You are on page 1of 55

ဒေါ်အောင်ဆန်းစုကြည်ခရီး အစိုးရကို အသိပေးမည်

လင်းသန့် Monday, 06 June 2011 18:25

မကြာမီ ပြုလုပ်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်နှင့် ပတ်သက်ပြီး အာဏာပိုင်တို့ကို ကြိုတင် အသိပေးမည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က
ယနေ့ ပြောလိုက်သည်။

ကြာသပတေးနေ့က သတင်းထောက်များနှင့် တွေ့ဆုံနေသော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - ဧရာဝတီ)

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရ ဘယ်ဒေသ၊ ဘယ်အချိန်၊ နေ့၊ ရက်၊ နာရီတွင် သွားမယ် ဆိုတာကိုတော့ လက်ရှိအစိုးရကို အကြောင်းကြားဖို့  ရှိတယ်။
ခွင့်ပြုချက် ယူတာမျိုးလည်း မဟုတ်ဘူး” ဟု NLD ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ဧရာဝတီကို ပြောသည်။

ခရီးစဉ်ကို ယခုလ ၁၉ ရက်နေ့တွင် ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ်ပြည့် မွေးနေ့အပြီး ရက်ပိုင်း အတွင်း စတင် နိုင်ဖွယ်ရှိသည်ဟုလည်း NLD
အဖွဲ့ဝင်များထံမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကိစ္စများ တာဝန်ယူထားသူတဦးဖြစ်သည့် NLD မှ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ကမူ “ခရီးစဉ်နဲ့ ပတ်သက်ပြီး ပြောဖို့ အများကြီး
စောနေသေးတယ်။ လုံခြုံရေးကြောင့် ကျနော်တို့က အသေးစိတ်ကို မပြောသေးပါဘူး” ဟု ဧရာဝတီကို ရှင်းပြသည်။

မကြာခင်က မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ဂျိုးဇက်ယွန်း၊ အမေရိကန် အထက် လွှတ်တော်အမတ်
ဂျွန်မက်ကိန်းတို့ကလည်း ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို တာဝန်ယူရန် အစိုးရကို တိုက်တွန်းခဲ့သည်။

အစိုးရကမူ ဒေါ်အောင်ဆန်းစုကြည်ကို သာမန် အရပ်သားတဦးအဖြစ်သာ သဘောထားကြောင်း ဂျွန်မက်ကိန်းကို ပြန်လည် တုန့်ပြန်လိုက်သည်။

“ဥပဒေနှင့်အညီ သွားလာ လှုပ်ရှား ဆောင်ရွက်မှုများကို ကန့်သတ်ရန် မရှိပါကြောင်း၊ သို့သော်လည်း နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ
စိုးမိုးရေးကိုမူ အလေးထား စောင့်ထိန်းရန် လိုအပ်ပါကြောင်း” ဟု ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးက ဂျွန်မက်ကိန်းနှင့် နေပြည်တော်တွင် တွေ့ဆုံစဉ်
ပြောကြားလိုက်ပုံကို အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

အများအပြားက စိတ်ဝင်တစား စောင့်ကြည့်သွားမည့် ခရီးစဉ်အတွင်း စာနယ်ဇင်းသမားများ လိုက်ပါ သတင်းယူနိုင်လျှင် လုံခြုံရေး ပိုမို ကောင်းမွန်မည် ဖြစ်ကြောင်း
သံတမန် အသိုင်းအ၀န်းနှင့် နီးစပ်သူတဦးက သုံးသပ်သည်။

ဤအတောအတွင်း NLD လူငယ်များ၊ ဒေါ်အောင်ဆန်းစုကြည်၏ အစီအစဉ်ဖြင့် ပေါ်ပေါက်လာသည့် လူငယ် ကွန်ရက် အဖွဲ့ဝင်များ၊ နိုင်ငံရေး တက်ကြွ
လှုပ်ရှားသူများက စနစ်ကျသော လုံခြုံရေး အစီအမံများ လုပ်ဆောင်နေကြကြောင်း လူငယ်ကွန်ယက် ဦးဆောင်သူ တဦး ဖြစ်သည့် ကိုဖြိုးမင်းသိန်းက ပြောသည်။

“ခရီးစဉ် အသေးစိတ်ကိုတော့ ကျနော်တို့ မသိရသေးပါဘူး။ အခု လူငယ်တွေ အနေနဲ့ စနစ်ကျ တဲ့ ကြိုတင် ပြင်ဆင်မှုတွေနဲ့ လုံခြုံရေး ယူပေးကြဖို့
စီစဉ်နေကြပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို စိုးရိမ် ပူပန်ကြသော်လည်း လူထုနှင့် အနီးကပ် တွေ့ဆုံနိုင်မှ လူထုအကျိုးကို ပို၍ ဖော်ဆောင်နိုင်မည်ဟု NLD
လူငယ်ခေါင်းဆောင် ကိုရာဇာက မှတ်ချက်ပေး ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံး ခရီးထွက်ခဲ့သည့် အချိန်မှာ ၂၀၀၃ ခုနှစ် မေလက ဖြစ်သည်။

ထိုစဉ်က ဒီပဲယင်းမြို့အနီးတွင် အာဏာပိုင်တို့က ကျောထောက် နောက်ခံပြုထားသည်ဟု အများက ယူဆသော တုတ်၊ ဓား လက်နက်ကိုင် လူရမ်းကားများက
ဒေါ်အောင်ဆန်းစုကြည်တို့၏ ယာဉ်တန်းကို စောင့်ဆိုင်း တိုက်ခိုက်ခဲ့သည်။

နောက်တနေ့တွင် အာဏာပိုင်တို့က ထိုဖြစ်ရပ်အကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ပဋိပက္ခဖြစ်ခဲ့သည့် လူအုပ်၏ အင်အားမှာ


အရေအတွက် ၅၀၀၀ ရှိသည်ဟု ပြောဆိုခဲ့သည်။

တိုက်ခိုက်မှုအပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ယာဉ်တန်းတွင် ပါဝင်သူ အများအပြား အထိန်းသိမ်းခံလိုက်ရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလက နေအိမ် အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်လာသည့် နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့ အတွင်းသာ
သွားလာခဲ့ပြီး NLD လုပ်ငန်းများကို ဦးဆောင်လျက်ရှိသည်။

ဂျာနယ် ၂ စောင် အခွင့်ထူးရရှိ

ဟိန်းသူ Monday, 06 June 2011 19:50

အမေရိကန် အထက် လွှတ်တော်အမတ် ဂျွန်မက်ကိန်း နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မကြာသေးခင်က တွေ့ဆုံစဉ် ရိုက်ကူးထားသည့် ဓာတ်ပုံများကို
အပတ်စဉ်ထုတ် ဂျာနယ် ၂ စောင်တွင်သာ ဖော်ပြခွင့် ရသဖြင့် ရန်ကုန်မှ စာနယ်ဇင်းသမားများ မကျေမနပ် ဖြစ်နေကြသည်။

ဇွန်လ ၈ ရက် နေ့စွဲဖြင့် ထုတ်ဝေသည့် Weekly Eleven News ဂျာနယ်တွင် ဖော်ပြထားသည့် သတင်း နှင့် ဓာတ်ပုံ

ဓာတ်ပုံထည့်သွင်းနိုင်သည့် ဂျာနယ် ၂စောင်မှာ Weekly Eleven News နှင့် မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ ဥက္ကဋ္ဌ ဦးကိုကို ပိုင်ဆိုင်သည့် Flower News တို့
ဖြစ်သည်။

“အခုလို ဂျာနယ်တွေကို ခွဲခြား ဖော်ပြခွင့်ပြုတာနဲ့ ပတ်သက်ပြီး စာပေစိစစ်ရေးကို သိပ်ပြီး သဘောမကျပါဘူး” ဟု ဂျာနယ် အယ်ဒီတာတဦးက ဧရာဝတီကို
ပြောသည်။

အမေရိကန်အမတ် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်သည့် ဓာတ်ပုံကို ယခုတပတ်အတွက် ပိတ်ပင်ကြောင်း စာပေစိစစ်ရေးဌာန ညွှန်ကြားရေးမှူး


ဦးမျိုးမြင့်အောင် ကိုယ်တိုင် ပြောဆိုခဲ့သည်ဟု သူက ရှင်းပြသည်။

ဂျွန်မက်ကိန်း၏ မြန်မာပြည်ခရီးစဉ်သတင်း ဖော်ပြနိုင်ကြသော်လည်း မည်သည့်အတွက်ကြောင့် ဓာတ်ပုံနှင့်ပတ်သက်ပြီး ကန့်သတ်ထားခြင်းဖြစ်ကြောင်း


မသိရသေးပေ။

ယခုကဲ့သို့ ခွဲခြားမှုများ ရှိနေလင့်ကစား စာပေစိစစ်ရေးက ဂျာနယ်များအပေါ် တင်းကျပ်မှုများ လျော့နည်းလာကြောင်း၊ ယခင်က ဖော်ပြခွင့် မပေးခဲ့သော
သတင်းများကို ယခုသိသိသာသာ ဖော်ပြခွင့် ပြုလာကြောင်း ဂျာနယ် သတင်းထောက်တဦးက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းမျိုးတွေကို နောက်ဆက်တွဲ တင်ပြပြီး ဖော်ပြခွင့်ရဖို့ ဆိုတာ အရင်က လုံးဝ မဖြစ်နိုင်ပါဘူး။ အခု နောက်ပိုင်း
စာပေစိစစ်ရေး အနေနဲ့ တော်တော်လေး လိုက်လျောလာတယ်လို့ ထင်ပါတယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည့် သတင်းကို စာပေစိစစ်ရေး ခွင့်ပြုသည်ထက် ကျော်လွန်ပြီး
ရေးသား ဖော်ပြကြသည့် ဂျာနယ် ၉ စောင်မှာ ထုတ်ဝေခွင့်များ ယာယီ ရပ်ဆိုင်းခံရဖူးသည်။

ဤအတောအတွင်း ဂျာနယ် အယ်ဒီတာများ၊ ပုံနှိပ်ထုတ်ဝေသူများနှင့် ဆွေးနွေးရန် ဖိတ်ကြားထားကြောင်း စာပေစိစစ်ရေးဌာန တာဝန်ရှိသူ တဦးက ပြောသည်။

ဖိတ်စာဖြင့် တရားဝင် ဖိတ်ကြားထားခြင်းဖြစ်ပြီး အစည်းအဝေးကို လာမည့် ဗုဒ္ဓဟူးနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ ပြန်ကြားရေးဝန်ကြီး
အဆောက်အအုံတွင် ပြုလုပ်မည်ဟု ဆိုသည်။

“ဘာတွေ ဆွေးနွေးကြမယ် ဆိုတာကို ကျနော်လည်း အတိအကျ မသိသေးပါဘူး။ ပြန်ကြားရေးဝန်ကြီးဌာနက ပြောစရာလေးတွေ ရှိလို့ ဆိုပြီးတော့ ဖိတ်တာပါ။
ကျနော့်ကိုတော့ ထုတ်ဝေသူ အနေနဲ့ ခေါ်ထားပါတယ်” ဟု စာနယ်ဇင်း ဥက္ကဋ္ဌ ဦးကိုကိုက ပြောသည်။

ထိုအစည်းအဝေးမှာ စာပေစိစစ်ရေး မူဝါဒများ အပြောင်းအလဲနှင့် ပတ်သက်ဖွယ်ရှိသည်ဟု ရန်ကုန်မှ ဂျာနယ် အယ်ဒီတာတဦးက ပြောသည်။

“ဟိုတစ်ခေါက် စိစစ်ရေး ဒုညွှန်ကြားရေးမှူး ဦးတင့်ဆွေ ပြောထားတဲ့ စာပေ ၆ မျိုးကို စာပေစိစစ်ရေး ကင်းလွတ်ခွင့် ပေးဖို့ အတွက် အစည်း အဝေး လုပ်တာ
ဖြစ်နိုင်ပါတယ်” ဟု သူက သုံးသပ်သည်။

အစိုးရသစ်လက်ထက်တွင် အားကစား၊ သုတရသ၊ ဂမ္ဘီရ၊ နည်းပညာ၊ အနုပညာနှင့် ကလေးစာပေ စသည့် ဂျာနယ် အမျိုးအစား ၆ မျိုးကို အာဏာပိုင်များထံ
တင်ပြရန်မလိုဘဲ ပုံနှိပ် ထုတ်ဝေနိုင်မည်ဟူသော ဦးတင့်ဆွေ၏ ပြောဆိုချက်ကို သူက ဆိုလိုခြင်း ဖြစ်သည်။

တေးရေး မောင်သစ်မင်း (၅၈ နှစ)် ဈာပန ပြီးစီး

ရန်ပိုင် Monday, 06 June 2011 20:09

မြန်မာစတီရီယိုလောက ခေတ်ဦးတွင်ပါဝင်ခဲ့သူ နာမည်ကြီး တေးရေးဆရာ မောင်သစ်မင်း (၅၈) နှစ်၏ ကျန်ရစ်သည့် ရုပ် ကလာပ်ကို ယနေ့ ညနေ ၅ နာရီခွဲက
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ၀ပ်ထက်ပ်လီလာ ဘုန်းကြီးကျောင်းတွင် မီးသင်္ဂြိုဟ် ပြီးစီးပြီ ဖြစ်သည်။

မောင်သစ်မင်းသည် အူမကြီး ကင်ဆာရောဂါကို ကုသရန်အတွက် မေလ ၂၂ ရက်နေ့က ထိုင်းနိုင်ငံ


ဘန်ကောက်မြို့ ဆမ်မီ တဝေ့ ဆေးရုံကြီးတွင် တက်ရောက်ခဲ့ရာ ယမန်နေ့ နံနက် ထိုင်းစံတော်ချိန် ၉
နာရီ မိနစ် ၂၀ က ကွယ်လွန်သွားခြင်း ဖြစ်သည်။

၎င်းဈာပနကို လိုက်ပါဆောင်ရွက်သူ တေးရေး မြင့်မိုးအောင်က တေးရေး မောင်သစ်မင်းသည်


စတီရီယို ခေတ်ဦးအစမှ စတင်ပြီး ယခု ထက်တိုင် သီချင်းကောင်းများကို ရေးသားခဲ့ကြောင်း၊
ဂီတလောကတွင်လည်း လူကြီးလူငယ်မရွေးနှင့် ချစ်ခင် သင့်တင့်မှု ရှိခဲ့သည်အတွက် အမှတ်တရ
များစွာ ထားရစ်ခဲ့သည်ဟု ဆိုနိုင်ကြောင်း ဧရာဝတီသို့ပြောသည်။

“သီချင်းရေးဆရာဆိုတာ သီချင်းပဲ ဖန်တီးတာလေ၊ ဒါပေမယ့် ကိုသစ်မင်းက ဂီတလောက


ကောင်းကျိုးကိုလည်း ဆောင်ခဲ့တယ်” ဟု သူကဆိုသည်။

စတီရီယို ဂီတလောက၏ ခေတ်ဦးဟု ခေါ်ဆိုနိုင်သည့် ၁၉၇၃ - ၇၄ ခုနှစ် ခန့်က စာပေလောကသို့


ဝင်ရောက်ခဲ့ပြီးဖြစ်သူ မောင်သစ်မင်းသည် ထိုစဉ်က ၎င်း၏ အကောင်းဆုံး လက်ရာတပုဒ် ဖြစ်သည့်
အဆိုတော် စိုးပိုင်သီဆိုခဲ့သော “အချစ်ည၏ ရင်ခုန်သံ” သီချင်းဖြင့် ဂီတလောကသားအဖြစ်
စတင်ခဲ့သည်။

မောင်သစ်မင်း ရုတ်တရက် ကွယ်လွန်သွားခြင်းသည် ညီငယ်တယောက် ဆုံးရှုံးသွားသကဲ့သို့


ခံစားရသည့် အပြင် ဂီတလော ကအတွက် ဆုံးရှုံးမှု တရပ်လည်း ဖြစ်သည်ဟု တေးရေး
သုခမိန်လှိုင်က ဆိုသည်။

အမည်အရင်း ဦးဒေ၀ (ခ) မောင်သစ်မင်းကို ၁၉၅၃ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် မွေးဖွားခဲ့သည်။


တေးရေးဆရာမောင်သစ်မင်း (ဓာတ်ပုံ - ဧရာဝတီ) ဖခင်မှာ တော်လှန်ရေး ကောင်စီ အဖွဲ့ဝင် ဒုဗိုလ်မှူးကြီး တင်စိုးဖြစ်ပြီး အစ်ကိုဖြစ်သူ ဒေါက်တာ
ဝဏ္ဏသည်လည်း စာပေ၊ ဂီတနှင့် တေးသီချင်းများကို ၀ါသနာထုံသူဖြစ်သည်။

မောင်သစ်မင်းသည် ၁၉၇၃ ခုနှစ် တ၀ိုက်တွင် ဆရာဝန်များ ဘ၀ကို ဖော်ကျူးသော ငရဲ၌ သစ်ငုတ်ဖြစ်စေသတည်း၊ အရှေ့နေထွက် အနောက်နေ၀င်၊
မပြောကောင်းတဲ့ အကြောင်းလေးတခု စသည့် ၀တ္ထုများကိုရေးသားခဲ့ပြီး ၁၉၇၅ ခုနှစ်တွင် စတီရီယို ဂီတလောက၏ မှတ်တိုင်တခုဖြစ်သည့် “တေးမြုံငှက်” ၀တ္ထုကို
ရေးသားခဲ့သည်။

အဆိုပါ ၀တ္ထုတွင် သရုပ်ပျက်ဂီတဟု လူအများက ဝေဖန်ပြောဆိုကြသည့် စတီရီယို ဂီတ အနုပညာတွင် ဘ၀ကို မြှုပ်နှံ ရင်ခုန်ခဲ့သည့် ဇာတ်ကောင် ကိုကိုဝေကို
ဖန်တီးပြီး စတီရီယိုခေတ်ဦး လူငယ်များ၏ ဘ၀ဖြတ်သန်းမှုကို မောင်သစ်မင်းက ဖော်ကျူးခဲ့သည်။

ယင်းဝတ္ထုတွင် အဆိုတော် စိုင်းထီးဆိုင်နှင့် တေးရေး စိုင်ခမ်းလိတ်တို့၏ ဂီတလောကကို ဖြတ်သန်းခဲ့ရသည့် ဘ၀ တစိတ်တပိုင်း၊ မင်းမင်းလတ်၊ စိုးပိုင်၊ စိန်သစ်၊
အောင်ကိုလတ်၊ သန်းနိုင်၊ ကျော်ဆွေဟန် စသည့် စတီရီယို ခေတ်ဦး လူငယ်များ၏ ကြိုစားမှု၊ ကိုရဲလွင်၊ ကိုနေ၀င်းတို့ အကြောင်း တပိုင်းတစ၊ လေးလုံးစပ်
ကဗျာကို တော်လှန်ခဲ့ကြသည့် ဖော်ဝေး၊ မောင်ချောနွယ်၊ အောင်ချိမ့်၊ သုခမိန်လှိုင် စသည့် လူငယ် ကဗျာဆရာများ အကြောင်းကိုပါ ထည့်သွင်း ရေးဖွဲ့ခဲ့သည်။

တေးရေး သုခမိန်လှိုင်က ၁၉၇၃-၇၄ ခုနှစ် တ၀ိုက် မောင်သစ်မင်းနှင့် ဖော်ဝေး၊ မောင်ချောနွယ်၊ အောင်ချိမ့်၊ တေးရေး ပန်းချီဆရာ သော်ဒီဝေ၊ ပန်းချီ မုတ်သုန်၊
တေးရေး နောင်နောင် အစရှိသူတို့၏ အနုပညာလောကအတွင်း အနေအထိုင်ကို ပြောပြသည်။

“အဲဒီတုန်းက ကျနော်တို့က ဆံပင်အရှည်၊ ဂျင်းဘောင်းဘီတွေနဲ့ လမ်းသရဲပုံ ပေါက်နေတာလေ။ သစ်သစ် (မောင်သစ်မင်း) က စာရေးတဲ့ဘက်မှာ နာမည်ရနေပြီ။
တခြားစာရေးဆရာတွေက ကျနော်တို့နဲ့ မပေါင်းစေချင်ဘူး။ ဒါပေမယ့် သူကတော့ လာတွဲတာပဲ။ အခုတော့လည်း တကိုယ်တည်း ခရီးဆက်သွားပြီ” ဟု
သုခမိန်လှိုင်က ဆိုသည်။
ယနေ့ တွေ့ရသော မောင်သစ်မင်း၏ နာရေး မြင်ကွင်း။ အလယ်မှ ပုဂ္ဂိုလ် ၂ ဦးမှာ တေးရေးဆရာများဖြစ်သော ၀င်းမင်းထွေး၊ မြင့်မိုးအောင်တို့ ဖြစ်သည် (ဓာတ်ပုံ -
ဧရာဝတီ)

အဆိုတော် စိုးပိုင်သီဆိုသည့် “အနီးဆုံးလူ” သီချင်းသည် ဆရာမောင်သစ်မင်း၏ ပထမဆုံးသော ကိုယ်ပိုင်သံစဉ် တေးတပုဒ် ဖြစ်ပြီး ခိုင်ထူးသီဆိုသည့်
“တေးမြုံငှက်” သီချင်းသည် သူ၏ အကောင်းဆုံး ကိုယ်ပိုင်သံစဉ် လက်ရာ တပုဒ်ဖြစ်သည်။

အဆိုတော် ပလေးဘွိုင်း သန်းနိုင် အတွက်လည်း အမြန်ယာဉ် ၂ တေးစီးရီတွင် ပါဝင်ရေးသားခဲ့သည့်အပြင် ၁၉၈၅ ခုနှစ် တ၀ိုက်က ရုပ်ရှင်မင်းသား
ကျော်ဟိန်းအတွက် မောင်သစ်မင်း၏ ဒဿန သီချင်းများဟု ဆိုနိုင်သော အဓိပ္ပာယ် ရှိသောလူ၊ စင်ပေါ်ကတေးများ စသည့် တေးစီးရီးများကို
ဆက်တိုက်ရေးပေးခဲ့သည်။

၁၉၉၀ ပြည့်နှစ် တ၀ိုက်က တေးလောကတွင် မင်းလေးပါးဟု အမည်တပ်ရလောက်သည်အထိ မောင်သစ်မင်း၊ ၀င်းမင်းထွေး၊ မင်းချစ်သူ၊ သုခမိန်လှိုင်
(အမည်အရင်း ဦးအောင်မင်း) တို့ နာမည်ကြီးခဲ့ကြသည်။

၂၀၀၆ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံ ဂီတ အစည်းအရုံးတွင် တွဲဖက်အတွင်းရေးမှူး ၂ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ မြန်မာ့ရုပ်မြင်သံကြား MRTV4 မှ နေ၍
“ခေတ်ပြိုင် ဂီတ မှတ်တိုင်များ” အစီအစဉ်ကို အခန်းဆက် စီစဉ်ရိုက်ကူးခဲ့ရာ လူကြိုက်များခဲ့သည်။

တေးရေး မောင်သစ်မင်း၏ ဈာပနသို့ ၎င်း၏ သားအပါအဝင် မိသားစုဝင်များ လိုက်ပါပို့ဆောင်သည်ဟု သိရသည်။

အာဏာပိုင်များ ချယ်လှယ်မှုကြောင့် လက်ဖက်ဈေးကွက်ပျက်

နရီလင်းလက် Monday, 06 June 2011 17:52

ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ဆန်ဒေသတွင် လက်ဖက် ဈေးကွက်အတွင်း အာဏာပိုင်များက ၀င်ရောက်ခြယ်လှယ် နေသောကြောင့် ဈေး ၂ ဆခန့်
ကျဆင်းသွားပြီး စိုက်ပျိုးသူ တောင်သူများ အကျပ်အတည်း ကြုံ တွေ့နေရသည်ဟု တအာင်း (ပလောင်) အလုပ်အဖွဲ့မှ ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။
ကလောမြို့ တနေရာတွင် လက်ဖက်ခူးနေသည့် ပလောင် ကလေးငယ် တဦး (ဓာတ်ပုံ - G_Rebiere / Flickr)

ယနေ့ ထုတ်ပြန်သည့် အဆိုပါ အစီရင်ခံစာတွင် နမ့်ဆန်မြို့ရှိ ဗိုလ်ကြီး သန်းထွန်းသည် တပ်မတော် အချိုခြောက်၊ လက်ဖက် စက်ရုံ (ပလောင်ထိပ်ထား
လက်ဖက်ခြောက်) နှင့် နဂါးပျံ လက်ဖက်ခြောက် စက်ရုံတို့အတွက် လက်ဖက်ထွက်ရှိသည့် ရာသီ ရောက်တိုင်း ကုန်သည်များကို ခေါ်ယူကာ ဈေးနှုန်းများကို
စိတ်ကြိုက် သတ်မှတ် ပေးသည်ဟု ပါရှိသည်။

ယခင်နှစ်များက နမ့်ဆန်မြို့နယ်၌ လက်ဖက်ခြောက် တပိဿာ ၄၀၀၀ - ၅၀၀၀ ကျပ် ၀န်းကျင်ခန့်ရှိရာမှ ယနေ့ ပေါက်ဈေး တပိဿာ ကျပ် ၂၀၀၀ ခန့်သာ
ရှိတော့ကြောင်း သိရသည်။

“တနိုင်တပိုင် လက်ဖက်ခင်း လုပ်ငန်းရှင်တွေ ဆီကနေ ကုန်သည်အများစုက သိမ်းတာ။ ကုန်သည်တွေက အာဏာပိုင်တွေ ပြောတဲ့ဈေးနဲ့ နှိမ်ဝယ်တော့
လက်ဖက်ခင်း ပိုင်ရှင်တွေကလည်း အရင်းလည်းမကျေ၊ အလုပ်သမားခတွေက အရင်ရှင်းပေး ထားရတာဆိုတော့ အရှုံးပေါ်ကုန်ရော” ဟု နမ့်ဆန်မြို့နေ
လက်ဖက်လုပ်ငန်းလုပ်ကိုင်သူ တဦးက ဧရာဝတီကို ပြောသည်။

လက်ဖက်စိုက်ခင်းများသည် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကျောက်မဲ အနောက်ဘက်ခြမ်း၊ သီပေါ အနောက်ဘက်ခြမ်း၊ နမ့်ခမ်း၊ ကွတ်ခိုင်
စသည့်မြို့နယ်များတွင် ရှိပြီး အဓိကစိုက်ပျိုးသူ ပလောင်တိုင်းရင်းသား ၆ သိန်းခန့် ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ လက်ဖက်ဈေးနှုန်းများ ကျဆင်းကာ လက်ဖက်ဈေးကွက် ပျက်လာသောကြောင့် လက်ဖက်စိုက် တောင်သူ များသည် နယ်စပ်မှ တဆင့် တရုတ်နိုင်ငံသို့
သွားရောက် အလုပ်လုပ်မှု များပြားလာပြီး မိရိုးဖလာ လက်ဖက် စိုက်ပျိုးသည့် လုပ်ငန်း တိမ်ကောလာသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

“ဈေးကွက်က ပျက်သလို ဖြစ်နေတော့ အလုပ်သမားတွေကလည်း အလုပ်မရတော့ဘူး။ ရွာတိုင်းမှာ ရှိတဲ့ အဓိက ယောက်ျားလေးတွေဆို တရုတ်ပြည်ဘက်
ထွက်ပြီး ပန်းရန်လုပ်တာတို့၊ ခြံခုတ်တာတို့ ခိုင်းသမျှ အကုန် သွားလုပ် နေကြရ တယ်။ ကျမတို့ရွာက ထွက်သွားတဲ့ လူတွေ အများကြီးပဲ” ဟု ရှမ်းပြည်
(မြောက်ပိုင်း) မားလန် ကျေးရွာသူ တဦးက ပြောပြသည်။

ယခင်နှစ်က လက်ဖက်ခူးသမား တဦးသည် တနေ့လျှင် ကျပ် ၃၀၀၀ ရရှိသော်လည်း ယခုနှစ် လက်ဖက်ဈေးနှုန်း ကျဆင်းသောကြောင့် လက်ဖက်ခူး သမားတဦး၏
တနေ့ ရရှိငွေမှာ ၁၅၀၀ ကျပ်သာ ရှိတော့ကြောင်း သိရသည်။

မိုးလွတ်ချိန် ရွှေဖီဦး ကာလ ဧပြီနှင့် မေလ ကြားတွင် တကြိမ်၊ ခါးကန်ဦး ကာလ မိုးရာသီ ဇွန်လတွင် တကြိမ် စုစုပေါင်း လက်ဖက်ခူးချိန်သည် တနှစ်လျှင် ၂
ကြိမ်ရှိသည်။

မတ်လ အတွင်းက မြန်မာအစိုးရတပ်နှင့် ရှမ်းပြည်တပ်မတော် (SSA) မြောက်ပိုင်း တပ်တို့ နမ့်ဆန်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ လက်ဖက်စိုက် တောင်သူများ
လက်ဖက်ခူးချိန် နောက်ကျ၍ လက်ဖက်ခင်းများ ပျက်ဆီးသွားခဲ့သည်ဟု သိရသည်။

“ရွှေဖီဦး ကာလမှာ မိုးဆက်တိုက်ရွာတော့ လက်ဖက်ခင်း နည်းနည်းပျက်တာရယ်၊ တိုက်ပွဲဖြစ်တော့ လက်ဖက်ခူး လို့မရဘဲ လက်ဖက်ခူးချိန်


နောက်ကျတာရယ်ကြောင့် လက်ဖက်တွေ ရင့်ကုန်တယ်။ အဲဒါကြောင့်လည်း ဈေးကျတာပါတယ်” ဟု မားလန်း ကျေးရွာသူက ပြောသည်။

လက်ဖက်ခြံ ပိုင်ရှင်များသည် အလုပ်သမား လုံလောက်စွာ မရရှိခြင်း၊ လက်ဖက်ဈေးနှုန်း အဆမတန် ကျဆင်း လာခြင်းတို့ကြောင့် လက်ဖက်ရွက်နု များကို မခူးဘဲ
ပစ်ထားရကြောင်း၊ ထို့ကြောင့် လက်ဖက်ရွက်များ ရင့်ရော်ပြီး နောက်ရာသီတွင်ပါ လက်ဖက် အထွက်နှုန်း လျော့ကျလာသည့် ပြဿနာများလည်း ဖြစ်လာကြောင်း
ယနေ့ ထုတ်ပြန်လိုက်သည့် တအာင်း (ပလောင်) အလုပ်အဖွဲ့ ကြေညာချက်တွင် ပါရှိသည်။

လက်ဖက်ဈေးနှုန်းများ အဆမတန် နိမ့်ကျနေသော်လည်း ဒေသတွင်း ကုန်ဈေးနှုန်းများသည် ယခင်နှစ်ကထက် ပိုမို မြင့်မားလာသောကြောင့် ပလောင်


တိုင်းရင်းသားများအနေဖြင့် အခက်အခဲများ ကြုံတွေ့နေရသည်ဟုလည်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။
အလုပ်သမားဆန္ဒပြမှု ဖြစ်စေသည့် အလုပ်ရှင်များ အရေးယူ ခံရမည်

ဧရာဝတီ Monday, 06 June 2011 16:53

စက်ရုံ၊ အလုပ်ရုံများ အတွက် အလုပ်သမား ခေါ်ယူရာတွင် သူ့ထက်ငါ အခွင့်အရေးပိုပေး၍ စည်းရုံး ကြော်ငြာခြင်းဖြင့် အလုပ်သမား ဆန္ဒပြမှုများ ဖြစ်ပေါ်လာပါက
နိုင်ငံတော် ဆူပူစေရန် လှုံ့ဆော်မှုဖြင့် လုပ်ငန်းရှင်များကို အရေးယူ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့ရှိ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်လိုသူ


နည်းပါးလျှက် ရှိရာ အလုပ်ရှင်များက လုပ်ခလစာနှင့်
အခွင့်အရေး ပိုပေးမည်ဟု ကြော်ငြာပြီး အလုပ်သမား
အပြိုင်အဆိုင် ခေါ်ယူနေကြကြောင်း၊ ထို့ကြောင့် အခွင့်အရေး
ပိုမပေးနိုင်သော စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများက
ထိုကြော်ငြာများကို ဖတ်မိပြီး ဆန္ဒပြမှုများ လုပ်ဆောင်
လာနိုင်သဖြင့် တည်ငြိမ်မှုကို ထိခိုက်လာနိုင်ကြောင်း၊
ထိုသို့ထိခိုက်လာလျှင် အခွင့်အရေး ပိုပေးမည်ဟု
ကြော်ငြာခြင်းဖြင့် တခြားသော စက်ရုံ၊ အလုပ်ရုံများမှ
အလုပ်သမားများ ဆန္ဒပြစေရန် လုပ်ဆောင်သည့်
လုပ်ငန်းရှင်များကို နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး
ပျက်ပြားစေမှု၊ နိုင်ငံတော် ဆူပူ ဆန္ဒပြမှုများ ဖြစ်စေမှု တို့နှင့်
အရေးယူသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ
ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်
(UMFCCI) မှ တာဝန်ရှိသူ တဦးက ပြောသည်။

၂၀၁၀ ဖေဖော်ဝရီလအတင်းကရန်ကုန်တိုင်းလိင်သာယာစက်မဇုန်ရိအထည်ခပ်စက်ရုံတရုံတင် “စက်ရုံထဲမှာ ဆန္ဒပြတာက ကိစ္စမရှိဘူး။ လမ်းမပေါ် ထွက်လာရင်


အလုပ်သမားမားဆပနေစဉ် ဆ ဆန္ဒပြမှုတွေက အစိုးရ ဆန့်ကျင်ရေးဘက် အချိန်မရွေး
(ဓာတ်းပသွုံ -ားနုniknayman
ပြောငိင်တယ်။ အဲဒီလို မဖြစ်
ဘလော့ ) လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ်တကယ် မပေးနိုင်ဘဲနဲ့ တခြားစက်ရုံက အလုပ်သမားတွေ ကိုယ့်ဆီရောက်လာဖို့
ရအောင်
အခွင့်အရေးတွေ ပေးမယ်ဆိုပြီး ကြော်ငြာ တာမျိုးတွေကို အရေးယူသွားမယ်” ဟု UMFCCI ဗဟိုအလုပ်အမှုဆောင် တဦးက ဆိုသည်။

စက်ရုံ၊ အလုပ်ရုံများတွင် အထွေထွေ အလုပ်သမားတဦး၏ အခြေခံလစာမှာ ကျပ် ၃ သောင်းဖြစ်ပြီး အချိန်ပို ဆင်းရလျှင် တလ ကျပ် ၅ သောင်းကျော် ရရှိကြောင်း၊
သို့သော် အဆိုပါ ငွေကြေးသည် အလုပ်သမား တဦးအတွက်ပင် ဖူလုံမှု မရှိဘဲ အဆိုပါ အလုပ်သမားကို မှီခိုနေရသည့် မိသားစုများမှာ စားဝတ်နေရေး
အကျပ်အတည်း ရင်ဆိုင် နေကြရကြောင်း သိရသည်။

စက်မှုဇုန်များတွင် အလုပ်သမား ဆန္ဒပြမှုများကို ဖြေရှင်းနိုင်ရန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနမှူး၊ မြို့နယ်
သမ၀ါယမ ဦးစီးမှူး၊ မြို့နယ် ကျန်းမာရေးမှူးများ ပါဝင်သော မြို့နယ်အဆင့် အလုပ်သမား ကြီးကြပ်ရေး ကော်မတီများ ဖွဲ့စည်းဆောင်ရွက်နေပြီး အလုပ်သမား
ဝန်ကြီးဌာနက အလုပ်အကိုင် ခန့်ထားခြင်းဆိုင်ရာ ဥပဒေသစ် တရပ်ကို ရေးဆွဲနေပြီဖြစ်ကြောင်း၊ သို့သော်လည်း အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့်ကိုမူ
ပိတ်ပင်မည် ဖြစ်ကြောင်း နေပြည်တော် အလုပ်သမားဝန်ကြီးဌာနရုံးမှ တာဝန်ရှိသူ တဦးက ပြောသည်။

“အလုပ်သမား သမဂ္ဂ ဖွဲ့စည်းစရာ မလိုတဲ့အထိ အလုပ်သမား ၀န်ကြီးဌာနက အလုပ်သမားတွေဘက်က ရပ်တည် သွားရ မယ်ပေါ့။ သမဂ္ဂ ဖွဲ့စည်းခွင့် ပေးလိုက်ရင်
အဲဒီ သမဂ္ဂက နိုင်ငံတော် ဆူပူအောင် လွယ်လွယ်နဲ့ လုပ်နိုင်တဲ့ အဖွဲ့အစည်းကြီး တခု ဖြစ်လာနိုင်တယ်။ ဒါကြောင့် ဖွဲ့စည်းခွင့် ပေးမှာမဟုတ်ဘူး” ဟု နေပြည်တော်
အလုပ်သမား ၀န်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် တဦးက ဆိုသည်။

အလုပ်သမား ဆန္ဒပြမှုများ ဖြစ်ပေါ်လာလျှင် ချက်ချင်းဖြေရှင်းရန် အောက်ခြေအဆင့် အလုပ်သမား ၀န်ကြီးဌာနနှင့် ဒေသခံ အာဏာပိုင်များကို နေပြည်တော်
ဗဟိုအစိုးရက ညွှန်ကြားထားပြီး အလုပ်သမားများ လမ်းမပေါ်ထွက် ဆန္ဒပြလာလျှင် သက်ဆိုင်ရာ လုံထိန်း ရဲတပ်ဖွဲ့ဝင်များ၊ စစ်တပ်၊ မြို့နယ် အထွေထွေ
အုပ်ချုပ်ရေး ဌာနများနှင့် ပူးပေါင်းဖြိုခွဲ နှိမ်နင်းရမည်ဟု တရားဝင် ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း သူက ပြောသည်။

အလုပ်သမား ဆန္ဒပြမှုများသည် ကူးစက်မှုမြန်ဆန်ပြီး ထိန်းချုပ်ရန် ခက်ခဲကြောင်း၊ အစိုးရ ဆန့်ကျင်သည့် နိုင်ငံရေး သမားများက အလုပ်သမားထုကို အသုံးချပြီး
အရှေ့အလယ်ပိုင်း ဒေသနိုင်ငံများတွင် ဖြစ်ပေါ်နေသကဲ့သို့ လူထု လှုပ်ရှားမှု အသွင် ဖော်ဆောင်လာ နိုင်ကြောင်း၊ ထို့ကြောင့် အလုပ်သမား လူတန်းစားကို ဒေသခံ
အာဏာပိုင်များက အဓိကထား စောင့်ကြည့် ထောက်လှမ်းမှုများ ပြုလုပ်နေကြောင်း ၎င်းက ဆက်ပြောသည်။

“စက်မှုဇုန်တိုင်းမှာ နယ်မြေခံရဲ၊ အာဏာပိုင်တွေ အချင်းချင်း အလုပ်သမား လူတန်းစားကြားမှာ ဘာတွေ ဖြစ်နေသလဲဆိုတာ စုံစမ်း ထောက်လှမ်းကြတယ်။ နေ့စဉ်
အခြေအနေကို သက်ဆိုင်ရာတိုင်း၊ ခရိုင်အဖွဲ့အစည်းတွေဆီ တင်ပြရတယ်” ဟု ရွှေပြည်သာ စက်မှုဇုန်မှ ဒေသခံ အာဏာပိုင်တဦးက ဆိုသည်။

ရန်ကုန်မြို့မှ အထည်ချုပ်စက်ရုံ ပိုင်ရှင်တဦးကမူ အလုပ်သမားများကို လစာတိုးပေးနိုင်ရန် အလုပ်ရှင်များတွင် ၀င်ငွေတိုးရန် လိုအပ်ပြီး အရည်အသွေးမြင့်


ထုတ်ကုန်များရရန် လိုအပ်ကြောင်း၊ အစိုးရပိုင်း ကလည်း ကြန့်ကြာနေသည့် မလိုလားအပ်သော လုပ်ငန်းစဉ်များကို လုပ်ငန်းမြန်ဆန်ရေးအတွက်
လျှော့ချပေးသင့်ကြောင်း ပြောသည်။

“အစိုးရဘက်ကလည်း လိုအပ်တဲ့ အစိတ်အပိုင်း တွေမှာ အားတက်သရော ကူညီရမယ်။ အခွန်၊ လိုင်စင်လို ကိစ္စမျိုးတွေ ချက်ချင်း လုပ်ပေးဖို့ လိုတယ်။ အခု
အခြေအနေ အတိုင်းက ဘယ်လိုမှ အလုပ်သမားကို လစာတိုးမပေးနိုင်ဘူး။ လစာတိုး မပေးနိုင်လို့ အလုပ်မလုပ်ရဘူး ဆိုရင်လည်း စက်ရုံကို ပိတ်လိုက်ရုံပဲ” ဟု
သူက ဆိုသည်။

ရန်ကုန်တိုင်းတွင် စက်ရုံ၊ အလုပ်ရုံပေါင်း ၄၀၀၀ ကျော်ရှိပြီး အလုပ်သမား စုစုပေါင်း ၂ သိန်းနီးပါး ရှိကြောင်း UMFCCI မှ သိရသည်။

