You are on page 1of 38

ဒေါ်စုနဲ့အတူ မြန်မာ့အရေး ဆောင်ရွက်ဖို့ ၀န်ကြီး ကလင်တန် ကတိပြု

By ဗွီအိုအေ (မြန်မာဌာန) ဗုဒ္ဓဟူး, 19 ဇန်နဝါရီ 2011


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဗုဒ္ဓဟူးနေ့က တယ်လီဖုန်းဆက်ပြီး မြန်မာနိုင်ငံမှာ
စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်း အားထုတ်နေမှုကို အမေရိကန်နိုင်ငံက ထောက်ခံ အားပေးတဲ့အကြောင်း ထပ်လောင်း ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်ခဲ့တဲ့ အချိန်ကစလို့ ဒီ တယ်လီဖုန်း ဆက်သွယ်မှုဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး
ကလင်တန်နဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ၂ ဦးကြား ပထမဆုံး တိုက်ရိုက် စကားပြောဆို ဆက်သွယ်မှု ဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က
ဒီဇင်ဘာလ အစောပိုင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ကို စာရေးသား ပေးပို့ခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ တယ်လီဖုန်း ဆက်သွယ်မှုကို နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပီ.ဂျေ ခရော်လီ (P.J Crowley) က Twitter လူမှုဆက်သွယ်ရေး
အင်တာနက် စာမျက်နှာပေါ်မှာ သတင်းထောက်တွေကို ပထမဆုံး ထုတ်ဖော် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေး တိုးတက်ဖို့နဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ ပိုပြီး
ခိုင်မာ အားကောင်းလာအောင် ဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ လက်တွဲ ဆောင်ရွက်ဖို့ အမေရိကန်နိုင်ငံ အနေနဲ့ ကတိပြုလိုက်ပါတယ်လို့ အဲဒီအရာရှိကြီးက ပြောပါတယ်။
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန အဆင့်မြင့် အရာရှိကြီး တဦးက ဗွီအိုအေနဲ့ ပြောဆိုရာမှာ ၁၀ မိနစ်ခန့်ကြာတဲ့ အဲဒီ တယ်လီဖုန်း ပြောဆိုမှုဟာ ဒီဇင်ဘာလက နိုင်ငံခြားရေးဝန်ကြီးရဲ့
စာရေးသား ဆက်သွယ်မှုနဲ့ ပြီးခဲ့တဲ့လက အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်း (Joseph Yun) က ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်ခဲ့တဲ့
တွေ့ဆုံမှုအပြီး နောက်ဆက်တွဲ ဆောင်ရွက်ချက် ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံး သံတမန်တွေနဲ့ မြန်မာနိုင်ငံကို သွားရောက်မယ့် အမေရိကန် ပြည်ထောင်စုရဲ့ တခြား အဆင့်မြင့် အစိုးရ အရာရှိတွေ ဒေါ်အောင်ဆန်းစုကြည်နဲ့
နောက်ဆက်တွဲ တွေ့ဆုံမှုတွေ ရှိမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ရှေ့ကိုတိုးပြီး လုပ်ငန်း ဆောင်ရွက်နိုင်ဖို့ ကူညီပေးနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေမယ်လို့ အမေရိကန်
ပြည်ထောင်စုက ဆုံးဖြတ်ချက် ချထားပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြောဆိုတဲ့အကြောင်း အဲဒီ အဆင့်မြင့် အရာရှိက ပြောပါတယ်။
တဆက်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်က သူမရဲ့ လက်ရှိ အနေအထားနဲ့ ဆောင်ရွက်ချက်တွေကို ၀န်ကြီး ကလင်တန်နဲ့ ဆွေးနွေးခဲ့ပြီး အသေးစိတ်ကိုတော့ သူ့အနေနဲ့ ပြောဆိုမှာ
မဟုတ်ဘူးလို့ အမေရိကန် အဆင့်မြင့် အရာရှိကြီးက ပြောဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု ကိုမင်းကိုနိုင် ကြိုဆို


ရန်ပိုင် Wednesday, 19 January 2011 16:56

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခြင်းကို ထောင်ဒဏ် ၆၅ နှစ် ကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် က ကြိုဆိုကြောင်း ပြောဆိုလိုက်သည်ဟု
မကြာသေးမီက သွားရောက်တွေ့ဆုံခဲ့သည့် မိသားစုဝင်က ပြောသည်။

၂၂၂၂ ၂၂ ခခခခခခခခခခခခခခခခခခခခခခအစ်ခခခခခခခခခ ခခခခခခခ


မဖြစ်သူ ဒေါ်ကြည်ကြည်ညွန့်က“လက်ရှိ နိုင်ငံရေး အခြေအနေတွေကို
သူသိတယ်၊ ဒေါ်စုလွတ်လာတာကို ကြိုဆိုတယ်၊ အား လုံး အတွက်
ဝမ်းသာတယ်လို့ ပြောတယ်”ဟု ဆိုသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံထောင်ရှိ ကိုမင်းကိုနိုင်အား ပြီးခဲ့သည့် သောကြာနေ့က သွားရောက်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

လက်ရှိ အခြေအနေမှာ အအေးဓာတ် ပိုမိုလွန်ကဲမှုကြောင့် ခြေလက်အရိုးအဆစ်များ ကိုက်ခဲခြင်း ဝေဒနာကို ပြင်းထန်စွာခံစားရပြီး မိသားစုမှ ဆေးဝါးနှင့် စောင်များ
ပိုမိုပေးအပ်ခဲ့ရကြောင်း၊ ထောင်အာဏာပိုင်များက ရာသီဥတုဆိုးရွားမှုနှင့် ပတ်သက်၍ မည်သည့် ကာကွယ်စောင့်ရှောက်မှုကိုမှ မပေးကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

ကိုမင်းကိုနိုင်သည် ၁၉၈၉ ခုနှစ် ပထမအကြိမ် စစ်တွေထောင်၌ ထောင်ဒဏ် ၁၆ နှစ် ကျခံခဲ့ရစဉ်က ရရှိခဲ့သည့် အရိုးကျီးပေါင်း တက်သည့် ရောဂါကိုလည်း ခံစားနေရကြောင်း သိရသည်။

ကျိုင်းတုံထောင်တွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ မြန်မာနေးရှင်း ဂျာနယ်မှ ကိုစိန်ဝင်းမောင်၊ ဆရာတော် ဦးဣဿရိယ အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၇
ဦးရှိသည်ဟု ဒေါ်ကြည်ကြည်ညွန့်က ပြောသည်။

ယခင်က ကိုမင်းကိုနိုင်အပါအ၀င် နိုင်ငံရေး အကျဉ်းသားများကို ထောင်ပရိဝုဏ် ကျဉ်းမြောင်းသည်ဟူသော အကြောင်းပြချက်ဖြင့် လမ်းလျှောက်ခွင့် ပိတ်ပင်ထားသော်လည်း ယခုအခါတွင်
လမ်းလျှောက်ခွင့်ပေးကြောင်းလည်း ၎င်းကဆိုသည်။

“အခုတော့ သုံးယောက်တတွဲ လေးယောက်တတွဲ ည၊ မနက် အချိန်ခွဲပြီး လျှောက်ခွင့်၊ လေ့ကျင့်ခန်းလုပ်ခွင့်ပေးတယ်”ဟု ဒေါ်ကြည်ကြည်ညွန့်က ပြောပြသည်။

ကျိုင်းတုံထောင်မှာ ဝေးလံသည့် အတွက် ကိုမင်းကိုနိုင်၏ မိသားစုမှာ သုံးလတကြိမ်သာ ထောင်ဝင်စာ သွားရောက်တွေ့နိုင်သည်။

ကိုမင်းကိုနိုင် အပါအ၀င် ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုဂျင်မီ၊ ကိုမြအေး၊ ကိုမင်းဇေယျာ၊ ကိုပဏ္ဍိတ်ထွန်း စသည့် ကျောင်းသား ခေါင်း ဆောင် ၁၅ ဦးကို စစ်အစိုးရက ၂၀၀၇ ခုနှစ်
သြဂုတ်လအတွင်း လောင်စာဆီနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး လမ်းလျှောက် ဆန္ဒပြ ခဲ့ သည့်အတွက် ထောင်ဒဏ် ၆၅ နှစ်ဆီ အသီးသီးချမှတ်ပြီး နယ်ဝေးထောင်များသို့ ပို့ခဲ့သည်။

ထို့အတူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သည့် ကိုကိုကြီးမှာလည်း ရှမ်းပြည်နယ် အရှေ့ပိုင်းမိုင်းဆတ်ထောင်သို့ ပို့ဆောင်ခြင်းခံရပြီး မိသားစု


သွားရောက်မတွေ့ဆုံနိုင်သည်မှာ ၂ နှစ်ကျော် ရှိပြီ ဖြစ်သည်ဟု ညီဖြစ်သူ ကိုအောင်ထွန်းက ဧရာဝတီ သို့ပြောသည်။

“လူချင်းမတွေ့ရတာ ကြာပြီ၊ အအေးလှိုင်း ခဏခဏ ဖြတ်တယ်ဆိုတော့ စိုးရိမ်တယ်၊ ဒီနေ့ပဲ အနွေးထည်နဲ့ စားစရာ ဆေးဝါး ပါ ဆယ် ပို့လိုက်တယ်”ဟု ၎င်းကဆိုသည်။

ကိုကိုကြီးသည် အသည်းရောဂါ၊ အစာအိမ် ရောဂါများကို ခံစားနေရပြီး ယင်းရောဂါများ ပျောက်ကင်းရန် ဝေးလံခေါင်သီသည့် ဒေ သ များတွင် ကုသ၍ မဖြစ်နိုင်ကြောင်းလည်း
ကိုအောင်ထွန်းက ဆက်လက်ပြောသည်။

ပြီးခဲ့သည်နှစ်က ဖောက်ခွဲရေးပစ္စည်းများ တွေ့ရှိသည်ဟု စွပ်စွဲချက်ဖြင့် ကလေးထောင်တွင် ထောင်ဒဏ် ၈ နှစ် ပြစ်ဒဏ် ကျ ခံနေရ သည့် မှော်ဘီမြို့နယ်မှ ကိုနိုင်လင်းသည်လည်း
သွေးအားနည်းသည့် ရောဂါကြောင့် သွေးသွင်းရကြောင်း မကြာသေးခင် ရက်ပိုင်း က သွားရောက်တွေ့ဆုံခဲ့သည့် ဖခင် ဦးခင်မောင်ဝင်းက ပြောသည်။

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီး နောက် နိုင်ငံရေး အကျဉ်းသားမိသား စုများနှင့် ၂ ကြိမ်တိုင်တိုင် တွေ့ဆုံ အားပေးခဲ့သည်။

မြန်မာနိုင်ငံတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေး အကျဉ်းသားပေါင်း ၂၁၈၉ ဦးရှိကြောင်း၊ ပြီးခဲ့သည့် ဒီဇင်ဘာလ အထိ လွတ်မြောက်လာသူ နိုင်ငံရေး အကျဉ်းသား
၁၆ ဦးရှိသည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) မှ ကြေညာချက် ထုတ်ပြန်ထားသည်။

ကချင်ပြည်နယ်တွင် နှင်းမုန်တိုင်း တိုက်၊ ပျက်စီးမှုများရှိ


နရီလင်းလက် Wednesday, 19 January 2011 17:54

ကချင်ပြည်နယ် ပန်ဝါ တွင် ဇန်န၀ါရီလ ၁၆ ရက်နေ့ က နှင်းမုန်တိုင်း တိုက်ခိုက်ပြီး ဆီးနှင်းများထူထပ်စွာ ကျဆင်းမှု ကြောင့် တရုတ-မြန်
် မာ ကုန်သွယ် ရေးဂိတ် ပျက်စီးပြိုကျသွားသည်။

“ဒီလောက် နှင်းကျတာ တခါမှ မကြုံဖူးဘူး။ မိုးသည်းသည်းရွာသလို နှင်းတွေ ကျတော့ ။ ဒီဒဏ်ကို မခံနိုင်ဘဲ အဆောက် အအုံ က ပြိုသွားတာ။ ပန်ဝါမှာက လူနေအိမ်ခြေနည်းတော့
အိမ်ပြို၊ လူထိခိုက်တာ မရှိပေမယ့် သွားရေးလာရေး ၊ စားသောက် စရာ အ၀ယ်ထွက်ဖို့တောင် တော်တော်ခက်နေတယ်။ ပန်ဝါကနေ ၈ မိုင်လောက် ဝေးတဲ့ ခိုက်ပါဂျီး မှာ အခုထက်ထိ
မိုးသီးတွေ ကျနေတုန်း”ဟု ပန်ဝါ ဒေသခံတဦးက ပြောသည်။
ထို့အပြင် ကချင်ပြည်နယ် မြစ်ကြီးနား ၊ချီဖွေ၊ ဗန်းမော် ၊ လိုင်ဇာ နှင့်
မိုးညှင်း တို့တွင် မိုးသီးများကြွေပြီး ယခင်နှစ်ကထက် အအေးပိုသည့်
ဒဏ်ကို ဇန်န၀ါရီ လ ပထမပတ် အတွင်း ဆိုးဆိုးဝါးဝါး ခံစားခဲ့ရသည်ဟု
ဒေသခံများက ပြောပြသည်။

ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းတို့တွင်


ပျမ်းမျှ အပူချိန်အောက် ၃ ဒီဂရီ စင်တီ ဂရိတ်မှ ၄ ဒီဂရီ စင်တီဂရိတ်အထိ
လျော့နည်းခဲ့သည်ဟု ဇန်န၀ါရီ ၁၉ ရက်နေ့ထုတ် မြန်မာ့အလင်း
သတင်းစာတွင် ဖော်ပြထားသည်။

မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက၂၀၁၁ ခုနှစ်


နှစ်ဦးပိုင်းသည် လာနီညာ၏ သဘောသဘာဝများကို ကြုံတွေ့ ရမည့်
ကာလဖြစ်သောကြောင့် ဆောင်းရာသီသည်
ဖေဖော်ဝါရီလကုန်အထိဖြစ်နိုင်ပြီး အအေးလှိုင်းဖြတ်ပါက အအေးပိုမှုကို
ခံစားရမည်ဟု ထုတ်ပြန်ထားသည်။

“၁၆ ရက်နေ့ ညက တညလုံး မိုးတွေ အရမ်းရွာပြီး မိုးသီးတွေ အားလူးလုံး


လောက် ကျတယ်။ တချို့အိမ်တွေဆို မှန်တွေ တောင် ကွဲတယ်။
၂ (- ) အခုလည်း တအားအေးနေတယ်”ဟု ဗန်းမော် ဒေသခံ တဦးက
ပြောသည်။

ယခုနှစ်ဆောင်းတွင် လာနီညာရာသီဥတု၏ သက်ရောက်မှုနှင့်


အအေးလှိုင်းများဖြတ်သန်းမှုကြောင့် မြန်မာ တနိုင်ငံလုံးတွင်
ယခင်နှစ်များထက် အအေးပိုမည်ဟု ရာသီဥတု ခန့်မှန်းသည့်
ပညာရှင်များက ပြောဆိုထားသည်။

ရှမ်းပြည်နယ် လွိုင်လင်မြို့နေ မမိုးမိုးက“ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတည်းက


သိသိသာသာ အရမ်းအေးလာတယ်။ မိုးတွေ လည်း ရွာပြီး
အရင်နှစ်တွေကထက် ပိုအေးနေတယ်”ဟု ပြောသည်။

“ချီဖွေမှာကတော့ အခုချိန်ထိကို မိုးသီးတွေ ကြွေနေတုန်း။


တော်တော်တော့ အေးနေတယ်။ ရေအားလျှပ်စစ်စီမံကိန်းထဲက
ဝန်ထမ်းတွေကတော့ သိပ်ပြဿနာ မရှိပေမယ့် ဒေသခံတွေကတော့
အေးတဲ့ ဒဏ်နဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကို
တော်တော်ကြုံနေရတယ်။ မိုးသီးတွေ ကြွေ၊ နှင်းတွေကျ ရာသီဥတု
အေးတော့ ဘယ်မှ သွားလာမရဖြစ်တာပေါ့”ဟု မြစ်ဆုံ အေး ရှား ဝေါလ်
စီမံကိန်းမှ ၀န်ထမ်းတဦးက ဆိုသည်။

ကချင်ပြည်နယ်အတွင်း အခြားဒေသများထက် အအေးဓာတ်ပိုမိုသည့် ၂ (- )


လိုင်ဇာ ဒေသတွင် ပြင်းထန်သည့် အအေးဒဏ် ကြောင့်
လေဖြတ်သေဆုံးသူများပြားနေသည်ဟု ကချင်ပြည်နယ် ရွှေကူမြို့မှ ဒေသခံတဦးက ပြောသည်။ သေဆုံးသူ အရေအတွက်ကို မူ အတိအကျ မသိရှိရပေ။ လက်ရှိရာသီ
ဥတုအခြေအနေသည် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအတွက်လည်း စိုးရိမ် ပူပန်စရာဖြစ်သည်။

၂၀၁၀ ပြည့်နှစ် ဆောင်းရာသီကာလအတွင်း ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် အရှေ့မြောက်ပိုင်းတို့သည် ရေခဲ မှတ် ၀န်းကျင်ရောက်ရှိသည်အထိ အေးမြခဲ့သည်ဟု
သတင်းဖော်ပြချက်များအရ သိရသည်။

Myanmar Climate Change Watch(MCCW) မှ ဒေါက်တာ ထွန်းလွင်က လာနီညာ ရာသီဥတုဖြစ်စဉ်သည် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလတွင် အမြင့်ဆုံးအနေအထားသို့ ရောက်ရှိလာပြီး
ယင်း၏ သက်ရောက်မှုသည် ဇန်န၀ါရီ၊ ဖေဖော်ဝါ ရီလများအထိ ဆက်ရှိနေမည်ဖြစ်ကြောင်း၊ နှစ်ဦးပိုင်း ဆောင်းရာသီကို သက်ရောက်စေမည့် အချက် နှစ်ချက်ရှိပြီး တစ်ချက်မှာ
လာနီညာဖြစ် စဉ်ဖြစ်ကာ ဒုတိယအချက်မှာ အာတိတ်ရေခဲပြင်မှ အေးသော လေထုများ လတ္တီကျုအနိမ့်ပိုင်းအထိ ဆင်းလာပြီး ဆိုက်ဘေးရီး ယားဒေသမှ ဟိမ၀န္တာ၊ ထိုမှ မြန်မာနိုင်ငံသို့
ဝင်ရောက်လာခြင်းဖြစ်ကြောင်း Weekly Eleven ဂျာနယ်စာမျက်နှာတွင် ပြောဆို ထားသည်။

ဒီဇင်ဘာလ ဒုတိယ ၁၀ ရက်ပတ်အတွင်း ညအပူချိန်များအနေဖြင့် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်း တိုင်း အထက်ပိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် ဒီဇင်ဘာလ၏
ပျမ်းမျှအပူချိန်အောက် လျော့နည်းနိုင်ပြီး ကျန်ဒေသများ၌ ပျမ်းမျှအပူချိန်ဝန်းကျင်တွင်သာ ရှိနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကလည်း ထုတ်ပြန်ထားသည်။

၂၀၀၉ ခုနှစ် အတွင်း အိန္ဒိယနိုင်ငံ တောင်ပိုင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ဖိလစ်ပိုင်၊ တရုတ်နိုင်ငံအရှေ့ပိုင်း၊ ဗီယက်နမ် နှင့် လာအို နိုင်ငံ တို့တွင် ရေကြီးမှုများဖြစ်ပွားပြီး ဗီယက်နမ် နိုင်ငံတွင်
ပြီးခဲ့သည့်အပတ်က အအေးလှိုင်းဖြတ်သန်းမှုကြောင့် ကျောင်းများ ပိတ်ခဲ့ရကြောင်း သိရသည်။

ချင်းလူထု ၉၀ ရာခိုင်နှုန်းကျော် နှိပ်ကွပ်ခံနေရ


ဧရာဝတီ Wednesday, 19 January 2011 15:16

ချင်းပြည်နယ်တွင် လူထု ၉၂ ရာခိုင်နှုန်းနီးပါးသည် စစ်အစိုးရ၏


အဓမ္မလုပ်အားပေးခိုင်းစေမှု၊ အမျိုးသမီးများ အနိုင်ကျင့်ခံရမှုအပါအဝင်
လူ့အခွင့်အရေး ချိုးဖောက်မှုများ အကြီးအကျယ်ခံစားနေရကြောင်း
နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တခု၏ အစီရင်ခံစာက ဖော်ပြလိုက်သည်။
အမေရိကန် အခြေစိုက် Physicians for Human Rights (PHR) အဖွဲ့နှင့်
ဂျွန် ဟော့ပ်ကင်း ဘလွန်းဘာ့ဂ် ပြည်သူ့ ကျန်းမာရေး ကျောင်းရှိ ပြည်သူ့
ကျန်းမာရေးနှင့် လူ့အခွင့်အရေး ဌာနတို့ ပူးတွဲပြုစုသည့် “စစ်အာဏာရှင်
လက်အောက်မှ ဘဝ - မြန်မာနိုင်ငံ ချင်းပြည်နယ်တွင်း လူသားထုအပေါ်
ကျူးလွန်သည့် ရာဇဝတ်မှုများ အထောက်အထား” (Life Under the
Junta: Evidence of Crimes Against Humanity in Burma's Chin

( - Chin Human Rights Organization)


State) အမည်ရှိ အစီရင်ခံစာတွင် ထိုသို့ ဖော်ပြထားခြင်းဖြစ်သည်။

စေတနာ့ဝန်ထမ်းများကို လေ့ကျင့်ပေးပြီး ၂၀၀၉ နှင့် ၂၀၁၀ ပြည့်နှစ်များအတွင်း ချင်းပြည်နယ်ထဲတွင် စစ်တမ်းများကောက်ယူကာ ထုတ်ပြန်ထားသည့် စာမျက်နှာ ၆၄ မျက်နှာပါ
ယင်းအစီရင်ခံစာတွင် စစ်အစိုးရ၏ ဖိနှိပ်မှုများကို ခံစားခဲ့ရသည့် မိသားစုဝင်များမှ လူပေါင်း ၃၃၀၀ ခန့်ကို မေးမြန်းပြီး အထောက်အထားများဖြင့် ဖော်ပြထားသည်။

ကောက်ယူခဲ့သည့် စစ်တမ်းများအရ မိသားစုတိုင်းတွင် ၉၂ ရာခိုင်နှုန်း၌ မိသားစုဝင်တဦးသည် အဓမ္မလုပ်အားပေး စေခိုင်းခံရဖူးကြောင်း၊ ၆၂ ရာခိုင်းကျော်သည် အသက်အန္တရာယ်


ခြိမ်းခြောက်ရသည့် အနေအထားတွင် ရှိကြောင်း သိရသည်။

“ပေါ်တာဆွဲတာတွေ၊ မိုင်းရှင်းလူသားအဖြစ် အသုံးပြုတာတွေ၊ လုပ်ခမပေးဘဲ လုပ်အားပေးခိုင်းတာတွေ၊ လမ်းတံတားဖောက်တဲ့ လုပ်ငန်းမှာ ခိုင်းစေတာတွေကို ချင်းမိသားစုဝင်တွေဟာ


တွေ့ကြုံခံစားခဲ့ရပါတယ်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

စစ်အစိုးရ တပ်များ၏ သတ်ဖြတ်မှု၊ ရိုက်နှက်ညှဉ်းပန်းမှု၊ ခရစ်ယာန် ဘာသာဝင်များဖြစ်သော ချင်းလူမျိုးများအပေါ် ဘာသာရေး ဖိနှိပ်မှု၊ လက်စဖျောက်မှု၊ အမျိုးသမီးများကို
အဓမ္မကျင့်မှုများကိုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

“ဒီအစီရင်ခံစာမှာ စစ်အစိုးရက ပြည်သူတွေအပေါ် တရားလွန်အဆင့် ချိုးဖောက်ပြုကျင့်နေတဲ့ ဖိနှိပ်မှုတွေကို ဖော်ထုတ်ထားပါတယ်။ လေ့လာတွေ့ရှိရတဲ့ ချိုးဖောက်မှုတွေဟာ


လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအနေနဲ့ စွဲဆိုလို့ ရပါတယ်” ဟု PHR မှ လက်ထောက် ညွှန်ကြားရေးမှူး ရစ်ချတ် ဆော်လွန် က အစီရင်ခံစာနှင့် ပတ်သက်သည့်
သတင်းထုတ်ပြန်ချက်တွင် ပြောထားသည်။

ဤဖော်ထုတ်ချက်များမှာ မြန်မာ့အရေးနှင့် ပတ်သက်သူအားလုံးကို အာရုံစူးစိုက်လာစေရန်သာမဟုတ်ဘဲ လိုအပ်သလို အရေးယူဆောင်ရွက်နိုင်ရန်လည်း ဖြစ်သည်ဟု


သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

၁၉၈၈ ခုနှစ်မှစ၍ ချင်းပြည်နယ်မှ လူပေါင်း ၇ သောင်းခွဲကျော် အိန္ဒိယနယ်စပ်ဒေသသို့ အဓမ္မရွှေ့ပြောင်းခံရပြီး မလေးရှားနိုင်ငံသို့ နည်းလမ်းအမျိုးမျိုးဖြင့် ၅ သောင်းခန့်
ထွက်ခွာသွားကြကြောင်း သိရသည်။

အစီရင်ခံစာက ကုလသမဂ္ဂအနေဖြင့် ချင်းပြည်နယ်အတွက်သာမက မြန်မာတပြည်လုံးအတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင် (CoI) တရပ်အလျင်အမြန် ဖွဲ့စည်းရန်နှင့် မြန်မာ့ အိမ်နီးချင်း
နိုင်ငံများ အနေဖြင့်လည်း ယင်းဖိနှိပ်မှုများ ရပ်တန့်ရေး ဖိအားပေးကြရန် တိုက်တွန်းထားသည်။

အစီရင်ခံစာ ရေးသားရာတွင် ပါဝင်ခဲ့သည့် ဂျွန် ဟော့ပ်ကင်း ပြည်သူ့ ကျန်းမာရေးကျောင်းမှ တွဲဖက်သုတေသီတဦးက “ဖော်ပြထားတာတွေကတော့ တုံ့ပြန်ဖြေဆိုသူတွေ
ပြောပြတာတွေပါ။ ရရှိတဲ့ အချက်အလက်တွေ၊ ထုတ်ဖော်ပြောကြားချက်တွေအရ ချိုးဖောက်ခံရမှုတွေဟာ ပုံမှန်လိုနဲ့ အနှံ့အပြားမှာ ဖြစ်နေတာပါ” ဟု ပြောသည်။

အာဖရိကန် ဘုန်းတော်ကြီး ဒက်စမွန်တူးတူးကလည်း “စုံစမ်းလေ့လာသူတွေရဲ့ ထုတ်ဖော်မှုအရ ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျဖြစ်နေတဲ့ ချိုးဖောက်မှုတွေကို မြင်သာလာစေပါတယ်။


ရလဒ်ကတော့ စိတ်မကောင်း ဝမ်းနည်းဖွယ်ရာပါပဲ” ဟု PHR ၏ ထုတ်ပြန်ချက်တွင် ပြောထားသည်။

လတ်တလောတွင် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့သို့ ရောက်ရှိနေပြီး သံတမန်များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးနေသည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့


(AAPP) မှ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က “ကျနော်တို့ကတော့ မြန်မာပြည်မှာ ဖြစ်နေတဲ့ ကလေးစစ်သားတွေကိစ္စ၊ အဓမ္မလုပ်အားပေး ခိုင်းစေမှု၊ ထောင်တွင်း
နှိပ်စက်ညှဉ်းပမ်းမှုတွေကို အဓိကထားပြီး ရှင်းလင်းပြောကြားခဲ့ပါတယ်” ဟု ပြောသည်။

လာမည့်သီတင်းပတ်တွင် ဂျနီဗာမြို့၌ ကျင်းပမည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးတွင် AAPP က တက်ရောက်ခွင့် ရမည် မဟုတ်ကြောင်းလည်း သိရသည်။

သို့သော် မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးမှုကဏ္ဍ၌ ချင်းပြည်နယ် လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ အစီရင်ခံစာကို ထည့်သွင်းသုံးသပ်လိမ့်မည်ဖြစ်ကြောင်း သိရှိရသည်။

လွှတ်တော်တက်မည့် ကိုယ်စားလှယ်များအတွက် ကန့်သတ်ချက် များပြား


ခင်ဦးသာ Wednesday, 19 January 2011 17:47

၂၂ နှစ်အတွင်း ပထမဆုံးအကြိမ် ခေါ်ယူမည့် လွှတ်တော်သို့ တက်ရောက်ကြရမည်ဖြစ်သော ကိုယ်စားလှယ်များအတွက် ကြိုတင် ကန့်သတ်ချက် စည်းကမ်းများ ချမှတ်ထားကြောင်း
သိရသည်။

“ကန့်သတ်မှုတွေကတော့ အတော်ကြီးများပါတယ်။ မလိုရင် မလိုသလို အရေးယူနိုင်တဲ့ ဥပဒေတွေများနေတယ်။ အရင်ခေတ် ပါလီမန်တွေမှာ ဒီလို ကန့်သတ်တာတွေ မရှိခဲ့ပါဘူး” ဟု
ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေ က ဆိုသည်။

စစ်အစိုးရသည် ၎င်းတို့ဦးဆောင် ကျင်းပမည့်လွှတ်တော်နှင့်ပတ်သက်၍ အနိုင်ရ ကိုယ်စားလှယ်များအား ရှင်းလင်းစွာ ပြော ဆိုမှု မရှိသော်လည်း လွှတ်တော်ထဲ၌ ဆွေးနွေးကြမည့်
အကြောင်းအရာများနှင့်ပတ်သက်၍ ကန့်သတ်ချက် ဥပဒေများကို ယခုရက်ပိုင်းအတွင်း စာအုပ် ၁၇ အုပ်ဖြင့် ဖြန့်ချိ ရောင်းချပေးနေသည်။

လွှတ်တော်အတွက် ထုတ်ဝေထားသော စာအုပ်များ၌ ရေးထားသော စည်းကမ်းချက် များသည် တင်းကျပ်လွန်း၍ လွှတ်တော် အတွင်း ဆွေးနွေးကြရာတွင် ဒီမိုကရက်တစ်
အင်အားစုများအတွက် လွတ်လပ်စွာ ပြောဆိုခွင့်ကို ကြိုတင်ပိတ်ပင်ထားရာ ရောက်သည်ဟု ဦးသုဝေက ဆိုသည်။

လွှတ်တော်အစည်းအဝေး တက်ရောက်မည့် ကိုယ်စားလှယ်များအနေဖြင့် တယ်လီဖုန်း၊ အသံဖမ်းစက်၊ ကွန်ပျူတာ၊ ဘောလ်ပင်၊ စာရွက်စာတမ်း စသည့်အရာများ ယူဆောင်ခွင့်မရှိဟု
ကန့်သတ်ထားကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ၏ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ပြောသည်။

“ကန့်သတ်ချက် တချို့က နိုင်ငံတကာ စံနှုန်းအတိုင်းဖြစ်လို့ လက်ခံပါတယ်။ အရေးကြီးတဲ့ ကိစ္စတွေကို ပြင်ပကို မပေါက်ကြား စေလိုတဲ့ သဘောပါ” ဟု ၎င်းကဆိုသည်။

အစည်းအဝေး ခန်းမထဲသို့ ပစ္စည်းများ သယ်ဆောင်ခွင့် မပြုသော်လည်း လွှတ်တော်ခန်းမထဲ၌ ထုတ်ပေးထားသည့် ကတ်ဖုန်း အပါအဝင် ပစ္စည်းများကိုသာ အသုံးပြုခွင့်ရှိမည်ဟု
ကြားသိရကြောင်း ကိုယ်စားလှယ် တချို့ကပြောသည်။

ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် ခေါ်ယူမည့် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ပြုလုပ်ပြီး ၁၅ ရက် အကြာတွင် ပြည်ထောင်စု လွှတ်တော်ခေါ်ယူ၍ သမ္မတ၊ ဒုတိယ သမ္မတ၊
လွှတ်တော် ဥက္ကဋ္ဌ စသည့်ရာထူးများကို ရွေးချယ်ကြမည် ဖြစ်ကြောင်း သိရသည်။

“ပထမဆုံး ခေါ်ယူတဲ့ လွှတ်တော်မှာ စီးပွားရေးပိတ်ဆို့မှုကိစ္စ၊ တိုင်းရင်းသား ကိုယ်စားလှယ် ဒု-သမ္မတ ကိစ္စတွေကို ဆွေးနွေးကြမှာပါ” ဟု ဒေါက်တာ မြတ်ဉာဏစိုးက ပြောသည်။

ကြိုတင် သတ်မှတ်ထားသည့် စည်းကမ်းချက်များ၌ ၀တ်စားဆင်ယင်မှုလည်း ပါဝင်ကြောင်း၊ တိုင်းရင်းသား ကိုယ်စားလှယ်များ သည် သက်ဆိုင်ရာ ရိုးရာဝတ်စုံ သို့မဟုတ် မြန်မာဝတ်စုံကို
ဝတ်ဆင်ရမည်ဖြစ်ပြီး တခြားသော ကိုယ်စားလှယ်များသည် မြန်မာ ၀တ်စုံကိုသာ ၀တ်ဆင်ရမည်ဖြစ်ကြောင်း၊ လွှတ်တော်တက်မည့် အမျိုးသမီးများအတွက် မြန်မာဆန်သော ၀တ်စုံ
ဖြစ်သည့် ရင်ဖုံးလက်ရှည်နှင့် ချိတ်ထဘီ ဝတ်ကာ ပုဝါခြုံရန် ညွှန်ကြားထားကြောင်း သိရသည်။

တိုင်းရင်းသား ကိုယ်စားလှယ်များကမူ မိမိတို့၏ တိုင်းရင်းသား ၀တ်စုံအပြည့် ၀တ်ဆင်၍ လွှတ်တော်သို့ တက်ရောက်ကြမည် ဟု ဆိုကြသည်။

“တိုင်းရင်းသား ၀တ်စုံအပြည့်နဲ့ တိုင်းရင်းသား အခွင့်အရေးပြောဆိုရတာက ပိုအားရှိစေတယ်” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) ၏ ဥက္ကဋ္ဌ နိုင်ငွေသိန်းက ပြောသည်။
ရွေးကောက်ပွဲ ကျင်းပချိန်က တိုင်းရင်းသား ၀တ်စုံကို မ၀တ်ရန် ပိတ်ပင်ထားခဲ့သောကြောင့် ယခုတဖန် ကန့်သတ်ပိတ်ပင် မည်ကို စိုးရိမ်နေကြောင်း ၎င်းက ပြောသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) မှ လွှတ်တော်တက်မည့် ကိုယ်စားလှယ်များသည် ရခိုင်ရိုးရာ ၀တ်စုံဖြစ်သော ရခိုင်လုံချည်နှင့် တိုက်ပုံအဖြူကို ၀တ်ဆင်၍
လွှတ်တော်သို့ တက်ရောက်မည်ဟု ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ကိုယ်စားလှယ်များ အတွက်မူ ကြိုးကြီးချိတ် ပုဆိုး၊ အဖြူရောင် တိုက်ပုံ၊ ခေါင်းပေါင်း စသည်တို့ကို ဆင်တူ ၀တ်ဆင်ကြရန်
ညွှန်ကြားထားသည်ဟု ကြံ့ဖွံ့ကိုယ်စားလှယ်တဦးကဆိုသည်။

“ကျနော်တို့ ပါတီဝင်တွေကတော့ အားလုံးတူညီတဲ့ ၀တ်စားဆင်ယင်မှု ရှိရမယ်လို့ လမ်းညွန်ထားပါတယ်။ ပါတီဝင်အားလုံးဟာ တစုတစည်းတည်း ရှိရမယ်ဆိုတဲ့ သဘောမျိုးပါ” ဟု
အဆိုပါ ကြံ့ဖွံ့ကိုယ်စားလှယ်က ပြောသည်။

ကြံ့ဖွံ့ပါတီဝင် ကိုယ်စားလှယ်များ အနေဖြင့် လွှတ်တော်ထဲ၌ နေထိုင်ပြောဆိုမှု၊ လူအများနှင့် ပြောဆိုဆွေးနွေးမှုတို့အား မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို ပါတီဥက္ကဋ္ဌနှင့်ပါတီ ထိပ်ပိုင်း
ခေါင်းဆောင်များက ကြိုတင်ပြောဆိုထားပြီး ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အရောင်အသွေး စုံလင်သော ကြံ့ဖွံ့ပါတီဝင်များ၏ ၀တ်စုံကို တချို့က ပြက်လုံးထုတ် ပြောဆိုနေကြကြောင်း၊ ထိုကဲ့သို့ ပြောဆိုနေခြင်းမှာ မလိုမုန်းတီးသူများ၏ ၀ါဒဖြန့်ခြင်းသာ ဖြစ်ကြောင်း
အဆိုပါ ကြံ့ဖွံ့ကိုယ်စားလှယ်က ဆက်ပြောသည်။

ပြောင်လက်၍ အရောင်စုံသည့် ၀တ်စုံများသည် ရှေးမြန်မာများ ၀တ်ဆင်ခဲ့သော ၀တ်စုံသာ ဖြစ်သည် ဟု ၎င်းကဆိုသည်။

စစ်အစိုးရသည် လွှတ်တော်အား ဇန်န၀ါရီလ ၃၁ ရက်နေ့၊ နံက် ၈ နာရီ ၅၅ မိနစ်တွင် တနိုင်ငံလုံး တပြိုင်တည်း ခေါ်မည်ဟု ကြေညာထားသည်။
အမျိုးသားလွှတ်တော်နှင့်ပြည်သူ့လွှတ်တော်အား နေပြည်တော်၌ ပြုလုပ်မည်ဖြစ်ပြီး၊ ပြည်နယ်၊ တိုင်းဒေသကြီး လွှတ်တော်များကို သက်ဆိုင်ရာတိုင်းနှင့်ပြည်နယ်တို့၏ မြို့တော်များတွင်
ပြုလုပ်မည် ဖြစ်သည်။
အကယ်ဒမီပွဲမတိုင်မီ ၂ ပတ်မှစ၍ ရုပ်ရှင်၊ ဗီဒီယို မရိုက်ရန်တားမြစ်
နရီလင်းလက် Wednesday, 19 January 2011 11:31

