You are on page 1of 49

ဂီရိ ဒေသ ကူညီရေးအဖွဲ့တချို့ ရပ်ဆိုင်းတော့မည်

ခင်ဦးသာ Thursday, 20 January 2011 19:08

ရခိုင်ပြည်နယ် ဂီရိ လေဘေး ဒေသများတွင် ကူညီထောက်ပံ့ ပေးနေသော ပြည်တွင်း ပြည်ပ NGO၊ INGO အဖွဲ့တချို့သည် ယခုလကုန်ပိုင်း၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို
ရပ်တန့်တော့မည် ဖြစ်ကြောင်း သိရသည်။
ဂီရိဖြစ်ပွားပြီး ၃ လပြည့်ပြီးချိန်၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ
ရပ်တော့မည့် အဓိက အဖွဲ့များတွင် နိုင်ငံတကာ INGO အဖွဲ့တဖွဲ့
ဖြစ်သည့် Save The Children ပါဝင်သည်ဟု မြေပုံဒေသ ခံတဦးက
ဧရာဝတီကို ပြောသည်။

“ဒီတလစာအတွက် ဆန်တွေပေးထားပါတယ်၊ ဒီလကုန်ရင် ရိက္ခာတွေ


မပေးတော့ဘူးလို့ Save The Children အဖွဲ့ဝင်တွေက ရွာတွေမှာ
ပြောထားပြီးပါပြီ”ဟု ၎င်းက ဆိုသည်။

ဂီရိဒေသ၌ ထောက်ပံ့ကူညီရေးလုပ်နေသည့် INGO၊ NGO အဖွဲ့ စုစုပေါင်း


၁၅ ဖွဲ့ခန့် ရှိသည့်အနက် အများစုမှာ ရပ်တန့်တော့ မည်ဟု သိရသည်။

လေဘေးဒုက္ခသည် များသည် မုန်တိုင်းတိုက်ခတ်ပြီး ၃


လပြည့်မြောက်သည့်တိုင် နေအိမ်များ ပြန်လည်မပြုပြင်နိုင်သေးခြင်း၊
အမိုးအကာ မလုံလောက်ခြင်း၊ စားဝတ်နေရေးအတွက် အလုပ်
အကိုင်မရှိခြင်း စသည့်အခက်အခဲများနှင့် ရင်ဆိုင်နေရဆဲ ဖြစ် သည်ဟု
ဒေသခံများ နှင့် NGO အဖွဲ့များက ပြောသည်။

( - AP) ယခု ရက်ပိုင်းတွင် ပုံမှန်မဟုတ်သော ရာသီဥတုကြောင့် ဂီရိဒေသရှိ


ဒေသခံများသည် ၀မ်းပျက် ၀မ်းလျှော နှင့် လည်ချောင်းနှင့်
ပတ်သက်သော ဝေဒနာများ ဖြစ်နေကြောင်း၊ လူဆယ်ဦးလျှင် ဓာတ်ဆားထုပ် တထုပ်ခန့်သာရ၍ ၀မ်းပျက် ၀မ်းလျှောခြင်းကို ကာကွယ်နိုင်မှု မရှိ ကြောင်းလည်း သိရသည်။

ဂီရိဒေသ လိုအပ်ချက်၏ ၂၀ ရာခိုင်နှုန်း ၀န်းကျင်သာ လုပ်ဆောင် ပေးနိုင်သေးသည်ဟု NGO တချို့က ပြောဆိုသည်။

ပြန်လည်ထူထောင်ရေး လုပ်ငန်းသည်ကြီးမားသော လုပ်ငန်းကြီးတခုဖြစ်၍ အစိုးရ ကိုယ်တိုင်ဦးစီး၍ နိုင်ငံတကာ အဖွဲ့များ၊ ကုလသမဂ္ဂ(UN) လက်အောက်ခံအဖွဲ့ များအပါအ၀င်
အားလုံးစုပေါင်းလုပ်ဆောင်မှ ဖြစ်မြောက်မည်ဟုလည်း NGO များက ဆို သည်။

NGO အဖွဲ့များ၏ ပြောဆိုချက်အရ မုန်တိုင်းကြောင့် လူဦးရေ ၂ သိန်း ၇ သောင်းကျော် အိုးအိမ်မဲ့ ဖြစ်သွားခဲ့ရာ ယခု အချိန်ထိ လူ ၁ သိန်းကျော်မှာ စားဝတ်နေရေး အခက်အခဲနှင့်
ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း သိရသည်။

NGO အဖွဲ့တချို့ကလည်း ၎င်းတို့တွင် ငွေကြေးအခက်အခဲကြောင့် လုပ်ငန်းများ လုပ်ဆောင်မှု နှေးကွေးနေကြောင်း၊ ဒုက္ခသည် များ၏ လိုအပ်ချက်များ ပြည့်မီရေးအတွက်
အကူအညီအများအပြား လိုအပ်နေသေးကြောင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် မင်္ဂလာမြန်မာ အဖွဲ့၏ တာရိုက်တာ တဦးဖြစ်သူ ဒေါက်တာ ဖုန်းဝင်းက ဧရာဝတီ
ကိုပြောသည်။

“နာဂစ်နဲ့ ယှဉ်လိုက်ရင် လိုအပ်ချက်တွေက အရမ်းကြီးကွာခြားနေပါတယ်၊ အဓိကပြဿနာက အလုပ်အကိုင်တွေ မရှိကြသေးတာတွေ၊ လုပ်ငန်းခွင်အတွက်


လိုအပ်တာတွေမရှိကြသေးတာတွေပါ”ဟု ၎င်းက ဆိုသည်။

ရေလုပ်ငန်းကို အဓိက လုပ်ကိုင်၍ အသက်မွေးကြသော မြေပုံမြို့နယ်၊ ပေါက်တောမြို့နယ်တို့တွင် လှေမလုံလောက်ခြင်း၊ ပိုက်ကွန်များ မပြည့်စုံခြင်းတို့ကြောင့် စားဝတ်နေရေး အတွက်
အလုပ်လုပ်ရန် မလွယ်ကူသေးကြောင်း ဒေသခံများက ပြော ဆိုသည်။

“အခုချိန်ထိ ရွာတရွာကို လှေငယ် ၂ စင်းပဲ ရပါသေးတယ်”ဟု မြေပုံမြို့နယ်၊ ပြင်ဝန်းရွာသား တဦးက ပြောသည်။ စစ်အစိုးရ မီဒီယာများကမူ ဂီရိဒေသ၌ ကယ်ဆယ်ရေး
လုပ်ငန်းများပြီးစီးသွားပြီ ဖြစ်၍ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ လုပ်ဆောင်ပေးနေ ကြောင်း၊ ရေလုပ်ငန်း၊ လယ်ယာလုပ်ငန်းများအတွက် လိုအပ်ချက်များကို
ဖြည့်ဆည်းပေးနေသည်ဟု ရေး သားလေ့ ရှိသည်။

ရန်ကုန်အခြေစိုက် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးဆိုင်ရာ တာဝန်ခံ ဦးအေးဝင်းက ၎င်း တို့အနေနှင့် ဂီရိဒေသ၏ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ပုံမှန်လုပ်ဆောင်လျက်ရှိပြီး ဆက်လက်၍
ပုံမှန်အတိုင်း လုပ်ဆောင်သွား မည်ဟု ဧရာဝတီ ကိုပြောသည်။

“ကျနော်တို့အဖွဲ့ကတော့ ရိက္ခာဖြတ်တောက်တာ လုပ်ဖို့အစီအစဉ် မရှိသေးပါဘူး၊ သက်ဆိုင်ရာအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်နေပါတယ်”ဟု ဦးအေးဝင်း က ဆိုသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်နှင့်ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ(CRPP) အတွင်းရေးမှူး ဦးအေးသာအောင် ကလည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက်


အကူအညီများ တောင်းခံလျက်ရှိပြီး ရေတွင်း၊ ရေကန်များ၊ လယ်ယာ လုပ်ငန်းများအတွက် ထောက်ပံ့မှုများ လုပ်ပေးရန် ပြင်ဆင်နေသည်ဟု ဆိုသည်။

ဒီဇင်ဘာလအတွင်းက ထုတ်ပြန်သည့် ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ကွပ်ကဲမှုရုံး(UNOCHA) အစီရင်ခံစာ၌ ဂီရိ ဒေ သ တခုလုံး၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက်
လိုအပ်ငွေပမာဏသည် အမေရိကန်ဒေါ်လာ ၅၇ သန်းကျော်အနက် ၂၀ ဒသမ ၅ သန်းသာ ရရှိသေးကြောင်း ဖော်ပြထားသည်။

ဂီရိ ဆိုင်ကလုန်း မုန်တိုင်းသည် ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၂ ရက်နေ့က တနာရီလျှင် မိုင် ၁၂၀ ၀န်းကျင်ဖြင့် ရခိုင် ကမ်းရိုးတန်း ဒေသ တလျှောက် တိုက်ခတ်ခဲ့ရာ ကျောက်ဖြူ၊
မြေပုံ၊ မင်းပြား၊ မာန်အောင်၊ ပေါက်တော၊ ပုဏ္ဏကျွန်း၊ စစ်တွေ စသည့်မြို့နယ်များ၌ ပျက်စီးဆုံးရှုံးမှု ကြီးမားခဲ့ပြီး လူ ၂ သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရာ လူ ရာဂဏန်းထိ
သေဆုံးမှုရှိခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။
ကျောက်မီးသွေး သတ္တုတွင်းကြောင့် ဒေသခံများ ထိခိုက်
ကိုထွေး Thursday, 20 January 2011 20:18

ရှမ်းပြည်တောင်ပိုင်း ပင်လောင်း မြို့နယ် တီကျစ်ရှိ ကျောက်မီးသွေး သတ္တုတွင်းနှင့် လျှပ်စစ်ဓာတ်အားထုတ် စက်ရုံကြောင့် လေနှင့် ရေထုညစ်ညမ်းကာ လူ ၁၂,ဝဝဝ နီးပါး၏ စိုက်ပျိုးရေး
လုပ်ငန်းနှင့် ကျန်းမာရေး တို့ကို ခြိမ်းခြောက်လျက် ရှိသည်။
ပအိုဝ်းလူငယ် အစည်းအရုံး (PYO)နှင့် ချိုစွူ လှုပ်ရှားမှု ကွန်ယက် (Kyoju Action Network- KAN) က
ယနေ့ ထုတ်ဝေသည့် “အဆိပ်သင့် တိမ်များ” အမည်ရ အစီရင်ခံစာတွင် ယင်းသို့ ရေးသားထားသည်။

အဆိုပါ လျှပ်စစ်ဓာတ်အားထုတ်စက်ရုံမှ ပြဒါး၊ ခဲ၊ အာဆင်းနစ် ဓာတ်များပါဝင်သည့်


ကျောက်မီးသွေးပြာမှုန် တန် ၁၀၀- ၁၅၀ခန့် ထုတ်လုပ်လျက်ရှိကြောင်းလည်း သိရသည်။

ယခင်နှစ်များမှ စတင်၍ ပြာမှုန်များကို ဒေသခံလမ်းများပေါ်တွင် ခင်းစေသည့်အတွက် ဒေသခံ ၅၀


ရာခိုင်နှုန်းကျော်မှာ အရေပြားရောဂါ ခံစားနေရကြောင်းလည်း အစီရင်ခံစာတွင် ပါရှိသည်။

“ချောင်းကရေနဲ့ ကောင်းကင်က တိမ်တွေမည်းမှောင်လာတယ်၊ ဒီအဆိပ်သင့် ညစ်ညမ်းတဲ့


မြေယာထဲမှာ ကြီးပြင်းလာမယ့် နောက်နောင် ကျနော်တို့ မျိုးဆက်တွေ ဘာဖြစ်သွားနိုင်မလဲ” ဟု PYO
အဖွဲ့မှ ခွန်ချန်ကီက ဆိုသည်။

စက်ရုံမှ လွင့်လာသည့် အဆိပ်သင့် ပြာမှုန်များသည် ဒေသတွင်းလမ်းများပေါ်နှင့်


( - PYO)
ရေတွင်းရေကန်များထဲသို့ ကျရောက် စီးဝင်ကြသည့်အတွက် ရေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေကြောင်း၊ ၊
ပြာမှုန့်များမှ အဆိပ်ဓာတ်သည် မြေအောက်ရေကိုပါ အဆိပ်သင့်စေကြောင်းလည်း အစီရင်ခံစာတွင် ရေးသားထားသည်။

ကျောက်မီးသွေးတွင်းမှ ထွက်လာသည့် မြေစာပုံများသည် တောင်ကြီးများသဖွယ်မြင့်တက်လာပြီး ရေစီးဆင်းမှုကို အဟန့်အတားဖြစ်စေသည့် အပြင် ကျောက်မီးသွေးတွင်းကို


နက်သည်ထက်နက်ရန် တူးသည်နှင့်အမျှ မြေအောက်ရေ ကြောများကို ထိခိုက်ကာ သတ္တုတွင်းအတွင်း ရေလျှံမှုများ ဖြစ်ပေါ်လာကြောင်းလည်း ပါရှိသည်။

၂၀၀၁ ခုနှစ် စက်တင်ဘာလတွင် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးက စက်ရုံတည်ဆောက်ရန် နေရာရွေးချယ်ပေးခဲ့ပြီး စိုက်ပျိုးမြေ ဧက ၁၀၀ ကျော်ကို သိမ်းယူရန်အမိန့်ပေးခဲ့ကြောင်းလည်း
သိရသည်။

သတ္တုတွင်းတွင် လုပ်ကိုင်ဆောင်ရွက်သူသည် မြေယာပိုင်ဆိုင်သူထံမှ စီမံကိန်း မစတင်မီ ခွင့်ပြုချက်ရယူရမည်ဟု မြန်မာနိုင်ငံ သတ္တုတွင်း ဥပဒေ (၁၉၉၄)တွင် ရေးသားထားသော်လည်း
စိုက်ပျိုးမြေဧက ၅၀၀ ကျော်ကို သိမ်းယူကာ လိုင်ခါးနှင့် တောင်ပို့လ ကျေးရွာများကို အတင်းအကျပ် ပြောင်းရွှေ့ စေခဲ့ကြောင်း၊ မိသားစု တခုလျှင် အများဆုံး လျော်ကြေးငွေ ၁၇၀၀၀၀
ကျပ်ကိုသာ ရရှိခဲ့ကြောင်းလည်း အစီရင်ခံစာက ဆိုသည်။

ကျောက်မီးသွေးတွင်းနှင့် စက်ရုံကို တရုတ်နိုင်ငံ အမျိုးသား အကြီးစား စက်မှုလုပ်ငန်း ကော်ပိုရေးရှင်း (CHMC)က ရှမ်းရိုးမနဂါးနှင့် ဧဒင်အုပ်စု ကုမ္ပဏီတို့က ဖက်စပ်ဆောင်ရွက်ခဲ့ပြီး
စက်ရုံအတွက် အမေရိကန် ဒေါ်လာ ၄၂. ၉၃ သန်းရင်းနှီး မြုပ်နှံခဲ့ကြောင်လည်း ဆိုသည်။

“မြန်မာပြည်မှာက အစိုးရလုပ်ချင်သလို လုပ်လို့ရတယ်၊ တရားဥပဒေမစိုးမိုးဘူး၊ ဒါကြောင့် တရုတ်တွေက မြန်မာပြည် ကို စိတ်ဝင်စားတယ်၊ ဒီစီမံကိန်းဟာ တကယ်တော့
ဒေသခံလူထုအတွက် မဟုတ်ဘူး၊ တရုတ်တွေ အတွက်သာ ဖြစ်တယ်” ဟု ခွန်ချန်ကီ ကဆိုသည်။

ကျောက်မီးသွေးလျှပ်စစ်စက်ရုံမှ တနှစ်လျှင် ကျောက်မီးသွေး ၆၄၀၀၀၀ တန်အသုံးပြုနေပြီးလျှပ်စစ် မီဂါဝပ် ၁၂၀ ကိုထုတ်လုပ်မည်ဖြစ်သည်။

ယင်းလျှပ်စစ်ဓာတ်အားကို ယင်းဒေသရှိ နဂါးဘိလပ်မြေစက်ရုံသို့ တင်ပို့ပေးနေပြီး ပင်းပက် သံရည်ကြို စက်ရုံသို့တင်ပို့ ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။

ကျောက်မီးသွေး သတ္တုတွင်းမှလည်း နေ့စဉ် လစ်ဂနိုက်နှင့် ဘစ်တူမိနပ်စ် ကျောက်မီးသွေး အမျိုးအစား တန်ချိန် ၂၀၀၀ ခန့် ထုတ်လုပ်လျက်ရှိပြီး လစ်ဂနိုက်ကျောက်မီးသွေးသည်
ကာဗွန်ဒိုင် အောက်ဆိုဒ် အများဆုံးထွက်သည့် ပတ်ဝန်းကျင် အညစ်ညမ်းဆုံး ဖြစ်စေနိုင်သည့် ကျောက်မီးသွေးလည်းဖြစ်သည်။

အဆိုပါ စက်ရုံနှင့် သတ္တုတွင်းသည် အင်းလေးကန်၏ ၁၃ မိုင် အကွာ ရေဝေရေလဲဒေသအတွင်း တည်ရှိသည့် အပြင် အင်းလေးကန်အတွင်းသို့ စီးဝင်နေသည့် ဘီလူးချောင်းသည် စက်ရုံမှ
စွန့်ပစ်ပစ္စည်းများကြောင့် ရေထုညစ်ညမ်း စေကြောင်းလည်း ဆိုသည်။

အင်းလေးကန်ရေခန်းခြောက်ရသည့် အကြောင်းအရင်းသည် ယင်းစက်ရုံ သတ္တုတွင်းများနှင့် ဆက်စပ်မှုရှိကြောင်း လည်း ခွန်ချန်ကီက ပြောသည်။

“ဒီစီမံကိန်းမှာ စစ်အစိုးရ ခေါင်းဆောင် မောင်အေးနဲ့ အကျိုးတူ ကုမ္ပဏီတွေ ပါဝင် ပတ်သက်နေလို့ အင်းလေးကန် ရေးခန်းတော့ အစိုးရက ဒီကိစ္စကို မပြောဘူး” ဟု ခွန်ချန်ကီက ဆိုသည်။

ကုမ္ပဏီများက ကျောက်မီးသွေးကို မြေအောက်ဥမင် စနစ်ဖြင့် ထုတ်လုပ်နေသောကြောင့် ကျေးရွာ လူထုများမှာ မြေပြိုကျမည့် အရေးကို စိုးရိမ်နေကြောင်း တူးဖော်ရရှိသည့်
ကျောက်မီးသွေးများကို တွင်းဘေးနှင့် လယ်မြေကွက် များတွင် ဖြစ်သလို ပုံထားသည့်အတွက် မြေဆီအရည်အသွေးကို ပျက်စီးစေကြောင်းလည်းသိရသည်။

“အင်းလေးကန် ပျက်စီးမှာကို စိုးရိမ်လို့ထုတ်တာပါ၊ အင်းနဲ့ ပင်လောင်းက လွှတ်တော်အမတ်တွေ လွတ်တော်မှာ သယ်သွားနိုင်အောင်လည်း မရရတဲ့ နည်းလမ်းရှာပြီးပို့သွားမယ်” ဟုလည်း
ခွန်ချန်ကီက ပြောသည်။

အင်း အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက အင်းလေးကန် စိမ်းလန်းစိုပြေရေးကို အရေးပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယခင်က ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

မြန်မာနိုင်ငံတွင် အကြီးစားကျောက်မီးသွေးသိုက် (၁၆) ခုရှိပြီး ထိုင်းနိုင်ငံ ဆောက်လုပ်ရေး ကုမ္ပဏီကြီးတခုဖြစ်သည့် အီတာလျံထိုင်း ကုမ္ပဏီနှင့် ထားဝယ်ရေနက်
ဆိပ်ကမ်းဆောက်လုပ်ရန်ချုပ်ဆိုခဲ့သည့် သဘောတူ စာချုပ်တွင် အရှေ့တောင်အာရှ၏ အကြီးဆုံး ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်စက်ရုံကို ထားဝယ်အနီး တည်ဆောက်ရန်
စီမံထားကြောင်းလည်း သိရသည်။

PYO သည် ၁၉၉၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ပင်းပက်သံသတ္တုတွင်းနှင့် အမှတ် ၅ သံမဏိစက်ရုံ နေရာတို့ကို လေ့လာသုတေသနပြုကာ “အနာဂတ်ကို
လုယူဖျက်ဆီးခြင်း” အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။ KAN သည် ၂၀၁၀တွင် ဒေသခံများ ကိုယ်တိုင်ကိုယ်ကျ သဘာဝအရင်းအမြစ်ကို ထိန်းသိမ်းခြင်းစွမ်းရည် မြင့်မားလာစေရန်
စတင်တည်ထောင်ခဲ့သည်။
လယ်သိမ်းခံရမှု ဦးဆောင်တရားစွဲသူကို ဖမ်းဝရမ်းထုတ်
စိုင်းဇွမ်ဆိုင်း Thursday, 20 January 2011 19:12

ကချင်ပြည်နယ် ဟူးကောင်း ဒေသတွင် ဒေသခံများ၏ လယ်မြေများကို


အဓမ္မသိမ်းယူခဲ့သည့် အမှုနှင့် ပတ်သက်ပြီး ဦးဆောင် တရားစွဲဆိုခဲ့သည့်
ဒေါ်ဘောက်ဂျာကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) ၏
ညွှန်ကြားချက်ဖြင့် ဖမ်းဝရမ်း ထုတ်ထားကြောင်း သိရသည်။
မြေသိမ်းမှုများကို ယုဇနကုမ္ပဏီမှ ပြုလုပ်ခဲ့ပြီး ပိုင်ရှင်ဖြစ်သူ
ဦးဌေးမြင့်သည် စစ်အစိုးရနှင့် နီးစပ်သူ စီးပွားရေးလုပ်ငန်းရှင် တဦး အဖြစ်
လူသိများကာ စစ်အစိုးရ၏ ကျောထောက်နောက်ခံ ပါတီဖြစ်သည့်
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) ၏ ကိုယ်စားလှယ်
တဦးလည်းဖြစ်သည်။

ကချင်သတင်းဌာန၏ အယ်ဒီတာဖြစ်သူ ကိုနော်ဒင်းက ဒေါ်ဘောက်ဂျာကို


ဖမ်းဆီးရန်အတွက် မပခ တိုင်းမှူး ဗိုလ်မှူးချုပ် ဇေယျာအောင်က ပြီးခဲ့သည့်
တနင်္လာနေ့တွင် အာဏာပိုင်များအား ညွှန်ကြားလိုက်ကြောင်း

(NDF) NDF ေေေေေေေေ


( -)
ပြောဆိုသည်။

ကိုနော်ဒင်းက “ဒေါ်ဘောက်ဂျာရဲ့ အမျိုးတွေကို ဆက်သွယ်စုံစမ်းကြည့်တဲ့အခါမှာ မြေသိမ်းတဲ့ အမှုတွေမှာ ဒေသခံတွေကို ဦးဆောင်ပြီး တရားပြန်စွဲတဲ့အတွက် အခုလို
ဖမ်းဝရမ်းထုတ်တယ်လို့ သိရပါတယ်။ ယုဇန ကုမ္ပဏီက မြေသိမ်းလိုက်တယ် ဆိုတာက အစိုးရ စီမံကိန်းလို ဖြစ်နေတာလေ။ အခုလောလောဆယ်တော့ ဒေါ်ဘောက်ဂျာလည်း
တိမ်းရှောင်နေတယ်” ဟု ဆိုသည်။

ဗိုလ်မှူးချုပ် ဇေယျာအောင်က ဒေါ်ဘောက်ဂျာကို ဖမ်းဆီးရန် ညွှန်ကြားပြီး နောက်တနေ့တွင် ကချင်ပြည်နယ် ရဲတပ်ဖွဲ့ဝင်များက သုံးဖွဲ့ခွဲကာ ဖားကန့်၊ တနိုင်း နှင့် မိုးညှင်းမြို့နယ်များရှိ
ဒေါ်ဘောက်ဂျာ ရှိနိုင်မည့် နေရာများကို ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ကိုနော်ဒင်းက ပြောသည်။

ဒေါ်ဘောက်ဂျာ ကမူ ၎င်းအား အာဏာပိုင်များက မည်သည့်အတွက်ကြောင့် ဖမ်းဆီးမည်ကို မသိရှိကြောင်း၊ သို့သော် ၎င်း ရှိနိုင်သည့် နေရာများသို့ အာဏာပိုင်အဖွဲ့များက ရှာဖွေ
စစ်ဆေးမှုများ ပြုလုပ်နေသည်မှာ ၃၊ ၄ ရက်ခန့် ရှိနေပြီ ဖြစ်ကြောင်း၊ ၎င်းအား ဖမ်းဆီးမည့် အကြောင်းအရာကို စုံစမ်းပြီး အာဏာပိုင်များကို ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ဘီဘီစီ
သတင်းဌာနသို့ ပြောဆိုခဲ့သည်။

ဟူးကောင်းဒေသမှ မြေယာများကို ၂၀၀၇ ခုနှစ်တွင် စတင်သိမ်းယူခဲ့ပြီး ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်ဒေသရှိ ကျေးရွာများမှ မြေဧကပေါင်း ၁၃၀၀ ကျော်ကို မြေပိုင်ရှင် ၆၀၀
ကျော်ထံမှ သိမ်းယူခဲ့သည်။

အစိုးရ စိုက်ပျိုးရေး စီမံကိန်း များအတွက် သိမ်းယူခြင်း ဖြစ်သည်ဟု မြေပိုင်ရှင်တဦးက ဆိုသည်။

နစ်နာကြေးအနေဖြင့် ဒေသခံများ စိုက်ပျိုးရန်မြေယာများ အစားပြန်ပေးသော်လည်း ၎င်းတို့ ပြန်ပေးသည့် မြေများမှာ စိုက်ပျိုးရေး ပြုလုပ်ရန် လုံးဝမဖြစ်နိုင်သည့် မြေအမျိုးအစားများသာ
ဖြစ်သဖြင့် ဒေသခံများအတွက် များစွာအခက်အခဲ ဖြစ်ရကြောင်း ၎င်းက ပြောသည်။

မြေသိမ်းခံရသူ ၆၀၀ ကျော်အနက်မှ ၂၁၄ ဦးတို့သည် အုပ်စု သုံးစုခွဲကာ ယုဇန ကုမ္ပဏီအား ပြီးခဲ့သည့် ဇူလိုင်လမှ စတင်ပြီး တရားစွဲခဲ့သည်။ မြေစတင်သိမ်းသည့်နှစ်မှ ယနေ့အချိန်ထိ
၎င်းတို့မြေဆုံးရှုံးသဖြင့် ဒေသခံများက ကျပ်သိန်း ပေါင်း ၉၈၀၀ နစ်နာသည်ဟု ဆိုကာ အဆိုပါနစ်နာကြေးကို ယုဇန ကုမ္ပဏီထံသို့ တရားရုံးမှတဆင့် တောင်းဆိုခဲ့ကြ ကြောင်း သိရသည်။

ယခုလ ၇ ရက်နေ့တွင် မြေသိမ်းခံ လယ်သမားများအား လယ်တဧကလျှင် ကျပ် ၈ သောင်း၊ ယာတဧက ကျပ် ၆ သောင်း၊ ဥယျာဉ်ခြံမြေ တဧက ၃ သောင်းနှင့် နေအိမ်တအိမ် ၁
သိန်းခွဲနှုန်းဖြင့် အစိုးရ၏ သတ်မှတ် နှုန်းထားများအတိုင်း ယုဇန ကုမ္ပဏီမှ ပေးချေရန် ကချင်ပြည်နယ် တရားရုံးက အမိန့်ချခဲ့ပြီး ယင်းဈေးနှုန်းကို မကျေနပ်သည့် မြေပိုင်ရှင်များက ထပ်မံ
တရားစွဲဆိုခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ဥပဒေအတိုင်ပင်ခံဖြစ်သူ ရှေ့နေကြီး ဦးအောင်သိန်းကမူ ဥပဒေအရ တစုံ တယောက်အား ဖမ်းဆီးရန် အတွက် စစ်တပ်ဘက်မှ
ဝရမ်းထုတ်ပိုင်ခွင့်မရှိကြောင်း၊ မပခ နှင့် တိုင်းမှူးဖြစ်သူ ဗိုလ်မှူးချုပ် ဇေယျာအောင် တို့သည် ၎င်းတို့နှင့် မဆိုင်သည့် အလုပ်များကို လုပ်နေခြင်းဖြစ်ကြောင်း ဦးအောင်သိန်းက ပြောသည်။

မြစ်ဆုံရေကာတာ စီမံကိန်းကို ကန့်ကွက်သည့် လှုပ်ရှားဆောင်ရွက်မှုများတွင် ဒေါ်ဘောက်ဂျာ ပါဝင် နေခြင်းကလည်း အာဏာပိုင်များ အနေဖြင့် ဖမ်းဆီးရန် အကြောင်းပြချက်
တခုဖြစ်သည်ဟု ကိုနော်ဒင်းက ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဒေါ်ဘောက်ဂျာသည် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ကို ကိုယ်စားပြုပြီး ဖားကန့်မြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ
ကြံ့ဖွံ့ပါတီ၏ ကိုယ်စားလှယ် စစ်ဗိုလ်ချုပ်ဟောင်း ဦးအုန်းမြင့်ကို ရှုံးနိမ့်ခဲ့သည်။
ပါရမီလမ်းမ ဆိုင်ခန်းများ နစ်နာကြေးမရဘဲ ဖယ်ရှားခံရ
သင်းအောင် Thursday, 20 January 2011 17:53

ရန်ကုန် ပြည်လမ်းနှင့် ကမ္ဘာအေး ဘုရားလမ်းကြား၊ မရမ်းကုန်းမြို့နယ် ပါရမီလမ်းမကြီး တလျှောက်ရှိ ဈေးဆိုင်ခန်းများအား အာဏာပိုင်များက နစ်နာကြေးမပေးဘဲ
အမြန်ဆုံးပြောင်းရွှေ့ရန် ညွှန်ကြားသောကြောင့် ဆိုင်ခန်းရှင်များ အခက်အခဲ ဖြစ်နေကြောင်း သိရသည်။
ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ) အမှတ် ၁ နှင့် အမှတ် ၄ တပ်နံဘေးရှိ
ကပစ ၀န်ထမ်းသက်သာ ဈေးဆိုင်ခန်းများကို ၂၀၁၁ ဇန်န၀ါရီ ၂၁ ရက်
နောက်ဆုံးထား ပြောင်းရွှေ့ပေးရန် ညွှန်ကြားချက်ကို ၂၀၁၀ ဒီဇင်ဘာ ၃၁
ရက်စွဲဖြင့် အတွင်းရေးမှူး ၁ သီဟသူရ ဦးတင်အောင်မြင့်ဦးက
လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ သော်လည်း သတ်မှတ်ချိန်ထက်စောကာ
ဖယ်ပေးရမည်ဟု ပြန်လည် အမိန့်ထုတ်သဖြင့် ဆိုင်ခန်းများကို
အလျှင်အမြန် ပြောင်းရွှေ့နေကြရသည်။

“ဒီဇင်ဘာ ၃၁ ရက်က ညွှန်ကြားချက် ထွက်တယ်။ ဇန်န၀ါရီ ၁ ရက်မှာ


ကပစ တပ်တွေက ဆိုင်တွေရဲ့ ဆိုင်းဘုတ်တွေ ဖြုတ်သိမ်းဖို့
လိုက်ပြောတယ်။ ကျနော်တို့ကို ခေါ်ပြောတာ ဇန်န၀ါရီ ၃ ရက်နေ့။ တချို့
၅ ရက်၊ ၆ ရက် ကျမှ သိရတယ်” ဟု ဖယ်ရှားခြင်း ခံခဲ့ရသည့်
လက်ဖက်ရည်ဆိုင်ရှင် တဦးက ပြောသည်။

နစ်နာကြေး လုံးဝမရရှိဘဲ ရုတ်တရက်ဖယ်ရှားခြင်း ခံရသည့်


ဆိုင်ခန်းအရေအတွက် ၁၀၀ နီးပါးရှိပြီး ထိုဆိုင်ခန်းများ၏ မူလ
ပိုင်ရှင်များနှင့် တဆင့် ၀ယ်ယူထားသူများ များစွာ ဆုံးရှုံး နစ်နာခဲ့ရသည်ဟု
သိရသည်။
( -)
“ကျမအဖေက ကာကွယ်ရေးပစ္စည်းစက်ရုံက အငြိမ်းစားပါ။
ပင်စင်ယူလိုက်လို့ရတဲ့ ကရုဏာကြေးရယ်၊ ရွှေတို ရွှေစရောင်းထား တာရယ် ပေါင်းပြီး ၂၀၀၀ က ဒီဆိုင်ခန်းကို သိန်း ၅၀ နဲ့ ၀ယ်ခဲ့တယ်။ ၁၅ ပေ၊ ၃၅ ပေ တခန်းအတွက် တလ ကျပ်
၃၀၀၀၀ ကပစ ကို အခွန်ပေးတယ်၊ အခု ဖယ်ပေးရပြီ” ဟု စတိုးဆိုင် ဖွင့်လှစ်ထားသူ တဦးက ဆိုသည်။

၎င်း၏ ဆိုင်ခန်းကို ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်က ကျပ် သိန်း ၁၂၀ နှင့် ၀ယ်လိုသူရှိခဲ့ကြောင်း၊ ယခုကဲ့သို့ နစ်နာကြေး မပေးဘဲ အဓမ္မ ဖယ်ရှားစေခြင်းမှာ မတရားသော လုပ်ရပ်ဖြစ်ကြောင်း
အဆိုပါ စတိုးဆိုင်ဖွင့်လှစ်ထားသူက ပြောသည်။

ကပစ ၁ နှင့် ကပစ ၄ တို့၏ ယခင်ရှိပြီး မြေနီလမ်းကို ကတ္တရာလမ်းမအဖြစ် ၁၉၉၀ ပြည့်နှစ် နောက်ပိုင်း ဖောက်လုပ်ကာ ပါရမီ လမ်းမကျယ် ဖြစ်လာခဲ့သည်။

၁၉၉၂ ၀န်းကျင်တွင် ကပစ တပ်များ၏ တပ်စည်းရိုးနံဘေး ပါရမီလမ်းမပေါ်တွင် ဈေးဆိုင်ခန်းများကို ကန်ထရိုက်စနစ်ဖြင့် ဆောက်လုပ်ခဲ့ကာ အငြိမ်းစားတပ်မတော်အရာရှိများကို
ထိုဆိုင်ခန်းများအား လေလံစနစ်ဖြင့် ၀ယ်ယူစေ၍ နာမည် အမည်ပေါက်နှင့် ကပစ တပ်သို့ လစဉ်ကြေး ပုံမှန်ပေးသွင်းရသည်ဟု သိရသည်။

“ကပစ တပ်တွေက ဆိုင်ခန်းဆောက်တာရယ်၊ ထိန်းသိမ်းတာရယ်ပဲ လုပ်ရပါတယ်။ လေလံ စနစ်နဲ့ ရောင်းချခဲ့တဲ့ ဆိုင်ခန်း တန်ဖိုးတွေနဲ့ လစဉ်ကြေး ရရှိငွေတွေကို ရန်ကုန်တိုင်း
စစ်ဌာနချုပ်ကို ပေးပို့ရပါတယ်” ဟု ကပစ ၁ အရာရှိတဦးက ပြောသည်။

ကပစ တပ်များသို့ ၁၅ ပေ၊ ၃၅ ပေ တခန်းအတွက် လစဉ်ကြေး အနည်းဆုံး ကျပ် ၃ သောင်း ပေးသွင်းရပြီး ဆိုင်ခန်းအကျယ်၊ ထပ်ခိုးပါ၊ မပါအပေါ် မူတည်၍ လစဉ်ကြေး ကျပ် ၂
သိန်းအထိ ပေးသွင်းနေရသည့် ဆိုင်ခန်းများ ရှိနေသည်ဟု သိရသည်။
ရန်ကုန်တိုင်း စစ်ဌာနချုပ်သို့ လစဉ်ကြေး ပေးသွင်းငွေသည် ကျပ်သိန်း ၃၀ အထက် ရှိနိုင်သည်ဟု ကပစ ဝန်ထမ်းများက ပြောသည်။

မည်သည့်နစ်နာကြေးမျှ မရရှိဘဲ ယခုကဲ့သို့ ဖယ်ရှားခံရသော အဆိုပါ ဆိုင်ခန်းများတွင် အမည်ပေါက် မူလပိုင်ရှင် ၁၀ ဦးခန့်သာ ရှိပြီး ကျန်ဆိုင်ခန်းများမှာ မူလပိုင်ရှင်ထံမှ ၁၅ ပေ၊ ၃၅ ပေ
တခန်းအတွက် တလလျှင် ကျပ် ၁ သိန်းဝန်းကျင်နှင့် ၁ နှစ်၊ ၃ နှစ် စာချုပ် ချုပ်ကာ ငှားရမ်းထားသူများ၊ ထို့ထက် ကျယ်ဝန်းပါက တလလျှင် ကျပ် ၄၊ ၅ သိန်းခန့်နှင့် ၅ နှစ်၊ ၁၀နှစ်
စာချုပ်ကာ ငှားရမ်းထားသူများ ဖြစ်သည်ဟု ဆိုင်ခန်းရှင်များက ဆိုသည်။

“ကျနော်က တလ ကျပ် ၁ သိန်းခွဲနဲ့ ၅ နှစ်စာချုပ်ချုပ်ငှားပြီး ဆိုင်ဖွင့်ထားတာပါ။ အခု ၃ နှစ်တောင် မပြည့်သေးဘူး ၊ ဆိုင် ဖျက်သိမ်းရမယ် ဆိုတော့ ၂ နှစ်စာ ကျန်တဲ့ငွေကို ပိုင်ရှင်ဆီက
ဘယ်လို ပြန်ယူမလဲ။ သူ့ခမျာလည်း သိန်း ၃၀၀ နီးပါးတန်တဲ့ ဆိုင်ခန်း တခုလုံး ဆုံးရှုံးထားရတာ” ဟု အင်တာနက်ဆိုင်ဖွင့်ထားသူ တဦးကက ပြောသည်။

ဆိုင်ခန်းပိုင်ရှင် အငြိမ်းစား တပ်မတော်အရာရှိ တဦးကလည်း “ကိုယ့်ကို အုပ်ချုပ်တဲ့အစိုးရပါပဲ၊ ဒါပေမယ့် လျော်ကြေး၊ နစ်နာကြေး ပေးမယ်၊ ဆိုင်ခန်းနေရာ ပြန်ပေးမယ်ဆို
တော်သေးတယ်။ အခုတော့ သက်ဦးဆံပိုင် ဘုရင်တွေလို သူတို့လိုချင်ရင် အကုန် သိမ်းတာပဲ” ဟု ဆိုသည်။

ဆိုင်ခန်းများ အားလုံးပြောင်းရွှေ့အပြီး ဇန်န၀ါရီ ၁၈ ရက် နောက်ပိုင်းတွင် အဆိုပါ ဆိုင်ခန်းနေရာများကို ရန်ကုန်တိုင်း စစ်ဌာနချုပ်က မြေထိုးစက်များ အသုံးပြုကာ
ဖျက်သိမ်းမည်ဖြစ်ကြောင်း၊ ကပစ ၁ နှင့် ကပစ ၄ တပ်များသည်လည်း မကြာမီ လပိုင်း၌ နေပြည်တော်သို့ ပြောင်းရွှေ့ ရုံးစိုက်ရမည်ဖြစ်ကြောင်း ကပစ ၄ မှ အရာရှိတဦးက ပြောသည်။

ထို့အပြင် အဆိုပါ ဆိုင်ခန်းများ ဖယ်ရှားခြင်းသည် ပါရမီလမ်းမကြီးကို ချဲ့ထွင်လို၍ လည်းကောင်း၊ ကပစ တပ်များ ပြောင်းရွှေ့ ပြီးပါက စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း၊
ဆက်သွယ်ရေးတပ်ရင်းများနှင့် သေနတ်ကိုင်တပ်ရင်း ၃ တို့ ထိုနေရာ၌ အခြေစိုက် ရုံးထိုင်မည်ဟု လည်းကောင်း သတင်းများ အမျိုးမျိုး ထွက်ပေါ်နေသည်။

အတည်မပြုနိုင်သည့် သတင်းများအရ အဆိုပါ နေရာတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေး နေရွှေသွေးအောင်က တောင်းဆိုသဖြင့် နိုင်ငံတကာအဆင့်မီ ဘောလုံးကွင်း
တည်ဆောက်မည်ဟုလည်း သိရသည်။
အရေးကြီးပြီ သွေးနီးကြစို့
ဗမာကြီး Thursday, 20 January 2011 18:10 မြန်မာပြည်မှပေးစာ

ဒီမိုကရေစီအင်အားစု အတော်များများနဲ့ အတိုက်အခံ အင်အားစုတွေ အားလုံးက နအဖကိုတိုက်ခိုက်မှ မှန်တယ်လို့ ယူဆကြပါတယ်။ ယုံကြည်ယူဆတဲ့ အတိုင်းလည်း အနည်းဆုံး
နှုတ်စကားနဲ့ပဲ ဖြစ်ဖြစ် အမြဲတိုက်ခိုက်နေခဲ့ ကြပါတယ်။ ဒါပေမယ့် အားလုံးရဲ့ အင်အားမပါရင် အရွေ့မရှိရင် အလုပ်မဖြစ်ဘူး ဆိုတာကို တခါတရံမှာ သူတို့မေ့လျော့ နေကြပါတယ်။

အဓိကအချက်တခုက သူတို့က အမြဲတစေ မလွဲမသွေ ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်တင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံပေးနေကြတာပါပဲ။ ဒါကြောင့်


ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ရဲ့ ခေါင်းဆောင်ဖြစ်သလို အတိုက်အခံ အင်အားစုအားလုံးရဲ့ ထိပ်တိုက်ရင်ဆိုင်ရေးခေါင်းဆောင်လည်း အလိုအလျောက် ဖြစ်လာခဲ့ပါတယ်။

နိုဝင်ဘာလ ၁၃ ရက်နေ့၊ ရန်ကုန်မြို့ရှိ NLD ရုံးချုပ်တွင် လူထုကို မိန့်ခွန်းပြောနေသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - ဧရာဝတီ)
ဒါပေမယ့် NLD ကတော့ ဒေါ်အောင်ဆန်းစုကြည် မရှိရင်ဘယ်တော့မှ ထိပ်တိုက် ရင်ဆိုင်ရေးလမ်းကို ဆက်မသွားခဲ့ပါဘူး။ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းလိုက်ရင် မနက်ဖြန်မှာပဲ
လှုပ်ရှားမှုတွေ အကုန်ရပ်လိုက်တာပါပဲ။ အနည်းဆုံး ဦးတင်ဦးနဲ့ ဦးဝင်းတင် မရှိတဲ့ကာလတွေမှာ ဒီလိုပဲကျင့်သုံးခဲ့ပါတယ်။

ဒီနေ့ ဒီအချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ NLD ကို အမည်သစ်၊ လူသစ်၊ စိတ်သစ်တွေနဲ့ ပြန်လည်ဖွဲ့စည်းဖို့ အချိန်အခါ အခြေအနေသင့်နေပါပြီ။ ပြည်သူတွေရဲ့
ပြဿနာပေါင်းစုံကို ရှေ့တန်းတင်စဉ်းစားပြီး ပါတီတွင်း ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ ပါတီတရပ်ပေါ်ထွန်းဖို့ အချိန်ရောက်နေပါပြီ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်ကို တကယ် လက်ခံယုံကြည်တဲ့ အင်အားစုတွေ ဝန်းရံထားတဲ့ အတွေးသစ်၊ အမြင်သစ် လုပ်ဟန်သစ်တွေနဲ့ အနာဂတ်ကို ပုံဖေါ်ဖို့
အချိန်ကျရောက်လာပါပြီ။ လူငယ်ကွန်ယက်ဆိုတာ တိုးတက်ပြောင်းလဲမှုအားလုံးရဲ့ အစတခုပါ။ ဒီကွန်ယက်ကို ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ပေးမယ်။ တတ်သိပညာရှင်တွေ၊
စီးပွားရေးလုပ်ငန်းရှင်တွေ၊ နိုင်ငံရေး အတွေးအခေါ်ရှင်တွေက ဝန်းရံပေးကြမယ်ဆိုရင် ဒါဟာခေတ်သစ်ရဲ့အစလို့ ဆိုနိုင်ပါတယ်၊

ဒီအင်အားစုအားလုံးကို စုစည်းပြီး နိုင်ငံရေးအင်အားစု တရပ်အဖြစ် ထူထောင်လိုက်ရင် ဒီမိုကရေစီလမ်းစကို မြင်ရဖို့ မဝေးတော့ပါဘူး၊

ထိပ်တိုက် ရင်ဆိုင်ရေးသမားတွေ၊ အပြုတ်တိုက်ရေးသမားတွေကလည်း ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်၊ ကိုယ့်အစွမ်းအစနဲ့ကိုယ် လှုပ်ရှားပြီး ဒေါ်အောင်ဆန်းစုကြည်ကို အမှုထဲ


ဆွဲမထည့်ကြဖို့လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းမဖက်တဲ့နည်းနဲ့ ရင်ကြားစေ့ရေး၊ တွေဆုံဆွေးနွေးရေးကို သီးခြားလွတ်လပ်စွာ လှုပ်ရှားခွင့်ပြုခဲ့ရင် တိုးတက်မှုတွေ
မြင်လာရမှာပါ။

ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားရင်ကြားစေ့ရေးကို ကြိုးပမ်းနေချိန်မှာ တတ်သိပညာရှင်များကလည်း တိုင်းပြည်ရဲ့ စီးပွားရေးအကျပ်အတည်းကို ဖြေရှင်းဖို့ နည်းလမ်းရှာရပါမယ်။


တိုင်းရင်းသားများက စည်းလုံးညီညွတ်ရေး တည်ဆောက်နေချိန်မှာ နိုင်ငံရေးသမားအပေါင်းကလည်း တိုင်းပြည်အတွက် သင့်တော်တဲ့ နိုင်ငံရေးလမ်းစဉ်များကို ချမှတ်နိုင်ရပါမယ်။

တိုင်းပြည်တခုလုံးကို ဦးသန်းရွှေတယောက်တည်းက ချုပ်ကိုင်နေတာ မှန်ပေမယ့် ပြဿနာအားလုံးကို ဦးသန်းရွှေတယောက်တည်းက ဖြေရှင်းလို့ မရတာ သေချာပါတယ်။ ဦးသန်းရွှေကို
ဝန်းရံပိတ်ဆို့နေကြတဲ့ ကိုယ်ကျိုးရှာ အလိုတော်ရိတစုရဲ့နှောက်ယှက်မှုတွေကိုလည်း မျက်ခြေမပြတ် အနီးကပ် စောင့်ကြည့်နေဖို့ လိုပါတယ်။ ဦးသန်းရွှေ တဦးတည်းက
အာဏာရှင်ဖြစ်နေသမျှ အထက်အဏာပိုင်နဲ့ နီးကပ်လေ၊ ပြည်သူနဲ့ဝေးလေ လမ်းမှားလိုက်လေ ဖြစ်နေမှာပါ။

ဒေါ်အောင်ဆန်းစုကြည် လက်ရှိကျင့်သုံးနေတဲ့ လမ်းစဉ်က ပြည်သူနဲ့နီးလေ၊ အာဏာရှင်နဲ့ ဝေးလေ၊ ဒုက္ခပေးခံရလေ အဖြစ်မျိုးမဖြစ်အောင် နားလည်မှု တည်ဆောက်နေတာ ဖြစ်ပါတယ်။
အလွန်လည်း မှန်ကန်ထိရောက်ပါတယ်။ ဒါပေမယ့် လိုအပ်တဲ့ ထောက်ခံပံ့ပိုးမှုတော့ မရသေးပါဘူး။ အကြမ်းမဖက်ရေး အင်အားစုအသီးသီးက ဝိုင်းဝန်းပံ့ပိုးကြဖို့လိုပါတယ်။

