You are on page 1of 41

ဝန်ကြီးများ ရာထူးမှမထွက်ဘဲ လွှတ်တော်တက်မည်

ခင်ဦးသာ Thursday, 27 January 2011 17:10

စစ်အစိုးရအဖွဲ့၌ လက်ရှိတာဝန် ထမ်းဆောင် နေကြသော အစိုးရ အဖွဲ့ဝန်ကြီးများသည် လက်ရှိရာထူးများကို မနုတ်ထွက်ဘဲ လွှတ်တော် တက်ကြမည်ဟု သိရသည်။

“ရက်က နီးကပ်နေပြီဆိုတော့ ဒီအတိုင်းပဲ လွှတ်တော်တက်ကြမှာပါ။ လာမယ့် အစိုးရ သစ်အတွက်တော့ ဖွဲ့စည်းပုံ အတိုင်းပဲသွားမှာပါ” ဟု ကြံ့ဖွံ့ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်
တဦးဖြစ်သူ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင် ဇေကမ္ဘာ ဦးခင်ရွှေက ဧရာဝတီကို ပြောသည်။

ဦးခင်ရွှေသည် စစ်အစိုးရနှင့်နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်


တဦးဖြစ်သည့်အပြင် လာမည့်အစိုးရသစ်အတွက် သမ္မတရာထူးနေရာ
တစ်ပြေးနေသော စစ်အစိုးရ၏ နံပါတ် ၃ အဆင့်ခေါင်းဆောင်
ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းနှင့် ခမည်းခမက်
တော်စပ်သူလည်းဖြစ်သည်။

လွှတ်တော်မတိုင်မီ လက်ရှိဝန်ကြီးများအားလုံးသည် ရာထူးများစွန့်လွှတ်၍


လွှတ်တော်တက်မည်ဟု သတင်းများ ထွက်ပေါ်နေပြီး
ကြားဖြတ်အစိုးရသစ်တရပ် ပေါ်လာမည်ဟုလည်း အတည်မပြုနိုင်သော
သတင်းများ ထွက်နေသည်။

သို့ရာတွင် ဦးခင်ရွှေက “လတ်တလောမှာတော့ ကြားဖြတ်အစိုးရ ပေါ်မယ့်


အသံမကြားသေးပါဘူး” ဟု ဆိုသည်။

နှစ်ပေါင်း ၂၂ နှစ်တာ ကာလအတွင်း ပထဆုံး ခေါ်ယူမည့် လွှတ်တော်အား


ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ပြီး အမျိုးသား လွှတ်တော်နှင့်
ပြည်သူ့လွှတ်တော် အစည်းအဝေးများကို နေပြည်တော်၌ ကျင်းပမည်
ဖြစ်သည်။
( -)
လာမည့် အစိုးရသစ်တွင် သူရဦးရွှေမန်းသည် သမ္မတ ရာထူး
တစ်ပြေးနေသကဲ့သို့ စီးပွားရေး လုပ်ငန်းရှင်များထဲမှ ဦးခင်ရွှေသည်လည်း ဒုတိယ သမ္မတ တဦးအဖြစ် သတင်းများထွက်ပေါ် နေခြင်းအပေါ် ဦးခင်ရွှေက “ဒါတွေက နိုင်ငံတော်က
လုပ်ဆောင်ရမယ့် ကိစ္စတွေပါ။ ကျနော်က စီးပွားရေးသမားဆိုတော့ ဒီရာထူးတွေထက် စီးပွားရေးကိုပဲ ပိုပြီး စိတ်ဝင်စား ပါတယ်” ဟု ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ လွှတ်တော်မတိုင်မီ နောက်ဆုံးအစည်းအဝေးကို နေပြည်တော်၌ မနက်ဖြန်တွင် ကျင်းပမည်ဟု သိရသည်။

ထိုအစည်းအဝေးမှ လွှတ်တော်အတွက် တာဝန်ယူမည့် ရာထူးများ၊ အစိုးရသစ်အတွက် တာဝန်များကို ရွေးချယ်မည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

သို့ရာတွင် ကြံ့ဖွံ့ပါတီ၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်ရွှေက “ပါတီရဲ့ အစည်းအဝေးက ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးကြမှာပါ။ ကျနော်လည်း သေသေချာချာ
တော့မသိသေးဘူး” ဟု ဆိုသည်။

ကြံ့ဖွံ့ပါတီ၏ အစည်းအဝေးသို့ ရွေးကောက်ခံ ပါတီဝင်ကိုယ်စားလှယ် အားလုံး တက်ရောက်ကြမည်ဟု သိရသည်။

ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် လွှတ်တော်တက်ရမည့် ကိုယ်စားလှယ်များသည် ယနေ့မှစ၍ ၂၉ ရက်နေ့အထိ နေပြည်တော်သို့ ရောက်ရှိသတင်းပို့ပေးရမည် ဖြစ်ပြီး


ပြည်နယ်နှင့်တိုင်းအလိုက် သတ်မှတ်ချိန် အတိအကျ သတင်းပို့ရမည်ဟု ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ရေးသားထားသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များကို သက်ဆိုင်ရာ ဒေသ မြို့တော်များ၌ ကျင်းပမည် ဖြစ်သည်။

နေပြည်တော်ရှိ လွှတ်တော် အစည်းအဝေးများတွင် ဒုတိယ သမ္မတ ၃ ဦးအဖြစ် စစ်တပ်ကိုယ်စားလှယ် တဦး၊ ရွေးကောက်ခံ အရပ်သားများထဲမှ ၂ ဦးတို့ကို ရွေးချယ်ကြမည်ဖြစ်ပြီး
လွှတ်တော်၏ သဘာပတိ၊ ဥက္ကဋ္ဌ ရာထူးများကိုလည်း ရွေးချယ်ကြမည် ဟု ဦးခင်ရွှေကပြောသည်။

ဒုတိယ သမ္မတ ၃ ဦးထဲမှ တဦးအား သမ္မတ အဖြစ် တင်မြှောက်ရမည်ဖြစ်ပြီး သမ္မတသည် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးအမြင် ရှိရမည် ဟု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက
ဆိုထားသည်။

ဦးပိုင် ကားပြပွဲ အရောင်းထိုင်း

နရီလင်းလက် Thursday, 27 January 2011 18:43

မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်နှင့် တရုတ် ကားကုမ္ပဏီ တို့ ရန်ကုန် တပ်မတော် ပြခန်းတွင် ပူးပေါင်းကျင်းပသည့် ဒုတိယအကြိမ် ကားပြပွဲမှာ လူအများ စိတ်ဝင်စားမှု
အလွန်နည်းကြောင်း စီးပွားရေး အသိုင်း အ၀န်းမှ သိရသည်။

ယင်းကားပြပွဲကို ဇန်န၀ါရီလ ၂၁ ရက် မှ ၂၄ ရက်နေ့ အထိ ၄ ရက်ကြာ ကားအလှပြ မော်ဒယ်များ၊ အကဖျော်ဖြေမှု များနှင့် နာမည်ကြီး အဆိုတော် ၀ိုင်းဆုခိုင်သိန်း၊ နေနေ၊ အနဂ္ဃ ၊
သံသာဝင်း၊ ဂျေညီမလေး စသည့် အဆိုတော်များ၏ သီဆို ဖျော်ဖြေမှုများ ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ ရောင်းချခဲ့သည်။
(ဓာတ်ပုံ - ဧရာဝတီ)

ပြပွဲ၌ ပြသသည့် ကားများကို ဂျပန်နိုင်ငံ မစ်ဆူဘီရှီ ကုမ္ပဏီ နှင့် တရုတ်နိုင်ငံ ဒေါင်ဖန်း ကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ် ထားပြီး တရုတ်နိုင်ငံ အခြေစိုက် RAMMAR Automobile
Manufacturing & Trading Co Ltd မှ တဆင့်ပြန်လည် တင်သွင်းခြင်းဖြစ် ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လတွင် ပြုလုပ်ခဲ့သည့် ပထမ အကြိမ် ကားပြပွဲတွင် ကားအစီးရေ ၁၅၀ ကျော် ရောင်းချခဲ့ရပြီး ယခု ပွဲတွင် ၁ စီး သာ ရောင်းချခဲ့ရသည်ဟု RAMMAR ကုမ္ပဏီနှင့်
နီးစပ်သူတဦးက ပြောသည်။

“လူတွေ စိတ်ဝင်စားအောင်တော့ ဖျော်ဖြေရေးကဏ္ဍတွေပါ ထည့်ပြီး အကြီးအကျယ်လုပ်ခဲ့တာပဲ။ ဒါပေမယ့် ထင်သလောက် မရောင်းရဘူး။ ပထမ တခေါက်ပြပွဲတုန်းက ၀ယ်ထားတဲ့
လူတွေက တချို့ ပိုက်ဆံပေးပြီး မရသေးတာတွေ ရှိနေတာရယ်၊ ပြပွဲမှာ တွေ့လို့ ကြိုက်ပြီး ၀ယ်ခဲ့ပေမယ့် လက်ထဲရောက်လာတော့ ပုံစံ မတူတာမျိုးတွေ ၊ မကြိုက်လို့ ပြန်ရောင်းတဲ့
အချိန်မှာ ဇုန် ထုတ်ကား ဆိုတော့ အများကြီး ရှုံးတာမျိုးတွေ ရှိတယ်။ ဒီချို့ယွင်းချက်တွေကြောင့် အရောင်းကျတာလို့ ပြောရမှာပဲ”ဟု ကား အရောင်းအ၀ယ် လုပ်ကိုင်နေသူ တဦးက
ဆိုသည်။

၎င်းက“ကျနော်တို့ ကားပွဲစားတန်းမှာ ဒီလို ကားမျိုးတွေ တွေ့ရတယ်။ မကြိုက်လို့ လာရောင်းရင် တ၀က်လောက် ရှုံးဖို့ ပြင် ထားပဲ။ အော်ရဂျင်နယ်က ကွာလတီရော ၊ ပြန်ရောင်းတဲ့
နေရာမှာရော တပန်းသာတယ်။ ဒါပေမယ့် ဇုန်ထုတ်ကားကတော့ အပို ပစ္စည်း စက်ရုံမှာ ၀ယ်လို့လွယ်တယ် ပေါ့”ဟု ဆက်ပြောသည်။

လက်ရှိ မြန်မာပြည် ကားဈေးကွက် အတွင်း ဇုန်ထုတ်ကားများ၊ နယ်စပ် မှ ၀င်ရောက်လာသည့် လိုင်စင်မဲ့ ကားများနှင့် လေ လံ ကားများ ကြောင့် ၀ယ်လိုအားထက် ရောင်းလိုအား ပိုမို
နေခြင်းသည်လည်း ကားဈေးကွက် အရောင်းထိုင်းရခြင်း၏ အကြောင်း ရင်း တချက်ဖြစ်သည်ဟု ကားပွဲစားများက ပြောဆိုကြသည်။

ပြပွဲနေ့တွင် ကားအမျိုးအစား ၃ မျိုးကို ပြသခဲ့ပြီး အဆင့် ၁ ကို ကျပ်သိန်း ၅၅၀ ၊ အဆင့် ၂ ကို ကျပ်သိန်း ၅၀၀ ၊ အဆင့် ၃ ကို ကျပ်သိန်း ၄၅၀ နှင့် ရောင်းချခဲ့ကြောင်း သိရသည်။

ကားအတွင်းပိုင်းပြင်ဆင်မှု၊ အမိုးဖောက်ထားမှု၊ ကူရှင်အသုံးပြုရသည့် ပုံစံများပေါ်မူတည်၍ ကားအဆင့် ၁၊ ၂၊ ၃ ခွဲခြား ထား ကြောင်း သိရသည်။

“ကားတွေက အာဏာပိုင်နဲ့ တရုတ် တွေ သဘောတူပြီး မြန်မာပြည်အတွက် သီးသန့်တင်တာဆိုတော့ ကွာလတီ ကတော့ သေချာပေါက်လျော့တယ်။ ရည်အသွေးစံချိန် စံညွှန်ပြည့်မှ
စက်ရုံက နေ သုံးစွဲသူ လက်ထဲကို ထုတ်ရမယ် ဆိုတာ တွေ လည်းရှိမှာမဟုတ်ဘူး။ မြန်မာပြည်ထဲကို ပို့လိုက်တဲ့ ပစ္စည်းတွေကိုလည်း ဒီက အင်ဂျင်နီယာတွေက အရည်အသွေး
ဘယ်လောက်ထိ စစ်ပြီးပြီလဲဆိုတာတွေ မေးဖို့ရှိနေတယ်။ ကျနော် မြင်ရသလောက် ရောင်းနေတဲ့ ဈေးနဲ့ ကားထုတ်လုပ်လို့ ကုန်ကျစရိတ် နဲ့ က ထက်ဝက်လောက်ကွာနိုင်တယ်”ဟု
ကျောက်မြောင်း ကားပွဲစားတဦးကပြောသည်။

“ပထမ တကြိမ် ရောင်းတုန်းက ထက် သိန်း ၅၀ လောက်စီ လျှော့ထားပေးတာတောင် အရင်တခေါက်ကလို ၀ယ်တဲ့လူ နည်း တယ်”ဟု ပြပွဲနေ့တွင် သွားရောက်ကြည့်ရှု့ခဲ့သည့်
ဂျာနယ်သတင်းထောက်တဦးက ပြောသည်။

လူအများ ၀ယ်ယူလိုမှု မရှိသော်လည်း၊ နာမည်ကျော် မော်ဒယ်လ် များနှင့် တွဲဖက်ပြသမှုများ ရှိသည့်အပြင် ဈေးနှုန်း သက်သာ သောကြောင့် လူကြည့်များခဲ့သည်ဟု သူက
ဆက်ပြောသည်။

“ပြပွဲရက်မှာ ညီမနဲ့ အတူ မော်ဒယ် စုစုပေါင်း ၂၅ ယောက်ရှိတယ်။ မန္တလေးမှာ မနက်ဖန် ထပ်ပြီး ရမ္မာ ကား ရှိုးပွဲ ထပ် လျှောက် ပေးရဖို့ ရှိတယ်။ အ၀တ်အစား ဒီဇိုင်းက အစ အကုန်
သူတို့ပဲ စီစဉ်ပေးတာ။ ကားမော်တော်ကား ရှိုးပွဲမှာ မော်ဒယ်နဲ့ တွဲပြ တော့ နည်းနည်းဆန်းတော့ လာ ကြည့်တာ ရှိတယ်”ဟု ကားပြပွဲနေ့တွင် ပါဝင်ခဲ့သည့် မော်ဒယ် တဦးက ဆိုသည်။

ပွဲ စီစဉ်သူ မငုဝါက “ ပွဲမတိုင်ခင်ကတည်းက မော်ဒယ်တယောက်ချင်းစီကို သူတို့ စိတ်ကြိုက်ရွေးတာပေါ့။ တရုတ်က တ ယောက် က မော်ဒယ်တွေ ကို ဆင်ပေးမယ့် အ၀တ်အစားပုံစံကို
တရုတ်ပြည်မှာ ကားပြပွဲလုပ်ရင် ၀တ်တဲ့ ပုံစံအ တိုင်း ချုပ်ခိုင်းတာ။ နည်းနည်းတော့ မြန်မာမှု ပြုထားတယ်။ ဟိုက အတိုင်းချုပ်ရင် ရင်ဘတ်ဟိုက်တာတို့ ကွဲတာတို့ ပိုဆိုးတော့လေ။
ဒီဇိုင်းကတော့ ဟိုက ပုံစံနဲ့ တူအောင် လုပ်တဲ့သဘောမျိုးပေါ့။ မန္တလေးမှာ ဆက်လုပ်မယ့် ပွဲ အတွက် လည်း အခု ထပ်ပြင်ဆင်နေတာတွေရှိတယ် ” ဟုပြောသည်။

ဇန်န၀ါရီ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ မန္တလေးမြို့တော်ခန်းမတွင် ကားပြပွဲကို ထပ်မံကျင်းပမည်ဖြစ်ပြီး အနုပညာရှင်များဖြစ် သည့် ပပ၀င်းခင်၊ မိုးယုစံ၊ မယ်လိုဒီ၊ မိုးဟေမာန်ခင် တို့ကို
ဖိတ်ခေါ်ထားကာ မော်ဒယ် ၂၀ ဖြင့် ပြသသွားမည်ဟု ၎င်းက ပြောဆိုသည်။

Object 1
ခေတ်ပေါ် အဝတ်အစားနှင့် ဓာတ်ပုံများကြောင့် ဂျာနယ် ၂ စောင် ယာယီပိတ်ခံရ

ဟိန်းသူ Thursday, 27 January 2011 17:34

သရုပ်ဆောင် ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့၏ မင်္ဂလာဆောင် ညစာစားပွဲ တက်သည့်ပုံများ ဖော်ပြခဲ့သည့် အတွက် ပြည်တွင်းဂျာနယ် ၂ စောင်ကို စာပေစိစစ်ရေးမှ ထုတ်ဝေခွင့်
ခေတ္တရပ်ဆိုင်း ခဲ့ကြောင်း သိရသည်။

မင်္ဂလာဆောင် ညစာစားပွဲသို့ တက်ရောက် လာသည့် မင်းသမီးများ မလုံခြုံသည့် အ၀တ်အစားများ


ဝတ်ထားသည့် ဓာတ်ပုံများကို ဖော်ပြခဲ့သော မော်နီတာ ဂျာနယ်မှာ ထုတ်ဝေခွင့် ၂ ပတ် အပိတ်ခံရပြီး ဟယ်လို
ဂျာနယ်မှာ ၁ ပတ် ပိတ်ခံခဲ့ရသည်။

“ကျနော်တို့ ဂျာနယ် ၂ ပတ်ပိတ်ခံရတာ ဟုတ်ပါတယ်။ မင်းသမီးတွေရဲ့ မလုံမခြုံ ၀တ်ထားတဲ့ ပုံတွေကို


ဂျာနယ်မှာ ဖော်ပြခဲ့လို့ ပိတ်တယ်လို့ သိရပါတယ်” ဟု မော်နီတာ ဂျာနယ်မှ အယ်ဒီတာ တဦးက ပြောသည်။

The First ဂျာနယ်၏ အယ်ဒီတာကိုလည်း ထိုကဲ့သို့ ပုံများ ထည့်သွင်း ဖော်ပြသည့် အတွက် ခေါ်ယူကာ
ပြင်းထန်စွာ သတိပေးခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

အထက်ပါ ဂျာနယ်များမှာ သတင်းဓာတ်ပုံများကို စာပေစိစစ်ရေးသို့ ကြိုမတင်ဘဲ ထုတ်ခဲ့သည့် အတွက်ကြောင့်


ယခုကဲ့သို့ အပြစ်ပေး ခံရခြင်း ဖြစ်သည်ဟု ရန်ကုန်အခြေစိုက် ဂျာနယ်အယ်ဒီတာ တဦးက ပြောသည်။

“နောက်တခါ ဒီလိုမျိုးဖြစ်လာရင် ၁၉၆၂ ခုနှစ် ပုံနှိပ်ဥပဒေအရ အရေးယူသွားမယ်။ သူတို့ ပြောနေကျ


မလိုက်နာရင် အနားပေးမယ်၊ ထုတ်ဝေခွင့်ပိတ်မယ် ဆိုတာတွေပြောပြီး The First ဂျာနယ် အယ်ဒီတာတွေကို
စိစစ်ရေးက ဆူပါတယ်” ဟု ၎င်းကပြောသည်။

( -
myanmarcilibrities.com)

( - myanmarcilibrities.com)
ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့၏ ၆ ပွဲဆက် ခြိမ့်ခြိမ့် သည်းသည်း ဆင်နွှဲခဲ့သည့် မင်္ဂလာဆောင် အခမ်းအနားများကို နေပြည်တော်ရှိ ဗိုလ်ချုပ်မှူးကြီး မိသားစုက ဘ၀င်မကျ ဖြစ်နေသည်
ဟုလည်း နေပြည်တော် အသိုင်းအ၀န်းမှ သိရသည်။

ထိုမင်္ဂလာပွဲကြောင့် ၂၀၀၉ ခုနှစ်အတွက် အကယ်ဒမီ ဆုပေးပွဲတွင် အမျိုးသမီး သရုပ်ဆောင်ဆု ရမည်ဟု ခန့်မှန်းထားသည့် အိန္ဒြာကျော်ဇင် မရခဲ့ခြင်း ဖြစ်သည်ဟုလည်း ရုပ်ရှင်
အစည်းအရုံးနှင့် နီးစပ်သူများက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ချိန်က ၎င်း သတင်းနှင့် ဓာတ်ပုံများကို ပုံကြီးချဲ့ အချပ်ပို ထုတ်ဝေ ဖော်ပြခဲ့မှုဖြင့် စာပေစိစစ်ရေးက ပြည်တွင်း သတင်းဂျာနယ် ၉ စောင်ကို
ထုတ်ဝေခွင့် ယာယီ ရပ်ဆိုင်းခြင်းဖြင့် အရေးယူခဲ့သည်။

မြန်မာနိုင်ငံတွင်လက်ရှိအချိန်အထိ ပုဂ္ဂလိကသတင်းစာ ထုတ်ဝေခွင့်မရသေးဘဲ အပတ်စဉ်ထုတ် ဂျာနယ်နှင့် လစဉ်ထုတ် မဂ္ဂဇင်းများကိုသာ စစ်အစိုးရ ထိန်းချုပ်မှုအောက်တွင် ရေးသား
ထုတ်ဝေခွင့် ပြုထားသည်။

လူ့အခွင့်အရေး ချိုးဖောက်မှုမရှိဟု စစ်အစိုးရ ငြင်းဆို

ဧရာဝတီ Thursday, 27 January 2011 19:21

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ယနေ့ ကျင်းပသော ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ လူ့အခွင့်အရေး မှတ်တမ်းပြန် လည် သုံးသပ်သည့် ညီလာခံ၌ မြန်မာ အစိုးရ ကိုယ်စားလှယ်
အဖွဲ့က မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှု မရှိကြောင်း ကာကွယ် ပြောကြားသွားသည်။

အဆိုပါ ညီလာခံတွင် အင်္ဂလန်၊ ပြင်သစ်နှင့် အနောက်နိုင်ငံများက မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရန်၊ အဓမ္မ လုပ်အားပေး ခိုင်းစေမှုများ ရပ်တန့်ရန်၊ နိုင်ငံရေး
အကျဉ်းသားများကို အကျဉ်းထောင်များတွင် ညှင်းပန်းနှိပ်စက်မှုများ ရပ်ရန် တိုက်တွန်းပြောဆိုခဲ့ကြောင်း သတင်းများ၌ ဖော်ပြထားသည်။

သို့ရာတွင် မြန်မာ နိုင်ငံ၏ ဒုတိယ ရှေ့နေချုပ် ဒေါက်တာ ထွန်းရှင် ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့က မြန်မာနိုင်ငံ သည် လူ့အခွင့်အရေးချိုးဖောက်မှုများကို
ကျုးလွန်ခဲ့ခြင်းမရှိကြောင်း၊ သတင်းစာလွတ်လပ်ခွင့်များကို ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တာနာ နှင့်
ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့
ကြောင်း ကာကွယ် ပြောကြားခဲ့သည်။

အာဆီယံ သီချင်းဆိုပြိုင်ပွဲတွင် မြန်မာ တတိယဆုရ

နရီလင်းလက် Thursday, 27 January 2011 16:04

အာဆီယံ ရွှေရောင်သံစဉ်များ သီချင်းဆိုပြိုင်ပွဲ၏ ပေါ့ပ်သီချင်း ကဏ္ဍတွင် "I will always love you" သီချင်းဖြင့် မြန်မာအဆိုတော် ကိုကျော်ဇင်မင်းက တတိယဆု (ကြေးတံဆိပ)်
ရရှိခဲ့သည်။

ဇန်န၀ါရီလ ၅ ရက်နှင့် ၈ ရက်နေ့ထိ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် ရိုးရာဂီတ နှင့် ပေါ့ပ်ဂီတ ကဏ္ဍ ၂ ခု ခွဲ၍ သီချင်းဆို ပြိုင်ပွဲ ကျင်းပခဲ့ပြီး ဟိုချီမင်း ရုပ်မြင်သံကြားမှ
တိုက်ရိုက်ပြသခဲ့သည်။
ပြိုင်ပွဲတွင် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံအနက် စင်ကာပူနှင့် လာအိုနိုင်ငံမှ
လွဲ၍ ကျန်နိုင်ငံများမှ လူငယ်အဆိုတော် ၁၆ ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး
မြန်မာနိုင်ငံ ကိုယ်စားပြု၍ ကိုကျော်ဇင်မင်း တဦးသာ ယှဉ်ပြိုင်သည်ဟု
သိရသည်။

“၅ ရက်နေ့မှာလုပ်တဲ့ ရိုးရာသီချင်းပြိုင်ပွဲကို မမီလိုက်ဘူး ဖြစ်သွားတယ်။


ပြိုင်ပွဲနေ့က မနက် ၉ နာရီလောက် ဟိုချီမင်း ရုပ်သံလိုင်း
သီရေတာကိုသွားပြီး သီချင်းတိုက်တယ်။ ည ၈ နာရီခွဲမှ ပွဲစတယ်။
မိတ်ကပ်၊ ဆံပင်ကအစ အကုန် တာဝန်ယူပြီး လုပ်ပေးတယ်” ဟု
ကိုကျော်ဇင်မင်းက ဆိုသည်။

ကျင်းပပြီးခဲ့သည့် အာဆီယံ ရွှေရောင်သံစဉ် သီချင်းဆိုပြိုင်ပွဲ (ASEAN


Gold Voice Festival 2011) သည် ဒုတိယအကြိမ် မြောက်ဖြစ်ပြီး ၂၀၀၈
ခုနှစ်က တကြိမ် ကျင်းပခဲ့သည်။

“ပြိုင်ဘက်တွေ အကုန်လုံးက သူတို့နိုင်ငံမှာ အခွေ ၃၊ ၎


ခွေထုတ်ထားပြီးသား။ အဆိုတော်ကြီးတွေ ကြားထဲမှာ ပြိုင်ပြီး ဆုရ
တာဆိုတော့ ပိုဝမ်းသာတယ်။ ကိုယ်က အတွေ့အကြုံလည်း မရှိဘူး။
တခြားသူတွေက Performance အပြည့်နဲ့ ပြိုင်သွားတာ ဆိုတော့
ဒီအချက်တွေကြောင့်လည်း သူတို့ သာသွားတာ ထင်တယ်” ဟု
ကိုကျော်ဇင်မင်းက ဆက်ပြောသည်။

အဆိုပါ ပြိုင်ပွဲကို ဟိုချီမင်းရုပ်မြင်သံကြားဌာနနှင့် Cat Tien Sa ကုမ္ပဏီတို့ ပူးပေါင်းပြုလုပ်ခြင်း ဖြစ်ပြီး အာဆီယံ နိုင်ငံအချင်းချင်း ယဉ်ကျေးမှု ဖလှယ်ရန် ရည်ရွယ်ချက်ဖြင့်
စီစဉ်ကျင်းပခြင်းဖြစ်ကြောင်း ဗီယက်နမ်သတင်း ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

အဆိုပါပြိုင်ပွဲသို့ ကိုကျော်ဇင်မင်း ၀င်ရောက်ယှဉ်ပြိုင်နိုင်ရန် ဆက်သွယ်ပေးခဲ့သည့် အဆိုတော် မော်ဒယ်လ် ရေဗက္ကာဝင်းက “ပြီးခဲ့တဲ့နှစ် Miss Asean ပြိုင်ပွဲ အတွက် ဗီယက်နမ်ကို
သွားခဲ့တုန်းက ရုပ်သံလိုင်းမှာ မိတ်ဆွေတယောက် ရခဲ့တယ်။ သူက ဟိုတလောက ဆက်သွယ်လာပြီး သီချင်းဆိုပြိုင်ပွဲရှိတယ်၊ မြန်မာပြည်က စိတ်ဝင်စားတဲ့ လူငယ်အဆိုတော်တွေ ရှိရင်
ရှာပေးပါ ဆိုတာနဲ့ မယ်လိုဒီဝေါလ် သီချင်းဆို ပြိုင်ပွဲမှာ ဆုရခဲ့တဲ့ လူတွေ ပြိုင်ချင်မလားဆိုပြီး အဲဒီထဲက တယောက်ကို ဆက်သွယ် ချိတ်ပေးခဲ့တာပါ” ဟု ဧရာဝတီသို့ ပြောသည်။

နိုင်ငံတကာ ပွဲများ သွားရောက်လေ့လာ ကြုံတွေ့ခဲ့ရပြီး နောက် ပြည်တွင်းပြည်ပ ပြန်လည် နှိုင်းယှဉ်ကြည့်ရာ မြန်မာနိုင်ငံ အနေနှင့် အာဆီယံအဆင့် အဆိုပြိုင်ပွဲများ မဆိုထားနှင့်
ပြည်တွင်းတွင် ပြုလုပ်သည့် ရှိုးပွဲများတွင်ပင် ပွဲမစခင် ကြိုတင် ပြင်ဆင်မှု အားနည်းသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့်လည်း ရလဒ်ကောင်းများ ထွက်မလာသေးခြင်း ဖြစ်ကြောင်း သူက
ဆိုသည်။

“ပြည်ပမှာ လုပ်တဲ့ပွဲတွေ သွားပြီးတဲ့အချိန်မှာ ကိုယ့်နိုင်ငံနဲ့ ဘာကွာသလဲဆိုတာတွေ ပိုမြင်လာတယ်။ သူတို့နိုင်ငံမှာ ခေတ်စား နေတဲ့ သီချင်းပုံစံ၊ သူတို့ရဲ့ လေ့လာအားထုတ်မှု၊
အနုပညာဝမ်းစာတွေကို မြင်တွေ့ရတဲ့အခါကျမှ ကိုယ့်ကိုယ်ကိုယ် ပိုကြိုးစားရမယ်၊ အားထုတ်ရဦးမယ် ဆိုတာကိုလည်း သိလာရတယ်။ ကိုယ့်နိုင်ငံမှာ ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီ
ထင်နေတာ” ဟု ရေဗက္ကာဝင်းကပြောသည်။

ဆုပေးပွဲ အခမ်းအနားကို ဇန်န၀ါရီလ ၈ ရက်နေ့က ကျင်းပခဲ့ပြီး ဆုရသူများက သီချင်းများနှင့် ထပ်မံဖျော်ဖြေရာတွင် ကိုကျော်ဇင်မင်းက "You Raise Me Up" သီချင်းနှင့် ဖျော်ဖြေခဲ့သည်။

“ကျနော် ပြည်ပပွဲ အတွေ့အကြုံ ၀င်ပြီးနောက်မှာ ကိုယ်ပိုင်သံစဉ်တွေ ဖန်တီးနိုင်ဖို့ အရေးကြီးတယ်ဆိုတာ သိလာတယ်။ ကမ္ဘောဒီးယားဆို ရိုးရာ သီချင်းရော ပေါ့ပ်သီချင်းတွေပါ အကုန်
ကိုယ်ပိုင် ဖန်တီးလာတာ။ မြန်မာပြည် ဈေးကွက်အရ အဆိုတော်သစ်တွေက ကိုယ်ပိုင်သံစဉ်တွေ ထုတ်ဖို့ဆိုတာ မလွယ်ပါဘူး။ မြန်မာပြည်က အဆို ၀ါသနာပါတဲ့ လူငယ်တွေ အနေနဲ့
ကိုယ်တိုင် အခွင့်အရေးတွေ လိုက်ရှာပြီး ပြိုင်မှရမယ့် အနေအထားမျိုးမှာ ရှိတယ်” ဟု ကိုကျော်ဇင်မင်းက ပြောသည်။

ပြိုင်ပွဲတခုစီကို ရွှေတံဆိပ် ၂ ခု၊ ငွေတံဆိပ် ၂ ခုနှင့် ကြေးတံဆိပ် ၂ ခု ပေးခဲ့ရာ ကိုကျော်ဇင်မင်းနှင့်အတူ ထိုင်း အဆိုတော် တဦးလည်း ကြေးတံဆိပ်ရခဲ့သည်။

ကိုကျော်ဇင်မင်းသည် ၂၀၀၈ ခုနှစ်တွင် မြဝတီရုပ်သံက စီစဉ်သော 'မယ်လိုဒီဝေါလ်' သီချင်းဆိုပြိုင်ပွဲ၌ စတုတ္ထဆုရရှိ ခဲ့သူ ဖြစ်သည်။

ပြည်မြို့ မျိုးသုခ အထူးကုဆေးခန်း တရားစွဲခံရ

သင်းအောင် Thursday, 27 January 2011 13:59

ပြည်မြို့၏ ပုဂ္ဂလိက ဆေးခန်းကြီး ဖြစ်သည့် မျိုးသုခ အထူးကု ဆေးခန်း၌ ကုသနေစဉ် ကွယ်လွန်သွားသူ၏ မိဘများက လူနာကို သေစေရန် ပူးပေါင်း ကြံစည်ခဲ့သည် ဟူသော
ယူဆချက်ဖြင့် ပြီးခဲ့သည့် ဇန်န၀ါရီ ၁၈ ရက်တွင် ဆေးခန်းတာဝန်ရှိသူများကို တရားစွဲဆိုထားကြောင်း သိရသည်။

ကွယ်လွန်သူ ဖိုးလမင်း (ခေါ်) ကိုနေဇာမင်း (၃၄ နှစ်)သည် မကွေးတိုင်း သရက်မြို့ လမ်းသစ်လမ်း အမှတ် ၁၆၄ တွင် နေထိုင်ခဲ့သူ ဖြစ်၍ သရက်မြို့ ရဲစခန်း၌ အမှုဖွင့် တိုင်ကြားခဲ့သည်ဟု
ကွယ်လွန်သူ လူနာ ၏ မိဘများက ပြောသည်။

ကွယ်လွန်သူ၏ ဖခင် ဦးမောင်မောင်က“ဖိုးလမင်းက အသည်းရောင် အသားဝါဖြစ်လို့ ပြည်မြို့က သမားတော်ကြီး ဒေါက်တာ ခင်မောင်ညွန့်ရဲ့ကိုယ်ပိုင် ဆေးခန်းမှာ ပြတယ်။ အချိန်မီ
ရောက်လာခြင်းကြောင့် အခြေအနေ ကောင်းပါတယ်လို့ ဆရာဝန်ကြီးက ပြောပြီး ဆရာကြီးပဲ ထိုင်တဲ့ မျိုးသုခ ဆေးခန်းကို ဇန်န၀ါရီ ၉ ရက် မနက် ၁၀ နာရီ လောက်မှာ တင်လိုက်တာ”ဟု
ပြောသည်။

မျိုးသုခ ဆေးခန်းသို့ ရောက်ရှိစဉ် လူနာမှာ ကားပေါ်မှ ကိုယ်တိုင်ဆင်းနိုင်ပြီး သွေးပေါင်ချိန် ၁၄၀/၉၀ ရှိနေခဲ့ကြောင်း ၎င်းက ဆို သည်။

“ည ၈ နာရီမှာ ဆရာဝန်ကြီး ဒေါက်တာ ခင်မောင်ညွှန့် ရောက်လာတယ်။ လူနာကို တမိနစ် ၁၅ စက်နှုန်း အချိုရည် တိုက်ပေးဖို့ တာဝန်ကျတွေကို မှာသွားတယ်”ဟု လူနာ၏ မိခင်
ဒေါ်ဝေေ၀လွင်ကလည်း ဆိုသည်။

ထိုစဉ်က လိမ္မော်သီးကျွေးနေစဉ် လူနာမှာ အစေ့ အမျှင်များကိုပင် ထွေးထုတ်နိုင်ကြောင်း ၎င်းတို့ အဆိုအရ သိရသည်။

ဆေးခန်း၏ အထူးသူနာပြု နိုနိုသန်းဆွေအား ငှားရမ်းထားသော်လည်း လူနာအပေါ် ဂရုစိုက်ခြင်း မရှိခဲ့ကြောင်း၊ ထို့နောက် လူနာ အသက်ရှု ပြင်းလာသည်ကို တာဝန်ရှိသူများအား
သွားရောက် အကြောင်းကြားသော်လည်း တဦးမျှ ရောက်ရှိလာခြင်းမရှိကြောင်း လူနာရှင်များက ပြောသည်။

ည ၉ နာရီခန့် ဆီးပိုက် တပ်ပေးနေစဉ် လူနာက ရုန်းကန်ရာ အမျိုးသား သူနာပြု ကိုသက်ဇော်ထွဋ် က စိတ်ဆိုး မာန်ဆိုးဖြင့် ကြိမ်း မောင်းနေသဖြင့် လူနာရှင်များက တောင်းပန်ခဲ့ရကြောင်း၊
ယင်းနောက် ည ၁၁ နာရီခန့် တာဝန်ကျ ဆရာဝန် ဒေါက်တာ သူရလွင် အား အထက်ပါ အခြေအနေများကို ပြောပြရာ ထိုဆရာဝန်က လူနာကို ကြည့်ပင် မကြည့်တော့ဘဲ
ပြန်ထွက်သွားခဲ့ကြောင်း လူနာ ရှင်များက ဆက်လက်ပြောဆိုသည်။

ဇန်န၀ါရီ ၁၀ ရက် နံနက် ၃ နာရီခန့်တွင် လူနာကို ဆေးထိုးရန် ဆေးပုလင်းဖြတ်နေသည့် အထူးသူနာပြုကို အမျိုးသား သူနာပြု
က တခြားသို့သွား၍ ဆေးပုလင်းဖြတ်ရန် တားမြစ်ကာ ခေါ်ဆောင်သွားခဲ့သည်ဟုလည်း လူနာ၏ မိဘများက ပြောသည်။
“ခဏအကြာ ဆရာမ ရောက်လာပြီး ဆေးသွင်းတယ်။ ဘာဆေးသွင်းတာလဲ မေးလိုက်တော့ ဆရာမက တုန်တုန်ယင်ယင်နဲ့ ဂလူးကို့စ်ပါလို့ ပြောပြီး အခန်းအပြင် ပြေးထွက်သွားတယ်”ဟု
လူနာ၏ မိခင် က ဆိုသည်။

ထိုစဉ်က လူနာ သွေးပေါင် ကျနေသည်ကိုလည်း သွေးပေါင် အနည်းငယ် ပြန်တက်လာသည်ဟုသာ သူနာပြုက ပြောဆိုကြောင်း ၎င်းက ဆိုသည်။

ယင်းနောက် လူနာမှာ တာဝန်ကျ တဦးတယောက်မှ အနီးနား မရှိဘဲ ထိုနေ့နံနက် ၅ နာရီခွဲတွင် ကွယ်လွန်သွားခဲ့ကြောင်း၊ တာဝန် ကျ ဒေါက်တာ သူရလွင် က သေဆုံးကြောင်း
အတည်ပြုပြီးနောက် အထူးသူနာပြု ရောက်ရှိလာကာ ၎င်း၏လက်ထဲရှိ ဆေးပုလင်း အခွံထုပ်နှင့် အ၀ါရောင် ဆေးရည်အိတ်ကို လုယူကာ အခန်းအပြင် ထွက်သွားခဲ့ကြောင်း လူနာ၏ မိခင်
က ပြောသည်။

ဆေးခန်း ကျသင့်ငွေ ပြေစာ ၅ စောင် အတွက် စာရင်းရှင်းပေးအပြီး အလောင်းကို နံနက် ၆ နာရီခန့်တွင် သရက်မြို့သို့ ပြန်လည် သယ်ယူလာခဲ့သည်ဟု လူနာ၏ ဖခင် က ပြောပြသည်။

“အလောင်းမြေကျပြီး နောက်နေ့ ဆရာဝန်ကြီး ဒေါက်တာ ခင်မောင်ညွန့်ကို အကျိုးအကြောင်း ရှင်းပြတယ်။ ဆေးခန်း မန်နေဂျာ ဦးဉာဏ်ဦးက မျိုးသုခ ဆေးရုံအုပ် ဒေါက်တာ
တင်မောင်သန်း ဆီ ခေါ်သွားတယ်။ လူနာကို အသက်ကယ်ဆေး ထိုးပေးခြင်းမှာ မှန် ကန်ကြောင်း ဆေးရုံအုပ်ကြီးကပြောပြီး ဆေးမှတ်တမ်း မိတ္တူတွေ ပေးလိုက်တယ်”ဟု ဖခင်ဖြစ်သူက
ပြောသည်။

ပြည်မြို့ရှိ အခြား ဆရာဝန်ကြီး တဦးအား အဆိုပါ ဆေးစာများ ပြသမေးမြန်းရာ အသက်ကယ်ဆေးနှင့် တူသည့် ဆေး တခုမှ မပါဟု သိခဲ့ရကြောင်း ၎င်းက ဆိုသည်။

ယင်းနောက် ဇန်န၀ါရီ ၁၃ ရက် နေ့လယ် ၁၁ နာရီတွင် ပြည်မြို့ မျိုးသုခ ဆေးခန်း ဆေးရုံအုပ်ကြီး၊ မန်နေဂျာ၊ ဓာတ်ခွဲခန်းမှူး ဦးစိုး သန်း၊ တာဝန်ကျ ဆရာဝန်၊ အမျိုးသား သူနာပြု၊
အမျိုးသမီး သူနာပြုတို့ သရက်မြို့ရှိ ကွယ်လွန်သူ၏ မိဘများထံ ရောက်ရှိလာကြောင်း၊ ၎င်းတို့၏ ဆေးကုသမှု ပေါ့ဆခဲ့ခြင်းအပေါ် ၀န်ခံပြီး ခွင့်လွှတ်ရန် ပြောဆို၍ ကန်တော့ရန်
ပြင်ဆင်ကြကြောင်း၊ ဤသို့ ပြုမူလာသည့်အပေါ် ၎င်းတို့က လက်မခံခဲ့ကြောင်း ကျန်ရစ်သူ မိသားစုများ အဆိုအရ သိရသည်။

“ဇန်န၀ါရီ ၁၄ ရက် နေ့လယ် ၁၂ နာရီမှာ ဆေးခန်းပိုင်ရှင်ရဲ့ဇနီး ဒေါ်လှမြိုင်တို့ ရောက်လာတယ်။ ဆရာဝန်မကြီး တဦး အပါအ၀င် ၄ ဦးပါလာတယ်။ ပြီးတော့ တောင်းပန်တယ်။
အတူပါလာတဲ့ ဓာတ်ခွဲမှူးက အဓိက တာဝန်ရှိတဲ့ အထူးသူနာပြု နိုနိုသန်းဆွေကိုသာ တရားစွဲဖို့ ကျနော့်သမီးကို တိတ်တဆိတ် ပြောသွားတယ်”ဟု ကွယ်လွန်သူ၏ ဖခင် က ပြောသည်။

ထို့အတွက် နိုနိုသန်းဆွေအား တွေ့လိုသည်ဟု ဇန်န၀ါရီ ၁၅ ရက်က ဆေးခန်းသို့ အကြောင်းကြားရာ ၎င်းဝန်ထမ်းအား အလုပ်မှ ထုတ်ပယ်လိုက်ပြီဖြစ်၍ အဆက်အသွယ်
မရှိတော့ကြောင်း မန်နေဂျာ က ဖြေကြားခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

ထို့ကြောင့် ကာယကံရှင်များက သရက်မြို့ ရဲစခန်းသို့ ဇန်န၀ါရီ ၁၈ ရက် နေ့စွဲဖြင့် တိုင်ကြားခဲ့ပြီး (ပ) ၇ / ၂၀၁၁ ပြစ်မှု ပုဒ်မ ၃၀၄ (က)နှင့် အမှုဖွင့်ဆိုထားကြောင်း သိရသည်။

ယင်း ဖြစ်ရပ်နှင့် ပတ်သက်ပြီး ပြည်မြို့ ရဲ အထူး သတင်းတပ်ဖ(ွဲ့ SB)သို့ ဆက်သွယ်မေးမြန်းရာ“လတ်တလောမှာ ပြည်မြို့ရဲ့အထူးခြားဆုံး သတင်းကြီး ဖြစ်ပါတယ်။ သက်ဆိုင်ရာ အထက်
အဆင့်ဆင့် အသီးသီးကိုလည်း တင်ပြပြီး ဖြစ်ပါတယ်”ဟု ဖြေကြားသည်။

၎င်းအမှုတွဲကို နေပြည်တော်၊ ရန်ကုန်ရှိ အာဏာပိုင်များအပြင် မြန်မာနိုင်ငံ ဆေးကောင်စီသို့လည်း တင်ပြထားကြောင်း ဇန်န၀ါရီ ၂၇ ရက် နံနက်တွင် လူနာ၏ မိခင် ဒေါ်ဝေေ၀လွင်က
ပြောသည်။