နေပြည်တော်၌ ဇန်နဝါရီ ၂၃ ရက်နေ့တွင် ကျင်းပမည့် ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲ မတိုင်မီ ၂ ပတ်ခန့်မှ စတင်၍ ရုပ်ရှင်နှင့် ဗီဒီယို ရိုက်ကူးမှုများ မပြုလုပ်ရန် တားမြစ်ထားသည်ဟု
သိရသည်။
စစ်အစိုးရ အခြေစိုက်ရာ နေပြည်တော်တွင် တတိယ အကြိမ်မြောက်
ပြုလုပ်သည့် ရုပ်ရှင် ထူးချွန်ဆုပေးပွဲ မစည်ကားမည်စိုး သောကြောင့်
ယခုကဲ့သို့ တားမြစ်ခြင်း ဖြစ်ကြောင်း ရုပ်ရှင်အစည်းအရုံးနှင့်
နီးစပ်သူတဦးက ဆိုသည်။

၎င်းက ဆက်လက်၍ “တချို့ အနုပညာရှင်တွေက ဒီပွဲ မတက်ချင်တော့


ကားရိုက်ရှိလို့ဆိုပြီး မတက်တာမျိုးတွေ ရှိတယ်။ ဖိအားသုံးပြီး
အနုပညာရှင်အားလုံး မတက်မနေရ ဆိုတာမျိုး မပြောဘဲ ဗီဒီယို၊
ရုပ်ရှင်ထုတ်လုပ်ရေးတွေကို သတ်မှတ်ထားတဲ့ ရက်မှာ
ဘာကားမှမရိုက်ရဘူးလို့ ပြောလိုက်တာ။ အနုပညာရှင်တွေလည်း
အကြောင်းပြလို့ မရတော့ဘူး။ နေပြည်တော် အကယ်ဒမီ ပေးပွဲလည်း
လူစည်မယ်လေ” ဟု သူက ပြောသည်။

ယခင်က အကယ်ဒမီ ထူးချွန်ဆုပေးပွဲ နီးကပ်လာပါက နယ်ထွက်


ရိုက်ကူးခြင်းကို တားမြစ်ခဲ့ခြင်းများ ရှိခဲ့သော်လည်း ယခုကဲ့သို့ မည်သည့်
နေရာတွင်မှ ရိုက်ကူးမှုမပြုလုပ်ရန် တားမြစ်ခြင်းမှာမူ ပထမဆုံး
ဖြစ်သည်ဟု သူက ဆိုသည်။

( - maygawaddyfamily.blogspot.com) ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ရေး ကုမ္ပဏီများသို့ ဇန်န၀ါရီ ၁၀ ရက်နေ့ မှ


၂၄ ရက်နေ့အထိ ရိုက်ကူးရေးလုပ်ငန်းများ မပြု လုပ်ရန်
ရုပ်ရှင်အစည်းအရုံးမှ စာပို့ထားသည်ဟု ဗီဒီယို ဇာတ်ကားများ ထုတ်လုပ်ဖြန့်ချိနေသည့် ကုမ္ပဏီ တခုမှ တာဝန်ရှိ သူတဦးက ပြောသည်။

“တချို့ ထုတ်လုပ်ရေးတွေ ကျတော့လည်း ဘယ်ရက်မှာ ကားပြီးရမယ်လို့ သတ်မှတ်ပြီး ရိုက်နေတော့ နည်းနည်း ကသီတာပေါ့။ သတ်မှတ်ထားတဲ့ ရက်ထက် နောက်ကျမှ
ကားထွက်တာမျိုးတွေ ရှိသွားနိုင်တယ်။ အရင်နှစ်တွေက နယ် မထွက်ရဘူးဆိုတာ သိထားတော့ ကိစ္စမရှိဘူး၊ မြို့တွင်း ပတ်ရိုက်လို့ရတယ်ဆိုပြီး စီစဉ်ထားတာ။ အခု ဒီလို စာထုတ်ပြီး
ပို့တော့ မြို့ထဲမှာတောင် ရိုက်လို့မရတော့ဘူး” ဟု သူက ဆက်ပြောသည်။

၂၀၀၇ ခုနှစ် ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲမှစ၍ နေပြည်တော်တွင် ကျင်းပခဲ့ပြီး နေထိုင် စားသောက်ရန် စီစဉ်ပေးကာ တည်းခိုရန်အတွက် နေပြည်တော် စည်ပင်သာယာက စီစဉ်ပေးခဲ့သည်။

“ဒီနှစ်က ဟာသကားတွေ များတဲ့အပြင် အကယ်ဒမီ ရမယ်လို့ ခန်းမှန်းထားတဲ့ အနုပညာရှင်တွေ နည်းတယ်။ ဆုချိတ်မယ့် ဇာတ်ကား နည်းတော့ တက်မယ့်သူလည်း သိပ်မရှိဘူး။
တာဝန်ရှိသူတွေကတော့ အကုန် တက်စေချင်တယ်။ စည်စည် ကားကားဖြစ်လေ ပိုကြိုက်လေပေါ့။ လက်ရှိ ဗီဒီယို ကား ၂ ကား လက်ခံပြီး ရိုက်နေတာကိုတော့ ရပ်ထားတယ်” ဟု
အမျိုးသမီး အနုပညာရှင် တဦးက ပြောသည်။

ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် အကယ်ဒမီ ကျော်သူက “အနုပညာလောကမှာ စာပေဆုပဲဖြစ်ဖြစ်၊ ဂီတ ဆုပဲဖြစ်ဖြစ်၊ ရုပ်ရှင် ဆုပဲ ဖြစ်ဖြစ် ချီးမြှင့်တဲ့ ပွဲကို အနုပညာသမားက ကိုယ်နဲ့
တကယ်ပတ်သက်နေပါလား၊ ငါတို့ သွားမှ ဖြစ်မယ်ဆိုတဲ့ အသိမျိုး ရှိနေဖို့ပဲ လိုတယ်။ မတက် တက်အောင် ဖန်တီးတာမျိုး၊ မတက်မနေရလုပ်တာမျိုးတွေ မလုပ်သင့်ဘူး” ဟု ပြောသည်။

အကယ်ဒမီပေးပွဲသို့ သွားရောက်၍ သတင်းနှင့်ဓာတ်ပုံ ရယူမည့် ပြည်တွင်း သတင်း ဂျာနယ် တိုက်များကိုလည်း တနှစ်ထက်တနှစ် ကန့်သတ်မှုများ ပိုမို ပြုလုပ်လာကြောင်း
သတင်းထောက် တဦးက ပြောသည်။

“မီဒီယာများကို စိစစ်ပြီးမှ တက်ခွင့်ပြုမယ် ဆိုတာကတော့ နှစ်တိုင်း ပြောနေကြဆိုပေမယ့် ဒီနှစ်မှာတော့ လျှောက်လွှာတင် ထားတယ်ဆိုပြီးတိုင်း တက်ရမယ် မထင်ပါနဲ့လို့ ပြောတယ်။
အဓိက ဘယ်ဂျာနယ်တိုက်က ဘယ်သူတွေ တက်မလဲဆိုတာ ကြည့်ပြီး သေချာစိစစ်မယ် ပြောတယ်။ ပုံမှန် တိုက် တတိုက်ကို ၂ ယောက် တက်ခွင့်ပေးနေရာကနေ တယောက်တည်း
ဖြစ်ချင်ဖြစ်မယ်ပေါ့။ သူတို့နဲ့ ပိုင်အောင် ပေါင်းထားတဲ့ လူတွေကတော့ ဘယ်လောက် ၀င်ဝင် ထွက်ထွက်ရတယ်။ နောက်တခု ဒီလိုလုပ်တာ မီဒီယာ သမားတွေကို နေရာ တကာမှာ
မမြင်ချင်တာလည်း ပါမယ်ထင်တယ်” ဟု သူက ဆိုသည်။

ယခုကျင်းပမည့် ၂၀၀၉ ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲမှာ ၅၇ ကြိမ်မြောက်ဖြစ်ပြီး ရုံတင် ပြသခဲ့သည့် မြန်မာ ရုပ်ရှင် ဇာတ်ကား ၁၆ ကားအနက်မှ ရွေးချယ်ပေးအပ်မည်ဖြစ်ကာ ထို
ရုပ်ရှင်ကားများ ထဲတွင် ဟာသ ဦးစားပေး ဇာတ်ကား ၁၀ ကား ပါဝင်သည်။

အဆိုပါ ဇာတ်ကားများထဲမှ “မိုးညအိပ်မက်မြူ” ဇာတ်ကားကို အကောင်းဆုံး ဇာတ်ကားဆု၊ အကောင်းဆုံး အမျိုးသားဆုများ ရရှိနိုင်သည်ဟု အနုပညာအသိုင်းအ၀န်းတွင်
ခန့်မှန်းပြောဆိုနေကြသည်။
စစ်တွေ ၌ ကြက်၊ ဘဲ အရောင်းအ၀ယ် ပိတ်
ခင်ဦးသာ Wednesday, 19 January 2011 16:43
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ကျေးရွာ တချို့၌ ယခုလအတွင်း ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့ရာ ကြက်သေဆုံးမှုများရှိ၍ ကြက်ခြံ ၆ ခု မှ ကြက်များကို သုတ်သင်ရှင်းလင်းခဲ့ပြီး
ရောင်းချခွင့် ပိတ်ပင်ထားကြောင်း သိရသည်။

စစ်တွေမြို့ရှိ ဈေးများတွင် မွေးမြူရေး ကြက်၊ ဘဲ၊ ကြက်ဥ၊ ဘဲဥ များ ရောင်းချခြင်းကို ဇန်န၀ါရီလ ၁၅ ရက်နေ့မှ စတင်၍ တပတ်ခန့် ရောင်းချခွင့် မပြုကြရန် ဈေးများ၌
ညွန်ကြားထားသည်ဟု စစ်တွေ မြို့ခံများက ပြောသည်။

“အပြင်းစား ရောဂါဖြစ်ပြီး ကူးစက်တာ မြန်တယ်ဆိုလို့ လူတွေက ကူးစက်ခံရမှာကို စိုးရိမ်နေကြတယ်၊ ဒါပေမယ့် ရောင်းတဲ့လူ၊ စားတဲ့ လူတွေလည်း ရှိနေတုန်းပါ”ဟု စစ်တွေ မြို့ခံ
အမျိုးသမီး တဦးက ဆိုသည်။

ယင်း ကြက်ငှက်တုပ်ကွေး ရောဂါမှာ အပြင်းစား ကြက်ငှက် တုပ်ကွေး ရောဂါ (Highly Pathogenic Avian Influenza-HPAI )ဖြစ်သည်ဟု မွေးမြူရေးနှင့်ရေလုပ်ငန်း ၀န်ကြီးဌာနက အစိုးရ
သတင်းစာများတွင် ယမန်နေ့က ထုတ်ပြန်ကြေညာ ထားသည်။

“ရောဂါ ဖြစ်ပွားတာ၊ သေဆုံးတာတွေ က လဆန်းကတည်းက ဖြစ်နေတာပါ၊ ကြက်ခြံ ၆ ခုလောက်က ကောင်ရေ ထောင်ချီပြီး တော့ ရှင်းလင်းပြီးသွားပြီ၊ လူကိုတော့ ကူးစက်တာ
မရှိသေးပါဘူး”ဟု စစ်တွေမြို့မှ တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေး(တိမွေးကု) ဆရာဝန် တဦးက ဧရာဝတီကို ပြောသည်။

ယခုဖြစ်ပွားသော ရောဂါသည် အပြင်းစားကြက်ငှက် တုပ်ကွေး ရောဂါဖြစ်ပြီး ကူးစက်မှုနှုန်း မြန်ဆန်၍ သတိထားရန် လိုအပ် သည်ဟု ၎င်းက ဆိုသည်။ ဆောင်းရာသီ ဖြစ်ပြီး
အအေးဓာတ်ပိုနေချိန်ဖြစ်၍ ပိုမိုဂရုစိုက်ရန် လိုကြောင်းလည်း တိမွေးကု ဆရာဝန် က ပြောဆိုသည်။

သတင်းစာ၌ စစ်တွေမြို့နယ်၊ ဘုမေ ကျေးရွာအုပ်စု၊ ဘုမေလက်သမား ကျေးရွာ၌ ဖြစ်ပွားသည်ဟု ရေးသားထားသော်လည်း အထက်ပါ တိမွေးကု ဆရာဝန် က စစ်တွေ မြို့နယ်၊
သဲချောင်းကျေးရွာ၏ ကြက်ခြံတချို့တွင်လည်း ဖြစ်ပွားနေကြောင်း
သဲချောင်းရွာသည် ပင်လယ်နှင့်နီးစပ်သော ဒေသဖြစ်၍ ဆောင်းခိုငှက်များမှ တဆင့် ကူးစက်နိုင်သည်ဟု ပြောနိုင်ကြောင်း ဆို သည်။

စစ်တွေမြို့နယ် တိမွေးကုဦးစီးဌာနသည် ဒေသအာဏာပိုင်များနှင့်ပူးပေါင်းပြီး သေဆုံးပြီး ကြက်ငှက်များကို ၆ ပေအနက် ကျင်း များတူး၍ မြေမြုပ်ခြင်း၊ ဆေးဖြန်းခြင်း၊ မကူးစက်ရေး
အတွက်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များ ပြုလုပ်ခြင်း စသည်တို့ကို ဆောင် ရွက်လျက် ရှိသည်ဟု သိရသည်။

ရခိုင်ပြည်နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန သည် ဇန်န၀ါရီလ ၁၂ ရက်နေ့မှ စ၍ ကွင်းဆင်းဆောင်ရွက်နေသည်ဟုလည်း သတင်းစာ များ၌ ရေးသား ထားသည်။

ရခိုင်ပြည်နယ်တွင် ယခုဖြစ်ပွားသော ကြက်ငှက် တုပ်ကွေး ရောဂါသည် ပထမဆုံး အကြိမ်ဖြစ်ကြောင်း ဒေသခံများ၏ အဆို အရ သိရသည်။

ကြက်ငှက်တုပ်ကွေး ရောဂါသည် ကမ္ဘာတ၀န်း၌ ၂၀၀၃ ခုနှစ်မှ စတင်ဖြစ်ပွားခဲ့ပြီး ၂၀၁၁ ခုနှစ်အထိ နိုင်ငံပေါင်း ၆၃ နိုင်ငံ၌ ဖြစ် ပွား ကာ သေဆုံးသူ ၃၀၆ ဦး၊ ကူးစက်ခံရသူ ၅၁၇
ဦးရှိသည်ဟု စစ်အစိုးရ မီဒီယာ များက ဆိုသည်။

မြန်မာနိုင်ငံတွင် ကြက်ငှက် တုပ်ကွေးရောဂါ ဖြစ်ပွားမှုကို ၂၀၀၆ ခုနှစ်မှ စတင်ဖြစ်ပွားခဲ့ပြီး ၂၀၁၀ အထိ လေးကြိမ် ဖြစ်ပွားခဲ့ကြောင်းလည်း ရေးသားထားသည်။

ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်များတွင် ဖြစ်ပွားခဲ့ပြီး ကူးစက်ခံရသူ များရှိခဲ့သည်။

မြန်မာနိုင်ငံ၌ ကူးစက်ခံရသူ၊ သေဆုံးခဲ့သူ အရေအတွက်အား သိရှိနိုင်ရန် ကျန်းမာရေးဦးစီးဌာန၏ ကူးစက်ဌာနမှ ညွန်ကြားရေးမှူး ဒေါက်တာ စိုးလွင်ငြိမ်းအား ဧရာဝတီက
ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ။
ဝစီပိတ်လွှတ်တော်
ရန်ကုန်သားတာတေ Wednesday, 19 January 2011 18:36 ထွေရာလေးပါး

ချိုကုပ်။ ။ ဟာ … ဦးရုက္ခစိုး … ကြွပါ … ကြွပါ။ ဘာသောက်မလဲ … အပူလား အအေးလား။ အအေးဆိုရင်တော့ ရေခဲရည်ရမယ်၊ အပူကတော့ နေလှမ်းထားတဲ့ ရေသန့်ဘူးထဲက
ရေရမယ်။

ရုက္ခစိုး။ ။ တော်ပါပြီဗျာ။ အကုန်အကျ များနေပါဦးမယ်။ ချိုကုပ်ဒူးကြီးရဲ့ လွှတ်တော် ခန်းမကြီးကတော့ တကယ့်ကို သားနားခန့်ညားတာပါလား … ။

ချိုကုပ်။ ။ သားနားရမယ်လေ။ အဲဒီလို ဘယ်လောက် သားနား ခန့်ညားတယ်ဆိုတာ ဦးရုက္ခစိုးကို ကြွားချင်လို့ ခေါ်လိုက်တာပဲဟာ။ ဒါမျိုး လွှတ်တော်ဆိုတာ ကမ္ဘာမှာ မပြောနဲ့
စကြဝဠာနဲ့ နတ်ပြည် ၆ ထပ်မှာတောင် ရှိမှာ မဟုတ်ဘူး။

ချိုကုပ်ဒူးကြီးက ဖိတ်ကြွား (ဖိတ်ကြားမဟုတ်ပါ) သောကြောင့် ဦးရုက္ခစိုးကြီးမှာ နေပြည်တော်ရှိ လွှတ်တော်ခန်းမကြီးအတွင်း ရောက်ရှိနေခြင်း ဖြစ်သည်။ ဦးရုက္ခစိုးမှာ တခါမှ
မမြင်ဘူးသော လွှတ်တော်ကြီးကို စေ့စေ့စပ်စပ် လိုက်လံ ကြည့်ရှုနေသည်။

ရုက္ခစိုး။ ။ ဟား … ကိုယ်စားလှယ်တွေက ကွန်ပျူတာတွေ တယောက်တလုံးနဲ့ပေါ့ ဟုတ်လား။ လန်ထွက်နေတာပဲဗျာ။

ချိုကုပ်။ ။ ဟဲဟဲ … ဒီထက် လန်တာတွေ တွေ့ဦးမယ် … ကြည့်ပါ ကြည့်ပါ။

ရုက္ခစိုး။ ။ ဒါပေမယ့် ကွန်ပျူတာတွေက အခွံတွေချည်းပါလား။ အထဲကဟာတွေက မဆင်ရသေးတာလား။ ကြိုးတွေ ဘာတွေလည်း


မတွေ့ဘူး။

ချိုကုပ်။ ။ ကြိုးတွေဘာတွေနဲ့ဆိုတော့ ဓာတ်ပုံရိုက်ရင် ရှုပ်တာပေါ့ ဦးရုက္ခစိုးရယ်။ အခွံချည်းပဲ ဆိုတာကလည်း ဒီလိုဗျ။ ဒီကွန်ပျူတာတွေက


သုံးဖို့မှ မဟုတ်ဘဲ။ ဒီတိုင်းအလှထားဖို့လေ။ သတင်းစာထဲမှာ လွှတ်တော်ကျင်းပနေတဲ့ ဓာတ်ပုံ ရိုက်တဲ့အခါ ကိုယ်စားလှယ်တော်ကြီးတွေက
ကွန်ပျူတာတွေ ရှေ့မှာ ထိုင်နေတယ်ဆို ဘယ်လောက် သားနားလိုက်မလဲ။

ရုက္ခစိုး။ ။ သြော် ဒီလိုလား။ ဒါဆို အင်တာနက်တို့ ဘာတို့ကော။ ကိုယ်စားလှယ်တော်တွေ ယူလာတဲ့ လက်ပ်တော့နဲ့ပဲ သုံးရမှာပေါ့
ဟုတ်လား။

ချိုကုပ်။ ။ ဘယ့်နှယ် … ဦးရုက္ခစိုးကလည်း။ ကိုယ်စားလှယ်တော်ကြီးတွေကို လက်ပ်တော့တွေ သယ်လာခိုင်းရမယ်လို့ ...။ပင်ပန်းနေပါ့မယ်။


ဘာမှကို ယူလာစရာမလိုဘူး။ အားလုံး ဒီက အသင့်လုပ်ပေးထားမှာ။

ရုက္ခစိုး။ ။ ဟိုဒင်း … ဝိုင်ဖိုင်တို့ ဘာတို့။

ချိုကုပ်။ ။ ဟာ မုန့်တွေဘာတွေ ယူလာစရာမလိုဘူးလေ။ ဒီကပဲ ကျွေးမှာ … ဦးရုက္ခစိုးရယ်။ ဝေဖာတွေဘာတွေ စားရင် ချွဲကျပ်နေပါ့မယ်။


နောက်ပြီး အဲဒီမုန့်တွေက တိုင်းတပါးမုန့်တွေလေ။ လွှတ်တော်မှာ မြန်မာဆန်ရမယ်။ မြန်မာမှု မြန်မာ့ဟန်နဲ့ ပဲပြုတ်တို့ ကောက်ညှင်းပေါင်းတို့ပဲ ကျွေးမှာ။

ရုက္ခစိုး။ ။ ကျုပ်ပြောတာ ဝေဖာမုန့်မဟုတ်ဘူးလေ။ အင်တာနက် ဝါယာလက်စ် … ဝိုင်ဖိုင်ကို ပြောတာပါ။

ချိုကုပ်။ ။ သြော် အဲဒါလား။ အစကတည်းက ရှင်းရှင်းပြောရောပေါ့။ အဲဒါတွေ မသိဘူးဗျ။ မကြားဖူးဘူး။ မကြားဖူးတဲ့ဟာတွေ မလုပ်ထားဘူး။ ဘာလို့လဲဆိုတော့ ကျုပ်က မြန်မာမှု
မြန်မာ့ဟန်ပဲလေ။ ကျုပ်ရဲ့ ကြံ့ဖွံ့ ကိုယ်စားလှယ်ကြီးတွေလည်း သုံးတတ်မှာ မဟုတ်မယ့်အတူတူ မထည့်တာကောင်းပါတယ်။
ရုက္ခစိုး။ ။ အင်း မြန်မာမှု မြန်မာ့ဟန်ဆိုတော့ လက်ပ်တော့တို့ ဘာတို့လည်း မလိုဘူးပေါ့။ ဒီတော့ ပေတို့ ကညစ်တို့မှာ ရေးရ မှတ်ရမလို ဖြစ်နေပြီ။

ချိုကုပ်။ ။ မနောက်ပါနဲ့ ဦးရုက္ခစိုးရယ်။ ပေတို့ ကညစ်တို့ သုံးစရာလား။ ဘောလ်ပင်လောက် စာရွက်လောက်တော့ သုံးလို့ဖြစ်ပါတယ်။

ရုက္ခစိုး။ ။ သြော် ဒီလိုလား။ ဒါဆို ကိုယ်စားလှယ်တွေက ဘောလ်ပင်တွေ၊ စာရွက်တွေ ယူခဲ့ရမှာပေါ့ ဟုတ်လား။

ချိုကုပ်။ ။ နိုး … နိုး။ မလိုပါဘူး။ ဘာ ဘောလ်ပင်၊ ဘာစာရွက်မှ ယူမလာရဘူး။ အကုန်လုံး လွှတ်တော်ထဲမှာ အသင့် လုပ်ပေးထားမှာ။

ရုက္ခစိုး။ ။ တကယ်လို့ မတော်တဆ ဘောလ်ပင် တချောင်းလောက် မတော်တစ ပါလာရင်ကော။

ချိုကုပ်။ ။ အဲဒီလို မဖြစ်အောင် စီစဉ်ထားပါတယ် ဦးရုက္ခစိုးရဲ့။ ဘာမှ မတော်တဆ ပါမလာအောင်လို့ လွှတ်တော် စ ဝင်တဲ့အချိန်မှာ အားလုံး လန်ကွတ်တီလေးတွေပဲ ဝတ်ခဲ့ဖို့
ပြောထားတယ် (အမျိုးသမီးများ မည်သို့ဝင်ရမည်ကိုမူ ချိုကုပ်ဒူးကြီးက မပြောသဖြင့် မသိရသေးပါ)

ရုက္ခစိုး။ ။ ဒါဆို ချိုကုပ်ဒူးကြီးရဲ့ လွှတ်တော်က လန်ကွတ်တီ လွှတ်တော်ဖြစ်နေမှာပေါ့။ မြင်မကောင်းရှုမကောင်းဗျာ။

ချိုကုပ်။ ။ သြော် … ဒီလိုတော့လည်း ဘယ်ဟုတ်ပါ့မလဲ ဦးရုက္ခစိုးရယ်။ လွှတ်တော် ပရဝဏ်ထဲ စဝင်တဲ့အချိန်ပဲ ပြောတာပါ။ လွှတ်တော် တက်ရင်တော့ အကုန်လုံး မြန်မာမှု
မြန်မာ့ဟန်အတိုင်း ဝတ်ရမှာဗျ ဟဲဟဲ။ ဒါတွေလည်း အားလုံး စီစဉ် ထားပြီးသား။

ရုက္ခစိုး။ ။ ဟုတ်လား … ဒါဆို ချိုကုပ်ဒူးကြီးကကော ဘယ်လိုဝတ်မှာလဲ။

ချိုကုပ်။ ။ ကျုပ်က ဘုရင်မင်းတြားကြီးလို ဝတ်မှာ။ ဝန်ကြီးတွေကတော့ သိုရင်းအင်္ကျီတို့ဘာတို့ပေါ့။ ခေါင်းကွဲနေတဲ့ ဇာတ်တွေကနေ အောက်ကြေးနဲ့ လိုက်ဝယ်နေကြတယ်။

ရုက္ခစိုး။ ။ ဟင် … ဘယ်ဝန်ကြီးတွေလဲ ချိုကုပ်ဒူးကြီးရဲ့။ အစိုးရဖွဲ့ပြီးမှ ဝန်ကြီးရာထူး ခန့်မှာ မဟုတ်ဘူးလား။

ချိုကုပ်။ ။ ဦးရုက္ခစိုးကြီးလည်း ခက်နေပြန်ပါပြီ။ ဒါတွေက သာမန်လူတွေ ရွေးချင်တိုင်း ရွေးလို့ရတာမဟုတ်ဘူးဗျ။ ရေမြေ့သနင်း ဘုရင်မြင်း … အဲ ဘုရင်မင်းမြတ်က ရွေးမှ
တော်တော့မှာပေါ့။ ကျုပ်ရွေးထားပြီးသား။ ကျုပ်ကဘုရင်လုပ်မယ်။ ဝန်မင်းတွေကတော့ ကျုပ်က ခန့်ထားတယ်။

ရုက္ခစိုး။ ။ ဇာတ်ကသလိုပဲနော်။

ဦးရုက္ခစိုး အငေါ်တူးသည်ကို မသိဘဲ ချိုကုပ်ဒူးကြီးက ဆက်ပြောသည်။

ချိုကုပ်။ ။ ဇာတ်ကတာထက်တော့ နည်းနည်းသာပါတယ် ဦးရုက္ခစိုးရယ်။ ကျုပ်တို့အဝတ်တွေက အလန်းစားတွေပါ။ ရှိသေးတယ်။ ကိုယ်စားလှယ်တွေတောင် မတူဘူးနော်။ ကျုပ်ရဲ့
ကြံ့ဖွံ့ကိုယ်စားလှယ်ကြီးတွေက သူများထက် ထူးပြီး ပေါ်လွင်နေအောင် အားလုံး ကြိုးကြီးချိတ် ပြောင်ပြောင် ရောင်စုံဝတ်ရမှာ။

ရုက္ခစိုး။ ။ သြော် … ဟုတ်လား။ တိုက်ပုံမှာကော အကယ်ဒမီပွဲတက်တဲ့ မင်းသားတွေလို ဘော်ကြယ်တွေဘာတွေ ထိုးဦးမှာလား။

ချိုကုပ်။ ။ ဘော်ကြယ်တင်မကဘူး ရွှေချည်ငွေချည်ပါ ထိုးဖို့ စီစဉ်ထားတယ်။

ရုက္ခစိုး။ ။ တော်တော်ပြောင်တာပေါ့နော်။ သူတို့ မျက်နှာတွေနဲ့တော့ ဟပ်နေမှာပဲ။

ဦးရုက္ခစိုးက ရွဲ့ပြောသော်လည်း ရွဲ့လို့ရွဲ့မှန်း နားမလည်သည့် ချိုကုပ်ဒူးကြီးမှာ သဘောခွေ့၍ မျက်နှာကြီး ဖြီးကာ “ဒါပေါ့ … ဒါပေါ့” ဟု ပြန်ပြောသည်။

ရုက္ခစိုး။ ။ ဒါနဲ့ ချိုကုပ်ဒူးကြီးက အကုန်လုံး စီစဉ်ပြီးသား၊ ရွေးချယ်ပြီးသားဆိုတော့ လွှတ်တော် ကိုယ်စားလှယ်တွေက ဘာလုပ်ရမှာလဲ။ လုပ်စရာတောင် ကျန်တော့မယ် မထင်ဘူးနော်။

ချိုကုပ်။ ။ အဲဒါပြောတာပေါ့။ ကိုယ်စားလှယ်တော်ကြီးတွေ ပင်ပန်းမယ်လေ။ အရင် မြန်မာ့ဆိုရှယ်ဘလစ် ဘလစ် တလမ်းဝင် တလမ်းထွက်ပါတီ တုန်းကလိုတောင် လက်ညှိုးထောင်
ခေါင်းညိတ် လုပ်စရာမလိုဘူး။ အလိုလို ပြီးပြီးသား … ရယ်ဒီမိတ် လွှတ်တော်ဗျ။ အဲဒါကြောင့် တဆက်တည်း ကိုယ်စားလှယ်တော်ကြီးတွေ ကုသိုလ်ရအောင် တရားစခန်းပါ
ဖွင့်ပေးထားတယ်။

ရုက္ခစိုး။ ။ ဘယ်လို … ဘယ်လို။

ချိုကုပ်။ ။ သြော် … ဘာမှ မပြောရမယ့်အတူတူ၊ ဘာမှ လုပ်စရာမလိုမယ့်အတူတူ … ကိုယ်စားလှယ်တော်ကြီးတွေ ကုသိုလ် ရပါစေတော့ဆိုပြီး လွှတ်တော်လည်း တက်ရင်း
တရားလည်းကျင့်ရအောင် စီစဉ်ပေးထားတာပြောတာပါ။ ဝစီပိတ် တရား စခန်းပေါ့။

ရုက္ခစိုး။ ။ ခညာ … အရမ်းအရမ်းကို အံ့သြဖို့ ကောင်းတဲ့ လွှတ်တော်ကြီးပဲနော်။

ချိုကုပ်။ ။ ဒါပေါ့ … ကမ္ဘာမှာ မဆိုထားနဲ့ … စကြဝဠာနဲ့ နတ်ပြည် ခြောက်ထပ်မှာပါ မရှိတဲ့ တရားစခန်း … အဲ လွှတ်တော်ပါဆို။

ရုက္ခစိုး။ ။ တကယ်လို့ ကိုယ်စားလှယ်ကြီးတွေက ဝစီမပိတ်ရင် ဘယ်လိုလုပ်မလဲ။

ချိုကုပ်။ ။ သူတို့က ဝစီမပိတ်ရင် ကျုပ်ကပိတ်မှာပေါ့။ ထောင်ဒဏ် ငွေဒဏ် … ဒဏ်နှစ်ရပ်လုံး … အဲဒီလို ထောင့်စေ့အောင် စီစဉ်ထားတဲ့ လွှတ်တော်ဗျ ဟဲဟဲ။ တက်သွားပါဦးလား။ ဟင်
… ဦးရုက္ခစိုး … ဦးရုက္ခစိုး … ဘာဖြစ်သွားတာလဲ … ကျုပ် လွှတ်တော်ကြီးကို တက်သွားဦးလေဗျာ ...။

နတ်လောကတွင်ပင် မကြုံဘူးသော ဝစီပိတ် လွှတ်တော်ကြီး အကြောင်းကို ကြားလိုက်ရသည့် ကျွန်ုပ်တို့၏ ဦးရုက္ခစိုးကြီးမှာ မင်တက်အံ့သြလွန်း၍ စကားမေး မရတော့ဘဲ နေရာတွင်ပင်
ဖွတ်မေ့ပတတ်မေ့ မေ့မျောသွားသောကြောင့် နောက်ပိုင်း ဘာဆက်ဖြစ်သည်ကို ရန်ကုန်သားတာတေ မသိရတော့ပါ။ ။

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။
ဝစီပိတ်လွှတ်တော်
ရန်ကုန်သားတာတေ Wednesday, 19 January 2011 18:36 ထွေရာလေးပါး

ချိုကုပ်။ ။ ဟာ … ဦးရုက္ခစိုး … ကြွပါ … ကြွပါ။ ဘာသောက်မလဲ … အပူလား အအေးလား။ အအေးဆိုရင်တော့ ရေခဲရည်ရမယ်၊ အပူကတော့ နေလှမ်းထားတဲ့ ရေသန့်ဘူးထဲက
ရေရမယ်။

ရုက္ခစိုး။ ။ တော်ပါပြီဗျာ။ အကုန်အကျ များနေပါဦးမယ်။ ချိုကုပ်ဒူးကြီးရဲ့ လွှတ်တော် ခန်းမကြီးကတော့ တကယ့်ကို သားနားခန့်ညားတာပါလား … ။

ချိုကုပ်။ ။ သားနားရမယ်လေ။ အဲဒီလို ဘယ်လောက် သားနား ခန့်ညားတယ်ဆိုတာ ဦးရုက္ခစိုးကို ကြွားချင်လို့ ခေါ်လိုက်တာပဲဟာ။ ဒါမျိုး လွှတ်တော်ဆိုတာ ကမ္ဘာမှာ မပြောနဲ့
စကြဝဠာနဲ့ နတ်ပြည် ၆ ထပ်မှာတောင် ရှိမှာ မဟုတ်ဘူး။
ချိုကုပ်ဒူးကြီးက ဖိတ်ကြွား (ဖိတ်ကြားမဟုတ်ပါ) သောကြောင့် ဦးရုက္ခစိုးကြီးမှာ နေပြည်တော်ရှိ လွှတ်တော်ခန်းမကြီးအတွင်း ရောက်ရှိနေခြင်း ဖြစ်သည်။ ဦးရုက္ခစိုးမှာ တခါမှ
မမြင်ဘူးသော လွှတ်တော်ကြီးကို စေ့စေ့စပ်စပ် လိုက်လံ ကြည့်ရှုနေသည်။

ရုက္ခစိုး။ ။ ဟား … ကိုယ်စားလှယ်တွေက ကွန်ပျူတာတွေ တယောက်တလုံးနဲ့ပေါ့ ဟုတ်လား။ လန်ထွက်နေတာပဲဗျာ။

ချိုကုပ်။ ။ ဟဲဟဲ … ဒီထက် လန်တာတွေ တွေ့ဦးမယ် … ကြည့်ပါ ကြည့်ပါ။

ရုက္ခစိုး။ ။ ဒါပေမယ့် ကွန်ပျူတာတွေက အခွံတွေချည်းပါလား။ အထဲကဟာတွေက မဆင်ရသေးတာလား။ ကြိုးတွေ ဘာတွေလည်း


မတွေ့ဘူး။

ချိုကုပ်။ ။ ကြိုးတွေဘာတွေနဲ့ဆိုတော့ ဓာတ်ပုံရိုက်ရင် ရှုပ်တာပေါ့ ဦးရုက္ခစိုးရယ်။ အခွံချည်းပဲ ဆိုတာကလည်း ဒီလိုဗျ။ ဒီကွန်ပျူတာတွေက


သုံးဖို့မှ မဟုတ်ဘဲ။ ဒီတိုင်းအလှထားဖို့လေ။ သတင်းစာထဲမှာ လွှတ်တော်ကျင်းပနေတဲ့ ဓာတ်ပုံ ရိုက်တဲ့အခါ ကိုယ်စားလှယ်တော်ကြီးတွေက
ကွန်ပျူတာတွေ ရှေ့မှာ ထိုင်နေတယ်ဆို ဘယ်လောက် သားနားလိုက်မလဲ။

ရုက္ခစိုး။ ။ သြော် ဒီလိုလား။ ဒါဆို အင်တာနက်တို့ ဘာတို့ကော။ ကိုယ်စားလှယ်တော်တွေ ယူလာတဲ့ လက်ပ်တော့နဲ့ပဲ သုံးရမှာပေါ့
ဟုတ်လား။

ချိုကုပ်။ ။ ဘယ့်နှယ် … ဦးရုက္ခစိုးကလည်း။ ကိုယ်စားလှယ်တော်ကြီးတွေကို လက်ပ်တော့တွေ သယ်လာခိုင်းရမယ်လို့ ...။ပင်ပန်းနေပါ့မယ်။


ဘာမှကို ယူလာစရာမလိုဘူး။ အားလုံး ဒီက အသင့်လုပ်ပေးထားမှာ။

ရုက္ခစိုး။ ။ ဟိုဒင်း … ဝိုင်ဖိုင်တို့ ဘာတို့။

ချိုကုပ်။ ။ ဟာ မုန့်တွေဘာတွေ ယူလာစရာမလိုဘူးလေ။ ဒီကပဲ ကျွေးမှာ … ဦးရုက္ခစိုးရယ်။ ဝေဖာတွေဘာတွေ စားရင် ချွဲကျပ်နေပါ့မယ်။


နောက်ပြီး အဲဒီမုန့်တွေက တိုင်းတပါးမုန့်တွေလေ။ လွှတ်တော်မှာ မြန်မာဆန်ရမယ်။ မြန်မာမှု မြန်မာ့ဟန်နဲ့ ပဲပြုတ်တို့ ကောက်ညှင်းပေါင်းတို့ပဲ ကျွေးမှာ။

ရုက္ခစိုး။ ။ ကျုပ်ပြောတာ ဝေဖာမုန့်မဟုတ်ဘူးလေ။ အင်တာနက် ဝါယာလက်စ် … ဝိုင်ဖိုင်ကို ပြောတာပါ။

ချိုကုပ်။ ။ သြော် အဲဒါလား။ အစကတည်းက ရှင်းရှင်းပြောရောပေါ့။ အဲဒါတွေ မသိဘူးဗျ။ မကြားဖူးဘူး။ မကြားဖူးတဲ့ဟာတွေ မလုပ်ထားဘူး။ ဘာလို့လဲဆိုတော့ ကျုပ်က မြန်မာမှု
မြန်မာ့ဟန်ပဲလေ။ ကျုပ်ရဲ့ ကြံ့ဖွံ့ ကိုယ်စားလှယ်ကြီးတွေလည်း သုံးတတ်မှာ မဟုတ်မယ့်အတူတူ မထည့်တာကောင်းပါတယ်။