ပြည်သူတွေအနေနဲ့လည်း လက်ရှိအခြေအနေကို နိုင်ငံရေးသမားတချို့နဲ့ မီဒီယာတွေက ပုံဖော်နေကြတဲ့ အဖိနှိပ်ခံပြည်သူတွေက တဘက်၊ ဖိနှိပ်သူ အစိုးရကြီးကတဘက်လို့ မမြင်ကြဖို့
လိုပါတယ်။ အကြောင်းကတော့ အစိုးရဝန်ထမ်း ၉၅ ရာခိုင်နှုန်းလောက်ဟာလည်း ဖိနှိပ်ချုပ်ချယ်မှုပေါင်းစုံကို ခံစားနေကြရလို့ပါပဲ။ ကျန်တဲ့ ၅ ရာခိုင်နှုန်းပင်လျှင် ဦးသန်းရွှေကို
သစ္စာခံထားကြတာ မဟုတ်ပါဘူး။ စစ်တပ်ထဲမှာပင်လျှင် ဗိုလ်ချုပ်အဆင့် မဆိုထားနှင့် ဒု ဗိုလ်ချုပ်ကြီးများပင် သစ္စာခံမထားပါဘူး။ ဦးသန်းရွှေကလည်း သူတို့ကို မယုံပါဘူး။ ဒု
ဗိုလ်ချုပ်ကြီးအဆင့်က ဦးသန်းရွှေကို တွေ့ချင် ကန်တော့ချင်ရင်တောင် ခွင့်မပြုပါဘူး။ လုပ်ကြံမှာစိုးလို့ ဘယ်သူ့မှ အကပ်မခံပါဘူး။

အဲဒီလူတွေကို သူ့လူတွေပဲဆိုပြီး အကုန်တိုက်နေဖို့ မလိုပါဘူး။ ကိုယ့်အလုပ်ကိုယ် ပီပြင်အောင် လုပ်ဖို့က ပိုအရေးကြီးပါတယ်။ တပ်မတော် တခုလုံး ကိုယ့်ဘက်ပါလာစေချင်ရင် ကိုယ်က
လေးစားစရာ ကောင်းအောင် အရင်နေပြဖို့လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် တယောက်တည်းကို ရှေ့တန်းတင် အားကိုး ခိုလိုက်နေကြလို့ မရပါ။

မိမိတို့ဘာလုပ်သင့်တယ်။ ဘာကိုအရင်လုပ်ကြရမယ်ဆိုတာ သိအောင် အရင်လုပ်ကြရပါမယ်။ အပြောင်းအလဲကို တကယ်ပဲ လိုလားပြီး တကယ် ဖန်တီးရပါမယ်။ လူတန်းစား
အလွှာအသီးသီးက အပြောင်းအလဲကို တကယ် လိုလားလာအောင် စည်းရုံးရပါမယ်။ နည်းလမ်းကို လမ်းညွှန်နိုင်ရပါမယ်။ အခြေအနေကို ဖန်တီးပေးကြရပါမယ်။

ဒီအတွက် ပြည်သူတွေက ငွေကုန်စရာမလိုပါ။ နိုင်ငံခြား စွက်ဖက်မှုကိုလည်း စောင့်ဖို့မလိုပါ။ ပထမဆုံး မိမိကိုယ်တိုင် ယုံကြည်ဆုံးဖြတ်ဖို့ပဲလိုပါတယ်။ လုပ်ဆောင်ဖို့ပဲလိုပါတယ်။
ညီညွတ်ဖို့နဲ့ လေ့လာဖို့တော့ လိုပါတယ်။

“ပြဿနာဆိုသည်မှာ အခြားမဟုတ်။ အဖြေက ရုပ်ဖျက်ထားခြင်းသာ ဖြစ်သည်” ဆိုတဲ့ ဆိုရိုးစကား ရှိပါတယ်။ “No one can save us, from us, but us” ဆိုတဲ့စကားဟာလည်း
ဘာသာတရား အဆုံးအမ အားလုံးနဲ့ ကိုက်ညီပါတယ်။

ခေါင်းဆောင်တွေက နားလည်ကြပြီး ပြည်သူတွေကို လက်ခံကျင့်သုံးလာအောင် လမ်းညွှန် စည်းရုံးနိုင်ဖို့ လိုပါတယ်။ ပြည်သူတွေအနေနဲ့က “ဒီမိုကရေစီ ရရှိရေး” လို့ အော်နေမှ
မဟုတ်ပါဘူး၊ မိမိလက်တွေ့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ကိုယ်တိုင်ဖြေရှင်းနိုင်အောင် ဝိုင်းဝန်းကြိုးစားကြဖို့ပဲ လိုပါတယ်။

စက်ရုံအဆင့်၊ ရပ်ကွက်ကျေးရွာအဆင့်မှာ ဖြေရှင်းလို့ရတဲ့ ပြဿနာတွေရှိပါတယ်၊ အောက်ခြေအဆင့်မှာပဲ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံသူတို့ ပူးပေါင်းအဖြေရှာကြရပါမယ်။ အောက်ခြေမှာ


အဖြေမရှိသေးရင် မြို့နယ်၊ ခရိုင်၊ တိုင်းကိုတက်ပြီး အဖြေရှာရမှာပါ၊ မနက်ဖြန် အဖြေတွေ့မယ်၊ နောက်တနှစ်မှာ အားလုံး ကောင်းသွားမယ်လို့တော့ မျှော်လင့်လို့မရပါဘူး။ သို့သော်
တိုးတက်မှုတွေ အဆက်မပြတ်တွေ့လာရပြီး အချိန်နဲ့အမျှ အောင်မြင်မှုတွေ ရလာမှာပါ။

ကျနော်တို့အနေနဲ့ နအဖကို ရင်ဆိုင်ရာမှာ အနည်းငယ်ခက်ခဲ့ရတဲ့ အကြောင်းတခုကတော့ အခြေအနေမှန်ကို ရှုမြင်ရာမှာ အနည်းငယ် ပုံစံလွဲနေလို့ ဖြစ်နိုင်ပါတယ်။ ကျနော်တို့က နအဖကို
ရှုမြင်ရင် မီဒီယာတွေပုံဖော်သလိုပဲ ထိပ်တိုက် ဆန့်ကျင်ဖက် အင်အားစုကြီး ၂ ခုအဖြစ် ရှုမြင်ကြပါတယ်။

အသေအချာ ခွဲခြားကြည့်ရင် နအဖ အစိုးရနဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားခြင်း အမှန်တကယ် ထိပ်တိုက်ဆန့်ကျင်ဘက် ဖြစ်နေတဲ့နေရာက အင်မတန်နည်းပါတယ်။
လူတိုင်းမိမိတိုင်းပြည်ကို တိုးတက်ကြီးပွားစေချင် ကြတာပါပဲ။ ပြည်သူတွေက အာဏာကို အတင်းလုယူပြီး နအဖတွေကို ထောင်ထဲထည့် နှိပ်စက်ချင်နေတာ မဟုတ်ပါဘူး၊
ပြည်သူအများစုကြီးက ကိုယ့်အလုပ်ကိုယ် အေးချမ်းစွာလုပ်ပြီး အသက်မွေးချင်ကြတာပါ၊

နအဖကလည်း ပြည်သူတွေ ဆင်းရဲကြောက်လန့်ပြီး ထွက်ပြေးကုန်စေချင်တာ မဟုတ်ပါဘူး။ ပြည်သူတွေ ဒုက္ခရောက်ရခြင်း အကြောင်းအရင်း အများစုဟာ အုပ်ချုပ်ရေး
ညံ့ဖျင်းမှုကြောင့်သာ ဖြစ်ပါတယ်။ ထိပ်ဆုံးက အာဏာပိုင်တွေ အတွက်သာ အကောင်အထည်ဖော်ပေးတဲ့ အုပ်ချုပ်ရေး ယန္တယားကြီးရဲ့ ဖောက်ပြန်ယိုယွင်းနေမှုကြောင့် ဖြစ်ရတာပါ။
ဒီမိုကရက်တစ်ပါတီတွေ အာဏာရလာချိန်မှာလည်း ဒီအုပ်ချုပ်ရေး ယန္တယားကြီးကို ပြုပြင်နိုင်မှသာလျှင် ပြည်သူတွေ ချမ်းသာရာရလာနိုင်ပါတယ်။

တကယ်မှာ အထူးလွဲမှားနေတာက ယိုယွင်းနေတဲ့ အုပ်ချုပ်ရေး ယန္တယားရဲ့ အစိတ်အပိုင်းလေးတခုဖြစ်တဲ့ မြန်မာစစ်တပ်က အာဏာပိုင်လူတန်းစား တရပ်လို ဖြစ်နေတာပါပဲ။
ဖွဲ့စည်းပုံအသစ်မှာ စစ်တပ်ဟာ အပြည့်အဝအာဏာပိုင် လူတန်းစားမဟုတ်တော့ပေမယ့် အာဏာရဲ့ ၄ ပုံ ၁ ပုံကို လုယူထားသူတွေဖြစ် နေဦးမှာပါ။ ပိုအရေးကြီးတာက အုပ်ချုပ်ရေး
ယန္တယား တော်တည့်မှန်ကန်လာ ဖို့ပါပဲ။

နောင်တချိန် ဒီမိုကရေစီအင်အားစုတွေ အာဏာအပြည့် ရလာရင်တောင် ယိုယွင်းနေတဲ့ အုပ်ချုပ်ရေး ယန္တယားနဲ့ ဖောက်ပြန်တဲ့ ဝန်ထမ်းတွေ ဆက်လက် လှုပ်ရှားနေကြမယ်ဆိုရင်
တိုင်းပြည်ဟာ ဆင်းရဲတွင်းက မထွက်နိုင်ဘဲ ပြည်သူတွေလည်း ဒုက္ခပင်လယ်ဝေ နေဦးမှာပါပဲ။

ပါတီများရဲ့ တာဝန်က အာဏာပိုင်နိုင်အောင် ကြိုးစားမှုအပြင် တရားရေးအဖွဲ့အစည်းတွေက ဥပဒေစိုးမိုးရေး ဆောင်ရွက်လာအောင်၊ ဝန်ထမ်းတွေ ခြစားဖောက်ပြန်မှု လျော့ပါးလာအောင်
အစီအမံတွေ၊ ကြိုတင်ပြင်ဆင်မှုတွေ၊ လိုအပ်ချက် ဖြည့်ဆည်းမှုတွေကို ယခုကတည်းက အစွမ်းကုန် ကြိုးပမ်းလုပ်ဆောင်ကြဖို့ ဖြစ်ပါတယ်။

ကျနော်တို့ဟာ ကိုယ်ရင်ဆိုင်နေရတဲ့ ပြဿနာတခုကို ရှုထောင့်တခုကသာကြည့်ပြီး တပြည်လုံး ပြဿနာအတွက် အဖြေမှန်တခုတည်းကို ရှာနေရင် မျက်မမြင်ပုဏ္ဏားခြောက်ယောက်


ဆင်ကိုစမ်းသပ်သလို အဖြေတလွဲ ထွက်နေမှာဖြစ်ပါတယ်။ နေရာအလိုက်၊ ကဏ္ဍအလိုက်၊ အချိန်အလိုက် ပြဿနာ အမျိုးမျိုးအတွက် အဖြေအမျိုးမျိုးကို ရှာဖွေဆက်စပ်နိုင်မှသာ
တိုင်းပြည်အတွက် အကျိုးရှိပါလိမ့်မယ်။

ခေါင်းဆောင်လုပ်သူများက အခြေအနေမှန်ကို ယထာဘူတကျအောင် ရှုမြင်ပြီး မကြာခင်က စတင်ခဲ့တဲ့ လူငယ်ကွန်ယက်လို ကွန်ယက်အသီးသီးကတဆင့် စတင်


အကောင်အထည်ဖော်လို့ ရပါတယ်။

နအဖဖြစ်စေ၊ ပြည်ထောင်စု ကြံ့ဖွံ့ခိုင်ရေးနှင့် ဖွံ့ဖြို့ရေးပါတီ (ကြံ့ဖွံ့ပါတီ) +ဖြစ်စေ ဦးသန်းရွှေနဲ့ တသားတည်း အလုံးအခဲကြီးအဖြစ် ရှုမြင်လို့မရပါဘူး။ ၎င်းတို့ကို ခွဲခြမ်းစိတ်ဖြာ
ကြည့်မြင်နိုင်အောင် ကြိုးစားဖို့ အရေးကြီးပါတယ်။

ကြံ့ဖွံ့ဆိုတာ ကျောရိုးမရှိတဲ့၊ ဦးနှောက်မရှိတဲ့ ကြိုးဆွဲရာကနေတဲ့ ရုပ်သေးရုပ် သက်သက်ပဲ ဖြစ်ပါတယ်။ အလားတူပဲ စွမ်းအားရှင်ဆိုတာလည်း ရဝတ အဆင့်က လက်သပ်မွေးထားတဲ့
လက်မရွံ့ လူမိုက်တစုပဲ ဖြစ်ပါတယ်။ ရဝတနဲ့ ပြည်သူနဲ့ ဆက်သွယ်စကားပြောလိုက်ရင် စွမ်းအားရှင်ဆိုတာ ပြည်သူတွေရဲ့ လက်သုံးတောင်ဝှေး ဖြစ်လာနိုင်ပါတယ်။

ကိုယ့်ကျေးရွာ ဥက္ကဋ္ဌ၊ ရပ်ကွက်ကော်မတီဝင်တွေနဲ့ စကားမပြောကြရင်၊ ပြောဖို့မကြိုးစားကြရင် ဒီအခက်အခဲတွေဟာ မပပျောက်နိုင်ဘဲ ရှည်ကြာနေလိမ့်မယ်ဆိုတာ ပြည်သူတွေ


လက်ခံလာအောင် ပြောပြ နိုင်ရပါမယ်။ ကိုယ်တိုင်က တာဝန်ယူမှုမရှိကြရင် တိုးတက်မှုကို မျှော်လင့် လို့မရနိုင်ယုံမက ပိုမိုဆိုးရွားတဲ့ ကံကြမ္မာတွေ ကျရောက်လာနိုင်ပါတယ်။

ဦးသန်းရွှေရဲ့လက်ရင်းလူယုံ ကပ်ဖားများပင်လျှင် တယောက်ကို အကျိုးစီးပွားတမျိုးစီနဲ့ ရှင်သန်နေကြတာ ဖြစ်ပါတယ်။ ဦးသိန်းဇော်ကိုဖြစ်စေ၊ ဦးသောင်းကိုဖြစ်စေ၊


ဦးအောင်သောင်းကိုဖြစ်စေ၊ ဦးစိုးသာကိုဖြစ်စေ သူ့နည်းသူ့ဟန်နဲ့ ချဉ်းကပ် ထွက်ပေါက်ပေး ပြုပြင်မယ်ဆိုရင် ပြောင်းလဲ တိုးတက်လာနိုင်ပါတယ်။

ယခုအချိန်မှာ ဘီလူးသဘက်လိုဖြစ်နေကြတဲ့ ဦးသန်းရွှေရဲ့ မိသားစုဝင်များဟာလည်း လွန်ခဲ့တဲ့နှစ် ၂၀ က သူလိုငါလို လူများသာဖြစ်ကြပါတယ်။ သူတို့ရှေ့မှာ


အစွယ်ကျိုးသွားကြတဲ့သူတွေရဲ့ဘဝကို မသိကြလို့ အာသာငမ်းငမ်း ဖြစ်နေကြတာပါ။ မှန်ကန်တဲ့ ချဉ်းကပ်လှုပ်ရှားမှုတွေ လုပ်ခဲ့ကြရင် အခြေအနေ အားလုံးဟာ ပုံမှန်ကိုပြန်ရောက်ပြီး
ပြည်သူတရပ်လုံး ရွှင်ပြုံးနိုင်မယ့် တနေ့ကို မကြာမီရောက်လာမှာ မလွဲသေချာပါပဲ။

အရေးအကြီးဆုံးက တာဝန်သိတဲ့ပြည်သူတိုင်း ကိုယ့်အခန်းကဏ္ဍကို တာဝန်ယူပြီး အခုချိန်မှာ ညီညီညာညာ အလုပ်လုပ်ကြဖို့ပဲ ဖြစ်ပါတယ်။

“ညံ့တဲ့စစ်သားမရှိ၊ ညံ့တဲ့စစ်ဗိုလ်သာရှိတယ်” လို့ ဆိုရိုးစကားရှိပါတယ်။ ကျနော်တို့ ပြည်သူများဟာ အလွန်တော်တဲ့ ပြည်သူများဖြစ်တယ်ဆိုတာ ဘယ်သူမှ အငြင်းမပွားကြပါ။
တခါတုန်းက ဗြိတိသျှဘုရင်ခံက “အိန္ဒိယတွင် ခေါင်းဆောင်ကောင်းပေါများ၍ နောက်လိုက်ကောင်း နည်းပါးသည်။ ဗမာပြည်တွင် ခေါင်းဆောင်ကောင်းရှား၍
နောက်လိုက်ကောင်းပေါသည်” လို့ မှတ်ချက်ပေးခဲ့ဖူးပါတယ်။
ကျနော်တို့မှာ မျိုးဆက်သစ် ခေါင်းဆောင်ကောင်းများ အညွန့်ပြူထွက်နေကြပါသည်။ ကွန်ရက်များမှတဆင့် သူတို့ကို နေရာပေး မြှင့်တင်ပေးဖို့ လိုပါသည်။ လူကြီးများက ဘုတ်ထိုင်
ထိုင်မနေကြဘဲ လူငယ်များကို ဝန်းရံ၊ ပံ့ပိုး၊ နေရာပေးကြဖို့ အချိန်ကျရောက်ပါပြီခင်ဗျား။
http://www.bur.irrawaddy.org/

Thursday, January 20, 2011


လွှတ်တော်ခေါ်ယူရေး ပုဒ်မအပေါ် UDP ၏ သဘောထား
လူပါးပုလင်းထိ တရုတ်လူပျိုကြီး
တရုတ်နိုင်ငံ လုံလင်းနယ်က အသက် ၅၀ အရွယ် ဟန်လူမျိုး လူပျိုကြီးတယောက် အလုပ်တွေ အသားကုန်လုပ်၊ ပိုက်ဆံတွေ စုမိတော့ အသက်အရွယ်အရ အိမ်ထောင်ပြုချင်လာသည်။
တရုတ်နိုင်ငံမှာ သူကို ကြိုက်မယ့်သူမရှိ၊ သူက ကြိုက်သော်လည်း တဖက်က ငြင်းတာများသည်။

သို့နှင့် သူငယ်ချင်းတယောက်က သတို့သမီးရှာတဲ့ အေးဂျင့်ကို ပို့ပေးလိုက်သည်။ ပွဲစားအေးဂျင့်ကို မယုံ၍ ပွဲစားနှင့်အတူ ကိုယ်တိုင် မြန်မာပြည်ကို သွားရောက်ရှာဖွေခဲ့သည်။

ပထမအကြိမ် မအောင်မြင်။ ဒုတိယအကြိမ်မှ သူကြိုက်တာတွေ့သွားသည်။ တရုတ်ငွေ ယွမ် ၂၀၀ နှင့် ရခဲ့သည်။ မစ်ရှင်အောင်မြင်၍ တရုတ်ပြည်ပြန်ကာ မင်္ဂလာဆောင်တော့ပါသည်။
သူငယ်ချင်း၊ အမျိုးတွေ ဖိတ်ကြားပြီး ရှိသလောက်နဲ့ ဆောင်ခဲ့ပါသည်။

သို့သော် မင်္ဂလာဆောင်ဆောင်ချင်းပင် သတို့သမီးက လက်စွမ်းပြလိုက်သည်။

သတို့သားလူပျိုကြီးကို ရေရေလည်လည် သမလိုက်သည်။ အရပ်တကာက ဝိုင်းဆွဲတဲ့အထိပေါ့။ နောက်ဆုံးမနိုင်တော့ လုံလင်းနယ်က ရဲတွေကို အကူအညီတောင်းပြီး လာရာလမ်းအတိုင်း
တရုတ်-မြန်မာ နယ်စပ်သို့ ပြန်ပို့ပေးလိုက်သည်။

အရပ်လူကြီးနဲ့ ရဲများက လူပျိုကြီးကို ဝိုင်းဝန်း မေးမြန်စစ်ဆေးရာ စိတ်မနှံ့တဲ့ လူတယောက်မှန်း မသိအောင် “အ” ရသလားဆိုကြသည်။

အကြောင်းရင်းမှာ မိန်းကလေးသည် စိတ်မနှံ့သူဖြစ်ပြီး ခြေသလုံးအိမ်တိုင် လှည့်လည်သွားလာရာမှ လူလည်ပွဲစားများက မွမ်းမံ အလှဆင်၊ စိတ်ငြိမ်ဆေးများနှင့် ထိန်းထားပြီး
တရုတ်လူပျိုကြီး လက်ထဲသို့ အရောက်ထည့်ပေးလိုက်သည်။

တရုတ်ပြည်ရှိ လူပျိုကြီးနေအိမ်ရောက်၊ မင်္ဂလာဆောင်တော့ ဆေးရှိန်ပြယ်တဲ့အချိန်နဲ့ ကွက်တိဖြစ်သွားရာက တရုတ်လူပျိုကြီး ခံလိုက်ရခြင်းဖြစ်သည်။

တရုတ်ပြည်တွင် မိန်းကလေးဦးရေ နည်းပါးမှုကြောင့် မြန်မာမိန်းကလေးများ တရုတ်ပြည်သို့ ဇနီးမယားအဖြစ် ရောင်းစားခံနေရသည့်ပြဿနာမှာ နယ်စပ်တလျှောက် ပေါ်ပေါက်နေဆဲ


ဖြစ်ပါသည်။

ဝင်းလက် တရုတ်ဘာသာမှ ပြန်ဆိုပါသည်။


Thursday, January 20, 2011
အငြင်းပွားဖွယ် သင်တန်းအကြောင်း တစေ့တစောင်း

ပြီးခဲ့တဲ့ သီတင်းပတ်တွေထဲမှာ ဘုန်းကြီးတပါးရဲ့ ဒစ္စကိုပွဲအကြောင်း ယူကျုကနေဆင့် ထွက်ပေါ်လာပြီးတဲ့နောက် မီဒီယာတွေကရော၊ ဘလော့ဂ်တွေကပါ အမျိုးမျိုး ဝေဖန် ပြောဆိုသံတွေ
ထွက်ခဲ့ပါတယ်။

အခုထိတော့ ဒီဘုန်းကြီးအကြောင်း၊ ဘုန်းကြီးရဲ့ သင်တန်းအကြောင်း၊ သင်တန်းရဲ့ နောက်ကွယ်ဆိုတာတွေကို ဆွဲထုတ်ပြီး ဘလောဂ့်တွေ၊ ဖိုရမ်တွေမှာ အများကြီး
ဆက်တွေ့နေရပါတယ်။

လောလောဆယ်မှာ အဲဒီဘုန်းကြီးဘွဲ့က ဦးဣဒ္ဓိယလို့ သိရပြီး၊ သူ့ရဲ့ သင်တန်း နာမည်က No.1 Success and Sociology Course ပါတဲ့။ “စိတ်ဓာတ်မြှင့်တင်ရေး သင်တန်းကျောင်း”
လို့လည်း ကင်ပွန်းတပ်ထားပါတယ်။

ရဟန်းအနေနဲ့ နစ္စ၊ ဂီတ၊ ဝါဒီတတွေ ဘေးချိတ်သင့် မချိတ်သင့်၊ Sociology အသုံးအနှုန်းနဲ့ သင်တန်း ဆိုင်မဆိုင်၊ သင်တန်း စည်းကမ်းချက်များရဲ့ ဝိဝါဒ၊ နောက်ကွယ်မှာ
မာလ်တီမားကက်တင်း ကုမ္ပဏီတခု ပတ်သက်မှု ရှိမရှိ စတဲ့ အငြင်းပွားဖွယ်တွေ တသီကြီး ထွက်နေဆဲပါ။

သင်တန်းရဲ့ ဝက်ဘ်ဆိုဒ်က http://numberonesociology.com/ ဖြစ်ပြီး လောလောဆယ်တော့ ဖွင့်မရပါ။

ဧရာဝတီ ဘလော့ဂ်အနေနဲ့ အဆိုးအကောင်း အကျိုးအကြောင်း ဝေဖန်မပြလိုသေးပေမယ့် အဲဒီသင်တန်းနဲ့ ဆိုင်တဲ့ အချက်တချို့ ပရိသတ်ဆွေးနွေးလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

No. 1 Success and Sociology Course


သင်တန်းသားများလိုက်နာရမည့်စည်းကမ်းချက်များ
၁။ သင်တန်းသူ / သားအားလုံးနိုင်ငံရေးလုံးဝကင်းရှင်းရမည်။ နိုင်ငံရေး ၊ ဘာသာရေးပြောခြင်း၊ မေးမြန်းခြင်း သီးခံပါ။
၂။ သင်တန်း၏အမည်၊ မိဘ၊ ဆရာ၊ သံဃာ၊ နိုင်ငံတော်ဂုဏ်သိက္ခာကိုထိပါးစေမည့် အပြုအမူ ၊ အပြောအဆို မပြုလုပ်ရပါ။
၃။ သင်တန်းကိုအချိန်မှီ ၊ အချိန်မှန်မှန် တက်ရမည်။သင်တန်းပျက်ကွက်လျှင် ကြိုတင် အကြောင်းကြား ခွင့်တိုင်ရမည်။
၎။ သင်တန်းမှပို့ချသော သင်ခန်းစာများ ၊ လေ့ကျင့်ခန်းများကို စိတ်ရောကိုယ်ပါ ပါဝင်လှုပ်ရှားရမည်။ မာန်မာနထားခြင်း ၊ ရှက်ခြင်း ၊ ကြောက်ခြင်း လုံးဝမရှိစေရပါ။
၅။ မည်သည့်အကြောင်းကြောင့် ဖြစ်စေ သွင်းပြီးငွေပြန်မအမ်းပါ။ သင်တန်းပြီးဆုံးရက်အထိ မတက်လျှင် သင်တန်းဆင်းလက်မှတ်ပေးမည် မဟုတ်ပါ။

သင်ရိုး
1. ၁ မိနစ်အတွင်းမိတ်ဆွေဖွဲ့နည်း။
2. ၁၅ မိနစ်အတွင်းအနားယူခြင်းနှင့် အမြန်ဆုံးအားသွင်းနည်း။
3. ၁၅ မိနစ်အတွင် ခန္ဓာကိုယ်အတွင်းမှ အပူလှိုင်းများကို ဖယ်ရှားပေးခြင်း။ 4. ပြောတတ်ဆိုတတ်ပေါင်းသင်းတတ်သော လူမှုဆက်ဆံရေးပညာ။
5. မိတ်ဆွေဖွဲ့ခြင်း အတတ်ပညာ။
6. ၀တ်စားဆင်ယင်နေထိုင်မှုအပိုင်းနှင့် အရောင်ရွေးချယ်မှု။
7. စားသောက်မှုဆိုင်ရာ အခန်းကဏ္ဍအပိုင်း။
8. တယ်လီဖုန်းပြောဆိုခြင်းနှင့် ချိန်းတွေ့ခြင်း။
9. လုပ်ငန်းကိစ္စချိန်းဆိုခြင်း (သွား၊လာ)
10. ရောက်ဝယ်ဖောက်ကားမှု အတတ်ပညာ။
11. အင်တာဗျူးသွားရောက်ဖြေဆိုသောအခါ။
12. စိတ်ဓာတ်မြှင့်တင်ရေး ပို့ချချက်။
13. ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုပညာ။
14. လူရှေ့၊ သူရှေ့ စကားပြောခြင်း အတတ်ပညာ။
15. လူကြော၊ရွှေကြော - You are money
16. အထွေထွေ ဗဟုသုတ အခန်းကဏ္ဍများ။
17. ကမ္ဘာကျော်သန်းကြွယ် သူဌေးကြီးတစ်ယောက်အကြောင်း။
18. အောင်မြင်ခြင်း ခြေလှမ်းအပိုင်း (၁)၊ အပိုင်း(၂)။
19. လူနေအိမ်နှင့် အိမ်ခန်းများ ဖွဲ့စည်းတည်ဆောက်ပုံ။
20. You are Number One or နံပါတ် (၁)
ဧရာဝတီ ရုပ်သံ ဝက်ဘ်ဆိုဒ်
ဧရာဝတီ မီဒီယာက တင်ဆက်တဲ့ အယ်ဒီတာ့စကား၊ Dateline
Irrawaddy, မှတ်တမ်းတင်ဇာတ်လမ်း၊ သတင်းတင်ပြချက် စတဲ့ ရုပ်သံဖိုင်တွေကို တစုတစည်းတည်း ကြည့်ဖို့ ဧရာဝတီ ဗီဒီယိုဆိုဒက
ို ဖန်တီးထားပါပြီ။

အပတ်စဉ် ပုံမှန်တင်ဆက်သမျှ ရုပ်သံဖိုင်တွေကို ပုံမှန် သတင်းဆိုဒ်နဲ့ ဘလော့ဂ်အပြင် အဲဒီမှာ သွားရောက် ကြည့်ရှုနိုင်ပါကြောင်း။


http://www.irrawaddyblog.com/

တီကျစ်မိုင်းကြောင့် လူ ၂ ထောင် အရေပြားရောဂါဖြစ်


ကျော်ခ | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၀ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၃၉ မိနစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ တီကျစ် ကျောက်မီးသွေး သတ္တုတွင်း စီမံကိန်းကြောင့် ရေနှင့် လေထု ညစ်ညမ်းမှုဖြစ်ကာ လူဦးရေ ၂,ဝဝဝ ခန့် အရေပြား ယားယံသည့် ဝေဒနာ ခံစားနေရကြောင်း
ပအိုဝ်းလူငယ် အဖွဲ့နှစ်ခုက ထုတ်ပြန်သော အစီရင်ခံစာတစောင်က စွပ်စွဲလိုက်သည်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ရှိ ကျောက်မီးသွေးစီမံကိန်းကြောင့် အနီးရှိ တီကျစ်နှင့် ဆည်ခေါင်းကျေးရွာများမှ ရွာခံလူ ၄,ဝ၈ဝ အနက် ထက်ဝက်ခန့် အရေပြားပေါ်တွင်
အယားဖုများပေါက်သည့် ဝေဒနာ ခံစားနေရသည်ဟု ထိုင်းနိုင်ငံ ချင်းမိုင်တွင် ယနေ့စတင် ဖြန့်ချိသော “အဆိပ်သင့်တိမ်များ” အမည်ရှိ အစီရင်ခံစာတွင် ပါရှိသည်။


ဓာတ်ငွေ့တွေ အနံ့ဆိုးတွေရယ်၊ နောက် ကျောက်မီးသွေးတွင်းက စွန့်ပစ်ထားတဲ့ အညစ်အကျေးတို့
မြေဇာတို့က ရွာထက်မြင့်နေတယ်။ အဲဒီကရတဲ့ အနံ့တွေကြောင့် လူတွေ ကြာတော့
ဒီရောဂါလက္ခ္ခဏာတွေ ပေါ်လာတာ” ဟု စစ်အစိုးရ အတိုက်အခံ ပအိုဝ်းလူငယ်အစည်းအရုံး (ပီဝိုင်အ)ို
အတွင်းရေးမှူး ခွန်ချန်ကီက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားသည်။

မြန်မာနိုင်ငံရှိ ကျောက်မီးသွေးတွင်း ၁၆ ခုအနက်မှ အပွင့်စနစ်ဖြင့် ထုတ်ယူရာတွင် အကြီးဆုံး တီကျစ်


ကျောက်မီးသွေးတွင်းမှ နေ့စဉ်တန်ချိန် ၂,ဝဝဝ ခန့်ထွက်သည်။

အင်းလေးကန်မှ ၁၃ မိုင်အကွာတွင် တည်ရှိသော တီကျစ်စီမံကိန်းကို တရုတ်နိုင်ငံ အမျိုးသား


အကြီးစား စက်မှုလုပ်ငန်း ကော်ပိုရေးရှင်းက ၂ဝဝ၂ တွင် စတင်လည်ပတ်နေပြီး မြန်မာနိုင်ငံမှ
ဧဒင်အုပ်စုနှင့် ရှမ်းရိုးမနဂါး ကုမ္ပဏီများက ဖက်စပ်ဆောင်ရွက်ကြသည်။

ကျောက်မီးသွေးထုတ်လုပ်မှုမှ ပြာမှုန် နေ့စဉ် တန်ချိန် ၁ဝဝ အနည်းဆုံး ထွက်နေကာ


ကျောက်မီးသွေးမိုင်းနှင့် လျှပ်စစ်စက်ရုံတို့မှ ထွက်ရှိသော စွန့်ပစ်အညစ်အကြေးများ ဘီလူးချောင်းတွင်း
စီးဝင်နေသည်ဟု အစီရင်ခံစာတွင် ပါရှိသည်။

စီမံကိန်းအနီး ၅ မိုင်ဝန်းကျင်အတွင်း၌ ကျေးရွာ ၂၅


ရွာရှိကာ လူဦးရေ ၁၁,၅၉၂ ဦး နေထိုင်ကြပြီး ကျန်းမာရေး ထိခိုက်နိုင်သည်ဟု ပီဝိုင်အိုက
သတိပေးလိုက်သည်။

စီမံကိန်းစတင်စဉ်က အိမ်ခြေ ၂၄ လုံးရှိ တောင်ပို့လနှင့် လိုင်းခါးရွာတို့ကို ကုမ္ပဏီများနှင့်


အာဏာပိုင်များက အဓမ္မ ရွှေ့ပြောင်းပစ်ခဲ့သည်။

ထို့နောက် စီမံကိန်း တိုးချဲ့လာခဲ့ပြီး ဒေသခံများ၏ လယ်ယာမြေများကိုပါ သိမ်းယူ


လုပ်ကိုင်လာသည်ဟုလည်း အစီရင်ခံစာက ဆိုသည်။

ကျောက်မီးသွေးမိုင်းကြောင့် လေထု ညစ်ညမ်းမှု ဒဏ်ခံနေရသဖြင့် အရေပြားပေါ်တွင် ယားနာဖုများ


ပေါက်သည့် ဝေဒနာခံစားနေရသည်ကို မိမိတို့ ကြားသိထားရကြောင်း အင်းအမျိုးသား
ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးဝင်းမြင့်က မဇ္ဈိမသို့တယ်လီဖုန်းမှ ပြောသည်။

စီမံကိန်းနေရာများမှ စီးထွက်သည့် ညစ်ညမ်းရေများသည် တီကျစ်ချောင်းထဲမှနေ၍


အထက်ဘီလူးချောင်း၊ ထိုမှတဆင့် အရှေ့တောင်အာရှနိုင်ငံများ အသင်း (အာဆီယံ) ၏
ထိန်းသိမ်းရမည့် အမွေအနှစ် ဥယျာဉ်များ စာရင်းဝင် မြန်မာနိုင်ငံ၏ ဒုတိယ အကြီးဆုံးကန်ဖြစ်သည့်
အင်းလေးကန်ထဲ စီးဝင်နေကြောင်း အစီရင်ခံစာက ဖေါ်ပြသည်။

“အင်းလေးကန် ရေရှည်တည်တံ့ရေးနဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဟာ ကျနော်တို့ အင်းပါတီရဲ့ ပထမ


ဦးစားပေး လုပ်ငန်းစဉ်ဖြစ်တဲ့အတွက် ဒီလုပ်ငန်းစဉ်ကို ထိခိုက်လာမယ့် လုပ်ငန်းအားလုံးကို
ကာကွယ်သွားမှာ ဖြစ်ပါ တယ်” ဟု ဦးဝင်းမြင့်က မဇ္ဈိမကို ပြောသည်။

ယင်းဒေသတွင် ပအိုဝ်း လူမျိုးများ အများဆုံးနေထိုင်ကြပြီး ရှမ်း၊ မြန်မာ၊ တောင်ရိုး လူမျိုးများလည်း


နေထိုင်ကြကာ လူးဆန်၊ စပါး၊ လက်ဖက်၊ ဂေါ်ဖီ၊ ငရုတ်များ စိုက်ကာ အသက်မွေးကြသည်။

ပအိုဝ်း လူငယ် အစည်းအရုံးနှင့် ချိုစွူ လှုပ်ရှားမှု ကွန်ယက်တို့သည် ဖေဖော်ဝါရီလကတည်းက တီဂျစ် စီမံကိန်းကို စောင့်ကြည့်နေခဲ့သည်ဟု ဆိုသည်။
စစ်မှုထမ်း ဥပဒေမူကြမ်း မသမာမှု လမ်းဖွင့်နေဟု NLD ဝေဖန်
ဖနိဒါ | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၀ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၃၉ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ အငြင်းပွားဖွယ်ရာ ပြည်သူ့စစ်မှုထမ်းဥပဒေမူကြမ်းမှာ မလွဲမသွေ စစ်မှုထမ်းရန် ဆင့်ခေါ်ရမည့် ဥပဒေတရပ်ဖြစ်နေသည့်အတွက် မသမာမှုများဖြစ်ပေါ်အောင်
လမ်းဖွင့်ပေးနေကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဝေဖန်လိုက်သည်။

“ ဤဥပဒေ အတည်ပြုပြီးနောက် နည်းမျိုးစုံဖြင့် မသမာမှုများရှိလာစေရန် လမ်းဖွင့်ထားသကဲ့သို့ ဖြစ်ပါသည်။ ထို့အပြင် အဖက်ဖက်က ယိုယွင်းလျက်ရှိသော နိုင်ငံရေး၊ စီးပွားရေးနှင့်
ပညာရေးစနစ်များကြောင့် ဒုက္ခမျိုးစုံ ကြုံတွေ့နေရသော အောက်ခြေလူတန်းစားအတွက် ကြီးမားသော ဝန်ထုပ်ဝန်ပိုးတခု ဖြစ်လာနိုင်ဖွယ်ရှိသည်” ဟု NLD ၏ ယမန်နေ့ထုတ်
ကြေညာချက်တွင် ပါရှိသည်။

ထို့ပြင် “၁၉၅၉ ခုနှစ် ပြည်သူ့စစ်မှုထမ်း အက်ဥပဒေတွင် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည်ဟု ပြဋ္ဌာန်းထားပြီး ယခု ၂ဝ၁ဝ ထုတ်ပြန်လိုက်သည့် ဥပဒေသည် မလွဲမသွေ စစ်မှုထမ်းရန်
ဆင့်ခေါ်ရမည့် ဥပဒေဖြစ်ပါသည်” ဟုလည်း ယမန်နေ့နေ့စွဲတပ် NLD ကြေညာချက်တွင်ပါရှိသည်။

မနှစ် နိုဝင်ဘာ ၇ ရက် နေ့စွဲဖြင့် အကန့်အသတ်ဖြင့် ဖြန့်ဝေသော စစ်မှုထမ်း ဥပဒေ မူကြမ်းမှာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌက အမိန့်ကြော်ငြာစာဖြင့်
သတ်မှတ်သည့်နေ့ရက်တွင် စတင် အာဏာတည်မည်ဟု ပြန်တမ်းတွင် ပါရှိသည်။

ပြည်သူ့စစ်မှုထမ်း ဥပဒေ အတည်ဖြစ်လာလျှင် အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း အမျိုးသားတိုင်းနှင့် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသမီးတိုင်း ၂ နှစ်ထိ စစ်မှုထမ်းရမည် ဖြစ်သည်။
အစိုးရက အရေးပေါ် အခြေအနေ သတ်မှတ်ထားလျှင် ၅ နှစ်အထိ စစ်မှုထမ်းကာလကို တိုးမြှင့်နိုင်သည်။

လွှတ်တော်တွင် ရှုထောင့်အစုံစုံမှ သုံးသပ်ဝေဖန်ပြီးမှ လွှတ်တော်က ဆုံးဖြတ်ပြဋ္ဌာန်းသင့်သည်ဟုလည်း NLD က ပြောသည်။

လွှတ်တော်တရပ်ပေါ်ပေါက်ခါနီးတွင် လွှတ်တော်က ဥပဒေပြု အာဏာကို အဓိကကျင့်သုံးရမည့်အစား နအဖ က ပြဋ္ဌာန်းခြင်းမှာ ဆန့်ကျင်ဖက် ဖြစ်နေကြောင်းလည်း NLD က ဝေဖန်သည်။

စစ်မှုထမ်း စာရင်းပေးသွင်းရန် ပျက်ကွက်သူမှာ ထောင် ၃ နှစ် ကျနိုင်ပြီး ဟန်ဆောင် ရှောင်လွှဲလျှင် ၅ နှစ်အထိ အပြစ်ပေးခံရမည်ဟုလည်း ဆိုထားသည်။

မြန်မာနိုင်ငံတွင် စစ်သည်အင်အား စုစုပေါင်း ၅ သိန်းခန့် ရှိသည်ဟုဆိုသော်လည်း စစ်အစိုးရ တပ်ရင်းများတွင် သတ်မှတ်ထားသည့် တပ်အင်အားထက် လျော့နည်းနေသည်ဟု
မြန်မာအရေး လေ့လာသူများက သုံးသပ်ကြသည်။
အဆိုတော်များ နာရေးအသင်း ဗီစီဒီ ရိုက်ကူး
မြင့်မောင် | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၀ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၃၅ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ လူမှုရေးနှင့် ငြိမ်းချမ်းရေး အမည်ရ တေးသီချင်းအပုဒ် ၃ဝ ကို အဆိုတော်နှင့် ဂီတပညာရှင် ၂ဝ ခန့် သီဆို၍ နာရေးကူညီမှုအသင်း (ရန်ကုန)် အလှူရှင်များသို့
ဂုဏ်ပြုလက်ဆောင်ပေးရန် ဗီစီဒီ ရိုက်ကူးနေကြသည်။

အသင်းလုပ်ဆောင်ချက်၊ ပေးဆပ်မှု မြင်ကွင်းများဖြင့် ပုံဖော်ရိုက်ကူးကာ အလှူရှင်များအတွက် အကန့်အသတ်ဖြင့် ပြန်လည်ပေးဝေရန် မနေ့မှစ၍ ရိုက်ကူးခြင်း ဖြစ်သည်။ သီချင်း ၃ဝ ကို
ဗီစီဒီ ၃ ခွေ ထုတ်လုပ်မည် ဖြစ်သည်။

အဆိုတော် ဆောင်းဦးလှိုင် ပါဝင်ရေးသားကာ ကိုရဲလွင် (မဇ္ဈိမလှိုင်း)၊ အလင်္ကာ (Metal Zone)၊


နိုင်ဇော် (Lazy Club)၊ BK+2 (Hip Hop) တို့ တီးခတ်ထားပြီး ကျားပေါက် (Big Bag)၊ သားထွေး၊
ကောင်းပြည့်၊ ရိန်မိုး၊ ရည်မွန်လမင်းနှင့် ပါဝင်သီဆိုထားသည်။ အသံဖမ်း အင်ဂျင်နီယာများ၊
အသံဖမ်း စတူဒီယိုများအပါအဝင် အားလုံးက အနုပညာ ဒါနပြုထားသည်။

“လူမှုရေးတွေ၊ ကောင်းမှုကုသိုလ်တွေ ဆောင်ရွက်နေတဲ့သူတွေ ဆက်ပြီးတော့ အားကျိုးမာန်တက်


ပျံသန်းသွားဆိုတာက - ကဗျာအသေးလေး၊ စာအသေးလေးနဲ့ လူမှုရေးလုပ်ငန်းတွေကို
ဆက်လုပ်ကြပါ၊ အားကျိုးမာန်တက်နဲ့ ဆက်လုပ်ကြပါ၊ ဆက်လုပ်နိုင်ကြပါစေလို့ တိုက်တွန်းတဲ့
သဘောနဲ့ ရေးစပ်ခဲ့တာပါ” ဟု ဆောင်းဦးလှိုင်က မဇ္ဈိမကို ပြောသည်။

ရန်ကုန်လူထုအကြား အားကိုးအားထားပြုနေရသော နာရေးအသင်းအတွက် ယခင်ကလည်း


စိုးသိင်္ခ (ရေး/ဆိ)ု ၊ မေခလာ၊ နှင်းဧကရီ၊ စိုးပိုင်၊ မေရွက်ဝါ၊ အနဂ္ဂ၊ ဂျေမီ၊ ချစ်စိုး၊ ချမ်းအေးဝင်း၊ ချိုချို၊
RT (အာတီ)၊ ဘိုလေး၊ ပြည်သာ၊ ဂျီတုန်းနှင့် သုတ (Cyclone) တို့ကလည်း အသံသက်သက်
သီချင်းစီဒီခွေ ဒါနပြုခဲ့သေးသည်။ အဆိုတော်များ၏ သီဆိုပါဝင်မှုမှာ ယခုပထမဆုံး ဖြစ်သည်။

’’အဆိုတော်တွေက မေတ္တာနဲ့ ဆိုပေးတဲ့အတွက် အရုပ်ချည်းပဲ ထည့်ပြီး ပေးလို့မဖြစ်လို့


အဆိုတော်တွေရဲ့ ရုပ်လေးတွေကို ကြားညှပ်ပြီးတော့ ထည့်ပေးတဲ့ သဘောပါ’’ ဟု နာရေးကူညီမှုအသင်း ဦးဆောင်သူ ဦးကျော်သူက ပြောသည်။

၂ဝဝ၁ ခုနှစ်တွင် အသင်းကို ထူထောင်ခဲ့ပြီး ကား ၁၉ စီးဖြင့် ရန်ကုန်တွင် အသုဘ အခမဲ့ ပို့ဆောင်ခဲ့သည်။ အသင်းက သုခ ကုသိုလ်ဖြစ် ဆေးခန်းပါ ဖွင့်ထားရာ စေတနာ့ဝန်ထမ်း ၃ဝဝ
ကျော်၊ ဆရာဝန် ၅ဝ ခန့်နှင့် ပုံမှန်ဝန်ထမ်း ၆ဝ ကျော်နှင့် အခမဲ့ ကုသပေးနေသည်။

ဆေးရုံသုံး လူနာကုတင်များ၊ လက်တွန်းလှည်းထိုင်ခုံများ၊ ချိုင်းထောက်များ၊ အောက်ဆီဂျင်အိုးများ လိုအပ်သော လူနာများကို လှူဒါန်းငှားရမ်းမှု အခမဲ့ ဆောင်ရွက်ပေးသည်။ ထို့ပြင်
သုခအလင်း စာကြည့်တိုက်ပါ ဖွင့်လှစ်ထားသည်။
တိုင်းရင်းသား ဒုသမ္မတ ပေါ်ထွက်ရေး ချင်းပါတီ တိုက်တွန်း
ထွန်းထွန်း | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၀ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၂၆ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ဒုသမ္မတနှင့် ပြည်နယ်ဝန်ကြီးချုပ် နေရာများတွင် တိုင်းရင်းသားများပါတီများထဲမှ ခန့်အပ်ပါရန် ချင်းအမျိုးသားပါတီ CNP က လွှတ်တော်အမတ်များကို
တိုက်တွန်းလိုက်သည်။

CNP က ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဖလံ-စဝေါ်


ု ဒီမိုကရက်တစ်ပါတီတို့နှင့် ပူးတွဲ၍
ရွေးကောက်ခံ အမတ်များကို မေတ္တာရပ်ခံခဲ့သည့် ယခုလ ၁၆ ရက်နေ့ ပူးတွဲကြေညာချက်ကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။

“အခုဖြစ်လာမယ့် အစိုးရက ဘယ်သူတွေ ဝိုင်းပါချင်တဲ့ ဆန္ဒရှိတယ်ဆိုတာကို သူတို့ သတိမထားမိမှာ စိုးရိမ်လို့ပါ။ ပါတီစုံစနစ် ဖြစ်တဲ့အတွက်ကြောင့် အနိုင်ရတဲ့ ပါတီကပဲ
နေရာယူတယ်ဆိုတဲ့ဟာ ကျနော်တို့တိုင်းပြည်ရဲ့ အနာဂတ် အလားအလာ မကောင်းဘူး” ဟု CNP ဥက္ကဋ္ဌ ဦးဇိုဇမ်က မဇ္ဈိမကို ပြောသည်။