ရားသုံးဆူ ထောက်လှမ်းရေးရုံး တိုက်ခိုက်ခံရ

သန်းထိုက်ဦး Monday, 06 June 2011 16:23

မျက်နှာဖုံးစွပ် လက်နက်ကိုင် တစုက ကရင်ပြည်နယ် ဘုရားသုံးဆူ မြို့နယ်ရှိ စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးကို ယမန်နေ့ ညနေပိုင်းတွင် သွားရောက်
တိုက်ခိုက်မှုကြောင့် စရဖ တပ်ဖွဲ့ဝင် တဦး နှင့် ကလေးငယ် တဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရသွားကြောင်း ဒေသခံများက ပြောသည်။
ဆိုင်ကယ်များဖြင့် ရောက်သွားသော မျက်နှာဖုံးစွပ် ၇ ဦးခန့်က
လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ စရဖ အဖွဲ့ဝင်မှာ ကိုကျော်ကျော်အောင် ဖြစ်ပြီး၊


အသက် ၉ နှစ် အရွယ် မိန်းကလေး၏ အမည်ကို
မသိရှိရသေးပေ။

ဒဏ်ရာရသူများမှာ မွန်ပြည်သစ် ပါတီဝင် ကိုဝင်းစိုး၊


အငှားဆိုင်ကယ် မောင်းသူ ၂ ဦး နှင့် အခြား ၁ ဦးတို့
ဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။

စရဖ ရုံးမှ တပ်ဖွဲ့ဝင်က ပြန်လည် ခုခံ ခဲ့ကြောင်း၊ ပြန်လည်


ဆုတ်ခွာသွားသော မျက်နှာဖုံးစွပ် လက်နက်ကိုင်များကို
ထိုဒေသအခြေစိုက် ခြေလျင်တပ်ရင်း အမှတ်၂၄၈ မှ
တပ်ဖွဲ့ဝင်များက လိုက်လံ ရှာဖွေနေကြောင်း သိရသည်။

တိုက်ခိုက်မဖစ်ပားပီးဘုရားသုံးဆူမိတင်းသိုခေလင်တပ်ရင်းအမတ် ၂၄၈ တပ်ဖဲဝင်မား စရဖ အဖွဲ့သည် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ဦးဆောင်သည့်


ရောက်ရိလာပုံ တပ်မတော်ထောက်လှမ်းရေးတပ်ဖွဲ့ကို ၂၀၀၄ ခုနှစ်က
(ဓာတ်ပုံ-ဧရာဝတီ) ဖျက်သိမ်းပြီး နောက်ပိုင်း ပေါ်ပေါက်လာခြင်း ဖြစ်သည်။

စရဖရုံးကို တိုက်ခိုက်သွားသူများမှာ မည်သည့် လက်နက်ကိုင်အဖွဲ့မှ ဖြစ်ကြောင်း မသိရသေးသော်လည်း DKBA ခေါ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား
တပ်မတော် တပ်ဖွဲ့ဝင်များ ဖြစ်ဖွယ်ရှိသည်ဟု ဒေသခံ အများအပြားက သုံးသပ် ပြောဆိုနေကြသည်။

တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းကမျှ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ကြေညာခြင်း မရှိသေးပေ။

ထိုဒေသတွင် ကရင်အမျိုးသား အစည်းအရုံး KNU၊ အပစ်ရပ်အဖွဲ့များ ဖြစ်သော ဟောင်သရော အထူးဒေသ အဖွဲ့၊ ဗိုလ်မှူးချုပ်ထိန်မောင်၏ ကရင်ငြိမ်းချမ်းရေး
ကောင်စီ KNU/ KNLA အဖွဲ့၊ မွန်ပြည်သစ်ပါတီ၏ တပ်ဖွဲ့တို့ လှုပ်ရှားနေကြသည်။

မတည်မငြိမ်ဖြစ်နေသည့် ဘုရားသုံးဆူတွင် တိုက်ပွဲများ ထပ်မံ ဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။ ဈေးကြီး အပါအ၀င် ဈေးဆိုင်များနှင့်
ရွှေဆိုင်များလည်း ပိတ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်းမှ စတင်ကာ ဘုရားသုံးဆူမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ဒေသခံ အများအပြား ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး


တိမ်းရှောင်ခဲ့ရသည်။

ဆင်းရဲမွဲတေမှု တိုက်ဖျက်နေတာ

ဟန်လေး Monday, 06 June 2011 19:39 ကာတွန်း

Object 1 Object 2
0
လစာအပြည့်မရသည့် ကုမ္ပဏီဝန်ထမ်း ၉ ဦး ရန်ကုန်တွင် ဆန္ဒပြ

ဧရာဝတီ Monday, 06 June 2011 12:51 သတင်းတိုများ

လစာ အပြည့်အ၀ မရရှိသောကြောင့် Ever Win ကုမ္ပဏီမှ ၀န်ထမ်း ၉ ဦးသည် ဇွန်လ ၃ ရက် နေ့လယ် ၁၁ နာရီခွဲက ပန်းဆိုးတန်းလမ်းရှိ ကုမ္ပဏီရှေ့တွင်
ဆန္ဒြုပခဲ့ပြီး နေ့လယ် ၂ နာရီတွင် NLD ရုံးသို့ သွားကာ ILO သို့ တိုင်ကြားနိုင်ရန် စီစဉ်ခဲ့သည်ဟု သိရသည်။ အလုပ်စတင် ၀င်ရောက်သည့် အချိန်ကတည်းက
လစာငွေကို ၃ ရစ်ခွဲကာ နှစ်ချီပေးခဲ့ကြောင်း၊ လက်ရှိ ကုန်ဈေးနှုန်း များကြောင့် ကျပ်တည်းမှု ပိုမိုကြုံလာရသော်လည်း တစုံတရာ ဆောင်ရွက်ပေးခြင်းမရှိကြောင်း
အဆိုပါ ကုမ္ပဏီ ဝန်ထမ်းတဦးက ပြောသည်။ Ever Win ကုမ္ပဏီသည် Myanmar News Week၊ ရောင်ခြည်မိုး စသည့် ဂျာနယ်များ ထုတ်ဝေ ဖြန့်ချိနေသည့်
ကုမ္ပဏီဖြစ်သည်။

http://www.irrawaddy.org/bur/

Tuesday, June 7, 2011

ဘုရားသုံးဆူ တိုက်ခိုက်မှု

ဘုရားသုံးဆူက ထောက်လှမ်းရေးရုံး တိုက်ခိုက်ခံရပြီး မြင်ကွင်း တချို့ပါ။

သတင်းအပြည့်အစုံကို ဧရာဝတီ ပင်မ စာမျက်နှာမှာ


ဖတ်နိုင်ပါတယ်။

ထောက်လှမ်းရေးရုံးထဲက တိုက်ခိုက်မှုအပြီး မြင်ကွင်း


ဖြစ်ပါတယ်။
ကွယ်လွန်သူ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်ကို ကြမ်းပြင်မှာ လဲနေတာ မြင်ရမှာပါ။ သွေးသံရဲရဲဖြစ်နေတဲ့ နေရာကိုတော့ အင်တာနက်မှာ ဖော်ပြဖို့ မသင့်တော်လို့
အဖြူရောင်ခြယ်ပြီးဖုံးထားလိုက်ပါတယ်။
လက်ပစ်ဗုံးသမားတွေက ဆိုင်ကယ်တွေနဲ့
ထွက်ပြေးသွားပြီးနောက်မှာ
နယ်မြေခံတပ်ရင်းက ကမန်းကတန်း လိုက်ရတာ ဖြစ်လို့ သေနတ်နဲ့ကျည်ကပ်တွေ ဆွဲပြီး ထွက်လာကြတဲ့ပုံပါပဲ။

Monday, June 6, 2011

မောင်သစ်မင်း နာရေး

တေးရေးဆရာ မောင်သစ်မင်း (၅၈) နှစ်ရဲ့ နာရေး ဒီနေ့ ညနေ ၅


နာရီခွဲက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ၀ပ်ထက်ပ်လီလာ ဘုန်းကြီးကျောင်းမှာ မီးသင်္ဂြိုဟ် ပြီးစီးပါတယ်

သတင်းအပြည့်အစုံကို ဧရာဝတီ ပင်မ စာမျက်နှာ မှာ


ဖတ်ရှုနိုင်ပါတယ် (ဓာတ်ပုံများ-ဧရာဝတီ)
-

Monday, June 6, 2011

ထိုင်းက အအေးခန်း ကုန်တင်ယာဉ်နဲ့ မြန်မာပြည်သား

သန်းထိုက်ဦး

ဘန်ကောက်ကို အအေးခန်း ကုန်တင်ယာဉ်ထဲ ပုန်းပြီး သွားသူတွေ အဆင်ပြေအောင် လူကယ်ရီတွေက စီစဉ်ထားပါတယ်။ ကားမှာ လေပေါက်ဖောက်၊
ပန်ကာတပ်ထားတဲ့ နည်းလမ်းပါ။

(လေပေါက်ဖောက်မထားရင် ကုန်ကားထဲ လေအေးစက်ပျက်ပြီး လိုက်ပါလာသူတွေ သေဆုံးဖူးတာကြောင့် ဒီနည်းလမ်းက အဆင်ပြေပါတယ်)

ကုန်ကားထဲမှာ အသက်ရှုလို့ရတဲ့အတွက် ကံကောင်းတယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် ကံဆိုးချင်တော့ စစ်ဆေးရေးဂိတ်တခုမှာ မြန်မာပြည်သားတွေ အစုလိုက်


အပြုံလိုက် အဖမ်းခံထိပါတယ်။
အဲဒါကတော့ စနေနေ့က ကော့သောင်း - ရနောင်းဒေသက ထွက်သွားတဲ့ ကား ၂ စီးထဲမှာ ပုန်းပြီး လိုက်သွားတဲ့ ၃၅ ယောက် ဖြစ်ပါတယ်။

၃၅ ဦးကို တင်လာတဲ့ ကား (ဓာတ်ပုံ - dailynews.co.th)

အခုလို အဖမ်းခံရတာဟာ အာဏာပိုင်းတွေက ကြိုတင် သတင်းရထားလို့ ဖြစ်တယ် ဆိုပြီး ထိုင်းသတင်းတွေမှာ ရေးသားထားပါတယ်။

အအေးခန်းကားကို မောင်းနေတဲ့ ကားသမားတွေကိုလည်း အာဏာပိုင်တို့က ဖမ်းလိုက်တယ်လို့ သိရပါတယ်။

မဲဆောက်မြို့အထွက်က အဖမ်းအဆီး

ဒီကနေ့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ အထွက် စစ်ဆေး ရေးဂိတ်မှာ ၂၆ ယောက် အဖမ်းခံရပါတယ်။


အမျိုးသမီး နဲ့ အမျိုးသား ၁၃ ယောက်စီ ဖြစ်ပါတယ်။ ဘန်ကောက်သွားဖို့ ကြိုးစားသူတွေပါ။

မဲဆောက်ဂိတ်မှာတော့ ကားသမားကို မဖမ်းနိုင်ခဲ့ပါဘူး။ စစ်ဆေးရေးဂိတ် မရောက်ခင်မှာ ကားကို လမ်းဘေး ထိုးရပ်ပြီးတော့ ထွက်ပြေးသွားတယ်လို့


ထိုင်းသတင်းတွေက ဆိုပါတယ်။

ဘယ်လို အရေးယူမလဲ
ကားမောင်းသူတွေဟာ ထိုင်း ဥပဒေအရ လူကုန်ကူးမှုနဲ့ အရေးယူခံရနိုင်ပါတယ်၊ မြန်မာနိုင်ငံသားတွေကတော့ ထိုင်း နိုင်ငံကို ခိုးဝင်မှုနဲ့ အရေးယူခံရနိုင်ပါတယ်။
တရားမ၀င် နေထိုင် သွားလာတဲ့ မြန်မာပြည်သားတွေဟာ ထိုင်း အချုပ်ခန်း၊ ထောင်တွေထဲမှာ ကြာကြာ မနေရပါဘူး။ နယ်စပ်ကို ရက်ပိုင်းအတွင်း
ပြန်ပို့ခံရတတ်ပါတယ်။

ပြောရတာ မောတယ် ... စာပေစိစစ်ရေးရယ် ...

မြန်မာနိုင်ငံ စာပေစိစစ်နဲ့ မှတ်ပုံတင်ဌာနရဲ့ မူဝါဒတွေ ပြောင်းသွားပြီလား၊ စာပေလွတ်လပ်ခွင့် တကယ်ရနေပြီလား ဆိုပြီး လူတွေ သို့လော သို့လော
ဖြစ်နေကြပါတယ်။

ဘာကြောင့်လဲ ဆိုတော့ အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်း မြန်မာပြည်လာတဲ့သတင်းကို ဂျာနယ်တွေမှာ ဖော်ပြခွင့် ပေးလိုက်တာကိုး။ ဒါ့အပြင်
ဂျွန်မက်ကိန်းကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့သတင်းကိုပါ ဓာတ်ပုံနဲ့တကွ ဖော်ပြခွင့် ပေးလိုက် ပါသေးတယ်။ ပိုပြီး ထူးဆန်းတာကတော့ နောက်ဆက်တွဲ
သတင်းအဖြစ် ခွင့်ပြုလိုက်တာပါပဲ။

ြုမန်မာပြည်က စာပေစိစစ်ရေးက နောက်ဆက်တွဲသတင်းတွေ ခွင့်မပြုတာ ကြာပါပြီ။ အခု ဂျွန်မက်ကိန်း ကိစ္စကို နောက်ဆက်တွဲ ခွင့်ပြုတယ် ဆိုတာကတော့
ထူးဆန်းတဲ့ သတင်းတပုဒ်ပါ။ ဒါတွေကို ကြည့်ပြီး စာပေလွတ်လပ်ခွင့် ရှိလာပြီ၊ ပြောင်းလဲလာပြီ ဆိုပြီး ပြောရင်တော့ ... အင်း ... ထုံးစံအတိုင်း
စောပါသေးတယ်လို့ပဲ ပြောရမယ် ထင်ပါတယ်။

ဘာကြောင့်လဲ ဆိုတော့ မက်ကိန်း ကိစ္စ မတိုင်ခင်က ဂျာနယ် ၃၊ ၄ စောင်မှာ အကျဉ်းထောင်တွေက ဆန္ဒပြအကျဉ်းသားတွေ အကြောင်း ဖော်ပြတာ
တွေ့လိုက်ရတယ်။ ရုတ်တရက် ကြည့်လိုက်ရင်တော့ အကျဉ်းသားတွေ ဆန္ဒပြတဲ့သတင်း ဖော်ပြခွင့်ပေးတယ် ... တယ်ဟုတ်ပါလားပေါ့ ...။ ဒါပေမယ့်
သေချာဖတ်ကြည့်လိုက်မှ သူတို့က ကောင်းကောင်းထား၊ ကောင်းကောင်း ကျွေးထားပါရက်နဲ့ ဒီ အကျဉ်းသားတွေက ဆန္ဒပြနေတယ်၊ မတရားဘူးဆိုတဲ့
အဓိပ္ပာယ်အတိုင်း ရေးထားတဲ့သတင်းကို သူတို့ နိုင်တဲ့ (အပေးအယူ လုပ်ထားတဲ)့ ဂျာနယ်တချို့ကို ထည့်ခိုင်းတာပါ။ အခု ဂျွန်မက်ကိန်းသတင်းကလည်း
နောက်ကွယ်မှာ တခုခု ရှိပုံရပါတယ် (နိုင်ငံတကာကို စာနယ်ဇင်းလွတ်လပ်ခွင့်ရှိကြောင်း အတင်းကာရော ပြချင်တာမျိုး၊ ဒါမှမဟုတ် ဂျွန်မက်ကိန်းနဲ့ စီးပွားရေး
ပိတ်ဆို့ အရေးယူထားတဲ့ အမေရိကန်ကို ကြောက်တာ မျိုးပေါ့။ နောက်တခု ဖြစ်နိုင်တာကတော့ ဂျာနယ်အခြင်းခြင်း သူတော့ ဟိုသတင်းရတယ်။ သူတော့
ဒီသတင်းပဲရတယ်ဆိုပြီး ဖြစ်အောင် ရန်တိုက်ပေးတာလည်း ဖြစ်နိုင်ရဲ့)
လာမယ့် ဗုဒ္ဒဟူးနေ့ကျရင်တော့ စာပေစိစစ်ရေးက ဂျာနယ်တွေကို စည်းဝေးခေါ်ထားတယ်လို့ ကြားပါတယ်။ မူဝါဒ ပြောင်းမလို့လို့ ပြောတာပဲ။ဂျာနယ်တွေကို
စည်းဝေးခေါ်တာကတော့ အမြဲ လုပ်လေ့ရှိပါတယ်။ ခေါ်တိုင်းမှာ ညွှန်ချုပ် ဆိုသူက သူပြောချင်ရာ ပြောပြီး ပြန်လွှတ်တာ ချည်းပါပဲ။ ဂျာနယ်တွေက မေးတာတွေ၊
အကြံပေးတာတွေကို တခါမှ ဖြေကြားတာ၊ လိုက်လျောတာ မရှိခဲ့ပါဘူး။ သိရသလောက်ကတော့ စာပေစိစစ်ရေးရဲ့ မူဝါဒဟာ ဘယ်တုန်းကမှ မပြောင်းခဲ့ဖူးဘူး၊ အခု
ပြောင်းတယ်ဆိုရင်တော့ ကျောက်ကျည်ပွေ့ အတက်ပေါက်ကိန်းပဲ။

စာပေစိစစ်ရေးရဲ့ မူဝါဒတော့ ပြောင်းပြီဟေ့ လို့ ပြောဖို့မဆိုထားနဲ့ဦး ... ပြောင်းတော့မှာ လို့ ပြောဖို့တောင် စောသေးသလားလို့ ...။

တာတေ

Monday, June 6, 2011

သန့် ပြီးတောက်ပြောင်နေတဲ့ " မြို့ ပတ်ရထား နဲ့ ၀န်ကြီး"

ဧပြီ ၃၀ တုန်းက ၀န်ကြီးတပါး တိုင်းခန်းလှည့်တဲ့ သတင်း


အလဲဗင်းမှာ အထက်ပါအတိုင်း ပုံနဲ့ တကွ ပါလာတယ်။

အဲဒါကို ကြာသပတေးနေ့မှာ ဘလော့ပြောင် BSN က သတင်း နောက်တပုဒ် ဖြစ်အောင် ရေးပါတယ်။ မြန်မာဝန်ကြီးက စင်ကာပူဝန်ကြီးထက် အဆင့်မြင့်တယ် တဲ့။
ဧရာဝတီက စင်ကာပူမှာ သတင်းထောက်တွေ ဘာတွေ ထားနိုင်တဲ့ အခြေအနေ မရှိသေးတော့ သူတို့လို မရေးနိုင်ပါး)

ဂူဂယ်မှာ လမ်းသလားပြီး ဒီတပုဒ်ကို ရေးလိုက်ပါတယ်း)


ဝန်ကြီးက ပြည်သူများနှင့်အတူ ရထားစီးပြီး စစ်ဆေးရေးလုပ်တယ် လို့ အလဲဗင်းသတင်းက ဆိုပါတယ်။
လေ့လာတဲ့ အခါမှာ သိလိုက်ရတာတော့ မီးရထားတွေရဲ့ သန့်ရှင်းရေးပိုင်းမှာ အ ဆင့်မြှင့်နိုင်ဖို့ လိုတာတွေ့ရပါတယ် ဆိုတဲ့ ၀န်ကြီးရဲ့ စကားကို အလဲဗင်းက
ကိုးကားပါတယ်။
မီးရထားတွေ မသန့်ရှင်းဘူးလို့ ၀န်ကြီးက ဆိုလာပါတယ်။ ဒါတောင် ၀န်ကြီးစီးသွားတဲ့ရထားက ရှယ်ရထား။ ပုံမှာ မြင်ရတဲ့အတိုင်း အရမ်း သန့်တယ်။
ပြည်သူတွေ စီးသလို လိုက်စီးရင်တော့ နေရာမှာတင် ဥသြ ဆွဲ၊ ဆန်ပြုတ်ပေးမယ် ထင်ပါရဲ့။

ပြည်သူတွေကတော့ ဟောသလို စီးပါတယ်။ မြို့ပတ်ရထားကို


ကိုယ့်အိမ်မှတ်ပါ၊ ကိုယ့်ယာမှတ်ပါ အဲဒါ ဒို့ဗမာ လို့ သီချင်းညည်းပြီး စီးကြပါတယ်။
ဒီမိသားစုက ၀န်ကြီးနဲ့ ခရီးသွားသင့်ပါတယ်။ ဒါမှ ရထားကောင်းကောင်းနဲ့ ကြုံရမှာပေါ့။ (ဓာတ်ပ-ုံ northerniraq.info)
ဟောဒီ ရန်ကုန်ရောက နိုင်ငံခြား ခရီးသည်လည်း ၀န်ကြီးနဲ့
သွားချင်မှာပဲ။
ဒါဆို သူ ပိုပြီး ပြုံးနိုင်မယ် မဟုတ်လား။
(ဓာတ်ပ-ုံ travelpod.com)

Monday, June 6, 2011

သန့် ပြီးတောက်ပြောင်နေတဲ့ " မြို့ ပတ်ရထား နဲ့ ၀န်ကြီး"

ဧပြီ ၃၀ တုန်းက ၀န်ကြီးတပါး တိုင်းခန်းလှည့်တဲ့ သတင်း


အလဲဗင်းမှာ အထက်ပါအတိုင်း ပုံနဲ့ တကွ ပါလာတယ်။

အဲဒါကို ကြာသပတေးနေ့မှာ ဘလော့ပြောင် BSN က သတင်း နောက်တပုဒ် ဖြစ်အောင် ရေးပါတယ်။ မြန်မာဝန်ကြီးက စင်ကာပူဝန်ကြီးထက် အဆင့်မြင့်တယ် တဲ့။
ဧရာဝတီက စင်ကာပူမှာ သတင်းထောက်တွေ ဘာတွေ ထားနိုင်တဲ့ အခြေအနေ မရှိသေးတော့ သူတို့လို မရေးနိုင်ပါး)

ဂူဂယ်မှာ လမ်းသလားပြီး ဒီတပုဒ်ကို ရေးလိုက်ပါတယ်း)


ဝန်ကြီးက ပြည်သူများနှင့်အတူ ရထားစီးပြီး စစ်ဆေးရေးလုပ်တယ် လို့ အလဲဗင်းသတင်းက ဆိုပါတယ်။
လေ့လာတဲ့ အခါမှာ သိလိုက်ရတာတော့ မီးရထားတွေရဲ့ သန့်ရှင်းရေးပိုင်းမှာ အ ဆင့်မြှင့်နိုင်ဖို့ လိုတာတွေ့ရပါတယ် ဆိုတဲ့ ၀န်ကြီးရဲ့ စကားကို အလဲဗင်းက
ကိုးကားပါတယ်။
မီးရထားတွေ မသန့်ရှင်းဘူးလို့ ၀န်ကြီးက ဆိုလာပါတယ်။ ဒါတောင် ၀န်ကြီးစီးသွားတဲ့ရထားက ရှယ်ရထား။ ပုံမှာ မြင်ရတဲ့အတိုင်း အရမ်း သန့်တယ်။
ပြည်သူတွေ စီးသလို လိုက်စီးရင်တော့ နေရာမှာတင် ဥသြ ဆွဲ၊ ဆန်ပြုတ်ပေးမယ် ထင်ပါရဲ့။
ပြည်သူတွေကတော့ ဟောသလို စီးပါတယ်။ မြို့ပတ်ရထားကို
ကိုယ့်အိမ်မှတ်ပါ၊ ကိုယ့်ယာမှတ်ပါ အဲဒါ ဒို့ဗမာ လို့ သီချင်းညည်းပြီး စီးကြပါတယ်။
ဒီမိသားစုက ၀န်ကြီးနဲ့ ခရီးသွားသင့်ပါတယ်။ ဒါမှ ရထားကောင်းကောင်းနဲ့ ကြုံရမှာပေါ့။ (ဓာတ်ပ-ုံ northerniraq.info)

ဟောဒီ ရန်ကုန်ရောက နိုင်ငံခြား ခရီးသည်လည်း ၀န်ကြီးနဲ့


သွားချင်မှာပဲ။
ဒါဆို သူ ပိုပြီး ပြုံးနိုင်မယ် မဟုတ်လား။
(ဓာတ်ပ-ုံ travelpod.com)

နေပြည်တော်နှင့် ရန်ကုန်ဘူတာများ ဗုံး ပိုက်စိတ်တိုက်ရှာ

ကျော်ခ | တနင်္လာနေ့၊ ဇွန်လ ၀၆ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၄၀ မိနစ်

Object 3

Object 4

Object 5

Object 6

ချင်းမိုင် (မဇ္ဈိမ) ။ ။ နေပြည်တော်အနီး တပ်ကုန်းမြို့နယ်အတွင်း ရထားဗုံးကွဲမှု ဖြစ်ပြီးနောက် ရန်ကုန်နှင့်


နေပြည်တော် ဘူတာရုံများတွင် ဗုံးရှာ စက်ကိရိယာများဖြင့် အဆက်မပြတ် ရှာဖွေမှုများ ပြုလုပ်နေရကြောင်း ရဲဝန်ထမ်းများက ပြောသည်။

မီးရထားပေါ်နှင့် ရထားဘူတာ အဝင်၊ အထွက်ဂိတ်ဝများတွင် ဗုံးရှာ စက်ကိရိယာများ


ကိုင်ဆောင်ကာ ခရီးသည်များကို ဖောက်ခွဲရေး ပစ္စည်းများ ရှာဖွေမှုများ ပြုလုပ်ရခြင်း
ဖြစ်သည်။

“အရင်တုန်းကတော့ သတင်းရမှ ရှာတယ်။ ရှောင်တခင် ရှာတယ်။ အခုတော့ ၂


ပါတ်လောက် ရှိသွားပြီ။ ၃ ယောက် တတွဲစီ ခွဲပြီးတော့။ ရထားပေါ်ရော ဘူတာ
အဝင်အထွက်တွေပါ။ အလှည့်ကျ နေ့ရော၊ ညပါ ရှာဖွေ၊ စစ်ဆေးတာတွေ လုပ်ပါတယ်”
ဟု နေပြည်တော် မီးရထားရဲအရာရှိတဦးက မဇ္ဈိမကို ပြောသည်။
ဗုံးရှာ ကိရိယာများ ထပ်မံ တိုးချပေးပြီးနောက်
နေပြည်တော် ဘူတာကြီး သာမက ဘူတာကြီးသို့ မဆိုက်ရောက်မီ အနီးဝန်းကျင်ရှိ ကြည်တောင်ကန်၊ ရွာတော်၊ မန်ကျီးပင် စသည့် မီးရထားဘူတာများ မှစ၍
ကြိုတင် ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်နေကြရကြောင်း ရထားပေါ်တွင် လိုက်လံရှာရန် တာဝန်ကျသည့် ရဲဝန်ထမ်းတဦးကလည်း ပြောသည်။

“ကျနော်တို့က ဒီလမ်းကြောင်းပေါ်ပဲလေ။ ရထားလမ်း တလျောက် သူ့အပိုင်းလိုက်၊ အပိုင်းလိုက်ပဲလေ။ နေပြည်တော် တခုတည်းမှ မဟုတ်တာ။ ဟိုးဘက်
ဘူတာတွေ ရှိတယ်လေ။ ဟိုဘက်နဲ့ ဒီဘက်နဲ့ အဲလိုပဲ လမ်းကြောင်း ကြည့်တာ အဲလိုပဲ လုပ်တာ။ BE အဖွဲ့ကလည်း သူတို့ရှာတဲ့ အဆက်တွေ ဘာတွေ ရှိတယ်” ဟု
သူက မဇ္ဈိမကို ပြောသည်။

အလားတူ ရန်ကုန်မီးရထား ဘူတာကြီးတွင်လည်း မေလကုန်ပိုင်းမှ စတင်ကာ ဗုံးရှာ စက်ကိရိယာများဖြင့် လူအဝင်အထွက် ဂိတ်များတွင် အမျိုးသမီး
ရဲဝန်ထမ်းများနှင့် အမျိုးသား ရဲဝန်ထမ်းများက ခရီးသည်များကို ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်နေသည်။

“စစ်တာကတော့ အရင်တုန်းကလည်း စစ်ပါတယ်။ အခုမှ အထက်က Pressure ပေးလာလို့ ဒါပါပဲ။ စစ်တာတော့ အဖွဲ့လိုက် အဖွဲ့လိုက် ဂိတ်ထွက်ပေါက်တွေနဲ့
ရထားတွဲတွေပေါ်ပါ တက်စစ်တဲ့ အဖွဲ့တွေ ရှိတာပေါ့” ဟု ရန်ကုန် ဘူတာကြီးရှိ ရဲဝန်ထမ်း တဦးက တယ်လီဖုန်းမှတဆင့် ဖြေကြားသည်။

မေလ ၁၈ ရက်နေ့က ရန်ကုန-် မန္တလေး အမှတ် ၃ အဆန် ရထားသည် နေပြည်တော်အနီး တပ်ကုန်းမြို့နယ်၊ ရွှေမြို့ ဘူတာရုံမှ ဆင်သေ ဘူတာဘက်သို့ ဦးတည်
ခုတ်မောင်းစဉ် စက်ခေါင်း နောက်သုံးတွဲမြောက် ရိုးရိုးတန်း လူစီးတွဲပေါ်၌ ချိန်ကိုက်ဗုံး တလုံး ပေါက်ကွဲပြီး အမျိုးသမီးတဦး အမျိုးသားတဦး ပွဲချင်းပြီး သေဆုံးကာ ၉
ဦး ဒဏ်ရာ ရရှိသွားခဲ့သည်။

ကျားဖြူအာဘော် ဂျာနယ် ထုတ်ဝေမည်

ထွန်းထွန်း | တနင်္လာနေ့၊ ဇွန်လ ၀၆ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၄၅ မိနစ်

Object 7

Object 9

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ - SNLD၏ ပါတီအာဘော် အပတ်စဉ်ထုတ် ဂျာနယ်မှာ ပြန်ကြားရေး ဝန်ကြီးဌာန၏
ဆင်ဆာဘုတ်ထံမှ ခွင့်ပြုချက်ယူရန် မလိုဘဲ ထုတ်ဝေခွင့် ရရှိမှာ ဖြစ်သည်။

ဇူလိုင်လဆန်းတွင် စတင်ထုတ်ဝေမည့် သတင်းဦးစားပေး အပတ်စဉ်ထုတ် ဂျာနယ်ကို ပါတီ၏ မူဝါဒနှင့် လှုပ်ရှားမှုများ အပြင် စီးပွားရေး၊ လှုမှုရေးအပါအဝင်
ကဏ္ဍမျိုးစုံ ထည့်သွင်း ဖော်ပြသွားမည်ဖြစ်ကာ ဗမာ၊ ရှမ်း နှစ်ဘာသာဖြင့်
ဖြန့်ချိရန် စီစဉ်ထားကြသည်။

“အဓိက ကတော့ ကျနော်တို့ဟာ ဒီပါတီရဲ့ စီးပွားရေးနဲ့လည်း တပိုင်းတစ ဝင်နိုင်အောင်လေ။ ပါတီအတွက်ကို ရန်ပုံငွေ တစိတ်တပိုင်းလည်း ရချင်တာလည်း
ပါတယ်။ ကျနော်တို့ ပါတီရဲ့ သတင်းပါမယ်။ နောက်ပြီးတော့ မြို့နယ် အသီးသီးမှာရှိတဲ့ ပါတီတွေရဲ့၊
ပါတီရုံးခွဲတွေရဲ့လှုပ်ရှားမှု သတင်းပါမယ်။ အဓိက က ကျနော်တို့က သတင်း ဦးစားပေးပေါ့လေ။
ပြည်တွင်းပြည်ပမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ သတင်းအားလုံးကို ကျနော်တို့ သတင်းဦးစားပေး ဂျာနယ်ပေါ့”
ဟု ပါတီဘဏ္ဍာရေးမှူး ဦးစောသန်းမြင့်က ဆိုသည်။

သို့သော်လည်း ရှမ်းပြည်နယ်တွင်း ဖြစ်ပေါ်နေသည့် လက်နက်ကိုင် တိုက်ပွဲများနှင့် ပတ်သက်၍


“ကျနော်တို့ ဂျာနယ်မှာ ရေးလို့ မရဘူးခင်ဗျ အဲဒါတော့” ဟု သူက ပြောဆိုသည်။

ဗမာလို ထုတ်ဝေမည့် ဂျာနယ်ကို မြန်မာတပြည်လုံးအတွက် ဖြန့်ချိသွားမည်ဖြစ်ပြီး


ရှမ်းပြည်နယ်အတွက်မူ ရှမ်းဘာသာဖြင့် ဘာသာပြန် ထုတ်ဝေသွားမည် ဖြစ်သည်။

ရန်ကုန်မြို့တွင် ဂျာနယ်တိုက် ဖွင့်လှစ်ကာ စာမျက်နှာ ၄၀ ခန့် စာစောင်တခုလျှင် ၅၀၀ ကျပ်ရောင်းရန်


သတ်မှတ်ထားသည်။

“ဂျာနယ်ကို ငါးထောင်၊ တသောင်း ထုတ်တာလောက်တော့ ကျနော်တို့က သိပ်စာဖွဲ့ လောက်စရာ မရှိဘူးလို့ ထင်တာပဲလေ။ ရှုံးစရာလည်း သိပ်မရှိနိုင်ဘူး။
ကျနော်တို့ စောင်ရေတိုင်း ရောင်းရမယ်လို့၊ ထုတ်သလောက်
ရောင်းရမယ်လို့ပဲ ယူဆတယ်လေ။ ကျနော်တို့ ရှမ်းပရိသတ်က မနည်းဘူးလေ။ ကြော်ငြာတွေတော့ ထည့်မှာဗျ။ ပုံမှန် စီးပွားရေး ဂျာနယ်တွေလိုပဲ အားလုံး
လုပ်ဆောင်သွားဖို့ ရှိတယ်လေ”ဟု ဦးစောသန်းမြင့်က ပြောသည်။

ဂျာနယ် ထုတ်ဝေမှုမှာ ပါတီအတွက် ဒုတိယမြောက် ရန်ပုံငွေ ရှာဖွေခြင်း လုပ်ငန်းဖြစ်ပြီး၊ ကုမ္ပဏီ တည်ထောင်ခွင့် ရရန်လည်း နေပြည်တော်သို့ တင်ပြထားကာ
မလေးရှားနိုင်ငံမှ ဓာတ်မြေသြဇာမျိုးစုံ၊ ဆိုင်ကယ်ကျွတ်နှင့် တာယာ၊ လူသုံးကုန် ဆပ်ပြာမျိုးစုံတို့ကို တင်သွင်းရန် ကြိုတင်ပြင်ဆင်ထားသည်။

ကုမ္ပဏီကို အစပိုင်းတွင် ဒါရိုက်တာအဖွဲ့နှင့် စီအီးစီ အဖွဲ့ဝင်များ၏ မတည်ငွေဖြင့် လည်ပတ် လုပ်ကိုင်မည် ဖြစ်ကာ ရှယ်ယာတစုလျှင် တသောင်းနှုန်းဖြင့် အစုပေါင်း
တသန်းအထိ ရောင်းချသွားမည် ဖြစ်သည်။ ရှယ်ယာအများဆုံး ပိုင်ဆိုင်ခွင့်ကိုလည်း ကျပ်သိန်းတထောင် သတ်မှတ်ထားသည်။

တနှစ်တခါ အမြတ်မှ ၇၅ ရာခိုင်နှုန်းကို အစုရှင်များအား ခွဲပေးမည်ဖြစ်ပြီး ကျန် ၂၅ ရာခိုင်နှုန်းကိုမူ ပါတီရန်ပုံငွေ အဖြစ် အသုံးပြုမည် ဖြစ်သည်။

မောင်သစ်မင်း ကွယ်လွန်

မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ ဇွန်လ ၀၆ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၁၄ မိနစ်

Object 10

Object 11
Object 12

Object 13

ချင်းမိုင် (မဇ္ဈိမ) ။ ။ တေးရေးဆရာ မောင်သစ်မင်းသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Samitivej Srinakarin ဆေးရုံ၌ တနင်္ဂနွေနေ့ နံနက်က ကင်ဆာ
ရောဂါဝေဒနာဖြင့် ကွယ်လွန်သွားသည်။

ကွယ်လွန်ချိန်၌ ၅၈ နှစ် ရှိပြီး အမည်ရင်းမှာ ဦးဒေဝ ဖြစ်သည်။ သူသည် အူမကြီး ကင်ဆာရောဂါ ဝေဒနာကို ၂ဝ၁ဝ နိုဝင်ဘာလ ကတည်းက ခံစားခဲ့ရသည်။

ရန်ကုန်မြို့ နေအိမ်တွင် ကျန်ရစ်ခဲ့သော အငယ်ဆုံးဖြစ်သူ ကိုကိတ္တိက “သူတယောက်တည်းနဲ့ ရုန်းကန်


ခဲ့ရတာပါပဲ၊ အဲဒါတွေ ကျနော်တို့အမေ မရှိတော့တဲ့ နောက်ပိုင်းမှာ ပိုသိသာတာပါပဲ၊ ကျနော်တို့
ဖြစ်ချင်တာတွေ အကုန်လုံးကို တယောက်ချင်းစီရဲ့ ဆန္ဒကို လိုက်ဖြည့်ဆည်းပေးသွားတာပဲ” ဟု
ပြောသည်။

“သူ့ကို လေဆိပ်လိုက်ပို့လိုက်တဲ့ အချိန်ဟာ သူ့ကို ကျနော်နောက်ဆုံး


နှုတ်ဆက်လိုက်ရတဲ့ အချိန်ပါပဲ။ ကျနော့်အနေနဲ့ အခံစားရဆုံးက
နောက်ဆုံး ကျောင်းဆင်းပွဲကို သူမတက်လိုက်ရဘူးပေါ့”

အသက် ၂၂ အရွယ်ရှိ ကိုကတ္တိသည် တပ်မတော် စစ်ဆေးတက္ကသိုလ် (MBBS) နောက်ဆုံးနှစ်


ဒုတိယပတ်ကို တက်ရောက် နေသူ ဖြစ်သည်။

မောင်သစ်မင်းသည် ကဗျာ ရေးသားခြင်းကို ဝါသနာထုံခဲ့ပြီး ဝတ္ထုများ ရေးသားရာမှ တဆင့်


အနုပညာလောကသို့ ၁၉၇၁ ခုနှစ်က စတင် ဝင်ရောက်ခဲ့သည်။ ၁၉၇၇ ခုနှစ်က “တေးမြုံငှက်”
လုံးချင်းဝတ္ထုမှ နောက်ပိုင်းတွင် သီချင်းတပုဒ် ရေးစပ်ခဲ့ရာ အဆိုတော် ခိုင်ထူး သီဆိုခဲ့သည့် “တေးမြုံငှက်”
သီချင်းမှာ ထင်ရှား ကျော်ကြားသည်။

လုပ်ဖော်ကိုင်ဖက် တဦးဖြစ်သူ ဂီတ အစည်းအရုံး၏ အတွင်းရေးမှူး ဦးကိုကိုလွင်က “ ခေတ်ဦးမှီတဲ့


တေးရေးဆရာမောင်သစ်မင်း တေးရေးဆရာပါ၊ သူ နာမည်ကြီးတာက စစခြင်း Own tune သီချင်း တေးမြုံငှက် ရေးခဲ့ပေမယ့် ကော်ပီ
သီချင်းတွေ ရေးတယ်၊ “အနီးဆုံးလူ” လိုမျိုး ကိုယ်ပိုင်သံစဉ်ရေးပြီး ထပေါက်ခဲ့တဲ့ သီချင်းတွေပေါ့နော်၊ ကော်ပီသီချင်းတွေ ဆိုရင်လည်း ဦးကျော်ဟိန်း
သီချင်းတွေလို ဒဿန ပါတဲ့ သီချင်းတွေပါ၊ တေးရေးဆရာ ထဲမှာဆိုရင်တော့ သူ့ကိုလေးစားရမယ့် ဆရာတယောက်ပါ” ဟု ပြောသည်။

ကွယ်လွန်ချိန်တွင် သား ၃ဦး ကျန်ရစ်သည်။ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မီးသဂြုင်္ိဟ်ပြီး အရိုးပြာအိုးကို မြန်မာနိုင်ငံသို့
ပြန်လည် သယ်ဆောင်သွားမှာ ဖြစ်သည်။

ဦးသိန်းညွန့်ကို တသီးပုဂ္ဂလအဖြစ် သတ်မှတ်ဟုဆို

မျိုးသန့် | တနင်္လာနေ့၊ ဇွန်လ ၀၆ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၅၈ မိနစ်

Object 14

Object 15

Object 16

Object 17

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်း သင်္ကန်းကျွန်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်ကို တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်အဖြစ်


ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်လိုက်သည်ဟု သူ၏ ပါတီဟောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု NDF မှ နိုင်ငံရေး ဦးဆောင်ကော်မတီဝင်
ဦးခင်မောင်ဆွေက
ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဦးသိန်းညွန့်ကို NDF မှထုတ်ပယ်ခြင်းကို လက်ခံလိုက်ပြီး တသီးပုဂ္ဂလအဖြစ် အတည်ပြုပေးလိုက်ကြောင်း


