် ၅ ယောက် ၆ ယောက်လောက်ပေါ့


သေနတ်အတိုအရှည်အကုန်ပါတယ်၊ ဘယ်အဖွဲ့လည်းတော့မသိဘူး၊ တနေ့ က ဆိုင်ကယ်တွေ ကားတွေကို တစ်စီး တစ်သောင်းစီ တောင်းသွားတယ်” ဟု သူက ဆိုသည်။

လက်နက်ကိုင်အဖွဲ့မှ ၄င်းနေ့တစ်နေကုန် ငွေကောက်နေသည်ကို နအဖလုံခြုံရေးအဖွဲ့များ မသိရှိလိုက်ပဲ နောက်တစ်နေ့ အကြာ သတင်းရရှိမှ အဆိုပါအဖွဲ့အား လိုက်လံရှာဖွေနေကြောင်း
သူက ဆက်ပြောသည်။

“လုံခြုံရေးတွေပုံမှန်ရှိနေတဲ့ကြားက လုပ်သွားတာပေါ့ သောင်းကျန်းသူတွေပဲဖြစ်မလား ဒါမှမဟုတ် အယောင်ဆောင်တွေ ပဲဖြစ်မလား မပြောတတ်ဘူး အဲဒါဖြစ်ပြီးနောက်တစ်ရက်


သတင်းပို့မှ အခု လိုက်ရှာနေတာ” ဟုဆိုသည်။တရုတ် - မြန်မာ ရထားလမ်း စီမံကိန်း တိုင်းတာမှု စတင်

Friday, 14 January 2011 18:12 သျှမ်းသံတော်ဆင့်

ဂျန္န၀ါရီ ၁၄ ရက် ၂၀၁၁ တရုတ်နှင့် မြန်မာနှစ်နိုင်ငံ ရွေလီ - မူစယ် နယ်စပ်လမ်းကြောင်းအတိုင်း ဆက်သွယ် ဖေါက် လုပ်မည့် မီးရထားလမ်း စီမံကိန်းကို မြန်မာဘက် အခြမ်းတွင် ယခုလ
၁၁ ရက်နေ့မှစ၍ လမ်းတိုင်းတာ မှုများ စတင်ဆောင်ရွက်နေကြောင်း သိရသည်။

မြန်မာ့မီးရထားစီမံကိန်း (http://mmcybermedia.com)

တရုတ်လူမျိုးပညာရှင်များပါဝင်သည့် အဖွဲ့တစ်ဖွဲ့က မူစယ်မြို့အထွက် လေယာဉ်ကွင်းမှ စတင်တိုင်းတာခဲ့ရာ ယခုလ ၁၃ ရက်နေ့တွင် တုံခံကျေးရွာအထိ တိုင်းတာပြီးစီးကြောင်း


ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

လမ်းတိုင်းတာရာတွင် အကျယ်ပေ ၁၀၀ ခန့်ကျယ်ဝန်းပြီး အများအားဖြင့် တောင်ယာခင်းများကိုဖြတ်သန်းတိုင်းတာ သွားကြောင်း သိရသည်။

“မူစယ်လေယာဉ်ကွင်းကနေ စတိုင်းတယ် မနေ့က တုံခံအထိရောက်ပြီ လမ်းဖြတ်တာကတော့ နမ့်ခုံး - ၀င်းမိုင်ရွာဘက် ကနေ ဖြတ်သွားတယ် တောင်ယာတွေတော့ပါမယ်ထင်တယ်
ဝင်းမိုင်ရွာက နတ်စင်ကုန်းလည်းပါနိုင်တယ်” ဟု သူက ပြောသည်။

ယခုရထားလမ်းသည် ယူနန်ပြည်နယ် ကူမင်းမြို့မှမြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကျောက်ဖြူရေနက်ဆိပ်ကမ်းအထိ ဖေါက်လုပ်မည့် ရထားလမ်း စီမံကိန်းတွင် ပါဝင်ကြောင်း သိရသည်။

ကျောက်ဖြူ - ရွှေလီ စင်္ကြရထားလမ်းစီမံကိန်းဖြစ်ပြီး သျှမ်းပြည် အပါအ၀င် မန္တလေးတိုင်း မကွေးတိုင်းနှင့်ရခိုင်ပြည် နယ်တို့ကိုဖြတ်သန်းကာ ၂၀၁၅ ခုနှစ်တွင်
အပြီးဖေါက်လုပ်ဖွယ်ရှိကြောင်း သိရသည်။
မူစယ် ၁၀၅ မိုင်ရှောင်ကွင်းလမ်းအတိုင်း ဆိုင်ကယ်တစ်ရက် အစီး ၂၀၀ ၀န်းကျင်ခန့် အသွားအလာရှိပြီး ထော်လာဂျီနှင့် ကားများလည်း ပုံမှန်အသွားအလာရှိကြောင်း သိရသည်။

ယခု ဖြစ်ရပ်ကြောင့် ဒေသတွင်းလုံခြုံရေး ထူထပ်စွာချထားကြောင်း သတင်းရရှိသည်။

သျှမ်းတပ်နှင့် ၀ တပ် ထိန်းချုပ်နယ်မြေကြားရှိ ကျေးရွာတစ်ခုအား မြို့အဆင့်နှင့်အတူ စစ်ဗျူဟာ တစ်ခုထားမည်


Friday, 14 January 2011 16:17 မွေခေါဝ်

ဝ တပ်ဖွဲ့ထိန်းချုပ်လှုပ်ရှားသောဒေသနှင့် သျှမ်းပြည် တပ်မတော် လွယ်တိုင်းလျဲန်းဌါနချုပ်အနီးရှိမိုင်းတုံ မြို့နယ် မိုင်းထားကျေးရွာအား မြို့အဆင့်တိုးမြင့်ပြီး စစ်ဗျူဟာ တစ်ခုတိုးချဲ့


ထားရှိမည်ဟု ခိုင်လုံသော သတင်းရပ်ကွက်မှသိရပါသည်။

တောင်ပိုင်း ၀ ထိန်းချုပ်နယ်မြေ

“မိုင်းထားကို မြို့အဆင့်တိုးမြင့်ဖို့ ကျိုင်းတုံတိုင်းမှူးကိုယ်တိုင် မြေနေရာလာစစ်ဆေးတယ်လေ။ လူနေရပ်ကွက်တိုးချဲ့ ဖို့ အစိုးရဌါနဆိုင်ရာရုံးစိုက်ဖို့ တပ်မြေအတွက် စတာတွေ


မြို့ဖွဲ့စည်းပုံအနေအထားကို လာရောက်ကြည့်ရှုသတ်မှတ် ပေးသွားတယ်” ဟု ထိုင်းနယ်စပ်ဒေသခံတစ်ဦးက ပြောပါသည်။

ဂျန္န၀ါရီ ၁၁ ရက်မှ ၁၃ ရက်ထိ သျှမ်းပြည်အရှေ့တောင်ပိုင်း မိုင်းတုံမြို့နယ်ဘက် တြိဂံတိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦး ခရီးလှည့်ခဲ့ကြောင်း၊ ၁၂ ရက်နေ့ မိုင်းတော့-မိုင်းထားဘက်၌
ညအိပ်၍ မြို့အဆင့်နှင့် စစ်ဗျူဟာသစ်တစ်ခုတိုးချဲ့ထား ရှိရန် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

“ပုံပါကျင်နဲ့မိုင်းတုံက ဒေသခံတွေ မိုင်းထားမှာသွားနေဖို့ တိုင်းမှူးက တိုက်တွန်းစည်းရုံးတယ်။ မြေကွက်တွေလဲ ရောင်း တော့မယ်။ ဒါပေမဲ့ ဒေသခံတွေရဲ့ ဆန္ဒကိုတော့မသိရသေးဘူး။
သူတို့လဲစဉ်းစားနေကြတုန်းဘဲ။ ဆုံးဖြတ်ချက်မချနိုင် သေးဘူး” ဟု ၎င်းကဆက်လက်ပြောပါသည်။

မြို့အဆင့်မီလူဦးရေ အိမ်ခြေပြည့်မီရေးအတွက် မြေကွက်တစ်ခုလျှင် ကျပ်ငွေ ၄ သောင်းခွဲဖြင့် ရောင်းချမည်ဖြစ် ကြောင်း၊ မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲအတွင်းရှိ ဒေသခံများ
မည်သူမဆိုဝယ်ယူ၍ လာရောက်နေထိုင်နိုင်ကြောင်း ဆိုင်ရာအာဏာပိုင်များက သတင်းဖြန့်ထားသည်ဟု ကြားသိရပါသည်။

“ကျနော်တို့ ကြားသိရတာကတော့ မိုင်းထားကို မြို့အဆင့်အပြင်၊ တပ်ရင်း၃ ခု(ဗျူဟာတစ်ခုနှင့်ညီမျှ) အနည်းဆုံး တိုးချဲ့မယ်။ အဲဒီဘက်မှာရှိတဲ့ ၀ တပ်မိသားစုတွေတော့ သူတို့ရဲ့
တပ်မဟာ ၇၇၈ ရှိတဲ့ ဆန်ကန်-ခိုင်းလုံဘက် ကားတွေနဲ့ဆက်တိုက်ပြောင်းရွှေ့ နေတာ ဒီလဆန်းပိုင်းကတည်းကဘဲ” ဟု အမည်မဖော်လို ထိုင်းနယ်စပ်ဆိုင်ရာ လုံခြုံရေးအရာရှိတစ်ဦးက
ပြောပါသည်။

“မိုင်းထားကို မြို့အဆင့်တိုးမြင့်ပြီး စစ်ဗျူဟာလဲထားမယ်။ မိုင်းတုံနဲ့ ပုံပါကျင်က ဒေသခံတွေကိုလဲ မိုင်းထားမှာ လာ နေဖို့ တိုက်တွန်းတယ်ဆိုတော့ အချက်နှစ်ချက်ရှိတယ်။ နံပါတ်တစ်
လူထုက သူတို့ကို ၀န်းရံပြီး အကာအကွယ်ပေးဖို့။ သူတို့အတွက် လုံခြုံရေးပေါ့။ နံပါတ်နှစ် လူထုရဲ့လုပ်အားကို ခိုင်းစားမယ်။ သျှမ်းပြည်တောင်ပိုင်းက ကျေးသီးမြို့နယ် က
ဝမ့်စိမ်းရွာလိုပေါ့။ ၁၉၉၆-၉၈ မှာ ကျေးရွာပေါင်း ၁၅၀၀ က ကျေးလက်လူထု ၃ သိန်းကို အတင်းအဓမ္မရွှေ့ပြောင်း ခိုင်းခဲ့တာ ၀မ့်စိမ်းရွာပါတယ်။ ဒါပေမဲ့ဝမ့်စိမ်းမှာ ခလရ ၂၈၇
တိုးချဲ့ထားရှိတဲ့အခါ ဒေသခံတွေကို ပြန်ခေါ်တဲ့အပြင် သျှမ်းပြည်မြောက်ပိုင်းနေ လားဟူပြည်သူတွေကိုလဲ ခေါ်လာပြီး နေခိုင်းတယ် ” ဟု ထိုင်းနယ်စပ်နေ သျှမ်းတော်လှန်
ရေးသမားဟောင်းတစ်ဦးက ပြောပါသည်။

မိုင်းထားကျေးရွာသည် သျှမ်းပြည်အတွင်း တရုတ်ဖြူ မ၀င်မီအထိ မြို့အဆင့်ရှိနေကြောင်း၊ နောက်ပိုင်းရွာပျက်ပြီး တော်လှန်ရေးစတင်သောခေတ်၌


နောက်တစ်ကြိမ်ပြန်လည်စည်ကားလာကြောင်း၊ ၂၀၀၁-၂၀၀၂ နအဖနှင့် ၀ တပ်ဖွဲ့ တို့စုပေါင်းပြီး သျှမ်းပြည်တပ်မတော် လွယ်တိုင်းလျဲန်းဌါနချုပ်အား ချီတက်တိုက်ခိုက်စဉ်မှစ၍
ယနေ့အထိရွာပျက်ကြီး အဖြစ် ၉-၁၀ အိမ်ခန့်သာကျန်တော့ကြောင်း ၎င်းကဆက်လက်ပြောပြပါသည်။

မိုင်းတုံမြို့ အနောက်တောင်ဘက်ရှိ မိုင်းထားကျေးရွာသည် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ၀ိန်းဟဲန်(င်)မြို့နယ် လတ်တိုင် ကျေးရွာအုပ်စုနှင့် ၄၄ ကီလိုမီတာ (၂၇ မိုင်ကျော်)သာ ကွာဝေးသည်ဟု
သိရှိရပါသည်။

http://www.mongloi.org/burmese/

တတိယ အကြိမ်မြောက် ဖလောင်းချိတ်တွင် လူမျိုးပေါင်းစုံ ယဉ်ကျေးမူ အကပွဲတော် ယနေ့ စတင်မည်

1/13/2011

Adjust font size:

--------------
မောင်အေး
--------------
ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဖလောင်းချိတ်မြို့ Cox’sbazar တွင် တတိယအကြိမ်မြောက် တိုင်းရင်းသား လူမျိုး ပေါင်းစုံ ပါဝင်သော ရိုးရာ ယဉ်ကျေးမှု အကပွဲတော်ကို ယနေ့တွင် စတင်ကျင်းပမည်
ဖြစ်သည်။

အဆိုပါ ပွဲတော်ကို ဒေသ အခေါ် အာဒိဘာချိ တိုင်းရင်းသားပေါင်းစုံ ယဉ်ကျေးမူ အကပွဲတော်ဟု အမည်ရပြီး ဘင်္ဂလာဒေခ်ျ့တွင် နေထိုင်သော တိုင်းရင်းသား လူမျိုးပေါင်း ၂၀ မှ ပါဝင်
ကပြ ကြမည် ဖြစ်သည်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံ၏ တိုင်းရင်းသား လူမျိုး တစ်မျိုး ဖြစ်သော ရခိုင်လူမျိုးများမှာလည်း ယခုပွဲတော်တွင် ရခိုင်ရိုးရာ အကများကို တင်ဆက် ကပြကြမည် ဖြစ်ကြောင်းနှင့် ဖလောင်းချိတ်မြို့
ယဉ်ကျေးမှူးဌာနမှ ဦးကျော်မင်းက ရခိုင်ရိုးရာ ယဉ်ကျေးမူ အကများကို တင်ပြခွင့် ရ၍ အကျိုးရှိပုံကို ယခုကဲ့သို့ ပြောသည်။

“ကျွန်တော်တို့အတွက် အကျိုးရှိတာက လွတ်လွပ်စွာ မိမိယဉ်ကျေးမှူးကို ထုတ်ဖော်ခွင့်ရတယ်။ တခြားတိုင်း ရင်းသားလူမျိုးတွေအတွက်လည်း မိမိတို့ရဲ့ ယဉ်ကျေးမှူးတွေကို


အားလုံးတန်းတူ ထုတ် ဖော်ပြပိုင်ခွင့် ရရှိတဲ့ အတွက် တကယ့်အကျိုးရှိပါတယ်။”

ဖလောင်းချိတ်မြို့တွင် အဆိုပါ ပွဲတော်ကို ၂၀၀၉ ခုနှစ်မှ စတင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်မှာ တတိယ အကြိမ်မြောက် ဖြစ်သည်။

လွန်ခဲ့သည့်နှစ်က ရခိုင် လူမျိုးကိုယ်စားပြုသည့် အကအဖွဲ့ ၂ဖွဲ့မှ “ခါသင်္ကြန်”သီချင်းနှင့် “ဝေသာလီ” သီချင်း တို့ဖြင့် ကပြ တင်ဆက် ဖြေဖျော်ခဲ့ကြပြီး ယခုနှစ်တွင် တင်ဆက်မည့်
အစီအစဉ်ကိုလည်း သူက ယခုကဲ့သို့ ပြောသည်။

“ဒီနှစ်တော့ ကျွန်တော်တို့အဖွဲ့က အဆိုတော် ဒိုရ်းရီ ဆိုထားတဲ့“ဗီဇ”သီချင်းနဲ့ တင်ဆက်မှာ ဖြစ်ပါတယ်။ နောက် တဖွဲ့ကတော့ ဘယ်သီချင်းနဲ့ တင်ဆက်မှာဆိုတာကို မသိသေးဘူး။”

လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်တွင်ကျင်းပခဲ့သည့် တိုင်းရင်းသား လူမျိုးပေါင်းစုံ အကပြိုင်ပွဲ အပြီးတွင် တိုင်းရင်းသူ လှပျိုဖြူများ အလှမယ်ပြိုင်ပွဲကိုလည်း ပြုလုပ် ကျင်းပခဲ့ရာ ဖလောင်းချိတ်မြို့မှ
မဖြူမချေမှ အလှမယ်ဆုကို ရရှိခဲ့သည်။ ယခုနှစ်တွင်လည်း တိုင်းရင်းသူ အလှမယ်ပြိုင်ပွဲကို ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ပြိုင်ပွဲများကို ယခင်က အန်ဂျီအိုများမှ စီစဉ် ပြုလုပ်ခဲ့သော်လည်း ၁၉၉၆ ခုနှစ် မှ စပြီး ဘင်္ဂလားဒေ့ခ်ျ အစိုးရမှ စတင် ကျင်းပလာခဲ့သည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း ၄၅ ရှိပြီး ရခိုင်တိုင်းရင်းသားများမှာ အမှတ်စဉ် ၁၆ တွင်ရှိသည်။

အဆိုပါပွဲကို နေ့လည် ၂ နာရီတွင် ဖလောင်းချိတ်မြို့ရှိ ပင်လယ်ကမ်းခြေတွင် ဆောက်လုပ် ထားသော စတိတ်စင်တွင် စတင်ကျင်း ပမည်ဖြစ်ပြီး လူပေါင်းထောင်ချီကာ တက်ရောက်
အားပေးကြမည် ဖြစ်ကြောင်း သိရသည်။

သုံးရက်အတွင်း မောင်တောတွင် အိမ် ၄ဆောင် မီးလောင်

1/13/2011

Adjust font size:

---------------
မင်းဆက်ခိုင်
---------------
ရခိုင်ပြည်နယ်စပ် မောင်တောမြို့နယ်တွင် သုံးရက်အတွင်း မီးလောင်မှု ၂ကြိမ်ဖြစ်ပွါးခဲ့ပြီး လူနေအိမ် ၄ ဆောင် မီးထဲပါသွားသည်ဟု သိရသည်။

ယနေ့(၁၃ရက်) နံနက် ၁နာရီခွဲခန့်တွင် မောင်တောမြို့နယ် အောင်ဆိပ်ပြင်ကျေးရွာတွင် လူနေအိမ်ကြီးတဆောင် မီးလောင်သွားခဲ့ပြီး ကျပ်သိန်း၁၀၀ ခန့်ဆုံးရှုံးသွားခဲ့ကြောင်း အဆိုပါ
အိမ်မီးလောင်သွားခဲ့သော မိသားစုနှင့် နီးစပ်သူတဦးကပြောသည်။

“မီးလောင်တဲ့အိမ်က ဦးဖော်ရိတ်အိမ်ဖြစ်ပါတယ်။ ဘာမှမကျန်လိုက်ပါဘူး။ အကုန်လုံး မီးထဲ ပါသွားပါတယ်။ လူတွေအိပ်နေတဲ့အချိန်မှာ လောင်တယ်ဆိုတော့ ဘယ်လိုမှ မီးငြိမ်းလို့
မရလိုက်ပါ။ သူတို့မှာရှိတဲ့ ရွှေတွေ၊ ငွေတွေ အတွင်းပစ္စည်းအားလုံး ပါသွားတယ်လို့ပြောပါတယ်။ ကျပ်သိန်း ၁၀၀နီးပါးဖို့လောက် ဆုံးရှုံးသွားပါတယ်။”

အဆိုပါအိမ်မှာ ပျဉ်စီပျဉ်ထောင် သံဖြူမိုးထားသော အိမ်ဖြစ်သောကြောင့် ထိုအိမ်ကဲ့သို့ ပြန်လည်ဆောက် လုပ်မည်ဆိုလျှင် ကာလပေါက်တန်ဖိုး ကျပ်သိန်း၄၀ခန့် ကုန်ကျနိုင်ကြောင်း
အဆိုပါနီးစပ်သူက ဆက်ပြောသည်။

အလားတူ ယခုလ ၁၀ရက်နေ့က မောင်တောမြို့နယ် အထက်ပြူးမကျေးရွာတွင် မီးလောင်မှုဖြစ်ပွါးခဲ့ရာ လူနေအိမ် ၃ဆောင် မီးထဲပါသွားကြောင်း ဒေသခံများကပြောသည်။

အဆိုပါမီးမှာ နေ့လည် ၁၂နာရီခွဲခန့်တွင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဆုံးရှုံးမှုမှာ ကာလပေါက်တန်းဖိုး ကျပ်သိန်း ၆၀ခန့် ရှိသည်ဟု သိရသည်။

မြန်မာရေတပ်မှ ဘင်္ဂလာဒေခ်ျ့ ငါဖမ်းဘုတ် ၅ စီးကို ကျပ် ၇၅ သိန်းယူပြီး ပြန်လွတ်ပေး

1/13/2011

Adjust font size:

----------
ခိုင်သိန်း
----------
မြန်မာရေတပ်မှ ဖမ်းဆီးထားသော ဘင်္ဂလာဒေ့ခ်ျ ငါးဖမ်းစက်လှေ ၅ စီးနှင့် ငါးဖမ်းသမား ၁၀ ဦးကို ကျပ် ၇၅ သိန်းယူကာ ယနေ့နံနက်က ပြန်လည် လွှတ်ပေးလိုက်ကြောင်း သတင်း
ရရှိသည်။