“သမိုင်းကြောင်း ပြန်ကြည့်ရင် တော်တော်နာကျည်းစရာကောင်းတဲ့ ဖြတ်သန်းမှုလေးတွေ ကြုံလာခဲ့ပြီးပြီပေါ့ဗျာ။ ဆိုတော့ အနာဂတ် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမှာ အဲဒီလို
နာကျည်းချက်မျိုးတွေ နောက်တခါ ပြန်ပေါ်မလာဖို့ရန်အတွက် အခုကတည်းက အစပိုင်း သေချာမှ” ဟု သူက ဆက်ပြောသည်။

SNDP ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းဆောင်ဆီကလည်း “လွတ်လပ်ရေး တပြိုင်နက်ထဲ ယူမယ်ဆိုတဲ့ ကိစ္စကို ပင်လုံစာချုပ်၊ ပင်လုံသဘောထားတွေနဲ့ အခြေခံပြီးတော့မှ တိုင်းရင်းသားတွေနဲ့
အပြန်အလှန်လေးစားမှုရှိ၊ အပြန်အလှန် ယုံကြည်မှု ရှိပြီး လျှောက်ခဲ့တာကိုး။ အန်ကယ်တို့ တိုင်းရင်းသားတွေကလည်း တကယ်တမ်းကျရင်တော့ ပြည်ထောင်စုကိစ္စမှာ တိုင်းရင်းသားတွေ
မပါရင် ဘယ်လိုလုပ် သင့်တော်မလဲ” ဟု မဇ္ဈိမကို ပြောသည်။
၎င်းတို့ကြေညာချက်ထဲတွင် ဒုသမ္မတနှင့် ပြည်နယ်ဝန်ကြီးချုပ်များသာမက ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ/ဒုဥက္ကဋ္ဌ နေရာများ၊ ပြည်နယ်လွှတ်တော်
ဥက္ကဋ္ဌ/ဒုဥက္ကဋ္ဌနှင့် အချိုးကျ ပြည်နယ်ဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးရန် မေတ္တာရပ်ခံထားသည်။

၂ဝဝ၈ အခြေခံဥပဒေအရ သမ္မတရာထူးအတွက် အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ကိုယ်စားလှယ် တဦးကျစီ တင်သွင်းရမည်ဖြစ်ပြီး
ထိုအထဲမှ လွှတ်တော်အမတ်များက သမ္မတကို မဲပေးရွေးချယ်ကာ ကျန် ၂ ဦးမှာ ဒုသမ္မတ ဖြစ်မည်။

ပြည်နယ်ဝန်ကြီးချုပ် ရာထူးအတွက် သမ္မတက တိုက်ရိုက်ရွေးချယ်ခန့်အပ်မည်ဖြစ်ပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် သဘောတူညီချက်ဖြင့်သာ ခန့်အပ်နိုင်မည်။


ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ သို့မဟုတ် ဒုဥက္ကဋ္ဌကိုမူ ပြည်နယ်လွှတ်တော်အမတ်များက ရွေးကောက်တင်မြှောက်ရမည်။

ဖွဲ့စည်းပုံ၌ အရေးပေါ်ကာလတွင် အာဏာအရှိဆုံးမှာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဖြစ်သည်။ ယင်းကောင်စီတွင် သမ္မတ၊ ဒုသမ္မတများ၊ ပြည်သူ့လွှတ်တော်နှင့်
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌများ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒုတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးများ
အပါအဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းထားသည်။

ထို့ကြောင့် တိုင်းရင်းသား လူမျိုးများထဲမှ ဒုသမ္မတများ ရွေးချယ်ခံရပါက ယင်းကဲ့သို့ အရေးပါသော ကောင်စီထဲတွင် အလိုလျောက် ပါဝင်သွားမည်ဖြစ်သည်။

’’သမ္မတပြီးရင် ဒုသမ္မတဆိုတော့ ဒီတိုင်းပြည်ကတော့ သမ္မတအုပ်ချုပ်တဲ့ စနစ်ကိုး။ သမ္မတအုပ်ချုပ်တဲ့ စနစ်ဆိုတော့ သမ္မတနေရာမှာ မရရင် ဒုသမ္မတဆိုတော့ တိုင်းရင်းသားတွေရဲ့
ပုံရိပ်ပေါ့။ အရေးကြီးမှု၊ မကြီးမှုဆိုတာကတော့ သူ့ရဲ့ တာဝန်နဲ့ ဝတ္တရားနဲ့ သူ ရှိနေတာပဲလေ’’ ဟု ဦးစိုင်းဆောင်ဆီက ပြောသည်။

အခြေခံဥပဒေက သမ္မတ ပါဝင်သော လုံခြုံရေးကောင်စီကို အရေးပေါ်အခြေအနေ ထုတ်ပြန်ခွင့်နှင့် စစ်တပ်ကို အသုံးချခွင့် ပေးထားသည်။

ထို့အပြင် အရေးပေါ်ကာလ ပြဋ္ဌာန်းချက်အတွက် စည်းဝေးရာတွင် ကောင်စီဝင်အားလုံး မစုံညီလျှင်လည်း သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊
ကာကွယ်ရေးနှင့် ပြည်ထဲရေး ဝန်ကြီးတို့ဖြင့် နိုင်ငံအဝှမ်း အရေးပေါ်အခြေအနေ ၁ နှစ်ထိ ထုတ်ပြန်နိုင်သည်။

CNP ပါ တိုင်းရင်းသား ၅ ပါတီသည် ပြည်သူ့လွှတ်တော်တွင် ၃၄ နေရာ၊ အမျိုးသားလွှတ်တော်တွင် ၁၉ နေရာ ရရှိထားသည်။

ပြည်သူ့လွှတ်တော်တွင် အမတ် ၄၄ဝ ဦး ရှိသည့်အနက် တပ်မတော် ကိုယ်စားလှယ် ၁၁ဝ ဦးနှင့် အမျိုသား လွှတ်တော်တွင် ၂၂၄ ဦး အနက် ၅၆ ဦး၊ ဒေသဆိုင်ရာ လွတ်တော်များတွင်
၂၂၂ ဦးဖြင့် ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်သော စစ်သားဝေစုဖြစ်သည်။ အရပ်သားဝေစုဘက်တွင် စစ်အစိုးရ ကျောထောက်နောက်ခံပြု ကြံ့ခိုင်ရေး ပါတီသည်
ပြည်သူ့လွှတ်တော်တွင် ၅၉ ရာခိုင်နှုန်းနှင့် အမျိုးသား လွှတ်တော်တွင် ၅၇ ရာခိုင်နှုန်းဖြင့် လွှမ်းမိုးထားသည်။

ဒေသဆိုင်ရာ လွှတ်တော်များအပါအဝင် လွှတ်တော်အစည်းအဝေးများကို ယခုလ ၃၁ ရက်နေ့ မနက် ၈ နာရီ ၅၅ မိနစ်တွင် တပြိုင်တည်း ကျင်းပမည်ဟု စစ်အစိုးရက ကြေညာထားသည်။
အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကျောင်းသင်ခန်းစာ
အောင်သူငြိမ်း | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၀ ရက် ၂၀၁၁ ခုနှစ် ၁၅ နာရီ ၄၇ မိနစ်

ကျနော့်သမီးက ထိုင်းနိုင်ငံ နယ်မြို့ကလေးတမြို့မှာ မူလတန်းကျောင်း တက်နေတယ်။ တရက်တော့ ကျနော်တို့ ပွဲဈေးလျှောက်ကြတယ်။ ကျနော်က ဒီဗီဒီနဲ့ စီဒီဆိုင် တွေ့တော့ ကြိုက်တဲ့
သီချင်းခွေတွေ ရှာနေမိတယ်။ သမီးက မဝယ်နဲ့၊ မဝယ်နဲ့လို့ မျက်ရိပ်မျက်ကဲလည်းပြ၊ အဖေ့လက်ကိုလည်း ဆွဲခေါ်နေတယ်။ ပြီးတော့မှ သူက ပြောတယ်။ "ဒီခိုးကူးခွေ (Pirated CDs)
တွေကို မဝယ်နဲ့၊ အဲဒါ ဥပဒေ ချိုးဖောက်ရာကျတယ်" လို့ ပြောလာတယ်။ ကျနော်ကတော့ ခပ်ပြုံးပြုံး ဖြစ်သွားမိသလို၊ သူတို့ကလေးတွေကို ပညာပေးထားတဲ့ နည်းကိုလည်း
အထင်ကြီးမိသွားတယ်။

တခါ တက္ကသိုလ်တခုက ပါမောက္ခတယောက်က သူ့လုပ်ငန်းအကြောင်းတွေ ရှင်းပြတော့ သူတို့က လက်ရှိ မူလတန်းကျောင်းနဲ့ အလယ်တန်းကျောင်း သင်ခန်းစာတွေမှာ
အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကိစ္စ သင်ရိုးညွှန်းတမ်းထဲမှာ ထည့်သွင်းပြီး ကလေးတွေကို ပညာပေးဖို့ စမ်းသပ်လုပ်ဆောင်နေတဲ့ အကြောင်း ပြောပြတယ်။ ဒီကိစ္စအတွက်
ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးဌာန Bangkok Metropolitan Administration က ရန်ပုံငွေ ထောက်ပံ့ပေးတယ်လို့ ပြောတယ်။

သူတို့က ပညာရှင်တွေနဲ့ တိုင်ပင်ပြီး သင်ရိုးညွှန်းတမ်း ရေးဆွဲကြတယ်။ အနုပညာရှင်တွေ၊ ပန်းချီပညာရှင်တွေ၊ ကာတွန်းဆရာတွေ၊ အဆိုတော်တွေ၊ သရုပ်ဆောင်တွေနဲ့ ပူးပေါင်းပြီး
လူအား၊ ငွေအားသုံးလို့ ကလေးတွေကို မပျင်းရလေအောင် သေချာအားထုတ်ကြတယ်။ တချို့ကျောင်းတွေမှာ စမ်းသပ် စီမံချက်တွေနဲ့ စတင် လုပ်ဆောင်နေကြပြီ ပြောတယ်။ သူတို့
ရည်ရွယ်ချက်က ထိုင်းလူမှုအဖွဲ့အစည်းထဲမှာ လာဘ်ပေးလာဘ်ယူ ကိစ္စကို ကလေးငယ်ငယ်လေး ဘဝကတည်းက သွန်သင်ပြီး စတင်ပြုပြင်နိုင်အောင်လို့ ဆိုတယ်။ အဲဒီတော့
ဝေဖန်သူတချို့ကတော့ မသေခင်လူတွေလည်း ပြုပြင်နိုင်အောင် ပညာပေးပါဦးလို့ နောက်ပြောင်ကြတယ်။

တကယ်တော့ ထိုင်းနိုင်ငံဟာ၊ ကျနော်တို့ လူမှုအဖွဲ့အစည်းလိုပဲ အကျင့်ပျက်ခြစားမှု အတော်ကြီးကြီးမားမား ရှိတယ်။ မူလက ဘုရင်စနစ်မှာ မြို့စား-နယ်စား စနစ်နဲ့ စတင်လာရတော့
ဒီကိစ္စက ရိုးရာစဉ်လာလို ဖြစ်နေခဲ့တယ်လို့ ဝေဖန်ကြတယ်။ မြို့စား-ရွာစား လုပ်သူက လူထုဆီက အခွန်ကောက်၊ နောက်တော့ ဘုရင်ကိုဆက်၊ သူ့အတွက် တဖို့ကိုလည်း
အုပ်ချုပ်ထိန်းသိမ်းခ လစာအဖြစ်ယူတော့ ပိုပြီးယူထားတယ်-စားတယ်ဆိုတာ "ရှိမှာပေါ့" ဆိုတာမျိုး လူတွေက လက်ခံနေကြတယ်။

လက်ရှိမှာတင် လွှတ်တော်အမတ် ၁၆ ဦးကို ခြစားမှုနဲ့ အရေးယူခဲ့ရပြီး၊ အမတ်တွေရဲ့ အမှု ၂၆ မှုက တိုးလိုးတန်းလန်း ကျန်နေသေးတယ်။ ဒီကိစ္စတွေမှာ ဝန်ကြီး ၆ ပါး ပါတယ်၊ ခရိုင်ဝန်
၂ဝ ပါတယ်၊ ဗဟိုဘဏ် အကြီးအကဲနဲ့ လက်ထောက် ၄ ဦး ပါသေးတယ်။ ABAC Poll လို့ ခေါ်တဲ့ အေဘက်တက္ကသိုလ်က ကောက်ယူထုတ်ပြန်လေ့ရှိတဲ့ စစ်တမ်းမှာလည်း
ထိုင်းလူမျိုးတွေရဲ့ သဘောထားကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲမှာ မေးမြန်းကြည့်တော့ ၇၆.၁ % က တိုင်းပြည် ကြီးပွားနေသမျှ "အိုကေပါ" တဲ့။ သက်တောင့်သက်သာပဲ ခြစားမှုကို
လက်ခံထားကြတယ်။ လူဦးရေ ၆၃ သန်းကျော် ရှိတဲ့ ထိုင်းနိုင်ငံမှာ ဒီလိုအကျင့်ဆိုးတွေ ရှိနေရင် တိုင်းပြည်မကြီးပွားနိုင်ဘူးဆိုတာ လူ ၇၆.၁ % က မသိသေးတဲ့၊ သဘောမပေါက်သေးတဲ့
အနေအထား ရှိနေပါတယ်။

အဲဒီတော့ ဘန်ကောက်ပို့စ် နိုဝင်ဘာလ ၁၄ ရက်နေ့ထုတ် သတင်းစာက "တည်ရှိနေတဲ့ ကြောက်မက်ဖွယ် အခြေအနေ" ဆိုတဲ့ ဆောင်းပါးမှာ ကြောက်စရာအခြေအနေကတော့
လူထုတွေက ဦးနှောက်မရှိသလို ဖြစ်နေပြီ။ အများညီရင် "ဤကို ကျွဲဖတ်" ဆိုသလို အမှားကို လက်ခံနေကြပြီလို့ သုံးသပ်ဖော်ပြထားပါတယ်။ တကယ်ကတော့ လူအများလက်ခံနေပေမယ့်
မှန်တယ်လို့ မဆိုနိုင်တဲ့ ကျင့်ဝတ်ဆိုင်ရာ အမှားပါ။

ထိုင်းဝန်ကြီးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ထက်ပ်ထိုင်း ဆန်ပေါင် Thepthai Senpong ကတော့ ယဉ်ကျေးမှုဝန်ကြီးဌာနကို ညွှန်ကြားလို့ ထိုင်းလူမှုအဖွဲ့အစည်းအတွက် "ယဉ်ကျေးမှု
အသစ်တရပ်" ထူထောင်ဖို့ လိုအပ်နေတယ်လို့ ပြောပါတယ်။ ထိုင်းလူမှုအဖွဲ့အစည်းကို အင်ဂျင်နီယာဆန်ဆန် ပြန်တည်ဆောက်ချင်တဲ့ သဘောပါ။ ဒါပေမဲ့ ABAC Poll
စစ်တမ်းကောက်ယူမှုက ခရိုင် ၁၇ ခရိုင်မှာ မေးမြန်းစစ်တမ်းကောက်ခဲ့တဲ့အခါ လက်ရှိ အဖိဆစ် ဝန်ကြီးချုပ် အစိုးရလက်ထက်မှာ အရင် သက်ဆင် ရှင်နဝပ် ဝန်ကြီးချုပ်လုပ်တဲ့
ကာလထက် ခြစားမှု ပိုများတယ်လို့ ဖြေကြားခဲ့ကြပါတယ်။ ကောင်းသေးရော။

ထိုင်းဝန်ကြီးချုပ် အဖိချစ် ဝေ့ချာချီဝက ခုခံကာကွယ်ပြောပါတယ်။ လက်ရှိအစိုးရ ဦးဆောင်မှုမှာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအတွက် ထိုင်းလုပ်ငန်းရှင် ကုမ္ပဏီကြီး ၂၇ ခုက
ပူးပေါင်းပါဝင်ပါမယ်လို့ ကတိပေး လက်မှတ်ရေးထိုးထားပြီလို့ ဆိုပါတယ်။

အဲဒီတော့ ကျနော်က မြန်မာပြည်ဘက် ပြန်လှည့်ကြည့်ပါတယ်။ အရင်ဝန်ကြီးချုပ် ဗိုလ်ချုပ်ခင်ညွန့်ကို အကျင့်ပျက်ခြစားမှုနဲ့ အရေးယူပြီးတဲ့နောက် တက်လာတဲ့ ဝန်ကြီးချုပ် ဗိုလ်ချုပ်စိုးဝင်း
လက်ထက်မှာ Clean government လို့ ခေါ်တဲ့ သန့်ရှင်းတဲ့ အစိုးရဖြစ်ရေး မူဝါဒတွေ ချမှတ်တာ ကြားခဲ့ရပါသေးတယ်။ မသမာမှုတွေကို တိုင်ကြားဖို့ ဖုန်း၊ ဖက်စ်နံပါတ်တွေကိုတောင်
ထုတ်ပြန်ကြေညာခဲ့ပါသေးတယ်။ ဒါပေမဲ့ ဒီမူဝါဒကလည်း ဗိုလ်ချုပ်စိုးဝင်း ကွယ်လွန်တဲ့အချိန်မှာ တပါတည်း ထည့်ပြီး မြှုပ်နှံလိုက်ပုံရပါတယ်။ မကြားရတော့ပါဘူး။

တလောတုန်းက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အမတ်အဖြစ် အရွေးခံရသူတွေ အစည်းအဝေးခေါ်ကြတဲ့အခါ အကျင့်ပျက် ခြစားတဲ့အမတ်ကို အရေးယူမယ်ဆိုတဲ့ စည်းမျဉ်းပြဋ္ဌာန်းတာတွေ


ကြားရတော့ အနည်းငယ် အားတက်မိပါသေးတယ်။ အစိုးရသစ်အောက်မှာတော့ ဒီမူဝါဒကို ပြန်လည်ပြဋ္ဌာန်းလာမလားလို့ မျှော်လင့်ရပါသေးတယ်။ ဒီလိုဆိုရင် အကျင့်ပျက်
လာဘ်စားမှုတိုက်ဖျက်ရေးအတွက် ထိုင်းနိုင်ငံလို ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်ကြီးတွေဖြစ်တဲ့ ဦးတေဇတို့၊ မက်စ် ဇော်ဇော်တို့၊ ရွှေသံလွင်တို့၊ အေရှားဝေါတို့ကို
ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ ကတိပြု လက်မှတ်တွေပဲ ထိုးခိုင်းလေမလားပေါ့။ ကျနော် စိတ်ကူးကြည့်မိပါသေးတယ်။

ဒါမှမဟုတ်ရင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မီတီ ဦးအောင်သိန်းလင်းတို့က ဘန်ကောက်မှာ မြို့တော် အုပ်ချုပ်ရေးက ရန်ပုံငွေ ချပေးပြီး ကျောင်းသင်ရိုးညွှန်းတမ်းမှာ
ထည့်သင်စေအောင် စမ်းသပ် လုပ်ဆောင်တာမျိုးတွေ လုပ်နေသလို စီမံချက်တွေ ရှိလာလေမလားပေါ့...။

တကယ်တော့ အင်ဒိုနီးရှား၊ ဘူလ်ဂေးရီးယား၊ လစ်သူရေးနီးယား စသဖြင့် အပါအဝင် နိုင်ငံတော်တော်များများမှာ ကျောင်းသင်ရိုးညွှန်းတမ်းတွေမှာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး၊
လာဘ်စားမှုကို အားမပေးတဲ့ ယဉ်ကျေးမှုတရပ် ဖြစ်ပေါ်လာစေရေးအတွက် ကလေးဘဝတွေကတည်းက စပြီး သင်ကြားပေးနေကြပါပြီ။

မြန်မာပြည်မှာတော့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းချစ်ခင်တတ်ဖို့ ကလေးတွေကို သင်ရိုးညွှန်းတမ်းထဲမှာ ထည့်သွင်းပြီး ပညာပေးရေးအတွက် မြန်မာနိုင်ငံ ပညာရေး ဝန်ကြီးဌာနနဲ့
UNICEF တို့က ပူးတွဲဆောင်ရွက်လာတာ နှစ်အတော်ကြာပါပြီ။

နာဂစ်လို မုန်တိုင်းကြုံတာ၊ အင်းလေးကန်ကြီး ရေခမ်းသလို ဖြစ်တာ၊ မန္တလေးမြို့ကြီး ရေမြုပ်တာ၊ အခု မြန်မာပြည် မြောက်ပိုင်းမှာ နှင်းမုန်တိုင်း ကျတာတွေ ကြုံခဲ့ရတာကြောင့်
ဒီအရေးဟာလည်း ရေးကြီးခွင်ကျယ် အကြောင်းကိစ္စမို့ သင်ရိုးညွှန်းတမ်းမှာ ပြဋ္ဌာန်းနိုင်ရင် ကောင်းပါတယ်။

ဒါပေမဲ့လည်း ပြီးခဲ့တဲ့ အပတ်ထုတ် Living color မဂ္ဂဇင်းမှာ ဆောင်းပါးတပုဒ် ဖတ်ရတော့ အတော် စိတ်ဓာတ်ကျရပြန်ပါတယ်။ အခုထိ ကျောင်းသင်ရိုးထဲမှာ သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းဖို့ကိစ္စ ထည့်သွင်းပြဋ္ဌာန်းနိုင်ခြင်း မရှိသေးဘူးဆိုတာ အဲဒီဆောင်းပါးမှာ ဖတ်ခဲ့ရပါတယ်။

ကျနော် ဘယ်လိုဆက်ပြောလို့ ရမှာလဲ။

(ထိုင်းနိုင်ငံ The Bangkok Post သတင်းစာ၌ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဖော်ပြပါရှိသည့် An Existential horror "တည်ရှိနေတဲ့ ကြောက်မက်ဖွယ် အခြေအနေ"
ဆောင်းပါးကို ရည်ညွှန်းပါသည်။)

(ဇန် ၂ဝ၊ ၂ဝ၁၁)

ကိုးကား
၁။ An Existential horror, The Bangkok Post, November 14th, 2010.
၂။ Ellie Keen, Fighting Corruption through Education, Constitutional and Legal Policy Institute/ OSI, Hungary, Published date: Unknown.
၃။ Fighting corruption through the bottom, available online at http://www.article2.org/mainfile.php/0901/370/
၎။ Anti corruption educat
ဟောင်းမြေ့တာတွေက အောက်မေ့စရာတွေ
နှင်းပန်းအိမ် | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၀ ရက် ၂၀၁၁ ခုနှစ် ၁၂ နာရီ ၄၂ မိနစ်

၆၃နှစ်ပြည့် လွတ်လပ်ရေးနေ့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ အကျဉ်းကျ မိသားစုတွေကို
တဦးချင်းစီ မဲနှိုက်ပြီး တာဝန်ယူတဲ့ အစီအစဉ်ကို ရေဒီယိုသတင်းတွေမှာ ကျမ နားထောင်လိုက်ရပါတယ်။ ဒီသတင်းကို နားထောင်ပြီး လွန်ခဲ့တဲ့ ၁၉၉၈က အကျဉ်းကျမိသားစုဝင်
ကျမဘဝကို မွေးဖွားပေးခဲ့တဲ့ ဒေါက်တာသိန်းဝင်း+ ဒေါ်ကြည်ကြည်မြင့်နဲ့အတူ ကလေးမြို့ လူထုကို လှိုက်လှိုက်လှဲလှဲ သတိရမိပါတယ်။

၁၉၉၈ဟာ လင်စုံမယားဖက်၊ အသိုက်အမြုံ ဆိုတဲ့စကား ဘယ့်လောက် လေးနက်တယ်ဆိုတာ ကျမဘဝနဲ့ရင်းပြီး သိလိုက်ရတဲ့အချိန်ပါပဲ။ သေကွဲရှင်ကွဲလောကဓံက န.အ.ဖ ခေတ်မှာ
ပိုများခဲ့တယ်ဆိုတာ အကျဉ်းထောင် အသစ်တွေနဲ့ အကျဉ်းကျ မိသားစုက သက်သေပြခဲ့ကြပါတယ်။ ခင်ပွန်းသည်က တိုင်းပြည်ချစ်စိတ်နဲ့ အကျဉ်းထောင်မှာ ကိုယ်ပိုင်နံပါတ်
အတပ်ခံရတဲ့အခါ ဇနီးသည်ကျမက ခင်ပွန်းကိုပါရမီဖြည့်ဖို့ စစ်ကိုင်းတိုင်း ကလေးမြို့ မော်လိုက်လေးထောင်မှာ ထောင်ဝင်စာတွေ့ဖို့ ကြိုးစားရပါတော့တယ်။ အဲဒိအချိန်က နိုင်ငံရေး
အကျဉ်းသားတွေကို ထောင်ဒဏ်၁၄နှစ်နဲ့ ပြစ်ဒဏ် အများဆုံးချမှတ်ပြီး ဝေးလံခေါင်သီတဲ့ အကျဉ်းစခန်းတွေရှိရာကို ပို့ခဲ့တဲ့အချိန်ပါ။

ကျမသားလေးက ၄နှစ်အရွယ်ဘဲရှိသေးတာမို့ ၁၄နှစ်ဆိုတဲ့ ထောင်ဝင်စာခရီးကို ဖြတ်သန်းဖို့ ဘယ်လိုစီစဉ်မလဲလို့ ကျမမိဘဆွေမျိုးတွေ၊ ဖေဖေ့ရဲဘော် ကျမဦးလေးတွေ


တိုင်ပင်ကြတယ်။ အဲဒိအချိန်မှာ ကမ္ဘာ့ကြက်ခြေနီ ICRC မရှိသေးပါဘူး။ ရွှေတကျပ်သား ၃သောင်းကျော် ၄သောင်းဈေးမှာ ခရီးစရိတ်ကလဲ ရွှေတကျပ်သားဖိုးလောက် ရှိပါတယ်။
အကျဉ်းကျမိသားစုတွေ လစဉ်မသွားနိုင်ကြသလို တခေါက်မှ မသွားနိုင်တဲ့ မိသားစုတွေလဲ ရှိပါတယ်။

အိမ်ကနေ အဖမ်းခံရပြီးကထဲက ထောင်ဝင်စာ တခေါက်မှ မတွေ့ရဘဲ အဝေးကြီးကို ပို့လိုက်တယ်ဆိုတော့ စိုးရိမ်စိတ်နဲ့ ကျမအိမ်ကို ၁၅ကျပ်တိုးနဲ့ပေါင်ပြီး ထောင်ဝင်စာ
တွေ့ခဲ့ရပါတယ်။ ဇွန်မှာ နိုင်ငံရေး အကျဉ်းကျ မိသားစုဝင်အဖြစ် ထောင်ဝင်စာတွေ့ခဲ့တဲ့ ကျမကို ကလေး မော်လိုက်လေးထောင်မှာ ပထမဦးဆုံး ထောင်ဝင်စာတွေ့သူအဖြစ်
မှတ်တမ်းတင်မယ်လို့ ထောင်ပိုင်ဗိုလ်သာဦးက ငေါ့ပါသေးတယ်။

၁၉၉၈မေမှာ နိုင်ငံရေး အကျဉ်းသား၁၅ဦးနဲ့ ကလေး မော်လိုက်လေးထောင်ကိုဖွင့်ခဲ့တာပါ။ ဇွန်မှာ ကျမရောက်သွားတော့ ထောင်က အုတ်ရိုးနဲ့ ဗူးတံခါးဘဲ ပြီးပါသေးတယ်။ ထောင်က
မြို့နဲ့၇မိုင်ဝေးပါတယ်။ ထောင်ဆိုတာ ရှေ့ပေါက်၊ နောက်ပေါက် ရှိရပါတယ်။ ရှေ့ပေါက်က ထောင်စကားနဲ့ပြောရင် ခြေထောက်နဲ့ ထွက်ရတဲ့အပေါက်။ နောက်ပေါက်ကတော့
ကျောနဲ့ထွက်ရတဲ့အပေါက်ပါ။ လူသေရင် နောက်ပေါက်က ထုတ်တာကို ထောင်စကားနဲ့ ပြောတာပါ။ မော်လိုက်လေးထောင်မှာတော့ တံခါးတပေါက်ပဲရှိပါတယ်။ လူသေကိုလဲ
ရှေ့ပေါက်ကဘဲ ထုတ်ပါတယ်။ ကြိုးစင်ဘဲရှိပြီးထောင်ဆေးရုံမရှိပါဘူး။ ထောင်ဆရာဝန် မရှိပါဘူး။ ဒီလိုထောင်မှာ ထောင်ဝင်စာတွေ့ပြီး ကျမ စိုးတထိတ်ထိတ်နဲ့ ပြန်ခဲ့ရပါတယ်။

ဇူလိုင်မိုးဦးကျ ထောင်ဝင်စာခရီးက ကျမအပြန် ချင်းတွင်းမြစ်ကိုဖြတ်ရပါတယ်။ မြစ်တဖက်ကမ်းက စိမ်းညို့နေတဲ့ တောင်တန်းကြီးတွေက ဆည်းဆာအောက်မှာ မှုန်ပြာရီဝေလို့။ မိုးဦးကျမို့
ကမ်းနဖူးအပြည့် မြစ်ရေဘောင်ဘင်ခတ်ပြီး မြစ်ဂီတကို ကျူးရင့်နေတယ်။ မဟာမြိုင် တောင်ခြေရင်းက ကိုင်းရွာကို လှေနဲ့ကျမ ကူးခဲ့ရတာ။ ကိုင်းရွာကနေ မုံရွာကိုရောက်ဖို့ တညလုံး
ကားစီးရအုံးမယ်။ ချင်းတွင်းရဲ့ အထင်ကရ ဝဲကြီးတွေထဲက “အထက်မှာပေ၊ အောက်မှာရွှေ၊ အလယ်ဝက်သိုက် မျက်ဖြူ ဆိုက်”ဆိုတဲ့အတိုင်း ကျမတကယ့်ကို မျက်ဖြူဆိုက်ခဲ့ရတယ်။
ကျမစိတ်ဝိဉာဉ်ကို နှစ်ခြမ်းခွဲပြီး သွားရတဲ့ ထောင်ဝင်စာ ခရီးပါ။ တောတောင်တွေထဲက ထောင်ထဲမှာ အကျဉ်းကျနေတဲ့ ခင်ပွန်းသည်ကို စိတ်မချတဲ့အပူ၊ ၄နှစ်အရွယ် လူမမယ်သားကို
ဖွားအေနဲ့ ထားခဲ့ရတာမို့ ဒီအချိန်က သွေးလွန်တုတ်ကွေးရာသီဆိုတဲ့ စိုးရိမ်ပူပန်စိတ်က ကျမရင်ထဲ ဝဲကတော့ ထိုးနေတာများ ချင်းတွင်းမြစ်ကြီး ငိုလောက်တယ်။

ရန်ကုန်ရောက်ပြီး ၂လအကြာမှာ မော်လိုက်လေးထောင်ထဲမှာ ငှက်ဖျားတွေဖြစ်နေပြီဆိုတဲ့ သတင်းစကားက ကျမအသဲနှလုံးကို ဓားနဲ့မွှန်းလိုက်သလိုပါပဲ။ မှတ်မှတ်ရရ


မြန်မာ့သတင်းသမဂ္ဂ ဒုဥက္ကဋ္ဌ ဦးဇင်လင်း (ဦးဌေးအောင်)က အဖွဲ့ချုပ်ရွှေဂုံတိုင်ရုံးမှာ အလုပ်များနေတဲ့အချိန်။ ကျမ ဒီသတင်းကိုပြောပြတော့ ဦးဇင်လင်းက “သမီး ဒေါ်စုကို
စောင့်ပြီးတွေ့ပါလား။ ပြီးတော့ ဒီသတင်းကို ပြောပြ” လို့ ကျမကို အကြံပြုတယ်။ ရုံးဆင်းခါနီးအချိန်မှာ ဒေါ်စုနဲ့ကျမ တွေ့ခွင့်ရခဲ့ပါတယ်။ ကျမပြောပြတော့ ဒေါ်စုက “ငှက်ဖျားဆေးတွေ
ဒေါက်တာတင်မျိုးဝင်းဆီမှာ ယူသွားဖို့နဲ့ ထောင်ဝင်စာကပြန်ရင် အန်တီနဲ့တွေ့ပါ၊ သတင်းစကား သိချင်တယ်”လို့ ဆိုပါတယ်။

အေးစိမ့်နေတဲ့ အုတ်နံရံတွေကြား၊ သော့ခလောက်သံတွေကြား၊ သံတိုင်တွေကြားမှာ ပိန်ချုံးနေတဲ့ ခင်ပွန်းသည်ကို ဝန်ထမ်းတွေက ထောင်ဝင်စာတွေ့ဖို့


တွဲထုတ်လာရတယ်။ အားနည်းနေပေမယ့် စိတ်ဆောင်နေတဲ့ ခင်ပွန်းသည် စကားက လေသံမာနေတယ်။ “ငါတို့အားလုံး ငှက်ဖျားဖြစ်နေတယ်။ ဆေးကုခွင့် မရှိဘူး။
“ ရရရရရ ရ ရ ရ ရ ရ ရ ရ
အာဟာရရှိတဲ့ အစာလေး မပြတ်ရချင်တယ်။ ထောင်ဝင်စာမပြတ် ရှိမှဖြစ်မယ်။ ထောင်ဝင်စာ မလာနိုင်တဲ့သူတွေ အများကြီးပဲ။ ငါတို့အတွက် ဟင်းက .. ရရရရ ရရရရရ ရ ရ ရ ရ
အရေးကြီးသလို သတင်းကလဲ အရေးကြီးတယ်” တဲ့။

ဒီစကားက ကျမအသွေးအသားထဲထိ စိမ့်နေအောင်ခံစားလိုက်ရတယ်။ ၂ပတ်တခါ ထောင်ဝင်စာ အမြဲတွေ့နိုင်ဖို့ ကျမ ကလေးမှာ နေမှဖြစ်မှာပေါ့။ ဒီတော့

ဈေးရောင်းရင်း ထောင်ဝင်စာ တွေ့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒီဆုံးဖြတ်ချက်ကို ဒေါ်စုကိုပြောပြတော့ အန်တီက “ဘယ်သူမှမတွေးတဲ့ အတွေးကို သမီးတွေးတာ
အန်တီကျေးဇူးတင်တယ်။ အန်တီ သမီးကို ပေးနိုင်တာကတော့ မေတ္တာပဲ” တဲ့။ အဲဒိမေတ္တာတွေနဲ့ အကျဉ်းကျ မိသားစုဝင်ကျမ ထောင်ဝင်စာ ၁ဝနှစ်ခရီးကို ဖြတ်သန်းနိုင်ခဲ့တာပါ။

ကျမကလေးမှာ အိမ်ငှားနေမယ်လို့ ဆုံးဖြတ်ပေမယ့် ဒေါက်တာသိန်းဝင်းဇနီး ဒေါ်ကြည်ကြည်မြင့်က “ညည်းက မိန်းမသားတယောက်ထဲ နေရမှာ။ ထမင်းဟင်း ချက်တတ်တယ်မို့လား။
ငါတို့နဲ့နေ။ ဆရာလဲ ထောက်လှမ်းရေးတပ်ထဲမှာ ထိန်းသိမ်းခံနေရတယ်။ ငါတို့လဲ မိန်းမသားတွေချည်း ရပ်တည်နေရတာ” လို့ပြောပါတယ်။ အန်တီကြည်က ရတနာပုံ ထီဆိုင်ကြီး
ဖွင့်ထားတာပါ။ ဆင်ဝင်အိမ်လို့ ခေါ်ကြတဲ့အတိုင်း အိမ်ကြီးက အကြီးကြီးပါ။ ရုပ်ဝတ္ထုအရ၊ စိတ်စေတနာအရ ရတနာပုံအိမ်ကြီးမှာ ခုချိန်ထိ အကျဉ်းကျ မိသားစုတွေ တည်းခို
နေထိုင်နိုင်ခဲ့ပါတယ်။ ရတနာပုံအိမ်ကြီးက ကလေးမြို့ရဲ့ ICRC ပါပဲ။ ကျမကို ကဗျာဆရာ ဖျာပုံနီလုံဦးက ကလေးက ကဗျာဆရာ မြဆင့်ချယ်ဆီစာရေးပြီး မိတ်ဆက်ပေးလိုက်ပါတယ်။
ကျမဆရာ မြဆင့်ချယ်ကို တွေ့တဲ့အချိန်မှာသင်္ကန်းဝတ်ကြီးနဲ့ပါ။ ဒုလ္ဘဘဝတ်ရာကနေ ကွယ်လွန်ချိန်ထိ သာသနာ့ဘောင်မှာ မြဲသွားတဲ့ ဆရာမြဆင့်ချယ်က ကျမတို့ နိုင်ငံရေး အကျဉ်းကျ
မိသားစုတွေကိုမြင်မှ နိုင်ငံရေးကို ပိုခံစားမိတယ်တဲ့။ ကျမတို့ကိုလဲ မေတ္တာခရီးသည်တွေဆိုပြီး သူတတ်နိုင်သလောက် ကူညီခဲ့ပါတယ်။

ကလေးလူထုက ရိုးသားတယ်။ အေးချမ်းတယ်။ သနားကြင်နာတတ်တယ်။ စီးပွားရေးတောင့်တင်းပြီး သဒ္ဓါတရားကောင်းတဲ့ မြို့လူထု ဖြစ်ပါတယ်။ကျမအတွက် မေ့မရနိုင်တဲ့


ဒေသန္တရသမိုင်းတွေ၊ ဒေသ
စကားတွေ အများကြီးကြုံခဲ့ရတယ်။ မောစရာတွေကြားက ရယ်စရာတွေကလဲ ကျမဘဝမှာ အမှတ်ရစရာတွေပါပဲ။ ဆရာမြဆင့်ချယ်က ကျမကိုတွေ့တွေ့ချင်း “ဒကာမကြီး ဘာမှမပူနဲ့။
သရဝဏ်(ပြည်)လဲ ကလေးကို ရောက်ဖူးတယ်။ သူလဲ ဦးဇင်းနဲ့ ရင်းနှီးတယ်။ သူနဲ့ဦးဇင်း ရန်ကုန်မှာ ညားကြသေးတယ်” အမလေး…………….။ ဒီစကားကြားပြီး ဦးဇင်းကို
မော့မကြည့်တော့သလို စိတ်ထဲကလဲ “ယောက်ျားချင်းကြိုက်တာ ငါ့ပြောစရာလား ရှက်စရာကြီးလို့ ကဲ့ရဲ့မိတယ်။ နောက် ဒီလိုဦးဇင်းနဲ့ စကားမပြောတော့ဘူး။ ဆရာဖျာပုံနီလုံဦးကိုလဲ
မဆက်ဆံနဲ့လို့ ပြောရမယ်” ကျမတွေးပြီးချက်ခြင်းပြန်ခဲ့ပါတယ်။ နောင်မှ ကလေးမှာ တယောက်နဲ့ တယောက်တွေ့တာ၊ ဆုံတာကို “ညား”တယ်လို့ သုံးမှန်းသိရတယ်။ ဒီတော့မှ ဦးဇင်းကို
ကျမစကားပြန်ပြောဖြစ်တာ။

ကလေးကသူတွေက ငပိအချိန်၂ဝ-၃ဝ တင်ပြီး စက်ဘီးတစီးနဲ့ ဈေးရောင်းရတဲ့ ကျမကိုမြင်တိုင်း “ဆင်းရဲလိုက်တာ”ပြောတတ်ကြပါတယ်။ မှတ်မှတ်ရရ ဒေါ်လှဌေး ပန်းတိမ်ဖိုကို ကျမ
ဈေးဝင်ရောင်းတော့ ဒေါ်လှဌေးက ရေနွေးဗန်းချပြီး ခရီးဦးကြိုတယ်။ ကျမကို ငပိဖိုးပေးပြီး “မသန္တာ တော်တော် ဆင်းရဲတာပဲ”လို့ဆိုပါတယ်။ ကျမကလဲရှက်ရှက်နဲ့ “ဟုတ်ကဲ့ ကျမတို့
ငွေကြေးဆင်းရဲတယ်။ ဂုဏ်သိက္ခာဘဲ ချမ်းသာပါတယ်” လို့ပြောတော့ ကျမကို ဘာမှပြန်မပြောဘဲ ငေးငေးကြီး ကြည့်နေတယ်။ ကလေးမှာ အနေကြာမှ ပင်ပန်းတာကို “ဆင်းရဲတယ်”လို့
သုံးမှန်း သိရတော့တယ်။ ကလေးနဲ့ ၇မိုင်ဝေးတဲ့ ထိုမာရွာမှာ ကျန်းမာရေးဝန်ထမ်း ဆရာမကြီး ဒေါ်တင်လှိုင်နေပါတယ်။ သူ့ယောက်ျားက ကလေး NLD အတွင်းရေးမှူး ဦးဘမင်းပါ။
အဲဒိအချိန်က မြစ်ကြီးနားထောင်မှာ အကျဉ်း ကျနေပါတယ်။ သူကဘဝတူကျမကို သူ့ရွာမှာဈေးရောင်းဖို့ ဖိတ်ပါတယ်။ ဒီတော့သူ့ကို ဆေးကုဖို့ ရွာနီးချုပ်စပ်က လာခေါ်ရင် ကျမကိုပါ
ခေါ်သွားတတ်တယ်။ ငပိသည်နဲ့ ဆေးသည် စက်ဘီးတစီးဆီ စီးပြီး ထောင်ဝင်စာ အရှာထွက်ကြတာပေါ့။

တနေ့တော့ ဆရာမကြီးက ကျမကို လှမ်းပြောတယ်။“မသန္တာပေါင်အုံး”တဲ့။ ကျမလဲ လန့်သွားတယ်။ငါ့ကို ဘာများ ထပ်ပေါင်ခိုင်းမလဲ မသိဘူးပေါ့။ ငါ့အိမ်ပေါင်တာလေး
ဆုံးသွားပြီပဲပေါ့။ ဒါပေမဲ့ ရင်းနှီးနေတဲ့ ဆရာမကြီးကို စကားနဲ့ အဖြေပေးရမှာပေါ့။ “ဆရာမကြီး ကျမမှာ ပေါင်စရာ မရှိတော့ဘူး။ တန်ဖိုးရှိတာလေးတွေလဲ ကုန်ပြီ။ အိမ်လဲ
ရရရရရရရ ရ ရ ရ ရ ရ
အပေါင်ဆုံးသွားပီ” ဆိုတော့ ဆရာမကြီး ရယ်ပါတော့တယ်။” “ကျမက သွေးပေါင်ချိန်တာကို ကူခိုင်းတာ”တဲ့။ သြော်………..ကူညီပါကို “ပေါင်အုံး”လို့ ပြောကြတာကိုး။ ရရရရရရ ရရရရရရရရ
ရရ ရ ရ ရ ရ ရ ရ ရ
ဒီဒေသစကားကို အမှီပြုပြီး လုပ်အားပေးရတဲ့ ဒေသခံတွေအကြောင်းကို “အားချတယ်” လို့သုံးလို့ စာပေစိစစ်ရေးကနေ “လက်ယန္တရား”ဆိုတဲ့ ခရီးသွားဆောင်းပါးလေး
လွတ်လာတယ်။ ဒီလိုအလွဲတွေနဲ့ ကျမကို ကလေးမြို့လူထုက သနားကြင်နာ စောင့်ရှောက်ကြတယ်။ ထောင်ဝင်စာ အတွက် သူတို့တတ်နိုင်တာလေးတွေ
ထည့်ပေးကြတယ်။ ဒါကြောင့် ခင်ပွန်းသည်နဲ့ဘဝတူ နိုင်ငံရေး အကျဉ်းသားတွေအတွက် ကျမသတင်းတွေ ပေးနိုင်သလို ဟင်းတွေလဲ ပေးနိုင်ခဲ့တယ်။

ကျမရဲ့ ပထမဘဝကို မိဘကမွေးဖွားခဲ့ပြီး အကျဉ်းကျ မိသားစုအဖြစ် ဒုတိယဘဝကို ဒေါက်တာသိန်းဝင်း+ဒေါ်ကြည်ကြည်မြင့်တို့နဲ့အတူ ကလေးမြို့လူထုက မွေးဖွားပေးခဲ့လို့


ခင်ပွန်းသည်အတွက် ထောင်ဝင်စာ ၈ နှစ်၊ ဘဝတူ အကျဉ်းကျ မိသားစုတွေအတွက် ထောင်ဝင်စာ၂ နှစ် ပေါင်း ၁ဝ နှစ်ခရီးကို ကျမ ဖြတ်သန်းနိုင်ခဲ့တာပါ။

ကလေးမြို့လူထုရဲ့ ချစ်ခင်ရင်းနှီးမှုကြောင့် ကျမတို့ အကျဉ်းကျ မိသားစုတွေရဲ့ ဘဝလုံခြုံခဲ့ရတယ်။ အကျဉ်းထောင်ထဲက နိုင်ငံရေး အကျဉ်းသားတွေအတွက် တတ်နိုင်သမျှ ဒါနချ ကူညီတဲ့
ကလေးမြို့လူထုက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းစဉ်တွေကို လက်တွေ့ အကောင်အထည် ဖော်မယ်ဆိုတာ ကျမ နက်နက်ရှိုင်းရှိုင်း ယုံကြည်မိပါတယ်။

ကျမတို့ပြည်သူလူထုက “မြင်းကြမ်းစီးရင် ဇက်ကြိုး ကိုင်တတ်ရတယ်” ဆိုတဲ့ စကားပုံကို ဘဝပေးအသိနဲ့ သိနေကြသူတွေဘဲမဟုတ်ပါလား……………….။


တကမ္ဘာလုံးဆိုင်ရာ အမှန်တရားကို မြတ်နိုးပါဆိုတဲ့ ကိုစောဝေ
မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၀ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၁၄ မိနစ်

ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို “အာဏာရူးကြီး” ဟု ကဗျာထဲတွင် ထည့်ရေးသဖြင့် ထောင် ၂ နှစ်ကျပြီးနောက် ပြန်လွတ်လာသည့် ကဗျာဆရာ ကိုစောဝေက သူထောင်ကျစဉ် ရေးခဲ့သည့်
ကဗျာများနှင့် ထောင်ကထွက်ပြီး နောက်ပိုင်းရေးသည့် ကဗျာများကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ရောက်ခိုက် ရွတ်ဆိုခဲ့သည်။

သူ့ကဗျာများနှင့်ပတ်သက်၍ ထောင်မကျခင်၊ ထောင်ကျစဉ်နှင့် ထောင်ကထွက်လာပြီးနောက်ပိုင်း ရေးသားပုံ ပြောင်းလဲမှုအချို့နှင့် ရှေ့ဆက်မည့် အခြေအနေများကို မဇ္ဈိမသတင်းထောက်


ကျော်ခက တွေ့ဆုံ မေးမြန်းခဲ့သည်။
ခုနရွတ်သွားတဲ့ ဆရာ့ကဗျာတွေက ထောင်မကျခင်ဆရာရေးခဲ့တဲ့ ကဗျာတွေနဲ့ ကွာတယ်လို့မြင်မိတယ်။ ဘယ်လိုကြောင့် ပြောင်းလဲလာတာလဲ။
ရရရရရရရရရရရရရရရရ
ရရရရ ရ ရ ရ ရ ရ ရ
အကြီးအကျယ်ပြောင်းလဲတာပေါ့။ အနုပညာရှင်တွေအကုန်လုံးက ထောင်ကျလိုက်လို့ရှိရင် ထောင်ကျပြီး ပြန်ဖန်တီးလိုက်တဲ့ အနုပညာတွေအကုန်လုံးက အရမ်းကို ရရရ ရရရရရရရရရရရ ရ
ရရရရရရရရရရရရရရရရ
ပြောင်းလဲပြီးတော့ အရမ်းကို ကောင်းမွန်တယ်။ အရမ်းကိုတောက်ပြောင်တယ်။ ကျနော်မှ မဟုတ်ဘူး။ ကျနော့်ရှေ့က ဆရာတွေလဲ အဲဒီအတိုင်းပဲ။