အကြောင်းကြားစာ ပေးပို့ခဲ့သည်ဟု ဦးခင်မောင်ဆွေက
ပြောခြင်းဖြစ်သည်။

ကော်မရှင် ဥက္ကဋ္ဌမှ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ မေလ ၃၁ ရက်နေ့ရက်စွဲဖြင့်


ပေးပို့ထားသောစာကို ရန်ကုန်တိုင်း
ကော်မရှင်ထံ လိပ်မူထားပြီး ကာယကံရှင်များဖြစ်သော အမျိုးသား ဒီမိုကရေစီ
အင်အားစုပါတီနှင့် ဦးသိန်းညွန့် တို့ကိုလည်း မိတ္တူ ပေးပို့ထားသည်ဟု ဆိုသည်။

သို့သော်လည်း ယခုသတင်းပေးပို့ချိန်အထိ ကော်မရှင်၏ ဆုံးဖြတ်ချက်စာကို


ဦးသိန်းညွန့်အနေဖြင့် လက်ခံရရှိခြင်း မရှိသေးဟုဆိုကာ ဂုဏ်သိက္ခာ ထိခိုက်အောင်
လုပ်ဆောင်မှုဟု တုံ့ပြန်လိုက်သည်။

“ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အဆုံးအဖြတ်ကို ကျနော် နာခံမယ်


ဒါပေမယ့် ကျနော့်ဆီတော့ အခုချိန်အထိ ကော်မရှင်က မိတ္တူ မပေးဘူး။ ဒီကိစ္စ ကျနော်
ဘာမှမသိဘူး။ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက် အတိအလင်း
မကြေညာသေးတဲ့ အချိန်မှာ အခုလို ပြောတာဟာ ကျနော့်ရဲ့ ဂုဏ်သိက္ခာကို
ထိခိုက်စေတယ်”ဟု ဦးသိန်းညွန့်မှ မဇ္ဈိမကို ပြောသည်။
ပည်ထောင်စုရေးကောက်ပဲကော်မရင်ကတသီးပုဂလလတ်တော်
ဆ တ်မတ်လိုက်သည်ဟုဆိုသည့်
ကိုယ်စားလယ်အဖစ်သ ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်လိုသူများက အဓိက အတိုက်အခံ ပါတီကြီးဖြစ်သော အမျိုးသား
ဦးသိန်းန် ဒီမိုကရေစီ အဖွဲ့ချုပ်မှ နှုတ်ထွက်ကာ NDF ကို တည်ထောင်အပြီး လေးလစွန်းသည့်အခါ
ပါတီဘဏ္ဍာရေးကိစ္စကို မီဒီယာများသို့ တာဝန်မဲ့ ပြောဆိုသည်ဆိုသော စွပ်စွဲချက်ဖြင့် ဦးသိန်းညွန့်ကို ဗဟိုကော်မတီက ထုတ်ပယ်မှု ဖြစ်ပွားခဲ့သည်။

ဦးသိန်းညွန့်က လက်မခံဘဲ NDF အမည်ကို ဆက်လက်သုံးကာ ရွေးကောက်ပွဲဝင်ရာ ရွေးချယ်ခံရပြန်သည်။ ပါတီတွင်း အစုကွဲသလို ဖြစ်နေရာက ရွေးကောက်ပွဲ
ကော်မရှင်တွင် အဆုံးဖြတ်တောင်းခံခြင်း ဖြစ်သည်။

တချိန်တည်းမှာပင် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင်လည်း အနိုင်ရခဲ့ဖူးသူ ဦးသိန်းညွန့်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အမတ်များ ဖြစ်သည့် ဦးကျော်၊
ဒေါ်စမ်းစမ်းမြင့်နှင့် အမျိုးသားလွှတ်တော် အမတ် ဦးဖုန်းမြင့်အောင်
ပြည်သူ့လွှတ်တော် အမတ် ဦးကြည့်မြင့်တို့ဖြင့် မဟာမိတ်ဖွဲ့ကာ သင်္ကန်းကျွန်း လွှတ်တော် ကိုယ်စားလှယ်များ ဦးဆောင်သည့် အဖွဲ့ဟု ဖွဲ့စည်းထားသည်။

ဗမာပြည် နိုင်ငံရေးလောကမှာ ဖန်တို့တမ်း ကစားခြင်း

ရဲဘော် ဖိုးသံချောင်း | တနင်္လာနေ့၊ ဇွန်လ ၀၆ ရက် ၂၀၁၁ ခုနှစ် ၁၁ နာရီ ၂၃ မိနစ်

Object 18

Object 19

Object 20

Object 21

ငယ်ငယ်တုန်းက ဖန်တို့တမ်း ကစားကြတာကို မှတ်မိကြမယ် ထင်ပါတယ်။ ကိုယ့်ဘက်ကနေ တဘက်နယ်မြေထဲ စွန့်ဝင်ပြီး တဘက်ကလူကို ခေါင်းတချက်ပုတ်၊
ပုခုံးတချက်တို့ပြီး ကိုယ့်ဘက်ထဲ ပြန်ပြေးလာကြတာပါ။ တဘက်ကလည်း ဝင်လာမယ့်လူကို ဝင်လာချင်အောင် နောက်ဆုတ်ပေးဟန်ပြ၊ နေရာကွက်လပ်
ဖန်တီးပေး၊ မြှူခေါ်ပြီး ခေါင်းတချက်ပြန်ပုတ်လို့ ရအောင် ကြိုးစားကြပါတယ်။

တနေ့ကပဲ အမေရိကန် ဆီနိတ်တာ မက်ကိန်းဟာ ကြံ့ဖွတ် အရပ်ဝတ် စစ်အစိုးရကို ခေါင်းတချက်ပုတ်ပြီး သူ့နယ် ထဲကို ပြန်ဝင်သွားပါပြီ။ နောက်ပြီး
ကြပ်ပြေးမှာရော ရန်ကုန်မှာပါ လူတွေ၊ အဖွဲ့အစည်းတွေ တော်တော်များများကို ခေါင်းပုတ်၊ ပုခုံးတို့ သွားပါတယ်။ ဒီဘက်က ပြန်ပုတ်ဖို့ ကြိုးစားကြတာတွေလည်း
တွေ့ရပါတယ်။ ဒါပေမဲ့ ဘယ်ပုတ်ချက်တွေက ထိရောက်တယ် ဆိုတာကတော့ စောင့်ကြည့်ရမလို ဖြစ်နေပါတယ်။ ထူးခြားတာက ပြည်တွင်းကတချို့လူတွေဟာ
မက်ကိန်းလာတဲ့အခါမှာ မက်ကိန်းကို မပုတ်ပဲ ကြံ့ဖွတ် အစိုးရကို လှမ်းပုတ်တာ တွေ့ရပါတယ်။ ဥပမာ သူတို့ဟာ မက်ကိန်းနဲ့ တွေ့ဆုံ စကားပြောရာမှာ ဆန်ရှင်ခေါ်
ပိတ်ဆို့မှုတွေ ဖွင့်ပေးရေး ပြောတာပါ။ သူတို့ဟာ မက်ကိန်းကို သိစေချင်တာထက် အရပ်ဝတ်စစ်အစိုးရကို သူတို့ အစိုးရဘက်မှာ ရှိကြောင်း သိစေချင်တာက
ပိုများနေတယ်ဆိုတာ ထင်ရှားနေပါတယ်။

ဗမာပြည်နဲ့ အမေရိကန်တို့ရဲ့ လက်ရှိ ဆက်ဆံရေး အခြေအနေမှာ ဖန်တို့သလို အကဲစမ်းတာတွေ၊ ဘယ်ခြောက်ကာ ခြေလှမ်းတာတွေ လုပ်နေကြရဦးမယ်
ထင်ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေး သယောင်ယောင် လုပ်တာ၊ နဂိုက ကိုယ့်နိုင်ငံအတွင်း ဝင်ခွင့်မပေးတဲ့ နအဖရဲ့နောက်လိုက်
ခရိုနီသူဌေးတွေရဲ့ ဆွေမျိုးတချို့ကို လာပြီး ဆေးကုသခွင့် ပေးတာ စတာတွေဟာ တဘက်ကမြှူပြီး တဘက်က ပုတ်တာ တို့တာတွေကို နှစ်ဘက်စလုံးက
ဖော်ပြနေတာ ဖြစ်ပါတယ်။ အခုအထိတော့ နှစ်နိုင်ငံရဲ့ သံတမာန်ရေး လှုပ်ရှားမှုတွေဟာ ဟန်ရေးပြတဲ့ လက္ခဏာ ပိုဆောင်နေပါသေးတယ်။

ဒါပေမဲ့ ဖန်တို့တမ်း ကစားတာနဲ့ မတူတဲ့အချက်က ဖန်တို့တမ်းဟာ နှစ်ဘက်၊ နှစ်ဖွဲ့အကြား ကစားတာဖြစ်ပြီး ဆီနိတ်တာ မက်ကိန်းရဲ့ခရီးလိုဟာကတော့
တခြားအဖွဲ့တွေကိုပါ ထည့်တွက်ရတယ် ဆိုတာပါပဲ။ ဝါရှင်တန်ရော ကြပ်ပြေးပါ ဒီပွဲမှာ တဘက်သားကို အကဲစမ်းတာ လုပ်ရင်း တရုတ်နဲ့ အိန္ဒိယအပါ အိမ်နီးနားချင်း
နိုင်ငံတွေက ဘယ်လို သဘောထား ဖော်ပြမလဲ ဆိုတာကိုလည်း မပြတ် အကဲခတ် နေရပါတယ်။ အခုလောက်နဲ့တော့ တခြား တတိယနိုင်ငံတခုက
အသံထွက်လာနိုင်စရာ မရှိသေးပါဘူး။ ဒါပေမဲ့ ဒီနေ့လို အာရှတိုက် တောင်ပိုင်းနဲ့ အရှေ့ပိုင်းမှာ တင်းမာမှုတွေ စမြင်ရနေချိန်မှာ ဒီခရီးစဉ်ကို ဥပက္ခာပြု
ထားကြလိမ့်မယ်လို့ ယူဆရင် ညံ့လွန်းရာ ကျပါမယ်။

ကြံ့ဖွတ်အစိုးရဆိုတာ ပေါ်လာတာနဲ့ တပြိုင်နက် ဒီဦး/ ဗိုလ်ချုပ်တွေ လုပ်တဲ့ ပထမဆုံး နိုင်ငံခြားရေး ခြေလှမ်းဟာ အမေရိကန်နဲ့ တရုတ်အကြားမှာ ကစားဖို့
လုံးပမ်းတာပဲဆိုတာ သတိထားသင့်ပါတယ်။ ဒါဟာ မဆလ အစိုးရကစလို့ နဝတ-နအဖ အလယ် ဒီနေ့အထိ ဗမာပြည်မှာ တည်ရှိခဲ့တဲ့ စစ်အစိုးရ အဆက်ဆက်
အလူးအလဲ လုံးပမ်းကြတဲ့ အစဉ်အလာ သံတမာန်ရေး လုပ်ငန်းလို တရပ်ဖြစ်နေပါတယ်။ သာမန်နိုင်ငံတခုဆိုရင် ဒါဟာ ဘာမှ ပြောစရာ မရှိပါဘူး။ အရင်ကလည်း
ဘက်မလိုက် လှုပ်ရှားမှု၊ တတိယ ကမ္ဘာလှုပ်ရှားမှု ဆိုတာတွေ ရှိခဲ့တာပါပဲ။ ဒါပေမဲ့ ပြဿနာက အခုအခါမှာ ဒိပြင်နိုင်ငံတွေက “ကျနော်ဟာ ဘက်မလိုက်နိုင်ငံ
ပါခင်ဗျ”ဆိုပြီး လှုပ်ရှားပြ၊ ထောက်ခံမှုရှာတာတွေလုပ်တာ မတွေ့ရပဲ ကြံ့ဖွတ်အစိုးရကမှ ဒီလိုလုပ်နေတာဟာ ဘာကြောင့်လဲလို့ မေးစရာ ရှိနေပါတယ်။
တခြားလူတွေအနေနဲ့ ကိုယ့်ရပ်တည်မှုကို နိုင်ငံတကာ အလယ်မှာ တကြိမ်၊ နှစ်ကြိမ် ဖော်ပြလိုက်ရင် ကိစ္စ အေးသွားပေမဲ့ ဗမာပြည်က စစ်အစိုးရတွေမတော့
လှေနံနှစ်ဘက်ကို ခက်ခက်ခဲခဲ နင်းနေရသလို ဟန်ချက်ကို ရှာလို့ မရဘူး ဖြစ်နေပါတယ်။ ဒါမျိုးဆိုတာက တခါဟန်ချက် ပျက်သွားရင် ဟန်ချက်ကို ပြန်ထိန်းဖို့
ခက်တတ်သလို ကိုယ်ကိုယ်တိုင်ကလည်း တည်တည်ငြိမ်ငြိမ် ဖြစ်ဖို့ လိုပါတယ်။ ဗမာပြည်လို ပြည်တွင်း တည်ငြိမ်မှု မရှိတဲ့ နိုင်ငံ၊ လှေနံတွေ အများကြီး နင်းချင်တဲ့
အစိုးရ၊ လှေကြီးပေါ် လှေငယ်တင်သလို အတုအယောင် အစိုးရတွေ ဆင့်ထားချင်တဲ့ အစိုးရတရပ်အနေနဲ့ တည်ငြိမ်တဲ့ ဟန်ချက်တခု မရနိုင်တာ မဆန်းပါဘူး။
သူတို့လုပ်တာတွေ အတွက် သူတို့ခံနေရတာပါ။

ပိုဆိုးတဲ့ အကြောင်းရင်းတခုက ကြံ့ဖွတ် အစိုးရအနေနဲ့ အခုလို အသိအမှတ်ပြုမှုတွေ ရှာနေတာဟာ ပြည်သူလူထု အကျိုးအတွက် မဟုတ်ပဲ အာဏာရ
စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့ရဲ့နောက်လိုက် ခရိုနီ သူဌေးတွေရဲ့ အကျိုးအတွက် မလည်ရှုပ် လုပ်နေ ဖြစ်တယ်ဆိုတာပါပဲ။ နိုင်ငံကြီးတွေအကြားမှာ ကိုယ့်သိက္ခာနဲ့
ကိုယ်တည်တည်ငြိမ်ငြိမ် ရပ်တည်နေတယ်ဆိုရင် ပြည်သူ လူထုကို မထိခိုက်ပါဘူး။ ဒါပေမဲ့ ကိုယ့်အကြံအစည်နဲ့ကိုယ် နိုင်ငံကြီးတွေအကြားမှာ မဖြစ်ညစ်ကျယ်
ကစားတယ် ဆိုရင်တော့ ကြားညပ်ပြီး တိုင်းပြည် နာတတ်ပါတယ်။

တကယ်ကျတော့ ဒီနေ့ ဗမာပြည်နဲ့ အနီးဆုံးဖြစ်တဲ့ တောင်အာရှတိုက်နဲ့ အာရှတိုက် အရှေ့ပိုင်းတို့မှာ မငြိမ်မသက် ဖြစ်မှုတွေ၊ တင်းမာမှုတွေ မြင်တွေ့နေရပါတယ်။
ဘင်လာဒင် အသတ်ခံရပြီးတဲ့ နောက်မှာ တာလီဘန်များရဲ့ လက်စား ချေရေးလှုပ်ရှားမှုတွေ တိုးများလာရုံမက ပါကစ္စတန်နဲ့ အမေရိကန်တို့အကြား ဆက်ဆံရေး
တင်းမာလာပါတယ်။ ဒါနဲ့ တဆက်ထဲ အိန္ဒိယ၊ တရုတ်တို့ကလည်း ဒီခြေအနေကို အာရုံစိုက် ပြင်ဆင်လာနေကြပါတယ်။ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား
ပြဿနာဟာ လိုဏ်ခေါင်းအဆုံးက အလင်းရောင်လေးကိုတောင် မမြင်ရသေးတဲ့အပြင် ဂျပန်မှာငလျင်နဲ့ ဆူနာမီဝင်ဆောင့်လိုက်တော့ ကိစ္စတွေက
ပိုရှုပ်ကုန်ပါတယ်။ တောင်တရုတ်ပင်လယ်မှာ ပင်လယ်ထဲက ကျွန်းလေးတွေ အတွက် ပတ်ဝန်းကျင်က နိုင်ငံတွေအကြားမှာ တင်းမာမှုတွေ ပေါ်လာနေချိန်မှာ
အမေရိကန်က အဲဒီဒေသမှာရှိတဲ့ သူ့ရေတပ်ကို အားဖြည့်မယ်လို့ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် ဗမာနိုင်ငံနဲ့ အနီးဆုံးဖြစ်တဲ့ ထိုင်းနဲ့ ကမ္ဗောဒီးယားတို့ အကြားက
စစ်ပွဲဟာ ပတ်ဝန်းကျင်ကို ပျံ့နှံ့လာစရာ မရှိဘူးဆိုပေမဲ့ တည်ငြိမ်အေးချမ်းတဲ့ ပတ်ဝန်းကျင်ကို ပျက်စီးစေတာတော့ အမှန်ပါပဲ။

ဒီလိုအချိန်မှာ ဗိုလ်ချုပ်သိန်းစိန်ရဲ့“အရပ်သား”အစိုးရဟာ နိုင်ငံတကာ သံတမာန်ရေးရာမှာ အစွမ်းတွေပြဖို့ လုပ်နေပါတယ်။ သူတို့ရဲ့ ဖွဲ့စည်းပုံ ဥပဒေတို့


ရွေးကောက်ပွဲတို့၊ “လွတ်ငြိမ်းချမ်းသာခွင့်”တို့ ဆိုတာတွေဟာ သူတို့ကို မျက်နှာလိုအားရ လုပ်နေသူတွေကိုသာ လှည့်စားလို့ ရပေမဲ့ နိုင်ငံတကာကို
မလှည့်စားနိုင်ပါဘူး။ ဆီနိတ်တာ မက်ကိန်းလို လူကိုက ဒါလောက်နဲ့ သူတို့ပြောင်းနေတဲ့ အပြောင်းအလဲတို့၊ ဒီမိုကရေစီလမ်းကြောင်းတို့ ဆိုတာတွေကို
လက်ခံမတဲ့လား။ ဒီခရီးစဉ်ကို ပြန်ချုပ်လိုက်ရင် အသစ်စက်စက် ကြံ့ဖွတ် သမ္မတ ခမျာ “ အရှေ့အလယ်ပိုင်း မှာလို တော်လှန်ရေးတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်” လို့
ပညာပေးခံရတာပဲ အမြတ်ရလိုက်ပါတယ်။ ဖန်တို့ပွဲမှာ သူ့ကို ရှေ့နေလိုက်ပေးကြတဲ့ နိုင်ငံရေးသမားတွေကတော့ ဖားခွင့် အမြတ် ရလိုက်ကြပါတယ်။

ပြည်သူလူထုကြီး အဖို့ကတော့ အပြောင်းအလဲဟာ ပြည်တွင်းက အဓိက ဖြစ်ရမယ်ဆိုတဲ့ အယူအဆ ပိုခိုင်မြဲသွားရပါတယ်။

ကိုရီးယားမှာ ပထမဆုံး စာပေဟောပြော

ကိုပေါက် | တနင်္လာနေ့၊ ဇွန်လ ၀၆ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၀၂ မိနစ်

Object 22

Object 23

Object 24

Object 25

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာပြည်တွင်းမှ စာရေးဆရာများအား ဖိတ်ကြား၍ ပြုလုပ်သည့် ပထမဆုံးအကြိမ် စာပေ ဟောပြောပွဲကို ကိုရီးယားနိုင်ငံ
ဆိုးလ်မြို့အနီး ပူချွန်းမြို့တွင် တနင်္ဂနွေနေ့က ပြုလုပ်ရာ စာရေးဆရာ ဖေမြင့်နှင့် ကာတွန်းဆရာ အော်ပီကျယ်တို့ ဟောပြောခဲ့ကြသည်။

နေ့လည် တနာရီမှ ညနေ ၆ နာရီထိ ကြာမြင့်ခဲ့သော ဤဟောပြောပွဲတွင် ဆရာဖေမြင့်က ‘စာဖတ်ခြင်းဖြင့် ဘဝတိုးတက်ရေး’၊ ဆရာအော်ပီကျယ်က ‘ရေကြည်ရာ
မြက်နုရာ’ ခေါင်းစဉ်များဖြင့် ဟောပြောသွားခဲ့ရာ ပရိသတ် ၃၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

“စာဖတ်ခြင်းကြောင့် ဘယ်လို တိုးတက် ဖွံ့ဖြိုးမှု ဖြစ်နိုင်တယ်ဆိုတဲ့ အကြောင်း ပြောတယ်။ အကိုးအကားပြုပြီး


ပြောတဲ့အခါ မြန်မာ စာရေးဆရာကြီးတွေ၊ စာအုပ် စာတမ်းတွေ၊ စောစောပိုင်း ခေတ်က မြန်မာ့နိုင်ငံရေးနဲ့ နှီးနွယ်ပြီး ရှိခဲ့တဲ့ စာအုပ်စာတမ်းတွေကို
သမိုင်းနောက်ခံလေးနဲ့ ခါတိုင်းထက် ဇောင်းပေးပြီး ပြောလိုက်တယ်ဗျ” ဟု ဆရာဖေမြင့်က မဇ္ဈိမကို ပြောသည်။

ဆရာအော်ပီကျယ်အနေနှင့် မြန်မာပြည်သူများ လက်ရှိခံစားနေရသည့် လူမှု ဒုက္ခများအား ကာတွန်း ပြကွက်များဖြင့်


ဟောပြောသွားခဲ့ကြောင်း သိရသည်။

ဤခရီးစဉ်အား ကိုရီးယားရှိ မြန်မာနိုင်ငံသားများက စုပေါင်း တာဝန်ယူခဲ့ကြခြင်းဖြစ်ပြီး ကိုရီးယားရှိ


မြန်မာကလောင်ရှင်များနှင့်လည်း တွေ့ဆုံ ဆွေးနွေးနိုင်ခဲ့ကြောင်း ဦးဆောင်စီစဉ်သူ တဦးဖြစ်သည့် ကိုဝင်းပေါ်မောင်က မဇ္ဈိမကို ပြောသည်။

“အမေးအဖြေကဏ္ဍ ထည့်ထားပေမယ့် အချိန်အခက်အခဲကြောင့် မလုပ်လိုက်နိုင်ဘူး။ စာပေ ခရီးစဉ်အတွင်းမှာ စာပေ ဆွေးနွေးဝိုင်းက ၄ ဝိုင်းလောက်ရှိ။


ဒီနေ့လည်း ‘စာပေ ဝတ်မှုန်ကူးပွဲ’ ဆိုပြီး ဒီမှာရှိနေတဲ့ ကလောင်ရှင်တွေ၊ ဘလော့ဂါတွေနဲ့ ဆရာတို့နဲ့ တွေ့ကြပါတယ်”

ကိုရီးယားနိုင်ငံတွင် မြန်မာနိုင်ငံသား ၄၀၀၀ ကျော် ရှိနေပြီး အများစုမှာ အလုပ် လုပ်ကိုင်နေကြကာ အချို့မှာ ဘွဲ့လွန်ပညာများ ဆက်လက် သင်ကြားနေကြသည်။

စည်ပင်ရဲများ ဖယ်ရှားရန် မဝံ့

မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ ဇွန်လ ၀၆ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၄၀ မိနစ်

Object 26

Object 27

Object 28

Object 29

ရန်ကုန် (မဇ္ဈိမ) ။ ။ ရန်ကုန်မြို့တွင်း ၆ မြို့နယ်တွင် စည်ပင်သာယာက လမ်းဘေးဈေးရောင်းမှုများ တားမြစ်ထားသော်လည်း ဈေးရောင်းချမှု ဆက်လက်


ရှိနေချိန်တွင် စည်ပင်ရဲများမှာလည်း ဖယ်ရှား ရှင်းလင်းရန် မဝံ့မရဲ ဖြစ်နေကြကြောင်း ထုတ်ဖော် ပြောဆိုကြသည်။

ပြီးခဲ့သည့် သောကြာနေ့မှစ၍ ရန်ကုန်တိုင်း အတွင်းရှိ


လသာ၊ ပုစွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ ပန်းဘဲတန်းနှင့် လမ်းမတော်
မြို့နယ်များ၌
ဈေးမရောင်းရန် တားမြစ်ထားပြီး မလိုက်နာလျှင် ပစ္စည်းသိမ်းမည့်အပြင် ထောင်ဒဏ် ၃
လ အထိ အရေးယူရန် ထုတ်ပြန်ထားသည်။

“ ကျနော်တို့ ပြဿနာတက်မှာကို စိုးတယ်။ ပြီးတော့


ဈေးသည်တွေနဲ့ကလည်း ရင်းနှီးနေတယ်လေ ” ဟု ရဲတပ်ကြပ်တဦးက မဇ္ဈိမကို
ပြောသည်။

ကျောက်တံတားမြို့နယ် ၃၈ လမ်းဈေးမှ ဈေးသည်များကို ဗိုလ်တထောင်မြို့နယ်


ချမ်းမြေ့ဈေးသို့ ပြောင်းရွှေ့
ရောင်းချရန် စည်ပင်သာယာက ညွှန်ကြားထားသော်
လည်း မအောင်မြင်ဘဲ ဖြစ်နေသည်။

http://www.mizzimaburmese.com/home.html ရန်ကုန်တိုင်းကောက်တံတားမိနယ်ရိ ၃၈ လမ်းစေးတင်စေးရောင်း


စေးဝယ်သူမားကိုဆတနဂနေဇန်လ
ဓာတ်ပုံ- မဇိမ။စည်ပင်သာယာကမိတင်း ၆ မိနယ်တင်လမ်းဘေး
စေးသည်မားကိုဆဖယ်ရားခိုင်းသော်လည်းအရောင်းအဝယ်မပက်ဘဲ
ရိနေသည်။
အဓမ္မလုပ်အားပေး ပပျောက်ရေး လုပ်ဆောင်ဖို့ မြန်မာ နှေးကွေးဆဲ

By ဒေါ်ခင်မျိုးသက် တနင်္လာ, 06 ဇွန် 2011

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

ဂျီနီဗာမြို့မှာ ဇွန်လ ၁ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ကျင်းပနေတဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်ရဲ့ အကြိမ် ၁၀၀ မြောက် အစည်းအဝေးမှာ
မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဇွန်လ ၄ ရက်နေ့က အထူး အစည်းအဝေးတရပ် ကျင်းပခဲ့ပါတယ်။ ILO အစည်းအဝေး တက်ရောက်လာသူတွေက မြန်မာနိုင်ငံထဲမှာ
အဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ ဆက်ရှိနေတာ၊ ကလေးစစ်သား ဆက်ပြီး စုဆောင်းနေတာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံကို
ဘန်ကောက်ရောက် ဗွီအိုအေ ၀ိုင်းတော်သူ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် (ILO) ရဲ့ အကြိမ် ၁၀၀ မြောက် အစည်းအဝေးကို ဇွန်လ ၁ ရက်နေ့ကစပြီး ဆက်တိုက် ကျင်းပနေရာမှာ ၄ ရက်နေ့ကတော့
မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အထူးအစည်းအဝေး တရပ်ကို ကျင်းပခဲ့ပါတယ်။ မြန်မာအစိုးရ အနေနဲ့ ILO က ထုတ်ပြန်ထားတဲ့ ပဋိညာဉ်စာတမ်း အမှတ် ၂၉ နဲ့
ပတ်သက်ပြီး ဘယ်လောက် လိုက်နာမှုရှိတယ် ဆိုတဲ့ ဆန်းစစ်မှုတွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ ILO ဌာနေကိုယ်စားလှယ် မစ္စတာ စတိဗ် မာရှဲလ် (Steve Marshall)
တင်သွင်းတဲ့ အစီရင်ခံစာပါ အချက်အလက်တွေကို တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက စိတ်ဝင်တစားနဲ့ ဆွေးနွေးခဲ့ကြပါတယ်။

မစ္စတာ မာရှဲလ်က မြန်မာနိုင်ငံအတွင်းမှာ ကလေးစစ်သား စုဆောင်းမှုတွေ အခုထိ ဆက်ပြီး ရှိနေသေးကြောင်း၊ အဓမ္မလုပ်အား ခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုတွေကို
ဆက်ပြီး ရနေသေးသလို အဓမ္မလုပ်အား ခိုင်းစေမှု ပပျောက်ရေး သင်တန်းတွေ ပေးနေပေမဲ့ အကန့်အသတ်တွေ များနေတယ်လို့ ပြောပါတယ်။

“မြန်မာအစိုးရနဲ့ ILO က လုပ်ဆောင်ရာမှာ အစိုးရဘက်က အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှု ပပျောက်ရေး ကြိုးပမ်းမှုအတွက် ပေါ်လစီတွေ ချမှတ်ထားတာ
ရှိပေမဲ့ တိုးတက်မှုက နှေးကွေးနေတာကို တွေ့ရပါတယ်။ လူတွေက ဒီဥပဒေအကြောင်းကို ပိုပြီး နားလည်လာကြသလို ဒေသခံ အာဏာပိုင်တွေကလည်း ဥပဒေ
ချိုးဖောက်ရင်၊ မလိုက်နာရင် အရေးယူခံရမှာကို သဘောပေါက်ကြပါတယ်။ ဒါပေမဲ့ ILO က တိုက်တွန်းမှ လုပ်တာကို တွေ့ရပြီး ကိုယ့်အသိနဲ့ကိုယ် လုပ်ကိုင်တာမျိုး
နည်းနေတာကို တွေ့ရပါတယ်။

“ဒါ့အပြင် အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေနဲ့ ပတ်သက်ပြီး နိုးနိုးကြားကြား ရှိဖို့ ဆောင်ရွက်ကြတဲ့ စုစုနွေး အပါအ၀င် လှုပ်ရှားတဲ့သူ ၄ ယောက်
အဖမ်းခံထားရဆဲကို တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ တံတားဆောက်၊ လမ်းဖောက် စတဲ့ လုပ်ငန်းတွေမှာ အဓမ္မလုပ်အားပေး ခိုင်းစေမှုတွေ၊ ကလေးစစ်သား
အသုံးပြုမှုတွေ စတာတွေ ပပျောက်ရေးအတွက် ထိထိရောက်ရောက် အရေးယူနိုင်ဖို့ လိုအပ်နေပါတယ်။”

ILO ဌာနေကိုယ်စားလှယ် အနေနဲ့ မြန်မာနိုင်ငံတ၀န်း ကိစ္စရပ်တွေကို ကိုင်တွယ်ရာမှာ မနိုင်မနင်း ဖြစ်နေတာမို့ အကူအညီ ပေးနိုင်မယ့်သူ ထပ်ပြီး တိုးပေးဖို့
တောင်းဆိုထားတယ်လို့လည်း ဆိုပါတယ်။

ဒီအစည်းအဝေးမှာ ITUC နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် အဖွဲ့ဝင်ဖြစ်တဲ့ FTUB မြန်မာနိုင်ငံ အလုပ်သမား အဖွဲ့ချုပ်က ကိုယ်စားလှယ်တွေကလည်း
မြန်မာနိုင်ငံတွင်း အဓမ္မလုပ်အား ခိုင်းစေမှုတွေ အခုထိ ဆက်ပြီး ရှိနေသေးတာကို တင်ပြခဲ့တယ်လို့ FTUB အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်က
ပြောပါတယ်။

“ကျနော်တို့ တင်ပြတာက အဓမ္မ လုပ်အားပေးမှုက နည်းတော့သွားတယ်၊ လုံးဝ ပပျောက်မှု မရှိသေးဘူး။ တိုင်းနဲ့ပြည်နယ်တွေမှာ ဖြစ်နေတဲ့ ကိစ္စတွေက
ဆက်လက်ပြီး ILO ဌာနေ ကိုယ်စားလှယ်ဆီကို အစီရင်ခံစာတွေ သွားထားတဲ့ ဆန်းစစ်နေတဲ့ ကိစ္စတွေ ရှိတဲ့အတွက် အဓမ္မ လုပ်အားပေးဆိုတာ
မပပျောက်သေးဘူးဆိုတဲ့ ကိစ္စကို ကျနော်တို့ တင်ပြတယ်။

“ကလေးစစ်သား ၇၀ ကျော် အိမ်ကို ပြန်ပို့နိုင်တယ်လို့ ILO က ပြောထားတဲ့ အတွက်ကြောင့် ကျနော်တို့က အဲဒါကိုပဲ ထောက်ပြပါတယ်။ ကလေးစစ်သား ၇၀
ကျော်ကို ဖမ်းခဲ့တယ်ဆိုတာ သိပါတယ်။ ဒီ့အပြင် မိဘတွေက တိုင်ကြားထားတဲ့ တခြား Case တွေပေါ့၊ အဲဒါတွေက ရှိနေသေးတဲ့ အတွက်ကြောင့် ကလေးစစ်သား
ခေါ်တဲ့ကိစ္စတွေ မပပျောက်သေးဘူး။ အဓမ္မ လုပ်အားပေး ကိစ္စတွေ မပပျောက်သေးဘူး။ ဒါကြောင့် ထပ်ဆင့်နားလည်မှုဆိုတာ ထိုးတာ
ကောင်းတော့ကောင်းတယ်။ အဓိကကတော့ Commission of Enquiry သက္ကရာဇ် ၂၀၀၀ တုန်းက လုပ်ခဲ့တဲ့ စုံစမ်းရေး စစ်ဆေးရေး ကော်မရှင်က ပြောထားတဲ့
ကိစ္စတွေကို လုပ်ဖို့က အဓိကကျတယ်။ ဒါမှသာလျှင် အဓမ္မ လုပ်အားပေးမှု ပပျောက်မယ်ဆိုတဲ့ ကိစ္စကို ကျနော်တို့ဘက်က တင်ပြခဲ့ပါတယ်။”

မြန်မာအစိုးရဘက်ကတော့ ရန်ကုန် ILO ရုံးခွဲနဲ့ ဆက်သွယ် ဆောင်ရွက်နေကြောင်းနဲ့ အဓမ္မ ခိုင်းစေမှုတွေ နည်းပါးသွားကြောင်း ပြောကြားခဲ့တဲ့အပြင် လွန်ခဲ့တဲ့ ၁၀
နှစ်ကျော်ကတည်းက ပြောင်းလဲဖို့အတွက် ILO က ပြောကြားထားတဲ့ ကိစ္စအတွက် ခေါက်ဆွဲထုပ် ပြုတ်စားသလို လွယ်မှာမဟုတ်ကြောင်း တင်ပြခဲ့တယ်လို့
ဆိုပါတယ်။
ILO ရဲ့ ညီလာခံတွေမှာ ပုံမှန်အားဖြင့် အစိုးရ ကိုယ်စားလှယ်၊ လုပ်ငန်းရှင် ကိုယ်စားလှယ်နဲ့ အလုပ်သမား ကိုယ်စားလှယ်အဖြစ် အဖွဲ့ ၃ ဖွဲ့က တက်ရောက်ပြီး
နိုင်ငံတခုချင်းစီရဲ့ အလုပ်သမားရေး ကိစ္စတွေကို ဆွေးနွေးကြတာ ဖြစ်ပါတယ်။

အခု မြန်မာ့အရေး အထူးအစည်းအဝေးကိုတော့ အစိုးရအဖွဲ့ ကိုယ်စားလှယ်၊ လုပ်ငန်းရှင် ကိုယ်စားလှယ် အဖြစ်နဲ့ ဒေါ်ခိုင်ခိုင်လွင် တက်ရောက်ခဲ့ပေမဲ့
အလုပ်သမား ကိုယ်စားလှယ်တော့ စေလွှတ်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါဟာ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းမှုနဲ့ ပတ်သက်ပြီး ကန့်သတ်
ချုပ်ချယ်မှုတွေ ရှိနေသေးတာကို ပြနေတယ်လို့ ဦးမောင်မောင်က ပြောပါတယ်။

“အလုပ်သမား ကိုယ်စားလှယ် မပါလာဘူးဆိုတာ နိုင်ငံတခုရဲ့ အဖွဲ့အစည်းမှာ ဖွဲ့စည်းပုံ မပြည့်ဘူး ဆိုတာကိုတော့ ကျနော်တို့ အနေနဲ့ ကန့်ကွက်စာ
တင်ထားပါတယ်။ ဒါကတော့ ဒီအပတ်ထဲမှာ ဆွေးနွေးဖြစ်မှာပါ။”

လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းမှုဆိုင်ရာ အစည်းအဝေး ကျင်းပတဲ့အခါ မြန်မာနိုင်ငံတွင်း အလုပ်သမား အဖွဲ့အစည်းများ ဖွဲ့စည်းခွင့် ရရေးအတွက် အထူး
တောင်းဆိုသွားမယ်လို့ ဦးမောင်မောင်က ပြောပါတယ်။

ILO အဖွဲ့ချုပ်ကတော့ ၁၉၉၈ ခုနှစ် စုံစမ်းရေး ကော်မရှင်က အကြံပြုထားတဲ့အတိုင်း ILO ပဋိညာဉ်စာတမ်းကို အခုထိ မြန်မာနိုင်ငံ မလိုက်နာနိုင်သေးတာအတွက်
ဝမ်းနည်းရတယ်လို့ ၄ ရက်နေ့ အစည်းအဝေးအပြီး ဆုံးဖြတ်ချက် စာတမ်းမှာ ဖော်ပြထားသလို မြန်မာနိုင်ငံတွင်း အဓမ္မလုပ်အား ခိုင်းစေမှုတွေ
ပပျောက်စေဖို့အတွက် ကုလသမဂ္ဂ အဖွဲ့အစည်း အသီးသီးက ပူးပေါင်း ဆောင်ရွက်ဖို့ ထပ်လောင်း တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအတွင်း လာရောက် ရင်းနှီးမြှုပ်နှံမယ့်သူတွေ အနေနဲ့ အဓမ္မလုပ်အား ခိုင်းစေတာမျိုး မရှိစေဖို့ အထူးဂရုစိုက်ဖို့လည်း သတိပေးခဲ့ပါတယ်။

ပဲခူးစက်ရုံ အလုပ်သမား ၅၀ ကျော် ဆန္ဒပြ

By မအေးအေးမာ တနင်္လာ, 06 ဇွန် 2011

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

ပဲခူးတိုင်း ပဲခူးမြို့နယ် ဟင်္သာကုန်းရပ် ကမာနတ်ကျေးရွာ အနီးက Cap 1 ဦးထုပ်ချုပ်စက်ရုံက အလုပ်သမား ၅၅ ယောက်ဟာ ဇွန်လ ၆ ရက်နေ့က အလုပ်မဆင်းဘဲ
ဆန္ဒပြခဲ့ကြပါတယ်။ ဇွန်လ ၃ ရက်နေ့က သူတို့ တောင်းဆိုထားတဲ့ တောင်းဆိုချက်တွေကို ပဲခူးမြို့ အလုပ်သမားရုံးကို တိုင်ကြားထားပေမဲ့လည်း စက်ရုံက
လိုက်လျောခြင်း မပြုတာကြောင့် အခုလို ဆန္ဒပြခဲ့ကြတာလို့ ဆိုပါတယ်။ အပြည့်အစုံကို မအေးအေးမာက တင်ပြပေးထားပါတယ်။

ပဲခူးတိုင်း ဟင်္သာကုန်းရပ် ကမာနတ်ကျေးရွာ အနီးက Cap 1 ဦးထုပ်စက်ရုံက အထည်ချုပ် အလုပ်သမား အမျိုးသမီးတွေဟာ သူတို့စက်ရုံမှာ ကြီးကြပ်နေတဲ့
တာဝန်ခံ အမျိုးသမီး ၂ ဦးက အလုပ်သမားတွေအတွက် မတရားတဲ့ စည်းမျဉ်းတွေ ထုတ်ပြီး ငွေကြေး ဖြတ်တောက်နေတာတွေ၊ ကျန်းမာရေးဆိုင်ရာ ကိစ္စတွေ
ဖြေရှင်းမပေးတာတွေအတွက် ဆန္ဒပြ တောင်းဆိုခဲ့တာပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပဲခူးမြို့ အလုပ်သမားရုံးထိ တိုင်ကြားပေးခဲ့တဲ့ ပဲခူးတိုင်း အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ရဲ့ တိုင်းဥက္ကဋ္ဌ ကိုအောင်မျိုးဝင်းက အခုလို
ရှင်းပြပါတယ်။

“မတရားတဲ့စည်းကမ်း ဆိုတာက ကျန်းမာရေးကိစ္စ ပါမယ်၊ ကျန်းမာရေးကိစ္စ ဆိုတာ သူတို့က မနက် ၈ နာရီက ၁၀ နာရီအတွင်းပဲ အပေါ့အပါး သွားရမယ်၊
အလေးသွားရမယ်။ တကယ်လို့ အဲဒီအချိန် ကျော်ပြီးတော့မှ သွားခဲ့ရင် ခွင့်မပြုဘူး။ သွားခဲ့လို့ တွေ့ရင်လည်း သူတို့က ဒဏ်ငွေရိုက်မယ်၊ ၅၀၀ ပေါ့၊ အဲဒီလိုမျိုး။

