You are on page 1of 1

နေ့စွဲ ။ ။ ၂၀၁၁ ခုနှစ်၊ မေလ (၁၉) ရက်

စာအမှတ် ။ ။ ၁၁/ရဒဖ/၀၁၈၅

“မျိုးချစ် ရခိုင် နှင့် ကရင် တော်လှန်ရေးသမားများ လွတ်မြောက်လာမှုအပေါ် ထုတ်ပြန်ကြော်ငြာချက်”

၁၉၉၈-ခုနှစ် ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် အိန္ဒိယနိုင်ငံ အန်ဒမန်ကျွန်းစုရှိ လန်း(ဒ်)ဖေါ့ကျွန်း၌ အိန္ဒိယ စစ်တပ်နှင့် သဘော တူညီချက်အရ ရေတပ်
အထောက်စခန်းတည်ဆောက်ရန် ရခိုင်ပြည်အမျိုးသား ညီညွတ်ရေးပါတီ (NUPA) ၏ ကာကွယ်ရေးဌာန တာဝန်ခံ ရခိုင်ပြည်တပ်မတော် (Arakan Army –
AA) စစ်ဦးစီးချူပ် ရခိုင်အမျိုးသား တော်လှန်ရေးခေါင်းဆောင်ကြီး ဗိုလခ
်ျူပ်ခိုငရ
်ာဇာ အပါအဝင် ရခိုင် ရဲဘော် (၂၇) ဦး ၊ ကရင် အမျိုးသားအစည်းအရုံး
(KNU) မှ ဗဟိုကော်မတီဝင် နိုင်ငံရေးမှူး ဖဒိုမူးလွယ် အပါအဝင် ကရင်ရဲဘော် (၁၃) ဦး စုစုပေါင်း (၄၀) ဦးတို့သည် ထိုင်း-မြန်မာ နယ်စပ်တစ်နေရမှာ စတင်
ထွက်လာခဲ့ကြပေသည်။

ယင်းနောက်တွင် အိန္ဒိယ စစ်ထောက်လှမ်းရေး၏ လှည့်စားမှုကြောင့် (Arakan Army – AA) မှ ဗိုလ်ချူပ် ခိုင်ရာဇာ၊ ဗိုလ်မှူးကြီး စောထွန်း၊ ဗိုလ်ကြီး ရန်နိုင်၊
ဗိုလ်ကြီး လင်းဇံခိုင်နှင့် (KNU) မှ ဖဒိုမူးလွယ်၊ ဗိုလ်ကြီး မြင့်ဆွေတို့ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး ကျန်ရှိနေသော ရခိုင်နှင့် ကရင် ရဲဘော် (၃၆) ဦးတို့ကို
တရားတစုံတရာ စစ်ဆေးမှု မရှိဘဲ ဖမ်းဆီးထိန်းသိမ်းထားခဲ့ကြသည်။ ယင်းကဲ့သို့ ထိန်းသိမ်းထားခဲ့ကြရာမှ (၁၂) နှစ် အကြာတွင် မျိုးချစ် ရခိုင်နှင့် ကရင်
တော်လှန်ရေး ရဲဘော်များအား ပြည်နယ်အစိုးရက အပြီးတိုင် စီရင်ချက်ချပြီး လွတ်မြောက်ခွင့် ပေးခဲ့သော်လည်း ဗဟုအ
ိ စိုးရက ဆက်လက်ချူပ်ကိုငခ
်ဲ့သော
ကြောင့် ရဲဘော်များမှာ အကြောင်းပြချက် တစုံတရာမရှိဘဲ အကျဉ်းထောင်တွင်ပင် ဆယ်စုနှစ် တစ်ခုကျော် ဘဝကို မြုပ်နှံထားခဲ့ကြရသည်။ လွန်ခဲ့သောနှစ်က
စပြီး ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (UNHCR) ဗဟို ဂျနီဗာ ရုံးချူပ်မှ တာဝန်ရှိသူများက ရဲဘော် ၃၄ ဦးအား အင်တာဗျူး ပြုလုပ်ခဲ့ပြီး တတိယနိုင်ငံ
တစ်နိုင်ငံတွင် ပြန်လည် နေရာချထားပေးနိုင်ရန် ကြိုးစားခဲ့ကြသည်။