အကျဉ်းထောင်ထဲက ရွှေရတု ဇာဂနာ

အေးချမ်းမြေ့ Thursday, 27 January 2011 10:57 အောက်မေ့ဖွယ်

ကီလီ ၆ ဟု ခေါ်သည့် ရုပ်ရှင်ရိုက်ကွင်းတည်ရာ နေရာတခုမှာ သူ့ကို လူကိုယ်တိုင် စတွေ့ဖူးခဲ့ခြင်း ဖြစ်သည်။ လောကဓံ အထုအထောင်းကို ထုသားပေသား ကျနေသည့် ခပ်ပြုံးပြုံး
မျက်နှာနှင့်၊ အရာရာကို ရယ်စရာအဖြစ် ကြည့်ကာ သရော် လှောင်ပြောင်ရန် အသင့်ဖြစ်နေပုံ။ သို့ရာတွင် ခင်မင်နှစ်လိုဖွယ်။

သူကတော့ တိုင်းသိပြည်သိ၊ ကမ္ဘာသိ လူရွှင်တော် ကိုဇာဂနာခေါ် ကိုသူရဖြစ်သည်။

၂၀၀၂ ခုနှစ် ဝန်းကျင်ကာလ၊ ထောက်လှမ်းရေး တန်ခိုးထွားနေစဉ်


အချိန်ဖြစ်ပြီး ဇာဂနာ ဆိုသည့်အမည်ကို အစိုးရက ပိတ်ပင်ထားသည့်
အတွက် မောင်သူရ အမည်ဖြင့် ရုပ်ရှင်ကားများတွင် ပါဝင်ရိုက်ကူး
နေရချိန်ဖြစ်သည်။ သူ့ခေါင်းပေါ်တွင် ဆံပင် တမွေးမျှမရှိ။ ၁၉၉၄ သူ
ထောင်ကထွက်ပြီး နောက်ပိုင်း ရုပ်ရှင်နယ်ထဲတွင် ကျင်လည်သည့်
တောက်လျှောက် သူ ဆံပင် မထားတော့။

“ဇာဂနာတို့ကတော့ ပြောင်ပြောင်ပဲ” ဆိုသည့်စကား လူအများကြားတွင်


ခေတ်စားခဲ့သည်။

စစ်အစိုးရ၏ အခုတမျိုး၊ တော်ကြာတမျိုး မူဝါဒများအတိုင်း


လိုက်နာရသူများထဲတွင် စာနယ်ဇင်းများက ထိပ်ဆုံးကပါသည်။
သတင်းစာများ၊ ဂျာနယ်၊ မဂ္ဂဇင်းများတွင် “မေမြို့” ဟု မရေးရ၊
ပြင်ဦးလွင်ဟု ရေးရမည် ဆိုလျှင် အားလုံး လိုက်ရေးရသည်။ “ထိုင်ဝမ်”
မဟုတ် “တရုတ် (တိုင်ပေ)” ဟု ရေးမှ ခွင့်ပြုမည် ဆိုပြန်လျှင်လည်း
တရုတ် (တိုင်ပေ) ရပြန်သည်။ ကိုဇာဂနာနှင့် ကျမ ကီလီ ၆ တွင်
စတင်ဆုံတွေ့ရသည့် ထိုကာလကတော့ “ထိုင်း” နိုင်ငံကို “ထိုင်း” နိုင်ငံဟု
မခေါ်ရ “ယိုးဒယား” ဟုသာ ခေါ်ရမည်ဟု အမိန့်
( -) ထွက်ပေါ်နေချိန်ဖြစ်သည်။

ကျမတို့ သတင်းထောက်တွေကို တွေ့သည်နှင့် ကိုဇာဂနာက “ဟေ့ … အားလုံးပဲနော်။ ထိုင်းကို ထိုင်းလို့ ခေါ်ရင် အဖမ်း ခံရမယ်။ ယိုးဒယားလို့ ခေါ်ကြ။ အဲဒီတော့ ငါတို့
ရုပ်ရှင်ရိုက်တဲ့အခါမှာ ဒိုင်ယာလော့ခ်ထဲ နားထိုင်းတာတို့ ဘာတို့ပါရင် နားထိုင်းတယ်လို့မပြောကြနဲ့။ နား ယိုးဒယား ဖြစ်နေတယ်လို့ ပြောကြ” ဟု ရုတ်တရက် ပြောလိုက်သဖြင့် အားလုံး
ရယ်ကြရသည်။

ကိုဇာဂနာက အရာရာကို ဟာသဉာဏ်ဖြင့် ရှုမြင်ကာ သရော်ဖို့ချည်း စဉ်းစားနေသည်ဟု ထင်ရသည်။ လူထုကလည်း ဟာသ အသစ် တမျိုးမျိုး ကြားလိုက်ရလျှင် “ဒါ ဇာဂနာ
ပြောတာပဲဖြစ်မယ်” ဟု ထင်ကြသည်။ ထိုကိစ္စနှင့် ပတ်သက်၍ ကျမ ကိုဇာဂနာကို မေးကြည့်ဖူးသည်။

နိုင်ငံတော် အကြီးအကဲ ဗိုလ်ချုပ်ကြီးတဦးက ရေသန့်စက်ရုံတခုသို့ သွားကြည့်ရင်း “ဒီသောက်ရေသန့်တွေကို ဘယ်လိုခေါ်လဲ” ဟုမေးရာ စက်ရုံမှူးက “ပီအိတ်ခ်ျ ဆဲဗင်းလို့ ခေါ်ပါတယ်” ဟု
ပြောသည်။ ထိုအခါ ဗိုလ်ချုပ်ကြီးက “ကောင်းတယ်၊ ကောင်း တယ်၊ နောက်ကို ပီအိတ်ခ်ျ အိတ်တို့ နိုင်းတို့ ရတဲ့အထိ ကြိုးစားကြ” ဟု မှာကြားခဲ့သည် ဆိုသည့် ဟာသတပုဒ် ပြည်သူလူထု
ကြားတွင် ပြန့်နှံ့ခဲ့ဖူးသည်။ ထိုပြက်လုံးမှာ ကိုဇာဂနာထုတ်သည့် ပြက်လုံးဖြစ်သည်ဟု လူ အများက ယုံကြည်ကြသည်။

“လူတွေက အစိုးရနဲ့ ပတ်သက်လို့ ရယ်စရာ၊ ဟားစရာ တခုခု ကြားလိုက်ရရင်၊ ဒါ ဇာဂနာပြောတာပဲ၊ ဇာဂနာ ဖောက်တာပဲ ဆိုပြီး ထင်တတ်ကြတယ်။ တကယ်က ကျနော်တို့က ဒီလောက်
ခေါင်းမကောင်းပါဘူးဗျာ။ လူတွေက ပိုတော်တာပါ။ သူတို့ ဘာသာ ထုတ်တဲ့ ပြက်လုံးကို ကျနော်ထုတ်တာ ဆိုပြီး နာမည်တပ်တာပါ” ဟု ကိုဇာဂနာက ပြန်ပြောခဲ့သည်။
၁၉၈၈ ခုနှစ်မတိုင်ခင်ကာလ မြန်မာ့ရုပ်မြင်သံကြားတွင် ကိုဇာဂနာနှင့်အဖွဲ့ တင်ဆက်သည့် “မိုးနတ်သူဇာ” အငြိမ့်ကို လူကြိုက်များခဲ့သည်။ တက္ကသိုလ် ဘွဲ့ရ လူငယ်ပညာတတ်
လူရွှင်တော်များဖြင့် ဖွဲ့စည်းထားသည့်အငြိမ့်။ ခါးအောက် ပြက်လုံးများ၊ ကလိထိုးရယ်ရသည့် ပြက်လုံးများ မဟုတ်ဘဲ စနစ်တကျ ပညာသားပါပါရယ်ရသည့် ပြက်လုံးများကြောင့်
လူထုကြားတွင် ပြောစမှတ်တွင်ခဲ့သည်။

အထိမ်းအမှတ်ပွဲတိုင်း မိုးနတ်သူဇာအငြိမ့်ကို လူတွေမျှော်ကြသည်။ အငြိမ့်ကြည့်ပြီး နောက်တနေ့ မနက်အထိ ညက ကြည့်ခဲ့သော ပြက်လုံးကို ပြန်ပြောင်းပြောကာ ရယ်မောကြသည်။

လက်ရှိ စစ်အာဏာပိုင်များကဲ့သို့ မဟုတ်ဘဲ ဆိုရှယ်လစ် ဒီမိုကရေစီ လက်အောက်တွင် အမြင်မတော်သည်ကို ဝေဖန်ခွင့် အနည်းငယ် ရခဲ့သည်။

နိုင်ငံတော်ပိုင် မီဒီယာကြီးတွင် တင်ဆက်သောပွဲ ဖြစ်သဖြင့် အကန့်အသက်နှင့် ပြက်လုံးထုတ်ရသော်လည်း နှစ်ခွ အဓိပ္ပာယ် သက်ရောက်သော ပြက်လုံးများကို မိုးနတ်သူဇာ
လူရွှင်တော်များက ထုတ်သကဲ့သို့ ပရိသတ်ကလည်း အတွေးဖြန့်ကာ ရယ်မောတတ်ခဲ့ကြသည်။ အာဏာရှင်ကို သရော်လှောင်ပြောင်းခြင်းဖြင့် လူထု ဘဝင်ကို ဆွဲငင်သော ကိုဇာဂနာအား
အာဏာရှင်တို့ မျက်မုန်းကျိုးသည် ကတော့ မဆန်းလှပေ။

နောက်တော့ မြပုဏ္ဏမာ အငြိမ့်။ အငြိမ့်အမည်ပြောင်းသော်လည်း၊ မင်းသမီးနှင့် လူရွှင်တော်များ အလဲအလှယ် အနည်းငယ် ရှိသော်လည်း ကိုဇာဂနာဦးဆောင်သည့်
ပြက်လုံးခွင်များကတော့ ထုံးစံအတိုင်း မပြောင်းမလဲ။

ကိုဇာဂနာ၏ “သူတောင်းစား ညီလာခံ” ဇာတ်လမ်းတိုကတော့ ထိုခေတ်ပရိသတ်ကြားတွင် ရေပန်းအစားဆုံး ဖြစ်သကဲ့သို့ အာဏာရှင်များကို မခံချိမခံသာ ဖြစ်စေသော
ဇာတ်လမ်းဖြစ်ခဲ့သည်။

စစ်အာဏာရှင် အစိုးရလက်အောက်တွင် နေရသူများအတွက် ထွက်ပေါက်ဆို၍ စိတ်တခုသာ ရှိပါသည်။ မြန်မာပြည်သူ လူထု အနေဖြင့် လွတ်လပ်စွာ ဟောပြောခွင့်၊ လွတ်လပ်စွာ
ရေးသားခွင့်၊ လွတ်လပ်စွာ အနုပညာကို ထုတ်ဖော်ပြသခွင့်များ နည်းပါး ဆိတ်သုဉ်းခဲ့သည်မှာ ၁၀ စုနှစ် ၄ ခုမက ရှိပြီဖြစ်သည်။ ထို့ကြောင့်လည်း လူထုက ရယ်စရာကို မက်မောကြသည်။
ရယ်စရာကို ရှာဖွေကြသည်။ ကိုဇာဂနာကတော့ လူအများ၏ စိတ်ထွက်ပေါက်အဖြစ် ရှာဖွေနေရသည့် ပြက်လုံးများကို လူထုထဲသို့ အရောက် ပို့ပေးသူဖြစ်သည်။

ကိုဇာဂနာနှင့် ကာလကြာရှည် အလုပ်တွဲလုပ်၊ အတူနေထိုင်ခဲ့သူ ပန်းချီထိန်လင်းက ကိုဇာဂနာ၏ ရဲရင့်သော ပြက်လုံးများ အကြောင်းကို “ကြောက်မွေးပါ ဇာဂနာနဲ့နုတ်”
ဟူသောဆောင်းပါးအဖြစ် ကောင်းကင် အင်တာနက် စာမျက်နှာတွင် ရေးထားသည်။

၁၉၈၈ ခုနှစ်မတိုင်ခင်က ပေါက်မြို့တွင် ကိုဇာဂနာတို့ အဖွဲ့ ကခဲ့ကြစဉ် နတ်ဝင်သည် လုပ်ကြသည့် ပြက်လုံးခွင်၌ ကိုဇာဂနာက “ငါ့ကို မရိုမသေ မလုပ်နဲ့ နင့်ဦးလေး ငွေစက္ကူ ၇၅
ကျပ်တန်တွေ တရားမ၀င် ဖြစ်ကုန်တာ ဘယ်သူလုပ်တယ် ထင်သလဲ” ... လို့ မေးသောအခါ လူရွှင်တော် တက်တူနှင့် ကိုချစ်စရာတို့က .. “အဲဒါ အမေလုပ်တာလား” ဟု ထောက်မေးရန်
ဖြစ်သော်လည်း ထိတ်လန့်ကာ ထောက်မပေးတော့ဘဲ ပြက်လုံးအသွားကို ပိတ်ထားကြသည့် အဆုံးတွင် ကိုဇာဂနာက .... “အဲဒါ .. ပုံ/ စိန်လွင် လုပ်တာဟေ့” ဟု ပြက်ခဲ့ကြောင်း
ကိုထိန်လင်းက ရေးသားထားသည်။ နာမည်ကျော် ဗိုလ်ချုပ်စိန်လွင်ကို ပြက်ခဲ့ခြင်းဖြစ်သည်။

၎င်းနောက် လူထုကြားတွင် ကောလာဟလလည်း အမျိုးမျိုး ထွက်ပေါ်ခဲ့သည်။ စစ်ဗိုလ်ချုပ်ကြီးများက ကိုဇာဂနာကို ပြက်လုံးခေါ် ထုတ်ခိုင်းသည်၊ ကိုဇာဂနာက မကြောက်မရွံ့ဖြင့် သူတို့ကို
ပြန်၍ သရော်လှောင်ပြောင်ခဲ့သည်၊ ကိုဇာဂနာကို ထောင်ထဲ ထည့်လိုက်ပြီ … စသည်ဖြင့်။ ထိုစဉ်က မဆလ ခေါင်းဆောင် ဦးနေဝင်းကတော့ “လူရွှင်တော်ပဲ ဒီလောက်တော့ ပြက်မှာပေါ့”
ဟု ပြောကြောင်း ကိုထိန်လင်း ရေးသားထားသည်ကို ဖတ်ရသည်။

သေချာသည်ကတော့ ကိုဇာဂနာကို ၂၀၀၆ ခုနှစ်နောက်ပိုင်း လူထုရှေ့တွင် လုံးဝ အငြိမ့်ကခွင့်၊ ပြဇာတ်စင်တင်ခွင့် မပေးတော့ပေ။ ရုပ်ရှင်၊ စာပေ စသည့်အနုပညာတို့က ဆင်ဆာကို
ဖြတ်ရသည်။ ဆင်ဆာက ဖြတ်ချင်တာဖြတ်ချပြီးမှ ပုံနှိပ်ခွင့်၊ လူထုကြား ဖြန့်ချိခွင့်ရသည်။ အငြိမ့်၊ သဘင်၊ ပြက်လုံးခွင် ကျတော့ ပွဲမစခင် ဆင်ဆာရှေ့တွင် တမျိုး ကပြပြီး တကယ့်တကယ်
စင်တင်သောအခါကျမှ ကိုယ်ပြောချင်ရာ ပြောချလိုက်လို့ရသည်။ ကိုဇာဂနာက ထိုအခွင့်အရေးကို အမိအရ အသုံးချခဲ့သည်။ ထို့ကြောင့်လည်း သူ့ကို အာဏာရှင်တို့က အငြိမ့်ကခွင့်
ပိတ်ခြင်း ဖြစ်သည်။

ထိုအခါ ကိုဇာဂနာက မောင်သူရ အမည်ဖြင့် ရုပ်ရှင်ရိုက်သည်၊ ဒါရိုက်တာလုပ်သည်၊ သရုပ်ဆောင်လုပ်သည်။ ထို့ထက်ပို၍ မျိုးဆက်သစ် လူရွှင်တော်များကို မွေးထုတ်သည်။
ထိုလူရွှင်တော်များဖြင့် စင်တင်ပွဲများ ရအောင်လုပ်သည်။ သီးလေးသီးနှင့် ဂေါ်ဇီလာကို လူတိုင်း သိပါသည်။ ကိုဇာဂနာ၏ လမ်းညွှန်မှုဖြင့် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအပြီး
မျှော်စင်ကျွန်း စင်တင်ပွဲက ဝက်ဝက်ကွဲ လူသိများခဲ့သလို အာဏာရှင်များပင် ယင်း မျှော်စင်ကျွန်းအခွေကို တောင်းယူကြည့်ရသည်ဟု သိရသည်။

ကိုဇာဂနာကို လူချင်း နောက်တကြိမ်ဆုံတာကတော့ စာရေးဆရာ တာရာမင်းဝေ၏ ဈာပနတွင်ဖြစ်သည်။ ထိုတကြိမ်က ကျမနှင့် လူချင်း ဆုံတွေ့သည်မှာ နောက်ဆုံးဟု ဆိုရပေလိမ့်မည်။
ရွှေဝါရောင်တော်လှန်ရေး ကာလကတော့ သံဃာတော် များကို ဆွမ်းကပ်လှူနေသည့် ကိုဇာဂနာကို ဓာတ်ပုံများတွင် မြင်တွေ့ရသည်။ ကိုကျော်သူနှင့် အတူတူ ဖြစ်သည်။

၂၀၀၈ မေလ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းလွန် ကာလတွင် ကျမ ဧရာဝတီမဂ္ဂဇင်း၌ သတင်းထောက် တာဝန်ယူနေပြီဖြစ်သည်။ ထိုစဉ်က ကိုဇာဂနာနှင့် ဖုန်းပြောခွင့်ရသည်။

“ခဏနေ မြစ်ဝကျွန်းပေါ်ဘက်ကို ထွက်တော့မှာ။ ပစ္စည်းတွေ တင်နေပြီ။ ကျနော့်မှာက မိတ်ဆွေ အပေါင်းအသင်း စုံတယ်၊ အသိုင်းအဝန်းကလည်း ကျယ်တော့ ကူတဲ့သူက များတယ်” ဟု
ကိုဇာဂနာက ပြောခဲ့သည်။

ဖုန်းထဲတွင် ပစ္စည်းများ တင်ချနေသံ၊ ဝိုင်းဝန်းနေသည့် လူသံများကို ကြားရသည်။ ပင်ပန်းနေသည့်ကြားက ကိုဇာဂနာ့အသံက တက်ကြွနေသည်။ သူ ကျင်လည်ရာ အနုပညာ
အဝန်းအဝိုင်းက ပံ့ပိုးမှုများကို သူ အားရကျေနပ်နေပုံရ၏။

“လူတွေ မရောက်နိုင်တဲ့ဒေသ၊ မသွားနိုင်တဲ့ဒေသတွေ အများကြီး ကျန်သေးတယ်ဗျာ။ ကျနော်တို့ လူခွဲပြီး သွားကြမှာ။ အဲဒီလို သွားဖို့ ခက်ခဲတဲ့ ဒေသတွေကို
ပိုသွားနိုင်အောင်ကြိုးစားမယ်” ဟု ကိုဇာဂနာက ပြောသည်။ သူ့ အသံထဲတွင် စေတနာကို မြင်နေရသည်။ လူ သိန်းနှင့်ချီ၍ အသက်ဆုံးရှုံးခဲ့ရသော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံ
မြစ်ဝကျွန်းပေါ် ဒေသကို မျက်ဝါးထင်ထင် မြင်လိုက်ရသဖြင့် ကရုဏာ သက်နေမည့် ကိုဇာဂနာကို ကျမ မမြင်ရဘဲ ဖုန်းပြောရင်း ခန့်မှန်းလို့ရသည်။

ထိုစဉ်က ကိုဇာဂနာ့အသံကို ယခုအထိ ထပ်ကြားရလိမ့်မည် မဟုတ်ဟု ကျမ မထင်မိခဲ့။ သူ နာဂစ်ဆိုင်ကလုန်း ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေစဉ် အတောအတွင်း ၂၀၀၈ ဇွန်လ
၎ ရက်နေ့တွင်ပင် အာဏာပိုင်များက သူ့ကို ဖမ်းဆီး သွားခဲ့ကြ သည်။

အင်းစိန်ထောင် တရားရုံးက အီလက်ထရွန်နစ် အက်ဥပဒေ ပုဒ်မ ၃ မှု အပါအ၀င် အနည်းဆုံး ပုဒ်မ ၅ ခုနှင့် တရားစွဲဆိုခဲ့ပြီး ကိုဇာဂနာကို ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခဲ့သည်။ ၂၀၀၉ ခုနှစ်
ဖေဖော်ဝါရီလတွင်တော့ အီလက်ထရွန်နစ် အမှုတခုအတွက် ထောင်ဒဏ် ၈ နှစ်စီနှင့် စုစုပေါင်း ၂၄ နှစ် လျှော့ပေါ့ပေးခဲ့သောကြောင့် ထောင်ဒဏ် ၃၅ နှစ် ကျခံနေရသည်။

ယနေ့ ဇန်နဝါရီ ၂၇ ရက်နေ့ သူ့အသက် ၅၀ ပြည့်သည့် မွေးနေ့တွင်တော့ သူသည် ရန်ကုန်နှင့် မိုင် ၉၀၀ ကျော်အကွာက မြစ်ကြီးနား အကျဉ်းထောင်တွင် ရှိနေရသည်။

ကိုဇာဂနာကို အာဏာပိုင်များက ထောင်ဝင်စာပိတ်ထားသည်မှာ ၈ လခန့်ရှိပြီ ဖြစ်ကြောင်း မိသားစုဝင်တဦးဖြစ်သူ မငြိမ်းက ပြောသည်။

လူရွှင်တော် ဇာဂနာခေါ် ကိုသူရကို ဖခင် စာရေးဆရာကြီး နန်းညွန့်ဆွေနှင့် မိခင် စာရေးဆရာမကြီး ဒေါ်ကြည်ဦးတို့က ၁၉၆၁ ခုနှစ် ဇန်နဝါရီ ၂၇ ရက်နေ့တွင် မွေးဖွားခဲ့သည်။

သူ၏ ငွေရတု မွေးနေ့ကို စစ်အစိုးရ၏ အကျဉ်းထောင်ထဲ၌ ကျင်းပနေရမည့် ကိုဇာဂနာသည် ၎င်း၏ မိခင်ကြီးနှင့် ဖခင်ကြီး၏ ဈာပန အခမ်းအနားများကိုလည်း တက်ခွင့်မရခဲ့ပေ။

“တခြားသူတွေ ထောင်ဝင်စာ သွားရင်မှာလိုက်တာပဲ ရှိတယ်။ ဒါပေမယ့်ဒီနှစ်က ရာသီဥတု အရမ်းဆိုးတော့ တခြားသူ တွေလည်း မသွားနိုင်တာ ၁ လလောက်ရှိပြီ။
အဆက်အသွယ်ပြတ်နေတာပေါ့။ ကျမတို့ကတော့ ရာသီဥတုဒဏ်ကြောင့် သူ လေတွေဘာတွေ ဖြန်းမသွားပါစေနဲ့လို့ပဲ ဆုတောင်းနေရတယ်” ဟု မငြိမ်းက ပြောသည်။

ကိုဇာဂနာအား The Lillian Hellman and Dashiel Hammett Award ဆိုသည့် ဆုကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဆိုသည့် အဖွဲ့အစည်းက ချီးမြှင့်ခဲ့သည်။ ထိုအဖွဲ့အစည်းသည်
အမေရိကန် နိုင်ငံ New York မြို့ အခြေစိုက်သည့် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့မှ ဖွဲ့စည်းထားခြင်းဖြစ်သည်။
ကိုဇာဂနာက မည်သည့် တာဆီးပိတ်ပင်မှုများ၊ အခက်အခဲများ ကြုံတွေ့ရသည်ဖြစ်စေ ပျော်ရွှင်နေတတ်ကြောင်း သူ၏ အနုပညာ မိတ်ဆွေ၊ လူမှုရေးအတူလုပ်ဘက် သရုပ်ဆောင်
ကိုကျော်သူကလည်း ပြောပြသည်။

ယခင်လက ကျင်းပခဲ့သည့် ကိုကျော်သူ့ အနုပညာပြပွဲတွင်လည်း ကိုဇာဂနာ အမှတ်တရအဖြစ် ခင်းကျင်းပြသခဲ့သေးသည်။ ကိုကျော်သူနှင့် ကိုဇာဂနာက “ဘာဘာ ဘာမှမသိ”
“ပုဏ္ဏားဘကွန်း” စသည့် ရုပ်ရှင်ကားများတွင် အတူ သရုပ်ဆောင်ခဲ့ ကြသည်ကို အမှတ်ရသည့် အနေဖြင့် ထိုသို့ခင်းကျင်းခဲ့ကြောင်း ကိုကျော်သူက ပြောသည်။ ကိုကျော်သူ၏
အခင်းအကျင်းက ဟာသသဘော၊ သရော်သည့်သဘော သက်ရောက်နေသည်။

ကိုဇာဂနာ့ ဓာတ်ပုံများနှင့် အတူ လက်ရှိမြန်မာ့ရုပ်ရှင်တွင် အသုံးပြုနေသော ကင်မရာကြီးကို ချိုင်းထောက် တပ်ပေးထားကာ “မြန်မာ့ရုပ်ရှင် ကမ္ဘာလွှမ်းစေရမည်” ဟု
စာတန်းချိတ်ထားခဲ့ခြင်း ဖြစ်သည်။

ကိုကျော်သူက “ကျနော်ဒါရိုက်တာလုပ်တဲ့ ဇာတ်ကြမ်း ဆိုတဲ့ကားနယ်ထွက်ရိုက်တော့


ကိုဇာဂနာလည်းပါတယ်။ မိုးတွေက ချနေတော့ ဇာတ်ကားက စလို့မရဘူးဖြစ်နေတာ။ အဲဒီမှာ
အဖွဲ့သားက ၅၀ ကျော်လောက်ဆိုတော့ အားလုံး စိတ်ညစ်နေကြ တာပေါ့။ တရက်တော့
ကားရိုက်လို့ရလိုရညား ဆိုပြီး စိတ်ညစ်ညစ်နဲ့ ကျနော်က အပြင်ထွက်ပြီး ကောင်းကင်ကို
မော့ကြည့်ချိန် သီချင်းသံ ကြားရတယ်။ အဲဒါ ကိုဇာဂနာပဲ။ သူကတော့ ဘာပဲဖြစ်နေဖြစ်နေ
ပျော်ပျော်ပဲ” ဟု ကိုဇာဂနာ့ အမှတ်တရ ပြန်ပြောပြသည်။

ကိုဇာဂနာက အကျဉ်းထောင်ထဲတွင်လည်း ပျော်ရွှင်စွာနေမည်ဖြစ်ကြောင်း၊ ထို့ကြောင့်


သူ့အတွက် ကျန်းမာရေးတခုသာ စိုးရိမ်ကြောင်း ကိုကျော်သူက ဆိုသည်။

“တခါက သူနဲ့အတူတူ ကားရိုက်နေတုန်း သူ့ခေါင်းက သွေးတွေယိုတာ ကြုံဖူးတယ်။ အဲဒီလိုမျိုး


ထပ်ဖြစ်မှာ စိုးရိမ်တယ်။ သူ့မွေးနေ့မှာ သူ ကျန်းမာပါစေ၊ ကျနော်လုပ်တဲ့ကုသိုလ်တွေ
အမျှဝေတယ်၊ သူရပါစေ လို့ပဲ ဆုတောင်းပေး ချင်ပါတယ်” ဟု ကိုကျော်သူက ဆက်ပြောသည်။

ကိုဇာဂနာ၏ မွေးနေ့အမှတ်တရအဖြစ် ဇန်နဝါရီ ၂၇ ရက်နေ့တွင် သူ့တပည့်များဖြစ်ကြသော


သီးညီအစ်ကို အဖွဲ့က ထိုင်းနိုင်ငံချင်းမိုင်မြို့၌ အငြိမ့်ကကြမည်ဖြစ်သည်။ ရသည့် ငွေကို
ကိုဇာဂနာ့အတွက် လှူဒါန်းမည်ဟု ဆိုသည်။

ကိုဇာဂနာ၏ တပည့်တဦးဖြစ်သော လူရွှင်တော် ဇီးသီး၏ ပြောပြချက်အရ ကိုဇာဂနာသည်


( -)
အကျဉ်းထောင်ထဲတွင်လည်း ပြက်လုံးများထုတ်နေကြောင်း၊ သူ့အဆောင်ကို နေ့ဆိုင်း၊ ညဆိုင်း ခွဲ စောင့်ရသည့် ဝန်ထမ်းများအား “မင်းတို့လည်း ငါ့လို ထောင်ကျ နေတာပါပဲကွာ။
စဉ်းစားကြည့်။ ငါက အနှစ် ၂၀ ကျရင် မင်းတို့က ထောင် ၁၀ နှစ် ကျနေတာနဲ့ မတူဘူးလား” ဟု ပြောလေ့ရှိကြောင်း၊ ထောင်ဝန်ထမ်းများနှင့် မိတ်ဆွေဖြစ်သွားလေ့ ရှိသောကြောင့်
အာဏာပိုင်တို့က ကိုဇာဂနာ၏ အဆောင်ကို စောင့်သော ဝန်ထမ်းများအား မကြာခဏ အလဲအလှယ် လုပ်ပေးရလေ့ရှိကြောင်း သိရသည်။

ကိုဇာဂနာ့ မိတ်ဆွေ ကိုထိန်လင်းကတော့ သူ့ဆောင်းပါးထဲတွင် ကိုဇာဂနာ၏ ဒိုင်ယာရီ စာအုပ်အကြောင်း ထည့်ရေးထားသည်။ ကိုဇာဂနာက ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်မည်ဟု
သူ့ဒိုင်ယာရီထဲတွင် ဖော်ပြထားကြောင်း၊ ယခုထိလည်း ရန်သူကို မိတ်ဆွေဖြစ်စေရန် ကြိုးစားနေကြောင်း ရေးသားထားသည်ကို ဖတ်ရသည်။

ကိုထိန်လင်းကို ကျမက ကိုဇာဂနာအား စာတကြောင်းတည်းနှင့် ပေါ်လွင်အောင် သရုပ်ဖော်ပေးရန် တောင်းဆိုခဲ့သည်။

သူက ဇာဂနာ ဆိုသည်မှာ “လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်အတွက် ပိတ်နေတဲ့ပါးစပ်တွေကို ဟာသနဲ့ ဆွဲဖွင့်သူ” ဟု အဓိပ္ပာယ် ဖွင့်ဆိုသည်။ ။
http://bur.irrawaddy.org/

Thursday, January 27, 2011

သိုဟန်ဘွားသန်းရွှေ … ဒင်းကြီးကို ဒီလိုရှင်းမယ်(အပိုင်း-၁)

ဦးအလံမလှဲ

“စကြဦးစို့ ကိုတူမောင်။ သန်းရွှေဒင်းကြီးကတော့ မထူးဇာတ်ခင်းနေပြီ်”


“ဟုတ်ပါတယ်ခင်ဗျာ။ ခုဟာကဒင်းကြီးရဲ့လက်ဝဲရံ လက်ျာရံ ဗိုလ်ချုပ်ကြီးတွေပါမကျန် ဒင်းကြီးပြုသမျှနုကြရတဲ့ဘ၀ကို ရောက်ကုန်ကြပြီ”
“အေး..ဒါကြောင့် ဟံသာဝတီဦးဝင်းတင်ရဲ့စကားလုံးကို အငှားယူသုံးပြီးမေးလိုက်မယ်။ ကုန်းခံမလား ရုန်းကန်မလား”

ကိုတူမောင့်ထံမှ အဖြေထွက်မလာမီ ဦးလေးကြီးကပင် ဆက်၍ပြောသည်။

“ဒီမှာ..ကိုတူမောင် သိုးသတ်ရုံကိုကြည့်။ အသတ်ခံနေတဲ့ ရှေ့ဆုံးကသိုးရဲ့နောက်ကို နောက်သိုးတွေ တပြုံလုံးက တန်းစီပြီးလိုက်ကြတယ်။ အသတ်ခံကြတယ်။ ဒါက ကုန်းခံတဲ့စရိုက်”
ဦးလေးကြီးကသူ့ဝသီအတိုင်း တကဏ္ဍကိုဖြတ်ပြီး နောက်တကဏ္ဍကိုဆက်သည်။

“သမိုင်းထဲက သိုဟန်ဘွားကိုကြည့်။ အဲဒီ သိုဟန်ဘွားဟာ သံဃာတော်တွေကို သတ်ပြီးရင်းသတ် တသတ်တည်းသတ်နေတာ..။ တိုင်းသူပြည်သားတွေကကုန်းမခံဘူး။ အချင်းချင်း


လက်ဆင့်ကမ်းစည်းရုံးပြီး မင်းကြီးရန်နောင်ကို အများသဘောတူ ခေါင်းဆောင်တင်တယ်။ မင်းကြီးရန်နောင်လောက် အစွမ်းအစမရှိတ`မတောက်
ဲ့ တခေါက်´တွေကလည်း
ကိုယ့်အကြောင်းကိုယ်သိလို့မို့ ဘေးထိုင်ဘုတောပြီး ကပ်ဖဲ့မလုပ်ဘူး။ တစင်မထောင်ဘူး။ မင်းကြီးရန်နောင်တစ်ဦးတည်းရဲ့ ခေါင်းဆောင်မှုကိုပဲ ကြည်ဖြူရိုးဖြောင့်စွာခံယူတယ်။
နောက်လိုက်ကောင်းအဖြစ် ကျရာတာဝန်ကို တာဝန်သိစိတ်နဲ့ ကျေပွန်စွာသက်စွန့်ဆံဖျား ညီညီညွတ်ညွတ် ထမ်းရွက်ခဲ့ကြတယ်။ ဒါက ညီညီညွတ်ညွတ်ရုန်းကန်တဲ့စရိုက်။
အဲဒီစရိုက်ကြောင့် နောက်ပိုင်းမှာ သံဃာတော်များ အသက်ချမ်းသာရခဲ့ကြတယ်”

ဦးလေးကြီးက သမိုင်းဖြစ်ရပ်မှန်ကိုတင်ပြရင်း `၀´မရှိပဲ`၀ိ´လုပ်ကြသည့် အမတ်ရူးများကို စောင်းကာချိတ်ကာ`ရိတ´


် လိုက်သည်။ ထိုသို့`ရိတ´
် အပြီးမှာ ဦးလေးကြီးက
နောက်ဆက်တ`
ွဲ နှိပ်´လိုက်သေးသည်။

“သိုဟန်ဘွားတို့ခေတ်ဆိုတာ သက်ဦးဆံပိုင်ခေတ်..။ ဘုရင်ကိုသတ်နိုင်ရင် ဘုရင်ဖြစ်တဲ့ခေတ်..။ ဒီတော့.. သိုဟန်ဘွားဘုရင်ကို သတ်နိုင်တဲ့မင်းကြီးရန်နောင်ဟာ ဘုရင်လုပ်လို့ရပြီပေါ့။


သို့သော်..သို့သော်..”

ဦးလေးကြီးက`တန့်´ထားသည်။ ကိုတူမောင်`ဆတ်တငံ့ငံ့´ဖြစ်လောက်မှ ဒီကနေ့`ဘုရင်ရူး´ရူးနေကြကုန်သော ယူနီဖေါင်းဝတ်လက်ရှိစစ်ဗိုလ်များ.. ယူနီဖေါင်းချွတ် စစ်ဗိုလ်ပြုတ်များ..


ယခင်ကလည်းပုဆိုးဝတ် ယခုလည်း ပုဆိုးဝတ်သည့်အရပ်သားများ.. ထိုထိုပုဂ်ဂိုလ်များအတွက် တရားကျစရာကို ဖွင့်ဟလိုက်သည်။

“မင်းကြီးရန်နောင်က ဘုရင်မလုပ်ဘူး။ ပြည်သူအများကမင်းကြီးရန်နောင်ကိုဘုရင်လုပ်ဖို့ရာ အသနားခံတောင်းပန်ကြရှာတယ်။ မင်းကြီးရန်နောင်ကတော့ ဆုံးဖြတ်ထားပြီးတဲ့အတိုင်း


ရဟန်းဝတ်သွားပါသကွဲ့။ ”

ထိုသို့ပြောအပြီးမှာ ဦးလေးကြီးကအမေးပုစ္ဆာထုတ်လာ၏။
“ကိုင်း..ကိုတူမောင်။ ဒီလောက်ဆို ကိုတူမောင်အဖြေထုတ်လို့ရပြီ။ ကဲ..ကုန်းခံမလား။ ရုန်းကန်မလား။ ”
“ကုန်းမခံဘူးခင်ဗျ။ ရုန်းကန်မယ်။ ဘယ်ပုံဘယ်နည်းရုန်းကန်ကြမလဲခင်ဗျာ။ ”
“ဒီမယ်..ကိုတူမောင်။ ဦးလေးကြီးမှာ ကြားဘူးနားဝကလေးတွေတော့ရှိပါရဲ့။ အဲဒါတွေကိုမှတ်မိသလောက် ဥာဏ်မီသလောက် ဝေမျှမယ်။ ”

ဦးလေးကြီးကပါးစပ်ကိုမောင်းတင်လိုက်သည်။ ပြီးတော့..တချက်ပြီး တချက် တဒက်..ဒက်..နှင`


့် ပစ်´ပါတော့သည်။

“ကိုင်း..ကိုတူမောင်။ ရုန်းကန်နည်းတွေက အမယ်တွေစုံလှတယ်။ တချို့ကဆိုကြလေရဲ..။


့ အနုနည်းတဲ့..။ အကြမ်းနည်းတဲ့..။ အကြမ်းနည်းဆိုတာက အကြမ်း ဖက်နည်းနဲ့အမှတ်မဲ့
ရောထွေးသွားတတ်တယ်။ ဒါကြောင့်အနုနည်း အကြမ်းနည်းဆိုတဲ့ ဝေါဟာရစကားလုံးတွေကိုတော့ ဦးလေးကြီးကမသုံးဘူး။ ”
“ဒါဆိ.ု .ဦးလေးကြီးသုံးတဲ့စကားလုံးတွေက..”
“နိုင်ငံရေးနည်း အကြမ်းမဖက်လူထုတိုက်ပွဲနည်း သံတမန်နည်း မီဒီယာနည်း လက်နက်ကိုင်နည်း..။ နည်းတွေကစုံမှစုံ။ ”

ကိုတူမောင်က ဝေတေ၀ါးတားမရှင်းလင်းတာတစ်ခုရှိနေသဖြင့် အထွန့်တက်လေသည်။

“လက်နက်ကိုင်နည်းဟာ အကြမ်းဖက်နည်းပဲ။ ဦးလေးကြီးက အကြမ်း ဖက်နည်းကိုမသုံးဘူးဆို။ ”

“သြော်..ကိုတူမောင်.့ .နှယ်။ ဦးလေးကြီးက နားရှင်းအောင်မပြောနိုင်ဖြစ်သွားပြီကိုး။ လက်နက်ကို အကြမ်းဖက်တဲ့ကိစ္စမှာသုံးမှ အကြမ်းဖက်နည်းဖြစ်မှာ။ ဆိုပါစိ..ု့ ၁၉၈၈


ခုနှစ်တုန်းကမဆလ အရေးပေါ်ပါတီညီလာခံမှာ ဗိုလ်နေ၀င်က ခက်ထရော်ကြမ်းတမ်းတဲ့မျက်နှာကြောနဲ့ ကြိမ်းသွားတယ်။ `စစ်တပ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး။ တည့်တည့်ပစ်တယ်
´..တဲ့။ ”
“ဦးလေးကြီး..ရာ ဗိုလ်နေ၀င်က သူ့ရဲ့အတွင်းသဘော စိတ်မနောကို အဟုတ်အမှန်အတိုင်း လှစ်ပြလိုက်တာပဲ။ ”

“ဟုတ်လိုက်လေ..ကိုတူမောင်။ ဗိုလ်နေ၀င်ကထီးနန်းအဆင်းမှာ တိုင်းပြည်ကိုအညှိုးအတေးနဲ့ကြိမ်းဝါးသွားတဲ့စကား..။ သမိုင်းဝင်ထီးနန်းဆင်းစကား..။


စကားချင်းဆက်စပ်နေလို့ပြောရဦးမယ်..ကိုတူမောင်။ ၁၉၆၂ ခုနှစ်အာဏာသိမ်းပြီး လေးလအကြာ ဆဲဗဲင်းဇူလိုင်မှာဖြစ်ခဲ့တာ။ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေက ဆန္ဒပြပွဲလုပ်တယ်။
ဆန္ဒပြပွဲပြီးလို့ အေးအေးချမ်းချမ်းဖြစ်နေခါမှ ဗိုလ်နေ၀င်က အညှိုးအတေးနဲ့လွှတ်လိုက်တဲ့ စစ်တပ်ရောက်လာတယ်။ တွေ့သမျှကျောင်းသားတွေကို တ၀ကြီးပစ်ခတ်သတ်ဖြတ်တယ်။
တက္ကသိုလ်ကျောင်းသားသမဂ္ဂ သမိုင်းဝင်အဆောက်အုံကို ဒိုင်းနမိုက်နဲ့ဖြိုခွဲဖျက်ဆီးပစ်တယ်။ ဗိုလ်နေ၀င်ဟာသို့ကလို ထင်တိုင်းကျဲရန်းကားပြီးတာတောင် မကျေနပ်သေးဘူး။
အသံလွှင်ရုံကနေပြီး ကြိမ်းဝါးလိုက်သေးတယ်။ နိုင်ငံ့သားသမီးဖြစ်တဲ့ ကျောင်းသားတွေကို နိုင်ငံ့ဖခင်တက်လုပ်နေတဲ့ဗိုလ်နေ၀င်က `ဓါး..ဓါးချင်း ဒုတ.် .ဒုတ်ချင်း´တဲ.့ .။
ကြားလို့မှမလျော်တဲ့စကား..။ ဗိုလ်နေ၀င်အာဏာသိမ်းပြီးမကြာမတင်အခါသမယမှာ ပြောသွားတဲ့ သမိုင်းဝင်ထီးနန်းတက်စကား။ ”

“ဟာ..ဦးလေးကြီးရာ ဓါး..ဓါးချင်း ဒုတ.် .ဒုတ်ချင်းလို့ချဲလဲင့်ခေါ်မှာပေါ့။ `ဒါကြီး´ကနိုင်ငံ့ဖခင်အစစ်မှမဟုတ်ပဲကိုး။ ပထွေးစင်စစ်ဖြစ်လို့သာ ဒီလိုစကားမျိုးကိုပြောထွက်တာခင်ဗျ။ ”


“ကိုတူမောင်..ရေ့။ ဦးလေးကြီးတို့လူကြီးတွေညံ့ပုံများ ပြောပြရမှာတောင်ခပ်ယှက်ယှက်ပဲ။ ဗိုလ်နေ၀င်ဟာအာဏာသိမ်းပြီးကတည်းက သူဘယ်လိုခြေလှမ်းမျိုးလှမ်းမယ်ဆိုတာ`အချက်
´ပြခဲ့တာပဲ။ လူတွေကစုံလုံးကန်းပြီး ဒီ`အချက်´ကိုမမြင်ခဲ့ကြဘူး။ သတိမပြုခဲ့ကြဘူး။ ဒါကြောင့်ရာစုနှစ်ဝက် နှစ်ပေါင်းငါးဆယ်ဒုက္ခတွေဝေလျှံခဲ့ရတယ်။ ”

ဤတွင်ဦးလေးကြီးကတကဏ္ဍကိုဖြတ်ပြီး ရှေ့တကဏ္ဍကိုဆက်သည်။

“`ဒါကြီး´လည်းထီးနန်းကဆင်းသွားရော လက်သပ်မွေးလာခဲ့တဲ့ လက်ရင်းတပည့်ကျော်ကြီး butcher စိန်လွင်တက်လာတယ်။ စက်သေနတ်တွေကို အညှိုးအတေးကြီးနဲ့


ဒလစပ်ဆွဲလိုက်လို့ တက်ကြွလှုပ်ရှားသူတွေ သေလိုက်တာအတုံးအရုန်းပဲ။ သေသူတွေကိုသာမက မသေ့တသေတွေကိုပါ မင်္ဂလာဒုံစစ်သင်္ချိုင်းမှာ အစဖျောက်ပစ်ခဲ့တယ်။
နောက်မဆလအပျက်မှာ တက်လာတဲ့ ဗိုလ်ကျန်စစ်သားစောမောင်နဲ့ ဗိုလ်ခင်မမညွန့်တို့ကလည်း မြန်မာ့သမိုင်းမှာတခါမျှ မတခါဘူးတာကို လွန်ကျူးပစ်လိုက်တာ
ရက်စက်မှုအပေါင်းသရဖူဆောင်းသွားပါရော။ အဲဒီလိုမျိုးကိစ္စမှာလက်နက်ကို သုံးတာဟာ..အကြမ်းဖက်တာ။ ”