ရုက္ခစိုး။ ။ အင်း မြန်မာမှု မြန်မာ့ဟန်ဆိုတော့ လက်ပ်တော့တို့ ဘာတို့လည်း မလိုဘူးပေါ့။ ဒီတော့ ပေတို့ ကညစ်တို့မှာ ရေးရ မှတ်ရမလို ဖြစ်နေပြီ။

ချိုကုပ်။ ။ မနောက်ပါနဲ့ ဦးရုက္ခစိုးရယ်။ ပေတို့ ကညစ်တို့ သုံးစရာလား။ ဘောလ်ပင်လောက် စာရွက်လောက်တော့ သုံးလို့ဖြစ်ပါတယ်။

ရုက္ခစိုး။ ။ သြော် ဒီလိုလား။ ဒါဆို ကိုယ်စားလှယ်တွေက ဘောလ်ပင်တွေ၊ စာရွက်တွေ ယူခဲ့ရမှာပေါ့ ဟုတ်လား။

ချိုကုပ်။ ။ နိုး … နိုး။ မလိုပါဘူး။ ဘာ ဘောလ်ပင်၊ ဘာစာရွက်မှ ယူမလာရဘူး။ အကုန်လုံး လွှတ်တော်ထဲမှာ အသင့် လုပ်ပေးထားမှာ။

ရုက္ခစိုး။ ။ တကယ်လို့ မတော်တဆ ဘောလ်ပင် တချောင်းလောက် မတော်တစ ပါလာရင်ကော။

ချိုကုပ်။ ။ အဲဒီလို မဖြစ်အောင် စီစဉ်ထားပါတယ် ဦးရုက္ခစိုးရဲ့။ ဘာမှ မတော်တဆ ပါမလာအောင်လို့ လွှတ်တော် စ ဝင်တဲ့အချိန်မှာ အားလုံး လန်ကွတ်တီလေးတွေပဲ ဝတ်ခဲ့ဖို့
ပြောထားတယ် (အမျိုးသမီးများ မည်သို့ဝင်ရမည်ကိုမူ ချိုကုပ်ဒူးကြီးက မပြောသဖြင့် မသိရသေးပါ)

ရုက္ခစိုး။ ။ ဒါဆို ချိုကုပ်ဒူးကြီးရဲ့ လွှတ်တော်က လန်ကွတ်တီ လွှတ်တော်ဖြစ်နေမှာပေါ့။ မြင်မကောင်းရှုမကောင်းဗျာ။

ချိုကုပ်။ ။ သြော် … ဒီလိုတော့လည်း ဘယ်ဟုတ်ပါ့မလဲ ဦးရုက္ခစိုးရယ်။ လွှတ်တော် ပရဝဏ်ထဲ စဝင်တဲ့အချိန်ပဲ ပြောတာပါ။ လွှတ်တော် တက်ရင်တော့ အကုန်လုံး မြန်မာမှု
မြန်မာ့ဟန်အတိုင်း ဝတ်ရမှာဗျ ဟဲဟဲ။ ဒါတွေလည်း အားလုံး စီစဉ် ထားပြီးသား။

ရုက္ခစိုး။ ။ ဟုတ်လား … ဒါဆို ချိုကုပ်ဒူးကြီးကကော ဘယ်လိုဝတ်မှာလဲ။

ချိုကုပ်။ ။ ကျုပ်က ဘုရင်မင်းတြားကြီးလို ဝတ်မှာ။ ဝန်ကြီးတွေကတော့ သိုရင်းအင်္ကျီတို့ဘာတို့ပေါ့။ ခေါင်းကွဲနေတဲ့ ဇာတ်တွေကနေ အောက်ကြေးနဲ့ လိုက်ဝယ်နေကြတယ်။

ရုက္ခစိုး။ ။ ဟင် … ဘယ်ဝန်ကြီးတွေလဲ ချိုကုပ်ဒူးကြီးရဲ့။ အစိုးရဖွဲ့ပြီးမှ ဝန်ကြီးရာထူး ခန့်မှာ မဟုတ်ဘူးလား။

ချိုကုပ်။ ။ ဦးရုက္ခစိုးကြီးလည်း ခက်နေပြန်ပါပြီ။ ဒါတွေက သာမန်လူတွေ ရွေးချင်တိုင်း ရွေးလို့ရတာမဟုတ်ဘူးဗျ။ ရေမြေ့သနင်း ဘုရင်မြင်း … အဲ ဘုရင်မင်းမြတ်က ရွေးမှ
တော်တော့မှာပေါ့။ ကျုပ်ရွေးထားပြီးသား။ ကျုပ်ကဘုရင်လုပ်မယ်။ ဝန်မင်းတွေကတော့ ကျုပ်က ခန့်ထားတယ်။

ရုက္ခစိုး။ ။ ဇာတ်ကသလိုပဲနော်။

ဦးရုက္ခစိုး အငေါ်တူးသည်ကို မသိဘဲ ချိုကုပ်ဒူးကြီးက ဆက်ပြောသည်။

ချိုကုပ်။ ။ ဇာတ်ကတာထက်တော့ နည်းနည်းသာပါတယ် ဦးရုက္ခစိုးရယ်။ ကျုပ်တို့အဝတ်တွေက အလန်းစားတွေပါ။ ရှိသေးတယ်။ ကိုယ်စားလှယ်တွေတောင် မတူဘူးနော်။ ကျုပ်ရဲ့
ကြံ့ဖွံ့ကိုယ်စားလှယ်ကြီးတွေက သူများထက် ထူးပြီး ပေါ်လွင်နေအောင် အားလုံး ကြိုးကြီးချိတ် ပြောင်ပြောင် ရောင်စုံဝတ်ရမှာ။

ရုက္ခစိုး။ ။ သြော် … ဟုတ်လား။ တိုက်ပုံမှာကော အကယ်ဒမီပွဲတက်တဲ့ မင်းသားတွေလို ဘော်ကြယ်တွေဘာတွေ ထိုးဦးမှာလား။

ချိုကုပ်။ ။ ဘော်ကြယ်တင်မကဘူး ရွှေချည်ငွေချည်ပါ ထိုးဖို့ စီစဉ်ထားတယ်။

ရုက္ခစိုး။ ။ တော်တော်ပြောင်တာပေါ့နော်။ သူတို့ မျက်နှာတွေနဲ့တော့ ဟပ်နေမှာပဲ။

ဦးရုက္ခစိုးက ရွဲ့ပြောသော်လည်း ရွဲ့လို့ရွဲ့မှန်း နားမလည်သည့် ချိုကုပ်ဒူးကြီးမှာ သဘောခွေ့၍ မျက်နှာကြီး ဖြီးကာ “ဒါပေါ့ … ဒါပေါ့” ဟု ပြန်ပြောသည်။

ရုက္ခစိုး။ ။ ဒါနဲ့ ချိုကုပ်ဒူးကြီးက အကုန်လုံး စီစဉ်ပြီးသား၊ ရွေးချယ်ပြီးသားဆိုတော့ လွှတ်တော် ကိုယ်စားလှယ်တွေက ဘာလုပ်ရမှာလဲ။ လုပ်စရာတောင် ကျန်တော့မယ် မထင်ဘူးနော်။

ချိုကုပ်။ ။ အဲဒါပြောတာပေါ့။ ကိုယ်စားလှယ်တော်ကြီးတွေ ပင်ပန်းမယ်လေ။ အရင် မြန်မာ့ဆိုရှယ်ဘလစ် ဘလစ် တလမ်းဝင် တလမ်းထွက်ပါတီ တုန်းကလိုတောင် လက်ညှိုးထောင်
ခေါင်းညိတ် လုပ်စရာမလိုဘူး။ အလိုလို ပြီးပြီးသား … ရယ်ဒီမိတ် လွှတ်တော်ဗျ။ အဲဒါကြောင့် တဆက်တည်း ကိုယ်စားလှယ်တော်ကြီးတွေ ကုသိုလ်ရအောင် တရားစခန်းပါ
ဖွင့်ပေးထားတယ်။
ရုက္ခစိုး။ ။ ဘယ်လို … ဘယ်လို။

ချိုကုပ်။ ။ သြော် … ဘာမှ မပြောရမယ့်အတူတူ၊ ဘာမှ လုပ်စရာမလိုမယ့်အတူတူ … ကိုယ်စားလှယ်တော်ကြီးတွေ ကုသိုလ် ရပါစေတော့ဆိုပြီး လွှတ်တော်လည်း တက်ရင်း
တရားလည်းကျင့်ရအောင် စီစဉ်ပေးထားတာပြောတာပါ။ ဝစီပိတ် တရား စခန်းပေါ့။

ရုက္ခစိုး။ ။ ခညာ … အရမ်းအရမ်းကို အံ့သြဖို့ ကောင်းတဲ့ လွှတ်တော်ကြီးပဲနော်။

ချိုကုပ်။ ။ ဒါပေါ့ … ကမ္ဘာမှာ မဆိုထားနဲ့ … စကြဝဠာနဲ့ နတ်ပြည် ခြောက်ထပ်မှာပါ မရှိတဲ့ တရားစခန်း … အဲ လွှတ်တော်ပါဆို။

ရုက္ခစိုး။ ။ တကယ်လို့ ကိုယ်စားလှယ်ကြီးတွေက ဝစီမပိတ်ရင် ဘယ်လိုလုပ်မလဲ။

ချိုကုပ်။ ။ သူတို့က ဝစီမပိတ်ရင် ကျုပ်ကပိတ်မှာပေါ့။ ထောင်ဒဏ် ငွေဒဏ် … ဒဏ်နှစ်ရပ်လုံး … အဲဒီလို ထောင့်စေ့အောင် စီစဉ်ထားတဲ့ လွှတ်တော်ဗျ ဟဲဟဲ။ တက်သွားပါဦးလား။ ဟင်
… ဦးရုက္ခစိုး … ဦးရုက္ခစိုး … ဘာဖြစ်သွားတာလဲ … ကျုပ် လွှတ်တော်ကြီးကို တက်သွားဦးလေဗျာ ...။

နတ်လောကတွင်ပင် မကြုံဘူးသော ဝစီပိတ် လွှတ်တော်ကြီး အကြောင်းကို ကြားလိုက်ရသည့် ကျွန်ုပ်တို့၏ ဦးရုက္ခစိုးကြီးမှာ မင်တက်အံ့သြလွန်း၍ စကားမေး မရတော့ဘဲ နေရာတွင်ပင်
ဖွတ်မေ့ပတတ်မေ့ မေ့မျောသွားသောကြောင့် နောက်ပိုင်း ဘာဆက်ဖြစ်သည်ကို ရန်ကုန်သားတာတေ မသိရတော့ပါ။ ။

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။
http://www.bur.irrawaddy.org/

ဖိတ်စာ နဲ့  CDMA ခြင်းဖုန်း

နေပြည်တော်ကို လာဖို့ ခေါ်တဲ့ ဖိတ်စာ တစောင် ရောက်နေတယ်။


နိုး - ဟင့်အင်း၊ လွှတ်တော်တက်ဖို့ မဟုတ်ဘူး။

ဖိတ်စာ အိတ်ခွံ ကျောဘက်

ဖိတ်စာနဲ့တကွ ကြွပါ ဆိုပဲ။ ဖိတ်စာကို ဧရာဝတီ ဘလော့မှာ တင်လိုက်ပြီ ဆိုတော့ ဖိတ်စာနဲ့ တကွ ကြွဖို့ မဖြစ်နိုင်တော့ဘူး။ အဲဒါက ပြဿနာ မဟုတ်။

ပြဿနာက လက်ကိုင်ဖုန်း မယူရဘူးလို့ တားမြစ်ထားတယ်။

ဖုန်း မယူလို့တော့ မဖြစ်ဘူး။ ဒီဖုန်းက နာရီဆိုလည်း ဟုတ်တယ်။ မနက် အိပ်ယာထဖို့လည်း သူ့ကို အားကိုးရတယ်။
တခြား မင်းသမီး မင်းသားတွေ ဘာဖုန်း ယူသွားကြမလဲ မသိဘူး။

ဒီလို သွားလေရာ ခြင်းထဲ ထည့်ပြီး သယ်ပိုးသွားရတဲ့ CDMA ခြင်းဖုန်း ယူကြမယ် ထင်တယ်။ ၀ိနည်းလွတ်ပေါ့ကွာ။

ကွန်ပျူတာတွေ ကွယ်နေတဲ့ အစည်းအဝေး

ရွေးကောက်ပွဲ ကော်မရှင်က ခေါ်ယူတဲ့ အစည်းအဝေးပါတဲ့။ အစည်းအဝေးခန်းကတော့ ခန့်ငြားပါတယ်။ အဲဒီကော်မရှင်ရဲ့ အစည်းအဝေးတွေတိုင်း ကွန်ပျူတာတွေ ဘာတွေနဲ့ ကျကျနန
ခင်းကျင်းထားတာ တွေ့ရပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲမစခင်ကတည်း ကော်မရှင်ရဲ့ ဘယ်အစည်းဝေးပုံကြည့်ကြည့် ဘယ်သူမှ ကွန်ပျူတာသုံးတာ မတွေ့ရပါဘူး။

စဉ်းစားကြည့်ပြန်တော့လည်း ကွန်ပျူတာက သုံးတတ်ဦးမှ၊ သုံးပြန်ရင်လည်း ရေးမှတ်ထားတာတွေ ကိုယ်နဲ့ ပြန်ပါလာဖို့ လုပ်ရဦးမယ်။ ဒီတော့ ကွန်ပျူတာရှေ့ချပြီး စာအုပ်နဲ့ရေးကြတာ
ထင်ပါရဲ့။

လာမယ့် လွှတ်တော်ထဲမှာ အမတ်တွေတော့ ဘယ်လိုနေမယ် မသိသေးပါဘူး။ လောလောဆယ်တော့ လွှတ်တော်အမတ်တွေအတွက် ဝက်အူရစ် ဥပဒေစည်းမျဉ်းတွေတော့ ကြိုကြား
ကြားနေရပါတယ်။

Posted by Admin at 11:50 AM 2 comments


Email This BlogThis! Share to Twitter Share to Facebook Share to Google Buzz
Labels: Photo, ဓာတ်ပုံ

NHEC မှ ဘတ် ၃ သန်း ခိုးယူထွက်ပြေးသူအား ဖမ်းဆီးရေး ကူညီစေလို

ဒီမနက် မေးလ်ထဲကို ဝင်လာတဲ့ စာတစောင်ကတော့ စိတ်ဝင်စားစရာ


ကောင်းပါတယ်။ NHEC လို့ အတိုကောက် လူသိများတဲ့ “အမျိုးသား ကျန်းမာရေးနှင့် ပညာရေး ကော်မတီ” ရဲ့ ဘဏ္ဍာရေး တာဝန်ခံ စောဒေးဗစ်မြမောင် ခေါ် David Vinyurat က NHEC
အတွက် ရရှိထားတဲ့ ဘတ်ငွေ ၃ သန်းကို ခိုးယူထွက်ပြေးသွားတာကြောင့် အဲဒီလူကို ဖမ်းဆီးဖို့ ဝိုင်းဝန်းကူညီပေးပါရန် မေတ္တာရပ်ခံတဲ့ စာပါ။

NHEC ဟာ နယ်စပ်ဒေသမှာ မြန်မာပြည်ဖွား တိုင်းရင်းသားများရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ ဒီမိုကရေစီ လှုပ်ရှားတဲ့ အဖွဲ့များကို ထောက်ပံ့ကူညီမှုပေးနေတဲ့ အဖွဲ့ကြီး ဖြစ်ပါတယ်။

ဝင်လာတဲ့ အီးမေးလ်မှာတော့ ဒီလိုဖြစ်တာဟာ NHEC ရဲ့ ဌာနတွင်း စီမံရေး အားနည်းချက်ကြောင့်ဖြစ်ကြောင်း ဝန်ခံထားပါတယ်။

အကူအညီတောင်း ဖြန့်ဝေတဲ့စာမှာ စောဒေးဗစ်မြမောင်ကို ထိုင်းရဲက ဖမ်းဝရမ်းထုတ်ထားတဲ့စာလည်း တွဲပို့ထားတာ တွေ့ရပါတယ်။

စောဒေးဗစ်မြမောင်ဟာ NHEC မှာ ၆ နှစ်ကြာ အလုပ်လုပ်ခဲ့တဲ့အတွက် သူ့ကို ယုံစားထားခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ တိုင်းရင်းသား ဒေသတွေမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့်
ဒုက္ခရောက်ကြရတဲ့ တိုင်းရင်းသားတွေကို ကူညီဖို့ အပါအဝင် လုပ်ငန်းတွေအတွက် ပေးထားတဲ့ ဘတ်ငွေ ၃ သန်းကို ခိုးယူထွက်ပြေးသွားခဲ့ပါတယ်။

NHEC ရဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဒီလုပ်ရပ်ကြောင့် သူတို့အရှက်ကွဲရကြောင်း၊ အလှူငွေတွေအတွက် အခွန်ထမ်းပေးထားတဲ့ နော်ဝေနဲ့ နယ်သာလန်မှ
ပုဂ္ဂိုလ်များကို မျက်နှာပျက်ရကြောင်း ရေးထားပါတယ်။

ငွေတွေ ပျောက်သွားပြီးတဲ့နောက် လာရောက်ဖြေရှင်းဖို့ NHEC က အခွင့်အလမ်းတွေ ပေးခဲ့ကြောင်း၊ ဒါပေမယ့် စောဒေးဗစ်မြမောင်က တိမ်းရှောင်နေခဲ့ကြောင်း၊ ချင်းမိုင်ရုံးမှာ အမှုဖွင့်ပြီး
ထိုင်းအာဏာပိုင်များက စောဒေးဗစ်မြမောင်ရဲ့ ကိုယ်ပိုင် ဘဏ်အကောင့်ကို ထိန်းချုပ်လိုက်ကြောင်း၊ ၂၀၀၉ ဒီဇင်ဘာ ၂၃ ရက်နေ့မှာ သူ့ဘဏ်အကောင့်ထဲ ဘတ် ၁ သန်း
လွှဲထည့်ထားတာ တွေ့ရပြီး ကျန်ငွေများကိုတော့ ငွေသားအဖြစ် အဲဒီနေ့မှာပဲ ခိုးယူထွက်ပြေးခဲ့တာဖြစ်ကြောင်း သိရပါတယ်။

၂၀၁၀ ဒီဇင်ဘာ ၂၁-၂၂ မှာ မယ်ဟောင်ဆောင် အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး စောဒေးဗစ်မြမောင် နေထိုင်ရာကို သွားရောက်ရှာဖွေရာမှာ မတွေ့ရကြောင်း သိရပါတယ်။

လောလောဆယ်မှာ NHED ဟာ လုပ်ငန်းတွေလည်ပတ်ဖို့ အခက်အခဲတွေ ကြုံနေရပါတယ်။

နယ်စပ်သတင်းများအရတော့ စောဒေးဗစ်မြမောင်ဟာ ထိုင်း-မြန်မာ နယ်စပ်ဒေသဘက်ကို ထွက်ပြေးရောက်ရှိနေကြောင်း သိရပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်လို့ မေးမြန်းလိုရင် NHEC က လက်ထောက် အမှုဆောင် ဒါရိုက်တာ nyomin@nhecburma.org ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်လို့ ဆိုပါတယ်။

Posted by Admin at 11:17 AM 2 comments


Email This BlogThis! Share to Twitter Share to Facebook Share to Google Buzz
Labels: News, သတင်း

ကြွက်ရောင်းရန် ရှိသည်

မင်းသမီး မင်္ဂလာဆောင်မှာ တွေ့ရတဲ့ ဧည့်ကြိုများ ဖြစ်တယ်လို့ တနင်္လာနေ့ထုတ် အလင်းတန်းဂျာနယ်က ဓာတ်ပုံတပုံက ဆိုပါတယ်။


ဒါရိုက်တာ မောင်မျိုးမင်း အိမ်နံရံမှာ "ကြွက်ရောင်းရန် ရှိသည်" ဆိုပြီး ရေးသင့်ပါတယ်။ အဲဒီလို ရေးထားရင် ကြွက် ထွက်ပြေးတယ်လို့ မြန်မာတနိုင်ငံလုံး ယုံကြတယ် မဟုတ်လား။
ဆရာမောင်မျိုးမင်း တိုက်ပုံ ဘယ်ဘက်လက်မှာ နှင်းဆီပန်းပွင့်နဲ့ ရိုးတံပုံ ထိုးထားတယ် လို့ ယူဆပါတယ်။ ဒါဟာ ကြွက်ကိုက်သွားတဲ့နေရာကို ပန်းပွင့်နဲ့ ဖုံးတဲ့ သဘောပါ။ ကြွက်ကိုက်တာ
တော်တော် များသွားပုံရပါတယ်၊ ပန်းပွင့်က အတော်လေးကို ကြီးနေလို့ပါ။

ကဲ စာဖတ်သူတို့ တိုက်ပုံဖြစ်ဖြစ် ဘာအ၀တ်အစား ဖြစ်ဖြစ် ရန်သူမျိုးငါးပါးကြောင့် ပျက်စီးသွားရင် မီးဖိုဆောင်မှာ လက်နှီးလုပ်ဖို့ မလိုတော့ဘူး။ အပေါက်အပြဲကို ကိုယ်နှစ်သက်ရာ
ပုံရောင်စုံ အကြီးအသေးတွေ ဖုံးပြီး ဟန်မပျက် ၀တ်နိုင်ပါပြီ။

ဒါပေါ့ - မင်္ဂလာဆောင်တို့ ဘာတို့လည်း အဲဒါပဲ ၀တ်သွားပေတော့ဗျာ။ စာနယ်ဇင်း မျက်နှာဖုံးမှာတောင် ပါလာနိုင်တယ်နော်။

လွှတ်တော်တက်မယ့် ဆရာတွေလား၊ အင်း - ၀တ်သွားပေါ့ဗျာ။ လွှတ်တော် အ၀တ်အစား စတိုင် စည်းကမ်းချက်ထဲမှာ ဇာထိုးပန်းထိုး မလုပ်ရ ဘာညာ ရေးထားတာမှ မဟုတ်တာ။

အဲ - ကြွက်ရောင်းရန် ရှိသည် ဆိုပြီးလည်း အိမ်နံရံမှာ ရေးထားသင့်ပါတယ်။ ကြွက် သူပုန် အဲ -- ကြွက်သောင်းကျန်းမှုကြောင့် အ၀တ်အစားတိုင်းကို ဇာထိုးပန်းထိုး လုပ်ရမယ်
ဆိုရင်လည်း မသက်သာဘူးမဟုတ်လား။

ဒါက ပေးပွဲ အစီအစဉ်

ဘာရယ်လို့ မဟုတ်ပါဘူး။ ရာသီစာမို့ တင်လိုက်တာပါ။


http://www.irrawaddyblog.com/
ပိတ်ဆို့မှု နှစ်ရပ် ရုပ်သိမ်းရန် NDF ပြော
သဲသဲ | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၁၉ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၂၅ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ စစ်ခေါင်းဆောင်များကို ပစ်မှတ်ထား ပိတ်ဆို့မှုမှလွဲ၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု ဒဏ်ခတ်ပိတ်ဆို့ရေးသည် ပြည်သူကို ထိခိုက်စေသဖြင့်
ရုပ်သိမ်းသင့်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF က ပြောဆိုသည်။

“ Sanctions မှာ ၃ မျိုး တွေ့တယ်။ ကုန်သွယ်ရေးပိတ်ဆို့မှု၊


ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပိတ်ဆို့မှု၊ နောက်တခုက ပစ်မှတ်ထား ပိတ်ဆို့မှုပေါ့။ ပုဂ္ဂိုလ်တဦးတယောက်၊
တဖွဲ့တသင်းကို ပစ်မှတ်ထားပြီး သူတို့ ဘဏ္ဍာငွေကြေးတွေကို နိုင်ငံတကာ ဘဏ်တွေမှာ
ငွေစာရင်းဖွင့်ထားခွင့် ပိတ်ပင်တာပေါ့။ အဲဒီမှာ ပထမ ၂ ခုက ပြည်သူတွေကို ထိခိုက်နေတယ်ဗျ” ဟု
NDF ခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။

ဤပိတ်ဆို့မှုနှစ်ခုသည် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေး ဖြစ်ပေါ်ပြောင်းလဲမှုအတွက်


မထိရောက်သည့်အပြင် နိုင်ငံတိုးတက်မှုကိုပါ နှောင့်နှေးစေသည်ဟု ဆိုသည်။

’’ပြည်သူကို မထိခိုက်ဘူးလို့ ပြောမရဘူး။ ကုန်သွယ်ရေးပိတ်ဆို့မှုကြောင့် အထည်အလိပ်လုပ်ငန်းတွေ၊


ရင်းနှီးမြှုပ်နှံမှုမှာ နိုင်ငံတကာက လာရောက်မလုပ်ကိုင်နိုင်တော့ နိုင်ငံရဲ့ စီးပွားရေးမှာ
အတိုင်းအတာတခုအထိ သက်ရောက်မှု ရှိနေတာပဲလေ။ စီးပွားရေး မတိုးတက်ရတဲ့
အကြောင်းတွေထဲမှာ Sanctions လည်း ပါတော့ နိုင်ငံရေး မပြောင်းလဲမချင်း Sanctions
ပိတ်ထားမယ်ဆိုရင် ပြည်သူတွေကို မငဲ့ကွက်ရာ ရောက်နေပြီလို့ပဲ ပြောချင်ပါတယ်’’ ဟု
ဦးခင်မောင်ဆွေက ပြောဆိုသည်။

NDF က ပိတ်ဆို့မှုနှစ်ရပ် ရုပ်သိမ်းရန် ပြောသော်လည်း ဝါ့ရင်နိုင်ငံရေးသမား ဦးသုဝေ ဦးဆောင်သည့်


NDF ခခခခခခခခခခခခ ခခခခခခခ -
ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကမူ ပိတ်ဆို့မှုအားလုံး ရုပ်သိမ်းရန် လိုလားသည်။

စစ်ခေါင်းဆောင်များကို ပစ်မှတ်ထားရာမှာလည်း လူ့အခွင့်အရေး၊ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး၌ တစုံတရာ တိုးတက်ပြောင်းလဲမှု မရှိသဖြင့် ယင်းပိတ်ဆို့မှု ဖယ်ရှားလျှင်
ပိုမိုကောင်းမွန်လာမည်ဟု မျှော်လင့်ထားသည်။
“လူ့အခွင့်အရေးတို့၊ နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်တာတို့လည်း ဘာမှထူးခြားမလာဘူးပေါ့နော်။
အကယ်၍ Sanctions တွေ ရုပ်သိမ်းလိုက်ရင် ပိုကောင်းလာမယ်လို့ ကျနော်တို့က ဒီလိုတွက်တာပါ’’
ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဦးသုဝေက မဇ္ဈိမကို ပြောသည်။ ပိတ်ဆို့မှုအားလုံး ဖယ်ရှားပေးရန်
ယခုလ ၄ ရက်နေ့တွင် ရန်ကုန်ရှိ သံရုံးများသို့ စာတမ်းတစောင် ပို့ခဲ့သည်ဟုလည်း ဆိုသည်။

စစ်အစိုးရ၏ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် အမေရိကန်အစိုးရက ၁၉၉၃


ခုနှစ်တွင် လက်နက်တင်ပို့မှုကို ပိတ်ပင်ခဲ့ကာ၊ ၁၉၉၇ ခုနှစ်တွင် မြန်မာနိုင်ငံတွင်း
ရင်းနှီးမြှုပ်နှံမှုအသစ်များ မပြုလုပ်ရန် တားမြစ်ခဲ့သည်။

ထို့အပြင် ၂ဝဝ၃ ခုနှစ်တွင် “မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် ဒီမိုကရေစီ ဥပဒေ (၂ဝဝ၃)” ကို


ပြဋ္ဌာန်းလိုက်ရာ၊ ဥပဒေထဲတွင် အမေရိကန်ရှိ မြန်မာစစ်အစိုးရ အသိုင်းအဝိုင်း၏ ပိုင်ဆိုင်မှုများကို
ထိန်းချုပ်ခြင်း၊ ခရီးသွားလာခွင့် ဗီဇာပိတ်ဆို့ခြင်းတို့ ပါဝင်သည်။ သို့သော် မြန်မာနိုင်ငံမှ ကျွန်းသစ်နှင့်
ကျောက်မျက်ကို အခြားနိုင်ငံမှ တဆင့်ခံ တင်သွင်းခွင့် ပြုထားသည်။

အမေရိကန်သမ္မတ မစ္စတာအိုဘားမားကလည်း ပြီးခဲ့သည့်နှစ် မေလထဲတွင် စီးပွားရေးပိတ်ဆို့မှုကို


Sanctions ခခခခခခခခခခခခခခခခ ခခခခခခခခခခခခခခခခခခခခခခခခခခ ခခခ
ထပ်မံ၍ သက်တမ်းတိုးခဲ့သည်။

အလားတူ ဥပရောသမဂ္ဂ EU နိုင်ငံများကလည်း စစ်လက်နက်ပစ္စည်းများ လွှဲပြောင်းခြင်း (သို့မဟုတ)် ရောင်းချခြင်းကို ၁၉၉၆ ခုနှစ်တွင် တားမြစ်ခဲ့သည်။ စစ်ခေါင်းဆောင်များနှင့်
၎င်းတို့မိသားစုဝင်များ၊ လုပ်ဖော်ကိုင်ဘက်များ၏ ပြည်ပတွင် တရားဝင် ထားရှိသော ပိုင်ဆိုင်မှုများကို ထိန်းချုပ်ကန့်သတ်လိုက်သလို ခရီးသွားလားခွင့်ပိတ်ဆို့မှုတို့ ပြုလုပ်ပြီး
ဒဏ်ခတ်အရေးယူခဲ့သည်။

မြန်မာရဟန်းတော်များ၏ ၂ဝဝ၇ စက်တင်ဘာ လှုပ်ရှားမှုတွင် စစ်အစိုးရက အကြမ်းဖက်ဖြိုခွင်းမှုကြောင့် EU က လူသားချင်း စာနာမှုအကူအညီမှလွဲပြီး နှစ်နိုင်ငံကြား အကူအညီများကို
ရပ်ဆိုင်းလိုက်သည်။ ထို့အပြင် သစ်၊ ကျောက်မျက်နှင့် သတ္ထုတင်ပို့မှုကိုပါ တားမြစ်လိုက်သည်။

ဝါရှင်တန်အစိုးရနှင့် EU နိုင်ငံများ အရေးယူ ပိတ်ဆို့မှု စာရင်းတွင် ၂ဝ၁ဝ ရွေးကောက်ပွဲအနိုင်ရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်များလည်း ပါဝင်သည်။

ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ထောက်ခံသည်။


ဗိုလ်ချုပ်ကြီးတွေနဲ့ သူ့မိသားစုတွေကို ပစ်မှတ်ထားတဲ့ Sanction က တခု၊ သူတို့နဲ အပေါင်းအပါ
လုပ်ငန်းရှင် သူဋ္ဌေးကြီးတွေကို ပစ်မှတ်ထားတဲ့ Sanction က တခု။ အဲဒါတွေက ကျနော်တို့နဲ့
မဆိုင်ဘူး။ စစ်ဗိုလ်တွေနဲ့ အရေးယူထားသူတွေရဲ့ ကိစ္စ၊ ပြည်သူတွေကို ထိခိုက်တယ်ဆိုရင် ထိခိုက်တဲ့
Sanction တွေဟာ ဘာတွေလဲ၊ ဘယ်လောက်ထိ ခိုက်သလဲဆိုတာ လေ့လာမယ်။ ပြီးရင်တော့
ပြင်သင့် ပြင်မယ်၊ ပြောင်းသင့် ပြောင်းမယ်” ဟု NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က မဇ္ဈိမကို
ပြောသည်။

စီးပွားရေး ဖွံ့ဖြိုးမှု နှောင့်နှေးစေခြင်းသည် အနောက်နိုင်ငံများ အရေးယူပိတ်ဆို့မှုက


အကြောင်းတရပ်အနေဖြင့် ပါဝင်သော်လည်း စီမံခန့်ခွဲမှု အားနည်းခြင်းက
အကြောင်းတရားတခုဖြစ်ကြောင်း စီးပွားရေးပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) က
သုံးသပ်သည်။

“အဓိကတော့ မဟုတ်ပါဘူး။ အကြောင်းတရားတခုအနေနဲ့တော့ ပြောလို့ရတယ်။ နိုင်ငံအဆင့်


စီးပွားရေးစီမံခန့်ခွဲမှုမှာ အတော်လေး အားနည်းတယ်။ Macro Economic Management မှာ
အတော်လေး အားနည်းတယ်။ အပြောင်းအလဲမှာ ဒါလေးများ ဖြစ်လာမလားလို့ ဆရာတို့
မျှော်လင့်တယ်။ Sanctions ရုပ်သိမ်းလိုက်တာနဲ့ နေ့ချင်းညချင်း ပြောင်းလဲသွားမယ်လို့တော့ မယုံကြည်ပါဘူး” ဟု သူက မဇ္ဈိမကို ပြောသည်။

အလုံးစုံ ပိတ်ဆို့အရေးယူမှုထက် ပြည်သူများကို ထိခိုက်မှုနည်းသည့် ပစ်မှတ်ထားပိတ်ဆို့မှု၊ စစ်လက်နက် တင်ပို့ရောင်းချရေး ပိတ်ဆို့မှုကိုသာ ထိရောက်စွာ ဆောင်ရွက်သင့်ကြောင်း
ထိုင်းနိုင်ငံရှိ ဗဟုဖွံ့ဖြိုးမှုအဖွဲ့မှ ဦးအောင်သူငြိမ်းကလည်း ပြောသည်။

ပိတ်ဆို့အရေးယူမှုကို တိုက်ရိုက်လုပ်နေသည်မှာ အနောက်နိုင်ငံများ ဖြစ်သော်လည်း ရင်းနှီးမြှုပ်နှံမှု မလုပ်ချင်အောင် စီးပွားရေးဝန်းကျင် ဖန်တီးနေသည်မှာ စစ်အစိုးရကိုယ်တိုင်


ဖြစ်ကြောင်း မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ဝင်တဦးဖြစ်သူ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ Macquarie တက္ကသိုလ် ဘောဂဗေဒဌာန တွဲဘက်ပါမောက္ခ ရှောင်တန်းနဲလ်
က ပြီးခဲ့သည့် ၂ဝဝ၉ ခုနှစ်ထဲတွင် မဇ္ဈိမနှင့် ဆက်သွယ်မေးမြန်းခန်း တရပ်တွင် သုံးသပ် ပြောဆိုခဲ့ဖူးသည်။

အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယ)ံ ကလည်း မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူမှုများ ဖယ်ရှားရန် အင်ဒိုးနီးရှားနိုင်ငံတွင် ယခုလ ၁၆ ရက်နေ့ ကျင်းပခဲ့သော
အစည်းအဝေး၌ တောင်းဆိုခဲ့သည်။

အလားတူပင် တိုင်းရင်းသားဒေသများ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေသဖြင့် နိုင်ငံတကာက စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုကို ရုပ်သိမ်းပေးရန် ရွေးကောက်ပွဲဝင် ရှမ်း၊ ရခိုင်၊ မွန်၊
ချင်းနှင့် ဖလုံ-စဝေါ် စသည့် တိုင်းရင်းသားပါတီများက ယခုလ ၁၆ ရက်နေ့တွင် ကြေညာချက်ထုတ်ကာ တောင်းဆိုခဲ့သည်။
ရိုးရာဝတ်စုံနှင့် လွှတ်တော်တက်ရန်
မျိုးသန့် | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၁၉ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၅၁ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ အမတ်များ လွှတ်တော်အစည်းအဝေး တက်လျှင် မြန်မာရိုးရာဝတ်စုံ ဝတ်ဆင်ခဲ့ရန် နေပြည်တော် ရွေးကောက်ပွဲကော်မရှင်က မှာထားကြောင်း နိုင်ငံရေး
ပါတီများက ပြောသည်။

အမျိုးသားဖြစ်ပါက တိုက်ပုံ၊ ပုဆိုး၊ မောင့်ကြက်သရေ ခေါင်းပေါင်း၊ အမျိုးသမီးဆိုလျှင် ရင်ဖုံးအင်္ကျီ၊ ချိတ်ထမီနှင့် ပုဝါ ဝတ်ဆင်ရမည်ဟု ရွေးကောက်ပွဲကော်မရှင်က ယခုရက်ပိုင်းတွင်
ပေးပို့နေသည့် လွှတ်တော်စည်းဝေး ဖိတ်စာထဲတွင် ပန်ကြားထားသည်။

“တိုက်ပုံအဖြူနဲ့ ကြိုက်တဲ့ပုဆိုးဝတ် ခေါင်းပေါင်းလဲ ပါရမယ်။


အမျိုးသမီးတွေကလဲ အင်္ကျီ အဖြူနဲ့ ချိတ်နဲ့ အပေါ်က ပဝါနဲ့ပေါ့ဗျာ၊ အဲဒီလို သတ်မှတ်တယ်” ဟု
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်အမတ် ဦးခင်ရွှေက မဇ္ဈိမကို ပြောသည်။ ထို့ပြင်
လုံခြုံရေးအရ မောင့်ကြက်သရေ ခေါင်းပေါင်းထည့်ရန် အိတ် သို့မဟုတ် သေတ္တာကိုလည်း
လွှတ်တော်ထဲ ယူခွင့်မရှိဘဲ စာအုပ်နှင့် ဘောပင်သာ ယူနိုင်သည်ဟု သူက ဆိုသည်။

ထို မြန်မာအမျိုးသား ဝတ်စုံအစစ်များမှာ ၁၉၈၈ အာဏာသိမ်းပြီးနောက်ပိုင်း ကွယ်လွန်သူ


ဦးနေဝင်းနှင့် မင်္ဂလာသတို့သားများသာ ဝတ်လေ့ရှိသည်။

လုံခြုံရေးကို ထိခိုက်စေမည့် အီလက်ထရောနစ် ပစ္စည်းများလည်း ယူမလာရန် ပန်ကြားချက်တွင်


ပါကြောင်း အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ ဗဟိုအလုပ်အမှုဆောင်ဝင်
ဒေါက်တာသန်းဝင်းက ပြောသည်။

