Professional Documents
Culture Documents
မြန်မာ ဘောလုံး အားကစားသမားများ တောင်ကိုရီးယားသို့ အလည်အပတ် ရောက်
မြန်မာနိုင်ငံက ဦးဖြိုးကိုကိုဆန်း ဦးဆောင်တဲ့ မြန်မာ့
ဘောလုံး အားကစားသမား ၃၅ ဦးကို ကိုရီးယားနိုင်ငံ
ပြည်နယ် မြှားပစ်အဖွဲ့ ဥက္ကဋ္ဌက တောင်ကိုရီးယားနိုင်ငံ
ဝါန်ဂျူမြို့သို့ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၂ ရက်နေ့မှ ၈
ရက်နေ့ အထိ အလည်အပတ် လာရောက်ရန်
ဖိတ်ခေါ်ခဲ့ကြောင်း ကိုရီးယားနိုင်ငံ ဂါန်ဝါန်ပြည်နယ် ထုတ်
ဝါန်ဂျူ သတင်းစာမှာ ဖော်ပြထားပါတယ်။
ဂါန်ဝါန်ပြည်နယ်မြှားပစ်အဖွဲ့ ဥက္ကဋ္ဌ မစ္စတာ
Photo ‐ Internet ဘယောအိလ်က ယခုအကြိမ်ဟာ ပထဆုံးအကြိမ်အဖြစ်
မြန်မာအားကစားသမား များကို ဖိတ်ခေါ်ခဲ့ခြင်း မဟုတ်ဘဲ
၂၀၁၀ ခုနှစ် ဇွန်လပိုင်းကလည်း မြန်မာ့မြှားပစ်အဖွဲ့ကို တလနီးပါး ဖိတ်ခေါ်ခဲ့ကြောင်းလည်း အဆိုပါသတင်းဌာနက ဆက်လက်
ဖော်ပြထားပါတယ်။
မီးလောင်ကုန်တင်သင်္ဘောမှ မြန်မာနိုင်ငံသားများကို ငါးဖမ်းသင်္ဘောက ကယ်ဆယ်
ကိုရီးယားနိုင်ငံ တောင်ပိုင်း ဘူဆန်ဆိပ်ကမ်းအနီးတွင်
၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၇ ရက် နံနက် ၆ နာရီ ၅၀
မီနစ်အချိန်က ကမ္ဘောဒီယားပိုင် ကုန်တင်သင်္ဘောတစီး
မီးလောင်ခဲ့ပါတယ်။ ထို မီးလောင်မှုကြောင့်
သင်္ဘောမာလိန်မှူး မစ္စတာ ချွီနဲ့ တရုတ်လူမျိုး ၄ ဦး
မီးလောင် သေဆုံးသွားခဲ့ပြီး စက်ပိုင်းဆိုင်ရာ အင်ဂျီနီယာနဲ့
မြန်မာနိုင်ငံသား ၅ ဦးကို အနီးက ဖြတ်သွားတဲ့
ငါးဖမ်းသင်္ဘောတစီးက ကယ်ဆယ်ခဲ့ကြောင်း၊
တနာရီအတွင်း မီးလောင်မှုကို ငြိမ်းသတ်နိုင်ခဲ့ကြောင်း
ကိုရီးယားနိုင်ငံထုတ် သတင်းစာများ ဖော်ပြထားပါတယ်။
Photo ‐ Internet
မီးလောင်မှုဟာ အဆိုပါ ကုန်တင်သင်္ဘောရဲ့ ပထမထပ်
ထမင်းစားဆောင်က စတင် ဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။
ကိုရီးယားအစိုးရနဲ့ မြန်မာစစ်အစိုးရတို့ ဆက်ဆံရေးဆိုင်ရာ သတင်းများ
တောင်ကိုရီးယားနဲ့ မြန်မာနိုင်ငံတို့ရဲ့ နိုင်ငံခြားဆက်ဆံရေးဌာနများ၊ အထူးဗီဇာ ကိုင်ဆောင်ထားသူများ နှစ်နိုင်ငံ ဗီဇာမဲ့ ၀င်ထွက်ခွင့်
သဘောတူ လက်မှတ်ရေးထိုးပွဲကို နေပြည်တော်၌ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၅ ရက်နေ့က ကျင်းပရာ မြန်မာနိုင်ငံခြားရေးရာဝန်ကြီးနဲ့ 