ဦးလေးကြီးက နောက်ထပ်အကြမ်း ဖက်မှုအချို့ကို နမူနာအဖြစ်ထုတ်ပြပြန်သည်။


“ဒီမှာ..ကိုတူမောင်။ ဗိုလ်သိုဟန်ဘွားသန်းရွှေဒင်းကြီး လက်ထက်ရောက်လာတော့ ဒင်းကြီးကိုယ်တိုင်က ဦးစီးလမ်းညွှန်ပြီး ၂၀၀၃ဒီပဲယင်းလုပ်ကြံမှုကြီးကို လူရမ်းကားလူဆိုးလူမိုက်တွေနဲ့
ဖန်တီးခဲ့တယ်။ ။ အဲဒီလုပ်ကြံမှုကြီးဟာ ဒေါ်အောင်းဆန်းစုကြည်ကို ပစ်မှတ်ထားတဲ့အကြမ်းဖက်မှုကြီးကွဲ့။ ”
“ဟာ..ဦးလေးကြီး..ရာ။ ဒီအကြမ်း ဖက်လုပ်ရပ်က..ပြောင်ပြောင်တင်းတင်း ပေါ်တင်ကြီးပဲ။ ဒင်းကြီးဟာမုန်ယိုနေတဲ့ဆင်ကန်းတောတိုးကြီး..။
ဒါကြောင့်ဒင်းကြီးကိုဘယ်တော့မှအလစ်ပေးလို့မရဘူး။ ”

“ဟုတ်ပါ့..ကိုတူမောင်။ ခုလောလောဆည် နိုင်ငံရဲ့အရှေ့ ဖက်အခြမ်းမှာ နအဖစစ်တပ်နဲ့မွန် ကရင် ကယား ရှမ်း တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်နေခိုက်နေကြတယ်။ ဘယ်တပ်ဖွဲ့က
အမျိုးသမီးတွေကို စော်ကားသလဲ။ အိုးအိမ်တွေကိုမီးရှို့သလဲ။ မီးမရှို့မီအိမ်ထဲမှာမွှေနှောက်ပြီး တန်ဘိုးရှိတာတွေကိုယူသလဲ။ တွေ့ရာလူကိုပေါ်တာဆွဲ ရှေ့ကတင်ပြီး
မိုင်းရှင်းကရိယာအဖြစ်မိုင်းကွင်းကိုတိုးခိုင်းသလဲ။ အဲဒီလုပ်ရပ်ဟာ အကြမ်း ဖက်နည်းတမျိုးပဲ။ အဲဒီအကြမ်း ဖက်နည်းကို နအဖတပ်ဖွဲ့ကကျူးလွန်သလား။
တော်လှန်ရေးတပ်ဖွဲ့တွေကကျူးလွန်သလား။ ကျူးလွန်သူဟာ အကြမ်း ဖက်သူ။ ကဲ..ကိုတူမောင်..ဟဲ..ဟဲ..အကြမ်း ဖက်သူကို တွေ့ပြီလား။ ”
ကိုတူမောင်ကဦးလေးကြီးချိတ်ပေးလိုက်သောမေးခွန်းကိုဖြေရင်း မိမိမေးချင်တာကလေးကို ဦးလေးကြီး၏နည်းအတိုင်း ပြန်ချိတ်ပေးလိုက်သည်။

“တွေ့ပါပြီ..ခင်ဗျ။ ဦးလေးကြီးကသက်သေခံတွေကို လက်တွေ့မျက်တွေ့ပြလိုက်ပြီကိုး..။ နအဖစစ်အစိုးရရဲ့တပ်ဖွဲ့တွေဟာ တိုင်းရင်းသားပြည်သူတွေကို


ကာကွယ်စောင့်ရှောက်သမှုမပြုဘူး။ နှိပ်စက်ညှင်းပမ်းနိုင်ထက်ကလူ အဓမ္မပြုကျင့်တယ်။ ဒါကြောင့်အကြမ်းဖက်တပ်ဖွဲ့များသာဖြစ်တယ်။ အဲဒီအချက်တွေဟာ
ဗူးပေါ်သလိုပေါ်နေပါတယ်ခင်ဗျာ။ ကြုံတုန်း..ဦးလေးကြီးကိုမေးပါရစေ။ တိုင်းရင်းသားလူမျိုးများတပ်ဖွဲ့တွေနဲ့ ကျောင်းသားတပ်မတော်တို့က ဘာတွေလဲခင်ဗျ။ ”

“တိုင်းရင်းသားလူမျိုးတပ်ဖွဲ့တွေနဲ့ ကျောင်းသားတပ်မတော်တို့ဟာ လက်နက်ကိုင်ပြီး တိုင်းရင်းသားပြည်သူတွေကို ကာကွယ်တယ်။ စောင့်ရှောက်တယ်။ ဒီမိုကရေစီနဲ့


တိုင်းရင်းသားအခွင့်အရေးတွေကို အာမခံချက်ပေးနိုင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးအတွက် စစ်အာဏာရှင်သန်းရွှေရဲ့ အကြမ်းဖက်တပ်ဖွဲ့တွေကို
ခုခံတိုက်ခိုက်တော်လှန်နေတယ်။ ဒါကြောင့်တိုင်းရင်းသားပြည်သူများရဲ့ တော်လှန်ရေးတပ်မတော် ပြည်သူ့တပ်မတော်ဖြစ်တယ်။ ”

ဦးလေးကြီးက စီးစီးပိုင်ပိုင်ရှင်းပြလိုက်ပြီး စကားဝိုင်းတစ်ပိုင်းတကဏ္ဍကို ဖြတ်ဖို့ရာတာစူလိုက်သည်။


“ကိုင်း..ကိုတူမောင်။

ဦးလေးကြီးနဲ့ကိုတူမောင်..ဟဲ..ဟဲ..ခံတွင်းတွေ့တာတွေကို တောက်လျှောက်ပြောလာလိုက်တာ တောမဆုံး တောင်မဆုံးဖြစ်ကုန်ပြီ။ လက်နက်ကိုင်ပြီးတိုင်းရင်းသားပြည်သူတွေအတွက်


အသက်စွန့်တိုက်ပွဲဝင်တော်လှန်နေတဲ့ လက်နက်ကိုင်နည်းဆိုတာ ရှင်းလောက်ပြီ။ ”

ဦးလေးကြီးကသူ့မူအတိုင်းတဖြတ်ဖြတ်လိုက်သည်။ ပြီးမှ..ကျန်တဖြတ်ကိုဆက်သည်။

“အဲ..ကိုတူမောင်။ လက်နက်ကိုင်ပြီး စစ်အာဏာရှင်လုပ်စားနေတဲ့ စစ်ဗိုလ်တစုအတွက် တိုက်ပွဲဝင် ဖိနှိပ်ရမ်းကား ဓမ္မပြုကျင့်နေတဲ့ အကြမ်းဖက်နည်းဆိုတာလည်း ရှင်းလောက်ပြီ။ ကဲ..
ဒီစကားဝိုင်းကိုဒီမှာ တဖြတ်ဖြတ်မယ်။ နောက်စကားဝိုင်းကျတော့ နိုင်ငံရေးနည်းအကြောင်းက “စ” မယ်” ။

အပိုင်း (၂) ကိုဆက်ရန်


http://www.irrawaddyblog.com/

စစ်အစိုးရ လူ့အခွင့်အရေး ကိုယ်စားလှယ်များ ဂျနီဗာတွင် ခုခံပြော

ကိုဝိုင်း | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၇ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၁၄ မိနစ်


ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ အစီရင်ခံ ကြားနာပွဲ တခု ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ ကုလလူ့အခွင့်အရေး ကောင်စီတွင် ယနေ့မနက်က ကျင်းပခဲ့သည်။

ကုလ လူ့အခွင့်အရေး ကောင်စီ၏ လေးနှစ်တကြိမ် ကုလအဖွဲ့ဝင်နိုင်ငံများ၏ လူ့အခွင့်အရေး အခြေအနေကို ပုံမှန်သုံးသပ်သည့် Universal Periodic Review- UPR အစည်းအဝေးတွင်
မြန်မာနိုင်ငံအတွက် ပထမဆုံးအကြိမ် ၃ နာရီကြာ အပြန်အလှန်မေးမြန်း ဖြေကြားခဲ့ကြသည်။

ကုလ လူ့အခွင့်အရေး ကောင်စီ၏ အင်တာနက် စာမျက်နှာမှလည်း တိုက်ရိုက်


လွှင့်ထုတ်ပြသခဲ့သည်။
စစ်အစိုးရ ကိုယ်စားလှယ် မြန်မာနိုင်ငံ လူ့အခွင့်အရေး အဖွဲ့ဝင် ရွေးကောက်ပွဲ ကော်မရှင်မှ
ပါမောက္ခဟောင်း ဒေါက်တာဒေါ်မြင့်ကြည်၊ သတင်းနှင့်ပြန်ကြားရေးမှ ဦးရဲထွဋ်၊
ပညာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဘိုဝင်း၊ အကျဉ်းဦးစီးမှ ဦးဇော်ဝင်းတို့ ပါဝင်သော
အဖွဲ့တို့က ပြင်သစ်၊ ဂျာမနီ၊ ဘင်္ဂလားဒေ့ရှ်၊ ရုရှ၊ ဘရာဇီး အပါအဝင် ကုလ အဖွဲ့ဝင်
ကိုယ်စားလှယ်များ၏ မေးမြန်း အကြံပြုချက်များကို တာဝန်ခံ ဖြေကြားသွားသည်။

ကုလ ကိုယ်စားလှယ်များက မကြာမီက နှစ်ပေါင်း ၂ဝ အတွင်း ပထမဆုံးအနေဖြင့် ရွေးကောက်ပွဲ


ကျင်းပသွားသည်ကို ကြိုဆိုကြသော်လည်း ကလေးစစ်သားကိစ္စ၊ စစ်တပ်က အမျိုးသမီးများကို
အဓမ္မပြုကျင့်သည့် ကိစ္စ၊ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းနိုင်ခွင့်နှင့် ဟောပြောစည်းရုံးခွင့်၊
သတင်းနှင့် စာနယ်ဇင်း လွတ်လပ်ခွင့်၊ ကလေးစစ်သား အမှုတို့နှင့် ပတ်သက်၍
မေးခွန်းထုတ်ကြသည်။

ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်နှင့် ဂျာမန် ကိုယ်စားလှယ်များက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်


ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ရက်စေ့သဖြင့် ပြန်လွှတ်ပေးခဲ့သည်ကို
ကြိုဆိုသော်လည်း ကျန်နေသေးသည့် နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော်ကိုလည်း လွှတ်ပေးရန် တောင်းဆိုသွားသည်။

ဦးဇော်ဝင်းက မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားမရှိပဲ တည်ဆဲဥပဒေများ ချိုးဖောက်သဖြင့် ပြစ်ဒဏ် ကျခံနေရသူများသာ ဖြစ်သည်ဟု ပြောသည်။ ပြည်တွင်း ပြည်ပက
ဝေဖန်နေသည့် ထောင်တွင်း ကျန်းမာရေး ဂရုစိုက်မှု ညံ့ဖျင်းသည့်ကိစ္စကိုလည်း မဟုတ်မှန်ကြောင်း ကာကွယ် ပြောဆိုသွားသည်။

သူက ထောင်တွင်း ကျန်းမာရေး ဂရုစိုက်မှုများသည် ကုလ စံချိန်စံညွှန်းများနှင့် အညီဆောင်ရွက်နေကြောင်း၊ ထောင်တွင်းကုသ၍မရလျှင် ပြင်ပဆေးရုံများသို့လည်း


ပို့ဆောင်ကုသပေးသည်ဟု ဆိုသည်။

ဒေါက်တာဒေါ်မြင့်ကြည်က ရွေးကောက်ပွဲတွင် တိုင်းရင်းသားများ အပါအဝင် ပါတီ ၃ဝ ကျော် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး လွတ်လပ်စွာ စည်းရုံး ဟောပြောခွင့်ပေးခဲ့သည်ဟု ဆိုသည်။ ထို့ပြင်
မဲပေးသည်ကို ပြည်တွင်းအခြေစိုက် နိုင်ငံခြား သတင်းထောက်များနှင့် ဂျာနယ်များကို သွားရောက် လေ့လာခွင့် ပြုခဲ့သည်ဟုလည်း ဆိုသည်။

သတင်းနှင့် ပြန်ကြားရေးမှ ဦးရဲထွဋ်ကမူ ၂ဝဝ၈ မှစ၍ ပုဂ္ဂလိက စာနယ်ဇင်းများကို ခွင့်ပြုခဲ့ကြောင်း၊ ဂျာနယ် ၁၆ဝ စောင်ကျော်၊ မဂ္ဂဇင်း ၁၈ဝ ကျော်နှင့် ပုံနှိပ်ဌာန ၁၇ဝ ကျော် ရှိနေပြီဟု
ထောက်ပြပြီး သတင်းနှင့် စာနယ်ဇင်း လွတ်လပ်ခွင့် ပေးထားသည်ဟု ချေပခဲ့သည်။

စာနယ်ဇင်း လုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရန် ရည်ရွယ်၍ ဂျာနယ် ကိုယ်စားပြုကော်မတီ CPC ကိုလည်း မကြာမီက ဖွဲ့စည်းပေးခဲ့ကြောင်း၊ ယင်းကော်မတီတွင် ပြန်ကြားရေးဌာနမှ
အင်အား အနည်းငယ်သာ ပါသည်ဟုလည်း ဆိုသည်။

သို့သော် CPC ဖွဲ့ပြီး နောက်တရက်မှာပင် ရန်ကုန်အခြေစိုက် အလဲဗင်း မီဒီယာအုပ်စုက စာနယ်ဇင်း လွတ်လပ်ခွင့်ကို အကာအကွယ်ပေးနိုင်မည် မဟုတ်ဆိုကာ အဖွဲ့ဝင်အဖြစ်မှ
နှုတ်ထွက်ကြောင်း ကြေညာခဲ့သည်။

CPC ၏ အတွင်းရေးမှူးမှာ စာပေကင်ပေတိုင်ဟု လူသိများသည့် ပြန်ကြားရေးဝန်ကြီးဌာန စာပေစိစစ်ရေးမှ ညွှန်ကြားရေးမှူး ဦးမျိုးမြင့်မောင် ဖြစ်သည်။

ယနေ့ပြုလုပ်သည့် UPR အစည်းအဝေးအပြီးတွင် ဂျနီဗာ၌ပင် လူ့အခွင့်အရေးအဖွဲ့ ၁၄ ဖွဲ့ပါသည့် Burma Forum on the Universal Periodic Review (BF-UPR) ညွန့်ပေါင်းအဖွဲ့မှ
ကိုယ်စားလှယ်များက လူထုအစည်းအဝေးပွဲ တခု ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

စစ်အစိုးရက ကုလသို့တင်သွင်းသည့် လူ့အခွင့်အရေး အစီရင်ခံစာနှင့် ပတ်သက်၍ လက်ခံမခံကို ယခုလ ၃၁ ရက်တွင် ဆွေးနွေးကြမည် ဖြစ်သည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး အဖွဲ့ကို ၂ဝဝဝ ပြည့် ဧပြီ ၂၆ ရက်က ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌမှာ ပြည်ထဲရေး ဝန်ကြီး ဦးမောင်ဦး (ဗိုလ်ချုပ်-ငြိမ်း) ဖြစ်ပြီး အဖွဲ့အောက်၌ ပြည်ထဲရေး၊ ဥပဒေရေး၊
လူမှုရေး၊ အလုပ်သမားရေး၊ ကျန်းမာရေး၊ ပညာရေး၊ နိုင်ငံတကာရေး၊ သာသနာရေးနှင့် အမျိုးသမီးရေး ဆပ်ကော်မတီ ၉ ခု ပါဝင် ဖွဲ့စည်းထားသည်။

ဘီဘီစီ မြန်မာပိုင်း အသုံးစရိတ်လျော့

သဲသဲ | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၇ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၅၂ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ ဘီဘီစီ ကမ္ဘာတလွှား ထုတ်လွှင့်မှု အစီအစဉ်အချို့ကို ၃ နှစ်စာ ရပ်နားမည် ဖြစ်သော်လည်း မြန်မာပိုင်း အစီအစဉ်ကို အသုံးစရိတ် အနည်းငယ်သာ
လျှော့ချမည်ဖြစ်သည်။

ဘီဘီစီ မြန်မာဌာနသည် မြန်မာလူထုအတွက် အရေးပါလျက်ရှိသည့်အပြင် ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုမှုကြောင့် ဦးစားပေးဌာနများတွင် ထည့်သွင်းခဲ့ကြောင်း ဘီဘီစီ


ကမ္ဘာ့သတင်း ညွှန်ကြားရေးမှူး ပီတာ ဟောရောခ့်က BBC world Today တွင် ပြောဆိုသွားသည်။

မြန်မာပိုင်းအစီအစဉ်ကို ၁ဝ ရာခိုင်နှုန်း အသုံးစရိတ် လျှော့ချကြောင်း ဘီဘီစီ မြန်မာဘာသာ အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။

ဘီဘီစီကမ္ဘာတလွှား အစီအစဉ်မှ ဌာန ၅ ခု၊ ဘာသာစကား ၇ ခုဖြင့် ထုတ်လွှင့်နေသည့် ရေဒီယို


အစီအစဉ်များကို ယခုနှစ် ဧပြီလမှစ၍ ၂ဝ၁၄ ခုနှစ် ဧပြီလအထိ ရပ်နားတော့မှာ ဖြစ်သည်။

မြန်မာဌာနကို အာရှပစိဖိတ်ဌာနမှ တောင်အာရှဌာနသို့ ပြောင်းရွှေ့မည်ဟု ဘီဘီစီ မြန်မာပိုင်း


ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။ သို့သော် အဆိုပါ အပြောင်းအလဲနှင့် ပတ်သက်၍ သီးခြား
အတည်ပြုနိုင်ခြင်း မရှိသလို၊ အသုံးစရိတ်လျှော့ချရေးအတွက် ထုတ်လွှင့်မှု အစီအစဉ် ပြောင်းလဲမှု
ရှိမရှိကိုလည်း မသိရပါ။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်သူများ သတင်းအချက်အလက် ရရှိရန် ဘီဘီစီ မြန်မာပိုင်း


အစီအစဉ်ကို အားကိုးနေရသဖြင့် ၎င်းအစီအစဉ် ရပ်ဆိုင်းသွားမည်ကို စိုးရိမ်မိကြောင်း နေအိမ်တွင်
အထိန်းသိမ်းခံနေရစဉ်က ပြောဆိုခဲ့သည်။
ဗြိတိန်နိုင်ငံ၏ နိုင်ငံခြားရေးနှင့် ဓနသဟာယရုံးမှ ဘီဘီစီ ကမ္ဘာတလွှား သတင်းဌာနသို့ ထောက်ပံ့နေသော ငွေကြေး ၁၆ ရာခိုင်နှုန်း ဖြတ်တောက်ခြင်းဖြစ်ပြီး၊ အစိုးရ အသုံးစရိတ်
ချွေတာရေး တစိတ်တပိုင်း ဖြစ်သည်။ ငွေဖြတ်ရန်အတွက် ပြီးခဲ့သည့်နှစ် အောက်တိုဘာလကတည်းက သုံးသပ်လာခဲ့ရာ ယခုလို ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ရပ်နားလိုက်သည့် ဌာနများမှာ အာဖရိကအတွက် ထုတ်လွှင့်နေသော ပေါ်တူဂီဌာန၊ အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်နေသည့် ကာရေဘီယံ၊ ဆားဗီးယား၊ အယ်လ်ဘေးနီးယားနှင့်
မက်ဆီဒိုးနီးယား ဘာသာ အစီအစဉ်တို့ ဖြစ်သည်။ ၎င်းတို့မှာ အစီအစဉ်ပြည့် ဝန်ဆောင်မှုများဖြစ်သည့် ရုပ်မြင်သံကြား ထုတ်လွှင့်မှု၊ ရေဒီယိုနှင့် အင်တာနက် သတင်းများ ဖြစ်သည်။

ထို့ပြင် ရပ်နားရသည့် ရေဒီယိုအစီအစဉ်များမှာ ဗီယက်နမ်၊ တရုတ် (မန်ဒရင်း)၊ တူရကီ၊ အဇီရီနှင့် ကျူဘား နိုင်ငံအတွက် စပိန်ဘာသာဖြင့် ထုတ်လွှင့်နေမှုများ ဖြစ်သည်။

ဘီဘီစီသည် မြန်မာအပါအဝင် ဘာသာစကား ၃၂ မျိုးဖြင့် ရေဒီယို အစီအစဉ်များကို ကမ္ဘာ့တလွှား ထုတ်လွှင့်ပေးနေသည့် ကမ္ဘာ့အကြီးဆုံး သတင်းဌာန ဖြစ်သည်။

ဝန်ထမ်းပေါင်း ၂၄ဝဝ ရှိခဲ့ရာ အစီအစဉ်များ ရပ်နားလိုက်ရသဖြင့် လာမည့် ၃ နှစ်အတွင်း ဝန်ထမ်း ၆၅ဝ ကျော် အလုပ်ရပ်နားရမည်ဖြစ်ပြီး၊ ရက်သတ္တတပတ်လျှင် ဘီဘီစီ ပရိသတ် ၁၈ဝ
သန်းကျော် ရှိခဲ့ရာမှ သန်း ၃ဝ ကျော် လျော့ကျသွားမည်ဖြစ်ကြောင်း ဘီဘီစီ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ဘတ်ဂျတ်လျှော့ချမှု၊ ဘာသာစကား အစီအစဉ် ရပ်ဆိုင်းမှုတို့ကြောင့် အမျိုးသား သတင်းစာဆရာသမဂ္ဂ (NUJ) နှင့် ဝန်ထမ်းများက ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ဘီဘီစီ ရုံးရှေ့တွင်
ယမန်နေ့က ဆန္ဒပြခဲ့ကြသည်။

အတိုက်အခံ ဒီမိုကရေစီအင်အားစုများအတွက် အရေးကြီးလှသည့် သတင်းရင်းမြစ်တခု ဆက်လက် တည်ရှိနေဦးမည် ဖြစ်သဖြင့် ဝမ်းမြောက်မိကြောင်း ဒေါ်အောင်ဆန်းစုကြည်


ဦးဆောင်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

“ဗမာအတိုက်အခံတွေ၊ ဒီမိုကရေစီ အင်အားစုတွေအတွက် အလွန်အရေးကြီးတဲ့ main source ဖြစ်တယ်လို့ ကျနော် ပြောချင်ပါတယ်။ အမှန်အတိုင်းပြောရရင်တော့ တခြား source
ထက်ကို အရေကြီးသလို ဖြစ်တယ်လို့တောင် ကျနော် ပြောချင်ပါတယ်” ဟု သူက ဆိုသည်။

စစ်အစိုးရ၏ ဝါဒဖြန့်သတင်းများသာ ကြည့်ရှုခွင့်ရသည့် မြန်မာပြည်သူများအတွက် မှန်ကန်သော သတင်းများ ထုတ်လွှင့်ပေးသည့် ဘီဘီစီ မြန်မာပိုင်း ရေဒီယိုထုတ်လွှင့်မှု
ဆက်လက်ရှိစေလိုကြောင်း သောတရှင်များက မဇ္စျိမကို ပြောသည်။

ပဲခူးမြို့ခံ လူငယ်တဦးက “ဘီဘီစီဆိုတာ ကျနော်တို့ မမွေးခင်ကတည်းကပေါ့။ ဒီလိုမျိုး မှန်မှန်ကန်ကန် သတင်းတွေ လွှင့်ပေးနိုင်တဲ့ သတင်းဌာနတခု မရှိတော့ဘူးဆိုရင်
မြန်မာပြည်သူတွေ နားမျက်စိတွေ မှုန်ဝါး ထိုင်းမှိုင်းကုန်သလို ဖြစ်သွားမှာပါ။ ဒီလိုသတင်းဌာနတွေ ကျနော်တို့ဆီမှာ ရှားတယ်လေ” ဟု သူက ပြောသည်။

အိန္ဒိယ-မြန်မာနယ်စပ်မှ သောတရှင် အမျိုးသမီးတဦးကလည်း “ကျမတို့လို အင်တာနက်မရှိတဲ့ နေရာတွေမှာ မြန်မာပြည်က သတင်းဆိုရင် ဒါပဲ နားထောင်ရတာ” ဟု ဆိုသည်။

ဘီဘီစီကို ၁၉၃၂ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး မြန်မာပိုင်းအစီအစဉ်မှာ ၁၉၄ဝ ခုနှစ်တွင် စတင်ခဲ့ရာ နှစ်ပေါင်း ၇ဝ ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

စစ်ခေါင်းဆောင်များ တရားစွဲရေး WLB ဆက်လုပ်မည်

မျိုးသိဏ်း | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၇ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၅၈ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာစစ်ခေါင်းဆောင်များကို နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးတင်ရန် ဆက်လက် ကြိုးပမ်းသွားမည်ဟု အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်င)ံ WLB က ယနေ့
ထုတ်ဖော်ပြောဆိုသည်။

အဖွဲ့၏ ၆ ကြိမ်မြောက် ညီလာခံကို ထိုင်း-မြန်မာ နယ်စပ်တနေရာ၌ ယခုလ ၂၄ ရက်နေ့မှစ၍ သုံးရက်ကြာ ကျင်းပအပြီး ဒီမိုကရေစီလိုလားသော အတိုက်အခံ အမျိုးသမီးအဖွဲ့ကြီးက
ကြေညာချက်ထုတ်ကာ ပြောဆိုခြင်း ဖြစ်သည်။

အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အပါအဝင် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများကို ကျူးလွန်ခွင့်ပြုသည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် စစ်ခေါင်းဆောင်များကို


နိုင်ငံတကာ ရာဇဝတ်ခုံရုံး (International Criminal Court – ICC) တင်ရေးနှင့် ပြည်သူများအပေါ်
လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးမည့် ကုလသမဂ္ဂ ကော်မရှင် ပေါ်ပေါက်ရေး
ဆက်လက်၍ စည်းရုံးလှုံ့ဆော်မည်ဟု ညီလာခံက ဆုံးဖြတ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံသည် ICC နှင့် ပတ်သက်၍ လက်မှတ်ထိုးမထားသဖြင့် တိုက်ရိုက်အရေးယူ၍


မရသောကြောင့် ကုလလုံခြုံရေးကောင်စီသို့ တင်ပြနိုင်ရန် WLB က ကြိုးပမ်းနေခြင်း ဖြစ်သည်။
လုံခြုံရေးကောင်စီက ၎င်းကိစ္စကို ICC သို့ လွှဲအပ်မှသာလျှင် အရေးယူနိုင်မည်ဖြစ်သည်။
အရေးယူရာတွင်လည်း ICC က တိုက်ရိုက် အရေးယူခြင်း၊ အမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမည့်
တရားရုံးကိုလည်း ဖွဲ့စည်းထူတောင်နိုင်ခြင်းတို့ ပါဝင်သည်။

WLB က စစ်အစိုးရ စိတ်တိုင်းကျ ပြုလုပ်ခဲ့သည့် ၂ဝဝ၈ ဖွဲ့စည်းပုံနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲမှ


ထွက်ပေါ်လာမည့် ဟန်ပြအရပ်သား အစိုးရသစ်သည် တိုင်းပြည်အတွက် စစ်မှန်သည့် နိုင်ငံရေး
ပြုပြင်ပြောင်းလဲမှုကို ဖော်ဆောင်ပေးမည် မဟုတ်ဟု သုံးသပ်ထားသည်။

ပြည်တွင်း စည်းရုံးရေးလုပ်ငန်းများကို အရှိန်မြှင့် လုပ်ဆောင်ရာတွင် မီဒီယာကို


နည်းဗျူဟာတခုအဖြစ် သုံး၍ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး၊ အမျိုးသမီးများ
အကြမ်းဖက်မှုဆန့်ကျင်ရေး၊ အမျိုးသမီးများ နိုင်ငံရေးစွမ်းရည် မြှင့်တင်ရေး စသည့် လုပ်ငန်းစဉ် သုံးခုကို အကောင်အထည်ဖော်မည်ဟုပါ WLB ကြေညာချက်က ဆိုသည်။

ယခု ညီလာခံတွင် ကယန်းအမျိုးသမီးများ အစည်းအရုံးသည် WLB အဖွဲ့ဝင်သစ်အဖြစ် ပါဝင်လာသည်။

ဘင်္ဂလားဒေ့ခ်ျ၊ အိန္ဒိယနှင့် ထိုင်းနယ်စပ် အခြေစိုက် မြန်မာနိုင်ငံမှ အမျိုးသမီးအဖွဲ့ ၁၂ ဖွဲ့က ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် WLB ကို စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

အသက်ကြီးဆုံး ရန်ကုန်တက္ကသိုလ် ကျောင်းသူဟောင်း ကွယ်လွန်

မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၇ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၂၇ မိနစ်

မဇ္ဈိမသတင်းဌာန ။ ။ မြို့မအမျိုးသမီးကျောင်း ဆရာမကြီးဟောင်း ဒေါ်စောရင် B.A, B.Ed (၁ဝ၅) နှစ် ရန်ကုန် ချင်းချောင်းအဗင်းညူး (ကမ္ဗောဇလမ်း)အိမ်တွင် ဇန်နဝါရီ ၂၆ ရက်က
ကွယ်လွန်သွားသည်။
၁၉ဝ၆ မတ် ၁၃ ရက်ဖွား မြိတ်ဇာတိ ဆရာမကြီးသည် ကွယ်လွန်သူ ဆရာဇော်ဂျီ (၁၉ဝ၇-၁၉၉ဝ)၏ ဇနီးဖြစ်ပီး ရတနာပုံခေတ် သမိုင်းသုတေသီ ဒေါက်တာခင်လှဟန်၏ မိခင်ဖြစ်သည်။
ရန်ကုန်တက္ကသိုလ် ပထဝီဝင် ပါမောက္ခဟောင်း ကွယ်လွန်သူ ဒေါက်တာတင်ထူး (ဘွန်ကီး)နှင့် ရူပဗေဒ ပါမောက္ခဟောင်း ဦးတင်ဦးလှိုင်တို့၏ အဒေါ်လည်းဖြစ်သည်။

ရန်ကုန်တက္ကသိုလ်မှ ဘီအေ (၁၉၃ဝ)၊ ဘီအီးဒီ (၁၉၃၄) ရပြီး မြိတ်နေရှင်နယ်ကျောင်း ဆရာမ၊ မန္တလေး ဗုဒ္ဓဘာသာ အလယ်တန်းကျောင်း ကျောင်းအုပ်၊ ရန်ကုန်မြို့မအမျိုးသမီးကျောင်း
အထက်တန်းပြအဖြစ် ၁၉၄၁ ထိ လုပ်ခဲ့ပြီး ဆရာဇော်ဂျီနှင့် လက်ထပ်ကာ သမီး ၃ ယောက် ထွန်းကားခဲ့သည်။

၁၉၅၁ မှ ၁၉၆၂ ထိ စာပေဗိမာန် လက်ထောက်စာတည်းလုပ်စဉ် မြန်မာတခွင်ခရီးစဉ်၊ မြန်မာနိုင်ငံ သဘာဝအပိုင်းကြီးများ၊ မြန်မာနိုင်ငံ ပထဝီစသည့် ကျောင်းသုံးစာအုပ်များ ပြုစုခဲ့သည်။
လုံမလေး၊ မင်္ဂလာမောင်မယ် စာစောင်များတွင်လည်း ၁၉၉ဝ ကျော်ထိ ကြီးကြီးစောအမည်နှင့် ကလေးပုံပြင်များရေးခဲ့ရာ ဇာနည်မယ်ပုံပြင်များမှာ ထင်ရှားသည်။

မန္တလေးတွင် ကျောင်းအုပ်လုပ်စဉ်က ဥပစာကောလိပ် မြန်မာစာနည်းပြ ဦးသိန်းဟန် (ဇော်ဂျီ)နှင့်အတူ ကြီးပွားရေးဦးလှ-မအမာ (မြမဉ္ဇူ)တို့၏ အချစ်ရေးတွင် စာပေးစာယူ
လုပ်ပေးခဲ့ကြသည်။

ဆရာဇော်ဂျီ ကွယ်လွန်စက မြန်မာ့ရုပ်မြင်သံကြားက ဆရာမကြီးတို့ မိသားစုကို တွေ့ဆုံမေးမြန်းခန်း ရိုက်ကူးခဲ့သည်။

ရေဝေးသုသာန်တွင် ယနေ့ ညနေ ၄ နာရီ မီးသင်္ဂြိုဟ်သည်။

နိုင်ငံရေးအကျဉ်းသား ၃ ဦး လွတ်ရက်စေ့လွတ်မြောက်

ဖနိဒါ | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၇ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၅၂ မိနစ်

ချင်းမိုင(် မဇ္ဈိမ) ။ ။ နာဂစ်မုန်တိုင်းကြောင့် သေဆုံးသော ရုပ်အလောင်းများကို ကောက်ယူမြေမြုပ် သဂြိုင်္ဟ်ပေးခဲ့သူ စာရေးဆရာ ဦးအောင်ကျော်ဆန်း၊ ဒေါက်တာ နေဝင်းနှင့်
ကိုဖုန်းပြည့်ကြွယ်တို့ လွတ်ရက်စေ့၍ မနေ့က လွတ်မြောက်လာသည်။

မြန်မာသံတော်ဆင့် ခေါ် မြန်မာထရီဗျူးဂျာနယ် ထုတ်ဝေသူ ဦးအောင်ကျော်ဆန်းက တောင်ကြီးထောင်၊ တိရိစ္ဆာန်ဆရာဝန် ဒေါက်တာ နေဝင်းက ဘားအံထောင်နှင့် ကိုဖုန်းပြည့်ကြွယ်က
စစ်တွေထောင်တို့မှ လွတ်လာကြသည်။

သူတို့ ၃ ဦးကို ပြည်ပ သတင်းမီဒီယာများနှင့် ဆက်သွယ်သည်ဟုဆိုကာ အင်းစိန်ထောင် အထူးတရားရုံးက မတရားအသင်းအဖွဲ့ ပုဒ်မ ၇ ဖြင့် ထောင် ၂ နှစ်ချရာမှ ချုပ်ရက် ၇ လ
အပါအဝင် လျှော့ရက်မရှိ ကျခံရသည်ဟု စာရေးဆရာ ဦးအောင်ကျော်ဆန်းက ပြောသည်။

“အရင်တုန်းက ထောင် ၈ နှစ်ကျတယ်။ လျှော့ရက် ရတယ်။ အခုတော့ ၂ နှစ်ကျတာ ၂ နှစ် ၇ လနဲ့ ၁၁ ရက်နေခဲ့ရတယ်။ လျှော့ရက် မရဘူး။ ချုပ်ရက်မရဘူး။ ပုံစံပြောရရင် သူတို့က
နည်းနည်းပျော့ပြောင်းတဲ့ သဘောရှိတယ်။ တကယ့်လက်တွေ့ အနစ်သာရပိုင်းမှာ ပိုဆိုးလာတယ်။ လျှော့ရက်မရဘူး။ အချိန်တွေ ပိုနေရတယ်။ သာမန် အကျဉ်းသားတွေနဲ့အတူ
အခွင့်အရေးမရဘူး”ဟု သူက မဇ္စျိမကို ပြောသည်။

တောင်ကြီးထောင်တွင် စာဖတ်ခွင့်ရပြီး တီဗီကြည့်ခွင့် တပတ်လျှင် ၂ ရက် ကြည့်ခွင့်ရသော်လည်း သတင်း လုံးဝ ကြည့်ခွင့် မရကြောင်း ဦးအောင်ကျော်ဆန်းက ပြောသည်။
အခြားရာဇဝတ် အကျဉ်းသားများကိုမူ တပတ်လုံး ကြည့်ခွင့် ပြုထားသည်ဟု ဆိုသည်။

၁၉၈၉ တွင် ထောင် ၈ နှစ်ကျခြင်းမှာ နိုင်ငံရေးလုပ်ခြင်းကြောင့်၊ ၂ဝဝ၈ က လေဘေးကူညီမှုဖြင့် ထောင်ချခြင်းက စစ်အစိုးရ မတရားချမှတ်ခြင်းသာဟု သူက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရပ်တည်ချက်အပေါ် ထောက်ခံသည်ဟုလည်း ဆိုသည်။

၂ဝဝ၈ မေလ နာဂစ်မုန်တိုင်းအပြီး ဇွန်လတွင် ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်၌ သေဆုံးခဲ့သည့် ရုပ်အလောင်းများကို သဂြိင်္ုဟ်၍ ရန်ကုန်အပြန်လမ်းတွင် စရဖ-စစ်ဘက်ဆိုင်ရာ
လုံခြုံရေးတပ်ဖွဲ့က သူတို့ကို ဖမ်းဆီးခဲ့သည်။

ထောင်တွင်းတွင် ဘာသာပြန်ထားသည့် သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း၏ စာအုပ်များ၊ လူထုဒေါ်အမာ၏ ခေတ်နှင့် လိုက်မည့် စာအုပ်များ၊ သမိုင်းစစ်တမ်းများနှင့် ဂန္တဝင် ဝတ္ထုများ
ပြန်ထုတ်ဝေမည်ဟုလည်း ဦးအောင်ကျော်ဆန်းက မဇ္စျိမကို ပြောသည်။

သူအဖမ်းခံရပြီးနောက် စာအုပ်ထုတ်ဝေခွင့် ကဒ်ပြားကို အာဏာပိုင်များ သိမ်းဆည်းထားသလို ကင်မရာ ၃ လုံး၊ လက်တော့ပ် ၁ လုံး၊ လက်ကိုင်ဖုန်း ၁ လုံးနှင့် နာဂစ်အလှူငွေ ၁၁ သိန်း ၈
သောင်းကိုလည်း အာဏာပိုင်များ သိမ်းထားသည်ကို ပြန်တောင်းဆိုမည်ဟု ဆိုသည်။

သူပိုင် မြန်မာမန်နေဂျာ ဂျာနယ် ၁၉၉၆ တွင် ဖျက်သိမ်းခံရပြီးနောက် မြန်မာသံတော်ဆင့်ကို ပြန်ထုတ်စဉ် အဖမ်းခံရသည်။

တောင်ကြီးထောင်တွင် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမြအေး၊ ကိုဂျင်မီ၊ ဗကသကျောင်းသား ခေါင်းဆောင် ကိုကျော်ကိုကို၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တောင်ကြီး ဥက္ကဋ္ဌ အသက်
၇ဝ အရွယ် ဦးကျော်ခင်နှင့် ကိုသူရစိုး၊ ဆရာဦးဖေထူးတို့ ရှိသည်ဆိုသည်။ ကိုမြအေး နှလုံးရောဂါ ခံစားနေရသော်လည်း သာမန်ဆရာဝန်ဖြင့်သာ ပြသနေသဖြင့် စိုးရိမ်ရသည်ဟု
သိရသည်။

အလားတူ ၁၉၈၉ မှ ၂ဝဝ၄ အထိ ၁၅ နှစ်ကျော် အကျဉ်းကျခဲ့သူ နိုင်ငံရေး အကျဉ်းသားဟောင်း ဒေါက်တာနေဝင်းကလည်း သူ့ကျန်းမာရေးကောင်းမွန်သည်ဟု မဇ္ဈိမကို ပြောသည်။

လက်ရှိ အခြေအနေအရ လူမှုရေးလုပ်ငန်းများကို စိတ်ဝင်စားသဖြင့် လူမှုကူညီရေး ဆက်လုပ်သွားမည်ဟုလည်း ဆိုသည်။

မတရားသဖြင့် အကျဉ်းကျခံနေရသော မြန်မာပြည်သူလူထုအပေါ် နိုင်ငံတကာက နားလည်စေချင်ကြောင်း သူက မဇ္စျိမကို ပြောသည်။

“ကျနော်တို့ မြန်မာပြည်က လူတွေက ပိုဒုက္ခရောက်နေတယ်၊ ထောင်ထဲတွေမှာရော၊ ရဲဘက်တွေမှာရော၊ လမ်းဖောက်လုပ်ရေး၊ ဘဝသစ်စခန်း မတရားအမှုနဲ့ ဖမ်းခံရတဲ့ လူတွေ
အများကြီးဘဲ။ ထောင် မကျသင့်တဲ့လူတွေ အများကြီးဘဲ၊ ဒါကြောင့် ဒီတိုင်းပြည်နဲ့ ပတ်သက်လို့ နိုင်ငံတကာက နားလည်စေချင်တယ်။ ဒီမိုကရေစီရပြီးတဲ့ လူတွေလို
ပျော်ရွှင်ချမ်းမြေ့စေချင်တယ်” ဟုက ဆက်ပြောသည်။

ဘားအံထောင်တွင် နိုင်ငံရေး အကျဉ်းသား ၁၅ ဦး ရှိရာ ဦးလှိုင်ထွန်း၊ NLD လူငယ် ကိုနေကျော်၊ ဘလော်ဂါ နေဘုန်းလတ်၊ ပခုက္ကူ မြစ်ချေမှ NLD ကိုကျော်ကျော်နိုင်၊ ၈၈ မျိုးဆက်
ကျောင်းသား ခေါင်းဆောင် ကိုဉာဏ်လင်း၊ ကိုဇာဂနာ၏ အမှုတွဲ ကင်မရာသမား ကိုသန့်ဇင်အောင်၊ ၂ဝဝ၃ ဗကသကျောင်းသား ကိုနန္ဒာဆင့်အောင်၊ ပုသိမ်မှ ကိုပြည့်ဖြိုးအောင်၊ ကလေးမှ
ကိုအောင်ကိုကိုထက်၊ KNU မှ ဘုန်းကြီးတပါး၊ ကိုကျော်အေး၊ ဦးအောင်ခိုင်၊ ဝါးတိ ခေါ် အာရှောင်၊ ငှက်ပျောကြော် ခေါ် ကိုညီညီထွန်းတို့ အကျဉ်းကျခံနေရသည်။

ထောင် ၈ နှစ်ကျနေသူ ကိုလှိုင်ထွန်း စိတ်ရောဂါ ခံစားနေရပြီး တာမွေ NLD လူငယ်တာဝန်ခံ ကိုနေကျော်လည်း နှလုံးနှင့် သွေးတိုးရောဂါ ခံစားနေရသည်ဟု ဒေါက်တာ နေဝင်းက
ပြောသည်။

မနေ့က ပြန်လွတ်လာသူ ကိုဘုန်းပြည့်ကြွယ် စစ်တွေမှ ရန်ကုန်သို့ နောက် ၂ ရက်ခန့်ကြာမှ ပြန်ရောက်မည်ဟု သိရသည်။

သူတို့ ၃ ဦးနှင့်အတူ အဖမ်းခံခဲ့ရသော ဒေါက်တာနေဝင်းသမီး ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ သမဂ္ဂ ဗကသမှ မဖြိုးဖြိုးအောင်က မော်လမြိုင်ထောင်၊ ကိုရှိန်းရာဇာထွန်း
တောင်ငူထောင်၊ ကိုအောင်သန်းဇင်ဦးက ဗန်းမော်ထောင်တွင် အသင်းအဖွဲ့ ဥပဒေ ပုဒ်မ ၆၊၇ တို့ဖြင့် ထောင်ဒဏ် ၄ နှစ် ကျနေကြဆဲဖြစ်သည်။
တိုင်းနှင့် ပြည်နယ် လွှတ်တော်နေရာ မသိသေး

ကိုပေါက် | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၇ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၅၁ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် အစည်းအဝေးများ ကျင်းပရန် ၄ ရက်သာ ကျန်ရှိချိန်တွင် မည်သည့်အဆောက်အအုံ၌ ပြုလုပ်မည်ကို ပါတီအချို့ ယခုတိုင်
မသိသေးဘဲ ဖြစ်နေသည်။

ယခုလ ၃၁ ရက်နေ့တွင် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် အစည်းအဝေးများကိုပါ တပြိုင်တည်း ကျင်းပရန် ရွေးကောက်ပွဲ
ကော်မရှင်က လွှတ်တော်အမတ်များကို ဖိတ်ကြားထားလင့်ကစား မည်သည့်နေရာ၌ ကျင်းပမည်ကို ဖိတ်စာထဲတွင် ဖော်ပြမထားဘဲ ယနေ့တိုင် မသိရသေးခြင်း ဖြစ်သည်။

“လွှတ်တော်ကျင်းပမယ့် နေရာတော့ ဖော်ပြမထားဘူး။ ပြည်ထောင်စု ရိပ်သာမှာပဲ တည်းလို့ရတယ်ဆိုတဲ့ အနေအထားပေါ့” ဟု ချင်းအမျိုးသားပါတီ CNP မှ ဥက္ကဋ္ဌ ဦးဇိုဇမ် ခေါ်
ဦးဇမ်ကျင်ပေက မဇ္ဈိမကို ပြောသည်။

ကချင်ပြည်နယ် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီမှ အမျိုးသားလွှတ်တော်အမတ်


ဦးခက်ထိနန်ကလည်း “အရင် ပြည်နယ်ရုံးကိုပဲ ခေါ်မယ်ထင်တယ်။ ကချင်ပြည်နယ်
အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီရုံးပေါ့။ အားလုံး စီစဉ်ထားမှာပါ။ ဒါပေမယ့် အဲဒီနေရာက
ပြည်နယ်အစိုးရသစ်က ပြန်ထိုင်မယ့် နေရာပဲ။ လွှတ်တော်ရုံးကတော့ အခုမှ သူတို့ ဆောက်ဖို့
စီစဉ်နေတယ်” ဟု ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကို မုံရွာမြို့တွင် ကျင်းပမည်ဖြစ်ကာ၊


