You are on page 1of 2

သွားပိုးကိုလည်း သေစေတဲ့အပြင် အနံ့ဆိုးတွေကိုပါ ဖယ်ရှားပေးတဲ့ သဘာဝနည်းလမ်းတွေ

---------

သွးပိုးစားခြင်းကြောင့်ဖြစ်ပေါ်တဲ့ ဝေဒနာက ခံစားရအလွန်းခက်ခဲတဲ့အပြင် စကားပြောတဲ့အခါ ပါးစပ်မှ


အနံ့ဆိုးတွေထွက်နေရင်လည်း အလွန်ရှက်ဖို့ကောင်းပါတယ်။

သဘာဝနည်းလမ်းဖြင့် ပါးစပ်ဆေးကြောဖို့အတွက်

ပူစီနံ၊ လေးညှင်း ပွင့်၊ ဖာလာစေ့နဲ့ စမုံစပါးတို့က သင့်ပါးစပ်မှ အနံ့ဆိုးတွေကို ဖယ်ရှားဖို့အတွက် အလွန်ကောင်းမွန်တဲ့


သဘာဝ ဆေးတွေပဲဖြစ်ပါတယ်။ မုန့ဖ
်ုတ်ဆိုဒါ ကလည်း သင့်ပါးစပ်ကို ဆေးကြောဖို့အတွက်
ရိုးရှင်းတဲ့နည်းလမ်းလေးတစ်ခုပဲဖြစ်ပါတယ်။ မုန့ဖ
်ုတ်ဆိုဒါကို ရေဖြင့်ဖျော်ပြီး ပလုတ်ကျင်းတာပဲဖြစ်ဖြစ် ဒါမှမဟုတ်
သွားတိုက်တံကို ရေစွတ်ပြီး သွားတိုက်ဆေးအစား မုန့်ဖုတ်ဆိုဒါကို ထည့်ပြီး တိုက်ခြင်းဖြင့်လည်း သင့် ပါးစပ်ထရ
ှဲိ
အနံ့ဆိုးတွေကို ဖယ်ရှားပစ်နိုင်ပါတယ်။ ဒါ့အပြင် ရေထဲသို့ ပဲပင်ပေါက်/ တိုရ အရွက်ကို ထည့်ပြီး ရေနွေးကြမ်းကဲ့သို့
တစ်နေ့ကို တစ်ခွက်သောက်သုံးပေးခြင်းအားဖြင့် ပါးစပ်မှမကောင်းတဲ့ အနံ့အသက်တွေကို ဖယ်ရှားပေးပြီး ခံတွင်းထဲရှိ
ဘက်တီးရီးယားပိုးမွှားများကိုလည်း သေစေနိုင်ပါတယ်။

နေ့စဉ် ရေ ၂လီတာ သောက်သုံးပေးပါ။

ရေနေ့စဉ် ၂လီတာသောက်သုံးပေးခြင်းအားဖြင့် တံတွေးကြောင့်ဖြစ်တဲ့ ဘက်တီးရီးယားပိုးကြီးထွားနှုန်းကို လျော့ချပေးပြီး


တံတွေးဂလင်းကို ကာကွယ်စောင့်ရှောက်ပေးပါတယ်။ ညဘက်မှာ ဘတ်တီးရီးယားပိုးမွှားများဖြစ်ပေါ်တတ်တာကြောင့်
ညဘက်အိပ်တဲ့အခါ သကြားဓာတ်ပါဝင်တဲ့ အစားအသောက်များကို ရှောင်ကြဉ်သင့်ပါတယ်။
ရေပုံမှန်သောက်သုံးခြင်းကြောင့် သင့်ဝမ်းကို မှန်စေပါတယ်။ ဝမ်းချုပ်တတ်တဲ့သူ
ရေလုံလုံလောက်လောက်မသောက်သုံးတဲ့အခါ ဝမ်းပိုချုပ်တတ်ပြီး စကားပြောတဲ့အခါမှာလည်း ဝမ်းထဲမှာ အပူ အပုတ်
အညစ်အကြေးတွေ ခိုအောင်နေတာကြောင့် အရမ်းနံပါတယ်။ ဒါ့ကြောင့် ခံတွင်းမှ အနံ့တွေ ပပျောက်ဖို့အတွက်
ရေဓာတ်လုံလုံလောက်လောက်ရှိဖို့လိုအပ်ပါတယ်။