မြန်မာရေတပ်မှ အဆိုပါ ငါးဖမ်းစက်လှေ ၅ စီးနှင့် ငါးဖမ်းသမား ၁၀ ဦးကို တခြား ငါးဖမ်းစက်လှေ တစ်စီး၊ ငါးဖမ်းသမား ၄၂ ဦးနှင့် အတူ မြန်မာ့ ရေပြင်ပိုင်နက် အနီး ငါဖမ်းနေစဉ် ဇန္န၀ါရီလ
၁၀ ရက်နေ့က ဖမ်းဆီးခဲ့သည်။

ငါးဖမ်း ဘုတ်ပိုင်ရှင် တစ်ဦးဖြစ်သူ အိစ္စမန်မှ “ နံနက်စောစောဆိုတော့ ပင်လယ်ပြင် တစ်ခုလုံးကို နှင်းမြူတွေ ဖုံးအုပ်နေတယ်လေ။ ဒါကို အခွင့်ကောင်းယူပြီး မြန်မာရေတပ်က စက်လှေကြီး
တစီးနဲ့ ၀င်လာတယ်။ ငါဖမ်းသမားတွေက ရိုးရိုး ကုန်တင်ဘုတ်ထင်တာပေါ့လေ။ အနီးရောက်တော့ ငါးဖမ်း စက်လှေ ၆ စီးကို သေနတ်တွေနဲ့ တည့်ပြီး ဖမ်းယူသွားခဲ့တယ်။”

ရှင်မဖြူကျွန်းအနီးတွင် ငါးဖမ်းနေစဉ် ယခုကဲ့သို့ ဖမ်းဆီးခံရခြင်း ဖြစ်ပြီး ဖမ်းဆီးသည့် မြန်မာ ရေတပ်မှာ စစ်တွေမြို့နယ် ရေချမ်းပြင် အခြေစိုက် မြန်မာရေတပ် ဖြစ်သည်ဟု
သူကပြောသည်။ ဖမ်းဆီးပြီး နောက်တစ်နေ့တွက် ငါးဖမ်းလှေ ၆ စီးထဲမှ ငါးဖမ်း စက်လှေ တစ်စီးကို ငါးဖမ်းသမား ၄၂ ဦးနှင့် အတူ ပြန်လည် လွတ်ပေးလိုက်ပြီး စက်လှေ ၅ စီးနှင့်
လှေပိုင်ရှင် ၁၀ ဦးကိုမူ ငွေနှင့် ပြန်ရွေးရန် ဆက်လက် ဖမ်းဆီးထားခဲ့သည်ဟု သိရသည်။

“ သူတို့ကို လူဆယ်ဦးနဲ့ ငါဖမ်းဘုတ် ၅ စီးကို တစီး ကျပ်သိန်း ၂၀ နဲ့ ရွေးရမယ်။ မရွေးရင် ထောင်ချ ပစ်မယ်ဆိုပြီး ပြန်လွှတ်ပေးလိုက်တဲ့ ငါးဖမ်းတွေနဲ့ မှာလိုက်တယ်။ အထက်ကို
တိုင်ကြားရင် သူတို့ လုံခြုံရေးကို တာဝန်မယူဘူးလို့ ပြောတဲ့ အတွက် အထက်ကိုလည်း မတိုင်ကြားရဲဘဲ မနေ့က သိန်း ၁၀၀ တောင်းတာကို ၇၅ သိန်း ပေးပြီး ရွေးယူခဲ့ရပါတယ်။
ဒီကနေ့ နံနက်က ဆံမဖြူကျွန်းကို ပြန်ရောက်ပါတယ်” ဟု ပြောသည်။

ဖမ်းဆီးခံရသည့် ငါးဖမ်းစက်လှေများမှာ ရှင်မဖြူကျွန်းတွင် နေထိုင်သော ချောဖိလ်ဟောဆန်း၊ မိုဟာမတ်အီးဆူလ်၊ ကာဆိမ်း အာလီ၊ မိုဟာမတ်မီယာ၊ နူရ်အာမိန်တို့ပိုင်ဆိုင်သော ငါးဖမ်း
စက်လှေများ ဖြစ်ကြသည်။

ယခုကဲ့သို့ ဘင်္ဂလာဒေခ်ျ့ ငါးဖမ်းစက်လှေများကို မြန်မာဘက်မှ ၀င်ရောက် ဖမ်းဆီးခြင်းနှင့် ပတ်သတ်ပြီး အုန်းကျွန်း အခြေစိုက် ဘင်္ဂလာရေတပ်မှ တစုံတရာ မသိရှိလိုက်ကြောင်း
ယမန်နေ့က ထုတ်ဝေသည့် Dainikcoxsbazar သတင်း စာတွင် ရေးသားသည်။

မြန်မာရေတပ်သားများသည် ငါးဖမ်းဘုတ်ပေါ်ရှိ ပိုက်များနှင့် တခြား ငါးဖမ်းကရိယာများ အားလုံးကိုလည်း သိမ်းဆည်းထားလိုက်ကြောင်း သိရှိရသည်။

မင်းသား နေတိုး၏ ကိုယ်ရေး အတ္ထုပတ္တိ ထွက်ရှိ

1/14/2011

Adjust font size:

--------
စံလင်း
--------
ရုပ်ရှင်နှင့် ဗွီဒီယို သရုပ်ဆောင် နေတိုး၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ “ စေ့ထားသောတံခါးများ” စာအုပ် ထွက်ရှိလာရာ တစ်အုပ်ကို ကျပ် ၇၀၀၀ ဖြင့် ရောင်းချနေပြီ ဖြစ်ကြောင်း သတင်း
ရရှိသည်။

အနုပညာနယ်ပယ်တွင် အနုပညာစွမ်းရည်များနှင့် ပရိသတ်အားပေးမှုရရှိနေသော ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် နေတိုး၏ “စေ့ထားသောတံခါးများ” ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ်ကို


ဇန်နဝါရီ ၁ ရက်က ပြည်လမ်းစိန်ဂေဟာ၌ လက်မှတ် ရေးထိုး ဖြန့်ချိခဲ့သည်။
“ ဘဝတစ်လျှောက်ဖြတ်သန်းခဲ့ ရသောပုံရိပ်များကို ပရိသတ်များအား ခံစားတင်ပြချင်သောကြောင့် အတ္ထုပ္ပတ္တိစာအုပ်အား ကိုယ်တိုင် ရေးခြင်းဖြစ်ကြောင်း” သရုပ်ဆောင် နေတိုးက
ပြောသည်။

အဆိုပါစာအုပ်တွင် နေတိုး၏ မာန်အောင်တွင် နေထိုင်ခဲ့သော ငယ်စဉ်ဘဝ ပုံရိပ်လွှာများ၊ ဓာတ်ပုံများ၊ အနုပညာလောက၏ အစပိုင်းပုံရိပ်များ၊ မော်ဒယ်ဘဝမှ ပုံရိပ်များ၊ ဖက်ရှင်အပေါ်
ခံယူပုံ၊ အကြိုက်ဆုံး ဖက်ရှင်ပုံစံများ၊ ပန်းချီအနုပညာအပေါ် စိတ်ဝင်စားမှု၊ မိသားစုပုံရိပ်များ၊ ပြည်တွင်းပြည်ပ ခရီးသွား ပုံရိပ်များ၊ အချစ်မေတ္တာ အပေါ်ခံယူထားမှု စသည့်
အကြောင်းအရာများကို ဝေဝေဆာဆာ ထည့်သွင်း ရေးသားထားဟု သိရသည်။

အဆိုပါ စာအုပ်တွင် စာမျက်နာ ၁၇၆ မျက်နာ ပါရှိပြီး အခန်းစဉ်ပေါင်း ၃၀ ပါဝင်သည်ဟု သိရသည်။

: ----------------------------------- ----------------------------------- ----------------------------------- :

ရခိုင်ပြည်နယ် ပညာရေးမှူး လာဒ်ပေး လာဒ်ယူမူနှင့် စစ်ဆေးခံနေရ

1/13/2011

Adjust font size:

ရခိုင်ပြည်နယ် ပညာရေးမှူးအား လာဒ်ပေး လာဒ်ယူဖြင့် အထက်က ၀င်ရောက်စစ်ဆေးနေကြောင်း သတင်း ရရှိသည်။

အမည် မဖေါ်လိုသူ ကျောင်းဆရာ တစ်ဦးက “ အခုသူ့ကို ဒီအီးလို့ခေါ်တဲ့ Department Enquiry ၀င်နေပါတယ်။ ဘယ်လို ဖြစ်လာမလဲတော့ မသိရသေးဘူး။ အောက်မြန်မာနိုင်ငံ
ပညာရေး ၀န်ကြီးဌာက ဒုညွှန်ကြားရေးမှူး ဦးအေးကြိုင်နဲ့ အဖွဲ့လည်း များမကြာမှီက လာရောက် စစ်ဆေးခဲ့ပါတယ်။ လက်ရှိမှာတော့ စစ်ဆေးတာနဲ့ ပတ်သက်ပြီး ဘယ်လို ဖြစ်လာမလဲ
ဆိုတာ မသိရသေးဘူး” ပြောသည်။

ရခိုင်ပြည်နယ် ပညာရေးမှူး ဦးဇော်ဝင်းသည် နေရာပြောင်းရွှေ့လိုသူ ဆရာ ဆရာမ တစ်ဦး ထံမှ ကျပ် ၃ သိန်းမှ ကျပ် ၁၀ သိန်းထိ လာဒ်ယူခဲ့သည်ဟု ဆိုကာ စွပ်စွဲ ခံနေရပြီးနောက် ထိုသို့
စစ်ဆေး ခံနေရခြင်း ဖြစ်သည်။

“ သူက နယ်မှာ ကျနေတဲ့ ဆရာ ဆရာမ တစ်ဦး စစ်တွေကို ပြောင်းချင်ရင် ၁၀ ကျပ် သိန်းထိ ယူပြီးတော့ မြို့နယ်တစ်ခုအတွင်းမှာ ပြောင်းမယ်ဆိုရင် ကျပ် ၃ သိန်းကနေ ၅ သိန်းထိ
ယူပါတယ်။ အဲသလို ပိုက်ဆံ ရယူလိုတဲ့ အတွက် နိုဝင်္ဘာလလယ်မှာ တစ်ကြိမ်နဲ့ ဒီဇင်္ဘာလလယ်မှာ တစ်ကြိမ် ကျောင်းဆရာတွေကို ရက် ၃၀ အတွင်း နှစ်ကြိမ် အပြောင်းအရွှေ့
လုပ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ သတင်း ပေါက်ကြားသွားပီး ခုလို စစ်ဆေးခံရတာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

ပညာရေးမှူး ဦးဇော်ဝင်းမှာ ဗမာအမျိုးသား ဖြစ်ပြီး များမကြာမှီ ပင်စင်ယူပြီး ဗမာပြည်သို့ ပြန်တော့မည် ဖြစ်ရာ ပညာရေးမှူးဘ၀မှ အနားမယူမှီ ထိုသို့ ငွေကြေးများကို လာဒ်ယူခဲ့ခြင်း
ဖြစ်ကြောင်း အဆိုပါ ကျောင်းဆရာက ပြောသည်။

“ လက်ရှိထွက်နေတဲ့ သတင်းက ခုလို လုပ်တဲ့ အတွက် တပြည်နယ်လုံး အတိုင်းအတာနဲ့ ကျပ်သိန်း ၁၀၀၀ နီးပါးရသွားတယ်လို့ သိရပါတယ်။ ပင်စင်ယူပြီး ဗမာပြည်ကို မပြောင်းခင်
သူက အပိုင်ကိုင် လိုက်တာ ဖြစ်ပါတယ်။ သူ့ကို စစ်ဆေးတော့ သူတစ်ယောက်တည်းစားတာ မဟုတ်ဘဲ အထက်က လူကြီး တချို့ကိုလည်း သူက ခွဲဝေပေးရတယ်လို့ ထွက်ဆိုပြီး
သူ့ကိုအရေးယူရင် တခြား လူကြီးတွေကိုပါ အရေးယူပါလို့ ပြောဆိုတာကြောင့် ခုထက်ထိ အရေးမယူရဲဘဲ ဖြစ်နေတယ်လို့ သိရပါတယ်” ဟု သူက ပြောသည်။

ပညာရေးမှူး ဦးဇော်ဝင်း လာဒ်ပေး လာဒ်ယူ ပြုလုပ်သည့် စွပ်စွဲချက်ကို ကြားနာ စစ်ဆေးရာတွင် ပုဏ္ဍားကျွန်းမြို့မှ ဆရာ ဆရာမ ၁၁ ဦးကိုလည်း ခေါ်ယူ စစ်ဆေးခဲ့သည်ဟု သိရသည်။

အမည်မဖေါ်လိုသူ ဆရာမ တစ်ဦးက “ ပုဏ္ဍားကျွန်း အထက်တန်းကျောင်းနဲ့ စံပြရပ်ကွက် မူလတန်း ကျောင်းက ဆရာ ဆရာမ ၁၁ ဦးကို စစ်တွေကို ခေါ်ယူပြီး ဒုညွှန်ကြားရေးမှူး
ဦးအေးကြိုင်က စစ်ဆေးပါတယ်။ ကျွန်မတို့ကို ပိုက်ဆံပေးရတာ မှန်သလား။ ဘာကြောင့် ကျောင်းပြောင်းချင်ရတာလဲ စတဲ့ အချက်တွေကို မေးပါတယ်။ ကျွန်မကတို့ တိုက်ရိုက်
မပြောပေမယ့် အနည်းအကျဉ်းပေးရတဲ့ အကြောင်း၊ ရွှေပုဇွန်တွေနဲ့ ရခိုင်ပုဆိုးတွေ လက်ဆောင်ပေးရတဲ့ အကြောင်း ထွက်ဆိုခဲ့ပါတယ်” ဟု ပြောသည်။

ယခုအခါ ပြည်နယ် ပညာရေးမှူး ဦးဇော်ဝင်းမှာ အထက်က ချမှတ်မည့် အမိန့်ကို စောင့်ဆိုင်းနေကြောင်း စုံစမ်း သိရှိရသည်။

http://www.narinjara.com

ူမန်မာဌာန > သတင်းမား


စုံစမ်းရေးကော်မရှင်ဖွဲ့စည်းရေး ထောက်ခံမှု ပိုမိုရရှိဖို့ဆော်သြ

2011-01-14

မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင် ဖွဲ့ရေး နိုင်ငံပေါင်း ၁၃ နိုင်ငံက အပြည့်အဝ ထောက်ခံထားပေမဲ့ နောက်ထပ် နိုင်ငံတွေပါ
ဝိုင်းဝန်းပံ့ပိုးဖို့ လိုတယ်လို့ ဗြိတိန်အခြေစိုက် Burma Campaign UK အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။ လက်ရှိ အခြေအနေမှာဆိုရင် မြန်မာနိုင်ငံက လူ့အခွင့်အရေးဟာ ပိုပြီး
ဆိုးရွားလာတယ်လို့ အဖွဲ့ရဲ့ ပြောခွင့်ရ မဇိုရာဖန်းက ဆိုပါတယ်။

Photo Courtesy of Burma Campaign (UK)

ကရင်အမျိုးသမီး မဇိုယာဖန်းသည် ဗြိတိန်အခြေစိုက် Burma Campaign (UK) တွင် တက်ကြွစွာ လှုပ်ရှားနေပါသည်။ သူသည် လုပ်ကြံခံလိုက်ရသော ကရင်အမျိုးသား အစည်းအရုံး
(KNU) အတွင်းရေးမှူး ပဒိုမန်းရှာ၏ သမီးလည်း ဖြစ်သည်။ Photo Courtesy of Burma Campaign (UK)

“နအဖ စစ်အာဏာရှင်တွေ လုပ်နေတဲ့ ရွေးကောက်ပွဲ ပြီးကတည်းကပေါ့နော်၊ အခုထက်ထိ လူ့အခွင့်အရေး ချိုးဖောက်မှုက သူတို့ စစ်တပ်ဖက်က ဆက်ပြီးတော့ လုပ်နေတာ ဖြစ်ပါတယ်။
ခုထက်ထိ တိုးတက်မှု မရှိသေးဘူးပေါ့နော်။”

“ဥပမာဆိုရင် အခု မြန်မာနိုင်ငံ အရှေ့ပိုင်းမှာ ဖြစ်နေတဲ့ တိုင်းရင်းသား နယ်မြေတွေမှာ ဆိုရင်လည်း တိုင်းရင်းသား လူမျိုးစုတွေကို တိုက်ခိုက်တုန်းပဲပေါ့နော်။ ပြီးတော့ အပစ်အခတ်
ရပ်စဲရေး ယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဆီကိုလည်း သူတို့ pressure တွေ ပေးပြီးတော့ နယ်ခြားစောင့်တပ်အဖြစ် သူတို့ pressure ပေးတယ်လေ။ အဲဒါ သူတို့ လုပ်ဖို့
အဲဒါကြောင့် အခုထက်ထိ တိုက်ပွဲတွေ ရှိနေတယ်ပေါ့နော်။”

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားကလည်း လူသားမျိုးနွယ်စုအပေါ် ရာဇဝတ်ကျူးလွန်မှု၊ စစ်ရာဇဝတ်မှုတွေ မြန်မာနိုင်ငံမှာ
ရှိနေတာကို စုံစမ်းရေး ကော်မရှင်ဖွဲ့ပြီး အရေးယူဖို့ အဆိုပြုထားပါတယ်။ ကမာ့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ၁၅ ဦး၊ နိုင်ငံတကာ ကုန်သွယ်ရေး သမဂ္ဂနဲ့ ဥရောပပါလီမန်ကလည်း
ဒီအဆိုပြုချက်ကို ထောက်ခံထားပါတယ်။ ဒီထက်မက နိုင်ငံတကာ အသိုင်းအဝိုင်းက ပိုပြီး ထောက်ခံလာအောင် ဆောင်ရွက်သွားမယ်လို့ မဇိုရာဖန်းက ပြောပါတယ်။

“ဒီနေ့ပဲပေါ့နော်၊ ကျွန်မတို့ Burma Campaign UK က အစီရင်ခံစာ အကျဉ်းချုပ်ပေါ့နော်၊ ကျွန်မတို့ တခု ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ အစီရင်ခံစာထဲမှာတော့ အဓိကအားဖြင့် အခု လက်ရှိ
လှုပ်ရှားနေတဲ့ UN ကနေတဆင့်ပေါ့နော်၊ စုံစမ်းစစ်ဆေးရေး ကော်မရှင်တခု ရနိုင်ဖို့အတွက် အဲဒါ အဲဒီအကြောင်း ဖော်ပြတာ ဖြစ်ပါတယ်။ အီးယူတခုလုံး အနေနဲ့တော့ ထောက်ခံမှု
မရှိသေးဘူး။ အဲဒါကြောင့် Burma Campaign UK အနေနဲ့ပေါ့နော်၊ ကျွန်မတို့ အီးယူတခုလုံး ထောက်ခံလာဖို့အတွက် ကျွန်မတို့ ဆက်လက်ပြီးတော့ လှုပ်ရှားသွားမှာ ဖြစ်ပါတယ်။”

၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က ကုလသမဂ္ဂ အထွေထွေ ညီလာခံက ထုတ်ပြန်တဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်မှာလည်း တရားမဝင် ဖမ်းဆီး ထိန်းသိမ်းထားမှု၊ ပျောက်ဆုံးမှု၊
အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ ညှဉ်းပန်းနှိပ်စက်မှု အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့ တာဝန်ယူ စုံစမ်းစစ်ဆေးဖို့
ဖော်ပြထားပါတယ်။

ဒါအပြင် စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်စုအပေါ် ရာဇဝတ်ကျုးလွန်မှုတွေ ဖြစ်နိုင်ခြေရှိတယ်လို့လည်း ရေးသားထားပါတယ်။ ဒီအချက်ဟာ စစ်အစိုးရကိုယ်တိုင် စုံစမ်း


မဖော်ထုတ်နိုင်ဘူးဆိုရင် ကုလသမဂ္ဂက ကြားဝင်လိမ့်မယ်ဆိုတာကို သတိပေးလိုက်တာပဲ ဖြစ်တယ်လို့ Burma Campaign UK ရဲ့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

‘လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်’ အပတ်စဉ်အမေးအဖြေ အစီအစဉ်

2011-01-14

ဒီတပတ် ဇန်နဝါရီလ ၁၄ ရက်နေ့ `လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်`အစီအစဉ်မှာ အစီအစဉ်မှာ ဦးခိုင်မြတ်သိန်း (အမေရိကန် ပြည်ထောင်စ)ု ၊ ဦးသန်းဝင်း (ABSDF အထွေထွေ
အတွင်းရေးမှူးဟောင်း)၊ ဓညဝတီသား ( ထိုင်းနိုင်ငံ ဘန်ကွင်းအကျဉ်းထောင်)၊ မမူဘန်း (ဗန်ကောက်)၊ ကိုသီရိစု (ရန်ကုန်) နဲ့ ကိုဇော်ပေါက် (အမေရိကန်ပြည်ထောင်စ)ု တို့ရဲ့
မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားထားပါတယ်။

(Photo: AFP)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဒီဇင်ဘာ ၁ ရက်နေ့တွင် ကျင်းပသော အမျိုးသား အောင်ပွဲနေ့ အခမ်းအနားသို့ တက်ရောက်နေသည့် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး (ဝဲ)၊ အထွေထွေ
အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် (အလယ်) နှင့် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင် (ယာ) တို့ ဖြစ်ပါသည်။ (Photo: AFP)