သေသေချာချာပြောင်းလဲပါတယ်။ ထောင်က အဆိုးချည်းပဲလဲ မဟုတ်ပါဘူး။


ကောင်းတာတွေလဲ ပါပါတယ်။ ယူတတ်ရင်ရတယ်။ ဆိုးတာတွေ မရှိဘူးလား
ဆိုတော့ ရှိပါတယ်။ ဆိုးတာတွေချည်းပဲပြောနေတာကို ကျနော် သိပ်မကြိုက်ဘူး။
အကောင်းတွေ ယူတတ်ရင်ရပါတယ်။ အကောင်းတွေယူတတ်လို့
ထောင်ကထွက်လာတဲ့ စာရေးဆရာတွေ၊ ကဗျာ ဆရာတွေ၊ ပန်းချီဆရာတွေ အကုန်လုံးက
နာမည်ကျော်တာပေါ့။ အဲဒီထဲက ကောင်းတာတွေ ယူလာနိုင်လို့ပေါ့။ အဲဒါကြောင့်ခုန
ကောင်းတဲ့ဟာလေးတွေ ကျနော်ယူလာခဲ့တာလေ။

အဲဒါကြောင့် ကောင်းတဲ့ဟာကို ကောင်းတယ်လို့ ပြည်ပမီဒီယာတွေအားလုံးက ဖေါ်ပြစေချင်တယ်။


ကျနော်တို့က ကောင်းတယ်လို့ ပြောတာကို မကောင်းဘူးဆိုတဲ့ အကြောင်းကို ပြောပြီး
ကောင်းတာကို ဖယ်လိုက်တဲ့အတွက် ကျနော်တို့နိုင်ငံဟာ ခင်ဗျားတို့ဖြစ်ချင်သလောက်
မဖြစ်တာတွေလဲပါတယ်။

ဆရာ့အနေနဲ့ ဒီနေ့ရွတ်သွားတဲ့ ကဗျာ ၂ ပုဒ်က ထောင်ထဲမှာပဲရေးခဲ့တဲ့ ကဗျာတွေလား။


လွတ်လာပြီးမှ ရေးခဲ့တဲ့ ကဗျာတွေလားဆိုတာ ပြောပြပါအုံးခင်ဗျ။

“သစ္စာတမ်းချင်း” ဆိုတဲ့တပုဒ်ကထောင်ထဲမှာရေးခဲ့တဲ့ ကဗျာပါ။ ထောင်ကလဲရေးခွင့်ပြုလို့ပါ။ ပြီးတော့ “သစ္စာတမ်းချင်း” အဲဒီကဗျာကို ထောင်မဂ္ဂဇင်း မှာလဲ


ကျနော်ပို့ထားပါတယ်။ ရှေ့ကရွတ်သွားတဲ့ ကဗျာ တပုဒ်ကတော့ ဘန်ကောက်ရောက်မှ ပြည်ပမှာရောက်နေတဲ့ ဘဝတွေကို ခံစားပြီးတော့ အခုမှ အသစ်ရေးလိုက်တဲ့ ရရရရရရ ရ ရ ရ ရ ရ ရ
ဟာပါ။ ဒါကတော့ ဘယ်မှ တင်ပြလို့မရပါဘူး။ ကျနော်ကတော့ ပြည်တွင်းမီဒီယာတွေကို တင်ပြအုံးမှာပါ။
ရရရရ ရရရ ရ ရ ရ ရ ရ
ဆရာ ကိုစောဝေ အနေနဲ့ အခု ၂ဝ၁၁ ကာလမှ ဘယ်လိုအနုပညာ လှုပ်ရှားမှုတွေ ဖို့အစီအစဉ်ရှိလဲခင်ဗျ။

၂ဝ၁၁ မှာ ဖိတ်ထားတဲ့ နိုင်ငံတွေလဲ ရှိတယ်။ ကိုယ်သွားချင်တဲ့ နိုင်ငံတွေလဲရှိတယ်။ အဲဒီ နိုင်ငံတွေမှာ မြန်မာပြည်မှာ အခုဖြစ်နေတဲ့ ယဉ်ကျေးမှု ကျနော်တို့ ယဉ်ကျေးမှုနဲ့လဲ
ကိုက်ညီတဲ့ Installation Art နဲ့ Performance Art တွေ အပြင်ကိုထွက်လုပ်မယ်။ ပြီးရင်ကျနော်ရေးထားတဲ့ ကဗျာတွေ။ ထောင်ထဲကရေးလာတဲ့ ကဗျာတွေရော၊ ပုံနှိပ်ထားတဲ့
ကဗျာတွေရော ပေါင်းပြီးတော့ စာအုပ်တအုပ်ထုတ်မယ်။

နောက်ကျနော်ရေးခဲ့တဲ့ ဝတ္ထုတိုတွေ၊ ၁၉၈၄ ကနေပြီးတော့ ဝတ္ထုတိုတွေ၊ ဆောင်းပါးတွေ။ ကဗျာတချို့ အဲဒါတွေကို နောက်ပြီးတော့ အနုပညာဆောင်းပါး၊ အနုပညာ Installation Art
တို့ကို စုပြီးတော့ စာအုပ် ၂ အုပ်ထုတ်မယ်။ အဲဒီ လိုတော့ ရည်ရွယ်ထားပါတယ်။

လူမှုရေးအပိုင်းတွေ လှုပ်ရှားဆောင်ရွက်မှုတွေလုပ်ဖို့ အစီအစဉ်တွေရော မရှိဘူးလားခင်ဗျ။

လူမှုရေးပိုင်းကတော့ ထောင်ထဲမှာနေတုန်းကလဲ လူမှုရေးပိုင်းကို မလျှော့ဘူး။ ထောင်တွင်းမှာရှိတဲ့ လူမှုရေးပိုင်းကို ကျနော် အကုန်လုပ်ပေးတယ်။ ထောင်စာကြည့်တိုက် ဖွင့်တာတို့။
နာမကျန်းတဲ့လူတွေကို ဆေးကူညီတာတို့။ အပြင် ပြန်ရောက်တဲ့အခါမှာလဲ ထောင်တွင်း စာကြည့်တိုက်တွေ ဖွံ့ဖြိုးဖို့ တလကို စာအုပ် မဂ္ဂဇင်း အားလုံးနဲ့ ဂျာနယ် ၁၅ဝ နဲ့ ၅ဝဝ အတွင်း
လစဉ် ကျနော် လှူဖြစ်ပါတယ်။

အဲဒါအပြင် ကျနော်တို့မိသားစုရဲ့ မွေးနေ့တွေမှာ၊


အမှတ်တရနေ့တွေမှာ HIV ကူးစက်ခံရတဲ့ မိဘမဲ့ကလေးတွေရှိရာမှာ ကျနော်တို့ မွေးနေ့တွေ
သွားလုပ်တယ်။ နောက် သက်ကြီးရွယ်အိုများ အသင်းတွေမှာ လိုအပ်တာလေးတွေ ကျနော်
လှူဖြစ်နေပါတယ်။

အဲဒီတော့ လူမှုရေးလုပ်ငန်းကတော့ ဘယ်တော့မှ လျှော့ပစ်လိုက်တယ် မရှိဘူး။


ကျနော်နိုင်သလောက် အများကြီး တော့မဟုတ်ဘူးပေါ့နော်။ ကမ္ဘာကျော်အောင် ဘီဂိတ်တို့လို
မလှူနိုင်ပါဘူး။ မဏိဇောတဓရ ရအောင် မလှူနိုင်ပေမယ့် ကျနော်တတ်နိုင်သလောက်
ချွေးနည်းစာလေးနဲ့ ထောင်တွင်းရော၊ ထောင်ပြင်ပမှာရော တခါမှ မရပ်ခဲ့ဘူး။ ဒီနေ့လာတဲ့အထိ
ကျနော်မရပ်ပါဘူး။ လုပ်နေတာပါပဲ။ လူသိတာနဲ့ လူမသိတာပဲကွာတယ်။ ကျနော်ကတော့
ဆက်လုပ်နေမှာပဲ။

အကျဉ်းသားဖြစ်ခဲ့တဲ့ ကိုစောဝေလို ကဗျာဆရာ တယောက် အခုလို ပြည်ပကို လွယ်လွယ်ကူကူ


ထွက်ပြီး သွားလာခွင့်ပြုလာတာဟာ မြန်မာစစ်အစိုးရက သဘောထား ပျော့ပျောင်းလာတဲ့ ပုံစံမျိုးလား
ဘယ်လိုမြင်လဲခင်ဗျ။

သိသိသာသာပြောင်းလဲလာတယ်။ ဘယ်လိုမှ မငြင်းနိုင်ဘူး။ ကျနော်ထောင်ကျခဲ့တဲ့ ကဗျာဆရာ


တယောက် ကိုယ်တိုင်က အတွေ့အကြုံရော ခံစားမှုအပိုင်းပါပြောရင် သိသိသာသာ
ပြောင်းလဲလာပါတယ်။ အဲဒီ အပြောင်း အလဲအပေါ်မှာ ကျနော်တို့ Passport တွေ ကျပါတယ်။ ကျနော်တို့လို ဒီလို Politics နဲ့ ထောင်ကျတဲ့ အနုပညာ သမားတွေ အားလုံးကိုလဲ ဒီလို
Passport တွေ ထုတ်ပေးနေပါတယ်။ အဲဒါကတော့ သိသိသာသာ ပြောင်းလဲမှုပါ။

ကဗျာတွေအပေါ်မှာ မြန်မာ စာဖတ်ပရိသတ် ချစ်မြတ်နိုးမှု ဘယ်လောက် ရနေပြီလို့ ထင်လဲ။

ဂုဏ်ရှိရှိတန်ဘိုးထားမှုကတော့ သေချာပေါက်ရတယ်။ ဒါပေမဲ့ လူနည်းနေသေးတယ်။ ရာခိုင်နှုန်း သိပ်နည်းနေ သေးတယ်။


Politics Passport
ကဗျာဆရာဆိုရင် ကဗျာဆိုရင် တန်ဘိုးထားရမှန်းသိတယ်။ မြင့်မြင့်မားမားထားရမယ်ဆိုတဲ့ စိတ်လဲ သူတို့မှာ ရှိကြတယ်။ ဒါပေမဲ့ လူတော့
သိပ်နည်းနေသေးတယ်။ ကျယ်ပြန့်အောင် လုပ်ဖို့တော့လိုသေးတယ်။

ဒီပွဲကိုရော ဘယ်လိုကနေ လုပ်ဖြစ်သွားတာလဲဆိုတာ ပြောပြပါအုံးခင်ဗျ။

ဒီပွဲက ဘန်ကောက်မှာ သမီးလေးကျောင်းတက်တာကို လိုက်လာရင်းနဲ့ တက္ကသိုလ်တွေမှာရှိတဲ့ Update ပေါ့နော်၊ First year ၊ second year တွေ၊ အဲဒီအရွယ်လေးတွေဟာ သူတို့ရဲ့ Art
Museum တွေမှာ၊ Art Gallery တွေမှာ ဘာတွေဖန်တီးနေကြလဲဆိုတာလေးလဲ ကျနော်က သိချင်တယ်။ သိချင်တယ်ဆိုတာက ပြည်တွင်းမှာ ဆောင်းပါး ရေးချင်တာပေါ့နော်။ အဲဒါလေး
ကျနော်လေ့လာဘို့ သမီးနဲ့ လိုက်လာတာ။

လိုက်လာတဲ့အခါမှာ ဘန်ကောက်ရောက်တော့ ဒီချင်းမိုင်မှာရှိတဲ့ မြန်မာတွေက ဒီဆိုင်ပိုင်ရှင် အပါအဝင် ကျနော့် စာဖတ်ပရိသတ်တွေက ချင်းမိုင်ကို လာလည်ပါအုံး။ ချင်းမိုင်ဟာ
ထိုင်းနိုင်ငံရဲ့ အနုပညာ မြို့တော်ပဲဆိုတော့ ကျနော်ကလဲ ကျနော့်စိတ်ထဲမှာ Chiang Mai University က Art Museum ကို အရမ်းကြည့်ချင်နေတာ။

ကျနော့်ဆီမှာ Gallery ရှိတော့ ဒီချင်းမိုင်မှာရှိတဲ့ မြန်မာ Gallery မြန်မာတွေရဲ့ အနုပညာတွေ ဘယ်လိုရှင်သန် ပွားများနေလဲ သိချင်တာနဲ့ သူတို့ ဖိတ်ခေါ်တာကို လက်ခံလိုက်တာပါ။
ဆရာ ကိုစောဝေ စာဖတ်ပရိသတ်တွေကို ဘာပြောချင်လဲ။

စာဖတ်ပရိသတ်တွေက ကျနော်ပြည်တွင်းမှာ ရှိတုန်းကပေးတဲ့ Massage ကလဲ ဒါပါပဲ။ ပြည်ပ ရောက်သွားတော့လဲ ပြည်ပမှာ လွတ်လပ်လို့ဆိုပြီးတော့ ဘာမှ ပြောင်းပေးစရာမရှိဘူး။
အမှန်တရားကို မြတ်နိုးပါ။

အမှန်တရားဆိုတာ ဘာအမှန်တရားလဲ ဆိုတော့ လူတယောက်ထဲက ဒါမှမဟုတ် အာဏာရှိသူတယောက်ထဲက ဒါမှမဟုတ် လူကြိုက်များသူ တယောက်ထဲက ချမှတ်ထားတဲ့
အမှန်တရားမဟုတ်ပဲနဲ့ တကမ္ဘာလုံးဆိုင်ရာ အမှန်တရားအပေါ်မှာ အခြေပြုပြီးတော့ ဖန်တီးတဲ့ အနုပညာမှန်သမျှကို ချစ်ကြပါ။ လိုက်စားကြပါ။ လေ့လာကြပါ။ မြတ်နိုးကြပါ။
ခင်တွယ်ကြပါလို့ ပြောချင်ပါတယ်။
http://www.mizzimaburmese.com/home.html

အမေရိကန်လွှတ်တော်မှာ ဟူကျင်တောင်း ဝေဖန်ခံရ


By ဗွီအိုအေ (မြန်မာဌာန) ကြာသပတေး, 20 ဇန်နဝါရီ 2011

ဓာတ်ပုံ AP
အမေရိကန် ကွန်ဂရက်လွှတ်တော်အမတ် ခေါင်းဆောင်များနှင့် အတူတွေ့ရသည့် တရုတ်သမ္မတ ဟူကျင်တောင်း။ ဇန်န၀ါရီ ၂၀၊ ၂၀၁၁။
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
တရုတ်သမ္မတ ဟူကျင်တောင်း (Hu Jintao) ဟာ လူ့အခွင့်အရေးဆိုင်ရာ၊ စီးပွားရေးနဲ့ မြောက်ကိုရီးယားအရေး အပါအ၀င် အတိမ်းအစောင်း မခံတဲ့ ကျယ်ပြန့်တဲ့ ပြဿနာရပ်
အတော်များများနဲ့ ပတ်သက်ပြီး ကြာသပတေးနေ့က အမေရိကန် လွှတ်တော်မှာ သူ့ကို ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
တရုတ်နိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ အစီရင်ခံစာတွေနဲ့ ပတ်သက်ပြီး သူနဲ့တကွ အတူလက်တွဲပြီး တာဝန်ထမ်းဆောင်နေတဲ့ လွှတ်တော်အမတ်တွေ အကြား စိုးရိမ်
စိတ်ပူမှုတွေ တိုးလာနေတာကို တင်ပြခဲ့တယ်လို့ အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ ဂျွန် ဘေးနား (John Boehner) က ပြောပါတယ်။
တရုတ်သမ္မတ ဟူကတော့ သူ့နိုင်ငံမှာ လူ့အခွင့်အရေးဆိုင်ရာ တိုးတက်မှုတွေ ရှိလာစေဖို့အတွက် အများကြီး လုပ်ဆောင်ရဦးမှာ ဖြစ်ကြောင်း၊ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား
(Barack Obama) နဲ့အတူ ဗုဒ္ဓဟူးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
တရုတ်သမ္မတ ဟူက နောက်ပိုင်းမှာ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကို မိန့်ခွန်း ပြောကြားခဲ့ပြီး ကမ္ဘာ့စီးပွားရေးဟာ တနေ့တခြား ကြီးထွားလာနေပေမဲ့ မသေချာ၊ မရေရာမှုတွေ
အများအပြား ရှိနေသေးတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စီးပွားရေး သေသေချာချာ နာလန်ထူလာစေဖို့အတွက် တရုတ်နိုင်ငံနဲ့ အမေရိကန် နှစ်နိုင်ငံ လက်တွဲဆောင်ရွက်ဖို့
လိုအပ်တယ်လို့လည်း ပြောပါတယ်။
နှစ်နိုင်ငံကြားက အတိမ်းအစောင်း မခံတဲ့ ပြဿနာရပ်တွေကို ကိုင်တွယ်ရာမှာ သဘောထား ကြီးကြီးနဲ့ အပြန်အလှန် လေးလေးစားစား ဆောင်ရွက်ဖို့ လိုအပ်ပြီး မကိုင်တွယ်တတ်ရင်
နှစ်နိုင်ငံ ရေရှည် ပုံမှန် ပြဿနာတွေနဲ့ တင်းမာမှုတွေ ဖြစ်လာနိုင်တယ်လို့လည်း ပြောပါတယ်။
ဥပမာ တိဘက်နဲ့ ထိုင်ဝမ်ပြဿနာမျိုးတွေ ဖြစ်ပြီး တရုတ်နိုင်ငံက သူ့ရဲ့ အချုပ်အခြာ အာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ စိုးရိမ်မှုတွေကို ဖြစ်လာစေတယ်လို့ ဆိုပါတယ်။
ဒု-သမ္မတ တဦး တိုင်းရင်းသား တင်မြှောက်ရေး တစည ထောက်ခံ
By ဦးမိုးဇော် ကြာသပတေး, 20 ဇန်နဝါရီ 2011
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသားပါတီ ၅ ပါတီက တင်ပြထားတဲ့ တိုင်းရင်းသား ခေါင်းဆောင်တဦးကို ဒု-သမ္မတ တဦးအဖြစ် ရွေးချယ်ရေး အဆိုကို ရွေးကောက်ပွဲမှာ ဒုတိယ
မဲအများဆုံး ရရှိထားတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ထောက်ခံလိုက်ပါတယ်။ အခြား အင်အားကြီး ပါတီတခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီကလည်း မူအရ
ထောက်ခံပါတယ်။ တိုင်းရင်းသားပါတီ ၅ ပါတီနဲ့ ဖွဲ့စည်းထားတဲ့ တိုင်းရင်းသား ညီနောင်များ အဖွဲ့ကတော့ ဒီလိုရွေးချယ်မယ်ဆိုရင် တန်းတူညီမျှရေးနဲ့ အမျိုးသား
ပြန်လည်သင့်မြတ်ရေးအတွက် အထောက်အကူ ဖြစ်မယ်လို့ ယုံကြည်ထားတာ ဖြစ်ပါတယ်။ ဒီသတင်း အပြည့်အစုံကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က
တင်ပြထားပါတယ်။
ဒီလ ၃၁ ရက်နေ့ ပြည်ထောင်စုလွှတ်တော် စတင်ကျင်းပပြီဆိုရင် အစိုးရသစ် ဖွဲ့စည်းဖို့အတွက် သမ္မတနဲ့ ဒု-သမ္မတတွေကို စတင် ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ဒီလို ရွေးချယ်ရာမှာ
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့နဲ့ တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့တွေကနေ ဒု-သမ္မတ တဦးစီ ရွေးချယ်ကြရမှာ
ဖြစ်ပါတယ်။
ဒီအစုအဖွဲ့ ၃ ခုလုံး ပါဝင်တဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေ အားလုံးက ဒု-သမ္မတ ၃ ဦးအနက် တဦးဦးကို သမ္မတအဖြစ် ထပ်မံရွေးချယ်ရမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ
အနိုင်ရ တိုင်းရင်းသားပါတီ ၅ ပါတီကတော့ ဒီလို သမ္မတ၊ ဒု-သမ္မတတွေ ရွေးချယ်ရာမှာ တိုင်းရင်းသားခေါင်းဆောင် တဦးကို ဒု-သမ္မတအဖြစ် ရွေးချယ်ဖို့အတွက် တင်ပြထားပါတယ်။
ဒီတင်ပြချက်အပေါ်မှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ထောက်ခံကြောင်း ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဟန်ရွှေက အခုလို ပြောပါတယ်။
“ကျနော်တို့ပါတီ အနေနဲ့ ပြောမယ်ဆိုရင်တော့ ရှမ်းတိုးတက်ရေး ပါတီက ဦးစိုင်းအိုက်ပေါင်းတို့ပေါ့၊ သူတို့ကလည်း ဘာပဲပြောပြော ရှမ်းပြည်နယ်မှာရော ကချင်ပြည်နယ်မှာရော
ကိုယ်စားလှယ် တော်တော်များများ ရထားတာ ရှိပါတယ်။ ထို့အတူပဲ ရခိုင်တိုးတက်ရေး ပါတီဖြစ်တဲ့ ဒေါက်တာအေးမောင် တို့ကလည်း သက်ဆိုင်ရာ ရခိုင်ပြည်နယ်မှာ တော်တော်များများ
ရထားတဲ့ အခါကျတော့ ကျနော်တို့ ဆန္ဒအနေနဲ့ ဆိုရင်တော့ သူတို့အထဲက ဖြစ်ဖြစ်ပေါ့ဗျာ ဒု-သမ္မတ တယောက် ရသင့်တယ်လို့ ကျနော်တို့ ပါတီက ဒီလိုပဲ သဘောထားတာ
ရှိပါတယ်ခင်ဗျ။
“တိုင်းရင်းသားထဲက တယောက် ပါရင်တော့ ပိုပြီးတော့ ကောင်းတာပေါ့ဗျာ။ ကျနော်တို့ကလည်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီဆိုတော့ ကျနော်တို့ရဲ့ လွှတ်တော်ထဲမှာ
ဆောင်ရွက်သွားမယ်ဆိုတဲ့ အဓိက လုပ်ငန်းတခုကလည်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေး လုပ်ငန်းတခုပါတဲ့ အခါကျတော့ ဒါဟာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ပိုပြီးတော့
အထောက်အကူ ပြုလိမ့်မယ်လို့ ကျနော် ယူဆပါတယ်ခင်ဗျ။”
တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဟန်ရွှေ ပြောသွားတာ ဖြစ်ပါတယ်။
သူတို့ပါတီကတော့ လာမယ့် လွှတ်တော်အတွင်းမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ဒီမိုကရေစီ အခြေခံ ခိုင်မာရေးနဲ့ ပြည်သူတွေ စီးပွားရေး ဖူလုံစေရေး စတဲ့ လုပ်ငန်းစဉ် ၃ ရပ်ကို
ဦးတည်ဆောင်ရွက်မှာ ဖြစ်တယ်လို့ ပြောပါတယ်။
အခြား အင်အားကောင်းတဲ့ ပါတီကြီးတခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီကလည်း တိုင်းရင်းသားခေါင်းဆောင် တဦးကို ဒု-သမ္မတအဖြစ် ရွေးချယ်ဖို့ အဆိုကို မူအရ
ထောက်ခံတယ်လို့ ပါတီဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းက ပြောပါတယ်။
“မူအရတော့ ကျနော်တို့ သဘောကျပါတယ်။ လက်တွေ့ဖြစ်မဖြစ်၊ အခြေအနေကတော့ ကျနော်တို့ နီးလာတဲ့ အခါကျရင်တော့ တကယ်လက်တွေ့ကျရင်တော့ တခြား
ဘာတွေဖြစ်လာဦးမလဲ၊ ဘာတွေ အသစ်တွေ ဖြစ်လာဦးမလဲ၊ ဒါတွေလည်း ကျနော်တို့က ကြည့်ရဦးမှာကိုး။ အခုနေအခါတော့ ကျနော်တို့က မူအရ ထောက်ခံတယ်လို့ပဲ
ပြောနိုင်တယ်လေ။”
ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ချင်းအမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနဲ့ ဖလုံ စဝေါ်
ဒီမိုကရက်တစ် ပါတီ စတဲ့ ညီနောင် တိုင်းရင်းသားပါတီတွေ အခုလို တောင်းဆိုရတဲ့ အကြောင်းကိုတော့ ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ပူးဇိုဇမ်က အခုလို ပြောပြပါတယ်။
“ကျနော် Request လုပ်ချင်တာပါ၊ မေတ္တာ ရပ်ချင်တာက တိုင်းရင်းသားထဲက သင့်တော်တဲ့ ပုဂ္ဂိုလ်တဦးဦးပေါ့၊ ဒု-သမ္မတ တနေရာကို ရွေးချယ်ပေးကြပါလို့၊ အဲဒါ ကျနော်တို့ ပြည်ထောင်စု
အတွက်လည်း ကောင်းမှာပါလို့၊ နောက် အရှည်သဖြင့် ကျနော်တို့ရဲ့ တန်းတူရည်တူ ဖြစ်မှုကိစ္စတွေ၊ အမျိုးသား စည်းလုံးညီညွတ်ဖို့ ကိစ္စတွေရော အင်မတန် အထောက်အကူ ဖြစ်လိမ့်မယ်၊
အနာဂတ် ကျနော်တို့ နိုင်ငံတော်အတွက် အများကြီး အကျိုးဖြစ်ထွန်းလာမယ်လို့ ကျနော် ယူဆပါတယ်။”
ညီနောင် တိုင်းရင်းသား ပါတီ ၅ ပါတီက အခုလို တောင်းဆိုထားပေမဲ့ လွှတ်တော်အတွင်းမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ စစ်တပ်ကိုယ်စားလှယ်တွေက အများစု
လွှမ်းမိုးထားတာကြောင့် တိုင်းရင်းသား ခေါင်းဆောင်တဦးကို ဒု-သမ္မတအဖြစ် ရွေးချယ်ရေးဟာ သူတို့အပေါ်မှာပဲ မူတည်နေတာ ဖြစ်ပါတယ်။
တူနီးရှား ၀န်ကြီးများ အာဏာရပါတီက နှုတ်ထွက်
By ဗွီအိုအေ (မြန်မာဌာန) ကြာသပတေး, 20 ဇန်နဝါရီ 2011
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
တူနီးရှားနိုင်ငံရဲ့ ကြားဖြတ်အစိုးရထဲမှာ ပါဝင်နေတဲ့ ဝန်ကြီးတွေဟာ ရာထူးကနေ ဖြုတ်ချခံရတဲ့ သမ္မတဟောင်း ဘန်အာလီ (Ben Ali) ရဲ့ ပါတီထဲကနေ နှုတ်ထွက်သွားကြပြီလို့ အစိုးရ
ရုပ်သံကနေ ကြေညာသွားပါတယ်။
နိုင်ငံရေးထဲမှာ သမ္မတဟောင်းပါတီက လွှမ်းမိုးနေဆဲ ဖြစ်တဲ့အတွက်လို့ ဆိုပြီး ကြားဖြတ်အစိုးရထဲကနေ ဝန်ကြီး ၄ ယောက် နှုတ်ထွက်သွားပြီး ရက်ပိုင်းအကြာမှာပဲ အခုလို ကြေညာချက်
ထွက်ပေါ်လာခဲ့တာပါ။
ကြားဖြတ်အစိုးရမှာ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ ဘဏ္ဍာရေးဝန်ကြီး ရာထူးနေရာတွေကို အရင်အစိုးရက ဝန်ကြီးတွေကိုပဲ ဆက်ပြီး ခန့်ထားတယ်လို့
ဝန်ကြီးချုပ် မိုဟာမက် ဂနိုချီ (Mohamed Ghannouci) က တနင်္လာနေ့မှာ ကြေညာခဲ့ပါတယ်။
အခုတော့ ဝန်ကြီးချုပ် ဂနိုချီရော ကြားဖြတ်အစိုးရ သမ္မတ Fouad Mebazaa တို့ ၂ ယောက်လုံး အရင်ခေါင်းဆောင်ဟောင်းနဲ့ မပတ်သက်တော့ဘူး ဆိုတာကို ပြသတဲ့ အနေနဲ့ RCD
ပါတီကနေ နှုတ်ထွက်ခဲ့ကြပါတယ်။
အစိုးရသစ်ရဲ့ ပထမဆုံး ဝန်ကြီးအဖွဲ့ စည်းဝေးပွဲကို ဒီနေ့ ကြာသပတေးနေ့မှာ ပြုလုပ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
တူးနစ်စ် (Tunis) မြို့တော်ထဲမှာ ရာနဲ့ချီတဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို စစ်တပ်က ခြောက်လှန့် ပစ်ခတ် သတိပေးမှုတွေ လုပ်ခဲ့ပါတယ်။
ကြားဖြတ်အစိုးရသစ်ထဲမှာ အရင်ပါတီဟောင်းနဲ့ အင်မတန် နီးစပ်သူတွေ ပါနေတယ်လို့ ဆိုပြီး ဝေဖန် ဆန္ဒပြကြတာ ဖြစ်ပါတယ်။
ကြားဖြတ်အစိုးရ ခေါင်းဆောင်တွေကတော့ အရင်အစိုးရနဲ့ ကွဲပြားပါတယ် ဆိုတာကို ပြသချင်တဲ့ အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို လွှတ်ပေးလိုက်သလို ဖြုတ်ချခံရတဲ့
သမ္မတနဲ့ မိသားစုဝင်တွေ ပြည်ပမှာထားတဲ့ ပိုင်ဆိုင်မှုတွေ နောက်ကို လိုက်နေကြပါတယ်။
နိုင်ငံခြားထွက်ပြေးဖို့ လုပ်နေကြတဲ့ သမ္မတဟောင်း ဘန်အာလီရဲ့ မိသားစုဝင် ၃၃ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့လည်း အစိုးရ ရုပ်သံကနေ ကြေညာခဲ့သလို သိမ်းဆည်းရမိတဲ့ ရွှေတွေ၊
လက်ဝတ်လက်စားတွေကို ပြသခဲ့ပါတယ်။
ထိုင်းတောင်ပိုင်း စစ်စခန်း ၀င်တိုက်ခံရ
By ဗွီအိုအေ (မြန်မာဌာန) ကြာသပတေး, 20 ဇန်နဝါရီ 2011
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
ထိုင်းနိုင်ငံ တောင်ပိုင်းက စစ်တပ်အခြေစိုက် စခန်းတခုအပေါ် သောင်းကျန်းသူတွေရဲ့ တိုက်ခိုက်မှုကြောင့် ၄ ယောက်ထက်မနည်း သေဆုံးသွားပါတယ်။
တိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်နေတဲ့ နာရာသီဝတ်ခရိုင်မှာ သောင်းကျန်းသူ ၃၀ လောက်က စစ်စခန်းငယ် တခုကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ ထိုင်းစစ်တပ်က ပြောပါတယ်။
သောင်းကျန်းသူတွေဟာ စက်လတ်တွေ၊ ရိုင်ဖယ်သေနတ်တွေ၊ စက်သေနတ်တွေနဲ့ ဗုဒ္ဓဟူးနေ့ညက ဝင်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
စစ်စခန်းဆီ စစ်ကူလာသူတွေကိုလည်း သောင်းကျန်းသူတွေက တိုက်ခိုက်ခဲ့ကြတယ်လို့ ထောက်လှမ်းရေးရပ်ကွက် သတင်းတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုဟာ အသေအချာ ကြိုတင် စီစဉ်ထားတဲ့ တိုက်ခိုက်မှု ဖြစ်တယ်လို့လည်း ပြောကြပါတယ်။
မလေးရှားနဲ့ ထိစပ်နေတဲ့ ထိုင်းနိုင်ငံ တောင်ပိုင်းက မွတ်ဆလင် အများစု နေထိုင်ကြတဲ့ ခရိုင်တွေမှာ ၂၀၀၁ ခုနှစ် ကတည်းက အကြမ်းဖက် တိုက်ခိုက်မှုတွေ ရှိလာခဲ့တာပါ။
တိုက်ခိုက်သူတွေက သူတို့ ဘာအတွက် တိုက်ခိုက်နေတာလဲ ဆိုတာကို လူသိရှင်ကြား မပြောပေမဲ့ ခွဲထွက်ရေးအတွက် တိုက်နေကြတာလို့ ကျယ်ကျယ်ပြန့်ပြန့် ယူဆနေကြပါတယ်။
တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ စုစုပေါင်း ၄,၀၀၀ နီးပါး ရှိသွားပါပြီ။
စီးပွားရေးပိတ်ဆို့မှု နဲ့ ဦးဝင်းတင် အမြင်
By ဦးကျော်ဇံသာ ဗုဒ္ဓဟူး, 19 ဇန်နဝါရီ 2011
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
ဒီတပတ် မျက်မှောက်ရေးရာ ဆွေးနွေးသုံးသပ်ခန်းမှာ ဦးကျော်ဇံသာ က နှစ်ရှည်လများ ပိတ်ဆို့ထားတဲ့ အနောက်နိုင်ငံ၊ ဒီမိုကရေစီနိုင်ငံများရဲ့  မြန်မာစစ်အစိုးရအပေါ်
စီးပွားရေးပိတ်ပင်ထားမှုကို ရုတ်သိမ်းသင့်သလား။ ပြောင်းလဲမှုများအတွက် စီးပွားရေးပိတ်ဆို့မှုက အဟန့်အတားဖြစ်နေသလား စတဲ့ အကြောင်းအရာများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဗဟိုကော်မတီဝင် ဦးဝင်းတင် နဲ့ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (ASEAN Foreign Minister Summit) ကနေ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့အရေးယူ
ဒဏ်ခတ်မှုတွေကို ပြန်လည်ရုတ်သိမ်းပေးဖို့ တိုက်တွန်းတယ်လို့ ဆိုပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ပထမဦးဆုံး မေးချင်တာက ဆရာရဲ့  ပုဂ္ဂိုလ်ရေးသဘောထားထက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  တရားဝင် သဘောထား ထုတ်ပြန်ထားပါသလား။
ဦးဝင်းတင် ။ ။ တရားဝင် သဘောထားလို့တော့ ပြောလို့မရဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့စကားရှိတယ်။ နောက်တခါ ဦးတင်ဦး တို့ပြောတဲ့ စကားတွေရှိတယ်။
လွတ်လပ်ရေးနေ့တုန်းက စီးပွားရေးစာတမ်းတခု တင်ထားတာ ရှိပါတယ်။ အဲဒီအထဲမှာ sanction နဲ့ ပတ်သက်လို့ စီးပွားရေးပိတ်ဆို့မှုတွေနဲ့ ပတ်သက်လို့ သဘောထားတွေ ပါပါတယ်။
အဲဒါကဖြင့် ကျနော်တို့ရဲ့  တရားဝင်သဘောထားလို့ ပြောမယ်ဆိုလည်း ပြောလို့ရပါတယ်။ တခုတော့ရှိတယ် - sanction တခုတည်းတော့ မဟုတ်ဘူး။ ကျန်တဲ့ စီးပွားရေးလုပ်ငန်းတခုနဲ့
ပတ်သက်ပါတယ်။
ဦးကျော်ဇံသာ ။ ။ အဲဒီအထဲမှာမှ sanction နဲ့ ပတ်သက်တဲ့အပိုင်းကို ကွက်ပြီးတော့ ပြောပေးပါ။ တရားဝင်သဘောထား ဘယ်လိုလို့ ကျနော်တို့ နားလည်းရမလဲ။
ဦးဝင်းတင် ။ ။ Sanction နဲ့ ပတ်သက်လို့ နားလည်းရမယ့် သဘောထားကတော့ ဒီ sanction တွေဆိုတာက အနောက်နိုင်ငံများ၊ ဒီမိုကရေစီနိုင်ငံများအနေနဲ့ နိုင်ငံတနိုင်ငံမှာ
လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဒီမိုကရေစီ ရိုက်ချိုးမှုတွေ ရှိလို့ရှိရင် အဲဒါတွေကို အရေးယူတဲ့အနေနဲ့ ပြည်သူများကို အကာအကွယ်ပေးတဲ့အနေနဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို လုပ်တဲ့ဟာ
လုပ်မြဲအစဉ်အလာအတိုင်း လုပ်တာဖြစ်ပါတယ်။ အဲဒါကြောင့် ဒီဟာက ကျနော်တို့ကနေ ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေ မဟုတ်ပါဘူး။ ကျနော်တို့က ဖိတ်ခေါ်ထားတဲ့
အရေးယူပိတ်ဆို့မှုတွေလည်း မဟုတ်ပါဘူး။ ဒါတွေက ကမ္ဘာနိုင်ငံများကနေ ထုံးတမ်းအစဉ်အလာအတိုင်း စစ်အာဏာရှင်နိုင်ငံတွေ၊ အာဏာရှင်နိုင်ငံတွေကို အရေးယူဆောင်ရွက်တဲ့
လုပ်ငန်းတခုမျှသာဖြစ်တယ်လို့ ကျနော်တို့အနေနဲ့ သတ်မှတ်ချင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ အခု အနောက်နိုင်ငံတွေက မြန်မာနိုင်ငံကို sanction ပေးထားတဲ့ကိစ္စနဲ့ ပတ်သက်လို့ ရုတ်သိမ်းပါ၊ ဆက်လက်ကျင့်သုံးပါလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့
ဘာမှမပြောဘူးပေါ့။
ဦးဝင်းတင် ။ ။ မပြောပါဘူး။ ကျနော်တို့ ပြောဖို့ ရည်ရွယ်ချက်မရှိဘူး။ စောစောကပြောသလို ကျနော်တို့က ဖိတ်ခေါ်ထားတာလည်း မဟုတ်ဘူး၊ ပိတ်ဆို့ထားတာလည်း မဟုတ်ဘူး။
အဲဒီအတွက် ကျနော်တို့အနေနဲ့ ဘာမှပြောစရာ မလိုဘူး။ တကယ်ပြောရမယ့်ဟာကတော့ စစ်အစိုးရက ကျနော်တို့တတွေ ဒီလိုပိတ်ဆို့မှုတွေကို ရပ်ဆိုင်းပေးပါ၊ ရပ်ဖို့အတွက် လိုအပ်တဲ့
ဒီမိုကရေစီ ရိုက်ချိုးမှုတွေ၊ လူ့အခွင့်အရေး ပိတ်ပင်မှုတွေ၊ ဖောက်ဖျက်မှုတွေ ရှိတယ်ဆိုရင် ကျနော်တို့ ရပ်ဆဲပေးပါမယ်လို့ သူတို့ကိုယ်တိုင်က ပြောရမယ့်စကားဖြစ်တယ်။ ကျနော်တို့
ဘာမှဝင်ပြောစရာမရှိဘူးလို့ ယူဆပါတယ်။
ဦးကျော်ဇံသာ ။ ။ အဲဒါက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပိုင်းကို မေးတာပါ။ အခု ဆရာရဲ့  သဘောထားကို မေးချင်ပါတယ်။ ဆရာအနေနဲ့ စစ်အစိုးရအပေါ်မှာ ပစ်မှတ်ထားပြီးတော့
targeted sanction ပေးထားတဲ့ဟာတွေကို ဆက်လက်ထားရှိဖို့ လိုလားတယ်လို့ ပြောထားတာကို တွေ့ရပါတယ်။ ဟုတ်ပါသလား။
ဦးဝင်းတင် ။ ။ ဟုတ်ပါတယ်။ ပြောပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ပစ်မှတ်ထားပြီး ချမှတ်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေဆိုတာ ဗမာပြည်မှာ ကြီးစိုးနေတဲ့ စစ်ဗိုလ်ကြီးတွေ၊
စစ်ဗိုလ်ကြီးတွေရဲ့  မိသားစုတွေက တခု။ နောက်တခါ ဒီ စစ်ဗိုလ်ကြီးတွေနဲ့ စစ်အာဏာရှင်တွေနဲ့ ပေါင်းသင်းပြီးတော့ တိုင်းပြည်မှာ လက်ဝါးကြီးအုပ်နေတဲ့ လုပ်ငန်းရှင်တွေကို
ပစ်မှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတခု ဖြစ်ပါတယ်။ ဒီဟာတွေတော့ ထားကိုထားရမယ်။ ထားလည်းထားသင့်တယ်။ ထားမှလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ မတရား
ဒီမိုကရေစီအခွင့်အရေး ပိတ်ဆို့မှုတွေ ရပ်ဆဲသွားမယ်လို့ မြင်လို့ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ တချို့ ကတော့ အဲဒီလို စစ်ဗိုလ်ကြီးတွေကို target ထားပြီးတော့ သူတို့ရဲ့  လက်ဝေခံတွေ၊ စီးပွားရေးကို လက်ဝါးကြီးအုပ် လုပ်နေသူတွေကို ပစ်မှတ်ထားပြီးတော့
အရေးယူဒဏ်ခတ်မယ်ဆိုပေမယ့် သူတို့ကို ထိခိုက်တယ် ထင်ပါသလား။ သူတို့ကို ဒီလို စီးပွားရေးကို ပစ်မှတ်ထားလုပ်လာပေမယ့် သူတို့က ဆက်လက် ကြီးပွားဆဲ၊ ချမ်းသားနေပြီး သူတို့ရဲ
့ မူဝါဒ တစက်ကလေးမှ မပြောင်းလဲခဲ့ဘူးဆိုတော့ သူတို့ကို ပစ်မှတ်ထားတာ ပစ်မှတ်ကို ထိပါသလား။
ဦးဝင်းတင် ။ ။ ကျနော်က ဒီလိုပြောချင်တယ် - ပစ်မှတ်ထိခြင်း၊ မထိခြင်းဆိုတာကတော့ အမဲလိုက်တဲ့လူတွေလိုပေါ့။ ပစ်လိုက်တဲ့အခါမှာ လဲသွားရင်တော့ ထိတယ်လို့ ယူဆသလိုပေါ့။
အခုအခါဟာကတော့ စစ်အစိုးရအနေနဲ့က ဒီဟာ သူတို့ကိုထိတယ်။ သို့မဟုတ် စစ်အစိုးရနဲ့ အပေါင်းအဖော်တွေ ထိတယ်ဆိုတာ ထင်ရှားတဲ့အကြောင်းကတော့ ဘာလဲဆိုတော့ ကျနော်တို့
သွေးစက်တွေမြင်နေပြီ၊ လဲကျနေတာတွေ မြင်နေပြီ။ သူတို့ကို ထိခိုက်လို့သာ အော်နေတာပေါ့။ သို့သော် တခုရှိတာကတော့ ဒီဟာတွေကို သူတို့ကို ထိခိုက်တာ၊ မထိခိုက်တာထက်။
ဒါတွေကို တောင်းဆိုခြင်းမပြုဘူး၊ ပစ်မှတ်ထားပြီးလုပ်တဲ့ အရေးယူပိတ်ဆို့မှုတွေ မရှိဘူးဆိုရင် သူတို့က ချမ်းသာကြွယ်ဝသွားမယ်။ တိုင်းပြည်ကို ပိုပြီးတော့ ဂုတ်သွေးစုပ်နိုင်မယ့်
အနေအထားမျိုးရှိလာမယ်ဆိုတာကို ကျနော်တို့ နားလည်းရမယ်။ အဲဒါကို ကျနော်တို့ကတော့ ဘာပဲပြောပြော သူတို့တတွေ အော်သံတွေထွက်နေတာ တိုင်းပြည်မှာ ထိခိုက်ပါတယ်၊
နှစ်နာပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးမှုတွေကို နှောင့်နှေးပါတယ်၊ ကြန့်ကြာပါတယ်လို့ ပြောနေခြင်းဟာ သူတို့ကို ထိခိုက်လို့သာ အော်နေတာပေါ့။ နို့မို့ရင် သူတို့ဘာမှ အော်စရာမရှိဘူးလို့
ကျနော်တို့ ယူဆပါတယ်။ အဲဒီလိုပဲ ကျနော်ပြောချင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ တဖတ်ကကြည့်မယ်ဆိုရင် သူတို့ဟာ စီးပွားရေးပိတ်ဆို့မှု လုပ်တယ်ဆိုတာ တိုင်းပြည်ကို ထိခိုက်တယ်၊ တိုင်းသူပြည်သားတွေကို ထိခိုက်ပါတယ်လို့
ပြောနေတဲ့ဟာ သူတို့ရဲ့  စီးမံခန့်ခွဲမှု ညံ့ဖျင်းတာ၊ သူတို့ရဲ့  မသမာမှုတွေအတွက် ရမယ်ရှာ အကြောင်းပြနေတာ သူတို့ရဲ့  pretext ပေါ့။ တိုင်းပြည်မှာ ဒီလို မတိုးတက်တာ
သူတို့ကြောင့်ဆိုပြီး အကြောင်းပြစရာ ရမယ်ရှာစရာ တခုရနေတယ်ဆိုရင်ကော။
ဦးဝင်းတင် ။ ။ သူတို့ရဲ့  အုပ်ချုပ်ရေးညံ့ဖျင်းမှု၊ ဘဏ္ဍာရေးစံနစ် မှားယွင်းမှုတွေကို ကာကွယ်ဖို့အတွက် ဒီ sanction တွေကို အကြောင်းပြနေတဲ့လို့ ဦးကျော်ဇံသာ မေးတာ
အဲဒီသဘောလား။
ဦးကျော်ဇံသာ ။ ။ ဟုတ်ပါတယ်။
ဦးဝင်းတင် ။ ။ ကျနော်တို့ ပြောချင်တာက ဘယ်လိုလည်းဆိုတော့ အခု sanction အကြောင်းကို ပြောတဲ့အခါမှာ ဒီ sanction ကြောင့် ထိခိုက်တယ် သို့မဟုတ် ပြည်သူလူထုကို
ထိခိုက်တယ်၊ သို့မဟုတ် တိုင်းရင်းသားများကို ထိခိုက်တယ်၊ သို့မဟုတ် တိုင်းပြည်ရဲ့  ဖွံ့ဖြိုးမှုကို ထိခိုက်တယ်ဆိုတဲ့ အချက်တွေဟာ မမှန်ပါဘူးလို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့ မမှန်ဘူးလို့
ပြောချင်သလဲဆိုရင် တိုင်းပြည်တပြည်လုံးကို ကြည့်ပါ။ သူတို့ရဲ့  စီမံခန့်ခွဲမှုတွေက ညံ့ဖျင်းပါတယ်။ တိုင်းပြည်ကို အုပ်ချုပ်တဲ့နေရာတွေမှာ ညံ့ဖျင်းပါတယ်။ စီးပွားရေးစံနစ်တွေ၊
ဈေးကွက်စီးပွားလိုပြောပေမယ့် လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးမဟုတ်ဘဲ လူတစုကသာ လက်ဝါးကြီးအုပ် ချယ်လှယ်နေတဲ့ စီးပွားရေးစံနစ်ဖြစ်နေပါတယ်။ နောက်တခုက ဘဏ္ဍာငွေ
ခွဲဝေသုံးစွဲမှုနေရာတွေမှာလည်း အများကြီးချို့ ယွင်းနေပါတယ်။ နောက်တခါ တိုင်းပြည်အတွင်းမှာလည်း အာဂတိလိုက်စားမှုတွေလည်း ကြီးမားစွာပေါ်နေပါတယ်။ အဲဒါတွေကြောင့်
လူထုကို ထိခိုက်နေတာ ဖြစ်ပါတယ်။ အဲဒီလိုပဲ ပြောချင်ပါတယ်။ အဲဒီတော့ ဒါတွေက စီးပွားရေးပိတ်ဆို့မှုကြောင့် ဖြစ်ရတယ်လို့ သက်သေထူစရာထက် ဒါတွေ
ထင်ထင်ရှားရှားမြင်နေရတာတော့ အခု ကျနော် ထောက်ပြခဲ့တဲ့ စစ်အစိုးရရဲ့  အုပ်ချုပ်ရေးညံ့ဖျင်းခြင်း အခြေအနေတွေကြောင့် ပေါ်ပေါက်ရတယ်လို့ ပြောလို့ရပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ စစ်အစိုးရကတော့ သူတို့က အဲဒါကို အသုံးချတာပေါ့။ သူတို့ ညံ့ဖျင်းမှု၊ အသုံးမကျမှုတွေကို ကာကွယ်ဖို့အတွက် sanction ကြောင့် ဖြစ်ပါတယ်လို့
လက်ညိုးထိုးပြီး အသုံးချနေတယ်လို့ ကျနော်က ပြောချင်တာပါ။
ဦးဝင်းတင် ။ ။ ဟုတ်ပါတယ်။ အသုံးချနေတာပါ။
ဦးကျော်ဇံသာ ။ ။ အဲဒီတော့ သူတို့ကိုလည်း မထိခိုက်တဲ့အပြင် ဒါကို သူတို့က ဒါကို အသုံးချနေတယ်ဆိုတော့ သူတို့အတွက် အဲဒီ sanction ရှိနေတာ အကျိုးရှိနေသလို ဖြစ်နေတာပေါ့။
ဦးဝင်းတင် ။ ။ ဒါ အမှန်ဖြစ်နေတဲ့ဟာပါ။ သူတို့က ဒါကို အကာအကွယ်ယူနေတယ်။ အကြောင်းပြနေတယ်။ ဒါကို အကြောင်းပြနေတယ်ဆိုတာနဲ့ ပတ်သက်လို့ သိပ်ပြီးထင်ရှားတဲ့အချက်
ဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲအကြောင်းပြနေပေမယ့် ပြည်သူလူထုကို မေးပါ၊ ပြည်သူလူထုကြားမှာ ဝင်ပြီး စုံစမ်းပါ။ ဘယ်လိုပြောမလဲ ပြည်သူလူထုက ဘာပြောမလဲ။ ဒီ
စစ်အစိုးရက လုပ်ပုံကိုင်နည်းတွေ မှားနေတယ်။ မတရားတွေ လုပ်နေတယ်။ အခွန်အထုပ်တွေ အများကြီး အကြီးအကျယ်ကောက်နေတယ်။ ငွေလှယ်နှုန်း မမှန်မကန်လုပ်နေတယ်။
သို့မဟုတ်လည်း အုပ်ချုပ်ရေးစံနစ်တွေ ညံ့နေတယ်။ အာဂတိလိုက်စားမှုတွေ များနေတယ် - ဒါတွေပဲ ပြောကြလိမ့်မယ်။ sanction ကြောင့်လို့တော့ ဘယ်သူမှ သိပ်ပြီး ပြောလိမ့်မယ်
မထင်ဘူး။ ဘာဖြစ်လို့ ဒီလိုပြောသလဲဆိုတော့ တိုင်းပြည်မှာ သူတို့က တိုင်းပြည်မှာ စကားရှိပါတယ် - ထားစရာမရှိတဲ့လူနဲ့ စားစရာမရှိတဲ့လူ နှစ်မျိုးပဲ ရှိတယ်လို့။ ဒီ sanction ကို
စားစရာမရှိတဲ့လူက သူတို့ကို ထိခိုက်တယ်လို့ ပြောစရာအကြောင်းမရှိပါဘူး။ ထိခိုက်နေတာက ထားစရာမရှိတဲ့လူတွေကသာ သူတို့ ပိုပိုပြီး ထားစရာမရှိလောက်အောင်
ပိုချမ်းသာကြွယ်ဝခြင်းကို ထိခိုက်စေတဲ့ ဒီ sanction ကိုသာ လက်ညိုးထိုးနေတာ ဖြစ်တယ်။
ဦးကျော်ဇံသာ ။ ။ နောက်တချို့ က ပြောကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ပြောင်းလဲသွားတဲ့ကိစ္စကို ကြည့်မယ်ဆိုရင် ဖွဲ့စည်းပုံအရ လွှတ်တော်က ပြောင်းလဲတာ မဟုတ်ဘူး။
စီးပွားရေးအားဖြင့် သူတို့ cronies တွေ သူတို့ရဲ့  လက်ဝေခံတွေ ဒီလိုပဲ စီးပွားရေးလုပ်ရင်နဲ့ စီးပွားရေးကျယ်ပြန့်လာတဲ့အခါ သူတို့ စီးပွားရေးလုပ်ပိုင်ခွင့် ပိုမိုရရှိလာဖို့အတွက် ရုန်းကန်မှုဟာ
အဓိကအရေးကြီးတဲ့ ကိစ္စဖြစ်တယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။ ဆိုတော့ မြန်မာနိုင်ငံမှာလည်း စစ်အစိုးရနဲ့ သူတို့ အပေါင်းအပါးတွေဟာ စီးပွားရေးလုပ်တဲ့ လူနည်းစုက
ချမ်းသာကြီးပွားသထက်ကြီးပွားခဲ့ရင် သူတို့စီးပွားရေးဘောင်ချယ်ရင် ဒီ cronies တွေရဲ့  စီးပွားရေးဘောင်ချဲ့တာကတဆင့် ဒီမိုကရေစီပြုပြင်ရေးဖြစ်ဖို့ဘက်ကို
အားသာလာစေတဲ့အကြောင်း မဖြစ်လာနိုင်ဘူးလား။
ဦးဝင်းတင် ။ ။ ဒီလိုဆိုရင်တော့ အဲဒါကျယ့်ပြန့်သွားမယ်လို့ ထင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ စီးပွားရေးသမားချင်းလည်း နှိုင်းယှဉ်ကြည့်ရမယ်လို့ ထင်ပါတယ်။ အရည်အချင်းလည်း
ကွာလိမ့်မယ်လို့ ထင်ပါတယ်။ အင်ဒိုနီးရှားကလူတွေက စီးပွားရေးလုပ်ငန်းလုပ်နေတဲ့လူတွေ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ နောက် လုပ်ငန်းအမြင်နဲ့ ကြည့်ပြီးတော့ ဒို့လုပ်ငန်းတွေ
ဘောင်တွေဖြန့်ရင်ကောင်းမယ်ဆိုပြီး ချဲ့ ရင်ကနေ ဒီမိုကရေစီအခွင့်အရေးတွေ မြန်မြန်ပြောင်းလဲလာတဲ့ အနေအထားတွေရလာတယ်လို့ တွက်ရလိမ့်မယ်။ အခု ဗမာပြည်မှာရှိတဲ့ သူတို့ရဲ့ 
အပေါင်းအသင်းလို့ ပြောရမယ့်လူတွေပေါ့ - လက်ချိုးရေတွက်ရင် လေးငါးယောက်ပဲ ရှိပါတယ်။ အဲဒီ လေးငါးယောက်က သူတို့ရဲ့  စေတနာ၊ တိုင်းပြည်အပေါ်မှာထားတဲ့ဟာ
စီးပွားရေးအမြင်တွေကတော့ အင်ဒိုနီးရှားလူတွေနဲ့ တန်တူယှဉ်တူရှိလိမ့်မယ်လို့ ကျနော်က သိပ်မထင်ပါဘူး။ အဲဒါကြောင့် သူတို့က သိပ်ပြီးတော့ ဘောင်တွေဘာတွေ ချဲ့ ဖို့ဆိုတာထက်
သူတို့ sanction တွေဘာတွေ ရှိတဲ့ကာလမှာတောင် သူတို့ ပိုလိုတောင် အကျိုးအမြတ်ရှိတယ်လို့ တွက်ကောင်းတွက်လိမ့်မယ်။ သို့မဟုတ်လည်း လူကြားကောင်းအောင် sanction ကို
နိုင်ငံရေးအားဖြင့် အန်အယ်လ်ဒီ တို့ဘာတို့ကို တိုက်ခိုက်လို့ရအောင် ဒီမိုကရေစီအင်အားစုတွေကို တိုက်ခိုက်လို့ရအောင် ပြောနေတာ ဖြစ်ကောင်းဖြစ်လိမ့်မယ်လို့ ပြောလို့ရပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒီ sanction ကို ဆက်လက်ထားသင့်တယ်၊ မထားသင့်ဘူးဆိုပြီး ဒီမိုကရေစီ လိုလားတဲ့အင်အားစုတွေအကြားမှာလည်း သဘောကွဲ ငြင်းခုံမှုတွေ ရှိပါတယ်။ ဆိုတော့
ဒီကိစ္စဟာ ဒီမိုကရေစီအင်အားစုတွေကို အားပျော့စေတယ်လို့ ထင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တသွေးတသံ သဘောထားဖြစ်အောင် ဘယ်လိုများ လုပ်နိုင်ပါမလဲ။
ဦးဝင်းတင် ။ ။ လွန်ခဲ့တဲ့ ဆယ့်လေးငါးနှစ်ကို ပြန်ကြည့်မယ်ဆိုရင် sanction တွေ ရုတ်သိမ်းရေးဆိုတာတွေ ပေါ်ပေါက်ခဲ့ဘူးပါတယ်။ သို့သော် အဲဒီလူတွေအများစုဟာ
ဒီမိုကရေစီသမားတွေ မဟုတ်ပါဘူး။ ဒီမိုကရေစီအတွက် ပြောတာမဟုတ်ပါဘူး။ စစ်အစိုးရ အလိုကျ၊ စစ်အစိုးရရဲ့  အသံတွေကို လိုက်ပြီးတော့ သံယောင်လိုက်တဲ့ အသံတွေသာ
ဖြစ်ပါတယ်။ ဒီမိုကရေစီအသံတွေ မဟုတ်ပါဘူး။ အဲဒါကြောင့် ဒီနေ့ sanction တွေနဲ့ ပတ်သတ်ပြီး ရုတ်သိမ်းရေးပြောတဲ့ဟာတွေကလည်း ကျနော်အမြင်အရတော့ ဒါတွေက
တိုင်းရင်းသားတွေရဲ့  အသံ၊ ဒီမိုကရေစီအင်အားစုတွေရဲ့  အသံလို့ ကျနော်က မယူဆဘူး။ အဲဒါကြောင့် sanction ရုတ်သိမ်းရေးပြဿနာဟာ ဒီမိုကရေစီသမားတွေကြား၊
တိုင်းရင်းသားတွေအကြားမှာ ပြဿနာဖြစ်အောင် ဖန်တီးနေတဲ့အရာဖြစ်တယ်လို့ မယူဆပါဘူး။ ဒါတွေက ဘာလိုပြောပြော အမျိုးမျိုးသောအကြောင်းများ၊ အကြောင်းကြောင်းကြောင့်
စစ်အစိုးရရဲ့  လေသံကိုလိုက်ပြီး သံယောင်လိုက်ပြောနေတဲ့ အသံတွေဖြစ်တယ်။ နောက်တချက်ပြောချင်တာက ဘာပဲပြောပြော ဒီ ပုဂ္ဂိုလ်များရဲ့  ပြောတဲ့ဆိုတဲ့ အသံတွေကြောင့်
အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းတို့မှာ အဟန့်အတားဖြစ်စေမယ်လို့ ကျနော်တို့က မယူဆပါဘူး။ အကောင်းဆုံးက ဒီ ပုဂ္ဂိုလ်များဟာ sanction ရုတ်သိမ်းရေးကို
ကြွေးကြော်နေတာနဲ့အတူ လုပ်ဖို့ကောင်းတဲ့အလုပ်က ဘာလဲဆိုတော့ စစ်အစိုးရကို အော်ရမှာ - အန်အယ်လ်ဒီ ကို အော်ရမှာ မဟုတ်ဘူး။ ဒီမိုကရေစီ အင်အားစုတွေကို
အော်ဖို့မဟုတ်ဘူး။ အနောက်နိုင်ငံတွေက အရေးယူလုပ်ထားတဲ့ နိုင်ငံကြီးတွေကို အော်ဖို့မဟုတ်ဘူး။ အော်ဖို့လိုတာက စစ်အစိုးရကို အော်ဖို့လိုတာ။ ဒီ sanction တွေ ရှိနေခြင်းဟာ
ဗမာပြည်ထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများကြီးရှိနေလို့ ဖြစ်နေတာပါ။ ဒီ လူ့အခွင့်အရေးချိုးဖော်မှုတွေ၊ ဒီမိုကရေစီ ရိုက်ချိုးမှုတွေကို ရုတ်သိမ်းပါ၊ ရုတ်သိမ်းခြင်းအားဖြင့်
sanction တွေ လျော့ပါးသွားပါမယ်။ အဲဒီလို လျော့ပါးသွားခြင်းအားဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး သဘာဝကျကျ ပေါ်လာပါလိမ့်မယ်ဆိုတဲ့ဟာကို ပြောသင့်တယ်လို့
ပြောလိုပါတယ်။
http://www.voanews.com/burmese/news/