“နောက်ပြီးတော့ အလုပ်ကိစ္စကို အလုပ်သမား အချင်းချင်း တခုံနဲ့တခုံ မေးမြန်းတာ၊ ပြောဆိုတာ တွေ့ရင် ၅၀၀ ဖြတ်တယ်။ အဲဒီလို စည်းကမ်းတွေရှိတယ်။
စက်ရုံရဲ့နောက်မှာရှိတဲ့ မိလ္လာကန်ကြီးကလည်း ပွင့်နေတယ်။ အဲတော့ ကျန်းမာရေးအရ ဆိုးရွားတယ်ပေါ့။ နေ့လယ် ထမင်းစား နားချိန်ကို တနာရီအပြည့် ပေးမယ်
ဆိုတဲ့နေရာမှာ မပေးဘဲနဲ့ မိနစ် ၄၀ ပဲ ပေးတယ်ပေါ့ဗျာ။ အဲဒီလို အချက်တွေ ပါတယ်။ နောက် ဖယ်ရီကိစ္စတွေ ပါတယ်။ ပြီးတော့ အလုပ်ချိန် တိတိကျကျ လုပ်ပေးဖို့
အချက်တွေ ပါတယ်။ အခြေခံလစာ တိုးဖို့ကိစ္စရယ်၊ အချိန်ပိုကြေး တိုးပေးဖို့ ကိစ္စကတော့ သူတို့ လက်ရှိ မလုပ်ပေးနိုင်သေးဘူးလို့ ပြောတယ်။
ကျန်တဲ့ကိစ္စတွေတော့ လိုက်လျောပေးလိုက်တယ်။

“အဲဒီမှာ တချက်က ဘာပါလဲဆိုတော့ ကလေးတွေက အဓိက သူတို့တိုင်တဲ့ စာထဲမှာ ဒီအမျိုးသမီး ၂ ယောက်ကို အရေးယူ ဆောင်ရွက်ပေးဖို့ အဓိကထားပြီး
တိုင်တာပေါ့။”

အလုပ်သမားတွေ စပြီး ဆန္ဒပြခဲ့တာကတော့ သောကြာနေ့က ဖြစ်ခဲ့တာပါ။ တောင်းဆိုချက်တွေကို ပဲခူးမြို့ အလုပ်သမားရုံးကို သောကြာနေ့က တိုင်ကြားပြီး
တောင်းဆိုခဲ့ပေမဲ့လည်း တနင်္လာနေ့အထိ ပြေလည်မှု မရသေးဘူးလို့ ဆိုပါတယ်။ အလုပ်သမား ပြဿနာတွေကို ဖြေရှင်းပေးခဲ့တဲ့ ပဲခူးမြို့က အလုပ်သမားရုံးကို
ဆက်သွယ် မေးမြန်းကြည့်တဲ့ အခါမှာတော့ ရုံးဝန်ထမ်းတဦးက အခုလို ပြောပါတယ်။

“အဲဒါ ကျမတို့ ရုံးအဖွဲ့က မသိဘူးရှင့်။ စက်ရုံကို လူကြီးတွေ ကွင်းဆင်းသွားပါတယ်။”

လစာတိုးပေးဖို့ အပါအ၀င် သူတို့ကို ဖိနှိပ်တဲ့ အမျိုးသမီးတွေကို ထုတ်ပယ်ပေးဖို့ ဆိုတဲ့ အချက်တွေကိုတော့ ငြင်းဆိုခဲ့တာကြောင့် အခုထိ စက်ရုံတွင်းမှာ
ပြေလည်မှုတွေ မရသေးဘူးလို့ ဆိုပါတယ်။ ဒီစက်ရုံဟာ လူဦးရေ ၃၀၀ ၀န်းကျင်သာရှိပြီး ဒီနေ့မှာတော့ အလုပ်သမား ၅၅ ယောက်က အလုပ်မလုပ်ဘဲ
ဆန္ဒပြခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့တုန်းကလည်း အခုလိုပဲ အလုပ်သမား ၁၇ ဦး အလုပ်မလုပ်ဘဲ ဆန္ဒပြခဲ့ပြီး သူတို့ လိုလားချက်တွေကို တောင်းဆိုခဲ့ပါတယ်။
အဲဒီတုန်းကတော့ ပဲခူးမြို့ အလုပ်သမားရုံးကပဲ ဖြေရှင်းပေးခဲ့တာကြောင့် ပြေလည်မှုတွေ ရရှိခဲ့ပေမဲ့ အခုအခါမှာတော့ ပြေလည်မှုတွေ မရသေးဘူးလို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး Cap 1 ဦးထုပ်စက်ရုံက မန်နေဂျာကို ဆက်သွယ် မေးမြန်းကြည့်တဲ့ အခါမှာတော့ တာဝန်ခံ ဖြေကြားမယ့်သူ မရှိကြောင်း ပြောဆိုခဲ့ပါတယ်။

အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ထိပ်ပိုင်းအရာရှိ အပြောင်းအရွှေ့ များပြား

By ဦးမိုးဇော် တနင်္လာ, 06 ဇွန် 2011

ထပ်ဆင့် ဖြန့်ဝေရန်

• Digg
• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် စတင်တာဝန်ယူပြီးနောက် စစ်တပ်တွင်း အရာရှိ အရွှေ့အပြောင်းတွေကို


မေလလောက်ကတည်းက စတင်လာခဲ့ပါတယ်။ ဒီရက်ပိုင်းမှာတော့ လားရှိုးအခြေစိုက် ရမခခေါ် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ရဲ့ လက်အောက်ခံ တပ်တွေက
ထိပ်ပိုင်းအရာရှိတွေ ၈၀% လောက် အပြောင်းအလဲတွေ ဖြစ်ခဲ့ပါတယ်။ အရှေ့မြောက်တိုင်း စစ်တိုင်းဒေသဟာ တရုတ်နိုင်ငံနဲ့ ဆက်စပ်နေသလို ၀၊ ကချင်၊ ရှမ်း
စတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကလည်း ဒီဒေသအတွင်းမှာ အခြေစိုက်ထားတာ ဖြစ်တဲ့အတွက် ရမခ အရာရှိတွေရဲ့ အပြောင်းအလဲဟာ ဘယ်လို
သက်ရောက်မှုတွေ ရှိနိုင်ပါသလဲ။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ထိန်းချုပ်နယ်မြေ အတွင်းမှာ မတ်လလယ်က စတင်ပြီး ရှမ်းပြည်တပ်မတော် မြောက်ပိုင်းနဲ့ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတာ
ဖြစ်ပါတယ်။ တိုက်ပွဲကာလ ၃ လလောက် ကြာမြင့်လာချိန်မှာပဲ ရမခက ထိပ်ပိုင်းအရာရှိ အတော်များများကို အပြောင်းအရွှေ့တွေ ဆောင်ရွက်လာတာ ဖြစ်ပါတယ်။

တရုတ်၊ မြန်မာ နယ်စပ်က စစ်ရေး နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက ထိပ်ပိုင်း အရာရှိကြီးတွေ အပြောင်းအရွှေ့ဟာ ၈၀% လောက်အထိ ရှိတယ်လို့
အခုလို ပြောပါတယ်။

“တိုင်းမှူးကလွဲရင် အများစုက အပြောင်းအရွှေ့ ခံရတယ်။ ဗျူဟာမှူးတွေရော၊ တိုင်းအောက်က စကခမှူးတွေရော၊ ဂျီဝမ်းတွေရော၊ ဂျီဝမ်းဆိုတာ ပြည်သူ့စစ်
ဂျီဝမ်းတို့၊ ပြည်သူ့စစ် စစ်ဦးစီး(ပ) တို့၊ ကကငွေစာရင်း ပြည်သူ့စစ်တို့၊ အားလုံး အဲဒီမှာ အနည်းဆုံး မရှိဘူးဆို အရာရှိကြီးပေါင်း ၂၀ ကျော် ၃၀ နီးပါး ရှိတာကိုး။
အဲဒီထဲမှာ အများစု ပြောင်းရတာ။ လူ ၃၀ လောက်မှာ ၂ ယောက်လောက်ပဲ ကျန်တယ်။ အဲတော့ ၈၀% လောက် ပြောလို့ရတာပေါ့။”

တချို့ အရာရှိကြီးတွေဟာ ပြောင်းရွှေ့တာကို လက်မခံဘဲ နှုတ်ထွက်စာ တင်တယ်လို့ ကြားသိရကြောင်း ဦးအောင်ကျော်ဇောက ပြောပေမဲ့ သီးခြား
အတည်ပြုချက်တော့ မရသေးပါဘူး။

ရမခက စစ်အရာရှိတွေနဲ့ နီးစပ်တဲ့ လားရှိုးမြို့ခံ တယောက်ကတော့ အရာရှိကြီး အတော်များများ ပြောင်းရွှေ့တာ သိရပေမဲ့ ဘယ်လောက်များများ ပြောင်းရွှေ့တယ်
ဆိုတာတော့ မသိရဘူးလို့ ပြောပါတယ်။

စစ်ရေး၊ နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက ဒီလို အများအပြား ပြောင်းရွှေ့တာနဲ့ ပတ်သက်ပြီး အခုလို သုံးသပ်ပါတယ်။

“အခုပြောချင်တာက ၂ ခုပေါ့။ တခုက ရှမ်းနဲ့တိုက်တဲ့ တိုက်ပွဲတွေ မအောင်မမြင်ဖြစ်တဲ့ ကိစ္စနဲ့၊ မင်းအောင်လှိုင်ရဲ့ သူ့လူကိုယ့်လူ ရွှေ့ပြောင်းမှုအောက်မှာ
တချို့တိုင်းတွေမှာ အပြောင်းအလဲတွေ အများကြီးဖြစ်တယ်။ ကျနော် ချုပ်ပြောချင်တာက အဲဒါပါ။”

အရင်နှစ် သြဂုတ်လအတွင်းက ဗိုလ်မှူးချုပ် အောင်ကျော်ဇောကို ရမခ စစ်တိုင်းမှူးအဖြစ် အသစ်ပြောင်းလဲ ခန့်ထားခဲ့ပြီး အခုလို ထိပ်ပိုင်း အရာရှိကြီးတွေဖြစ်တဲ့
လူဟောင်းတွေကို ထပ်မံ ပြောင်းရွှေ့တာကြောင့် တပ်တွင်း အုပ်ချုပ်မှုနဲ့ စစ်ဆင်ရေးပိုင်းတွေမှာ မတည်မငြိမ် ဖြစ်နိုင်တယ်လို့လည်း သူက သုံးသပ်ပါတယ်။

ထိုင်း၊ မြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု သုတေသနဌာနက စစ်ရေးလေ့လာသူ ဦးဌေးအောင်က ဒီအချက်တွေအပြင်
စစ်ရေးအရ ပိုပြီး ဖိအားပေးဖို့လည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

“ဖြစ်နိုင်ခြေ အများဆုံးကတော့ အနေကြာတဲ့ တိုင်းတပ်တွေက အဲဒီဒေသမှာ ဒီနယ်မြေထိန်းသိမ်းရေး လုပ်ငန်းတွေ လုပ်ရတာကိုး။ အခြေစိုက်တွေဆိုတော့


များသောအားဖြင့်က အဲဒီဒေသမှာရှိတဲ့ အပစ်အခတ် ရပ်စဲရေး အဖွဲ့တွေနဲ့ ရင်းနှီးနေကြတယ်။ ၀တို့လို၊ ဒီဘက်က ကချင်တို့လို စသဖြင့် ရှမ်းတို့လို အဲဒီဒေသ
အတွင်းမှာ လှုပ်ရှားနေတဲ့ အပစ်ရပ် အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ ရင်းနှီးနေကြပြီလေ။

“ရင်းနှီးနေကြတော့ တယောက်နဲ့တယောက် အပေးအယူတွေလည်း ရှိနိုင်တယ်၊ နောက်တခုက သူတို့ တယောက်နဲ့တယောက် မျက်နှာနာရမှာတွေလည်း


ရှိနိုင်တယ်လေ။ အဲတော့ အဲဒါတွေကို ပြောင်းပစ်တာက နောက်ပိုင်းမှာ ဆက်ဆံရေး တင်းမာလာနိုင်တယ်။ နောက်ပြီးတော့လည်း တိုက်ပွဲ ပြင်းထန်မှုတွေ
ဖြစ်လာနိုင်မယ်ဆိုတဲ့ သဘောတွေ ရှိမယ်ထင်တယ်။”

အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အတွင်း အပြောင်းအရွှေ့တွေ ဖြစ်ပေါ်လာတဲ့ ဒီရက်ပိုင်းတွေ အတွင်းမှာ မြန်မာအစိုးရတပ်ဘက်က ဓာတုလက်နက် အသုံးပြုပြီး


ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်းရဲ့ အခြေစိုက်စခန်း တခုကို ထိုးစစ်ဆင် တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေး တောင်ကိုရီးယား သမ္မတ တိုက်တွန်း

By ဗွီအိုအေ (မြန်မာဌာန) တနင်္လာ, 06 ဇွန် 2011

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

ပြုံယမ်းဘက်က ခြိမ်းခြောက်ပြောဆို ရန်လိုတဲ့ စကားတွေ တောက်လျှောက် ပြောဆိုလာခဲ့ပြီးနောက် မြောက်ကိုရီးယားနိုင်ငံကို တောင်ကိုရီးယား သမ္မတက


ငြိမ်းချမ်းတဲ့ လမ်းကြောင်းကို လိုက်ဖို့ ဒီနေ့ ပြောလိုက်ပါတယ်။

တောင်ကိုရီးယား စစ်သင်္ချိုင်းက အောက်မေ့ဖွယ်နေ့ အခမ်းအနားမှာ တောင်ကိုရီးယား သမ္မတ အီမြောင်ဘက် (Lee Myung-bak) က ကိုရီးယားကျွန်းဆွယ်
ငြိမ်းချမ်းရေးအတွက် တောင်ကိုရီးယား အနေနဲ့ စိတ်ရှည်လက်ရှည် ဆက်ပြီးတော့ လုပ်သွားမှာပါလို့ ပြောခဲ့တာပါ။

မကြာခင်တုန်းက တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ လျှို့ဝှက် ဆွေးနွေးခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့တော့ သမ္မတ အီမြောင်ဘက် ဘက်က ဘာမှ ပြောဆိုခဲ့တာ
မရှိပါဘူး။

အစ္စရေး ပစ်ခတ်မှုကြောင့် ဆီးရီးယား ဆန္ဒပြသမား ၂၀ သေဆုံး

By ဗွီအိုအေ (မြန်မာဌာန) တနင်္ဂနွေ, 05 ဇွန် 2011


ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

အစ္စရေးတို့ ထိန်းချုပ်ထားတဲ့ ဂိုလန်ကုန်းမြင့် ဒေသနဲ့ ဆီးရီးယား နယ်ခြားမှာ တားဆီးထားတဲ့ သံဆူးကြိုးတွေကို ကျော်ဖြတ်ဖို့ ကြိုးစားကြတဲ့ ရာနဲ့ချီတဲ့
ပါလက်စတိုင်း လိုလားသူ ဆန္ဒပြသူတွေကို အစ္စရေး စစ်သားတွေက ပစ်ခတ်ခဲ့ပါတယ်။

အမျိုးသမီး ၁ ယောက်နဲ့ ကလေး ၁ ယောက် အပါအဝင် လူ ၂၀ သေဆုံးပြီး ၃၂၅ ယောက်ကျော် ဒဏ်ရာရတယ်လို့ ဆီးရီးယား အစိုးရ သတင်းမီဒီယာတွေက
သတင်းထုတ်ပြန်ပါတယ်။

ဆီးရီးယားဆေးရုံ တာဝန်ရှိသူတွေကလည်း သေဆုံးသူ စာရင်းကို ထုတ်ပြန်ပြီး သေဆုံးသူ အရေအတွက်ကို အတည်ပြုပါတယ်။

၁၉၆၇ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ၆ ရက်ကြာ အရှေ့အလယ်ပိုင်း စစ်ပွဲ ၄၄ နှစ်မြောက် နှစ်ပတ်လည် အဖြစ်နဲ့ ဆန္ဒပြကြတာ ဖြစ်ပါတယ်။ အဲဒီစစ်ပွဲမှာ အစ္စရေးတို့က
ဆီးရီးယားဘက်က ဂိုလန်ကုန်းမြင့်ကို သိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်။

ညနေပိုင်းမှာတော့ ဆန္ဒပြ လူအုပ်ဟာ ၁,၀၀၀ ကျော်အထိ များလာပြီး အဝေးမှာရှိတဲ့ အစ္စရေး စစ်သားတွေရှေ့မှာ ဆုတောင်း ကြွေးကြော်မှုတွေ လုပ်ခဲ့ကြပါတယ်။

အစ္စရေး စစ်သားတွေက နှုတ်အားဖြင့်ရော မိုးပေါ်ထောင် ပစ်ပြီးတော့ပါ အကြိမ်ကြိမ် သတိပေးနေတဲ့ကြားက ဆီးရီးယားတွေဟာ နယ်စပ်ဘက်ကို


ကပ်လာကြတဲ့အတွက် တခြားရွေးစရာ မရှိတော့ဘဲ ဆန္ဒပြသူတွေရဲ့ ခြေထောက်တွေကို ပစ်ခတ်ခဲ့ရတာ ဖြစ်တယ်လို့ အစ္စရေးစစ်တပ် ပြောခွင့်ရသူက
ပြောပါတယ်။

ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း ဒေသက စစ်ဆေးရေးဂိတ် တခုမှာ ရာနဲ့ချီတဲ့ ပါလက်စတိုင်း လူငယ်တွေနဲ့ အစ္စရေး စစ်သားတွေ ပဋိပက္ခဖြစ်ပြီး အစ္စရေး
စစ်သားတွေဘက်က မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်ဆံတွေနဲ့ တုံ့ပြန်ခဲ့ပါတယ်။

အကြမ်းဖက်မှုတွေ မဖြစ်ခင်ကတော့ အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နက်တန်ယာဟု (Benjamin Netanyahu) က အစ္စရေးတပ်တွေကို ထိန်းထိန်းသိမ်းသိမ်း
လုပ်ကြဖို့၊ ဒါပေမဲ့ နယ်စပ်ကိုတော့ ဖြတ်ကျော်မခံရအောင် ပြတ်ပြတ်သားသား လုပ်ကြဖို့ အမိန့်ပေးထားတယ်လို့ ပြောပါတယ်။

သတင်း

• မြန်မာသတင်း

• နိုင်ငံတကာသတင်း

• သတင်းသုံးသပ်ချက်

အစီအစဉ်များ

• ဒီမိုကရေစီရေးရာ

• စီးပွားရေး

• အမေရိကန်နိုင်ငံရေး

• သိပ္ပံ နဲ့ နည်းပညာ

• ကျန်းမာရေး

• အမျိုးသမီး

• အနုပညာမိုးကောင်းကင်

• လူငယ်ကဏ္ဍ

• သက်ကြီးစကား

• တပ်မှူးတပ်သား ပြောစကား

• ဘလော့ဂါ

• တိုက်ရိုက်လေလှိုင်း

• မြန်မာပြည်မှပေးစာ

• တီဗွီ သတင်း

• အထူးသတင်း

Interactive

• ဗွီအိုအေ ဘလော့

• Facebook

• YouTube

• Twitter

Services

• Email သတင်းလွှာ
• ပေါ့ဒ်ကတ်စ်

• RSS

External Links

• Asia News in English

• Music Mix

• Radio Free Asia

• သတင်း

သတင်း RSS Feed

E.Coli ရောဂါပိုး ဂျာမဏီ ပဲပင်ပေါက်နဲ့ ဆက်နွယ်

By ဗွီအိုအေ (မြန်မာဌာန) တနင်္ဂနွေ, 05 ဇွန် 2011

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

ဂျာမဏီနဲ့ ဆွီဒင် နိုင်ငံတွေမှာ လူပေါင်း ၂၂ ယောက် သေဆုံးခဲ့ရတဲ့ အီကိုလိုင် (E.coli) ဘက်တီးရီးယားပိုးဟာ ဂျာမဏီမှာစိုက်တဲ့ ပဲပင်ပေါက်တွေနဲ့
ဆက်နွယ်နေတယ်လို့ ဂျာမဏီနိုင်ငံ တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။

စမ်းသပ်ချက်အဖြေ အတိအကျကို တနင်္လာနေ့ကျရင် သိရမယ်လို့ လိုဝါ ဆက်စ်ဇိုနီ (Lower Saxony) ပြည်နယ်က လယ်ယာစိုက်ပျိုးရေး ဝန်ကြီး ဂါ့တ် လင်ဒါမန်
(Gert Lindemann) က သတင်းထောက်တွေကို တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ဂျာမဏီနိုင်ငံ မြောက်ပိုင်းမှာ နေထိုင်ကြတဲ့သူတွေ အနေနဲ့လည်း ပဲပင်ပေါက် စားသုံးမှုကို ချက်ချင်း ရပ်ထားကြဖို့ ၀န်ကြီးက အကြံပြုပါတယ်။

အီကိုလိုင် ဘက်တီးရီးယားပိုး ပြန့်ပွားရာဇာစ်မြစ် ဖြစ်ပုံရတဲ့ ဥတ်ဇင် (Uelzen) ဒေသက ကုမ္ပဏီတခုကိုလည်း ပိတ်ထားလိုက်ပြီလို့ ဝန်ကြီးက ပြောပါတယ်။

တနင်္ဂနွေနေ့ အစောပိုင်းက အီကိုလိုင် ဘက်တီးရီးယားပိုးကြောင့် ဂျာမဏီမှာ နောက်ထပ် လူ ၃ ယောက် သေဆုံးခဲ့တဲ့အတွက် ဒီပိုးကြောင့် စုစုပေါင်း
သေဆုံးသူဟာ ၂၂ ယောက် ရှိသွားပါပြီ။ ဂျာမဏီကနေ ပြန်လာတဲ့ ဆွီဒင် အမျိုးသမီး ၁ ယောက်ကလွဲလို့ သေဆုံးသူတွေ အားလုံးဟာ ဂျာမဏီနိုင်ငံထဲက
ဖြစ်ကြပါတယ်။

ဂျာမဏီကပဲ အများဆုံးဖြစ်တဲ့ လူပေါင်း ၂,၀၀၀ လောက်လည်း အီကိုလိုင်ပိုးကြောင့် ဖျားနာနေကြတယ်လို့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

တခြား ဥရောပနိုင်ငံ ၁၀ နိုင်ငံနဲ့ အမေရိကန် ပြည်ထောင်စုတို့မှာလည်း လူ ၉၀ လောက် အီကိုလိုင်ပိုး ကူးစက်နေကြပြီး အားလုံးနီးပါးဟာ ဂျာမဏီနိုင်ငံ
မြောက်ပိုင်းကို မကြာခင်ကပဲ သွားခဲ့ကြသူတွေ ဖြစ်ကြပါတယ်။

http://www.voanews.com/burmese/news

ဘိုလီးဗီးယားက အီရန် ကာကွယ်ရေးဝန်ကြီး အာမက်ဗာဟီဒီကိုနှင်ထုတ်

by FNG on June 7, 2011

0
0
မဲပေးပါ

DK၊ ၊ဘိုလီးဗီယားအစိုးရမှ အာဂျင်တီနားနိုင်ငံနှင့် သံတမန်ရေးပဋ္ဋိပက္ခများကို ရှောင်လွှဲသည့်


အနေဖြင့် ယခင်အီရန်အကြမ်းဖက်သမားဟောင်း ယခု အီရန်ကာကွယ်ရေးဝန်ကြီးဖြစ်နေသူ အာ
မက်ဗာဟီဒီအား လွန်ခဲ့သည့် ရက်ပိုင်းက နှင်ထုတ်ခဲ့သည်။

အာမက်ဗာဟီဒီအား ၁၉၉၄ ခုနှစ်၊ ဇူလိုင် ၁၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် လူပေါင်း ၈၅ ဦးအသက်ဆုံး


ရှုံးခဲ့ရပြီး ၃၀၀ ကျော် ဒဏ်ရာရှိ ခဲ့သည့် အာဂျင်တီးနားနိုင်ငံ၏မြို့တော် ဗျူနိုဆိုင်းရပ်(စ) မြို့ရှိ AMIA
ဂျူးရေးရာအဆောက်အဦးအားဗုံးခွဲမှုတွင် ကြိုးကိုင်စီစဉ်ခဲ့သူဖြစ်၍ အာဂျင်တီးနားအစိုးရမှအလိုရှိနေပြီး၊
နိုင်ငံတကာရဲတပ်ဖွဲ့ (Interpol) မှ နိုင်ငံတကာအစိုးရများအား ၄င်းအားဝိုင်းဝန်းဖမ်းဆီး၍ အာဂျင်တီးနား
အစိုးရသို့ လွှဲပြောင်းပေးရန် အနီရောင့်အဆင့်သတိပေးကြေငြာချက် (Red Notice) ထုတ်ထားသည်။

၁၉၉၄ ခုနှစ် အာဂျင် တီးနား နိုင်ငံ ဗျူနိုဆိုင်းရပ်(စ) မြို့ တော်ရှိ ဂျူး ရေးရာ အဆောက်အဦး အား အီရန် အစိုးရ က နိုင်ငံ ကျော် အကြမ်းဖက်မှု ပြုလုပ်မှု
ဖြစ်စဉ်ဉ်ဗုံးဖောက် ခွဲ တိုက် ခိုက် ပြီး နောက် တွေ့ ရစဉ်

ဘိုလီးယားနိုင်ငံကာကွယ်ရေးဝန်ကြီးဋ္ဌာန၏ ဖိတ်ကြားမှုနှင့် ရောက်ရှိခဲ့သည့် အီရန်အကြမ်းဖက်သမား


တဖြစ်လဲ အီရန်ကာကွယ်ရေးဝန်ကြီးအာမက်ဗာဟီဒီ၏ တရားဝင်ခရီးစဉ်အားသိလိုက်ရသည့် အာဂျင်တီး
နားရှိ ဂျူးလူမျိုးများဆိုင်ရာပေါင်းစုအဖွဲ့အစည်းတခုဖြစ်သည့် DAIA(Delegación de Asociaciones
Israelitas Argentinas) မှ ဘိုလီးဗီးယားအစိုးရအား ၄င်းအားချက် ချင်းဖမ်းဆီး၍ အာဂျင်တီးနားအစိုးရသို့
လွှဲပြောင်းပေးရန်တောင်းဆိုခဲ့သည်။ ထို့ကြောင့် အာဂျင်တီးနားနှင့် ဆက်ဆံရေးကို အလေးထားရသည့်
ဘိုလီးဗီယားအစိုးရမှ အာမက်ဗာဟီဒီအား နိုင်ငံတွင်းမှချက်ချင်းနှင် ထုတ်လိုက်ရသည်။

ဘိုလီးဗီယားနိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ချော့ဟွမ်းကား မှ ဘိုလီးဗီယားအစိုးရအနေဖြင့် အကြမ်းဖက်


သမားဖြစ်ခဲ့သော အီရန်ကာကွယ်ရေးဝန်ကြီးအာမက်ဗာဟီဒီ၏ နောက်ကြောင်းရာဇ၀င်အား သိရှိခဲ့ခြင်း
မရှိခဲ့ပါဟု အာဂျင်တီးနားနိုင်ငံခြားရေးဝန်ကြီးအား ပေးပို့ခဲ့သည့်စာတွင်ဖေါ်ပြထားခဲ့သည်။ ဤစာထဲတွင်
ဘိုလီးဗီယားအစိုးရမှ အာမက်ဗာဟီဒီအားဖမ်းဆီးလွှဲပြောင်းရန် နိုင်ငံတကာရဲတပ်ဖွဲ့၏ အနီရောင့်အဆင့်
သတိပေးကြေငြာချက်အား လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခဲ့မှုနှင့်ပတ်သက်၍ ဖော်ပြခဲ့ခြင်းမရှိပဲ ချန်
လှပ်ထားခဲ့သည်။
ဗုံးဖောက်ခွဲ မှု ကြောင့် သေဆုံး သွား သည့် သူများ ကို အစ္စရေး သံရုံးက ကမ္ဗည်းမော်ကွန်း ရေး ထိုး ထားစဉ်

ယခုဖြစ်ရပ်သည် ၁၉၇၉ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် အီရန်နိုင်ငံ၊ တဲဟ်ရန်မြို့တော်ရှိ အမေရိကန်သံရုံးအား


အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုတွင် ဦးဆောင်အခန်းကဏ္ဍမှပါဝင်ခဲ့ပြီး ကိုယ်တိုင်အကြမ်းဖက်သမားဖြစ်
ခဲ့သူ လက်ရှိအီရန်သမ္မတမာမွတ်အမာဒီနီဂျက်နှင့် ၁၉၉၄ တွင် အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုဆိုင်းရပ်(စ)မြို့ရှိ
ဂျူးရေးရာ အဆောက်အဦးအားဗုံးခွဲမှုတွင် ကြိုးကိုင်စီစဉ်ခဲ့သူဖြစ်သည့်၊ ယခုဘိုလီးဗီးယားမှနှင်ထုတ်ခံ
ရသော အကြမ်းဖက်သမားဟောင်း အီရန်ကာကွယ်ရေးဝန်ကြီးအာမက်ဗာဟီဒီအပါအ၀င် အကြမ်းဖက်
သမားများဖြင့် ပါဝင် ဖွဲ့စည်းထားခြင်းနှင့် ၂၀၀၉ ခုနှစ် အီရန်ရွေးကောက်ပွဲတွင်မဲလိမ်မှုဖြင့် အီရန်ပြည်
သူလူထုမှ လိုလားမှုမရှိပဲ ဆန့်ကျင်ကန့်ကွက်ဆန္ဒပြခံခဲ့ရပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းတွင်လည်း ဂုဏ်
သိက္ခာနိမ့်ကျနေခဲ့သည့် အီရန် အစ္စလာမ်မစ်အစိုးရအား အရှက်ရဖွယ်တခုဖြစ်စေခဲ့သည်။

လမ်းဘေး ဈေးသည် နှင့် စည်ပင်ရဲ ပဋိပက္ခဖြစ်

by FNG on June 6, 2011

8
2

မဲပေးပါ

နေမျိုးဦး ၊ ၊ရန်ကုန် တိုင်း အတွင်း ရှိ မြို့  နယ် ၃၃ ခု တွင် ယခင်သီတင်း အပတ် အတွင်းက ထုတ် ပြန် ခဲ့သည့်
လမ်းဘေး ဈေးသည် များ ဈေးမရောင်း အမိန့် ကြောင့် လမ်းဘေးဈေးသည် များ အခက်တွေ့ ကာ
၎င်း တို့ ၏ စား ၀တ် နေ ရေး အတွက် အခက် ကြုံနေ သည် ဟု သိရသည်။

ရန်ကုန် တစ်မြို့ လုံး တွင် လမ်း ဘေး ဈေး ရောင်း သူ ပေါင်း နှစ်သိန်း ကျော် ရှိ ကာ လမ်းဘေး ဈေးရောင်း
ချသည့် စီးပွား ရေး လုပ်ငန်း ငယ် ကို အမှီ အခို ပြု ကာ ရပ်တည် ရှင်သန် နေ သူ ပေါင်း မှာ ငါးသိန်းထက်
မနည်း ရှိ သည် ဟု ရန်ကုန် မြို့ တော် စည် ပင် သာ ယာ ရေး ကော်မတီ ဈေးများ ဌာန မှ ဈေးတာဝန်ခံ တစ်
ဦးက Freedom News Group သို့ ပြောသည်။

ရန်ကုန် တိုင်း ၊ ကျောက် တံတား မြို့ နယ် နှင့် မင်္ဂလာ တောင်ညွန့် မြို့ နယ် များ တွင် လမ်းဘေး ဈေးရောင်း
ချသူများ အား ယမန် နေ့ က ဖမ်းဆီး ဒဏ်ငွေ ရိုက်မှု နှင့် တရား စွဲ ဆို မှု များ ရှိ ခဲ့ သည် ဟု သိရသည်။

ယနေ့ တနင်္လာ နေ့  မနက် တွင် လသာ မြို


့နယ် နှင့် မရမ်းကုန်း မြို့ နယ် များ တွင် ဈေးရောင်း ချသည့် သူ
များ ကို စည်ပင် ရဲ နှင့် ရဲတပ် ဖွဲ့ ဝင်များ က လိုက်လံ ဖမ်းဆီးရာ လှည်းတန်း အနီး တ၀ိုက် တွင် ဈေးဗန်း
များ မှောက် ကျမှု၊ ရဲက သိမ်းသွား သော ပစ္စည်း အား ဈေးသည် က ပြန်လု မှု၊ ထွက် ပြေးရာမှ ကားတိုက်
မှု များ ဖြစ်နေသည်။
ရန်ကုန် မြို့ လမ်းမတော် မြို့ နယ် တွင် လမ်းဘေး ဈေး ဆိုင် ဖွင့် လှစ် ထား သူ တစ်ဦးက “ကျွန်မ တို့  ပြန်
ပြီး ခိုးရောင်း တာ စည် ပင် ကားတွေ နဲ့ ရောက် လာပြီး ပစ္စည်း ကို လာသိမ်း တာ ၊ ကျွန်မတို့  မှာ ရင်း နှီး
ထား တာ ဒါ အကုန် ပဲ တစ်မိသား စု လုံး ငိုယိုပြီး ပြန်လု တာ ရဲ အရာရှိ တစ်ယောက် က ပြန်ပေး လိုက်လို့ 
အခု ပြန်ရတာ တစ်လမ်းလုံး ပစ္စည်း သိမ်း ခံရတဲ့ သူတွေ မနည်း ဘူး ဟု ပြောသည်။

ရန်ကုန် မြို့  ၏ အဓိက သင်္ကေတ အမှတ် အသား တစ်ခု လို ဖြစ်နေသည့် လမ်း ဘေး ဈေးသည် များသည်
အင်္ဂလိပ် ကိုလိုနီ ခောတ် ကတည်း က စတင် သန္ဒေတည် ခဲ့ခြင်း ဖြစ်သည်။

လမ်းဘေးဈေးသည် များ ကို မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ ခောတ်က ဂဋုန် စီမံချက် ဖြင့် ရှင်း လင်း
ခဲ့ရာ သေဆုံးဒဏ်ရာ ရမှု၊ နှစ်ရှည် ထောင်ဒဏ် ချမှတ် ခံရမှု များ ရှိ ခဲ့သည်။

၁၉၈၈ ခုနှစ် နောက် ပိုင်း စစ်အစိုးရ လက် ထက် တွင် မူ လမ်းဘေး ဈေးသည် များ ကို တရားဝင် အခွန်
ကောက် ခံကာ လုပ်ငန်း လုပ်ကိုင် မှု များ ပြုခဲ့သော် လည်း ရံဖန် ရံခါ တွင် “စီမံ ချက်” ဆိုသည့်  ခေါင်းစဉ်
ဖြင့် ဖမ်းဆီး မှု များ ရှိ ခဲ့သည်။

မင်္ဂလာ တောင် ညွန် မြို့ နယ် လမ်းကျယ် ပလာဇာ မှတ် တိုင် အနီး လမ်း ဘေး ဈေး သည် တစ်ဦး ကို ဒေသ
ခံ စည် ပင်ရဲ များ က ဖမ်းဆီးရာ တွင် ဈေးသည် က ထွက် ပြေး သဖြင့် ခရီးသည် တင် ဘတ်(စ)ကား တစ်စီး
နှင့် တိုက်မိပြီး အနည်း ငယ် ထိခိုက် ဒဏ်ရာ ရရှိ သွား သည် ဟု သိရှိရသည်။

လမ်းဘေး ဈေး သည် များ ဈေးရောင်း ချမှု ပိတ်ပင် ချက် ကို ယခင် သီတင်း ပတ် အတွင်း ရန်ကုန် စစ်တိုင်း မှုး
နှင့် ရန်ကုန် တိုင်း ၀န်ကြီးချုပ် တက်ရောက် သည့် စည်ပင် သာယာရေး ကော်မတီ အစည်း အဝေး တစ်ခု မှ
ဆုံး ဖြတ် ခဲ့ခြင်း ဖြစ်သည်။

ယခင် မြို့ တော်ဝန် ဟောင်း ဦးအောင်သိန်းလင်းသည် စရိုက်ကြမ်း သည့် သူ တစ်ဦး ဖြစ်ခြင်း ကြောင့်
ရန်ကုန် မြို့ တော် စည်ပင်သာယာရေးကော်မတီ ၀န်ထမ်း များ နှင့် ဈေးသူ၊ဈေးသား များ က ရွံ့မုန်းခဲ့ကြသည်။

သူ၏ နေရာကို ဆက်ခံ သူ အဖြစ် ဂျပန်


သံအမတ် ကြီး အဖြစ် တာဝန်ထမ်းဆောင် ခဲ့သူ တစ်ဦး ဖြစ်သည့်
နိုင်ငံ ခြားရေး ၀န်ကြီးဌာန မှ ဗိုလ်မှုးချုပ် လှမြင့် က ဧပြီ လတွင် စတင် လွှဲပြောင်းတာဝန် ယူခဲ့သည်။

တူနီးရှား နိုင်ငံ ဆစ်ဒီဘူဇီ မြို့ တွင် ၂၀၁၀ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့ က လမ်းဘေး သစ်သီး ရောင်း ချသည့်
တက္ကသိုလ် ဘွဲ့ ရ မိုဟာမက်ဘူဇာဇီ ကို ရဲက ဖမ်းဆီးမှာ ၎င်း က မိမိကိုယ်ကို မီးရှို့ ဆန္ဒပြ ခဲ့ရာ နိုင်ငံတွင်း အုံ
ကြွမှု သာ မက ဒေသတွင်း နှင့် တစ်ကမ္ဘာ လုံး သို့  ဂယက် ရိုက် ခတ် ခဲ့သည်။

ယီမင် စစ်တပ် နှင့် ပြည်သူ အောင်ပွဲခံ

by FNG on June 6, 2011

11
0
မဲပေးပါ

Who’s Next? လေးလကျော်ကြာ ဆန္ဒပြတောင်းဆို မှု များ လိုက်လျှော မှု မပြုကာ၊ ပြင်းထန်


စွာ ပြန်လည် အကြမ်းဖက်ဖြိုခွဲမှု ပြုခဲ့သည့် ယီမင် သမ္မတ အလီ အဗ္ဗဒူလ် လာ ဆာလား တိုင်း
ပြည်မှ ထွက်ခွာသွား ပြီး နောက် မြို့ တော် ဆာနား၊ အေဒင် နှင့် ဇင်ဂျီဘာ မြို့ များ တွင် ဆန္ဒပြ
သူများ က သီချင်းများ ဖွင့်လှစ်ကာ ကခုန် ပျော်ပါးကြ ပြီး ၊ မီးရှုးမီးပန် များ ကောင်းကင်ယံ သို့ 
ပစ်လွှတ်ကာ အောင်ပွဲ ခံကြသည်။

မြို့ တော် ဆာနား ဉ် ယီမင် သမ္မတ အလီ အဗ္ဗဒူလ် လာ ဆာလား ဖယ်ရှား ရေး အတွက် ပြည်သူ
နှင့် အတူ တိုက်ပွဲ ၀င်ခဲ့သည့် ယီမင် စစ်တပ် မှ တပ်ဖွဲ့ ဝင်များ ကလည်း အောင် ပွဲခံကြသည်။

ဆာလား တိုင်း ပြည်မှ ထွက်သွား ပြီး နောက် ယီမင် ပြည်သူများ အောင်ပွဲခံနေစဉ် . (AP Photo/Hani Mohammed)

မြို့ တော် ဆာနား တွင် ယမန့် နေ့  က ဆော်ဒီ အာရေးဗီးယား နိုင်ငံ သို့ ဆေးကုသရန် ထွက် ခွာ
သွားသည့် ယီမင် သမ္မတ အလီ အဗ္ဗဒူလ်လာ ဆာလေး အား ” တိုင်းပြည်တွင်း သို့  မည်သည့် အခါ
မှ ပြန်မလာရန် ” ဆန္ဒပြ သူများ က အော်ဟစ်ကြွေးကျော် ခဲ့ကြသည်။

ယီမင် နိုင်ငံ ၏ ဒုတိယ အကြီးဆုံး မြို့ တော် ဖြစ်သည့် တိုင်ယဇ် တွင် ဆန္ဒပြ သူများ က မီးရှုးမီးပန်း
များ ပစ်ဖောက်ပြီး၊ လက်နက် ကိုင် တပ် ဖွဲ့ များက သေနတ် များ လေထဲ သို့ ပစ်ဖောက် ကာ အောင်
ပွဲခံကြသည်။

ဆာလား အား လက် နက် ဆွဲကိုင် တိုက် ခိုက်မှု တွင် ဦးဆောင် ခဲ့သည့် ဟာရှစ် မျိုးနွယ် စု ၏ ခေါင်း
ဆောင် ဖြစ်သည့် ရှိခ် ဆာဒစ် အယ်(လ) အာမာ ၏ တပ် ဖွဲ့ များ က ဆော်ဒီအာရေးဗီးယား နိုင်ငံက
ကြားဝင်စေ့စပ် ပေးထားသည့် အပစ်အခတ် ရပ်စဲ ရေး ကို လက်ရှိ သမ္မတ အာဘက် ရာဘို မန်ဆာ
ဟာဒီ နှင့် သဘော တူထား သဖြင့် မြို့ တော် နှင့် အခြား မြို့ များ တွင် ပစ်ခတ် မှု များ မရှိ ဟု AFP
သတင်းတွင် ဖော်ပြထားသည်။