“လွှတ်တော် ကိုယ်စားလှယ်များအတွက် ပန်ကြားချက်မှာ လုံခြုံရေးကို ထိခိုက်စေနိုင်တဲ့


လက်ကိုင်ဖုန်းတို့၊ ကင်မရာတို့ အသံဖမ်းစက်တို့ အဲဒါတွေ မယူရဘူး။ ပေါက်ကွဲစေတတ်တဲ့
ပစ္စည်းတွေမယူဖို့ ပန်ကြားထားပါတယ်” ဟု သူက ပြောသည်။
လွတ်လပ်ရေးရပြီးစ ၁၉၄၈ မှ
ဗိုလ်ချုပ်ကြီးနေဝင်း
အာဏာမသိမ်းခင် ၁၉၆၂ အထိ ကျင့်သုံးခဲ့သည့် ပါလီမန်ခေတ်တွင် အမတ်များ လွှတ်တော်တက်လျှင် ပါတီအလိုက်
မောင့်ကြက်သရေ ခေါင်းပေါင်း အရောင်သာ ကွဲပြားပြီး အခြားကန့်သတ်ချက် မရှိကြောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ)
ဥက္ကဋ္ဌ ဦးသုဝေ ပြောဆိုချက်အရ သိရသည်။

“ကိုယ်စားလှယ်တွေဆိုတာ လွှတ်တော်ထဲဝင်တဲ့အခါမှာ တိုက်ပုံအင်္ကျီနဲ့ ခေါင်းပေါင်းပဲ။ ပထစ (ပြည်ထောင်စုပါတီ)


အဝါရောင်၊ ဖဆပလ ဆိုရင် ပန်းရောင်၊ ပမညတ (ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညီညွတ်ရေး တပ်ပေါင်းစု)
အပြာရောင် ဆိုပြီးတော့ ဆောင်းရတာတွေ ရှိတယ်။ ကျန်တာတွေတော့ ကန့်သတ်ချက် မရှိပါဘူး” ဟု သူက ပြောသည်။

ဦးသုဝေက ဆက်ပြီး “ဟိုခေတ်တုန်းက လျှပ်စစ်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေကလည်း သိပ်မထွန်းကားသေးဘူးလေ။


အခုတော့ လျှပ်စစ်ပစ္စည်းတွေ ထွန်းကားလာပြီဆိုတော့ သူတို့ ကြောက်တယ်နဲ့ တူပါတယ်” ဟု ဆိုသည်။

ယခုလ ၃၁ ရက် နေပြည်တော်တွင် ကျင်းပမည့် လွှတ်တော်အစည်းအဝေး တက်မည့် အမတ်များ ၂၇ ရက်


အရောက်သွားပြီး ကော်မရှင်ကို အကြောင်းကြားရမည် ဖြစ်သည်။

၂ဝ၁ဝ ရွေးကောက်ပွဲရလဒ်များအရ လွှတ်တော်သုံးရပ်ပေါင်း အမတ်နေရာ အများဆုံး ရွေးချယ်ခံရသည့် ပါတီမှာ


ကြံ့ခိုင်ရေးပါတီ ဖြစ်သည်။
သားသမီး ၂၀၀ ကျော် အမေ့ခြေရာယူ
ကိုပေါက် | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၁၉ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၃၉ မိနစ်

၂၂၂၂
နယူးဒေလီ (မဇ္ဈိမ) ။ ။ မန္တလေးမြို့တွင် မြန်မာနိုင်ငံ ‘အမေနေ့’ အထိမ်းအမှတ်အဖြစ် မိခင်ခြေရာကို သားသမီးများက ရယူကြရာ လူ ၂၀၀ ကျော်က မိခင်များနှင့်အတူ လာရောက်၍
ခြေရာယူခဲ့ကြောင်း ပွဲစီစဉ်သူများက ပြောသည်။

ယခုလ ၉ ရက်မှစ၍ မန္တလေးမြို့ သကျသီဟ (စကြာသီဟ)ဘုရားဝင်း ဝေဇယန္တာဓမ္မာရုံကြီး၌ မိခင်၏ ခြေဖဝါးကို ကျန်ရစ်မည့် သားသမီးများ ပူဇော်ထားရှိရန် ပိတ်စအဖြူပေါ်တွင်
ခြေဖဝါးရာ ပြုလုပ်ကာ ရယူကြသည်။

“မိဘခြေဖဝါးမှာ ကပ်နေတဲ့ ဖုန်တွေ၊ သဲတွေကို အရင် ပြောင်အောင် ဖယ်ရှားလိုက်ပါတယ်။ ခြေဖဝါးကို ဆီနဲ့ နနွင်းမှုန့်နဲ့ ဖျော်ထားတဲ့ အရည်ကို သုတ်ပါတယ်။ ပြီးတော့မှ ခင်းထားတဲ့
ပိတ်စဖြူပေါ်မှာ ခြေစုံရပ်ပါတယ်။ ခြေရာထင်ရှားအောင် ခြေဖျား၊ ခြေဖဝါး၊ ဖနောင့်တွေကို သေချာဖိပေးတယ်။ ခြေရာပတ်လည်မှာ အမှတ်အသားလေးနဲ့ မှတ်ပါတယ်။ တချို့ကျ
ဘောပင်နဲ့ မှတ်ထားတဲ့နေရာမှာ ပန်းစည်းကြိုးလေးနဲ့၊ ဒါမှမဟုတ် ရွှေချည်ထိုးလေးနဲ့ သပ်ရပ်ကြည်ညိုဖွယ်ဖြစ်အောင် လုပ်လိုက်ပါတယ်။ အဲဒါဆိုရင် မိဘရဲ့ခြေရာကို ပူဇော်လို့ ရသွားပါပြီ”
ဟု အမေနေ့ ဖြစ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌ စာရေးဆရာ တက္ကသိုလ်ဖုန်းမြင့်အောင်က မဇ္ဈိမကို ရှင်းပြသည်။

မန္တလေးအနီး စစ်ကိုင်းမြို့တွင် ရှေးကတည်းက မိဘများ အသက်အရွယ် ရလာသည့်အခါ မိဘခြေရာကို သားသမီးများက တောင်းခံရာမှ ယခုဓလေ့ စတင်ခဲ့သည်ဟု ဆိုသည်။
ဤအကြောင်းကို အမျိုးသားစာပေဆုရ စာရေးဆရာ မင်းသူရိန်က အမေ့ခြေရာနှင့် အခြားဆောင်းပါးများ ဟူ၍ စာအုပ်ထုတ်ဝေခဲ့ဖူးသည်။ အမေ့ခြေရာ အမည်ဖြင့် ရုပ်ရှင်ဇာတ်ကြီးကို
၁၉၉၇ ခုနှစ်တွင် ရိုက်ကူးပြသခဲ့ရာ သရုပ်ဆောင် မင်းသား ဒွေးက အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုနှင့် မင်းသမီးကြီး ဒေါ်ချိုပြုံးက အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုတို့ဖြင့်
အကယ်ဒမီ ဆွတ်ခူးခဲ့သည်။ ယင်းဇာတ်ကားကို ဒါရိုက်တာ ခင်မောင်ဦး၊ စိုးသိမ်းထဋ် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။
ယနေ့ ကျရောက်သည့် ၁၅ နှစ်မြောက် အမေနေ့ အခမ်းအနား ကုန်ကျစရိတ်အတွက် မန္တလေးရှိ KMC ပညာ့ရိပ်သာနှင့် ပုဂ္ဂလိက အလှူရှင်များက ထည့်ဝင်လှူဒါန်းခဲ့ပြီး ဝေဇယန္တာ ဓမ္မာရုံ၌
ကျင်းပသော နေ့လယ်ပိုင်း အခမ်းအနားတွင် လူ ၃ ထောင်ကျော် လာသည်။

“ဝေဇယန္တာ ဓမ္မာရုံကြီးလဲ ပြည့်သွားတယ်။ ဒီဘက် စကြာသီဟရဲ့ တောင်ဘက်အပေါက်ကနေ ဝင်သွားရတယ်။ ရှေ့မှာလဲ စာအုပ်ဆိုင်လေးတွေ ဈေးရောင်းတယ်။ စက်ဘီး၊
ဆိုင်ကယ်တွေကိုလဲ ဘုရားဂေါပက ကနေ အားလုံးကူညီပြီး အခမဲ့ အပ်ပေးတယ်။ အဲဒီဝင်းကြီးထဲလဲ ပြည့်တယ်” ဟု အခမ်းအနား တက်ခဲ့သူ ‘ထွန်းဦး’ စာအုပ်တိုက်ပိုင်ရှင် ဦးထွန်းဦးက
မဇ္ဈိမကို ပြောသည်။

ယခုနှစ်တွင် ရုပ်ရှင်သရုပ်ဆောင်ဟောင်း ဒေါ်ဆွေဇင်ထိုက်က မိခင်ဖြစ်သူ၏ ချစ်ခင်ယုယစွာ ပြုစုပျိုးထောင်ခဲ့ပုံနှင့် ကိုယ်တိုင် မိခင်ဖြစ်လာသည့်အခါ သမီးဖြစ်သူကို စောင့်ရှောက်ပုံများကို
အမေအကြောင်း ခေါင်းစဉ်ဖြင့် လည်းကောင်းနှင့် စာရေးဆရာ ချစ်ဦးညိုက အမေကို ချစ်မြတ်နိုးသည့် ဦးသန့်အကြောင်းကိုလည်းကောင်း ဟောပြောခဲ့ကြသည်။ မနှစ်က ဒါရိုက်တာ
မောင်နေမျိုး၊ အဆိုတော် ရုပ်ရှင်သရုပ်ဆောင် ချိုပြုံးနှင့် ဘိုကလေးတင့်အောင်တို့ လာဟောခဲ့သည်။

ဟောပြောပွဲ အစီအစဉ်အပြင် ရှင်မဟာရဋ္ဌသာရ၊ ဦးသုခ၊ လူထုဒေါ်အမာ၊ မင်းသုဝဏ်၊ ဗန်းမော်တင်အောင်၊ သိန်းဖေမြင့်၊ မြသန်းစံတို့၏ စာများထဲမှ အမေနှင့် ပတ်သက်သည့်
အကြောင်းအရာ ကောက်နုတ်ချက်များကို လက်ကမ်းစာစောင်အဖြစ် ဝေငှခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်း ၃ဝ ကျော်က လုပ်သားပြည်သူ့ နေ့စဉ်သတင်းစာပါ ဆရာကြီး ဦးသုခ၏ ‘ထိုတနေ့’ ဟူသော ဆောင်းပါးကို အကြောင်းပြု၍ ၁၉၉၇ ခုနှစ် (မြန်မာ သက္ကရာဇ် ၁၃၅၈
ခုနှစ် ပြာသိုလပြည့်နေ့) တွင် မြန်မာနိုင်ငံ၏ ပထမဆုံး အမေနေ့ကို ပရိယတ္တိ သာသနာ့ဗိမာန်တွင် ဦးသုခ၊ လူထုဒေါ်အမာစသည့် စာရေးဆရာကြီးများနှင့် စိတ်ပါဝင်စားသူများက
စတင်ကျင်းပခဲ့သည်။

“ပြာသိုလဟာ အအေးမြဆုံးလ၊ ပြာသိုလပြည့်နေ့ဆိုတာ အအေးဆုံးပါပဲ။ ဒီတော့ မိခင်ရဲ့မေတ္တာ အေးမြတာနဲ့ နှိုင်းပြီးတော့ အမေနေ့ဆိုပြီး ဖြစ်ပေါ်လာတာပါပဲ။ မိခင်ကျေးဇူးသိတဲ့
သားသမီးတွေ များလာရင် လူမျိုးချစ်တဲ့ သားသမီးတွေ၊ နိုင်ငံချစ်တဲ့ သားသမီးတွေ များလာနိုင်တာမို့ ကျနော်တို့က အမေနေ့ကို ကျင်းပခြင်း ဖြစ်ပါတယ်” ဟု တက္ကသိုလ် ဖုန်းမြင့်အောင်က
မဇ္ဈိမကို ရှင်းပြသည်။

အမေနေ့ အခမ်းအနားများကို မန္တလေးအပြင် မတ္တရာ၊ စစ်ကိုင်းတိုင်း ကသာ၊ ရွှေဘို၊ မုံရွာ၊ ကန့်ဘလူမြို့နယ် ချပ်သင်း၊ ရှမ်းပြည်နယ် လားရှိုးနှင့် ရန်ကုန် အပါအဝင် ဒေသ ၃ဝ ခန့်တွင်
ကျင်းပခဲ့ကြသည်။

အမေအဖွဲ့အနေဖြင့် အမေနေ့ နှစ်စဉ်ကျင်းပခဲ့ကာ အဖေနေ့ကိုပါ တပေါင်းလပြည့်နေ့တွင် ကျင်းပခဲ့သည်မှာ ၂ ကြိမ် ရှိခဲ့ပြီ ဖြစ်သည်။


ဘဏ္ဍာရေးဒါရိုက်တာကို ဖမ်းပေးရန် NHEC ကြေငြာ
အောင်မြတ်စိုး | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၁၉ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၄၇ မိနစ်

(မဇ္ဈိမ) ။ ။ အမျိုးသားကျန်းမာရေးနှင့် ပညာရေးကော်မတီ(NHEC) ဘဏ္ဍာရေးဌာန ဒါရိုက်တာ စောဒေးဗစ်မြမောင် (ခေါ်) ဒေးဗစ် ဗင်နူရတ်အား အများပြည်သူများ တွေ့ရှိပါက
ဝိုင်းဝန်း ဖမ်းဆီးပေးပါရန် NHEC က မနေ့က တရားဝင် ကြေညာလိုက်သည်။

စောဒေးဗစ်မြမောင်အား ဖမ်းဆီးခွင့်ပြုကြောင်း အောက်တိုဘာ ၂၉ ရက် ရက်စွဲဖြင့် ထိုင်းနိုင်ငံ၊ ချင်းမိုင် ခရိုင်တရားရုံးမှ တရားသူကြီး ခွန်ဖူပရာနီပူလ်ဆမ်တင်ပိတက်ခ်
လက်မှတ်ထိုးထားသည့် ဝရမ်းနှင့်အတူ NHEC က ကြေငြာခဲ့ခြင်း ဖြစ်သည်။

ဘဏ္ဍာရေးဌာန ဒါရိုက်တာအဖြစ် ၆နှစ် လုပ်ကိုင်စဉ်


စောဒေးဗစ်မြမောင်သည် ထိုင်းဘတ်ငွေ (၃)သန်း လိမ်လည်ခဲ့ကြောင်း NHEC အဖွဲ့ ကော်မတီဝင် ၁၁
ဦး ကိုယ်စား လက်ထောက်ဒါရိုက်တာ ဦးညိုမင်းက ချင်းမိုင် တရားရုံးသို့ တင်ပြတိုင်တန်းသဖြင့်
တရားရုံးက ဖမ်းဝရမ်း ထုတ်ထားသည်။

ဖမ်းဆီးဝရမ်းတွင် ‘ရုံးတော်သို့ တိုင်တန်းထားသော ငွေကြေးလိမ်လည်မှုတွင် စောဒေးဗစ်မြမောင်သည်


ရုံးတော်၏ ဆင့်ခေါ်ယူမှုကို ပျက်ကွက်သဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား
ဖမ်းဆီးခွင့်ပြုလိုက်သည်’ ဟု ဖော်ပြပါရှိသည်။

NHEC ၏ ထုတ်ပြန်ချက်တွင် အကူအညီ တောင်းစာနှင့်အတူ ထိုင်းဘာသာဖြင့် ဖမ်းဝရမ်း၊


ထိုင်းဘာသာမှ အင်္ဂလိပ်ဘာသာပြန်ထားသော ဖမ်းဝရမ်းတို့နှင့်အတူ စောဒေးဗစ်မြမောင်၏
ဓါတ်ပုံလည်းပါရှိသည်။

နော်ဝေနှင့် ဒိန်းမတ်နိုင်ငံများရှိ Norwegian Burma Committee (NBC) နှင့် Denmark Burma


Council (DBC) တို့က NHEC ၏ ပညာရေးနှင့်ကျန်းမာရေး လုပ်ငန်းများအတွက် ထောက်ပံ့ထားသည့်
ငွေများကို စောဒေးဗစ်မြမောင်က အလွဲသုံးစား လုပ်ခဲ့သည်ဟု NHEC ၏ ထုတ်ပြန်ချက်တွင်
ရေးသားထားသည်။
(၂)
“ကျနော်တို့ မနှစ်က ဇန်နဝါရီလမှာ ငွေစာရင်း စစ်ကြည့်တော့ ငွေတွေ ကွာနေတာတွေ့တာနဲ့ သူ့ကို လာရှင်းဖို့ ခေါ်တယ်။ သူကလစာမဲ့ခွင့် တလတောင်းတယ်၊ ကျနော်တို့က မပေးဘူး။
ခင်ဗျားဒါကို အရင်လာရှင်းပါလို့ ပြောခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်း ဖုန်းမကိုင်တော့ဘူး” ဟု ဦးညိုမင်းမှ မဇ္ဈိမကို ပြောသည်။ ထိုရက်သည် ၂ဝ၁ဝခုနှစ် ဇန်နဝါရီလ (၃၁)ရက် ဖြစ်ကြောင်း
သူကဆိုသည်။

စောဒေးဗစ်မြမောင်သည် အဖွဲ့အစည်းက ငွေစာရင်းရှင်းရန်မခေါ်မီ ၂ဝဝ၉ခုနှစ် ဒီဇင်ဘာလ ၂၃ရက် တရက်တည်း၌ NHEC ပိုင်ငွေထဲမှ ထိုင်းဘတ်ငွေ ၁ သန်းကို ၎င်းကိုယ်ပိုင် Krung
Thai Bank ဘဏ်အကောင့်သို့ လွှဲယူကာ ကျန်ငွေများကိုလည်း ငွေစာရင်းမှ ငွေသား သက်သက် ထုတ်ယူသွားကြောင်း ကြေငြာချက်တွင် ဖော်ပြထားသည်။

ထိုင်းတရားရုံး၏ နောက်ကွယ်စီရင်ချက်အရ စောဒေးဗစ်မြမောင်သည် NHEC သို့ထိုင်းဘတ်ငွေ (၁.၅၅)သန်း ပေးရမည်ဖြစ်သည်။ အဆိုပါ ငွေသည် NBC အမှု အတွက်သာ ဖြစ်သေးပြီး၊
DBC သို့ ပေးလျှော်ရမည့် ပမာဏကို တရားရုံးမှ မစီရင်ရသေးကြောင်း၊ တရားစီရင်မှုမှာ မပြီးသေးကြောင်း ဦးညိုမင်းက ပြောသည်။

သို့သော် ထိုင်းတရားရုံး၏ ခွင့်ပြုချက်အရ သူလက်ရှိကိုင်ဆောင်ထားသော ငွေစာရင်းကို စစ်ဆေးကြည့်ရာ ထိုင်းဘတ်ငွေ (၁ဝ၄,၁၂၄) ဘတ်သာ ကျန်ရှိကြောင်း NHEC ထုတ်ပြန်ချက်တွင်
ပါရှိသည်။

“ကျနော်တို့ ကျန်းမာရေး၊ ပညာရေးနဲ့ဆိုင်တဲ့ အိုင်ဒီပီ (Internal Displacement Persons - ပြည်တွင်း ရွာပုံးရွာရှောင်များ) တွေကို ပေးရမယ့် လုပ်ငန်းတွေ အကုန်ရပ်ကုန်တယ်။ ဒိုနာ
(အလှူရှင်အဖွဲ့အစည်း) တွေကလည်း ငွေဆက်မပေးတော့ဘူးလေ” ဟု ဦးညိုမင်းက ပြောသည်။

ယခုဖြစ်ရပ်ကြောင့် အလှူရှင်အဖွဲ့အစည်းများက NHEC အဖွဲ့ဝင်များ ပူးပေါင်းအလွဲသုံးစားလုပ်သည် ဟု သံသယဖြစ်ခဲ့သေးကြောင်းနှင့် ယနေ့အချိန်တွင်မူ ငွေအလွဲသုံးစားလုပ်ခြင်းမှာ


စောဒေးဗစ်မြမောင် တဦးတည်းဖြစ်သည်ဟု အလှူရှင်များ ယုံကြည်သွားကြပြီ ဖြစ်ကြောင်း NHEC နှင့် နီးစပ်သည့် သတင်းပေးတဦးက မဇ္ဈိမသို့ ပြောသည်။ သို့သော် NHEC အတွက်
အလှူငွေများ ပြန်လည်ရရှိနိုင်မှုမှာ မရေရာဆဲပင်ဖြစ်သည်။

ယခုတရားစွဲဆို တိုင်တန်းမှုအတွက် NBC နှင့် DBC တို့မှ ငွေကြေးအကုန်အကျခံခဲ့ကြောင်း ဦးညိုမင်းက ပြောသည်။


ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၁-၂၂) တို့တွင် မဟောင်ဆောင်ခရိုင်၊ ဆော့မိုင်ဒေသ၊ မယ့်စ(ံ ပ)လက်၊ ရွာအမှတ(် ၁) အမှတ် ၁၃၅ ရှိ စောဒေးဗစ်မြမောင်နေအိမ်သို့ NHEC
ကိုယ်စားလှယ်ရှေ့နေနှင့်အတူ ဒေသရဲစခန်းက သွားရောက်ရှာဖွေရာ ထွက်ပြေး တိမ်းရှောင်နေပြီး၊ ထိုင်းမြန်မာနယ်စပ်တလျှောက် သွားလာနေပုံရသည်ဟု ကျေးရွာသူကြီးပြောကြောင်း
NHEC ကြေငြာချက်တွင် ဖော်ပြထားသည်။

အမျိုးသား ပညာရေးနှင့် ကျန်းမာရေး ကော်မတီ (NHEC) သည် မြန်မာပြည်သားများ၏ ကျန်းမာရေး၊ ပညာရေးစီမံကိန်းများကို လွန်ခဲ့သည့် (၁၅)နှစ်ကျော် ကာလကတည်းက
လုပ်ဆောင်လာခဲ့သည့် အဖွဲ့အစည်းတခုဖြစ်သည်။
ရွေးကောက်ပွဲခုံရုံး စတော့မည်
ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၁၉ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၄၂ မိနစ်

ချင်းမိုင်(မဇ္စျိမ) ။ ။ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီ အမတ်လောင်းများက ပြည်ထောင်စု ကော်မရှင်ရုံးသို့ ကန့်ကွက်စာတင်မှုများကို ရက်ပိုင်းအတွင်း နေပြည်တော် ကော်မရှင်ခုံရုံးတွင်
စစ်ဆေးတော့မည် ဖြစ်သည်။

ကချင်ပြည် ဖားကန့်မြို့နယ် အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကြံ့ဖွံ့ပါတီမှ ဦးအုန်းမြင့်ကို ပြိုင်ဘက် NDF အမတ်လောင်း ဒေါ်ဘောက်ဂျာက မဲမသမာမှုများဖြင့် ယခုလ ၇ ရက်က
ကန့်ကွက်စာ တင်ခဲ့သည်ကို လာမည့် ၂၆ ရက် ပြည်ထောင်စု ကော်မရှင် ခုံရုံးအဖွဲ့ ၁၅ တွင် ရက်ချိန်းပေးထားသည်။

“နေပြည်တော်မှာ ဦးအုန်းမြင့်ကိုယ်တိုင် ချိန်းလိုက်တယ်ပေါ့။ အဲဒီနေ့ အကုန်စုံကြမယ်။ ဖက်စ်နဲ့ ဦးအုန်းမြင့် ကိုယ်တိုင် ချိန်းတယ်ဆိုတာကို ကော်မရှင်က ရှေ့နေဆီ
အကြောင်းကြားလာပါတယ်”ဟု NDF အမတ်လောင်း ဒေါ်ဘောက်ဂျာက ပြောသည်။

ကြံ့ဖွံ့ပါတီက မဲရုံအတွင်းသို့ မဲလက်မှတ်များကို ကြိုတင် ယူလာခြင်း၊ ကိုက် ၅ဝ အတွင်း ကြံ့ဖွံပါတီ ဝတ်စုံဝတ်ဆင်၍ မဲဆွယ်စည်းရုံးနေပုံ၊ သူတို့ကိုယ်တိုင် အမှန်ခြစ်ပေးခြင်း၊ ကုမ္ပဏီ
ဝန်ထမ်းများ ယင်းတို့ပါတီအတွင်း အမှန်ခြစ်ရန် ဆိုသည့် မဲဆွယ် စာရွက်စာတမ်းနှင့် ဓာတ်ပုံများ၊ မဲရုံနှင့် ကပ်လျက်တွင် ကြံ့ဖွံ့ ပိုစတာများ ထောင်ထားသည့် ဓာတ်ပုံ သက်သေများကိုပါ
ထည့်သွင်းထားသည်ဟု ဆိုသည်။

NDF ပါတီမှ ရန်ကုန်တိုင်း အမျိုးသားလွှတ်တော် အမှတ် ၄ မဲဆန္ဒနယ်တွင် အနိုင်ရသူ ဒေါက်တာ မြတ်ဉာဏစိုးကိုမူ ကြံ့ဖွံ့ ကိုယ်စားလှယ်လောင်း စာရေးဆရာ တက္ကသိုလ် မြတ်သူက
ကန့်ကွက်စာ တင်ခဲ့သည်။

ရွေးကောက်ပွဲ ဥပဒေတွင် အမှု ကြားနာမည့် ၎ ရက်မတိုင်မီ ထုချေပိုင်ခွင့်ရှိပြီး ဒေါက်တာ မြတ်ဉာဏစိုးက ကြံ့ဖွံ့ပါတီကို ပုတ်ခတ်၍ မဲဆွယ်စည်းရုံးခြင်း၊ မြို့နယ်အချို့တွင် ကြိုတင်မဲ
မပေးနိုင်ရန် ဟန့်တားခြင်း၊ သူနှင့် NDF ပါတီကို လိုလားသူ မဲရုံမှူးများက မဲမသမာမှု ပြုလုပ်ခြင်းနှင့် အချို့ မဲရုံများတွင် မဲပုံးထားရှိမှု မှားယွင်းသည် ဟူသည့် စွပ်စွဲချက်များ
မှားယွင်းနေသည်ဟု ဆိုသည်။

“ကျနော် ကျူးလွန်ခြင်း မရှိဘူးဆိုတာ အားလုံးသိပါတယ်။ သူတို့ဘက်က စွပ်စွဲချက်တွေက ခိုင်လုံခြင်း မရှိတဲ့အတွက် ခိုင်မာအောင် သက်သေပြရမှာပါ။ ကျနော်တို့က မဟုတ်တာ
မမှန်တာ ပြုကျင့်ထားခဲ့ရင်တော့ ကျနော့်အနေနဲ့ စိုးရိမ်တုန်လှုပ်မှု ရှိရမှာပေါ့နော်။ အခု စွတ်စွဲထားတဲ့အချက်တွေ အကုန်လုံးက တရားမဲ့ ပြုကျင့်မှု မမြောက်ဘူး။ ဒါကြောင့်
ခုခံချေပသွားမှာပါ”ဟု အမတ် ဒေါက်တာ မြတ်ဉာဏစိုး က ပြောသည်။

ထိုကန့်ကွက်စာကို မနက်ဖြန်တွင် ပြန်လည် ထုချေသည့် စာတင်ပြီး လာမည့် ၂၆ ရက် ခုံရုံး ၂၈ တွင် တရားပြိုင်များဘက်မှ တင်သည့် ထုချေစာနှင့် စွပ်စွဲထားချက်များကို ကြားနာ
စစ်ဆေးမည်ဟု သိရသည်။

ယင်းတို့၏ အမှုများကို မန္တလေးတိုင်း ရှေ့နေ ဦးမြင့်သွင်က လိုက်ပါ ဆောင်ရွက်ပေးနေသည်။ NDF ပါတီက အမတ်လောင်း ၁၆၃ ဦး ဝင်ပြိုင်ခဲ့ရာ ၁၆ ဦး
ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။

အလားတူ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှ ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သူ ကြံ့ဖွံ့ကိုယ်စားလှယ် ဦးသိန်းမောင်က ပြိုင်ဘက် ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ RNDP အနိုင်ရ အမတ်
ဦးလှမောင်သိန်းကို မဲလိမ်လည်မှုဖြင့် ကော်မရှင်ရုံးသို့ ကန့်ကွက်ခဲ့ရာ ယခုလ ၁၇ ရက်က ပြန်လည် ထုချေစာတင်ခဲ့ကြောင်း ရသေ့တောင်မြို့နယ် အမတ် ဦးခင်မောင်လတ်က ပြောသည်။

သူတို့အမှုကိုလည်း လာမည့် ၂ဝ ရက်တွင် ကြားနာမည် ဖြစ်သည်။

NDF ၂ မှု၊ RNDP က ၉ မှု၊ ရှမ်း SNDP ၇ မှု၊ ဒီမိုကရက်တစ်ပါတီ ၃ မှု၊ တစည ၃ မှုနှင့် အခြားပါတီအချို့ အပါအဝင် နေပြည်တော် ပြည်ထောင်စု ကော်မရှင်ရုံးတွင် ရွေးကောက်ပွဲ
မဲမသမာမှု အနည်းဆုံး ၂၈ မှုခန့် ရှိသည်ဟု သိရသည်။

ရွေးကောက်ပွဲအပြီး ရက် ၆ဝ အတွင်း ကျပ်ငွေ ၁ဝ သိန်းတင်ကာ ကော်မရှင်သို့ ကန့်ကွက်စာ တင်နိုင်သော်လည်း အချို့ နိုင်ငံရေးပါတီများ ငွေမတတ်နိုင်သဖြင့် ရွေးကောက်ပွဲပြီး ၁၅
ရက်အတွင်း သက်ဆိုင်ရာ ရဲစခန်းများသို့ တိုင်ကြားခဲ့သည်။

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်င)ံ တို့က အမှုပေါင်း ၂၈ မှု တိုင်ကြားခဲ့ရာ ပြည်ထဲရေးဝန်ကြီးထံ
တင်ထားသည်ဆိုကာ ယနေ့ထိ တမှုမှ စစ်မပေးသေးကြောင်း ဥက္ကဋ္ဌ ဦးအေးလွင်က ပြောသည်။

“အမှန်တကယ်က သူတို့ ဥပဒေအတိုင်းဆိုရင် ခုချိန်ဆို တော်တော်ခရီးရောက်ဖို့ ကောင်းနေပြီ။ သူတို့က သေချာမလုပ်ပါဘူး။ ဥပဒေက သူတို့ဘက် ထိမဲ့ဟာဆို စာအုပ်ထဲမှာဘဲ
ထားလိုက်တယ်လေ။ ဥပဒေကို မလိုက်နာပါဘူး”သူက ပြောသည်။
စားသုံးသူ အခွင့်အရေးအတွက် အတ္တဥခွံထဲမှ ရုန်းထွက်ပါ
မြတ်စိုး | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၁၉ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၀၇ မိနစ်

(၁)

၂ဝ၁ဝ နှစ်ကုန်ပိုင်းတွင်လည်း ပြည်ပသို့ တင်ပို့သည့် မြန်မာ့ဆန် အရည်အသွေး ကျဆင်းလာသဖြင့် အာဖရိကတိုက်နှင့် အရှေ့အလယ်ပိုင်း နိုင်ငံများသို့ တင်ပို့သည့် ဆန်များ မကြာခဏ
ပြန်ပို့ခံရခြင်းများ၊ မြန်မာဆန်များ တင်လာသည့် သင်္ဘောများ ကမ်းဆိုက်ခွင့် မပြုခြင်းများ ခံခဲ့ရကြောင်း ဆန်ကုန်သည် အသိုင်းအဝိုင်းထံမှ သိရသည်။

“သင်္ဘောတင်တဲ့အခါ ကွန်တိန်နာနဲ့ ပိတ်ပြီး တင်တာဖြစ်လို့ ဟိုရောက်ရင် ဆန်အရောင်အဆင်းက ပျက်တာတို့၊ အောက်စော်နံတာတို့ ဖြစ်ရတယ်။ ဒါက ဘာလို့လဲဆိုတော့ အစိုဓာတ်က
သတ်မှတ်ထားတဲ့စံနှုန်း မပြည့်လို့ ဖြစ်ရတာ" ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းမှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တဦးက မြန်မာတိုင်း(မ်) ဂျာနယ်ကို ပြောဆိုခဲ့သည်။

မြန်မာပြည်က အဓိကတင်ပို့နေသော အာဖရိကလို နိုင်ငံကပင် အရည်အသွေး ထိန်းသိမ်းခြင်းကို ဦးစားပေးနေပြီး၊ ISO အသိအမှတ်ပြု စက်များဖြင့် ကြိတ်ခွဲထုတ်လုပ်ပါမှ
လက်ခံမည်ဟုပင် ပြောဆိုနေပါပြီ။

ထို့အတူ မြန်မာနိုင်ငံမှ ပြည်ပသို့ တင်ပို့ရောင်းချခဲ့သော ပို့ကုန်များနှင့် ပတ်သက်ပြီး ၂ဝဝ၉ ခုနှစ်တွင် ဂါနာနိုင်ငံသို့ တင်ပို့ခဲ့သည့် ဧည့်မထဆန် အိတ် ၁၅,ဝဝဝ ကို
အရည်အသွေးမမီဟုဆိုကာ အဆိုပါနိုင်ငံမှ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့က ပြန်လည်ပို့ဆောင်ရန် ညွှန်ကြားခဲ့သည်။

ဆန်ပိုး ပါရှိခြင်း၊ အနံ့အသက် မကောင်းခြင်းနှင့် အရောင်ပြောင်းနေခြင်းတို့ကြောင့်ဟု ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့ ဂါနာသတင်းစာတစောင်က ရေးသားဖော်ပြခဲ့ဖူးသည်။
(၂)

၂ဝဝ၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံ ရန်ကုန်မြို့ ရွှေဂုံတိုင် အထူးကုဆေးခန်း SSC ၌ ဆေးကုသရာမှ သေဆုံးခဲ့ရသော မခိုင်ရွှန်းလဲ့ရည်နှင့် ပတ်သက်သည့် ပြည်တွင်းပြည်ပ
ကျန်းမာရေး ဝန်ထမ်းများ၊ အသိပညာရှင်များနှင့် ဆေးပညာရှင်များအကြား အပြန်အလှန် ဆွေးနွေးမှုများကို အင်တာနက်စာမျက်နှာများမှာ ထူးခြားစွာ တွေ့ရှိလာခဲ့သည်။

ဤဖြစ်ရပ်သည် ဆေးပညာကျင့်ဝတ်ဟု ခေါ်သည့် ကျန်းမာရေး လုပ်ငန်းဆိုင်ရာ လူ့ကျင့်ဝတ် အလေ့အကျင့်နှင့် ပတ်သက်နေသဖြင့် ပညာရှင်များအကြား အချေအတင် အပြန်အလှန်
ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုများအဖြစ် ဖြစ်လာခဲ့ရသည်။ ထို့အတူ သူတို့၏ ထင်မြင်ယူဆချက်များကို ပြည်သူများကို အသိပညာပေးနေမှုသည် မှန်ကန်သော လုပ်ရပ်တခုဖြစ်သည်ဟု
ထင်သည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အမှုအတွက် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများက အကျယ်တဝင့် ဖော်ပြခဲ့ကြ၍လည်း အသက် ၆ဝ ဝန်းကျင်ရှိ ခွဲစိတ်အထူးကုဆရာဝန်
ဦးကြည်စိုးကို ဆေးကောင်စီက ဆေးကုသခွင့်လိုင်စင် ၅ နှစ် ပိတ်ပင်လိုက်ရကြောင်းပါ သိရသည်။

ဤပြဿနာသည် စားသုံးသူအခွင့်အရေးကို အခြေခံသည့် ပြဿနာတရပ် ဖြစ်သောကြောင့် အဖြေရှာကြရာမှာ တရားမျှတသော တရားဥပဒေတရပ်ပေါ် အခြေခံပြီး မှန်ကန်စွာ ကျင့်သုံးရန်
လိုအပ်သည်။ ယခုလို တရားဥပဒေများသည် ကျန်းမာရေးနှင့် ဆေးပညာရပ်နှင့်ဆိုင်သော လုပ်ထုံးလုပ်နည်းများတွင်သာမက ပြည်သူတရပ်လုံး၏ စားသုံးသူအခွင့်အရေးကိုပါ
အကာအကွယ်ပေးသော ပုံစံမျိုး ဖြစ်သင့်သည်။ ယခုပြဿနာများကို အဖြေရှာရာမှာ မည်သည်က မှန်သလဲ၊ မည်ကဲ့သို့ ဖြစ်သင့်သလဲ - ဆိုသည်ကိုသာ စဉ်းစားပါ။ ဘယ်သူက မှန်သည်
ဆိုခြင်းမျိုးကို အလေးမပေးဘဲ အဖြေရှာသင့်ကြောင်း မြင်မိသည်။

ဆေးပညာပိုင်းဆိုင်ရာ မှားယွင်းသော ကုသမှု အလေ့အကျင့်ဖြစ်ရပ်သည် နိုင်ငံတိုင်း ကြုံဖူးသည့် ကိစ္စရပ် ဖြစ်သည်။ အမေရိကန်ဆို ဤဖြစ်စဉ်နှင့် ပတ်သက်ပြီး အမှုထောင်သောင်းများစွာ
ရှိလာခဲ့သဖြင့် လွှတ်တော်အတွင်းမှာပင် အချေအတင် ဆွေးနွေးမှုများ ရှိခဲ့သည်မှာ ဆယ်စုနှစ်များစွာ ရှိနေခဲ့ပါပြီ။ ဘာဖြစ်လို့လဲဆိုလျှင် ကျန်းမာရေး ဝန်ထမ်းနှင့် ဆေးပညာရှင်များသည်
သူတို့၏ ဆေးကုသခွင့်များ ဆုံးရှုံးမည်စိုးသဖြင့် လူနာကို မကုသမီ ခေတ်မီနည်းပညာပေါင်းစုံဖြင့် စမ်းသပ်ရန် ညွှန်ကြားမှုများ ပေးခဲ့သောကြောင့် အစိုးရကော၊ အာမခံကုမ္ပဏီများ၊
လူနာများအတွက်ပါ ကုန်ကျမှုစရိတ်များ ပိုမိုများပြားလာစေခဲ့သဖြင့် ဖြစ်သည်။ ထို့ကြောင့် ကျန်းမာရေး ဝန်ထမ်းနှင့် ဆေးပညာရှင်များမှာလည်း သူတို့မှာ ရှိသင့်သော အခွင့်အရေးများကို
ပြန်လည်စဉ်းစားပေးသင့်ကြောင်း အမေရိကန် လွှတ်တော်အမတ်များအကြား အချေအတင် ဆွေးနွေးခဲ့ပြီး ဥပဒေပြင်ဆင်မှု၊ ဖြည့်စွက်မှုနှင့် ဥပဒေသစ်များကို
ရေးဆွဲထုတ်ပြန်ကြေညာခဲ့သည်။