အဲဒီသတင်းမှာ ဆက်လက်ပြီး ကိုရီးယားနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ဟာ ပြီးခဲ့တဲ့နှစ်ကစတင်ပြီး ပညာရေး၊ ရင်းနှီးမြုပ်နှံရေး၊ အတတ်ပညာ
ဖလှယ်ရေး၊ ငှားရမ်း အသုံးပြုရေးကဏ္ဍများတွင် သဘောတူညီမှုများ ပြုလုပ်ခဲ့ကြကြောင်း၊ ရန်ကုန်မြို့နဲ့ ၄၈၀ ကီလိုမီတာ အကွာအဝေးရှိ
မကွေးမြို့မှာ ကိုရီးယား ကားထုတ်လုပ်ရေးနဲ့ လေ့လာရေးဌာနတို့ ဖွင့်လှစ်ထားကြောင်း၊ တောင်ကိုရီးယားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံတွင်
တွင်းထွက်ပစ္စည်း၊ သစ်တောပစ္စည်း၊ လယ်ယာထုတ်ကုန်၊ ဆေးပစ္စည်း၊ ဟိုတယ်၊ ဆောက်လုပ်ရေး၊ လျှပ်စစ်ပစ္စည်းနှင့် ကွန်ပြူတာ
ထုတ်လုပ်ရေးစတဲ့ လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံမှုများ လုပ်ဆောင်လျက်ရှိကြောင်း ဆက်လက် ဖော်ပြထားပါတယ်။ ထို့အပြင် ပြီးခဲ့တဲ့
ဒီဇင်ဘာလကလည်း နှစ်နိုင်ငံ နိုင်ငံခြားရေး ဒုတိယ၀န်ကြီးများအနေနဲ့ ပင်လယ်ပြင် ရေနံ၊ သဘာဝဓါတ်ငွေ့နဲ့ စွမ်းအင်ရေးရာ တူးဖော်
လုပ်ဆောင်ရေးကဏ္ဍများတွင် သဘောတူညီမှုများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
၂၀၁၀ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့ထုတ် နယူးအစ်စ်
သတင်းစာတွင် ကိုရီးယား သစ်တောရေးရာ ဌာနမှူးချုပ်
မစ္စတာ ဂျောန်ဂွာန်စုနဲ့ မြန်မာနိုင်ငံ သစ်တောရေးဌာနက
ဦးတင်ထွန်းတို့ မြန်မာသစ်တော ငှားရမ်းရေး၊ ထိန်းသိမ်း
စောင့်ရှောက်၊ ရောင်းဝယ်ရေးတို့ကို သဘောတူ လက်မှတ်
ရေးထိုးခဲ့ကြကြောင်း ဖော်ပြထားပါတယ်။ နှစ်နိုင်ငံ
သစ်တောရေးရာဌာနတို့ဟာ ၁၉၉၇ ခုနှစ် ဇူလိုင်လမှ
စတင် ဆက်သွယ် သဘောတူထားခဲ့ကြရာ ၂၀၀၀ ခုနှစ်မှာ
ပထမဦးဆုံး တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီးနောက် ယခုလို
သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့တာဖြစ်ကြောင်း
အဲဒီသတင်းမှာ ဖော်ပြထားပါတယ်။
Photo ‐ Internet
တောင်ကိုရီးယား စီးပွားရေးဆိုင်ရာ ၀န်ကြီး မစ္စတာ ချွဲဂယောင်းဟွာန်နဲ့ မြန်မာ စွမ်းအင်ဝန်ကြီး ဦးလွန်းတင်တို့ မြေအောက် ရေနံ
တူးဖော်ရေးဆိုင်ရာကိစ္စများနဲ့ ပတ်သက်ပြီး ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ၂၇ ရက်နေ့က တွေ့ဆုံဆွေးနွေးကြကြောင်း ကိုရီးယားနိုင်ငံထုတ်
စီးပွားရေးစွမ်းအင်ဆိုင်ရာ သတင်းစာတွင် ဖော်ပြထားပါတယ်။
မြန်မာသင်္ဘောသားကြောင့် မီးလောင်မှု ဖြစ်ပွား
တောင်ကိုရီးယားနိုင်ငံ အုလ်ဆန် ပင်လယ်ကမ်းခြေတွင် ဓာတုဗေဒ ဆေးပစ္စည်းများ တင်ဆောင်ထားတဲ့ သင်္ဘောတွင် အလုပ်လုပ်ကိုင်နေတဲ့