နေပြည်တော် ညွှန်ကြားချက် ကြောင့် အရေးကြီးမှတ်တမ်း များ ဖျက်ဆီး


January 20, 2011 freedom news group Leave a comment Go to comments

နေပြည်တော်မှ ပေးပိုသည့် ညွှန်ကြား ချက် များ ကြောင့် ရန်ကုန် မြို့ ရှိ ဘဏ္ဍရေး ၀န်ကြီးဌာန လက်
အောက်ရှိ ရုံးများ အပါအ၀င် နိုင်ငံခြားရေး ဌာန နှင့် စီးပွား ၊ ကူးသန်း ၀န်ကြီး ဌာန တို့ တွင် ညွှန်ကြား
ရေးမှု များ နှင့် အရာရှိ များ ကိုယ်တိုင် စောင့်ကြပ် ပြီး အရေးကြီး စာရွက် စာတမ်း များ ကို မီးရှို့ ဖျက်ဆီး
သည် ဟု သတင်းရရှိသည်။
နေပြည်တော် ရှိ ဘဏ္ဍာရေး ၀န်ကြီးဌာ န တွင် လည်း စာရွက် စာတမ်းများ ကို မီးရှို့ ဖျက်ဆီးကာ
ကာကွယ်ရေး ၀န်ကြီး ဌာန နှင့် နိုင်ငံခြားရေး ၀န်ကြီးဌာန မှ စာရွက် စာတမ်းများ ကို လည်း မီးရှို့ ဖျက်
ဆီး သည် ဟု နိုင်ငံခြားရေး ၀န်ကြီးဌာန မှ အရာရှိ တစ်ဦး က Freedom News Group သို့ ပြောသည်။
တူနီးရှား နိုင်ငံ၏ လူထု အုံကြွမှု အပိုင်း (၂)
January 20, 2011 freedom news group Leave a comment Go to comments

8
0

i
မဲပေးပါ

တင်ကျော်ကျော်စိုး
တူနီးရှား နိုင်ငံ၏ သမိုင်းကြောင်း
နိုင်ငံကာ တွင် နာမည် သိပ်မကြီး လှသော်လည်း ကမ္ဘာကျော် Star Wars ရုပ်ရှင် ဇာတ်ကားများ၊ English Patient၊ Sahara စသည့် ဇာတ်ကားများ မှာ တူနီးရှား နိုင်ငံတွင်
ရိုက်ကူးခဲ့ခြင်းဖြစ်သည်။
အာဖရိက နှင့် အာရပ်ကမ္ဘာ မှ လွဲ၍ အခြား နိုင်ငံများ တွင် မူ တူနီးရှား နိုင်ငံ သည် လူသိများခြင်း သိပ်မရှိသည့်မြောက်အာဖရိက နိုင်ငံတစ်ခု ဖြစ်သည်။ ကာသေ့ ယဉ်ကျေးမှု ၏
ဘူမိနက်သန် နေရာ ဖြစ်သောကြောင့်ယခုတိုင် ကာသေ့မြို့ ပြ နိုင်ငံ ၏ ယဉ်ကျေးမှု အမွေ အနှစ် များ ကို ယူနက် စကို ၏ စောင့်ရှောက်မှု ဖြင့်တွေ့ ရှိနိုင်သည်။ နိုင်ငံသာ ငယ်သော်လည်း
ကာသေ့ မြို့ ပြ ယဉ်ကျေးမှု အမွေ အနှစ် များ ကို ရှုမျှော်မဆုံးတွေ့ နိုင်သည်။
ဘီစီ ၁၁၀၀ တွင် ဖိုနီးရှန်း လူမျိုး တို့  အာဖရိက မြောက် ပိုင်း တွင် အခြေချ ခဲ့ရာမှ ကာသေ့ မြို့ ပြ နိုင်ငံ
များ ပေါ်ပေါက် လာခြင်း ဖြစ်သည်။ ဘီစီ ၁၄၆ တွင် ရောမ တို့ ကျူးကျော်ခံရပြီး နောက် နာမည် ကျော်
တတိယ ပြူးနစ် စစ်ပွဲ (Battle of Carthage ၁၄၉ ဘီစီ ) ဖြစ်ပွားပြီးနောက် ကာသေ့ တို့ ၏ အဆောက်အဦများယဉ်ကျေးမှု များ မှာ ရောမ အင်ပါယာ လက်အောက် ကျရောက် ကာ
ဖျက်ဆီးခြင်း ခံခဲ့ရသည်။
ရောမခောတ် မတိုင်မှီက နိုင်းမြစ်ဝှမ်း နှင့် မြေထဲပင် လယ်အကြား နေထိုင်ပြီး အာဖရိက မြောက် ပိုင်း
တွင် ကျင်လည်ကျက်စားသည့် ဘာဘာလူမျိုး တို့ သည် ယခု တူနီရှန်း တို့ ၏ ဘိုးဘေးဘီဘင်များ ဖြစ်
သည်။ (ပြင်သစ်ဘောလုံးသမား ဇီဒန်း သည် ဘာဘာ လူမျိုး ဖြစ်သည်)
ခရစ် သက္ကရာဇ် ၆၀၀ တွင် အာရပ် တို့  တူနီးရှား ကို သိမ်းသွင်း ပြီး နောက် ဘာဘာ တို့ ကစဉ့် ကလျှား
ဖြစ်သွား ခဲ့ရပြန် သည်။ ၁၆၀၀ တွင် အော်တိုမန် အင်ပါယာ လက်အောက် သို့ ကျရောက်သွား ခဲ့သည်။
၁၈၈၃ ခုနှစ် တွင် ပြင်သစ် တို့ က တူနီရှား နိုင်ငံ ကို သိမ်း ပိုက် ခဲ့သည်။ ၁၉၃၄ ခုနှစ် တွင် ဟာဘစ် ဘိုဂီ
ဘာက နီယို ဒေါ်စတာ ပါတီ ကို တည်ထောင်ပြီး တူနီးရှား နိုင်ငံ အား ပြင်သစ် လက်အောက်မှ လွတ်မြောက်ရန် ကြိုးပမ်းခဲ့သည်။
၁၉၅၆ ခုနှစ် မတ်လ ၂၀ ရက်နေ့ တွင် တူနီရှား နိုင်ငံ လွတ်လပ်ရေး ရရှိ ခဲ့သည်။ လွှတ်လပ်ရေး ကြိုးပမ်းမှု၏ ခေါင်းဆောင် ဟာဘစ် ဘိုဂီ ဘာ က ၀န်ကြီးချုပ် အဖြစ် တာဝန် ယူသည် ။
နောက် တစ်နှစ် တွင် ဘုရင် စနစ်ကို ဖျက်သိမ်း ပြီးနောက် ဘိုဂီဘာ သမ္မတ ဖြစ်လာသည်။]
၁၉၈၀ ပြည့်လွန် နှစ် များ တွင် PLO အပါအ၀င် ပါလက် စတိုင်း လွတ်မြောက်ရေး အဖွဲ့ အစည်းများကို
ပါလက်စတိုင်း တွင် အခြေစိုက် ခွင့်ပေးသည်။ ပါလက်စတိုင်း ခေါင်းဆောင် ယာဇာ အာရဖတ် သည် သည်
တူနီးရှား တွင် နှစ်အတန်ကြာနေထိုင် ခဲ့သည်။
၁၉၈၅ တွင် အစ္စရေး ကွန်မန် ဒို များက မြို့ တော် တူနစ် ရှိ ပါလက်စတိုင်း လွတ်မြောက်ရေး အဖွဲ့ (PLO) ဌာနချုပ် ကို ၀င်ရောက် စီးနင်းရာ လူခြောက်ဆယ် ကျော် သေဆုံး ခဲ့သည်။
၁၉၈၇ ခုနှစ်တွင် ၀န်ကြီး ချုပ် ဘင်အလီ က သမ္မတ ဖြစ် သူ ဟာဘစ် ဘိုဂါဘီ သည်
နိုင်ငံ ကို အုပ်ချုပ် နိုင်စွမ်းမရှိတော့ ဟု အကြောင်းပြကာ အာဏာသိမ်းယူခဲ့သည်။
၂၀၀၀ ပြည့်နှစ် နောက် ပိုင်း တွင် အမေရိကန် ၏ အကြမ်းဖက် တိုက်ဖျက်ရေး စစ်ပွဲဉ် အမေရိကန် လေယာဉ်များ ဆင်းသက်ခွင့် ကို တူနီရှား နိုင်ငံတွင် ခွင့်ပြုထားပြီး အမေရိကန် နှင့်
ဆက်ဆံရေးကောင်း
ခဲ့သည်။
တူနီရှား အစိုးရသည် သတင်းစာ ဆရာ တော်ဖစ် ဘန် ဘရခ် အပါအ၀င် သတင်းစာဆရာ ရှစ်ဦး ခန့် ကို
ထောင်သွင်း အကျဉ်းချထား ခဲ့သည်။ တူနီရှား အစိုးရ ၏ လူ့ အခွင့်အရေး ချိုးဖောက်မှု များ နှင့် အစိုးရက အကျင့် ပျက် ချစားခြင်း ကို အမေရိကန်က လစ်လျူရှုထားသည် ဟု ဝေဖန် မှု
များ ရှိခဲ့သည်။
၂၀၀၉ ခုနှစ် တွင် ဘင်အလီ သည် ငါးကြိမ်မြောက် သမ္မတ အဖြစ် အရွေးခံရပြီးနောက် ပြည်သူတို့ မကျေနပ်မှုများ စတင်ခဲ့သည်။
တူနီးရှား နိုင်ငံ၏ ယဉ်ကျေးမှု
အနောက်ယဉ်ကျေးမှု ကို နိုင်ငံတွင်း ခွင့်ပြုထား သည် တစ်ခုတည်းသော အရပ်နိုင်ငံဖြစ်သည့် တူနီရှားတွင်အမျိုးသမီးများ မှ အစ္စလာမ် ဘာသာဝင်တို့ ၏ ဓလေ့ဖြစ်သည့် ဘာကာ ခေါ်
မျက်နှာဖုံးများ တပ်ဆင်ရခြင်းမရှိပါ။ မြေထဲပင်လယ် ကမ်းခြေ အာဖရိက နိုင်ငံငယ်လေးသည် ဥရောပ နိုင်ငံများ နှင့် မခြား လူမှု ရေး လွတ်လပ်မှု ရှိသည်။ ပြင်သစ် ဘောလုံး
အကျော်အမော် ဘားသက်ဇ် ၊ ဖက်ရှင် အကျော်အမော် ဒိုနာတယ်လာဗက်ဆက်ချီ တို့  ၏ ဇိမ်ခံ အိမ် အကောင်းစားများ လည်း တူနီရှားတွင်ရှိသည်။
သို့ သော် …….နိုင်ငံရေး၊စီးပွားရေး များ ကတော့ လွတ်လပ်မှုမရှိ ၊ နိုင်ငံအာဏာကို ၁၉၈၇ ခုနှစ် ကတည်းကအာဏာသိမ်းပြီး ရယူလာသည့် သမ္မတ ဇင်အယ် အဘီဒင်း ဘင်အလီ က
အုပ်ချုပ်သည်။ ဘင်အလီ သည်တူနီရှား နိုင်ငံကို ပြင်သစ် ကိုလိုနီ လက်အောက်မှ လွတ်မြောက်အောင် တိုက်ပွဲဝင်ခဲ့သူ သမ္မတ ဟာဘစ်ဘော်ဂီဘာ ကို ဖြုတ်ချပြီး အာဏာသိမ်း ခဲ့သူ
ဖြစ်သည်။ အာဏာရပြီးနောက် တွင် ၎င်း၏ အာဏာကို တည်မြဲ အောင် လုပ်ပြီး အတိုက်အခံများ ကို ဖမ်းဆီးထောင်ချခြင်း များ ပြုလုပ်သည်။ နောက်ပိုင်းတွင် သတင်းစာဆရာများ ၊
ဘလောက်ဂါများ၊ ပညာရှင်များ ကိုပါ ဖမ်းဆီး ထောင်ချခဲ့သည်။
၂၀၀၉ ခုနှစ် နောက်ပိုင်းတွင် နိုင်ငံတွင်း လွတ်လပ်စွာပြောဆိုခွင့်များ ကို ပိုမို ချုပ်ချယ်ကန့် သတ်လာသည်။ဘလောက်ဂါ များ ကို ဖမ်းဆီးထောင် ချခဲ့ပြီး နှိပ်စက် ညှင်းပန်း မှု များ
ပြုလာခဲ့သည်။ တူနီရှား အစိုးရ အဖွဲ့ သည် လာဘ်စားမှု များ မှ ပိုမိုဆိုးရွားလာပြီး ၂၀၀၉ ခုနှစ်တွင် ဘင်အလီ ၏ ဇနီးဖြစ်သူ လိုင်လာ ဘင်အလီက ဆွစ်ဘဏ် နှင့် ဂျာမဏီ ဘဏ် တို့ တွင်
ဒေါ်လာ သိန်း ၈၀၀ ကျော်
အပ်နှံ ခဲ့သည် ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။
တူနီရှား နိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ရောဘတ် ဂိုဒက် က တူနီရှား သမ္မတ ဘင်အလီ ၏ ဆွေမျိုးမိသား စု ကို “ကွေဇိုင်း မာဖီးယား” ဟုခေါ်ဆို ခဲ့သည်။ ဘင်အလီ ၏ ပထမ
အိမ်ထောင် မှ သားသမီး များ သည်တူနီရှား နိုင်ငံ၏ ပင်လယ်ကမ်းခြေ များ တွင် ဟိုတယ် နှင့် ရီဆော့ များ ကို ပိုင်ဆိုင်သည်။ ၎င်း ၏ ယောက်ဖ ဆခ်ခါ မာတာရီ သည် ဇိုင်တိုနာ ရေဒီ ယို
နှင့် ရုပ်သံ ကို ပိုင်သည်။ ဘင်အလီ ၏ ဆွေ မျိုး များ သည် တူနီးရှားနိုင်ငံ တွင် အဖိုးတန် အိမ်များ အလုံး ၁၀၀ ထက်မနည်း ပိုင်ဆိုင်ပြီး နိုင်ငံ၏ အိမ်ခြံမြေ လုပ်ငန်း ကို လက်ဝယ်ကြီး
လုပ်ထား သည်။ မြို့ တော် တူနစ် ရှိ ကာသေ့ နိုင်ငံတကာ ကျောင်း ကို ဘယ်(လ)ဂျီယန် ကုမ္ပဏီ တစ်ခုသို့  ဒေါ်လာ တစ်သန်း ခွဲ ဖြင့်ရောင်း ချသည်။
ဘင်အလီ၏ ယောက်ဖ တစ်ဦး သည် ဗဟိုဘဏ် ၏ ရှယ်ယာ အများစု ကို ပိုင်ဆိုင်ပြီး ကိုယ်ပိုင်
ဘဏ် တစ်ခု ရှိကာ ဆွစ်ဇာလန် နိုင်ငံ ရိုဒူဟွန် တွင် ဒေါ်လာ လေးသန်းကျော်တန် အိမ် နှင့်
ကိုယ်ပိုင် ပြင်သစ် လုပ် Falcon 9000 Jet လေယာဉ် တစ်စီးရှိသည်။
တူနီရှား ပြည်သူများ မှာ ၂၀၀၈ ခုနှစ် အမေရိကန် စီးပွားပျက်ကပ် ဂယက်ကြောင့် အလုပ်အကိုင် များ ရှားပါးလာပြီး ပို၍ ဆင်းရဲ တွင်း နက်လာကြသည်။ တိုင်းသူ ပြည်သား များ မှာ
ဆင်းရဲ တွင်း နက်သော်
လည်း ဘင်အလီ နှင့် မိသားစုက အနောက်တိုင်း သံတမန် များ ကို ပြင်သစ် နိုင်ငံ မှ မှာ ယူထား သည့်
ဝိုင် အကောင်းစား များ ဖြင့် တည်ခင်း ဧည့်ခံသည်။ သံအမတ် များ က လည်း အလွန် သဘောကျသည်
ပြင်သစ် နိုင်ငံခြား ရေး ၀န်ထမ်း များ ဆို လျှင် တူနီရှား နိုင်ငံတွင် သံဝန်ထမ်း အဖြစ် စေလွှတ်ခြင်း ခံရ
လျှင် အလွန် သဘောကျသည်။
အုံကြွှမှု ၏ နိဒါန်း
၂၀၁၀ ခုနှစ် ဒီဇင်ဘာ လ ၁၇ ရက်နေ့ တွင် အသက် ၂၆ နှစ် အရွယ် မိုဟာမက် ဘူဇာဇီ မိမိကိုယ်
ကို မီးရှို့ ဆန္ဒပြ သည့် ပြည်သူ တို့ ၏ ဒေါသ သည် ဘူဇာဇီ ၏ ကိုယ်ပေါ်မှ မီးတောက် ကဲ့ သို့ ဟုန်း
ကနဲ တောက်လောင်သည်။
ထိုနေ့ တွင် ပင် ဘူဇာဇီ မီးရှို့ ဆန္ဒပြသည့် ဓာတ်ပုံများ ၊ ဗီဒီယို များ အား တူနီရှန်း ဘလောက်များ တွင်
ဖော်ပြထားသောကြောင့် အခြား မြို့ များ တွင် လည်း ပြည်သူများ က မော်တော်ကား တာယာများ ကို
မီးရှို့ ပြီး ဆန္ဒပြကြသည်။
မီးရှို့ ဆန္ဒပြမှု ဖြစ်ပေါ်ပြီးနောက် ဆစ်ဒီ ဘိုဇီ မြို့ ငယ်လေး တွင် လူ ၄၀ ကျော်မှ စတင်ကာ လမ်းပေါ်ထွက်
ဆန္ဒပြမှု စတင်ပြီး နောက် အခြား မြို့ များ သို့ ကူးစက် သွားခဲ့သည်။
ပြည်သူ တို့ ၏ တောင်းဆိုမှု မှာ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေး ဖြစ်သည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့ တွင် အစိုးရ အဖွဲ့ မှ ဖွံ့ ဖြိုးရေးဝန်ကြီး က ဆစ်ဒီ


ဘိုဇီ မြို့ ငယ် သို့ သွားရောက်၍ အလုပ်အကိုင် နေရာများ အတွက် ဒေါ်လာ ၁၀ သန်း အကုန် အကျခံကာဖန်တီးပေးမည် ဟု စီစဉ် ခဲ့သော်
လည်း ဆန္ဒပြမှု များ မှာ အခြား တူနီးရှား မြို့ များ ဆီ သို့ ကူးစက် သွားသည်။
ဒီဇင်ဘာ လ ၂၁ ရက်နေ့ တွင် အသက် ၂၂ အရွယ်ရှိ လူငယ် တစ်ဦးက မိမိ ကိုယ်ကို သတ်သေ ဆန္ဒပြမှု ထပ်မံ ပေါ်ပေါက် ခဲ့ပြီးနောက် တွင် တူနီးရှား တောင်ပိုင်း မြို့ များ သို့ ပါ ဆန္ဒပြမှု
စတင် ကူးစက်သည်။
နိုင်ငံအလယ် ပိုင်း ရှိ မြို့ တစ် ခု ဖြစ်သော မန်ဇယ် ဘိုဇီယန်း တွင် အသက် ၁၈ နှစ် အရွယ် ဆန္ဒပြသူ မိုဟာ
မက် အာမာရီ ကို ရဲတပ်ဖွဲ့ က ပစ်သတ် ခဲ့ပြီး အသက် ၄၄ နှစ် အရွယ်ရှိ ချောကီ အယ်ဟာဇီ ကို လည်း ပစ်
သတ် ခဲ့သည်။
အစိုးရ ၊လုံခြုံရေး အဖွဲ့ များ နှင့် ဒေသခံ အာဏာပိုင် များက ဆန္ဒပြသူများ သည် တိုင်းပြည် စီးပွားရေး ကို
အထိနာ အောင် လုပ်သူများ ဖြစ်သောကြောင့် ဖြို ခွဲ မှု များ ပြုလုပ် မည် ဟု သတိပေးကာ ပစ်ခတ်မှုများ
ပြုလုပ် သော်လည်း ကျောင်းသား များ ၊ ရှေ့ နေ များ နှင့် အတိုက် အခံ ခေါင်းဆောင် များ က ဦးဆောင်ပြီး
ဆန္ဒပြ သောကြောင့် ပြည်သူများ ပါဝင်လာရာ လူထု အုံကြွှမှု အသွင် ဆောင်လာခဲ့သည်။
ခရစ္စမတ် နေ့ တွင် တူနီးရှား နိုင်ငံ၏ အကြီးဆုံးသောအတိုက် အခံပါတီ ဖြစ်သည့် Progressive DemocraticParty မှ ခေါင်းဆောင် များ က ဦးဆောင်ပြီး လမ်းပေါ်ထွက် ပြီး ဆန္ဒပြကြရာ
ပြည်သူများ က အားတက်လာပြီးဆစ်ဖစ် မြို့ တွင် ဆန္ဒပြသူများက ရဲများ ၏ သေနတ်များ ကို ၀င်ရောက်လုကြသည်။
အခြား မြို့ ငယ်များ တွင် မူ စစ်တပ် နှင့် လုံခြုံရေး အဖွဲ့ များ ကို ပြန်လည် ပစ်ခတ်ကြရာ လက်နက်ကိုင် အဖွဲ့ များက ပြန်လည် ပစ်ခတ်သော် လည်း ဆန္ဒပြမှု များ က နေ့ ရော ညပါ
အားကောင်းလာသည်။
အပိုင်း ၂ ၏ ဒုတိယ ပိုင်း ကို ယ နေ့ ည စောင့်မျှော် ဖတ်ရှုပါ။
ကိုးကား၊ အယ်(လ)ဂျာဇီးယား၊ ဘီဘီစီ၊ ဂါဒီးယန်း၊ ၀ီကီပီဒီးယား ၊ ၀ီကီလိခ် ၊ အာရပ်
နှင့် တူနီးရှား ဘလောက်များ
http://freedomnewsgroup.com/

ဒေါ်အောင်ဆန်းစုကြည် အင်တာနက် ရပြီ


Kyodo သတင်းဌာန
ဇန်န၀ါရီ ၂၀၊ ၂၀၁၁

(photo - AP on Dec 7, 2010)


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် အင်တာနက် တရားဝင် တပ်ဆင်ခွင့် ရပြီဟု သူ၏ လုံခြုံရေးအရာရှိ ဦးဝင်းထိန်က ကျိုဒို သတင်းဌာနကို ယနေ့
ပြောသည်။
အစိုးရ၏ အင်တာနက်ဌာန ရတနာပုံ တယ်လီပို့ ၀န်ထမ်းများက နေအိမ်သို့ လာရောက်ပြီး တပ်ဆင်ပေးခြင်းဖြစ်သည်ဟု ဆိုသည်။
မကြာသေးမီက ပေါ်ပေါက်လာသည့် ဆက်သွယ်ရေးဌာန၏ နောက်ဆုံးပေါ် အင်တာနက်လိုင်း ''McWill'' (MULTI Carrier Wireless Local Loop) ဖြစ်ကြောင်း၊
ဒေါ်အောင်ဆန်းစုကြည်အိမ်တွင် တပ်ဆင်သည့် အင်တာနက်လိုင်း နံပတ်မှာ ၀၀၀၀၁ ဖြစ်ကြောင်း၊ ထိုနံပါပတ်ကြောင့် McWill အင်တာနက်ကို ပထမဆုံး တပ်ဆင်ခွင့် ရသူမှာ
ဒေါ်အောင်ဆန်းစုကြည်ဖြစ်သည်ဟု အဓိပ္ပာယ် ရကြောင်း ဦးဝင်းထိန်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် အင်တာနက် စမ်းသပ် သုံးစွဲခြင်း ရှိမရှိ မေးမြန်းရာ ယခု ချောင်းဆိုးသဖြင့် နေထိုင်မကောင်းကြောင်း၊ သက်သာလာမှ သုံးမည် ဖြစ်ကြောင်း ဦးဝင်းထိန်က
ဖြေကြားသည်။
ပြီးခဲ့သည့်နှစ်က ထိန်းသိမ်းခံရမှုမှ ပြန်လွတ်လာစဉ် အင်တာနက် သုံးခွင့် လျှောက်လွှာတင်ခဲ့သော်လည်း စက်ပိုင်းဆိုင်ရာ အကြောင်းပြချက်ဖြင့် ငြင်းပယ်ခံရသည်။
McWill အင်တာနက်လိုင်းအတွက် ၆ သိန်း ၁ သောင်း (ဒေါ်လာ ၇၂၀ ခန့်) ပေးသွင်းရသည်။ တနာရီအသုံးပြုခ ဒဿမ ၅ ဒေါ်လာခန့် ကျသင့်သည်ဟု ဆိုသည်။

ကြယ်တွေကောက်နေသူ
မောင်လွမ်းဏီ
ဇန်နဝါရီ ၁၉၊ ၂၀၁၁

ဟေမန္တဆောင်းတွေက
နွေထနောင်းရဲ့
ရွက်ပျိုတွေကို ကြွေဆင်းစေသတဲ့လား။

အခါမဲ့မိုးနဲ့ 
ငိုချင်းတွေရဲ့ ချိုးကူသံကရော
လွမ်းသံနှောလေသလား သမီး ယမုံ။

ရိုးသား ရောင့်ရဲ၊ ရင့်ကျက် ရဲရင့်


ရဲဘော်စိတ်ဓာတ်၊ မြင့်မြတ်ခြင်းတွေ
အမွေနှင်းအပ်၊ လက်ထပ်သင်ပေးခဲ့တယ်နော်
သား ဝသုန်သော်၊ တနေ့သော်
ဓားတောင်ကိုကျော် မီးပင်လယ်ကို ဖြတ်ရမှာ။

အနာဂတ်မှော်ရုံတော
သမီးထွေး နဒီသော် ရေ၊
အဖေ့ခေါ်သံ၊ သံလွင်မြစ်ကြောင်း
ဒေါင်းအိုးဝေသံ
ခံစားစီးဆင်းရစ်ပေတော့။

အိပ်မက်တွေအောက်
မိုးသောက်အိမ်လို
လင်းလက်ပျိုမျစ်၊ မြစ်သံလွင်ပေါ်
ရဲဘော် သော်ဇင်၊ ကိုသန်းလွင် တယောက်
ကြယ်တွေကောက်နေလောက်ရောပေါ့။ ။

မောင်လွမ်းဏီ
၁၈ - ၁ - ၂၀၁၁
ယနေ့ ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ကျဆုံးသွားသော ကျောင်းသားတပ်မတော်မှ ရဲဘော် သန်းလွင် ခေါ် သော်ဇင် ကောင်းရာသုဂတိလားပါစေ။

KRTV, KRT , KRTV4 သို့ ဖတ်စာ။


မိုင်အကယ်ဒမီစိန်
ဇန်န၀ါရီ ၁၉ ၊ ၂၀၁၁
မြန်မာ့ရုပ်မြင်သံကြားက အမည်များကို K for Korear။ KR for Korea လို့ ပြောင်းပြီးတော့ KRTV, KRTV4, KRT လို့ ပြောင်းခေါ်လိုက်ပါတော့လား။ မြန်မာ့ရုပ်မြင်သံကြား၊ မြ၀တီ
မဟုတ်တော့ပါဘူး။ M for Military လို့ အစတုန်းက ရေးဖူးသား။ အခုတော့ စစ်တပ်တောင် မဟုတ်တော့ဘဲ။ ကိုရီးယားရုပ်မြင်သံကြားဘ၀ ပြောင်းသွားပါပြီ။ ဘာကြောင့်လဲ ဆိုတာတော့
အထူးရှင်းမနေတော့ဘူးခင်ဗျ။ လက်ညောင်းလို့ပါ။

အော်… ကိုရီးယားကားများ ပြလှချည် အောက်မေ့နေတယ်။ ကိုရီးယားကားထဲက စစ်မှုထမ်းကားတွေ ပြလှချည့် အောက်မေ့နေတယ်။ လက်စသတ်တော့ မြန်မာပြည်ကသူတွေကို
စစ်မူထမ်းခိုင်းမလို့ အားကျအောင် ပြနေတာကိုးခင်ဗျ။
မင်းသားမင်းသမီးလေးတွေ လှလှချောချောလေးတွေ စစ်မူထမ်းအ၀တ်အစားလေးတွေ ၀တ်ပြ သရုပ်ဆောင်ပြနေတာ ကြည့်ကောင်းကောင်းနဲ့ ကြည့်နေတာ။ အမယ်လေးဗျား။ အခုမှ
အိမ်ပေါ်တက်ပြီး ဂုတ်က ဆွဲချတော့မှ ရိပ်မိတော့တယ်။ ဒီ ဥပဒေပြဌာန်းကြောင်းကို ဘီဘီစီတို့ ဗီအိုအေတို့ကနေ စ သိလာရတာပါ။ ဒီတော့ ဒါကို ၀မ်းသာအားရ အားကျမခံ
ကြိုဆိုလိုက်ကြမယ် ဆိုရင်တော့ စစ်အစိုးရရဲ့ လက်ထဲ တိုးဝင်ဖို့သာ ရှိပေတော့တယ်။
ဒါကိုလက်တို့ပြီး စစ်မူထမ်းဖို့ ပျော်နေကြမှာပဲလို့ စစ်အစိုးရက ထင်နေပုံရပါတယ်။ ကိုယ့်ကိုယ်ကို ကိုရီးယားမင်းသား မင်းသမီးလေးတွေလို မြင်ယောင်ပြီး ဟုတ်ပြီပေါ့လေ။
တော်ပါပေတယ် … စစ်အစိုးရရေလို့သာ ပြောပါတော့မယ်။
ဒါတွေသာ ကြည့်မထားမိရင် နည်းနည်းတော့ တုန်လှူပ်သွားကြမယ့် အခြေအနေပါ။ သို့သော် ကိုရီးယားကားများထဲမှာ တွေ့တွေ့ နေတော့လည်း… မျက်စိယဉ် နားယဉ်ပြီး …အင်း …
မိုက်တယ်ကွ ပေါ့ခင်ဗျ။
ကိုရီးယားကားများကို ၀ါဒဖြန့်ဖို့ အသုံးချနေတယ် ဆိုတာ ရှင်းပါတယ်။ အဲဒီအတွက် ရည်ရွယ်ပြနေတယ် ဆိုသော်လည်း သူတို့ရဲ့အနုပညာကိုတော့ မြန်မာပရိသတ်များက အားပေးနှစ်ခြိုက်
နေကြပါတယ်။
မြန်မာမင်းသားမင်းသမီးများ ရိုက်တဲ့မြန်မာကားများ ဗီဒီယိုများကို မကြိုက်ကြတော့ဘူး။ အဲဒါ ဘာကြောင့်လို့ ထင်ပါသလဲ။
အနုပညာမပါတော့လို့ ပါပဲ။ သူတို့ရဲ့ မျက်နှာအမူအယာများကို ကြည့်လိုက်တိုင်းမှာ ဇာတ်လမ်းအပေါ်မှာ နှစ်ဝင်မှု၊ စီးဆင်းမှု ဘာမှ မရှိတော့ဘဲနဲ့ သူတို့ရဲ့ အခန်းကို ဟန်လုပ်ပြီး
သရုပ်ဆောင်နေကြတာများ ဖြစ်သွားလို့ပဲ ဖြစ်ပါတယ်။ ဟန်က များနေတယ် ခင်ဗျ။ စကားလုံးများမှာလည်း အသက်မရှိတော့ဘူး။ အံ့သြတာ ငိုတာ ရယ်တာများ ဟန်တွေများနေလို့
စိတ်ညစ်ရပါတယ်။
ကိုရီးယားကားများ ကျတော့ ကလေးသရုပ်ဆောင်က အစ ခံစားချက်အပြည့်နဲ့ လိုပဲ။ အဲသည်လို ကွာကုန်ပါပြီ။ တော်တော်လေးကို ကျဆင်းသွားတဲ့ အခြေအနေပါ။
နောက်တချက်ကတော့ ပရိသတ်အားပေးမှုပါပဲ။ ပရိသတ်ရဲ့ အားပေးမှုကို ကိုရီးယားကားများ အပြည့်အ၀ ရပါတယ်။
ပရိသတ် အားမပေးတော့တာ မြန်မာကားများ ဖြစ်သွားပါတယ်။ ဒီတော့ ယခုခေတ်ရဲ့ နိုင်ငံရေးတော့ မသိပေမယ့် ရုပ်ရှင်ဗီဒီယိုအရေးအခင်းမှာတော့ ပရိသတ်ရဲ့အခန်းကဏ္ဍဆိုတဲ့ ပေတံနဲ့
တိုင်းတာလိုက်ရင် ထင်ရှားစွာ အဖြပေါ်နေပါပြီ။ ပရိသတ်ကို ညာလို့ မရဘူး ခင်ဗျ။
အဲသည်လိုပဲ နိုင်ငံရေးမှာလည်း အဖြေတခု ပေါ်လာဖို့ တော့ လိုပါတယ်။ (ပရိသတ်ကို ညာလို့ မရဘူး ခင်ဗျ)
ကိုရီးယားမင်းသား မင်းသမီးများက မြန်မာ့ရုပ်မြင်သံကြားမှာ ကြီးမားကျယ်ပြန့်တဲ့ အခန်းကဏ္ဍမှာ ပါဝင်ကပြနေကြတဲ့အချိန်မှာတော့ မြန်မာမင်းသား မင်းသမီးများဘ၀၊
မြန်မာအဆိုတော်များဘ၀ကတော့ ကြော်ငြာများ၊ ပရက်ဇင်တာများ၊ ကုန်ပစ္စည်းကြော်ငြာများအဖြစ်နဲ့ ရုပ်မြင်သံကြားများမှာ အားဖြည့် ပါဝင်နေကြပါတယ်။
အဲ … မထူးပါဘူး။ သတင်းပါ ကြေညာခိုင်းလိုက်ရင် ကောင်းမယ်။ ဒါဆို သတင်းကြည့်တဲ့ ပရိသတ်တွေ တိုးလာမှာ ခင်ဗျ။ မင်္ဂလာဆောင်တာ အိမ်သာတက်တာတွေ ရုပ်မြင်မှာ တင်နေတဲ့
တိုင်းပြည်ဆိုတော့ သိပ်လည်း မထူးတော့ပါဘူး။ မြန်မာသရုပ်ဆောင်တွေ လွှတ်တော်ထဲသာ ပို့ပြီး သီချင်းဆိုခိုင်း၊ ရတုပိုဒ်စုံတွေ ဖတ်ခိုင်းလိုက်ပါ ခင်ဗျား။
မြန်မာပြည် လူဦးရေ သန်းပေါင်း ၃၈ သန်း ရှိပေမယ့် ပရိသတ် ၃၇ သန်း မရှိတဲ့ အကယ်ဒမီပေးပွဲကြီးလည်း မကြာခင် ပြီးမြောက် အောင်မြင်ပါတော့မယ် ခင်ဗျား။
အဲ … ပွဲမတက်ရတဲ့ ၃၇သန်းခင်ဗျာမှာလည်း ရုပ်မြင်သံကြားကနေ သွယ်ဝိုက်သောနည်းနဲ့ အားပေးနေကြကြောင်းပါ … …
(သရုပ်ဖော် - အကယ်ဒမီပွဲ ဖိတ်စာ မိတ္တူပါ။ ဟို ကိုရီးယားက မင်းသားလေး (မြောက်ကိုရီးယားပြောတာဟဲ)့ ကို ဖိတ်တဲ့ ဖိတ်စာကို စာတိုက်က ခိုးပြီး မိုးမခမှာ တင်ပြလိုက်တာပါ)