အဆောက်အအုံဆောက်ရန် မုံရွာနှင့် အလုံကြားမှ အိုးဖိုတောင်မြို့သစ်တွင် လူနေအိမ်ယာ
သိမ်းယူမှုများ ရှိခဲ့ပြီး လက်ရှိ ကျင်းပမည့်နေရာကိုမူ အတိအကျ မသိသေးပါ။

“ဂေါက်ကွင်းနဲ့ မြစ်ကမ်းဘေးကြားမှာ ဆောက်နေဆဲဗျ။ လောလောဆယ် ခေါ်မယ်ဆိုရင်တော့


အရင် တိုင်းကောင်စီရုံးမှာပဲ ရှိမှာပဲ။ သိပ်တော့ အဆင်မပြေနိုင်ဘူး။ ကျယ်လှတယ်လို့တော့ မဟုတ်ဘူး။ မြို့တော်ခန်းမလည်း ဖြစ်လောက်တယ်။ အဲဒီနေရာကတော့ ဆံ့တယ်” ဟု
အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာမြင့်ဝေက မဇ္ဈိမကို ပြောသည်။

ကယားပြည်နယ် လွှတ်တော်ကိုမူ လွိုင်ကော်မြို့တွင် ပြုလုပ်မည် ဖြစ်သော်လည်း နေရာ အသေအချာ မသိကြောင်းနှင့် ဤလွှတ်တော်တွင် ကြံ့ခိုင်ရေးပါတီနှင့် တပ်မတော်သား
ကိုယ်စားလှယ်များသာ ပါဝင်မည်ဖြစ်ကြောင်း ကယန်းအမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဦးပေါလုချမ်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အတွက် ယခင် မဆလ ခေတ်ကကတည်းက အသုံးပြုခဲ့သည့် ပြည်သူ့လွှတ်တော် အဆောက်အအုံ၌ပင် ကျင်းပသွားမည် ဖြစ်သည်။

ရခိုင်ပြည်နယ် လွှတ်တော်ကို စစ်တွေမြို့ရှိ ပြည်နယ်ခန်းမ၌ ကျင်းပရန် စီစဉ်ထားပြီး မွန်ပြည်နယ်တွင် မော်လမြိုင်မြို့ရှိ ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသွားမည်။

“(ပြည်နယ် ထွေ/အုပ်) ပယက ရုံးမှာပဲ လုပ်မှာပါ။ ဒီမှာ လွှတ်တော် အဆောက်အအုံ အသစ် ဆောက်တာကတော့ မကြားရသေးဘူးခင်ဗျ။ တခြားမှ ရှိမှ မရှိတာ။ ဖိတ်စာတော့
ရထားပါတယ်” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ပြောသည်။ စည်ပင်ရုံးတွင် တည်းခိုရန် ဖိတ်စာတွင် ရေးထားသည်ဟု ဆိုသည်။

ရှမ်းပြည်နယ် လွှတ်တော်ကို တောင်ကြီးမြို့တွင် ကျင်းပမည်ဟု ရှမ်းအမျိုးသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောသည်။

“ကျားခေါင်း အဆောက်အအုံမှာ လုပ်မယ်လို့ ကြားတယ်။ အဲဒီအဆောက်အအုံက ကြီးတယ်လေ။ အခု လောလောဆယ် အဲဒီမှာပဲ လုပ်မှာပဲ။ နောက်တော့ မပြောတတ်ဘူးခင်ဗျ။
သပ်သပ်လုပ်ရင် လုပ်မှာပေါ့” ဟု သူက ပြောသည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အတွက် အဆောက်အအုံသစ်ကို နေပြည်တော်၌ ၂ဝဝ၇ ခုနှစ် ကတည်းက စတင်တည်ဆောက်ခဲ့ပြီး ယခုအခါ အဆင်သင့်ဖြစ်နေသော်လည်း
ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များအတွက် အသစ်ဆောက်လုပ်မှု မရှိသေးခြင်း ဖြစ်သည်။

၎င်းကိစ္စနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးက “နေရာတွေသိမ်း၊ ဆိုင်တွေသိမ်း၊ လူနေတဲ့ အိမ်တန်းတွေဘာတွေ လုပ်နေတယ်။ နေရာရှိတာ၊ မရှိတာက
ကိစ္စမရှိဘူး။ စစ်တပ်က သုံးနေတဲ့ စကားအတိုင်း ရေဗူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်ဆိုတာပဲ” ဟု ပြောဆိုသည်။

ဦးနိုင်ငွေသိန်းက ယခုစီစဉ်ထားသည့် နေရာများမှာ လွှတ်တော်အစည်းအဝေး ကျင်းပရန် ကျဉ်းကျပ်နိုင်သော်လည်း အဆောက်အအုံမှာ ဒုတိယသာဖြစ်ပြီး၊ မူဝါဒဆိုင်ရာ


သဘောထားများသာ ပထမဖြစ်ကြောင်း ပြောသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များမှာ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပထမဦးဆုံး ခေါ်ယူကျင်းပခြင်း ဖြစ်သည်။

“မဖွယ်မရာ” ကြောင့် ဂျာနယ် ၂ စောင် ပိတ်ရ

ဖနိဒါ | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၇ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၂၉ မိနစ်

ချင်းမိုင(် မဇ္စိ္ဈမ) ။ ။ အိန္ဒြာကျော်ဇင်နှင့် ပြေတီဦး မင်္ဂလာဆောင် သတင်းဓာတ်ပုံများ အသားပေး ဖော်ပြခဲ့သော


ဂျာနယ်နှစ်စောင်ကို စာပေစိစစ်ရေးက “မဖွယ်မရာပုံတွေ” ဖော်ပြသည် ဆိုကာ ထုတ်ဝေခွင့် ခဏ ပိတ်လိုက်သည်။

မော်နီတာနှင့် ဟလို ဂျာနယ်များကို ထုတ်ဝေခွင့် နှစ်ပတ်နှင့် တပတ်စီ ပိတ်လိုက်သည်။

“မဖွယ်မရာ ပုံတွေ ပါတယ်ဆိုပြီး ၂ ပတ်ပိတ်တယ်”ဟု မော်နီတာ


ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်က ပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာနအောက်က စာပေစိစစ်ရေးသို့ ဂျာနယ်တာဝန်ခံများ ယနေ့သွားရာ ထုတ်ဝေခွင့် ပိတ်ကြောင်း


သိခဲ့ရသည်ဟု သူက ပြောသည်။

မည်သို့သော အဝတ်အစားကို “မဖွယ်မရာ” ဟု စာပေစိစစ်ရေးက အဓိပ္ပာယ်ဖွင့်ဆိုထားခြင်းမရှိသော်လည်း


ဦးမြတ်ခိုင်၏ဖေ့စ်ဘွတ်တွင် တင်ထားသော စာပေစိစစ်ရေးပြုတ် မော်နီတာဂျာနယ် စာမျက်နှာများတွင် မင်းသမီးအချို့
ဒူးပေါ်အောင် ဝတ်ထားသည်ကို တွေ့ရသည်။
ရိုးရာဝတ်စားဆင်ယင်မှု ထိန်းရန်လိုသည်ဆိုကာ မြန်မာအာဏာပိုင်များက အနုပညာရှင်အမျိုးသားများ ဆံပင်ရှည်ထားခြင်း အပါအဝင် ဝတ်စားဆင်ယင်မှုကို ကန့်သတ်လေ့ရှိပြီး
ဖျော်ဖြေခွင့် ပိတ်ပင်ခြင်းဖြင့်လည်း ဒဏ်ခတ်တတ်သည်။

ဇန်နဝါရီ ၂၁ ညက ရန်ကုန် အင်းလျားလိတ်ဟိုတယ်က ရုပ်ရှင်မင်းသားမင်းသမီး မင်္ဂလာဆောင် ညစာစားပွဲပုံများ ဂျာနယ်များတွင် ဝေဝေဆာဆာ ဖော်ပြခဲ့ကြသည်။

အမည်မဖော်လိုသော အဖွဲ့တခု၏ မြန်မာပြည်တွင်း စစ်တမ်းကောက်ယူမှုအရ အသက် ၁ဝ နှစ်အထက် ဖြေဆိုခဲ့သူများက ပြေတီဦးကို အကြိုက်ဆုံးဟု ဖြေဆိုခဲ့ကြသည်။၂ဝဝ၉
အကယ်ဒမီရ မင်းသား နေတိုးက ရာခိုင်နှုန်းအနည်းငယ်အကွာဖြင့် ဒုတိယလိုက်သည်။

မင်းသမီးများတွင်လည်း အိန္ဒြာကျော်ဇင်က နံပါတ် ၁ ချိတ်ပြီး သက်မွန်မြင့်ကို ဒုတိယအဖြစ် ရွေးချယ်ကြသည်။

အကယ်ဒမီ ပုံပြင်

သဲသဲ | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၇ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၃၂ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ နေပြည်တော်၌ ငါးကြိမ်မြောက်အဖြစ် ဇန်နဝါရီလ ၂၃ ရက်နေ့က လုပ်ခဲ့သည့် ၂ဝဝ၉ ခုနှစ်အတွက် ရုပ်ရှင် ထူးချွန်ဆု (အကယ်ဒမီ) ပေးပွဲအပြီး
အမျိုးသမီးဇာတ်ဆောင်ဆု မပေးခြင်း အပေါ် အများဆုံး ဝေဖန်ကြပြီး ၂ဝဝ၇ ခုနှစ်က အမျိုးသမီးဆု လုံးဝမပေးခဲ့ခြင်းနှင့် ယှဉ်တွဲ ဝေဖန်ကြသည်ကို တွေ့ရသည်။

“ဒါနဲ့ဆို တနှစ်ခြား ၂ ကြိမ်ရှိပြီ။ အမျိုးသမီး ဇာတ်ဆောင်ဆု တမင်မပေးတာလားတောင် ထင်မိတယ်။ ဇာတ်ဆောင်ဆုဆိုတာ မင်းသမီးတွေအတွက် အရေးကြီးတဲ့ မှတ်တိုင်တခုပဲ။
အခုလိုမျိုးဆို မင်းသမီးတွေ ကြိုးစားချင်စိတ် လျော့အောင်လုပ်နေသလိုပဲ” ဟု အကယ်ဒမီ မင်းသမီး တဦးက မကျေမနပ် ပြောသည်။

“အကယ်ဒမီပွဲအတွက် တကူးတက နေပြည်တော်အထိ လာရတာ။ နာရီ ၃ဝ လောက် ပင်ပင်ပန်းပန်း အချိန်ပေးလာရပြီး ဆုပေးတာ မစုံမလင်နဲ့ဆိုတော့ ပြန်လာတော့ လူက
မအီမလည်ကြီးဖြစ်နေရော”ဟု အကယ်ဒမီပွဲပြန် မင်းသမီးကြီးတဦးက စိတ်ပျက်ဟန်ဖြင့်
ပြောသည်။

ဝေဖန်မှုများနှင့် ပတ်သတ်၍ အကယ်ဒမီ အကဲဖြတ်အဖွဲ့ အဖွဲ့ဝင် ဒါရိုက်တာပန်းချီစိုးမိုးက ယခုနှစ်


ဇာတ်ဆောင်မင်းသမီးဆု မရွေးခြင်းမှာ ဇာတ်လမ်းသဘောသာ ဖြစ်သည်ဟု ဆိုသည်။

“အမှန်အတိုင်းဆိုရင် အားပါးတရ မရှိဘူး။ အမျိုးသမီး သရုပ်ဆောင်တွေကလေ။ အခုပေးတဲ့


ကောင်မလေးက မင်းသမီးတော့ ပေးလို့ရတယ်။ ဒါပေမဲ့ဇာတ်လမ်းက ၃ ပိုင်းပိုင်းထားတော့ အဓိက
အမျိုးသမီး ဇာတ်ဆောင်ဆု စာရင်းမဝင်ဘူး ဖြစ်နေတာ” ဟု သူက ပြောသည်။

သို့သော် ယခုနှစ်ချီးမြှင့်သည့် ဆုများအနက် ဇာတ်ကားဆုနှင့် ဓါတ်ပုံဆုတို့သည် အကဲဖြတ်စံနှုန်းနှင့်


လွဲချော်နေခဲ့ကြောင်း ထုတ်ဖော်ပြောဆိုသူမှာလည်း အကဲဖြတ်အဖွဲ့ ဝါရင့်ဒါရိုက်တာ ပန်းချီစိုးမိုးပင်
ဖြစ်သည်။

“ဒါရိုက်တာ ကောင်းတယ်၊ မင်းသား မင်းသမီးတွေလည်း ကောင်းတယ်၊ ဇာတ်ညွှန်းလည်း ရတယ်၊ တီးဝိုင်းလည်း ကောင်းတယ်၊ ချုံပြီးပြောရင် ကားတကားလုံး အကုန်လုံး ကောင်းမှ
ဇာတ်ကားဆု ပေးတာ။ အခု ဇာတ်ကားဆု သက်သက် ပေးထားတော့ ကျနော်တို့လည်း နားမလည်ဘူး။ လူကြီးတွေရဲ့ အတွေးအခေါ်က သိပ်မြင့်နေတော့ ကျနော်တို့လည်း
လိုက်မမီတော့ဘူး။ ဒါကတော့ ပါဆင်နယ် ပါချင်ပါမှာပေါ့”

၂ဝဝ၂ ခုနှစ်တွင် “ငါသူတစ်ပါး ယောက်ျား မိန်းမ” ဇာတ်ကားဖြင့် အကယ်ဒမီရခဲ့သည့် ဒါရိုက်တာ ပန်းချီစိုးမိုး၏ စကားတွင် ရုပ်ရှင်လောကအတွက် ရတက်မအေးသည့်
အနုပညာသမားတဦး၏ ခံစားမှုများ တွေ့နေရသည်။

တကယ်တမ်း အကယ်ဒမီပွဲတွင် အမျိုးသမီး အဓိကဇာတ်ဆောင်ဆု မပေးခြင်းမျိုး ယခင်ကလည်း ရှိခဲ့ဖူးသည်။ အတိအကျဆိုလျှင် အကယ်ဒမီ သမိုင်း တလျောက်
အမျိုးသမီးပညာသည်ဆု (သိ)ု့ အမျိုးသမီး အဓိက ဇာတ်ဆောင်ဆု မပေးခြင်းမှာ ယခုနှစ်အပါအဝင် ၆ ကြိမ် ရှိပြီ ဖြစ်သည်။ မဆလအစိုးရလက်ထက်၌ ၄ ကြိမ်၊ နအဖလက်ထက်တွင်
၂ဝဝ၇ နှင့် ယခုတကြိမ် ဖြစ်သည်။

စင်စစ် အကယ်ဒမီပေးပွဲသမိုင်းတွင် အမျိုးသား အဓိကဇာတ်ဆောင်ဆု မပေးသည့် အကြိမ်က


ပို၍ပင် များသည်ကို တွေ့ရသည်။ ၁၉၅၄ ခုနှစ်မှ ၁၉၉၂ ခုနှစ်အကြား အကယ်ဒမီပေးပွဲ ၃၅
ကြိမ်တွင် အမျိုးသားအဓိက ဇာတ်ဆောင်ဆု မပေးသည့် အကြိမ် ၁၄ ကြိမ်အထိ ရှိခဲ့သည်ကို
မှတ်တမ်းများတွင် တွေ့ရသည်။

မြန်မာနိုင်ငံတွင် ၁၉၂ဝ ပြည့်၌ ရုပ်ရှင် ထုတ်လုပ်ရေးလုပ်ငန်း စတင်ပေါ်ပေါက်လာခဲ့ပြီး ပထမဆုံး


အကယ်ဒမီ ထူးချွန်ဆု ကို ၁၉၅၂ တွင် စပေးသည်။ ထိုမှ စတင်ခဲ့သည့် မြန်မာ့ရုပ်ရှင်
ထူးချွန်ဆုပေးပွဲကို ၁၉၆၃၊ ၁၉၈၆၊ ၁၉၈၇၊ ၁၉၈၈ နှစ်များမှ လွဲ၍ နှစ်စဉ် ပြုလုပ်ခဲ့သည်လည်း
တွေ့ရသည်။ စတင်ချိန်က အကောင်းဆုံးဇာတ်ကားဆုကို ပ၊ ဒု၊ တ သုံးဆု၊ အမျိုးသားပညာသည် ၁
ဆု နှင့် အမျိုးသမီး ပညာသည် ၁ ဆု ပေါင်း ၅ ဆုသာ ပေးခဲ့သည်။

၁၉၅၄ ခုနှစ်တွင် ဒါရိုက်တာဆု ထပ်တိုး ပေးသည်။ ၁၉၅၅ တွင် ဇာတ်ကား ၁ ကားတည်း


ဆုပေးသည့် စနစ်ကို စပြောင်းခဲ့ပြီး ယင်းနှစ်တွင် ဖိုးပြုံးချိုဇာတ်ကားတွင် သရုပ်ဆောင်ခဲ့သည့်
ဝင်းမာကို “အထူးဆု” ပေးခဲ့သည်။ ၁၉၅၆ တွင် ရုပ်ရှင်ဓာတ်ပုံဆု၊ ၁၉၆၂-ခုနှစ်တွင် အမျိုးသား
အမျိုးသမီး ဇာတ်ပို့ဆုများ (ယင်းနှစ်တွင် ပညာသည်အစား ဇာတ်ဆောင်ဟု စတင်
ပြောင်းသုံးသည်)၊ ၁၉၇၇ တွင် ကလေးသရုပ်ဆောင်အဖြစ် အောင်ထွန်းလေး၊ ၁၉၇၈ တွင်
အထူးဆုကို အင်္ဂလန်စိန် တို့ရသည်မှ အပ ဆုအမျိုးအစားများ ယင်းအတိုင်းရှိခဲ့သည်။ ဆုအနည်းဆုံး ချီးမြှင့်ခဲ့သည်မှာ
၁၉၇၂ ခုနှစ်အကယ်ဒမီပွဲဖြစ်ပြီး "နေထွက်သောည" ဇာတ်ကား တကားတည်းမှ ဒါရိုက်တာဆုကို မောင်တင်ဦး၊
ရုပ်ရှင်ဓာတ်ပုံဆုကို ဦးလှဖေတို့ ရရှိခဲ့သည်။

နဝတလက်ထက် ၁၉၉၁ ခုနှစ်တွင် ရုပ်ရှင် တေးဂီတဆု၊ ၁၉၉၄ ခုနှစ်တွင် ရုပ်ရှင်အသံဆု၊ ၁၉၉၇ တွင်
ရုပ်ရှင်ဇာတ်ညွှန်းနှင့် တည်းဖြတ်ဆု စသဖြင့် ထပ်မံတိုးချဲ့ခဲ့သဖြင့် ၁၉၉၇ မှစ၍ ပုံမှန်သတ်မှတ်သည့် ဆုအမျိုးအစား
(ကလေးသရုပ်ဆောင်ဆု နှင့် အထူးဆုမပါ) ၁၁ ဆုအထိ ဖြစ်လာခဲ့ရာ ယနေ့အထိပင် ဖြစ်သည်။

၂ဝဝ၂ ခုနှစ်မှ ၂ဝဝ၆ ခုနှစ်အထိ ငါးနှစ်ဆက်တိုက် ဆု ၁၁ ခုလုံးပေးလာခဲ့ရာမှ ၂ဝဝ၇ ခုနှစ်အတွက်


အကယ်ဒမီပေးပွဲတွင် အမျိုးသမီးဆုမပါ ၆ ဆု၊ ၂ဝဝ၈ ခုနှစ်တွင် ၇ ဆု၊ ယခုနှစ်တွင် ၉ ဆု စသဖြင့် အတိုးအလျော့များ
ရှိလာခဲ့ခြင်း ဖြစ်သည်။

မြန်မာ့ရုပ်ရှင်လောက၏ အမြင့်ဆုံးဆု ဖြစ်၍ အကယ်ဒမီအပေါ် ရုပ်ရှင်လောကသားတို့ ရူးသွပ်ကြသလို၊


ပရိသတ်တွေလည်း စိတ်ဝင်စားကြသည်။ ရွှေစင်ရုပ်ပိုက်ပြီး မီးရောင်စုံ စင်မြင့်ထက်က ကျေးဇူးတင်စကားပြောရဖို့
တင်းကြပ်သည့် မူဘောင်များအကြား ရုပ်ရှင်လောကသားတို့ ကြိုးစားကြသလို ပရိသတ်တွေကလည်း ရင်ခုန်သံနဲ့
ဖြစ်ရပ် ထပ်တူကျမကျ တီဗီရှေ့မှ ကြည့်ကြသည်။ ဤတွင် သဘောထား ကွဲပြားမှု၊ မတိုက်ဆိုင်မှု၊ ဝေဖန်ဖွယ် ဖြစ်မှုများ အများအပြား ကြုံလာသည်။

ယခုနှစ်ပိုင်းအတွင်း အမျိုးသမီးဇာတ်ဆောင်ဆုရှင်တွေ အကယ်ဒမီစင်မြင့်ထက် နေရာမယူနိုင်ခြင်းအပေါ် စိတ်မကောင်း ဖြစ်နေသူများတွင် ဝါရင့် သရုပ်ဆောင် အကယ်ဒမီမင်းသမီးကြီး


ဒေါ်ဆွေဇင်ထိုက်လည်း တဦးအပါအဝင် ဖြစ်သည်။

“အကယ်ဒမီပွဲကို နှစ်စဉ်မပျက် လုပ်ပေးနေတာတော့ ဝမ်းသာတယ်။ ဒါပေမယ့် ဆုပေးရမယ့်သူတွေ စုံအောင်မပေးတာတော့ စိတ်မကောင်းဘူး။ အမျိုးသမီးဇာတ်ဆောင်ဆုဆိုတာ


ဟိုးကတည်းက အထင်ကရရှိခဲ့တာ။ ဒီနှစ်လည်း ပေးမယ်ဆိုရင် ပေးလို့ရတာပဲ” ဟု ၁၉၇၇ တွင်
“မိန်းကလေးရှင်ရဲ့ ဆန္ဒ”ဇာတ်ကားဖြင့် ဇာတ်ပို့ဆု ရခဲ့သူ မင်းသမီးကြီးက ဆိုသည်။

ယခုနှစ်တွင် သရုပ်ဆောင် အိန္ဒြာကျော်ဇင်နှင့် နန္ဒာလှိုင်တို့၏ သရုပ်ဆောင်မှုများသည် အမျိုးသမီး ဇာတ်ဆောင်ဆုအတွက် အကယ်ဒမီပေးနိုင်လောက်ကြောင်း ဒေါ်ဆွေဇင်ထိုက်က


ယုံကြည်ထားသည်။

ဆုပေးခြင်း မပေးခြင်းသည် တနှစ်တာအတွင်း ထုတ်လုပ်သည့် ဇာတ်ကားပမာဏ၊ ရွေးချယ်ရေးအကဲဖြတ်အဖွဲ့၏ စံနှုန်း သတ်မှတ်မှုအပေါ် အဓိက မူတည်သော်လည်း ပေါ်လစီကား
အရိုက်များသူတို့ မကြာခဏအောင်ပွဲခံခြင်းနှင့် အခြားတဘက်တွင် ဘက်မလိုက် အနုပညာသည်များ ရသင့်ရထိုက်သော ဆုမရခြင်းများကြောင့် ရုပ်ရှင်လောကသားများ စိတ်မချမ်းမသာ
ဖြစ်ရသည့် အကြိမ်က များနေသည်။

ယခုနှစ်တွင် “မိုးညအိမ်မက်မြူ” ဇာတ်ကား ရိုက်ကူးဖြင့် နေတိုး က အကောင်းဆုံး ဇာတ်ဆောင်ဆု ရခဲ့သကဲ့သို့ ယင်းဇာတ်ကားဖြင့်ပင် သရုပ်ဆောင်သစ် စိုးပြည့်သဇင်ကို
အမျိုးသမီးဇာတ်ပို့ဆု ချီးမြှင့်ခဲ့သည်။ ဇာတ်ကားတကားတည်းမှ အကယ်ဒမီ ၂ ဆု ဆွတ်ခူးပေးနိုင်ခဲ့သော်လည်း ရိုက်ကူးသူ ဒါရိုက်တာ ကြည်ဖြူသျှင် ကိုယ်တိုင်ကမူ ဆုရွေးချယ်မှုအပေါ်
အားမလိုအားမရ ဖြစ်နေဆဲပင် ဖြစ်သည်။

“မိုးညအိမ်မက်မြူမှာဆိုရင် သင်ဇာဝင့်ကျော်ကို အရမ်းကြိုက်ကြတယ်။ မီဒီယာတွေကအစ သင်ဇာဝင့်ကျော်


ရနိုင်တယ်ဆိုပြီး ပြောကြတယ်။ တကယ်လည်း သင်ဇာဝင့်ကျော်က အရမ်းကောင်းပါတယ်။ ပရိသတ်ကလည်း သူ့ကို
ရစေချင်တယ်။ ဘာကြောင့် မရလဲ ဆိုတာတော့ အမတို့လည်း မပြောတတ်ဘူးပေါ့” ဟု သူမက ဆိုသည်။

ထိုဇာတ်ကားဖြင့် ဒါရိုက်တာကြည်ဖြူသျှင် ဒါရိုက်တာဆုရမည်ဟု ရုပ်ရှင်လောကသားများ ထင်ကြေး ပေးခဲ့ကြ


သော်လည်း တကယ်တမ်း ယင်းဆု ရသွားသူမှာ “ဇော်က ကနေသည်” ဇာတ်ကားရိုက်ကူးသူ သက်တမ်းရင့်
ဒါရိုက်တာ မီးပွား ဖြစ်သည်။ “အိမ်” သီချင်းဖြင့် နာမည်ကြီးခဲ့သူ ဓိရာမိုရ်မှာလည်း ထိုဇာတ်ကားဖြင့်ပင် တေးဂီတဆု
ရရှိခဲ့သည်။

အကောင်းဆုံး ဇာတ်ကားဆုကို ဒါရိုက်တာ စင်ရော်မောင်မောင်က “ကြိုးကြာတောင်ပံခတ်သံ” ဇာတ်ကားဖြင့် ရခဲ့ပြီး


ထိုဇာတ်ကားဖြင့်ပင် ဇာတ်ညွှန်းဆုကို မြင့်ဦးဦးမြင့် ရခဲ့သည်။ စင်ရော်မောင်မောင်၏ အခြား ဇာတ်ကားတခုဖြစ်သည့်
“အတိတ်၏ အရိပ်” ဇာတ်ကားတွင် ကိုကိုဌေးနှင့်အဖွဲ့က ဓာတ်ပုံဆု၊ ဆန်းဦးနှင့်အဖွဲ့က အသံဆုတို့ ရရှိခဲ့ပြီး
အကောင်းဆုံး တည်းဖြတ်ဆုကို ကျောက်စက်ရေဇာတ်ကားဖြင့် ကိုဇော်မင်း (ဟံသာမြေ) က ရသွားသည်။

အကယ်ဒမီပွဲတိုင်းတွင် မြန်မာ့ရုပ်ရှင်လောက နိုင်ငံတကာ အဆင့်မီရေး အတွက် နှစ်စဉ် ပြောနေသည့်


ပြန်ကြားရေးဝန်ကြီး၏ မိန့်ခွန်းများသည် ရုပ်ရှင်ဆင်ဆာအဖွဲ့၏ မူဘောင်စည်းမျဉ်းများသည် သဟဇာတ
မဖြစ်ကြောင်းလည်း ရုပ်ရှင်လောကသားများက ထောက်ပြသည်။ ကန့်သတ်ချက်များသည့်အပြင်
ပြောင်းလွယ်ပြင်လွယ်သည့် စဉ်းမျဉ်းများအောက်၌သာ ချိန်ညှိရိုက်ကူးနေရသည့် မြန်မာ့ရုပ်ရှင်လောက၏
တိုးတက်ရေးအနေအထားမှာ တွေးဆစရာ ဖြစ်သည်။

“အနုပညာဖန်တီးတယ်ဆိုတာ လွတ်လွတ်လပ်လပ် ဖြစ်ဖို့အရေးကြီးတယ်။ လွတ်လွတ်လပ်လပ် မလုပ်ရပဲနဲ့


နိုင်ငံတကာ အဆင့်အတန်းမီဖို့ မဖြစ်နိုင်ပါဘူး” ဟု “မျှော်လင့်ခြင်းများစွာ” ဇာတ်ကားဖြင့် ၂ဝဝ၆ ခုနှစ်အတွက် ဒါရိုက်တာ အကယ်ဒမီဆု ရခဲ့သူ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က
အင်တာဗျူးတခုတွင် ပြောဆိုခဲ့ဖူးသည်။

ရုပ်ရှင်ကား ထုတ်လုပ်မှု နည်းပါးသည့်နှစ်တွင် ဆုအရေအတွက်အပြည့် မရနိုင်ခြင်းကို လက်ခံနိုင်သော်လည်း ယခုနှစ် ရွေးချယ်ခံစာရင်းတွင် ရုပ်ရှင် ၁၅ ကားပါဝင်နေသဖြင့်
ဇာတ်ကားနည်းသည့်နှစ်ဟု မဆိုနိုင်ကြောင်း ရုပ်ရှင်လောကသားများက ဆိုသည်။

“ပေးနေကျဆိုတော့ အမျိုးသား ဇာတ်ပို့ရော၊ အမျိုးသမီးဆိုရင်လည်း ဇာတ်ဆောင်ရော၊ ဇာတ်ပို့ရော ပေးစေချင်တာပေါ့ရှင်။ အခုလို မပေးတော့လဲ သူတို့သဘောပေါ့” ဟု ရန်ကုန်မြို့နေ
အမျိုးသမီး ရုပ်ရှင်ဝါသနာအိုးတဦးက မချင့်မရဲ ဆိုသည်။

ယခုနှစ် အကယ်ဒမီပေးပွဲတွင် ပုံမှန် ၁၁ ဆုအနက်မှ အမျိုးသားဇာတ်ပို့ဆုနှင့် အမျိုးသမီးဇာတ်ဆောင်ဆုကို ချန်လှပ်ထားခဲ့ခြင်း ဖြစ်သည်။

အစိုးရပေါ်လစီများကို အထောက်အကူပြုစေမည့် ဇာတ်ကားများကို ဖိအားပေး ရိုက်ကူး ခိုင်းခြင်းက ရုပ်ရှင်လောကအပေါ် အာဏာပိုင်များ၏ လွှမ်းမိုးမှုကို ပြနေသကဲ့သို့ ယင်းသို့
အစိုးရစေခိုင်းမှုဖြင့် တဖက်သက် ရိုက်ကူးထားသည့် ဇာတ်ကားများကိုလည်း မြန်မာပရိသတ်များ လက်မခံကြောင်း
မြင်တွေ့ရဆဲ ဖြစ်သည်။ အစိုးရ မူဝါဒ ပေါ်လစီ ဇာတ်ကား ရိုက်ကူးသူ ဒါရိုက်တာ၊ ပါဝင်သူ သရုပ်ဆောင်များ
အကယ်ဒမီ ဆုရရှိမှု အနေအထားကို အချို့က ထောက်ပြသည်။

ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းများ အမြတ်အစွန်း နည်းပါးပြီး အရည်အသွေးပိုင်း အားနည်းလာရခြင်းမှာ


ဈေးကွက်အနေအထားကို ချိန်ဆရိုက်ကူးရခြင်းကြောင့် ဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်သည်။

“မကိုက်ဘူးရယ်လို့တော့ မဟုတ်ဘူး။ ဇာတ်တခုချရင် ဈေးကွက်ကြိုက်မယ့် ဇာတ်လမ်းမျိုး ဦးတည် စဉ်းစားရတယ်။


ဆင်ဆာခွင့်ပြုနိုင်မယ့် ဇာတ်လမ်းဖြစ်ရင် ကုန်ကျစရိတ်နည်းနည်း၊ အချိန်နည်းနည်းနဲ့ လူဝင်မယ့်ကားဖြစ်ဖို့ ဦးစားပေး
ရတာပေါ့။ ဈေးကွက်မှာ ဟာသကားပေါက်ရင် ဟာသတွေပဲ လိုက်ရိုက်ကြတဲ့ သဘောရှိတယ်။ ဈေးကွက်ကို
ချိန်ရတော့ အရည်အသွေး ကျတာပေါ့” ဟု ထုတ်လုပ်သူ တဦးက ဆိုသည်။

သက်တမ်း နှစ်ကိုးဆယ်စွန်းစွန်း ယနေ့မြန်မာ့ရုပ်ရှင်လောက၏ ထုတ်လုပ်မှု အရည်အသွေးသည် တချိန်က


ငွေရတုခေတ် ခေတ်ဟောင်းရုပ်ရှင်များထက်ပင် နိမ့်ကျနေကြောင်း ချိန်ညှိပြောဆိုမှုများလည်း တွေ့ရသည်။

မည်သို့ ဝေဖန်ပြောဆိုကြစေကာမူ မြန်မာ့ရုပ်ရှင်လောကနှင့် လောကသားတို့သည် ရှေ့ဆက် ချီတက်ကြဦးမည်သာ


ဖြစ်သည်။ တနှစ်တခါ ရသအမျိုးမျိုး ပေးသည့် အကယ်ဒမီပေးပွဲ ခေါ် ရုပ်ရှင်ထူးချွန်ဆု ပေးပွဲကလည်း ဆက်လက်
ကျင်းပနေဦးမည်သာ ဖြစ်သည်။ နတ်ကြီးသည်ဟု တင်စားလေ့ရှိသည့် အကယ်ဒမီဆုအတွက် နှစ်စဉ်နှစ်တိုင်း
ရုပ်ရှင်လောကသားတို့ ရင်ခုန်နေကြဦးမည် ဖြစ်သလို ဖန်သားပြင်အသီးသီးတွင်လည်း ပရိသတ်များ
စောင့်မျှော်နေကြဦးမည်သာ ဖြစ်သည်။

ထို့အတူ … မဆုံးနိုင်သော အငြင်းပွားမှုနှင့် ဝေဖန်မှုများမှာလည်း ဆက်၍ ဆက်၍ ရှိနေဦးမည် ဖြစ်ပြီး တချိန်တွင် ဤအကြောင်းအရာ အားလုံးတို့သည် "အကယ်ဒမီပုံပြင်" များအဖြစ်သာ
ကျန်ခဲ့မည် ဖြစ်သည်။

(မျိုးသိဏ်း တည်းဖြတ်သည်)
Work permit အရေး ရတက်မအေး

မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၇ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၄၇ မိနစ်

သို့
အယ်ဒီတာခင်ဗျား

ကျနော်က ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်နေသော ရွှေ့ပြောင်းမြန်မာ အလုပ်သမား တဦးပါ။

ထိုင်းအစိုးရမှ တရားဝင် ပြုလုပ်ပေးသော အလုပ်သမား မှတ်ပုံတင်ကဒ်ပြား ကိုင်ဆောင်ထားသူ တစ်ယောက် ဖြစ်ပါတယ်။ ကျနော်တို့ကဲ့သို့ အလုပ်သမားများ၏ ပျမ်းမျှဝင်ငွေမှာ
တလအတွက် ဘတ် (၄၅ဝဝ)ပတ်ဝန်းကျင် ခန့်သာရှိပါသည်။ ကျန်ခဲ့သောနှစ်များက အလုပ်သမားကဒ်ပြား ကိုင်ဆောင်သူများ ပတ်စပို့ ပြုလုပ်ရမည်ဟု ကြေငြာသောကြောင့်
ပတ်စပို့လျှောက်ထားခြင်းကို ထိုင်းအစိုးမှ တရားဝင်ချထားပေးသော ကုမ္ပဏီတွင် လျှောက်ထားပြုလုပ် ခဲ့ပါသည်။ ဘတ်ငွေ (၅၈ဝဝ )တိတိ ကုန်ကျခဲ့ပါသည်။

ပတ်စပို့ ပြုလုပ်ပြီးသောအခါ ကျန်းမာရေး ဆေးစစ်ခြင်းနှင့် အာမခံ အတွက်ဆေးရုံတွင် ဆောင်ရွက်ရာ (၁)နှစ်စာအတွက် (၁၉ဝဝ) ဘတ်ကုန်ကျ ပါသည်။ ပြီးနောက်တွင်
အလုပ်လုပ်ပိုင်ခွင့် (work permit) ဝပ်ပါမစ်ကို ဆက်လက်ပြုလုပ် ကြရပါသည်။ အလုပ်လုပ်ကိုင်ခွင့် (၂) နှစ်စာအတွက် (၃၈ဝဝ) ပေးဆောင်ရပါသည်။

ထိုတွင် ဇာတ်လမ်းစပါတော့သည်။ ငွေရှင်းပြေစာ စာရွက်နှင့်အတူ အလုပ်လုပ်ခွင့် ကဒ်ပြားအစိမ်းရောင်ကို တစ်ပါတည်း မထုတ်ပေးဘဲ ရက်ချိန်းစာရွက် တရွက်သာ ပေးပါသည်။

၎င်းစာရွက်ဖြင့် လဝကတွင် ရက်(၉ဝ)လျှင်တကြိမ် သွားရောက် လက်မှတ်ထိုးရပါသည်။ ၄င်းစာရွက်ပါ ရက်ချိန်း ပြည့်သောအခါ အလုပ်သမားရုံးသို့သွားရောက်၍ ကဒ်ပြားအစိမ်းရောင်
သွားထုတ်သောအခါတွင်လည်း ပေးထားသော ရက်ချိန်းအစား နောက်ထပ်ရက်ချိန်းတခု ထပ်မံချိန်းဆို ပြန်ပါသည်။ ဒုတိယအကြိမ် ရက်ချိန်းပြည့်သောအခါတွင်လည်း ထပ်မံ၍
ရက်ချိန်းပေးပြန်ပါသည်။ တတိယအကြိမ် ချိန်းပြီးသောအခါတွင်လည်း မည်သို့ပြုလုပ်ဦးမည်မသိပါ။

ကျနော်တို့အားလုံးသည် အလုပ်သမားများ ဖြစ်ကြပါသည်။ အစိုးရရုံးဖွင့်ရက်တွင်လည်း အလုပ်လုပ်ကြရသည်၊ ပိတ်ရက်တွင်လည်း ရံဖန်ရံခါ အလုပ်လုပ်ကြရပါသည်။ ဤသို့သာ


အကြိမ်ကြိမ် ချိန်းဆိုနေလျှင် ရရှိသောလခထဲမှ အဖြတ်ခံကြ ရဦးမည်ဖြစ်သည်။

ကျနော်တို့ရရှိသော ဝင်ငွေနှင့် အထက်တွင် ဖော်ပြခဲ့သော ကုန်ကျငွေများကို တွက်ချက်ကြည့်လျှင် တကယ့်လုပ်အားတန်ဖိုးကို ရရှိမည်ဖြစ်သည်။ ဤစာသည် တာဝန်ရှိသူတို့ သိရှိစေရန်
ရည်ရွယ်ပါသည်။ ရွှေ့ပြောင်းအလုပ်သမားများ၏ ဘဝနှင့် ရင်ဆိုင်နေရသော အခက်အခဲများ ဖော်ပြခြင်းသာ ဖြစ်ပါသည်။

ရွှေ့ပြောင်း အလုပ်သမားတဦhttp://www.mizzimaburmese.com/

အစိုးရသစ်နဲ့ ဆွေးနွေးဖို့ ဒေါ်စု အသင့်

By ဦးဇော်ဝင်းလှိုင် ကြာသပတေး, 27 ဇန်နဝါရီ 2011

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

ပေါ်ပေါက်လာမယ့် အစိုးရသစ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွန်း (Kasit Pironmya) ကို ပြောကြားခဲ့တယ်လို့
ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွန်းနဲ့ မကြာခင် ရက်ပိုင်းအတွင်းက ရန်ကုန်မြို့မှာ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အခုလို
ပြောကြားလိုက်တာပါ။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွန်းနဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဇန်န၀ါရီ ၂၁ ရက်နေ့က ရန်ကုန်မြို့ မီကားဆား ဧည့်ရိပ်သာမှာ
တွေ့ဆုံခဲ့ကြတာပါ။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွန်းနဲ့ တွေ့ဆုံစဉ် စစ်အစိုးရနဲ့ နှစ်ဘက် အလျှော့အတင်းလုပ်ပြီး ပြုလုပ်မယ့် တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ပေါ်ဖို့ သူမဘက်က
လမ်းကြောင်းဖွင့်ထားတဲ့ အကြောင်းနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ပြန်လည်သုံးသပ်ဖို့ အဆင်သင့်ရှိတဲ့ အကြောင်းတွေကို ပြောကြားခဲ့တယ်လို့
အမည်မဖော်လိုတဲ့ အဆင့်မြင့် ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာန အရာရှိတဦးက ပြောပါတယ်။

လောလောဆယ် အခြေအနေအရ မကြာခင် အစိုးရသစ်တရပ် ပေါ်ပေါက်လာတော့မှာ ဖြစ်တဲ့အတွက် အဲဒီ ပေါ်လာတဲ့ အစိုးရသစ်နဲ့ အမျိုးသား ရင်ကြားစေ့ရေး ကိစ္စတွေအတွက်
တွေ့ဆုံဆွေးနွေးဖို့ သူမဘက်က အဆင်သင့်ရှိတဲ့ အကြောင်းလည်း ထိုင်းနိုင်ငံခြားရေး ၀န်ကြီးကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွန်းတို့ တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာ တချို့ကိုတော့ ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာန အရာရှိတဦးက အခုလို
ပြောပြပါတယ်။

“မြန်မာနိုင်ငံသားတွေ တိုးတက်ကောင်းမွန်ဖို့နဲ့ တိုင်းပြည်အတွင်း အမျိုးသား ရင်ကြားစေ့ရေး ဖြစ်ပေါ်လာဖို့အတွက် ထိုင်းနိုင်ငံ အနေနဲ့ ပူးပေါင်း လုပ်ဆောင်လိုစိတ် ရှိပါတယ်။ ဒါပေမဲ့
မြန်မာနိုင်ငံရဲ့ ပြဿနာဟာ မြန်မာနိုင်ငံသားတွေ ကိုယ်တိုင် ဖြေရှင်းမှသာ ရနိုင်မှာပါ။”

ဒါ့အပြင် မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းပေးရေးအတွက် အာဆီယံအဖွဲ့က လိုလားသလို တချိန်တည်းမှာပဲ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ
ပြုပြင်ပြောင်းလဲမှုတွေ အရှိန်တိုးမြှင့် လုပ်ဆောင်တာကို မြင်တွေ့လိုတဲ့အကြောင်း မကြာခင်က အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံ ၀န်ကြီးများ တွေ့ဆုံပွဲအတွင်း
ဆွေးနွေးခဲ့ကြတာတွေကို နိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွန်းက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်ပြောပြခဲ့တယ်လို့ ဆိုပါတယ်။

နှစ်နိုင်ငံ နယ်စပ်ဒေသမှာ လုံခြုံ စိတ်ချရမှု အခြေအနေ ဖြစ်ပေါ်လာတာကို ထိုင်းနိုင်ငံ အနေနဲ့ မြင်တွေ့လိုတဲ့ အကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို
ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်မြို့မှာ ခရီးရောက်မဆိုက် တွေ့ဆုံပြီး ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဟာ နေပြည်တော်မှာ ကျင်းပနေတဲ့ BIMSTEC ဘင်္ဂလားပင်လယ်အော် ဒေသတွင်း
နိုင်ငံများ ကဏ္ဍပေါင်းစုံ နည်းပညာနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ရဲ့ ၀န်ကြီးအဆင့် စည်းဝေးပွဲကို တက်ရောက်ခဲ့တာပါ။

အဲဒီ စည်းဝေးပွဲ ပြင်ပမှာပဲ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွန်းဟာ ၀န်ကြီးချုပ် ဦးသိန်းစိန်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း အပါအ၀င် တခြား စစ်အစိုးရ အရာရှိတွေနဲ့လည်း သီးခြား
တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

လွှတ်တော်သတင်းယူခွင့် မရေရာ

By မသင်းသီရိ ကြာသပတေး, 27 ဇန်နဝါရီ 2011


ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် ကျင်းပမယ့် လွှတ်တော်ကို သတင်းသမားတွေ သတင်းသွားယူခွင့် ရမလား၊ မရဘူးလားဆိုတာ ခုချိန်ထိ မသိရသေးပါဘူး။ အခုဆိုရင်
လွှတ်တော်ကျင်းပဖို့ ၃ ရက်သာ လိုတော့တာဖြစ်ပြီး နောက်ရက်တွေမှ သတင်းယူခွင့် အကြောင်းကြားမယ်ဆိုရင် ပြည်တွင်း သတင်းသမားတွေထက် ပြည်ပ သတင်းဌာနတွေအတွက်
အခက်အခဲတွေ ရှိနိုင်တယ်လို့လည်း သတင်းသမားတွေက သုံးသပ်ကြပါတယ်။ ဒီအခြေအနေ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