ဇန်နဝါရီ ၁၄ ရက်နေ့ အစီအစဉ်


လူထုနှင့်
ဒေါ်အောင်ဆန်းစု
ကြည် (ဇန်နဝါရီ
၁၄)

အသံဖိုင်ယူရန်

ဇန်နဝါရီ ၇ ရက်နေ့ အစီအစဉ်


လူထုနှင့်
ဒေါ်အောင်
ဆန်းစုကြည်
(ဇန်နဝါရီ ၇)

အသံဖိုင်ယူရ
န်

ဒီဇင်ဘာ ၂၄ ရက်နေ့ အစီအစဉ်


လူထုနှင့်
ဒေါ်အောင်ဆန်းစု
ကြည် (ဒီဇင်ဘာ
၂၄)

အသံဖိုင်ယူရန်

ဒီဇင်ဘာ ၁၇ ရက်နေ့ အစီအစဉ်


လူထုနှင့်
ဒေါ်အောင်ဆန်းစု
ကြည် (ဒီဇင်ဘာ
၁၇)

အသံဖိုင်ယူရန်

ဒီဇင်ဘာ ၁၀ ရက်နေ့ အစီအစဉ်


လူထုနှင့်
ဒေါ်အောင်ဆန်းစု
ကြည် (ဒီဇင်ဘာ
၁၀)

အသံဖိုင်ယူရန်

ဒီဇင်ဘာ ၃ ရက်နေ့ အစီအစဉ်


လူထုနှင့်
ဒေါ်အောင်
ဆန်းစုကြည်
(ဒီဇင်ဘာ ၃)

အသံဖိုင်ယူရ
န်

နိုဝင်ဘာလ ၂၆ ရက်နေ့ အစီအစဉ်

နိုဝင်ဘာလ ၂၆ ရက် သောကြာနေ့ ပထမဦးဆုံး ထုတ်လွှင့်တဲ့ "လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်" အစီအစဉ်ကိုလည်း နားဆင်နိုင်ပါတယ်။

လူထုနဲ့
ဒေါ်အောင်ဆန်းစု
ကြည် (နိုဝင်ဘာ
၂၆)

အသံဖိုင်ယူရန်။

လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်ကို RFA က အပတ်စဉ် သောကြာနေ့ ညတိုင်းနဲ့ ဗုဒ္ဓဟူးနေ့ မနက်တိုင်း တင်ဆက်နေပါပြီ။

ဒီ အစီအစဉ်ကနေ ပြည်သူတွေ သိချင်တဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖြေကြားပေးမှာ ဖြစ်ပါတယ်။

မေးမြန်းလိုသူတွေအနေနဲ့ မိမိတို့ မေးခွန်းတွေကို ရန်ကုန်မြို့က အင်အယ်လ်ဒီရုံးချုပ် ကို တိုက်ရိုက်ပေးပို့ နိုင်သလို ၊ RFA ကိုလည်း အင်တာနက်ကနေ ပေးပို့နိုင်ပါတယ်။

အင်အယ်လ်ဒီရုံးချုပ်ကို ပို့တဲ့ စာအိတ်ပေါ်မှာ လွတ်လပ်တဲ့ အာရှအသံက ထုတ်လွှင့်တဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက်လို့ ဖော်ပြပေးပါ။

လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် RFA က သီးသန့် အီးမေးလ် လိပ်စာတခုဖွင့်ထားပါပြီ။ အဲဒီ အီးမေးလ် လိပ်စာ ကတော့ DASSK@rfa.org" ဖြစ်ပါတယ်။

မေးခွန်းတွေကို တိုတိုနဲ့ လိုရင်းပဲ ရေးသားစေလိုပါတယ်။ အဲဒီစာတွေကို အင်အယ်လ်ဒီရုံးချုပ်ကို တိုက်ရိုက်ပေးပို့သည်ဖြစ်စေ၊ RFA ကို ပို့သည်ဖြစ်စေ၊ အမည်နဲ့ ဆက်သွယ်နိုင်မဲ့
တယ်လီဖုန်းနံပါတ်ကို ဖော်ပြဖို့ လိုပါတယ်။

အဲဒီ တယ်လီဖုန်း နံပါတ်ကို RFA က ဆက်သွယ်ပြီး ကာယကံရှင်ရဲ့ မေးမြန်းစကားတွေကို အသံဖမ်းယူကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်နဲ့အတူ ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။

"လူထု နဲ့ ဒေါ်အောင်ဆန်းစုကြည်" အပတ်စဉ် အမေးအဖြေ အစီအစဉ် လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်ကို RFA က အပတ်စဉ် သောကြာနေ့ ညတိုင်းနဲ့ ဗုဒ္ဓဟူးနေ့ မနက်တိုင်း
တင်ဆက်နေပါပြီ။ ဒီ အစီအစဉ်ကနေ ပြည်သူတွေ သိချင်တဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖြေကြားပေးမှာ ဖြစ်ပါတယ်။ မေးမြန်းလိုသူတွေအနေနဲ့ မိမိတို့
မေးခွန်းတွေကို ရန်ကုန်မြို့က အင်အယ်လ်ဒီရုံးချုပ် ကို တိုက်ရိုက်ပေးပို့ နိုင်သလို ၊ RFA ကိုလည်း အင်တာနက်ကနေ ပေးပို့နိုင်ပါတယ်။ အင်အယ်လ်ဒီရုံးချုပ်ကို ပို့တဲ့ စာအိတ်ပေါ်မှာ
လွတ်လပ်တဲ့ အာရှအသံက ထုတ်လွှင့်တဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက်လို့ ဖော်ပြပေးပါ။ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် RFA က သီးသန့်
အီးမေးလ် လိပ်စာတခုဖွင့်ထားပါပြီ။ အဲဒီ အီးမေးလ် လိပ်စာ ကတော့ DASSK@rfa.org ဖြစ်ပါတယ်။ မေးခွန်းတွေကို တိုတိုနဲ့ လိုရင်းပဲ ရေးသားစေလိုပါတယ်။ အဲဒီစာတွေကို
အင်အယ်လ်ဒီရုံးချုပ်ကို တိုက်ရိုက်ပေးပို့သည်ဖြစ်စေ၊ RFA ကို ပို့သည်ဖြစ်စေ၊ အမည်နဲ့ ဆက်သွယ်နိုင်မဲ့ တယ်လီဖုန်းနံပါတ်ကို ဖော်ပြဖို့ လိုပါတယ်။ အဲဒီ တယ်လီဖုန်း နံပါတ်ကို RFA က
ဆက်သွယ်ပြီး ကာယကံရှင်ရဲ့ မေးမြန်းစကားတွေကို အသံဖမ်းယူကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်နဲ့အတူ ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ ညီလာခံ ခေါ်ဖို့ဆုံးဖြတ်

2011-01-14

မြန်မာနိုင်ငံ နယ်စပ်ဒေသတွေမှာ ရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားကြတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေဟာ ဇန်ဝါရီလ ၁၁
ရက်နေ့ကစလို့ ထိုင်း-မြန်မာ နယ်စပ်တနေရာမှာ ၄ ရက်ကြာ တွေ့ဆုံခဲ့ကြတဲ့ ဆွေးနွေးပွဲဟာ ဇန်နဝါရီ ၁၄ ရက် ဒီကနေ့ ပြီးဆုံးသွားပါပြီ။

(Photo: Kachin News Group

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၏ လက်ရှိ ဌာနချုပ်တည်ရာ လိုင်ဇာမြို့ စစ်ရေးပြ အခမ်းအနားတခုတွင် လက်နက်ကိုင် ကချင်စစ်သည်များကို တွေ့ရသည့် မှတ်တမ်းပုံ
ဖြစ်ပါသည်။ (Photo: Kachin News Group)

တွေ့ဆုံ ဆွေးနွေးခဲ့ကြတဲ့ အဖွဲ့တွေကတော့ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ ဖိအားပေးမှုအပေါ် လက်မခံတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၊
မွန်ပြည်သစ်ပါတီ (NMSP) နဲ့ ဒု ဗိုလ်မှူးကြီး ဦးပန်ဖ ခေါင်းဆောင်တဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့တဖွဲ့ဖြစ်တဲ့ SSDP ရှမ်းပြည် ဖွံ့ဖြိုးတိုးတက်ရေး ပါတီဝင်တွေနဲ့အတူ စစ်အစိုးရနဲ့
အပစ်အခတ် မရပ်စဲထားတဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) ၊ ချင်း အမျိုးသားတပ်ဦး (CNF) နဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) စတဲ့ တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့ဖြစ်ကြပါတယ်။

ဒီ တိုင်းရင်းသားခေါင်းဆောင်တွေဟာ ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးကော်မတီကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၄ ရက်နေ့မှာ သဘောတူ ဖွဲ့စည်းခဲ့ကြပြီးနောက် တတိယအကြိမ်


ထပ်မံတွေ့ဆုံခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဖက်ဒရယ် ပြည်တောင်စု ပေါ်ထွန်းရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးရွှေမျိုးသန့်က သူတို့ ညီလာခံခေါ်ယူဖို့ ကြိုးစားမှာ ဖြစ်ကြောင်း ပြောပါတယ်။

“အဓိကကတော့ ကျနော်တို့ ဒီ တိုင်းရင်းသား လူမျိုးများတွေကို ကိုယ်စားပြုနိုင်တဲ့ ညီလာခံတခု အဲ့ဒါကို အမြန်ဆုံး ခေါ်ဖို့ပေါ့လေ။ ပြည်တွင်းအင်အားစုတွေလည်း တိုင်းရင်းသား
ပါတီတွေရောလေ။ သူတို့ လာနိုင်တဲ့လူ ရှိတယ် ဆိုလို့ရှိရင်လည်း ကျနော်တို့ကတော့ ဖိတ်မှာပေါ့။ အဓိက တော့ တိုင်းရင်းသား အင်အားစုမှာ အစုအဖွဲ့တွေ ရှိနေတာတွေ ရှိတယ်။ ENC
ရယ် ULD-LA ရယ်၊ နောက် ကျနော်တို့ CEFU ရယ် နောက်တော့ NDF ရယ် လေးဖွဲ့ ပေါင်းပြီးတော့ ခုန ပြောတဲ့ ညီလာခံတခု ဖြစ်ပေါ်နိုင်ဖို့အတွက် ကော်မတီတရပ်ကို ဖွဲ့မယ်။ ပြီးတော့မှ
ဒီကော်မတီရဲ့ အစီအစဉ်နဲ့ အမြန်ဆုံး ညီလာခံတခုကို တိုင်းရင်းသား အင်အားစုတွေကို တတ်နိုင်သမျှ ပါဝင်နိုင်အောင် ဖိတ်ကြားမယ်ပေါ့လေ။”

ဒီလို တိုင်းရင်းသား လူမျိုးစုတွေကို ကိုယ်စားပြုတဲ့ ညီလာခံတရပ် အမြန်ဆုံး ခေါ်ယူကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြတာဟာလည်း စစ်အစိုးရကနေ ရေးဆွဲခဲ့ပြီး ပြီးခဲ့တဲ့နှစ် မေလက အတည်ပြု
ပြဌာန်းခဲ့တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချူပ်ပုံ အခြေခံဥပဒေထဲဟာ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ဖယ်ဒရယ်ပြည်တောင်စု တည်ဆောက်ရေး မပေါ်ပေါက်လာနိုင်တာကြောင့်
ဖြစ်တယ်။ ဒါကြောင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် အဖွဲ့တွေ စုစည်းပြီး တောင်းဆိုမယ် ဆိုလို့ရှိရင် ပိုပြီး ထိရောက်နိုင်တယ်ဆိုတဲ့ အခြေခံအချက်ပေါ် မူတည်ပြီး အခုလို ည်ီလာခံခေါ်ဖို့
ဆုံးဖြတ်တာဖြစ်တယ်လို့ ပြောပါတယ်။

ဒါအပြင် သူတို့ အင်အားစုတွေကို စစ်အစိုးရဖက်က ထိုးစစ်ဆင် တိုက်ခိုက်လာမယ်ဆိုရင်လည်း ဘယ်လိုစုပေါင်းပြီး ခုခံကာကွယ်မလဲဆိုတာတွေကို ဆွေးနွေးခဲ့ကြကြောင်း ဦးရွှေမျိုးသန့်က
ပြောပါတယ်။

ဒီအစည်းအဝေးမှာ KNPP အဖွဲ့က အထွေထွေ အတွင်းရေးမှူး ခူးဦးရယ်၊ စစ်ဦးစီးချူပ် ဗိုလ်ချုပ် ဘီထူး။ KNU အဖွဲ့က ဒုဥက္ကဋ္ဌ စောဒေးဗစ်တာကပေါ၊ စစ်ဦးစီးချူပ် ဗိုလ်ချူပ်ကြီး
စောမူတူးစေးဖိုး၊ NMSP အဖွဲ့က ဥက္ကဋ္ဌ နိုင်ထောမွန်၊ နိုင်ငံခြားရေးရာ တာဝန်ခံ နိုင်ဟံသာပွန်ခမ်နဲ့ ရှမ်းပြည် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (SSDP) အဖွဲ့က ဒုဗိုလ်မှူးကြီး ဦးပန်ဖ အပါအဝင်
စစ်ဦးစီးအရာရှိတွေနဲ့ အဖွဲ့အသီးသီးက ခေါင်းဆောင် ၃၀ နီးပါး တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

နယ်ခြားစောင့်တပ်ကို ဒီကေဘီအေ တိုက်ခိုက်

2011-01-14

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ကနေ ကော့ကရိတ်ကိုသွားတဲ့ နယ်ခြားစောင့်တပ် (ဘီဂျီအက်ဖ)် ပိုင် ကားနှစ်စီးကို ဒီကေဘီအေ ခွဲထွက်အဖွဲ့ဝင်တွေက ဇန်နဝါရီလ ၁၄ ရက်နေ့
ဒီကနေ့မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့လို့ ကားပေါ် မှာပါလာတဲ့ ဘီဂျီအက်ဖ် တပ်ဖွဲ့ဝင်တွေနဲ့ ခရီးသည်စုစုပေါင်း ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။

RFA

တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်ဖွဲ့ (DKBA) ကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် စစ်အစိုးရ၏ ဖိအားပေးမှုကို လက်မခံပဲ ပြန်လည် တိုက်ခိုက်နေသော ဗိုလ်နှုတ်ခမ်းမွေး
ခေါ် ဗိုလ်မှူးချုပ် စောလားပွယ် ဦးဆောင်သည့် ခွဲထွက်အဖွဲ့မှ တပ်ဖွဲ့ဝင်များ ဖြစ်ပါသည်။ (RFA)

ဒီကေဘီအေ တပ်ဖွဲ့ဝင်တွေဟာ စစ်ယူနီဖောင်းဝတ်တွေ လိုက်ပါလာတဲ့ ကားနှစ်စီးကို မြဝတီနဲ့ သင်္ကန်းညီနောင်ကြား သင်္ကန်းညီနောင် အခြေချ စစ်အစိုးရတပ် ခမရ (၃၅၆)
တပ်စခန်းအနီး ကားလမ်းမပေါ်မှာ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒီကေဘီအေတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခဲ့တဲ့ ကားဟာ နယ်ခြားစောင့်တပ် ဘီဂျီအက်ဖ်ပိုင် ဖိုးဝီးနဲ့ ဟိုင်းလတ်ကား အမျိုးအစား ကားနှစ်စီးလို့ သိရပါတယ်။ အဲလို တိုက်ခိုက်ခဲ့လို့ ကားပေါ်က
ဘီဂျီအက်ဖ်တပ်ဖွဲ့ဝင်တွေနဲ့ အဲဒီ ကားပေါ်က ခရီးသည် စုစုပေါင်း ၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မြဝတီမြို့ခံတဦး က RFA ကို ပြောပါတယ်။

“ဘီဂျီအက်ဖ်ကားပါ ၃၅၆ တပ်ရင်း ရှေ့နားက ကွေ့နားမှာ သူတို့ တပ်အင်အားတွေ တက်ပို့တဲ့ကားပါ။ ရှေ့ထွက်မိုင်း တလုံးထိတယ်၊ ထိပြီးတော့ အဲဒီမှာ သေနတ် အချက် ၂၀ လောက်
အဲဒီလောက် အခြေအနေနဲ့ တိုက်ပွဲဖြစ်ကြတယ်။ ခရီးသည် ၃ ယောက်ထိတယ်၊ ဘီဂျီအက်ဖ် ၆ ယောက် ထိတယ်။ အားလုံး ၉ ယောက် ဒဏ်ရာ ရတယ် အခု မြဝတီဆေးရုံမှာ။”

မြဝတီမြို့ ဆေးရုံကို RFA ဆက်သွယ် ခဲ့ပေမဲ့ တာဝန်ကျ ဝန်ထမ်းအမျိုးသမီးက မိုင်းထိလူနာတွေ ရောက်လာကြောင်းသာ ပြောပါတယ်။

“ပြောတော့ပြောတယ် များတော့ များတယ်လို့ ပြောတယ်။ လူနာတွေ အများကြီးရောက်တယ်တဲ့ ဆေးရုံမှာ မိုင်းထိလို့ လာပြီး အဲလို ပြောသံကြားတယ်။ ဒီကနေလည်း
လှမ်းကြည့်တော့လည်း ရှုပ်ရှက်ခက်နေတာ တွေ့တာပေါ့နော်။”

ဒီကနေ့ မနက်ပိုင်းမှာ ဒီကေဘီအေ တပ်ဖွဲ့ဝင်တွေက ကားလမ်းမပေါ်မှာ စစ်ယူနီဖောင်းဝတ်တွေ ပါလာတဲ့ ကားနှစ်စီးကို ကြားဖြတ် တိုက်ခိုက်ခဲ့တာ မှန်ကန်ကြောင်းနဲ့
ဒီကေဘီအေတပ်ဖွဲ့အနေနဲ့ သူတို့ တပ်စခန်းရှိတဲ့ နေရာတွေကို စစ်အစိုးရတပ်တွေ အခုရက်ပိုင်းအတွင်း အင်အားသုံး စစ်ဆင် တိုက်ခိုက်လာတဲ့အပေါ် ဒီကေဘီအေ တပ်ဖွဲ့တွေအနေနဲ့
မြို့တွင်းဝင်ရောက် လက်တုံ့ပြန် တိုက်ခိုက်နိုင်ကြောင်း ပြသလိုက်တာ ဖြစ်တယ်လို့ ဒီကေဘီအေ ကလိုထူးဘော ဗျူဟာ (၅) ရဲ့ စစ်ဆင်ရေးမှူး ဗိုလ်မှူး ဆန်းအောင်က ပြော ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၇ ရက်နေ့ စစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပတဲ့နေ့ကနေ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အတွင်းမှာ ဗိုလ်မှူးချုပ် စောလားပွယ် ဦးဆောင်တဲ့ ဒီကေဘီအေ
ခွဲထွက်အဖွဲ့ဝင်တွေက မြဝတီမြို့တွင်း အဓိက အချက်အခြာကျတဲ့ နေရာတွေမှာ လက်နက်ကိုင် ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပြီး အဲဒီနောက်ပိုင်း စစ်အစိုးရတပ်တွေနဲ့ တိုက်ခိုက်မှုတွေ
ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဗိုလ်မှူးချုပ် စောလားပွယ် ဦးဆောင်တဲ့ ဒီကေဘီအေ ခွဲထွက်အဖွဲ့ဟာ စစ်အစိုးရရဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံခဲ့ရာက စစ်ရေး
တိုက်ခိုက်မှုအထိ အရှိန်မြှင့် လာခဲ့တာ ဖြစ်ပါတယ်။

အခုရက်ပိုင်းအတွင်းမှာတော့ စစ်အစိုးရတပ်တွေနဲ့ ကရင်အမျိုးသားတပ်မတော် (ကေအဲန်အဲလ်အေ) တပ်ဖွဲ့၊ ဒီကေဘီအေတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ဝေါလေဒေသနဲ့


မြဝတီမြို့တောင်ဖက် ဖလူးကျေးနယ်အတွင်းမှာ စစ်အစိုးရတပ်တွေ အင်အားတိုး စစ်ဆင်ခဲ့သလို လက်နက်ကြီးတွေနဲ့ ဒလစပ် ပစ်ခတ် တိုက်ခိုက်နေပါတယ်၊ စစ်အစိုးရအနေနဲ့
မြန်မာပြည်အလယ်ပိုင်း မကွေးတိုင်း ပခုက္ကူဖက်က တပ်တွေကိုပါ ခေါ်ယူပြီး ကရင်တပ်ဖွဲ့တွေကို စစ်ဆင် တိုက်ခိုက်နေတာ ဖြစ်သလို ။ အင်းစိန်၊ တောင်ငူ၊ ဘာအံ။ မွန်ပြည်နယ်
တောင်စွန်း စတဲ့ ထောင်တွေကနေ ရာနဲ့ချီတဲ့ ထောင်ကျ အကျဉ်းသားတွေကို စစ်တပ်ပေါ်တာအဖြစ် ရှေ့တန်းစစ်မြေပြင်တွေမှာ အသုံးပြု ခိုင်းစေပြီး စစ်ဆင် တိုက်ခိုက်နေကြောင်း
သိရပါတယ်။