ဤနေရာတွင် ခေတ်မီနည်းပညာနှင့် အဆင့်မီ စမ်းသပ်နိုင်သော ဆေးဘက်ဆိုင်ရာ ကိရိယာတန်ဆာပလာများ ပြည့်ဝမှုလည်း မရှိ၊ ယင်းပစ္စည်းကိရိယာများ မသုံးစွဲနိုင်၊ မတက်နိုင်သော
ဆင်းရဲသည့် နိုင်ငံများ၊ တိုးတက်ဖွံ့ဖြိုးမှု မရှိသည့် နိုင်ငံများသည် ကျန်းမာရေး ဝန်ထမ်းများနှင့် ဆေးပညာရှင်များကို တရားမျှတစွာ မည်ကဲ့သို့ အကာအကွယ်ပေးမှုများ
ပေးသင့်ပါသလဲဆိုသော မေးခွန်းထုတ်စရာ၊ စဉ်းစားမှုများ ရှိလာသည်။

ကျန်းမာရေး ဝန်ထမ်းများနှင့် ဆေးပညာရှင်များလည်း ပုထုဇဉ်များ ဖြစ်သောကြောင့် အမှားနှင့် ကင်းဝေးနိုင်ကြမည်တော့ မဟုတ်ပါ။

အခြားတဖက်မှာလည်း လူနာကို လက်မခံရဲခြင်း၊ ကုသမှု နှောင့်နှေးခြင်း၊ ဆရာဝန်ကောင်းများ ဆုံးရှုံးခြင်း အကျိုးဆက်များ ပြန်လည်သက်ရောက်ကြပါလိမ့်မည်။ အမှန်မှာ
ယခုလိုအမှုများသည် စားသုံးသူအခွင့်အရေးကို တရားမျှတစွာ အကာအကွယ်ပေးရန် တောင်းဆိုတိုက်ပွဲဝင်သည့် ဖြစ်ရပ်များ ဖြစ်သကဲ့သို့၊ အချေအတင် အပြန်အလှန် ပွင့်လင်းစွာ
ဆွေးနွေးမှုများဖြင့်သာ အဖြေရှာသင့်သည်။
(၃)

စားသုံးသူအခွင့်အရေးနှင့် ပတ်သက်သော အမှုများ၊ ဖြစ်စဉ်များသည် ကျန်းမာရေးဆိုင်ရာ နယ်ပယ်မှာသာမက မြန်မာနိုင်ငံရှိ လုပ်ငန်းပိုင်းဆိုင်ရာ အတော်များများတွင် ရှိနေပါသည်။
အခြားနိုင်ငံများမှာလည်း စားသုံးသူ အခွင့်အရေးနှင့် ပတ်သက်ပြီး ပြဿနာများ ရှိနေကြတာပဲ ဖြစ်သည်။

ပြီးခဲ့သည့် နှစ်ထဲတွင် တရုတ်နိုင်ငံ၌ နို့မှုန့်၊ နို့ထွက်စားသုံးကုန်များကို အဆိပ်သင့်စေသော ဓာတုဗေဒပစ္စည်းများနှင့် ရောစပ်ခဲ့မှုများ၊ အသက်အန္တရာယ် ထိခိုက်စေသော ကလေးကစားစရာ
အရုပ်များ ရောင်းချခဲ့မှုများသည် အိမ်နီးချင်း မြန်မာနိုင်ငံ အပါအဝင် အခြားတင်ပို့ရောင်းချခဲ့သော နိုင်ငံများရှိ စားသုံးသူများကိုပါ ထိခိုက်နစ်နာစေခဲ့သည်။

ရုရှားနိုင်ငံ၌ ဈေးနှုန်းချိုသာပြီး အရည်အသွေးနည်းသော ဗောကာအရက်များ သောက်သုံးနေမှုများကြောင့် ရုရှား အမျိုးသားများသည် အသက် ၅ဝ ကျော်တွင် လူသေမှုနှုန်း
မြင့်မားလာနေခြင်း၊ ရုရှားနိုင်ငံ၌ အရက်စွဲကပ်သူ ဦးရေ ၃ သန်းနီပါး ရှိလာသဖြင့် လုပ်ငန်းခွင်ဆိုင်ရာနှင့် လူမှုရေး ပြဿနာများ များပြားလာနေခြင်းကို ရုရှား ကျန်းမာရေးဝန်ကြီးနှင့်
ရုရှားခေါင်းဆောင်များကိုယ်တိုင် ထုတ်ဖော်ပြောဆိုခြင်း၊ အရေးယူလာခြင်း ပြုလုပ်လာရသည်။ အလားတူ ပြဿနာများသည် နိုင်ငံအများအပြား၌ ရှိနေသည်။

ပြီးခဲ့သည့် နှစ်ထဲတွင်ပင် မြန်မာ့ရိုးရာအစားအစာ လက်ဖက်တွင် ဆိုးဆေးများ သုံးစွဲခဲ့မှု၊ နိုင်ငံခြား အရက်ပုလင်းများတွင် အရည်အသွေးညံ့သော၊ လူကို ဥပါဒ်ဖြစ်စေသော
ပြည်တွင်းအရက်များ ရောထည့်ကာ ရောင်းချနေမှု၊ အလေးချိန် မြင့်စေရန်အတွက် ပြည်ပတင်ပို့နေသော ငါးပါးစပ်များတွင် ခဲသီးများ ထည့်သွင်းမှု၊ ပုဇွန်များကို မဲနယ်များ သုံးပြီး
အရောင်တင်မှု၊ လက်ဖက်ခြောက်များတွင် သစ်ကိုင်းခြောက်များ ရောနှောမှု၊ ကလေး ကစားစရာများ၊ လူသုံးကုန်ပစ္စည်းများတွင် အဆိပ်သင့်စေနိုင်သည့် အမှုန့်များ ရောစပ်မှု
ပြဿနာများအပြင် ဆန်အိတ်များ အလေးချိန်ပြည့်ဝမှုမရှိ စသည့် ဖြစ်ရပ်များ၊ ကြပ်ပြေးနေပြည်တော် တည်ဆေက်ရေးမှာ တာဝန်ထမ်းဆောင်ခဲ့ကြသော စက်မှုအတတ်ပညာရှင်
အင်ဂျင်နီယာများနှင့် ဝန်ထမ်းများ ရုတ်တရက် သေဆုံးမှု များပြားလာသည့် ဖြစ်ရပ်များ မီဒီယာများတွင် အတော်များများ ဖတ်ရှုခဲ့ရပါသည်။

ယခုလို မသမာမှုများကြောင့် မြန်မာပြည် နေရာအနှံ့အပြားတွင် စားသုံးသူများ အသက်ဆုံးရှုံးမှုများ၊ ကျန်းမာရေး ထိခိုက်မှုများ နေ့တိုင်း ရင်ဆိုင်ကြုံတွေ့နေရသည်။
ဤဆုံးရှုံးနစ်နာနေမှုများကို အချို့ ဒီမိုကရေစီစနစ် ကျင့်သုံးသော နိုင်ငံများ၌ ဖော်ထုတ်အရေးယူနိုင်ခဲ့သော်လည်း လာဘ်ပေး လာဘ်ယူ အကျင့်ပျက်မှုများ ရှိနေသည့်
အုပ်ချုပ်ရေးစနစ်အောက်၊ အာဏာအလွှဲသုံးစားလုပ်သော အာဏာရှင်အောက်၊ ဆင်းရဲမွဲတေသော နိုင်ငံများ၊ လူဦးရေ များပြားသော တိုင်းပြည်များ၌ စားသုံးသူများ၏ အခွင့်အရေးများကို
မည်သို့မျှ အကာအကွယ် ပေးနိုင်ကြမည် မဟုတ်ပါ။

အထူးသဖြင့် မြန်မာနိုင်ငံ၌ ဆင်းရဲမွဲတေနေသကဲ့သို့၊ ”ကိုယ့်အိမ်နံဘေးတွင် မီးလောင်သော ကိစ္စသည် မိမိနှင့် မဆိုင်” ဟူ၍ အတ္တဥခွံ ကျဉ်းကျဉ်းလေးထဲတွင် နှစ်ရှည်လများ
ခေါက်ရိုးကျိုးကာ နေထိုင်ခဲ့ကြသော တာဝန်မဲ့ အချို့နိုင်ငံသားများနှင့် အတ္တဒိဋ္ဌိလူသားဟု ခေါ်နိုင်လောက်သော ကိုယ်ကျိုးသက်သက်ကြည့် စီးပွားရေး လုပ်ငန်းရှင် အချို့ကမူ
စားသုံးသူများ နေ့စဉ် ကြုံတွေ့ရင်ဆိုင်နေရသော ဆုံးရှုံးနစ်နာမှုများသည် ''တို့နှင့်မဆိုင'် ' ဟု ပြောဆိုကောင်း ပြောဆိုကြပါလိမ့်မည်။

၎င်းတို့အနေနှင့် လူ့အဖွဲ့အစည်းအတွင်း စားသုံးသူအခွင့်အရေး တောင်းဆိုလှုပ်ရှားမှုက ပြည်သူအတွက် မည်သည့် အကျိုးဖြစ်ထွန်းမှု ဖြစ်စေမလဲဟူသော မေးခွန်းမျိုး ထုတ်စရာ
ရှိပေလိမ့်မည်။ ပြည်သူအတွက် တိုက်ရိုက်အကျိုးဖြစ်စေမည်က -

(၁) ထိခိုက်ဆုံးရှုံးနစ်နာမှုများ နည်းပါးလာစေမည်။ (Reduce Risks and Improve Safety Standards)


(၂) စားသုံးကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု အရည်အသွေး မြင့်မားလာစေမည်။ (Improve Quality Controls in Process and Products)
(၃) အရည်အသွေး ကောင်းမွန်သော ထုတ်ကုန်ကြောင့် ပို့ကုန်ပမာဏ တိုးတက်လာစေမည်။ (Improve in Productivity and G.D.P)
(၄) အလုပ်အကိုင်သစ်များ ဖန်တီးပေးနိုင်သည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများ ဖန်တီးပေးနိုင်သည်။ (Create Employment Opportunities and Economic Developments)
(၅) အရည်အသွေး ကောင်းမွန်သော ထုတ်ကုန်ကြောင့် လူနေမှုဘဝ မြင့်မားလာစေမည်။ တနည်းအားဖြင့် လူ့ဂုဏ်သိက္ခာ မြင့်မားလာစေမည်။ (Improve Quality of Life or Life Style)

ဤသို့သော ခက်ခဲနက်နဲသည့် ရေရှည်ပြဿနာကြီးကို မှန်ကန်စွာ ဖြေရှင်းရန်အတွက်မူ ထင်သာမြင်သာရှိပြီး တရားမျှတသော တရားဥပဒေ ရှိရမည်ဖြစ်ကာ၊ မှန်ကန်သော
တရားစီရင်မှုလည်း ရှိရမည် ဖြစ်သည်။ ထိုကဲ့သို့ပင် အစိုးရအဖွဲ့မဟုတ်သော လူမှုရေးအဖွဲ့အစည်းများ ဦးဆောင်မှု အခန်းကဏ္ဍကလည်း အလွန်အရေးကြီးသဖြင့် သတင်းများကို
ရှာဖွေဖော်ထုတ်ပြီး လူထုကို အသိပညာပေးမှုများကို လုပ်ဆောင်ပေးသင့်သည်။

စားသုံးသူ အခွင့်အရေးသည် တမျိုးသားလုံးအရေး ဖြစ်သောကြောင့် လူ့အဖွဲ့အစည်း အားလုံးက လူသားများ၏ ဂုဏ်သိက္ခာမြင့်မားစေရန် မြန်မာနိုင်ငံ အနှံ့အပြားတွင် လှုပ်ရှားမှုများ
ဖော်ဆောင်သင့်သည်။ သို့သော် မိမိအခွင့်အရေးကို ကိုယ်တိုင် တိုက်ယူမှ ရသည်ဆိုသော စကားအတိုင်း စားသုံးသူများသည်လည်း ကိုယ့်အခွင့်အရေးများ ရရှိရန်၊ ကာကွယ်ရန်အတွက်
ရဲဝံ့စွာ တိုက်ပွဲဝင်ကြရမည် ဖြစ်ကြောင်းပါ။

ကိုးကား

(၁) Health alert as Russia’s alcohol consumption triples -The Sunday Times - April 13, 2007.
(၂) ပြည်ပသို့ ဆန်မတင်ပို့မီ အရည်အသွေး သေချာစစ်ဆေးပြီးမှ တင်ပို့သင့် - မြန်မာတိုင်း(မ်) အတွဲအမှတ် (၂၃၊ အမှတ် ၄၅၂) (၅ - ၁၁၊ ၂၊ ၂ဝ၁ဝ)
တရုတ်-အမေရိကန် ခေါင်းဆောင်နှစ်ဦး လူ့အခွင့်အရေး ဆွေးနွေး
By ဦးသားညွန့်ဦး ဗုဒ္ဓဟူး, 19 ဇန်နဝါရီ 2011

ဓာတ်ပုံ AP
အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားနှင့် တရုတ်သမ္မတ ဟူကျင်တောင်းတို့ အိမ်ဖြူတော်တွင် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ ဇန်န၀ါရီ ၁၉၊ ၂၀၁၁။
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
အမေရိကန်ပြည်ထောင်စုကို ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေတဲ့ တရုတ်သမ္မတ ဟူကျင်တောင်း (Hu Jintao) နဲ့ အမေရိကန်သမ္မတ အိုဘားမား (Obama) တို့ နှစ်ဦးဟာ မနေ့
မနက်ပိုင်းက အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ကြပြီး ကုန်သွယ်ရေးကိစ္စနဲ့ နှစ်နိုင်ငံအကြား အငြင်းပွားဖွယ် ဖြစ်နေတဲ့ ငွေကြေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ လူ့အခွင့်အရေး
ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့သလို တရုတ်နိုင်ငံ အနေနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ပိုပြီး လုပ်ဆောင်စရာတွေ ရှိသေးတယ် ဆိုတာကိုတော့ တရုတ်သမ္မတ ဟူကျင်တောင်းက
သတင်းထောက်တွေရှေ့မှာ ၀န်ခံပြောခဲ့ပါတယ်။ အမေရိကန် သမ္မတ အိုဘားမားနဲ့ တရုတ်သမ္မတ ဟူကျင်တောင်းတို့ရဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲကိုတော့ ၀ါရှင်တန်ဒီစီမှာ မနေ့
နေ့လယ်ပိုင်းက ပြုလုပ်ပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံတို့ အကြားမှာ ကုန်သွယ်ရေးကိစ္စ၊ တရုတ်ငွေကြေး တန်ဖိုးကိစ္စရပ် အပြင် လူ့အခွင့်အရေး အကြောင်းရပ်တွေမှာ မတူညီတဲ့ အမြင်
ရပ်တည်ချက်တွေ ရှိကြပေမဲ့ ဒီကိစ္စတွေကို နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်သွားဖို့ လိုမယ် ဆိုတာကို နှစ်နိုင်ငံ ခေါင်းဆောင် နှစ်ဦးလုံးက အလေးပေး ပြောခဲ့ကြပါတယ်။ ရှားရှားပါးပါး သမ္မတ
ဟူကျင်တောင်းပါ ပါဝင်တဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာတော့ ကုန်သွယ်ရေးကိစ္စ၊ စီးပွားရေးကိစ္စ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စရပ်တွေအပြင် တရုတ်ဘက်က
အထိအရှမခံတဲ့ လူ့အခွင့်အရေး ကိစ္စတွေအပေါ် မေးမြန်းချက်တွေကိုလည်း နှစ်နိုင်ငံ ခေါင်းဆောင်တွေက ဖြေကြားခဲ့ပါတယ်။
လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ နှစ်နိုင်ငံ ဆွေးနွေးမှုတွေ ဆက်လုပ်သွားဖို့ သဘောတူညီခဲ့ကြတယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။
“လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ တရားဝင် ဆွေးနွေးမှုတွေ ဆက်လုပ်သွားဖို့ သဘောတူညီခဲ့ကြပါတယ်။ တရားဥပဒေ စိုးမိုးရေးအတွက် အပြောင်းအလဲသစ်တွေ လုပ်ဖို့
သဘောတူခဲ့ကြပါတယ်။”
တရုတ်နိုင်ငံတွင်း အထူးသဖြင့် တိဘက်အရေးနဲ့ ပတ်သက်လို့ စိုးရိမ်မှုကို ပြောဆို ဆွေးနွေးခဲ့တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။ တရုတ်နဲ့ အမေရိကန် အကြားမှာ မတူညီတဲ့
နောက်ခံ၊ မတူညီတဲ့ အမြင်တွေ ရှိကြပေမဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ကိစ္စရပ်တွေ အပေါ်မှာ အပြန်အလှန် လေးစားမှု အခြေခံပြီး ဆွေးနွေးသွားလိုပါတယ်လို့ တရုတ်သမ္မတ
ဟူကျင်တောင်းကလည်း စကားပြန်ကတဆင့် သတင်းထောက်တွေကို ဖြေကြားခဲ့ပါတယ်။
“လူ့အခွင့်အရေးဟာ အားလုံးနဲ့ သက်ဆိုင်တယ် ဆိုတာကို တရုတ်အနေနဲ့ လေးစား အသိအမှတ် ပြုထားပါတယ်။ ဒါပေမဲ့လည်း လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အပြည်ပြည်ဆိုင်ရာ
တန်ဖိုးတွေ ပြောကြမယ်ဆိုရင် မတူညီတဲ့ အမျိုးသားရေး အခြေခံတွေကို ထည့်သွင်း စဉ်းစားရမယ်လို့ ယုံကြည်ပါတယ်။ တရုတ်နိုင်ငံဟာ လူဦးရေ များပြားတဲ့နိုင်ငံ ဖြစ်သလို အရေးကြီးတဲ့
ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်ပါတယ်။
“ဒီအခြေအနေအောက်မှာ စီးပွားရေးမှာရော လူမှုဖွံ့ဖြိုးရေး ကိစ္စမှာပါ စိန်ခေါ် အကဲစမ်းချက် အတော်များများ ရှိပါတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ လုပ်ဆောင်စရာ အတော်များများ
ရှိပါသေးတယ်။”
တရုတ်နိုင်ငံ အနေနဲ့ အခြားနိုင်ငံတွေရဲ့ အခြေအနေကောင်းတွေကို လေ့လာနေသလို လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ အခြားနိုင်ငံတွေနဲ့ ဆွေးနွေးသွားဖို့လည်း လိုလိုလားလား
ရှိပါတယ်လို့ တရုတ်သမ္မတက ပြောပါတယ်။ ဒါ့အပြင် အပြန်အလှန် လေးစားမှု၊ အခြားပြည်တွင်းရေးကို ၀င်ရောက် မစွက်ဖက်မှုဆိုတဲ့ အခြေခံပေါ်မှာ အမေရိကန် ပြည်ထောင်စုနဲ့လည်း
လူ့အခွင့်အရေးကိစ္စ ဆွေးနွေးသွားလိုတယ်လို့ ပြောခဲ့ပါတယ်။
လေ့လာသူတွေကတော့ သမ္မတနှစ်ဦး တွေ့ဆုံစဉ် နိုင်ငံတကာကိစ္စ၊ လူ့အခွင့်အရေးကိစ္စတွေ ပြောရင် တရုတ်နိုင်ငံရဲ့ သြဇာသက်ရောက်မှု ကြီးမားတယ်လို့ ယူဆကြတဲ့ မြန်မာနိုင်ငံနဲ့
မြောက်ကိုရီးယား ကိစ္စကို ဆွေးနွေးလိမ့်မယ်လို့ ယူဆခဲ့ကြပါတယ်။ မြောက်ကိုရီးယားနိုင်ငံ အနေနဲ့ နောက်ထပ် ရန်စမှုတွေ မလုပ်သင့်တော့ဘူးဆိုတာ နှစ်နိုင်ငံစလုံးက
သဘောတူညီခဲ့ကြတယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ သမ္မတ အိုဘားမားက ပြောပါတယ်။ ဒါပေမဲ့ မြန်မာကိစ္စ ဆွေးနွေးမှု ရှိမရှိတော့ မသိရပါဘူး။
ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင် ဗုဒ္ဓဟူးနေ့မှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို တယ်လီဖုန်းကတဆင့် ဆယ်မိနစ်လောက် စကားပြောခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဌာန အရာရှိတဦးက အခုလို အတည်ပြု ပြောဆိုပါတယ်။
“နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တယ်လီဖုန်းကတဆင့် ဒီကနေ့ စကားပြောခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်းမှာ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ
အားကောင်းလာစေဖို့နဲ့ ဒီမိုကရေစီရေး ထွန်းကား တိုးတက်လာစေဖို့ အမေရိကန်ပြည်ထောင်စု အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဆောင်ရွက်သွားမယ် ဆိုတာကို ကတိက၀တ်
ပြုခဲ့ပါတယ်။”
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက နိုင်ငံခြားရေးဝန်ကြီး ကလင်တန် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ထံ ပုဂ္ဂိုလ်ရေး စာပေးပို့ခဲ့ပါတယ်။ အခုလို နှစ်ဦးကြား တိုက်ရိုက် ဖုန်းစကားပြောတာတော့
နိုဝင်ဘာ ၁၃ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီးကတည်းကဆိုရင် ဒါ ပထမဆုံး ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဘက်ကတော့ သူ လက်ရှိ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေ၊ အခြေအနေတွေကို ရှင်းပြ ပြောခဲ့တယ်လို့ သိရပါတယ်။ အခု ဖုန်းဆက် စကားပြောမှုနဲ့ တရုတ်သမ္မတ
ဟူကျင်တောင်း အမေရိကန်ပြည်ထောင်စု ရောက်ရှိနေတဲ့ကိစ္စ ဘယ်လောက် ဆက်စပ်နိုင်သလဲ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ကတော့ မနေ့ မွန်းလွဲပိုင်းမှာ တရုတ်သမ္မတ ဟူကျင်တောင်းကို နေ့လယ်စာနဲ့ ဧည်ခံခဲ့ပါတယ်။

အမေရိကန်၊ တရုတ် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး သမ္မတ ၂ ဦး ကတိပြု


By ဗွီအိုအေ (မြန်မာဌာန) ဗုဒ္ဓဟူး, 19 ဇန်နဝါရီ 2011
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook
• StumbleUpon

