You are on page 1of 2

လမ်းပြကြယ်လုပ်မှာလား လူတွင်ကျယ်လုပ်မှာလား ကိုယ်ဘာလဲ ဆိုတာ တိတိကျကျပြောပါ ဦးအေးမြင့် ခင်ဗျား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် ၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပါတီတွေကို ဖျက်သိမ်းကြောင်းကြေငြာတဲ့ရက်နဲ့ တချိန်တည်းမှာပဲ ဦးအေးမြင့် ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုတဲ့ အင်တာဗျုးကိုနားထောင်လိုက်ရတယ်။ တိုက်ဆိုင်တာလား။ ချိန်ကိုက်ပြီး စံနစ်တကျလုပ်လာတာလား။ ကျနော်တို့ ကတော့ လူတွင်ကျယ်လုပ်ပြောနေတဲ့ ဦးအေးမြင့် ကို သံသယရှိနေခဲ့တာ နည်းနည်းလေးတော့ကြာသွားပြီ။ ဒေါ်အောင်ဆန်းစု ရဲ့ ရွေးကောက်ပွဲ အပေါ်သဘောထား ကို ဦးဥာဏ်ဝင်း က လိမ်ပြောခဲ့သယောင်ယောင်၊ “ဒေါ်အောင်ဆန်းစုကြည်မပြောခဲ့ပဲနဲ့ လွတ်လာပြီးမှ ရွေးကောက်ပွဲ သပိတ်မှောက်တာကို ဒေါ်စုက မပြောခဲ့ရင် ပြည်သူက ဒုက္ခရောက်မယ်” ဆိုပြီးပြည်သူကိုစာနာလေဟန်ပြော၊ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက် မဲမထည့်ခိုင်းတာကို အပြစ်တင်ပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လူထုနဲ့ရန်တိုက်ပေးဖို့လှမ်းလာတဲ့ခြေလှမ်းဟာ ဦးအေးမြင့်ရဲ့မရိုးသားမှုပဲဖြစ်တယ်။ တကယ်တော့ ဒီစကားတွေအားလုံးကို ဦးခင်မောင်ဆွေ က အောက်ကနေဝါဒဖြန့်နေခဲ့တာ ကြာပြီ။ ခြေလှမ်းတွေက ရိုးစင်းပြီး တုံးလာချည်လား ဦးအေးမြင့်ရယ်။ ဒေါ်အောင်ဆန်းစုကြည် က နိုင်ငံတကာသံအမတ်တွေန့တွေ့ခဲ့တယ်မို့လား။ သတင်းတွေ နားထောင်နေခဲ့တာပဲမို့လား။ဲ ပါတီမှတ်ပုံတင်ရေးမတင်ရေးကို အများဆန္ဒနဲ့မဲခွဲခ့တာမို့လား။ ဒေါ်အောင်ဆန်းစုကြည်ရဲ့သဘောထားကို နိုင်ငံတကာသံအမတ်တွေက တီးခေါက်ခဲ့၊ဲ သိခဲ့ပြီးပြီ မဟုတ်လား။ ဘာလို့ ဆင်သေကို ဆိတ်ရေနဲ့ဖုံးပြီး လူရှုပ်လူပွေတယောက်လို ရိုးမယ်ဖွဲ့ချင်ရတာလဲ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တချို့မှာ အားနည်းချက်တွေရှိနိုင်ပါတယ်။ ဒါပေမဲ့ အားလုံးကိုသိမ်းကြုံးပြီး “ထမိန်နားခိုစားနေတဲ့ကောင်တွေ”လို့ ရိုင်းရိုင်းစိုင်းစိုင်းပြောနေတာဟာ ဦးအေးမြင့်ရဲ့မျိုးရိုးအဆင့်အတန်း၊ ယဉ်ကျေးမှုအဆင့်အတန်းကို ပြခဲ့တာပါပဲ။ ဦးခင်မောင်ဆွေ လို စကားအမျိုးမျိုးပြောတဲ့ လူလိမ်၊ ဦးအေးမြင့် လို ခုရွေးကောက်ပွဲသပိတ်မှောက်မယ်ပြောလိုက်၊ ခုပဲ လူလိမ်ကိုမဲထည့်ခိုင်းလိုက်နဲ့ လှေနံနှစ်ဖက်နင်း နေတဲ့ လူရှုပ် အော်- ပျံလေတဲ့ ငှက်ခါး နားမှ သိကြမယ်။ သူများ ကို တည်တည်ကြည်ကြည်ပြောပါ လို့ မစွပ်စွဲခင် ကိုယ်ကရော တည်ကြည်ဖြောင့်မတ်တဲ့ စကားကို ဆိုနေပါရဲ့လား ဦးအေးမြင့်။ နိုင်ငံရေးဆိုတာ ဇာတ်မင်းသားတွေလို မိနစ်ပိုင်းအတွင်းမှာ ငိုလိုက်၊ ရယ်လိုက် လုပ်ရင် ဘာဖြစ်နိုင်တယ် ဆိုတာကိုတော့ ဦးအေးမြင့် သိသင့်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လူထုအုံကြွမှုဦးဆောင်မလုပ်လို့ အပြစ်တင်နေတဲ့ ဦးအေးမြင့် ခင်ဗျား ပဲခူးမှာ လူနှစ်ယောက်ကို စစ်တပ်ကပစ်သတ်သွားတဲ့အပေါ် ကြိတ်မနိုင်ခဲမရဖြစ်နေတဲ့ လူထုကို ဘာလို့ ဦးဆောင်မဖောက်ခွဲခ့တာလဲ။ဲ သပိတ်မှောက်ပြီးတဲ့အခါ လူထုအုံကြွမှုလုပ်မယ် ဆိုတဲ့ ကံသေကံမပြောဆိုမှုတွေကို နိုင်ငံရေးမှာ လုပ်လို့မရသလို၊ လူထုအုံကြွမှုလုပ်ဖို့ဆိုတာ နယ်မြေအသီသီးမှာ ခေါင်းဆောင်မှုရှိမှ၊ ပြည်သူက ရေချိန်အသင့်ဖြစ်နေမှ လုပ်လို့ရတာပါ။ ပြည်သူက အသင့်ဖြစ်နေပြီ လို့ ပြောတဲ့ ဦးအေးမြင့်ဟာ ဘာလို့ ရွေးကောက်ပွဲ ကို ဖြတ်ချင်နေရတာလဲ။ ဘာလို့ ဦးခင်မောင်ဆွေ တို့ကို မဲထည့်ဖို့ မြူဆွယ်နေရတာလဲ။ ကိုယ့်စကားက ရှေ့နောက်ညီရဲ့လား။ ပြန်စဉ်းစားစေချင်ပါတယ်။