လာမယ့် ဇန်န၀ါရီ ၃၁ ရက် တနင်္လာနေ့မှာ ကျင်းပမယ့် ပထမဆုံးအကြိမ် လွှတ်တော်သတင်းကို ပြည်တွင်းက သတင်းထောက်တွေရော ပြည်ပမှာ စောင့်နေကြတဲ့ နိုင်ငံခြား
သတင်းဌာနတွေရော သတင်းယူခွင့် ရှိသလား၊ မရှိဘူးလားဆိုတာ ဒီနေ့ထိ မသိရသေးပါဘူး။ သက်ဆိုင်ရာ သတင်းနဲ့ ပြန်ကြားရေး ၀န်ကြီးဌာနကို သတင်းသမားတွေ
စုံစမ်းမေးမြန်းကြည့်ပေမဲ့ သူတို့လည်း အခုချိန်ထိ မသိရသေးလို့ စောင့်ပါဦးလို့သာ အကြောင်းပြန်တယ်လို့ Flower News ဂျာနယ်ရဲ့ အယ်ဒီတာချုပ်လည်းဖြစ်၊ မြန်မာနိုင်ငံ စာပေနဲ့
စာနယ်ဇင်းအဖွဲ့ အတွင်းရေးမှူးလည်းဖြစ်တဲ့ ဦးကိုကို (စက်မ)ှု က ပြောပါတယ်။

“အခုပြောနေတဲ့ အချိန်အထိတော့ ဘာမှ ကျနော်တို့ကို Yes လား No လား ဘာမှ ပြောကြားခြင်း မရှိသေးပါဘူး။ ကျနော်တို့ တတ်နိုင်သလောက် တတ်နိုင်တဲ့ ပုဂ္ဂိုလ်များဆီကို
စုံစမ်းမေးမြန်းကြည့်တဲ့ အခါမှာလည်း စောင့်ပါဦး၊ သူတို့လည်း မသိသေးပါဘူးလို့ပဲ ပြောပါတယ်။ ကျနော်တို့ ကိုယ်တိုင်လည်း အဲဒါကို သိချင်နေပါတယ်။

“သတင်းသမားကတော့ သတင်းယူခွင့်ရရင် ၀မ်းသာတာပေါ့ခင်ဗျာ။ သတင်းယူခွင့် မပေးဘူး ဆိုတော့လည်း ကျနော်တို့မှာ စိတ်မကောင်း ဖြစ်တာပေါ့လေ။ စိတ်မကောင်း ဖြစ်ရုံကလွဲလို့
မတတ်နိုင်ဘူး။ သို့သော် သတင်းပေးမယ့် အလုပ်ထဲမှာ ဘယ်လို အခက်အခဲတွေ ရှိသလဲ၊ ဘာတွေ ကန့်သတ်ချက်တွေ ရှိသလဲ၊ မသိနိုင်ဘူး။ အဲတော့ မသိနိုင်တဲ့ အတွက်ကြောင့်
ကျနော်တို့ကတော့ အပြစ်တင်တယ် ဆိုတာထက် ကိုယ့်ကိုယ်ကို ဒီလိုမျိုး မယူဖြစ်ဘဲ လွဲရင်တော့ ကျနော်တို့က စိတ်မကောင်း ဖြစ်ရုံကလွဲလို့ ကျန်တာတော့ ပြောစရာရှိမယ် မထင်ပါဘူး။”

အခုဆိုရင် လွှတ်တော်ကျင်းပဖို့ ၃ ရက်သာ လိုတော့တာမို့ နောက်ရက်တွေမှ သတင်းယူခွင့် ရတယ်ဆိုပြီး ကပ်ပြီး အကြောင်းကြားရင် ပြည်တွင်း သတင်းထောက်တွေအတွက် ပြဿနာ
မရှိပေမဲ့ အိမ်နီးချင်း နိုင်ငံတွေကနေ မြန်မာပြည်ထဲကို ၀င်ပြီး သတင်းယူဖို့ စောင့်နေကြတဲ့ နိုင်ငံခြား သတင်းထောက်တွေ အများကြီး အခက်အခဲ ရှိနိုင်မယ်လို့လည်း ပြောပါတယ်။

“အဲဒီဟာတွေကတော့ နည်းနည်းခက်မယ်ထင်တယ်။ ဥပမာ ကျနော်တို့ နိုင်ငံခြား သတင်းဌာနဆိုရင် ဘန်ကောက်မှာ အခြေစိုက်တဲ့ ကျနော်တို့ မိတ်ဆွေတွေလည်း ရှိတယ်။
သူတို့ဘက်ကတော့ အချိန် အနည်းဆုံး တရက်လောက်တော့ ကြိုပြီး ပေးရမယ်။ သို့သော် ဟိုးအရင်တုန်းကလည်း ဒါမျိုးတွေ အတွေ့အကြုံ ရှိတယ်။ သူတို့လည်း အဲဒါမျိုး Very Short
Notice ကျမှပဲ မနက်ဖြန်မနက် သံရုံးသွားပြီး ဗီဇာလျှောက်ပါတော့ ဘာညာဆိုပြီး ပြောပြီးတော့ အကြောင်းကြားတာမျိုးလည်း ရှိတယ်။

“အဲတော့ ကျနော်တို့ ဒီမှာကတော့ Everything is possible နဲ့ Everything is impossible ပေါ့ဗျာ။ အရာရာတိုင်းလည်း ဖြစ်နိုင်တယ်၊ အရာရာတိုင်းလည်း မဖြစ်နိုင်ဘူး။ ကျနော်တို့က
လောလောဆယ်တော့ စောင့်ဆိုင်းနေတဲ့ အနေအထားမှာပဲ ရှိပါတယ်။”

စာပေနဲ့ စာနယ်ဇင်းအဖွဲ့ အတွင်းရေးမှူး ဦးကိုကို (စက်မှု) ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဆယ်စုနှစ် နှစ်စုကျော်ကြာ ပျောက်နေခဲ့တဲ့ လွှတ်တော်ကို မကြာခင်ရက်အတွင်း ပြန်လည်ခေါ်ယူ ကျင်းပတော့မယ်ဆိုတဲ့ အခြေအနေတွေကို ပြည်သူလူထုက စိတ်ဝင်တစား ရှိနေတာမို့
ဒီသတင်းကို သတင်းသမားတွေ တက်ရောက် သတင်းယူခွင့်ရှိဖို့ လိုတယ်လို့ ပြည်တွင်း သတင်းအယ်ဒီတာ တဦးက ဆိုပါတယ်။

“အဲဒီလို လွှတ်တော်မျိုးမှာ သတင်းသမားတွေ သတင်းတက်ရောက် ယူဖို့လည်း လိုအပ်ပါတယ်။ သတင်းသမားတွေ အနေနဲ့လည်း ဒီလွှတ်တော်ဟာ ဘယ်လိုလွှတ်တော်မျိုးလဲ၊ ဘယ်လို
အစိုးရသစ် ဖွဲ့မှာလဲ၊ ဘယ်လိုပုံစံနဲ့ ကျင်းပမှာလဲ ဆိုတာကို ပြည်သူလူထုကို တင်ပြဖို့အတွက် တော်တော်လေးကို စိတ်ဝင်စားမှု f ရှိကြတယ်။ သွားရောက်ပြီးတော့လည်း သတင်းယူဖို့
ပြင်ဆင်ထားကြတယ်။

“ဒါပေမဲ့ အခုချိန်ထိ ဘာမှ အဆက်အသွယ် မရသေးတဲ့ အခါကြတော့ သတင်းသမားတွေကြားမှာ သို့လော သို့လောနဲ့ ဖြစ်နေကြတာပေါ့။ အကယ်၍ သတင်းယူခွင့် မရဘူး ဆိုရင်တော့ ဒီ
ပြည်သူ့လွှတ်တော်ဆိုတာ တကယ် ပြည်သူ့လွှတ်တော်မှ ဟုတ်ရဲ့လား၊ သတင်းယူခွင့်လည်း မရဘူး၊ လေ့လာသူတွေလည်း တက်ရောက်ခွင့် မရဘူးဆိုရင် ဒီ ပြည်သူ့လွှတ်တော်ဟာ
ဘယ်လိုလွှတ်တော်မျိုးလဲ ဆိုတာ အများကြီး မေးခွန်းထုတ်စရာတွေ ဖြစ်မှာပါ။

“အဲတော့ အဲဒီလိုသာ သတင်း တက်ရောက်ယူခွင့် မရဘူး ဆိုရင်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဖော်ပြထားတဲ့ အခြေခံ လွတ်လပ်ခွင့်တွေဟာလည်း ဘာမှ ရမှာမဟုတ်ဘူး ဆိုတဲ့
သဘောကို သက်ရောက်နေပါတယ်။ အဲတော့ ဘယ်လိုပြန်ဖြစ်မလဲ ဆိုတော့ ကျနော်တို့က ရှေ့ကို ရွေ့သွားတာ မဟုတ်ဘဲ၊ အနာဂတ်သစ် တခုကို ဖန်တီးတာ မဟုတ်ဘဲ ဟိုး လွန်ခဲ့တဲ့
အနှစ် သုံးလေးဆယ်က မဆလ ခေတ်ဦးကို ပြန်ရောက်သွားတဲ့ သဘောမျိုး ဖြစ်မှာပါပဲ။”

ပြည်တွင်း သတင်းအယ်ဒီတာတဦး ပြောပြသွားတာ ဖြစ်ပါတယ်။

လွှတ်တော်တွင်း ဘာတွေဆွေးနွေးလို့ ဘယ်လိုဆုံးဖြတ်ကြတယ် ဆိုတာကို အပြည့်အစုံ သတင်းရေးခွင့် ရတယ်၊ မရနိုင်ဘူး ဆိုတာထက် တနင်္လာနေ့ ကျင်းပမယ့် လွှတ်တော်ကို
သတင်းသွားယူခွင့်ရရေး ဆိုတာကိုပဲ မျှော်လင့်နေရတယ်လို့ ပြည်တွင်း သတင်းထောက်တွေက ပြောပါတယ်။

နျူကလီးယား အေဂျင်စီ အကြီးအကဲဟောင်း အီဂျစ်ပြန် ဆန္ဒပြမည်

By ဗွီအိုအေ (မြန်မာဌာန) ကြာသပတေး, 27 ဇန်နဝါရီ 2011

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်မှာ အစိုးရဆန့်ကျင် ဆန္ဒပြပွဲကြီးတခု အကြီးအကျယ် ပြုလုပ်ဖို့ စီစဉ်နေချိန်မှာ ထင်ရှားတဲ့ ပြုပြင်ပြောင်းလဲရေးသမား တယောက် အီဂျစ်ကို ပြန်လာဖို့
ရှိနေပါတယ်။

နိုင်ငံကို နှစ်ပေါင်း ၃၀ ကြာ အုပ်ချုပ်နေတဲ့ သမ္မတ ဟို့စ်နီ မူဘာရက် (Hosni Mubarak) အစိုးရကို ဆန့်ကျင် ဆန္ဒပြပွဲမှာ ပါဝင်ဖို့အတွက် ကုလသမဂ္ဂ အဏုမြူစွမ်းအင် အေဂျင်စီ
အကြီးအကဲဟောင်းလည်း ဖြစ်သူ ပြုပြင်ပြောင်းလဲရေးသမား မိုဟာမက် အယ်လ်ဘာရာဒေး (Mohamed ElBaradei) ဒီနေ့မှာ ပြန်သွားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ကိုင်ရိုမြို့တော်မှာ သောကြာနေ့ကျရင် အကြီးအကျယ် ဆန္ဒပြပွဲကြီးကို ပြုလုပ်ကြဖို့အတွက် လှုပ်ရှားသူတွေက လူမှုကွန်ယက် အင်တာနက် စာမျက်နှာတွေပေါ်ကနေ


ဆော်သြနေကြပါတယ်။

ဗုဒ္ဓဟူးနေ့တုန်းကတော့ ဆန္ဒပြကြသူ ထောင်ပေါင်းများစွာနဲ့ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေကြားမှာ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။ ဆန္ဒမပြရဘူးလို့ အစိုးရက တားမြစ်ထားတာကို
အာခံပြီး ဒုတိယအနေ့အဖြစ် ဆန္ဒပြကြသူတွေကို ရဲတွေက လက်ကိုင်တုတ်တွေ၊ ရာဘာကျည်တွေ၊ မျက်ရည်ယိုဗုံးတွေ သုံးပြီးတော့ လူစုခွဲခဲ့ပါတယ်။

၂ ရက်ဆန္ဒပြမှုအတွင်း အနည်းဆုံး လူ ၄ ယောက် သေဆုံးခဲ့ပါတယ်။ ကိုင်ရိုမြို့တော် အရှေ့ဘက် ဆူးဇ်မြို့ (Suez) မှာလည်း ဗုဒ္ဓဟူးနေ့ ညပိုင်းက ဆန္ဒပြသူတွေဟာ အစိုးရ
အဆောက်အဦးတွေကို မီးရှို့ခဲ့ကြပါတယ်။ နိုင်ငံတ၀န်း မငြိမ်မသက်မှုတွေကြောင့် ၇၀၀ ထက် မနည်းကို ဖမ်းဆီးခဲ့တယ်လို့ အစိုးရက ပြောပါတယ်။

အခု အီဂျစ်နိုင်ငံက ဆန္ဒပြပွဲတွေဟာ နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံး လူထုအုံကြွ ဆန္ဒပြမှုတွေအဖြစ် မြင်နိုင်ပါတယ်။


တူနီးရှား သမ္မတဟောင်းကို ဖမ်းဝရမ်းထုတ်

By ဗွီအိုအေ (မြန်မာဌာန) ကြာသပတေး, 27 ဇန်နဝါရီ 2011

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

အဖြုတ်ချခံ သမ္မတနဲ့ မိသားစုဝင်တွေကို နိုင်ငံတကာ ဖမ်းဝရမ်း ထုတ်လိုက်ပြီး နောက်တနေ့မှာပဲ တူနီးရှားနိုင်ငံမှာ ကြားဖြတ်အစိုးရ ပြန်လည်ဖွဲ့စည်းဖို့ စီစဉ်နေပါတယ်။

ဆက်တိုက်ဖြစ်ပွားနေတဲ့ ဆန့်ကျင် ဆန္ဒပြမှုတွေ ရပ်ဆိုင်းဖို့ ရည်ရွယ်ချက်နဲ့ ဖြုတ်ချခံ သမ္မတ ဘန်အာလီအပေါ် သစ္စာခံတဲ့ ၀န်ကြီးတွေကို ဖယ်ရှားဖို့အတွက် စီစဉ်နေတာလည်း
ဖြစ်ပါတယ်။

လက်ရှိ အိမ်စောင့်အစိုးရမှာ အတိုက်အခံ ခေါင်းဆောင်ဟောင်းတချို့ ပါဝင်ပေမဲ့ ၀န်ကြီးချုပ်နဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နိုင်ငံခြား ဆက်ဆံရေး ၀န်ကြီးတွေကတော့ မစ္စတာ
ဘန်အာလီရဲ့ မဟာမိတ်တွေ ဖြစ်နေပါတယ်။

မစ္စတာ ဘန်အာလီရဲ့ ဇနီးသည် လီလာ ထရာဘီလ်စီ (Leila Trabelsi) နဲ့ မိသားစုဝင်တွေကို ပစ္စည်းဥစ္စာ မတရား ရယူမှု၊ တိုင်းပြည်ဘဏ္ဍာ ပြည်ပကို ထုတ်ယူမှု၊ ပြည်ပမှာ ငွေကြေး
အပ်နှံထားမှုတွေနဲ့ စွပ်စွဲထားတယ်လို့ တရားရေးဝန်ကြီး လက်ဇ်ဟာ ချက်ဘီ (Lazhar Karoui Chebbi) က ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။

အလုပ်အကိုင် ကင်းမဲ့မှု၊ ကုန်ဈေးနှုန်း မြင့်မားမှု၊ ခြစား ပျက်စီးမှုတွေကြောင့် တိုင်းပြည်မှာ လူထု အုံကြွမှုတွေ ပေါ်ပေါက်လာတဲ့အတွက် မစ္စတာ ဘန်အာလီဟာ ဇန်န၀ါရီလ ၂၄ ရက်နေ့က
တူနီရှားနိုင်ငံကို စွန့်ခွာပြီး ထွက်ပြေးသွားခဲ့ရတာ ဖြစ်ပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှု တိုးပေမဲ့ မြန်မာလူထု နိုးကြားမှု ပိုရှိလာ

By ဦးသားညွန့်ဦး ဗုဒ္ဓဟူး, 26 ဇန်နဝါရီ 2011

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

မြန်မာနိုင်ငံမှာ အမျိုးသား လူ့အခွင့်အရေး ကော်မတီတရပ်ကို ဖွဲ့စည်းခဲ့တာ ၁၀ နှစ် ကျော်ခဲ့ပေမဲ့ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ အရင်ကထက်
ပိုဆိုးဝါးလာနေတယ်လို့ မြန်မာ့အရေး၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေက တုံ့ပြန်ပါတယ်။ ဒါပေမဲ့ တဘက်မှာတော့ မြန်မာလူထုအကြားမှာ လူ့အခွင့်အရေး နိုးကြားမှု အရင်ထက်
ပိုလာတယ်လို့ သုံးသပ်ပါတယ်။ အခု ဇန်န၀ါရီလ ၂၇ ရက်နေ့ ဂျီနီဗာမြို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ မြန်မာ့ လူ့အခွင့်အရေး အခြေအနေကို နိုင်ငံတကာက ပထမဆုံး
သုံးသပ်တဲ့ UPR အစည်းအဝေး ကျင်းပမှာဖြစ်လို့ မြန်မာစစ်အစိုးရဘက်ကရော လူ့အခွင့်အရေး လှုပ်ရှားသူတွေကပါ ဒီအတွက် ကြိုတင် အစီရင်ခံစာတွေ တင်သွင်းခဲ့ကြပါတယ်။
အသေးစိတ်ကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

လူ့အခွင့်အရေးကောင်စီ ဖွဲ့စည်းပြီးနောက် လုပ်ထုံးလုပ်နည်းသစ်အရ တနိုင်ငံချင်း လူ့အခွင့်အရေး အခြေအနေတွေကို သုံးသပ် ဆွေးနွေးကြရာမှာ အခုလာမယ့် ဇန်န၀ါရီ ၂၇ ရက်နေ့မှာ
မြန်မာနိုင်ငံအတွက် ပထမဆုံးအကြိမ် အလှည့်ကျပါတယ်။ နိုင်ငံကိုယ်စားလှယ် အသီးသီးက မြန်မာ့ လူ့အခွင့်အရေး အခြေအနေကို မြန်မာကိုယ်စားလှယ်ကို ၀ိုင်းဝန်းမေးမြန်း
အကြံပြုကြမှာ ဖြစ်ပါတယ်။ ဒီအတွက် မြန်မာနိုင်ငံဘက်က ပထမဆုံးအကြိမ် လူ့အခွင့်အရေး အစီရင်ခံစာကို လူ့အခွင့်အရေးကောင်စီထံ တင်သွင်းထားပါတယ်။ အခြား လူ့အခွင့်အရေး
အဖွဲ့အစည်း အသီးသီးက ဒီအစည်းအဝေးအတွက် ကြိုတင်ပြီး အစီရင်ခံစာတွေ ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာအစိုးရ အစီရင်ခံစာထဲမှာတော့ နိုင်ငံတကာက စွပ်စွဲခံထားရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အထူးသဖြင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို ရှင်းလင်း
ချေပထားတာမျိုး မရှိဘဲ နိုင်ငံတွင်း လူ့အခွင့်အရေး တိုးတက်မှုအတွက် ဥပဒေ ပြဋ္ဌာန်းမှုတွေ၊ တရားရေးကဏ္ဍ လုပ်ဆောင်ချက်တွေကို အလေးပေး ဖော်ပြပါတယ်။ ပြည်ထဲရေးဝန်ကြီး
ဦးဆောင်တဲ့ အမျိုးသား လူ့အခွင့်အရေး ကော်မတီကိုလည်း ၂၀၀၀ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့ပြီး လူ့အခွင့်အရေး စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့ ဖော်ပြပါတယ်။

NCGUB အမျိုးသား ညွန့်ပေါင်းအစိုးရအဖွဲ့ ကုလသမဂ္ဂရေးရာ တာဝန်ခံ ဒေါက်တာသောင်းထွန်းကတော့ ဒီကော်မတီ ဖွဲ့ခဲ့တာ ၁၀ နှစ်ကျော်ပေမဲ့ ဘာရလဒ်မထွက်ခဲ့ဘူးလို့ ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုဆိုးလာတယ်လို့တောင် ပြောပါတယ်။

“ပြည်တွင်းမှာရှိတဲ့ ပြည်သူလူထုက နေပြီးတော့ ဒီကော်မတီကို တိုင်ကြားခဲ့တာတွေရော၊ အရေးယူတာတွေရော တခါမှ မတွေ့ရဘူး။ သူတို့ အစီရင်ခံစာထဲမှာလည်း ဥပမာ တိုင်စာ
ဘယ်နှစ်ခု ရောက်ပြီးတော့ အဲဒီ တိုင်စာ ဘယ်နှစ်ခုကို စုံစမ်း စစ်ဆေးပြီးတော့ ဘယ်လိုမျိုး ဥပဒေကြောင်းအရ အရေးယူမှု လုပ်ပါတယ် ဆိုတာလည်း မပါဘူး။ အမှန်တော့ ဒီလိုမျိုး
အဖွဲ့အစည်းမှာ အစိုးရခန့်တဲ့ သူတွေချည်းပဲ မဟုတ်ဘဲနဲ့ လူထု လူ့အဖွဲ့အစည်းကို ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တွေ၊ လွတ်လပ်တဲ့ ဥပဒေပိုင်းဆိုင်ရာ ပညာရှင်တွေနဲ့ ဖွဲ့စည်းသင့်တယ်လို့
ကျနော်တို့ မြင်ပါတယ်။”

ပြည်တွင်းမှာ ရှိနေတဲ့ လက်ရှိ တည်ဆဲဥပဒေတွေ အရရော ဘယ်လောက်အထိ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အကာအကွယ် ပေးနိုင်လဲခင်ဗျ။

“လက်ရှိ မြန်မာနိုင်ငံမှာလည်း ပြည်သူလူထုရဲ့ အခြေခံ လွတ်လပ်ခွင့်ကို ကန့်သတ်တဲ့ တရားဥပဒေတွေကလည်း တပုံတခေါင်း ရှိနေတာပေါ့။ Electronic Act တို့၊ ကိုယ့်သာသာကိုယ်
အီးမေးလ်ပို့တာတောင် လွတ်လွတ်လပ်လပ် မပို့ရဘဲ နိုင်ငံရေးနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်လာရင် ကန့်သတ်တာတို့၊ လူ့အခွင့်အရေးကို တကယ် ကျင့်သုံးမယ်ဆိုရင် ဒီဥပဒေတွေနဲ့တော့
ကျိန်းသေပေါက် ဆန့်ကျင်မှာပဲ။”

လွန်ခဲ့တဲ့ နှစ် ၂၀၊ ၃၀ တုန်းကဆိုရင် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ပြောတာဆိုတာ၊ နောက်တခုက နိုင်ငံတကာကလည်း ပြောတာဆိုတာ တော်တော်လေး
အားနည်းခဲ့တာ တွေ့ရပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဘာပဲပြောပြော ပြောလာတယ်၊ ဆိုလာတယ်၊ နောက်တခုက မြန်မာနိုင်ငံတွင်းမှာလည်း အစိုးရရဲ့ အစီရင်ခံစာတွေမှာရော၊
စစ်အစိုးရကိုယ်တိုင် လုပ်တဲ့ ပုံစံအရရော နိုင်ငံတကာနဲ့ ပိုပြီးတော့ ပူးပေါင်း ဆောင်ရွက်လာတယ်လို့ မြင်တဲ့သူတွေလည်း ရှိပါတယ်။ ဒါတွေက တိုးတက်လာတဲ့ လက္ခဏာလို့
မြင်လို့ရလား။

“တဘက်မှာတော့ လူ့အခွင့်အရေး အခြေအနေတွေက ပိုပြီးတော့ ဆိုးလာတာ တွေ့ရပါတယ်။ အဓိက အကြောင်း ၂ ခုကြောင့်ပေါ့။ တခုကတော့ ပြည်သူလူထုရဲ့ ဒီမိုကရေစီရေး
ဆန္ဒကြောင့် လူ့အခွင့်အရေးအတွက် လှုပ်ရှားမှုတွေ၊ ဒါတွေကို ချုပ်ချယ် ကန့်သတ်လို့ ဖြစ်လာတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေပါ။ နောက်တခုကတော့ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်
အခွင့်အရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နဲ့ စာပေနဲ့ ယဉ်ကျေးမှုဆိုင်ရာ၊ ကိုယ့်လူမျိုး ကိုယ် ထိန်းသိမ်းစောင့်ရှောက်ဖို့၊ ကာကွယ်ဖို့တွေ၊ ဒါတွေကို ဖိနှိပ်တဲ့ အတွက်ကြောင့် ဖြစ်ပေါ်လာတဲ့
လူ့အခွင့်အရေး အခြေအနေတွေပေါ့။

“ပြည်သူလူထု အပိုင်းကတော့ အများကြီး တိုးလာတယ်။ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်မှုနဲ့ ပတ်သက်လို့ တကယ်ကို စွန့်စွန့်စားစားနဲ့ အနစ်နာခံပြီး လုပ်နေတဲ့သူတွေ ရှိတယ်။
ILO လို ရုံးတွေမှာ တကယ်ကို သွားရောက်ပြီးတော့ ဆက်သွယ် တိုင်ကြားပေးပြီးတော့ ပြည်သူလူထုကို ကာကွယ် စောင့်ရှောက်နေတဲ့သူတွေ ရှိတယ်။ လူ့အခွင့်အရေးဆိုင်ရာ
ပညာပေးမှုတွေကိုလည်း ဖိနှိပ်ချုပ်ချယ် ကန့်သတ်တဲ့ကြားက လုပ်ကိုင်နေတဲ့သူတွေ အများကြီး ရှိပါတယ်။ ဒါဟာ အင်မတန်ကောင်းတဲ့ အလားအလာပါ။

“ကျနော်တို့ အနေနဲ့ နိုင်ငံတကာ တရားဥပဒေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ယန္တရားတွေ၊ UN ကို တင်ပြမှုတွေ လုပ်ရပေမဲ့ တကယ်တမ်းကတော့ ပြည်သူလူထုဟာ ကိုယ့်ရဲ့
လူ့အခွင့်အရေးကို ကိုယ့်ဘာသာကိုယ် ကာကွယ်ကြရမှာပါ။ နိုင်ငံတကာ ဥပဒေတွေနဲ့ နိုင်ငံတကာ ယန္တရားတွေက တစိတ်တပိုင်းအားဖြင့်၊ အကန့်အသတ် အားဖြင့်တော့ ကျနော်တို့ကို
အကူအညီ ပေးနိုင်တယ်၊ အကာအကွယ် ပေးနိုင်တယ်။ သို့သော်လည်း တကယ်တမ်းက ကိုယ့်ရဲ့ မွေးရာပါ လူ့အခွင့်အရေးတွေကို ကိုယ့်ဘာသာကိုယ် ကာကွယ် စောင့်ရှောက်ကြရမှာပဲ
ဖြစ်ပါတယ်။”

စစ်အစိုးရက လူ့အခွင့်အရေးကောင်စီကို တင်သွင်းမယ့် အစီရင်ခံစာထဲမှာတော့ လက်ရှိ ပြဋ္ဌာန်းထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံမှာ လူ့အခွင့်အရေး ကာကွယ်မှုဆိုင်ရာ
အချက်အလက်တွေကို ထည့်သွင်း ဖော်ပြပါတယ်။ အခု အစီရင်ခံစာကိုလည်း အစိုးရ တာဝန်ရှိသူတွေအပြင် အခြား လူထုအခြေပြု အဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့
တိုင်ပင်ဆွေးနွေးပြီး ပြုစုရေးသားခဲ့တာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေထဲမှာ လက်ရှိအားဖြင့် ကုလသမဂ္ဂရဲ့ ကလေးသူငယ် အခွင့်အရေးနဲ့ အမျိုးသမီး အခွင့်အရေးဆိုင်ရာ စာချုပ်နှစ်ခုကိုပဲ အဓိက
လက်မှတ်ထိုးထားတာပါ။ အစီရင်ခံစာထဲမှာတော့ ကုလသမဂ္ဂ မျက်နှာစာကို အသုံးပြုပြီး အင်အားကြီး နိုင်ငံတွေက နိုင်ငံရေး ဖိအားတွေ ပေးနေတာကြောင့် မြန်မာ အပါအ၀င်
တတိယနိုင်ငံတွေရဲ့ လူ့အခွင့်အရေး တိုးတက်မှုတွေကို ထိခိုက်စေတယ်လို့လည်း မြန်မာစစ်အစိုးရက ဖော်ပြထားပါတယ်။

ဇေကမ္ဘာ ဦးခင်ရွှေ ရဲ့  နိုင်ငံရေးအမြင် သုံးသပ်ချက်

By ဦးကျော်ဇံသာ ဗုဒ္ဓဟူး, 26 ဇန်နဝါရီ 2011

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

ဒီတပတ် မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ ဦးကျော်ဇံသာ က လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာတဲ့ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင် ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေ ကို
ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ စီးပွားရေးလုပ်ငန်းရှင် လွှတ်တော်ကိုယ်စားလှယ်တဦးအနေနဲ့ တိုင်းပြည်ရဲ့  လူထုလုပ်ငန်း၊ တိုင်းပြည်အကျိုးဆောင်လုပ်ငန်းတွေကို ဘာတွေများလုပ်နိုင်မလဲလို့ ဦးခင်ရွှေ


အနေနဲ့ မျှော်မှန်းပါသလဲ။

ဦးခင်ရွှေ ။ ။ မီးမရောက်တဲ့နေရာမှာ လိုတာလုပ်ပေးတာ ကျနော့် နိုင်ငံရေးခံယူချက်ပါ။ ကျနော်ကို တာဝန်ပေးတဲ့ တွံတေး၊ ကော့မူး၊ ကွမ်းခြံကုန် သုံးမြို့ နယ်ရဲ့  လမ်းတွေ
နှစ်လမ်းသွားဖြစ်အောင် လုပ်နေပြီ။ နောက် ရွာချင်းဆက်လမ်းတွေအတွက်လည်း ပြင်ဆင်လုပ်နေပြီ။ နောက်တခါ နွေစပါး၊ မိုးစပါး စိုက်နိုင်အောင်လို့လည်း အဲဒီမြို့ နယ်တွေက လူပေါင်း
(၇၀) လောက်ကို ကျနော် passport လုပ်နေပြီ။ ဗီယက်နမ်မှာ သွားလေ့လာခိုင်းမယ်။ ပြီးရင် ပြန်လာပြီးရင် နွေစပါး၊ မိုးစပါးတို့ စီးပွားရေးအရ မွေးမြူးရေးအစ ထူထောင်ဖို့ လုပ်နေပြီ။
တော်တော်များများကို အဲဒီ ဧရီယာအတွက် ကျနော် စလုပ်ပေးနေပါပြီ။ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ပါ။

ဦးကျော်ဇံသာ ။ ။ ကျနော် သိချင်တာက အခု စီးပွားရေးလုပ်ငန်းရှင်တဦးအနေနဲ့ အဲဒီလုပ်ငန်းတွေ လုပ်နိုင်တယ်ဆိုတော့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ဖို့ လိုအပ်ပါသလား။ အခုလည်း
လုပ်နိုင်တာပဲ။ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ဖို့ လိုပါသလား။ အခုလုပ်နိုင်တာပဲ။ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာရင် ဦးခင်ရွှေ က အခုလုပ်နေတဲ့ လုပ်ငန်းတွေထဲကနေ
အချိန်ပေးကောင်း ပေးရလိမ့်မယ်။ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ဘာတွေပိုလုပ်နိုင်မယ် ထင်ပါသလဲ။

ဦးခင်ရွှေ ။ ။ အခုအချိန်အထိက နိုင်ငံတော်က အေးချမ်းသာယာရေး တည်ဆောက်ထားပြီးပြီ။ လမ်းပန်းဆက်သွယ်ရေးအနေနဲ့ ဧရာဝတီတိုင်းတို့ ဘာတို့ ရှိသမျှ


တပြည်လုံးအတိုင်းအတာအနေနဲ့ တံတားကြီးတွေ တည်ဆောက်ပြီးသွားပြီ။ နိုင်ငံတော်က တည်ဆောက်ဖို့က အဓိက စီးပွားရေးပဲ ကျန်တော့တယ်။ စီးပွားရေးကိုမှ
အောက်ခြေလူတန်းစားတွေ တတ်လာဖို့ စိးပွားရေးပဲ grassroots level တွေ အပေါ်တက်လာရေး စီးပွားရေးပဲ ကျန်တယ်။ အဲဒီမှာ ကျနော်တို့ကနေ ဥပဒေရေးရာအရရော၊
စီးပွားရေးအကြံပေးတွေကို ဒီထက်ထိ ပိုပြီး အကြံပေးလုပ်နိုင်မယ့် အနေအထားမျိုး ရှိပါတယ်။ တယောက်တည်းလုပ်တာထက် အကြံပေးပြီး ဥပဒေပြုပြီးတော့
ကျနော်တို့အကြံပေးရင်တော့ ဒီထက်ထိ ပိုအောင်မြင်ပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ ဦးခင်ရွှေ ပြောတာ သိပ်ကောင်းပါတယ်။ အောက်ခြေလူတန်းစားတွေ စီးပွားရေးဖွံ့ဖြိုးလာအောင် ဘယ်လို ဥပဒေမျိုးများ အကြံပြုဖို့ စဉ်းစားထားပါသလဲ။

ဦးခင်ရွှေ ။ ။ ဥပဒေ အလွယ်ဆုံးပြောလို့ရှိရင် ရန်ကုန်မြို့ ကို အခုလို အမြတ်ခွန်နဲ့ ပိုက်ဆံရှာတာတို့၊ အခွန်အကောက်ရှာတို့နဲ့ ရှာတာတို့ထက် လူတွေက လိုလိုချင်ချင် ပေးချင်တဲ့ law တခု
စလုပ်လိုက်မယ်။ ဥပမာ condo law ဆိုတာ - ရန်ကုန်မြို့ မှာ တိုက်ခန်းနဲ့နေတဲ့ လူတွေက အများကြီး။ တိုက်ခန်းဈေးတွေကလည်း သိန်းတစ်ထောင် ကနေ တစ်သောင်းအထိ ရှိကြတယ်။
အဲဒါကို ကျနော်တို့က condo law လေး ထုတ်လိုက်တဲ့အတွက် သူတို့က (၅) ကျပ်တန် တံဆိပ်ခေါင်းလေး ကပ်ပြီးတော့ မလုံမခြုံနေနေရတာကနေ seven percent register
လုပ်လိုက်တာနဲ့ သူရဲ့  property က ခိုင်မာသွားတယ်။ ခိုင်မာသွားတာနဲ့အမျှ နိုင်ငံတော်ကလည်း seven percent ဆိုတဲ့ ရန်ကုန်မြို့ ရဲ့  ပိုက်ဆံအများကြီးရမယ်။ နောက် သူကလည်း
ခိုင်မာတဲ့အတွက်ကြောင့် သူက ဘဏ်ကိုသွားပေါင်မယ်။ ဘဏ်ပေါင်လိုက်တဲ့အတွက် ဘဏ်တွေလှုပ်ရှားမှု အများကြီးများလာမယ်။ အဲဒီတော့ ဘဏ်ကလည်း ပေါင်ပြီးတော့ ရတဲ့ပိုက်ဆံနဲ့
ရင်းနှီးမြုပ်နှံမှု လုပ်မယ်ဆိုရင်တော့ သူနဲ့ပတ်သက်တဲ့ အသေးစားတွေ၊ အကြီးစား စက်မှုလုပ်ငန်းတွေ အများကြီးတက်လာတဲ့အတွက်ကြောင့် အခြေခံလူတန်းစားတွေလည်း
အလုပ်အများကြီးရလာခဲ့မယ်။ သဘောက ပိုက်ဆံတကျပ်ကို တဆယ်ဖြစ်အောင် လှည့်ဖို့ပဲ။ အခုက တဆယ်ကို တကျပ်ဖြစ်အောင် အိပ်ယာထဲထိုးထည့်တဲ့ အဆင့်ကနေ
ပြန်ပြောင်းသွားနိုင်မယ့် သဘောမျိုးရှိတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက မြန်မာနိုင်ငံ စီးပွားရေးကို စီးပွားရေးပညာရှင်တွေ သုံးသပ်ကြတာ cronies လို့ခေါ်တဲ့ အာဏာရှိတဲ့လူနဲ့ အသိုင်းအဝိုင်း၊ ဆွေမျိုးတော်စပ်တဲ့လူတွေ၊
ရင်းနှီးတဲ့လူတွေသာ လုပ်ပိုင်ခွင့် အဓိကရနေတယ်။ ကျန်တဲ့လူတွေ လုပ်ကိုင်ဖို့ သိပ်အခက်အခဲရှိနေတယ်လို့ ဝေဖန်ကြပါတယ်။ အဲဒီကိစ္စကို ဘယ်လိုပြုပြင် စေချင်ပါသလဲ။ ပြုပြင်နိုင်မယ်
ထင်ပါသလား။

ဦးခင်ရွှေ ။ ။ အဲဒါကလည်း လုပ်ပေးနိုင်တဲ့လူကို သူတို့ လူကြီးပိုင်ကမြင်တာ ဒီလူတွေ လုပ်ပေးနိုင်တယ်။ ဒီလူတယောက်ကို လုပ်ငန်းတခုပေးလိုက်တဲ့အတွက် အနောက်မှာ
လူထောင်နဲ့သောင်းနဲ့ အလုပ်ရမယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒါကလည်း လူတိုင်းလည်း မလုပ်နိုင်ဘူး။ ထူထောင်တိုင်းလည်း ဖြစ်ချင်မှဖြစ်မှာ။ လူတယောက်က ဥပမာ
အပွင့်လင်းဆုံးပြောရင် ကျနော်ကိုပဲကြည့်လိုက်ရင် ပတ်ဝန်းကျင် က အားကျကြတယ်။ ဒီလူ အလုပ်အများကြီး ဆိုပေမယ့် တကယ်တမ်းကျတော့ ကိုယ့်ဒုက္ခကိုယ်ရှာနေကြတယ်။
ကိုယ့်ဘာသာ ဇိမ်ကျကျနေလို့ကို မရဘူး။ ပြဿနာတွေ problem တွေ အများကြီး ဖြေရှင်းနေရတဲ့ အခါကြတော့ သဘောက ဘေးကကြည့်ရင်တော့ ဒီလူက လုပ်ငန်းဆယ်ခုလောက်
လုပ်တယ်ဆိုပြီးတော့ အပြစ်ဆိုပေမယ့်။ တကယ့်တကယ်တော့ သူတို့လုပ်နိုင်တာကို ကျနော်တို့က appreciate လုပ်ဖို့ပဲ လိုပါတယ်။

ဦးကျော်ဇံသာ ။ ။ Appreciate တော့ လုပ်ပါတယ်။ ဒါပေမဲ့ ကျန်တဲ့လုပ်နိုင်တဲ့ လူတွေလည်း အများကြီးပါ။ ဦးခင်ရွှေတို့လည်း စမလုပ်ခင်တုန်းက ဘယ်သိမလဲ။ စီးပွားရေးလုပ်ငန်းဆိုတာ
လုပ်ရင်လုပ်ရင် entrepreneurship နားလည်းလာပြီးတော့ entrepreneur ဆိုတဲ့ တီထွင်စွန့်စားလုပ်တဲ့ ပုဂ္ဂိုလ်တွေဖြစ်လာအောင် တခြားလူတွေလည်း လုပ်လာနိုင်အောင်
ဥပဒေမပြင်သင့်ဘူးလို့ ထင်ပါသလား။

ဦးခင်ရွှေ ။ ။ ဒါပေါ့။ အဲဒါတွေက ပြင်ကိုပြင်ရမှာပေါ့။ အများနဲ့ public ကို ထည့်ပြီးတော့ စဉ်းစားပြီးတော့ promote လုပ်သွားရမှာပေါ့။ အဲဒါကလည်း ဥပဒေအရ တချို့ တဝက်လေး
ပြင်ရမယ့်သဘောလေးတွေ ရှိပါတယ်။ ဥပမာ စပါးဆိုရင် ဒီနှစ်စပါး။ ဥပမာ လယ်သမားစိုက်လို့ သုံးသိန်းလောက် ကုန်တယ်ဆိုရင် သုံးသိန်းအောက် ဖြစ်သွားတာနဲ့ ဥပဒေအရ ကျနော်တို့
လယ်သမားကို ကာကွယ်ပေးရမယ့် အနေအထားမျိုးရှိတယ်။ နောက်မို့ဆို လယ်သမားက နောက်နှစ်ဆို ပြန်မစိုက်နိုင်တော့ဘူး။ သဘောက အမျိုးမျိုး ကျနော်တို့က လုပ်ပေးလို့ရတဲ့
ဥပဒေတွေ ပြန်ထုတ်ပေးဖို့ လိုတာပေါ့။

ဦးကျော်ဇံသာ ။ ။ စပါးဆိုလို့ အခုလောလောဆယ်မှာ လယ်သမားတွေဆီက စပါးကို အမှန်တကယ်ပေါက်ဈေးထက် နှိမ်ပြီးတော့ အာဏာရှိတဲ့လူတွေနဲ့ ပတ်သက်တဲ့ ကုမ္မဏီတချို့ က
အတင်းလိုက်ဝယ်ဖို့ ကြားနေရပါတယ်။ အဲဒါမျိုးတွေကို ဥပဒေအရ မတားနိုင်ဘူးလား။

ဦးခင်ရွှေ ။ ။ အဲဒီလို လုပ်လို့မရအောင် ဥပဒေအရ ကျနော်တို့က ကာကွယ်ရမှာပေါ့။ အဓိကအားဖြင့် လယ်သမားတွေအတွက်ကို သူတို့ရဲ့  living standard အတွက်တွေ၊ spending
power တွေကအစ တတ်လာအောင် ကျနော်တို့ ဥပဒေအရ ကာကွယ်တာတို့၊ ဥပဒေအရ သူတို့ လုပ်နိုင်အောင်လို့ လုပ်ပေးတာတို့ အဲဒါမျိုးတွေနဲ့ အသေးစိတ်စဉ်းစားပြီးလုပ်သွားမယ်
အနေအထားမျိုးရှိပါတယ်။ တိုင်းပြည်ချမ်းသာတယ်ဆိုတာ တဦးတယောက်တည်း ချမ်းသာလို့၊ အစိုးရချမ်းသာလို့ ချမ်းသာတာ မဟုတ်ဘူးလေ။ လူနေမှုအဆင့်အတန်း မြှင့်တာမှ
ချမ်းသာတာ။
ဦးကျော်ဇံသာ ။ ။ ဦးခင်ရွှေက ကြံ့ခိုင်ဖွံ့ဖြိုးရေးကိုယ်စားလှယ်အနေနဲ့ ပါသလား။ သို့တည်းမဟုတ် တသီ ပုဂ္ဂလိကအနေနဲ့ ပါသလား။

ဦးခင်ရွှေ ။ ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးက တာဝန်ပေးတယ်။ အဲဒီတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးက မှတပါး ဘယ်ပါတီမှ ပါလို့မရပါဘူး။ တဖတ်က ကျေးဇူးပြန်ဆပ်သလိုပါပဲ။

ဦးကျော်ဇံသာ ။ ။ ဦးခင်ရွှေအနေနဲ့က အခုလိုဆိုတော့ ကျေးဇူးကန် ကျေးဇူးစားတော့ ဆန်နေတာပေါ့။