ဧရာဝတီကို လည်ပင်းညစ်၊ အဆိတ်ခတ်ပြီ


အဝေးကြည့်မှန်ပြောင်း (ရန်ကုန)်
ဇန်န၀ါရီ ၁၉၊ ၂၀၁၁

News Watch ဂျာနယ် (ဇန်န၀ါရီ ၁၂)


သက်ရှည်ကျန်းမာ
ကမ္ဘာအရပ်ရပ်မှာ အသက်ရှည်သူတွေ စံချိန်တင်နေကြတာ နေ့စဉ်နဲ့အမျှ စာနယ်ဇင်းတွေထဲမှာ ဖတ်နေကြရမှာပါ..။ ရာကျော် ဖိုးဖိုးတွေ ဖွားဖွား တွေ များမှများဘဲ..။ တခုတော့ရှိတယ်..
မောင်နှမတွေ အုပ်စုလိုက် သက်ရှည်ကျန်းမာစွာ ရှိကြတယ် လို့တော့ သိတ်တွေ့ဘူးကြမယ်မထင်ဘူး။ ကြည့်ပါဦးဗျာ .. တပျော်တပါးကြီးခင်ဗျ.. မောင်နှမတွေ။ သတင်းကောင်းပါပဲ။

ဘယ်ဒေသကလဲ ဆိုတာတော့ မပါဘူး။ လက်ရှိ နဲ့ အနာဂတ်


စာနယ်ဇင်း
လူထုဦးစိန်ဝင်းခမြာ သတင်းစာတွေကို ဟောသလို မျှော်နေပါပြီ..။ ကိုယ်တို့လဲ ပါပါတယ်.. မျှော်တဲ့ထဲလေ.. ကျ မကျန်ရစ်အောင် ကဗျာကယာ ပါလိုက်ရပါတယ် ခင်ဗျ..။

Envoy ဂျာနယ် (ဇန်န၀ါရီ ၁၃)


ဧရာဝတီကို လည်ပင်းညစ်၊ အဆိတ်ခတ်ပြီ
ချီဗွေ ရေကာတာစီမံကိန်းတဲ.့ . လျှပ်စစ် အများကြီးထွက်မဲ့နေရာ လို့ဆိုတယ်.. ထွက်သမျှ ကိုယ်တို့အတွက်လား ဆိုတာတော့ ရှင်းမထားဘူး။ လောလောဆယ် ပေါက်ဖေါ်ကြီးတွေ
မြစ်ရိုးတလျှောက် အသေအလဲ ရွှေကျင်နေကြ တာများ မြင်မကောင်း ရှုမကောင်း၊ တိုင်းရင်းသားတွေ ကပ်လို့တောင် မရဘူးတဲ.့ .။
တခါ ရွှေကျင်ပြီးတဲ့အခါ ရလာတဲ့ အရောအနှော တွေထဲက ရွှေကို ဖမ်းနိုင်ဖို့ ပြဒါး သုံးရပါတယ်တဲ့ ခင်ဗျာ..။ ဧရာဝတီ ဆိုတာ မြန်မာနိုင်ငံကို ဒေါင်လိုက်ဖြတ် နေတဲ့ အရှည်ဆုံးမြစ်..
ဘယ်လောက်များ အဆိပ် ဖြစ်လိုက်မလဲ တွေးကြည့်။ အစိုးရမင်းများ စကားတင်းဆိုချင်ပြီ ဆိုရင် ရွှေကျင်တဲ့အကြောင်းများ ဘယ်တော့မှ သတင်းမဖြစ်.. တူးတဲ့ အကြောင်းလောက်သာ
အရင်းအမြစ် သဘောထားနေတတ်တာ. ကလား..။
တွဲလျက်ပါလာတဲ့ ရွှေတူးသူများ သဘာဝ ပတ်ဝန်းကျင် မထိခိုက်အောင် ဆောင်ရွက်သင့် ဆိုတဲ့ News Watch ဂျာနယ် သတင်းလေးပါ တွဲဖတ်ကြည့်ရင် သိသာပါတယ်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တွေ သတိနဲ့စောင့်ကြည့်ရုံနဲ့ မပြီးတော့ဘူးထင်ပါတယ်။ မိအေးနှစ်ခါနာတော့ ဖြစ်နေပြီ..။ ဖတ်ကြည့်ပြီး တခုခု လုပ်ကြပါဦးလို့
မေတ္တာရပ်ခံပါတယ်ဗျို့..။

Messenger ဂျာနယ် (ဇန်န၀ါရီ ၁၃)


ခက်ခက်ခဲခဲ လုပ်ရမယ့် မင်္ဂလာပွဲ ဆိုပဲ
တလောဆီက မိဘနဲ့စိတ်ဆိုးလို့ဆိုတဲ့ မျိုးစန္ဒီကျော်ပါ..။ မင်္ဂလာဆောင်တော့မယ်တ.ဲ့ .။ အမယ်.. သူတို့လေးတွေကလဲ မခေပေဘူး.. ရအောင် ဆွေမျိုးစပ်တာများ ချောလို့..
ဘယ်နှစ်ဝမ်းတွေကွဲတယ် ဆိုလား..။ မျက်စိလည်စရာပေမဲ့.. ပရိသတ်ကြိုက်တဲ့ ပူပူနွေးနွေး ဟော့(တ်)ဖြစ်တဲ့ သတင်းလေးမို့ ထည့်ပေးပါတယ်.. ဖတ်ကြည့်ပါဦး။

ရေလိုတဲ့ အင်းလေး
အင်းလေးကန်ကြီးကတော့ ကြည့်ရင်း ကြည့်ရင်း ကို ခမ်း.. လိုက်လာနေပါပြီ..။ တနိုင် တပိုင်နဲ့တော့ မရနိုင်လ.ှ . နိုင်ငံတော်က ကူမှ ဖြစ်တော့မှာ..။ သိတဲ့အတိုင်း.. နိုင်ငံရေးမှာ
အနိုင်နဲ့မတရားပိုင်း ဖို့က အဓိက ဖြစ်နေတဲ့ ဘုရင်ရူးကြီးက မလှုပ်ဘူးဗျ။ ကိုင်းဘယ့်နဲ့လုပ်ကြမတုန်း.. ပိုက်ဆံမရှိဘူး တဲ.့ .။

Good Health ဂျာနယ် (ဇန်န၀ါရီ ၁၃)


ပါနေကျလေးပါခင်ဗျာ.. ဖတ်လို့ အဆုံးမှာ.. ပြုံးကြရအောင်ပါ.. ။

နေပြည်တော်မှ ပေးသောစာ - ၁
ဘီရုမာ

ဇန်န၀ါရီ ၁၉၊ ၂၀၁၁

“---ခံရလွန်းလို့ သိပါတယ်။ မင်းခယောက်ျား၊ ကမ်းနားသစ်ပင်၊ မြန်မာပိုက်ဆံ လို့ ဆိုထားတယ် မဟုတ်လား---”


မိတ်ဆွေကြီး ကိုကျီး -
ကျန်းခံ့သာလို့ မာပါစဗျာ။ ခင်ဗျားတို့လို မြန်မာတနိုင်ငံလုံးကို ဒီမိုကရေစီ ရအောင် လုပ်မယ်၊ လွတ်လပ်ရေးရအောင် လုပ်မယ်လို့ ကြွေးကျော်ပြီး နိုင်ငံခြားမှာ သွားနေကြတဲ့ မိတ်ဆွေတွေ
အားလုံးကို သတိရနေမိတယ်ဗျာ။
ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်နဲ့ ဝိုင်းဖွြဲ့ပီး အရည်မရ၊ အဖတ်မရ ပြောမယ့်သူတွေဆိုလို့ ခင်ဗျားတို့ အုပ်စုပဲ ရှိတာကိုးဗျ။ ခုလည်း သတိရတယ် ဆိုကတည်းက ခင်ဗျားတို့ကို
ပြောစရာရှိ၊ ကလိကလိ ဖြစ်နေလို့ပေါ့ဗျာ။ မှတ်မိဦးမှာပေါ့ ကိုကျီး။ ရခိုင်ပြည်နယ်မှာ ဂီရိမုန်တိုင်း တိုက်တဲ့နေ့ကလေ အလံသစ် တင်တဲ့ပွဲတွေ ခြိမ့်ခြိမ့်သဲသဲ တိတ်တိတ်ကလေး
ကျင်းပခဲ့ကြတာကို ပြောတာပါ။ အဲဒီတုန်းကပေါ့ဗျာ။ ခင်ဗျားတို့ကြောင့် ကျုပ် ကောင်းကောင်း အထောင်းခံခဲ့ရတာပေါ့။ ခင်ဗျားတို့ ပြည်ပ မီဒီယာတွေကလည်း စွပ် နှိပ်ကြတော့
ကျုပ်လည်း တော်တော် ချောက်ကျခဲ့ရတာပဲဗျိုး။
အဲဒီ အလံသစ် တင်တုန်းကပေါ့ဗျာ။ ခင်ဗျားတို့ ပြည်ပမီဒီယာတွေက အဝေးကနေ မကြောက်ရတိုင်း နေ့တောင် မကူးဘူး အင်တာနက်တွေ၊ ရေဒီယိုတွေ၊ တီဗီတွေမှာ ဝိုင်း
တွယ်လိုက်ကြတာ တပတ်လောက် အသံမစဲ မဟာပဌာန်းပွဲကို ဖြစ်ရောပဲ။ အဲ… နောက်နေ့လည်း ကျရော… ကျုပ်ကို တပ်ချုပ်မင်းကြီးက တန်းခေါ်တော့တာပဲ ကိုကျီး။
ဘာအကြောင်းလဲ ဆိုတော့ အဲဒီအလံရဲ့ ဒီဇိုင်းကို ကျုပ်ကိုယ်တိုင် ရေးခဲ့လို့ပဲ ကိုကျီး။ ဒီလို ပြောလိုက်လို့ ခင်ဗျားတို့တတွေ အံ့ကြီးသြချင် သြကြပေလိမ့်မယ်။ တကယ်တော့ အဲဒီ
ဒီဇိုင်းက သူ့ဘေးနားက အခါတော်ပေး ရွှေရေးပန်းကန်တက် ပုဏ္ဏားတော်ကြီးရဲ့ အစီအမံ မဟုတ်ဘူး ကိုကျီး။ ပုဏ္ဏားကြီးက အာပဲ ရွှီးတတ်တာ၊ ပန်းချီဆိုလို့ မျဉ်းဖြောင့်အောင်တောင်
ပေတံနဲ့ ဆွဲတတ်တာ မဟုတ်တော့ သူ့ခေါင်းပေါ် ကျလာမယ့် တာဝန်ကို ဘော်လီဘော ပုတ်ထုတ်လိုက်တာပါ။ တိုင်းပြည်ရဲ့ နက္ခတ်အလိုအရ အလံသစ်ရဲ့ ဒီဇိုင်းကို စုတ်တံဆေးရေး
ကိုင်စွဲသူတွေ ရေးဆွဲမှ အထမြောက်မယ်လို့ ပုဏ္ဏားတော်က လွှဲချလျှောက်တင်လိုက်တာလေ။ အဲဒီမှာ နေပြည်တော် တနန်းတော်လုံးမှာရှိတဲ့ ကျုပ်တို့ ပန်းချီတော်၊ ဒီဇိုင်းတော်၊
ကာတွန်းတော်တွေ ခေါင်းပေါ် ကျတော့တာပေါ့ဗျာ။ အဲဒီ ပန်းချီတော်တွေ အားလုံးရဲ့ အလံဒီဇိုင်းတွေထဲကမှ ကျုပ်အလံဒီဇိုင်းကို ရွေးချယ်သွားခဲ့တာပဲပေါ့ ကိုကျီး။
ပထမတော့ ကျုပ်လည်း မသိဘူး။ အလံတော်သစ်တင်ပြီး သုံးရက်လောက်မှာ တပ်ချုပ်မင်းကြီးက ခေါ်တယ် ဆိုတော့ အလံတော်သစ်ဒီဇိုင်းကို ရွှေဘောတော်ကျလို့ ဆုတော်
လာဘ်တော်များ ချီးမြှောက်ဖို့ရာ ခေါ်တာပဲ ဆိုပြီး တပ်ချုပ်မင်းကြီးဆီကို သူပေးထားတဲ့ သုံးစီးစပ် ဝှက်သောက်ကားကြီး စီးပြီး သွားတာပေါ့လေ။ ဟိုလည်းရောက်ရော ပလ္လင်ပုံဖော်ထားတဲ့
ဆိုဖာကြီးမှာ မိန့်မိန့်ကြီး၊ ခွေခွေလေး ထိုင်နေတဲ့ တပ်ချုပ်မင်းကြီးကို လက်အုပ်လေးချီပြီး ဦးချမယ်လို့ပဲ ပြင်ကာရှိသေးတယ်။ ကျုပ်ငယ်ထိပ်ကို ဆီးကန်ပစ်လိုက်တာ ကျုပ်လည်း
ပက်လက်လှန်ထားတဲ့ လိပ်ထီးကလေးလို ယက်ကန်ယက်ကန်ကိုဖြစ်ရောပဲ ဆိုပါတော့ ကိုကျီး။
“---ဘုရင်ဂိုက်ဖမ်း၊ အောက်လက်ငယ်သားတွေ မြောက်ပင့် ပြောသမျှ၊ လျှောက်တင်သမျှ အဟုတ်မှတ်ပြီး လိုက်လုပ်နေတာပဲရှိတာ---”
နောက်ပြီးတော့ ကိုကျီး -
ကျုပ်ကို ပျစ်ပျစ်နှစ်နှစ် ဆဲလိုက်တာများ မင်းတုန်းမင်း လက်ထက်က အရက်ပုန်း ရောင်းတဲ့ ကျုပ်အဘွားရဲ့ အဘွားရဲ့ အဘွားရဲ့ အဘွားကနေစပြီး ဟိုး…… နောင်လာမယ့် မြေးတော်လေး
နေရွှေသွေးအောင် ဘုရင်မင်း လက်ထက်မှာ မွေးဖွားမယ့် မရှိသေးတဲ့ ကျုပ်သမီးလေးပါ မကျန် ရစရာကို မရှိတော့ဘူးဗျိုး။
နောက်တော့မှ ပြောတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျုပ်ဆွဲပေးတဲ့ အလံက မြန်မာနိုင်ငံ အဝေးရောက် အစိုးရအလံနဲ့ တူနေလို့တဲ့လေ။ အဲဒီတော့ လူတွေက သူ့ကို အလံခိုးတဲ့
သန်းရွှေ၊ အလံခိုးတဲ့ တပ်ချုပ်ကြီးလို့ ဝိုင်းပြောကုန်ကြပြီ တဲ့လေ။ သူက အဲဒီ အလံခိုး ဆိုတာကြီးကို သူ့ဟာသူ ပြောင်းပြန် ပြန်ကြည့်တော့ နာမှာပေါ့ကွ။ အေး… ကျုပ်ကလည်း သူများ
ရှိပြီးသား အလံမှန်း ဘယ်သိမှာလဲ ကိုကျီးရာ မဟုတ်ဘူးလား။ ကျုပ်က အလံတွေ စုံစုံလင်လင် ဆိုလို့ ရွှေဂုံတိုင်လမ်းဆုံက တံဆိပ်ရိုက်ဆိုင်တွေမှာ ချိတ်ထားတဲ့ အလံတွေလောက်သာ
တွေ့ဖူးတာ မဟုတ်လား ကိုကျီး။
သူက တနိုင်ငံလုံးကို သိမ်းပိုက်ထားတဲ့ ရေမြေ့သခင် တပ်ချုပ်ဘုရင်ပဲကွာ။ သူနဲ့ စင်ပြိုင် ထောင်ထားတဲ့ လူမသိ၊ သူမသိ အစိုးရအဖွဲ့ရဲ့ အလံဆိုတာ သူသိရမှာပေါ့။ ကျုပ်
အလံသစ်ဒီဇိုင်း ပေးတုန်းက ကောင်းလှချည့် ဆိုပြီး သူပဲ ယူထားလိုက်ပြီးတော့။
အင်းလေ… သူလည်း ဘယ်သိရှာမှာလဲ။ ပလ္လင်ပုံစံ ဖော်ထားတဲ့ ဆိုဖာကြီးမှာ ထိုင်ပြီး ရှေးရှေးတုန်းက ဘုရင်ဂိုက်ဖမ်း၊ အောက်လက်ငယ်သားတွေ မြောက်ပင့် ပြောသမျှ၊
လျှောက်တင်သမျှ အဟုတ်မှတ်ပြီး လိုက်လုပ်နေတာပဲရှိတာ။ သူကိုယ်ပိုင်အတွေး၊ ကိုယ်ပိုင်အသိ၊ ကိုယ်ပိုင်ဦးနှောက်ရယ် ဘာမှ မရှိပေပဲကိုး။ မဟုတ်ဘူးလား ကိုကျီး။
သူ ကျုပ်တို့ကို အလံသစ်ဒီဇိုင်း စဆွဲခိုင်းတုန်းက ဒီလို ဒီလို လိုချင်တယ် ဆိုပြီး ပြောတဲ့ အချက်အလက်တွေကိုမှတ်၊ ပြီးတော့ သူ့အကြိုက် နက္ခတ်၊ ယတြာလေး ပါအောင် ဆိုပြီး
ကိုယ့်ဘာသာကိုယ် ဂဏန်းတွေ၊ နေ့ရက်တွေ လျှောက်တွက်ပြီး ရမ်း ဆွဲလိုက်တာကိုးကွ။ ဒါပေမယ့် ကျုပ် ဆွဲပေးလိုက်တုန်းက သူက ရွှေဘောတော်တွေ လွှတ်ကျပြီး၊ လွှတ်
လက်ခံလိုက်တာပဲလေ။ နောက်ဆက်တွဲပြဿနာက ကျုပ်နဲ့မှ မဆိုင်တော့တာပဲကွာ … နော ။ ဒါပေမယ့်လည်း အရှက်ပြေ၊ ကျုပ်အပေါ်အပြစ်ပုံချတာ နေမှာပေါ့လေ။ ကျုပ်လည်း
ခံရလွန်းလို့ သိပါတယ်။ မင်းခယောက်ျား၊ ကမ်းနားသစ်ပင်၊ မြန်မာပိုက်ဆံ လို့ ဆိုထားတယ် မဟုတ်လား ကိုကျီး။
ကျုပ်လည်း ရှင်းရှင်းပြောရရင် NCGUB လား ဘာလား၊ မြန်မာနိုင်ငံရဲ့ အဝေးရောက် အစိုးရ တဲ့။ ရှိမှန်းတောင် ကျုပ် ဘယ်သိပါ့မလဲဗျာ။ သူတို့အလံ ဘယ်လိုပုံလဲ၊ ဘယ်ဝါပုံလဲ
ဆိုတာ ပိုဝေးတာပေါ့။ ကျုပ်မပြောနဲ့ သူတောင်မှ အလံတင်ပြီးနောက်ပိုင်း ပြည်ပမီဒီယာတွေက သန်းရွှေ အလံခိုးတဲ့ သတင်းတွေ လာတော့မှ သိတဲ့ဥစ္စာကွာ။
ပြီးတော့ ခင်ဗျားတို့ ပြည်ပရောက် ရဲရဲတောက် မီဒီယာတွေက ကျုပ်ဆွဲတဲ့ အလံသစ်ကိုလည်း အဓိပ္ပါယ်တွေ အမျိုးမျိုး ဖွင့်လိုက်ကြသေးတယ်။ တချို့က မင်းကတော် ဒေါ်ကိုင်ကိုင်
အိုင်ဒီယာလို့လည်း ဆိုကြပြန်သေး … ဟေး ဟေး … ။ သုံးရောင်ချယ် အလယ်က ကြယ်ကြီးတလုံး ဆိုတော့ ဘာတဲ့ … မင်းသုံးဆက်မှာ ထွန်းလင်းတဲ့သူတယောက် ဆိုတဲ့ အဓိပ္ပါယ်တဲ့။
ထွတ် … ဘယ်ကလာကွာ။ အဲဒီလို တပ်ချုပ်မင်းကြီး လိုက်တွေးနိုင်တဲ့ ခပ်တုံးတုံးအတွေးနဲ့ဆို ငါ့ကို သုံးစီးစပ်တစီး စစ်မှုဇုံ ပြန်ထုတ်တဲ့ ဝှစ်သောက်ကားတွေ၊
လယ်ယာသိမ်းထားတဲ့မြေကွက်တွေ ဘယ်ဆုချမတုန်းကွ။ ဟုတ်ဖူးလား ကိုကျီး။ ခင်ဗျားတို့ကတော့ ကျုပ်နဲ့အတူ တွဲပြီး အနှိပ်ခန်းတွေ၊ ဘာတွေ သွားဖူးတော့ ကျုပ်ဆွဲထားတဲ့ အလံရဲ့
အဓိပ္ပါယ်ကို သိချင်သိမှာပဲ။ မသိလည်း ကျုပ်ပြောပြပါ့မယ်။
ဒီလိုပါ ကိုကျီး -ကြာတော့ကြာခဲ့ပါပြီ။ ညောင်နှစ်မျှင်မှာ နောက်ဆုံး ညီလာခံလုပ်တုန်းကမှ တပ်ချုပ်ဘုရင်မင်းကြီးက ကျုပ်တို့ နေပြည်တော် နန်းတွင်း ပန်းချီတော်တွေ၊
ကာတွန်းတော်တွေကို ခေါ်ပြီး အလံသစ်ဒီဇိုင်းကို ညတွင်းချင်း အပြီးဆွဲခိုင်းခဲ့တာပါ။ သူက ဒါတွေ ဒါတွေ လိုချင်တယ်ပေါ့ဗျာ။ ဒီလိုဒီလို လုပ်ချင်တယ်ပေါ့ဗျာ။ ဖွင့်ဆိုချက်တွေနဲ့
အဓိပ္ပါယ်အပြည့်ရှိတဲ့ အလံတခု ဖြစ်ရမယ်ပေါ့ဗျာ။ နက္ခတ်၊ ဗေဒင်၊ ယတြာတွေနဲ့လည်း ကိုက်ညီတဲ့ အလံဖြစ်ရမယ်ပေါ့ဗျာ။ ကြည့်လိုက်တာနဲ့ သူ့ရဲ့ ဘုန်းရှိန် ကံရှိန်တွေကို
ထင်ဟပ်စေနိုင်တဲ့ ပုံစံဖြစ်ရမယ်ပေါ့ဗျာ။ မြန်မာနိုင်ငံမှာ မင်းအဆက်ဆက်၊ ခေတ်အဆက်ဆက် ရှိခဲ့ဖူးတဲ့ အလံတွေ အားလုံးထက် သာတဲ့ အလံ ဖြစ်ရမယ်ပေါ့ဗျာ။ နိုင်ငံတကာက
မြင်လိုက်တာနဲ့ ဦးညွှတ်ကျသွားနိုင်တဲ့ ဒီဇိုင်း ဖြစ်ရမယ်ပေါ့ဗျာ။ ထပ်တရီး… ဒီလောက်များတဲ့ ဟာတွေကို အကုန်လုံးပါအောင် တညတည်းနဲ့ ဘယ် မသာကောင်က ဆွဲပေးနိုင်မှာတုန်းကွာ။
ကျုပ် မပြောလိုက်ချင်ဘူး … ဟုတ်တယ်။
“---ခပ်တုံးတုံးအတွေးနဲ့ဆို ငါ့ကို သုံးစီးစပ်တစီး စစ်မှုဇုံ ပြန်ထုတ်တဲ့ ဝှစ်သောက်ကားတွေ၊ လယ်ယာသိမ်းထားတဲ့မြေကွက်တွေ ဘယ်ဆုချမတုန်းကွ---”
ပြီးတော့ ဗေဒင်နက္ခတ်ကိုက်အောင် ဆွဲစေချင်တယ် ဆိုရင်လည်း နက္ခတ်ကောင်းတဲ့နေ့ရက်ကို တွက်ချက်ပြီး ဆွဲရမှာပေါ့ကွာ။ ခုဟာက နက္ခတ်လည်း မိချင်သေး၊ ဒီညအပြီးဆွဲစေ
ဆိုတော့… ကဲ။ ဗေဒင်နက္ခတ်ဆိုတာ ကိုယ်လိုသလို အရာရာကို ထိန်းချုပ်နိုင်တာမှ မဟုတ်ဘဲဗျာ။ သူ ဘုရင် ဆက်မလုပ်ရမှာစိုးလို့၊ သူ သတ်ခဲ့တာတွေ၊ သူ မတရားလုပ်ခဲ့တာတွေကို သူ
ပြန်မခံရအောင်လို့ စကြာဝဠာက ကြယ်တွေ၊ ဂြိုဟ်တွေကို လိုက်ရွှေ့လို့ ရတာမှ မဟုတ်တာ … နော ။ ဒါကြောင့် ကျုပ်လည်း ကျုပ်ဟာ ကျုပ်ပဲ စိတ်ထဲရှိတဲ့ ပုံစံတွေ လျှောက်ဆွဲပြီး
အဲဒီထဲကမှ ကောင်းမယ်ထင်တဲ့ ဒီဇိုင်းကို ရွေးပြီး မနက်လင်းအားကြီးမှာ သူ့ကို သွားဆက်သခဲ့တာပဲ ကိုကျီး။
“---သိမ်းကြုံးယူသွားသူက တေဇ” ဆိုသလိုများ ဖြစ်မနေပေဘူးလား---”
ကျုပ်က ကျုပ်အလံသစ်ဒီဇိုင်းရဲ့ အဓိပ္ပါယ်တွေ ဖွင့်ပြတော့ အိပ်ရာထစ မျက်ချေးတွေနဲ့ သူ့မျက်နှာကြီး ဝင်းသွားပါလေရော။ ကျုပ်သူ့ကို လျှောက်တင်လိုက်တဲ့ အလံသစ်ရဲ့
အဓိပ္ပါယ်ကတော့ ဒီလိုပါ ကိုကျီး။ အဝါ က သံဃာ၊ အစိမ်းက ကျောင်းသား၊ အနီက တော်လှန်ရေးသမားတွေပေါ့ဗျာ။ အဲဒီ သုံးမျိုးရဲ့ အပေါ်မှာမှ စစ်တပ်ကို ကိုယ်စားပြုတဲ့ ကြယ်ကြီးက
ပြူးပြူးကြီး မင်းမူနေတဲ့ သဘော၊ စိုးမိုးထားတဲ့ သဘောလို့ တိုတိုပြတ်ပြတ်ပဲ ပြောရသေးတယ် ဒါကို ယူမယ်။ ဒီဒီဇိုင်းကို ကြိုက်တယ်ဆိုပြီး ဝမ်းမြောက်ဝမ်းသာ ယူထားလိုက်တာပဲ ကိုကျီး။
ကျုပ်ဆွဲတဲ့ အလံသစ်ဒီဇိုင်းက နဂိုစစ်တပ် အလံနဲ့လည်း ဆင်တာကြောင့်လည်း သူ ပိုကြိုက်သွားတာဖြစ်မှာပေါ့ဗျာ။ အခုကျမှ ကံအကြောင်း တရားမလှလို့ ခင်ဗျားတို့ အဝေးရောက်
မီဒီယာတွေရဲ့ ကောင်းမှုနဲ့ အဝေးရောက် အစိုးရအလံနဲ့ သွားတူနေတယ် ဆိုကာမှ ကျုပ်အပေါ် အပြစ်တွေ ပုံချတာကတော့ လွန်တယ်လို့ မထင်ဘူးလားဗျာ။ ဟိုဇာတ်တော်ထဲကလို
“အစွယ်လိုသူ မိဘုရား၊ အသွားစေခိုင်းသူ မင်းဧက္ကရာဇ်၊ လေးပစ်သူ ဘုရား ကျွန်တော်၊ သိမ်းကြုံးယူသွားသူက တေဇ” ဆိုသလိုများ ဖြစ်မနေပေဘူးလား ကိုကျီး။
ပြည်သူအများ ဒီမိုကရေစီ မြန်မြန်ရအောင် ဒီမိုကရေစီရှိပြီးသား နိုင်ငံတွေကို ရောက်နိုင်ကြပါစေ။

သောက်ဖော် သောက်ဖက်၊ သွားဖော် သွားဖက်တွေကို သတိရလျက် -


ဘီရုမာ
http://www.moemaka.com/

ဖားကန့်သွားမည့် ကားများ တရုတ်နယ်စပ် လိုင်ဇာမှာ သောင်တင်


Thursday, 20 January 2011 17:52 သျှမ်းသံတော်ဆင့်

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းသို့ သွားမည့် ကုမ္ပဏီပိုင် မြေသယ်ကား အစီး ၁၀၀ ကျော်ခန့် နယ်မြေဖြတ်ခွင့် အခက်အခဲကြောင့် ကချင်လွတ်လပ်ရေး အဖွဲ့ KIO ထိန်းချုပ်ရာ
တရုတ်နယ်စပ် လိုင်ဇာမြို့၌ ရပ်နားထားရကြောင်း သိရသည်။
ဖားကန့်ကျောက်စိမ်းတွင်းများတွင် အသုံးပြုရန် တရုတ်နိုင်ငံမှ ၀ယ်ယူခဲ့သည် ၁၂ ဘီးတပ်
မြေသယ်ကားများဖြစ်ပြီး လိုင်ဇာတွင်ရပ်နားထား သည်မှာ တစ်လကျော်ခန့်ရှိပြီ ဖြစ်ကြောင်း
လိုင်ဇာဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“နအဖက သွားခွင့်မပေးတာလို့ ပြောတယ်၊ ကျောက်ကုမ္ပဏီပေါင်းစုံက ဝယ်တဲ့ကား၊


ဝစ်သောက်တွေပဲ၊ သူတို့ က ဖားကန့်မှာ မြေဇာသယ်ဖို့ သီးသန့်ပဲသုံးမယ်ပေါ့ ကုမ္ပဏီသုံးပေါ့နော်
တခြားဘယ်နေရာကိုမှမသွားဘူးပေါ့ အဲလိုဝယ်ထား တာပေါ့ ” ဟု သူက ပြောသည်။

အဆိုပါ ကားတစ်စီး၏ တန်ဖိုးမှာ တရုတ်ယွမ်ငွေ ၃ သိန်းဝန်းကျင်အထိ ရှိပြီး မြန်မာငွေ သိန်း


၅၀၀ခန့်ရှိနိုင်ကြောင်း သိရသည်။

လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလပိုင်းက စ၍ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး လက်မခံသည့်


ကေအိုင်အိုအဖွဲ့၏ ဋ္ဌာနချုပ်ရှိရာ တရုတ်နယ်စပ် လိုင်ဇာမြို့သို့ ကုန်ကားများ ဝင်ထွက်ခြင်းကို
နအဖအာဏာပိုင်များက ပိတ်ပင်ထားကြောင်း သိရသည်။
မူစယ်တွင် ၂၀၁၀ အတွင်း လူကုန်ကူးမှု ၁၆ မှု ဖေါ်ထုတ်
( KNG) Thursday, 20 January 2011 17:50 သျှမ်းသံတော်ဆင့်
တရုတ် - မြန်မာ နယ်စပ် မူစယ်မြို့တွင် ၂၀၁၀ အတွင်း လူကုန်ကူးသည့် အမှု ၁၆ မှုကို မူစယ်လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အဖွဲ့က ဖေါ်ထုတ် အရေးယူ နိုင်ခဲ့ကြောင်း ယခုရက်ပိုင်း
ထုတ်ဝေသည့် မူစယ်မဂ္ဂဇင်းတွင် ဖေါ်ပြထားသည်။
အဆိုပါ ၁၆ မှုမှာ ဂျန္န၀ါရီလမှ ဂျူလိုင်လအထိ ၇ လ အတွင်း ဆက်တိုက် ဖြစ်ပွားခဲ့သည့် အမှုများဖြစ်ပြီး ကျန်လများတွင် လူကုန်ကူးသည့် မှုခင်းမရှိကြောင်းသိရသည်။

ယင်းအမှုများတွင် တရားခံ ၄၆ ဦး ဖေါ်ထုတ်ခဲ့ရာ ၄င်းအနက် ၂၈ ဦးကို ဖမ်းဆီးအရေးယူခဲ့ပြီး ကျန် ၁၈ ဦးမှာ လွတ်မြောက်ဆဲ ဖြစ်ကြောင်း လူကုန်ကူးခံရသူ အမျိုးသမီး ၃၃ ဦး
ကယ်တင်နိုင်ခဲ့ကြောင်း ဖေါ်ပြထားသည်။

မူစယ်မြို့တွင် ၂၀၀၆ မှ ၂၀၀၉ အထိ လူကုန်ကူးသည့် အမှုပေါင်း ၁၇၁ မှု ဖြစ်ပွားခဲ့ပြီး လူကုန်ကူးခံရသူ အမျိုးသမီး ၅၆၀ ရှိကြောင်း သိရသည်။

လူကုန်ကူးသူများက မြန်မာအမျိုးသမီးများအား တရုတ်နိုင်ငံသို့ ဖျားယောင်းခေါ်ဆောင်ကာ တရုတ်အမျိုးသားများထံ ရောင်း စားခြင်းဖြစ်သည်။

ယခုနှစ် ဇန်န၀ါရီလဆန်းပိုင်းကလည်း နိုင်ငံဖြတ်ကျော်လူကုန်ကူးသူဟု သံသယရှိသူ တရုတ်နိုင်ငံသားချင်ရှောင်တုန်း အား မြန်မာနိုင်ငံအ တွင်း ပိုင်းတွင် ဖမ်းဆီးမိခဲ့ပြီး ၎င်းကုန်ကူးခဲ့သူ
မြန်မာအမျိုးသမီး ၁၁ ဦးကယ်တင်နိုင်ခဲ့သည်ဟု တရုတ်သတင်းဋ္ဌာနက ဖေါ်ပြသည်။

မူစယ်တွင် လူကုန်ကူးအထူးအဖွဲ့ရုံးကို ၂၀၀၆ ဂျန္န၀ါရီလ ၁ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာတစ်နိုင်ငံလုံးတွင် ရုံးပေါင်း ၂၂ ခု ဖွင့် လှစ်ထားကြောင်း သိရသည်။
နှစ် ၂ဝ အတွင်း ပထမဆုံး ခေါ်ယူမည့် လွှတ်တော်အမှီ “အဆိပ်သင့်တိမ်များ” အစီရင်ခံစာ ပအိုဝ်းလူငယ်များထုတ်ပြန်
Thursday, 20 January 2011 17:36 သျှမ်းသံတော်ဆင့်

အဆိပ်သင့်တိမ်များအကြောင်း နအဖနေပြည်တော် လွှတ်တော်၌ ဆွေးနွေးတင်ပြနိုင်ရန် လွှတ်တော်ဝင်မည့် အနိုင်ရ အမတ်များထံအစီရင်ခံစာပေးပို့မည် ဖြစ်


ကြောင်းအဆိပ်သင့်တိမ်များသတင်းစာရှင်းလင်းပွဲ အပြီး ခွန်ချန်ကီက သျှမ်းသံတော်ဆင့်အား ပြောပြသည်။

ပအိုဝ်းလူငယ်များထုတ်ပြန်သည့် “အဆိပ်သင့်တိမ်များ” အစီရင်ခံစာ


သျှမ်းပြည်တောင်ပိုင်း တီကျစ်ရှိ မြန်မာနိုင်ငံ၏ အကြီးဆုံးကျောက်မီးသွေး သတ္တုတွင်းစီမံကိန်းကြောင့် သဘာဝ ပါတ်ဝန်းကျင်ညစ် ညမ်းအဆိပ်အကြောင်း သတင်းစာရှင်းလင်းပွဲကို
ယနေ့မနက်ပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ပအိုဝ်းလူငယ်များ ကမ ကထပြုကျင်းပခဲ့ကြခြင်းဖြစ်သည်။

“ကျနော်တို့တီကျစ်ချောင်းထဲကရေတွေ ညိုမဲညစ်ညမ်းနေတယ်။ ကောင်းကင်က တိမ်တွေလဲ မဲမှောင်နေတယ်။ ဒီလို အဆိပ်သင့် ညစ်ညမ်းနေတဲ့မြေယာထဲမှာကြီးထွားလာမယ့်


ကျနော်တို့မျိုးဆက်တွေ ဘာဖြစ်သွားနိုင်မလဲ။ ဒီပြသနာတွေ လွှတ် တော်မှာ တင်ပြနိုင်ပြဖို့ လွှတ်တော်ဝင်မယ့် အမတ်လောင်းတွေကို အစီရင်ခံစာအမီပေးပို့မှာဖြစ်ပါတယ်” ဟု
ပအိုဝ်းလူငယ် ခေါင်းဆောင် ခွန်ချန်ကီကပြောသည်။

လွှတ်တော်ဝင်မည့် အဆိုပါအမတ်လောင်းများသည် ရွေးကောက်ပွဲမဝင်မီ စည်းရုံးရေးမဲဆွယ်စဉ်က “ သဘာဝ ပါတ်ဝန်းကျင်ပျက် စီးဆုံးရှုံးမှုတွေကို ကာကွယ်ပေးမယ်” ဟု


ဒေသခံလူထုအား ကတိပြုထားသောကြောင့် ၎င်းတို့အား အစီရင်ခံစာတင်ပြရခြင်းဖြစ် ကြောင်း ခွန်ချန်ကီက ပြောပြသည်။

အဓိကရည်ရွယ်ချက်မှာ ဒေသခံလူထုနှင့် သျှမ်းပြည်အတွက် တန်ဖိုးကြီးလှသောအင်းလေးကန်အားဆိုး ကျိုးသက် ရောက်နေသည့် ကျောက်မီးသွေး


သတ္တုတူးဖော်ရေးစီမံကိန်းရပ်တန့်ပေးရန်၊ ဒေသခံကျေးလက်လူထုအားအဓမ္မ ပြောင်းရွှေ့စေခိုင်းမှုတို့ကို ရပ်တန့်ပေးရန်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

အခြားဒေသများ၌ တည်ဆောက်မည့် တည်ဆောက်နေဆဲ ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ သုံးရုံရှိပြီး ထားဝယ် မြို့တောင်ဘက် မီဂါဝပ် ၄၀၀၀ ထုတ်လုပ်မည့်
ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားထုတ်စက်ရုံအပါအဝင် စုစုပေါင်းစက်ရုံ ၄ ခု တည်ဆောက်ရန် စီမံကိန်းရှိကြောင်း ပအိုဝ်းလူငယ်များ၏ အဆိပ်သင့်တိမ်များသတင်းစာရှင်းလင်း ပွဲ၌
ဝေငှသော လက်ကမ်း စာစောင်တွင်ဖော်ပြထားသည်။
မြောက်ပိုင်း SSA တပ် နှင့် ပါတီ အောင်မြင်စွာ ပြန်လည်ဖွဲ့စည်း
Thursday, 20 January 2011 16:57 သျှမ်းသံတော်ဆင့်

ဒီဇင်ဘာလကတည်းက စတင်သော သျှမ်းပြည် တပ်မတော်မြောက်ပိုင်း ၀မ့်ဟိုင်းဌာနချုပ်တပ်မဟာ ၁ ၏ အရေးပေါ် အစည်းအဝေး ယခုလ ၁၅ ရက်နေ့က ပြီးဆုံးသွားကြောင်း
တပ်မဟာ ၁ သတင်းရပ်ကွက်က ဆိုပါသည်။
ဗိုလ်ချုပ်ပန်ဖှ (ဓါတ်ပ-ုံ S.H.A.N.)
“Special Force အထူးတပ်ဖွဲ့၊ Heavy Weapon Unit လက်နက် ကြီးတပ်၊ Military Police တပ်ထိန်းတို့ပါရှိတဲ့စစ်ဖက် ဆိုင်ရာ ကော်မတီကနေတပ်မဟာ ၅ ခုဖွဲ့စည်းခဲ့တယ်။တပ်မဟာ
၁၊ တပ်မဟာ ၂၇ တပ်မဟာ ၇၂ တပ်မဟာ ၃၆ နဲ့တပ်မဟာ ၇၄။ အတိုင်ပင်ခံအဖွဲ့ကို ဖွဲ့စည်းတယ်။ ပညာရေး၊ ကျန်းမာရေး၊ သတင်းဌာန စတဲ့ ဌာနတွေအားလုံး ပြန်ဖွဲ့စည်းတယ်”
ဟုဆို၏။

အဆိုပါအစည်းအဝေးမှ တပ်ဖွဲ့စည်းမှု ၊ စစ်ဒေသ နှင့် တပ်မဟာများ အသစ်ပြန်လည်ဖွဲ့စည်းမှု အပြင် 1995 ကတည်းက လုပ်ငန်းလည်ပတ်မှု ရပ်နားခဲ့သော SSPP
သျှမ်းပြည်တိုးတက်ရေးပါတီကိုလည်း ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

“၁၉၉၅ ကတည်းက ရပ်တန့်ငုပ်လျှိုးသွားတဲ့ သျှမ်းပြည်တိုးတက်ရေးပါတီ SSPP ကိုပြန်လည်ဖွဲ့စည်းတယ်။ အလုပ်အမှုဆောင် တွေ ရွေးချယ်တယ်။ ဗိုလ်ချုပ်ပန်ဖှ ပါမယ်။ နောက်ပြီးတော့
စိုင်းတူး၊ စ၀်နော်မိုင်း၊ စ၀်မန်းဟုံ၊ စ၀်ပိုင်ဖှ၊ စ၀်ဆိုင်မိုင်း၊စ၀်ခေးတိုင်း၊ စ၀်ငေါဝ်ဖှ၊ စိုင်းစိန်မိုင်း၊ စိုင်းဆိုင်ဖှ၊ စ၀်လောင်ဟေ၊ စ၀်ခွန်ဆိုင် တို့ပါတယ်။”ဟု တပ်မဟာ ၁ မှ တပ်မှူးတဦးက
သျှမ်းသံတော် ဆင့်သို့ ပြောပြသည်။

Shan State Progress Party သျှမ်းပြည်တိုးတက်ရေးပါတီကို ၁၉၇၁ သြဂုတ်လ ၁၆ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး ပါတီ၏ ပထမ ဆုံးဥက္ကဌမှာ ဦးခွန်ကြာနု (ခေါ်) စ၀်ဆိုင်စစ် ဖြစ်သည်။
ပါတီဖွဲ့စည်းတည်ထောင်သူတယောက်ဖြစ်သည့် ညောင်ရွှေစော်ဘွား စ၀်ရွှေသိုက်၏သား စ၀်ဇန့်ယောင်ဟွေ့က အထွေထွေအတွင်းရေးမှူးတာဝန်ယူခဲ့သည်။ ဒုဥက္ကဌ ၁ မှာ စ၀်ပင်းတိုင်း
ဖြစ်ပြီး ဒုဥက္ကဌ ၂ မှာ စ၀်ဆေခန် ဖြစ်သည်။ (ယခုအခါ အဆိုပါ ခေါင်ဆောင် ၄ ဦးစလုံး ကွယ်လွန်ခဲ့ပြီးဖြစ်သည်။)

ကွယ်လွန်သွားသည့် စ၀်ဇန့်ယောင်ဟွေ့အတွက် ဆုတောင်းပွဲအခမ်းအနားတက်ရောက်စဉ်ကဦးခွန်ကြာနု (ဓါတ်ပ-ုံ S.H.AN.)