• Yahoo! Buzz

• del.icio.us
တရုတ်နိုင်ငံရဲ့ ငွေကြေးတန်ဖိုး၊ လူ့အခွင့်အရေးနဲ့ အမေရိကန်နဲ့ နှစ်နိုင်ငံ ကုန်သွယ်ရေး ကိစ္စတွေအကြား မတူညီချက်တွေကို တရုတ်သမ္မတ ဟူကျင်တောင်း (Hu Jintao) နဲ့ အမေရိကန်
သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) တို့က အသိအမှတ်ပြု ပြောဆိုနေကြပေမဲ့လည်း နှစ်နိုင်ငံ ပူးပေါင်း လုပ်ဆောင်မှုတွေ ရှိဖို့ လိုအပ်တဲ့ အကြောင်းကိုလည်း
ပြောဆိုခဲ့ကြပါတယ်။ အိမ်ဖြူတော်မှာ မနေ့က ကျင်းပခဲ့တဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲအတွင်း အခုလို ပြောဆိုခဲ့ကြတာပါ။
လူ့အခွင့်အရေးကိစ္စနဲ့ ပတ်သက်ပြီး ပြောဆို ဆွေးနွေးမှုတွေ ဆက်ပြီး လုပ်ဆောင်သွားဖို့ကိုလည်း အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံအကြား သဘောတူခဲ့ကြပါတယ်။
တရုတ်နိုင်ငံဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး အများကြီးလုပ်ဖို့ လိုနေသေးတယ်လို့ တရုတ်သမ္မတ ဟူကျင်တောင်းက ပြောဆိုခဲ့ပြီး တရုတ်ဟာ အမေရိကန်နဲ့ စေ့စပ်ဆွေးနွေးမှုတွေ၊
နှီးနှောဖလှယ်မှုတွေကို လုပ်သွားချင်တယ်၊ တနိုင်ငံရဲ့ ပြည်တွင်းရေးကို ၀င်မစွက်ဖက်ရေး ဆိုတဲ့မူ အပါအ၀င် တဘက်နဲ့တဘက် တလေးတစားနဲ့ တန်ဖိုးထား ဆက်ဆံမှုတွေ
ရှိသွားချင်တာပါလို့ ဆိုပါတယ်။
အမေရိကန်သမ္မတ အိုဘားမားကတော့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ကြတဲ့အခါမှာ ရေရှည်ခိုင်မြဲမယ့် အကျိုးရလဒ်တွေကို နှစ်နိုင်ငံလုံးက ရကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း
တရုတ်အနေနဲ့ လုပ်ဖို့လိုနေတာက နှစ်နိုင်ငံ ကုန်သွယ်ရေး အကြားမှာ အကြီးအကျယ် မမျှမတ ဖြစ်နေတဲ့ ကိစ္စကို ဖြေရှင်းတဲ့ အနေနဲ့ တရုတ်ရဲ့ ငွေကြေးတန်ဖိုးကို ပြောင်းလဲ
သတ်မှတ်ပေးဖို့ပါပဲလို့ ဆိုပါတယ်။
တရုတ်ပြည်ကို တင်ပို့မယ့် အမေရိကန် ပို့ကုန်တန်ဖိုးကို ၄၅ ဘီလီယံဒေါ်လာကျော်အထိ မြှင့်တင်သွားဖို့ အပါအ၀င် နှစ်နိုင်ငံ သဘောတူညီမှုတွေ ဒါဇင်နဲ့ချီပြီး လုပ်ခဲ့ကြတယ်လို့ သမ္မတ
အိုဘားမားက ပြောပါတယ်။
သဘောတူညီမှုတွေထဲမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အမေရိကန် ပြည်ထောင်စုမှာ ဘီလီယံဒေါ်လာ တော်တော်များများ လုပ်မယ်ဆိုတဲ့ ကိစ္စလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
သတင်းစာ ရှင်းလင်းပွဲမှာ တိဘက် လွတ်မြောက်ရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်း လားမား (Dalai Lama) နဲ့ တရုတ်အစိုးရတို့ ရှေ့မှာ ဆက်ပြီး ဆွေးနွေးသွားကြဖို့ ကိစ္စကို
အမေရိကန်ဘက်က ထောက်ခံ အားပေးနေတယ်လို့လည်း ဆိုပါတယ်။
ကိုရီးယားကျွန်းဆွယ် တင်းမာနေမှုမှာ မြောက်ကိုရီးယားဘက်က နောက်ထပ် ရန်စမှု ထပ်မလုပ်ရေးကို တရုတ်သမ္မတ ဟူကျင်တောင်းကရော သမ္မတ အိုဘားမားဘက်ကရော
သဘောတူခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
ပြည်သူ့စစ်မှုထမ်း ဥပဒေ လွှတ်တော်လုပ်ပိုင်ခွင့်ကို ထိပါး
By ဦးဇော်ဝင်းလှိုင် ဗုဒ္ဓဟူး, 19 ဇန်နဝါရီ 2011
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
မကြာခင် စတင် ခေါ်ယူတော့မယ့် လွှတ်တော်အသစ် မတိုင်ခင်လေးမှာ မြန်မာနိုင်ငံမှာ အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ ဆိုတဲ့ ဥပဒေကို စစ်အစိုးရက ထုတ်ပြန်လိုက်တာဟာ
ဥပဒေပြု အာဏာကို ထိပါးရာရောက်တယ်လို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောပါတယ်။ မကြာခင် လပိုင်းအတွင်း စစ်အစိုးရက ထုတ်ပြန်ခဲ့တဲ့ ဥပဒေတွေနဲ့ ပတ်သက်လို့
NLD က ဒီကနေ့ သဘောထား ကြေညာချက် ၂ စောင် ထုတ်ပြန်ခဲ့တဲ့အထဲမှာ အခုလို ဖော်ပြထားတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
ရွေးကောက်ပွဲပြီး နောက်ပိုင်း စစ်အစိုးရက ထုတ်ပြန်ခဲ့တဲ့ ဥပဒေ၊ နည်းဥပဒေတွေဟာ မကြာခင် ပေါ်ပေါက်လာတော့မယ့် လွှတ်တော်အသစ်ရဲ့ ဥပဒေပြု အာဏာကို ထိပါးရာ
ရောက်စေတဲ့အတွက် NLD ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့က သဘောထား ကြေညာချက် ၂ စောင် ထုတ်ပြန် ကြေညာလိုက်တာလို့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်လည်းဖြစ်၊
ဥပဒေ အထောက်အကူပြု အဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပြပါတယ်။
“NLD ရဲ့ သဘောထားက လွှတ်တော်ဆိုတာ ရွေးကောက်ပွဲတွေတောင် ပြီးသွားပြီ။ အဲတော့ လွှတ်တော်ရှိမယ်။ လွှတ်တော်က ဥပဒေပြုအာဏာ အမြင့်ဆုံး အာဏာပိုင်။ အဲဒီကို
မရောက်ခင် ကြိုပြီးတော့ ထုတ်တာမျိုးက ဥပဒေပြု အာဏာကို ထိပါးရာ ရောက်တယ်လို့ ကျနော်တို့ အဲဒီလို သဘောထားပါတယ်။”
အထူးသဖြင့်တော့ အသက် ၁၈ နှစ်နဲ့ ၄၅ နှစ်အကြား အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ ဆိုတဲ့ ဥပဒေဟာ အများပြည်သူနဲ့ တိုက်ရိုက် သက်ဆိုင်နေတဲ့ကိစ္စ ဖြစ်တဲ့အတွက် အခုလို
ဥပဒေ မထုတ်ပြန်ခင် ပြည်သူလူထုရဲ့ သဘောထားကို အရင်ကောက်ခံပြီး လွှတ်တော်အတွင်း အချေအတင် ဆွေးနွေးပြီးမှ ထုတ်ပြန်သင့်တဲ့ ဥပဒေမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။
“ဒီဥစ္စာ ပြည်သူ့လွှတ်တော်က မကြာခင် ပေါ်ပေါက်တော့မှာ။ ပြည်သူ့လွှတ်တော်ကသာ ဥပဒေပြုအာဏာ ရှိတယ်။ ဒီပေါ်ပေါက်ခါနီးမှ အခုလို ထုတ်တာက မသင့်လျော်ဘူး။ ပြီးတော့
ပြည်သူ့စစ်မှုထမ်း ဥပဒေက ဆိုရင် ပြည်သူအများနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ကိစ္စ၊ ဒီလိုကိစ္စမျိုးဟာ ပြည်သူတွေရဲ့ ဆန္ဒကို တိုက်ရိုက်ပဲဖြစ်ဖြစ်၊ သွယ်ဝိုက်ပြီးတော့ပဲ ဖြစ်ဖြစ်၊
ပြည်သူ့လွှတ်တော်မှာ အချေအတင် ဆွေးနွေးပြီးတော့မှ ထုတ်ပြန်သင့်တယ်လို့ ကျနော်တို့ အဲဒီလို သဘောထား ပေးတာပါ။”
NLD က ဒီကနေ့ ထုတ်ပြန်တဲ့ ပထမ ကြေညာချက်ထဲမှာတော့ စစ်အစိုးရက ၂၀၁၀ ခုနှစ် အောက်တိုဘာလအတွင်း ဥပဒေ၊ နည်းဥပဒေ ၂၆ ချက်ကို ထုတ်ပြန်ခဲ့ပေမဲ့ အဲဒီ ဥပဒေတွေကို
အများပြည်သူ သိရှိနိုင်အောင် နေ့စဉ်ထုတ် သတင်းစာတွေကနေ ထုတ်ပြန်ပေးခြင်း မရှိတဲ့အတွက် အများပြည်သူတွေ သိရှိခွင့် မရခဲ့ဘဲ စာအုပ်အဖြစ် ထုတ်ဝေဖြန့်ချိမှသာ သိရှိခွင့် ရခဲ့တာ၊
နောက် အများပြည်သူ အားလုံးနဲ့ဆိုင်တဲ့ စစ်မှုမထမ်းမနေရ ဥပဒေကို ထုတ်ပြန်ခဲ့ပေမဲ့ အဲဒီ စစ်ဥပဒေတွေကို အများပြည်သူ သိရှိနိုင်အောင် ရောင်းချပေးခြင်း မရှိဘူးလို့
ဖော်ပြထားပါတယ်။
အခုလို ဥပဒေတွေ ကြိုတင် ထုတ်ပြန်တာဟာ မကြာခင် ပေါ်ပေါက်လာတော့မယ့် လွှတ်တော်အနေနဲ့ ဥပဒေပြုအာဏာ မရှိဘူးဆိုတာ ပေါ်လွင်နေပြီး ဒီဥပဒေတိုင်းကို
လွှတ်တော်ကိုယ်စားလှယ်တွေက ရှုထောင့်ပေါင်းစုံက သုံးသပ် ဝေဖန်ပြီးမှသာ ထုတ်ပြန်သင့်တာကြောင့် အခုလို ဥပဒေတွေ ထုတ်ပြန်နေတာဟာ လုံးဝ မသင့်လျော်ဘူးလို့ ဆိုပါတယ်။
NLD က ထုတ်ပြန်တဲ့ ဒုတိယ ကြေညာချက်မှာတော့ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေနဲ့ ပတ်သက်လို့ NLD ရဲ့ သဘောထားကို
ထုတ်ဖော် ပြောဆိုထားတာ ဖြစ်ပါတယ်။ မကြာခင် လွှတ်တော်အသစ်တရပ် ပေါ်ပေါက်လာတော့မှာ ဖြစ်တဲ့အတွက် လွှတ်တော်က ဥပဒေပြု အာဏာကို အဓိက ကျင့်သုံးရမယ်ဆိုတဲ့ မူနဲ့
ဆန့်ကျင်နေတယ်လို့ ထောက်ပြ ပြောဆိုထားပါတယ်။
ဒီဥပဒေကို နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီက အမိန့်ကြော်ငြာစာအဖြစ် ထုတ်ပြန်တဲ့နေ့မှာ စတင် အာဏာတည်ရမယ်လို့ အဲဒီ ဥပဒေရဲ့ ပုဒ်မ ၁(ခ) မှာ
ဖော်ပြထားတာကို ကြည့်ခြင်းအားဖြင့် လွှတ်တော်မှာ ဥပဒေပြုရေးအာဏာ အပြည့်အ၀ မရှိဘူး ဆိုတာကို ထောက်ခံနေသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်မှုမထမ်းမနေရ ဥပဒေထဲမှာ ဆင့်ခေါ်ခွင့် ကင်းလွတ်သူများ ရှိတယ်လို့ ဖော်ပြထားတဲ့ အချက်ဟာလည်း ဒီဥပဒေ အတည်ဖြစ်လာပြီး နောက်ပိုင်း မသမာတဲ့ နည်းသုံးပြီး
ကင်းလွတ်ခွင့် ပေးချင်သူကို ပေးလို့ရအောင် လမ်းဖွင့်ပေးထားသလို ဖြစ်နေတယ် စသဖြင့် ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိထုတ်ပြန်တဲ့ ဥပဒေပြု အာဏာတွေဟာ နိုင်ငံရေးနဲ့ ဆက်နွယ်နေပြီး NLD ဟာလည်း နိုင်ငံရေးပါတီ တခုအဖြစ် တည်ရှိနေတာကြောင့် အခုလို သဘောထား ထုတ်ပြန်တာ
ဖြစ်တဲ့အကြောင်း ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ဆက်ပြောပြပါတယ်။
“NLD က အခုလက်ရှိ ရှိတဲ့ နိုင်ငံရေးပါတီ တရပ်၊ အဲတော့ ဥပဒေပြု အာဏာတို့၊ အာဏာကြီး ၃ ရပ်တို့ဆိုတာ နိုင်ငံရေးကိစ္စတွေပဲလေ။ အဲတော့ နိုင်ငံရေးကိစ္စ တခုကို သဘောထား
ထုတ်ပြန်တဲ့ သဘောပါ။”
မြန်မာနိုင်ငံက အရွယ်ရောက်ပြီးသူ အမျိုးသား၊ အမျိုးသမီးတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို စစ်အစိုးရက နိုင်ငံတော် ပြန်တမ်းအဖြစ် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့က တရားဝင်
ထုတ်ပြန်ခဲ့တာပါ။ အခု ထုတ်ပြန်ထားတဲ့ စစ်မှုမထမ်းမနေရ ဥပဒေထဲမှာ စစ်မှုထမ်းဖို့ ပျက်ကွက်သူတွေ အနေနဲ့ အများဆုံး ထောင်ဒဏ် ၅ နှစ် ပြစ်ဒဏ် ချမှတ်ခံရမယ်လို့
ဖော်ပြထားပါတယ်။
တိုင်းရင်းသားဒေသ လူ့အခွင့်အရေး ချိုးဖောက်မှု ပိုဆိုး
By ဗွီအိုအေ (မြန်မာဌာန) ဗုဒ္ဓဟူး, 19 ဇန်နဝါရီ 2011
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
မြန်မာနိုင်ငံက ချင်းတိုင်းရင်းသားတွေအပေါ် စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတယ်လို့ အမေရိကန် အခြေစိုက် လူ့အခွင့်အရေး အဖွဲ့တခုက ထုတ်ပြန်လိုက်တဲ့
အစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။
လူ့အခွင့်အရေး လှုပ်ရှားသူ သမားတော်များ အဖွဲ့ရဲ့ ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာထဲမှာ အမျိုးသမီးတွေအပေါ် အဓမ္မပြုကျင့်မှု၊ ပြန်ပေးဆွဲမှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့
သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တဲ့အကြောင်း အစီရင်ခံခဲ့တာပါ။
ဒီအချက်အလက်တွေကိုတော့ မြန်မာနိုင်ငံ အနောက်မြောက်ဘက်က ဝေးလံခေါင်ဖျားတဲ့ ချင်းပြည်နယ် တကြောက မိသားစုပေါင်း ၆၂၀ ကျော်နဲ့ ပြီးခဲ့တဲ့နှစ်အတွင်း
လပေါင်းအတော်ကြာကြာ မေးမြန်းမှုတွေကနေ သိရှိခဲ့ရတာလို့လည်း အစီရင်ခံစာက ဆိုပါတယ်။
စစ်အစိုးရ လက်အောက်က ဘ၀လို့ အမည်ပေးထားတဲ့ အစီရင်ခံစာထဲမှာတော့ မေးမြန်းမှုတွေ လုပ်ခဲ့သူတွေရဲ့ ၉၀% ကျော်ဟာ သူတို့မိသားစုဝင်တွေထဲက အနည်းဆုံး တယောက်ဟာ
အခကြေးငွေ မရဘဲ အဓမ္မ လုပ်အားပေး စေခိုင်းခံရဖူးတယ်လို့ ဖော်ပြခဲ့တာပါ။
၁၉၉၇ ခုနှစ်တုန်းက ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရရှိခဲ့ဖူးတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ သမားတော်များ အဖွဲ့ဟာဆိုရင် မြန်မာနိုင်ငံတ၀န်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ
ကျူးလွန်နေတာတွေဟာ လူသားတွေအပေါ် ဆန့်ကျင်တဲ့ ရာဇ၀တ်မှု မြောက်မမြောက် ကုလသမဂ္ဂက ကော်မရှင်တရပ် ဖွဲ့စည်း စုံစမ်းသွားဖို့ တိုက်တွန်းနေတဲ့ အဖွဲ့တခုလည်း
ဖြစ်ပါတယ်။
တရုတ်သမ္မတကို အိမ်ဖြူတော်မှာ ကြိုဆို
By ဗွီအိုအေ (မြန်မာဌာန) ဗုဒ္ဓဟူး, 19 ဇန်နဝါရီ 2011
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
၎ ရက်ကြာ ခရီးစဉ်အဖြစ် အမေရိကန် ပြည်ထောင်စုမှာ ရောက်နေတဲ့ တရုတ်သမ္မတ ဟူကျင်တောင်း (Hu Jintao) ကို သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က
အိမ်ဖြူတော်မှာ လက်ခံကြိုဆိုတဲ့ အခမ်းအနားတွေကို မကြာသေးခင် နာရီပိုင်းကစလို့ ကျင်းပနေပါတယ်။
တိုင်းပြည်တွေအနေနဲ့ လူ့အခွင့်အရေးနဲ့ တာဝန်ယူမှုတွေ ရှိမယ်ဆိုရင် ပိုပြီး အောင်မြင်မှုတွေ ရမယ်လို့ သမ္မတ အိုဘားမားက အိမ်ဖြူတော်က အခမ်းအနားအတွင်း မိန့်ခွန်းစကား
ပြောဆိုရာမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။
တရုတ်သမ္မတ ဟူကျင်တောင်းကတော့ နှစ်နိုင်ငံအကြား အပြန်အလှန် ယုံကြည်မှုနဲ့ ရင်းနှီးမှုတွေကို တိုးမြှင့်သွားဖို့၊ နက်ရှိုင်းတဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ရရှိဖို့ သူလာတာဖြစ်တယ်ဆိုပြီး
ပြောဆိုခဲ့ပါတယ်။
မြောက်ကိုရီးယား ပြဿနာ၊ လူ့အခွင့်အရေး ကိစ္စတွေက စလို့ တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုတွေမှာ လိုငွေ အကြီးအကျယ် ပြသနေတာတွေလို ကွဲလွဲမှု အများအပြား ရှိနေတဲ့ နှစ်နိုင်ငံ
ဆက်ဆံရေးတွေကို တိုးတက်စေဖို့ ခေါင်းဆောင် ၂ ယောက်စလုံးက ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။
မနေ့တုန်းကတော့ တရုတ်သမ္မတဟာ အိမ်ဖြူတော်မှာ သမ္မတ အိုဘားမားနဲ့ အလွတ်သဘော ညစာစားရင်း တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံမှုတွေ အတွင်းမှာတော့ ထိပ်တန်းလက်ထောက်
၂ ယောက်ကိုသာ ခွင့်ပြုပြီး သမ္မတ ၂ ဦးရဲ့ အလေးအနက် ဆွေးနွေးမှုတွေကိုတော့ မှတ်တမ်း လိုက်ရေးသူတွေကိုလည်း ခွင့်မပြုခဲ့ပါဘူး။
ညစာစားနေတုန်းမှာတော့ အိမ်ဖြူတော်အနီး ပန်းခြံထဲမှာ ဆန္ဒပြသူ ရာပေါင်းများစွာက စုဝေးပြီး တရုတ်နိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေနဲ့ တိဘက်လွတ်လပ်ရေး အတွက်လည်း
တောင်းဆိုခဲ့ကြပါတယ်။
တရုတ် လူ့အခွင့်အရေးကိစ္စ အိုဘားမား ဆွေးနွေးစေလို
By ဗွီအိုအေ (မြန်မာဌာန) ဗုဒ္ဓဟူး, 19 ဇန်နဝါရီ 2011
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) အနေနဲ့ ၀ါရှင်တန်ကို လာရောက် လည်ပတ်နေတဲ့ တရုတ်သမ္မတ ဟူကျင်တောင်း (Hu Jintao) ကို တရုတ်နိုင်ငံအတွင်း
လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ဖိအားပေး ပြောဆိုဖို့ လူ့အခွင့်အရေး အဖွဲ့တွေက တိုက်တွန်းနေကြပါတယ်။
မနေ့က လူတွေ ရာနဲ့ချီ သမ္မတ အိမ်ဖြူတော်ရှေ့မှာ စုဝေးပြီး တရုတ်ပြည်မှာ ဒီမိုကရေစီ ပေါ်ထွန်းရေး၊ တိဘက်လွတ်လပ်ရေး၊ တရုတ်က ထိန်းချုပ်ထားတဲ့ ဟိမ၀န္တာဒေသ
လွတ်လပ်ရေးတို့အတွက် ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီအချိန်မှာ အိမ်ဖြူတော်အတွင်း သမ္မတ အိုဘားမားက တရုတ်သမ္မတ ဟူကျင်တောင်းကို ပထမဦးဆုံး အကြိမ်အဖြစ် နိုင်ငံတော် ညစာနဲ့
တည်ခင်းရင်း တိုင်းရေး ပြည်ရေးတွေကို ဆွေးနွေးနေတာ ဖြစ်ပါတယ်။
မနေ့က လွှတ်တော်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ တရပ်မှာတော့ အမေရိကန် အောက်လွှတ်တော်အမတ် ခရစ်စ်တိုဖာ စမစ်သ်က နိုဘယ်လ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံခဲ့ရတဲ့
အကျဉ်းချခံ တရုတ် စာရေးဆရာလည်းဖြစ်၊ ဒီမိုကရေစီရေး လှုပ်ရှားသူလည်း ဖြစ်တဲ့ မစ္စတာ လျူရှောင်ဘို (Liu Xiaobo) ကို ပြန်လွှတ်ပေးရေးအတွက် တရုတ်သမ္မတကို တောင်းဆိုပေးဖို့
သမ္မတ ဘရက်ခ် အိုဘားမားကို တိုက်တွန်း ပြောဆိုခဲ့ပါတယ်။
မစ္စတာ အိုဘားမား ကိုယ်တိုင် ၂၀၀၉ ခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ခံခဲ့ရသူ ဖြစ်တာမို့ မစ္စတာ လျူရှောင်ဘို လွတ်မြောက်ရေးအတွက် လူသိရှင်ကြား အားသွန်ခွန်စိုက်
ကြိုးစားဖို့ တာဝန်ရှိတယ်လို့လည်း အောက်လွှတ်တော်အမတ် စမစ်သ်က ပြောခဲ့ပါတယ်။
တရုတ်သမ္မတရဲ့ ၄ ရက်ကြာ ခရီးစဉ်ရဲ့ ဒုတိယမြောက်နေ့ ဒီနေ့မှာ သူက သတင်းထောက်တွေနဲ့ မတွေ့စဘူး တွေ့ပြီး အမေးအဖြေလုပ်ဖို့ သဘောတူထားတာ ရှိပါတယ်။
အဲဒီမှာ တရုတ်နိုင်ငံအတွင်း ဖလွန်ဂေါင်း ယုံကြည်သူတွေ နှိပ်ကွပ်ခံရမှုအပြင် အာဏာရှင် နိုင်ငံတွေဖြစ်တဲ့ မြောက်ကိုရီးယား၊ မြန်မာနဲ့ ဇင်ဘာဘွေ နိုင်ငံတွေနဲ့ ပတ်သက်လို့ တရုတ်က
ထောက်ခံမှု ပေးနေတဲ့ အပေါ်မှာ မေးခွန်းထုတ်ခံရဖွယ် ရှိနေပါတယ်။ ဒီကိစ္စကို တရုတ်သမ္မတ ဘယ်လိုဖြေကြားမလဲ ဆိုတာကို အများက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။
အလုပ်သမား အခွင့်အရေး ပြဋ္ဌာန်းချက် ILO သတိထားကြိုဆို
By Ron Corben's Report in Burmese အင်္ဂါ, 18 ဇန်နဝါရီ 2011
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ အလုပ်သမား သမဂ္ဂတွေကို ဖွဲ့စည်းခွင့် ဥပဒေ ပြဋ္ဌာန်းဖို့ဆိုတဲ့ ကိစ္စဟာ အားရစရာကောင်းတယ် ဆိုပေမဲ့ ကလေးတွေကို အရပ်ဘက်နဲ့ စစ်တပ်အတွင်းမှာ
အဓမ္မသွင်းပြီး သုံးစွဲနေတာကတော့ စိုးရိမ်နေရတဲ့ကိစ္စ ဖြစ်နေတုန်းပဲလို့ ILO ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်က ပြောလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ရွန် ကော်ဘင် (Ron
Corben) ဘန်ကောက်မြို့ကနေ သတင်းပေးပို့ထားတာကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံမှာ အလုပ်သမား သမဂ္ဂတွေ တရားဝင် ဖွဲ့စည်းခွင့် ဥပဒေ ပြဋ္ဌာန်းဖို့ မြန်မာစစ်အစိုးရက ပြင်ဆင်နေတယ်လို့ ILO ကမ္ဘာ့အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ်ရဲ့ မြန်မာပြည်ဆိုင်ရာ
ကိုယ်စားလှယ် စတိဗ် မာရှဲလ် (Steve Marshall) က မနေ့တုန်းကပဲ သတင်းထောက်တွေကို ပြောလိုက်ပါတယ်။ ပြင်ဆင်နေတဲ့ အလုပ်သမား သမဂ္ဂဆိုင်ရာ ကိစ္စတွေထဲမှာ
သပိတ်မှောက်ခွင့် ဆိုတာလည်း ပါဝင်ပါလိမ့်မယ်။ ဒီလုပ်ရပ်ဟာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုအတွက် ရှေ့ကိုတက်လာမယ့် ခြေလှမ်းတရပ်ရဲ့ လက္ခဏာတွေပဲလို့ စတိဗ် မာရှဲလ်က
ဆိုပါတယ်။
အလုပ်သမားသမဂ္ဂ ဖွဲ့စည်းရေးဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းမှုဟာ အခုလကုန်ပိုင်းမှာ ကျင်းပမယ့် လွှတ်တော်မှာ တင်သွင်းဖို့ စီစဉ်ထားတာပါ။ ဒါဟာ မြန်မာပြည်ရဲ့ အလုပ်သမား အခွင့်အရေး
ကိစ္စအတွက် ကြီးမားတဲ့ အဆင့်တခုပဲလို့ စတိဗ် မာရှဲလ်က ပြောပါတယ်။
“လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့် ကိစ္စကတော့ အလုပ်သမားတွေရဲ့ အခွင့်အရေးအတွက် အကျိုးရှိမယ်ဆိုတာ သိပ်ရှင်းပါတယ်။ သပိတ်မှောက်ခွင့် အပါအ၀င် မကျေနပ်ချက်ကို
တဘက်နဲ့တဘက် ညှိနှိုင်းတာမျိုးတွေကို ပြည်သူတွေအနေနဲ့ တင်ပြရေး ကိစ္စတွေမှာလည်း ထိရောက်မှုတွေ ရှိလာနိုင်ပါတယ်။ ဒီကိစ္စတွေကို ဥပဒေအဖြစ် အတည်ပြု ပြဋ္ဌာန်းခဲ့မယ်
ဆိုရင်တော့ မြန်မာ့လူ့အဖွဲ့အစည်းဟာ ဖွံ့ဖြိုး တိုးတက်လာတော့မယ် ဆိုတဲ့ လမ်းကြောင်းကို ရောက်သွားမယ့် ကြီးမားတဲ့ ပြောင်းလဲမှုတခုပါ။” လို့ စတိဗ် မာရှဲလ်က ပြောသွားပါတယ်။
မြန်မာစစ်အစိုးရက ILO ကမ္ဘာ့အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ်က ချမှတ်ထားတဲ့ နိုင်ငံတကာ စည်းမျဉ်းတွေနဲ့အညီ အသင်းအဖွဲ့ ထူထောင်ခွင့်ကို အသိအမှတ်ပြုရေး တရားဝင်
အတည်ပြုထားပြီးသားပါ။ အလုပ်သမား သမဂ္ဂတွေ ဖွဲ့စည်းခွင့်ပေးမယ့် ကိစ္စဟာ မြန်မာပြည်က အလုပ်သမားဈေးကွက် တိုးတက်လာဖို့ ရှေ့တိုးလာမယ့် ခြေလှမ်းပဲလို့ ဆိုပေမဲ့ တစုံလုံး
ပြောင်းလဲဖို့ကတော့ လိုနေသေးတယ်လို့ စတိဗ် မာရှဲလ်က ပြောပါတယ်။
မြန်မာပြည်ရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးဘ၀ ပုံစံတခုဖြစ်တဲ့ အသင်းအဖွဲ့နဲ့ သမဂ္ဂတွေဟာ စစ်အစိုးရရဲ့ တင်းတင်းကျပ်ကျပ် ကိုင်တွယ်မှုကို ခံနေခဲ့ရတယ်လို့ လူ့အခွင့်အရေး အုပ်စုတွေက
ပြောကြပါတယ်။ အလုပ်သမား သမဂ္ဂအရေး လှုပ်ရှားကြသူတွေကိုလည်း မြန်မာစစ်အစိုးရက ဖမ်းဆီးထားပါတယ်။ နိုင်ငံရေး အကျဉ်းသား ၂,၁၀၀ ကျော်ထဲမှာ အလုပ်သမားအရေး
လှုပ်ရှားသူ ၄၄ ဦး လောလောဆယ် အဖမ်းခံထားရတယ်လို့ ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း-မြန်မာနိုင်ငံ (AAPP) က ပြောပါတယ်။
ILO အဖွဲ့ အကြီးအကဲရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာပြည်မှာ အတင်းအဓမ္မ ခိုင်းစေမှုတွေ အဆုံးသတ်ဖို့နဲ့ မြန်မာပြည်မှာ ဖွင့်ထားတဲ့ ILO ရုံးကို အလုပ်သမားရေးဆိုင်ရာ
မကျေနပ်ချက်တွေ တိုင်တန်းခွင့်ရှိရေး စစ်အစိုးရနဲ့ သဘောတူချက်တခု ရှိထားပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက မကျေနပ်ချက် တိုင်တန်းမှုပေါင်း ၃၇၀ ကို ရန်ကုန်မှာ ဖွင့်ထားတဲILO
့ ရုံးက
လက်ခံရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေတုန်းက တော်တော်ကို များခဲ့တာပါ။
ကလေးအလုပ်သမားကိစ္စနဲ့ ကလေးစစ်သားတွေ စုဆောင်းနေတဲ့ ကိစ္စတွေ ဆက်ဖြစ်နေတာကိုတော့ ILO အဖွဲ့ချုပ်က စိုးရိမ်နေရတုန်းပဲ ဖြစ်တယ်၊ ဒီကိစ္စတွေ တိုးတက်
ကောင်းမွန်လာရေး လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ လက်မှတ်ထိုးထားတာတွေ ရှိတယ်လို့လည်း စတိဗ် မာရှဲလ်က ပြောပါတယ်။
“ကလေးစစ်သား ကိစ္စတွေမှာ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေလို့ အကြမ်းအားဖြင့် ဆိုလို့ရတာတွေ ရှိပါတယ်။ ဥပမာအားဖြင့် ပြီးခဲ့တဲ့နှစ်တုန်းက ILO ဆီ ရောက်လာတဲ့
တိုင်တန်းချက်တွေအရ စစ်သားအဖြစ် စုဆောင်းခံခဲ့ရတဲ့ ကလေး ၇၃ ဦးကို တပ်ကနေ ပြန်ပြီး နှုတ်ပေးနိုင်တဲ့ အခြေအနေတွေ ရှိခဲ့ပါတယ်။” လို့ ပြောသွားခဲ့တာပါ။
မြန်မာ့တပ်မတော်အတွင်းမှာ အမျိုးသမီးရော အမျိုးသားရော စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုတာ မကြာခင်ကပဲ ထွက်လာခဲ့ပါတယ်။ ဒီဥပဒေဟာ လာမယ့်နှစ် ၂၀၁၂ မှာ စပြီး
အသက်ဝင်လာဖို့ ရှိနေပါတယ်။ မြန်မာစစ်တပ်မှာ စစ်သားစုဆောင်းရေးနဲ့ တပ်ပြေးကိစ္စတွေနဲ့ ဆိုင်တဲ့ ပြဿနာတွေ ကြုံနေရပါတယ်။ အလုပ်သမား ပွဲစားတွေကနေ တဆင့်
အရွယ်မရောက်သေးတဲ့ လူတွေကို စစ်တပ်အတွက် စုဆောင်းတာတွေ ရှိနေပါတယ်။ အဲဒီ စစ်မှုထမ်း ဥပဒေက ကလေးစစ်သား စုဆောင်းမှုကို ရိုက်ခတ်မှုတွေ တိုက်ရိုက်
ရှိလာနိုင်ပါတယ်။
မြန်မာပြည်မှာ ကလေးငယ် တော်တော်များများ စစ်တပ်ထဲ ရောက်လာရတဲ့ အချက်တွေထဲမှာ သူတို့ရဲ့ မိသားစုတွေက ဆင်းရဲပြီး ကလေးတွေအတွက် ပညာသင်စရိတ် အကုန်အကျ
မခံနိုင်တာလည်း ပါတယ်လို့ ဆိုပါတယ်။ အတင်းအဓမ္မ္မ လုပ်အားပေး ခိုင်းစေမှုတွေကတော့ မြန်မာပြည်တ၀န်းမှာ ကြုံတွေ့နေရတုန်းဖြစ်တဲ့ အဓိကပြဿနာ တခုပါ။ လမ်းဖောက်လုပ်ရေးနဲ့
စစ်တပ်အတွက် လုပ်ပေးရတဲ့ ကိစ္စတွေကို ရွာသူရွာသားတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ အကျဉ်းသားတွေဟာလည်း အဓမ္မ လုပ်အားပေး အခိုင်းခံနေရပါတယ်လို့ ဆိုပါတယ်။
မြန်မာပြည်က အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်ဆိုင်ရာ ဥပဒေသစ်နဲ့ အလုပ်သမားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး ကိစ္စတွေကို ILO အဖွဲ့ရဲ့ အလုပ်သမားရေး ကျွမ်းကျင်သူတွေက
လေ့လာပြီး အခုလာမယ့် ဖေဖော်ဝါရီလမှာ ပြန်လည်သုံးသပ် ဆွေးနွေးမှုတွေကို ILO အဖွဲ့ကြီးက လုပ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
http://www.voanews.com/burmese/news

လောင်စာဆီဈေးနှုန်းမြင့်လာမှုကြောင့် ပြည်သူများအခက်ကြုံလာ
မိနဒီမွန်၊ ကောင်းဝါသတင်းဌာန
ပြာသိုလဆန်း ၁၅ရက်။ဇန်နဝါရီ ၁၉၊၂၀၁၁။
မိနဒီမွန(် ဇန်နဝါရီ-၁၉)။ ။ ယခုလပိုင်းတွင် ဓါတ်ဆီ ဒီဇယ်ဆီဈေးနှုန်းမြင့်တက်မှုကြောင့် ထိုင်းမြန်မာနယ်စပ်တလျှောက်တွင် ပြေးဆွဲ နေသော
မော်တော်ယာဉ်များအခက်တွေ့နေရသည်ဟု ယာဉ်ပိုင်ရှင်များမှပြောပါသည်။ ထိုင်းနိုင်ငံတွင် ယခင်က ဓါတ်ဆီဈေး တစ်လီတာကို ဘတ်ငွေ(၄၀)ကျော်လောက်တာရှိသော်လည်း
ယခုအခါ(၄၈)ဘတ်အထိ ထိုးတက်လာ သည့်အတွက် ယာဉ်ပြေးဆွဲသူများအတွက်အခက်ကြုံနေရသည်ဟု စံခလပူရီမှ ဆိုင်ကယ်တက္ကစီ မောင်းသူတစ်ဦးမှ ယခုလို ပြောပါသည်။

“အရင်ကခေါက်တိုဆို တစ်ဆယ်ဘတ်ယူတယ်။ အခုတော့(၁၅)ဘတ်ယူရတယ်။ တွက်ခြေမကိုက်ပေမဲ့ ဒီလိုဘဲပြေးဆွဲနေရတာပေါ့။”

ယခုလိုလောင်စာဆီဈေးတက်လာသည့်အတွက် သယ်ယူပို့ဆောင်ရေးအတွက်စရိတ်နှုန်းကြီးမြင့်လာသည့် နည်းတူ ကုန်သည်များအတွက်


သယ်ယူပို့ဆောင်စရိတ်ကြီးမားလာသည်နှင့်အမျှ စရိတ်ကာမိစေရန် ဈေးနှုန်းတင် ထားရသည်ဟု ကုန်သည်တစ်ဦးမှပြောပါသည်။

“ကုန်တင်ခတိုးပေးရလို့ ကုန်ပစ္စည်းတွေကို ဈေးတင်ရောင်းရတဲ့အနေအထားမှာရှိနေတယ်။ ကုန်တင်ခ လျော့သွားရင်တော့ ဈေးလျှော့ရောင်းရတယ်။ ဈေးတင်ရောင်းရတော့


ရောင်းအားမကောင်းဘူး။ ဈေးရောင်း ရနှုန်း ထက်ဝက်ကျသွားတယ်။ ခါတိုင်းမှာတစ်ရက်ကို သုံးသောင်းလောက်ရောင်းရတဲ့ဆိုင်တွေမှာဆိုရင် တစ်သောင်း လောက်သာရောင်းရတယ်
ဟု ဘုရားသုံးဆူ ကုန်စုံရောင်းသူတစ်ဦးမှပြောပါသည်။

အလားတူဘဲဝယ်သုံးသူဘက်ကလည်း “ကျမတို့တော့မပါမဖြစ်တဲ့ ဆီ။ဆားကြက်သွန်ုတော့ မစားဘဲနေလို့ မရဘူးလေ။ ဈေးတက်လည်းဝယ်ရတာဘဲ လောင်စာဆီဈေးတက်လည်း


ကုန်ပစ္စည်းစားစရာတွေ ဈေးလိုက်တက် လာတော့ မပြေလည်ဘူး။ ပိုက်ဆံတွေမစုမိဘူး ရလိုက်။ ကုန်လိုက်နဲ့ ဖြစ်နေတယ် ဟု ရေးမြို့နယ်မှ အနန်းပုန်ရွာသူ တစ်ဦးက ပြောပါသည်။
အလားတူမြန်မာနိုင်ငံဘက်လည်း ယခင်ကဆီတစ်ဂါလံကို နှစ်ထောင်ကျပ်ကျော် သုံးထောင်လောက်သာ ရှိသော်လည်း ယခုအခါတွင် လေးထောင်ကျပ်ပေါက်ဈေး ဖြစ်နေတဲ့အတွက်
မော်တော်ယာဉ်သမားများအနေနှင့် အခက်ခဲများနှင့်ရင်ဆိုင်နေရပြီး ပြေဆွဲရနှုန်းလည်းယခုအခါမှာလျော့သွားကြောင်းယာဉ်ပိုင်ရှင်များမှပြောပါသည်။
မွန်ပြည်သစ်ပါတီမှငွေအတုနှင့် ရော်ဘာဝယ်သူအစိုးရအရာရှိတစ်ဦး ဖမ်းဆီးရမိ
မိအိန်ပိုင်၊ ကောင်းဝါသတင်းဌာန
ပြာသိုလဆန်း ၁၄ရက်။ဇန်နဝါရီ ၁၈၊၂၀၁၁။
မိအိန်ပိုင(် ဇန်နဝါရီ-၁၈)။ ။ကရင်ပြည်နယ် ဘားအံမြို့ နယ်သာသနာရေးဦးစီးဌာန ဒု-ဦးစီးအရာရှိတစ်ဦးဖြစ်သည့် အသက်(၃၂)နှစ် အရွယ်ရှိ မမြတ်လေးမော် (ခေါ် ) ကွန်းပီးသည်
ကြာအင်းဆိပ်ကြီးမြို့နယ် တောင်ပေါက်ရွာတွင် ဇန္နာဝါရီလ (၁၄) ရက်နေ့၌ (၁၀၀၀)ကျပ်တန်ငွေအတုနှင့် ရာဘာသွားဝယ်ခဲ့ရာ မွန်ပြည်သစ်ပါတီမှ နိုင်ချမ်းတုံး(နဲာဆာန်ဍုင်)နှင့်
ကျေးရွာရယကတာဝန်ရှိသူများက ဖမ်းဆီးရမိခဲ့ကြောင်း တောင်ပေါက်ရွာနေ တာဝန်ရှိသူတစ်ဦးက ကောင်းဝါ သတင်းဌာနကို ပြောပြခဲ့ ပါသည်။

ဇန်နဝါရီလ (၁၄)ရက်နေ့နံနက်(၁၀)နာရီခန့်တွင် မမြတ်လေးမော်(ခေါ်) ကွန်ပီးသည် တောင်ပေါက်ရွာနေ မိရင်လေးထံမှ ရာဘာ(၂)သိန်းဖိုးဝယ်သွားခဲ့ရာ မိရင်လေးသည်


အဆိုပါငွေ(၂)သိန်းနှင့် မုဒုံမြို့သို့ ကုန်ပစ္စည်း သွားဝယ်ရာတွင် ကုန်စုံဆိုင်ပိုင်ရှင်ကိုဇော် မမော်တို့က ငွေအတုဖြစ်နေကြောင်း သိသည့်အတွက် မုဒုံမြို့ရဲစခန်းကို တိုင်ကြားခဲ့ပါသည်။
မိရင်လေးလည်း ငွေအတုဖြစ်နေကြောင်းသိရှိပြီး ကြောက်ရွံ့စွာဖြင့် တောင်ပေါက်ရွာ သို့ပြန်လည်ထွက်ပြေးလာကာ ရွာဥက္ကဌနှင့် အင်းခွရွာအခြေချ မော်လမြိုင်ခရိုင်
မွန်ပြည်သစ်ပါတီမှအရာရှိတို့ထံ အကျိုးအကြောင်းရှင်းပြခဲ့သဖြင့် မမြတ်လေးမော်ကိုဖမ်းဆီးခဲ့သည်ဟု တောင်ပေါက်ကျေးရွာ ဒေသခံတစ်ဦးမှ ပြောပါသည်။

မမြတ်လေးမော်(ခေါ်)ကွန်းပီးတည်းခိုနေသည့် တောင်ပေါက်ရွာရှိဒေါ်ကျင်လှိုင် နေအိမ်တွင် ငွေ(၆) သိန်း ရွှေအတုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အဆိုပါငွေ(၆)သိန်းထဲမှ (၄)သိန်းသည်


ငွေအတုဖြစ်နေကြောင်း ကျေးရွာ ရယကတစ်ဦးမှပြောပါသည်။

အဆိုပါ မမြတ်လေးမော်(ခေါ်)ကွန်းပီးသည် မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ရိုဂိုးရွာဇာတိဖြစ်ပြီး ယခုလက်ရှိ တာဝန်မှာ ဘားအံမြို့သာသနာရေးဦးစီးဌန ဒု-ဦးစီးအရာရှိတစ်ဦးဖြစ်ပါသည်။


သူမ၏ဖခင်မှာ ဦးစိုးမော် (ကွယ်လွန)် သည်လည်း မော်လမြိုင်မြို့သာသနာရေးဘက်မှ အရာရှိတစ်ဦးလည်းဖြစ်ပါသည်ဟု သူမနှင့်ရင်းနှီးသူ တစ်ဦးမှပြောပါသည်။

ယခုအခါမွန်ပြည်သစ်ပါတီမော်လမြိုင်ခရိုင်မှ မမြတ်လေးမော် (ခေါ် )ကွန်းပီးကို ဖမ်းဆီးထိန်းသိမ်းထား ကြောင်း တောင်ပေါက်ရွာမှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။


http://www.kaowao.org

ယာဉ်တင်အလေးချိန် ကန့်သတ်ချက်ရက်ရွေ့
Wednesday, 19 January 2011 18:16 သျှမ်းသံတော်ဆင့်

အာစီယံစံနှုန်းအတိုင်း ပြည်တွင်းကုန်တင်ယာဉ်များ တင်ဆောင်ရမည့် အလေးချိန် ကန့်သတ်ချက်ကို တရုတ် - မြန်မာ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းတွင် ယခုလ ၂၀ ရက်နေ့
နောက်ပိုင်းမှ အကောင်အထည် ဖေါ်နိုင်မည်ဟု သိရသည်။
မူစယ် ၁၀၅ မိုင် ကုန်သွယ်ရေးလမ်းကြောင်းတွင် ဇန်န၀ါရီပထမအပတ်မှ စတင် ကျင့်သုံးရန်ညွန်ကြားထား သော်လည်း ယာဉ်များ အဆင်မပြေမှု ရှိနေသဖြင့် ရက်ရွေ့ရခြင်း ဖြစ်ကြောင်း
မူစယ် ၁၀၅မိုင် ကုန်သွယ်ရေး ၀န်ထမ်းတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ကုန်အလေးချိန်ကန့်သတ်ချက်တွေက အခုလ ၂၀ ရက်နေ့အထိ ထပ်ရွှေ့လိုက်တယ်။ကုန်ကားအသိုင်း အ၀ိုင်း ကလည်း ချက်ခြင်းလိုက်လုပ်ဖို့ အဆင်မပြေတဲ့အတွက်


တင်ပြလာတဲ့အပိုင်းလေးတွေရှိနေလို့ပါ။ ကားတွေမှာ တချို့မလိုအပ်တဲ့ အ စိတ်အပိုင်းတွေ ဖြုတ်ရတာတွေရှိတော့လေ။ ၂၀ ရက်နေ့နောက်ပိုင်းမှ အခြေအနေ ထပ်သိရမယ် ” -ဟု သူက
ပြောသည်။

ပြည်တွင်းကုန်တင်ယာဉ်များ တင်ဆောင်ရမည့် ကုန်အလေးချိန် သတ်မှတ်ချက်များကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလပိုင်း ကတည်းက ဆောက်လုပ်ရေးနှင့်


ကုန်းလမ်းပို့ဆောင်ရေးဝန်ကြီးဋ္ဌာနတို့ ပူးပေါင်း သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အလေးချိန်များမှာ ၁၄ ဘီးတပ်ယာဉ် ကုန် ၃၄ တန် ၊ ၁၂ ဘီးတပ်ယာဉ် ကုန် ၃၀ တန် ၊ ၁၀ဘီးတပ် ယာဉ် ၂၅ တန် နှင့် ၆ ဘီးတပ်ယာဉ် ကုန် ၂၀ တန် သတ်မှတ်ထားသည်။

ထို့နောက် အာစီယံနိုင်ငံများရှိ ယာဉ်များတင်ဆောင်သည့် အလေးချိန်အတိုင်းတင်ဆောင်ရန်ဒီဇင်ဘာလ ဆန်း ပိုင်းက ပြောင်းလဲ သတ်မှတ်လိုက်သည်။

အာစီယံနိုင်ငံများတွင် ၁၄ ဘီးတပ်ယာဉ် ကုန်အလေးချိန် ၃၄ တန် ၊ ၁၂ ဘီးတပ်ယာဉ် ကုန်၂၅ တန် ၊ ၁၀ဘီးတပ်ယာဉ် ၂၁ တန် နှင့် ၁၀ ဘီးတပ်ယာဉ် ၁၆ တန် သတ်မှတ်ထားကြောင်း
သိရသည်။

လက်ရှိမူစယ် - မန္တလေးလမ်းကြောင်းတွင် ပြေးဆွဲနေသည့် ယာဉ်များသည်ယခင်သတ်မှတ်ကုန်အလေးချိန် အတိုင်း တင်ဆောင် နေကြောင်း သိရသည်။


ပည်သူ့စစ်ပိုင်ကား အမျိုးသမီး ၃ ဦးကို တစ်ပြိုင်တည်း ၀င်တိုက်
Wednesday, 19 January 2011 18:16 သျှမ်းသံတော်ဆင့်

မူဆယ်မြို့နယ် ဖေါင်းဆိုင် ပြည်သူ့စစ်အဖွဲ့ဝင် မောင်းနှင်သည့် ဖိုးဝီးကား အမျိုးသမီးငယ် ၃ ဦးအား ၀င်တိုက်ခဲ့သည့် ဖြစ်ရပ် ယခုလ ၁၇ ရက်နေ့ ည ၇ နာရီခွဲခန့်က မူစယ်ခရိုင် ကြူကုတ်
(ပန်ဆိုင်း) မြို့၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖေါင်းဆိုင် ပြည်သူ့စစ် အဖွဲ့ဝင် ကိုမိုးကြိုးမောင်းလာသည့် ဖိုးဝီးကားက ကြူကုတ်မြို့နယ်ကာစီနိုလောင်း ကစား ရုံအနီး ဆိုင်ကယ် ကိုယ်စီ မောင်းနှင်လာသည့် အမျိုးသမီးငယ် ၃ ဦးကို
ဝင်တိုက်ခဲ့ခြင်း ဖြစ်သည်။
ယာဉ်တိုက်မှုကြောင့် အသက် ၂၀ ၀န်းကျင်အရွယ် ဒေသခံ အမျိုးသမီး ၃ ဦး စလုံး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး ၂ ယောက်ကို တရုတ်ပြည် ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း
ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ကားဒရိုင်ဘာက မူးနေတယ်။ မူးယစ်ဆေးသုံးထားတာ။ လူ ၃ ယောက်ကို တစ်ခါတည်း တိုက်လိုက်တာ။ တစ်ယောက်က ရွေလီ ဆေးရုံ၊ တစ်ယောက်က မန်စီဆေးရုံ တင်ထားရတယ်။
တစ်ယောက်ကတော့ ခြေထောက်ကျိုးသွားတယ်။ သူတို့စီးလာတဲ့ ဆိုင် ကယ် ၃ စီးစလုံး ပျက်သွားတယ်” လို့ သူက ပြောသည်။

ယခုအခါ တရုတ်ပြည် ရွေလီနှင့် မန်စီဆေးရုံများသို့ ပို့ဆောင်ထားသည့် အမျိုးသမီးနှစ်ယောက်နှင့် ၄င်းတို့၏ မိဘများကို ပြည်သူ့ စစ် အဖွဲ့က အဆက်အသွယ်ဖြတ်တောက်ထားသည်ဟု
ဆိုသည်။

“ ဖေါင်းဆိုင်ပြည်သူ့စစ်အဖွဲ့က အဆက်အသွယ်ပေးမလုပ်ဘူး။ ဘယ်သူမှပေးမသိခိုင်းဘူး။ မိဘတွေကိုလဲ အခြေ အနေဘယ် လိုရှိတယ်ဆိုတာ ပြန်မပြောပေးဘူး။ သူတို့မိဘတွေက


အရမ်းစိတ်ပူနေတယ် ” ဟု ဆိုသည်။
ထပ်မံတိုးချဲ့မည့် စစ်တိုင်းရုံးသစ် ယခုလကုန်ရုံးစိုက်နိုင်ရန်ပြင်ဆင်
Wednesday, 19 January 2011 17:50 သျှမ်းသံတော်ဆင့်

တိုးချဲ့မည့် အရှေ့အလယ်ပိုင်းတိုင်းသစ်သတင်းနှင့် အတူသျှမ်းပြည်စစ်တိုင်း ၃ တိုင်းအတွင်းရှိဒေသခံ တပ်ရင်းအသီးသီးမှတတိုင်း လျှင်အင်အားအယောက် ၃၀၀ ရွေးထုတ်၍


ယခုလကုန်ပိုင်းပို့ ဆောင်တပ်ချ နိုင်ရန် ပြင်ဆင်နေကြောင်းတောင်ကြီး သတင်းရပ် ကွက်က ဆိုသည်။
စစ်တိုင်း ၁ တိုင်းလျှင် အင်အား ၃၀၀ ဖြင့် သျှမ်းပြည်စစ်တိုင်း ၃ တိုင်းမှ ရရှိလာမည့် စုစုပေါင်း အင်အား ၉၀၀ နှင့် နေပြည်တော်မှ အင်အား ၁၀၀ ဖြည့်ဆည်းပေးမည်ဖြစ်ပြီး အင်အား
၁၀၀၀ ဖြင့် အခြေချရုံးစိုက်ဖို့ရှိ ကြောင်း စစ်တိုင်းရုံးနှင့်နီးစပ်သည့် တောင်ကြီး ဒေသခံတဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။

“စကခလက်အောက်ခံတပ်တွေတော့ မကောက်ဘူးပေါ့။ တပ်ရင်းအသီးသီးက စိတ်ချရတဲ့ လူရင်းတွေ၊ အကြပ်တပ်မှူးငယ်တွေ လောက်ဘဲရွေးတယ်လို့သတင်း တွေထွက်နေတယ်။


အရှေ့အလယ်ပိုင်းတိုင်းလို့ နာမည်ထွက်ပေမယ့် အဲဒီစစ်ဌာနချုပ်ရဲ့ တရား ၀င်အဆင့်နဲ့နာမည်ကိုတော့ မသိရသေးဘူး။ တိုင်း ၄ တိုင်းကို စစ်တိုင်းချုပ် ဒု ဗိုလ်ချုပ်ကြီးအောင်သန်းထွဋ်က
ကိုင်မယ်လို့လဲ ကြားနေရတယ်။” ဟု၎င်းကပြောသည်။
စစ်တိုင်းထပ်မံတိုးချဲ့မည့်သတင်းသိထားသော သျှမ်းပြည်အရှေ့ပိုင်းသားတချို့ နအဖက
စစ်သားသစ်ကောက်ယူမည့်အရေး တွေးပူကာ မိမိတို့သားသမီးများအားတခြားသို့ပို့ဆောင်ရန်
စီစဉ်နေကြကြောင်း သိရသည်။