ဦးခင်ရွှေ ။ ။ ဆန်ကိုဆန်ရမယ်။ မဆန်လို့လည်း မရဘူးဆိုတာ တံခါးဖွင့်တယ်ဗျာ။ ကျနော့်သမိုင်းကို ပြန်ကြည့်ပါ။ ဒီနေ့အထိ ကျနော် ကားတစီးမှ မသွင်းဘူးဘူး။ နောက်တခါ ခင်များတို့
ပြောနေတဲ့ ဥပမာ တဦးချင်း ဘာညာအခွင့်အရေးယူတယ် - ကျနော် အပြင်ကနေ မြေတကွက်မှ မယူဘူး။ ကိုယ့်ရဲ့  principle ရှိတယ်။ ကျနော် ဆောက်လုပ်ရေးနဲ့ လာခဲ့တယ်။ ဟို မဆလ
လက်ထက်ထဲက ဆောက်လုပ်ရေးကို အဓိကလုပ်တော့ ဒီနေ့အထိ ဆောက်လုပ်ရေးကလွှဲလို့ ဘာမှမလုပ်ဘူး။ စားအုန်းဆီ တပိသာ မသွင်းဘူး။ အဲဒီလိုမျိုး ကျနော်ကုမ္မဏီအနေနဲ့
ကားတစီးတောင် မသွင်းဘူး။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ကျနော်မေးချင်တာက ဦးခင်ရွှေက တိုင်းပြည်မှာ အများ ဆင်းရဲသားတွေပါ ဖွံ့ဖြိုးလာအောင်၊ လူနေမှုအဆင့်အတန်း မြှင့်မားလာအောင် လူတိုင်းစီးပွားရေး
လုပ်လာနိုင်အောင် လုပ်ပေးချင်တဲ့ ဥပဒေတွေ အဆိုပြုချင်တယ်။ ဆိုတော့ ဦးခင်ရွှေ တို့ ပါတီက ဒါကိုလုပ်ခွင့်ပေးမလား။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့  ဘောင်ကိုကျော်ပြီး ဦးခင်ရွှေကကျော်ပြီး
လုပ်နိုင်မလား။ သူတို့ကော ဒီလိုဆန္ဒရှိပါသလား။

ဦးခင်ရွှေ ။ ။ လူကြီးတွေအနေနဲ့လည်း အဲဒီဆန္ဒအများကြီးရှိတယ်။ ဒါပေမဲ့ အခုနလို ဘယ်လိုလုပ်ရမယ်ဆိုတဲ့ အသေးစိတ်လေးတွေကတော့ အောက်ကတင်ပြတဲ့ပေါ်မှာ မူတည်ပြီး


အားလုံးက ကိုယ့်သမိုင်းကိုယ်ရေးကြတာ။ ကိုယ်လက်ထဲမှာ အကောင်းဆုံးရေးကြတာပဲ။ မသိလို့ မရေးမိတာလေးတခုပဲ ရှိတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒါတွေကို လက်ခံမယ်လို့ ဦးခင်ရွှေအနေနဲ့ မျှော်လင့်တယ်ပေါ့။

ဦးခင်ရွှေ ။ ။ သေချာပေါက် လက်ခံမှာ။ အများအတွက်၊ အဓိကအားဖြင့် grass root level တွေအတွက် စားဝတ်နေရေး ပြေလည်အောင် နည်းပေါင်းစုံနဲ့ နိုင်ငံတော်က လုပ်နေတယ်။
ဒါပေမဲ့ တချို့ တွေလွတ်သွားတာလည်း ရှိကောင်းရှိမှာပေါ့။ တင်ပြတဲ့ပေါ်မှာ မူတည်ပြီး - အဲဒါကို ကျနော်တို့က အနီးကပ်ဖြစ်သွားလို့ တင်ပြခွင့်ရရင်တော့ ဒါတွေဘယ်လို
ဖြေရှင်းမလဲဆိုတာကို လူကြီးတွေ စဉ်းစားပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက နိုင်ငံရေးနဲ့ ပတ်သက်လို့လည်း နည်းနည်းမေးချင်ပါတယ်။ နိုင်ငံရေးအားဖြင့်လည်း တချို့ က ထိန်းသိမ်းခံ နိုင်ငံရေးအကျဉ်းသားတွေ


အများကြီးရှိနေတယ်။ အဲဒီ ပုဂ္ဂိုလ်တွေကို လွတ်ပေးသင့်တယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဘာညာ။ အဲဒီလို ဥပဒေမျိုးကို ဦးခင်ရွှေတို့က ထောက်ခံဖို့ အစီအစဉ်ရှိပါသလား။

ဦးခင်ရွှေ ။ ။ အဲဒါတွေကတော့ တော်တော်ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားရလိမ့်မယ်။ တဦးချင်းပေါ် မူတည်ပြီးတော့။ ကောင်းတာဆိုးတာ၊ ကောင်းတာတွေ ရှိသလို၊ ဆိုးတာတွေလည်း
ရှိပါတယ်။ လူကြီးတွေ စဉ်းစားပါလိမ့်မယ်။ သူ့ကဏ္ဍအလိုက်ပေါ့။ လုံခြုံရေးကဏ္ဍ လုံခြုံရေး စဉ်းစားမှာပေါ့။ ကျနော်တို့ကတော့ စီးပွားရေးကဏ္ဍဆိုတော့ စီးပွားရေးကို
ဘယ်လိုဖွံ့ဖြိုးတိုးတက်မယ်။ grass root level နဲ့ ဘယ်လိုဆက်ဆံရမယ်။ အားလုံးစားဝတ်နေရေး ဘယ်လိုတက်မယ်၊ living standard ဘယ်လိုတက်အောင် လုပ်မယ်။ ဒါပဲ ကျနော်တို့က
စဉ်းစားနိုင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးခင်ရွှေ ကို သူတို့က စီးပွားရေး၊ နိုင်ငံရေး တာဝန်ပေးမယ်လို့ ထင်ပါသလား။

ဦးခင်ရွှေ ။ ။ ကျနော်အနေနဲ့ကတော့ ကျနော်အမြဲတမ်းပြောတယ်။ ကျနော် နိုင်ငံရေးကို စိတ်မဝင်စားဘူး။ စီးပွားရေးပဲ စိတ်ဝင်စားတယ်။ အဓိက စီးပွားရေးနဲ့ပဲ သွားပါမယ်။ တကယ်လို့
စီးပွားရေး အဖွဲ့အစည်းတခုခုမှာ ကျနော်ကို တာဝန်ပေးရင်တော့ နိုင်ငံတော်အတွက် လုပ်ပေးရမယ့် တာဝန်ဝတ္တရား နဲ့ စိတ် ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ တချို့ နိုင်ငံတွေမှာ ဒီမိုကရေစီလုပ်လာပြီဆိုရင် အဲဒီလို တာဝန်ယူတဲ့ပုဂ္ဂိုလ်တွေ၊ ပါလီမန်မှာ တာဝန်ထမ်းဆောင်တဲ့အမတ်တွေဟာ စီးပွားရေးလုပ်ငန်းလည်း


တဖတ်ကလုပ်နေတယ်ဆိုရင် သူတို့ ဘယ်လောက်ချမ်းသာကြွယ်ဝမှုကို စာရင်းကြိုတင်ကောက်ပါတယ်။ တာဝန်မယူခင်၊ အာဏာရှိတဲ့ လုပ်ငန်းကို စမလုပ်ခင်။ အဲဒီလိုမျိုး လုပ်လာမယ့်
အစီအစဉ် ရှိပါသလား။ လုပ်မယ်ဆိုရင် ဦးခင်ရွှေ ဘယ်လိုသဘောရပါသလဲ။

ဦးခင်ရွှေ ။ ။ အဲဒီလိုလုပ်သင့်ပါတယ်။ နောက်ပြီးတော့ ကျနော်ကိုယ်၌ လယ်သမားသားသမီးက ထွက်လာတာ။ Zero ကနေစပြီး ဖောက်ပြီး ဒီအပေါ်ရောက်လာတယ်။ ရောက်လာပြီး
ဒီအခြေအနေရောက်ပြီးတဲ့အချိန်မှာ ကိုယ့်ဘဝကို ကျေနပ်နေလို့ရတယ်။ ပိုက်ဆံတွေယူပြီး ကိုယ့်သမိုင်းမှာ အမဲစက်ဖြစ်အောင်လို့တော့ ကျနော်တို့ လုပ်ကြမှာမဟုတ်ဘူး။
လူကြီးတွေလည်း ကိုယ့်သမိုင်းကိုယ်နဲ့ ဖြစ်အောင် အကောင်းဆုံးဖြစ်အောင် လုပ်နေကြတဲ့သဘောမျိုး ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးခင်ရွှေ က လယ်သမားသားသမီးက တက်လာရတဲ့လူဆိုတော့ လယ်သမား လူတန်းစားတွေ မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် တခါမှ ချမ်းသာပြီး အေးအေးချမ်းချမ်း
နေရတယ်၊ ဖူဖူလုံလုံ လူတန်းစေ့နေရတယ်ဆိုတာ မရှိခဲ့ပါဘူး။ အဲဒီလိုဖြစ်အောင် ဘယ်လိုလုပ်သင့်တယ်ဆိုတာလေး အကြံရှိရင် နည်းနည်းပြောပေးပါ။

ဦးခင်ရွှေ ။ ။ ကျနော် seriously ပြောတာရှိတယ်။ လယ်သမားတွေရဲ့  working hour တနှစ်ကို ဘယ်လောက်လုပ်ကြသလဲ။ လယ်ထွန်းတယ်၊ မနက်ပိုင်းထွန်တယ်၊
နေ့လည်ပိုင်းအိပ်တယ်။ ညဘက် တချက်လေးထွန်တယ်။ ပြီးတော့မှ တချို့ က စပါးစိုက်တယ်၊ တချို့ ကကြဲတယ်။ ပြီးတော့ အိပ်တယ်။ နှစ်လလောက် အိပ်ပြီးမှ စပါးရိတ်တယ်။
ရိတ်ပြီးတာနဲ့ နောက်ထ ရှစ်လကိုးလလောက်ကို စောင့်ပြီး ဒီပိုက်ဆံနဲ့ စားတယ်။ အဲဒီတော့ working hour သိပ်နည်းနေတယ်။ တသီးစား။ အဲဒီတော့ တသီးကနေ နှစ်သီးဖြစ်သွားရင်
working hour နည်းနည်းလေးတိုးလာပြီးတော့ စားဝတ်နေရေး ပြေလည်လာမယ်။ သုံးသီးစားရင်တော့ ပြောမနေနဲ့ သူတို့အတွက်က စားဝတ်နေရေးကအစ လူနေမှုအဆင့်အတန်း
မြှင့်လာမယ်။ အဲဒီတော့ ကျနော်တို့ ဘာလုပ်ပေးရမလဲ။ အခုန တသီးကနေ နှစ်သီး။ နှစ်သီးကနေ သုံးသီး။ ဗီယက်နမ်မှာဆိုရင် မိသားစုတစု က ဥပမာ ဆယ်ဧကရှိရင် နှစ်ဧကခွဲ နှစ်ဧက
လေးဆခွဲပြီးတော့ တချိန်လုံး အလုပ်ရအောင် ဖန်တီးလာတယ်။ ဒီနေရာ စိုက်တယ်၊ ဒီနေရာ ပျိုးတယ်၊ ဒီနေရာ ရိတ်တယ်။ အဲဒါနဲ့ တနှစ်ပတ်လုံး လုပ်တော့ working hour က
များလာတာနဲ့အမျှ သူတို့မြေယာ ကျနော်တို့ တဝက်ပဲရှိတယ်။ လူဦးရေက နှစ်ဆများတယ်။ သူတို့က ရှစ်သန်းလောက်ပို့ရင် ကျနော်တို့က ငါးသိန်းတောင် မပို့နိုင်ဘူးဆိုကတည်းက
ကျနော်တို့ လယ်သမားတွေ working hour တက်လာတာနဲ့အမျှ သူတို့ရဲ့  စားဝတ်နေရေးနဲ့ living standard သူတို့အနေအထားတွေ အကုန်မြှင့်တက်လာမယ်။ အဲဒီအတွက်ကို
ကျနော်တို့က သူတို့လုပ်နိုင်အောင် လုပ်ပေးဖို့ပဲလိုတယ်။

ဦးကျော်ဇံသာ ။ ။ လုပ်နိုင်အောင် ဘာတွေများ လုပ်ပေးမလဲ။ လယ်သမားတွေ အဲဒီလို လုပ်နိုင်အောင်။

ဦးခင်ရွှေ ။ ။ လုပ်ပေးရမယ်ဆိုရင် ကျနော်စဉ်းစားထားတယ်။ ကျနော်တို့ နိုင်ငံတော်က တူးထားတဲ့ မြောင်းတွေရှိတယ်။ အဲဒါကို transport အတွက် သုံးနေကြတယ်။ သုံးနေသမျှ
ကာလပတ်လုံး အဲဒီလယ်တွေကို ကျနော်တို့ မြှင့်တင်ပေးလို့ မရဘူး။ မရတဲ့အတွက် နွေစပါး မစိုက်ဘူး။ သူတို့ဘာသာ ရေစုပ်စက်နဲ့ ရေတင်ပြီး စိုက်မယ်ဆိုရင် ဘယ်သူမှ မစိုက်ကြဘူး။
အဲဒီတော့ ကျနော်တို့က အဲဒီ level မြှင့်တက်အောင် လှေသွားနေတဲ့လမ်းကို ရပ်ပြီးတော့ ရွာဆက်လမ်းတွေ လုပ်ပေးဖို့လိုတယ်။ လိုပြီးတော့ အဲဒီရှိတဲ့ ရေမြောင်းရဲ့  ရေ level ကို
လယ်ကွင်းလောက်နီးနီး တင်ပေးဖို့လိုတယ်။ အဲဒါဆိုရင် သူတို့ ရေကို ပေါက်တူးပေါက်ရုံနဲ့ သူ့လယ်ကွင်းရောက်မယ်ဆိုရင် သူစိုက်မယ်။ အခုက စိုက်ခိုင်းရင်တောင် ရေစုပ်စက်နဲ့
စုပ်ပြီးတော့ မြောင်းဘေးက တဧက၊ နှစ်ဧက ပိုပြီး မစိုက်နိုင်ကြဘူး။ အဲဒါကို ကျနော်တို့က အားထုတ်ပြီး အဲဒါလေး plan လေး သူတို့ရဲ့  ဦးတည်ချက်လေး ပြောင်းပေးလိုက်တာနဲ့ သူတို့
နွေစပါး၊ မိုးစပါးတွေ စိုက်ကြလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ လယ်သမားတွေရဲ့  ငြီးတွားသံတွေက သူတို့ဓါတ်မြေသြဇာ အလုံအလောက်မရဘူး။ အဲဒီမှာလည်း သူတို့ ခေါင်းပုံဖျက်ခံရတယ်။ တခါ


လယ်ယာသုံးစက်ပစ္စည်းတွေလည်း အလုံအလောက် မရတာတို့။ စိုက်ပျိုးစရိတ်ချေးတဲ့ နေရာမှာလည်း သူတို့ မှန်မှန်ကန်ကန် မရတာတို့။ အရင်းအနှီးပိုင်းလည်း သူတို့ ငြီးတွားကြပါတယ်။
အဲဒီကိစ္စတွေကော။

ဦးခင်ရွှေ ။ ။ အဲဒါတွေကတော့ နှစ်ဦးနှစ်ဖက်ပေါ့။ သူတို့က working hour နည်းတယ်။ ဝင်ငွေနည်းတယ်။ နည်းတဲ့အချိန်မှာ မြေသြဇာလည်း ကောင်းကောင်းမကျွေးဘူး။ မကျွေးတော့
စပါးအထွက်က နည်းတယ်။ နည်းတဲ့အခါကြတော့ ဒီအတိုင်းပဲ ဖုတ်လိုက်ဖုတ်လိုက်နဲ့ ဒီအတိုင်း သွားနေကြတယ်။ အခုန ကျနော်ပြောတဲ့ အခြေအနေက သူတို့စိုက်လာတာနဲ့အမျှ
ပိုက်ဆံပိုလာတာနဲ့အမျှ အခုနပြောတဲ့ အသေးစိတ်လေးတွေ အကုန်ပျောက်ကုန်မယ်။ အရေးကြီးတာက သူတို့ထဲကို ပိုက်ဆံထည့်ပေးနိုင်တဲ့ စီမံချက်တွေ လုပ်ဖို့ပဲ အရေးကြီးပါတယ်။
နိုင်ငံတော်မှာ အေးချမ်းမှုမရှိရင် ဘာမှလုပ်လို့မရဘူး။ အခု အေးချမ်းမှုရှိပြီ။ ကျနော်တို့ သူတို့ စားဝတ်နေရေးအတွက် ဆက်သွားဖို့ပဲ အရေးကြီးတော့တယ်။

ဦးကျော်ဇံသာ ။ ။ အေးချမ်းမှုဆိုလို့ နယ်စပ်ဒေသတွေမှာတော့ မရှိဘူးထင်ပါတယ်။ တိုင်းရင်းသားတွေကို သူတို့အတင်း လက်နက်စွန့်ခိုင်းတာ။ တချို့ က နိုင်ငံရေးအရ ဆွေးနွေးမှုမရှိလို့
မစွန့်နိုင်ဘူး ပြောပြီးတော့ မဋိပက္ခတွေ ရှိနေပါတယ်။

ဦးခင်ရွှေ ။ ။ အရင်ထက်တော့ ကျနော်တို့ 88 မတိုင်ခင်ထက် အများကြီး အေးချမ်းသွားပြီ။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ အခုလောလောဆယ် ဆက်ရှိနေမယ့် သဘောတော့ ဖြစ်နေတာပေါ့။ သူတို့နဲ့ နိုင်ငံရေး ပြေလည်မှုရအောင် ရှာရင် ပိုမလွယ်ဘူးလား။

ဦးခင်ရွှေ ။ ။ ရှာတယ်။ အားလုံးက လူက အတ္တပဲ။ ဒီဘက်ကလည်း အတ္တ၊ ဟိုဘက်ကလည်း အတ္တနဲ့ နှစ်ခု ဒီလိုညှိနေရင်တော့ အတ္တတွေ ရှေ့ တန်းတင်ပြီးတော့ ညှိနေရင်တော့
မပြီးနိုင်ဘူးပေါ့။ အဲဒီတော့ ပူးပေါင်းပြီးတော့ ဘယ်လို စီးပွားရေးလုပ်ကြမယ်။ ဘယ်လို ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝကို တည်ဆောက်မယ်။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ ညှိလို့ရပါတယ်။

http://www.voanews.com/burmese/news/
နိုဘဲလ်ဆုရှင် ဦးဆောင် တဲ့ အီဂျစ် အထွေထွေသပိတ်

January 28, 2011 Leave a comment

3
0

i
မဲပေးပါ

Latest News is Appear at Top of


the Post

အာရပ် ပင်လယ်ကွေ့ နိုင်ငံ တစ်ခု ဖြစ်သည့် ယီမင် ပြည်သူများ ကလည်း အုံကြွတွန်းလှန် ကြရာ အထွေထွေ သပိတ် ကို မကြာခင် ဆင့် ခေါ် နိုင်ရန် ကြေငြာ မည် ဟု ဆာနာ တက္ကသိုလ်
ပါမေက္ခ က အယ်အာရေးဗီးယား သတင်း ဌာန သို့ ပြောကြားခဲ့သည်

အသက် ၈၂ နှစ် အရွယ်ရှိ မူဘာရက် အား နိုင်ငံတ၀ှမ်း တွင် စတင် ဆန့် ကျင် အုံကြွ

မြို့ တော် ကိုင်ရို နှင့် ဆူအက်ဇ် တွင် ပြည်သူများ က မူဘာရက် နှုတ်ထွက်ရေး စတင်ဆန္ဒပြနေ

အီဂျစ် ပြည်သူများ ငြိမ်ငြိမ် သက်သက် ဆန္ဒပြ ကြရန် အမေရိကန် သမ္မတကြီး ဦး အိုဘားမား က အီဂျစ်
ပြည်သူများ အထွေထွေ သပိတ် ဆင်နွှဲ ရန် နာရီပိုင်း အလို တွင် ၀ါရှင်တန် မှ ပြောကြားလိုက်သည်။

အာဏာရှင် မူဘာရက် က ဆန္ဒပြသူများ သည် ဘင်လာဒင် သွေးထိုးပေးမှု ဟု စွပ်ဆွဲ ထားသောကြောင့်


အမေရိကန် ဝေခွဲမရ ဖြစ်နေ သည်။သို့ နှင့် တိုင် တော်လှန် ရေး သည် မူဘာရက် အစိုးရ ကို စတင်ယိမ်းယိုင်
နေ ပြီ ဖြစ်သည်။

အယ်လအာရေး ဗီးယား သတင်းဌာန မှ တိုက်ရိုက် ထုတ်လွှင့်မှု ကိုဤနေရာမှ ကြည့်ပါ

အမေရိကန် က ယခု ကဲ့ သို့ လက်ရှောင်နေ သောတော်လှန် ရေးများ သည် အရမ်းအောင်မြင် သည်။
ဥပမာ – ဖိလစ်ပိုင် (မားကို စ်) နှင့် ကီရ်ဂျက်စတန် နှင့် တူနီရှား

အီဂျစ် ပြည်သူများ ဘက် မှ ပူးပေါင်းရပ်တည် ၍ ဆန္ဒပြမှု ကို ဦးဆောင်မည် ကမ္ဘာ့ ပထမဦး ဆုံး တော်လှန်ရေး ခေါင်းဆောင် နိုဘဲလ် ဆုရှင် မိုဟာမက် အယ်ဘာရာဒေး ဓာတ်ပ-ုံ ရိုက်တာ
သတင်းဌာန
နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် မိုဟာမက် အယ်(လ)ဘရာဒီ ဆန္ဒပြမှု များ ကို ဦးဆောင်မည်

January 28, 2011 Leave a comment Go to comments

7
0

i
Most Popular ContentAll | Today | This Week | This Month

• Rated 171↑ 6↓ (177 မဲပေးရန်)

• Rated 161↑ 21↓ (182 မဲပေးရန်)

• () Rated 157↑ 2↓ (159 မဲပေးရန်)

create your own rating

မဲပေးပါ

Ex-IAEA Boss Lead the Egyptian Protests

နိုင်ငံတကာ အဏုမြူ စွမ်းအင် ဧဂျင်စီ ဥက္ကဌ ဟောင်း နှင့်


နိုဘဲလ်ငြိမ်းချမ်း ရေးဆုရှင် ဒေါက်တာ
မိုဟာမက် အယ်(လ)ဘရာဒီ သည် ယနေ့ ကိုင် ရို မြို့ သို့ ပြန်လည် ရောက် ရှိပြီး ဆန္ဒပြမှု များ ကို
ဦးဆောင် တော့ မည် ဟု သိရသည်။ကိုင် ရို မြို့ တွင် ယနေ့ ပြု လုပ်သည့် သတင်းစာရှင်းလင်းပွဲ ဉ် မိုဟာမက် အယ်(လ)ဘရာဒီ
က ” အီဂျစ် နိုင်ငံရေး အခြေအနေ သည် မတည်ငြိမ်ကြောင်း နှင့် လူငယ် များ သည် နှစ်
ပေါင်း ၃၀ ကျော်ကြ အုပ်ချုပ် လာသည့် မူဘာရက် အစိုးရ အဖွဲ့ ကို သည်းမခံ နိုင်တော့
ကြောင်း နှင့် မိမိသည် အီဂျစ် နိုင်ငံ သားများ ဘ၀ လွတ်လပ်မှု ရှိအောင် ဖန် တီးမည် ၊ပြည်
သူများ နှင့် အတူ ပူးပေါင်းမည် “ဟုပြောကြား ခဲ့သည်။

အီဂျစ် နိုင်ငံ တ၀ှမ်း ဆန္ဒပြမှု သုံးရက် မြောက်နေ့ တွင် မူဘာရက် က “ဆန္ဒပြသူများ ကို အကုန်
ဖမ်းမည် ” ဟု ထပ်လောင်းပြောကြားခဲ့သည်။

http://freedomnewsgroup.com/
မင်္ဂလာနှင့် နိုင်ငံရေး ၂၁
မောင်လူရေး
ဇန်န၀ါရီ ၂၈၊ ၂၀၁၁
ကောင်းကျိုးဆင့်ပွား၊ မြတ်တရား၊ နာကြားမပြတ်စေတာ ကာလေနဓမ္မသဝနမင်္ဂလာ။
နိုင်ငံတော်သည် စွမ်းရည်သတ္တိဖွံ့ဖြိုးတိုးတက်ဖို့ အနှောင့်အယှက်အဟန့်အတားတစ်ချို့ကို ဖယ်ရှားရပေမည်။ အဟန့်အတားများကို နီဝရဏဟုခေါ်သည် လတည်း။ ၎င်းသည်
နိုင်ငံတော်၏မြင်နိုင်စွမ်းကို ကန်းစေပါသည်။

ကာမစ္ဆန္ဒ = အပျော်အပါးတံခါးများသာ ဖွင့်ထားမှု။ ပျော်ပါးစရာများသာ ဖန်တီးထားမှု။


အရက်နှငs့် ex၊ မူးယစ်ဆေး၊ ဂိမ်းအမျိုးမျိုး။
ယင်းသည် ဆေးရောင်စုံရောမွေထားသောရေနှင့်တူသည်ဟု ဥပမာပြုသည်။ ဤရေမျက်နှာပြင်၌ ဘာပုံရိပ်မှ ထင်လာမည် မဟုတ်ပေ။ နိုင်ငံတော်ကား ဝါးတားတားတောင်
မြင်ရမည်မထင်။
ဗျာပါဒ= အဖျက်လုပ်ရပ်။
ယဉ်ကျေးမှုကောင်း၊ အစဉ်အလာကောင်း၊ (ကူညီခြင်းစသည်) ပညာရေးကောင်း၊ (ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပေါ်ထွက်ခဲ့၏) အကျင့်ကောင်း၊(လာဘ်စားမှုသည်
နေ့တဓူဝ ကိစ္စဖြစ်သွားပြီ) (အုပ်ချုပ်သူသည် တိုင်းပြည်၏ ကြိုက်ရာအစိတ်အပိုင်းကို လက်ညိုးထိုး ရောင်းစားခွင့်ရှိသည်) ဗြဟ္မစိုရ်ဓာတ်၊(လမ်းလယ်ခေါင် မှာပင် ကလေး၊ အမျိုးသမီး၊
ဘုန်းကြီးပါမကျန် ဝိုင်းရိုက်သတ်ရဲကြပြီ၊ သတ်သူများမှာ အပြစ်မရှိကြ)စသည် အကောင်းမကျန် အောင် ဖျက်ဆီးခံနေရဆဲ။
ဤသည်ကို ဆူပွက်နေသောရေနှင့် နှိုင်း၏။ အနှီရေပြင်၌ ပွက်ပွက်ဆူနေသောနိုင်ငံတော်ကို တွေ့ရပါလိမ့်မည်။
ထိနမိဒ=
္ဓ တွေဝေထိုင်းမှိုင်းမှု။
အထက်ပါအဖြစ်အပျက်တို့ကြောင့် နိုင်ငံတော်သည် တော်ရာတော်ကြောင်း၌ တက်တက်ကြွကြွ မရှိတော့။
ယင်းကို မှော်များဖုံးလွှမ်းနေသောရေနှင့် ခိုင်းနှိုင်းပါသည်။ ဤရေပြင်မျိုး၌ နိုင်ငံတော်၏ အရိပ်သဏ္ဍာန်ကို မမျှော်လင့်စကောင်းချေ။
ဥဒ္ဓစ္စ ကုက္ကုစ္စ= တည်ငြိမ်အေးချမ်းမှုမရှိ။
နိုင်ငံတော်သည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနှင့် မဖြေရှင်းနိုင်သေး။ လူမှန် နေရာမှန် မရှိသည့်အတွက်လည်း မဖြေရှင်းနိုင်ခြင်းဖြစ်လေသည်။
ယခုအခါသမယသည်ကား ဗျိုင်းနားမင်္ဂလာဆိုက်နေသောအခါသမယ ကြီးပေတည်း။ ဗျိုင်းနားမင်္ဂလာဟူသည် တိုင်းပြည်၌ မင်းမရှိသည့်အခါ မင်းလောင်းရှာဗျိုင်းကြီးအား လွှတ်လိုက်
သောဟူ၏။ ဗျိုင်းကြီးကား ဘာမဆိုပြောင်းပြန်လုပ်မည့်သူပုခုံး၌ ဘားတပ်ပေးလိုက်သောဟူ၏ - အဲ - အဲ နားလိုက်သောဟူ၏။
သို့နှင့် ပြောင်းပြန်လုပ်သူမင်းဖြစ်လာသောအခါ တိုင်းပြည်၌ အရက်သမားက အရက်ဆိုင်ပိုင်ရှင်ဖြစ်၊ အရက်ဆိုင်ပိုင်ရှင်က အရက်သမမားဖြစ်။ အမျိုးသမီးက အလုပ်လုပ်၊
အိမ်ထောင်ဦးစီး၊ အမျိုးသားက ထမင်းချက်၊ ကလေးထိမ်း။ သူခိုးက ပုလိပ်ဖြစ်၊ ပုလိပ်က ဓားပြတိုက်။ အိမ်ဖော်က သူဌေးလုပ်၊ သူဌေးက ကြမ်းတိုက်။ ထီးတော်မိုးက အမတ်လုပ်၊
အမတ်မင်းက ဖိနပ်ကိုင်။ ဝန်ကြီးက ရဝတဖြစ်၊ ရဝတက ဝန်ကြီးလုပ်။ အဲသလိုဆိုတော့ တိုင်းပြည်တွင် ပြဿနာတွေ သောင်းခြောက်ထောင်ဆိုက်တော့၏။
ယခုလည်း ရွေးကောက်ပွဲဆိုသည့်ဗျိုင်းကြီးသည် ကြံ့ဖွတ်၏ပုခုံး၌ နားလေရကား - ဤအခြေအနေမျိုးကို လေတိုက်ခတ် သဖြင့် လှုပ်ရှားနေသောရေမျက်နှာပြင်နှင့်
ပုံဆောင်ပါသည်။ တလူးလူးလွန့်နေသော နိုင်ငံတော်၏ပုံရိပ်ကိုသာ မြင်ရပေမည်။
ဝိစိကိစ္ဆာ= မယုံကြည်နိုင်သော သံသယ။
နိုင်ငံ့ခေါင်းရှောင်များသည် ကတိမှန်သမျှ ပျက်ခဲ့၏။ မပျက်ဖူးသော ကတိဟူ၍ပင် မရှိတော့ချေ။ အဲသလောက် ကြက်သရေယုတ်ကန်းရကား ဘယ်သူက ဘာကိုမှ
စိတ်ချယုံကြည်မှုမရှိတော့သည့်အတွက် ဘာအလုပ်မှ လုပ်၍ မရတော့ချေ။ ကိုယ်လက်ဦးက ကိုယ်ရမည်လောက်သာ သဘောထားကြသည်။ ဘယ်သူ့ကိုမှ နိုင်ငံတော်အတွက်
အလုပ်လုပ်နေပါသည်ဟု ဘယ်လိုပြောပြော မယုံကြတော့ရကား နိုင်ငံတော်ကား ကြက်ယက်ထားသော အမှိုက်ပုံနှင့်တူနေတော့၏။
ယင်းသံသယကို ရွှံ့နွံရေနှင့် နှိုင်းပါသည်။ နွံထဲမှာ အရိပ်ထင်သည်ဟုတော့ မကြားဖူးသေးပေ။
အဝိဇ္ဇာ= အသိဉာဏ်နည်း မိုက်မဲခြင်း။
ယခု မိုက်ချင်တိုင်းမိုက်၍ မဲချင်တိုင်းမဲနေကြပေပြီ။
မျိုးကန်းသည်ဆိုတာ ဒီအခြေအနေဆိုးမျိုးပင်ဖြစ်ပေလိမ့်မည်။
ဤအကာအကွယ်များက တိုင်းသူပြည်သားအကျိုးရော၊ နိုင်ငံ့အကျိုးပါ မမြင်အောင် ဖုံးအုပ်ထားလေသည် လတည်း။
ဤအကွယ်အကာများကို ဓမ္မ=တရားဆိုသည့် ဝိဇ္ဇာ သိပ္ပပညာများနှင=
့် တရားဆိုသည့် ဝိဇ္ဇာ သိပ္ပပညာများကို နာယူုခြင်းဖြင်=
့ တရားဆိုသည့် ဝိဇ္ဇာ သိပ္ပပညာရပ်များကို
အထူးအလေးပေး မြှုပ်နှံခြင်းဖြင့်=နိုင်ငံတော်ကြီး တစ်ခုလုံးကို တရားဆိုသည့် ဝိဇ္ဇာ သိပ္ပပညာဘောင်ကြီးထဲ၌ သွင်းထားခြင်းဖြင့် ဖယ်ရှားပစ်ရပေမည်။
ဗုဒ္ဓမြတ်စွာက ဓမ္မ=တရားဆိုသည့် ဝိဇ္ဇာ သိပ္ပပညာဘောင်ကြီးထဲသွင်းနည်း ပေးထားပါသည်။ ယင်းတို့မှာ-
ဒါန= သာမှုနာမှု လူမှုအရေးအရာတို့ကို ကိုယ်အား ဉာဏ်အား ပစ္စည်းအားတို့ဖြင့် ပေးကမ်း ထောက်ပံ့ ချီးမြှင့် ကူညီ လှူဒါန်းခြင်း။
သီလ= မညှင်းမသတ်၊ လာဘ်မအုပ်ပဲ၊ အယုတ်မာမျိုး၊ အကျင့်ဆိုးရှောင်၊ ချိုးဖျက်ကတိ၊ မလိမ်မိစေ၊ သေရည်မ မျို၊ လောကဖျက် အရှက်မဲ့လုပ်ရပ်များကိုရှောင်ကြဉ်ခြင်း။
ဘာဝနာ= စိတ်ညစ် စိတ်ပုတ်၊ စိတ်ယုတ် စိတ်ဆိုး၊ စိတ်ကျိုး စိတ်ပျက်၊ စိတ်သဘက် စိတ်ဘီလူး၊ စိတ်ရူး စိတ်မိုက်တို့ကို တရှိုက်ရှိုက်ရှု၍ ဖြူအောင်ဥခြင်း။
အပစာယန= အသက်အသေခံ၊ ပညာအဆုံးခံ၊ လူမှုဘဝအပျောက်ခံ၊ စီးပွားအပျက်ခံ၊ လူ့အခွင့်အရေးမှန်သမျှ အဆုံးရှုံးခံ၍ နိုင်ငံနှင့် ပြည်သူအတွက်
ကြံ့ကြံ့ခံပေးနေကြသောအာဇာနည်သူရဲကောင်းများကို လေးစားရ ကောင်းမှန်းသိခြင်း။
ဝေယျာဝဇ္ဇ= တိုင်းရေးပြည်ရေး ရပ်ရေးရွာရေး လူရေးလူရာ အဖြာဖြာ၌ စွမ်းရာကဏ္ဍ ကျရာအခန်း လှမ်းနိုင်သ လောက် လျှောက်ခြင်း။
ပတ္တိဒါန= ကိုယ်ပြုသော သာမှု နာမှု လူမှုကူညီရေး၊ တိုင်းပြု ပြည်ပြု ရပ်ပြု ရွာပြုစသော ကောင်းမှုကောင်းရာ လုပ်ငန်းအဖြာဖြာကို စာရင်းဇယားရှင်းရှင်း ချပြခြင်း။
ပတ္တာနုမောဒန= ကောင်းမှုကောင်းရာလုပ်ငန်းအဖြာဖြာကို အပြန်အလှန် စံပြု အားကျ အတုယူခြင်း။
ဓမ္မသဝန-ဓမ္မဒေသနာ= သိကောင်းသိရာ တတ်ကောင်းတတ်ရာမှန်သမျှ သင်ယူခြင်း၊ အခါအားလျော်စွာ စားပွဲဝိုင်းဆွေးနွေးပွဲ အလုပ်ရုံဆွေးနွေးပွဲဆိုသဟာများစသော
ဆွေးနွေးပွဲအမျိုးမျိုးပြုလုပ်ခြင်း၊ ဟောပြောပွဲ အမျိုးမျိုးပြုလုပ်ခြင်း၊ သင်တန်းအမျိုးမျိုးပြုလုပ်ခြင်း။
ဒိဌုဇုကမ္မ= ခေတ်မီဖွံဖြိုးတိုးတက်သော မြန်မာနိုင်ငံတော်သစ်ကြီးဆီသို့ ဘယ်သူ့ဘဝကိုမှ မနင်းမချေဘဲ ချီတက်ခြင်းတို့တည်း။
ဤမင်္ဂလာကိုဆောင်လျှင် နိုင်ငံနှင့် လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မည်မှာ မလွဲဧကန်သာတည်း။

ဒိုက်ဦးမြို့နယ်တွင် နှစ် ၄၀ ကျော် ချုပ်နှောင် ခိုင်းစားခံရသူ အမျိုးသမီး ပြန်လွတ်ပြီ


အေးနိုင်/DVB
ဇန်နဝါရီ ၂၈၊ ၂ဝ၁၁

(ဓာတ်ပုံ - www.dkubehs.co.cc)
လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၃ နှစ်ခန့်က အသက် ၉ နှစ်သမီး အရွယ်သာ ရှိသေးတဲ့ မတင်တင်အေးဟာ ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်အတွင်း လူစည်ကားရာ ဈေးရှေ့က အိမ်ကြီးတလုံးထဲမှာ
အပြင်ထွက်ခွင့် မရဘဲ ချုပ်နှောင် ခိုင်းစေခံရတာကို သူ့အကိုဝမ်းကွဲက ဖော်ထုတ်နိုင်ခဲ့ပါတယ်။
အသက် ၅ဝ ကျော်တန်းကို ရောက်နေပြီ ဖြစ်တဲ့ မတင်တင်အေးကို အဲဒီအိမ်ကြီးထဲမှာ ပိတ်လှောင်ခိုင်းစေ နေသူတွေဟာ အခုအခါ အသက် ၇ဝ ကျော် အရွယ် ရှိပြီ ဖြစ်တဲ့
ပဲခူးမြို့က ပူဇော်ခံ ကျောင်းဆရာမကြီးဟောင်း ဒေါ်ကျင်လွမ်တို့ ညီအမသုံးဦးလို့ ဆိုပါတယ်။

ဒီလို နှစ်ပေါင်းများစွာ ချုပ်ခြယ် ခိုင်းစေခဲ့တာကို တရားရုံး၊ ရဲနဲ့ အမျိုးသမီးရေးရာအဖွဲ့ စတဲ့ ဌာနဆိုင်ရာ အသီးသီးက တရားစွဲဆိုတာကို လက်မခံဘဲ အမျိုးသမီးရေးရာအဖွဲ့က
ကြားဝင်ဆောင်ရွက်ညှိနှိုင်းမှုနဲ့ ပြီးပြတ်အောင် ဆောင်ရွက်ခဲ့ပါတယ်။

အိမ်နီးချင်းများ လုံးဝ သတိမပြုမိ

ပြန်လည်လွတ်မြောက်လာသူ ဒေါ်တင်တင်အေးဟာ ငယ်စဉ်ဘဝ ကိုးနှစ်သမီးအရွယ်ကစပြီး အဲဒီအိမ်အိုကြီးရဲ့ နောက်ဘက်ခြမ်းမှာပဲ နေထိုင်ခဲ့ရပြီး အိမ်ပြင်ထွက်ခွင့် မရှိ၊


ပေးတာယူ၊ ကျွေးတာစား၊ ခိုင်းတာလုပ်နဲ့ နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့ နှစ် ရှစ်လပိုင်း အသက် ၅ဝ ကျော်ကျမှ သူ ဒီအိမ်မှာ ရှိနေတယ် ဆိုတာ အကိုဝမ်းကွဲ
ဦးလှမြင့်က ဦးဆောင် ဖော်ထုတ်နိုင်ပြီး မိသားစုဝင်တွေနဲ့ အတူ ပြန်နေခွင့်ရတာ ဖြစ်ပါတယ်။

သူဒီအိမ်မှာ ရှိနေတယ်ဆိုတာကို အိမ်ဘေးအိမ်တွေက လုံးဝ သတိမပြုမိကြဘူး လို့ ဆိုပါတယ်။ ဒါပေမယ့် နှစ်ပေါင်း များစွာ အလုပ်လုပ်ခဲ့ရပေမယ့် ဘာလျော်ကြေးမှလည်း
မရဘူးလို့ ဆိုပါတယ်။

ဒေါ်တင်တင်အေးဟာ ပုံမှန် မဟုတ်တဲ့၊ လူမြင်ရင် ကြောက်ပြီး ပုန်းကွယ်တဲ့ အကျင့် ရှိနေတုန်းပဲ လို့ ဆိုပါတယ်။ သူ့ရဲ့ ညာဘက်မျက်စိ ကွယ်နေသလို နောက်တဖက်ကိုလည်း
ကူးစက်ပြီး ကွယ်မဲ့ အခြေအနေကို ရင်ဆိုင်နေရပြီး ဆရာဝန်နဲ့ ပြသဖို့ ငွေ ကြေးအကူအညီ အပူတပြင်း လိုနေပါတယ်။ သူဟာ ကလေးတယောက်လို အသိ ဉာဏ်မျိုးနဲ့ လူ့လောကကြီးရဲ့
ဖြစ်ထွန်းတိုးတက်မှု မှန်သမျှ ဘာမှ မသိတဲ့ပုံစံ ဖြစ်နေပါတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

စတင် ပျောက်ဆုံးခြင်း

ဖြစ်ပွားပုံအစကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်က ဒိုက်ဦးမြို့နယ် သပြေတန်းကျေးရွာက ဦးညွန့်နဲ့ ဒေါ်လှမင်းတို့ရဲ့သမီး မတင်တင်အေးဟာ ၉ နှစ် သမီး အရွယ်မှာ
ဖခင် ဆုံးပါးခဲ့သလို မိခင်က နောက်အိမ်ထောင်ပြုရင်း ဘောလယ်ရွာကို အပြောင်းမှာ ဦးအာဖျံရဲ့ ဇနီး ဒေါ်အုန်း ဆိုသူက သူနဲ့ ထည့်လိုက် ထောက်ပံ့မယ် ဆိုလို့ ထည့်လိုက်တာကနေ
အဆက်အသွယ် မရတော့ဘဲ ပျောက်သွားတာလို့ ဆိုပါတယ်။

ဦးအာဖျံ-ဒေါ်အုန်းတို့ကနေ သူတို့လက်ထက်ထိ ပုံစံ သွင်းထားပြီး တောက်လျှောက် ခိုင်းနေတာလို့ ဆိုပါတယ်။ မတင်တင်အေးရဲ့မိခင် ဆုံးချိန်မှာ ဆွေမျိုးတွေက သွားမေးတော့
မရှိဘူးလို့ ဖြေပြီး အစရှာလို့ မရတော့ဘူးလို့ ဆိုပါတယ်။

နှစ် ၄၀ အကြာမှာ ပြန်လည်စုံစမ်း

ဒီလိုနဲ့ နှစ်ပေါင်းကြာလာပြီးတဲ့နောက် မတင်တင်အေးရဲ့ အကိုဝမ်းကွဲ ဦးလှမြင့်နဲ့ သူ့မိတ်ဆွေတွေဟာ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကစပြီး ပြန်လည် စုံစမ်းဖော်ထုတ်ခဲ့တာပါ။

အဲဒီအိမ်မှာ သံစည်ပိုင်းပြတ်တွေ၊ ဂုံနီအိတ်တွေ အရောင်းအဝယ် လုပ်တော့ အဝင်အထွက် လုပ်ပြီး စုံစမ်းခဲ့ပေမယ့် အိမ်အတွင်းပိုင်း ဝင်ခွင့် မသာသလို မတွေ့ခဲ့ပါဘူး။
ဦးလှမြင့်တို့က အသက် ၇ဝ ကျော် ကျောင်းဆရာမဟောင်းတွေ ဖြစ်တာကြောင့် တိုင်ကြားချက် မမှန်ရင် အသရေဖျက်မှုနဲ့ ပြန်အရေးယူခံရမှာကို စိုးရိမ်တာကြောင့် ရဲကို မတိုင်ဖြစ်ဘူးလို့
ဆိုပါတယ်။

ဒါနဲ့ အဲဒီအိမ်က အငယ်ဆုံး ဆရာမ ဒေါ်နိုင်နိုင်ဆွေက အိမ်မှာ ကျူရှင်ဖွင့်တော့ ဦးလှမြင့်က သူ့သမီး ၉ တန်း ကျောင်းသူကို ကျောင်းတက်ခိုင်းပြီး ဖော်ထုတ်ခဲ့တာလို့ ဆိုပါတယ်။

တွေ့ပြီ

ကလေးမလေးက ကျောင်းတက်ရင်း အိမ်နောက်ဘက်ကို သွားစုံစမ်းတဲ့အခါ ဒေါ်တင်တင်အေးကို မမျှော်လင့်တဲ့အချိန်မှာ အခန်းတခန်းထဲမှာ တွေ့လိုက်ရပြီး သူ့အဖေ


သင်ကြားထားတဲ့အတိုင်း ငယ်နာမည် ခေါ်လိုက်ရာမှာ အဲဒီအမျိုးသမီးက သူ့ရင်ဘတ်လေး ပုတ်ပြပြီး ငါပါလို့ ဖြေတယ်လို့ ဆိုတယ်။