ဗုံးခွဲမှု စီရင်ချက် တရားမျှတမှု မရှိကြောင်း လူ့အခွင့်အရေးအဖွဲ့ ပြောကြား

2011-01-14

၂၀၁၀ ခု နှစ်လယ်ပိုင်းတုန်းက ရန်ကုန-် ရွှေပေါက်ကံ စက်မှုဇုံ ဗုံးပေါက်ကွဲမှုမှာ ပါဝင် ပတ်သက်တယ်ဆိုပြီး ပုဒ်မ ၅ ခုစီနဲ့ အစွပ်စွဲခံခဲ့ရသူ ၁၂ ဦးကို အင်းစိန်တရားရုံးက ၂၀၁၀
စက်တင်ဘာလ ၂၉ ရက်နေ့မှာ ပြစ်ဒဏ်ချမှတ်ခဲ့တာကို ကြည့်ရင် တရားဥပဒေအရ ညီညွတ်မှု မရှိဘူးလို့ ဟောင်ကောင်အခြေစိုက် AHRC အာရှ လူ့အခွင့်အရေး ကော်မရှင်က ဇန်နဝါရီ
၁၄ ရက် ဒီကနေ့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ရွှေပေါက်ကံ စက်မှုဇုံ ဗုံးပေါက်ကွဲအတွက် အစွပ်စွဲခံရသူ ကိုကျော်ဇေလင်း ဆိုသူအပါအဝင် လူငယ် ၁၂ ဦးကို ထောင်ဒဏ် ၅ နှစ်ကနေ ၁၉ နှစ်အထိ ချမှတ်ခံခဲ့ရပါတယ်။
ကိုကျော်ဇေလင်းကိုတော့ ထောင်ဒဏ် ၁၉ နှစ် ချမှတ်ခဲ့ပါတယ်။

သူတို့တွေကို ပြစ်ဒဏ် စီရင်ပုံတွေဟာ ကျိုးကြောင်း ဆီလျော်မှု မရှိဘူးလို့ AHRC ရှေ့နေတဦးဖြစ်သူ ဦးမင်းလွင်ဦးက ဆိုပါတယ်။

“စွဲဆိုထားတဲ့ အမှု ငါးမှုစလုံးမှာ စွဲဆိုတဲ့ တရားလိုကလည်း အတူတူပဲ ဖြစ်တယ်၊ သက်သေတွေကလည်း အတူတူပဲ ဖြစ်တာကို ကျွန်တော်တို့ တွေ့ရှိရတယ်။ တရားလိုကပဲ ကျန်တဲ့
အမှုတွေမှာလည်း သူကိုယ်တိုင်က တရားလို ဖြစ်တယ်၊ သက်သေတွေကလည်း အဲဒီ အမှုတိုင်း အမှုတိုင်းမှာ သက်သေထွက်တဲ့ လူတွေကလည်း အားလုံး အတူတူပဲ။ အဲဒီ ရန်ကုန်တိုင်း
ရဲတပ်ဖွဲ့မှူးရုံးက လူတွေချည်းပဲ ဖြစ်တာကို ကျွန်တော်တို့ တွေ့ရတယ်။”

“အဲဒီတော့ ရှာဖွေပစ္စည်း သိမ်းဆည်းတဲ့ နေရာမှာ တချို့နေရာတွေမှာတော့ လူကွဲတာကို တွေ့ရတယ်၊ ဒါပေမဲ့ အဲဒီလူတွေကလည်း ဒီ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးကပဲ ခေါ်ယူလာတဲ့
သက်သေတွေ ဆိုတာကို စီရင်ချက်တွေမှာ ကျွန်တော်တို့ တွေ့ရပါတယ်။”

“အဲဒီတော့ ကျွန်တော်တို့ ဥပမာအားဖြင့် ပြောရရင် တရားမဝင် နယ်စပ် ဖြတ်ကျော်ပြီး သွားတဲ့အမှုတွေမှာ လူဝင်မှုကြီးကြပ်ရေး အရာရှိရဲ့ ပြန်ကြားစာ တစောင်ကိုပဲ မူတည်ပြီးတော့
သုံးသပ်ပြီးတော့ ဆုံးဖြတ်ထားတာကို တွေ့ရတယ်။ အဲဒီ လူဝင်မှု ကြီးကြပ်ရေး အရာရှိကို ပြန်လည် စစ်ဆေးမေးမြန်းခွင့် တရားခံတွေမှာ မရရှိခဲ့ဘူး။”

ဒါ့အပြင် ၂၀၁၀ ခုနှစ်အတွင်း ရန်ကုန်တိုင်းအတွင်းက အခြားသော ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း ကိုကျော်ဇေလင်းတို့ ၁၂ ဦးကို နောက်ထပ် အမှုတွေ
စွဲဆိုထားကြောင်းလည်း AHRC က ပြောပါတယ်။

ူမန်မာဌာန > သတင်းမား

တသီးပုဂ္ဂလ ဒီမိုကရက်များအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

2011-01-14

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ တသီးပုဂ္ဂလ ဒီမိုကရက်များအဖွဲ့ကို ဇန်နဝါရီ ၁၄ ရက် ဒီကနေ့ လက်ခံတွေ့ဆုံပြီး အဲဒီအဖွဲ့ ဆောင်ရွက်နေတဲ့
လူမှုရေးလုပ်ငန်း အတွေ့အကြုံ တင်ပြချက်တွေကို လက်ခံ နားထောင်ခဲ့သလို၊ NLD ရဲ့ လူမှုရေးအလုပ်တွေနဲ့ ပူးတွဲ ဆောင်ရွက်နိုင်မဲ့ အကြောင်းတွေ ဆွေးနွေးကြတယ်လို့
သတင်းရရှိပါတယ်။

(Photo: AFP)

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၂၆ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးမှ ထွက်ခွာသွားစဉ် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)

မင်္ဂလာမြန်မာအမည်နဲ့ လူမှုရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ဒေါက်တာ ဘုန်းဝင်း၊ ဒေါ်ယုဇာ မော်ထွန်း၊ ကိုတင့်ဆန်း တို့က ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြကြပြီး ဆွေးနွေးကြတာလို့
ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင် ဦးဝင်းထိန်က RFA ကို ပြောပါတယ်။
“သူတို့ကတော့ စောစောပိုင်းကတည်းက မင်္ဂလာမြန်မာ နာမယ်နဲ့ လူမှုရေးတွေ ဘာတွေ လုပ်နေတာလေ။ အဲဒီ အတွေ့အကြုံတွေကို ဒေါ်စုကို လာတင်ပြပြီးတော့ ဒီ NLD က လုပ်မဲ့
လူမှုရေး အစီအစဉ်နဲ့ သူတို့ လူမှုရေး အစီအစဉ်နဲ့ ပေါင်းပြီးတော့ လုပ်ရင် ဘယ်လောက် အတိုင်းအတာအထိ ထိရောက်မယ် ဆိုတဲ့ဟာကို လာဆွေးနွေးတာပါ။ ဆွေးနွေးတာတွေကတော့
လိုတဲ့နေရာတွေမှာ ရေနက်တွင်း တူးဖို့ ကိစ္စတွေ၊ နောက် တခြား လူမှုရေးကိစ္စတွေ ပေါင်းလုပ်လို့ ရမဲ့ အလားအလာတွေကို ဆွေးနွေးတာပါ။”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ တဖက်မှာ ပါတီတည်ရှိရေး ဥပဒေကြောင်းအရ ရုန်းကန် တိုက်ပွဲဝင်နေရသလို၊ လူငယ်လုပ်ငန်း ဖော်ဆောင်ရေး အဖွဲ့တွေကလည်း ကိုယ်တာဝန်
ကိုယ်ဆောင်ရွက် နေကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံရဲ့ အရေးတွေ ဖြစ်တဲ့ ဒီကနေ့ ပြည်သူတွေ ရင်ဆိုင်နေရတဲ့ မုန်တိုင်းသင့်ဒေသက အခက်အခဲတွေ၊ ချင်းပြည်နယ်က စားနပ်ရိက္ခာ ပြတ်လတ်မှုတွေ၊ ကျန်းမာရေးကိစ္စတွေ စတဲ့
လူမှုရေးတွေကို ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်းမှာပဲ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပုံမှန်နေ့စဉ် လုပ်ငန်းတွေအတိုင်း နိုင်ငံခြားသား ဧည့်သည်တွေကို လက်ခံတွေ့ဆုံပြီး မြန်မာ့အရေးတွေ
ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

http://www.rfa.org/burmese

ဝေါ်လေဒေသ တိုက်ပွဲ ပြင်းထန်လာ


Submitted by Karen Information Center on Friday, 14 January 2011No Comment

ဇန်န၀ါရီလ ၁၄ရက်။ စောသိန်းမြင်(ကေအု


ိ့င်စ)ီ

ကရင်ပြည်နယ၊် မြ၀တီခရိုင် ဝေါ်လေဒေသ၌ နအဖနှင့် ကရင်ပူးပေါင်းတပ်ဖွဲ့ဝင်တို့အကြား ယနေ့တနေ့လုံးနီးပါး အ ပြန်အလှန်ပစ်ခတ်မှုအခြေအနေသည် ယခင်ရက်များထက်


မိုပိုပြင်းထန်လျှက်ရှိသည်ဟု ကရင်တပ်ဖွဲ့များ ဘက်က ပြောသည်။

စစ်သည်အင်အား ၁၈၀ကျော်ရှိသည့် နအဖစစ်တပ်မှ စကခ (၁၂)လက်အောက်ခံ ခလရ (၂၉၉)နှင့် စကခ (၈)လက်အောက်ခံ ခမရ (၄၀၉)၊ (၄၀၃)ပူးပေါင်းတပ်ရင်းတို့သည်
အူးကလေ့ထာ့ရှိ DKBA တပ်ဖွဲ့ဝင်များး၏ ယာယီစခန်းအား ယနေ့ နေ့လည် ၁၂ကျော်မှစ၍ ညနေ ၆နာရီအထိ လက်နက်ကြီးများဖြင့် အချက်ပေါင်း ၂၀၀နီး ပါးခန့် ပစ်ခတ်ခဲ့သည်ဟု
DKBA ဘက်က ပြောသည်။

DKBA တပ်မဟာ(၅) လက်နက်ကြီးတပ်ဖွဲ့မှ ဗိုလ်ကြီး စောစမင်းက “ ဒီနေ့ ၁၂နာရီခွဲကနေ ညနေ ၆နာရီ ကျော်အထိ နအဖဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေ
မရေတွက်နိုင်လောက်အောင် ကျနော်တို့စခန်းကို ပစ်ခတ်ကြတယ်။ ကျနော်ဘက်ကလည်း ပြန်ပစ်တယ်။ ကျနော်တို့ စခန်းကို တက်သိမ်းဖို့ သူတို့ (နအဖ) သုံးကြိမ်တိုင်တိုင်
ကြိုးစားခဲ့ပေမယ့် သူ့လူတွေအထိနာလို့ ပြန်ဆုတ်လိုက်ရတယ်။”ဟု ပြောသည်။

ယနေ့ တိုက်ပွဲတွင် နအဖဘက်က ထိခိုက်ဒဏ်ရာရှိရသူ အရေအတွက် အတိအကျ မသိရှိရသော်လည်း ကရင်တပ် ဖွဲ့ဝင်များဘက်မှ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်း
တိုက်ပွဲတွင်ပါဝင်ခဲ့သည့် ကရင်တပ်ဖွဲ့ဝင်များက ပြောသည်။

အလားတူ ဖလူးကျေးနယ်ဘက်တွင်လည်း နအဖစစ်တပ်က ဗိုလ်မှူးကြီး စောကျော်သက်ဦးဆောင်သည့် DKBA တပ်ဖွဲ့အား မွန်းလွဲ ၁နာရီကျော်အချိန်မှစ၍ ညနေ ၆နာရီအချိန်
လက်နက်ကြီးများဖြင့် ပစ်လိုက်ရပ်လိုက် တ ဖက်သတ် ပစ်ခတ်ခဲ့သည်ဟု DKBA တပ်မဟာ(၅)မှ ဗိုလ်မှူး စောဆန်းအောင်က ပြောသည်။

ပြီးခဲ့သည့် ၁၂ရက်နေ့က ဖလူးကျေးနယ်တွင် နအဖတပ်ဖွဲ့မှ လက်ကြီးများဖြင့် အပြင်းအထန် ပစ်ခတ်မှုကြောင့် ဗိုလ်မှူးကြီးစောကျော်သက်ထိုင်သည့် ကဆောဝါးလေး


ယာယီခံစစ်စခန်းအား နေရာဖယ်ပေးခဲ့ရသည်ဟု သိရှိရ သည်။

လွန်ခဲ့သည့် ၂၀၁၀ခုနှစ် ရွေးကောက်ပွဲတရက်အလွန် နိုဝင်ဘာလ ၈ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် နအဖနှင့် ဗိုလ်မှူးချုပ် စောလားပွယ်ဦးဆောင်သည့် DKBA တပ်မဟာ (၅)
တပ်ဖွဲ့တို့ကြား ပြစ်ခတ်မှုသည် လက်ရှိအ ချိန်ထိ တိုက်ပွဲအခြေအနေ ပြင်းထန်လျှက်ရှိပြီး DKBA ဘက်မှ KNLA၊ ABSDF တပ်ဖွဲ့တို့က စစ်ရေး ပူးပေါင်းလာသလို နအဖဘက်ကလည်း
နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းထိုးစစ်ဆင် လာသည်ဟု သိရသည်။

ရှေ့ထွက်မိုင်းပေါက်ကွဲမှုကြောင့် ၉ဦး ထိခိုက်ဒဏ်ရာရရှိ


Submitted by Karen Information Center on Friday, 14 January 2011No Comment

ဇန်န၀ါရီလ ၁၄ရက်။ စောသိန်းမြင့် (ကေအိုင်စ)ီ

ကရင်ပြည်နယ် ကော့ကရိတ်-မြ၀တီကားလမ်း တံတားကျိုးနေရာတွင် ယနေ့မနက်၌ ရှေ့ထွက်မိုင်း ၁လုံးပေါက်ကွဲခဲ့ရာ နယ်ခြား စောင့်တပ်(BGF) တပ်ဖွဲ့ဝင် ၆ဦး၊ အရပ်သား ၃ဦး
ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယနေ့နံနက် ၁၀နာရီကျော်တွင် တံတားကျိုးအလွန်၊ နအဖ ခမရ (၃၅၆)စခန်းအနီးရှိ BGF တပ်ဖွဲ့ဝင်များ၏ကားကို ဒီကေဘီအေ တပ်မဟာ (၅)တပ်ဖွဲ့ဝင်များက ရှေ့ထွက်မိုင်းများအပြင်
လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် BGF တပ်ဖွဲ့ဝင် ၆ဦးနှင့် အရပ်သား ၃ဦး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့သည်ဟု ကိုယ်တိုင်မြင်တွေ့ခဲ့သူတဦးက ပြောသည်။

၎င်းက “အာရှလမ်းမထိပ် တောင်ခြေ၊ ခြေမြန်တပ်ရင်း (၃၅၆) စခန်းဘေးမှာ ဖြစ်ပွားတာ ဖြစ်တယ်။ BGF ကားကို ချိန်ပြီးတော့ ဆွဲ တာ၊ အဲဒီမှာ BGF ၆ယောက်။ ခရီးသည် ၃ယောက်
ထိတယ်။ သေတာ မရှိဘူး။ ဒဏ်ရာရတဲ့လူတွေကို အခု မြ၀တီဆေးရုံကို ပို့ လိုက်ပြီ။”ဟု ပြောသည်။

အဆိုပါမိုင်းတိုက်ခိုက်မှုကို ဒီကေဘီအေ တပ်မဟာ(၅)မှ ဗိုလ်မှူးကျော်ပလို့ ဦးဆောင်သည့်အဖွဲ့မှ ရှေ့ထွက်မိုင်း ၂လုံးဖြင့် သွား ရောက်ပစ်ခတ်ခြင်းဖြစ်ပြီး နအဖ
ခမရ(၃၅၆)တပ်ဖွဲ့ကလည်း လက်နက်ကြီးငယ်များဖြင့် အချိန်အတော်ကြာ ပြန်လည် ပစ်ခတ်ခဲ့ ကြောင်း ဒီကေဘီအေ တပ်မဟာ(၅)မှ စစ်ဆင်ရေးမှူး ဗိုလ်မှူးစောဆန်းအောင်က
အတည်ပြု ပြောကြားသည်။

၎င်းအခင်းဖြစ်ပွားသည့်နေရာတွင် ပြီးခဲ့သည့် ဇန်န၀ါရီလ ၇ရက်နေ့ မွန်းလွဲပိုင်းတွင် ဆွဲမိုင်း ၁လုံး ပေါက်ကွဲခဲ့မှုကြောင့် အရပ်သား ၈ဦး ဒဏ်ရာရရှိခဲ့သည်။

http://www.kicnews.org/

အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ရိုက်ချိုးခဲ့သူ ထွန်းနိုင်ရွှေ နဲ့ ဖိုးလပြည့်

Friday, January 14, 2011

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအား ဖျက်ဆီးခဲ့သူ ထွန်းနိုင်ေ၇ွှနဲ့  ဖိုးလပြည့်

ကျတော် မင်းဓမ္မသည် ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တစ်ဦးထံမှ ထွန်းနိုင်ရွှေနှင့်ဖိုးလပြည့်တို့ က


မည်သို့ မည်ပုံ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအား ဖျက်ဆီးခဲ့ ကြောင်း အင်တာဗျူးကြည့်ခဲ့ပါသည်...

မင်းဓမ္မ- ခင်များက ငြိမ်းချမ်းရေးအကျိုးတော်ဆောင်ဆိုတော့ ငြိမ်းအဖွဲ့ တော်တော်များများနဲ့ သိမှာပေါ့နော်...