ဤကဲ့သို့ ဆယ်စုနှစ် တစ်ခုကျော်ကြာ အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ ထိန်းသိမ်းခံနေကြရသော ရခိုင်၊ ကရင် ရဲဘော် (၃၄) ဦးမှ (၃၁) ဦး
လွတ်မြောက်လာခဲ့ခြင်းသည် ရခိုင်ပြည်သူ တစ်ရပ်လုံးနှင့် ကရင်အမျိုးသား တစ်ရပ်လုံးအတွက် မဖော်ပြနိုင်သော ဝမ်းသာပီတီ ဖြစ်မက
ှို ရရှိစေမည်ဟု မိမိတို့
ရခိုငဒ
်ုက္ခသည်များ မဟာမိတ်အဖွဲ့ (AAR) မှ အခိုင်အမာ ယုံကြည်ပေသည်။ပြည်သူလူထု အပေါ်မတရား အုပ်ချုပ်စိုးမိုးနေသော စစ်အစိုးရတို့ကို တော်လှန်
နိုင်ရန် သွေးဖြင့် တည်ဆောက်ခဲ့ကြသော ရခိုင်၊ ကရင် မျိုးချစ် တော်လှန်ရေးသမားတို့၏ တိုင်းပြည်နှင့် လူမျိုးအပေါ် ဘဝတစ်ခုလုံး စတေးပြီး စွန့်လွှတ်
ရဲသော ဇွဲသတ္တိတို့မှာ လေးစား ဂုဏ်ယူဖွယ် ကောင်းလှပါသည်။ ရဲဘော်တို့ ရန်သူ့လှည့်ကွက် ကျရောက်ခဲ့ခြင်းသည် ရခိုင်ပြည်၊ ကရင်ပြည် တော်လှန်ရေး
အတွက် မဖော်ပြနိုင်သော ဆုံးရှုံးမှု တစ်ရပ်ဖြစ်သည်။ သို့သော် ရဲဘော်တို့၏ အနစ်နာခံမှု၊စွန့်လွတ်မှုတို့ကြောင့် တော်လှန်ရေး စိတ်ဓါတ်များ တစ်ဖန် နှိုးကြား
လာခဲ့ရပေသည်။ ရဲဘော်များ အကျဉ်းချ ခံနေရစဉ်အတွင်းတွင် သောကမျိုးစုံကိုခံစားခဲ့ရသော ရဲဘော်များ ၊ မိသားစုဝင်များတို့၏ အခက်ခဲ များနှင့် ခံစားချက်
များကိုလည်း မိမိတန
ိှု့င့် ရခိုင်ပြည်သူလူထု တစ်ရပ်လုံးက ထပ်တူထပ်မျှ ခံစားမိပါသည်။

သို့ဖြစ်၍ ယခုအခါတွင် ပြန်လည် လွတ်မြောက်လာခဲ့ပြီ ဖြစ်သော ရခိုင်၊ ကရင် တော်လှန်ရေး ခေါင်းဆောင်များနှငအ


့် တူ မပြီးဆုံးသေးသော တော်လှန်ရေး
ခရီးကို ဆက်လက်ပြီး ညီညွတ်စွာ တိုက်ပွဲဝင်ပေးပါရန် မိမိတို့ ရခိုင်ဒုက္ခသည်များ မဟာမိတ်အဖွဲ့ (AAR) အနေဖြင့် အလေးအနက် တိုက်တွန်း အကြံပြု
ပါသည်။

No. 16-C, Jalan Kancil, Off Jalan Pudu, 55100, Kuala Lumpur. PH: 03 2141 1332, 016 2682 609. E-mail: arakan.aar@gmail.com. Web: arakanaar.wordpress.com

You might also like