ယမန်နေ့ က အတိုက်အခံ အဖွဲ့ များ


နှင့် ပါတီ များ တွေ့ ဆုံမှု တွင် ယီမင် သမ္မတ ကို နိုင်ငံ တွင်း ပြန်
လည် ၀င်ရောက်ခွင့် မပေး ရန် ကို သဘောတူ ခဲ့သည်။
ယီမင် သမ္မတ အိမ်တော် နှင့် အိမ်တော် ၀င်း ထဲ ရှိ ဗလီ အား တိုက် ခိုက်မှု တွင် ဦးဆောင် ခဲ့သည်
ဟု ထင်ကြေး ဟာရှစ် မျိုး နွယ်စု ခေါင်းဆောင် ဆာဒစ် အယ်(လ) အာမာ ကို ၁၉၅၆ ခု နှစ် အောက်
တိုဘာလ ၆ ရက်နေ့ တွင် ဟာရှစ် မျိုးနွယ်စု ရွာ တစ်ခု ဖြစ်သည့် အယ်(လ)ခမ်ရီ တွင် မွေးဖွား ခဲ့ပြီး
သူ၏ ဖခင် Sheikh Abdullah bin Husayn bin Nasser al-Ahmar မှာ ထင်ရှားသည့် ဟာရှစ် မျိုး
နွယ်စု ခေါင်း ဆောင် တစ်ဦး ဖြစ် သည်။

၎င်း သည် ယီမင်၊ အီဂျစ် နှင့် အမေရိကန် တို့ တွင် ပညာ သင်ယူခဲ့ပြီး အမေရိကန် နိုင်ငံ မှ နေ၍
လေယာဉ်မောင်း နှင် မှု အတတ် ပညာဖြင့် ဘွဲ့ ရရှိခဲ့သည်။

အယ်(လ) အာမာ ၏ တပ် ဖွဲ့ ဝင်များ ဆာနား မြို့ တွင်း ၀င်ရောက် နိုင်ရေး အတွက် ဟာရှစ် မျိုး နွယ်
စု ၀င် ဗိုလ်ချုပ် တစ်ဦး ဖြစ်သူ အလီ မိုဆန် က အကူ အညီပေး ခဲ့ပြီး ဆာလား အား ဖြုတ် ချ နိုင်ရန်
အတွက် လက်နက် နှင့် ရော့ကတ် လောင် ချာများ ကို ထောက်ပံ့ခဲ့သည်။
http://freedomnewsgroup.com/category/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/

လက်ဖက်လုပ်ငန်း လက်ဝါးကြီး အုပ်ခံရမှုအပေါ် တအာင်းလုပ်ငန်း အဖွဲ့ စာတမ်းထုတ်ပြန်


ဇွန်လ ၆ရက်။ စောခါးစူးညား (ကေအိုင်စ)ီ
ကရင်သတင်းလွှာက ကူးယူတင်ဆက်ပါသည်
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပလောင်တောင်သူ ၆သိန်းကျော်သည် ၎င်းတို့၏ လက်ဖက်လုပ်ငန်း လက်ဝါးကြီးအုပ်ခံရမှုအပေါ် လက်ဖက်တောင်သူအဖွဲ့
ဖွဲ့စည်းပြီး ပူးပေါင်းလုပ်ဆောင်ကြရန်နှင့် အစိုးရသစ်မှ နိုင်ငံ၏ စီးပွားရေးမူဝါဒများကို ပြန်လည် စိစစ် ပေးရန် တောင်းဆိုသည့် စာတမ်းတစ်စောင်ကို
ပလောင်(တအာင်း) လုပ်ငန်းအဖွဲ့မှ ယနေ့ ထုတ်ပြန်လိုက်သည်။

စာမျက်နှာ ၁၂မျက်နှာပါ ၎င်းစာတမ်းတွင် ယခုနှစ် လက်ဖက်ရာသီအစ၌ နမ့်ဆန်မြို့နယ်ရှိ လက်ဖက်ခြောက် တစ်ပိဿာလျှင် ၃,၅၀၀ကျပ်


ဝန်းကျင်ခန့်ရှိသော်လည်း သင်္ကြန(် ဧပြီလ)အတွင်းမှစ၍ ဈေးနှုန်းများမှာ ၂,၅၀၀ကျပ်ခန့်အထိ ကျဆင်းလာကာ လက်ရှိ လက်ဖက်တစ်ပိဿာ ပေါက်ဈေးမှာ
၂,၀၀၀ကျပ် ၀န်းကျင်ခန့်သာရှိတော့ကြောင်း ဖော်ပြထားသည်။
ယင်းသို့ အဆမတန် ကျဆင်းသည့် လက်ဖက်ပြဿနာနှင့် ရင်ဆိုင်နေရသော ပလောင်လူမျိုးတို့၏ အခက်အခဲများကို စစ်တပ် လက်အောက်ခံ
အစိုးရသစ်နှင့် ဒေသတွင်းရှိ နိုင်ငံရေးပါတီများ၊ အခြားအဖွဲ့အစည်းများ ကူညီမှုများ မရှိသေးသည့်အတွက် ထို အခက်အခဲများကို ၀ိုင်းဝန်းကူညီ
ဖြေရှင်းပေးရန်အတွက် ယခုစာတမ်းကို ရေးသားပြုစုထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း ပလောင် (တအာင်း) အလုပ်အဖွဲ့မှ အဖွဲ့ဝင် မိုင်းအောင်ကိုက ယခုလို
ပြောသည်။
“ကျနော်တို့ဒေသမှာ လက်ဖက်ဈေးတွေကျတာကို အခုတက်လာတဲ့ အစိုးရသစ်နဲ့ တခြားနိုင်ငံရေးပါတီတွေကလည်း ဖြေရှင်း ပေးတာ မတွေ့ရဘူး။
လက်ဖက်ဈေးကျတဲ့နောက်မှာ လက်ဖက်လုပ်ငန်းကို မှီတင်းနေတဲ့ တအာင်းတွေ အကုန်လုံး ဒုက္ခရောက် တယ်။ အခုလက်ရှိ ကုန်ဈေးနှုန်းကလည်း
မြင့်တက်နေတဲ့အတွက် တချို့ရွာတွေဆိုရင် ပြောင်းဖူးနဲ့ဆန် ရောပြီးမှ စားရတဲ့ဘ၀ မျိုးလည်း ရှိတယ်။ ပိုဆိုးတာက ပညာရေးမှာ တချို့ကလေးတွေ
ကျောင်းမနေနိုင်တော့တဲ့ အဆင့်မှာ ရှိတယ်။ ကျန်းမာရေးဆို လည်း တချို့ဆေးဝါးတွေ မမှီဝဲနိုင်တော့လို့ ခြံရောင်းပြီး ဆေးရုံတက်ရတဲ့အထိ ရှိတယ်။”ဟု
ကေအိုင်စီကို ပြောသည်။
လက်ဖက်ဈေး ကျဆင်းသည့်အတွက် ဒေသခံ လက်ဖက်တောင်သူ ပလောင်များသည် စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ကျန်း မာရေး စသည့်
ပြဿနာပေါင်းစုံများနှင့် ရင်ဆိုင်နေရပြီး နမ့်ဆန်၊ မန်တုံမြို့နယ်မှ အချို့ရွာခံများမှာ ရွာလုံးကျွတ်နီးပါး တရုတ် နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကြရသည်ဟုလည်း
စာတမ်းက ဆိုသည်။
လက်ဖက်ဈေး ကျဆင်းရသည့် အဓိက အကြောင်းရင်းတခုမှာ နမ့်ဆန်မြို့ရှိ ဗိုလ်ကြီးသန်းထွန်း၏ တပ်မတော် အချိုခြောက်
လက်ဖက်စက်ရ(ုံ ပလောင်ထိပ်ထား)နှင့် နဂါးပျံလက်ဖက်စက်ရုံတို့က လက်ဖက်ဈေးနှုန်းကို စိတ်တိုင်းကျ သတ်မှတ်ပြီး လက်ဝါး ကြီးအုပ်ထားသဖြင့်
အခြားကုန်သည်များကလည်း ၎င်းသတ်မှတ်ဈေးနှုန်းအတိုင်း ၀ယ်ယူနေရသည့်အတွက်ကြောင့်လည်း ဖြစ် သည်။
ထို့အပြင် ပလောင်ဒေသထွက် လက်ဖက်များကို နမ့်ဆန်၊ နမ့်ခမ်း၊ သီပေါ၊ ကျောက်မဲနှင့် မန္တလေးမြို့ရှိ လက်ဖက်ပွဲရုံကြီးများသို့ တင်ပို့ရောင်းချရာတွင်
အစိုးရလက်အောက်ခံ (သို့မဟုတ)် အစိုးရနှင့် ဆက်စပ်သော လက်ဖက်ကုန်သည်နှင့် စက်ရုံပိုင်ရှင်များ က လက်ဖက်ဈေးကို လက်ဝါးကြီးအုပ်
ချယ်လှယ်ခဲ့သည်ဟုလည်း ပလောင်လုပ်ငန်းအဖွဲ့က ထောက်ပြထားသည်။

(လက်ဖက်လုပ်ငန်းအကြောင်း ရှင်းလင်းပြောဆိုနေသည့် ပလောင်လုပ်ငန်းအဖွဲ့ဝင်များ - ဓါတ်ပုံ - KIC)


ထိုအခြေအနေပေါ်တွင် ပလောင်(တအာင်း)လူထုကို ၀ိုင်းဝန်းဖြေရှင်းပေးရန် တအာင်း(ပလောင်) အမျိုးသားပါတီအနေဖြင့် လက်ဖက်လုပ်ငန်းနှင့်
လက်ဖက်တောင်သူများအား ကာကွယ်နိုင်သည့် ဥပဒေရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက် သွားရန်အပြင် မြန်မာအစိုးရအနေဖြင့် လွတ်လပ်သော
ဈေးကွက်စီးပွားရေးစနစ်ကို ဖန်တီးပြီး ချုပ်ချယ်ကန့်သတ်မှုများ ရုပ်သိမ်း ပေးရန်နှင့် လက်ဝါးကြီးအုပ်နေမှုကို ထိန်းသိမ်းဖြေရှင်းပေးရန် ပလောင်လုပ်ငန်းအဖွဲ့က
တောင်းဆိုလိုက်သည်။
တအာင်း(ပလောင်)လုပ်ငန်းအဖွဲ့ကို တအာင်းကျောင်းသားနှင့် လူငယ်များအစည်းအရုံး (TSYO)၊ ပလောင်အမျိုးသမီးအစည်းအ ရုံး(PWO)နှင့်
ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး(PSLF)တို့ ပါဝင်စုပေါင်းထားပြီး ၂၀၀၉ခုနှစ်ကလည်း လက်ဖက်ဖျက်ပိုး အမည်ရှိ အစီရင်ခံစာတစ်စောင်ကို
ထုတ်ပြန်ခဲ့သည်။
အင်္ဂလိပ်၊ မြန်မာ ၂ ဘာသာနှင့် အစီရင်ခံစာကို သည်နေရာကနေ ရယူနိုင်ပါသည်။
http://moemaka.net/displayimage.php?album=lastup&cat=0&pid=2401#top_display_media
http://moemaka.net/displayimage.php?album=lastup&cat=0&pid=2400#top_display_media
လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်

RFA
ဇွန် ၆၊ ၂၀၁၁

ဓာတ်ပုံအား Enigma Images မှ ယူပါသည်။

● မေးသူ ။ ။ မသက်သက်ဦး (ထိုင်းနိုင်င)ံ


● မေးခွန်း ။ ။ အန်တီ ဒေါ်အောင်ဆန်းစုကြည်ရှင့်။ သမီးက ထိုင်းနိုင်ငံက မသက်သက်ဦး ဖြစ်ပါတယ်။ အခုမြန် မာပြည်အစိုးရဟာ ဒီမိုကရေစီအစိုးရအသစ်
ဖြစ်နေပါပြီလို့ ကြေညာထားတယ်ပေါ့နော်။ အဲတော့ အရင်အစိုးရ လက် ထက်မှာပေါ့နော်။ ဒီပဲယင်းနဲ့ ပတ်သက်တဲ့ လုပ်ကြံသတ်ဖြတ်မှု ကြီးကြီးမားမားကိုပေါ့နော်။
ပြုမူခဲ့တဲ့ ကိစ္စတွေကိုပေါ့နော်။ အမှုမှန်တွေကို ဖော်ထုတ်ဖို့ အတွက်ကိုပေါ့နော်။ ဘာ့ကြောင့် ကြန့်ကြာနေရတာလဲလို့ ကမ္ဘာ မှာပေါ့နော်။ ဒီလိုလူမျိုးစုသတ်ဖြတ်တဲ့
အတုံးအရုံးသတ်ဖြတ်တဲ့ အမှုအခင်းတွေ ပေါ်ပေါက်ခဲ့ပြီးတဲ့နောက် မှာ အခုဆိုရင် အဲဒီနိုင်ငံရဲ့ ခါင်းဆောင်ကြီးတွေကို သူတို့ဖမ်းပြီးတော့ အရေးယူနေတာတွေကို
အခုကြားနေရပြီ ရှင့်။ ကျမတို့ နိုင်ငံရဲ့ လက်ရှိအစိုးသစ်ကကျတော့ ဘာမှ မလုပ်ပဲနဲ့ ဘယ်လို လုပ်ပြီးတော့ ငြိမ်နေကြတာ လဲေ ပါ့ေ နာ်။ ဒါတွေဟာ
မဖြစ်သင့်မဖြစ်ထိုက်ဘူးလို့ ကျမယူဆပါတယ်ရှင်။ အမေ အဲဒါလေးကို ကျေးဇူးပြု ပြီး ဖြေ ကြားပေးပါရှင့်။
● အဖြေ ။ ။ ဒီပဲယင်းနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးဖို့ ကိစ္စကို အမေတို့ အာဏာပိုင်တွေနဲ့ ပြောခဲ့ပါတယ်။ ဒီလို စုံစမ်း စစ်ဆေးရေးလုပ်တယ် ဆိုတာက
ဂလဲ့စားချေဖို့ အပြစ်ပေးဖို့က အဓိကမဟုတ်ပါဘူး။ တာဝန်ယူမှုနဲ့ တရားဥပဒေ စိုးမိုးရေးကို ဦးထိပ်ထားပြီး နိုင်ငံသူနိုင်ငံသားတွေကို ဥပဒေမဲ့
ရန်ရှာတာမျိုးကိစ္စတွေကို လျစ်လျူရှုတယ် ဆိုတာ သိက္ခာရှိတဲ့ နိုင်ငံတနိုင်ငံမှာ ဖြစ်ခွင့်မပေးရဘူး ဆိုတာကို ထင်ရှားစေချင်လို့ ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံ ရဲ့
သိက္ခာနဲ့ပတ်သက်တဲ့ လုပ်သင့် လုပ်ထိုက်တဲ့ ကိစ္စတွေကို ဘာဖြစ်လို့မလုပ်သလဲ ဆိုတာကတော့ မလုပ်တဲ့ သူတွေကို မေးမှပဲ အဖြေရမယ်လို့ ထင်ပါတယ်။
.... ..... ....

● မေးသူ ။ ။ မလဲ့လဲ့ဝင်း (မြဝတီမြို့)

● မေးခွန်း ။ ။ အန်တီစုရှင့်။ လူတော်တော်များများကပေါ့နော် ကိုယ်ကိုယ်တိုင်က တိုင်းပြည်အတွက် ဘာမှအလုပ် မလုပ်ကြပဲနဲ့ သူများ ကိုယ်ကျိုးစွန့်ပြီး


အလုပ်လုပ်နေတဲ့သူတွေကိုကြတော့ ဘာဖြစ်လို့ အပြစ်တင် ရှုတ်ချေ နကြတာလဲ။ အဲဒီလူတွေကို အန်တီစု ဘာပြောချင်ပါသလဲရှင်။ ကျေးဇူးတင်ပါတယ်ရှင်။
အန်တီ။

● အဖြေ ။ ။ ကိုယ်မလုပ်ပဲနဲ့ တခြားလူတွေ လုပ်တာကို ပြစ်တင် ရှုတ်ချတဲ့ အကြောင်းတွေကို အကြမ်းဖျင်းအားဖြင့် နှစ်ခု ခွဲကြည့်လို့ ရမယ်လို့ ထင်ပါတယ်။
တချို့ကတော့ ကိုယ်ဘာမှ မလုပ်တာကို လိပ်ပြာ မလုံလို့ လုပ်တဲ့လူေ တွကို ရူးသလိုလို မိုက်သလိုလို ပုံဖော်ချင်ကြတာ ဖြစ်ပါတယ်။ တချို့ကျတော့ ဖြစ်
မြောက်စေချင်တာတွေက များပေမယ့် ကိုယ်ကိုယ်တိုင်လည်း ပါဝင်ပြီး လုပ်ဖို့တာ ဝန်ရှိတာကို နားမလည်လို့ လုပ်တဲ့လူတွေ ထိရောက်ေ အာင်
မလုပ်နိုင်ဘူးဆိုပြီးတော့ အားမရ ဒေါသထွက်ကြတာတွေ ဖြစ်ပါတယ်။ အတိုချုံးပြောရမယ် ဆိုလို့ရှိ ရင်တော့ တာဝန်မကျေတဲ့ လူတွေနဲ့ တာဝန်မသိတဲ့ လူတွေလို့ပဲ
ပြောရမှာပါပဲ။

..... ..... .....

● မေးသူ ။ ။ ကိုလှနိုင် (ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား)

● မေးခွန်း ။ ။ ကျနော်က ထိုင်းနိုင်ငံကို ရောက်နေတဲ့ ရွှေ့ပြောင်းလုပ်သား တဦးပါ။ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ပုဂ္ဂိုလ်ရေးရာ အရကော တကယ် ရည်သန်မှု
အရရော ယုံကြည် လေးစားတဲ့လူ တ ယောက်ပါ။ အခု ဒီ အင်တာနက် အွန်လိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ဒေါက်တာလွဏ်းဆွေက အဲ ဆောင်း
ပါးရေးပြီးတော့ တိုက်ခိုက်တဲ့ ဆောင်းပါး လို့ပဲပြောရမှာေ ပါ့။ ဒေါက်တာလွဏ်းဆွေ ရေးထားတဲ့အ ထဲမှာ ဒေါ်အောင်ဆန်းစုကြည်က ခေါင်းဆောင် ကတိ
ပျက်ခဲ့တယ် ဆိုတဲ့ ဟာလေးတခု ပါပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ကျနော် မေးချင်ပါတယ် “၁၉၈၉ ခု အာဇာနည်နေ့ ချီတက်ပွဲမှာ
ဒေါ်အောင်ဆန်းစုကြည်က အာဇာနည်ကုန်းကို ဒီ NLD အဖွဲ့ဝင်တွေ တက်ရောက်မယ် အလေးပြုမယ် ဆိုလို့ ဒီအဖွဲ့ဝင်တွေဟာ ဒေါ်အောင် ဆန်းစု ကြည်ရဲ့
ကတိစကားကြောင့် အားလုံးတက်ရောက်ခဲ့ကြတယ်။ အဲဒီအချိန်မှာပဲ အာဇာနည်နေ့ ချီတက်ပွဲနားနီးကာမှ ကပ်ပြီးတော့ ဆက်တိုက် ဆက်တိုက် NLD သစ္စာခံ
နောက်ပါတွေဟာ ဒုက္ခ လှလှတွေ့ ကုန်ကြရပါ တယ်။ ပြေးသူ ပြေး အဖမ်းခံရသူ ခံရ ထောင်ဝင်ရသူ ဝင်ရနဲ့ ဘဝတွေ ပျက်ကုန်ကြပါတော့တယ်” တဲ့ ဆိုပြီးတော့
ဒေါက်တာလွဏ်းဆွေက ရေးထားပါတယ်။ အဲဒါကြောင့် ဒီလိုခေါင်းဆောင်မှု ကတိဖောက်ဖျက်ခဲ့တဲ့အတွက် ဒီနောက်လိုက် နောက်ပါတွေဟာ
ဒုက္ခရောက်ကြရတယ် ဆိုတဲ့အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် ဘယ် လို အဖြေပေးလိုပါသလဲ။

● အဖြေ ။ ။ ၁၉၈၉ ခုနှစ် အာဇာနည်နေ့နဲ့ ပတ်သက်လို့ အာဇာနည်ကုန်းကို ချီတက်ရေး အစီအစဉ်ကို ကျမ ကိုယ်တိုင် တာဝန်ယူပြီးပယ် ဖျက်ခဲ့တာ ဖြစ်ပါတယ်။
အစီအစဉ် ပြောင်းသင့်လို့ ပြောင်းခဲ့တာပါ။ အကျိုးဆက်တွေကိုလည်း တာဝန်ယူပါတယ်။ အစီအစဉ်ပြောင်းတာကို မသိလို့ပဲလား လက်မခံလို့ပဲလား
သွားခဲ့တဲ့လူတွေ ထဲမှာ ဘဝပျက်ခဲ့ကြတယ် ဆိုတာကိုတော့ မကြားခဲ့ပါဘူး။ ကျမ သိသလောက်တော့ ချီတက်တဲ့သူတွေထဲ မှာ နှစ်ရှည်ထောင်ဒဏ်
ကျတာတောင်မှ မရှိခဲ့ပါဘူး။ အစီအစဉ်ပြောင်းလဲကြောင်း စာရွက်ဝေတဲ့ အမျိုးသမီး သုံးယောက်တော့ သုံးနှစ် အကျဉ်းကျခဲ့ပါတယ်။ ချီတက်ပွဲကို
မတက်တဲ့သူတွေလည်း အဲဒီိအချိန်မှာ တော်တော်များများ အကျဉ်းကျခဲ့ပါတယ်။ ဒါက နဝတရဲ့ အစီအစဉ်အရပါ။ ကျမတို့ရဲ့ အာဇာနည်ကုန်း အစီအစဉ်နဲ့ ဘာမှ
မဆိုင်ပါဘူး။

..... ..... ....

● မေးသူ ။ ။ ကိုအောင်လွင်ထက် (ထိုင်းနိုင်င)ံ

● မေးခွန်း ။ ။ လေးစားဂုဏ်ယူရတဲ့ အန်တီစု ခင်ဗျာ။ ကျနော့် ရင်ထဲမှာ မတင်မကျဖြစ်နေတဲ့ အကြောင်း တခုကို မေးချင်လို့ပါ။ ကျနော့် ပတ်ဝန်း ကျင်မှာ အများဆုံး
ရှိနေတဲ့လူတွေကို လူ့အခွင့်အရေးတို့ ဒီမိုကရေစီတို့နဲ့ ပတ် သက်ပြီးတော့ မေးလိုက်လို့ရှိရင် အများဆုံး ပြန်ဖြေတဲ့စကားကတော့ နိုင်ငံရေးကို သူတို့စိတ်မဝင်စားဘူး
တဲ့၊ နိုင်ငံရေးက သူတို့နဲ့မဆိုင်ဘူးတဲ့၊ ဒါတင် မကသေးပါဘူးခင်ဗျာ။ ဟိုတလောက သတင်းဌာန တစ်ခုနဲ့ ဆက်သွယ်မေးမြန်းတဲ့ အလွန်တရာ တတ်ပါတယ်ဆိုတဲ့
စီးပွားရေး ပညာရှင်ဆရာကြီး တယောက်ကတောင်မှ နိုင်ငံရေးက သူနဲ့မဆိုင်သလို သူဟာ စီးပွားရေးကိုပဲ လေ့လာနေတာပါ ဆိုတာကို
ပြောကြားသွားတဲ့ဟာတွေကို ကျနော် သိတွေ့ကြားရတဲ့အခါ ကျနော် မနေနိုင်ဘူး။ အန်တီစုကို ကျနော် မေးဦးမယ် ဆိုပြီးတော့ ခံစားချက်ဖြစ်ပေါ် လာလို့ပါ။
ကျနော်မေးချင်တာကတော့ နိုင်ငံရေး ဆိုတဲ့ အဓိပ္ပါယ်ဝေါဟာရဟာ ဘာပါလဲခင်ဗျာ။ နိုင်ငံရေးကို နိုင်ငံသားတိုင်း ပါဝင် လုပ်ဆောင်ဖို့
လုပ်ဆောင်ရမှာပါလားဆိုတာကို ကျနော် သိချင်ပါတယ်။ ပြီးတော့ ပါဝင်လုပ်ေ ဆာင်သင့်ပါသလား ဆိုတာကိုလဲ သိချင်ပါတယ်ခင်ဗျာ။ အန်တီစု ငြိမ်းချမ်းပါစေ။
ကျေးဇူးတင်ပါတယ်။

● အဖြေ ။ ။ ဒီလိုမေးခွန်းမျိုးဟာ ထပ်ခါထပ်ခါ ဖြေခဲ့ပြီးဖြစ်သလို နိုင်ငံရေးဆိုတာဘာလဲ ဘယ်သူတွေနဲ့ ဆိုင်လဲ ဆိုတဲ့ကိစ္စတွေဟာ ပြည်သူတွေ ဦးနှောက်ထဲ
နှလုံးသားထဲ စွဲသွားတဲ့အထိ ထပ်ခါ ထပ်ခါပဲ ပြောနေရမယ်ထင်ပါ တယ်။ နိုင်ငံရေးဆိုတာ ဆိုင်ချင်တယ်ဖြစ်စေ မဆိုင်ချင်တယ်ြဖစ်စေ နိုင်ငံသူ နိုင်ငံသားအားလုံးနဲ့
ဆိုင်ပါတယ်။ အလွယ်ဆုံးပြောရမယ်ဆိုရင် နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်တဲ့အစိုးရနဲ့ နိုင်ငံရေးက နီးနီးကပ်ကပ် ဆက် နွယ်ေ နတယ်မဟုတ်ဘူးလား။
ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အစိုးရရဲ့လုပ်ဆောင်ချက်တွေဟာ နိုင်ငံသား တိုင်းရဲ့ ဘဝအပေါ်မှာ သက်ရောက်မှုရှိပါတယ်။ စီးပွားရေး
ပညာရှင်ကြီးတစ်ယောက်ဖြစ်တယ်ဆိုရင်တော့ နိုင် ငံရေးအကြောင်း မသိစရာမရှိဘူးထင်ပါတယ်။ နှာစေးနေ တာပဲ ဖြစ်ပါလိမ့်မယ်။

..... ..... .....

● မေးသူ ။ ။ ကိုမောင်သိန်း (နယူးဇီလန်)

● မေးခွန်း ။ ။ မင်္ဂလာပါအန်တီ။ ကျနော် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ NLD တွဲဘက် လူငယ်တာဝန်ခံအြ ဖစ် ဆောင် ရွက်ခဲ့ဖူးတဲ့ မောင်သိန်းပါ။ မဲဆန္ဒနယ်မြေ (၂)
အောင်နိုင်ရေး ကော်မတီရဲ့ တွဲဘက်အတွင်းရေးမှူး တာဝန်လဲယူခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာ မလေးရှား NLD -LA အဖွဲ့ ခွဲကို ဦးဆောင်ဖွဲ့စည်းခဲ့ပါတယ်။ အခု နယူးဇီ
လန်နိုင်ငံ ဟန်မယ်လန်မြို့က နိုင်ငံတကာကျောင်းမှာ ပညာသင်ကြားနေပါတယ်ခင်ဗျာ။ ကျနော့် ကို မြန်မာ့ အရေးစိတ်ဝင်စားကြတဲ့ နိုင်ငံခြားသားတွေ
အကြံပေးမေးမြန်းတဲ့မေးခွန်းကို အန်တီအနေနဲ့ ဖြေကြားေ ပးစေ လိုပါတယ်။ ပြည်တွင်းပြည်ပမှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားအားလုံး တချိန်တည်း
တရက်တည်း မှာ နိုင်ငံေ ရးအကျဉ်းသားတွေ ချက်ချင်းလွှတ်ပေးဖို့ လူထုဆန္ဒ ဖော်ထုတ်ပွဲတွေလုပ်ရင် မကောင်းဘူးလားခင်ဗျာ။ ဘာဖြစ် လို့လဲဆိုတော့
အခုအချိန်မှာ ကုလသမဂ္ဂအဖွဲ့အစည်းနှင့် နိုင်ငံတကာက မြန်မာအစိုးရသစ်ကို အနီးကပ်စောင့် ကြည့်ေ နပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်ကို
ကုလသမဂ္ဂလုံခြုံရေးကော်စီမှာ အတည်ပြုဆုံးဖြတ်ပေးဖို့ ဆောင် ရွက်နေတဲ့အချိန်လည်း ဖြစ်တယ်မဟုတ်ဘူးလားခင်ဗျာ။ ကျေးဇူးတင်ပါတယ်အန်တီ။

● အဖြေ ။ ။ နိုင်ငံရေးအကျဉ်းကျတွေ လွှတ်မြောက်ရေးအတွက် ဆန္ဒပြပွဲတွေ ကမ္ဘာတစ်ဝှမ်းမှာ စီစဉ်နိုင် မယ် ဆိုရင် ကောင်းပါတယ်။ လောလောဆယ်တော့
ဒီမိုကရေစီကွန်ယက်က ဦးဆောင်လုပ်ကိုင်နေတဲ့ နိုင်ငံရေး အကျဉ်းကျတွေ လွှတ်မြောက်ရေး၊ ပြည်တွင်းပစ်ခတ်ရပ်စဲရေး၊ ပြည်ပထွက် သွားရတဲ့ မြန်မာနိုင်ငံ သူ
နိုင်ငံ သားတွေ ပြန်လာချင်က အေးချမ်းစွာနဲ့ ပြန်လာနိုင်ရေး၊ တောင်းဆိုချက်တွေကို လက်မှတ်ထိုးထောက်ခံတဲ့ လှုပ်ရှားမှုကို အင်တိုက်အားတိုက် ဝိုင်းဝန်းကူညီ
ပေးစေချင်ပါတယ်။ ကိုသိန်းသာမက ပတ်ဝန်းကျင်က တခြာြး မန် မာတွေ မြန်မာ့အရေးစိတ်ဝင်စားတဲ့ နိုင်ငံခြား သားတွေအားလုံး ပါဝင်ပြီး တော့ လက်မှတ် ထိုးဖို့
နှိုးေ ဆာ်ေ ပးစေချင်ပါတယ်။

.... .... ....

● မေးသူ ။ ။ မလေးလေး (ဂျပန်နိုင်င)ံ


● မေးခွန်း ။ ။ အန်တီ ကျမနာမည် လေးလေးပါအန်တီ။ ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား တေ ယာက် ဖြစ်ပါတယ်အန်တီ။ ပြီးခဲ့တဲ့ နှစ်ဆန်း (၁)
ရက်နေ့က NLD ရုံးချုပ်မှာ ပြုလုပ်ကျင်းပတဲ့ သက်ကြီးပူဇော်ပွဲ အခမ်းအနားမှာ အညတြသူရဲကောင်းဆု ဆိုပြီးတော့ နိုင်ငံရေးအကျဉ်းသားသုံးယောက်ကို
အန်တီကိုယ်တိုင် ဆု ချီမြှင့်ခဲ့တာကို ကျမ တွေ့ခဲ့ရပါတယ်အန်တီ။ နောက်တခါ ပြည်တွင်းမှာ လူငယ်တွေဦးဆောင်ပြီး ကျင်းပပြု လုပ်နေတဲ့
နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ လက်မှတ်ရေးထိုးပြီးတော့ နိုင်ငံတော်သမ္မတကြီး ဆီမှာ တောင်းဆိုတဲ့ ဆိုင်းကမ်ပိန်းမှာလည်း အန်တီကိုယ်တိုင်
လက်မှတ်ရေးထိုးပြီးတော့ ထောက်ခံ အားပေး မှု ပြုလုပ်ခဲ့တာကိုလည်း ကျမ တွေ့ခဲ့ရပါတယ်။ ကျမ သိချင်တာကတော့ အန်တီ။ ထောင်ထဲမှာရှိတဲ့ နိုင်ငံရေး
အကျဉ်းသားတွေနဲ့ နောက်တစ်ခါ အညတြသူရဲကောင်းတွေနဲ့ပတ်သက်ပြီး အန်တီရဲ့အမြင်နဲ့သဘောထားေ လးကို ကျမသိခွင့်ရမယ်ဆိုလို့ရှိရင်လေ
သိချင်ပါတယ်အန်တီ။

● အဖြေ ။ ။ နိုင်ငံရေးအကျဉ်းသားတွေအကြောင်း အညတြသူရဲကောင်းတွေအကြောင်း ပြောရမယ်ဆိုရင်တော့ အများကြီးပါပဲ။ အရေးကြီးဆုံး အချက်တွေကတော့


နိုင်ငံရေးအကျဉ်းသားတွေဆိုတာ မိမိတို့ရဲ့ နိုင်ငံရေး ယုံကြည်ချက်တွေအပေါ် ခိုင်ခိုင်မာမာရပ်တည်တဲ့နေရာမှာ အကျဉ်း ထောင်ကိုတောင်မှ စိန်ခေါ်ရဲတဲ့သတ္တိပိုင်
ရှင်တွေပါ။ အညတြသူရဲကောင်းတွေဆိုတာကတော့ ဒီလိုသတ္တိတွေနဲ့လှုပ်ရှားခဲ့လို့ ဒုက္ခမျိုးစုံခံရတာကို လူမသိ သူမသိပေမယ့် မိမိတို့ယုံကြည်ချက်ကို
ဆက်လက်ကိုင်စွဲသွားပြီး ဘဝလမ်းကြောင်းကို လျှောက်ရဲတဲ့သူတွေပါပဲ။

..... ..... .....

● မေးသူ ။ ။ ကိုရဲမင်းထက် (ဂျပန်နိုင်င)ံ

● မေးခွန်း ။ ။ ကျနော်က ဂျပန်နိုင်ငံမှာ အထက်တန်းကျောင်းတက်နေတဲ့ ရဲမင်းထက်လို့ ခေါ်ပါတယ်။ ကျနော်ေ မးချင်တာကတော့ တိုင်းပြည်တ ခုမှာ
အဲဒီတိုင်းပြည်မှာရှိတဲ့ ပြည်သူလူထုနဲ့ ထိုက်တန်တဲ့ အစိုးရကို ရတတ်ေ လ့ရှိတယ်လို့ ကျနော် စာအုပ်တစ်အုပ်မှာ ဖတ်ဖူးပါတယ်။ မြန်မာနိုင်ငံ မှာကော အဲလိုအချိန်
မျိုးဖြစ်ေ နပြီလား လို့ ကျနော် အမေစုကို မေးချင်ပါတယ်။ အမေစု ကျန်းမာပါစေ။ နိုင်ငံအတွက် ဒီထက်လဲပိုပြီးတော့ ထမ်းေ ဆာင်နိုင်ပါစေလို့ ကျနော်
ဆုတောင်းလိုက်ပါတယ်ခင်ဗျာ့။

● အဖြေ ။ ။ အမေသိတဲ့အဆိုကတော့ ပြင်သစ်လူမျိုးဖြစ်တဲ့ ဒမိုက်စ်ပြောတဲ့ နိုင်ငံတိုင်းဟာ သူတို့နဲ့ ထိုက်တန် တဲ့ အစိုးရမျိုးပဲရတယ် ဆိုတာပါပဲ။ ဒမိုက်ဟာ
ရှင်ဘုရင်တွေ၊ ပုပ်ရဟန်းမင်းတွေ လုံးဝဥဿုံချုပ်ကိုင်ထားတဲ့ အစိုးရစနစ်ကို လိုလားပြီး သိပ္ပံပညာနဲ့ လစ်ဘရယ်အယူဝါဒ စတာတွေကို ဆန့်ကျင်တဲ့
လူတစ်ဦးဖြစ်ခဲ့ပါတယ်။ ဒီလို တင်းကြပ်တဲ့အမြင်မျိုးနဲ့ သုံးသပ်ချက်တွေဟာလဲ ကျဉ်းမြောင်းလေ့ရှိပါတယ်။ အမေကတော့ နိုင်ငံ သူ နိုင် ငံသားတိုင်းဟာ
ကိုယ့်နိုင်ငံရဲ့ကံကြမ္မာကို ဖန်တီးနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ကြိုးပမ်းဆောင်ရွက် သွားရ မယ်လို့ ယုံကြည်ပါတယ်။

(ABMA ၀ိုင်းတော်သားများက စာဖိုင်ဖြည်ပါသည်)


နိုင်ငံရေးအကျဉ်းသားနဲ့ လွတ်ငြိမ်းချမ်းသာခွင့်
နိုင်မိုအောင်သာ (Yangon Press International)
ဇွန် ၆၊ ၂၀၁၁

၂၀၀၉ ခုနှစ် စက်တင်ဘာလ အကျဉ်းသားများလွှတ်ပေးစဉ်က အင်းစိန်ထောင်အ၀ရှိသံတံခါးအပြင်မှ စောင့်မျှော်နေသည့် အကျဉ်းသားမိသားစုဝင် အချို့။


(ဓာတ်ပ-ုံ YPI) ..... ..... .....
ဒီခေါင်းစဉ်နဲ့ပတ်သက်လို့ ဦးစွာ ပြောချင်တာက ဘယ်နိုင်ငံရေးအကျဉ်းသားမှ လွတ်ငြိမ်းချမ်းသာခွင့်ကို မျှော်ပြီး နိုင်ငံရေးလုပ်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမယ့်
လေးဖက်နံရံထဲက နိုင်ငံရေးဘ၀ ဆိုတာ ပြင်ပနိုင်ငံရေးရဲ့ အဆက် ဖြစ်တယ်။ .... ..... ....
အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ရွေးကောက်ပွဲ၊ လွှတ်တော်၊ဒီမိုကရေစီအစိုးရသစ် စတာတွေရဲ့ ပထမဆုံး ခြေ လှမ်း က နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့၊
စစ်မှန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာပေးဖို့တွေ ဆိုတာ လက်ရှိ အစိုးရရဲ့ တာဝန် မဟုတ်လား။ အခု လွတ်ငြိမ်းချမ်းသာခွင့် ဆိုတာ ကြေညာခဲ့ပြီးပြီ။

နိုင်ငံရေးအကျဉ်းသားတွေ ဘယ်လောက်လွတ်လာသလဲ… ဘယ်လိုလူတွေလွတ်လာသလဲ… ဘာတွေ ခံစားခွင့်ရကြသလဲ… ဘာတွေဖြစ်လာနိုင်သေးလဲ…


အခုအချိန်ထိ မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား မရှိဘူးတဲ့လား…

● နိုင်ငံရေးအကျဉ်းသားဆိုတာ ဘာလဲ

မြန်မာပြည်မှာတော့ နိုင်ငံရေးအကျဉ်းသားလို့ ဆိုလိုက်တာနဲ့ စစ်အစိုးရကို အာခံပြီး ဒီမိုကရေစီနဲ့ လူ့အခွင့် အရေးတွေ အတွက် နည်းလမ်း အမျိုးမျိုးနဲ့
တိုက်ပွဲဝင်နေကြသူတွေလို့ နားလည်ထားကြပါတယ်။ ဝေါဟာရအရ အနက် အဓိပ္ပာယ် ဖွင့်ကြည့်မယ် ဆိုရင် နိုင်ငံရေးဆိုတဲ့ စကားလုံးနဲ့ အကျဉ်းသား
ဆိုတဲ့ဝေါဟာရကို ပေါင်း စပ်ပြီး နိုင်ငံရေးအကျဉ်းသားလို့ သုံးနှုန်း ခေါ်ဆိုထားတာပါ။

နိုင်ငံရေးဆိုတာ နိုင်ငံ့အရေးအရာကိစ္စ၊ ဒါမှမဟုတ် အများပြည်သူ လူထုရဲ့ အကျိုးစီးပွားအတွက် ကိုယ်ကျိုး မပါသော ဆောင်ရွက် လှုပ်ရှားမှုများကို
ဆိုလိုတာဖြစ်ပါတယ်။ ဒီနေရာမှာ အများအကျိုးအတွက် ဆိုတဲ့ကိစ္စမှာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး စတဲ့ ဆောင်ရွက်မှုတွေနဲ့ မတူတာကတော့
နိုင်ငံရေးဆိုတာ အများစု အကျိုးအတွက် အာမခံချက်ရှိတဲ့ အခြေအနေတွေကို ဥပဒေတွေ၊ တရားစီရင်ရေးစနစ်တွေနဲ့ အကာအကွယ် ပေး နိုင်ဖို့၊ကောင်းမွန်တဲ့
အုပ်ချုပ်ရေးစနစ်တွေ ပြဋ္ဌာန်းနိုင်ဖို့အထိ ဆောင်ရွက်လုပ်ကိုင်ကြရတဲ့ အနေအထားပါ။ အဲဒီလိုဆောင်ရွက်ရာမှာ အများစုရဲ့ သဘောဆန္ဒကို အများစု
အကျိုးအတွက် ဆောင်ရွက်ရတာမို့ လူအမြောက် အမြား ပါဝင်လာအောင် စည်းရုံးလှုံ့ဆော် ပူးပေါင်း ဆောင်ရွက်ရပါတယ်။

တကိုယ်တော်လှုပ်ရှားမှုတွေ၊ တဦးတည်းကသာ ချုပ်ကိုင်ထားတဲ့ စီမံခန့်ခွဲ အုပ်ချုပ်မှုစနစ်တွေနဲ့ ဆန့်ကျင်ဘက်လက္ခဏာ ဆောင်ပါတယ်။ ဒီမိုကရေစီရေးဆိုတာ