မကြာသေးမီက ကျိုင်းတုံမြို့ ဆင်ခြေဖုံးတ၀ိုက် အခြေချနေထိုင်သည့် မိသားစုတခုက-“


ရွာမှာနေတုန်းက ၀ ၊ သျှမ်း၊ ပြည်သူ့စစ် တပ်ဖွဲ့တွေ စစ်သားကောက်တာကို ရှောင်ရတယ်။ အခု
မြို့ပေါ်ရောက်လာတာ စိတ်အေးရပြီ မှတ်တယ်။ ဘယ်ဟုတ်လို့လဲ။ ဗမာစစ် တပ်က စစ်မှုမထမ်းမနေရ
ဥပဒေ အကောင်အထည်ဖော်တော့မယ် ဆိုတော့ ကျနော်တို့ခလေးတွေ ထိုင်းကိုပို့လိုက်မှ
ဘဲအေးတော့မယ်” - ဟု ပြောသည်။

အလားတူ ကျိုင်းတု-ံ တာချီလိတ်သို့ စီးပွါးရေးလုပ်ကိုင်ကြသောနိုင်ငံရေးအခြေခံရှိသူ၊ရေဒီယိုသတင်း


နားထောင်လေ့ရှိသူ တချို့ ကလည်း- နအဖ၏ စစ်မှုမထမ်းမနေရ စနစ်မှာ တိုင်းပြည်ကာကွယ်ရန်
အတွက်မဟုတ်ဘဲ၊ ပြည်တွင်းလက်နက်ကိုင်တော်လှန် ရေး တပ်ဖွဲ့များအားတိုက်ခိုက်ရှင်းလင်းရန်
အတွက်သာဖြစ်သဖြင့် သားသမီးများအား စစ်မှုမထမ်းစေလိုကြကြောင်း၊ ထို့ကြောင့် တခြား ဒေသသို့
ပြောင်းရွှေ့အလုပ်လုပ် ကိုင်ရန် (သို့မဟုတ)် ထိုင်းသို့သွားရောက် အခြေချရန်
တီးတိုးပြောဆိုတိုင်ပင်လာ ကြကြောင်း သိရသည်။

ထပ်မံတိုးချဲ့မည့် စစ်တိုင်းအသစ် အခြေစိုက်မည့် နေရာ အတိအကျမသိရသေးသော်လည်း ပြီးခဲ့သည့် ဒီဇင်ဘာလက မြို့နယ်ခွဲ အဆင့်တိုးမြင့်လိုက်သော(နမ့်ဇန် မြို့နယ်) ခိုလမ်မြို့နယ်ခွဲ
၊ (ကွန်ဟိန်းမြို့နယ်) ကာလိမြို့နယ်ခွဲ နှင့် (မိုင်းရှူးမြို့နယ်) မိုင်းဇန်မြို့ နယ်ခွဲ ဒေသတ၀ိုက်ဖြစ်နိုင်ကြောင်း သျှမ်းပြည် နိုင်ငံရေး၊ စစ်ရေးလေ့လာသည့် ပုဂ္ဂိုလ်များ ခန့်မှန်းကြသည်။
စိန်ကျော့ပြည်သူ့စစ်က ရမခစစ်တိုင်းရုံးထံ လယ်ထွန်ထော်လာဂျီလိုင်စင် ထပ်တောင်း
Wednesday, 19 January 2011 17:48 သျှမ်းသံတော်ဆင့်

ဦးလွယ်မောဝ်းနှင့် ဦးကိုင်ဖတို့ ဦးဆောင်သော စိန်ကျော့ပြည်သူ့စစ်တပ်ဖွဲ့ကလယ်ထွန်ထော်လာဂျီလိုင်စင် အတွက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌါနချုပ်(လားရှိုး) ထံ


ထပ်မံတောင်းခံကြောင်း စုံစမ်းသိရှိရပါသည်။
တရုတ်ဖြစ်လယ်ထွန်စက် (www.gladhander.cn)
“လယ်ထွန်ထော်လာဂျီ ၁၀ စီးထက်မနည်း လိုင်စင်ချပေးဖို့အတွက် လားရှိုးတိုင်းစစ်ဌါနချုပ်ကို ထပ် တောင်းတယ်။ လိုင်စင်ချပေးရင် တရုတ်ပြည်ဖက် သွားဝယ်ရမယ်”
ဟုစိန်ကျော့ပြည်သူ့စစ်မိသာစုဝင် တစ်ဦးက ပြောပါသည်။

စိန်ကျော့ပြည်သူ့စစ်၊ လွယ်ဖာကာလိပြည်သူ့စစ်နှင့် မိန်းခေးပြည်သူ့စစ်တို့အား ခွင့်ပြုပေးပြီးသား ကားအစီး ၃၀ အ တွက် လိုင်စင်ကို ဒီဇင်ဘာလနှောင်းပိုင်း


စတင်အကောင်အထည်ဖော်လုပ်ပေးတော့မည်ဖြစ်ကြောင်း သိရသည်။

“အခုရတဲ့ ကားလိုင်စင်အစီး ၃၀ ဟာ ဒုတိယအသုတ်ဘဲ။ ပထမအသုတ်က ရွေးကောက်ပွဲမတိုင်ခင်တုန်းက ၂၃ စီး ရပြီးပြီ။ ဒု-တပ်ရင်းမှူးနဲ့ အထက်အရာရှိတွေ ခပ်များများရကြတယ်”
ဟု၎င်းကဆက်လက်ပြော ပါသည်။

တဖက်ကလည်း နအဖက စိန်ကျော့ပြည်သူ့စစ်နှင့် မိန်းခေးပြည်သူ့စစ်တို့အား လစဉ် ဓါတ်ဆီ ဂါလံပေါင်း ၁၂၀၀၀ ကို အစိုးရဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဒီဇင်ဘာလနှောင်းပိုင်း၌ စိန်ကျော့ပြည်သူ့စစ်၊ လွယ်ဖာကာလိပြည်သူ့စစ်နှင့် မိုင်းခေးပြည်သူ့စစ်တို့အား ကားအစီး ၃၀၊ မူစယ်မြို့နယ် မိုင်းပေါ်ပြည်သူ့စစ် ၂ စီး၊ ကွတ်ခိုင်မြို့နယ်
ဖောင်းဆိုင်ပြည်သူ့စစ် ၂ စီး၊ တာမိုးညဲပြည် သူ့စစ် ၂ စီး၊ နမ့်ခမ်းမြို့နယ် ပန်းဆေးပြည်သူ့စစ် ၂ စီးနှင့်နယ်ခြားစောင့်တပ်အသွင်ပြောင်း လိုက်သည့် (ယခင်ကေဒီအေ) ၁၅ စီး တို့ကို
နအဖက ကားလိုင်စင်အသီးသီးချပေးခဲ့သည်။
http://www.mongloi.org/burmese/

တုတ်ကွေးတွေ့ပြီးနောက် စစ်တွေ ကြက်ခြံ တချို့မှ ကြက်များကို သုတ်သင် ရှင်းလင်း

1/19/2011
Adjust font size:

ရခိုင်ပြည်နယ် စစ်တွေမြို့ ဘုမေကျေးရွာအုပ်စုတွင် အပြင်းစားကြက်တုတ်ကွေး ဖြစ်ပွားနေရာ အနီးအနားမှ ကြက်ခြံများမှ ကြက်များကို လွန်ခဲ့သော တနင်္လာနေ့က စပြီး သုတ်သင်
ရှင်းလင်းပစ်နေကြောင်း သတင်း ရရှိသည်။

မျက်မြင်ကိုယ်တိုင်သွားကြည့်ခဲ့သူ တစ်ဦးက “ အခု သဲချောင်းကျေးရွာက ကြက်ခြံ ၁၀ ကျော်က ကြက်တွေကို သုတ်သင်ရှင်းလင်းခဲ့တာကို တွေ့ရပါတယ်။ ကျန်းမာရေးဌာနက လူတွေက
သုတ်သင် ရှင်းလင်းတာ ဖြစ်ပါတယ်။ သုတ်သင်ရှင်းလင်းပီးတာနဲ့ ပလစတစ်အိတ်တွေမှာ ကြက်တွေကို ထည့်ပီးတော့ အနက် ၆ ပေထိ တူးထားတဲ့ တွင်းမှာထည့်ပီး အထက် မြေဖို့တယ်။
အဲသလို ရှင်းလင်းပစ်တာကို မြင်တွေ့ခဲ့ရပါတယ်” ဟု ပြောသည်။

ဘုမေကျေးရွာအုပ်စု ဘုမေလက်သမားကျေးရွာရှိကြက်ခြံတစ်ခုတွင် အပြင်းစား ကြက်တုတ်ကွေးကြောင့် ကြက်အများအပြား သေဆုံးသွားပြီးနောက် အဆိုပါ ကြက်ခြံ အနီး


တစ်ကီလိုမီတာ အတွင်းရှိ မွေးမြူရေး ခြံများမှ ကြက်များကို သုတ်သင် ရှင်းလင်း ပစ်နေကြောင်း သူက ပြောသည်။

“ သဲချောင်းဆိုတာက ဘုမေ အုပ်စုထဲမှာ ရှိပါတယ်။ ဘုမေ လက်သမားရွာဆိုတာကလည်း ဘုမေ အုပ်စုထဲမှာ ရှိပါတယ်။ မူဆလင်တွေ နေထိုင်နေတဲ့ ရွာတွေ ဖြစ်ပါတယ်။
ခုလောလောဆယ်တော့ ဆက်ပြန့်ပွားတာကို မတွေ့ရသေးတဲ့ အတွက် အဲဒီအုပ်စု အတွင်းက ကြက်ခြံတွေက ကြက်တွေလောက်ဘဲ ရှင်းပစ်တာကို တွေ့ရပါတယ်။ ကျန်တဲ့
ရပ်ကွက်တွေက ကြက်ခြံတွေကို အနီးကပ် စောင့်ကြည့်နေပါတယ်” ဟု သူက ပြောသည်။

ကြက်များကို အစုလိုက် အပြုံလိုက် သုတ်သင်ရှင်းလင်းပစ်သော်လည်း နစ်နာသူ ကြက်ခြံပိုင်ရှင်များကို တစုံတရာ လျော်ကြေးပေးခြင်း မရှိသေးကြောင်း သူက ပြောသည်။

ယခုကဲ့သို့ ကြက်တုတ်ကွေးကြောင့် စစ်တွေတွင် ကြက်ဥ၊ ကြက်သားနှင့် ကြက်ရောင်းချခြင်းကို တားမြစ်ထားပြီး နယ်သို့ ကြက်များ ယူဆောင်ခြင်းနှင့် နယ်များမှ ကြက်များကို စစ်တွေသို့
ယူဆောင်ခြင်းကိုလည်း တားမြစ်ထားကြောင်း သိရသည်။

အမည်မဖေါ်လိုသူ စစ်တွေမှ အမျိုးသမီး တစ်ဦးကလည်း “ ကြက်သားတွေ၊ ကြက်ဥတွေကို ဘယ်သူမှ ၀ယ်မစားကြတော့ပါဘူး။ လွန်ခဲ့တဲ့ တရက်နှစ်ရက် ကတည်းက ကြက်တုတ်ကွေး
ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေလည်း စစ်တွေမှာ ပျံ့နေပါတယ်။ နီးစပ်ရာ နီးစပ်ရာကို ပြောပြီး ကြက်သားမစားဖို့ အဲသလိုမျိုး လူထုအတွင်းမှာ လုပ်နေတာကို တွေ့ရပါတယ်။
သက်ဆိုင်ရာ အပိုင်းကတော့ သိပ်ကျယ်ကျယ်ပြန့်ပြန့် ပညာပေးတာမျိုးတော့ မတွေ့ရသေးပါဘူး။ ဒါပေမယ့် ကြက်၊ ဘဲ၊ ကြက်ဥနဲ့ ဘဲဥ ရောင်းချခွင့်ကိုတော့ စစ်တွေမှာ
ပိတ်ပင်ထားပါတယ်။” ဟု ပြောသည်။

ယခုအခါ ကြက်တုတ်ကွေး ဖြစ်ပွားမူ အခြေအနေကို သက်ဆိုင်ရာမှ အနီးကပ် စောင့်ကြည့်မူများရှိနေပြီး ထူးခြားမူများတွေ့ရှိပါက အချိန်နှင့် တပြေးညီ တင်ပြရန် အထက်က
ညွှန်ကြားထားကြောင်းလည်း သိရသည်။
ရတပ ပါတီ ပြည်နယ်လွှတ်တော်တွင် အတိုက်အခံ အနေဖြင့် ရပ်တည်မည် မဟုတ်

1/18/2011
Adjust font size:

၂ ရက်တာ ကျင်းပပြုလုပ်ခဲ့သော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (ရတပ)၏ ရခိုင်ပြည်နယ် လွှတ်တော်အမတ်များ အစည်းအဝေးမှာ ယမန်နေ့က ပြီးဆုံးသွားရာ ရတပ ပါတီ
အနေဖြင့် ရခိုင်ပြည်နယ် လွှတ်တော်တွင် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒေါက်တာ အေးမောင်က ပြောသည်။
“ ကျွန်တော်တို့က ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်သွားပါမယ်။ ရခိုင်ပြည်နယ် လွှတ်တော်မှာ အတိုက်အခံ အနေနဲ့ သွားရင် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို
အနှောင့်အယှက်သွား ဖြစ်ပြီးတော့ ကျွန်တော်တို့လိုလားနေတဲ့ ရည်မှန်းချက်ကို ပေါက်ရောက်မှာ မဟုတ်ဘူး။ ကျွန်တော်တို့က လွှတ်တော် ပထမသက်တမ်း တ၀က်တာ ကာလမှာ
ရခိုင်ပြည်နယ်အတွင်းက မြို့တွေအကုန်လုံးမှာ ၂၄ နာရီ လျှပ်စစ်မီး ရရှိရေး အတွက် ဆောင်ရွက်သွားနိုင်အောင် လုပ်ဆောင်သွားဖို့ အစီအစဉ်ရှိပါတယ်။ ဒါကြောင့် ဒေသ
ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြံ့ခိုင်ရေး ပါတီနဲ့ မဆို ဘယ်ပါတီနဲ့ ဖြစ်ဖြစ် လက်တွဲ ဆောင်ရွက်သွားဖို့ ကျွန်တော်တို့ ဆွေးနွေးညှိနိုင်းခဲ့ကြပါတယ်” ဟု ဒေါက်တာ အေးမောင်က
ပြောသည်။

ရတပ ပါတီသည် ရခိုင်ပြည် လွှတ်တော် မဲဆန္ဒနယ်မြေ ၃၄ နေရာတွင် ၁၈ နေရာ အနိုင်ဖြင့် အများစု အနိုင်ရရှိထားသော ပါတီ ဖြစ်သော်လည်း ရခိုင်လွှတ်တော်တွင် စစ်တပ်မှ
ကိုယ်စားလှယ် ၉ ဦး ပါဝင်လာမည် ဖြစ်သဖြင့် ရခိုင်ပြည်နယ် လွှတ်တော်တွင် ကြံ့ခိုင်ရေးနှင့် စစ်တပ်က အင်အား အသာဖြင့် လွမ်းမိုးသွားမည် ဖြစ်သည်။

“ ကျွန်တော်တို့ ၁၈ နေရာ အနိုင်ရထားပေမယ့် စစ်တပ်က ကိုယ်စားလှယ်တွေနဲ့ဆိုရင် ကြံ့ခိုင်ရေးက ကျွန်တော်တို့ထက် အမတ်အရေ အတွက်များသွားနိုင်ပါတယ်။ ဒါပေမယ့်
လွှတ်တော်မှာ ကျွန်တော်တို့ ကလည်း အမတ်အများစု ဖြစ်နေတော့ တစ်စုံတရာ ပြောရေး ဆိုခွင့်ရှိရမှာပေါ့လေ။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးက ကျွန်တော်တို့ပါတီရဲ့ ပထမဆုံး
လုပ်ဆောင်ရမယ့် အလုပ်ဖြစ်နေတော့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် လူထုကို မဆန့်ကျင်တဲ့ ဘယ်ဖွံ့ဖြိုးတိုးတက်မူကို မဆို ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်သွားမယ်။
လူထု အကျိုးကို ဆန့်ကျင်ရင်တော့ ကန့်ကွက်သွားပါ့မယ်” ဟု သူက ဆက်ပြောသည်။

၎င်းပြင် ပြည်နယ်လွှတ်တော်တွင် နိုင်ငံတော်သမ္မတ အနေဖြင့် သူတို့ပါတီမှ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအား ပြည်နယ် ၀န်ကြီးချုပ် ခန့်အပ်ပါက ဆောင်ရွက်သွားရန် အဆင်သင့်
အနေအထားတွင် ရှိပြီး အကယ်၍ ပြည်နယ် ၀န်ကြီးချုပ်ကို ကြံ့ခိုင်ရေးပါတီက ခန့်အပ်လျှင် ပြည်နယ်လွှတ်တော် ဥက္ကဌ နေရာကို သူတို့ပါတီ ခန့်အပ်ရန် အဆိုပြုတင်ပြသွားမည်ဟု
သူက ပြောကြားသည်။

“ အဓိက ပေါ်ပေါက်လာမယ့် လွှတ်တော်ရဲ့ အခင်းအကျင်းကို ကြည့်ပြီးတော့ ကျွန်တော်တို့ ပြည်နယ်တိုးတက်ရေး အတွက် ဘာတွေ လုပ်နိုင်ကြမလဲ ဆိုတာကို ဆွေးနွေးခဲ့ကြတာ
ဖြစ်ပါတယ်။ ပြည်နယ် လွတ်တော်ဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေလည်း ထွက်နေတော့ အဲဒီ အချက်တွေ အပေါ်မှာလည်း လွှတ်တော် အမတ်တွေ အနေနဲ့ ဘယ်လို ရပ်တည်
နေထိုင်သွားကြမလဲ ဆိုတာကို ဆွေးနွေး ဖြစ်ကြပါတယ်” ဟု ဒေါက်တာအေးမောင်က ပြောသည်။

ရခိုင်ပြည်နယ် လွှတ်တော်တွင် ရတပမှ ၁၈ နေရာ၊ ကြံ့ခိုင်ရေးမှ ၁၃ နေရာ၊ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ် ပါတီက ၂ နေရာနှင့် တစည ပါတီက တစ်နေရာ
အနိုင်ရထားသည်။ နအဖ တပ်မတော်မှ ၉ နေရာနှင့် လူမျိုးစုနေရာမှ ချင်း တစ်နေရာ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် လွတ်တော်ကို စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် မြို့တော် ခန်းမတွင် ဇန္န၀ါရီလ ၃၁ ရက်နေ့ နံနက် ၈ နာရီ ၅၅ မိနစ်တွင် စတင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
အရှင်ပညာစာရအမူ ပြင်ဆင်မူ လျှောက်လဲချက် နေပြည်တော် တရားရုံးထိ တင်သွင်း

1/18/2011
Adjust font size:

စစ်တွေ ခရိုင်တရားရုံးက ထောင်ဒဏ် ၈ နှစ် သုံးလခွဲ ချမှတ်ခံခဲ့ရသော ဆရာတော် အရှင်ပညာစာရ အမူ အယူခံလွှာကို ရခိုင်ပြည်နယ် တရားရုံးက ပယ်ချလိုက်သဖြင့် ပြင်ဆင်
လျှောက်လဲချက်ကို ယခုလ ၁၃ ရက်နေ့က နေပြည်တော် တရားရုံးသို့ သွားရောက် တင်သွင်းခဲ့သည်ဟု ရှေ့နေမကြီး ဒေါ်အေးနုစိန်က ပြောသည်။

“ ကျွန်မတို့က အယူခံလွှာ တင်သွင်းတာ မဟုတ်ပါဘူး။ အယူခံလွှာကို ရခိုင်ပြည်နယ် တရားရုံးကို တင်ပီး သွားခဲ့ပါပြီ။ စစ်တွေခရိုင် တရားရုံးက ထောင် ၈ နှစ် သုံးလ ချမှတ်တာကို
မကျေနပ်တဲ့ အတွက် ပြည်နယ် တရားရုံးကို အယူခံလွှာတင်ပါတယ်။ ပြည်နယ် တရားရုံးက အမူကို အကျဉ်းချုံး ပလပ်လိုက်တဲ့ အတွက် ပြင်ဆင်မူ လျှောက်လဲချက်ကို နေပြည်တော်
တရားရုံးထိ တင်သွင်းတာ ဖြစ်ပါတယ်။ ဥပဒေကြောင်း အရ ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု ရှေ့နေမကြီးက ပြောသည်။

ထိုကဲ့သို့ တင်သွင်းမူကြောင့် အမူနှင့် ပတ်သက်ပြီး နောက်ဖြစ်လာမည့် အခြေအနေကိုလည်း ရှေ့နေမကြီးက ယခုကဲ့သို့ ပြောသည်။

“ ဥပဒေအကြောင်းအရ အဲဒီအမူကို ကြားနာစစ်ဆေးဖို့ သင့်မသင့် သူတို့က ကျွန်မကို လျှောက်လဲချက်ပေးဖို့ ခေါ်ပါအုံးမယ်။ ကျွန်မ နောက်ထပ် တစ်ကြိမ် နေပြည်တော်ကို သွားပီး
လျှောက်လဲချက်ပေးရပါမယ်။ အဲသလို လျှောက်လဲချက်ပီးပြီခါမှ အယူခံလွှာကို ကြားနာစစ်ဆေးဖို့ သင့်မသင့် တရားရုံးက ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ အမူကို ဆက်လက် ကြားနာဖို့
ဆုံးဖြတ်မှ ဆက်လက်ပီး အယူခံလွှာကို စစ်ဆေးမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဆရာမကြီး ဒေါ်အေးနုစိန် အနေဖြင့် အရှင်ပညာစာရနှင့် တွေ့ဆုံရန် ယခုလ ၁၂ ရက်နေ့က သရက်ထောင်ထိ သွားရောက်ခဲ့သော်လည်း ထောင်အာဏာပိုင်များက (၅)
မိနစ်သာခွင့်ပြုကြောင်း သိရသည်။

“ ကျွန်မက ရှေ့နေပါဝါယူပြီး သွားတွေ့တာကိုတောင် ၅ မိနစ်ဘဲ ခွင့်ပြုပါတယ်။ ဘာကြောင့် အဲသလို လုပ်သလဲ ဆိုတာ ထောင်အာဏာပိုင်တွေသာ သိပါလိမ့်မယ်။ တွေ့ခွင့်
ပိုမရဘူးဆိုတော့လည်း ပြန်လာရတာပေါ့။ ဆရာတော်ရဲ့ ကျန်းမာရေးက ကောင်းတယ်လို့ ပြောပါတယ်” ဟု ရှေ့နေမကြီးက ပြောသည်။

ဆရာတော် အရှင်ပညာစာရကို အစပိုင်းတွင် မာတုကာမနှင့် ဖေါက်ပြည်သည်ဟု စွပ်စွဲကာ အာဏာပိုင်များက ဖမ်းဆီး ခဲ့သော်လည်း နောက်ပိုင်းတွင် တရားမ၀င် နိုင်ငံခြားငွေ
ကိုင်ဆောင်မူ၊ ညစ်ညမ်း ခွေများ လက်ဝယ် ထားရှိမူ၊ စည်ပင်အက်ဥပဒေကို ချိုးဖေါက်ပြီး သာသနာပိုင် မြေများကို ဌားရမ်းမူ၊ ငွေကြေး အလွဲသုံးစားမူ စသည့် အမူပေါင်း ၅ ခုဖြင့် ဒဏ်ငွေ
တစ်သောင်း အပါအ၀င် ထောင် ၈ နှစ်နဲ့ သုံးလ ချမှတ်ခဲ့သည်။

ဆရာတော်ကို ၂၀၁၀ ဇူလိုင်လ ၂၇ ရက်နေ့က ဖမ်းဆီးပြီး စက်တင်္ဘာလ ၂၉ ရက်နေ့က စစ်တွေ ခရိုင်ရုံးက စွပ်စွဲချက် တစုံတရာ ခိုင်မာမူ မရှိဘဲ ထိုသို့ ထောင်ချခဲ့ခြင်း ဖြစ်သည်။

ဆရာတော် ဖမ်းဆီးခံရပြီးနောက် ဆရာတော် ပြုစုပျိုးထောင်ခဲ့သော မဟာမုနိ ဗုဒ္ဓ၀ိဟာရမှ ကလေးငယ် ၁၀၀ ကျော်ကို ဗမာပြည်သို့ ပို့ဆောင်လိုက်ပြီး ဆရာတော် ရှာဖွေ
သိမ်းဆည်းခဲ့သော ရခိုင် ရှေးဟောင်း အမွေအနှစ် ပစ္စည်းများ အားလုံးကို သိမ်းယူသွားခဲ့သည်။ ဆရာတော်ထံမှ သိမ်းယူသွားခဲ့သော ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ် ပစ္စည်းများကို
တစုံတရာ တရားရုံးတွင် တင်ပြခြင်း မရှိသည့် အပြင် ယခုအခါ အဆိုပါ ပစ္စည်းများ အားလုံး ပျောက်ဆုံး နေကြောင်း သိရသည်။
http://www.narinjara.com/burmese.asp

စစ်တပ်ဂိတ်ဖွင့်ပြီး ရွာသားများထံမှ ဂိတ်ကြေးတောင်း


2011-01-19
မကွေးတိုင်း တောင်တွင်းကြီး မြို့နယ် အတွင်းမှာ ကပစ (၁၈) က စက်ရုံလုံခြုံရေးနဲ့ မဆိုင်ပဲ ၇ မိုင် အကွာမှာ စစ်တပ်ဂိတ်တခုဖွင့်ပြီး ဒေသခံတွေဆီကနေ ငွေကြေး အဓမ္မ
တောင်းယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(Photo: AFP)
ကျေးလက်ဒေသတွင် နွားလှည်းစီးကာ ခရီးသွားနေသော ရွာသူရွာသားများ ဖြစ်ပါသည်။ (Photo: AFP)
ဒါ့အပြင် ငွေမပေးနိုင်သူ ဆင်းရဲသား ရွာသားတွေကိုလည်း နေပူလှန်း၊ ဖားခုန် ခိုင်းတာမျိုးတွေ နေ့စဉ် ဖြစ်နေတယ်လို့ ကိုယ်တိုင် အမြဲတမ်း ကြုံတွေ့နေရတဲ့ ရွာသားတဦးက RFA ကို
ပြောပါတယ်။
ပျဉ်းမနား - တောင်ညို အဝေးပြေးလမ်းမကနေ ကပစ (၁၈) စက်ရုံ ရှိတဲ့ဖက်ကို အရှည် ၇ မိုင်ရှိတဲ့ လမ်းခွဲတခု ဖောက်လုပ်ပြီး ကပစ (၁၈) က ဂိတ်တခု ဖွင့်ပြီး အဲဒီလို ဒေသခံတွေကို
ညှဉ်းပန်းနှိပ်စက်နေတာ ဖြစ်ပါတယ်။ အဲဒီ ဂိတ်ဟာ ကပစ စက်ရုံကနေ ၇ မိုင်လောက်ဝေးတဲ့ လမ်းဆုံမှာ စက်ရုံ လုံခြုံရေးနဲ့ ဘယ်လိုမှ မသက်ဆိုင်ပဲ ငွေရလိုမှု တခုတည်းနဲ့သာ ဖွင့်ထားတဲ့
ဂိတ်တခု ဖြစ်ကြောင်း ရွာသွားတွေက ပြောပါတယ်။ အဲဒီဂိတ်ကို မကြာခဏ ဖြတ်သွားရတဲ့ ဒေသခံ ရွာသားတဦးက RFA ကို အခုလို ပြောပြပါတယ်။
“ဒီ ကပစ ၁၈ ကနေပြီးတော့ သူတို့ ဧရိယာနဲ့ မဆိုင်ပဲ ကျွန်တော်တို့ အရပ်ဖက် နယ်ထဲကို ၇ မိုင်လောက် ကျော်ပြီးတော့ ဒီ ဂိတ်ကြီး ဆောက်ထားတယ်ဗျ။ အဲဒီ ဂိတ်ကြီး
ဆောက်ထားပြီးတော့ အဲဒီ ဂိတ်မှာ မောင်းတံကြီး ချပြီးတော့ အဲဒီ လမ်းထဲကို ဝင်သမျှ ကားဟူသရွေ့ကို ကောက်တယ်။ ကောက်ခံတဲ့ အချိန်မှာလည်း တင်းတင်းမာမာ တောင်းဆိုပြီးတော့
ကောက်ခံလေ့ရှိတယ်။”
“အလားတူပဲ ကားတစီးကိုလည်း တခေါက် ဖြတ်တိုင်းဖြတ်တိုင်းပဲ ၁၀၀၀ တောက်လျှောက် တောင်းတယ်ဗျ။ သူတို့ လမ်းပေါ်က ဖြတ်သွားမိတဲ့ လှည်းတွေဆိုရင် အငေါက်ခံရတယ်၊ ဖားခုန်
ခုန်ခိုင်းမယ် ပြောတယ်၊ ပါးရိုက်မယ်၊ နားရိုက်မယ် ကြိမ်းမောင်းတယ်၊ တော်တော် ဆိုးတာက လမ်းထိပ်ဝ နေရာမှာ ရှိတာကိုး၊ သူတို့ လမ်းနဲ့ မဆိုင်တဲ့ ကျွန်တော်တို့ အရပ် လမ်းပေါ်မှာ
သွားတဲ့ လှည်းတွေကိုလည်း ငေါက်ပြီးတော့ ထင်းတော ဝါးတော ဆင်းတဲ့ ဆင်းရဲတဲ့ ဒီ သစ်တောထွက် လှည်းနွားတွေကို ခေါ်ပြီးတော့ ရပ်ခိုင်းတယ်၊”
“အဲဒီ တောင်သူတွေ အရပ်သားတွေကို သူတို့ ဆက်ကြေး တောင်းတယ်ပေါ့ဗျာ။ သူတို့အတွက် အခွန် လှည်းတစီးကို ထင်းလှည်း ဝါးလှည်းဆို ပိုက်ဆံပေးမလား၊ မပေးရင် ထင်းချဝါးချ
ဖားခုန် ခုန်ခိုင်းမယ်၊ ပါးရိုက်မယ် အစရှိတာ အဲလို တပ်နဲ့ မဆိုင်ပဲ အရပ်ဖက် ကျွန်တော်တို့ လမ်းပေါ်မှာ သူတို့က အဲဒီလို ကြိမ်းမောင်းပြီးတော့ တောင်းတယ်ဗျ။”
ဒါ့အပြင် အဲဒီ ကပစ ၁၈ စစ်တပ်ဂိတ် ကားလမ်းဘေးမှာ အရှည် ပေ ၃၀၀ ခန့် ရှိပြီး အမြင့် ၄ ပေလောက် ရှိတဲ့ မြေကြီးတွေ ဖို့ထားတဲ့အတွက် တောင်ကျရေ စီးဆင်းမှု မရှိပဲ ကားလမ်း
အပေါ် အောက်မှာ ရှိတဲ့ လယ်ယာမြေတွေ ပျက်စီးနေကြောင်းလည်း ရွာသားတွေက ပြောပါတယ်။ ဒီကိစ္စအတွက် တောင်တွင်းကြီးမြို့နယ် မယက ကို တိုင်ကြားခဲ့ပေမဲ့ မြို့နယ် မယက
အာဏာပိုင်တွေက ဒါဟာ စစ်တပ်ကိစ္စ ဖြစ်တဲ့အတွက် စစ်တပ်နဲ့သာ ညှိကြဖို့သာ ပြန်လည် ဖြေကြားတယ်လို့ ဆိုပါတယ်။
ရွာသားတချို့က စစ်တပ်ဂိတ်ကို သွားရောက် ရှင်းပြတဲ့အခါမှာ အဲဒီ ကပစ ၁၈ ဂိတ် တာဝန်ရှိသူတွေက လမ်းဖောက်တဲ့ ကုမ္ပဏီနဲ့သာ စကားပြောဖို့ ကြိမ်းမောင်း ပြောဆိုတယ်လို့
သိရပါတယ်။
ချင်းပြည်နယ်မှ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆရာဝန်များထုတ်ဖော်
2011-01-19
ချင်းပြည်နယ်အတွင်း မြို့နယ် ၉ မြို့နယ်က အိမ်ထောင်စုတွေကို စစ်တမ်းကောက် လေ့လာချက်အရ တနှစ်တာ ကာလအတွင်း စစ်တပ်နဲ့ အာဏာပိုင်တွေက ကျူးလွန်တဲ့ ဆိုးဝါးတဲ့
လူ့အခွင့်အရေး ချိုးဖောက်မှု ၁၈၀၀ နီးပါး တွေ့ရှိခဲ့တယ်လို့ အမေရိကန် ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ် အခြေစိုက် လူ့အခွင့်အရေးအတွက် ဆရာဝန်များ အဖွဲ့ Physicians for
Human Rights (PHR) အဖွဲ့က ဇန်နဝါရီ ၁၉ ရက် ဒီကနေ့မှာ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

(Photo: AFP)
ဘာသာရေး ဖိနှိပ်မှုများကြောင့် မြန်မာနိုင်ငံမှ ထွက်ပြေးလာပြီး အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ခိုလှုံနေထိုင်နေသော ချင်းတိုင်းရင်းသား သားအမိနှစ်ဦးကို ခရစ်တော် လက်ဝါးကပ်တိုင်ပုံ
ချိတ်ဆွဲထားသည့် လူနေခန်းတခုတွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ပြုလုပ်မဲ့ မြန်မာနိုင်ငံ အပါအဝင် ကုလသမဂ္ဂက စောင့်ကြည့် အစီရင်ခံနေတဲ့ နိုင်ငံတွေနဲ့ နှစ်ပတ်လည် ဆွေးနွေးပွဲ
မတိုင်မီ တပတ်အလိုမှာ ဒီအစီရင်ခံစာကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
'မြန်မာနိုင်ငံ ချင်းပြည်နယ်က လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု သက်သေ အထောက် အထားများ' လို့ တိုက်ရိုက် အဓိပ္ပာယ်ရတဲ့ အစီရင်ခံစာမှာ ၂၀၀၉-၂၀၁၀
တနှစ်တာကာလအတွင်း ချင်းပြည်နယ်က မြို့နယ် ၉ မြို့နယ်မှာ လူဦးရေအလိုက် ကွင်းဆင်း စစ်တမ်းကောက်ယူခဲ့ရာမှာ ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ၁၇၆၈ မှု တွေ့ရှိရပြီး
စစ်သားတွေက သတ်ဖြတ်ခဲ့မှု ၆ မှု၊ လူပျောက်ဆုံးမှု ၂၉ မှု၊ ညှဉ်းပန်း နှိပ်စက်ခံရမှု ၂၃ မှု၊ လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေးမှု ၁၇ မှု တွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီအစီရင်ခံစာ ပြုစုရေးသားရာမှာ ပါဝင်သူတဦးဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု Johns Hopkings တက္ကသိုလ်က ပါမောက္ခ Dr. Chris Beyrer က ဒီအစီရင်ခံစာ တွေ့ရှိချက်တွေဟာ
ချင်းပြည်နယ် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတာ သိပ္ပံနည်းကျ စာရင်းအချက်လက်နဲ့ သက်သေပြလိုက်တာပါလို့ RFA ကို ပြောပါတယ်။
ဒီအစီရင်ခံစာက ဒီချင်းပြည်နယ် ဝေးလံခေါင်သီတဲ့ ဒေသတွေ အတွင်း အစိုးရ အာဏာပိုင်တွေက ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်တွေ မယုံနိုင်စရာ အခြေအနေအထိ ဆက်ပြီး
ရှိနေတယ် ဆိုတာကို ပြသနေပါတယ်။ ချင်းပြည်သူတွေဟာ လက်ရှိ စစ်အာဏာပိုင်တွေ လက်အောက်မှာ မကြုံစဖူး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ခံစားနေပါတယ်။
ဒီကျူးလွန်နေတာတွေ ရပ်တန့်သင့်ပါတယ်။ နောက် ဒီပြစ်မှု ကျူးလွန်ဖို့ ခိုင်းစေသူနဲ့ ကျူးလွန်သူတွေကို လည်း စုံစမ်း ဖော်ထုတ် အရေးယူဖို့ လိုအပ်ပါတယ်လို့ ပြောပါတယ်။
ဒီအစီရင်ခံစာ ပြုစုထုတ်ပြန်တဲ့ PHR အဖွဲ့ဟာ ၁၉၉၇ ခုနှစ်က မြေမြှုပ်မိုင်း ပပျောက်ရေးလှုပ်ရှားမှုနဲ့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ပူးတွဲ ချီးမြှင့်ခံရတဲ့ လူ့အခွင့်အရေးအဖွဲ့ ဖြစ်ပါတယ်။
လူ့အခွင့်အရေးအတွက် ဆရာဝန်များအဖွဲ့ (PHR) ရဲ့ ချင်းပြည်နယ်က လူ့အခွင့်အရေးချိုးဖောက်မှုများ အကြောင်း စာရင်းပြုစုထားတဲ့ အစီရင်ခံစာ ထွက်ပေါ်လာတာကို ဗြိတိန်အခြေစိုက်
ခရစ်ယာန် သွေးစည်း ညီညွတ်ရေးအဖွဲ့ (CSW) နဲ့ ကနေဒါအခြေစိုက် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) တို့က ကြိုဆိုလိုက်ပါတယ်။
PHR အဖွဲ့ရဲ့ အစီရင်ခံစာ အပိုင်း (၁) ကို RFA မှ ဦးကျော်မင်းထွန်းက တင်ပြထားပါတယ်။
လူ့အခွင့်အ
ရေး
အစီရင်ခံစ
ာ (၁ )