အကျိုးတော်ဆောင်- သိပါတယ်...အခုနောက်ဆုံး ငြိမ်းချမ်းရေးလုပ်ထားတဲ့  ဖထီးထိန်မောင်တို့ အဖွဲ့ နဲ့ လဲသိပါတယ်...
မင်းဓမ္မ- ဘိုးထိန်မောင်တို့ အဖွဲ့ ကို အစိုးရက တော်တော်ဦးစားပေးတယ်ဆ.ို ..
အကျိုးတော်ဆောင်- ဦးစားပေးဆို သူတို့ က ဗိုလ်ချုပ်မောင်အေး လက်ထက်မှာ အလင်းဝင်လာတဲ့ လူတွေဖြစ်တာကိုး...ပြီးတော့ သူတို့ အဖွဲ့ က ဗိုလ်ချုပ်မောင်အေးအပေါ်မှာ
တခြားသူထက်စာရင် တော်တော်ယုံကြည်မှူရှိတယ်...ဗိုလ်ချုပ်မောင်အေးကို ယုံကြည်လို့ အလင်းဝင်လာတာလို့ လဲ ပြောကြတာပဲ...
မင်းဓမ္မ- ဒါဆိုရင် ဘာလို့ DVB ရုပ်သံမှာ နယ်ခြားစောင့်တပ်မလုပ်ဘူး လို့ ပြောရတာလဲ...
အကျိုးတော်ဆောင်- အဲဒါက ဒီလိုဗျ..ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မျိုးဆက် ထွန်းနိုင်ရွှေနဲ့ ဖိုးလပြည့်တို့ ကြောင့်မို့ လို့ ပြောရမှာပဲ...ဇာတ်လမ်းကဒီလို...
ကျတော်က ဘိုးထိန်မောင်တို့ အဖွဲ့ နဲ့ ပေါင်းပြီး ကျောက်ကုမ္ပဏီ တခုကို ကျတော်က မတည်ရင်းနှီးပြီး တည်ထောင်ခဲ့တယ်..ရွှေဒေါနတောင် ပေါ့...
သိန်း ၅၀၀ လောက် ကုန်တယ်..ကျတော်က အိမ်ရောင်းပြီး ရင်းနှိးထားရတာ...ဘိုးထိန်မောင်တို့ က နာမည်စိုက်တာပေါ့...တိုတိုပြောရရင် ကုမ္ပဏီထောင်ပြီး ကျောက်လုပ်ကွက်တွေ
လျှောက်ထားခဲ့တယ်ပေါ့ဗျာ...
အကုန်လုံးအဆင်ပြေတယ်..ဘိုးထိန်မောင်တို့ ကလဲ အစိုးရ အပေါ်ကို တော်တော်လေးယုံကြည်နေပြီပေါ့ဗျာ...စောနေစိုးမြတို့ ပါ အလင်းဝင်လာတယ်..နောက်လဲ အလင်းဝင်လာဖို
့ရှိတယ်လို့ လဲ ကြေညာထားတယ်ဗျာ..
ကျတော်တို့ အဖွဲ့ လျှောက်ထားတဲ့ ကျောက်လုပ်ကွက်တွေကို သာ အစိုးရက ချထားပေးခဲ့မယ်ဆိုရင် နာဒါးမြတို့ ပါ အလင်းဝင်လာမယ်ဆိုပြီး ဘိုးရင်နုက အရက်မူးလာတော့
ပြောလာတာပေါ့...တကယ်လဲ အစိုးရက ချထားပေးတော့မှာပါ...
အဲဒီမှာ ကျတော်က ပိုသေချာ အောင်လို့ ဆိုပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သား ထွန်းနိုင်ရွှေကို သွားပြီးတော့ အကူအညီပေးပေးဖို့ ပြောလိုက်တာ..စစချင်းတော့ စိတ်ချပါ
ရပါတယ်ပေါ့လေ...နောက်တော့ ဘယ်လိုစိတ်ပြောင်းသွားတယ်မသိဘူး..
ကရင်အဖွဲ့ တွေဆိုတော့ မလုပ်ပေးချင်ဘူးတွေ ဘာတွေ ဖြစ်လာတယ်...အဲဒီလို ထွန်းနိုင်ရွှေရဲ့  စကားသံထွက်လာပြီးတဲ့နောက်ပိုင်းမှာ သတ္ထုတွင်းဝန်ကြီးဌာနက ဗိုလ်မှူးကြီးသိန်းဆွေက
ကျတော်တို့ အဖွဲ့ ကို ခေါ်တွေ့ ပြီး အခုကျတော်တို့ အဖွဲ့ ကို
ချထားပေးတဲ့ ဝှေခါ ၁၀ ကွက်ကို ပဲ ယူလို့ ရမယ်..ဒါပဲယူလိုက်ပါ ဆိုပြီး ခြိမ်းခြောက်သလိုလိုနဲ့ ပြောလာတယ်ပေါ့ဗျာ...ဒါနဲ့ ကျတော်လဲ နယက ညွှန်ချုပ် ဗိုလ်မှူးကြိးကျော်ကျော်ဝင်းအိမ်ကို
သွားပြီး အကူအညီပေးပေးဖို့ သွားတောင်းတယ်...
ဗိုလ်မှူးကြီး သိန်းဆွေက စကားတမျိုးပြောနေတယ်...ကျော်ကျော်ဝင်း ကူပြောပေးပါဦးဆိုပြီး ပြောလိုက်တော့ သူ့ တပည့်တွေကို ထည့်ပေးလိုက်တယ်...ဒါနဲ့ 
ကျော်ကျော်ဝင်းတပည့်တွေလိုက်လာပြီး ဗိုလ်မှူးကြီးသိန်းဆွေနဲ့ စကားများကြတယ်ပေါ့ဗျာ... ကျော်ကျော်ဝင်းက အစကနေ ပြန်လျှောက်ပါ...အကူအညီပေးမယ်လို့ ပြောလိုက်တော့
ကျတော်တို့ အစကနေ ပြန်လျှောက်ရတယ်ဗျာ...
ရှင်းရှင်းပြောရရင် ကျော်ကျော်ဝင်းက သိန်းဆွေနောက်မှာ ထွန်းနိုင်ရွှေ ရှိတာကို မသိဘဲနဲ့  ပြောလိုက်တာပေါ့ဗျာ...ကျတော်လဲ အစက မသိဘူးဗျ..နောက်တော့မှ ကျတော်တို့ ကို
ချထားပေးတဲ့  ဝှေခါ ၁၀ကွက်က ထွန်းနိုင်ရွှေ လုပ်ပြီးသား
မကောင်းတဲ့ ၁၀ ကွက်လို့ လဲ သိလိုက်ရတော့ ကျတော် သဘောပေါက်သွားတယ်...ထွန်းနိုင်ရွှေ လောဘဇောတက်ပြီး ကျုပ် နောက်ကြောကို ဓားနဲ့ ထိုးလိုက်ပြီလို့ ...
မင်းဓမ္မ-ခင်များတို့ ပြန်လျှောက်တဲ့အချိန်မှာ အဲဒီလုပ်ကွက်တွေက မက်စ်ဇော်ဇော်တို့  အာရှဓနဘဏ်အုပ်စုတို့ ကလဲ လိုချင်နေတယ်လို့  သတင်းတွေထွက်နေတယ်မဟုတ်လား
အကျိုးတော်ဆောင်- သိန်းဆွေတို့ ရုံးကဟာ တွေက လုပ်စားနေကြဆိုတော့ မက်စ်ဇော်ဇော်နဲ့  ထွန်းနိုင်ရွှေ အာရှဓနဘဏ်နဲ့ က ဖိုးလပြည့် တို့ ကလဲ ကျတော်တို့  အကွက်ကို
အပြိုင်လုကြတယ်ပေါ့ဗျာ...
မက်စ်ဇော်ဇော်ရဲ့ အကြံပေးချက်အရ ထွန်းနိုင်ရွှေက ကျတော်တို့ ကို ပထုတ်ဖို့  သူရရှိထားပြီးသား မကောင်းတဲ့ ဝှေခါ ၁၀ ကွက်ကို တဖက်လှည့်နဲ့  ဗိုလ်မှူးကြီးသိန်းဆွေကနေတဆင့်
ကျတော်တို့ အဖွဲ့ ကို အတင်းယူခိုင်းခဲ့တယ်ပေါ့ဗျာ..ကျတော်တို့ က တင်းခံသေးတာပဲ..
နောက်တော့ လဲ သူတို့ ပေးတာပဲ ယူလိုက်ရတော့တာပေါ့ဗျာ...
မင်းဓမ္မ-ခင်များတို့ လျှောက်တဲ့  မှော်တစ်ခုက ရွာနဲ့ မလွတ်လို့ မချပေးတာလို့  ကျတော် နေပြည်တော်ကို သွားစုံစမ်းကြည့်တော့ ပြောလိုက်တယ်ဗ.ျ ..
အကျိုးတော်ဆောင်- ဒါဆို ရွာနဲ့ လွတ်ကင်းတဲ့ ဟာကျတော့ ဘာလို့ မချပေးရတာလဲ...
မင်းဓမ္မ-အဲဒါကို လဲမေးကြည့်တော့ မချပေးချင်လို့ မချပေးတာတဲ.့ ..လက်တို့ ပြီးမေးကြည့်တော့ ထွန်းနိုင်ရွှေနဲ့ ဖိုးလပြည့်တို့  က သိမ်းလိုက်ပြီလို့ လဲ ပြောကြတယ်...
အကျိုးတော်ဆောင်- ဟုတ်တယ် အဲဒီကောင် ကျုပ်နောက်ကြောကို ဓားနဲ့ ထိုးသွားတာ...
မင်းဓမ္မ-ခင်များက အဲဒီအကြောင်းကို ဗိုလ်ချုပ်မောင်အေးကို မပြောပြဘူးလား...
အကျိုးတော်ဆောင်- ဘိုးထိန်မောင်တို့ က အချိန်တွေလဲကြာနေပြီ ပေးတာပဲ ယူလိုက်တော့ လို့ ပြောတာနဲ့  ဗိုလ်ချုပ်မောင်အေးကို မပြောပြတော့တာ...
မင်းဓမ္မ- ဘိုးထိန်မောင်တို့ စိတ်ထဲမှာ တင်းသွားမှာပေါ့နော်...
အကျိုးတော်ဆောင်- အေးပေါ့ဗျာ...၀မ်းနည်းစရာပါပဲ...ငြိမ်းချမ်းရေးလုပ်ငန်းတွေ ပျက်ပြားသွားရတာ တိုင်းပြည်အတွက် ဘယ်ကောင်းပါ့မလဲ..
မင်းဓမ္မ-ဒါနဲ့  ခင်များက DKBA တွေနဲ့ လဲ ရင်းနှီးတယ်ဆို
အကျိုးတော်ဆောင်- DKBA မှာ အောင်စ ဆိုတာ ရှိတယ်..အခု အဲဒီကောင် သေသွားပြီ သူက ကျုပ်တပည့်ပ.ဲ ...ပြီးတော့ DKBA သာထူးကျော် နဲ့  အင်မတန်ရင်းနှီးတဲ့ တင်ရွှေ
ဆိုတဲ့ကောင်ရှိတယ်..တင်ရွှေဆိုတာ တခြားသူ မဟုတ်ဘူး...ရန်ကုန်မြို့ တော်ဝန်ဟောင်း ဦးကိုလေး ရဲ့ အမျိုးအရင်း ခေါက်ခေါက်
မင်းဓမ္မ- အော်...S2 သား ရဲ့ မိန်းမ ခင်သီတာ အမျိုးလား...
အကျိုးတော်ဆောင် - ဟုတ်တယ်...သူ့ အပေါ်မှာ ကျုပ်အကြွေး သိန်းတစ်ရာလောက်ရှိတယ်...တင်ရွှေ က သာထူးကျော်ကို သိပ်ပိုင်တာ...ပြီးတော့ DKBA တွေ ကျောက်လုပ်ကွက်တွေ
စလျှောက်တုန်းကလဲ ကျတော်ပဲ အကူအညီပေးလိုက်ရတာ...DKBA ကြီးပွားလာတာ ကျုပ်ကျေးဇူးမကင်းဘူး...
မင်းဓမ္မ-ဒါဆို ခင်များက ငြိမ်းချမ်းရေးအဖွဲ့ တွေ တော်တော်များများနဲ့ သိတာပဲနော်... ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ပီသပါတယ်...
အကျိုးတော်ဆောင်- မပီသဘူးဗျ...အိပ်စိုက်တာတွေ များလာတာကြာတော့ မခံနိုင်တော့ဘူး...သူများအကျိုးဆောင်တာ ကိုယ်ပဲပြောင် နေတယ်...
မင်းဓမ္မ- အော် လက်စသတ်တော့ ထွန်းနိုင်ရွှေက တရားခံ ပဲပေါ့နော်...

ဘိုးရင်နုမှ စစ်အစိုးရထံသို့  ရေးသားတဲ့ စာ

ရွှေဒေါနတောင် ကျောက်မျက်ကုမ္ပဏီ LETTER HEAD


မင်းဓမ္မ- နောက်တစ်ကြိမ်ပြန်လျှောက်တော့ ဗိုလ်ချူပ်မောင်အေးက နယ်ခြားစောင့်တပ်လုပ်မလား ဆိုပြီး စအဖအရာရှိကနေတဆင့် ဘိုးထိန်မောင်တို့ ကို မေးခိုင်းတယ်မဟုတ်လား...
အဲဒီမှာ ဘိုးထိန်မောင်တို့ က မလုပ်ဘူးလို့  ပြောလိုက်လို့  ခင်များတို့ လျှောက်တဲ့
လုပ်ကွက်တွေ မရတာလို့ လဲပြောသံကြားရတယ်..အဲဒါကရော ဘယ်လို ဖြစ်လို့ လ.ဲ ..
အကျိုးတော်ဆောင်- အစိုးရဘက်က ဘာမှအရင် တရားဝင်လုပ်မပေးသေးဘဲနဲ့  ဘိုးထိန်မောင်တို့ ကို နယ်ခြားစောင့်တပ်လုပ်ပါ လို့ ပြောတာ ပြောတဲ့သူက မှားတာလား မေးတဲ့သူက
မှားတာလား ဆိုတာကတော့ ခင်များပဲ စဉ်းစားကြည့်လေ...
မင်းဓမ္မ- ဒါဆို စစချင်းလျှောက်တုန်းကတည်းကသာ ဘိုးထိန်မောင်တို့ ကို အဲဒီလုပ်ကွက်ကို ချထားပေးလိုက်ရင် စောနေစိုးမြသာမဟုတ်ဘူး နာဒါးမြတို့ ပါ
အလင်းဝင်လာမှာပေါ့နော်...
အကျိုးတော်ဆောင်- ဟုတ်တယ်...နာဒါးမြတို့ သာ မဟုတ်ဘူး...ကျတော်က အဲဒီလုပ်ကွက်သာရရင် ပေါက်ယူချန်းသားမက် အိုက်ဟော့နဲ့  အကျိုးတူ လုပ်မယ်လို့ ဝတွေကို
ပြောထားပြီးသား...၀တွေကလဲ သဘောတူပြီးသား...နောက်ကျတော့ ကျတော်တို့  အဲဒီလုပ်ကွက်ကိုမရတဲ့အခါကျတော့ ၀ တွေက ဘယ်လိုထင်လာလဲဆိုတော့
ဗိုလ်ချုပ်မောင်အေးလက်ထက်မှာ အလင်းဝင်လာတဲ့ ကရင်တွေကိုတောင် အခွင့်အရေးမပေးရင် ငါတို့ လို ခင်ညွန့်လက်ထက်က ကောင်တွေဆိုရင် သွားပြီလို့  သံသယတွေဝင်လာပြီး
စစ်ရေးအရှိန်မြင့်ကုန်တာပေါ့...ကိုးကန့်ကိစ္စကလဲ ဖြစ်လိုက်သေးတာဆိုတော့ ပြည်တွင်းစစ်ဆီကို ဦးတည်ကုန်တာပေါ့...
မင်းဓမ္မ- ဒါဆို အဓိက တရားခံက ထွန်းနိုင်ရွှေ ပေါ့နော်...
အကျိုးတော်ဆောင်- ကျုပ်နောက်ကြောကို ဓားနဲ့ ထိုးသွားတဲ့ကောင်လေ...ပြီးတော့ မြန်မာတနိုင်ငံလုံးကိုပါ စစ်မီးထတောက်လာအောင် လုပ်တဲ့ကောင်လေ...
ဘယ်အချိန် ဘ၀ပျက်မလဲ မသိဘူး...ထွန်းနိုင်ရွှေအတွက် ကဗျာလေးတပုဒ် ရွတ်ပြလိုက်မယ်...

မြေလျှိုးမိုးပျံ ဂူအောင်းလို့ နေသော်လည်း


အတိတ်ကံဆိုး ကြုံလာတိုးက
နွားခြေရာနောက် လှည်းဘီးလျှောက်သို့ 
လွတ်ရိုးထုံးစံမရှိပြန်ဘူး
ဆဒမ်ဟူစိန် ငူငူလေးထိုင်
သေနတ်ကိုင်လို့  မှိုင်နေတဲ့  ပုံရိပ်
အတိတ်သင်ခန်းစာ
မြင်အောင်ကြည့်ကြစမ်းပါ
လူမိုက်ဆိုတာ ဂျို ပါပြီးသားမို့ 
လွတ်စရာလမ်းမရှိ ကူသူလည်းနတ္ထိ
စမ်းစစ်ကြည့်
အနိုင်ယူခြင်းရဲ့ နိဂုံး
အဆုံးသတ်မှာတော့
လူမိုက်ဆိုတာ အရှုံးနဲ့ ပဲသေဆုံးရမှာပါ...

မင်းဓမ္မ- သိပ်တရားကျဖို့ ကောင်းလိုက်တဲ့  ကဗျာလေးဗျာ...ကျေးဇူးပါပဲ....

ဘိုးထိန်မောင်တို့ အဖွဲ့ ရရှိသည့် ထွန်းနိုင်ရွှေ ရရှိလုပ်ကိုင်ပြီးသား မကောင်းတဲ့ ဝှေခါ မှော်


လုပ်ကွက်

အထက်ပါ ကျောက်လုပ်ကွက်ကိစ္စများကို နယက ညွှန်ချုပ်ဗိုလ်မှူးကြီး ကျော်ကျော်ဝင်း နှင့် သတ္ထုတွင်းဝန်ကြီးဌာနမှ ဗိုလ်မှူးကြိး သိန်းဆွေ တို့ အဖွဲ့ များ
အတွင်းကျကျသိရှိကြောင်းသိရပါသည်..
ကျော်ကျော်ဝင်း တပည့်များနှင့် ထွန်းနိုင်ရွှေ အလိုတော်ရိ သိန်းဆွေတို့  ကျောက်လုပ်ကွက်ချထားပေးရေးနဲ့ ပတ်သက်ပြီး စကားများခဲ့ကြောင်း စုံစမ်းသိရှိရပါသည်...သိန်းဆွေက
ကျော်ကျော်ဝင်းကို မကျေနပ်ပဲ အခွင့်ရရင် သေမိန့်  ပေးခိုင်းရန် ထွန်းနိုင်ရွှေကို မျက်ရည်ခံထိုးပါသည်..
သိပ်မကြာခင် ကျော်ကျော်ဝင်းလဲ နိုင်ငံတော်လျို့ ဝှက်ချက် ပေါက်ကြားမှုနဲ့  ၁၄ ရက် ဆွဲစိ ခံရပါသည်...အမှန်က နိုင်ငံတော်လျို့ ဝှက်ချက် ပေါက်ကြားမှုမှာ ကျော်ကျော်ဝင်းနှင့် မည်သို
့မျှမပတ်သက်ကြောင်း
သိသိချည်းနဲ့  နှိပ်ကွပ်လိုတာကြောင့် ဖမ်းခိုင်းခြင်းသာဖြစ်ပါသည်...
ဗိုလ်မှူးကြီးသိန်းဆွေသည် ထွန်းနိုင်ရွှေ သေဆိုရင်သေ ရမယ့်သူ ဖြစ်ကြောင်း ထွန်းနိုင်ရွှေ နဲ့ ပေါင်းပြီး ဒို့ တာဝန် အရေး ၃ ပါး ကို ချိုးဖောက်နေသူများ ဖြစ်သဖြင့်
နိုင်ငံတော်ပုန်ကန်မှု မြောက်ပါသည်...ဗိုလ်မှူးကြိး သိန်းဆွေသည် ထွန်းနိုင်ရွှေ ရရှိပြီးသား လုပ်ကိုင်ပြီးသား မကောင်းတဲ့ ကျောက်လုပ်ကွက်ကို ဘိုးထိန်မောင်တို့ အဖွဲ့ အား အတင်းအဓမ္မ
ယူခိုင်းပြီး ထွန်းနိုင်ရွှေက ဘိုးထိန်မောင်တို့ အဖွဲ့  လျှောက်ထားတဲ့လုပ်ကွက်ကို လက်ဝါးကြီးအုပ်ထားခဲ့ခြင်းဖြင့် ဘိုးထိန်မောင်တို့ အဖွဲ့ ကို
ဗိုလ်ချုပ်မှူးကြီးမောင်အေးနဲ့ ယုံကြည်မှုပျက်ပြားစေရန် ရန်တိုက်ပေးခဲ့ပါသည်..သို့ ပါသောကြောင့် စအဖအရာရှိချုပ် ရဲမြင့် နဲ့ လဲ အဆင်မပြေဖြစ်ကုန်ကြပါသည်...လက်ကျန်
ကေအန်ယူများ အလင်းဝင်မလာခြင်း
ဘိုးထိန်မောင်တို့ အဖွဲ့ က DVB ရုပ်သံဌာနကို နယ်ခြားစောင့်တပ်မလုပ်ဘူး လို့ ပြောခြင်း များသည် ဗိုလ်မှူးကြီးသိန်းဆွေနဲ့ ထွန်းနိုင်ရွှေ တို့ မှာသာ အဓိက တာဝန်ရှိပါသည်...
ထိုကဲ့သို့  ဗိုလ်ချုပ်မှူးကြီးမောင်အေးနဲ့ အရင်းနှီးဆုံး ဘိုးထိန်မောင်တို့ အဖွဲ့ က နယ်ခြားစောင့်တပ်မလုပ်ဘူး လို့  ပြောခြင်းများသည် ဗိုလ်ချုပ်မှူးကြီးမောင်အေး ရဲ့ ဂုဏ်သိက္ခာကို
ထိခိုက်စေခဲ့ရုံသာမက
ကျန် လက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့ များကိုလဲ နယ်ခြားစောင့်တပ်မလုပ်နဲ့  လို့ ပြောခိုင်းသလို အကျိုးသက်ရောက်သွားစေခဲ့ပါသည်...စောနေစိုးမြ အလင်းဝင်လာတာ အဲဒီသူတို
့မူလလျှောက်ထားတဲ့ လုပ်ကွက်ကို ရတော့မယ်လို့ 
သတင်းတွေထွက်နေတဲ့ ဂယက်ဖြစ်ပါတယ်...စအဖ မှ ကျောက်လုပ်ကွက်တွေ ရရှိကြောင်း အကြောင်းကြားတော့ ဘိုးထိန်မောင်တို့  တော်တော် ပျော်သွားခဲ့ပြီး နာဒါးမြတို့ ပါ
အလင်းဝင်လာတော့မယ်ဆိုပြီး သတင်းတွေထွက်ကုန်ပါသည်....
နောက်တော့မှ အစိုးရက ချထားပေးသော လုပ်ကွက်မှာ သူတို့ အဖွဲ့ မလျှောက်ထားသော ထွန်းနိုင်ရွှေ ရရှိလုပ်ကိုင်ပြီးသား မကောင်းတဲ့လုပ်ကွက် ဖြစ်နေတာကို သိရှိသွားပြီး
ဒေါကန်သွားကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပျက်ပြားသွားခဲ့ရပါသည်...
ကရင်တွေက သူတို့  စလုပ်တဲ့  အလုပ်သာ အဆင်ပြေရင် နောက်အလုပ်တွေ လဲ အဆင်ပြေမယ်ဆိုတဲ့  အယူကို စွဲစွဲမြဲမြဲ လက်ခံယုံကြည်ကြတဲ့သူများ ဖြစ်သောကြောင်...ထွ
့ န်းနိုင်ရွှေရဲ့ 
အထက်ပါလုပ်ရပ်သည် ငြိမ်းချမ်းရေးယူဖို့ ရန် သတင်းနားစွင့်စောင့်စား
နေတဲ့ လက်ကျန် ကေအန်ယူအဖွဲ့ ကို အမှောင်တောထဲမှာပဲ ကျင်လည်စေခဲ့ပါတော့သည်...ပိုဆိုးသည်မှာ
ဝ တွေက ဗိုလ်ချုပ်မောင်အေး လက်ထက်မှာ အလင်းဝင်လာတဲ့
ကရင်အဖွဲ့ ကိုတောင် အခွင့်အရေးမပေးမှ တော့ ငါတို့ လို ခင်ညွန့် နဲ့ ရင်းနှီးပြီး အခွင့် အရေးတွေအများဆုံးရခဲ့တဲ့ ကောင်တွေ ဆိုရင် ဘာတွေ ဖြစ်သွားမလဲ ဘယ်ဘဝ
ရောက်သွားမလဲဆိုတဲ့ သံသယစိတ်များ
ပွားများလာပြီး စစ်ရေးပြင်ဆင်မှုများတိုးမြှင့် လုပ်ဆောင်လာခဲ့ခြင်းရဲ့ အဓိကလက်သည် တရားခံအစစ်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သား ထွန်းနိုင်ရွှေ သာ ဖြစ်ကြောင်း အားလုံး သိရှိစေဖို့ 
တင်ပြလိုက်ရပါသည်...