ဒီအကြောင်းကို ရွာသားတဦးက ခုလို ပြောပါတယ်။

“ဦးအဖြန် ဒေါ်အုန်း မိသားစု နေထိုင်ကြတဲ့ ဒေါ်ကြင်လွှမ်း၊ ဒေါ်ကြင်မြစိန်၊ ဒေါ်နိုင်နိုင်ဆွေတို့ အိမ်မှာတော့ ဒီကလေးမလေး ရှိတယ်ဆိုတာကို ထပ်မံပြီးတော့ သတင်းလေး
နည်းနည်းပါးပါးပေါ့လေ တိတိကျကျလေး ရလာတယ်။ ကိုလှမြင့်ကနေပြီးတော့ အဲဒီအိမ်ကို သူ့သမီးကို ကျူရှင်တက်ခိုင်းတာ။ ကလေးမလေးက ကျောင်းသားဆိုတော့ နောက်ဖေးတွေ
ဘာတွေ အပေါ့အပါး သွားတော့ အဲဒီမှာ မမျှော်လင့်ဘဲနဲ့ သူတွေ့လိုက်တဲ့ အချိန်မှာ အခန်းတခန်းမှာ တွေ့လိုက်တော့မှ အဲဒီမှာ တင်တင်အေးဆိုတဲ့ နာမည်ကို ခေါ်လိုက်တယ်။
ခေါ်လိုက်တော့မှ သူက ရင်ဘတ်ကလေး ပုတ်ပြပြီး ငါပါဆိုတော့ ဒီကလေးမကလည်း သူ့အဖေကို နည်းပရိယာယ်နဲ့ပေါ့ ခေါင်းကိုက်လို့ ဗိုက်နာလို့ ဆိုပြီးတော့ ကျောင်းချိန်မပြီးခင်လေးမှာ
ပြန်သွားပြီး သူ့အဖေကို ပြောပြတယ်”

နှစ် ၄၀ ကျော် ကျွန်ပြု၊ အကျဉ်းချခံရသူ၏ လက်ရှိ အခြေအနေ

ဒေါ်တင်တင်အေးရဲ့လက်ရှိအခြေအနေနဲ့ပတ်သက်လို့လည်း သူက ခုလို ပြောပါတယ်။

“ပေတရာလမ်းပေါ် ချထားရင် ဘယ်မှ မသွားတတ်ဘူး။ ၅ဝဝ တန် တခု လက်ထဲ ထည့်ပြီးတော့ ကဲ ညီး လွတ်လွတ် လပ်လပ် သွားဝယ်စား ဆိုပြီး လွှတ်လိုက်လဲ ဘာမှ
ဝယ်မစားတတ်ဘူး။ နောက် တိုတို ပြောရရင်ဗျာ မြန်မာနိုင်ငံသား တယောက်ဖြစ်ပြီး ဘုရားစင် ဆိုတာလည်း သူ အခုမှ တွေ့ဖူးတယ်။ ရှစ်တောင် မခိုးတတ်ဘူး။ ငါးပါးသီလတို့၊
ဆွမ်းကပ်တာ၊ ရေကပ်တာ၊ ဆီမီးကပ်တာ ဘာမှ မသိဘူး။ အဲဒါ အခု ညီမလေးက သင်ပေးနေရတယ်။ နောက် သူ့ကြည့်ရတာ နောက်ဆုံး ပြောရရင် ဘယ်လောက် အဖိအနှိပ်
အချုပ်အချယ် ခံရတယ် မသိဘူးခင်ဗျ လူတယောက်ကို တွေ့တာနဲ့ သူက သုတ်ဆို နောက်ဖေးသွားပြီး ဟိုး ချောင်ထဲမှာ သွားထိုင်နေတယ်။ သွားတဲ့အချိန်မှာလည်း သိမ်သိမ်မွေ့မွေ့လေး
လက်ကလေး နှစ်ချောင်း ပေါင်ကြားထဲ ညှပ်ပြီး ကုန်းပြီးတော့ အဲဒီလို တော်တော်ကို နှိပ်ကွပ်ခံထားရတဲ့၊ အကျပ်ကိုင်ပြီး လုပ်ထားတဲ့ ပုံစံကတော့ အခုထက်ထိ မပျောက်သေးဘူး”

ပြန်လွတ်လာတဲ့ ဒေါ်တင်တင်အေးရဲ့ ပြန်လည် ပြောဆိုချက်အရ သူ့ကို အိမ်နောက်မှာ မီးဖိုဆောင်၊ ထင်းတဲ၊ ရေတွင်း၊ အိမ်သာ အဲဒီပတ်ဝန်းကျင်မှာပဲ သူက ကြီးပြင်းလာရပြီး
အပြင်ထွက်ခွင့် လုံးဝ မရှိဘူး လို့ ဆိုပါတယ်။ မနက်ကို သုံးနာရီခွဲ အိပ်ရာ ထရပြီး တနေ့ကို ပဲ ရှစ်ပြည် ပြုတ်ရတယ် လို့ ဆိုပါတယ်။ သူပြုတ်တဲ့ ပဲနဲ့ ပဲပုတ် လုပ်ပြီး ရောင်းချ စီးပွားလုပတာ

လို့ ဆိုပါတယ်။

အကိုဦးလှမြင့်က သူ့ညီမ ဒီအိမ်မှာ ရှိမှန်းသိတဲ့အခါ ရယကရုံးကို တိုင်ကြားလို့ အဲဒီ ကျောင်းဆရာမကြီးတွေနဲ့ မတင်တင်အေးကို ရဝတ ရုံးမှာ ဆင့်ခေါ်ပြီး ဦးလှမြင့်တို့ကို
ပေးတွေ့တာကြောင့် ဦးလှမြင့်ဟာ ဆယ်စုနှစ်ပေါင်း များစွာ ကွဲကွာနေတဲ့ညီမကို ပြန်တွေ့ပါတယ်။

စောင့်ရှောက်ထားတယ် ဟု ဆို

ဒီတွေ့ဆုံပွဲမှာ ဒေါ်တင်တင်အေးကို ငွေကြေးနဲ့ ဝယ်ထားတာ မဟုတ်ဘဲ မိသားစုလို ကျွေးမွေး စောင့်ရှောက်ထားတယ် ဆိုတဲ့ဘက်က ရပ်တည်ပြီး အိမ်ရှင်ဘက်က
ပြောဆိုပါတယ်။

ဦးလှမြင့်ဘက်က သူ့ညီမ စာရေးစာဖတ် မတတ်ပုံ၊ မှတ်ပုံတင် လုံးဝ မရှိပုံ၊ အိမ်ထောင်စုဇယားထဲမှာ မပါပုံ၊ ပိုက်ဆံတွေကို ဘာတခုမှ မသိပုံ စတာတွေကို ထောက်ပြပြီး ကျွေးမွေး
စောင့်ရှောက်တယ်လို့ ပြောတာကို လက်မခံကြောင်း ပြောဆိုပြီး တရားရုံးမှာ တရားစွဲဆိုပါတယ်။

ရဲစခန်းရဲ့ ပြောဆိုချက်

တရားရုံးမှာ ပြီးခဲ့တဲ့နှစ် ၈ လပိုင်း ၃ ရက်နေ့မှာ ဦးတိုက် လျှောက်တဲ့အခါ ရဲအရေးပိုင်ကိစ္စ ဆိုပြီး လွဲခဲ့ပါတယ်။ အဲဒီနောက် ရဲက တာဝန်ယူ မဖြေရှင်းဘဲ အမှုတွဲကို မြို့နယ်
အမျိုးသမီးရေးရာ အဖွဲ့ ဥက္ကဋ္ဌက ကြားဝင် ကိုင်တွယ် ဆောင်ရွက်ခဲ့တယ်လို့ ပြောပါတယ်။

ဒီနောက် မိသားစုချင်း ပြန်တွေ့ရတာ ဝမ်းသာတယ် ဆိုတဲ့ လက်မှတ် ထိုးခိုင်းပြီး ၈ လပိုင်း ၂၆ ရက်နေ့ ၂ဝ၁ဝ မှာ မိသားစုတွေ ပြန်လည် ပေါင်းစည်းမိပါတယ်။
အိမ်ရှင်ဆရာမကြီးတွေဘက်က နှစ်ပေါင်း ၄၀ ကျော် ပြုကျင့်ခဲ့သမျှကို ဘာအရေးယူ ဆောင်ရွက်မှု၊ ဘာလျော်ကြေးမှ မပေးတော့ဘဲ ဆက်ဆံရေး ပြတ်တောက်သွားတယ် လို့ ဆိုပါတယ်။

ဒိုက်ဦးမြို့နယ် ရဲစခန်း တာဝန်ရှိသူတွေကို မေးမြန်းကြည့်ရာမှာတော့ အဲဒီကျောင်း ဆရာမဟောင်းကြီး နေအိမ်မှာ ဒေါ်တင်တင်အေး နှစ်ပေါင်း ၄၀ ကျော်ကြာ ချုပ်နှောင်
ခိုင်းစေခံရတယ် ဆိုတာကို လာတိုင်ပါကြောင်း၊ ဒီအမှုကို ရဲက အမှုမဖွင့်ဘဲ ဦးလှမြင့်ဘက်က ညီမလေး ပြန်ရရင် ကျေနပ်ပါပြီလို့ ပြောလာလို့ ပြန်အပ်လိုက်ပြီးပါပြီ၊ အမှု မဖွင့်ပါဘူးလို့
ပြောပါတယ်။ ဒိုက်ဦးရဲစခန်းမှူး ဒုရဲအုပ် ဦးလှမိုးအောင်က ဒီအမှုကိစ္စကို မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ထံ လွဲပြောင်းပေးအပ်လိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

“ဒီဥစ္စာက ကျနော်တို့ဆီက သူတို့က လာဦးတိုက်လျှောက်တင်တော့ ဦးတိုက် လျှောက်ချက်က သူတို့က ဒီဥစ္စာဆိုရင် ကျနော်တို့က ကျေကျေနပ်နပ် အမှုမဖွင့်တော့ဘူး ဆိုတော့
သူညီမ ရရင် ပြီးပြီ ဆိုပြီး သူ့ကို နှစ်သိမ့်တယ်။ ထိန်းထားတဲ့ ဥစ္စာပေးလိုက်တယ် သူတို့ ညီမကို”

အဲဒီကိစ္စက အမျိုးသမီးရေးရာအဖွဲ့ကနေ ပြီးတော့ ကိုင်လိုက်တယ်ဆို ဟုတ်လား။


“ဟုတ်ကဲ့ -- သူတို့က ဒီလိုပဲ ကျနော်တို့ စခန်းမှာ ဒီလိုပဲ ဖြစ်သွားတာ ကျနော်တို့ ဆီမှာက။ စခန်းမှူးလည်း ဒီဥစ္စာပဲ တွေ့ပေးလိုက်တာ ဒီဥစ္စာက သူတို့ဆီမှာ”

အဲဒီတုန်းက အခြေအနေအရ ဒိုက်ဦးရဲစခန်းမှူး ဦးလှမိုးအောင်ဟာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌထံ အမှုလွဲအပ်တာနဲ့ပတ်သက်လို့လည်း ဦးလှမြင့်တို့ဘက်က မကျေမချမ်း


ဖြစ်ခဲ့ပါတယ်။ ဥပမာအားဖြင့် ဒေါ်ကျင်လွမ်းတို့ တတွေဟာ တရုတ်နွယ်ဖွားတွေဖြစ်ပါတယ်။ အမျိုးသမီးရေးရာ ဥက္ကဋ္ဌဟာ မယက ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းရဲ့ ဇနီးသည် ဒေါ်နွေမိုးအေး
ဖြစ်ပြီး ဝ လူမျိုးဖြစ်တာကြောင့် တရုတ်သွေးစပ်တဲ့ ဆရာမကြီးတို့ ကိစ္စကို အရေးယူ ဆောင်ရွက်ချက်တွေ မလုပ်အောင် ဘက်လိုက် ဆောင်ရွက်တယ်လို့ ဦးလှမြင့်ဘက်က ယူဆပြီး
တရားဥပဒေအတိုင်း ဖြေရှင်းစေချင်ကြပါတယ်။

အခုတော့ မယက ဥက္ကဌ ဦးထွန်းထွန်းဝင်း တာဝန် အပြောင်းအလဲနဲ့အတူ ဒီကိစ္စကို ကိုင်တွယ်ခဲ့တဲ့ဒေါ်နွေမိုးအေးလည်း ဒိုက်ဦးက အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ တာဝန်
မရှိတော့ပါဘူး။

ဆေးကုသရန် အကူအညီ လိုသည်

ဒေါ်တင်တင်အေးဟာ ဘာကြောင့်မှန်းမသိရဘဲ ညာဘက်မျက်စိ ကွယ်နေပြီး ဘယ်ဘက်မျက်စိပါ ကွယ်မယ့် အခြေအနေ ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် ဦးလှမြင့်က
(မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး အထူးတပ်ဖ)ွဲ့ ရဲမှူးကြီးစစ်အေးဆီ ကိုင်တွယ် အရေးယူဖို့ တိုင်ခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွေ၊ ILO တွေကိုလည်း မိတ္တူ ပို့ခဲ့သလို ပြည်တွင်းက
ဌာနဆိုင်ရာ ၁၈ ခုစလုံးကို လူသိရှင်ကြားဖြစ်အောင် မိတ္တူပေးထားပြီး ဒီကိစ္စကို သနပ်ပင်နဲ့ ဒိုက်ဦးမှာ နှစ်ကြိမ် စစ်ဆေး ကိုင်တွယ်မေးမြန်းမှုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒေါ်တင်တင်အေးရဲ့ လက်ရှိအခြေအနေကို အဲဒီ ရွာသားက ခုလို ပြောပါတယ်။

“လတ်တလောမှာတော့ ဒေါ်ကျင်လွမ်းတို့ကို အရေးယူခြင်း မယူခြင်းထက် ဒေါ်တင်တင်အေးရဲ့ ဘယ်ဘက်မျက်လုံး ကုသနိုင်အောင် ငွေကြေး အကူအညီ ဦးလှမြင့်တို့မှာ အထူး
လိုအပ်နေပါတယ်။ နှစ် ၄၀ ကျော်ကြာ နေအိမ်တွင်း ချုပ်နှောင် ခိုင်းစေတဲ့ လုပ်ရပ်အပေါ် ရဲမှုးကြီး စစ်အေး ဦးဆောင်တဲ့ မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး အထူးတပ်ဖွဲ့က ဘယ်လို
ကိုင်တွယ် ဆောင်ရွက်မယ် ဆိုတာကလည်း စောင့်ကြည့်ရမှာပါဗျာ”

မူရင်း - DVB အသံလွှင့်ဌာန www.dvb.no

ကာတွန်း ဘီရုမာ - တိုင်းပြည် အင်အားရှိဖို့ အရေးကြီးတယ်


ဇန်န၀ါရီ ၂၈၊ ၂၀၁၁

ဇင်းမယ်က ဇာဂနာ ရွှေရတု မွေးနေ့


ဓာတ်ပုံသတင်း
ဇန်န၀ါရီ ၂၇၊ ၂၀၁၁

ယနေ့ ကျရောက်သည့် ဇာဂနာ၏ နှစ် ၅၀ ပြည့် မွေးနေ့ အမှတ်တရ အစီအစဉ်များကို ထိုင်းနိုင်ငံ၊


ချင်းမိုင်မြို့ (ဇင်းမယ်မြို့) ရှိ ၀ပ်ဆိုင်းမွမ်း မြန်မာဘုန်းကြီးကျောင်းတွင် ပြုလုပ်ကြသည်။ ဇာဂနာ၏ မိတ်ဆွေတချို့နှင့် ဇာဂနာကို ချစ်သူတချို့ စီစဉ်ကြခြင်း ဖြစ်သည်။
လူရွှင်တော် ဇာဂနာက ပူတာအိုထောင်တွင် ရောက်နေသည်။ (photos; moemaka)
ကိုဇာဂနာ ၅၀ ပြည့် အမှတ်တရ သရော်စာ ပြန်ဆိုတေး

ပျော်တော်ဆက်သာဂိ

ဇန်န၀ါရီ ၂၇၊ ၂၀၁၁

ကိုဇာဂနာရေ

ကျနော် အယင်က ကိုဇာဂနာကိုတိုင်တည်ပြီး ရေးခဲ့တဲ့ စာပြောင်တွေ ရှိခဲ့ဖူးတယ်။ မိုးမခမှာ တင်ဆက်ခဲ့သမျှကို အခု တစုတည်း ပြန်ဖတ်နိုင်အောင် ပြုစုပေးလိုက်ပါတယ်။
မွေးနေ့လက်ဆောင်ဆိုတာ အမှတ်တရတွေ စုပေးတာဆိုတော့ အခုတလော မရယ်နိုင်တာနဲ့ ရယ်ခဲ့ဖူးတာတွေ ပြန်စုပြီး ကိုဇာဂနာ နှစ် ၅၀ မွေးနေ့ကို လက်ဆောင်ပေးပါတယ်။

သင့် ...

ပျော်တော်ဆက်သာဂိ

စာမူများစာရင်း ...

၁။ ရန်သူကို မိတ်ဆွေဖွဲ့ကြပါ

၂။ ရွေးကောက်ပွဲဆိုတာ ဂျိုနဲ့လား

၃။ ကိုဇာဂနာဖတ်ဖို့ သင်္ကြန်စာ

၎။ ခြေလေးချောင်း ရွေးကောက်ပွဲနဲ့ လေးဘက်ထောက် လွှတ်တော်

၅။ ၂၀၁၀ အကြံဥာဏ်သစ်များ

၆။ ဗိုလ်ချူပ်ဈေးကြီး ၀ယ်ပေးမယ်

၇။ မွေးနေ့အတွက် ကင်ပိန်း

၈။ ရွေးကောက်ပွဲထဲမှာ သူတို့ကို ထားရစ်ခဲ့

၉ ။ ခရစ်စမတ်ကဒ် လက်ဆောင်

၁၀။ အကောင်းမမြင်သမားရဲ့ ဆွမ်းတော်ခွက်

၁၁။ ကိုယ်က အဖြူဆို သူက အမည်း

၁၂။ မြို့မေတ္တာခံယူမယ့် မိုးမခငတိကလေးပေမို့

၁၃။ ဗိုလ်သန်းရွှေ ထီပေါက်ခြင်း

၁၄။ ယက်တောကို လွှတ်ပေးဖို့ ဗိုလ်သန်းရွှေ တွေ့ချင်တဲ့သူ

ကာတွန်း စောငို - သတင်းထောက် မလာရ

စင်ကာပူရောက် မြန်မာပြည်သားတို့ ရုန်းကန်နေရသည့်ဘဝ


ဓာတ်ပုံသတင်း
ဇန်န၀ါရီ ၂၇၊ ၂၀၁၁
စင်ကာပူမှ မြန်မာပြည်သားတို့ ၀င်ငွေထွက်ငွေ မမျှတသောကြောင့် အခက်တွေ့နေကြောင်း ယနေ့ထုတ် 7DAY NEWS ဂျာနယ်တွင် အထက်ပါအတိုင်း ရေးထားသည်။ တချို့က
ပြည်တော်ပြန်ရန်ပင် စိတ်ကူးနေသည် ဟူ၏။

ဇာဂနာ ၅၀ သီးလေးသီး သီးညီနောင် မောင်နှမများ ဂုဏ်ပြုမည်


မိုးမခအထောက်တော် ချင်းမိုင်
ဇန်န၀ါရီ ၂၈၊ ၂၀၁၁
ယနေ့ညနေမှာ ပြည်သူ့အချစ်တော် စွယ်စုံရအနုပညာရှင် လူရွှင်တော်ကိုဇာဂနာရဲ့ ရွှေရတုမွေးနေ့  အထူးဂုဏ်ပြုတင်ဆက်မည့် အနုပညာကပွဲအစီစဉ်အား ထိုင်းနိုင်ငံ
ချင်းမိုင်မြို့ မှာ တင်ဆက်ကပြဖျော်ဖြေမှာဖြစ်ပါတယ် ။ ကိုဇာဂနာရဲ့ အနုပညာမျိုးဆက်များဖြစ်တဲ့ သီးလေးသီး - သီးညီနောင် မောင်နှမများက အနုပညာ ဂါရ၀ပြုကြမှာ ဖြစ်ပါတယ်။

ကပွဲဖြစ်မြောက်ရေးအတွက် အမေရိကားနဲ့ ထိုင်းနိုင်ငံရောက် မြန်မာမိတ်ဆွေများက ပူးပေါင်းကူညီပံ့ပိုးပေးကြတယ်လို့ ဆိုပါတယ်။ အကျဉ်းသားများလွတ်မြောက်ရေး


တေးသရုပ်ဖေါ် ကကွက်များကိုလဲ အထူးတင်ဆက်ထားကြောင်း သီးလေးသီး လူရွှင်တော် တဦးက ပြောပြခဲ့ပါတယ် ။
သီးလေးသီးနဲ့ ဆေးရောင်စုံ အငြိမ့်အဖွဲ့ဟာ ၂၀၀၇ နှစ်ကုန်ပိုင်းက စတင်လို့ ပြည်ပဖျော်ဖြေရေးပွဲများ ထွက်လာခဲ့ပြီးနောက် စစ်အစိုးရကို ဝေဖန်တဲ့
အနုပညာတင်ဆက်မှုများဖြင့် ထင်ရှားခဲ့ပါတယ်။ ပြက်လုံးတွေ၊ အနုပညာတင်ဆက်မှုတွေဟာ ကိုဇာဂနာရဲ့ လက်ရာတွေဖြစ်တယ်လို့ အများက သဘောထား နှစ်ခြိုက် အားပေးကြပါတယ်။
ယခုလက်ရှိမှာတော့ နာဂစ်မုန်တိုင်းကယ်ဆယ်ရေး စွမ်းဆောင်သူ၊ စစ်အစိုးရရဲ့ ပျက်ကွက်မှုများကို ဝေဖန်သူ ကိုဇာဂနာကို စစ်အစိုးရက ထောင် ၃၅ နှစ် ချပြီး အကျဉ်းချထားပါတယ်။
ဖိတ်စာက သည်မှာ ဖြစ်ပါတယ်။ အခုညနေ ချင်းမိုင်တက္ကသိုလ်ဝင်း၊ အတ်မြူဇီယံ ခန်းမ၊ ညနေ ၆ နာရီ ခွဲက ၉ နာခွဲ ပါ။
http://moemaka.com/index

ကုန်ဈေးနှုန်းမြင့်တက်လာခြင်းကြောင့် နယ်စပ်နေပြည်သူများအခက်အခဲတွေ့

မိစိုးစိုး၊ ကောင်းဝါသတင်းဌာန
ပြာသိုလဆုတ် ၈ရက်။ဇန်နဝါရီ ၂၇၊၂၀၁၁။
မိစိုးစိုး(ဇန်နဝါရီ-၂၇)။ ။ ထိုင်းမြန်မာနယ်စပ်တွင် နေထိုင်နေသူများနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည်၊ ကုန်ဈေး နှုန်းထက်ဝက်မက မြင့်တက်လာသည့်အတွက်
အခက်အခဲအကျပ်အတည်းနှင့် နေထိုင်နေရသည်ဟု ဘုရား သုံးဆူမြို့ခံတစ်ဦးကပြောလာပြီး ထိုင်းနိုင်ငံနယ်စပ် နေရာအနှံ့အပြားတွင် ယ္ခင်ကထက် အကျပ်အတည်းနှင့်
ရင်ဆိုင်နေကြရပြီး အလုပ်လုပ်ရတာ အဆင်မပြေကြောင်း ပြောဆိုနေကြသည်။
ထိုင်းနိုင်ငံနေရာ အနှံ့အပြားမှာကုန်ဈေးနှုန်းမြင့်တက်နေခြင်းဖြစ်ပြီး ယခင်ကဆိုလျှင် အခြေခံစား သောက်ကုန်ဖြစ်သည့် ကြက်သွန်နီ ၁ကီလို ၂၀ဘတ်၊ ကြက်သွန်ဖြူ ၁ ကီလို ၄၅ ဘတ်၊
ဆီတစ်ဗူး ၃၅ဘတ်ပေးဝယ်နေကြပြီး ၊ ယ္ခုဆိုလျှင် ကြက်သွန်နီ ၁ကီလို ၅၀ဘတ်၊ ကြက်သွန်ဖြူ ၁ကီလို ၇၅ဘတ်၊ ဆီ ၁ဗူး ၆၀ဘတ် ပေးဝယ်နေကြရကြောင်းအိမ်ရှင်မ
တစ်ဦးမှပြောပါသည်။

၎င်းကို ထိုင်းမြန်မာနယ်စပ် ကန်ချနဘူရီခရိုင်၊ စံခရဘူရီမြို့တွင် ကုန်စုံဆိုင်ဖွင့်ထားသူတစ်ဦးက “ အခုဆိုလို့ရှိရင် လမ်းပန်းဆက်သွယ်ရေးက မကောင်းတော့ မဲဆောက်ကနေ ဘန်ကောက်
ပြီးတော့မှ ကျွန်တော်တို့ဆီကို ပစ္စည်းတွေလာပို့တယ်လေ အဲဒီအတွက် ကုန်ဈေးနှုန်းတွေမြင့်တက်လာရတာပါ၊ဈေးလဲ ဒီထက်တင်ရောင်းလို့လဲ မရတော့ အရမ်းကိုခက်တယ်၊
ကိုယ့်အတွက် သိပ်မကျန်တော့ဘူး၊ အရင်းလောက်ပဲ ကျန်တယ် ရရစားစားဖြစ်သွားတာပေါ့ဗျာ”ဟုထိုသူကပြောသည်။

မြန်မာပြည်မှလာသော ကုန်ပစ္စည်းမှန်သမျှဈေးတက်နေသည့်အတွက် မြန်မာလူမျိုးအများပြား နေထိုင်သော ထိုင်းမြန်မာနယ်စပ်တလျှောက်တွင်


ကုန်ရောင်းကုန်ဝယ်လုပ်ဆောင်ရသည်မှာ အဆင်မပြေ ကြောင်း ထိုသူကပြောပါသည်။

“ကြက်သွန်နီ ၁ကီလိုတွင် ၂ဘတ်သာအမြတ်ရရှိပြီး ယ္ခင်ကဆိုရင် ၅ဘတ်ထိမြတ်နေကြောင်း၊ ထို့နောက် ကြက်သွန်နီ၁၀ကီလိုတွင်၁ကီလိုလျော့နေပြီး အပုပ်တွေလဲပါနေသေးကြောင်း၊


ငါးခြောက်တွေ ဆိုလည်း အရင်ကတစ်ကီလို ၁၂၀တန်ဆိုလျှင်အကောင်းတွေသာရမှာဖြစ်ပြီး ယ္ခုဆိုလျှင်အငံတွေသာရမည် ဖြစ်ကြောင်း၊ ပစ္စည်းမှန်သမျှဟာတက်လာနေလို့
ကုန်ရောင်းဝယ်လုပ်ရတာ ယ္ခင်ကလောက် အဆင်မပြေကြောင်း” ထိုသူက ဆက်ပြောသည်။
ထို့အပြင် ကုန်ဈေးနှုန်းမြင့်တက်ခြင်းနှင့်ပတ်သတ်၍ ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော မြန်မာရွေ့ပြောင်း အလုပ်သမားများသည်လည်း ရေဖိုး၊ မီးဖိုး၊ နေစရိတ်အပြင်
စားစရိတ်ကပါတက်လာ သည့်အတွက် ယ္ခင်က နေအိမ်သို့ တစ်လတစ်ကြိမ် ငွေများပေးပို့နိုင်သော်လည်း ယခုတွင်မူ ငွေများမစုဆောင်းနိုင်ကြောင်း
မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ယ္ခုလိုပြောပါသည်။

“ကျွန်မတို့လဲ၊ လာတုန်းက အဆင်ပြေတယ်လို့ပြောရမယ်၊ တစ်လမှာ ကျပ်ငွေ ၂သိန်း ၂သိန်းခွဲလောက်ပေးနိုင်တယ်၊ အခုဆိုလို့ရှိရင် အလုပ်သမားကဒ်အတွက်


လင်မယားနှစ်ယောက်ပေါင်း ဘတ်ငွေရှစ်ရာပေးနေရတယ်၊ နောက်တော့စားစရိတ်က အရမ်းကိုဈေးကြီးနေတယ်၊ ဒါပေမဲ့ဆန်က ဈေးမတက်တော့နဲနဲသက်သာသွားတယ်၊ဟိုတလောက
နေမကောင်းလို့ဆေးဖိုးအတွက်ပါ ကုန်သွားတော့ တစ်လမှာ ငွေနဲနဲကျန်ရအောင်မနည်း စိစစ်ရတယ်၊ အိမ်ကိုလဲမပို့နိုင်တော့ဘူးလေ လုပ်သလောက် ကုန်သွားတယ်
ဒီဘဝကနေမထွတ်နိုင်သေးဘူး”

ဘုရားသုံးဆူမြို့တွင် ပြည်တွင်းကိုဆက်သွယ်သည့် ကုန်းလမ်းရေလမ်းများပိတ်ထားသဖြင့် ကုန်စည် စီးဆင်းမှုရပ်တန့်သွားကာ ယ္ခုလိုကုန်ဈေးနှုန်းမြင့်တက်သွားသည်ဟု


ဘုရားသုံးဆူမြို့နေ ကုန်သည်တစ်ဦး ကပြောပါသည်။ အလားတူ ထိုင်းနိုင်ငံထုတ်စားသုံးကုန်ပစ္စည်းများသည်လည်း ဈေးမြင့် တက်သွားခြင်း ကြောင့် ဒေသခံများအနေနှင့်
စားသောက်စရိတ် ပိုလာသည့်အတွက် အခက်အခဲနှင့် ကြုံတွေ့နေရသည်ဟု ဘုရားသုံးဆူမြို့နေ အိမ်ရှင်မတစ်ဦးကပြောပါသည်။

မြန်မာစစ်တပ်နှင့် ကရင်လက်နက်ကိုင်တပ်ဖွဲ့တို့ဘုရားသုံးဆူဒေသတွင်တိုက်ပွဲဖြစ်ပွါး

ကိုသိုက်၊ ကောင်းဝါသတင်းဌာန
ပြာသိုလဆုတ် ၈ရက်။ဇန်နဝါရီ ၂၇၊၂၀၁၁။
ကိုသိုက(် ဇန်နဝါရီ-၂၇)။ ။ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်သည့် ဘုရားသုံးဆူဒေသတွင် စစ်အစိုးရတပ်နှင့် နယ်ခြားစောင့်တပ်ဖွဲ့အသွင် ပြောင်းဖို့ငြင်းဆန်ခဲ့သည့်
ဗိုလ်မှူးစောအေ၀မ်းဦးဆောင် ဒီကေဘီအေတပ်ဖွဲ့နဲ့ ကေအာန်ယူခေါ် ကရင် အမျိုးသား အစည်းအရုံးမှ တပ်များပူးပေါင်းတပ်တို့ ယနေ့မနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွါးခဲ့သည်ဟု
ဒေသခံများက ပြောပါသည်။ ဘုရားသုံးဆူဒေသ ဘုရားတောင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွါးခဲ့သည်ဟု အဆိုပါဒေသခံမှ ပြောပါသည်။
“မနက်(၈)နာရီကဖြစ်ပြီးတော့ တပ်ဘက်ဆုတ်သွားတယ်။ နောက်(၁၀)နာရီခွဲလောက် ပြန်ဖြစ်ပြီးတော့ (၁၂)နာရီ လောက်မှပြီးတယ်။ ကေအန်ယူနဲ့ဒီကေဘီအေပေါင်းပြီး
တပ်ကိုတိုက်တယ်ပေါ့။ သူတို့လှမ်းပစ်တဲ့ပုံစံက လက်နက်ကြီးချည်းဘဲ။ နှစ်ပွဲလုံးလက်နက်ကြီးတွေနဲ့ဘဲ ထုကြတယ်။”

ဤတိုက်ပွဲတွင်မြန်မာစစ်တပ် ခလရ(၄၀၂)ဘက်မှ တစ်ဦးကျဆုံးသွားသည်ဟု စစ်တပ်နှင့်နီးစပ်သူတစ် ဦးမှပြောသော်လည်း သီးခြားအတည်ပြုချက်မရရှိသေးပါ။

ကြာအင်းဆိပ်ကြီးမြို့နယ် တောင်စွန်းကျေးရွာတွင်ရောက်ရှိနေသည့် မြန်မာစစ်တပ်၏စားနပ်ရိက္ခာနှင့် လက်နက်ကျည်ဆံများ သယ်ဆောင်သည့်လမ်းကြောင်းကို ဒီကေဘီအေတပ်နဲ့


ကေအာန်ယူတို့ပူးပေါင်းပြီး ပိတ်ဆို့ဖြတ်တောက်ရန်အတွက် ယခုလိုတိုက်ပွဲပုံဖေါ်နေသည်ဟု ဒီကေဘီအေအရာရှိတစ်ဦးမှပြောပါသည်။ ယမနေ့ကလည်း
ခလရ(၄၀၆)မှတပ်သားတစ်ဦးသည် ကေအာန်ယူဘက်မှထောင်ထားဗုံးကိုနင်းမိ၍ တစ်ဦးကျဆုံး သွားကြောင်း ဒေသခံတစ်ဦးမှပြောပါသည်။

ဘုရားသုံးဆူနှင့် မွန်ပြည်နယ်သံဖြူဇရပ်ကိုသွားသည့်မော်တော်ကားလမ်းကိုလည်း ကေအာန်ယူ ဘက်မှ ပိတ်ပင်ထားသဖြင့် မြန်မာစစ်တပ်အနေနဲ့


ရိက္ခာအခက်အခဲတွေနဲ့တွေ့ကြုံနေရသည်ဟု စစ်တပ်နှင့် နီးစပ်တဲ့ သူတွေကပြောပါသည်။

ပြီးခဲ့တဲ့ဇန္ဖာဝါရီ(၂၅)ရက်နေ့မှစပြီး ဘုရားသုံးဆူမြို့ဒေသခံတပ်မှ ပုဂ္ဂလိကပိုင်မော်တော်ကားများကို ရိက္ခာသယ်ဆောင်ရန်အတွက် အတင်းချောဆွဲအဓမ္မခိုင်းစေမှုများပြုလုပ်ခဲ့သည်ဟု


မြို့ခံများမှပြောပါသည်။ ယာဉ်ပိုင်ရှင်များအနေနှင့် နှစ်ဖက်တိုက်ပွဲအတွင်း၌ မိမိတို့၏အသက်အန္တရာယ်အတွက်စိုးရိမ်ပြီး မော်တော် ကားများကို ၀ှက်ထားရသည်ဟု
ယာဉ်ပိုင်ရှင်များမှပြောသည်။

လက်ရှိအခြေအနေအရ စစ်တပ်ရိက္ခာသယ်ဆောင်မည့် မြန်မာစစ်တပ်နှင့် ရိက္ခာတင်လမ်းကြောင်း ကိုဖြတ်တောက်မည့် ကရင်လက်နက်ကိုင်တပ်ဖွဲ့တို့အကြား


တိုက်ပွဲများဆက်လက်ပြင်းထန်မည့် အနေအထား တွင်ရှိနေသည်ဟု နယ်စပ်စစ်ရေးအကဲခတ်များမှ သုံးသပ်ပြောဆိုပါသည်။

http://www.kaowao.org/b/index.php

စစ်တွေ ဆိပ်ကမ်း တည်ဆောက်ရာတွင် ဒေသခံ အလုပ်သမားများ ခေါင်းပုံဖြတ်ခံနေရ

1/27/2011

Adjust font size:

------------
ထွန်းထွန်း
------------
ကုလားတန် မြစ်ကြောင်း ဘက်စုံ တိုးတက်ရေး စီမံကိန်းတွင် ပါဝင်သော စစ်တွေဆိပ်ကမ်းကို ယခုအခါ စတင် တည်ဆောက်နေရာ အဆိုပါ ဆိပ်ကမ်းတွင် အလုပ် လုပ်ကိုင်နေကြသော
နေ့စား အလုပ်သမားများကို သက်ဆိုင်ရာ ကုမ္ပဏီများမှ လုပ်အား ခေါင်းပုံ ဖြတ်မူများ ပြုလုပ်နေကြောင်း သတင်း ရရှိသည်။

စစ်တွေဆိပ်ကမ်း တည်ဆောက်ရာတွင် မြေဖို့နေစဉ်

အမည်မဖေါ်လိုသူ အလုပ်သမား တစ်ဦးက “ ပေးတာကတော့ တစ်နေ့ ၁၅၀၀ ကျပ်ပေးပါတယ်။ ခုလို ကျောက်သယ် ကျောက်ပြောင်း အလုပ်ကြမ်းတွေအတွက် တစ်နေ့ ပိုက်ဆံ ၁၅၀၀
ဆိုတာ အလွန်နည်းပါတယ်။ အဲသလို နည်းတဲ့ အပြင် နံနက် ၆ နာရီကနေ ညနေ ၆ နာရီထိ မရပ်မနား အလုပ် လုပ်နေကြရပါတယ်” ဟု ပြောသည်။

စစ်တွေ ဆိပ်ကမ်းကို အိန္ဒိယမှ ESSAR India Ltd ကုမ္ပဏီနှင့် မြန်မာ့ဖက်က အာရုံဦးကုမ္ပဏီ တို့က ဦးဆောင်လုပ်ကိုင်နေပြီး အုတ်၊ သဲ၊ ကျောက်များ ကန်ထရိုက်ကို စစ်တွေမြို့မှ
စီးပွားရေး သမား တစ်ဦးက ရရှိထားကြောင်း သိရသည်။

“ အဲသလို လုပ်ရပေမယ့် ၁၁ နာရီမှာတော့ ထမင်းစားချိန် တစ်နာရီ နားရပါတယ်။ ၁၂ နာရီကျော်တာနဲ့ လုပ်ငန်းခွင်ထဲ ၀င်ရပါတယ်။ အဓိကတော့ မြေသယ် မြေပြောင်း မြေတူး
အလုပ်တွေ၊ ကျောက်တွေသယ်ရတဲ့ အလုပ်တွေမှာ လုပ်ကြရတာပါ” ဟု ပြောသည်။

စစ်တွေတွင် အလုပ်လက်မဲ့ ဦးရေ အလွန်များပြားနေရာ အဆိုပါ လုပ်ငန်းခွင်တွင် အလုပ် လုပ်လိုသူ လည်း များပြားနေသဖြင့် ကုမ္ပဏီများက အဆိုပါ အခွင့်အရေးကို ယူပြီး
အလုပ်သမားများကို အစိုးရသတ်မှတ်ချိန် အတိုင်း မဟုတ်ဘဲ အချိန်ပို စေခိုင်းနေခြင်း ဖြစ်သည်။

ယခု စစ်တွေဆိပ်ကမ်းတည်ဆောက်နေမူအား အပြင်မှ မမြင်နိုင်ရန် ခြံအလုံးပိတ်ကာရံထားပြီး ထိုအထဲတွင် အလုပ်သမားများကို အလုပ်စေခိုင်းနေခြင်း ဖြစ်သည်။

“ခုကျွန်တော်တို့ ဒေသခံတွေက အလုပ်ကြမ်းသမားတွေပါ။ လုပ်နေရတဲ့အလုပ်က ကျောက်၊ အုတ်၊ သဲ တွေကို ပြောင်းတဲ့ အလုပ်ဖြစ်တယ်။ အဲဒါတွေကို ကုန်းပေါ်ကနေ ရေထဲ
အရောက်အောင်ထိ သယ်ပို့ နေရပါတယ်။ အလုပ်က အလုပ်ကြမ်းဖြစ်တော့ လူတွေက အရမ်း ပင်ပန်းတာပေါ့နော်။ လုပ်ခရတဲ့ငွေနဲ့ အလုပ်ရတဲ့ အလုပ်က သိပ်မကိုက်ဘူး။တရက်
နေမကောင်းဖြစ်ရင် ၁၀ ရက်လုပ် အားခ သွားပြီ။ သူတို့ က ဆေးဝါးတွေ ထောက်ပံ့ပေးတာလည်း မရှိပါဘူး“ဟု နောက်အလုပ်သမား တဦးကလည်း သူ့ အလုပ်ခွင် အတွေ့အကြုံကို
ပြောသည်။

စစ်တွေ ဆိပ်ကမ်းကို အုတ်မြစ်ချပွဲကို ၂၀၁၀-ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့က စစ်တွေမြို့တွင် ပြုလုပ်ခဲ့ပြီး အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Mr. Jayant Prassad ၊
ပြည်ထောင်စု မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Dr. Villur Sundararajan Seshadri နှင့် သံရုံးအဖွဲ့ဝင်များ၊ အိန္ဒိယ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး
အာဏာပိုင်အဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများ၊ ESSAR Projects (India) Ltd. မွမ်ဘိုင်းနှင့် မြန်မာတို့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုရေး အသင်းအဖွဲ့ဝင်များ
တက်ရောက်ခဲ့ကြသည်။
http://www.narinjara.com/burmese.asp

မိုင်းလားနယ်မြေအတွင်း ရိုးရာကျွဲခတ်ပွဲကျင်းပ

Thursday, 27 January 2011 21:48 သျှမ်းသံတော်ဆင့်

ဝနယ်နှင့် မိုင်းလားနယ်မြေအတွင်း ရိုးရာကျွဲခတ်ပွဲကို ယခုနှစ်ဦးပိုင်း၌စည်ကားသိုက်မြိုက်စွာ ကျင်းပရာ ယခုလကုန် ပိုင်းအထိ နောက်ဆုံးပွဲ ကျင်းပပြီး ပထမဆုရသည့်ကျွဲအား
ယွမ်ငွေတထောင်ကျော် ဆုချကြောင်း စုံစမ်းသိရှိရပါသည်။

ကျွဲခတ်ပွဲအတွင်း မုန့်ဈေးတန်း

“ကျွဲခတ်ပွဲကဆက်တိုက်ကျင်းပလာတာ အခုဆိုပွဲစဉ် ၃ ခု ဆက်တိုက်ရှိပြီ။ အရမ်းစည်တယ်။ လောင်းကစား ၀ိုင်းလဲရှိတယ်။ အဲဒီ ကနေရတဲ့ငွေတွေကို ဆုပြန်ချတယ်လေ” - ဟု


မိုင်းယန်းမြို့ခံ သျှမ်းအမျိုးသားတဦးက ပြောပါသည်။

မိုင်းလားတပ်ဖွဲ့ တပ်မဟာ ၃၆၉ ထိန်းချုပ်နယ်မြေ ဆီလူးမြို့နယ် ပါဆန့်တိုက်နယ်၌ ပြီးခဲ့သည့် ၂၁ ရက်နေ့ က ကျင်းပခဲ့ကြောင်း၊ ပထမကျွဲခတ်ပွဲကို ပြီးခဲ့သည့် ၂၄ ရက်နေ့က ယှဉ်ပြိုင်ခဲ့
ကြောင်း၊ နောက်ဆုံးပွဲကားလာမည့် ဂျန္န၀ါရီ ၂၉ ရက် မနက်ဖြန် တွင် ကျင်းပမည်ဟု ဒေသခံနောက်တဦးကပြောပြသည်။

“ပွဲဖြစ်မြောက်ရေးကော်မတီတွေက ရပ်ရွာအကြီးအကဲတွေဘဲ။ ပွဲခင်းမှာ ဈေးဆိုင်ခန်းနဲ့၊ လောင်းက စား ရုံကလွဲလို့ အခွန် မကောက်ဘူး။ ၀င်ပြိုင်မယ့်ကျွဲလဲ
ဝင်ကြေးထဲ့ပါဆိုတာလဲမရှိဘူး။ ဘယ်သူမဆို ကိုယ့်ကျွဲယူပြီး ၀င်ယှဉ်ပြိုင်၊ ၀င်ကြည့် အားပေး နိုင်တယ်” - ဟု ပွဲဖြစ်ရေး ကော်မတီ ၀င်တဦးကပြောပါသည်။
ကျွဲခတ်နေပုံ

ဂျန္န၀ါရီ ၁၀ -၁၅ ရက်အထိ ပထမဦးဆုံးကျင်းပသည့် ကျွဲခတ်ပွဲက ၀ တပ်ထိန်းချုပ်နယ်မြေမိုင်းဖျဲန် ဟိုတောဝ်း၌ဖြစ် ကြောင်း၊ မိုင်းလား နယ်မြေအတွင်း ကျင်းပသည့်ကျွဲခတ်ပွဲသို့လည်း
ထိုဒေသမှ ကျွဲများလည်း လာရောက် ယှဉ်ပြိုင်နေကြောင်း၊ သျှမ်းလူမျိုး အများ စုနေထိုင်သော ထိုဒေသ၏ရိုးရာကျွဲခတ်ပွဲကို တခြားတိုင်းရင်းသား များပါအလေးထား
တက်ရောက်အားပေးကြ ကြောင်းကြား သိရပါသည်။

“ရိုးရာကျွဲခတ်ပွဲက နအဖ ထိန်းချုပ်နယ်မြေမှာဆို ပြောက်ကွယ်လုနီးနီးဖြစ်နေပြီ။ ကျိုင်းတုံမှာဆို ကျွဲခတ်ဝင်း ကြီးဘဲ နာမည်နဲ့ ကျန်ခဲ့တယ်” ဟု ကျွဲခတ်ပွဲတခါမျှပြင်မမြင်ဖူးသည့် အသက်
၂၀ ကျော် ကျိုင်းတုံသား တဦးက ပြောပါသည်။