အသံဖိုင်ယူ
ရန်
http://www.rfa.org/burmese

မန်မာပြည်သူများသို့ တပ်မတော်သားတဦး ရဲ့ အိတ်ဖွင့်ပေးစာ


Posted by admin on January 19, 2011 3 Comments

၂၀၀၇ စက်တင်ဘာ
ကျနော်ကတော့ တပ်မတော် (ရေ) သို့  ၁၉၉၅ ခုနှစ်၊ အောက်တိုဘာလမှာ စတင်ဝင်ရောက်စစ်မှု ထမ်းနေ တဲ့ တပ်ကြပ်ကြီးတဦး ဖြစ်ပါတယ်။
ဒီနေရာမှာ ကျနော့်မိသားစု ဘေးကင်းလုံခြုံရေးအတွက် ကိုယ်ပိုင်အမှတ်၊ နာမည်တွေကို တိတိကျကျ ဖော် ပြနိုင်ခြင်းမရှိတာကို နားလည်နိုမယ် ထင်ပါတယ်။
ယခု အချိန်အခါဟာ စစ်အာဏာရှင် စနစ်ဆိုးအောက်မှာ မြန်မာပြည်သူများ ဒုက္ခဆင်းရဲတွေနဲ့ ပြားပြားဝပ် နေရတာကို အထူးတလည်ပြောဖို့ မလိုအပ်ပါဘူး။ အလားတူ ဒုက္ခဆင်းရဲတွေကို
မြန်မာပြည်သူတွေနဲ့တကွ ကျနော်တို့ (ကြည်း၊ ရေ၊ လေ) တပ်မတော်သားတွေပါ ခံစားနေရတာ နားလည်စေချင်ပါတယ်။
ကျနော်တို့ တပ်မတော်သားတွေထဲမှာလည်း အာဏာရှင်စနစ်ကို ရွံမုန်းသူ၊ မထောက်ခံသူ၊ လွပ်လပ်မှုကို လို လားသူတွေ အများအပြားရှိနေပါတယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ
မြန်မာပြည်သူလူထုကြီး သိရှိ စေချင်ပါတယ်။
အာဏာရှင်စနစ်ကြောင့် တပ်မတော်သားဆိုလျှင် မုဒိမ်းကောင်၊ အတင်းအဓမ္မ လုပ်အားပေး စေခိုင်းသူ၊ လက်နက်အားကိုး အနိုင်ကျင့်သူ စတာတွေနဲ့တွဲပြီး
ကြည့်မြင်သူတွေများနေပါတယ်။ ဒီလို ဖြစ်ရပ်တွေဟာ လည်း တကယ်ကိုရှိခဲ့တာပါ။ ဒါပေမဲ့ ဒီလို ဖြစ်ရပ်တွေနဲ့ တပ်မတော်သားအားလုံးကို မရောထွေးစေချင်ပါဘူး၊ မည်သည့်
လူ့အဖွဲ့အစည်းမှာမဆို အကောင်းနဲ့အဆိုးဆိုတာ ဒွန်တွဲပြီး ရှိနေကြတာပါ၊ အမည်းရှိသလို အဖြူ လည်းရှိနိုင်တာကို သတိချပ်စေချင်ပါတယ်။
ကျနော်တို့ တပ်မတော်သားတွေဟာ အာဏာရှင်စနစ်အတွက် လက်ကိုင်တုတ်အဖြစ် အသုံးပြုခံနေရတာ၊ အထောက်အပံ့ ဖြစ်နေစေတာကို ကိုယ်တိုင်ကိုယ်ကျ
နားလည်ခံစားသိရှိပါတယ်။ ကျနော်တို့ တပ်မတော် သားတွေကိုယ်တိုင်လည်း ရည်မှန်းချက်၊ မျှော်လင့်ချက်တွေ ပျောက်ဆုံးနေပြီး ထားရာမှာနေ စေရာကိုသွား လို့၊
တင်ပြတောင်းဆိုခွင့်ဆိုတာ လုံးဝမရှိဘဲ အာဏာရှင်စနစ်အတွက် အသက်ပေးဆောင်ရွက်နေကြရတာ ပါ။ (ကိုကိုးကျွန်း ကျွန်းပတ်လမ်း၊ ရေး – ထားဝယ်ရထားလမ်း စတာတွေဟာ
တပ်မတော်သားတွေရဲ့ သွေး ချွေတွေနဲ့ ပြုလုပ်ထားတဲ့ သာဓက အနည်းငယ်ပါ)
ဟိုးတချိန်က လူဖြူ ၊လူမည်း၊ လူမျိုးရေး၊ ဘာသာရေး စသဖြင့် ခွဲခြားမှုတွေ ဖြစ်ပွားခဲ့သလိုမျိုး ယနေ့ စစ် တပ်တွင်းမှာလည်း အရာရှိနဲ့  အခြားအဆင့် တစ်ဖက်သတ် ခွဲခြားခံနေရပြီး
အောက်ဆုံးမှာ ရှိနေတဲ့ အခြား အဆင့် ကျနော်တို့ တပ်မတော်သားတွေဟာ ပြားပြားဝပ်နေအောင် ခွဲခြားနှိပ်ကွပ် ဆက်ဆံခံနေရတာပါ။
အာဏာရှင် စနစ်ချုပ်ငြိမ်းသွားစေဖို့အတွက် အခြေအနေ၊ အချိန်အခါ၊ အခွင့်အရေးတွေများ ပေါ်ခဲ့ မယ်ဆို ရင် မြန်မာပြည်သူတွေနဲ့အတူ တပ်မတော်သားတွေအများအပြား
အာဏာရှင်စနစ်တိုက်ဖျက်ဖို့အတွက် စောင့်ဆိုင်းနေကြတယ်ဆိုတာကို မြန်မာပြည်သူများ သိရှိနိုင်ကြပါစေ။
နောက်ဆုံးအနေနဲ့ ပန်ကြားလိုတာကတော့ အာဏာရှင်စနစ် တွန်းလှန်တဲ့တော်လှန်ရေးမှာ ပြည်တွင်းပြည်ပ အတိုက်အခံအင်အားစုတွေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊
မြန်မာမျိုးဆက်သစ်လူငယ်တွေ တက်ကြွစွာပါဝင်ပြီး တစည်းတလုံးတည်း ညီညွှတ်စွာ ပါဝင်နိုင်ကြပါစေ ခင်ဗျား။
စိုးသူရ
တပ်ကြပ်ကြီးစာရေးတဦး (တပ်မတော်ရေ)
http://www.naytthit.net/

တောင်ငူမြို့တွင် လုံခြုံရေး ပိုတင်းကြပ်လာ


Submitted by Karen Information Center on Wednesday, 19 January 2011No Comment
ဇန်န၀ါရီလ ၁၉ရက်။ နန်းထူးစံ (ကေအိုင်စ)ီ
ကရင်ပြည်နယ်မြောက်ပိုင်း (ပဲခူးတိုင်းအရှေ့ခြမ်း)ရှိ တောင်ငူမြို့တွင် ယခုအချိန်တွင် သက်ဆိုင်ရာအာဏာပိုင်များက မြို့တွင်းမြို့ပြင် လုံခြုံရေး ပိုမိုချထားလာသည့်အပြင်
တောင်ပေါ်ဒေသနှင့် ဆက်သွယ်သွားလာသော ကားလမ်းများကိုလည်း ပိတ်ဆို့ထားလိုက်သည့် အတွက်ကြောင့် ဒေသခံများ၏ မိသားစုစီးပွားရေးကို ထိခိုက်စေသည်ဟု ဒေသခံများက
ပြောသည်။
တောင်ငူမြို့ခံတဦးက “အခုချိန်မှာ တောင်ငူမှာက စစ်တပ်တွေက သံလမ်း၊ ကားလမ်းတွေမှာ လုံခြုံရေးအပြည့် ယူထားတယ်။ မြို့ တွင်းလုံခြုံရေး အကုန်လုံးပေါ့နော်။ တောင်င-ဇရပ်
ူ ကြီး၊
ကျောက်ကြီး အဲဒီဘက်ကိုသွားတဲ့ ကားလမ်း၊ တောင်င-ူ သံတောင်ကြီး၊ တောင်ငူ-ဘောဂလိသွားတဲ့ ကားလမ်းအကုန်လုံးကို တင်းတင်းကြပ်ကြပ်ပဲ။”ဟု ကေအိုင်စီကို ပြောသည်။
တောင်ငူမြို့တွင် အခြေချလှုပ်ရှားသည့် စစ်ကွပ်ကဲရေးဌာနချုပ်-စကခ (၁၆)တပ်ဖွဲ့များအပြင် ယခုနှစ်စပိုင်းတွင် စကခ(၁၅)တပ်ဖွဲ့များ ထပ်မံရောက်ရှိလာပြီး မြို့တွင်းမြို့ပြင်
လုံခြုံရေးအတွက် စစ်ဆေးမေးမြန်းမှုများ၊ စောင့်ကြည့်မှုများ ပိုမိုလုပ်ဆောင်လာသလို ယခု ကားလမ်းများကိုပါ ပိတ်လိုက်သည့်အထိ လုပ်ဆောင်လာသဖြင့် ဒေသခံလူထုများ
စိတ်အနှောက်အယှက် ဖြစ်ရသည့်အပြင် အလုပ်အ ကိုင် အခက်အခဲဖြစ်ရကြောင်း ထိုမြို့ခံက ပြောသည်။
“အခုလို လုံခြုံရေးတွေ ပိုချ၊ ကားလမ်းတွေပိတ်ဆို့လိုက်တော့ တောင်ပေါ်က ဆင်းလာတဲ့ ကုန်စည်သီးနှံတွေကို အခြေခံပြီး ရောင်း ဝယ်နေတဲ့ ကျနော်တို့လို လူတွေအတွက်
အခက်အခဲဖြစ်တာပေါ့ဗျာ။ ဘာဖြစ်လို့ဆိုတော့ ကွမ်းတွေလည်း မလာတာကြာပြီ၊ ခြံထွက် သီးနှံတွေ အကုန်ပေါ့လေ။ အခု တောင်ပေါ်ဒေသနဲ့ မြို့ကို
အဆက်အသွယ်ဖြတ်လိုက်တဲ့သဘောဆိုတော့ ကျနော်တို့အတွက် စီးပွား ရေးထိခိုက်တယ်ပေါ့ဗျာ။”ဟု တောင်ငူမြို့ခံက ပြောသည်။
တောင်ငူမြို့နှင့် ဆက်သွယ်သွားလာသည့် တောင်ပေါ်ဒေသများမှ ကားလမ်းများကို အသွားအလာမလုပ်ရန် ယခုနှစ်ဆန်းပိုင်းက တည်းက ဒေသတွင်းရှိ နအဖ စစ်တပ်များက
တားမြစ်မှုများရှိသော်လည်း ယခုဇန်န၀ါရီလ (၁၇)ရက်နေ့၌ အခြေစိုက်လှုပ်ရှားလျှက်ရှိ သည့် စကခ(၇)အရာရှိများနှင့် ဘောဂလိမြို့နယ်မှူးတို့က ဘောဂလိကျေးရွာ အပါအဝင်
တောင်ပေါ်ဒေသအတွင်းရှိ ကျေးရွာသူကြီး များကို ခေါ်ယူတွေ့ဆုံပြီး ကား၊ ဆိုင်ကယ်များ မြို့တွင်းသို့ အသွားအလာမပြုရန် တရားဝင် ပြောဆိုထားသည်ဟု သိရသည်။
ယခုအခြေအနေကြောင့် တောင်ငူမြို့နေလူထုအပြင် တောင်ပေါ်ဒေသတွင် နေထိုင်ကြသည့် လူထုများက ပို၍ ဒုက္ခရောက်သည်ဟု တောင်ငူမြို့နှင့် မနီးမဝေး တောင်ပေါ်ဒေသတွင်
နေထိုင်သည့် ရွာသားတဦးက ယခုလို ပြောသည်။
သူက “အခုက ကားလမ်းဘေးမှာ ရှိတဲ့ လူတွေရော၊ စုစည်းကျေးရွာမှာ နေထိုင်တဲ့ လူတွေရော၊ ပုန်းအောင်းနေထိုင်တဲ့လူတွေရော အကုန်လုံး ဒုက္ခရောက်တယ်။ ဘာဖြစ်လို့လဲဆိုတော့
တရွာနဲ့တရွာ ဆက်သွယ်လုပ်နေတဲ့ အရောင်းအဝယ်လည်း မဖြစ်။ လုပ်အားခေါ် ခိုင်းတာလည်း ဆက်တိုက်ရှိနေတော့ ရွာသားတွေလည်း ကိုယ့်အလုပ် ကိုယ် မလုပ်အားဘူး။ စိုးရိမ်စိတ်နဲ့
နေနေရတယ်။ အထူးသဖြင့် ကားလမ်းဘေးမှာ နေတဲ့လူထုကျတော့ မိုင်းရှင်းတဲ့နေရာမှာ အသုံးပြုခံရသလို တပ်ရိက္ခာလည်း သယ်ပေးရတယ်။ ဒီတပ်တွေ မရုပ် သိမ်းမချင်း၊
ရိက္ခာပို့ဆောင်တာ မပြီးမချင်းတော့ ရွာသားတွေကတော့ ဒုက္ခရောက်တာပေါ့။”ဟု ပြောသည်။
ယခုလို တောင်ငူဒေသတွင် နအဖ တပ်အင်အား ပိုမိုချထားပြီး လုံခြုံရေး တင်းကြပ်လာခြင်းအပေါ် တောင်ငူမြို့၏ တောင်ပေါ်ဒေသ များကို ထိုးစစ်ဆင်ရန်အပြင် သို့မဟုတ်
တောင်ငူမြို့သည် နေပြည်တော်နှင့် နီးခြင်းကြောင့် လာမည့် ဇန်န၀ါရီလ (၃၁)ရက်နေ့တွင် စစ် အစိုးရက လွှတ်တော်အစည်းအဝေး ကျင်းပခေါ်ယူတော့မည်ဖြစ်၍
လုံခြုံရေးယူထားခြင်းလည်း ဖြစ်နိုင်သည်ဟု တောင်ငူဒေသခံများ က ဝေဖန်ပြောဆိုနေကြသည်။
http://www.kicnews.org/

Thursday, January 20, 2011


နအဖ ကရင်ပြည်နယ်ရဲမှုးကြီး သိန်း (၅၀၀) တန် နေအိမ်ဆောက်လို့  တံတားဂိတ်များ ကုန်သည်များနှင့် လိုင်စင်မဲ့ကား သွင်းသူများ အချိုးကျငွေထည့်ဝင်နေရ။

နအဖ ကရင်ပြည်နယ် ရဲမှုးကြီးကျော်ခိုင်ဦးသည်


မိသားစုနေထိုင်ရန်အတွက် သိန်း (၅၀၀) တန် နေအိမ်တလုံးအား
ဘားအံတွင် ဆောက်လုပ်လျှက်ရှိရာ သံလွင်တံတားဂိတ်မှ သိန်း (၅၀)၊
ဇာသပြင်တံတားဂိတ်မှ သိန်း (၅၀)၊ ဒုံသမိတံတားဂိတ်မှ (၂၅) သိန်း ၊
ဂျိုင်းတံတားဂိတ်မှ သိန်း (၅၀)၊ တရားမ၀င်ကုန်ပစ္စည်းများ သယ်ဆောင်နေသော ကုန်သည်များဖြစ်သည့် ကိုမောင်မောင်၊ ကိုကျော်ကျော်၊ ကိုစိန်ဝင်း၊ ကိုသောင်းဝင်းတို့မှ သိန်း (၁၀၀)၊
လိုင်စင်မဲ့ကားများ သယ်ဆောင်နေကြသော ကိုလင်းလင်း၊ မင်းမင်း၊ ကိုထွေး၊ ကိုသောင်းညွန့်တို့မှ သိန်း (၁၀၀) ထည့်ဝင်ပေးနေရသည်ဟု သိရှိရပါသည်။

ကုန်သည်များထံ ငွေကောက်ခံရန် ရဲမှုးကြီး၏ ညာလက်ရုံးဖြစ်သော ဒုရဲအုပ်ဝင်းနိင်မှ တာဝန်ယူပြီး လိုင်စင်မဲ့ကားသယ်ယူသူများထံမှ ငွေကောက်ခံရန် ရဲမှုးကြီး၏ ဘယ်လက်ရုံးဖြစ်သူ
ဒုရဲအုပ်လှစိုးမှ တာဝန်ယူပေး ရကြောင်း သိရှိရပါသည်။

ကရင်ပြည်နယ်ရဲတပ်ဖွဲ့ တွင် ရဲအုပ်လှစိုးနှင့် ရဲအုပ်ဝင်းနိင်တို့ ကို အခြားသော ရဲအရာရှိများနှင့် ရဲတပ်သားများအားလုံးက ကြောက်ရွံနေကြရသည်ဟုလည်း ရဲအရာရှိတဦးက
ပြောကြားပါသည်။

(သတင်းပေးပို့ လာသော မိတ်ဆွေအား အထူးကျေးဇူးတင်ရှိပါသည်)။


အပြည့်ဖတ်မည်...
ပြန်ချုံ့မည်...
at 3:49 AM
Rate this:
Be the first to rate!
?

Wednesday, January 19, 2011


ပြည်သူတွေ မျက်စိကန်း နားကန်းဖြစ်နေရမယ့် နအဖရဲ့  လွှတ်တော်အစည်းအဝေး။
နအဖက နေပြည်တော်မှာ ဒီလကုန် (၃၁) ရက်နေ့  ကြရင် လွှတ်တော်အစည်းအဝေးလုပ်မယ်လို့  ကြေညာပြီးနောက်၊ လွှတ်တော်ကိုယ်စားလှယ်တွေထံ လွှတ်တော်အစည်းအဝေး
တက်ရောက်ကြဖို့  ဆင့်ခေါ်စာအပြင် ကန့် သတ်ချက်ချက်တွေပါတဲ့ ညွှန်ကြားချက်တွေလည်း ထုတ်ပြန်ပေးပို့ ပါတယ်။

လွှတ်တော်အစည်းအဝေး တက်ရောက်တဲ့အခါမှာ ကွန်ပြူတာ၊ လက်ကိုင်ဖုန်းနဲ့ အသံဖမ်းစက်၊ ကင်မရာ အပါအ၀င် လွယ်အိတ်တွေကအစ သယ်ဆောင်ခွင့် မပြုတဲ့အကြောင်း သူတို့ထံ
ပေးပို့တဲ့ ညွှန်ကြားစာထဲမှာ ဖော်ပြထားတယ်လို့ စာလက်ခံရရှိကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

နအဖက သတင်းပေါက်ကြားမှာ၊ အဖြစ်မှန်တွေ ပေါ်ပေါက်မှာ ကြောက်လွန်းလို့  ဒီလို ကန့် သတ်ချူပ်ချယ်မှုပေါင်း မြောက်မြားစွာ ထုတ်ပြန်ပြီး စာနယ်ဇင်းတွေ၊ ရေဒီယိုတွေ၊
ရုပ်မြင်သံကြားတွေမှာ ဆင်ဆာဖြတ် ကန့် သတ်ပိတ်ပင်တာတို့  လုပ်နေကြ ဖြစ်ပါတယ်။

အခု သန်းရွှေတို့  နဖအလက်ထက် မတိုင်ခင်ကတည်းက အာဏာရှင်ဆန်ဆန်ကျင့်သုံးကြတဲ့ မဆလ န၀တ လွှတ်တော် အစည်းအဝေးတွေ အစိုးရဌာနဆိုင်ရာ
အစည်းအဝေးတွေအကြောင်းဟာ သူတို့ ရဲ့  ၀ါဒဖြန့် သတင်းစာထဲမှာ စိတ်တိုင်းကျ ပြင်ဆင်ရေးသားထားတဲ့ သတင်းတွေနဲ့  ဓါတ်ပုံတွေလောက်ဘဲ မြင်တွေ့ ကြရတာပါ။

အောက်ဖေါ်ပြပါ ပုံကတော့ တစ်ပါတီအာဏာရှင်စနစ်ကို ၁၉၆၂ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိ နှစ်ပေါင်း (၂၆) နှစ်ကြာ ကျင့်သုံးအုပ်ချူပ်ခဲ့တဲ့ နေ၀င်း ဦးဆောင်တဲ့
မဆလအစိုးရလက်ထက်မှာ လွှတ်တော်အစည်းအဝေးကျင်းပနေတုန်းက မှတ်တမ်းဓါတ်ပုံဖြစ်ပါတယ်။ အာဏာရူး သန်းရွှေရဲ့  လက်ဦးဆရာကြီး အာဏာရူးကြီး
နေ၀င်းလက်ထက်မှာလည်း ၀ါဒဖြန့် ချီရေး သတင်းစာတွေမှာ သတင်းအကန့် အသတ်အပြင်အဆင်တွေနဲ့  စီမံထားပြီးမှ ဖေါ်ပြခဲ့တဲ့ လွှတ်တော်အစည်းအဝေး ကျင်းပနေတဲ့ ဓါတ်ပုံ
ဖြစ်ပါတယ်။

လွတ်တော်အစည်းအဝေးအတွင်းမှာ ဘယ် လွှတ်တော်ကိုယ်စားလှယ်တွေက ဘာပြောဆိုဆွေးနွေးကြသလည်း၊ ဘယ် ၀န်ကြီးတွေက ဘာတွေ တင်ပြပြောဆိုကြသလည်း၊ သမတတို့ 


ဝန်ကြီးချူပ်တို့ က ဘာတွေ ဆောင်ရွက်စီမံထားကြတာရှိသလည်း အစရှိတဲ့ ပြည်သူတွေ သိသင့်သိထိုက်တဲာတွေကို လုံးဝအလျဉ်း သိခွင့်မရကြသလို၊ ပြည်သူတွေက သူတို့ 
သက်ဆိုင်ရာနယ်မြေဒေသမှာ လိုအပ်ချက်တွေကို ပြည်သူ့ ကိုယ်စား ရွေးချယ်ပေးတာဝန်ပေးအပ်လိုက်တဲ့ ကိုယ်စားလှယ်တွေက လွှတ်တော်အစည်းအဝေးတွေမှာ ပြည်သူ့ ကိုယ်စား
တင်ပြပြောဆိုပေးမှု ရှိမရှိဆိုတာ သိမြင်ကြားတွေ့ ခွင့် မရှိတဲ့အတွက် အစိုးရရဲ့ လုပ်ရပ်မမှန်ကန်မှုတွေ လွှတ်တော်ကိုယ်စားတစ်ဦးခြင်းစီရဲ့  လုပ်ရပ်မမှန်ကန်မှုတွေကို ပြည်သူအများက
သိရှိနိုင်မှာ မဟုတ်ပါဖူး။

ဒီလိုမျိုး အစိုးရအဖွဲ့ ဝင်တွေ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးချင်းစီတွေရဲ့  ပြောဆိုလုပ်ကိုင်ဆောင်ရွက်မှုတွေက ပြည်သူတွေ မသိအောင် လုပ်ချင်ရာလုပ်၊ ကိုယ်ကျိုးအလွဲသုံးစားမှုတွေ


လုပ်၊ လာဘ်ပေးလာဘ်ယူမှုတွေ လုပ်၊ အာဏာရာထူးကို အသုံးချပြီး အခွင့်အရေးတွေ ယူချင်သလိုယူခဲ့ကြလို့  မြန်မာနိုင်ငံကြီးဟာ မဆလလက်ထက်ကစပြီး ယခု နအဖလက်ထက်ထိ
နှစ်ပေါင်း (၄၀) ၀န်းကျင် မွဲတေဆင်းရဲခဲ့ကြရတာပါ။

ဒီလိုမျိုး အစိုးရအဖွဲ့ ဝင်တွေ သမတ ၀န်ကြီးချူပ်ကအစ နောက်ဆုံး သာမန်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအထိ မမှန်ကန်တဲ့ လုပ်ဆောင်မှုတွေ မဖြစ်ရအောင် သူတို
့ဘာတွေပြောဆိုဆွေးနွေးလည်း ဘာတွေလုပ်ကိုင်ဆောင်ရွက်နေကြသလည်းဆိုတာတွေကို အစဉ်မပြတ် သိရှိနေရအောင် တိုင်းသူပြည်သားတွေကို အသိပေးကြရပါတယ်။

စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့၊ ကျောသားရင်သား မခွဲခြားဘဲ မျှတမှန်ကန်တဲ့ တရားဥပဒေစိုးမိုတဲ့၊ ပြည်သူက မိမိတို့ ဆန္ဒအပြည့်အ၀နဲ့  ကိုယ်တိုင်ကိုယ်ကျ
ရွေးချယ်တင်မြှောက်ပေးခဲ့တဲ့ ပြည်သူ့ ကိုယ်စားလှယ်စစ်စစ်တွေ စီမံအုပ်ချူပ်တဲ့ နိုင်ငံတွေမှာဆိုရင် သတင်းမှောင်ချဖို့ နေနေသာ လွှတ်တော်ကိုယ်စားလှယ်တွေ ဘာတွေ ပြောတယ်
ဆွေးနွေးကြတယ် ဘာတွေ လုပ်ကိုင်ဆောင်ရွက်ကြတယ်ဆိုတာ ပြည်သူကို အပြည့်အစုံတင်ပြ အသိပေးကြရပါတယ်။

လွှတ်တော်အစည်းအဝေး ကျင်းပမှုတွေကို တစ်နိုင်ငံလုံးက ပြည်သူပြည်သားတွေ အချိန်မရွေး သိရှိနိုင်ကြရအောင် စီစဉ်ဆောင်ရွက်ထားပေးရပါတယ်။


လွှတ်တော်အစည်းအဝေးကျင်းပနေချိန်မှာပင်လျှင် ကျင်းပနေချိန်နဲ့  တပြိုင်နက် နားထောင်ကြည့်ရှူနိုင်ဖို့ ကိုလည်း စီစဉ်ပေးကြပါတယ်။ Parliament Sitting လို့  ခေါ်ဆိုတဲ့
လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြတဲ့ လွှတ်တော်အစည်းအဝေး နေ့ ရက်အချိန်ကာလတွေမှာ ပြည်သူတွေအနေနဲ့  လွှတ်တော်အစည်းအဝေးခန်းမအတွင်းမှာ ၀န်ကြီးချူပ်
ဝန်ကြီးတွေ လွှတ်တော်ကိုယ်စားလှယ်အမတ်တွေ ပြောဆိုဆွေးနွေးနေကြတာကို ပြည်သူတွေအတွက် သီးသန့် သတ်မှတ်ပေးထားတဲ့ နေရာတွေကနေ နားထောင်ကြည့်ရှူနိုင်ကြပါတယ်။

လွှတ်တော်အစည်းအဝေးခန်းမအတွင်းမှာ ၀န်ကြီးချူပ် ၀န်ကြီးတွေ လွှတ်တော်ကိုယ်စားလှယ်အမတ်တွေ ပြောဆိုဆွေးနွေးနေကြတာကို လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ်မှာဘဲ


ရေဒီယိုတွေ ရုပ်မြင်သံကြားတွေကနေ တိုက်ရိုက် အသံလွှင့်ပြသကြပါတယ်။

လွှတ်တော်အစည်းအဝေးခန်းမအတွင်းမှာ ၀န်ကြီးချူပ် ၀န်ကြီးတွေ လွှတ်တော်ကိုယ်စားလှယ်အမတ်တွေ ပြောဆိုဆွေးနွေးချက်တွေကို ဤသည်မရွေး တိုက်ရိုက် အသံလွှင့်တာကို


နားမထောင်ဖြစ် မကြည့်ဖြစ်တဲ့ ပြည်သူတွေအတွက်လည်း လွှတ်တော်အစည်းအဝေးအတွင်း တစ်ဦးချင်း ပြောကြားမှုတိုင်းကို အဖြတ်အတောက် အပြင်အဆင်မရှိဘဲ
မူလပြောဆိုချက်တွေအတိုင်း မှတ်တမ်းအဖြစ် ထားရှိပြီး ဗွီဒီယိုမှတ်တမ်းတွေ အသံမှတ်တမ်းတွေ စာရွက်စာတမ်း မှတ်တမ်းမှတ်ရာတွေအဖြစ် ထားရှိထားပြီး
အစိုးရအင်တာနက်စာမျက်နှာတွေ စာကြည်တိုက်တွေ ဌာနဆိုင်ရာတွေမှာ ဖတ်ရှူလို့  ရအောင် စီစဉ်ပေးကြပါတယ်။
လွှတ်တော်အစည်းအဝေး ကျင်းပနေတဲ့ ခန်းမအတွင်း ၀င်ရောက်ပြီး အများပြည်သူအတွက် သတ်မှတ်ပေးထားတဲ့ နေရာထိုင်ခင်းကနေ တိုက်ရိုက် ကြည့်ရှူနားထောင်နိုင်ပါတယ်။ ထို
့အပြင် ဓါတ်ပုံကင်မရာတွေ ဗွီဒီယိုကင်မရာတွေ ပေးယူပြီး ဓါတ်ပုံရိုက်ခွင့်ပေးပါတယ်။ ဒီလို လွှတ်တော်အစည်းအဝေးခန်းမအတွင်းကို နိုင်ငံသားမပြောနဲ့  အလည်အပတ်ရောက်ရှိနေကြတဲ့
နိုင်ငံခြားသားတွေကိုလည်း ၀င်ရောက်လေ့လာခွင့် နားထောင်ကြည့်ရှူခွင့်ပြုကြပါတယ်။

ပြည်သူတွေအနေနဲ့  လွှတ်တော်အစည်းအဝေးခန်းမအတွင်းမှာ ၀န်ကြီးချူပ် ၀န်ကြီးတွေ လွှတ်တော်ကိုယ်စားလှယ်အမတ်တွေ ပြောဆိုဆွေးနွေးချက်တွေကို တိုက်ရိုက်


နားထောင်ကြည့်ရှူခွင့်ရကြတဲ့ အထင်ကရ နိုင်ငံတွေထဲက ကောက်နှုတ်ပြရရင် အင်္ဂလန်နိုင်ငံ၊ စကော့တလန်နိုင်ငံ၊ သြစတြေလျနိုင်ငံနဲ့  နယူးဇီလန်နိုင်ငံတို့ ကို ဖေါ်ပြလိုပါတယ်။

သြစတြေလျနိုင်ငံမှာဆို၇င် အထက်လွှတ်တော် အောက်လွှတ်တော် အစည်းအဝေးခန်းမတွေထဲကို ပြည်သူတွေအနေနဲ့  တိုက်ရိုက်ဝင်ရောက် နားထောင်ခွင့်ရအောင်အတွက်


သတ်မှတ်ထားတဲ့ နေရာမှာ ထိုင်ခုံပေါင်း (၃၈၈) ခုံ ထားရှိပေးထားပါတယ်။ ရေဒီယို ရုပ်မြင်သံကြားတွေကလည်း ထုတ်လွှင့်ပြသနေတဲ့တွက် တိုင်းသူပြည်သားများဟာ နေရာအနှံ့ ကနေ
နားထောင်မြင်တွေ့ ကြပါတယ်။

အောက်ဖေါ်ပြပါ ပုံတွေမှာ သြစတြေလျနိုင်ငံရဲ့  အထက်လွှတ်တော်အစည်းအဝေး အောက်လွှတ်တော်အစည်းအဝေးတွေ ကျင်းပနေစဉ် အစည်းအဝေးခန်းမကြီးရဲ့  အပေါ်နေရာတွေကနေ


ပြည်သူပြည်သား မည်သူမဆို (သြစတြေလျနိုင်ငံကို အလည်ရောက်နေကြတဲ့ နိုင်ငံခြားသားတွေကိုပါ) တိုက်ရိုက်အသံနားထောင် ကြည့်ရှူနိုင်ပါတယ်။
ထို့ အတူ
အင်္ဂလန်နိုင်ငံ၊
စကော့တလန်နိုင်ငံနဲ့  နယူးဇီလန်နိုင်ငံတွေမှာလည်း လွှတ်တော်အစည်းအဝေါ်ကျင်းပပြောဆိုနေမှုတွေကို တိုက်ရိုက်နားထောင်ကြည့်ရှူနိုင်တဲ့ စီမံမှုတွေ ဆောင်ရွက်ထားပေးပါတယ်။

နအဖက သူတို့  လုပ်နေကြအတိုင်း လွှတ်တော်အစည်းအဝေကြီး အောင်မြင်စွာ ကျင်းပပြီးစီးသွားပါကြောင်းနဲ့  ဆုံးဖြတ်ချက်တွေ သတ်မှတ်ချက်တွေ ထုတ်ပြန်ကြေညာချက်တွေနဲ့ 


နအဖပိုင် သတင်းမီဒီယာတွေကနေ အဖြတ်အတောက် အပယ်အဖျက် အပြင်အဆင်တွေနဲ့  သတင်းထုတ်ပြန်ရုံမှအပ တစ်ခြားဘာမှ မရှိကြောင်းပါ။

တိုင်းသူပြည်သားတွေကို သတင်းအမှောင်ချနေတဲ့ နအဖသန်းရွှေတို့ ကတော့ နေပြည်တော်မှာ ဒီလကုန် (၃၁) ရက်နေ့  ကြရင် သူတို့ ရဲ့  လွှတ်တော်အစည်းအဝေးမှာ
လွှတ်တော်ကိုယ်စားလှယ်တွေကိုတောင် ကွန်ပြူတာ၊ လက်ကိုင်ဖုန်းနဲ့ အသံဖမ်းစက်၊ ကင်မရာ အပါအ၀င် လွယ်အိတ်တွေကအစ သယ်ဆောင်ခွင့် မပြုဖူးဆိုတော့ သာမန်
တိုင်းသူပြည်သားတွေအနေနဲ့ ကတော့ ပိုပြီး မျက်စိကန်း နားကန်းဘ၀နဲ့  တိုင်းပြည်ကို စီမံအုပ်ချူပ်ကြမယ့် နအဖဘ၀ကူးပြောင်းပြီး ပေါ်လာမယ့် အဆိုးရလက်အောက်မှာ
ဆိုးရွားလွန်းမယ့် အခြေအနေတွေကို ဆက်ပြီး ရင်ဆိုင်နေကြဦးမှာ တွေးမိတိုင်း ရင်လေးမိပါတယ်။

http://www.niknayman-niknayman.co.cc/

Wednesday, 19 January 2011


အသိပေးကြေငြာချက်
မကဒတ (ကျောင်းသားတပ်မတော်) ခေါင်းဆောင်များ၊ ရဲဘော်များ နှင့် မိတ်ဆွေများခင်ဗျား ...

မကဒတ ဗဟိုကော်မတီဝင်၊ ဗဟိုဘဏ္ဍာရေးတာဝန်ခံ နှင့် ဗဟိုဌာနချုပ် ရုံးအဖွဲ့မှူး၊ ကိုယ်ပိုင်အမှတ်၃၃၅၄ ရဲဘော် သန်းလွင် ခေါ် သော်ဇင် သည် ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၁၉ ရက်
(ဗုဒ္ဓဟူးနေ့) နေ့လည် ၂း၀၀နာရီ တွင် မဲဆောက်ဆေးရုံ၌ ကျဆုံးသွားပါကြောင်း ဝမ်းနည်းစွာဖြင့် အကြောင်းကြားအပ်ပါသည်။

ဗဟိုကော်မတီ
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး

ရက်စွဲ ။ ။၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်။

ဆက်သွယ်ရန်
၁။ ရဲဘော် ဆလိုင်းယောအောင် ( မဲဆောက်) salaiyawaung@gmail.com (+66) 81 724 1615
၂။ ရဲဘော် ကျော်လင်း (မဲဆောက်) kyawlin7@gmail.com (+66) 86 214 0161
၃။ ရဲဘော် ဝင်းတင့်ဟန် (မဲစရီးယန်း) wintinthan@gmail.com (+66) 83 323 9216

at 17:40 0 comments
သန်းရွှေသားသမီးတွေ ဆိုးသွမ်းမှု
ကိုမိုးသီးဇွန် နှင့် ၀ီဖိုက်ဝီ၀င်းအဖွဲ့ သားများခင်ဗျား
ဗိုလ်ချုပ်သန်းရွှေသားအကြီးဆုံး ထွန်းနိင်ရွှေဆိုသူဟာ နောက်ထပ်မိန်းမတယောက်ကိုတရားဝင်ထပ်ယူလိုက်ပါတယ်။ သူမှာအရင်က မိန်းမတယောက်ရှိတယ်။ အဲံ့မိန်းမနာမည်က
မတူးမာလို့ ခေါ်ပါတယ်။ အခုမြောင်းမြက ကောင်မလေးတယောက်ကိုထပ်ယူပြီးနေပြည်တော်မှာ နေနေပါတယ်။ ကောင်မလေးက ကိုယ်ဝန်ရှိနေပြီ
၇ လရှိနေပါပြီ။ ထွန်းနိင်ရွှေက မယားပြိုင်ယူတဲ့သဘောပါ။ ဒီသတင်းကအမှန်ပါ။ သန်းရွှေ သားသမီးတွေ ဖေါက်ပြန်ဆိုးဝါးမှုတွေကို အသေးစိတ်ဖေါ်ပြရဲတာ အကိုတို
့ဘလောက်ဂါတွေပဲရှိပါတယ်။ မီဒီယာတွေကဒီသတင်းတွေကိုသိရဲ့ နဲ့ မဖေါ်ပြကြဘူးဗျာ။ ကျနော်နာမလည်နိင်ဘူး ။ ဒါဟာအတင်းအဖျင်းတွေလို့ သူတို့ သဘောထားရင်မှားမယ်။
ဒါတွေဟာ
မြန်မာ့လူအဖွဲ့ စည်းမှာတကယ်ဖြစ်နေတာတွေပါ။ အကိုတင်ပြပေးပါလို့ မေတ္တာရပ်ခံပါတယ်။
ထွန်းနိင်ရွေရဲ့ မယားကြီးက မတူးမာပါ။ သူနဲ့  ရတဲ့ကလေးက ကလေးက ၁၄ နစ်လောက်ရှိပါပြီ။ ဆွစ်ဆာလန်မှာကျောင်းသွားထားပါတယ်။ ယောက်ကျားလေးပါ။
ဒီကောင်လေးကိုဆွစ်ဇာလန်မှာကျောင်းထားနိင်ဖို့ ကို ၀ိသမ စီးပွားရေးသမား ဖြစ်တဲ့ မိုးကျော်သောင်းဆိုတဲ့ သူက ကူညီနေတာပါ။ ဓါတ်ပုံပါ ကျနော်ပို့ ပေးပါမယ်။
သူမယားငယ်ဓါတ်ပုံလည်း ကျနော်ပို့ ပေးပါမယ်။ ပြည်သူဘဏာငွေတွေကို ထင်တိုင်းသုံးဖြုံးနေတဲ့ သန်းရွှေသားသမီးတွေ ဆိုသွမ်းမှုတွေကို တင်ပြပေးပါအကို။
http://komoethee.blogspot.com/

You might also like