မှတ်ချက်- ပြည်တွင်းစစ်မီးတောက်လို့ ရှိရင်လဲ တပ်ချုပ်ကြီးက စစ်မလိုလားဘူး..ဗိုလ်ချုပ်မောင်အေးက စစ်လိုလားလို့  စစ်ဖြစ်ရတာဆိုတဲ့ သန်းရွှေဝါဒဖြန့် ဖို့  အကွက်ချ ပြီး
စီစဉ်ထားတယ်လို့ တောင် သိရတယ်..သင်္ကန်းကျွန်းဈေးမီးလောင်တာပဲကြည့်လေ..
ဗိုလ်ချုပ်မောင်အေးနဲ့ မီးသတ် မောင်မောင်ဆွေပေါင်းပြီး မီးရှို့ တာ ဆိုပြီး မဟုတ်မဟတ် သတင်းတွေ လွှင့်ပြီး ဗိုလ်ချုပ်မောင်အေးရဲ့ သိက္ခာကို ချခဲ့တာ
အားလုံးအသိပါပဲ...မြန်မာတနိုင်ငံလုံးမှာရှိတဲ့  နေရာတွေကို ဘယ်သူတွေ လက်ညှိုးထိုးပြီး ရောင်းစားနေတာလဲဆိုတာ
ထွန်းနိုင်ရွှေပဲ အသိဆုံးဖြစ်ပါလိမ့်မယ်...

ဇော်ထွန်းဦးရေ... မင်းကို အသိပေးစရာလေးရှိလို့ ပါ..

Friday, January 14, 2011

S2 လုပ်ကြံခံရတဲ့ ကိစ္စဟာ စစ်အာဏာရှင်တပ်ချုပ်ကြီးနဲ့ ရွှေမန်းကလွဲပြီး ဘယ်သူသိနိုင်မှာလဲ


..

ဇော်ထွန်းဦးရေ...
မင်းကို အသိပေးစရာလေးရှိလို့ ပါ..မင်း အဖေကို တပ်ချုပ်ကြီးက S1 နဲ့ ပေါင်းပြီးဖြုတ်ချဖို့  နဂို ကတည်းက ကို အကွက်ချထားပြီးသား..
ဦးနေ၀င်း ရှိကတည်းက မင်းအဖေနေရာကို ရွှေမန်းကို ထိုးပေးလိုက်ကဲ့ အဓိပ္ပါယ်ကို မင်း တို့  မိသားစုတွေက သိပ် နားမလည်ခဲ့ ဘူးမဟုတ်လား
ရှင်းရှင်းပြောရရင် တပ်ချုပ်ကြီးက သူ့ နေရာကို သူ့ တပည့် ရွှေမန်းကို ပဲ ပေးဖို့ အကွက်ဆင်ထားတာပေါ .့ .မင်းအဖေ လုပ်ကြံခံရတဲ့ ကိစ္စဟာ
စစ်အာဏာရှင်တပ်ချုပ်ကြီးနဲ့ ရွှေမန်းကလွဲပြီးဘယ်သူသိနိုင်မှာလဲ..မင်းတို့  က တပ်ချုပ်ကြီးကို လျှော့တွက်ထားတာကိုး..မင်းတို့ အိမ်ကို
ပါဆယ်ဗုံးပို့ တဲ့ ကိစ္စဟာလဲ အခုချိန်အထိ ဘယ်သူလုပ်မှန်း မသိသေးဘူးမဟုတ်လား..မင်းတို့ က S1 လက်ချက်လို့ ပဲ ထင်နေတာမဟုတ်လား...
မင်းတို့ အိမ်အကြောင်းကို တပ်ချုပ်ကြီးက s1 ထက် ပိုသိတယ်ဆိုတာမင်းတို့ က သတိမထားမိလို့ ပါကွာ..
တပ်ချုပ်ကြိးက s1 နဲ့  s2 ပြဿနာဖြစ်နေတုန်းအခါမှာ..သူ့ တပည့် ရွှေမန်းကို တိတ်တိတ်ကလေး ထိုးတင်လိုက်တာ ပဲ..ကြက်လည်းမော
ယာလည်းကြေ ဆိုသလိုပေါ့ကွာ..အခု တပ်ချုပ်ကြီးသမီးရဲ့ ကလေးဟာ မင်းနဲ့ ရတဲ့ ကလေးပါလို့  တပ်ချုပ်ကြီးက စွပ်စွဲပြောဆိုပြီး
မင့်အမေကို အိမ်ပေါ်ကနေ နှင်ချနေခဲ့တယ်ဆ.ို .s2 မရှိတော့လို့  GET OUT လို့ ဆိုလိုတာပဲ..
တပ်ချုပ်ကြီးသမီးက မင်းလို အိမ်ထောင်ရှိတဲ့လူနဲ့ တောင် ဖောက်ပြန်နေရင် လူပျိုလူလွတ်တွေနဲ့ ဘယ်လောက်တောင် ဖြစ်ခဲ့ပြီးပြီလဲ
ဆိုတာ ဘယ်လိုလုပ်သိနိုင်မှာလဲ..မင်းကို တရားခံရှာတာ အကြောင်းရှိကို ရှိရမယ်..ငါကတော့ ကျူပင်ခုတ် ကျူငုတ်မကျန်အောင်
ရှင်းထားတာလို့ ပဲ နားလည်တယ်..မကြာခင် ဒီမိုကရေစီအစိုးရ ပေါ်လာတော့မှာမဟုတ်လား မင်းက နိုင်ငံခြားရေး ဌာနမှာလုပ်နေတဲ့ သူဆိုတော့
ဘိုလိုတွေဘာတွေက တပ်ချုပ်ကြီးသားတွေ ရွှေမန်းသားတွေထက် ကျွမ်းကျင်တယ်မဟုတ်လား..နိုင်ငံခြား သံတမန်တွေနဲ့ လည်းရင်းနီးတော့ မင်းက
နေရာရလာပြီးထောင်ထောင်ထောင်ထောင်ဖြစ်လာမှာကို
မလိုလားလို့ ကြိုတင် ရှင်းလင်းရေးလုပ်ထားတာပေါ့  နာဂစ်ကြောင့် ကုလအတွင်းရေးမှူးချုပ် ဆီဒိုးနားကို လာတုန်းကဆီဒိုးနားမှာ မင်းက ထောင်ထောင်ထောင်ထောင် လုပ်နေတာကြောင်
့ အန္တရာယ်ရှိတယ်ဆိုပြီး အတို့ အထောင်လုပ်တဲ့သူတွေက လုပ်ကြတယ်ကွ..
စစ်ပြေးတေဇတို့ ကိုလဲ သတိထားဦးနော်..မင်းအဖေ ပျက်ကျတဲ့  ဖော်ကာကို တေဇတို့ ညီအစ်ကို တွေ ၀ယ်ပေးခဲ့တာကြောင့် 
တေဇတို့ ကို ကမ္ဘာမကြေဘူးလို့ မင့်ညီ နေထွန်းဦးက ပြောဖူးတယ်က.ွ .နေထွန်းဦးက တေဇတို့  AIR BAGAN မှာ
ဘာလို့  PILOT မလုပ်တာလဲ ဆိုတာ အဲဒီလို ပြောတဲ့အခါကျ မှ ပဲ အဖြေကိုသိတော့တာ..နောက်ပြီးတော့ ရွှေမန်းသားက စစ်ပြေးတေဇနဲ G
့ ROUP OF COMPANIES ပေါင်းပြီး
စီးပွားရေးလုပ်ငန်းတွေကို
လက်ဝါးကြီးအုပ်နေကတည်းက s2 နေရာကို ရွှေမန်းက ယူလိုက်ပြီဆိုတာ..မင်း သဘောပေါက်သင့်တယ်...တကယ်တမ်းက မင်းလုပ်ရမဲ့ စီးပွားရေးလုပ်ငန်းတွေကို
ရွှေမန်းသားတွေက ၀င်ယူသွားတာပဲ...မင်း ကိုရီယားကို နိုင်ငံတော်အစီအစဉ်နဲ့ သွားတုန်းက ရွှေမန်းအမျိုးခင်ရွှေလဲ ပါတယ်မဟုတ်လား...အဲဒီမှာ ထိုင်ခုံပေါ်ထိုင်ပြီးမှတ်တမ်းဓာတ်ပုံရိုက်ခဲ
့တုန်းက
မင်းက ခင်ရွှေ ရဲ့ အနောက် မှာ သွားထိုင်ရတယ်ကွာ..တကယ်ဆို ခင်ရွှေက ဘာကောင်မို့ လို့ သူ့ ကို ရှေ့ ခုံမှာထိုင်ခိုင်းရတာလဲ...သူက နိုင်ငံတော်ဝန်ထမ်းမို့ လို့ လား..မင်းက သာ
နိုင်ငံတော်ဝန်ထမ်း..
ရှေ့ ခုံမှာ ထိုင်ရရင် မင်းက ထိုင်ရမှာ ..နောက်ဆုံးကွာ ခင်ရွှေလဲ ရှေ့ ခုံထိုင် မင်းလဲထိုင် ဆိုရင် လက်ခံသေးတယ် ...အခုဟာက မင်းကို သက်သက်မဲ့ကြောလိုက်တာပဲက.ွ .s2
အရိုးဆွေးနေပါပြီ...မကြာခင် s2 မိသားစုတွေကို
ကန်ထုတ်တော့မယ့်တပ်ချုပ်ကြီးရဲ့ အရိုက်အရာခံရွှေမန်းအမျိုးကွ ..လာမထိနဲ့ မီးပွင့် သွားမယ်ဆိုတဲ့ ပုံစံပေါ့ ကွာ..အခုလဲ မင်းတို့ မိသားစုတွေကို ဒီအတိုင်းမထားတော့ ဘူးလို့ 
သတင်းထွက်နေတယ်..မင်းအဖေ အတွက် တာဝန်မကျေချင်ဘူးလား..
မင်းအဖေက တမလွန်က နေ တပ်ချုပ်ကြီးကို ကျိန်စဲနေတယ်လို့  သီတဂူဘုန်းကြီးက ပြောတယ်..မင်းအဖေအတွက် တခုခု မလုပ်မပေးမချင်း သားကောင်းရတနာမဖြစ်နိုင်ဘူးနော်...
မင်းအဖေအပေါ်တာဝန်ကျေတဲ့ ကျေးဇူးဆပ်တတ်တဲ့ သားကောင်းမဖြစ်ချင်ဘူးလား..
ပူးတွဲတပ်ချုပ်ကြီးက သာ မင်းတို့ မိသားစုကို စောင့်ရှောက်တာနော်..အမှားအမှန် ခွဲခြားရွေးချယ်တတ်ပါစေ...အော်..ဒါနဲ့ 
သစ်တောဝန်ကြီးဟောင်းမောင်ဖုန်းသား တပ်မတော်ဆိုတာရဲဘော်၃ ကျိပ်က စတာဆိုပြိးထောင်ထောင်ထောင်ထောင်လုပ်နေတဲ့  ဒေါ်စစ်အမျိုး စစ်သွေးအောင် တို့ အုပ်စုကလဲ..
တပ်ချုပ်ကြီးတို့ မိသားစုတွေကို သေနတ်နဲ့ တေ့မလို့ ဆိုပ.ဲ ..တပ်ချုပ်ကြီးသားနဲ့ ကွိုင်တက်လို့ မောင်ဖုန်း အဖြုတ်ခံလိုက်ရတာ ကြောင့်  အစာမကျေရင်ခံနေတယ်လို
့ပြောနေတယ်..ရဲဘော်၃ကျိပ်ဝင်အမျိုးတွေဆိုတော့
သိတယ်မဟုတ်လား..ရဲဘော်၃ကျိပ်ဝင်အမျိုးတွေက ဂိုဏ်းစတားတွေချည်းပဲလေ..ကျော်နေ၀င်းတို့ ရဲ့ ဂိုဏ်းခွဲပေါ .့ .

ဇော်ထွန်းဦး မင့်အဖေ s2 ကို မကျေနပ်တဲ့သူတွေက လုပ်ကြံခဲ့တာ သေချာသွားပြီ မင်း ပြည်ထဲရေးဝန်ကြီးဟောင်းဦးလှ ကိုသိလား သူလဲ မင့်အဖေနဲ့ အတူတူ ကစထမှူး
လုပ်ခဲ့သေးတယ်လေ နောက်တော့ ကစထမှူး ၂ ဆိုတာ မထားတော့ဘဲ မင့်အဖေကိုပဲ ဦးနေ၀င်းက ကစထမှူး နေရာပေးခဲ့တာမှတ်မိမှာပေါ့ အေး အဲဒီ ဦးလှ ဆိုတဲ့သူက
ဘယ်ဘုန်းကြီးကို ကိုးကွယ်ခဲ့တာလဲ သိလား အခု ရွှေမန်းနဲ့ ဇေကမ္ဘာခင်ရွှေ ကိုးကွယ်နေတဲ့ ကျိုက်ထီးဆောင်း ပညာဒီပ ကို ကိုးကွယ်နေတာ သူတို့ က သိရီဒုံယိုးဒယားဂိုဏ်းသားတွေ
အေး အဲဒီလောက်ပဲ ပြောခဲ့မယ် ထောက်လှမ်းရေး ၂ခြမ်းခွဲ တော့ တခြမ်းကို မင့်အဖေကို ပေးပြီး နောက်တခြမ်းကို ဗိုလ်ခင်ညွန့် က ဆက်ကိုင်ထားတယ်လေ အဲဒီ
ထောက်လှမ်းရေးတခြမ်းမှာပဲ ဗိုလ်ခင်ညွန့် နေရာကို တပ်ချုပ်ကြီးတပည့် ဗိုလ်ကျော်ဝင်းကို ထည့်ဖို့  စီစဉ်ထားပြီးသားဆိုတာ သတင်းစာတွေထဲမှာတောင် တရားဝင်ဖော်ပြခဲ့တာ
မှတ်မိမှာပေါ့နော် နောက် မင့်အဖေ ရဲ့ တပည့်တွေ ရွှေမန်းနဲ့ တိုင်းမှူးအတူတူ ဖြစ်ခဲ့ကြတဲ့ သီဟသူရစစ်မောင်အုပ်စုတွေကို လုပ်ကြံခဲ့ပြီးနောက်ပိုင်းမှာ ရွှေမန်းကို တပ်ချုပ်ကြီးက
မင့်အဖေနေရာကို ပေးဖို စီစဉ်ခဲ့တယ်ဆိုတာ မင်းအသိဆုံးနေမှာပါ ဗိုလ်ခင်ညွန့် ရော ဗိုလ်မောင်အေးေ၇ာ ကန့် ကွက်ခဲ့လို့  ဗိုလ်ချုပ်ကြီးရွှေမန်း ဆိုပြီးရာထူးတက်ပေးခဲ့တာတောင်
မတက်ပေးတော့ဘဲ ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် ပြန်လုပ်လိုက်ရတာ မင်းမှတ်မိဦးမှာပါ နောက်တော့ ကစထမှူးတွေ ကို ၁၂၃၄၅ ခွဲပြီး ရွှေမန်းက ကစထမှုးချုပ်ဖြစ်တဲ့ညှိုနှိုင်းကွပ်ကဲရေးမှူး
လုပ်ခဲ့တယ်လေ ဘာမှမထူးပါဘူး မင့်အဖေနေရာကို နာမည်တမျိုးနဲ့ ယူလိုက်တာပါပဲ ထူးတာကတော့ ကြည်းရေလေ ညှိုနှိုင်းရေးမှူးဆိုတော့ ကက ကြည်း ချုပ် ကို အမိန့် ပေးလို့ ရတယ်
ကက ကြည်း ချုပ်ထက် ရာထူး ကြီးတယ်လို့ ပြော လို့ ရတာပေါ့လေ နောက်တော့ ရွှေမန်းနဲ့ တိုင်းမှုးအတူတူဖြစ်တဲ့အုပ်စုတွေထဲက ကျန်တဲ့ တင်အောင်မြင့်ဦးကိုတောင် ဖြုတ်ဖို
့လုပ်ခဲ့သေးတာပဲ ငါ ပြောလိုက်လို့  ရှစ်လုံး က ကိုးလုံး ဖြစ်သွားတာမင်းအသိပါပဲ လေ တပ်ချုပ်ကြီးက ငါလဲ ယိုးဒယားသွေးပါတယ်ပြောပြီး ရှစ်လုံးကို သူ
့ဘက်ပါအောင်သိမ်းသွင်းခဲ့တယ်လို့ သိရတယ် သေချာတာကတော့ ငမန်းက တပ်ချုပ်ကြီးအားကိုးနဲ့ မင့်အဖေနေရာကိုယူဖို့ ကြံစည်ခဲ့တယ်ဆိုတာ သဘောပေါက်ပေါ့ကွာ မင့်အဖေနဲ
့ဗိုလ်ခင်ညွန့် နဲ့ မတည့်အောင်လဲ တပ်ချုပ်ကြီးပဲ ကွင်ဆင်ခဲ့တာ ဒါမှ သူ့ ကို အရေးလုပ်မယ်လေ နို့ မို့ ဆို တွင်း ၁ နဲ့ တွင်း ၂ တည့်နေရင် ၂ ယောက်ပေါင်းပြီး သူ့ ကို
ချောင်ထိုးထားမှာမဟုတ်လား တပ်ချုပ်ကြီး လန့် သွားတာကဘာလဲဆိုတော့ ဦးနေ၀င်းက သူ့ မြေးနဲ့ ဗိုလ်မောင်အေးသမီးကို ပေးစားဖို့ သဘောတူလိုက်တဲ့အခါ တပ်ချုပ်ကြီးက သူ့ 
နေရာကို ဗိုလ်မောင်အေးကိုထိုးပေးရတော့မယ်မဟုတ်လား ဗိုလ်မောင်အေးက တွင်း ၃ ကိုတောင် ဆွဲတင် ပြီး တပ်ချုပ်ကြီးလုပ်ဖို့ နေ၇ာယူထားပြီးပြီလေ ဒါလောက်ဆို
မင့်အဖေလုပ်ကြံခံရတာသဘောပေါက်လောက်ပြီပေါ့နော်
ကဲ..စာလဲရှည်သွားပြီကွာ..