အားပေးနေသည့်ပရိတ်သတ်များ

ကျွဲခတ်ပွဲ၏ထူးခြားချက်တွင် ရှုံးထွက်ကျွဲက တရုတ်ငွေ ယွမ် ၁၀၀ ဆုချခံရပြီး၊ အနိုင်ရ ဆက်ခတ်ရမည့် ကျွဲက တခါနိုင် ယွမ် ၅၀ ဆုချခံရကြောင်း၊ နောက်ဆုံးပိတ်ပထမဆုရသည့်
ကျွဲအဖို့ တရုတ်ငွေယွမ် ၁၆၀၀ ရရှိမည်ဖြစ်ပြီး ဒုတိယဆုမှာမူ ယွမ် ၁၄၀၀ ရရှိမည်ဟု သိရှိရပါသည်။
အမှတ်ပေးဒိုင်လူကြီးများစင်

နအဖအရာရှိနှင့်တပ်သား အပြန်အလှန်ပစ်သတ်

Thursday, 27 January 2011 21:43 သျှမ်းသံတော်ဆင့်

မြောက်ပိုင်း SSA နယ်မြေနှင့် ကပ်လျက်လှုပ်ရှားသည့် နအဖအရာရှိနှင့်တပ်သားအပြန်အလှန်ပစ်ခတ်ရာ ဗိုလ်ကြီးနှင့် တပည့်ဖြစ်သူရဲဘော်တပ်သားသေဆုံး ကြောင်း စုံစမ်းသိရှိရပါသည်။

“ကင်းစောင့်ပြီးပြန်လာတဲ့ ရဲဘော် ဘာကိုမကျေနပ်ထားတာလဲမသိဘူး။ ပြန်ရောက်လာတော့ အရာရှိ တချို့နဲ့ မြေပုံကြည့်နေတဲ့ စစ်ကြောင်းမှူးကို စပစ်တာ။ အဲဒီဗိုလ်ကြီး
လဲဘယ်ဘက်လက်နဲ့မျက်ခုံးတဖက်မှာ ထိသွား တယ်” - ဟု အဆိုပါတပ်နှင့် နီးစပ်သူတဦးက ပြောပြ ပါသည်။

၂၀၁၁ ဂျန္န၀ါရီ ၂၅ ရက် ၁၅း၃၀ နာရီတွင် ရဲဘော်သိန်းဇော်ဆိုသူက ကင်းစောင့်တာဝန်ပြီးဆုံးပြီး တပ်စ ခန်းတွင်း ပြန်ဝင်လာခဲ့ ကြောင်း၊ စစ်ကြောင်းမှူးဗိုလ်ကြီးအောင်မြတ်စိုးနှင့်
အရာရှိအချို့ မြေပုံကြည့်နေသည်ကိုတွေ့သည်နှင့် ရဲဘော်သိန်းဇော် က စစ်ကြောင်း မှူးအား MA 1 နှင့် ပစ်ခတ်ခဲ့သောကြောင့် ဗိုလ်ကြီးအောင်မြတ်စိုး လက်မောင်း၌
ထုတ်ချင်းပေါက်ဖောက်ဝင်သွား ကြောင်း နီးစပ်သည့် ဆေးဝန်ထမ်း တဦးကလည်း ဤကဲ့သို့ ပြောပြပါသည်။

“အဲ့မှာရှိနေတဲ့ စစ်သားတွေ ရဲဘော် သိန်းဇော်ကို သေနတ်ချိန်ပြီးလက်နက်ချဖို့အော်ဟောက်ကြ အဲဒီအချိန်မှာ ဗိုလ်ကြီး အောင်မြတ်စိုးက ပစ္စတို ထုတ်ပြီး ပစ်ထည့်လိုက်တော့ အရှိုက်ထိ
ပွဲချင်းပြီးသေတာဘဲ” - ဟု ဆို၏။

အခင်းဖြစ်ပွားပြီး ထိုနေ့ည ၂၀း၀၀ နာရီ တွင် စစ်ကြောင်းတခုလုံး မိုင်းနောင်သို့ တပ်ရုပ်ပြန် သွားခဲ့ သည်ဟု ဆို၏။

မိုင်းနောင် အခြေစိုက် ခလရ ၂၈၆ မှ ဗိုလ်ကြီးအောင်မြတ်စိုး ဦးဆောင်သော စစ်ကြောင်းသည် ဒေသခံ လူထုအား မတရားငြင်းပမ်း နှိပ်စက်မှုအပြင် ကြက်၊ ၀က်၊ ဘဲ၊ နွား များမကြာခဏ
ဆင့်ဆိုခဲ့သည်ဟုဆို၏။

တိုက်ပွဲအတုများလဲဖန်တီး၏။ အပတ်စဉ်၊ လစဉ် အစီရင်ခံစာ၌လည်း အထက်သို့အကြောင်းအမျိုးမျိုး မရိုးနိုင်အောင် လိမ်လည်အစီရင်ခံတင်သည်ဟုလည်း ၎င်းနှင့်နီးစပ်သည့် အသိုင်း


အ၀ိုင်းက ပြောပြပါသည်။

အရှေ့အလယ်ပိုင်း စစ်တိုင်းရုံးသစ်အတွက် စိုက်ပျိုးမြေ ဧကများစွာသိမ်းဆည်း

Wednesday, 26 January 2011 18:16 သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် တိုးချဲ့ဆဲကာလိ မြို့နယ်ခွဲသစ်၌ အသစ်တိုးချဲ့မည့် အရှေ့အလယ်ပိုင်း စစ်တိုင်းဌာနချုပ်ရုံးတည်ဆောက်ရေးအတွက် ကျေးလက်မြေယာ ဧကရာချီ


ဈေးနှိမ်သိမ်းဆည်း နေကြောင်း ဒေသခံများပြောပြ ချက်အရသိရပါသည်။

ကာလိမြို့နယ်ခွဲ နှင့် အရှေ့အလယ်ပိုင်း စစ်တိုင်းရုံးသစ်တည်ရှိရာ

တပ်မဟာ ၇ ပြည်သူ့စစ်တပ်ဖွဲ့ခေါင်းဆောင်ပိုင်းနှင့် ဝင်ဆန့်သူတဦးက - “အရှေ့အလယ်ပိုင်း စစ်တိုင်းသစ်က ခိုလမ်မှာမဟုတ်ဘူး။ ကွန်ဟိန်းမြို့နဲ့ နမ့်ပန်ချေင်းအရှေ့ဘက်


ကာလိမှာဘဲသတ်မှတ်လိုက်ပြီတဲ့။ အခုဇောက်ချ တည်ဆောက်နေပြီ၊ တောင်သူ ၄ဝ ဦးလောက် ပိုင်ဆိုင်တဲ့ စိုက်ပျိုးမြေ ဧက ၃ဝဝ နီးပါးဈေးနှိမ/လျော်
် ကြေးပေး ပြီးသိမ်းယူတယ်။
သီးနှံစိုက်နေရင် တဧက ကျပ် ၂ သိန်း၊ သီးနှံစိုက်မထားရင်တော့ ၁ သိန်း ပေးတယ်၊ ပိုက်ဆံမယူလဲ အလကားသိမ်းမှာဘဲ” - ဟု ဆို၏။

သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် တိုးချဲ့ဆဲ ကာလိ မြို့နယ်ခွဲသစ်၌ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုးချဲ့တည်ဆောက်ရန် ဗိုလ်မှူးချုပ်မြတ်ထွန်းဦးမှ ဒီဇင်ဘာ ၃၁
အစည်းအဝေးခေါ်ယူကာ ဆုံးဖြတ်ခဲ့ကြောင်း၊ ၁ဝ ရက်မှစ၍ တည်ဆောက်ရေးစတင်လာခဲ့ကြောင်း၊ ဝမ်းရေးအတွက် စိုက်ပျိုးမြေမရှိတော့သည့် ဒေသခံ ကျေးလက် တောင်သူ
အများအပြား ထိုင်းနိုင်ငံသို့ အလုပ်ရှာထွက်သွားကျသဖြင့် မြို့တခုလုံးဆိတ်ငြိမ်နေကြောင်း၊ အရောင်း အဝယ်လည်းမဖြစ်တော့ကြောင်း - ဒေသခံတဦးကပြောပြပါသည်။

“တပ်တည်ဆောက်ဖို့ လုပ်အားအ ဓမ္မစေခိုင်းတာတော့ မရှိသေးဘူး၊ ကာလိမြို့တွင်းပြောတာနော်၊ ကျေးလက်ဘက် တော့ မသိဘူး၊ သူတို့တည်ဆောက်ရေးမှာ


အလုပ်သမားတရာကျော်ငှားထားတယ်။ တနေ့လုပ်အားခ အမျိုးသမီးဆို ၂၅ဝဝ ကျပ်၊ အမျိုးသားဆို ၃ဝဝဝ ကျပ် ရတယ်။ အရင်တုန်းက အမျိုးသား/သက်ကြီးပိုင်းတွေလဲ
နေ့စားအလုပ်သမား အဖြစ် လက်ခံတယ်။ ဒီအပတ်ထဲမှာတော့အမျိုးသားဆိုမယူဘူး။ အသက်အရွယ်ကောင်းတဲ့ အပျိုအမျိုးသမီးတွေဘဲ ယူတယ်။ အုပ်၊သဲ၊သစ်၊
မြေတူး/သယ်တဲ့အလုပ်ပေါ့” - ဟု ဒေသခံနောက်တဦးက ပြောပါသည်။

ကာလိမြို့နယ်ခွဲတွင် တာ့ကော့်သံလွင်တံတားလုံခြုံရေးတပ် ခလရ ၂၉၆ က လုံခြုံရေးယူပေးပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အပြင်၊ တိုးချဲ့ခြေလျင်တပ်ရင်းသစ် ခလရ ၁၅၁
အတွက်တပ်စခန်း၊ အထက်တန်းကျောင်း၊ မြို့နယ်ခွဲ အထွေထွေအုပ်ချုပ် ရေးရုံး၊ ဌာနဆိုင်ရာရုံးများ အသီးသီးနေ့စဉ် ရက်ဆက်တည်ဆောက်နေကြာင်း ကြားသိရပါသည်။

“မြို့နယ်ခွဲ ဥက္ကဌ က ဦးအေးကိုသက်တဲ့၊ အသက် ၂၈ နှစ်ဘဲ ရှိသေးတယ်၊ ရဲမှူးက နိုင်နိုင်ငြိမ်းတဲ့။ သူတို့အပါဝင် ဝန်ထမ်းတွေအားလုံးက နေပြည်တော်ကနေလာတာချည်းဘဲ” - ဟု
လည်းပြောပြပါသည်။

မြို့နယ်ခွဲသစ်၊ စစ်တိုင်းရုံးသစ်တည်ဆောက်ရေးလုပ်ငန်းအပြင် ကာလိမှ မြောက်ဘက်ရှိ မိုင်းဇန် (မိုင်းရှူးမြို့နယ်) မြို့နယ်ခွဲသစ်သို့ (ကာလိ-ဟိုပန်-မိုင်းဇန်)


ကားလမ်းလည်းတိုးချဲ့တည်ဆောက်နေကြောင်း ဒေသခံများကပြောပါ သည်။
(ယခင်သျှမ်းပြည်တပ်မတော် တပ်မဟာ ၇ ) ထိန်းချုပ်စဉ်က ကာလိကျေးရွာအုပ်စုသည် ကုန်သည်ပွဲစားများခရီး သွားဧည့်သည်များဖြင့် မြို့ကဲ့သို့လူစည်ကားသိုက်မြိုက်ပြီး
ကူးသန်းရောင်းဝယ်ရေးအချက်အခြာဖြစ်ခဲ့်ကြောင်း၊ ယခု အခါမှာမူ ကျေးလက်ကုန်စိမ်းသည်လောက်နှင့်သာခြောက်ကပ်နေတော့ကြောင်း ထိုင်းနယ်စပ်သို့တိမ်းရှောင်ရောက် ရှိခဲ့သည့်
စိုက်ပျိုးမြေသိမ်းဆည်းခံရသူ/ဒေသခံများက ပြောပြပါသည်။

ကာလိမြို့ခွဲနယ်အတွင်း စစ်အင်အားသစ်ရောက်ရှိဖြည့်တင်းအခြေချခြင်းမရှိသေးသော်လည်း နအဖစစ်ယာဉ်တန်း များက ဂျန္နဝါရီ 22/01/2011 တွင် 10 စီး၊ 24/01/2011 တွင် 10
စီးအပြည့် ကလေးစစ်သား/ ရဲဘော်သစ်များ ကာလိကို ဖြတ်သန်း၍ သံလွင်အရှေ့ခြမ်းသို့ ပို့ဆောင်သည်ကိုတွေ့ရကြောင်းလည်း ဒေသခံများကပြောပြပါသည်။

ထိုင်းနိုင်ငံနည်းပညာဌာန ကီလိုမီတာ 180 ပစ် လက်နက် ထိုင်းစစ်တပ်ထံပေးအပ်DTI1 ဒုံး

Wednesday, 26 January 2011 17:50 သျှမ်းသံတော်ဆင့်

ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ ထိုင်းနိုင်ငံကာကွယ်ရေးအတွက် နည်းပညာဌာန က DTI1 အမျိုးအစား ဒုံးလက်နက်အောင်မြင်စွာထုပ်လုပ်ပြီး ထိုင်းဘုရင့်တပ်မတော်ထံ မနေ့က


လွှဲအပ်လိုက်ပါတယ်။

DTI.1 အမျိုးအစား ဒုံးလက်နက်အပ်နှင်းပွဲ အခမ်းအနားမှ ဓါတ်ပုံများ

ဂျန္နဝါရီ ၂၄ ရက် လုဖ်ပူရီခရိုင် ထိုင်းအမြောက်တပ်မှာ ကျင်းပတဲ့ DTI.1 အမျိုးအစား ဒုံးလက်နက် အပ်နှင်းပွဲ အခမ်း အနားကို ထိုင်းပြည်ထဲရေး ဝန်ကြီး ဌာန ဝန်ကြီး ပရဝစ် ဝုန်းဆုဝန်း က
သဘာပတိ အဖြစ်ဆောင်ရွက်ပါတယ်။ ထိုင်း ဘုရင့်လေတပ် ဗိုလ်ချုပ်ကြီး ထရေ့တ် ပွန်ဆရီ က DTI.1 ဒုံးလက်နက်ကားတွေကို ထိုင်းဘုရင့်ကြည်းတပ်မတော် ဗိုလ်ချုပ်ကြီး ပရယုဒ်
ကျန်အိုချား ထံအပ်နှင်းခဲ့ပါတယ်။

ထိုင်းနိုင်ငံကာကွယ်ရေး နည်းပညာဌာနက ထုတ်လုပ်တဲ့ DTI1 အမျိုးအစား ဒုံးလက်နက်ဟာ ကီလိုမီတာ ၁၈၀ အထိ ပစ်လွှတ်နိုင်ပြီး ကျရောက်ပေါက်ကွဲမယ့်ဗုံးတလုံးဟာ
ဘော်လုံးကွင်းတကွင်းစာ ပျက်စီးသွားနိုင်တယ်။ အသံထက် ၅ ဆမြန်တယ်လို့ အခမ်းအနား သဘာပတိဖြစ်တဲ့ ထိုင်းပြည်ထဲရေး ဝန်ကြီးဌာန ဝန်ကြီး ပရဝစ်ဝုန်းဆုဝန်းက မိန့်ခွန်း
ထဲမှာထည့်ပြောသွားပါတယ်။

သတင်းအချက်အလက်များအားလုံး http://www.dti.or.th ထိုင်းဘာသာမှ ဘာသာပြန်ဖေါ်ပြခြင်းဖြစ်ပါတယ်။

http://www.mongloi.org/burmese/

ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေ တွင် နအဖနှင့် နယ်ခြားစောင့်တပ် များ သေကြေထိခိုက်မှုရှိ

Submitted by Karen Information Center on Thursday, 27 January 2011No Comment

ဇန်န၀ါရီလ ၂၇ရက်။ နန်းဖော့ဂေ (ကေအိုင်စ)ီ

ကရင်ပြည်နယ် နယ်စပ်ဒေသတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLAနှင့် ဖြစ်ပွားသည့်တိုက်ပွဲကြောင့် နအဖ စစ်တပ်နှင့် ကရင်နယ်ခြားစောင့်တပ်များမှ အရာရှိများ


အပါအ၀င် တပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံးမှုရှိကြောင်း ကေအိုင်စီက ယနေ့ စုံစမ်းသိရှိရသည်။

ယနေ့မနက် ၇နာရီဝန်းကျင်တွင် လှိုင်းဘွဲမြို့နယ်၊ ကမားထာ့နှင့် ကျော်သလေးခို့အကြား၌ ကေအဲန်ယူ တပ်ရင်း(၂၁)နှင့် နအဖ ခမရ(၃၄၃)တို့ ၁၀မိနစ်ကြာ ချုံခိုတိုက်ပွဲဖြစ်ပွားရာ
ကေအဲန်ယူဘက်မှ ထိခိုက်မှုမရှိသော်လည်း နအဖဘက်မှ ၄ဦး ကျဆုံးကာ ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ တပ်မဟာ(၇)မှ ဗိုလ်ကြီးစောမျိုးမင်းသူက ယခုလို ပြောသည်။

“ဒီမနက်ဖြစ်တာကတော့ ၇နာရီ ၅မိနစ်မှာပဲ။ ကျနော်တို့ဘက်က တပ်ရင်း(၂၁)က အင်အား ၁၂ဦးနဲ့ နအဖ ခမရ(၃၄၃)က စစ် ကြောင်းတကြောင်းနဲ့ဖြစ်တာ။ ချုံခိုစောင့်ပစ်တာဆိုတော့
ကျနော်တို့ဘက်က ထိလေ့မရှိဘူး။ နအဖဘက်ကတော့ ၄ယောက် သေတယ်။ ၃ယောက် ဒဏ်ရာရတယ်။ လက်နက်သိမ်းယူတာတွေတော့ ကျနော်တို့ဘက်က မလုပ်တော့ဘူး။”ဟု
ဆိုသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ ၂၃ရက်နေ့ မနက် ၉း၁၅နာရီကလည်း KNLA တပ်ရင်း(၂၂)တပ်ဖွဲ့နှင့် ကရင်နယ်ခြားစောင့်တပ် BGF အမှတ် (၁၀၁၅) တပ်ဖွဲ့ဝင်များ လှိုင်းဘွဲမြို့နယ်၊ နိုးရီးရွာအနီး၌
အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ BGF ဘက်မှ ဗိုလ်ကြီးထွန်း မြင့်ထွန်းနှင့် တပ်သား ၂ဦး ကျဆုံးပြီး ဗိုလ်ထွန်းဝင်းနှင့် တပ်သားတဦး ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲတွင် KNLA က BGF ဘက်မှ ကာဘိုင်တစ်လက်၊ G-3 တစ်လက်နှင့် ၉-မမ တစ်လက် သိမ်းဆည်းရမိခဲ့သည်။

အလားတူ KNLA တပ်မဟာ(၇)လက်အောက်ခံ တပ်ရင်း(၂၁)၊ (၂၂)နှင့် အထူးပြောက်ကျားအဖွဲ့ဝင်များ ပါဝင်သည့် အင်အား ၇၀ခန့်ရှိ အဖွဲ့သည် ဇန်န၀ါရီလ ၂၁ရက်နေ့က BGF
(၁၀၁၅)တပ်ရင်း၏ ဟောသူးခီးစခန်းကို တက်ရောက်သိမ်းဆည်းခဲ့ရာ လက်နက် ၁၂လက် ရရှိပြီး ၎င်း BGF တပ်ရင်းမှာ ဗိုလ်ချာလယ်၊ ဒုဗိုလ်ရော့ကက်၊ တပ်ကြပ်ကြီးတစ်ဦး အပါအ၀င်
၈ဦးကို ဖမ်း ဆီးခဲ့သည်ဟု KNLA တပ်မဟာ(၇) ရုံးထိုင်မှူး ဗိုလ်မှူးစောအဲဆဲဆဲက ပြောသည်။

http://www.kicnews.org/
ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားရန် စေ့စပ်ဆွေးနွေးရေး လိုအပ်ကြောင်း အမေရိကန်ပြောကြား

2011-01-26

အမေရိကန်ပြည်ထောင်စုက စီးပွားရေး ပိတ်ဆို့အရေးယူမှု ဖယ်ရှားရေးကို စဉ်းစားနိုင်ဖို့ မြန်မာ အစိုးရဖက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ စေ့စပ်ဆွေးနွေးဖို့၊ နိုင်ငံရေးအကျဉ်းသားတွေ
လွှတ်ပေးဖို့နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို အသိအမှတ်ပြုဖို့ လိုကြောင်း အမေရိကန်အစိုးရ အကြီးတန်း အရာရှိ Joseph Yun က ပြောလိုက်ပါတယ်။

Photo: AFP

အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဂျိုးဇက်ယွန်း (ဝဲ) နှင့် မြန်မာ စစ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်း (ယာ) တို့ ဒီဇင်ဘာ ၉
ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးစဉ် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP)

အင်ဒိုနီးရှားနိုင်ငံထုတ် Jakarta Post သတင်းစာနဲ့ ဇန်နဝါရီ ၂၅ ရက် မနေ့က တွေ့ဆုံမေးမြန်းရာမှာ Mr. Yun က အခုလို ပြောလိုက်တာ ဖြစ်ပြီး အာဆီယံအဖွဲ့က ကိုရီးယားနဲ့
မြန်မာနိုင်ငံအရေးအပေါ် တက်တက်ကြွကြွ ပါဝင် ဆောင်ရွက်လာတာကိုလည်း အလေးအနက်ထား ပြောခဲ့တယ်လို့ ဒီကနေ့ထုတ် Jakarta Post သတင်းစာက ရေးပါတယ်။

အင်ဒိုနီးရှားနိုင်ငံ လုမ်ဘုတ်ကျွန်းမှာ ပြီးခဲ့တဲ့အပတ်က ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှာ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့အရေးယူမှု ဖယ်ရှားရေးကို
အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေက တသံတည်း တောင်းဆိုခဲ့ကြကြောင်း၊ ဒီတောင်းဆိုချက်တွေဟာ အလွန်ကောင်းမွန်ပြီး မြန်မာအာဏာပိုင်တွေအနေနဲ့ အလေးအနက် ထားပြီး
လက်တွေ့ ဆောင်ရွက်ပေးဖို့ လိုကြောင်းလည်း အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Joseph Yun က ပြောပါတယ်။

မြန်မာအစိုးရဖက်က အပြုသဘော တုံ့ပြန်လာရင် နိုင်ငံတကာက အပြုသဘော ဆောင်ရွက်တာ တွေမြင်ရမှာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး
ကောင်းမွန်တိုးတက် လာတာနဲ့ အမျှ နိုင်ငံတကာ အသိုင်းအဝိုင်းက တုံ့ပြန်ဆောင်ရွက်မှုမျိုး ရှိရမှာဖြစ်ကြောင်းလည်း Joseph Yun က သတင်းစာကြီးကို ဖြေကြားခဲ့ပါတယ်။

Joseph Yun ဟာ ပြီးခဲ့တဲ့လက မြန်မာနိုင်ငံ ခရီးစဉ်ကို လာရောက်ခဲ့သူ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ NLD အပါအဝင် အတိုက်အခံ နိုင်ငံရေးပါတီတွေ၊ မြန်မာစစ်အစိုးရ
အဆင့်မြင့် အရာရှိတွေနဲ့ တွေ့ဆုံခဲ့သူ ဖြစ်ပါတယ်။

အာဆီယံ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Nataliegawa ကတော့ မြန်မာနိုင်ငံမှာ ပိတ်ဆို့အရေးယူမှု ဖယ်ရှားရေးနဲ့ အမျိုးသား ပြန်လည်
သင့်မြတ်ရေးလုပ်ငန်းဟာ အပြန်အလှန် ဆောင်ရွက်သင့်တယ်လို့ အာဆီယံ အစည်းအဝေးအပြီး ပြောကြားခဲ့ပါတယ်။

စစ်အစိုးရတင်းကျပ်မှုများကြောင့် ထွက်ပြေးသော ရိုဟင်ဂျာများ ထိုင်းသို့ရောက်ရှိ

2011-01-26

ထိုင်းနိုင်ငံတောင်ပိုင်းကို ဇန်နဝါရီ ၂၂ နဲ့ ၂၃ ပြီးခဲ့တဲ့ စနေနဲ့ တနင်္ဂနွေနေ့တွေက ရောက်လာခဲ့တဲ့ ရိုဟင်ဂျာ ဒုက္ခသည်လှေတွေဟာ မြန်မာစစ်အစိုးရ ရွေးကောက်ပွဲအပြီး ဘာသာရေး
နိုင်ငံရေး တင်းကျပ်မှုတွေ ရှိလာတဲ့အတွက် ပွဲစားတွေက တဆင့် မလေးရှားကို လာရောက်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

(Photo: AFP / South China Morning Post)

ထိုင်းနိုင်ငံ ခိုဆိုင်ဘိတ်ကျွန်းပေါ်တွင် ထိုင်းစစ်တပ် အစောင့်အကြပ်ဖြင့် ထားရှိသော မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ခိုးဝင်လာသူများကို ၂၀ဝ၈ ခုနှစ်ကုန်ပိုင်း၌ ဟောင်ကောင်မှ
ဆောက်ချိုင်းနား မောနင်းပို့စ် သတင်းစာမှ ရိုက်ကူးထားသော ဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP / South China Morning Post)

ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် အခြေစိုက် Arakan Project အဖွဲ့ က Chris Lewa က ရွေးကောက်ပွဲ အကြိုကာလ မဲဆွယ်စဉ်က ရိုဟင်ဂျာတွေအပေါ် အာဏာပိုင်တွေက ယာယီမှတ်ပုံတင်တွေ
ထုတ်ပေးတာ၊ ပလီတွေ ပြင်ဆင်ခွင့်ပေးတာ စတဲ့ ကန့်သတ်ချက်တွေ လျှော့ပေးခဲ့ပေမဲ့ ရွေးကောက်ပွဲအပြီး ဒီကန့်သတ်ချက်တွေ ပြန်လည် ကျင့်သုံးခဲ့တယ်လို့ RFA ကို ပြောပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် အလျှော့ပေးမှုတွေကြောင့် ရိုဟင်ဂျာတွေအကြား မျှော်လင့်ချက် အများကြီး ရှိခဲ့ကြကြောင်း၊ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာပါ ဒီလို အတွေးအခေါ်တွေ
ဖြစ်ခဲ့ကြောင်း၊ ရိုဟင်ဂျာတွေကို မြန်မာအစိုးရက အသိအမှတ်ပြုမယ်လို့ ထင်ခဲ့ကြောင်း၊ ဒါပေမဲ့ ရွေးကောက်ပွဲအပြီး ဖိနှိပ် ကန့်သတ်မှုတွေ ပြန်ရှိလာခဲ့ကြောင်း Ms. Chris Lewa က
ပြောပါတယ်။
ရိုဟင်ဂျာ လှေစီးဒုက္ခသည် ၉၁ ဦးပါတဲ့ လှေတစီးကို ပြီးခဲ့တဲ့ စနေနေ့က ထိုင်းနိုင်ငံ ထရန်းခရိုင် ကန်ထန်းမြို့နယ်က ပင်လယ်ကမ်းခြေကို ရောက်လာခဲ့ပြီး ထိုင်းရေကြောင်းရဲတပ်ဖွဲ့က
ဖမ်းဆီး ခဲ့ပါတယ်။ နောက်ရက် တနင်္ဂနွေနေ့မှာ လူ ၆၇ ဦးပါ ဒုတိယမြောက် ရိုဟင်ဂျာဒုက္ခသည် လှေတစီး ဆထွန်းခရိုင် ကမ်းခြေတခုမှာ ထိုင်းအာဏာပိုင်တွေက တွေ့ရှိဖမ်းဆီးခဲ့ပါတယ်။
လောလောဆယ် လှေ ၂ စီးပေါ်က ရိုဟင်ဂျာတွေကို တရားမဝင် နိုင်ငံအတွင်း ဝင်ရောက်မှုနဲ့ ထိုင်း ရေကြောင်းရဲတပ်ဖွဲ့က ချက်ချင်း ဖမ်းဆီးခဲ့ပြီး မလေးရှားနယ်စပ် ဆောင်ခလ လူဝင်မှု
ကြီးကြပ်ရေး အဖွဲ့ကို လွှဲပြောင်းပေးပို့ထားပါတယ်။ သူတို့ကို လာရင်းနိုင်ငံကို ပြန်ပို့မယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
နာဂစ်မုန်တိုင်းတွင် သေဆုံးသူများကို သင်္ဂြိုဟ်ပေးသူများ ထောင်နှစ်စေ့ပြီး ပြန်လွတ်လာ

2011-01-26

နာဂစ်မုန်တိုင်းကြောင့် ကွယ်လွန်သူတွေရဲ့ ရုပ်အလောင်းတွေ သင်္ဂြိုဟ်ပေးတာကို နိုင်ငံရေးလုပ်တယ်လို့ စွပ်စွဲပြီး ထောင်ချထားခံရသူ ၃ ဦးကို အာဏာပိုင်တွေ၊ ဒီကနေ့ ဇန်နဝါရီ ၂၆
ရက်မှာ ထောင်ဒဏ် နှစ်စေ့လို့ ပြန်လွှတ် ပေးလိုက်ပါတယ်။

(Photo: AFP)

ရန်ကုန်မြို့ တောင်ဖက် မိုင် ၃၀အကွာရှိ ကွမ်းခြံကုန်းမြို့တွင် ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းကြောင့် သေဆုံးပြီး ပျက်ယွင်းနေသော အလောင်းများကို ရုပ်ရှင်သရုပ်ဆောင် ကျော်သူ
ဦးစီးသည့် နာရေးကူညီမှုအသင်း (ရန်ကုန်)က ကုသိုလ်ဖြစ် မီးသင်္ဂြိုဟ်ပေးနေပုံ ဖြစ်ပါသည်။ (Photo: AFP)

ဒေါက်တာနေဝင်းကို ကရင်ပြည်နယ် ဖားအံထောင်၊ ဦးအောင်ကျော်ဆန်းကို ရှမ်းပြည်နယ် တောင်ကြီးထောင်နဲ့ ဦးဘုန်းပြည့်ကြွယ်ကို ရခိုင်ပြည်နယ် စစ်တွေထောင်ကနေ ပြန်လွှတ်ပေး
လိုက်တာပါ။

ဒါနဲ့ပတ်သက်လို့ ဖားအံထောင်က ပြန်လွတ်လာတဲ့ ဒေါက်တာနေဝင်းက RFA ကို အခုလို ပြောပါတယ်။

“ကျွန်တော် ၈ နာရီကျော်ကျော်လောက် လွတ်တယ်ခင်ဗျ။ ကျွန်တော်တို့ ကျတာ ၂ နှစ် ကျတာလေ။ အခုဟာ ၂ နှစ်နဲ့ ၇ လ နေလိုက်ရတာပေါ့။ ကျွန်တော်တို့ တရားစွဲခံရပြီး
ထောင်ချခံရတာ ၆ ယောက်ဗျ။ ၆ ယောက်မှာ ၃ ယောက်က ၂ နှစ်စီ၊ ၃ ယောက်က ၄ နှစ်စီပေါ့။ အခု ၂ နှစ် ၃ ယောက်က လွတ်တယ်ပေါ့ဗျာ။ ကိုအောင်ကျော်ဆန်းရယ်၊
ကိုဘုန်းပြည့်ကြွယ်ရယ်၊ ကျွန်တော်ရယ်ပေါ့နော်။”

ဒေါက်တာနေဝင်းနဲ့အတူ သူ့ရဲ့ သမီးဖြစ်သူ မဖြိုးဖြိုးအောင်လည်း ထောင်ဒဏ် ၄ နှစ် ချမှတ်ခံထားရပြီး လက်ရှိ မော်လမြိုင်ထောင်မှာ ကျခံနေရတာ ဖြစ်ပါတယ်။

ထောင်မှ ပြန်လွတ်လာသူ ဒေါက်တာနေဝင်းကို RFA မှ ဦးနေရိန်ကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။

ကရင် နယ်ခြားစောင့်တပ်မှ ထွက်ပြေးသူ နှစ်ဆတိုးလာ

2011-01-26

အခုလအတွင်း မြန်မာစစ်အစိုးရရဲ့ BGF နယ်ခြားစောင့်တပ်ကနေ ထွက်ပြေးပြီး ကေအန်ယူ တပ်မဟာ ၇ နဲ့ ပြန်လည်ပူးပေါင်း လာကြတဲ့ ဒီကေဘီအေ အဖွဲ့ဝင် အရေအတွက်ဟာ
အရင်လကထက် နှစ်ဆလောက် တိုးလာတယ်လို့ သတင်း ရရှိပါတယ်။

(Photo: AFP)

မြန်မာ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး မလုပ်သော KNU ကရင်လက်နက်ကိုင် တပ်ဖွဲ့ဝင်များ ဖြစ်ပါသည်။ (Photo: AFP)
ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ထွက်ပြေးပူးပေါင်းလာတဲ့ BGF တပ်ဖွဲ့ဝင်အင်အား ၂၀ လောက်ရှိပြီး အခု ဇန်နဝါရီလ တတိယပတ် အထိ ထွက်ပြေးလာသူ ၄၀ နီးပါး ရှိနေပြီလို့ KNU
ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၇ တပ်ရင်း ၁၀၁ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ဖောသိုက ပြောပါတယ်။

သူတို့ အလိုလားဆုံးကတော့ ပြည်တွင်း ငြိမ်းချမ်းရေးပဲ။ အခုက BGF နဲ့ လုပ်ခိုင်းလည်းပဲ ကရင်အချင်းချင်းပဲ ပြန်တိုက်နေရတယ်ဆိုတော့ ဒီကောင်တွေလည်း
မလုပ်ချင်တော့ဘူးဗျ။

“သူတို့က အဲဒီ ဟိုဥစ္စာလေ၊ နအဖ တပည့်မခံနိုင်လို့ ပြန်လာကြတာပဲ။ အားလုံး ၃၇ ယောက်နော်၊ ဒီဇင်ဘာလမှာတော့ ၂၀ ကျော်ပဲ။ တိုးလာတယ်။ နောက်ထပ် တိုးဦးမယ်ဗျ။ ဘာကြောင့်
တိုးလာလဲဆိုတော့ သူတို့က ဒီစနစ်ကို မကြိုက်ဖူးလေ။ သူတို့ အလိုလားဆုံးကတော့ ပြည်တွင်း ငြိမ်းချမ်းရေးပဲ။ အခုက BGF နဲ့ လုပ်ခိုင်းလည်းပဲ ကရင်အချင်းချင်းပဲ
ပြန်တိုက်နေရတယ်ဆိုတော့ ဒီကောင်တွေလည်း မလုပ်ချင်တော့ဘူးဗျ။ အဲလို ဖြစ်နေတယ်။”

ကေအန်ယူရဲ့ အခြား တပ်မဟာတွေမှာလည်း နယ်ခြားစောင့်တပ်က ထွက်ပြေးပြီး ပူးပေါင်းလာသူတွေ ရှိပေမဲ့ စာရင်း အတိအကျတော့ မရရှိသေးပါဘူး။

မြန်မာစစ်အစိုးရဟာ ကေအန်ယူ ကရင် အမျိုးသား အစည်းအရုံး တပ်တွေ၊ ဗိုလ်မှူးကြီး စောလားပွယ် ဦးဆောင်တဲ့ DKBA လက်ကျန်တပ်တွေနဲ့ ဖြစ်ပွားနေတဲ့ စစ်ဆင်ရေးတွေမှာ
ဒီကေဘီအေအသွင်ပြောင်း BGF တပ်ဖွဲ့တွေကို အသုံးပြု တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

မြန်မာ လူ့အခွင့်အရေးအခြေအနေကို မှန်ကန်စွာ သုံးသပ်ဖHRW


ို့ တိုက်တွန်း

2011-01-26

ဇန်နဝါရီ ၂၇ ရက် မနက်ဖြန်မှာ ကျင်းပမဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ၄ နှစ် တကြိမ် ကျင်းပတဲ့ လူ့အခွင့်အရေး ပုံမှန်သုံးသပ်မှု UPR အစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့
ပတ်သက်လို့ စစ်အစိုးရရဲ့ လှည့်စားချက်တွေကို မကြည့်ပဲ ဖြစ်ရပ် အခြေအနေမှန်တွေကို အခြေခံသင့်တယ်လို့ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ အခြေစိုက် လူ့အခွင့်အရေး
စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က ဇန်နဝါရီ ၂၆ ရက် ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

(Photo: RFA)

ရန်ကုန်မြို့၊ အလုံမြို့နယ်တွင် ဒီဇင်ဘာ ၁၀ ရက်နေ့က အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနား ကျင်းပနေပုံ ဖြစ်ပါသည်။ (Photo: RFA)

မြန်မာနိုင်ငံဟာ အခုနှစ် ကုလသမဂ္ဂ UPR အစည်းအဝေးမှာ ပထမဆုံး ထည့်သွင်း ဆွေးနွေးခံရမှာ ဖြစ်ပြီး မြန်မာစစ်အစိုးရရဲ့ လွှတ်တော်အသစ်နဲ့ အစိုးရသစ် အသွင်ပြောင်းတဲ့
ကိစ္စကြောင့် လူ့အခွင့်အရေး သုံးသပ်မှုမှာ မဝေဝါးသင့်ဖူးလို့ ဒီနေ့ထုတ်ပြန်တဲ့ HRW အဖွဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီကြေညာချက်နဲ့ ပတ်သက်လို့ ဆက်သွယ်မေးမြန်းရာမှာ HRW ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ပြောခွင့်ရသူ David Mathieson က မြန်မာ စစ်အစိုးရအနေနဲ့ နှစ်အနည်းငယ်အတွင်း
လူ့အခွင့်အရေး အခြေအနေ တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်တယ်လို့ ပြသခဲ့တာ ရှိပေမဲ့ တကယ်တမ်း ပြည်တွင်းက အခြေအနေဟာ တိုးတက် ကောင်းမွန်လာမှု မရှိသလို အခု
၂၀၁၁ ခုနှစ်ထဲမှာလည်း ကောင်းလာဖို့ မမြင်ကြောင်း၊ နောက်တပတ် ကျင်းပမဲ့ လွှတ်တော်ကျင်းပပြီး အစိုးရသစ်ဖွဲ့ဖို့ ရှိပေမဲ့ လူ့အခွင့်အရေး အခြေအနေ တိုးတက်လာဖို့
ဆောင်ရွက်ချက်မျိုး မရှိကြောင်း၊ HRW ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ပြောခွင့်ရသူ Mr. Mathieson က ပြောသွားတာ ဖြစ်ပါတယ်။

ဒီကနေ့ ကြေညာချက်မှာ စစ်အစိုးရရဲ့ အပြောသက်သက် ကိစ္စရပ်တွေကို လက်တွေ့ အခြေအနေမှန်တွေနဲ့ မရောထွေးသင့်ဘူးလို့ HRW အာရှရေးရာ ညွှန်ကြားရေးမှူး Elaine Pearson က
ပြောကြားထားပါတယ်။

လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ မြန်မာစစ်အစိုးရ ဆောင်ရွက်ချက်တွေဟာ အပြင်ပန်း အလှဆင်မှု သက်သက်သာ ဖြစ်ပြီး အတွင်းထဲမှာ တိုးတက်မှု မရှိပါဘူးလို့လည်း HRW အဖွဲ့ကြီးရဲ့
ကြေညာချက်မှာ ထောက်ပြ ဝေဖန်ထားပါတယ်။

ထောက်ပံ့ငွေ ဖြတ်၍ DVB ရေဒီယိုနှင့် ရုပ်သံအစီအစဉ်အချို့ ရပ်နားမည်

2011-01-26

နော်ဝေးနိုင်ငံအခြေစိုက် ဒီမိုကရက်တစ် မြန်မာအသံ (ဒီဗွီဘ)ီ ကို ထောက်ပံ့နေတဲ့ ရန်ပုံငွေ ၁၅ ရာခိုင်နှုန်း အမေရိကန်ဒေါ်လာ ၅ သိန်းနီးပါး ဖြတ်တောက် ခံရတာကြောင့်
လက်ရှိအစီအစဉ် တချို့ ရပ်ဆိုင်းဖို့ ရှိတယ်လို့ ဒီဗွီဘီ အမှုဆောင်ညွန်ကြားရေးမှူး ဦးအေးချမ်းနိုင်က ဇန်နဝါရီ ၂၅ ရက် မနေ့က RFA ကို ပြောပါတယ်။

(Photo: AFP)

နော်ဝေနိုင်ငံ၊ အော်စလိုမြို့တော် အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ရုံးတွင် ဒုတိယ ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်း (ယာ) နှင့် အဖွဲ့သူတဦး အလုပ်လုပ်နေသည့် မှတ်တမ်းပုံ
ဖြစ်ပါသည်။ (Photo: AFP)

ထောက်ပံ့တဲ့ ရန်ပုံငွေအပေါ် မှီတည်နေရတဲ့ ဒီဗွီဘီအတွက် အခုလို ထောက်ပံ့ငွေ ဖြတ်တောက်ခံရမှုကြောင့် အခက်အခဲ ကြီးကြီးမားမား ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ အခုလောလောဆယ် ဒီ စဉ်းစားထားတဲ့အခါမှာတော့ အများဆုံးကတော့ပေါ့နော်၊ ကျွန်တော်တို့ ခုနက ရေဒီယိုပိုင်းက တချို့ ကျွန်တော်တို့ မနက်ပိုင်း အစီအစဉ်ကို
ကျွန်တော်တို့ ဟို ရပ်ကောင်း ရပ်နိုင်တယ်။ ဟို ရပ်ဖို့လည်း တော်တော်လေး အလားအလာ များပါတယ်။ နောက်တခုက ကျွန်တော်တို့ ဒီ အော်စလိုမှာ ရှိနေတဲ့ အော်ပရေးရှင်းတချို့
ကျွန်တော်တို့ ရပ်ဖို့ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ ကုန်ကျစရိတ် များတာကော ဘာကော အကုန်လုံးနဲ့ ခြုံကြည့်မယ်ဆိုရင် ဒီ အော်စလို အပိုင်းက ကျွန်တော်တို့ ဒီ လျှော့ဖို့ ရှိပါတယ်။
ဒါပေမဲ့ ဘယ်လိုပဲ လျှော့လျှော့ ဟို ကျွန်တော်တို့ အနေနဲ့ နောက်ဆုံး စဉ်းစားထားတာတော့၊ ကျွန်တော်တို့ လွှင့်နေတဲ့ အစီအစဉ်တွေ၊ ကျွန်တော်တို့ရဲ့ ပြည်တွင်းကို အသံလွှင့်တဲ့
လုပ်ငန်းတွေ၊ အဲဒါတွေကို အထိခိုက် အနည်းနိုင်ဆုံး နည်းအောင်ပေါ့နော်၊ ထားပြီးတော့ ကျန်တဲ့ နေရာတွေမှာ ကျွန်တော်တို့ အစီအစဉ်တွေ တော်တော်များများ လျှော့ဖို့ ရှိပါတယ်။”

ဒီဗွီဘီကို ထောက်ပံ့နေတဲ့ အဖွဲ့အစည်းနှစ်ခု အတွင်း ပြဿနာတွေ ပေါ်နေတာကြောင့် ရန်ပုံငွေ ဖြတ်တောက်ခံရတာ ဖြစ်တယ်လို့ ဦးအေးချမ်းနိုင်က ပြောပါတယ်။

အလားတူပဲ မြန်မာနိုင်ငံ နယ်စပ်တလျှောက်မှာ အခြေစိုက်တဲ့ ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ အပါအဝင် မြန်မာဒုက္ခသည်တွေအတွက် ရိက္ခာထောက်ပံနေတဲ့ TBBC စတဲ့
နိုင်ငံတကာ အဖွဲ့အစည်းတွေကိုလည်း ထောက်ပံ့နေတဲ့ ရန်ပုံငွေတွေ ဒီနှစ်အတွင်း လျှော့ချခံခဲ့ရပါတယ်။

ဒီဗွီဘီ ရေဒီယိုအစီအစဉ်ကို နော်ဝေးနိုင်ငံမှာ ၁၉၉၂ ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေက ဝိုင်းဝန်းထောက်ပံ့ ကူညီခဲ့ပေမဲ့ နော်ဝေးအစိုးရက အဓိက
ပံ့ပိုးပေးခဲ့တာပါ။ ရုပ်မြင်သံကြား အစီအစဉ်ကိုတော့ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကစပြီး မြန်မာပြည်တွင်းမှာ ၂၄ နာရီလုံး ဖမ်းယူ ကြည့်ရှုနိုင်ခဲ့ပါတယ်။

http://www.rfa.org/burmese

You might also like