ပါတီ ဦးစီးဦီးဆောင်သူ ၅ ယောက်မြောက်ဖြစ်သော (ဥက္ကဌ စ၀်ဆိုင်စစ်၊ ဥက္ကဌ စ၀်ပင်းတိုင်း၊ နောက်ပိုင်း အမြင့်ဆုံးရာထူး အထွေထွေတွင်းရေးမှူးချုပ် စ၀်ဆေလင်း၊ စ၀်ဆေနွံ၊
စ၀်စိုင်းလိတ)် စ၀်စိုင်းလိတ်ကွယ်လွန်ချိန် ၁၉၉၅ မှစ၍ သျှမ်းပြည်တိုး တက်ရေးပါတီလည်း ငုပ်လျှိုးသွားခဲ့သည်။

ယခု သျှမ်းပြည်တိုးတက်ရေးပါတီကို ပြန်လည်ဖွဲ့စည်းရာတွင် သျှမ်းပြည်တပ်မတော်မြောက်ပိုင်း စစ်ဦးစီးချုပ် ဗိုလ်ချုပ်ပန်ဖှက SSPP ၏ အတွင်းရေးမှူးတာဝန်ယူထားသည်ဟုလည်း


သိရသည်။၎င်း၏မဟာမိတ်များနှင့် ကူးလူးဆက်ဆံရေး တာဝန်မှာ စ၀်ပိုင်ဖှ က တာဝန်ယူထားသည်။

“Shan State Progress Party သျှမ်းပြည်တိုးတက်ရေးပါတီလေ၊ Shan State Prgressive Party တိုးတက်သောပါတီ မဟုတ် ဘူး။ ခွန်ဆာ့နယ်မြေအတွင်း စ၀်စိုင်းလိတ်
ကွယ်လွန်သွားပြီးနောက်ပိုင်း ပါတီအနေနဲ့ ဘာမှလုပ်ငန်းအကောင် အထည် မဖေါ် နိုင်ခဲ့ဘူး။ အခု ပါတီအထွေထွေအတွင်းရေးမှူးတာဝန်ကို SSA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ပန်ဖှကပဲ
တာဝန်ယူတယ်လေ” ဟု ဆက်၍ ပြောပြပါသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ SSPP သည် ပြီးခဲ့သည့်အပတ် ထိုင်းနယ်စပ်တနေရာ၌ တွေ့ဆုံဆွေးနွေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၆) ဖွဲ့ဖြင့် ဖွဲ့စည်းထားသော
(Committee for Emergence Of Federal Union) ခေါ် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မတီတွင်လည်း ပါဝင်ခဲ့သည်။
ယာဉ်တင်အလေးချိန် ကန့်သတ်ချက်ရက်ရွေ့
Wednesday, 19 January 2011 18:16 သျှမ်းသံတော်ဆင့်

အာစီယံစံနှုန်းအတိုင်း ပြည်တွင်းကုန်တင်ယာဉ်များ တင်ဆောင်ရမည့် အလေးချိန် ကန့်သတ်ချက်ကို တရုတ် - မြန်မာ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းတွင် ယခုလ ၂၀ ရက်နေ့
နောက်ပိုင်းမှ အကောင်အထည် ဖေါ်နိုင်မည်ဟု သိရသည်။
မူစယ် ၁၀၅ မိုင် ကုန်သွယ်ရေးလမ်းကြောင်းတွင် ဇန်န၀ါရီပထမအပတ်မှ စတင် ကျင့်သုံးရန်ညွန်ကြားထား သော်လည်း ယာဉ်များ အဆင်မပြေမှု ရှိနေသဖြင့် ရက်ရွေ့ရခြင်း ဖြစ်ကြောင်း
မူစယ် ၁၀၅မိုင် ကုန်သွယ်ရေး ၀န်ထမ်းတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ကုန်အလေးချိန်ကန့်သတ်ချက်တွေက အခုလ ၂၀ ရက်နေ့အထိ ထပ်ရွှေ့လိုက်တယ်။ကုန်ကားအသိုင်း အ၀ိုင်း ကလည်း ချက်ခြင်းလိုက်လုပ်ဖို့ အဆင်မပြေတဲ့အတွက်


တင်ပြလာတဲ့အပိုင်းလေးတွေရှိနေလို့ပါ။ ကားတွေမှာ တချို့မလိုအပ်တဲ့ အ စိတ်အပိုင်းတွေ ဖြုတ်ရတာတွေရှိတော့လေ။ ၂၀ ရက်နေ့နောက်ပိုင်းမှ အခြေအနေ ထပ်သိရမယ် ” -ဟု သူက
ပြောသည်။

ပြည်တွင်းကုန်တင်ယာဉ်များ တင်ဆောင်ရမည့် ကုန်အလေးချိန် သတ်မှတ်ချက်များကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလပိုင်း ကတည်းက ဆောက်လုပ်ရေးနှင့်


ကုန်းလမ်းပို့ဆောင်ရေးဝန်ကြီးဋ္ဌာနတို့ ပူးပေါင်း သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အလေးချိန်များမှာ ၁၄ ဘီးတပ်ယာဉ် ကုန် ၃၄ တန် ၊ ၁၂ ဘီးတပ်ယာဉ် ကုန် ၃၀ တန် ၊ ၁၀ဘီးတပ် ယာဉ် ၂၅ တန် နှင့် ၆ ဘီးတပ်ယာဉ် ကုန် ၂၀ တန် သတ်မှတ်ထားသည်။

ထို့နောက် အာစီယံနိုင်ငံများရှိ ယာဉ်များတင်ဆောင်သည့် အလေးချိန်အတိုင်းတင်ဆောင်ရန်ဒီဇင်ဘာလ ဆန်း ပိုင်းက ပြောင်းလဲ သတ်မှတ်လိုက်သည်။

အာစီယံနိုင်ငံများတွင် ၁၄ ဘီးတပ်ယာဉ် ကုန်အလေးချိန် ၃၄ တန် ၊ ၁၂ ဘီးတပ်ယာဉ် ကုန်၂၅ တန် ၊ ၁၀ဘီးတပ်ယာဉ် ၂၁ တန် နှင့် ၁၀ ဘီးတပ်ယာဉ် ၁၆ တန် သတ်မှတ်ထားကြောင်း
သိရသည်။

လက်ရှိမူစယ် - မန္တလေးလမ်းကြောင်းတွင် ပြေးဆွဲနေသည့် ယာဉ်များသည်ယခင်သတ်မှတ်ကုန်အလေးချိန် အတိုင်း တင်ဆောင် နေကြောင်း သိရသည်။


http://www.mongloi.org/burmese/

“ရှင်သန်နိုးထအာရက္ခ” နှင့် “တွဲလက်ဂရုဏာ” ဖြေဖျော်ပွဲမှ ရရှိသောရံပုံငွေများကို ဂီရိဒုက္ခသည်များကို လှူဒါန်းလိုက်ပြီ

1/20/2011
Adjust font size:

---------------
မင်းဆက်ခိုင်
---------------
ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော “ရှင်သန်နိုးထအာရက္ခ” နှင့် ရခိုင်ပြည်နယ် မြို့တချို့တွင် ပြုလုပ်ခဲ့သော “တွဲလက်ဂရုဏာ” စတင်တေးဂီတ ဖြေဖျော်ပွဲများမှ ရရှိခဲ့သော ရံပုံငွေများကို
လေဘေးသင့် ပြည်သူများသို့ ပေးပို့ ကူညီ လှူဒါန်း လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

“ရှင်သန်နိုးထအာရက္ခ” ဖြေဖျော်ပွဲမှ ရရှိခဲ့သော ရံပုံငွေ ကျပ် တစ်ရာ့တစ်ဆယ့်တစ်သိန်းနှင့် “တွဲလက်ဂရုဏာ” ဖြေဖျော်ပွဲမှ ရရှိခဲ့သော ရံပုံငွေ ကျပ် လေးဆယ်နှစ်သိန်း ခုနှစ်သောင်း
ကိုးထောင်ကို အလို တော်ပြည့် ဆရာတော်ကြီးထံမှ တဆင့် ပေးအပ်လှူဒါန်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော “ရှင်သန်နိုးထအာရက္ခ” စတင်ဖြေဖျော်ပွဲကို ဒီဇင်္ဘာလ ၃၀ ရက်နေ့က ကျင်းပခဲ့ပြီး မင်းသားကြီး ဦးအောင်လွင်၊ ရုပ်ရှင်မင်းသား နေတိုး၊ ခန့်စည်သူ နှင့်
ရခိုင်အဆိုတော် ဒိုးလ်ရီ အပါအဝင် တခြားအနုပညာရှင်များစွာ ပါဝင်ဖြေဖျော် ခဲ့ကြသည်။

အဆိုပါပွဲကို လူပေါင်း ၆၅၀၀ ကျော် လာရောက် အားပေးခဲ့ပြီး အောင်မြင်မူ များစွာ ရရှိခဲ့ကြောင်း တာဝန်ရှိ သူများက ပြောကြားသည်။

အလားတူ ရခိုင်အဆိုတော်များ စုပေါင်းပြီး ဒီဇင်္ဘာလအတွင်းက စစ်တွေမြို့တွင် “တွဲလက်ဂရုဏာ” စင်တင် ဖြေဖျော်ပွဲတခုကို ပြုလုပ်ခဲ့ပြီး အလားတူ ရံပုံငွေ ရှာဖွေပွဲများကိုလည်း
ပေါက်တော၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့တို့တွင် ပြုလုပ်ခဲ့ကြသည်။

“တွဲလက်ဂရုဏာ” ဖြေဖျော်ပွဲတွင် ဦးဆောင်ပါဝင်ခဲ့ သူတဦးဖြစ်သူ ကိုထွန်းလင်းအောင်(Dနွေဦး) က ယခုကဲ့သို့ ပြောသည်။

“ကျနော်တို့ အနုပညာ ညီကိုမောင်နှမတွေ ဒီလ ၁၅ရက်နေ့က အစည်းအဝေး တခုပြုလုပ်ပြီး ရရှိခဲ့တဲ့ ရံပုံငွေတွေနဲ့ တခြား အဝတ်အထည်တွေ၊ သင်္ကန်းတွေကို အလိုတော်ပြည့်
ဆရာတော်ဆီက တဆင့် လှူဒါန်း လိုက်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ခုလို မိမိတတ်ကျွမ်းတဲ့ အနုပညာနဲ့ ပြည်သူကို အလုပ်အကျွေးပြုရတဲ့ အတွက် အထူးနှစ်ထောင်းအားရ
ဂုဏ်ယူပါတယ်။ ”

ဂီရိလေဘေးသင့် ပြည်သူအများစုကို ပြန်လည် နေရာ ချထားနိုင်ရန် အတွက် အကူအညီများစွာ လိုအပ်နေဆဲဖြစ်ရာ အဆိုပါ ဖြေဖျော်ပွဲများမှာ ရံပုံငွေများမှာ တစုံတရာ အတိုင်းအတာထိ
အကျိုးပြုနိုင်မည် ဖြစ်ကြောင်း ပြည်တွင်းမှ လာသော သတင်းများတွင် ဖေါ်ပြသည်။
ဗိုလ်မင်း အခွန်တော်ဆက်သပွဲ စတင် ကျင်းပ
1/20/2011
Adjust font size:

-------------
မောင်အေး
-------------
၃ ရက်တိုင်တိုင် ရှေးအစဉ်အလာ မပျက် ကျင်းပမည့် ဗိုလ်မင်း အခွန်ဘဏ္ဍာဆက်သပွဲ (ဒေသအခေါ် ပိုင်စရာ) ပွဲကို ယနေ့ ဇန္န၀ါရီလ ၂၀ နေ့တွင် စစ်တကောင်းတောင်တန်းနယ်
ဘင်ဒရိုဘင် (ရွာတော်) တွင် စတင် ကျင်းပသည်။

ယခု ပွဲတော်မှာ စစ်တကောင်းတောင်တန်းနယ် ဗိုလ်မင်းထောင်အား အပိုင်စားသူ ၁၁ ဆက်မြောက် ဗိုလ်မင်း အောင်ရွှေဖြူအား အခွန် ဘဏ္ဍာ ဆက်သသည့် ပွဲတော် ဖြစ်သည်။

အဆိုပါ ပွဲတော်ကို ယနေ့ နံနက် ၁၀ ခွဲတွင် မင်းခန်း မင်းနားဖြင့် ဗိုလ်မင်းအိမ်အနီး ကွင်းပြင်တွင် ဆောက်လုပ်ထားသော မဏ္ဍပ်အတွင်းတွင် ပြုလုပ်ခဲ့ပြီး ဗုဒ္ဓဘာသာ ဓလေ့
ထုံးတန်းစဉ်လာနှင့် အညီ နမောတဿ သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။

ဗိုလ်မင်း အောင်ရွှေဖြူသည် ရှေ့ရခိုင်- မြန်မာများ ၀တ်စားသည့် တောင်ရှည်ပုဆိုးနှင့် တိုက်ပုံ အကျီများကို ပုံစံတူ ၀တ်ဆင်ပြီး ကိုယ်ရံတော်များ ခြံရံလျှက် သူအုပ်ချုပ်ခွင့်ရသော
ရွာတော်ခရိုင် ဗိုလ်မင်းထောင်မှ ပြည်သူများ၏ ဂါရ၀ပြု ပဏ္ဍာဆက်သခြင်းကို လက်ခံယူခဲ့သည်။

အဆိုပါ ဗိုလ်မင်းထောင် (ရွာတော်)ခရိုင်အတွင်းရှိ နယ်ပယ် အသီးသီးကို အပိုင်စားရသော ချေယာမန်၊ ကာလာဘာရီ၊ ဟေရ်မန်နှင့် ရွာစားများက ဗိုလ်မင်းအား ဂါရ၀ပြုပြီး နယ်ပယ်
အသီးသီးမှ ကောက်ခံ ရရှိထားသော အခွန်ဘဏ္ဍာများနှင့် အရက် တပုလင်း၊ ကြက်တကောင်စီကို ဗိုလ်မင်းအား အသီးသီး ဆက်သကြသည်။

ယခုဆက်သမူမှာ တနှစ်တွင် တစ်ကြိမ် ဖြစ်ကြောင်း သိရပြီး အဆိုပါ ပွဲတော်သို့ အစိုးရ ကိုယ်စားလှယ်တော်များ၊ အရာရှိများနှင့် ဒေသဆိုင်ရာ အာဏာပိုင်များလည်း
တက်ရောက်ကြသည်။

“ဒီပွဲကို ကျွန်တော်တို့နှစ်စဉ်ကျင်းပတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ ရွာစား တွေ နယ်စားတွေက ဗိုလ်မင်းကို နှစ်စဉ်အခွန်ဆက်သဖို့ ကျင်းပ ရတာဖြစ်တယ်။ ဒီပွဲမှာ
ဗိုလ်မင်းထောင်မှာ ရှိတဲ့ ရွာစားတွေ နယ်စားတွေလည်း မဖြစ်မနေစုံစုံညီညီလာကြရတယ်။” ဟု မာရမာ ရွာစား တဦးကပြောသည်။

မူဆလင် ဟိန္ဒူ မာရမာနှင့် တခြား တက်ရောက်လာသူ လူမျိုးများကလည်း သူတို့ ဘာသာစကားများဖြင့် ကောင်းချီးသြ ဘာပေးကြပြီး ဗိုလ်မင်း အောင်ေ၇ွှဖြူမှလည်း
တက်ရောက်လာကြသည့် ပရိသတ်များကို ကျေးဇူးတင် စကားပြောကြားသည်။

ဗိုလ်မင်းထောင် ဒေသရှိ မြို၊ မြံ၊ ဒိုင်းနက် စသည့် လူမျိုးပေါင်းစုံမှလည်း ဗိုလ်မင်း အောင်ရွှေဖြူအား သူတို့ရိုးရာအကများဖြင့် ညနေပိုင်းအထိ ကပြ တင်ဆက်ခဲ့ကြသည်။

ယနေ့ကျင်းပသည့် အခွန်ဆက်သပွဲမှာ ယခုလက်ရှိ ဗိုလ်မင်း အောင်ရွှေဖြူအား ၁၅ ကြိမ်မြောက် အခွန်ဆက်သပွဲ ဖြစ်ပြီး ၃ ညဥ့် ၃ ရက် ဆက်တိုင်း ကျင်းပမည်ဖြစ်သည်။ ယခု
ဗိုလ်မင်းထောင်တွင် နေထိုင်သည့် မာရမာ လူမျိုးတချို့မှာ ၎င်းတို့မှာ ဟံသာဝတီဘုရင် တပင်ရွှေထီး သားတော် မောင်စောပျံနှင့် နောက်လိုက်များဖြစ်ကြောင်း ယနေ့တိုင်
ခံယူလျှက်ရှိသည်။
စစ်တကောင်းဒေသ ဗိုလ်မင်းထောင်ကို ၁၆၁၄ ခုနှစ် မောင်စောပျံ လက်ထက်မှ ယနေ့တိုင် အဆက်ဆက် အုပ်ချုပ်လျက်ရှိကြောင်း သူတို့က ပြောသည်။ အဆိုပါ ဒေသကို အုပ်ချုပ်ခဲ့သူ
အင်္ဂလိပ်များလက်ထက်မှ စပြီး စည်းမျဉ်းခံ အုပ်ချုပ်ရေး ပုံစံ စနစ်ဖြင့် ထားရှိခဲ့ရာ အဆိုပါ စနစ်မှာ တည်တံ့လျှက်ရှိသည်။ ဗိုလ်မင်းသည် ၎င်းကို၎င်း နယ်စား တစ်ဦး အဖြစ်သာ
သဘောထားပြီး ဘုရင်အဖြစ် သဘောမထားကြောင်း သိရသည်။
အနှိပ်ခန်းများမှ ဖမ်းဆီးခံ အမျိုးသမီးငယ်များ နေရပ်ရင်း ပြန်ပို့မည်

1/20/2011
Adjust font size:

--------
စံလင်း
--------
ရခိုင်ပြည်နယ် စစ်တွေမြို့ အနှိပ်ခန်းများမှ ဖမ်းဆီးထားသော အမျိုးသမီးငယ် ၂၀ ကျော်ကို ၎င်းတို့၏ နေရပ်ရင်းဒေသများသို့ များမကြာမှီ ပြန်ပို့ရန် အာဏာပိုင်များက စီစဉ်နေကြောင်း
သတင်းရရှိသည်။

စစ်တွေမြို့တွင် အနှိပ်ခန်းများ ဖွင့်လှစ်လုပ်ကိုင်နေသော လုပ်ငန်း ၇ ခုအား သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့ က ယခုလ ပထမပတ်က ရှောင်တခင်ဝင်ရောက် စစ်ဆေးမှုများပြုလုပ်ရာ အဆိုပါ
အနှိပ်ခန်းများတွင် လုပ်ကိုင်နေသူ အမျိုးသမီးငယ် ၂၀ ကျော်ကို ဖမ်းဆီးခဲ့သည်။

အမည်မဖေါ်လိုသူ ရဲအရာရှိ တစ်ဦးက “ စစ်တွေမှာ နာမည်ကြီးနေတဲ့ အနှိပ်ခန်း ခုနှစ်ကို ဒီလ ပထမပတ်က ရှောင်တခင် ၀င်ရောက် စစ်ဆေးတဲ့အခါမှာ အသက် ၁၅ နှစ်မှ ၂၅
နှစ်အကြားအရွယ်ရှိ အမျိုးသမီးငယ် ၂၀ ကျော်ကို ဖမ်းမိပါတယ်။ အများစုကတော့ ဗမာပြည်မဘက်မှ လာပြီး လုပ်ကိုင် စားသောက် နေကြသူတွေ ဖြစ်ပါတယ်။ အခု သူတို့ကို
စစ်ဆေးမေးမြန်းပြီး နေရပ်ရင်းကို ပြန်ပို့ဖို့ စီစဉ် နေပါတယ်” ဟု ပြောသည်။

အဆိုပါ အမျိုးသမီးငယ်များ လုပ်ကိုင်နေသော အနှိပ်ခန်းများတွင် လာရောက် အနှိပ်ခံသူများထံမှ (One Section) ၄၅ မိနစ် ဝင်လျှင် ၄၀၀၀ ကျပ် ဝန်ဆောင်ခအား အနှိပ်ခန်း လုပ်ငန်း
ဦးစီးလုပ်ကိုင်သူက ကောက်ယူသော်လည်း နှိပ်ပေးသူ အမျိုးသမီးငယ်ကို ၅၀၀ ကျပ်သာ ပေးချေကြောင်း အဆိုပါ ရဲအရာရှိက ပြောသည်။

၎င်းပြင် အဆိုပါ အနှိပ်ခန်းများမှာ အနှိပ်ခံ အကျိုးဆောင် လုပ်ငန်းများဟု အမည်ပေးပြီး စစ်တွေ ကားဂိတ်၊ စံပြရွာဘက်တွင် ဖွင့်လှစ်ထားသော်လည်း ကွယ်ရာတွင် မကောင်းမူ
လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်နေသဖြင့် ယခုအခါ လုပ်ပိုင်ခွင့်ကို ပိတ်ထားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

“ ပိုင်ရှင်တွေကိုတော့ တည်ဆဲ ဥပဒေတွေနဲ့ အညီ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဆိုင်ခန်းကိုရော၊ ရှိတဲ့ ပစ္စည်းတွေကို ရော သိမ်းယူပြီး နောက်နောင် မဆောင်ရွက်နိုင်အောင်
တားမြစ်လိုက်ပါတယ်” ဟု အဆိုပါ ရဲအရာရှိက ပြောသည်။

အဆိုပါ အနှိပ်ခန်းများမှာ တရားဝင် လုပ်ကိုင်စားသောက်နေခြင်း မဟုတ်ဘဲ သက်ဆိုင်ရာ တာဝန်ရှိသူများကို လာဒ်ငွေများ ပေးဆောင်ကာ လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း သိရသည်။

စစ်တွေမြို့ခံ တစ်ဦးကလည်း “အနှိပ်ခန်းလုပ်ငန်း လုပ်ကိုင်နေတဲ့သူတွေကလည်း ဆိုင်ရာ ဆိုင်ရာကို ငွေပေးပြီးလုပ်နေကြတာပါ။ အခုတော့ သက်ဆိုင်ရာ ဌာနပေါင်းစုံက အာဏာပိုင်တွေ
ပူးပေါင်းပြီး ဝင်ရောက်စစ်ဆေးတာဆိုတော့ ဘယ်လိုမှ မတတ်နိုင်ဘူး၊ အကုန်လုံး အဖမ်းခံကြရတယ်။ အဲဒီမှာလုပ်နေတဲ့ အမျိုးသမီးငယ်တွေ ကိုတော့ ဗမာပြည်ပြန်ပို့မယ်လို့ ကြားတယ်။
မြို့သူ မြို့သားတွေကတော့ စိတ်သက်သာရာ ရသွားကြပါတယ်” ဟု ပြောကြားသည်။

အဆိုပါ လုပ်ငန်းတွင် လုပ်ကိုင်နေသူ အမျိုးသမီးငယ်များကို မှတ်ပုံတင်စာရင်း အတိုင်း သူတို့၏ ဇာတိဒေသများသို့ အာဏာပိုင်များမှ ပို့ဆောင်ရန်စီစဉ်ထားပြီ ဖြစ်ကြောင်း သိရသည်။
နာမည်ကြီး ရခိုင်တေးရေးဆရာ ဦးရွှေကျော်ထွန်း ကွယ်လွန်

1/19/2011
Adjust font size:

------------
ထွန်းထွန်း
------------
ရခိုင်တေးရေးဆရာ ဦးရွှေကျော်ထွန်းသည် ရန်ကုန်မြို့ သင်္ကန်းကျွန်းစံပြဆေးရုံတွင် ယမန်နေ့နံနက် ၇ နာရီ အချိန်တွင် ကျောက်ကပ် ရောဂါဖြင့် ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။

ရခိုင်အဆိုတော်မြတ်ခိုင်ကျော်သီဆိုခဲ့သည့် “အို -- ရခိုင်သားချေ စောင့်ရှောက်ကတ်အမျိုး ရခိုင်ကို၊ အိ-ု - ရခိုင်သမချေ ထိန်းသိမ်းကတ် အမျိုးဂုဏ်ကိုလေ” သီခြင်းကို ပထမဆုံး
ရေးစပ်ခဲ့သူဖြစ်သည်ဟုသိရသည်။

“မြောက်ဦးကနေ နေမကောင်းလို့ဆေးကုဖို့ ရန်ကုန်ကိုရောက်နေတာက ၃ လလောက်ရှိပြီပေါ့နော်။ သူနေ မကောင်းဖြစ်နေတာတော့ နှစ်အနည်းငယ် ကြာနေပါပြီ။ ဗုဒ္ဓဟူးနေ့ နံနက် ၇
နာရီမှာ သင်္ကန်းကျွန်းမြို့နယ် စံပြဆေးရုံမှာ ကျောက်ကပ်ရောဂါနဲ့ကွယ်လွန်သွားတာဖြစ်ပါတယ်“ ဟုသူနှင့် ဆွေမျိုးတော်စပ်သူတဦးက ပြောသည်။

သူသည် လွန်ခဲ့သည့်နှစ် အနည်းငယ်က မန္တလေးဆေးရုံကြီး၌ ပထမဆုံးအဖြစ် ကျောက်ကပ်ကို အစားထိုး ကုသခံယူခဲ့သူတဦး ဖြစ်သည်ဟုသိရသည်။

ဦးရွှေကျော်ထွန်းသည် အခြေခံပညာ အလယ်တန်းပြ ကျောင်းဆရာအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြု ထမ်းဆောင်ခဲ့ပြီးနောက် မြန်မာနိုင်ငံ၌ ရခိုင်တေးရေးဆရာတဦး အနေဖြင့်


နာမည်ကျော်ကြား ခဲ့သူတဦး ဖြစ်သည်။

“သူကွယ်လွန်သွားတဲ့အတွက် ရခိုင်အနုပညာလောကမှာ ပန်းတပွင့်လွင့်ကြွေ ကျသွားသလိုဖြစ်သွားတာပေါ့ နော်။ အသက်တော့သိပ်မကြီးသေးဘူး၊ ၄၅ နှစ်ပဲရှိသေးတယ်။


ရခိုင့်ဂီတလောကအတွက်တော်တော့ကိုမျက် ရည်ကျ အားငယ်စရာတခုလိုဖြစ်သွားပါတယ်။ ရခိုင့်ဂီတမျိုးဆက်သစ်လူငယ်တွေကလည်း သူကွယ်လွန်သွား တဲ့အတွက်အရမ်းကို
စိတ်ထိခိုက် ခံစားခဲ့ကြရပါတယ်“ ဟု ရခိုင်အနုပညာလူငယ်တဦးက ပြောသည်။ ယခုကွယ်လွန်ခဲ့သည့် ဦးရွှေကျော်ထွန်းမှာ သူ့၏ဘ၀တလျှောက်လုံး၌အိမ်ထောင်မပြုခဲ့ဘဲ
လူပျိုကြီးအဖြစ်နှင့် နေထိုင်ခဲ့ပြီး သူချစ်မြတ်နိုးသော အနုပညာဖြင့် ရခိုင်ပြည်သူများကို တဖက်တလမ်းမှ တာဝန်ကျေပွန်စွာ ပေး ဆပ်ခဲ့သူ တဦးဖြစ်သည်။

သူသည် ရခိုင်ပြည်နယ် မြောက်ဦးမြို့ ကံလှရပ်ကွက်မှ ဖြစ်ပြီး အဖ ဦးမောင်ဝေနှင့် အမိ ဒေါ်မထွေးဖြူတို့၏ သားသမီးဆယ်ဦးအနက် ဒုတိယမြောက်သားဖြစ်ကြောင်း သိရသည်။

သူ့အလောင်းကို ဇန်န၀ါရီလ ၂၁ ရက်နေ့ နေ့လည် ၃ နာရီတွင် မြောက်ဥက္ကလာပရှိ ရေဝေး သုသာန်တွင် မီးသင်္ဂြိုလ် မည်ဖြစ်ကြောင်း သိရသည်။
(တေးရေးဆရာ ကိုရွှေကျော်ထွန်း ကွယ်လွန်သွားခြင်း (သို့မဟုတ)် အနုပညာ ပန်းတပွင့် ကြွေလွှင့်သွား ပါသဖြင့် သူ့၏ လုပ်ဖေါ်ကိုင်ဘက်များ အပါအ၀င် မိသားစုများနှင့် ထပ်တူ
ကြေကွဲ ၀မ်းနည်းရပါကြောင်း ဖေါ်ပြအပ်ပါသည်။ နိရဉ္စရာ သတင်းဌာန)
http://www.narinjara.com/burmese.asp

ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ အင်တာနက် တပ်ဆင်ခွင့်ရ


2011-01-20
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းပြည်ပ ထောက်ခံသူတွေနဲ့ အလွယ်တကူ ဆက်သွယ်နိုင်ဖို့ အင်တာနက် တပ်ဆင်ခွင့် လျှောက်ထားခဲ့ရမှာ ဇန်န၀ါရီ
(၂၀) ရက် ဒီကနေ့ ညနေမှာတော့ သူမရဲ့ နေအိမ်မှာ အင်တာနက် ဆက်သွယ် တပ်ဆင်ခွင့် ရသွားပြီလို့ သိရပါတယ်။

(Photo: AFP)
နေအိမ်အကျယ်ချုပ်မှ လွတ်လာသည့် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၁၄ ရက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်ရုံးသို့ ရောက်ရှိလာစဉ် ဝိုင်းဝန်းဆီးကြိုသော လူထု
ပရိသတ်နှင့် နှုတ်ဆက်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
အင်တာနက် တပ်ဆင်ခွင့်ရနိုင်ဖို့ လွန်ခဲ့တဲ့ တစ်လ၀န်းကျင်ကတည်းက သက်ဆိုင်ရာကို လျှောက်ထားခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ (၃) ရက်လောက်ကမှ အာဏာပိုင်တွေရဲ့ ခွင့်ပြုမိန့်
ကျလာတာကြောင့် NLD ပါတီတွင်းက ကွန်ပျူတာ ကျွမ်းကျင်သူတွေရဲ့ အကူအညီနဲ့ ဒီကနေ့ ညနေမှာ တပ်ဆင်လိုက်ပြီလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးအဖွဲ့မှူး ဦးဝင်းထိန်က ပြောပါတယ်။
လက်ရှိမှာ Facebook နဲ့ Twitter အဆင့်ကို လုပ်နိုင်အုန်းမှာ မဟုတ်ဘဲ သာမန် အင်တာနက်နဲ့ ဆက်သွယ်တဲ့ စနစ်ကိုသာ လုပ်သွားမှာ ဖြစ်တဲ့အကြောင်း ဦးဝင်းထိန်က ပြောပါတယ်။
Twitter အင်တာနက် လူမှုကွန်ယက်က တဆင့် ပြည်တွင်းပြည်ပ လူငယ်တွေနဲ့ ဆက်သွယ်ပြီး လူငယ်တွေရဲ့ သဘောထားကို သိလိုကြောင်း နေအိမ်အကျယ်ချုပ်က
ပြန်မလွတ်ခင်ကတည်းက ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့ဖူးပါတယ်။

vအောင်လံနယ်က အဓမ္မခိုင်းစေမှု ILO တိုင်ကြား


2011-01-20
အောင်လံမြို့ နယ် ပဒဲရွာတဝိုက်မှာ ဇေကမ္ဘာ ကုမ္ပဏီရဲ့ စိုက်ခင်းတွေ အတွက် ဒေသခံ တောင်သူတွေ မြေယာ အသိမ်းခံရတဲ့ အပြင်၊ အခမဲ့ လုပ်ကိုင် ဆောင်ရွက် ပေးနေရတာတွေကို
ရန်ကုန်မြို့ အခြေစိုက် ILO ရုံးကို တင်ပြကြရာမှာ ILO ရုံးအရာရှိက လက်ခံထားလိုက်တယ်လို့ သတင်းရရှိပါတယ်။

(Photo: AFP)
လယ်ယာ လုပ်ငန်းခွင်တခုတွင် အလုပ်လုပ်နေသော လယ်သူမလေးများ ဖြစ်ပါသည်။ (Photo: AFP)
ဒီကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ညွှန်ကြားချက်အရ အဓမ္မ စေခိုင်းမှု ပပျောက်ရေး ဆောင်ရွက်နေသူ ဦးသက်ဝေက RFA ကို ပြောပြပါတယ်။
မြေလွတ် မြေရိုင်းတွေ ဖေါ်ပြီး ဓားမဦးချ တောင်ယာလုပ်ကိုင် စားသောက်နေတဲ့ အောင်လံမြို့ နဲ့  ၄၅ မိုင်လောက် ဝေးတဲ့ ပဒဲရွာတဝိုက်က တောင်သူတွေရဲ့ ယာမြေတွေကို ဇေကမ္ဘာ
ကုမ္ပဏီက ကျွန်းစိုက်ခင်း အတွက် ဒေသခံ အာဏာပိုင်တွေနဲ့ ပေါင်းပြီး သိမ်းယူလိုက်သလို တောင်သူတွေ ကိုလဲ အဲဒီ စိုက်ခင်းတွေမှာ အခမဲ့ လုပ်ကိုင်ခိုင်းတယ်လို့ ဆိုပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်လို့  မြေသိမ်းခံရပြီး အခမဲ့လုပ်ကိုင်ပေးနေရတဲ့ တောင်သူတဦးက အခုလို ပြောပါတယ်။
"ဇေကမ္ဘာ ကုမ္ပဏီရဲ့ ဘလက်ဘုတ် ဆွဲထားပါတယ်။ ဗိုလ်ချုပ်ကြီး သူရ ရွှေမန်းရဲ့သား ဦးစိုးနိုင်သန်းဖြစ်ပါတယ်၊ ဒါရိုက်တာက။ မန်နေဂျာက ဗိုလ်မှူး ကျော်လွင် ဖြစ်ပါတယ်။ တပ်ကြပ်ကြီး
တင်မောင်ဆွေကတော့ တပ်ရင်းတာဝန်ခံ ဖြစ်ပါတယ်။ တပ်ကြပ်ကြီး တင်မောင်ဆွေက ကျနော်တို့ကို အတင်း အဓမ္မ ခိုင်းနေပါတယ်။ ၂ နှစ်ရှိပါပြီ။ ၂၀၀၉ - ၂၀၁၀ မှာ အခမဲ့
လုပ်ပေးရပါတယ်။ ကျနော်တို့ လုပ်မပေးဘူးဆိုရင် မီးရှို့ပစ်မယ်။ ဒီ ပဒဲရွာ ဖျက်ဆီးပစ်မယ်။ အားလုံးထွက်သွားလို့ ပြောပါတယ်။ ၂၀၀၉ ခုနှစ်က တဧကစီ၊ ၂၀၁၀ မှာ ၄ ဧကစီ၊ ၂၀၁၁ မှာ
တောင်သူတဦးကို ၃ ဧကစီ စိုက်ရမယ်လို့ ခေါ်ပြောသွားပါတယ်။"
ဇေကမ္ဘာ ကုမ္ပဏီရဲ့ ကျွန်းစီမံကိန်းအတွက် အဲဒီဒေသမှာ ဧက (၃၅၀) ကျော် စိုက်ပျိုးထားတယ်လို့  သိရပါတယ်။
တောင်သူတွေ လုပ်ကိုင်စားသောက်နေတဲ့ မြေနေရာကို ကြေးပင်ကွင်းလို့ ခေါ်ပြီး အဲဒီမြေတွေကို တရားဝင် အခွန်ဆောင် လုပ်ခွင့်ရဖို့  တောင်သူတွေက ဌါနဆိုင်ရာကို တင်ပြထားတဲ့
နှစ်ကာလတွေမှာ အခုလို သိမ်းဆည်းခံရတာလို့ ဆိုပါတယ်။
လယ်လုပ်သူ လယ်မြေပိုင်ခွင့် ဥပဒေ မရှိတဲ့ မြန်မာနိုင်ငံမှာ လယ်သမားတွေ လယ်သိမ်းခံရတဲ့ ဖြစ်ရပ်တွေ မကြာခဏ ကြားသိရသလို၊ အာဏာပိုင်တွေရဲ့ အမိန့် မနာခံရင်
လယ်သိမ်းခံရမယ် ဆိုပြီး ခြိမ်းခြောက်ခံရတဲ့ ဖြစ်ရပ်တွေလည်း မကြာမခဏ ကြားသိရပါတယ်။
အဲဒီကိစ္စတွေကို NLD အဖွဲ့ ချုပ်က လယ်သမားတွေ ဘက်ကနေ ကူညီဆောင်ရွက်နေပါတယ်။
ကိုမင်းကိုနိုင် အရိုးကျည်းပေါင်းအတွက် ဆေးကုသပေမယ့် မသက်သာသေး
2011-01-20
ကျိုင်းတုံထောင်မှာ အပို့ ခံထားရတဲ့ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်ဟာ အရိုးကျည်းပေါင်း တက်တာနဲ့ အဆစ်အမြစ် ကိုက်ခဲတဲ့ ဝေဒနာတွေအတွက် ဆက်ပြီး ဆေးကုသမှု
ခံယူနေရတယ်လို့  သတင်း ရရှိပါတယ်။
(Photo: AFP)
၈၈ မျိုးဆက် ကျောင်းသား ကိုမင်းကိုနိုင် ၂ဝဝ၇ ခုနှစ် ဇန်နဝါရီလက နှစ်ရှည် ထောင်ဒဏ်မှ လွတ်မြောက်ခဲ့ပြီးနောက် မိသားစုနေအိမ်တွင် တွေ့ရသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo:
AFP)
ဒီဝေဒနာတွေ အတွက် ဆေးလိမ်း၊ ဆေးသောက်၊ လေ့ကျင့်ခန်း လုပ်နေရပေမယ့် ရာသီဥတု အေးလွန်းတဲ့ အတွက် သက်သာပျောက်ကင်းမှု မရှိဘူးလို့ သိရပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်လို့  ပြီးခဲ့တဲ့ သတင်းပတ်ထဲမှာ ထောင်ဝင်စာတွေ့ ပြီး ပြန်လာတဲ့ ကိုမင်းကိုနိုင်ရဲ့ အမဖြစ်သူ ဒေါ်ကြည်ကြည်ညွန့် က RFA ကို အခုလို ပြောပါတယ်။
"ကျမ်းမာရးက ခါတိုင်းလိုဘဲ။ လက်က ကျည်းပေါင်းတက်တယ်လေ။ အဲဒါကို လေးကျင့်ခန်းလုပ်ပါတယ်။ လိမ်းဆေး လိမ်းပါတယ်။ ဆရာဝန် ညွှန်ကြားချက်အရ မခံမရပ်နိုင်အောင်
နာရင်တော့ သောက်ဆေးပါ တွဲသောက်ရတယ်။ လေ့ကျင့်ခန်း လုပ်တာကလည်း တခါတလေကျတော့ အသားဘဲနာတယ်တဲ့။ သိပ်မသက်သာဘူးတဲ့။ လုပ်တာတော့ မှန်မှန်
လုပ်နေပါတယ်"
ကိုမင်းကိုနိုင်ဟာ အရင်က အကျဉ်းထောင် တိုက်ခန်းကနေ အပြင်ထွက်ခွင့် မရတဲ့ အခြေအနေ ဖြစ်ခဲ့ပြီး၊ အခုတော့ တနေ့ ကို တနာရီလောက်၊ တိုက်ခန်း ပြင်ပမှာ လမ်းလျှောက်ခွင့်
ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူ့ အတွက် မိသားစုက ထောင်မှာ အပ်နှံပေးထားတဲ့ ကိုယ်ပိုင်ငွေနဲ့  အပတ်စဉ်ထုတ် ဂျာနယ် တချို့ ဝယ်ဖတ်ခွင့်ရတဲ့ အတွက် ပြင်ပ အခြေအနေ တချို
့သိနေတယ်လို့  မိသားစုက ပြောပါတယ်။
ကိုမင်းကိုနိုင်ဟာ ပထမတကြိမ်က ၁၉၈၉ ကနေ ၂၀၀၄ ခုနှစ်ထိ အင်းစိန်ထောင်နဲ့  စစ်တွေထောင်တွေမှာ နေခဲ့ရပါတယ်။
အခု တကြိမ် ၂၀၀၇ ခုနှစ်မှာ အဖမ်းခံရတဲ့ အခါမှာတော့ ထောင်ဒဏ် ၆၅ နှစ်နဲ့ ၆ လ ချမှတ်ခံရပြီး၊ အင်းစိန်ထောင်ကနေ တဆင့် ရှမ်းပြည်နယ် ကျိုင်းတုံထောင်မှာ အပို့ ခံထားရတာပါ။
ဒီအတွက် ရန်ကုန်မြို့မှာ နေထိုင်တဲ့ မိသားစုဝင်တွေ အနေနဲ့  ခရီးခက်ခဲတဲ့ အတွက် ၃ လမှ တကြိမ် ထောင်ဝင်စာ သွားတွေ့ နိုင်တယ်လို့ ဆိုပါတယ်။
ကျိုင်းတုံထောင်မှာ ကိုမင်းကိုနိုင် အပါအဝင်၊ မြန်မာနေးရှင်း ဂျာနယ်က ဦးစိန်ဝင်းမောင်၊ ဆရာတော် ဦးဣဿရိယ အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၇ ဦး ရှိတယ်လို့  သိရပါတယ်။
ဗီဇာအတုနဲ့ မလေးရှား အလုပ်သမားပို့တဲ့ အေဂျင်စီ ၁၂ ခုကို အာဏာပိုင်တွေ ဖမ်းဆီး
2011-01-20
မြန်မာနိုင်ငံကနေ အလုပ်သမား လူငယ်တွေကို မလေးရှား ပြည်ဝင်ခွင့် ဗီဇာအတုလုပ်ပြီး မလေးရှား နိုင်ငံကို ပို့နေတယ်ဆိုတဲ့ စွဲချက်နဲ့ အလုပ်သမား ပို့ပေးတဲ့ ရန်ကုန် အေဂျင်စီ ၁၂ ခုက
တာဝန်ရှိသူ တွေကို ဇန်န၀ါရီလ ၁၇ ရက်နေ့မှာ အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။
ဒါ့အပြင် ယုဇနပလာဇာက မလေးရှား ဗီဇာအတုလုပ်တဲ့ ဂိုဏ်းကိုလည်း ဖမ်းဆီးလိုက်တယ်လို့ RFA က စုံစမ်းသိရပါတယ်။
အဖမ်းခံရတဲ့ အလုပ်သမား အေဂျင်စီတွေထဲမှာ ဗိုလ်အောင်ကျော်လမ်းနဲ့ လမ်း ၄၀ မှာ ရုံးခန်းဖွင့်လှစ်ထားတဲ့ ရတနာရွှေမိုး၊ ပွင့်ဖူးဝေနဲ့  ဝင်းကုမ္ပဏီတွေ ပါဝင်ပါတယ်။
နောက်ထပ်လည်း ဖော်ထုတ် ဖမ်းဆီးနိုင်ဖို့ ရဲတွေက အလုပ်သမား ပွဲစားတွေကို လိုက်လံ ရှာဖွေနေတယ်လို့ သိရပါတယ်။
မလေးရှားနိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်မယ့် မြန်မာ အလုပ်သမား ၈ဝ ကျော်ကို ဇန်နဝါရီလ ၁၄ ရက်နေ့ ညနေပိုင်းက ရန်ကုန် မင်္ဂလာဒုံ လေဆိပ်မှာ ဗီဇာအပါအဝင်
စာရွက်စာတမ်း အတုတွေနဲ့ စစ်ဆေး တွေ့ရှိတဲ့အတွက် လေယာဉ်ပေါ် တက်ခွင့်မပေးဘဲ ပြန်လွှတ်လိုက် အပြီးမှာ အခုလို သူတို့ကို စေလွတ်တဲ့ အလုပ်သမား အေဂျင်စီတွေကို
အာဏာပိုင်တွေက ဖမ်းဆီးတာ ဖြစ်ပါတယ်။
စစ်အစိုးရ အုပ်ချုပ်တဲ့ မြန်မာနိုင်ငံမှာ စားဝတ်နေရေး ကြပ်တည်း လာတဲ့အတွက် အညာနဲ့ ကျေးလက်က လူငယ်တွေက အိမ်နဲ့ လယ်ယာကျွဲနွားတွေကိုရောင်းချ၊ အခုလို အလုပ်သမား
အေဂျင်စီ တွေကို ငွေပေးပြီး မလေးရှားကို လာဖို့ ကြိုးစားနေကြတာ နှစ်အတန်ကြာပြီ ဖြစ်ပါတယ်။
တချိန်ထဲမှာပဲ မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသား ၁၆ ယောက်ကို လူကုန်ကူးမှုနဲ့ မလေးရှား စစ်သား နှစ်ယောက်ကို ဒီကနေ့ ရုံးတင်တရားစွဲဆို လိုက်ပါတယ်။
အဲဒီ မြန်မာနိုင်ငံသား ၁၆ ယောက်ထဲမှာ အသက် ၁၅ နှစ်ကနေ ၄၈ နှစ်ကြား အမျိုးသမီး လေးဦးပါဝင်တယ်လို့ သိရပြီး၊ မနှစ်က ဒီဇင်ဘာလအတွင်း ဒီလူကုန်ကူးမှု ဖြစ်ပွားခဲ့တာပါ။
အခုလို လူကုန်ကူးမှုနဲ့  တရားစွဲဆိုခံရတဲ့ စစ်သားနှစ်ဦး ကတော့ မလေးရှားနိုင်ငံ အနောက်မြောက်ပိုင်း Kedah ပြည်နယ်က တပ်စခန်းတခုမှာ တာဝန် ထမ်းဆောင်နေသူတွေ ဖြစ်ပါတယ်။
သူတို့အနေနဲ့  အပြစ်မရှိကြောင်း ဒီကနေ့ တရားရုံးမှာ ထွက်ဆိုခဲ့ကြပေမယ့် တကယ်လို့ ပြစ်မှုထင်ရှားရင် ၁၅ နှစ်ထက်မပိုသော ထောင်ဒဏ် ဒါမှမဟုတ် ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး
ဖြစ်စေ ကျခံရဖို့  ရှိပါတယ်။
တရားသူကြီးကတော့ အာမခံအဖြစ် တဦးကို ရင်းဂစ်ငွေ ၆၀၀၀ စီ သတ်မှတ်ထားပြီး လာမယ့် ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ တရားရုံးချိန်းဆင့်ခေါ်ထားပါတယ်။
တိုင်းရင်းသားပေါင်းစုံ ညီလာခံ ကျင်းပနိုင်ဖို့ လက်နက်ကိုင် အဖွဲ့တွေ စီစဉ်
2011-01-20
စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အပါအ၀င် ပြည်ပ အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ဖယ်ဒရယ်
ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မတီက တိုင်းရင်းသား ပေါင်းစုံ ပါဝင်တဲ့ ညီလာခံကြီး တရပ် ပြုလုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

(Photo: AFP)
မြန်မာ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး မလုပ်သော KNU ကရင်လက်နက်ကိုင် တပ်ဖွဲ့ဝင်များ ဖြစ်ပါသည်။ (Photo: AFP)
ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၁ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ မြန်မာနိုင်ငံ နယ်စပ်တနေရာမှာ အစည်းအဝေး လုပ်ခဲ့ပါတယ်။
ဒီအစည်းအဝေးနဲ့ ပတ်သက်ပြီး အဖွဲ့ရဲ့ အတွင်းရေးမှူးလည်းဖြစ် ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးနိုင်ဟံသာကို ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။


က




်ေ

ြး

န်



က
်။



ံဖို
င်

ူရ
န်

စစ်အစိုးရ နောက်ဆုံးလေးလပတ် လွှတ်တော် မခေါ်ခင် ကျင်းပမည်
2011-01-20
လက်ရှိ မြန်မာစစ်အစိုးရအဖွဲ့ နောက်ဆုံး လေးလပတ် အစည်းအဝေးကို ယခုလ ၂၃ ၊၂၄ နဲ့ ၂၅ ရက် တွေမှာ ကျင်းပမယ်လို့ သက်ဆိုင်ရာ ၀န်ကြီးတွေနဲ့ တိုင်းမှူးတွေကို ပျဉ်းမနား
နေပြည်တော်မြို့ ကို ဆင့်ခေါ်ထားကြောင်း RFA က စုံစမ်းသိရပါတယ်။

(Photo: AFP)
နေပြည်တော်တွင် ကျင်းပသည့် လွတ်လပ်ရေးနေ့ အခမ်းအနားတခုတွင် တက်ရောက်သော ဗိုလ်ချုပ်ကြီးများကို တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
ဒါ့အပြင် တိုင်းမှူးတွေကို ၂၈၊ ၂၉ ရက်တွေမှာသီးခြား စည်းဝေးပွဲ ဖိတ်ထားတယ်လို့  စစ်တိုင်းမှူးတွေနဲ့ နီးစပ်တဲ့ သတင်း ရပ်ကွက်က ပြောပါတယ်။
စစ်အစိုးရရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရေ၇ွးကောက်ထားတဲ့ ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်ကို ဇန်န၀ါရီ ၃၁ ရက်နေ့ မှာ ခေါ်မှာမို့ ဒါဟာလက်ရှိ စစ်အစိုးရရဲ့ နိုင်ငံတော်
အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ အဖြစ် နောက်ဆုံး ကျင်းပတဲ့ အစည်းအဝေး ဖြစ်တယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။
တက်ရောက်မယ့် ၀န်ကြီးတွေနဲ့ တိုင်းမှူး အချို့ကတော့ ဒီအစည်းအဝေးမှာ ရာထူးအပြောင်းအလဲနဲ့ နောက် အစိုးရအဖွဲ့ မှာ ဆက်တာဝန် ပေးမပေး အဆုံးအဖြတ်ပေးမယ့်
အလားလာရှိတာမို့ စိတ်လှုပ်ရှား နေတယ်လို့ မိသားစုဝင်တွေထံက သိရပါတယ်။
ဒါ့အပြင် နောက်တက်မယ့် အစိုးရမှာ ပါနိုင် မပါနိုင်ဆိုတာ မသေချာတဲ့ အတွက် စစ်တပ် အရာရှိကြီး ကတော်တွေ ရွှေနဲ့ စိန်ကို အလုအယက် ၀ယ်စုနေကြတာမို့  ရွှေတကျပ်သား
ကျပ်ခုနှစ် သိန်း နီးပါး ရောက်သွားပြီလို့  ရန်ကုန် ရွှေကုန်သည်တွေက ပြောပါတယ်။
http://www.rfa.org/burmese