မြန်မာနိုင်ငံသား ကိုရဲသောင်း (အသက် ၃၂ နှစ်) ဟာ သင်္ဘောကိုယ်ပိုင်းအတွင်း သန့်ရှင်းရေးလုပ်နေစဉ် ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၃ ရက်
ညနေ ၅ နာရီ ၄၀ မိနစ် အချိန်က မီးလောင်မှုဖြစ်ပွားကာ ယခုအချိန်မှာ ဆေးရုံတွင် ဆေးကုသခံယူလျက် ရှိပါတယ်။ အဆိုပါ
အခင်းဖြစ်ပွားရာသို့ အုလ်ဆန် ပင်လယ်ကမ်းခြေစောင့် ရဲများက သွားရောက် စစ်ဆေးမေးမြန်းခဲ့ရာ မြန်မာနိုင်ငံသား ကိုရဲသောင်းရဲ့
မှားယွင်းမှုကြောင့် ယခုလို မီးလောင်မှုဖြစ်ပွားရကြောင်း ထုတ်ဖော် ပြောဆိုပါတယ်။
(အထက် ဖော်ပြပါသတင်းများဟာ ကိုရီးယားနိုင်ငံထုတ် သတင်းစာများတွင် ဖော်ပြထားတဲ့သတင်းများကို ဆီလျော်အောင်
ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါတယ်။)
မြန်မာ့ ပရဆေးပင်များကို တလတန် ၃၀၀ နိးပါး တောင်ကိုရီးယားနိုင်ငံက ၀ယ်ယူလိုကြောင်း နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန ပို့ကုန်ဌာနမှ
သိရသည်။ ယင်းကဲ့သို့ ပရဆေးပင်များကို ၀ယ်ယူလိုကြောင်း တောင်ကိုရီးယားက ကမ်းလှမ်းထားပြီး တလတန် ၃၀၀ ဖြင့် နှစ်စဉ်တန် ၂၅၂၀
ဝယ်ယူရန် အစီအစဉ်ရှိကြောင်း သိရသည်။
“ဒီ ၂၀၁၀ ၂၀၁၁ ဘဏ္ဍာရေးနှစ်မှာ တောင်ကိုရီးယားနိုင်ငံနဲ့ ကုန်သွယ်တဲ့ အခြေအနေကတော့ ကောင်းပါတယ်။ လာမယ့်
ဘဏ္ဍာရေးနှစ်တွေမှာလဲ အများကြီးတိုးတက်မယ့် အလားအလာ ရှိပါတယ်၊ ကိုရီးယားနိုင်ငံက ကုန်သည်တွေနဲ့ အသေးစိတ် ဆွေးနွေးပြီး
ပရဆေးပင်တင်ပို့ဖို့ ကိစ္စကို ဆွေးနွေးသွားမှာပါ။“ ဟု ပို့ကုန်ဌာနခွဲမှ တာဝန်ရှိသူ တဦးက ပြောသည်။ ယခင်နှစ် ၂၀၁၀ ၂၀၁၁ ဘဏ္ဍာနှစ်
ဒီဇင်ဘာ ၁၇ ရက်အထိ တောင်ကိုရီးယားနိုင်ငံသို့ ပို့ကုန် အမေရိကန် ဒေါ်လာ ၉၈ သန်းကျော် ရှိပြီး တောင်ကိုရီးယားနိုင်ငံမှ အမေရိကန်
ဒေါ်လာ ၁၆၄ သန်းကျော်ဘိုး တင်သွင်းခဲ့ကာ စုစုပေါင်း ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ၂၆၂ သန်းကျော်ဘိုး ရှိခဲ့ကြောင်း
သိရသည်။ မြန်မာနိုင်ငံ ယခင် ၂၀၁၀ ၂၀၁၁ ဘဏ္ဍာနှစ် ဒီဇင်ဘာ ၇ ရက်အထိ အာရှနိုင်ငံများနှင့် ကုန်သွယ်မှုများ ပြုလုပ်ရာတွင်
ထိုင်းနိုင်ငံနှင့် စင်ကာပူတို့နှင့် ကုန်သွယ်မှု အများဆုံး ပြုလုပ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ချက်အရ
သိရသည်။
(Flower News Journal က တဆင့် ကူးယူဖော်ပြပါသည်။)