နိုင်ငံရေးဆိုတာ နတ်ကြီးပါတယ်။ ကျနော်တို့ မဟုတ်တယုတ်လုပ်ရင် ကျနော်တို့ကျဆုံးမယ်။ ဦးအေးမြင့် က လူရှုပ်၊လူတွင်ကျယ် လုပ်လာပြီး မတရားခံနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲချုပ်အပေါ် စာနာနားလည်မှုမရှိပဲ မိုက်မိုက်ရိုင်းရိုင်းလုပ်လာတဲ့အခါ နိုင်ငံပေါင်းစုံမှာရောက်နေတဲ့ပြည်သူတွေနဲ့ပြည်တွင်းမှာနေထိုင်ကြတဲ့သူတွေရဲ့တုန့်ပြန်မှု ဘယ်လိုလာမလဲဆိုတာ စောင့်ကြည့်ကြမယ်။ လမ်းပြကြယ်အဖြစ် နာမည်ရလာအောင်၊ ဦးအေးမြင့်လုပ်လို့ ကလေးစစ်သားလေးတွေလွတ်လာတယ် ဆိုတဲ့ အထင်ရလာအောင်၊ ပြည်သူကြားကို နားရောက်စေမဲ့ စင်တခုရလာအောင် စစ်တပ်န့များ ကြိုညှိပြီး ပြင်ဆင်လုပ်ခ့တာလား လို့ သံသယနဲ့ မေးခွန်းထုတ်လာမိကြတယ်။ နိုင်ငံတကာရောက်ရဲဘော်များကို တခုကြိုမေတ္တာရပ်ခံချင်ပါတယ်။ လူရှုပ်၊ လူလိမ်တွေကို နိုင်ငံရေးစင်မြင့်ပေါ်တင်ပေးတဲ့အဖြစ်မျိုး မလုပ်မိကြပါစေနဲ့။ ဒီ တကွေ့မှာလည်း ဒေါ်အောင်ဆန်းစုကြည် နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နောက် က ကြံ့ကြံ့ခံရပ်တည်ထားကြရမယ် လို့ ယုံကြည်နေပါတယ်။ ခင်မင်လေးစားစွာဖြင့်

သန်းဝင်း အောင်မိုးဝင်း

You might also like