သမီးလေး သိချင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် အကြောင်း


Posted by admin on January 20, 2011 0 Comment

ဒီနေ့ ည ၈ နာရီလောက်မှာ ကျမက အင်တာနက်က forward mail တွေ။ သတင်းတွေကို ဖတ်နေတုံးမှာ။ အနားမှာထိုင်ပြီး ကျောင်းအိမ်စာတွေလုပ်နေတဲ့ အသက် ၁၂ အရွယ်။ ၆ တန်း
ကျောင်းသူ ကျမ သမီးက စာ တွေလုပ်နေရင်းက ဒီနေ့ထူးထူးခြားခြား ကျမကို မေးခွန်းမေးလာပါတယ်။
မေမေရေ…
ဒေါ်အောင်ဆန်းစုကြည် ကလေ အခု သူ့အိမ်မှာပဲ နေ နေတာလားတဲ့။ မေမေ သမီးကိုပြတဲ့ အိမ်မှာပဲလား တဲ့။ သူ ဒီနေ့ ဘာတွေလုပ်သလဲတဲ့။ အခု သူဘာတွေလုပ်နေလဲတဲ့။
ကျမ ဘယ်လိုပြန်ဖြေရမလဲဟင်။ ကျမ ပြန်ဖြေမိတာကတော့
သမီးရေ…
သူလည်း သမတ အိုဘားမား တို့လို။ တိုင်းပြည်နဲ့ ပတ်သတ်တဲ့ အကျိုးပြုလုပ်ငန်းတွေ လုပ်နေတာပေါ့။
ဒါဆိုရင် ဘာဖြစ်လို့ သူလုပ်တာတွေကို သမီးတို့က မသိရတာလဲတဲ့။
သတင်းစာတွေ။ ဂျာနယ်တွေမှာ ဘာလို့မပါတာလဲတဲ့။
ဒီတော့ကျမလည်း ရုတ်တရက် ကလေးနားလည်နိုင်မယ့် အဖြေတွေ စဉ်းစားရင်းက နိုင်ငံတော်အစိုးရနဲ့က မပြေလည်ကြသေးတာကြောင့် လောလောဆယ်ဂျာနယ်တွေ။
သတင်းစာတွေမှာမထည့်တာလေ။
ဒါပေမယ့် သူဘာတွေလုပ်တယ်ဆိုတာကို နေ့စဉ် အင်တာနက်က သတင်းဂျာနယ်တွေ။ Blog တွေမှာတော့ ရေးထားပါတယ်။ မေမေတို့ အမြဲဖတ်နေရပါတယ်။ သမီးသိချင်ရင်
မေမေနဲ့လာဖတ်ကြည့်နော်လို့ပဲ ကျမ ပြန်ဖြေလိုက်မိပါတော့တယ်။
ကျမသမီးက အသက်ကသာ ၁၂ နှစ်။
အိမ်ကလူကြီးတွေ ပြောဆိုနေတာကို လိုက်နားထောင်ထားပုံတော့ရတယ်။ ဘာလို့လဲဆိုရင် ရွေးကောက်ပွဲ မဲပေးတုန်းကဆိုရင်လဲ။ ကျမ က လုပ်ငန်းတာဝန်နဲ့ နယ်ရောက်နေတာ။ ကျမ
က ရန်ကုန်အိမ်အခြေအနေ သိချင်လို့ ဖုံးဆက်တော့။ သူက ဖုန်းလာကိုင်ပြီး။ မေးလိုက်တဲ့မေးခွန်းတွေ စုံနေတာပဲ။ စက်သေနတ်ပြစ်တဲ့ အတိုင်းပဲ။
“မေမေရေ…
မေမေကဘာလို့ မဲမပေးတာလဲ။”
ကျမ က
“မေမေကခရီးထွက်နေရလို့ ပါဆိုတော့။”
“ဒါဆိုရင်လည်း ကြိုတင်မဲပေးခဲ့ဘူးလားတဲ့။”
ဒါနဲ့ ကျမ က
“သမီးရေ။ မေမေအိမ်ကခရီးစထွက်တာ ၈ ရက်ကျော်လောက်ရှိနေပြီ။
ကြိုတင်မဲက ရက်အများကြီးကျော်ကြိုတင်ပေးလို့မရဘူး” လို့ နားလည်အောင် ရှင်းပြလိုက်ရတယ်လေ။
ဒါတောင် ဘာဆက်မေးသေးလဲဆိုရင်
“အခု မေမေရောက်နေတဲ့နေရာမှာကော မဲပေးလို့ မရဘူးလား” တဲ့။
ဒါနဲ့ပဲ ကျမ က ကျမ သန်းခေါင်စာရင်းမရှိတဲ့နေရာမှာ ကျမ ပေးချင်လည်း ပေးလို့မရဘူးလို့ ပြန်ဖြေလိုက်ရပါ တယ်။
ဒီတော့ ဘာဆက်မေးသေးလဲဆိုတော့ …
“မေမေ အခုရောက်နေတဲ့မြို့မှာ မဲဆန္ဒနယ်က ဘယ်နှစ်ခုရှိလဲ။
ကိုယ်စားလှယ်လောင်းက ဘယ်နှစ်ယောက်လဲ” တဲ့။ မေးသေးတယ်။
ဒါနဲ့တင်မကဘူး။ ဖော်ကောင်လုပ်လိုက်ပုံက
“(မေမေရေ… မေမေ …ဘွားဘွားကတော့လေ ဦးသုဝေ တို့ ပါတီကို မဲပေးလိုက်တာတဲ)့ ” သိလား။
ဒီမိုကရက်တစ်ပါတီလေ တဲ့။
ဘုရားရေ။ ကျားသားမိုးကြိုး။ ရှေ့နေခေါ်မှ ထောင်လုံးလုံးကျ ဆိုသလို။ ကလေးတွေရှေ့ အလွှတ်မဲ့ပြောလို့ တော့ မဖြစ်သေးဘူးနော်။ ကိုယ်လျှို့ဝှက်မဲပေးတာ ဘယ်သူ့ကိုဆိုတာကို
ဖော်ကောင်ဘညွန်းလုပ်မယ့် သူ တွေတော့။
ကျမလည်း သူဒီနေ့ မေးတဲ့မေးခွန်းကို စဉ်းစားမိရာက ဒီစာလေးကိုကောက်ရေးလိုက်တာပါ။
ကျမတို့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တနေ့တာလုပ်ငန်းစဉ်တွေကို အင်တာဗျူးလုပ်ပြီး။ လွတ်မြောက် လာတဲ့ နေ့ကစလို့ပေါ့နော် နေ့စဉ် ဘာတွေလုပ်နေတယ်ဆိုတာကို
နေ့ရက်အလိုက် file တွဲသပ် သပ်စု ဆောင်းတင်ပြနိုင်ရင်။ ကျမ သမီးလိုမျိုးစိတ်ဝင်စားမယ့် ကျမတို့ရဲ့ အနာဂတ်မျိုးဆက်သစ်တွေအတွက် အ လွန်ကောင်းမှာပဲလို့ ယူဆလိုက်မိပါတယ်။
ကျမကတော့ သေသေချာချာ ရက်အတိအကျနဲ့ ဘာတွေလုပ်ခဲ့တယ်။ ဘာတွေလုပ်နေတယ်ဆိုတာ အားလုံး မမှတ်မိလို့ မှတ်ထား။ သိထားသူများရှိရင် (ဒေါ်အောင်ဆန်းစုကြည်ရဲ့
လွတ်မြောက်ရေးကာလနောက်ပိုင်း လှုပ်ရှားမှုများ) ဆိုပြီး။ ဘယ်သူတွေနဲ့ တွေ့တာ။ ဘာတွေလုပ်တာတွေ စုဆောင်းဖေါ်ပြ ပေးချင်မိပါတော့ တယ်။
မြန်မာပြည်က မိခင်တဦး

http://www.naytthit.net/

တောင်ငူမြို့တွင် လုံခြုံရေး ပိုတင်းကြပ်လာ


Submitted by Karen Information Center on Wednesday, 19 January 2011No Comment
ဇန်န၀ါရီလ ၁၉ရက်။ နန်းထူးစံ (ကေအိုင်စ)ီ
ကရင်ပြည်နယ်မြောက်ပိုင်း (ပဲခူးတိုင်းအရှေ့ခြမ်း)ရှိ တောင်ငူမြို့တွင် ယခုအချိန်တွင် သက်ဆိုင်ရာအာဏာပိုင်များက မြို့တွင်းမြို့ပြင် လုံခြုံရေး ပိုမိုချထားလာသည့်အပြင်
တောင်ပေါ်ဒေသနှင့် ဆက်သွယ်သွားလာသော ကားလမ်းများကိုလည်း ပိတ်ဆို့ထားလိုက်သည့် အတွက်ကြောင့် ဒေသခံများ၏ မိသားစုစီးပွားရေးကို ထိခိုက်စေသည်ဟု ဒေသခံများက
ပြောသည်။
တောင်ငူမြို့ခံတဦးက “အခုချိန်မှာ တောင်ငူမှာက စစ်တပ်တွေက သံလမ်း၊ ကားလမ်းတွေမှာ လုံခြုံရေးအပြည့် ယူထားတယ်။ မြို့ တွင်းလုံခြုံရေး အကုန်လုံးပေါ့နော်။ တောင်င-ဇရပ်
ူ ကြီး၊
ကျောက်ကြီး အဲဒီဘက်ကိုသွားတဲ့ ကားလမ်း၊ တောင်င-ူ သံတောင်ကြီး၊ တောင်ငူ-ဘောဂလိသွားတဲ့ ကားလမ်းအကုန်လုံးကို တင်းတင်းကြပ်ကြပ်ပဲ။”ဟု ကေအိုင်စီကို ပြောသည်။
တောင်ငူမြို့တွင် အခြေချလှုပ်ရှားသည့် စစ်ကွပ်ကဲရေးဌာနချုပ်-စကခ (၁၆)တပ်ဖွဲ့များအပြင် ယခုနှစ်စပိုင်းတွင် စကခ(၁၅)တပ်ဖွဲ့များ ထပ်မံရောက်ရှိလာပြီး မြို့တွင်းမြို့ပြင်
လုံခြုံရေးအတွက် စစ်ဆေးမေးမြန်းမှုများ၊ စောင့်ကြည့်မှုများ ပိုမိုလုပ်ဆောင်လာသလို ယခု ကားလမ်းများကိုပါ ပိတ်လိုက်သည့်အထိ လုပ်ဆောင်လာသဖြင့် ဒေသခံလူထုများ
စိတ်အနှောက်အယှက် ဖြစ်ရသည့်အပြင် အလုပ်အ ကိုင် အခက်အခဲဖြစ်ရကြောင်း ထိုမြို့ခံက ပြောသည်။
“အခုလို လုံခြုံရေးတွေ ပိုချ၊ ကားလမ်းတွေပိတ်ဆို့လိုက်တော့ တောင်ပေါ်က ဆင်းလာတဲ့ ကုန်စည်သီးနှံတွေကို အခြေခံပြီး ရောင်း ဝယ်နေတဲ့ ကျနော်တို့လို လူတွေအတွက်
အခက်အခဲဖြစ်တာပေါ့ဗျာ။ ဘာဖြစ်လို့ဆိုတော့ ကွမ်းတွေလည်း မလာတာကြာပြီ၊ ခြံထွက် သီးနှံတွေ အကုန်ပေါ့လေ။ အခု တောင်ပေါ်ဒေသနဲ့ မြို့ကို
အဆက်အသွယ်ဖြတ်လိုက်တဲ့သဘောဆိုတော့ ကျနော်တို့အတွက် စီးပွား ရေးထိခိုက်တယ်ပေါ့ဗျာ။”ဟု တောင်ငူမြို့ခံက ပြောသည်။
တောင်ငူမြို့နှင့် ဆက်သွယ်သွားလာသည့် တောင်ပေါ်ဒေသများမှ ကားလမ်းများကို အသွားအလာမလုပ်ရန် ယခုနှစ်ဆန်းပိုင်းက တည်းက ဒေသတွင်းရှိ နအဖ စစ်တပ်များက
တားမြစ်မှုများရှိသော်လည်း ယခုဇန်န၀ါရီလ (၁၇)ရက်နေ့၌ အခြေစိုက်လှုပ်ရှားလျှက်ရှိ သည့် စကခ(၇)အရာရှိများနှင့် ဘောဂလိမြို့နယ်မှူးတို့က ဘောဂလိကျေးရွာ အပါအဝင်
တောင်ပေါ်ဒေသအတွင်းရှိ ကျေးရွာသူကြီး များကို ခေါ်ယူတွေ့ဆုံပြီး ကား၊ ဆိုင်ကယ်များ မြို့တွင်းသို့ အသွားအလာမပြုရန် တရားဝင် ပြောဆိုထားသည်ဟု သိရသည်။
ယခုအခြေအနေကြောင့် တောင်ငူမြို့နေလူထုအပြင် တောင်ပေါ်ဒေသတွင် နေထိုင်ကြသည့် လူထုများက ပို၍ ဒုက္ခရောက်သည်ဟု တောင်ငူမြို့နှင့် မနီးမဝေး တောင်ပေါ်ဒေသတွင်
နေထိုင်သည့် ရွာသားတဦးက ယခုလို ပြောသည်။
သူက “အခုက ကားလမ်းဘေးမှာ ရှိတဲ့ လူတွေရော၊ စုစည်းကျေးရွာမှာ နေထိုင်တဲ့ လူတွေရော၊ ပုန်းအောင်းနေထိုင်တဲ့လူတွေရော အကုန်လုံး ဒုက္ခရောက်တယ်။ ဘာဖြစ်လို့လဲဆိုတော့
တရွာနဲ့တရွာ ဆက်သွယ်လုပ်နေတဲ့ အရောင်းအဝယ်လည်း မဖြစ်။ လုပ်အားခေါ် ခိုင်းတာလည်း ဆက်တိုက်ရှိနေတော့ ရွာသားတွေလည်း ကိုယ့်အလုပ် ကိုယ် မလုပ်အားဘူး။ စိုးရိမ်စိတ်နဲ့
နေနေရတယ်။ အထူးသဖြင့် ကားလမ်းဘေးမှာ နေတဲ့လူထုကျတော့ မိုင်းရှင်းတဲ့နေရာမှာ အသုံးပြုခံရသလို တပ်ရိက္ခာလည်း သယ်ပေးရတယ်။ ဒီတပ်တွေ မရုပ် သိမ်းမချင်း၊
ရိက္ခာပို့ဆောင်တာ မပြီးမချင်းတော့ ရွာသားတွေကတော့ ဒုက္ခရောက်တာပေါ့။”ဟု ပြောသည်။
ယခုလို တောင်ငူဒေသတွင် နအဖ တပ်အင်အား ပိုမိုချထားပြီး လုံခြုံရေး တင်းကြပ်လာခြင်းအပေါ် တောင်ငူမြို့၏ တောင်ပေါ်ဒေသ များကို ထိုးစစ်ဆင်ရန်အပြင် သို့မဟုတ်
တောင်ငူမြို့သည် နေပြည်တော်နှင့် နီးခြင်းကြောင့် လာမည့် ဇန်န၀ါရီလ (၃၁)ရက်နေ့တွင် စစ် အစိုးရက လွှတ်တော်အစည်းအဝေး ကျင်းပခေါ်ယူတော့မည်ဖြစ်၍
လုံခြုံရေးယူထားခြင်းလည်း ဖြစ်နိုင်သည်ဟု တောင်ငူဒေသခံများ က ဝေဖန်ပြောဆိုနေကြသည်။

http://www.kicnews.org/

Thursday, January 20, 2011


တိုင်းပြည်နဲ့  လူမျိုး အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေးအတွက်
ကြိုးစားဆောင်ရွက်နေကြတဲ့ ကျောင်းသားများထဲမှ ကြယ်တစ်ပွင့် ကြွေခ သွားခြင်း။
ရဲဘော် သန်းလွင် (ခေါ်) သော်ဇင်

(ကိုယ်ပိုင်အမှတ် ၃၃၅၄)။

ဗဟိုကော်မတီဝင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်)။

(၈ ဒီဇင်ဘာ ၁၉၆၇ - ၁၉ ဇန်နဝါရီ ၂၀၁၁)။

ရဲဘော် သန်းလွင် (ခေါ်) သော်ဇင်သည် ၁၉၆၇ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်နေ့တွင် ဖခင် ဦးရွှေထွန်း၊ မိခင် ဒေါ်တင်မေ တို့မှ မွေးဖွားသည်။ မွေးချင်း ၅ ဦး အနက် ဒုတိယမြောက်သား
ဖြစ်သည်။

၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကာလ၌ မော်လမြိုင်တက္ကသိုလ်တွင် ဒုတိယနှစ် (ဘူမိဗေဒအဓိက) တက်ရောက်နေဆဲ ဖြစ်သည်။ အရေးတော်ပုံကာလအတွင်း ကျိုက်ထိုမြို့နယ်
သပိတ်ကော်မတီ၏ ပြင်ပဆက်ဆံရေးတာဝန်ခံ၊ မွန်ပြည်နယ် ကျောင်းသားသမဂ္ဂ (ကျိုက်ထိုမြို့နယ်ကိုယ်စားလှယ)် ၊ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (SDF) ၏
စည်းကမ်းထိမ်းသိမ်းရေးမှူး တာဝန်များကို ထမ်းဆောင်ခဲ့သည်။

စစ်အာဏာသိမ်းသည့်နေ့တွင်ပင် လက်နက်ကိုင်တော်လှန်ရေးအတွက် ကရင်ပြည်နယ် သေ့ဘောဘိုးသို့ ထွက်ခွာလာခဲ့သည်။ ၁၉၈၈-၈၉ ခုနှစ်များအတွင်း မကဒတ


(ကျောင်းသားတပ်မတော်)၊ သေ့ဘောဘိုးစခန်းတွင် စစ်သင်တန်းများ တက်ရောက်ခဲ့ပြီး ၁၉၈၉-၉၁ ကာလများအတွင်း မကဒတ၊ ကျောင်းသားတပ်မတော်၊ အမှတ် ၂၀၄/၂၀၅
ပူးတွဲစစ်ကြောင်း၌ ဆေးမှူးတာဝန်ဖြင့် ကရင်အမျိုးသားအစည်း အရုံး တပ်မဟာ (၆) နယ်မြေအတွင်း စစ်ဆင်ရေးများတွင် ပါဝင်ခဲ့သည်။ ၁၉၉၂ ခုနှစ် မာနယ်ပလော ခံစစ်တွင် နော်တ
စစ်မျက်နှာပြင်တွင်လည်းကောင်း၊ ၁၉၉၂-၉၃ ခုနှစ်များအတွင်း မယ်ညောခီး စစ်မျက်နှာပြင်တွင် လည်းကောင်း ပါဝင်တိုက်ပွဲဝင်ခဲ့သည်။

၁၉၉၃ မှ ၁၉၉၇ ခုနှစ်များအတွင်း အလယ်ပိုင်းဒေသ အထူးအလုပ်အဖွဲ့တွင် ပါဝင်ခဲ့သည်။ အလယ်ပိုင်းဒေသတွင် မတင်တင်နွယ်နှင့် အိမ်ထောင်ကျသည်။

၁၉၉၆ ခုနှစ် မကဒတ ပေါင်းစည်းရေးညီလာခံတွင် အမှတ် (၆) နယ်မြေ ညီလာခံကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။

၁၉၉၇ ခုနှစ် စက်တင်ဘာလတွင် ကရင့်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေ အခြေစိုက် အမှတ် ၈ တပ်ရင်း တွင် ပြန်လည် တာဝန်ထမ်းဆောင်သည်။

၁၉၉၉ ခုနှစ်တွင် ကျောင်းသားတပ်မတော် စစ်ရုံးချုပ်တွင် ဒုတိယ စစ်ရေးချုပ်အဖြစ် တာဝန်ပေးအပ်ခံခဲ့ရသည်။ ၂၀၀၃ ခုနှစ် တွင် ကျောင်းသားတပ်မတော် စစ်ရုံးချုပ်၊ စစ်ဦးစီးမှူး
ဒုတိယတန်း (စစ်ရေး) အဖြစ် တာဝန်ပေးအပ် ခံခဲ့ရသည်။ ၂၀၀၃ ခုနှစ် မှ ၂၀၀၆ ခုနှစ်အတွင်း ဗဟိုစစ်ကော်မရှင်၏ ရုံးအဖွဲ့မှူးတာဝန်ကိုပါ ပူးတွဲ တာဝန်ထမ်းဆောင်ခဲ့သည်။
ယင်းကာလအတွင်း ၁၉၈၈ မှ ၂၀၀၆ ခုနှစ် ကာလများအတွင်း ကျောင်းသားတပ်မတော် ၏ ထိခိုက်ဒဏ်ရာ၊ ကျဆုံး၊ သေဆုံး စာရင်းများ ထုတ်ပြန်နိုင်သည်အထိ
ကြိုးပမ်းဆောင်ရွက်ခဲ့သည်။

၂၀၀၆ ခုနှစ် သြဂုတ်လ တွင် မကဒတ အဋ္ဌမအကြိမ် ညီလာခံဖြစ်မြောက်ရေးကော်မရှင်၊ ဘဏ္ဍာရေး တာဝန်ခံအဖြစ် တာဝန်ပေးအပ်ခံရသည်။

၂၀၀၆ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး အဋ္ဌမအကြိမ် ညီလာခံတွင် ဗဟိုကော်မတီဝင်အဖြစ်
ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး ဗဟိုဘဏ္ဍာရေးဌာန တာဝန်ခံ အပြင် ဗဟိုဌာနချုပ် ရုံးအဖွဲ့မှူး တာဝန်များကို ပူးတွဲတာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၁၀ ခုနှစ် နိုဝင်ဘာလ တွင် မကဒတ နဝမအကြိမ် ညီလာခံဖြစ်မြောက်ရေးကော်မရှင်၊ ဘဏ္ဍာရေးတာဝန်ခံ အဖြစ် တာဝန်ပေးအပ်ခံခဲ့ရသည်။

တော်လှန်ရေးတာဝန်များကို ထမ်းဆောင်နေစဉ် ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၁၉ ရက် နေ့လည် ၂ နာရီ တွင် ဦးနှောက် သွေးကြောပြတ်၍ ကျဆုံးသည်။

ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်တင်တင်နွယ် နှင့် ရင်သွေးများဖြစ်သော သမီး ယမုံသော်၊ သား ဝသုန်သော် နှင့် သမီး နဒီသော် တို့ ကျန်ရစ်ခဲ့သည်။
ကျောင်းသားတပ်မတော် All Burma Students’ Democratic Front (ABSDF) မှ ကွယ်လွန်သွားသော ရဲဘော် သန်းလွင် ဈာပန အခမ်းအနား ဖိတ်ကြားလွှာ။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (မကဒတ) ကျောင်းသားတပ်မတော် All Burma Students’ Democratic Front (ABSDF) မှ ကွယ်လွန်သွားသော
ရဲဘော် သန်းလွင် ဈာပန အခမ်းအနား ဖိတ်ကြားလွှာ။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (မကဒတ) ကျောင်းသားတပ်မတော် All Burma Students’ Democratic Front (ABSDF)
http://www.absdf8888.org/
Rate this:
Be the first to rate!
?

နအဖ ကရင်ပြည်နယ်ရဲမှုးကြီး သိန်း (၅၀၀) တန် နေအိမ်ဆောက်လို့  တံတားဂိတ်များ ကုန်သည်များနှင့် လိုင်စင်မဲ့ကား သွင်းသူများ အချိုးကျငွေထည့်ဝင်နေရ။

နအဖ ကရင်ပြည်နယ် ရဲမှုးကြီးကျော်ခိုင်ဦးသည်


မိသားစုနေထိုင်ရန်အတွက် သိန်း (၅၀၀) တန် နေအိမ်တလုံးအား
ဘားအံတွင် ဆောက်လုပ်လျှက်ရှိရာ သံလွင်တံတားဂိတ်မှ သိန်း (၅၀)၊
ဇာသပြင်တံတားဂိတ်မှ သိန်း (၅၀)၊ ဒုံသမိတံတားဂိတ်မှ (၂၅) သိန်း ၊
ဂျိုင်းတံတားဂိတ်မှ သိန်း (၅၀)၊ တရားမ၀င်ကုန်ပစ္စည်းများ သယ်ဆောင်နေသော ကုန်သည်များဖြစ်သည့် ကိုမောင်မောင်၊ ကိုကျော်ကျော်၊ ကိုစိန်ဝင်း၊ ကိုသောင်းဝင်းတို့မှ သိန်း (၁၀၀)၊
လိုင်စင်မဲ့ကားများ သယ်ဆောင်နေကြသော ကိုလင်းလင်း၊ မင်းမင်း၊ ကိုထွေး၊ ကိုသောင်းညွန့်တို့မှ သိန်း (၁၀၀) ထည့်ဝင်ပေးနေရသည်ဟု သိရှိရပါသည်။

ကုန်သည်များထံ ငွေကောက်ခံရန် ရဲမှုးကြီး၏ ညာလက်ရုံးဖြစ်သော ဒုရဲအုပ်ဝင်းနိင်မှ တာဝန်ယူပြီး လိုင်စင်မဲ့ကားသယ်ယူသူများထံမှ ငွေကောက်ခံရန် ရဲမှုးကြီး၏ ဘယ်လက်ရုံးဖြစ်သူ
ဒုရဲအုပ်လှစိုးမှ တာဝန်ယူပေး ရကြောင်း သိရှိရပါသည်။

ကရင်ပြည်နယ်ရဲတပ်ဖွဲ့ တွင် ရဲအုပ်လှစိုးနှင့် ရဲအုပ်ဝင်းနိင်တို့ ကို အခြားသော ရဲအရာရှိများနှင့် ရဲတပ်သားများအားလုံးက ကြောက်ရွံနေကြရသည်ဟုလည်း ရဲအရာရှိတဦးက
ပြောကြားပါသည်။
(သတင်းပေးပို့ လာသော မိတ်ဆွေအား အထူးကျေးဇူးတင်ရှိပါသည်)။
http://www.niknayman-niknayman.co.cc/

Thursday, 20 January 2011


တရုပ်ပြည်က တနှစ်ကို ကျောင်သား တသိန်းခွဲ အမေရိကန် ကို လာရောက်သင်ယူနေချိန်မှာ မြန်မာ ကျောင်းသားတွေဟာ စစ်ကျွန်ပညာရေးစနစ်မှာ အောက်ပါအတိုင်း ဖြစ်နေရတယ်။

ကျောင်းအမည် - အ.ထ.က(၁) ဗဟန်း

ကျောင်းအုပ် - ဒေါက်တာ ဒေါ်နွယ်နီလွင်


ပညာရေးမှူး - ဒေါ်မြင့်မြင့်ကြည်

မြို့ - ရန်ကုန်မြို့

အထက်ပါကျောင်းမှ ချမှတ်လိုက်သော လုပ်ရပ်များသည် လူမဆန်လွန်းသည် ထင်သည်။ဒဿမတန်း( တက္ကသိုလ်ဝင်တန်း ) တွင် အစိုးရထံ


ဖြေဆိုခွင့်တင်ပြီးသားကျောင်းသား/ကျောင်းသူ အချို့ကို ကျောင်းစည်းကမ်းဖောက်ဖျက်ခြင်း၊ ၇၅ရာခိုင်နှုန်းမပြည့်မှီခြင်း မဟုတ်ပါဘဲ လျက် ကျောင်းလပတ်စာမေးပွဲတွင်မဖြေဆိုနိုင်ရုံမျှဖြင့်
တစ်ခုတည်းကို အကြောင်းပြကာ အစိုးရစာမေးပွဲ
ဖြေဆိုခွင့်ကို ပိတ်ပင်လိုက်ကြောင်း သိရသည်။ကျောင်းသားမိဘများထံ လက်မှတ်ထိုးစေပြီး အချို့ကျောင်းသားများကို တစ်နှစ်ရပ်နားပါရန် တောင်းဆိုသည်ဟုဆိုသည်။ ယင်းအတွက်
မကျေလည်ကြသော မိဘ၊ အုပ်ထိန်းသူများက တောင်းဆို၍ယင်းအချို့ ကျောင်းသားများ ကိုသာ လက်ကြိတ်ထိုး ပြန်လက်ခံနေပြီး အချို့ကိုပိတ်ပင်ထားမြဲ ဖြစ်သည်ဟု ကြားသိရပါသည်။
ယင်းသို့ ထုတ်ပယ်ထားခြင်းခံရသော ကျောင်းသား ကျောင်းသူများအနက် စာရင်းကောက်ယူရရှိသော အမည်များမှာ အောက်ပါ အတိုင်း ဖြစ်သည်။

၁။ မောင်မျိုးဇော်
၂။ မောင်အောင်ကျော်ဝင်း
၃။ မောင်ချစ်ဟိန်းထွဋ်

၎။ မောင်အာကာဖြိုး
၅။ မောင်ဇော်ဝင်းထွဋ်
၆။ မောင်ဟိန်းမင်းဝင်း

၇။ မောင်ဟိန်းမင်းလင်း
၈။ မောင်ရဲလင်းထက်
၉။ မောင်သူရသိန်းဇော်

၁၀။မောင်ဥာဏ်ဝင်းထွဋ်
၁၁။မနီနီလှိုင်
၁၂။မအိမ့်မြင့်ချယ်

၁၃။မချိုချိုမြင့်
၁၄။မဖြူနှင်းဝေ
၁၅။မနှင်းနန္ဒာထွန်း

ယင်းကောက်ယူရရှိသည့် တစ်ဆယ့်ငါးဦးအနက်၊ မောင်မျိုးဇော်၏ ကျောင်းဝင်အမှတ်မှာ -၃၁၀/၀၉ ဖြစ်ပြီး အဆိုပါကျောင်း၏ ဒဿမတန်း ( ဃ ) တွင်ပညာသင်ကြားနေသူဖြစ်သည်။


အတန်းပိုင် ဆရာမ အမည်- ဒေါ်ဝင်းမာ ဖြစ်သည်။ကျောင်းသား၏ မိဘအုပ်ထိန်းသူများမှာ - အဖ ဦးဌေး နှင့် အမိ ဒေါ်နွယ်ဖြစ်ပြီး ၊ မွေးသက္ကရာဇ် - ၁၃.၁.၁၉၉၄ ဖြစ်သည်။
ပြီးခဲ့သည့်လပတ်ကျောင်းစာမေးပွဲတွင် ဖြေဆိုရရှိသော
အမှတ်မှာ
မြန်မာစာ - ၃၂ မှတ်။
အင်္ဂလိပ်စာ- ၁၈ မှတ်
သင်္ချာ - ၁၅ မှတ်။
ဓာတုဗေဒ - ၁၆ မှတ်။
ရူပဗေဒ - ၂ မှတ်။

ဘောဂဗေဒ - ၃၉ မှတ်။ တို့ ဖြစ်ကြပါသည်။

ကျောင်းစည်းကမ်းစည်းမျဉ်းလည်းဖောက်ဖျက်ထားခြင်းမရှိသော၊ ပညာရေးဌာနမှ ချမှတ်ထားသောစည်းမျဉ်းတစ်ခုဖြစ်သည့် ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်းလည်း


ပြည့်မှီသောကျောင်းသူကျောင်းသားများကို "လပတ်စာမေးပွဲတို့တွင်မဖြေဆိုနိုင်သောကြောင့် အစိုးရတက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင်ဖြေဆိုနိုင်စွမ်း မရှ"ိ ဟူ၍ ဥပဒေမဲ့ အကြောင်းပြ
ထုတ်ပယ်သည့် ယင်းကျောင်း၏လုပ်ရပ် မှန်ကန်မှု ရှိမရှိကို စာဖတ်သူတို့ တွေးယူဆင်ခြင်နိုင်ကြစေရန်နှင့်

အပြစ်မဲ့ထုတ်ပယ်ခံလိုက်ရသော ကျောင်းသားများ၏ အနာဂတ်မှာ ယင်းစီမံချက်ဖြင့်ပင်တစ်နှစ်ဟူ၍ အကြောင်းမဲ့ အညွန့်ကျိုးသွားကြရမည်လော။ ကျောင်းသားများ၏ကြိုးပမ်းခွင့်ကို


မမြှင့်တင်ဘဲ နှိမ်ချသမှု ပြုကြသည့် ယင်းကျောင်းမှ ဆရာ၊ဆရာမများသည် "ကျောင်းဆရာ၊ ကျောင်းဆရာမ" ဟူသော အမည်ပင် ခံယူထိုက်သလော ။ယင်းသို့သော ကျောင်းမျိုးကို
ယခုတင် သွားရောက်စုံစမ်းနိုင်သည့် အလျောက်သိရှိကြပြီးပါက ဤသို့ပင် လျစ်လျူရှုထားကြမည်လော ဆိုသည်ကိုမြန်မာပြည်သူပြည်သားများ၏ ပညာရေးကဏ္ဍအတွက်
တစ်ထောင့်တစ်နေရာမှ တွေးဆကြပါစေရန် တင်ပြအပ်ပါသည်။

++++
ကျောင်သားတွေ ကျောင်းသားတွေ၊ ကျောင်းသားတွေ မင်ဒို့  ခေတ်ကို ငါဒို့ ရင်နာတယ်ဟေ့ ။
မင်းဒို့ ဒူးထောက်နေသမျှ ဒီလိုဖြစ်ရပ်တွေကိုရင်ဆိုင်နေရမှာပဲ။

at 11:55 1 comments
ရှို့  ကုန် ပြီ

နေပြည်တော်မှ ပေးပိုသည့် ညွှန်ကြား ချက် များ ကြောင့် ရန်ကုန် မြို့ ရှိ ဘဏ္ဍရေး ၀န်ကြီးဌာန လက်
အောက်ရှိ ရုံးများ အပါအ၀င် နိုင်ငံခြားရေး ဌာန နှင့် စီးပွား ၊ ကူးသန်း ၀န်ကြီး ဌာန တို့ တွင် ညွှန်ကြား
ရေးမှု များ နှင့် အရာရှိ များ ကိုယ်တိုင် စောင့်ကြပ် ပြီး အရေးကြီး စာရွက် စာတမ်း များ ကို မီးရှို့ ဖျက်ဆီး
သည် ဟု သတင်းရရှိသည်။

နေပြည်တော် ရှိ ဘဏ္ဍာရေး ၀န်ကြီးဌာ န တွင် လည်း စာရွက် စာတမ်းများ ကို မီးရှို့ ဖျက်ဆီးကာ
ကာကွယ်ရေး ၀န်ကြီး ဌာန နှင့် နိုင်ငံခြားရေး ၀န်ကြီးဌာန မှ စာရွက် စာတမ်းများ ကို လည်း မီးရှို့ ဖျက်
ဆီး သည် ဟု နိုင်ငံခြားရေး ၀န်ကြီးဌာန မှ အရာရှိ တစ်ဦး က Freedom News Group သို့ ပြောသည်။

at 08:09 2 comments
အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကျောင်းပညာပေး သင်ခန်းစာ

နော့်သမီးက ထိုင်းနိုင်ငံမှာ မူလတန်းကျောင်းတက်နေတယ်။ နယ်မြို့ကလေးတမြို့မှာ။ တရက်တော့ ကျနော် တို့ ပွဲဈေး လျှောက်ကြတယ်။ ကျနော်က ဒီဗွီဒီတွေ၊ စီဒီတွေ ဆိုင်တွေ့တော့
ကြိုက်တဲ့သီချင်းခွေတွေ ရှာနေ မိတယ်။ ကျနော်သမီး ကတော့ မ၀ယ်နဲ့၊ မ၀ယ်နဲ့လို့ မျက်ရိပ်မျက်ကဲလည်းပြ၊ အဖေ့လက်ကိုလည်း ဆွဲခေါ် နေတယ်။ ပြီးတော့မှ သူကပြော တယ်။
"ဒီခိုးကူးခွေ (Pirated CDs) တွေကို မ၀ယ်နဲ့တဲ့။ အဲဒါဥပဒေ ချိုးဖောက် ရာကျတယ်" လို့ ပြောလာတယ်။ ကျနော် ကတော့ ခပ်ပြုံးပြုံး ဖြစ်သွားမိသလို၊ သူတို့ကလေးတွေကို ပညာပေး
ထားတဲ့နည်းကိုလည်း အထင်ကြီးမိသွားတယ်။
တခါ တက္ကသိုလ်တခုက ပါမောက္ခတယောက်က သူ့လုပ်ငန်းအကြောင်းတွေ ရှင်းပြတော့ သူတို့က အခု မူလတန်း ကျောင်း နဲ့ အလယ်တန်းကျောင်း သင်ခန်းစာတွေမှာ
အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကိစ္စ သင်ရိုးညွှန်းတန်း ထဲမှာ ထည့်သွင်းပြီး ကလေးတွေကို ပညာပေးဖို့ စမ်းသပ်လုပ်ဆောင်နေတဲ့အကြောင်း ပြောပြတယ်။ ဒီကိစ္စ အတွက်
ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးဌာန (Bangkok Metropolitan Administration) က ရန်ပုံငွေ ထောက်ပံ့ပေးတယ်လို့ ပြောတယ်။ သူတို့က ပညာရှင်တွေနဲ့ တိုင်ပင်
သင်ရိုးညွှန်းတမ်းရေးဆွဲကြတယ်။ အနုပညာရှင်တွေ၊ ပန်းချီပညာရှင်တွေ၊ ကာတွန်းဆရာတွေ၊ သီချင်းဆိုတဲ့ အဆိုတော်တွေ၊ သရုပ်ဆောင်တွေနဲ့ ပေါင်းပြီး လူအား၊ ငွေအားသုံးလို့
ကလေးတွေကို မပျင်းရလေအောင် သေချာ အားထုတ်ကြတယ်။ အခုတချို့ ကျောင်းတွေမှာ စမ်းသပ်စီမံချက်တွေနဲ့ စတင်လုပ်ဆောင်နေကြပြီ ပြောတယ်။ သူတို့ ရည်ရွယ်ချက်ကတော့
ထိုင်းလူမှုအဖွဲ့အစည်းထဲမှာ လာဘ်ပေးလာဘ်ယူကိစ္စကို ကလေးငယ်ငယ်လေး ဘ၀ထဲက သွန်သင်ပြီး စတင် ပြုပြင်နိုင်အောင်လို့ ဆိုတယ်။ အဲသည်တော့ ဝေဖန်သူတချို့က
မသေခင်လူတွေလည်း ပြုပြင်နိုင်အောင် ပညာ ပေးပါဦးလို့ နောက်ပြောင်ကြတယ်။

တကယ်တော့ ထိုင်းနိုင်ငံဟာ၊ ကျနော်တို့ လူမှုအဖွဲ့အစည်းလိုပဲ အကျင့်ပျက်ခြစားမှု အတော်ကြီးကြီးမားမား ရှိတယ်။ မူလ က ဘုရင်စနစ်မှာ မြို့စား-နယ်စားစနစ်နဲ့ စတင်လာရတော့
ဒီကိစ္စက ရိုးရာစဉ်လာလို ဖြစ်နေခဲ့တယ်လို့ ဝေဖန်ကြတယ်။ မြို့စား-ရွာစားလုပ်သူက လူထုဆီက အခွန်ကောက်၊ နောက်တော့ ဘုရင်ကိုဆက်၊ သူ့အတွက် တဖို့ကိုလည်း အုပ်ချုပ်ထိန်း
သိမ်းခ လစာအဖြစ်ယူတော့ ပိုပြီးယူထားတယ်-စားတယ်ဆိုတာ "ရှိမှာပေါ့" ဆိုတာမျိုး လူတွေက လက်ခံနေကြတယ်။ အခု လက်ရှိမှာတင် လွှတ်တော်အမတ် ၁၆ ဦးကို ခြစားမှုနဲ့
အရေးယူခဲ့ရပြီး၊ အမတ်တွေရဲ့ အမှု ၂၆-ခုက တို့လို့တန်းလန်း ကျန် နေသေးတယ်။ ဒီကိစ္စတွေမှာ ၀န်ကြီး ၆ ပါးပါတယ်။ ခရိုင်ဝန် ၂၀ ပါတယ်။ ဗဟိုဘဏ် အကြီးအကဲနဲ့ လက်ထောက် ၎
ဦး ပါသေးတယ်။ ABAC Poll လို့ခေါ်တဲ့ အေဘက်တက္ကသိုလ်က ကောက်ယူထုတ်ပြန်လေ့ရှိတဲ့ စစ်တမ်းမှာလည်း ထိုင်းလူမျိုး တွေရဲ့ သဘောထားကို ပြီးခဲ့တဲ့နှစ်၊ နိုဝင်ဘာလထဲမှာ
မေးမြန်းကြည့်တော့ ၇၆। ၁% က တိုင်းပြည် ကြီးပွားနေသမျှ "အိုကေပါ"တဲ့။ သက်တောင့်သက်သာပဲ ခြစားမှုကို လက်ခံထားကြတယ်။ လူဦးရေ ၆၃ သန်းကျော် ရှိတဲ့ ထိုင်းနိုင်ငံမှာ
ဒီလိုအကျင့်ဆိုးတွေရှိနေ ရင် တိုင်းပြည်မကြီးပွားနိုင်ဘူးဆိုတာ လူ ၇၆. ၁% က မသိသေးတဲ့၊ သဘောမပေါက်သေးတဲ့ အနေအထား ရှိနေပါတယ်။

အဲသည်တော့ ဘန်ကောက်ပို့စ် နိုဝင်ဘာလ ၁၄ ရက်နေ့ထုတ်သတင်းစာက "တည်ရှိနေတဲ့ ကြောက်မက်ဖွယ် အခြေ အနေ" ဆိုတဲ့ဆောင်းပါးမှာ ကြောက်စရာအခြေအနေကတော့
လူထုတွေက ဦးဏှောက်မရှိသလို ဖြစ်နေပြီ။ အများညီရင် "ဤကို ကျွဲဖတ်" အမှားကို လက်ခံနေကြပြီလို့ သုံးသပ်ဖော်ပြထားပါတယ်။ တကယ် ကတော့ လူအများလက်ခံနေပေမယ့်
မှန်တယ်လို့ မဆိုနိုင်တဲ့ ကျင့်ဝတ်ဆိုင်ရာ အမှားပါ။ ထိုင်းဝန်ကြီးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ထက်ပ်ထိုင်း ဆန်ပေါင်(Thepthai Senpong) ကတော့ ယဉ်ကျေးမှုဝန်ကြီးဌာနကို ညွှန်ကြားလို့
ထိုင်းလူမှု အဖွဲ့အစည်းအတွက် "ယဉ်ကျေးမှု အသစ်တရပ်" ထူထောင်ဖို့ လိုအပ်နေတယ်လို့ ပြောပါတယ်။ ထိုင်း လူမှုအဖွဲ့အစည်းတခုလုံးကို အင်ဂျင်နီယာဆန်ဆန် ပြန်
တည်ဆောက်ချင်တဲ့ သဘောပါ။ ဒါပေမယ့် ABAC Poll စစ်တမ်းကောက်ယူမှုက ခရိုင် ၁၇ ခုမှာ မေးမြန်းစစ်တမ်းကောက်ခဲ့ တဲ့အခါမှာ အခု အဖိချစ် ၀န်ကြီးချုပ်အစိုးရလက်ထက်မှာ အရင်
တက်ဆင်ဝန်ကြီးချုပ်လုပ်တဲ့ ကာလထက် ခြစားမှု ပိုများ တယ်လို့ ဖြေကြားခဲ့ကြပါတယ်။ ကောင်းသေးရော။

ထိုင်းဝန်ကြီးချုပ် အဖိချစ် ၀ိချာချိဝ ကတော့ ခုခံကာကွယ်ပြောပါတယ်။ အခုအစိုးရ ဦးဆောင်မှုမှာ အကျင့် ပျက်ခြစားမှု တိုက်ဖျက်ရေးအတွက် ထိုင်းလုပ်ငန်းရှင် ကုမ္ပဏီကြီး ၂၇ ခုက
ပူးပေါင်းပါဝင်ပါမယ်လို့ ကတိပေး လက်မှတ်ရေးထိုးထား ပြီလို့ ပြောပါတယ်။

အဲဒီတော့ ကျနော်က မြန်မာပြည်ဖက် ပြန်လှည့်ကြည့်ပါတယ်။ အရင်ဝန်ကြီးချုပ် ဗိုလ်ချုပ်ခင်ညွန့်ကို အကျင့်ပျက်ခြစားမှုနဲ့ အရေးယူပြီးတဲ့နောက် တက်လာတဲ့ ၀န်ကြီးချုပ် ဗိုလ်ချုပ်စိုးဝင်း
လက်ထက်မှာ Clean government လို့ခေါ်တဲ့ သန့်ရှင်းတဲ့ အစိုးရဖြစ်ရေး မူဝါဒတွေ ချမှတ်တာ ကြားခဲ့ရပါသေးတယ်။ မသမာမှု တွေကို တိုင်ကြားဖို့ ဖုန်း၊ ဖက်စ်နံပါတ်တွေကိုတောင်
ထုတ်ပြန် ကြေညာခဲ့ပါသေးတယ်။ ဒါပေမယ့် ဒီမူဝါဒ ကလည်း ဗိုလ်ချုပ်စိုးဝင်းကွယ်လွန်တဲ့အချိန်မှာ တခါတည်း ထည့်ပြီး မြှုပ်နှံလိုက်ပုံ ရပါတယ်။ မကြားရ တော့ပါဘူး။ တလောက
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အမတ်အဖြစ်အရွေးခံရသူတွေ အစည်း အဝေးခေါ်ကြတဲ့အခါ အကျင့်ပျက် ခြစားတဲ့အမတ်ကို အရေးယူမယ်ဆိုတဲ့ စည်းမျဉ်းပြဌာန်းတာတွေ ကြားရတော့
အနည်းလေး အားတက်မိပါသေးတယ်။ အစိုးရသစ်အောက်မှာတော့ ဒီမူဝါဒကို ပြန်လည်ပြဌာန်းလာမလားလို့ မျှော်လင့်ရ ပါသေးတယ်။ ဒီလိုဆိုရင် အကျင့်ပျက် လာဘ်စားမှုတိုက်ဖျက်ရေး
အတွက် ထိုင်းနိုင်ငံလို ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်ကြီး တွေဖြစ်တဲ့ ဦးတေဇတို့၊ မက်စ် ဇော်ဇော်တို့၊ ရွှေသံလွင် တို့၊ အေရှားဝေါတို့ကို ပူးပေါင်း ပါဝင် ဆောင်ရွက်ဖို့ ကတိပြု
လက်မှတ်တွေပဲ ထိုးခိုင်းလေမလားပေါ့။ ကျနော်စိတ်ကူးယဉ်ကြည့် မိပါသေးတယ်။ ဒါမှမဟုတ်ရင်လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မီတီက အခု ဦးအောင်သိန်းလင်းတို့က
အခု ဘန်ကောက်မှာ မြို့တော်အုပ်ချုပ်ရေးက ရန်ပုံငွေ ချပေးပြီး ကျောင်းသင်ရိုးညွှန်းတမ်းမှာ ထည့်သင်စေအောင် စမ်းသပ် လုပ်ဆောင်တာမျိုးတွေ လုပ်နေသလို စီမံချက်တွေ
ရှိလာလေမလားပေါ့... စဉ်းစားနေမိပါတယ်။ ကျနော်ပဲ အတော် စိတ်ကူးယဉ်တတ်တဲ့သူ ဖြစ်ပါလိမ့်မယ်။

တကယ်တော့ အင်ဒိုနီးရှား၊ ဘူလ်ဂေးရီးယား၊ လစ်သူအားနီးယား စသဖြင့် အပါအ၀င် နိုင်ငံတော်တော် များများမှာ ကျောင်း သင်ရိုးညွှန်းတန်းတွေမှာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး၊
လာဘ်စားမှုကို အားမပေးတဲ့ ယဉ်ကျေးမှုတရပ် ဖြစ်ပေါ်လာ စေရေးအတွက် ကလေးဘ၀တွေထဲက စပြီး သင်ကြားပေးနေကြပါပြီ။ ဒါပေမယ့် ပြီးခဲ့တဲ့ အပတ်ထုတ် Living color
မဂ္ဂဇင်းမှာဆောင်းပါး တပုဒ် ဖတ်ရတော့ အတော်လည်း စိတ်ဓာတ်ကျ ရပြန်ပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း ချစ်ခင်တတ်ဖို့ ကလေးတွေကို သင်ရိုးညွှန်းတန်းထဲမှာ ထည့်သွင်း
ပညာပေးရေးအတွက် မြန်မာနိုင်ငံ ပညာရေး ၀န်ကြီး ဌာနနဲ့ UNICEF တို့က ပူးတွဲဆောင်ရွက် လာတာ နှစ်အတော်ကြာပါပြီ။ မြန်မာပြည်မှာ နာဂစ်လို မုန်တိုင်းကြုံတာ၊ အင်းလေးကန်ကြီး
ရေခမ်းသလို ဖြစ်တာ၊ မန္တလေးမြို့ကြီး ရေမြုပ်တာ၊ အခု မြန်မာပြည်မြောက်ပိုင်းမှာ နှင်းမုန်တိုင်း ကျတာတွေသာ ကြုံခဲ့ရတယ်။ အခုအချိန်အထိ ကျောင်းသင်ရိုးညွှန်းတန်းတွေထဲမှာ
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ ကိစ္စ ထည့်သွင်းပြဌာန်း နိုင်ခြင်း မရှိသေးဘူး ဆိုတာ အဲဒီဆောင်းပါးမှာ ဖတ်ခဲ့ရပါတယ်။ ကျနော် ဘယ်လိုဆက်ပြောလို့ ရတော့မှာလဲ ခင်ဗျား။
အောင်သူငြိမ်း
ဇန် ၂၀၊ ၂၀၁၁။

ကိုးကား
၁။ An Existential horror, The Bangkok Post, November 14th, 2010.
၂။ Ellie Keen, Fighting Corruption through Education, Constitutional and Legal Policy Institute/ OSI, Hungary, Published date: Unknown.
၃။ Fighting corruption through the bottom, available online at http://www.article2.org/mainfile.php/0901/370/
၎။ Anti corruption education, Center for Study Democracy, available online at http://www.csd.bg/artShow.php?id=३००
http://komoethee.blogspot.com/
http://burmese.dvb.no/

You might also like