ပြည်သူလူထုအကျိုးစီးပွားပါပဲ။ ဒါကြောင့် အမေရိကန်သမ္မတ ကြီး အေဘရာဟင် လင်ကွန်းက ဒီမိုကရေစီဆိုတာ ပြည်သူလူထု ဆီကလာတဲ့
ဆန္ဒသဘောထားတွေကို ပြည်သူလူထုနည်း နဲ့ ပြည်သူလူထုအကျိုးစီးပွားကို ဖော်ဆောင်တာဖြစ်တယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ဖူးပါတယ်။ From the People, To the
People, By the People လို့ ရေးခဲ့တာပါ။

အဲဒီလို ဒီမိုကရေစီရေးကို ဖော်ဆောင်ရာမှာ အာဏာကို လက်တဆုပ်စာ လူတစ်စုက ချုပ်ကိုင်ထားတဲ့ စစ်အစိုးရ နဲ့ ထိပ်တိုက် ရင်ဆိုင်ရတော့တာပါပဲ။ အဲဒီမှာ
ဒီမိုကရေစီအရေး ဆောင်ရွက်တဲ့သူတွေဟာ အကျဉ်းသားဘဝ ကို ရောက်ရှိကြရပါတယ်။ အကျဉ်းသားဆိုတဲ့ ဝေါဟာရအဓိပ္ပာယ်ကတော့ ဥပဒေအရ
အပြစ်ပေးခံရသူတွေလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် မို့ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ ဝေါဟာရကို ကျယ်ပြန့်စွာ အဓိပ္ပာယ်ဖွင့်ဆိုမယ်ဆိုရင် ... ''စစ်အာဏာရှင်စနစ်ကို
ဆန့်ကျင်ပြီး ဒီမိုကရေစီရေးကို လူထုနဲ့အတူ ဆောင်ရွက်ခဲ့တဲ့အတွက် စစ်အစိုးရရဲ့ အမျိုးမျိုးသော ဖိနှိပ်ခြင်းေ တွကို ခံရသူများ'' လို့ ဆိုနိုင်ပါတယ်။

အချို့သောနိုင်ငံရေးအင်အားစုများက နိုင်ငံရေးအကျဉ်းသား ဆိုတာ ယုံကြည်ချက်ကြောင့် စစ်အစိုးရရဲ့ အကျဉ်းထောင် အသီးသီးမှာ အကျဉ်းကျခံနေရတဲ့


သူတွေလို့ အဓိပ္ပာယ်ဖွင့်ပါတယ်။ ဒါလည်း မမှားပါဘူး။ အဓိက ပြောချင်တာကတော့ ယုံကြည်ချက် ဆိုတာ ပြည်သူလူထု အကျိုးစီးပွား၊ တနည်းအားဖြင့် ဒီမိုကရေစီ
အခွင့်အလမ်းကို ရည်ညွှန်းတဲ့ အတွက် ဖြစ်ပါတယ်။

● နိုင်ငံရေးအကျဉ်းသားနှင့် နိုင်ငံရေးလှုပ်ရှားမှု

မြန်မာ့နိုင်ငံရေးသမိုင်းဟာ ပဒေသရာဇ် ခေတ်နှောင်းပိုင်း ပါတော်မူပြီးချိန်က စလို့ ကိုလိုနီခေတ် (၁၈၈၆-၁၉၄၁)၊ ဂျပန်ခေတ် (၁၉၄၁-၁၉၄၅)၊ လွတ်လပ်ရေးခေတ်
(၁၉၄၅-၁၉၄၈)၊ ပါလီမန်ခေတ် (၁၉၄၈-၁၉၆၂)၊ မဆလခေတ် (၁၉၆၂-၁၉၈၈)၊ စစ်အစိုးရခေတ် (၁၉၈၈ မှ ယခုချိန်အထိ) တွေ ကို ဖြတ်သန်းခဲ့ရတယ်။

ကိုလိုနီခေတ်၊ ဂျပန်ခေတ်နဲ့ လွတ်လပ်ရေးခေတ်တို့မှာ နိုးကြားတဲ့ မြန်မာ တိုင်းရင်းသားလူထုတစ်ရပ်လုံးဟာ အမျိုး သားလွတ်မြောက်ရေးတိုက်ပွဲကို ဆင်နွှဲရင်း


အချို့ဟာ နိုင်ငံရေးအကျဉ်းသားများဘဝနဲ့ အကျဉ်းထောင် အသီးသီးမှာနေထိုင်ခဲ့ကြရင်း မြန်မာနိုင်ငံလွတ်မြောက်ရေးကို ကြိုးစားခဲ့ကြ ပါတယ်။ မြန်မာနိုင်ငံ
လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း (၁၉၄၈မှ ၁၉၅၈)၊ (၁၉၆ဝ မှ ၁၉၆၂)ခုနှစ် ကာလကို ပါလီမန် ဒီမိုကရေစီခေတ်အဖြစ် သတ်မှတ်ကြပါတယ်။ (၁၉၅၈ မှ ၁၉၆ဝ)
ခုနှစ်က စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခဲ့တဲ့ အိမ်စောင့် အစိုးရလက်ထက်ပါ။

လွတ်လပ်ရေးရပြီးစ မြန်မာနိုင်ငံဟာ နုနယ်သေးတဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်အောက်မှာ နိုင်ငံရေး အကျဉ်းသားတွေ ရှိခဲ့ဖူးပါတယ်။ အဲဒီကာလက
နိုင်ငံရေးအကျဉ်းသားဆိုတာ ထောင်လက်စွဲဥပဒေအရ သတ်မှတ်ပေး ထားတဲ့ ခံစားခွင့်တွေကို လူ့အခွင့်အရေးနဲ့အညီ ခံစားခွင့်ရကြပါတယ်။ ဒီမိုကရေစီ
အုပ်ချုပ်ရေးစနစ်မှာ နိုင်ငံရေးသမားနဲ့ အကျဉ်းထောင်ဆိုတာ တစ်သီးတစ်ခြားစီ ခွဲပြီးမြင်နေလို့ မရပါဘူး။ တခုရှိတာက ဒီမိုကရေစီအုပ်ချုပ် ရေးစနစ်မှာ
နိုင်ငံရေးသမား တစ်ယောက် အကျဉ်းထောင် ထဲ ရောက်သွား တဲ့အခါ သူ့ကို အစိုးရက နိုင်ငံရေး အကျဉ်းသား တယောက် အဖြစ် အသိအ မှတ်ပြုခြင်းပါပဲ။

ဒါပေမယ့် မြန်မာ့နိုင်ငံရေး နယ်ပယ်ကို စစ်ခေါင်းတွေရဲ့ ချုပ်ကိုင်ခြင်း ခံလိုက်ရတဲ့ အိမ်စောင့် အစိုးရ လက်ထက် မှာတော့ အတိုက်အခံ နိုင်ငံရေးအကျဉ်း
သားတွေဟာ အိန္ဒိယသမုဒ္ဒရာထဲက ကိုကိုးကျွန်းကို အပို့ခံလိုက် ရပါေ တာ့တယ်။ ၁၉၆၂ ခုနှစ် မေလ ၂ ရက်နေ့ကစပြီး မြန်မာနိုင်ငံကို ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့
တော်လှန်ရေး ကောင်စီက အာဏာ သိမ်းယူခဲ့ပါတယ်။ စစ်ခေါင်း ဆောင်တစ်ဦးဟာ နိုင်ငံရဲ့အာဏာကို အကြွင်းမဲ့ရယူပြီး လူထုကို လှည့်စားထားတဲ့
အစိုးရတရပ်ကို သူ့စိတ်တိုင်းကျ ထူထောင်ခဲ့ပါတယ်။

စတင် အာဏာသိမ်းစဉ်ကတည်းက ခေတ်အဆက်ဆက် ကျောင်းသား ခေါင်းဆောင်၊ နိုင်ငံရေး ခေါင်းဆောင်တွေကို မွေးထုတ်ပေး ခဲ့တဲ့ တကသ (တက္ကသိုလ်
ကျောင်းသားများ သမဂ္ဂ အဆောက်အအံ)ု ကို မိုင်းေ ထာင် ဖောက်ခွဲ ဖျက်ဆီးကာ ကျောင်းသားပေါင်း ရာထောင်ချီပြီး သတ်ဖြတ်ခဲ့ပါတယ်။ နိုင်ငံရေးပါတီနဲ့
အဖွဲ့အစည်းအ သီးသီး ထူထောင်ခွင့်ကို ဖျက်သိမ်းပစ်ခဲ့ တယ်။ တော်လှန်ရေးကောင်စီ က ပြည်တွင်းငြိမ်း ချမ်းရေးဆွေးနွေးပွဲ (၁၉၆၃) ကို တစ်ဘက်သတ်
ဖျက်သိမ်းပစ်ခဲ့ပြီး တိုင်းရင်းသားအသီးသီးရဲ့ လူမျိုးစုအခွင့် အေ ရး၊ ပြည်နယ် အခွင့်အရေးတွေက အစ လူပုဂ္ဂိုလ်တဦးချင်း လွတ်လပ်ခွင့်အထိ
ဆိတ်သုဉ်းစေခဲ့တယ်။

ပါလီမန် ဒီမိုကရေစီခေတ်မှာ ဦးမော့လာခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြည်သူပိုင်သိမ်းတယ် ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖျက်ဆီးပစ်ခဲ့တယ်။ အဲဒီအချိန်ကာလက ကမ္ဘာမှာ
ဆိုရှယ်လစ်ရေးတိမ်းညွှတ်မှု ဖြစ်နေချိန်မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ကို ထူထောင်ပြီး စစ်အစိုးရကို အရေ ခြုံပေးခဲ့တယ်။
တော်လှန်ရေးကောင်စီတစ်ဖြစ်လဲ မဆလစစ် အစိုးရကို အလွှာအသီးသီးက နိုင်ငံရေးအင်အားစုတွေက ဆန့်ကျင်တော်လှန်ခဲ့ကြတယ်။

အဲဒီ သူတွေဟာ မဆလရဲ့ အမှောင်ခေတ်ကို ဖြိုဖျက်ကြရာမှာ အသက်စွန့်သူစွန့်၊ ဒုက္ခိတဖြစ်သူဖြစ်၊ ဘဝပျက်သူ ပျက်၊ နိုင်ငံရေးအကျဉ်းသားဘဝမှာ ကာလ
ကြာရှည်စွာ နေရသူနေရနဲ့ ကြီးမားတဲ့ ပေးဆပ်မှုတွေနဲ့ ရင်းနှီး ခဲ့ကြရပါတယ်။ တော်လှန်ရေးကောင်စီဟာ နိုင်ငံရေးအကျဉ်းသားတွေကို ဒုတိယအကြိမ် (၁၉၆၉-
၁၉၇၂) ကျွန်းပို့ခဲ့တယ်။

ပါလီမန်ခေတ်မှာ ရရှိခဲ့တဲ့ နိုင်ငံရေးအကျဉ်း သား အခွင့်အရေးတွေ (ဘီကလပ်အဆင့် ထားရှိမှု၊ စာရေးခွင့်၊ စာဖတ်ခွင့်၊ အထိမ်းအမှတ် အခမ်းအနားကျင်းပခွင့်
စတာတွေ) ကို ရုပ်သိမ်းခဲ့တယ်။ သာမန်ရာဇဝတ်မှု အကျဉ်းသားတွေနဲ့တန်းတူ အလုပ်ဆင်းခိုင်းတာတွေ၊ ရိုက်နှက် ပြစ်ဒဏ်ပေးတာတွေ ပြုလုပ်ခဲ့တယ်။

မဆလခေတ်မှာ နိုင်ငံရေးလှုပ်ရှားမှု မြောက်မြားစွာအနက် အောက်ဖော်ပြပါ လှုပ်ရှားမှုတွေဟာ ထင်ရှားတဲ့ဖြစ်ရ ပ်တွေဖြစ်တယ်။

♦ ၁၉၆၂၊ ဇူလိုင် ၇ ရက် တကသအဆောက်အအုံ ဗုံးခွဲခံခဲ့ရတဲ့ ကျောင်းသားလှုပ်ရှားမှု၊

♦ ပြည်တွင်းငြိမ်းချမ်းရေး ၆ ခရိုင် ဆန္ဒပြမှု၊

♦ ရခိုင်ဆန်လုပွဲလို့ခေါ်တဲ့ ရခိုင်အမျိုးသားလှုပ်ရှားမှု၊

♦ ၁၉၆၈ ဆန်ဈေးမြင့်တက်မှုကြောင့် ကုန်ဈေးနှုန်းကျဆင်းရေးလှုပ်ရှားမှု၊

♦ ၁၉၆၉ အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲမှ ကျောင်းသားလှုပ် ရှားမှု၊

♦ ၁၉၇၄ တနိုင်ငံလုံး အလုပ်သမားသပိတ်လှုပ်ရှားမှု၊

♦ ၁၉၇၅ အလုပ်သမားသပိတ် နှစ်ပတ်လည်နှင့် ဦးသန့်အရေးအခင်း ကျောင်းသားလှုပ်ရှားမှု၊

♦ ၁၉၇၆ မှိုင်းရာပြည့် ကျောင်းသားလှုပ်ရှားမှု၊

♦ ၁၉၈၇ ငွေစက္ကူအရေးအခင်း၊

♦ ၁၉၈၈ တနိုင်ငံလုံး အုံကြွပါဝင်ခဲ့တဲ့ ဒီမိုကရေစီအရေးတော်ပုံကြီးနဲ့ မဆလခေတ် တလျှောက်လုံး လက်နက် ကိုင် အဖွဲ့အစည်း အသီးသီးရဲ့ စစ် ရေးတိုက် ပွဲတွေ
ရှိခဲ့ပါတယ်။

ဒါတွေဟာ ဒီမိုကရေစီဆိတ်သုဉ်းနေတဲ့ အစိုးရတစ်ရပ်ကို အလိုမရှိတော့တဲ့ ပြည်သူလူထုရဲ့ တုံ့ပြန်မှုတွေပါ။ အဲဒီ လှုပ်ရှားမှုတွေမှာလည်း မဆလခေတ်


နိုင်ငံရေးအကျဉ်းသားပေါင်းများစွာဟာ နံရံလေးဘက်ထဲမှာ နေခဲ့ကြ ရပါ တယ်။

၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့မှာတော့ မဆလ အစိုးရဆီကနေ နဝတ စစ်အစိုးရက နိုင်ငံတော် အာဏာကို စစ်အာဏာ လသိမ်းပြီး ရယူလိုက်ပါ တယ်။
ပြည်သူလူထုကို ဖိနှိပ်ခဲ့တဲ့ မဆလ အစိုးရ ခေါင်းဆောင်တွေ ကို နဝတ စစ်အစိုးရက မည်သူ့ကိုမျှ ဖမ်းဆီး ထိန်းသိမ်းခြင်းမပြုဘဲ ဒီမိုကရေစီ အရေးတော်ပုံမှာ
ပါဝင်ခဲ့ကြ သူများကိုတော့ လက်နက်နဲ့ အကြမ်းဖက် ဖိနှိပ်သတ်ဖြတ်ပြီး အကျဉ်းထောင်ထဲနဲ့ နယ်စပ်ဒေသများသို့ အတင်း တွန်းပို့ခဲ့ပါတယ်။

၁၉၉ဝ ရွေးကောက်ပွဲမှာ စစ်အစိုးရ ကျောထောက်နောက်ခံပြုထားတဲ့ မဆလတဖြစ်လဲ တစညပါတီ အနိုင်ရမယ် ထင်လို့ ကျင်းပပေးခဲ့ပေမယ့် ပြည်သူ လူထုဟာ
ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ဝိုင်းဝန်း ထောက်ခံလိုက်တဲ့အတွက် (NLD) ဟာ မဲ အပြတ်အသတ်နဲ့ အနိုင်ရ
ရှိလိုက်ပါတယ်။ ဒါပေမယ့် စစ်အစိုးရဟာ (NLD) ကို အာဏာ လွှဲပေးခြင်းမရှိခဲ့သလို စစ်တပ်ကလည်း စစ်တန်းလျားကို မပြန်ခဲ့ပါဘူး။

စစ်အစိုးရ၊ စစ်အာဏာရှင်စနစ်ကို ဗဟိုပြုထားတဲ့ အုပ်ချုပ်ရေးစနစ်တွေ ရှိနေသေးသရွေ့ ပြည်သူလူထုရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေ ပေါ်ပေါက်နေဦး မှာပါ။
စစ်အစိုးရဟာ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေ ကို နှိမ်နင်းရင်း နိုင်ငံရေး အကျဉ်းသားတွေကို အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီး နှိပ်စက်နေဦးမှာပါပဲ။

● နိုင်ငံရေးအကျဉ်းသားတွေရဲ့ လက်ရှိအခြေအနေ

နိုင်ငံတကာရဲ့ ဖိအားဒဏ်ကနေ ရှောင်လွှဲနိုင်ဖို့ အတွက် မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား မရှိဘူး။ တည်ဆဲဥ ပဒေတွေကို ဖောက်ဖျက် ကျူးလွန်လို့
ဥပဒေကြောင်းအရ အရေးယူ အပြစ်ပေးခံရသူတွေပဲ ရှိတယ် ဆိုပြီး အမြဲ ပြောဆိုခဲ့ပါတယ်။ စစ်အစိုးရရဲ့ အကျဉ်းထောင်ထဲမှာတော့ နိုင်ငံရေး အကျဉ်းသားတွေကို
သီးသန့် အကျဉ်းသားလို့ သတ်မှတ် သုံးနှုန်းပါတယ်။ စစ်အစိုးရအလိုကျ ထုတ်ဝေရတဲ့ နိုင်ငံပိုင် သတင်းစာတွေမှာတော့ နိုင်ငံရေး အကျဉ်းသား ဆိုတာ တည်ဆဲ
ဥပဒေကို ဖောက်ဖျက်ကျူးလွန်သူတွေ၊ နိုင်ငံတော်လုံခြုံရေးအရ ထိန်းသိမ်းထားရသူတွေ လို့ ဖော်ပြလေ့ ရှိပါတယ်။ တည်ဆဲဥပဒေလို့ ဆိုရာမှာလည်း တရား မျှတ
မှန်ကန်မှု ဘယ်လောက်ထိရှိသလဲ ဆိုတာကလည်း အရေးကြီးလှပါတယ်။

နာမည် ဆင်တူသူကို မှားယွင်း ဖမ်းဆီးမိရာက ပြန်လွှတ်လိုက်ရင် အရှက်ကွဲမှာစိုးလို့ ပြန်မလွှတ်တော့ဘဲ မရ ရအောင် အမှုဆင်ပြီး ထောင်ချခံရသူတွေလည်း
ရှိပါတယ်။ ထင်ရှားတဲ့ ဥပမာ ပြရရင်တော့ ၂၈၊၁၁၊၂ဝဝ၈မှာ ၅ဝ၅ (ခ)၊ အသင်းအဖွဲ့(၆) ပုဒ်မတွေနဲ့ ထောင် ဒဏ် (၁၁) နှစ် အချခံရတဲ့ နိုဘယ်အေး (ခေါ်)
နှင်းမေအောင်ပဲ ဖြစ်ပါတယ်။ သူ့ကို အိမ်မှာ ချစ်စနိုးနဲ့ 'နိုန'ို လို့ ခေါ်ကြတာကို 'နို့န'ို့ လို့ ခေါ်တဲ့ မိန်းကလေးတစ်ယောက်နဲ့ မှားယွင်းဖမ်းဆီးရာကနေ အခုလို ထောင်
ဒဏ်ချ မှတ် လိုက်တာဖြစ်ပါတယ်။

၁၉၈၉ တုန်းကလည်း ကိုညီညီဦး (သံလျင် NLD လူငယ်) အပါအဝင် လေးဦးဟာ သံလျင် ရေနံချက်စက်ရုံကို ဗုံးခွဲခဲ့တယ်လို့ စွပ်စွဲခံရပြီး စစ်ထောက်လှမ်းရေးရဲ့
မှားယွင်း ဖမ်းဆီးခံရကာ သေဒဏ်ချမှတ်ခြင်း ခံခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီနှစ်ကုန်ပိုင်းမှာပဲ KNU က ကိုကိုနိုင်ဆိုသူဟာ သံလျင်ရေနံချက်စက်ရုံကို ဗုံးခွဲခဲ့တဲ့
တရားခံ ဖြစ်ကြောင်း၊ ရန်ကုန်မြို့ကို မီးလောင်တိုက်သွင်းမယ့် အစီအစဉ်တွေ အကောင်အထည်ဖော်မယ့်သူဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲ တွေလုပ်ပြီး
စစ်အစိုးရသတင်းစာတွေမှာ တရားဝင်ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ကိုညီညီဦး (သံလျင် NLD လူငယ်) အပါအဝင် လေးဦးဟာ အခုအချိန်ထိ တောင်ငူထောင်မှာ
မလွတ်သေးပါဘူး။

ဒါ့အပြင် စစ်ကြောရေးကာလမှာ နှိပ်စက်ခံရလို့ သေဆုံးရသူတွေ၊ တသက်လုံး လူစဉ် မမီတော့သူတွေ၊ နာတာရှည် ဝေဒနာ ခံစားရသူတွေ ဒုနဲ့ဒေးပါပဲ။ NLD
ခရမ်းအမတ် ဦးတင်မောင်ဝင်း၊ NLD ဦးမောင်ကို၊ NLD ကိုကိုးကျွန်း အမတ် ဦးလှသန်း၊ ဦးဘသော် (စာရေးဆရာ မောင်သော်က)၊ ရဲဘော်သုံး ကျိပ်ဝင် ဗိုလ်ဇေယျ
ရဲ့ ညီဖြစ်သူ ဦးစိုးဝင်း၊ ဦးခင်မောင်(ဗိုလ်စက်ရောင်)၊ ဦးညိုဝင်း(ရွှေကျင်)၊ ကိုစည်သူ၊ ရှင်နေမိန္ဒ အစရှိတဲ့ ရဲဘော်ပေါင်း များစွာဟာ
စစ်စိုးရရဲ့အကျဉ်းထောင်တွေထဲမှာ နှိပ်စက်စစ်ဆေးခံရတဲ့ဒဏ်၊ ဆေးဝါးကုသမှု လုံလောက်စွာ မရတဲ့ဒဏ်တွေကြောင့် ကျဆုံးခဲ့ကြရပါတယ်။ စစ်ကြောရေး ကာလ
နှိပ်စက်မှုဒဏ်ကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဝေဒနာ ခံစားနေရသူတွေကလည်း မရေမတွက်နိုင်အောင် ရှိနေပါတယ်။

ထောင်က လွတ်လာပြီးတာတောင်မှ ထောင်တွင်း ဒဏ်ရာ ဒဏ်ချက်တွေကြောင့် တသက်လုံး ဝေဒနာခံစားနေရသူတွေလည်း အများအပြား ရှိနေပါတယ်။

ရွှေဝါရောင်တော်လှန်ရေးကာလမှာ ပါဝင်ခဲ့ကြတဲ့ သံဃာတော်တွေကို စစ်အစိုးရက ဘယ်လို ရက်ရက်စက်စက် နှိမ်နင်းခဲ့တယ် ဆိုတာကို တကမ္ဘာလုံး ကအသိပါပဲ။
ဒီထဲမှာ အချောင်အသတ်ခံခဲ့ရ သူကတော့ ဂျပန်နိုင်ငံသား သတင်းထောက် ခန်းဂျိနာဂအိပဲ ဖြစ်ပါတယ်။ အဖမ်းခံခဲ့ရတဲ့ သံဃာတော်တွေ ကို စစ်ကြောရေး
စခန်းတွေမှာ ရက်စက်စွာနှိပ်စက်လို့ ပျံလွန်တော်မူခဲ့ရတဲ့ သံဃာတော်တွေ၊ ဖမ်းဆီးစဉ်က ရရှိခဲ့တဲ့ဒဏ် ရာကို ဆေးဝါး ကုသမပေးလို့ ပျံလွန်တော်မူခဲ့ရတဲ့
သံဃာတော်တွေ၊ ပြစ်ဒဏ်တွေချမှတ်ပြီး ရဲဘက်စခန်းတွေဆီ အပို့ခံခဲ့ရတဲ့ သံဃာတော်တွေထဲကတချို့ အလုပ်ကြမ်းဒဏ်၊ အစာ အာဟာရနဲ့
ဆေးဝါးချို့တဲ့မှုဒဏ်တွေကြောင့် ပျံလွန်တော်မူခဲ့ရတဲ့ သံဃာ တော်တွေ အများအပြား ရှိခဲ့ပါတယ်။

စစ်အစိုးရလက်ထက်မှာ ဖမ်းဆီးခံရတဲ့အချိန်ကနေ အမိန့်ချတဲ့နေ့အထိ ကာလကို ဥပဒေအရ ချုပ်ရက် ပြစ်ဒဏ်ကျခံ ကာလ အဖြစ် သတ်မှတ်ပေးရမှာ ဖြစ်ပေမယ့်
နိုင်ငံရေးအကျဉ်းသားတွေကိုတော့ ရက်ဘယ်လောက်ပဲ ကြာအောင် ချုပ်ထားပါစေ၊ ချုပ်ရက်ကို ပြစ်ဒဏ်ကျခံကာလအဖြစ် ထည့်သွင်းသတ်မှတ် မပေးပါဘူး။
တချို့ ဆိုရင် ချုပ်ရက်က နှစ်နဲ့ချီပြီးတော့တောင် ရှိကြပါတယ်။

ဥပမာ အနေနဲ့ပြောရရင်၂ဝ၁၁၊ ဖေဖော်ဝါရီက ထောင်ဒဏ်စုစုပေါင်း (၆၅) နှစ်စီ အမိန့်ချခံခဲ့ရတဲ့ ကိုအေးမင်းနိုင်နဲ့ ဇနီးမစန်းစန်းမော် အပါအဝင်(၇) ယောက်အမှုမှာ
သက်သေခံပစ္စည်းတစ်ခုတည်းကိုပဲ အမှု( ၄) မှုမှာ တင်ပြပြီး ၁ဝ နှစ်စီ စုစုပေါင်းနှစ်(၄ဝ) အပြစ်ဒဏ်ချမှတ်ခဲ့ပါ တယ်။ အမှန်တကယ် ဆိုရင် သက်သေခံ ပစ္စည်း
တခုကို အမှုတစ်ခုမှာပဲ တင်ပြစီရင်ခွင့်ရှိပါတယ်။ အဲဒီအမှုမှာဆိုရင် ၂ဝဝ၈ မတ်လကတည်း က ဖမ်းဆီးပြီး ၂ဝဝ၈၊ စက်တင် ဘာလ အမိန့်ချရာမှာ ချုပ်ရက်တွေကို
ခံစားခွင့်မပေးခဲ့ပါဘူး။

နောက်ထပ် သာဓကတစ်ခုကတော့ ထောင်ဒဏ် (၂၅) နှစ် ခံစားရပြီး မကြာမီကမှ လွတ်မြောက်လာခဲ့တဲ့ ရခိုင် အမျိုးသားပါတီက ကိုဖြူမောင်၊ ကိုသန်း ကျော်
အပါအဝင် (၄) ယောက်အမှုပဲ ဖြစ်ပါတယ်။ သူတို့ကို ၁၉၈၈၊ မေလမှာ နိုင်ငံတော်ပုန်ကန်မှု ၁၂၂ (၁) နဲ့ သေဒဏ်ချမှတ်ခဲ့ရာက လွတ်ငြိမ်း ချမ်းသာခွင့်အရ ၂၅
နှစ်နဲ့ ညီမျှတဲ့ တကျွန်းအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ ပါတယ်။ ထောင်ထဲမှာနေပြီး ဆယ်နှစ်ကျော်အကြာမှာ မတရားအသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ၁၇ (၁) နဲ့
နောက်ထပ် ထောင်ဒဏ်သုံးနှစ်စီအချခံခဲ့ရပါတယ်။ ဥပဒေအရ နိုင်ငံတော်ပုန်ကန်မှုပုဒ်မ ၁၂၂ (၁) နဲ့ အပြစ်ပေးခံရပြီးရင် မတရားသင်းအဖွဲ့အစည်းနဲ့ ဆက်သွယ် မှု
ပုဒ်မ ၁၇ (၁) ဆို တာ အလိုအလျောက် အကျုံးဝင်ပြီးသားဖြစ်တယ်။

နိုင်ငံရေးအကျဉ်းသား တွေအတွက်ဆိုရင် ပြစ်မှုတခုအတွက် ပြစ်ဒဏ်အကြိမ်ကြိမ် ချမှတ်စီရင်နေတာ ဥပဒေမဲ့၊ တရားလက်လွတ် ကျင့်သုံးနေတာ စစ် အစိုးရရဲ့
လုပ်ထုံးလုပ်နည်းတခုပါပဲ။ ကိုဖြူမောင်၊ ကိုသန်းကျော်တို့အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံးရဲ့ လျှော့ရက်တွေကို ၁၉၉၈ နိုဝင်ဘာလမှာ အကျဉ်းဦးစီးဌာနရဲ့
ဌာနတွင်း အမိန့်စာနဲ့ ပယ်ဖျက်ပြစ်လိုက်တဲ့အတွက် ဘာလျှော့ရက် ခံစားခွင့်မှ မရဘဲ ထောင်ထဲမှာ ၂၅ နှစ်နီးပါး နေခဲ့ကြရပါတယ်။

လူ့ဘဝသက်တမ်းရဲ့ သုံးပုံတပုံလောက် ပေး ဆပ်ခဲ့ရတဲ့ သူတို့ရဲ့ ထောင်သက်ဟာ တောင်အာဖရိကခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလားရဲ့


ထောင်သက်တမ်းလောက် ရှည်ကြာခဲ့ပါတယ်။

နအဖစစ်အစိုးရလက်ထက် နောက်ပိုင်းကာလမှာ နိုင်ငံတကာဖိအားကနေ ရှောင်လွှဲနိုင်ဖို့အတွက် နိုင်ငံရေး အကျဉ်းသားတွေကို နိုင်ငံရေးပုဒ်မတွေအဖြစ်


ခေါ်ဆိုနိုင်တဲ့ ၅(ည)၊ ၁၇(၁)၊ ၁၇(၂)စတာတွေ မတပ်တော့ဘဲ ၅ဝ၅(ခ)၊ ၂၄(၁) ၊ ၃၂(ခ) အစရှိတဲ့ပုဒ်မတွေနဲ့ စွဲချက် တင်ပြီး နှစ်ရှည်ထောင်ဒဏ်တွေ
ချမှတ်ခဲ့ပါတယ်။ နအဖစစ်အစိုးရ လက်ထက်မှာ ဘယ်တုန်းကမှ မကြုံဖူး၊ မကြား ဖူးခဲ့ကြတဲ့ ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။

ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဗိုလ်ချုပ်ဆေထင်ကို (၁ဝ၆)နှစ်၊ ဦးခွန်ထွန်းဦးကို (၉၃) နှစ်နဲ့ ကျန်တဲ့ အမှုတွဲတွေကို (၇၉)နှစ်စီ၊ ABSDF ကိုသိန်းထွန်းကို
သေဒဏ်အပြင် (၁၄)နှစ်၊ ကိုမင်းကိုနိုင် အပါအဝင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေကို (၆၅) နှစ်စီ အစရှိသဖြင့် နှစ်ရှည်ထောင်ဒဏ်တွေ
ချမှတ်ခဲ့ပါတယ်။ ဒီပြစ်ဒဏ်တွေအတိုင်းသာ နေကြရမယ်ဆိုရင် သေပြီးတာတောင်မှ လွတ်နိုင်ဖွယ်မရှိပါဘူး။

နအဖတဖြစ်လဲ ပြည်ခိုင်ဖြိုးအစိုးရလက်ထက်ကျပြန်တော့လည်း ၁၆၊ ၅၊ ၂ဝ၁၁ နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ လွတ်ငြိမ်း ချမ်းသာခွင့်ပြုခြင်း အမိန့်အမှတ် (၂၈/၂ဝ၁၁) မှာ
သေဒဏ်ကို တကျွန်း၊ ကျန်တဲ့အမှုတွေကို တနှစ်လျှော့ပေးမယ် ဆိုပြီး ကြေငြာခဲ့ပါတယ်။

အမှန်တော့ ဒီအမိန့်ကို လွတ်ငြိမ်းချမ်း သာခွင့်လို့တောင် မခေါ်သင့်ဘဲ ပြင်ဆင်ချက်လို့သာ ခေါ်ဆိုသင့်ပါတယ်။ ဘာလို့လဲ ဆိုရင် ချထားတဲ့ပြစ်ဒဏ်တွေ နဲ့စာရင်
လျှော့ပေးတဲ့နှစ်ဟာ မနှိုင်းယှဉ်သာအောင် ကွာခြားနေလို့ပါပဲ။

တကျွန်း ဆိုရာမှာ ၂ဝ နှစ်နဲ့ညီမျှတဲ့ တကျွန်းလား၊ ၂၅ နှစ်နဲ့ညီမျှတဲ့ တကျွန်းလားဆိုတာကို ကွဲကွဲပြာြး ပား ဖော်ပြထားခြင်း မရှိသလို
တနှစ်လျှော့တယ်ဆိုရာမှာလည်း အမှုတစ်ခုချင်းစီအပေါ် လျှော့မှာလား၊ ဒါမှမ ဟုတ် စုစုပေါင်းအပေါ်မှာမှ တနှစ်လျှော့မှာလားဆိုတာကိုလည်း ဖော်ပြမထားပါဘူး။
ဒီအချက်ကို ကြည့်ခြင်းအားဖြင့် ဦးသိန်းစိန်အစိုးရရဲ့ကြေငြာချက်ဟာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ မဟုတ်ဘဲ နိုင်ငံတကာဖိအားနဲ့
ပြည်တွင်းကတောင်းဆိုမှုတွေ အရှိန်လျော့ကျသွားစေဖို့သာ ရည်ရွယ်ခဲ့တာ ထင်ရှားလှပါတယ်။

စစ်အစိုးရဟာ နိုင်ငံရေးအကျဉ်းသားတွေကို ပြစ်ဒဏ်ချမှတ်ရာမှာ တစ်ပေါင်းတည်းချမှတ်လေ့မရှိဘဲ သီးခြား စီ ပြစ်ဒဏ် ချမှတ်လေ့ရှိပါတယ်။ ဒီအမိန့်


ကြေငြာစာအရ လွှတ်ပေးတဲ့အကျဉ်းသားပေါင်း သောင်းလေးထောင်ကျော်မှာ နိုင်ငံရေးအကျဉ်းသားပေါင်း ဆယ်ဂဏန်းပဲ ပါဝင်ပါတယ်။ အဲဒီထဲမှာမှ
လွတ်ရက်စေ့နေ သူတွေ၊ လွတ်ဖို့ ရက်ပိုင်း၊ လပိုင်းပဲ လိုတော့တဲ့သူတွေသာ အများစု ပါဝင်နေပါတယ်။

ဒါကြောင့်မို့ အချုပ်အားဖြင့်ပြောရမယ်ဆိုရင် တော်လှန်ရေးကောင်စီ၊ မဆလ၊ နဝတ၊ နအဖ စစ်အစိုးရ အဆက်ဆက်နဲ့ အခုလက်ရှိ ပြည်ထောင်စု သမ္မတ
မြန်မာနိုင်ငံတော်အစိုးရလို့ အမည်ခံထားတဲ့ ဘောင်းဘီချွတ် ဗိုလ်ချုပ်ကြီးတွေရဲ့ ကြံ့ဖွံ့အစိုးရ လက်ထက်မှာပါ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေဟာ
လူ့အခွင့်အရေးတွေကို နည်းမျိုးစုံနဲ့ ချိုးဖောက်ခံခဲ့ရ၊ ခံနေရဆဲဖြစ်ကြောင်း တင်ပြလိုက်ရပါတော့တယ်။ ။

http://www.moemaka.com/
မြန်မာမှ အဆင့်မှီ လေဆိပ် တစ်ခုတွင် ဘီးလေထိုးစက်မရှိ၍ လေယာဉ် တစီး ညအိပ်ရပ်နားခဲ့ရ

Font size:
မြန်မာနိုင်ငံကို အုပ်ချုပ်သူ အစိုးရ တာဝန်ရှိသူများမှ နိုင်ငံတကာ အဆင့်မှီ လေဆိပ် တစ်ခု အဖြစ် တိုးချဲ့ တည်ဆောက်နေပါသည်ဟု ဆိုသော စစ်တွေ
လေဆိပ်တွင် လေယာဉ်ဘီးများကို လေထိုးရန် စက်မရှိသဖြင့် လေယာဉ် တစီး ညအိပ် ရပ်နားခဲ့ရသည်ဟု သိရသည်။

အဆိုပါ လေယာဉ်မှာ မေလ ၂၉ ရက်နေ့က ရန်ကုန်မှ စစ်တွေသို့ ခရီးသည်များကို တင်ဆောင် ပျံသန်းလာသော အစိုးရပိုင် မြန်မာလေကြောင်းလိုင်း XY- AIB
လေယာဉ် ဖြစ်ကြောင်း သိရသည်။

" ညအိပ်ရပ်နားခဲ့ရတာက မှန်ပါတယ်။ နေုာက်တစ်နေ့ နေ့လည်ပိုင်းမှ ရန်ကုန်ကို ပြန်သွားခဲ့ရပါတယ်။ ဘီးက လေလျော့နေတဲ့ အတွက် ဘီးတစ်လုံး ရန်ကုန်က
ရောက်လာပီးမှ ပြန်လဲကာ ထွက်ခွာသွားခဲ့ပါတယ်" ဟု လေဆိပ်တွင် အလုပ် လုပ်ကိုင်နေသူ ကိုထွန်းရွှေက ပြောသည်။

ယခုကဲ့သို့ ဘီးလေလျာ့နေသဖြင့် လေယာဉ်မပျံနိုင်၍ ခရီးသည် တစ်ချို့မှာ ကြောက်ပြီး ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပြီး တစ်ချို့ ခရီးသည်များမှာ တခြား
လေယာဉ်များဖြင့် ရန်ကုန်သို့ လိုက်ပါ သွားခဲ့ရသည်ဟု သိရသည်။

" လူတွေကတော့ အများစု အိမ်ကို ပြန်သွားကြပါတယ်။ စစ်တွေမှာ လေယာဉ် လက်မှတ် ချက်ချင်းရဖို့ဆိုတာ အစိုးရ အာဏာပိုင်တွေမှ အပ သာမန် လူတွေက
သိပ်မလွယ်ပါဘူး။ အများစုကတော့ ခရီးစဉ်ကို ဖျက်လိုက်တာ ရှိပါတယ်။ တစ်ချို့လည်း နောက်နေ့မှာ လိုက်ပါသွားကြပါတယ်" ဟု သူက ဆက်ပြောသည်။

စစ်တွေနှင့် ရန်ကုန် ခရီးစဉ်တွင် လေကြောင်းလိုင်း ၃ ခုခန့် နေ့စဉ် ပျံသန်းနေပြီး ပုဂ္ဂလိက လေကြာင်းလိုင်းများတွင် လေယာဉ်ခ တစ်ကြောင်းတည်းမှာ ကျပ်
ရှစ်သောင်းကျော် ရှိပြီး အစိုးရပိုင် မြန်မာ့ လေကြောင်းလိုင်းမှာ ငါးသောင်း လေးထောင်ကျပ်သာ ယူသည်ဟု သိရသည်။

လမ်းပန်းဆက်သွယ်ရေး ခက်ခဲမူကြောင့် စစ်တွေ လေဆိပ်မှာ ခရီးသည်အသွားအလာများသော လေဆိပ် တစ်ခု ဖြစ်သော်လည်း အစိုးရ အာဏာပိုင်များက
ခေတ်မှီ တိုးတက်အောင် ပြုပြင်ပေးမူ မရှိသဖြင့် လမ်းလျော်ခြင်း၊ လေယာဉ်များ အချိန်နှင့် တပြေးညီ ပျံသန်းနိုင်ခြင်း မရှိဘဲ ဖြစ်နေခြင်း၊ လေယာဉ် လက်မှတ်များ
ရရှိရန် ခက်ခဲ ကြန့်ကြားခြင်းစသည့် အခြေအနေများနှင့် ကြုံတွေ့နေကြရ ကြောင်း သိရသည်။

(အင်တာဗျူး)

Font size:
ရွှေသား အလေးချိန် ၄ ပိသာ နှင့် ၆၄ ကျပ်သား အလေးချိန် ရှိတဲ့ ဘုရားဆင်းထုတော် တစ်ဆူကို ရခိုင်ရှေးဟောင်း မင်းနေပြည်တော် ဖြစ်ခဲ့တဲ့ မြောက်ဦးမှာ မေလ
၃၀ ရက်နေ့က တူးဖေါ် ရရှိခဲ့ပါတယ်။ အခုလို ရရှိတဲ့ ဆင်းထုတော်နဲ့ ပတ်သက်ပြီး ရှေးဟောင်း သုတေသန ဦးစီးဌာ ဒုညွှန်ကြားရေးမှူး (အငြိမ်းစား )
ဦးကျော်ထွန်းအောင်နဲ့ ဆက်သွယ်မေးမြန်းခွင့် ရရှိခဲ့ပါတယ်။ မေးမြန်းထားတဲ့ အပြည့်အစုံက အောက်ပါအတိုင်း ဖြစ်ပါတယ်။