Tschüs
အောင်ပွဲ အတူတူခံဖို့ စောင့် မျှော်နေသူ...
လက်တို့ြ့ပီးတော့ ပြောရဦးမယ် နေထွန်းဦး ရေ

Friday, January 14, 2011

နေထွန်းဦးရေ...မင်းနဲ့ တွဲခဲ့တဲ့ နာမည်ကြီးရုပ်ရှင်မင်းသမီးတောင်ကြာသပတေးနံ မင်းသားနဲ့  မင်္ဂလာဆောင်သွားပြီ လို


့သိရတယ်..အဲဒီမင်းသမီးကလဲ အမေ၇ိကမှာ ရှိတဲ့ သူ့ အမျိုးဆီကနေအမေရိကန်အစိုးရရဲ့ ထောက်လှမ်းရေးသတင်းတွေကို အသယ်အပို
့လုပ်နေတယ်ဆိုလားပဲ ရဲဘော်၃ကျိပ်ဝင်အမျိုးတွေဆိုတော့တခြားအလုပ်မရှိလို့ နေမှာပေါ့လေ ဒါနဲ့ မင့်အဖေ တွင်း ၂ ကို
လုပ်ကြံခဲ့တဲ့သူတွေထဲမှာ ဒုတိယဗိုလ်ချုပ်ကြီး ဦးလှ ဆိုတဲ့စစ်ရာထူးခန့် ချုပ် ကစထမှူး ၂ တရားမ၀င် ပြည်ထဲရေးဝန်ကြီး နဲ့  လ၀က
ဝန်ကြီးတာဝန်တွေကို ယူခဲ့ဖူးတဲ့သူလဲ ထိပ်ဆုံးမှ ပါဝင်နေတယ်နော မင့်အဖေ လိုပဲ သီဟသူရစစ်မောင် ဆိုလဲ
ခဏခဏ လုပ်ကြံခံရတာ ဒါပေမဲ့ ကံကောင်းတော့ မသေခဲ့ဘူးပေါ့လေကျိုက်ထီးဆောင်း ပညာဒီပတို့ ရှိတဲ့ နေ၇ာကို အတူတူ
သွားမိခဲ့တဲ့အခါမှာတော့မင့်အဖေရော သီဟသူရစစ်မောင်ေ၇ာ လုပ်ကြံခံခဲ့ရပြီး သေကုန်တာပေါ့လေ
သီဟသူ၇စစ်မောင်ဆိုတာ ကြည်းရေလေ စစ်ဦးစီးချုပ် ဖြစ်မဲ့သူလို့နာမည်ထွက်နေတဲ့အချိန်ပေါ့လေ ဒါကြောင့် သူ့ ကို
လုပ်ကြံလိုက်မှ သီဟသူရစစ်မောင် နေရာကို လိုချင်နေတဲ့သူတွေက အလိုလိုနေရာရသွားမှာပေါ့  မင်းက မင့်အဖေလုပ်ငန်းတွေ စိတ်မ၀င်စားတော့ မင်းက
တပ်မတော်ကိစ္စတွေကို သိချင်မှ သိမှာ မင်းသိအောင်ပြောရရင် မင့်အဖေရဲ့ ရာထူးဟာ နံပါတ် ၃ အဆင့်မှာရှိတယ် ၈၈ အေ၇းအခင်းမှာ
တပ်မတော်က အာဏာသိမ်းပြီး စစ်အုပ်ချုပ်ေ၇းအရ အုပ်ချုပ်ခဲ့တယ်ဆိုတာ ၅နှစ်လောက်ပဲ မှန်ပေမဲ့ တပ်ချုပ်ကြီးဆိုတာ ဟန်ပြပဲလေ
တပ်ချုပ်ကြီးအထက်မှာအမိန့် ပေးနေခဲ့တာက ဦးနေ၀င်းပဲလေ အဲဒါကို အန်အယ်လ်ဒီ အောင်ကြီးက
သိတော့ ဗိုလ်သန်းရွှေတို့ ကို စစ်ပွဲ ဘယ်နှစ်ပွဲတိုက်ခဲ့ဖူးလို့ ခေါင်းဆောင်တက်လုပ်နေတာလဲလို့ ပြောပြီး တွယ်ခဲ့တာပေါ့လေ ရဲဘော် ၃ကျိပ်
ခေတ်ကတည်းကအုပ်ချုပ်ကွပ်ကဲေ၇းအဖွဲ့ နဲ့ တိုက်ခိုက်ေ၇းအဖွဲ့ ဆိုတာ ကွဲလာတာ ဒါကိုဦးအောင်ကြီးက မသိတတ်ခဲ့တာနေမှာပေါ့ ဗိုလ်စကြာနဲ့ ဗိုလ်တေဇ
အကြောင်းတွေကို ဦးအောင်ကြီးက သေသေချာချာ ဘယ်သိပါ့မလဲဆေးကျောင်းသားဟောင်း
မောင်ရှုမောင်က တော့ ကောင်းကောင်းကြီး သိတာပေါ့ ဗိုလ်ထွန်းအုပ်အရပ်ဖက် ဗိုလ်နေ၀င်း စစ်ဖက် ဆိုပြီး ဂျပန်ခေတ်ကတည်းက
စစ်အုပ်ချုပ်ရေးပုံစံဆိုတာ ဖြစ်တည်လာခဲ့တာပေါ့ နောက်တော့ စစ်ဖက်ကဗိုလ်နေ၀င်းက ဆိုရှယ်လစ်တွေကြောင့်
နိုင်ငံရေးပါးဝလာတော့ အရပ်ဖက် စစ်အုပ်ချုပ်ေ၇းသမားတွေကိုထောက်လှမ်းရေးအဖြစ် မွေးစားခဲ့တယ်လေ ဆိုရှယ်လစ်လမ်းစဉ်ဆိုတာ
ရုရှားကေဂျီဘီ လမ်းစဉ်လို့ ဆိုလို လိုက်တာပေါ့လေ ဒါကြောင့်ဦးနေ၀င်းအာဏာသိမ်းကတည်းက ထောက်လှမ်းရေးချုပ်နဲ့ တပ်ချုပ်နဲ့ က
မတည့်တော့ဘူးလေ ဆိုဖီယက်ပြည်ထောက်စုကြီး ပြိုကွဲသွားတာ အဲဒါပဲပေါ့ထောက်လှမ်းရေးအဖွဲ့ နဲ့ တိုက်ခိုက်ရေးအဖွဲ့ စကားများကြရာကနေ
ပြည်ထောင်စုပြိုကွဲသွားတာ အခုအန်အယ်လ်ဒီ သူရဦးတင်ဦး ဘာလို့ တပ်ချုပ်ရာထူးက အဖြုတ်ခံခဲ့ရတာလဲ ဆိုတာ မင်းသဘောပေါက်လောက်မှာပေါ့
ဒါကြောင့် ၈၈၈၈ ပြီးတော့ တိုင်းပြည်အုပ်ချုပ်တဲ့သူတွေထဲမှာ ဦးနေ၀င်းပြီးရင် တွင်း ၁ တွင်း ၁ ပြီးရင် မင့်အဖေက ရာထူးအကြီးအဆုံးပဲ
တပ်ချုပ်ကြီး တွေ ဒုချုပ်ကြီးတွေ ဆိုတာ မင်းတို့ အဖေတို့ နောက်မှာပဲရှိတယ် အဲဒီမှာထူးခြားတာကဘာလဲဆိုတော့ မင့်အဖေက တိုက်ခိုက်ရေးသမားတွေနဲ
့ပိုနီးစပ်တယ်သူက စစ်ဆင်ေ၇းကွပ်ကဲမှုတာဝန်ကိုပါ ယူထားတာဆိုတော့ တွင်း ၁ ထက် ပိုပြီး
တိုက်ခိုက်ရေးသမားတွေနဲ့  ရင်းနှီးတယ် ဒါကြောင့် မင့်အဖေကထောက်လှမ်းရေးတပ်နဲ့  တိုက်ခိုက်ရေးတပ်၂ခု ကြားမှာ ရှိနေတဲ့
ပိုပြီးအခရာ ကျတဲ့ သူဖြစ်တဲ့စစ်မဟာဗျူဟာလေ့လာရေးဌာနကြီးမှူးတာဝန်ကိုပါ ဦးနေ၀င်းက
ပေးအပ်ခဲ့တာပေါ့လေ အဲဒီအချိန်က ထောက်လှမ်းရေးအဖွဲ့ ကို တရားဝင်၂ခြမ်းခွဲလိုက်တဲ့အချိန်ပေါ့ ဘာလို့ တရားဝင် ခွဲရတာလဲဆိုတော့
ဦးနေ၀င်းက ၉၀ အနိုင်ရ ပါတီကို အာဏာလွှဲပေးတော့မှာမို့ လို့ ဖြစ်တယ်တွင်း ၁ နဲ့ မင့်အဖေကို
အမျိုးသားထောက်လှမ်းရေးအကြီးအကဲတွေအဖြစ်သတ်မှတ်ထားလိုက်ပြီးတိုက်ခိုက်ေ၇းသမားတွေကို စစ်တန်းလျားပြန်ပို့ တော့မယ်လို
့သတင်းတွေထွက်နေပြီ ဦးနေ၀င်းမြေး ကျော်နေ၀င်းတို့ ကအင်္ဂလန်ကပြန်လာပြီး နိုင်ငံရေးပါတီသစ်တခုတည်ထောင်ဖို့ လုပ်နေပြီပေါ့
နိုင်ငံရေးသမားတွေကိုလဲဦးနေ၀င်းက အာဏာလွှဲပေးမှာ ဖြစ်နိုင်ပါ့မလားဆိုပြီး မင်းမေးကောင်းမေးလိမ့်မယ် သိပ်ဖြစ်နိုင်တာပေါ့
မင့်အဖေ သီတဂူဘုန်းကြီး ဦးဥာဏိဿရ ဆီကို ဘာလို့ ကျောင်းဆောက်လှူခဲ့တာလဲ ဆိုတာ မင်းသိလား ငါပြောပြမယ် အဲဒီကျောင်းက မင်းအဖေကို
ဦးဥာဏိဿရ က လှူခိုင်းခဲ့တာ အလှူခံခဲ့တာ မဟုတ်ဘူး ဦးနေ၀င်းဆီကိုအလှူခံခဲ့တာ ဦးနေ၀င်းက အသက်ကြီးနေတော့
အောက်ပိုင်းသိပ်မကောင်းတော့ဦးနေ၀င်းကိုယ်စား တွင်း ၁ နဲ့ တွင်း ၂ကို တာဝန်လွှဲပေးခဲ့တာပေါ့ တွင်း ၁ က သူက ငြိမ်းချမ်းရေးသမားတွေနဲ
့အလုပ်ရှုပ်နေတာနဲ့  မင့်အဖေပဲ ကျောင်းဒါယိကာ ဖြစ်သွားရတာပဲအဲဒီကျောင်းရေစက်ချပွဲ ကိုတောင် ငါတို့ ကို ဖိတ်ခဲ့သေးတယ်
သီတဂူုဘုန်းကြီးက ငါ့အဖေနဲ့ မင့်အဖေနဲ့ တွေ့ ပေးမလို့ ဆိုလား ပဲသီတဂူဘုန်းကြီးက ငါ့အဖေကို ပြောဖူးတယ် အခြေအနေကောင်းတယ်တဲ့
အဲဒီအဓိပ္ပါယ်ကို မင့်ဘာသာမင်း ဘာသာပြန်ကြည့်ပေါ့ကွာ ငါ့အဖေကဘုန်းကြီးကိုတောင် ပြန်ပြောလိုက်သေးတယ် အရှင်ဘုရား
ဦးနေ၀င်းခိုင်းတိုင်း လျှောက်မလုပ်နဲ့ နော် အေးပါ ငါ သူတို့ခိုင်းတိုင်း မလုပ်ပါဘူး လို့ ဘုန်းကြီးက ပြန်ပြောပါလေရော
မင်းသိအောင် ပြောပြတာ နောက် တခု မင်းသိစေချင်တာက MICT park ဆိုတာမင့်အဖေနဲ့ တွင်း ၁ တို့ ပူးပေါင်းပြီး လုပ်ခဲ့တာ ၈၈
ဒီမိုကေ၇စီမင်းသမီး စင်ပေါ်တက်တဲ့ ရွှေတိဂုံဘုရားနားက တရားပွဲမှာနိုင်ငံကျော်ရုပ်ရှင်မင်းသမီးကြီး တစ်ဦး ပါတယ်လေ မင်းသိမှာပေါ့ သူ
့ယောက်ျားနာမည်က ပြုံးမောင်မောင် အဲဒီ ပြုံးမောင်မောင်လဲမင့်အဖေ ကို ကပ်ဖားနေတဲ့အချိန်လေ သူက အဲဒီ ကွန်ပြူတာဌာနကို
နာမည်ခံလိုချင်လို့  မင့်အဖေသွားတဲ့နောက်လိုက်ပံ့ပိုးပေးနေရတဲ့အချိန်ပေါ့ အဲဒီကွန်ပြူတာဆက်သွယ်ရေးစခန်းလုပ်တာက ထောက်လှမ်းရေးအဖွဲ့ ကို
နည်းပညာအဆင့်မြင့်ထောက်လှမ်းရေးအဖွဲ့ အဖြစ် ပြောင်းလဲဖွဲ့ စည်းဖို့အတွက် ဖွင့်လှစ်ခဲ့တာဖြစ်တယ်
ကွန်ပြူတာတက္ကသိုလ်တွေ စဖွင့်ခဲ့တုန်းကလဲ အဲဒီရည်ရွယ်ချက်နဲ့ဖွင့်ခဲ့တာပဲ အခု ရတနာပုံ ဆိုင်ဘာစီတီးဆိုတာလဲ မင့်အဖေနဲ့ တွင်း၁တို
့လုပ်ခဲ့တဲ့ ထောက်လှမ်းရေးလမ်းစဉ်ရည်ရွယ်ချက်ပဲ ငါဘာလို့အရှည်ကြီးပြောနေရတာလဲ ဆိုတော့ မင်းတို့ က အရင်တုန်းက သခင်တွေ
ထီးဆောင်းခဲ့တဲ့သူတွေ အဲဒီသခင်တွေကို ကျွန်ဖြစ်အောင်အဘ ကျတော့ကို ဒါလေး လုပ်ပေးပါ သမီးကို ဒါလေး ပြောပေးပါဆိုတဲ့
ပါမစ်တောင်းစားရတဲ့ကျွန်ဘ၀ သူတောင်းစားဘ၀ရောက်သွားအောင် လုပ်ခဲ့တဲ့သူတွေကို မကျေနပ်လို့ ပြောနေတာပဲ အဆိုးဆုံးက မင့်အမေ ကို အိမ်ပေါ်က
နှင်ချတဲ့ ဗိုလ်သန်းရွှေ တို့ ကြိုင်ကြိုင် တို့ က အဆိုးဆုံးပဲ မင့်အဖေကိုလဲ လုပ်ကြံပြီးရော မင်းတို့ မိသားစုတွေကို သူတို့ က သနားလို့ 
တင်ကျွေးထားတဲ့ပုံစံပေါ့လေ သူခိုးက လူဟစ်တယ် လူသတ်သမားကကျေးဇူးရှင်လုပ်တယ် ဆိုတာ အဲဒါပေါ့ ပေးတာယူ ကျွေးတာစား ပြန်မပြောနဲ့ 
ငါခိုင်းတဲ့အတိုင်းလုပ် ဆိုတဲ့ ကျွန်ဘ၀ ရောက်သွားအောင်နှိပ်ကွပ်လိုက်တာပေါ့လေ ဗိုလ်သန်းရွှေသမီးက မွေးတဲ့ကလေးဟာ မင့်အစ်ကိုနဲ
့ရတဲ့ကလေးပါလို့  သူတို့ က ဘာသက်သေအထောက်အထားနဲ့ ပြောရတာလဲ ကုလားတေဇတူနဲ့ ရတဲ့ ကလေးလို့ ဘာလို့ မစွပ်စွဲဘဲနဲ့ 
မင့်အစ်ကိုနဲ့ ရတာပါလို့ ဘာလို့ စွပ်စွဲရတာလဲ အဲဒါ မင်းတို့မိသားစုကို အပြတ်ရှင်းဖို့ ထွင်ထားတဲ့ ဇာတ်လမ်းပဲဆိုတာ မင်းတို့ 
သေသေချာချာမှတ်ထားကြ မင့်အဖေ ကျေးဇူးကို ဆပ်ချင်ရင် မင့်အဖေနာမည်ကောင်းရအောင် မင်းတို့ ညီအစ်ကိုတစ်တွေက ပြန်လုပ်မှ ရမယ် အခု
ရွေးကောက်ပွဲလုပ်ပြီးသွားပြီကွာ အရပ်သားအုပ်ချုပ်ေ၇း လာတော့မယ်လွှတ်တော်ကို ဇန်န၀ါရီ ၃၁ မှာ ခေါ်မယ် သမ္မတက ရှစ်လုံး ဒုသမ္မတက တင်အေး
လို့ သိရတယ် ဒါကြောင့် မင်းတို့ လဲ ၀င်ပြီး နေရာယူထားကြလေကြောင်းရံကာကွယ်ရေးအရာရှိကို မြင့်လှိုင် ကို ပေးမယ်လို့ ကြားနေတယ်
မင်းက အဲဒီရာထူးကို မင်းအမေကနေ တဆင့် ယူခိုင်းလိုက် မြင့်လှိုင်ဆိုတာဗိုလ်မောင်အေးတပည့်ပဲ ဗိုလ်သာအေး မြ၀တီကို သွားတော့ လမ်းမှာ
အပြတ်ရှင်းဖို့ အမိန့် ပေးခဲ့တာ မြင့်လှိုင်လို့  သတင်းထွက်နေတယ်ဗိုလ်မောင်အေးဆိုတာ မင့်အဖေက ထောက်ခံချက်ပေးလို့ 
နောက်ကြောင်းရှင်းပါတယ် ကျတော်တာဝန်ယူပါတယ် အာမခံပါတယ် လို့ဦးနေ၀င်းကို ပြောပေးလိုက်လို့  ကက ကြည်းချူပ် ဖြစ်လာရတဲ့သူ သူ
့မိန်းမ မြမြစန်းဆိုရင်လဲ မင့် အမေ ကို ကပ်ဖားပြီး ပေါင်းခဲ့ရတဲ့သူဘုရားသွား၇င် ပိုက်ဆံအိတ်ကိုင် ဖိနပ်ကိုင် ကိုင်ပေးခဲ့ရတဲ့သူ
ဒီအက်စ်အေ အပတ်စဉ် တစ် ဗိုလ်ထွန်းကြည်တို့ အဖွဲ့ တွေကို ဖြုတ်တဲ့အခါဗိုလ်မောင်အေးကိုပါ ဦးနေ၀င်းက ဖြုတ်မလို့ လုပ်တော့ မင့်အဖေက
ကြားဝင်ပြောပေးလို့ ရာထူးမပြုတ်ဘဲ ကျန်နေခဲ့တဲ့သူ မင်းတို့အဖေကျေးဇူးတွေ ဗိုလ်မောင်အေးအပေါ်မှာ အများကြီး၇ှိတယ်
ချီးခြောက်ရေမနူးနဲ့ လို့ ဗိုလ်မောင်အေးက မူးမူးရူးရူးနဲ့  မင့်အမေကိုပြော၇ဲရင် ပြန်ပြောခိုင်းလိုက်ပေါ့ကွာ မိုဖာမှာ ဒုဝန်ကြီးလုပ်ခဲ့တဲ့
ဦးနေ၀င်းတပည့်ရင်း အမေရိကန်သူလျှို ဗိုလ်မောင်မောင်ရဲ့ သား ကျော်သူကိုတောင် ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့  အကြီးအကဲရာထူးပေးထားတာပဲ
မင့်အဖေက မင့်အစ်ကိုကို တချိန်ချိန်မှာ သူ့ နေရာကို ဆက်ခံမဲ့သူဖြစ်စေချင်တာ ဒါကြောင့် ကကလှမ်း၂ ခေါ် စစ်မဟာဗျူဟာလေ့လာရေးဌာနအောက်မှာ
ရှိခဲ့တဲ့ မိုဖာ မှာ ၀င်လုပ်ခိုင်းခဲ့တာပဲ မင်းအစ်ကို ကိုနိုင်ငံခြားသံရုံးကို လွှတ်ခဲ့တာလဲ ရာထူးတက်ပေးမလို့ လွှတ်ခဲ့တာပဲ
ဒါပေမဲ့ တပ်ချုပ်ကြီးက ကွိုင်မရှိကွိုင်ရှာပြီး မင့်အစ်ကို ကိုနှိပ်ကွပ်ခဲ့တယ် မဟုတ်လား သဘောပေါက်ပေါ့ကွာ ကကလှမ်း ၁ က
ထောက်လှမ်းရေးကျော်ဝင်း ဆိုတာ ဗိုလ်သန်းရွှေ တပည့်အရင်းကြီးနော်စွယ်တော်မြတ်မှာ ဗုံးခွဲတာ မင်းတို့ အိမ်ကို ပါဆယ်ဗုံးပို့ တာ
ထောက်လှမ်းရေးလက်ချက် မှန်း မင်းတို့ သိမှာပေါ့ မင်းတို့ ကထောက်လှမ်းရေးဆိုတိုင်း ဗိုလ်ခင်ညွန့် ပဲ လို့  တ၇ားသေမှတ်နေကြတာကိုး
ငါလဲ ကျော်ဝင်းကို ဗိုလ်ခင်ညွန့် တပည့်ပဲလို့  အစကထင်ခဲ့တာ နောက်ကျမှဗိုလ်ခင်ညွန့် ရာထူးပြုတ်တဲ့အကြောင်းရင်းကို သတင်းစာထဲမှာ
ဆောင်းပါးေ၇းရှင်းတဲ့အခါ သတင်းစာဖတ်မိလိုက်မှ အော်လက်စသတ်တော့ကျော်ဝင်းကဗိုလ်သန်းရွှေမွေးထားတဲ့ တပည့်မှန်း သိရတာ ကကလှမ်း ၁ ကို
ကျော်ဝင်းကိုလွှဲပေးခိုင်းတာကို ဗိုလ်ခင်ညွန့် က မလွှဲပေးဘဲ NBI လဲ သူပဲ ကကလှမ်း၁ လဲသူပဲ ကကလှမ်း ၂လဲ သူပဲ အကြီးအကဲလုပ်နေလို့ ဖြုတ်လိုက်တာလို့ 
အစိုးရသတင်းစာဆောင်းပါးထဲမှာ ထည့်ရေးထားခဲ့ပါတယ်ဗျာပြည်ထဲရေးလက်အောက်မှာရှိတဲ့ ဌာနကြီး ၆ ခုထဲက မင်းတို့ အမျိုး စစစ
မောင်မောင်ကျော်ကို မှတ်တမ်းဟောင်းတွေ ပြန်လှန်ခိုင်းလိုက်ပေါ့ကွာထောက်လှမ်းရေးကျော်ဝင်းက အကုန်လုံးကို ဖျောက်ခိုင်းထားလောက်ပါပြီ
အဲဒီတုန်းက စစစ ဟာ ပြည်ထဲရေးလက်အောက်မှာမရှိဘူးငါသိ၇သလောက်ပြောရရင် မင့်အစ်မ မဖြူကို မကျေနပ်လို့ လုပ်ကြံချင်တာလို
့လဲ သိရတယ် ဂျပန် ကိစ္စလို့ သိရတယ် တနင်္သာရီ ဘက်က ပုလဲ ထုတ်လုပ်ရေးလုပ်ငန်းနဲ့ ပတ်သက်မယ်ထင်တယ် ဂျပန် လူမျိုးတွေနဲ့ ပတ်သက်တာ
ငါသိသလောက်က မင့်အစ်မနဲ့  တပ်ချုပ်ကြီးသမီးတွေပဲအသေးစိတ်ဇာတ်လမ်းတွေသိချင်ရင်တော့ မင်းရဲ့ အစ်မ မဖြူကို
ပြန်မေးကြည့်ပေါ့ကွာ မင့်အဖေမရှိတဲ့နောက်ပိုင်းမှာ ဂျပန်တွေနဲ့ပေါင်းပြီး ရွှေမန်းသားတွေတပ်ချုပ်ကြီးသမီးတွေပဲစီးပွားရေးလုပ်ခဲ့ကြတာပဲ ဖူဂျီယာမာ ထရေးဒင်းနဲ့ 
ဦးပိုင်က ဗိုလ်မှူးကြီး ခင်မောင်လတ် ဆိုတာ ဗိုလ်သန်းရွှေအမျိုးနော်မင်းသိအောင်ပြောပြတာ တစ်တိုင်းပြည်လုံး တပ်မတော် တခုလုံးလဲ သူ
့အမျိုးတွေနဲ့ ပြည့်နေတာပါမိုဖာ ရုံးမှာ ဆိုရင် ဗိုလ်သန်းရွှေသမီး ရဲ့ အထိန်းတော်ဗိုလ်သန်းရွှေအမျိုးကို ဟိုတစ်ခန်းဝင် ဒီတစ်ခန်းထွက် လျှောက်သွားနေတာ
မြင်နိုင်ပါတယ် ရုံးရှေ့ မှာ ရပ်ထားတဲ့ အကောင်းစားကားက ၀န်ကြီး ကားလို့ထင်နေလို့ လား ၀န်ကြီးက သူ့ သမီးတွေထက်ကောင်းတဲ့ကား စီးမိလို့ ကတော့
နောက်နေ့  ရုံးမတက်နဲ့ တော့ ဦးဝင်းအောင်ပြုတ်သွားတဲ့အကြောင်းရင်းထဲမှာ အဲဒီဟာလဲ ပါတယ်ဆိုပဲ
ဗိုလ်သန်းရွှေအမျိုးတွေအကြောင်းပြောရင် ဆုံးမှာမဟုတ်ပါဘူးကွာထားလိုက်တော့ အဲဒီလို နဲ့  မင့်အဖေက မိုဖာရုံး မှာ မင့်အစ်ကို
ဇော်ထွန်းဦးကို အတွေ့ အကြုံယူခိုင်းပြီး ကကလှမ်း ၂ ကို နောင်အခါ NBI 2 အဖြစ်ပြောင်းလဲဖွဲ့ စည်းတဲ့အခါ မင့်အစ်ကို ကို အဲဒီ ဌာန မှာ
အေ၇းပါတဲ့ နေရာ ခန့် ထားပေးဖို့ ရည်၇ွယ်ထားခဲ့တာပဲဗိုလ်သန်းရွှေက ဒါကို လက်မခံဘူးလေ ဗိုလ်သန်းရွှေ တို့ ဗိုလ်မောင်အေးတို
့ဆိုတာ ကျော်နေ၀င်းတို့ လိုမျိုး ခပ်မိုက်မိုက်ကောင်တွေနဲ့ မှကီးကိုက်မှာကွ ကျော်နေ၀င်းဆိုလို့  ကျော်နေ၀င်းတို့ ကို ဖမ်းတုန်းက
ဗိုလ်မောင်အေးကိုင်ထားတဲ့ မင့်အဖေရဲ့ လက်အောက်မှာရှိခဲ့တဲ့  ကက လှမ်း၂ တပ်တချို့ က ဦးစီးပြီး ဖမ်းတာဘယ်ဟုတ်မှာလဲ ကက လှမ်း ၁ ကျော်ဝင်း
တပ်တွေလဲ ပါတာပေါ့ ဗိုလ်သန်းရွှေရဲ့ ထောက်လှမ်းရေးတပ်ပေါ့ကွာ နောက်ဗိုလ်ချုပ်ခင်ညွန့် ပြုတ်သွားတော့ ကိုယ်ရံတော်အဖွဲ့ ဆိုပြီး ဖွဲ
့လိုက်တယ်လို့ သိရတယ် ဗိုလ်မောင်အေးတပ်ကျတော့ စအဖ ဖြစ်လာတာပေါ့နောက်တော့ ကက လှမ်း ၁နဲ့  ကကလှမ်း ၂ ပြန်ပေါင်းလိုက်ပြန်ေ၇ာ အခုတော့
တရားမ၀င်ခွဲလိုက်ပြန်ပြီတဲ့ တွဲခွဲ တရားရှူတတ်ရင် တရားရသွားနိုင်တယ်ဘာလို့  မင်းတို့ ကို ပြန်ပြောပြနေရတာလဲ ဆိုတော့ မင်းတို့ ကို
အမှန်တရားတွေကို သိစေချင်လို့  အမှန်တရားဘက်တော်သားတွေ ဖြစ်စေချင်လို့ပဲ မင်းတို့ မှာ အနာဂတ်တွေ ရှိသေးတယ် ကျော်နေ၀င်းတို့ 
ရဲနိုင်ဝင်းတို့ ဆို အနာဂတ် မရှိတော့ဘူး သွားပြီ ငါတို့ က မင်းတို့ကို အဲဒီလို အဖြစ်မျိုးမဖြစ်စေချင်လို့  သတိပေးရတာပဲ ဗိုလ်သန်းရွှေက
သူကျတော့ ဘုရားဒါယိကာ ကျောင်းဒါယိကာ မင့်အဖေကျတော့က၇င်ပြည်နယ်စစ်ဆင်ေ၇းလုပ်ခဲ့တဲ့ လူမိုက်ကြီးအဖြစ်ပုံဖော်မယ် သူ
့သားကြိးကျတော့ ဘုရားဒါယိကာ ကျောင်းဒါယိကာ မင့်အစ်ကိုဇော်ထွန်းဦးကိုကျတော့ ကြာကူလီ မုဒိမ်းကောင်အဖြစ်ပုံဖော်ပြီး
နိုင်ငံရေးလောကထဲကနေ ဆွဲထုတ်တယ် တွင်း၂သားတွေက မိဘကျေးဇူးသိတတ်တယ်ဆိုတာကို မကြားချင်လို့ မဖြစ်လာစေချင်လို့ ပေါ့ကွာ
ဗိုလ်သန်းရွှေရော ဗိုလ်မောင်အေးရော မင်းတို့ ညီအစ်ကို ၂ယောက်ကိုဖုတ်လေတဲ့ ငပိရှိတယ်လို့ ကို မထင်တဲ့သဘော လူရာမသွင်းတဲ့သဘော ကျွန်လို
သတ်မှတ်ထားခဲ့တာပေါ့ကွာ ဒီ ကောင်တွေ ငါ့သားသမီးတွေနဲ့ပုခုံးချင်းမယှဉ်လာစေရဘူး ငါ့သားသမီးတွေကို အောက်ကျို့ ဆက်ဆံလာစေရမယ်
ပြားပြားဝပ်နေအောင် ဖိနှိပ်ထားရမယ် လို့  သူတို့ စစ်အာဏာရှင် ၂ယောက်ကဆုံးဖြတ်ထားခဲ့ပုံရတယ်ငါတို့ ပြောလွန်းအားကြီးလို့ သာ မင့်အစ်ကို ကို
သတင်းစာထဲ ထုတ်ပြလိုက်တီဗီထဲ ထုတ်ပြလိုက် လုပ်နေတာ မကောင်းတတ်လို့ ထည့်သုံးနေတာပေါ့ကွာ
ဒါကြောင့် မင်းတို့  ညီအစ်ကိုတစ်တွေ မင်းတို့ အဖေ ဖြစ်စေချင်ခဲ့တဲ့ရည်မှန်းချက်တွေကို အမြန်ဆုံးအကောင်အထည်ဖော်ပါ သမိုင်းပညာရှင် ဒေါက်တာ
သန်းထွန်း ကပြောဖူးတယ် သမိုင်းသင်တာ မအ အောင်လို့ တဲ့ အေး ငါလဲမင်းတို့ ကို သမိုင်း သင်ပေးပြီးသွားပြီ မင်းတို့  (အ) ရင် မင်းတို့ 
ခံရမှာပဲ ဒါပဲကွာ