မေး။ ။ အခု ရရှိတဲ့ ဗုဒ္ဓဆင်းထုတော်နဲ့ ရှေ့ဟောင်း အမွေနှစ်တွေကို ဘယ်က တူးဖေါ် ရရှိတယ် ဆိုတာ ပြောပြပေးပါလား ဆရာ။

ဖြေ။ ။ အခု ရရှိတဲ့ ဗုဒ္ဓဆင်းထုတော်ဟာ လောကမဉ္ဇူ ဘုရားက ရရှိတာပါ။ လောကမဉ္ဇူ ဘုရားဆိုတာ မြောက်ဦးမြို့ မြောက်ဘက် ၂ ဖာလုံလောက် အကွာ၊
အထူးသဖြင့် ကျနော်တို့ အတိုင်းအတာအရ ဆိုရင် ရတနာပုံ စေတီအနီး ရှေ့ တောင်တန်း ဗောဓိရွှေဂူ တောင်တန်းမှာ ရှိပါတယ်။ ဗောဓိရွှေဂူ တောင်တန်း က
စေတီတော် နှစ်ဆူကို မန္တလေးမှ ဒေါက်တာသိန်းထွန်းနဲ့ ဒေါ်စန်းစန်းယဉ် မိသားစုမှ လှူဒါန်းပြီး ပြုပြင်နေပါတယ်။ ပထမ စေတီတော်တဆူတော့ ပြီးစီးသွားပါပြီ။
ဒုတိယအဆူကို အခု ပြုပြင်ဖို့အတွက် ရှင်းလင်းတဲ့အခါမှာ ရှေ့ဟောင်းပစ္စည်းဖြစ်တဲ့ ဒီဌာပနာတော်တွေကို မြေအောက် ဌာပနာ အဖြစ် တွေ့ရပါတယ်။ အဲဒီမှာ
ဘုရားဆင်းထုတော်တွေထဲမှာ ကြေးနဲ့ ကျောက်ရောနှောပြီး ပြုလုပ်ထားတဲ့ ဆင်းထုတော်တွေ များပါတယ်။ ကြေးဆင်းထုတော်က ၂၃ ဆူ၊ ကျောက်ဆင်း
ထုတော်က ၂ ဆူ၊ ရွှေဆင်းထုတောက် ၁ ဆူ၊ နောက်ပြီး ဓာတ်တော် ဌာပနာစီး ဘုရားက ၂၀၀ ဆူ၊ ကြေးမန်တိုင်က ၂ ခု၊ ရွှေနဲ့လုပ်ထားတဲ့ အရာ ၂ခု၊ စဥ့်က ၁ ခု၊
အုပ်ခွက် ဘုရားက တစ်ခု၊ စကျင် ကျောက်ဘုရား ၂ ဆူ၊ အဲဒီအမွေနှစ်တွေထဲမှာ ရွှေဆင်းထုတော် တဆူက ရွှေ ၄ ပိဿနဲ့ ၆၄ ကျပ်သားဆိုတော့ ကာလ
ပေါက်ဈေး သိန်း ၃၀၀၀ ကျော်ကျော် ပတ်ဝန်းကျင်လောက် ရှိမှာပါ။ တကယ်လို့ ရှေးဟောင်းအမွေနှစ် အနေနဲ့ တွက်မယ်ဆိုရင်တော့ အဖိုး မဖြတ်နိုင်ပါဘူး။
ဓာတ်တော် ဂျုတ်(ဂြုပ်)ထဲမှာလည်း ရွှေနဲ့ လုပ်ထားတာလည်း ပါ ပါတယ်။ နောက်ပြီး တစ် ပေ ကျော်ကျော်ရှိတဲ့ ကြေးမှန်တိုက်တွေ၊ သမိုင်း တန်ဖိုးအားဖြင့်
အဖိုးမဖြတ်နိုင် ဘုရားဆင်းထုတော် အမျိုးမျိုးနဲ့ ကမ္ဘာကို ညွှန်းတဲ့ ဘုရားတွေ၊ အုပ်ခွက် ဘုရားတွေ၊ ကြေးဆင်းထု မုဒြာအမျိုးမျိုး ပါဘဲ။ ခုလို သမိုင်းဝင် ပစ္စည်းတွေ
ပါဝင်နေတဲ့ အတွက် တန်ဖိုးအားဖြင့် မဖြတ်နိုင်လို့ ယူဆလို့ ရပါတယ်။

မေး။ ။ ဆင်းထုတော်က ဘယ်ခေတ်က လက်ရာတွေပါလဲ။ ရွှေဘုရားက ဘယ်လို မုဒြာမျိုးပါလဲ ဆရာ။

ဖြေ။ ။ အခု ဆင်းထုတော်တွေက အကြီးအငယ် ၂၃ ဆူ။ အကြီးဆုံးက တစ်ဆူ။ အဲဒီအကြီးဆုံး အဆူက ရွှေဆင်းထုတော်ဖြစ်နေပါတယ်။ ရွှေဆင်းထုတော်က
ပိဿချိန်အားဖြင့် ၄ ပိဿနဲ့ ၆၄ ကျပ်သား ရှိပါတယ်။ ခေတ်ကာလကတော့ မှန်းလို့ရတာက ဝေသာလီခေတ်က ဆင်းထုတော်ကို မြောက်ဦး ခေတ်မှာ ပြန်ပြီး
ဌာပနာ တည်ခဲ့ဟန် တူပါတယ်။ ဆင်းထုတော်ရဲ့ မုဒြာက ဇာနမုဒြာ ပုံစံဖြစ်ပါတယ်။

မေး။ ။ အေဒီ ဘယ်လောက်ကလို့ ခန့်မှန်းပါသလဲ။

ဖြေ။ ။ ဝေသာလီခေတ်လို့ ယူဆလို့ ရပါတယ်။ အေဒီ ဘယ်လောက်လဲဆိုတော့ အဲဒီဆင်းထုတော်က သီရိလင်္ကာပုံစံမျိုးနဲ့ တူပါတယ်။ သီရိလင်္ကာက
ဆင်းထုတော်တွေကို အေဒီ ၈ ရာစုလို့ ကမ္ဘာက အသိမှတ် ပြုထားပါတယ်။ အဲဒါကြောင်း ဒီဆင်းထုတော်ဟာလည်း အေဒီ ၈ ရာစုထက် နောက်မကျ ဘဲနဲ့
ဝေသာလီခေတ်က ဆင်းထုတော်လို့ ယူဆလို့ ရပါတယ်။

မေး။ ။ ရရှိတဲ့ ဘုရားက ရွှေဆင်းထုတော်ဆိုတာ ဆရာတို့ အစပြု ဘယ်လို သိရှိခဲ့တာပါလဲ။

ဖြေ။ ။ အလေးချိန်က ၄ ပိဿနဲ့ ၆၄ ကျပ်သားရှိတဲ့ ဘုရားကို မူလ သိမ်းဆည်း ရမိချိန်က ဂေါပက အဖွဲ့ကနေပြီးတော့ ရှေ့ဟောင်းသုတေသန ဌာနကို လွှဲပြောင်း
ပေးအပ်ခဲ့ ပါတယ်။ အဲဒီအချိန်ထိ ရွှေဆင်းထုတော်လို့ မသိရသေးပါဘူး။ မေလ ၃၀ နေ့ မှာ လွဲအပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဇွန် ၃ ရက်နေ့မှာ ပြည်နယ် ယဉ်ကျေးမှု
ဝန်ကြီး ဦးအောင်သန်းတင် ရောက်လာတဲ့ အချိန်မှာ ဒီဆင်းထုတော် တစ်ဆူ ထူးခြားတယ် ရွှေဆင်းထုဖြစ်နိုင်တယ် ဆိုပြီး ပန်းထိမ်သည်တွေ ခေါ်ပြီးတော့
လောင်ဆေးတွေ နဲ့တိုက်ကြည့်တော့မှ ရွှေဆင်းထု ဖြစ်နေတာကို တွေ့ရပါတယ်။ အဲဒါကြောင်း သူတို့က ရွှေဆင်း ထုတော်ကို ချက်ချင်းဘဲ ရဲစခန်းကို
ပြောင်းရွှေ့သွားပါတယ်။ နောက်တစ်နေ့မှာဘဲ အဲဒီဆင်းထုတော် အပါအဝင် ဌာပနာတိုက်က ထွက်လာတဲ့ ဆင်းထုတော်တွေရော အားလုံး
ရှေ့ဟောင်းပစ္စည်းတွေကို နေပြည်တော်က ဒုဝန်ကြီး ဒေါ်သန္တာခင် က ချက်ချင်း နေပြည်တော်ကို ပို့ပါဆိုလို့ ပို့ဖို့ အစီစဉ် လုပ်ခဲ့ကြပါတယ်။ အဲဒါကြောင်း မြို့မိမြို့ဖ
တွေ၊ ဂေါပကလူကြီးတွေနဲ့ မြို့သူမြို့သားတွေ အကုန်လုံးက မကျေမနပ်နဲ့ အခြေအနေတွေက တင်းမာနေခဲ့ပါတယ်။ ခုတော့ မြောက်ဦးမှာဘဲ ထားတော့မယ်လို့
ဆိုပါတယ်။

မေး ။ ။ အဲဒီဆင်းထုတော်ကို သူတို့က ဘာလို့ နေပြည်တော်ကို ယူဖို့ ကြိုးစားတာပါလဲ။

ဖြေ။ ။ ပထမ စောစောတုန်းက ပြောတာကတော့ ရွှေဆင်းထုတော်မှန်းမသိခင် ဂေါပကလူကြီးတွေဆီ လွှဲပြောင်းပေးမယ်လို့ ပြောပါတယ်။ နောက်ပိုင်း


ရွှေဆင်းထုမှန်းသိတဲ့အခါ သူတို့က ဂေါပကကို လွဲပြောင်း မပေးနိုင်ဘူး။ လုံခြုံရေးရှိတဲ့ နေပြည်တော်ကို ရွေ့ရမယ်။ နောက်တခါ နေပြည်တော်မှာဘဲ လူသိများမယ်။
တိုင်းနဲ့ပြည်နယ် အသီးသီးက လာပြီးတော့ ဖူးမျော်နိုင်မယ်။ ဒီမှာ ထားလို့ တန်ဖိုးမရှိဘူး ဆိုပြီးတော့ အဲဒီလို ပြောပါတယ်။

မေး။ ။ ဆင်းထုတော်နဲ့ ပတ်သက်ပြီး ဆရာတို့ ဖြစ်စေချင်တဲ့ သဘောထားက ဘယ်လို ရှိပါလဲ။

ဖြေ။ ။ ကျနော်အနေနဲ့ကတော့ ရွှေဆင်းထုတော် အပါအဝင် ရှေ့ဟောင်း ပစ္စည်း အကုန်လုံးဟာ ရခိုင်လူမျိုးတွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာ အမွေနှစ်တွေ
ဖြစ်တဲ့အတွက် အဲဒီ ရတနာ အမွေနှစ်တွေကို ရခိုင်ပြည်မှာဘဲ တင့်တင့်တည်တည်နဲ့ ထားရင် ကောင်းမယ်လို့ ကျနော့်အနေနဲ့ ဆန္ဒရှိပါတယ်။ ကျနော့်နည်းတူဘဲ
ရခိုင်ပြည်မှာရှိတဲ့ ရခိုင်သူ ရခိုင်သားတွေ အကုန်လုံး ကျနော့် စိတ်အတိုင်းဘဲ ထပ်တူကျပြီးတော့ ဒီမှာဘဲ ထိန်းသိမ်းထားချင်တဲ့ စိတ်ဓာတ်တွေ ရှိနေတယ်လို့
ကျနော်ပြောချင်ပါတယ်။

မေး။ ။ မြို့သူမြို့သားတွေရဲ့ အခြေအနေက ခု ဘယ်လို ရှိနေပါလဲ။

ဖြေ။ ။ မြို့သူမြို့သား အနေနဲ့ကတော့ ဒီဆင်းထုတော်ကို ဒီမြို့မှာဘဲ ထားချင်တဲ့ အနေထားရှိတဲ့ အတွက် နန်းတော်ကုန်းမှာ မြို့သူမြို့သားတွေရော၊ ဂေါပက
လူကြီးတွေရော အကုန်လုံး ဝိုင်းရံပြီးတော့ နေပြည်တော်ကို မပို့ဖို့ မနေ့က တောင်းပန်ခဲ့ကြပါတယ်။

မေး ။ ။ ရှေ့ဟောင်းအမွေနှစ် ဗုဒ္ဓဆင်းထုတော်ကို နေပြည်တော်သို့ ယူဆောင်မည့် ကိစ္စနဲ့ ပတ်သက်ပြီး မြောက်ဦးမြို့ နောက်ဆုံး အခြေအနေက ဘယ်လို
ရှိနေတယ်ဆိုတာကို ပြောပြပေးပါ။

ဖြေ။ ။ ရှေ့ဟောင်းအမွေနှစ် ဗုဒ္ဓဆင်းထုတော်ကို နေပြည်တော်သို ယူဆောင်ရန် လုပ်တဲ့ အခါမှာ မြို့သူမြို့သားတွေနဲ့ သက်ဆိုင်ရာ ဂေါပက အဖွဲတွေ၊
ရဟန်းသံဃာတော်တွေက မကျေ မနပ် ဖြစ်ပြီးတော့ ရှေ့ဟောင်းအမွေနှစ် တွေကို မယူဆောင်ရန်အတွက် တောင်းတောင်း ပန်ပန်နဲ့ ပြောခဲ့ ကြပါတယ်။
နောက်တခုက လွန်ခဲ့တဲ့ နှစ်ကလည်း ဘုရားပေါ်က ထွက်တဲ့ ရခိုင် ရွှေဒင်္ဂါး ၇၀ ကျော်ကို ယူဆောင်သွားပြီး အခုအချိန်ထိ ပြန်လည် မရောက်ရှိ ဖြစ်နေပါတယ်။
နောက် ရှေးဟောင်း ပတ္တမြား လက်စွပ် တစ်ကွင်းလည်း နေပြည်တော်ကို ယူဆောင်သွားပြီး ပျောက်ဆုံးနေတာတွေကို တွေ့ရပါတယ်။ အဲဒီအတွက်
မြို့သူမြို့သားတွေက အခု ဗုဒ္ဓဆင်းထုတော်ဟာလည်း မြောက်ဦးမြို့ကို ပြန်မရောက်မှာကို စိုးရိမ်ပြီး အထူး ပူပင်သောက ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။
http://www.narinjara.com/burmese.asp

အညတရ သူရဲကောင်း ဂုဏ်ပြုပွဲ ဂျပန်မှာ ကျင်းပ

2011-06-06

မြန်မာပြည်ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေး အတွက် စွန့် လွှတ် အနစ်နာခံ လှုပ်ရှားဆောင်ရွက်နေကြရင်း ဖမ်းဆီး ထိန်းသိမ်းခံရပြီး အကျဉ်းထောင်တွေမှာ
ပြစ်ဒဏ်ပေး ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ချီးမြှင့်ပေးအပ်တဲ့ အညတြ သူရဲကောင်း ဂုဏ်ပြုပွဲ အခမ်းအနားကို ဂျပန်နိုင်ငံ တိုကျိုမြို့ မှာ မနေ့ က
ကျင်းပခဲ့ပါတယ်။
demowaiyan

နိုင်ငံရေး အကျဉ်းသားတွေ ဖြစ်ကြတဲ့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးအတွင်း ဦးဆောင် သံဃာတပါး ဖြစ်သူ မဂ္ဂင် ကျောင်းတိုက် ဆရာတော် ဦးအိန္ဒက ၊
ဘိုးတော်ခင်ဝင်း နဲ့ HIV/AIDS ဝေဒနာရှင်တွေကို ကူညီပေးခဲ့သူ ဦးသန်းနိုင် တို့ကို အညတြ သူရဲကောင်းတွေ အဖြစ် ရွေးချယ်ဂုဏ်ပြုပွဲ အခမ်းအနားကို ဂျပန်နိုင်ငံ
တိုကျိုမြို့မှာ ၂၀၁၁ ခုနှစ် ဇွန်လ ၅ ရက်နေ့က ကျင်းပခဲ့ပါတယ်။

ပွဲစီစဉ် ကျင်းပသူတွေနဲ့ တကွ တက်ရောက်လာသူတွေ အားလုံးကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗွီဒီယို သတင်း စကားပေးပို့ ပြီး
နှုတ်ခွန်းဆက်တဲ့ အပြင် ယုံကြည်ချက်ကြောင့် အနစ် နာခံ လုပ်ဆောင်နေကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ဆက်ပြီး ကူညီ ထောက်ပံ့ကြဖို့ တိုက်တွန်း
နှိုးဆော်ခဲ့ပါတယ်။

"အခုလို အညတရ သူရဲကောင်းများဆိုပြီးတော့ ဂုဏ်ပြုဆုကို ချီးမြင့်တဲ့ အခမ်းအနားမျိုး၊ ဂုဏ်ပြုတဲ့ စိတ်ဓါတ်မျိုးကို ကျမ အများကြီးဘဲ ကျေးဇူးတင်ပါတယ်။
ဂုဏ်လဲ ယူပါတယ်။ လေးလည်းလေးစားပါတယ်။ ဒီလိုဘဲ သတ္တရှိရှိနဲ့ ကိုယ်ထင်ပေါ်ဖို့ မဟုတ်ဘူး၊ ကိုယ့်ရဲ့ စိတ်ချမ်းသာဖို့အတွက် မဟုတ်ဘူး၊ ဘယ်လို
အကျိုးခံစာမှုမျိုးအတွက်မှ မဟုတ်ဘဲနဲ့ ယုံကြည်ချက်အရ လုပ်ကိုင်ပြီးတော့ ယုံကြည်ချက်အရ လုပ်ကိုင်ခဲ့လို့ အနစ်နာခံခဲ့ရတဲ့ အနစ်နာ ခံနေဆဲ ဖြစ်တဲ့ ကျမတို့ရဲ့
နိုင်ငံသူ နိုင်ငံသား အားလုံး အမြန်ဆုံး လိုချင်တဲ့ ပန်းတိုင်ကို ရောက်အောင် ၀ိုင်းပြီးတော့ ကူညီကြပါလို့ မေတ္တာရပ်ခံပါတယ်။"

ပထမအကြိမ် အညတြ သူရဲကောင်းဆုကို ပြီးခဲ့တဲ့ မြန်မာနှစ်ဆန်း တစ်ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ရုံးမှာ ကျင်းပတဲ့ သက်ကြီး ပူဇော်ပွဲမှာ
ကြေညာပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်။

ဒီဆုအတွက် နိုင်ငံရေး အကျဉ်းကျတွေ ဖြစ်တဲ့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးအတွင်း ဦးဆောင် သံဃာတပါး ဖြစ်တဲ့ မဂ္ဂင် ကျောင်းတိုက် ဆရာတော် ဦးအိန္ဒက ၊
ဘိုးတော်ခင်ဝင်း နဲ့ HIV/AIDS ဝေဒနာရှင်တွေကို ကူညီ ပေးခဲ့သူ ဦးသန်းနိုင် တို့ကို NLD ဗဟိုအလုပ် အမှုဆောင် အဖွဲ့ ဝင် ဦးဝင်းတင် ဦးဆောင်တဲ့
ဆုရွေးချယ်ရေးအဖွဲ့ က ရွေးချယ်ခဲ့ပါတယ်။ ဒုတိယ အကြိမ်မြောက် ဆုချီးမြှင့်ပွဲကို မကြာမီ အချိန်မှာ ပေးအပ်နိုင်ဖို့ ဆောင်ရွက်နေကြောင်းနဲ့ ၅ ဦးအထိ
တိုးမြင့်ပေးအပ်နိုင်ဖို့  စီစဉ်နေကြောင်း သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဒေါ်ခင်ခင်အိက အသေးစိတ် တင်ပြထားတာကိုလည်း တဆက်ထဲ နားဆင်နိုင်ပါတယ်။

ပဲခူးမြို့ ဦးထုပ်စက်ရုံမှ အလုပ်သမများ ရပိုင်ခွင့်အတွက် ဆန္ဒပြ

2011-06-06

ပဲခူးမြို့ စွန်ရှိ ဟင်္သာကုန်း ကမာနတ် ရွာအနီးရှိ Cap 1 ဦးထုပ်စက်ရုံက အလုပ်သမ ၅၀ကျော် အလုပ်ခွင်ကနေ ဇွန်လ ၆ ရက် ဒီကနေ့ မနက်ပိုင်းက ဆန္ဒပြတဲ့ပုံစံနဲ့
ထွက်ခွာလာတယ်လို့ စုံစမ်း သိရှိရပါတယ်။

စက်ရုံက ထွက်လာတဲ့ အလုပ်သမ စုစုပေါင်း ၅၅ ဦး ရှိပြီး အလုပ်ခွင်အတွင်း အလုပ်ကြပ်တွေက မတရားတဲ့ စည်းကမ်းချက်တွေနဲ့ ကန့်သတ် ချုပ်ချယ်တာကြောင့်
ဖြစ်တယ်လို့ သိရပါတယ်။ အလုပ်သမားတွေက ဒီကိစ္စနဲ့ ပတ်သက်ပြီး ပဲခုးမြို့ NDF ပါတီ ရုံးကို လာရောက် တိုင်တန်း တာဖြစ်ပါတယ်။

ပါတီဥက္ကဋ္ဌ ဦးအောင်မျိုးဝင်းက ခုလိုပြောပြပါတယ်။

“အဲဒီမှာကလေ အောလ်ဆူပါပေါ့ဗျာ၊ ဇာနည်နိုင်လေ၊ မဇာနည်နိုင်ရယ်၊ နောက် ဆူပါပေါ့ဗျာ၊ သူ့အောက်က မဝတ်မှုန်ဆိုတာ သူတို့ နှစ်ယောက်က ကလေးတွေကို
ဒီ မတရားတဲ့ စည်းကမ်းတွေ ထုတ်ပြန်ထားတာပေါ့။ အဲဒါ စက်ရုံက စည်းကမ်းဟုတ်မဟုတ်တော့ ကျွန်တော်လည်း အတိအကျတော့ မသိဘူးပေါ့။ အဲဒါ ခုနကလို
အလုပ်ထဲမှာ တယောက်နဲ့ တယောက် အလုပ်ကိစ္စ စကားပြောတာတွေကို ပိုက်ဆံ ဖြတ်တောက်တဲ့ ကိစ္စပါတယ်။ နောက် ဒီ ကျန်းမာရေးပေါ့၊ အပေါ့အလေး
သွားတဲ့ကိစ္စတွေကို အချိန်ကန့်သတ်ချက် လုပ်ပေးထားတာ။”

ဦးအောင်မျိုးဝင်းရဲ့ အဆိုအရ ပြီးခဲ့တဲ့ သောကြာနေ့က အလုပ်သမ ၁၉ ဦးက ဒီကိစ္စကို မိမိကို လာရောက် ပြောဆိုခဲ့တာကြောင့် ပဲခူးမြို့ အလုပ်သမားဦးစီးဌာနကို
ပို့ဆောင်ပေးခဲ့ပြီး တာဝန်ရှိသူတွေက ညှိနှိုင်းပေးခဲ့ပြီး ဖြစ်ပေမဲ့ ဒီကနေ့ စက်ရုံအနေနဲ့ ကတိပေးခဲ့တဲ့အတိုင်း ဆောင်ရွက်ပေးခြင်း မရှိတာကြောင့် အလုပ်သမား ၅၀
ကျော် အလုပ်ခွင်က ထွက်ခွာလာတာ ဖြစ်တယ်လို့ ပြောပြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး RFA မှ ဦးတင်အောင်ခိုင်က စက်ရုံ တာဝန်ရှိသူတွေ အပါအဝင် စက်ရုံတည်ရှိရာ ရပ်ကွက်တွင်းကို ဆက်သွယ် မေးမြန်းထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများအား ထိန်းချုပ်ရန် ရာဇဝတ်သားများကို အသုံးချ

2011-06-06

အင်းစိန်ထောင်မှာ ထိန်းသိမ်းခံထားရတဲ့ သံဃာတော်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်ကွပ် ထိန်းချုပ်ဖို့ ရာဇဝတ်အကျဉ်းသားတွေကို


ထောင်အာဏာပိုင်တွေက အသုံးချနေတယ်လို့ စုံစမ်း သိရှိရပါတယ်။
PHOTO: AFP

နာမည်ဆိုးနှင့် ကျော်ကြားသော မြန်မာနိုင်ငံ အင်းစိန်အကျဉ်းထောင်၏ အုတ်ရိုးအပြင်ဘက်တွင် အစောင့်တဦး လှည့်ပတ်စောင့်ကြည့်နေပုံ ဖြစ်ပါသည်။ (PHOTO:


AFP)

ပြီးခဲ့တဲ့ သီတင်းပတ်တွေက ထောင်တွင်း အစာငတ်ခံ ဆန္ဒပြခဲ့တဲ့ အရှင်ရေဝတကို ထောင်အာဏာပိုင်တွေ ရှေ့မှာတင် ရာဇဝတ်အကျဉ်းသားတဦးက


ရိုက်နှက်ခဲ့တယ်လို့ ဇွန်လ ၅ ရက် မနေ့က ထောင်ဝင်စာ သွားတွေ့ခဲ့တဲ့ မိခင်ဖြစ်သူက ပြောပါတယ်။

“လူသတ်မှုနဲ့ ကျလာတဲ့ လူကတဲ့ တယောက်ကို ရိုက်နေလို့မို့ မတရားပါဘူး၊ မရိုက်ပါနဲ့၊ အဲဒီလောက်ကြီး မရိုက်ပါနဲ့လို့ ပြောတာ၊ သူ့ကို ခင်ဗျား ဘာဆိုင်လို့တုန်း
ဆိုပြီးတော့ ရိုက်တာတဲ့။ တုတ်နဲ့ ရိုက်တာတဲ့။ သူ့ကို ရိုက်တဲ့နေ့တုန်းကတဲ့ ဝန်ထမ်း ၃ ယောက် ရှိတယ်တဲ့။ အဲဒါ ဝန်ထမ်း ၃ ယောက်ကလည်း ဘာမှ မပြောဘူးတဲ့။
အခု ဟို ထောင်မှူးကို တိုင်တော့ ထောင်မှူးက ဘာမှ အရေးမယူဘူးတဲ့။”

ဦးရေဝတကလည်း သူ့ကို နိုင်ငံရေးအကျဉ်းသား အများစု ထိန်းသိမ်းထားတဲ့ အကျဉ်းတိုက်ခန်းထဲမှာ ထားဖို့ အာဏာပိုင်တွေကို တောင်းဆိုထားတယ်လို့


မိခင်ဖြစ်သူက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသား မိသားစု အထောက်အကူပြု ကွန်ရက်အဖွဲ့တာဝန်ခံ ကိုအောင်ဇော်ထွန်းကလည်း အကျဉ်းဆောင်တွေမှာ နိုင်ငံရေး အကျဉ်းသားတွေကို


ထိန်းချုပ်ဖို့ ရာဇဝတ်သားတွေကို ထောင်အာဏာပိုင်တွေက တမင်သက်သက် အသုံးချနေတာ ဖြစ်တယ်လို့ ပြောပါတယ်။

“နိုင်ငံရေး အကျဉ်းသားတွေ ထောင်တွင်း ဖြတ်သန်းနေရတဲ့ အခြေအနေက ကျွန်တော် ကိုယ်တိုင်လည်း ဖြတ်သန်းခဲ့ဘူးပါတယ်။ အဲဒီလို ဖြတ်သန်းခဲ့ဘူးတဲ့
အခြေအနေမှာ ဘာဖြစ်လဲဆိုတော့ အာဏာပိုင်တွေက တခါတခါ ကျရင် သူတို့ရဲ့ လက်နဲ့ ရိုက်မဲ့အစား တခြား သူတို့ ထိန်းချုပ်ထားတဲ့ ရိုးရိုးပုဒ်မ
အကျဉ်းသားတွေကို စည်းရုံးပြီးတော့ နိုင်ငံရေး အကျဉ်းသားတွေကို နှိပ်ကွပ်တာမျိုးတွေ ရှိတယ်။ အဲဒါ ထောင်ရဲ့ အုပ်ချုပ်ရေး နည်းနာထဲက တခုပေါ့လေ။”

“တခါတခါကျရင် အကျဉ်းသား အချင်းချင်းဆိုတဲ့ အခါမှာလည်း အကျဉ်းသားတွေရဲ့ အလွှာစုံ ရှိနေတဲ့အပေါ်မှာ အခွင့်ကောင်းယူပြီးတော့ တချို့ စရိုက်ကြမ်းတဲ့
အကျဉ်းသားတချို့နဲ့ ၅ (ည) တွေကို ပြန်လည်ပြီးတော့ ရိုက်နှက်ခိုင်းတာ၊ ဆဲဆို ကြိမ်းမောင်းပြီးတော့ ဖိနှိပ်ထားတာမျိုးတွေ ရှိပါတယ်။တကယ်တော့ ဒါက
အကျဉ်းသား အချင်းချင်း ဖြစ်တဲ့ ပြဿနာ မဟုတ်ဖူး။ ဒီ အကျဉ်းထောင်ရဲ့ အုပ်ချုပ်ရေး ပေါ်လစီတခုရဲ့ မှားယွင်းမှုပဲ။ အကျဉ်းသားကို အကျဉ်းသားနဲ့
ပြန်အုပ်ချုပ်ခိုင်းတဲ့ ပေါ်လစီပါ။”

အလားတူပဲ ဒီနှစ်ဆန်းပိုင်းလောက်က X2O သင်္ကြန်မဏ္ဍပ် ဗုံးပေါက်မှုမှာ ဓာတ်ပုံရိုက်လို့ အဖမ်းခံရတဲ့ ကိုစည်သူဇေယျနဲ့ အခြား နိုင်ငံရေးအကျဉ်းသားတချို့ကို
ရာဇဝတ်သားတွေက ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့ပါတယ်။

အာဏာပိုင်ဖိအားပေးမှုကြောင့် လူငယ်ကွန်ရက်အဖွဲ့ သင်တန်း ဖျက်ရ

2011-06-06

လူငယ်ကွန်ရက်အဖွဲ့က ရန်ကုန်မြို့ ဗေဒါကျောင်းမှာ ဖွင့်ဖို့ စီစဉ်ထားတဲ့ နိုင်ငံရေး စီးပွားရေးနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ သင်တန်းမှာ သင်တန်းပေးမဲ့ ဆရာတွေ ဖြစ်တဲ့
ဒေါက်တာ ကျော်ရင်လှိုင်တို့ အဖွဲ့ကို အာဏာပိုင်တွေက အကြီးအကျယ် ဖိအားပေးတဲ့အတွက် အစီအစဉ် ဖျက်သိမ်းလိုက်ရတယ်လို့ သိရှိရပါတယ်။

Photo: RFA)

အာဏာပိုင်များ၏ ဖိအားပေးမှုကြောင့် တာမွေမှ စမ်းချောင်းသို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ရသော ဗေဒါ စေတနာ့ ဝန်ထမ်း သင်တန်းကျောင်း နေရာသစ်သို့ ဖေဖော်ဝါရီ
၁၆ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး (ဝဲ) လာရောက် အားပေးနေပုံ ဖြစ်ပါသည်။ (Photo: RFA)

ဒီကိစ္စနဲ့ ပတ်သက်လို့ ဗေဒါကျောင်း ဦးဆောင် ကော်မတီဝင်တဦး ဖြစ်တဲ့ ကိုမျိုးရန်နောင်သိမ်းက RFA ကို အခုလို ပြောပါတယ်။

“ဒေါက်တာ ကျော်ရင်လှိုင်နဲ့ အဖွဲ့ဝင်တွေက ကျွန်တော်တို့ဆီမှာ မသင်ဖို့ အာဏာပိုင်တွေက ဖိအားပေးတာ။ ကျွန်တော်တို့က ဒီ အီးဂရက်စ်မှာ သင်မဲ့ ဆရာ ၁၂
ယောက်က ကျွန်တော်တို့ ဗေဒါမှာ သင်မှာ။ ဆရာ ၁၂ ယောက် သင်မယ် ဆိုပြီးတော့ ကျွန်တော်တို့ agreement ယူထားတယ်။ အဲဒီ agreement ကို ကျွန်တော်တို့
စနေနေ့ကမှ သူတို့ ဖျက်လိုက်တယ်။ ဖျက်လိုက်တယ်ဆိုတာ အာဏာပိုင်တွေက သင်တာ မကြိုက်ဖူးပေါ့။ အဲဒါနဲ့ ကျွန်တော်တို့ မသင်ဖြစ်တော့ဘူး။”

ဒီနေ့ ဇွန်လ ၆ ရက်ကစပြီး ၂၅ ရက်နေ့အထိ ဘာသာရပ်ပေါင်း ၁၂ ခုကို ဆရာ ၁၂ ယောက်က ပို့ ချဖို့ စီစဉ်ခဲ့တာပါ။ သင်တန်းဆရာတွေဖက်က အစီအစဉ်ကို
ဒေါက်တာကျော်ရင်လှိုင်က ဦးဆောင်ပြီး၊ ပို့ချမဲ့ ဆရာတွေထဲမှာ ပါမောက္ခ ရောဘတ်တေလာလို နိုင်ငံခြားသားဆရာ ပါသလို၊ ဆရာ ဦးသီဟန်၊ ဆရာ
ဦးတင်မောင်မောင်သန်းတို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ပို့ချမဲ့ ဘာသာရပ်တွေကတော့ ဖွံ့ဖြိုးမှုဆိုင်ရာ နိုင်ငံရေး ဘောဂဗေဒ၊ ဖွဲ့စည်းပုံ အခြေခံဆိုင်ရာ ဥပဒေများ၊ ကောင်းမွန်တဲ့အစိုးရ၊ လူထုဆိုင်ရာ မူဝါဒတွေကို
နှိုင်းယှဉ်လေ့လာခြင်း၊ အရှေ့တောင်အာရှ နိုင်ငံများရဲ့ နိုင်ငံတကာ ဆက်ဆံရေး၊ နိုင်ငံရေးစနစ်တွေအကြောင်းနဲ့ ယဉ်ကျေးမှုဆိုင်ရာ မနုဿဗေဒ၊
နိုင်ငံရေးဘောဂဗေဒ စတဲ့ ဘာသာရပ်တွေ အပါအဝင် ဘာသာရပ် ၁၂ ခုသင်ကြားပေးဖို့ ဖြစ်ပါတယ်။

အာဏာပိုင်တွေ ဖိအားပေးလို့ ပို့ချမဲ့ အစီအစဉ် ဖျက်လိုက်ရတာနဲ့ ပတ်သက်ပြီး ဒေါက်တာ ကျော်ရင်လှိုင်ကို RFA က ဆက်သွယ် မေးမြန်းတဲ့အခါမှာ တစုံတရာ
ဖြေကြားဖို့ ငြင်းဆန်သွားပါတယ်။ သူတို့အဖွဲ့ဟာ မြန်မာ အီးဂရက်စ်အဖွဲ့က သင်တန်းမှာတော့ ပို့ချခွင့် ရနေပြီး ဒီကနေ့ စမဲ့ လူငယ်ကွန်ရက်အဖွဲ့က အစီအစဉ်ကို
ဖျက်သိမ်းလိုက်ရတာပါ။

လာမဲ့ ဇွန်လ ၂၀ ရက်နေ့မှာလည်း ဒေါက်တာ ကျော်ရင်လှိုင်တို့အဖွဲ့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှာ အခုလိုမျိုး သင်တန်းပေးဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့
အဲဒီ သင်တန်းဖွင့်ဖြစ်မယ် မဖွင့်ဖြစ်ဘူးဆိုတဲ့ အကြောင်းတော့ မသိသေးဘူးလို့ စုံစမ်းသိရှိရပါတယ်။

မြန်မာစာပေဟောပြောပွဲ တောင်ကိုရီးယားမှာ ကျင်းပ

2011-06-06

၂၀၁၁ ခုနှစ်အတွက် မြန်မာစာပေ ဟောပြောပွဲတရပ်ကို တောင်ကိုရီးယားနိုင်ငံ ပူချွန်းမြို့၊ ဘို့ဆာဂိုလ် သဘင် ခန်းမမှာ ဇွန်လ ၅ ရက် မနေ့က ကျင်းပခဲ့ပြီး၊
မြန်မာနိုင်ငံက ထင်ရှားတဲ့ စာပေအနုပညာရှင်တွေ ဖြစ်ကြတဲ့ စာရေးဆရာ ဖေမြင့်နဲ့ ကာတွန်းဆရာ အော်ပီကျယ်တို့က ဟောပြောခဲ့ကြတယ်လို့ သိရပါတယ်။

(Photo: burmainfokorea.blogspot.com)

ကာတွန်းဆရာ အော်ပီကျယ် (ဝဲ) နှင့် စာရေးဆရာ ဖေမြင့် (ယာ) တို့ တောင်ကိုရီးယား နိုင်ငံ၊ ဆိုးလ်မြို့ အင်ချွန်း နိုင်ငံတကာ လေဆိပ်သို့ ရောက်ရှိလာပြီးနောက်
တွေ့ရပုံ ဖြစ်ပါသည်။ (Photo: burmainfokorea.blogspot.com)

ဒီအခမ်းအနားမှာ အဓိက ဟောပြောခဲ့တဲ့ အကြောင်းအရာနဲ့ပတ်သက်လို့ စာရေးဆရာ ဖေမြင့်က RFA ကို အခုလို ပြောပါတယ်။

“ကိုအော်ပီကျယ်၊ သူကတော့ ရေကြည်ရာ မြက်နုရာ ပြောတယ်။ ကျွန်တော် ပြောတာတော့ ဘဝ တိုးတက်မှုအတွက် စာဖတ်ခြင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြောတယ်ဗျ။
ပြောတော့ ကျွန်တော် စာအုပ်တွေအကြောင်း ပြောတာပေါ့နော်။ စာဖတ်ခြင်းကြောင့် ဘာတွေ ရတယ်ပေါ့ဗျာ။ ဆိုတဲ့ အကြောင်းတွေနဲ့ စာအုပ်တွေရဲ့ လူတွေအပေါ်
လွှမ်းမိုးနိုင်တဲ့ စွမ်းအားတွေ၊ ကမာကို ပြောင်းလဲစေခဲ့တဲ့ စာအုပ်တွေ စသဖြင့် အဲလို စာအုပ်တွေအကြောင်းတွေ ကျွန်တော် ပြောတယ်ဗျာ။”

စာပေဟောပြောပွဲ အခမ်းအနားနဲ့အတူ စာအုပ်ပြသ ရောင်းချပွဲနဲ့ စာရေးသူ စာဖတ်သူ ဆွေးနွေးပွဲကိုပါ ထည့်သွင်း ကျင်းပခဲ့ပြီး၊ မြန်မာစာပေ ပရိသတ် ၃၀၀
လောက် တက်ရောက်ခဲ့တယ်လို့ ပွဲဖြစ်မြောက်ရေး ဦးဆောင် စီစဉ်သူတဦး ဖြစ်တဲ့ ကိုဝင်းပေါ်မောင်က ပြောပါတယ်။

“ပရိသတ်ကတော့ ၃၀၀ လောက် ရှိပါတယ်။ ကျွန်တော်တို့က ဒီမှာတော့ လူငယ်တွေ ဘာတွေကျတော့ အဝေးကြီးဆိုတော့ မလာနိုင်ဘူးပေါ့နော်။ လာတဲ့
ပရိသတ်ကတော့ ဒီ စာပေအပေါ်မှာ စိတ်ဝင်တစား ရှိလို့ကို လာကြတာပေါ့လေ။ တချို့ဆိုလည်း တော်တော် ဝေးဝေးက လာတဲ့လူတွေလည်း ရှိတယ်လေ။
ကျွန်တော်တို့က ဒီမှာ စာအုပ်ပြပွဲလေးလည်း လုပ်တယ်။ စာအုပ် ရောင်းပွဲလည်း လုပ်တယ်။ ရောင်းတဲ့ပွဲလည်း ကုန်ပါတယ်။ စာအုပ်တွေ ဆရာတို့ စာအုပ်တွေဆို
အကုန် ကုန်တာပဲ။”

မြန်မာနိုင်ငံတွင်းက စာရေးဆရာတွေဟာ နိုင်ငံခြားမှာ ကျင်းပတဲ့ မြန်မာစာပေဟောပြောပွဲတွေကို သွားရောက် ဟောပြောဖို့ အရင်ကလောက် အခက်အခဲ


မရှိတော့တာကြောင့် စင်ကာပူ၊ တောင်ကိုရီးယားစတဲ့ နိုင်ငံတွေမှာ သာမက ယူအေအီး ခေါ် အာရပ်စော်ဘွားများ ပြည်ထောင်စုအထိ
သွားရောက်ဟောပြောနေကြပြီလို့ စာရေး ဆရာဖေမြင့်က ပြောပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်ကျော် ၁၀ နှစ်လောက်ကဆိုရင် မြန်မာနိုင်ငံတွင်းက စာရေးဆရာတွေဟာ ပြည်ပကို ထွက်ခွာဖို့ နိုင်ငံကူးလက်မှတ် လျှောက်လို့ မရတာကအစ
အခက်အခဲတွေ အမျိုးမျိုးနဲ့ ကြုံတွေ့ခဲ့ကြရပါတယ်။ အခုတော့ ဒီလို အခက်အခဲတွေ တဖြည်းဖြည်း လျော့နည်းလာပြီ ဖြစ်တဲ့အတွက် စာရေးဆရာတွေလည်း
ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကျင်းပတဲ့ စာပေဟောပြောပွဲတွေကို ခပ်စိတ်စိတ် တက်ရောက်လာနိုင်ခဲ့ကြပါတယ်။

အခုနှစ်ပိုင်းတွေမှာဆိုရင် စာရေးဆရာ အောင်သင်း၊ ဆရာ ချစ်ဦးညို၊ ဆရာမ ဂျူး၊ ဆရာ နေဝင်းမြင့်၊ ဆရာမ ခင်ခင်ထူး၊ ဆရာ အော်ပီကျယ်၊ ဆရာ ဖေမြင့်စတဲ့
စာပေနယ်က ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေဟာ စင်ကာပူ၊ တောင်ကိုရီးယား၊ ယူအေအီး စတဲ့နိုင်ငံတွေမှာ ကျင်းပတဲ့ မြန်မာစာပေ ဟောပြောပွဲတွေကို တက်ရောက်
ဟောပြောခဲ့ကြပါတယ်။ ကိုရီးယားနိုင်ငံ ပူချွန်းမြို့မှာ မနေ့က ကျင်းပတဲ့ စာပေဟောပြောပွဲမှာ ဟောပြောခဲ့တဲ့ စာရေးဆရာ ဖေမြင့်ကို RFA အဖွဲ့သား
ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

လက်ဖက်တောင်သူများ၏ စီးပွားရေးအကျပ်အတည်း အစီရင်ခံစာထုတ်ပြန်

2011-06-06

လက်ဖက် တောင်သူတွေဟာ ဒီနှစ် လက်ဖက်ရာသီမှာ လက်ဖက်ဈေးကွက် ပျက်ပြီး စီးပွားရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာနဲ့ ပတ်သက်ပြီး တအောင်း ခေါ်
ပလောင် အလုပ်အဖွဲ့က အစီရင်ခံစာတစောင် ဒီကနေ့ ဇွန်လ ၆ ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
(Photo: AFP)

လက်ဖက်ခင်းတခုတွင် လက်ဖက်ရွက်များ ခူးဆွတ်နေပုံ ဖြစ်ပါသည်။ (Photo: AFP)

အစီရင်ခံစာမှာ ရွှေဖီ လက်ဖက်ရာသီဦးမှာ လက်ဖက်ဈေး အသင့်အတင့်နဲ့ အဝယ်ရှိပေမဲ့ တပတ်အကြာမှာ ဝယ်လက်ကျသလို ဈေးနှုန်း တဟုန်ထိုး
ကျသွားတဲ့အတွက် လက်ဖက်တောင်သူတွေမှာ စီးပွားရေး အကျပ်အတည်း ကြုံနေရတဲ့ တအောင်း ပြည်သူလူထုဟာ မိရိုးဖလာ လက်ဖက်လုပ်ငန်းတွေကို စွန့်ပြီး
မြန်မာနိုင်ငံ တခြားအရပ် ဒေသတွေနဲ့ ပြည်ပနိုင်ငံတွေဆီကို သွားရောက်ပြီး ရရာ အလုပ်လုပ်နေရကြောင်း ဖော်ပြပါရှိပါတယ်။

နန့်ဆန်နဲ့ မန်တုံ မြို့နယ်က ရွာတွေမှာ ရွာလုံးကျွတ်လိုလို တရုတ်ပြည်ကို အလုပ် ထွက်လုပ်နေ ကြတယ်လို့ ဒေသခံ တဦးကို ကိုးကားပြီး အစီရင်ခံစာမှာ
ဖော်ပြထားပါတယ်။ ဒီလို စီးပွားရေး ပြဿနာတွေ ရင်ဆိုင်နေရတာကို မြန်မာအစိုးရသစ်နဲ့ ဒေသခံ နိုင်ငံရေးပါတီတွေ၊ တခြားအဖွဲ့ အစည်းတွေအနေနဲ့ ထောက်ပံ့
ကူညီဖြေရှင်းတာ မရှိသေးဘူးလို့ ဆိုပါတယ်။

မိရိုးဖလာ လက်ဖက်လုပ်ငန်းကို ရေရှည်လုပ်ကိုင်နိုင်ဖို့ စုပေါင်း ဝိုင်းဝန်း ထိန်းသိမ်းဖို့ ၊ လက်ဝါးကြီး အုပ်နေတာတွေကို စုပေါင်း ကာကွယ် ထိန်းသိမ်းဖြေရှင်းဖို့
ဒေသခံ တအောင်းတောင်သူတွေကို အကြုံပြုထားပါတယ်။

ဒါ့အပြင် တအောင်း အမျိုးသားပါတီကိုလည်း အခုကြုံနေရတဲ့ အခက်အခဲကို ကူညီဖြေရှင်းဖို့၊ တောင်သူတွေကို ကာကွယ်မဲ့ ဥပဒေတွေ ရေးဆွဲ
အကောင်အထည်ဖော်ဖို့ တိုက်တွန်းလိုက်ပါတယ်။ ဆက်လက်ပြီး မြန်မာအစိုးရကိုလည်း နိုင်ငံ့ စီးပွားရေးမူဝါဒတွေကို ပြန်လည်စိစစ် ပေးဖို့နဲ့
ချုပ်ချယ်ကန့်သတ်မှုတွေကို ရုပ်သိမ်းပြီး လွတ်လပ်တဲ့ ဈေးကွက် စီးပွားရေးစနစ် ဖော်ဆောင်ပေးဖို့ အကြံပြုထားပါတယ်။

လက်ဖက်လုပ်ငန်းနဲ့ အဓိက အသက်မွေးဝမ်းကျောင်း ပြုနေကြတဲ့ တအောင်းတောင်သူ ၆ သိန်းကျော် ရှိတယ်လို့ သိရပါတယ်။

အကြမ်းမဖက် အမျိုးသား လှုပ်ရှားသူ လူငယ်အဖွဲ့ ပညာရေး ဒါနပြုလုပ်

2011-06-06

၂၀၀၇ စက်တင်ဘာ အကြမ်းမဖက် အမျိုးသား လှုပ်ရှားသူ လူငယ်တွေရဲ့  လူမှု ပညာရေး အထောက်အကူပြု အစီအစဉ် တရပ်အနေနဲ့  ရွှေပြည်သာ
ပညာဒါနကျောင်းမှာ ပညာသင်နေကြတဲ့  ကျောင်းသား လူငယ်တွေ အတွက် ဗလာစာအုပ် လှူဒါန်းတဲ့ အခမ်းအနားကို မနေ့ က မနက်က အဲဒီ ရွှေပြည်သာ
ပညာဒါနကျောင်းမှာ ပြုလုပ်ခဲ့ တယ်လို့ သိရပါတယ်။

(Photo: AFP)

ကုလသမဂ္ဂ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ ဖြစ်သည့် စက်တင်ဘာ ၈ ရက်က ဘုန်းကြီးကျောင်းတခုမှ စာသင်ခန်းတွင် သင်ကြားနေသော ဆရာမနှင့်
ပညာသင်ယူနေသော ကျောင်းသားများကို ရိုက်ကူးထားသော မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)

ဒီအစီအစဉ် ကို ရွှေပြည်သာမြို့ နယ် စည်းအဖွဲ့ ဝင် ဦးသိန်းအောင် တာဝန်ယူပြီး အစီအစဉ်မှာ ဦးဆောင် ပါဝင်တဲ့  ကိုလူမော်လတ်က အခုလိုပြောပါတယ်။

"ရွှေပြည်သာ ပညာဒါနမှာ ကလေး အယောက် ၅၀ ကျော်ရှိပါတယ်။ ကျောင်းကို ဦးဆောင်တဲ့ ဆရာမကြီး ဒေါ်ငြိမ်းတင်က မူလတန်း ကလေးတွေကို ဖိဖိစီးစီးနဲ့
စာသင်ပေးတယ်။

ကျောင်းနေအရွယ် ကလေးတွေကိုတော့ သူကျောင်းအားတဲ့ ရက်မှာ သူခေါ်ပြီး စာသင်ပေးတယ်။ ကျောင်းနေအရွယ် ကလေးတွေကို ကျတော်တို့ ဗလာစာအုပ် ၂၅
ဒါဇင် လှူတယ်။ မူလတန်း ကလေးတွေကျတော့ စုစုပေါင်း ဒါဇင် ၂၀ ပေါ့။ နောက်ပြီး ဒီဆရာမကြီးကျောင်းမှာ လိုအပ်တဲ့ မီးချောင်းတို့၊ ဘာတို့ စသဖြင့်
လိုအပ်တာလေးတွေ ပြင်ဆင်ဖို့အတွက်ကို ၂ သောင်း လှူပေးခဲ့တယ်။

ဒီပညာဒါန အတွက်ကို ကျတော်တို့ ပထမ သပ်မှတ်ထားတာ တယောက်ကို ၅ သောင်း၊ နောက် ဖမ်းဆီးခဲ နိုင်ငံရေး အကျဉ်းသားတွေထဲမှာ အရမ်းဆင်းရဲပြီး
အတိဒုက္ခရောက်သူတွေအတွက် ၅ သောင်း သတ်မှတ်ပေမဲ့ ကျောင်းက တော်တော် ချို့တဲ့ပြီး မပြည့်မစုံ ဖြစ်နေတဲ့အတွက် ကျတော်တို့က တသိန်းဖိုးဆိုပြီးတော့
လှူလိုက်တာပါ။"

လှုဒါန်းမှု အစီအစဉ်ကို မနေ့ က နေ့ လည် ၁ နာရီကနေ ၃ နာရီအထိ ကျင်းပခဲ့ ရာမှာ ရွှေပြည်သာမြို့ နယ် စည်းအဖွဲ့ ဝင်တွေ ၊ ၈၈ အရေးအခင်းမှာ ကျဆုံးသွားတဲ့ 
ကျောင်းသူ မ၀င်းမော်ဦး ရဲ့ မိဘ ၂ ပါးနဲ့  အင်္ဂါဝတ်ပြုဆုတောင်း အဖွဲ့ ဝင်တွေ တက်ရောက်ခဲ့ ကြပါတယ်။

၂၀၀၇ စက်တင်ဘာ အကြမ်းမဖက် အမျိုးသား လှုပ်ရှားမှု လူငယ်အဖွဲ့ ဟာ နိုင်ငံရေး အကျဉ်းသား မိသားစုတွေ ကို အကူအညီ ပေးနေပြီး ဆင်းရဲတဲ့ မိသားစုဝင်
ကလေးတွေ အတွက် ပညာဒါနကျောင်းတွေမှာ တတ်နိုင်သမျှ အထောက် အကူပေးနေပါတယ်။

http://www.rfa.org/burmese

၇၄-အလုပ်သမားအရေးအခင်း နှစ်ပတ်လည်နှင့် ၇၄-၅-၆ နိုင်ငံရေးအကျဉ်းသားဟောင်းများနေ့ အထိမ်းအမှတ်ကျင်းပ

Posted by admin on June 6, 2011 0 Comment

photo by .. ရှင်ငြိမ်းမယ်

၂၀၁၁ ဇွန်လ ၆ ရက်နေ့တွင် ၃၇နှစ်မြောက် အလုပ်သမားအရေးအခင်း နှစပ် တ်လညေ် န့နှင့်  ၇၄-၇၅-၇၆ အကျဉ်း သားဟောင်းများနေ့ အထိမ်းအမှတ်
အခမ်းအနားတခုအား ရန်ကုန်မြို့ရှိ ၇၄-၇၅-၇၆ နိုင်ငံရေး အကျဉ်းသားဟောင်း တဦး၏ နေအိမ်တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါအခမ်းအနားသို့ ၁၉၇၄ အလုပ်သမားအရေးအခင်းနှင့် အဆိုပါအလုပ်သမားအရေးအခင်း နောက်ဆက်တွဲ အ ဖြစ်ပေါ်ပေါက်ခဲ့သည့် ၁၉၇၄ ဒီဇင်ဘာ


ဦးသန့်အရေးအခင်း၊ ၁၉၇၅-ဇွန်လ အလုပ်သမားနှစ်ပတ်လည် အရေးအခင်း

(ခေါ်) ရွှေတိဂုံအရေးအခင်းနှင့် ၁၉၇၆ မှိုင်းရာပြည့်အရေးအခင်းတို့တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် အလုပ်သမား၊

ကျောင်းသား နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် အဆိုပါနှစ်ကာလများအတွင်း မဆလ စစ်အစိုးရ၏ နည်းမျိုးစုံ ပုဒ်မ

မျိုးစုံဖြင့် ဖမ်းဆီထိန်းသိမ်းခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများ စုံညီစွာတက်ရောက်ခဲ့ကြသည်။ စုစုပေါင်း

နိုင်ငံရေးအကျဉ်းသားဟောင်း ၅၀ နီးပါးတက်ရောက်ခဲ့ကြသည်။

တက်ရောက်လာသော နိုင်ငံရေးအကျဉ်းသားဟောင်းများက အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လက်ရှိ အ ကျဉ်းထောင်အသီးသီးတွင်


ဖမ်းဆီးထိန်းသိမ်းခံနေရသော နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွှတ်ပေး ရေးကို ပထမဆုံးနှင့် အမြန်ဆုံးဆောင်ရွက်ပေးရန်
အလေးအနက်ထပ်မံတောင်းဆိုသည့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး လိုလားသူများ၏ တောင်းဆိုလွှာတွင် ပါဝင်စုပေါင်းလက်မှတ်ရေးထိုးကြကြောင်း
သတင်းရရှိသည်။

ထို့ပြင် နှစ်စဉ် ဇွန်လ ၆ရက်နေ့ကို ၇၄-၇၅-၇၆ အထိန်းသိမ်းခံ နိုင်ငံရေးအကျဉ်းသားများနေ့ သတ်မှတ်ကျင်းပသကဲ့သို့ ခေတ်ဟောင်းခေတ်သစ်


နိုင်ငံရေးအကျဉ်းသားများအားလုံးနှင့် သက်ဆိုင်သည့် နိုင်ငံရေးအကျဉ်းသားဟောင်းများ နေ့ ကို သင့်လျော်သည့် နေ့တနေ့ သတ်မှတ်ကျင်းပသင့်ကြောင်း
အဆိုပြုတင်ပြခဲ့သည်ဟု သိရှိရသည်။

အဆိုပါအခမ်းအနားတွင် အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော အလုပ်သမား နိုင်ငံရေးအကျဉ်းသားဟောင်းကြီးများ နှင့် အခြားနိုင်ငံရေး


အကျဉ်းသားဟောင်းကြီးများအား ထောက်ပံ့ငွေများ ပေးအပ်ကြသည့်အပြင် လက်ရှိအကျဉ်း ထောင်များတွင် နိုင်ငံရေးအမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံနေရသည့် ၇၄-
၇၅-၇၆ နိုင်ငံရေးအကျဉ်းဟောင်း ၅ ဦး၏ မိသား စုများ အတွက်လည်း ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

http://www.naytthit.net/

လက်ဖက်လုပ်ငန်း လက်ဝါးကြီး အုပ်ခံရမှုအပေါ် တအာင်းလုပ်ငန်း အဖွဲ့ စာတမ်းထုတ်ပြန်

Submitted by admin on Monday, 6 June 2011--


ဇွန်လ ၆ရက်။ စောခါးစူးညား (ကေအိုင်စ)ီ

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပလောင်တောင်သူ ၆သိန်းကျော်သည် ၎င်းတို့၏ လက်ဖက်လုပ်ငန်း လက်ဝါးကြီးအုပ်ခံရမှုအပေါ်


လက်ဖက်တောင်သူအဖွဲ့ ဖွဲ့စည်းပြီး ပူးပေါင်းလုပ်ဆောင်ကြရန်နှင့် အစိုးရသစ်မှ နိုင်ငံ၏ စီးပွားရေးမူဝါဒများကို ပြန်လည် စိစစ် ပေးရန် တောင်းဆိုသည့်
စာတမ်းတစ်စောင်ကို ပလောင်(တအာင်း) လုပ်ငန်းအဖွဲ့မှ ယနေ့ ထုတ်ပြန်လိုက်သည်။

စာမျက်နှာ ၁၂မျက်နှာပါ ၎င်းစာတမ်းတွင် ယခုနှစ် လက်ဖက်ရာသီအစ၌ နမ့်ဆန်မြို့နယ်ရှိ လက်ဖက်ခြောက် တစ်ပိဿာလျှင် ၃,၅၀၀ကျပ်


ဝန်းကျင်ခန့်ရှိသော်လည်း သင်္ကြန(် ဧပြီလ)အတွင်းမှစ၍ ဈေးနှုန်းများမှာ ၂,၅၀၀ကျပ်ခန့်အထိ ကျဆင်းလာကာ လက်ရှိ လက်ဖက်တစ်ပိဿာ ပေါက်ဈေးမှာ
၂,၀၀၀ကျပ် ၀န်းကျင်ခန့်သာရှိတော့ကြောင်း ဖော်ပြထားသည်။

ယင်းသို့ အဆမတန် ကျဆင်းသည့် လက်ဖက်ပြဿနာနှင့် ရင်ဆိုင်နေရသော ပလောင်လူမျိုးတို့၏ အခက်အခဲများကို စစ်တပ် လက်အောက်ခံ အစိုးရသစ်နှင့်
ဒေသတွင်းရှိ နိုင်ငံရေးပါတီများ၊ အခြားအဖွဲ့အစည်းများ ကူညီမှုများ မရှိသေးသည့်အတွက် ထို အခက်အခဲများကို ၀ိုင်းဝန်းကူညီ ဖြေရှင်းပေးရန်အတွက်
ယခုစာတမ်းကို ရေးသားပြုစုထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း ပလောင် (တအာင်း) အလုပ်အဖွဲ့မှ အဖွဲ့ဝင် မိုင်းအောင်ကိုက ယခုလို ပြောသည်။

“ကျနော်တို့ဒေသမှာ လက်ဖက်ဈေးတွေကျတာကို အခုတက်လာတဲ့ အစိုးရသစ်နဲ့ တခြားနိုင်ငံရေးပါတီတွေကလည်း ဖြေရှင်း ပေးတာ မတွေ့ရဘူး။


လက်ဖက်ဈေးကျတဲ့နောက်မှာ လက်ဖက်လုပ်ငန်းကို မှီတင်းနေတဲ့ တအာင်းတွေ အကုန်လုံး ဒုက္ခရောက် တယ်။ အခုလက်ရှိ ကုန်ဈေးနှုန်းကလည်း
မြင့်တက်နေတဲ့အတွက် တချို့ရွာတွေဆိုရင် ပြောင်းဖူးနဲ့ဆန် ရောပြီးမှ စားရတဲ့ဘ၀ မျိုးလည်း ရှိတယ်။ ပိုဆိုးတာက ပညာရေးမှာ တချို့ကလေးတွေ
ကျောင်းမနေနိုင်တော့တဲ့ အဆင့်မှာ ရှိတယ်။ ကျန်းမာရေးဆို လည်း တချို့ဆေးဝါးတွေ မမှီဝဲနိုင်တော့လို့ ခြံရောင်းပြီး ဆေးရုံတက်ရတဲ့အထိ ရှိတယ်။”ဟု
ကေအိုင်စီကို ပြောသည်။

လက်ဖက်ဈေး ကျဆင်းသည့်အတွက် ဒေသခံ လက်ဖက်တောင်သူ ပလောင်များသည် စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ကျန်း မာရေး စသည့်
ပြဿနာပေါင်းစုံများနှင့် ရင်ဆိုင်နေရပြီး နမ့်ဆန်၊ မန်တုံမြို့နယ်မှ အချို့ရွာခံများမှာ ရွာလုံးကျွတ်နီးပါး တရုတ် နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကြရသည်ဟုလည်း
စာတမ်းက ဆိုသည်။

လက်ဖက်ဈေး ကျဆင်းရသည့် အဓိက အကြောင်းရင်းတခုမှာ နမ့်ဆန်မြို့ရှိ ဗိုလ်ကြီးသန်းထွန်း၏ တပ်မတော် အချိုခြောက် လက်ဖက်စက်ရ(ပလောင်


ုံ ထိပ်ထား)နှင့်
နဂါးပျံလက်ဖက်စက်ရုံတို့က လက်ဖက်ဈေးနှုန်းကို စိတ်တိုင်းကျ သတ်မှတ်ပြီး လက်ဝါး ကြီးအုပ်ထားသဖြင့် အခြားကုန်သည်များကလည်း
၎င်းသတ်မှတ်ဈေးနှုန်းအတိုင်း ၀ယ်ယူနေရသည့်အတွက်ကြောင့်လည်း ဖြစ် သည်။

ထို့အပြင် ပလောင်ဒေသထွက် လက်ဖက်များကို နမ့်ဆန်၊ နမ့်ခမ်း၊ သီပေါ၊ ကျောက်မဲနှင့် မန္တလေးမြို့ရှိ လက်ဖက်ပွဲရုံကြီးများသို့ တင်ပို့ရောင်းချရာတွင်
အစိုးရလက်အောက်ခံ (သို့မဟုတ)် အစိုးရနှင့် ဆက်စပ်သော လက်ဖက်ကုန်သည်နှင့် စက်ရုံပိုင်ရှင်များ က လက်ဖက်ဈေးကို လက်ဝါးကြီးအုပ်
ချယ်လှယ်ခဲ့သည်ဟုလည်း ပလောင်လုပ်ငန်းအဖွဲ့က ထောက်ပြထားသည်။

(လက်ဖက်လုပ်ငန်းအကြောင်း ရှင်းလင်းပြောဆိုနေသည့် ပလောင်လုပ်ငန်းအဖွဲ့ဝင်များ - ဓါတ်ပုံ - KIC)


ထိုအခြေအနေပေါ်တွင် ပလောင်(တအာင်း)လူထုကို ၀ိုင်းဝန်းဖြေရှင်းပေးရန် တအာင်း(ပလောင်) အမျိုးသားပါတီအနေဖြင့် လက်ဖက်လုပ်ငန်းနှင့်
လက်ဖက်တောင်သူများအား ကာကွယ်နိုင်သည့် ဥပဒေရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက် သွားရန်အပြင် မြန်မာအစိုးရအနေဖြင့် လွတ်လပ်သော
ဈေးကွက်စီးပွားရေးစနစ်ကို ဖန်တီးပြီး ချုပ်ချယ်ကန့်သတ်မှုများ ရုပ်သိမ်း ပေးရန်နှင့် လက်ဝါးကြီးအုပ်နေမှုကို ထိန်းသိမ်းဖြေရှင်းပေးရန် ပလောင်လုပ်ငန်းအဖွဲ့က
တောင်းဆိုလိုက်သည်။

တအာင်း(ပလောင်)လုပ်ငန်းအဖွဲ့ကို တအာင်းကျောင်းသားနှင့် လူငယ်များအစည်းအရုံး(TSYO)၊ ပလောင်အမျိုးသမီးအစည်းအ ရုံး(PWO)နှင့် ပလောင်ပြည်နယ်


လွတ်မြောက်ရေးတပ်ဦး(PSLF)တို့ ပါဝင်စုပေါင်းထားပြီး ၂၀၀၉ခုနှစ်ကလည်း လက်ဖက်ဖျက်ပိုး အမည်ရှိ အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

အမယ်အိုတစ်ဦးအား အဓမ္မပြုကျင့်သူ လူငယ် ဖမ်းဆီးခံရ

Submitted by admin on Friday, 3 June 2011--

ဇွန်လ ၃ရက်။ စောခါးစူးညား (ကေအိုင်စ)ီ

ထိုင်း-မြန်မာနယ်စပ် မဲဟောင်ဆောင်ခရိုင် မယ်လအူးဒုက္ခသည်စခန်းမှ အသက် ၆၁နှစ်အရွယ် အမယ်အို အမျိုးသမီးတစ်ဦး အား မုဒိမ်းကျင့်ခဲ့သူ အသက်
၂၆နှစ်အရွယ် လူငယ်တစ်ဦးကို စခန်းတာဝန်ခံများက ဖမ်းဆီးမိခဲ့ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးကြီးမှာ ပြီးခဲ့သည့် မေလ ၂၄ရက်နေ့က မယ်လအူးစခန်းနံဘေးရှိ မိုင်းလုံးကြီးချောင်း(မဲ့စရင်းချောင်း) အောက်ဘက် မနီးမဝေး


ကေးချောအေ့နေရာတွင် ညနေ ၂နာရီကျော်၌ ငါးမျှားနေစဉ် လူငယ်တစ်ဦးက ရောက်လာ၍ အတင်း အဓမ္မ ပြုကျင့်ခဲ့ခြင်းဖြစ်သည်။

မယ်လအူးစခန်း ဥက္ကဌ စောကော်ဝါးက “ကျနော်တို့ လုံခြုံရေးတွေရဲ့ မေးမြန်းချက်အရ အဲဒီအဘွားပြောတာက သူ ငါးမျှားပြီး လို့ ကမ်းပေါ်မှာတက်လာတဲ့အချိန်
အဲဒီလူငယ်က သူတို့ ကမ်းအောက်ကို အတင်းဆွဲခေါ်သွားပြီး လည်ကိုစေ့ပြီးတော့မှ မုဒိမ်း ကျင့်တာ။ အဲဒီလူငယ်ကလည်း သူ ကျူးလွန်တာကို မှန်ကန်ကြောင်း
ဖြောင့်ချက်ပေးတယ်။ စခန်းမှာ ဒီလိုမျိုး ကြီးမားတဲ့ ပြစ်မှု ကျူးလွန်နေတဲ့သူတွေကိုတော့ ကျနော်တို့ကတော့ လုပ်သင့်တာကို ဆက်လုပ်သွားရမှာပဲ။”ဟု ပြောသည်။

လက်ရှိအချိန်တွင် ပြစ်မှုကျူးလွန်သူ လူငယ်ကို မယ်လအူးစခန်း လုံခြုံရေးရုံးတွင် ထိန်းသိမ်းထားပြီး ဒုက္ခသည်စခန်းဆိုင်ရာ ထိုင်းအာဏာပိုင်များထံ အပ်နှံသွားကာ


ထိုင်းနိုင်ငံ၏ ဥပဒေအတိုင်း အရေးယူ အပြစ်ပေးသွားဖွယ်ရှိကြောင်း သူက ပြောသည်။

မယ်လအူးစခန်းမှ ဒုက္ခသည်တစ်ဦးဖြစ်သူ စောစိုးကလည်း “ဒီလိုလုပ်တယ်ဆိုတော့ လုံးဝ မဖြစ်သင့်တဲ့ဟာပဲ။ ဒီအဘွားက ငါး မျှားတာ သူ့ဝါသနာပဲ။ လူတွေက
သူ့ကို ဖီးတခွဲညာ့(ငါးမျှားတဲ့အဘွား)လို့ ခေါ်ကြတယ်။ အဲဒီသူ ငါးမျှားနေကျနေရာမှာပဲ အဓမ္မ ပြုကျင့်ခံရတာ။ စခန်းအတွင်း ဒီလိုအမှုတွေက ဖြစ်ခဲတယ်။
ဒီလိုဖြစ်တော့ ကျနော်တို့လည်း စိတ်မကောင်းဘူး။”ဟု ပြောဆို သည်။

ယခုလိုဖြစ်ရခြင်းမှာ မယ်လအူးစခန်းအတွင်း လူမှုရေးအသိပညာပေးမှုများ နည်းပါးနေသေးသည့်အတွက် ယခုလို ပြစ်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး နောက်နောင်


အလားတူ ပြစ်မှုများ မဖြစ်ပွားအောင် ယခုထက် ပို၍ အသိပညာပေးမှုများ လုပ်ဆောင် သွားရန် လိုအပ်ကြောင်း စခန်းတာဝန်ရှိသူများက ပြောဆိုကြသည်။

ပြီးခဲ့သည့် ဧပြီလအကုန်၌လည်း မယ်လအူးစခန်းမှ အသက် ၁၇နှစ်အရွယ် မိန်းကလေးတစ်ဦးကို ထိုင်း-မြန်မာနယ်စပ်၊ မဲ ဟောင်ဆောင်ခရိုင် ထိုင်းဘက်ခြမ်းရှိ


သံလွင်မြစ်ကမ်းပါး သောလယ်ထာ့ရွာမှ အမျိုးသားသုံးဦးက ထီးလော်သေ့ရွာတစ်နေရာ တွင် အဓမ္မပြုကျင့်မှုသည့် ကိစ္စတခု ဖြစ်ပွားခဲ့သေးသည်။

ဒုက္ခသည်စခန်းများတွင် လူသတ်မှု၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုနှင့် မုဒိမ်းမှု စသည့် ရာဇ၀တ်မှုများကို စခန်းလုံခြုံရေးက ထိုင်း အာဏာပိုင်များထံ
အပ်နှံလေ့ရှိသည်။

http://www.kicnews.org/

ဇွန် ၅ ရက် AIDS နှစ် (၃၀) ပြည့်နေ့

Monday, 06 June 2011 03:19 မောက္ခ ကျန်းမာရေးသတင်း


၁၉၈၁ ခုနှစ် ဇွန် ၅ ရက်နေ့တွင် အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး ဌာနက လော့စ် အိန်ဂျယ်လစ်မြို့ရှိ ဂေး ၅ ယောက်တွင် ထူးဆန်းတဲ့ နျူမိုးနီးယား
ရောဂါ ရရှိထားပြီး၊

၂ ယောက် သေဆုံးသွားကြောင်း ကြေငြာခဲ့သည်။

နောက်မကြာခင် ဆန်ဖရန်စစ္စကို ရှိ သိပ္ပံပညာရှင်များက ထူးဆန်းတဲ့ ရောဂါသစ် တစ်ခုက လူ့ခန္ဓာရှိ ကိုယ်ခံအား (immune system) ကို
ဝင်ရောက်ဖျက်ဆီးနေကြောင်းနှင့် လူတစ်ဒါဇင်ခန့်တွင် ထပ်မံ တွေ့ရှိထားကြောင်း ဖော်ပြခဲ့သည်။ ထိုအချိန်ကစပြီး လူသားထုကို ဒုက္ခပေးမယ့် ရန်သူ သေမင်း
အေ့ဒ်စ် (AIDS) ရောဂါသစ် လာနေပြီဖြစ်ကြောင်း တွေ့ရှိခဲ့ကြသည်။

၂၀၁၁ ဇွန် ၅ ရက်နေ့သည် ကြေကွဲ ကြောက်လန့် ခြောက်ခြားဖွယ် ထူးထူးဆန်းဆန်း ရောဂါဆိုးကြီး ကို ရှာဖွေတွေ့ရှိခဲ့သည့် နှစ် (၃၀) ပြည့်နေ့ ဖြစ်သည်။ နှစ် ၃၀
အတွင်း ကမ္ဘာမှာ အေ့ဒ်စ် ရောဂါကြောင့် လူ ၂၅ သန်း သေဆုံးခဲ့ရပြီး၊ ယနေ့ လူ ၃၄ သန်းမှာ HIV/AIDS ရောဂါ ရရှိထားသည်။ ၄င်းအနက် ဆဘ်ဆာဟာရ
အာဖရိကတွင် လူ ၂၂ သန်းကျော် ကူးစက်ရောဂါ ခံစားနေရသည်။

သို့သော် အေ့ဒ်စ် ရောဂါတိုက်ဖျက်မှု လုပ်ငန်းတွင် မျှော်လင့်ချက်များ ရှိလာသည်။ အမေရိကန်က တာလီဘန်များကို အမိလိုက်သလို၊ သိပ္ပံပညာရှင်များကလည်း
အေ့ဒ်ရောဂါကို နှစ် ၃၀ ကြာ စစ်ပွဲ နွှဲခဲ့ကြသည်။ လွန်ခဲ့တဲ့ ဆယ်နှစ်က အာဖရိက တောင်ပိုင်း နိုင်ငံ အများစုမှ လူတစ်ဝက်ခန့်ကို အေ့ဒ်စ် ကြောင့် သေဆုံးမယ်လို့
မျှော်လင့်ထားပေမဲ့၊ ယခု သေဆုံးသူနှုန်း အများကြီး လျော့ကျခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် တစ်ကမ္ဘာလုံးမှာ အေ့ဒ်စ် ကြောင့် သေဆုံးသူ ၂.၁ သန်း ရှိပြီး၊ ၂၀၀၉
ခုနှစ်တွင် ၁.၈ သန်း သာရှိခဲ့သည်။ လူ ၅ သန်းကို ဆေးဝါးဖြင့် အသက် ကယ်တင်ထားနိုင်ခဲ့သည်။ အေ့ဒ်စ်ရောဂါ အဆိုးဆုံး ဖြစ်နေတဲ့ နိုင်ငံ ၃၃ နိုင်ငံတွင်လည်း
ကူးစက်မှု ၂၅ ရာခိုင်နှုန်း လျော့ကျလာသည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ဆိုသည်။

အေ့ဒ်စ်ရောဂါ ပြန့်ပွားမှု လျော့ကျအောင် အဓိက ဟန့်တားနိုင်မှုမှာ ဆေးဝါးများကြောင့် ဖြစ်သည်။ သိပ္ပံပညာရှင်များ၊ ရောဂါမပြန့်ပွားရေး လှုံဆော်သူများနှင့်
ပရဟိတ လူုမှု့ဝန်ထမ်းများရဲ့ ပူးပေါင်း ဆောင်ရွက်မှုများရဲ့ အကျိုးရလဒ် ဖြစ်သည်။ အထူးသဖြင့် ကမ္ဘာ့အချမ်းသာဆုံး ဂေးများရဲ့ လူမှု့ လှုပ်ရှားမှု အခန်းကဏ္ဍက
အရေးပါခဲ့သည်။ ဆေးကုမ္ပဏီများ ဈေးလျော့အောင် နည်းအမျိုးမျိုးနဲ့ အတင်းဖိအား ပေးခဲ့ကြသည်။ သူတို့ လှုပ်ရှားမှုကြောင့် ရောဂါ ပြန့်ပွားမှု မြန်မြန်
ကျဆင်းခဲ့ခြင်း ဖြစ်သည်။ လူမှု့လှုပ်ရှားသူများကြောင့် ၁၉၉၀ ပြည့်လွန် နှောင်းပိုင်းတွင် အေ့ဒ်စ်ရောဂါမှာ ချမ်းသာတဲ့ လူတစ်စုသာ ကုသနိုင်တဲ့ ရောဂါ
မဟုတ်တော့။

သို့နှင့်တိုင် ယနေ့ ရောဂါ ခံစားနေရသူ လေးပုံသုံးပုံက အာဖရိကတိုက်မှ ဖြစ်သည်။ အခြား ကူးစက်ရောဂါများထက်


ပိုဆိုးတာက ကလေးများ၊ လုပ်နိုင်ကိုင်နိုင် အရွယ်များတွင် ရောဂါ ရရှိထားခြင်း ဖြစ်သည်။ အေ့ဒ်စ်ကြောင့်
လူ့အဖွဲ့အစည်းရှိ ကုန်ထုတ်စွမ်းအားစုကို အများကြီး ထိခိုက်စေခဲ့သည်။ စီးပွားရေး လုပ်ငန်းရှင်များ၊ အလုပ်သမားများ၊
အစိုးရ၀န်ထမ်းများ၊ အင်ဂျင်နီယာများ၊ ဆရာများ စသဖြင့် ကဏ္ဍပေါင်းစုံ ဆုံးရှုံးနစ်နာခဲ့ရသည်။

ယနေ့ ရောဂါသည် ၆.၆ သန်းမှာ antiretroviral (ARV) ဆေး အခမဲ့ ရရှိထားသည်။ မကြာခင် ၁၆ သန်းအတွက် ဆေး
အခမဲ့ ရရှိမည်။ ဆေးများက ပျောက်ဆေးမဟုတ်ပေမဲ့၊ ကိုယ်ခံအား မကျအောင် ရပ်တံ့ပေးနိုင်သည်။ ကာကွယ်ဆေးထိုးခြင်းနဲ့ အမြစ်ပြတ်ဆေး အတွက်တော့
ဆယ်စုနှစ်များစွာ ချီတက်ကြရဦးမည်။ ထို့ကြောင့် ကုသခြင်းထက် ကြိုတင် ကာကွယ်မှုပြုခြင်း၊ ပညာပေးခြင်းများက လတ်တလော ပိုမို ဆောင်ရွက်သည်။ ကွန်ဒုံး
အသုံးပြုခြင်း၊ အမျိုးသား လိင်တံထိပ် အရေပြား လှီးဖြတ်ခြင်းများက အကာအကွယ်ပေးနိုင်သည်။

မြန်မာအစိုးရ အနေနှင့်လည်း ဘုရားလှည့်ဖူးနေမည့်အစား အေ့ဒ်စ် ရောဂါသည်များနှင့် HIV ပိုးရှိသူ ၆ သိန်းကို ကြည့်ရှုစောင့်ရှောက်ခြင်းဖြင့် အကုသိုလ်များ
ဆေးကြောနိုင်သည်။ နိုင်ငံတကာ ကျန်းမာရေး အဖွဲ့များနှင့် ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ခြင်း၊ လူထုအတွက် ကြိုတင်ကာကွယ်ခြင်း၊ ပညာပေးခြင်း
လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် အမြန်ဆုံး ဆောင်ရွက်ဖို့ လိုအပ်နေပြီ ဖြစ်သည်။

မောက္ခ ကျန်းမာရေးသတင်း

Source:Aol Healthy Living

://www.maukkha.org/

ရမခစစ်တိုင်း စစ်ဦးစီးမှး နေရာနြောင်းနရေ့


Monday, 06 June 2011 19:04 သျမ်းသံနတာ်ဆင့်

လားရိူးမြို့ အနခေစိုက် အနရေ့နမောက်ြိုင်းစစ်ဋာေချုြ် (ရမခ) ၏ စစ်ဦးစီးမှး ြထမတေ်း ဖေစ်သူ ဗိုလ်မှး ကြီး မျိုးချစ်အား လေေ်ခဲ့သည့် အြတ်
နသာကြာနေ့က တြ်မ ၃၃ ေည်းဗျူဟာမှး အဖေစ်တာဝေ်နြောင်း နရေ့ ခေ့်အြ်လိုက်နကြာင်း စစ်ဘက် အသိုင်းအဝိုင်းမေ တဆင့် သိရသည်။
၂၀၀၉ခုနေစ် သြဂုတ်လြိုင်းက သျမ်းြေည် (နမောက်ြိုင်း) နလာက်ကိုင်မြို့ရေိ ကိုးကေ့်တိုင်းရင်းသား လက်ေက်ကိုင် တြ်ဖေဲ့ အ နြါ မေေ်မာစစ်တြ်မေ
ထိုးစစ်ဆင်ရာတေင် စစ်ကိုင်းမြို့ အနခေစိုက် တြ်မ ၃၃ ြါဝင်ခဲ့ြြီး ယနေ့အထိ နလာက်ကိုင်မြို့တေင် အနခေြေု လှြ်ရေားလျက်ရေိသည် ။

ဗိုလ်မှးကြီးမျိုးချစ်သည် လက်ရေိ ဗိုလ်မှးကြီးအဆင့်ဖေင့်သာ အဆိုြါ တြ်မသို့ နြောင်းနရေ့ရသဖေင့်လုြ်ြိုင်ခေင့် အားဖေင့် ကျဆင်းသေားဖေယ်ရေိနကြာင်း


စစ်ဘက်နေင့်ေီးစြ်သူတစ်ဦးက သုံးသြ်နြောဆိုသည်။

“ဂျီဝမ်း ကာေယ်ဗိုလ်မှးကြီး ကနေ ဗျူဟာမှး ဖေစ်သေားနတာ့ လုြ်ြိုင်ခေင့် ကျသေားတယ်လို့ နြောလို့ရ တာနြါ့၊ ဂျီဝမ်းတုေ်းကဆိုရင် ဒီ ၁၀၅ မိုင်ကနေ
ထေက်တဲ့ နမောင်ခိုြစ္ည်းနတေက သူ့ေံမယ်ေဲ့ထေက်တာ ဗျူဟာမှးဆိုနတာ့ သူ့တြ်ေဲ့ဆိုင်တဲ့ ဟာနလာက်ြဲလုြ်ခေင့်ရေိနတာ့မယ် ” ဟု ေီးစြ်သူက ဆိုသည်။

ယခု စစ်ရာထူး နြောင်းနရေ့မှတေင် တေ့်ယေ်းမြို့ အနခေစိုက် စစ်ဗျူဟာမှး ဗိုလ်မှးကြီးခိုင်နော် ြါဝင် သည်ဟု သိရနသာ်လည်း သျမ်းသံနတာ်ဆင့်မေ
သီးခေားအတည်ြေုချက် မရနြ။

ဗိုလ်မှးကြီး မျိုးချစ်သည် ရမခစစ်တိုင်း၌ တိုင်းမှး ဗိုလ်ချုြ်မေင့်လှင်၊ ဗိုလ်ချုြ် နအာင်သေ်းထေဋ်နေင့်ဗိုလ်မှးချုြ် နအာင်နကျာ်နော စသည့် စစ်တိုင်းမှး ၃
ဆက်လက်နအာက်တေင် စစ်ဦးစီးမှးြထမတေ်း တာဝေ် ထမ်းနဆာင် လာသူ ဖေစ်နကြာင်း သိရသည်။
http://www.mongloi.org/burmese/news
http://burmese.dvb.no/

You might also like