မြင်းမူက သဲစု သူငယ်ချင်း

http://mindhamma.multiply.com/

စကားပြောသော ခြေထောက်များ

Friday, January 14, 2011

နှုတ်ဖျားမှသည် ခွန်းသီဆို သည် မဟုတ်။


လက်ဖျားမှ သည် လင်္ကာ သီသည် မဟုတ်။
မျက်လုံးမှ သည်..စကားဆိုသည် မဟုတ်။
ခြေထောက်များကလည်း စကားပြောသည်။
မယုံလျှင် ပုံပြင်သာ မှတ်ပေရော့။

ဤခြေထောက်ပိုင်ရှင်သည် ကျွန်ရှေ့ဒူးမထောက် မြန်မာပြည်လွတ်မြောက်အောင် အသက်စတေးပေးခဲ့သော ပြည်သူ၏ ဖခင်


အာဇာနည် ဤခြေထောက်ပိုင်ရှင်သည် တရုပ်ကို ကပ်မြှောက်
မြန်မာပြည်ကို ချောက်ထဲကျအောင် လမ်းပြမြေပုံဆွဲ၍ တွန်းပို့ နေသူ လူယုတ်မာ အာဏာရှင်။

သူကတော့ ပေးတာယူ ကြွေးတာစား မင်းပွဲ စိုးပွဲ သာ တက်ချင်သော ခြေထောက်ပိုင်ရှင်

သူကတော့ မှန်တာလုပ်ဖို့ ဆို ရုံး ဂတ် အချုပ်မကြောက် သေနတ်များရှေ့ကပင်


ဖြတ်လျှောက်ရဲသူ သတ္တိ ခြေလှမ်းရှင်။

စင်ကြယ်ဖိနပ်စီးသော်လည်း မစင်ကြယ်တဲ့ ဒီခြေထောက်နဲ့ အကျင့်စာရိတ္တပျက် လူသား


ဖိနပ်မပါသော်လည်း..စင်ကြယ်ပါသော သိက္ခာ နဲ့  ဤခြေထောက်များ။

ဒီခြေထောက်မှ ဖိနပ်များ နိုင်ငံတော် ဘဏ္ဍာနဲ့ အရောင် ဖိတ်ဖိတ်တောက်သော်လည်း

ဤစစ်သားကလေးမှာ စီးစရာ စစ်ဖိနပ်တောင် မရှိရှာပါဖူး။

သူကတော့ ဘုရားပရ၀ဏ် ၀တ္တကမြေ ခြေဒါးလှီးခံ ဖိနပ်ဝတ်ရဲသော စုန်းမ


ဤခြေထောက်ပိုင်ရှင် သည် သဒ္ဓါရိုကျိုး ခြေသုတ်ပုဆိုးကဲ့သောသော အလှူ့ တကာမ။

ဒီကလေးငယ်လေးများကား စားစရာနတ္နိ အိမ်ခြေမရှိ မိဘမဲ့သည့် ဖိနပ်မဲ့ နာဂစ်ရဲ့ ဒုက္ခသည်။

ဒီဖိနပ်ပိုင်ရှင်ကလေးက လမ်းတောင် လျှောက်စရာမလိုသော စိန်စီတဲ့ ရွှေမင်းသမီး..

အာဏာ လက်နက်ဖြင့် ဖိနှိပ် ဖိနပ်ကြိုးစီးခိုင်းသော ဘိုပြောင်ကြီး


ဤခြေထောက်ရှင်သည် ယုံကြည် သဒ္ဓါဖြင့် လူအများချစ်ခင် လေးစားခံရသူ

ဤခြေပိုင်ရှင်သည် မတရား ခိုးဖွက်လုယက်သော စိန်များဖြင့် ရုပ်မလှ စိန်ရြွှေပ လင်တင်


တောင်းရသော ရျွေခြေကျင်းကြီးနဲ့  မိန်းမ

ဤခြေထောက်ပိုင်ရှင်များကား ယုံကြည်ချက်ကိုစား သံခြေကျင်းဝတ် နိုင်ငံရေးအကျဉ်းသမား

ဤခြေပိုင်ရှင် သည် တယောက်ထဲ ရဲဝံ့စွာ အဖော်မပါ အပြင်မထွက်ရဲတဲ့ သတ္တိခဲ သူခိုးကြီး ငဖဲ


အဖေါ် မပါပေမယ့်  တကမ္ဘာလုံး ကို စိမ်ခေါ်ရဲတဲ့ ဦးဝင်းတင်ရဲ့  တည်ငြိမ်တဲ့ အိမ်အပြန် ခြေလှမ်း

ဒီခြေထောက်ပိုင်ရှင်များ..အာဏာတည်မြဲရေးအတွက်

ဒီဖိနပ်ပိုင်ရှင်များ အသက်စတေးခဲ့ရသည်။

ပျင်းလို့  စစ်တပ်ကိုတောင် လမ်းလျှောက်မစစ်ဆေးနိုင်တဲ့ ဘိုပျင်းကြီး

လွတ်ရာကျွတ်ရာ အသက်လုပြေးကြရတဲ့ စစ်ပြေးဒုက္ခသည် မိသားစု


ဤခြေထောက်ပိုင်ရှင်သည် အရွယ်မရောက် အဓမစစ်တပ်သို့  သွပ်သွင်းခံရကလေးစစ်သား

ဤခြေထောက်ပိုင်ရှင်များသည် အရွယ်လွန် အ်ုမင်းသော်ညား ရာထူးမစွန့် ရဲကြသူများ

ဤခြေထောက်ပိုင်ရှင်သည် အဘိုးအာဏာသုံး ရမ်းကား ဘိန်းစား မိန်းကလေးများရဲ့

ပန်းစားဘီလူးမင်းသား ဤခြေထောက်ပိုင်ရှင်သည် အသက်အရွယ်မမျှ မိသားစုစီးပွါးရေး


ကူညီပေးရသောကလေးငယ်။
ဒီခြေထောက်ရှင်က နိုင်ငံပိုင် ပစ္စည်းတွေ ပေါချောင်ကောင်းသိမ်း သဘာဝ အရင်းအမြစ်မှန်သမျှ
ကို ရှိတာရောင်းစား ပြည်သူသတ်ဖို့  လက်နက် သူ့ စည်းစိမ်အတွက် ၀ယ်ရောင်းတဲ့သူ

ဒီဒုတ္ခိကစစ်သားတွေကဖြင့် လိုက်လည်ဈေးရောင်း လှည့်လည် တောင်းစားနေရတယ်။

ကဲ မိတ်ဆွေများ
သင်မှာ ခြေထောက်ရှိသည်။
သင့် နေသော်လည်း ဆိတ်ဆိတ.် .
သင့်ခြေများက တိတ်နေမယ်မဟုတ်ပါဖူး။

ရှေဆက် တက်မလား..
နောက်ဆုတ် ထွက်မလား..
ထိုးဖောက်ထွက် ရုန်းကန်ကြမလား..
ဒူးထောက် ပေါင်းစားမလား.
ကျောက်ချ ဆွံ့ အ ဆဲလား။
သင့် သမိုင်း သင်ရေးမည်။
ဘာပြောမလည်း နားထောင်ကြည့်
သင်ခြေလှမ်းများက ပြောကြားမည့် သင်၏ ပုံပြင်။

မသဒ္ဓါ (၁။၁၅။၂၀၁၁)

Posted in ကဗျာ by Thadar (မသဒ္ဓါ )


နအဖ စစ်ကားအစီး ၅၀ကျော် ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ် ဘက် ၀င်ရောက်လာ

Submitted by Karen Information Center on Friday, 14 January 2011No Comment

ဇန်န၀ါရီလ ၁၄ရက်။ နန်းထူးစံ (ကေအိုင်စ)ီ

နအဖ စစ်ကွပ်ကဲရေးဌာနချုပ်-စကခ(၅)လက်အောက်ခံ တပ်ရင်းများသည် ယခုဇန်န၀ါရီလ ၁၂ရက်နေ့က စစ်ကားအစီး (၅၀) ကျော်ဖြင့် ကြာအင်းဆိပ်ကြီးနှင့်


ကော့ကရိတ်မြို့နယ်အတွင်းသို့ ၀င်ရောက်လှုပ်ရှားလာကြောင်း ထိုဒေသမှလာသည့်သတင်းအရ သိရသည်။

နအဖ စကခ (၅)လက်အောက်ခံ တပ်ရင်းများသည် စစ်လက်နက်ပစ္စည်းများ၊ ရိက္ခာများနှင့်အတူ ဇန်န၀ါရီလ ၁၂ရက်နေ့က စစ် ကားအစီး(၄၄)စီးဖြင့် ကရင်ပြည်နယ်၊
ကြာအင်းဆိပ်ကြီးမြို့သို့ ရောက်ရှိလာခဲ့သလို ကော့ကရိတ်မြို့နယ်အတွင်းမှာလည်း စစ် ကား ၁၅စီးဖြင့် ၀င်ရောက်လှုပ်ရှားလာသည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတဦးက “ပြီးခဲ့တဲ့ ၁၂ရက်နေ့က စကခ (၅)လက်အောက်ခံ တပ်တွေပေါ့။ စစ်ကား (၄၄)စီးနဲ့ ချောင်းနှစ်ခွကနေ ကြာအင်း ဆိပ်ကြီးမြို့ကို တက်လာတယ်။ ဒီတပ်တွေက
အသစ်ဝင်လာတာ ဖြစ်တယ်။”ဟု ကေအိုင်စီကို ပြောသည်။

ထိုနေ့တရက်တည်းတွင် စကခ(၅)လက်အောက်ခံ၊ အင်အား ၁၇၀ခန့်ရှိသော ခမရ(၅၆၃)တပ်ရင်းသည် စစ်ကားကြီး ၁၅စီးဖြင့် ကော့ကရိတ်မြို့နယ် နန်းရွှေမှုန်၊ ဒေါက်ပလန်မှာ
ရောက်ရှိလာခဲ့ပြီး နောက်တနေ့ ဇန်န၀ါရီလ(၁၃)ရက်နေ့၌ ဒေါက်ပလန်ရွာအ ပြင်ဘက်တွင် ဒေသခံ KNLA တပ်ရင်း(၁၈)တပ်ဖွဲ့ဝင်များ၏ ပြောက်ကျားတိုက်ခိုက်ခြင်းကို ခံခဲ့ရကာ
၎င်းတို့တပ်ဖွဲ့ဝင် ၂ဦးသေဆုံး ကာ ၂ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ထိုဒေသခံက ပြောသည်။

ထိုဒေသသို့ ရောက်ရှိလာသည့် အဆိုပါ စကခ(၅)တပ်ဖွဲ့များသည် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံနယ်သို့ ဦးတည်သွားရန်ရှိ ပြီး ကေအဲန်ယူ၊ တပ်မဟာ(၆)နယ်မြေမှ
ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ်မြို့နယ်အတွင်းသို့ ၀င်ရောက်လှုပ်ရှားလာခြင်းမှာ မည် သည့်အစီအစဉ်ကြောင့်ဆိုသည်ကို အတိအကျ မသိရသေးသော်လည်း လက်ရှိ ၎င်းတို့နှင့် DKBA
တပ်ဖွဲ့၏ တိုက်ပွဲများကြောင့် ထိုင်း-မြန်မာနယ်စပ်ဘက်သို့ အားဖြည့်ရန် ရောက်ရှိလာခြင်းဖြစ်နိုင်သည်ဟု KNU ဒူးပလာယာခရိုင် အတွင်းရေးမှူး စောလစ္စတန် က ယခုလို
ခန့်မှန်းပြောဆိုသည်။

သူက “သူတို့တပ်တွေ(နအဖ)က ကြာအင်းကနေ ကျိုက်ဒုံကို ဦးတည်သွားဖို့ ရှိတယ်။ ကျိုက်ဒုံမှာ တပ်စခန်းရှိတာကိုး။ သူတို့မှာ ဘာအစီအစဉ်တွေနဲ့ လာသလိုဆိုတာကို ကျနော်တို့
စုံစမ်းနေပါတယ်။ သူတို့ တပ်အပြောင်းအလဲ လာလုပ်တာလား။ ဒါမှမဟုတ် ရှင်းလင်းမှုတွေ လုပ်မှာလားတော့ ကျနော်တို့ အသေအချာမသိရသေးဘူး။ အခု ဖလူးဘက်က ဒီကေဘီအေနဲ့
တိုက်ပွဲဖြစ်နေတာ ကို အဲဒီကျိုက်ဒုံဘက်က လမ်းကြောင်းနဲ့ တချို့ပို့မှာဖြစ်သလို ကျိုက်ဒုံဘက်ကနေတဆင့် ချူကလိ၊ ကွီးတာဟိုးဘက်ကိုသွားတဲ့ လမ်းကြောင်းလည်း ရှိတယ်လေ။
ကျိုက်ဒုံကနေတဆင့် အဲဒီဘက်ကို အားဖြည့်သွားဖို့ ဖြစ်ကောင်းဖြစ်နိုင်တယ်။”ဟု ပြောသည်။

နအဖ စကခ (၅)တပ်ဖွဲ့သည် ပြီးခဲ့သော ၂၀၀၆မှ ၂၀၀၉ခုနှစ်အထိ ကရင်ပြည်နယ်မြောက်ပိုင်း တောင်ငူခရိုင်ဘက်တွင် KNU တပ် မဟာ(၂)ကို ချေမှုန်းစစ်ဆင်ရေးအဖြစ်
ဝင်ရောက်လှုပ်ရှားခဲ့စဉ် ဒေသခံလူထုအပေါ် နှိပ်စက်သတ်ဖြတ်ခြင်း၊ အမျိုးသမီးများကို မုဒိမ်းကျင့်ခြင်း၊ လုပ်အားခိုင်းစေခြင်း၊ ပေါ်တာဆွဲခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ
ကျူးလွန်ခဲ့သလို ၎င်းတို့၏ စကခ မှူးဟောင်း ဗိုလ်မှူးချုပ်ကောင်းမြတ်မှာ ကေအဲန်ယူ၏ တိုက်ခိုက်မှုကြောင့် ၂၀၀၉ခုနှစ်တွင် တောင်ငူဒေသ၌ ကျဆုံးသွားခဲ့သည်။

http://www.kicnews.org/?p=4791
http://burmese.dvb.no/

You might also like