ဘယ်လိုအစားအစာတွေက သင့်ပါးစပ်ကို အနံ့ဆိုးတွေပိုဖြစ်စေသလဲ။

အသက်ရှူထုတ်လိုက်တဲ့အခါ ကိုယ်ထုတ်လိုက်တဲ့ ထွက်လေက အနံတွေ မကောင်းအောင် အဓိကစွမ်းဆောင်ပေးမဲ့


တရားခံကတော့ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူပဲဖြစ်ပါတယ်။ ဒါပေမဲ့ သုတေသနပညာရှင်တွေရဲ့စမ်းသပ်လေ့လာမှုအရ
ကြက်သွန်နီကတော့ သွားယိုယွင်းပျက်ဆီးခြင်းနဲ့ သွားဖုံးရောဂါကို ဖြစ်နိုင်ချေရှိတဲ့ ကွဲပြားတဲ့ ဘက်တီးရီးယားပိုး ၄မျိုးကို
သေစေနိုင်တယ်လို့ဆိုပါတယ်။ ဘက်တီးရီယားကြီးထွားမှုကို အားပေးတဲ့ Fructose နဲ့ Acidic acid ဓာတ်မြင့်မားတဲ့
အစားအစာတွေကို ရှောင်ကြဉ်ဖို့တော့ လိုအပ်ပါတယ်။ ဆာလောင်တဲ့အခါမျိုးမှာ ပန်းသီးသို့မဟုတ် ဒိန်ချဉ်ကို
စားသုံးပေးပါ။ ထိုအစားအစာတွေကဘက်တီးရီးယားကို လျော့ချပေးပြီး တံတွေးထုတ်လုပ်မှုကို လှုပ်ဆော်ပေးနိုင်တဲ့
Heteropolysaccharide pectin ပါဝင်ပါတယ်။

လျှာကို သန့်စင်ပေးခြင်း
လျှာမျက်နှာပြင်ဟာ ဘက်တီးရီးယားတွေ မွေးမြူနိုင်တဲ့ ရင်ပြင်တစ်ခုလိုဖြစ်နေပါတယ်။ ဒါ့ကြောင့်သွားတိုက်ပြီးတဲ့အခါမှာ
လျှာကို သွားတိုက်တံဖြင့် ပွတ်တိုက်ဆေးကြေားပေးပါ။ ဒါမှမဟုတ် လျှာမျက်နှာပြင်ပေါ်က အညစ်အကြေးကို
ခြစ်ထုတ်နိုင်မဲ့ ကိရိယာတစ်ခုခုကို အသုံးပြုပြီး လျှာကို ဆေးကြောသန့်စင်ပေးပါ။

သွားတိုက်ခြင်းနဲ့ သွားကြားရှိ စားကြွင်းစားကျန်ကိုရှင်းပေးခြင်း

မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သွားတိုက်ပေးရမယ်ဆိုတာ လူတိုင်းသိတဲ့ ကျန်မာရေးလမ်းညွှန်တစ်ခုပါ။ ဒါပေမဲ့


လူတိုင်းတစ်နေ့ကို ၂ကြိမ်သွားမတိုက်တဲ့သူက ထက်ဝက်လောက်ရှိပါတယ်။ သွားကို တစ်နေ့နှစ်ကြိမ် ပုံမှန်တိုက်သင့်ပြီး
သွားမတိုက်ခင် နာရီဝက်အလိုမှာ သင့်ပါစပ်ကို ပလုတ်ကျင်းပေးထားတာက ပိုမိုကောင်းမွန်စေပါတယ်။ သွားကြားရှိ
စားကြွင်းစားကျန်တွေက ဘက်တီးရီးယားဖြစ်နိုင်ချေရှိတဲ့အပြင်ခံတွင်းနံ့ကိုလည်း ဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် တစ်နေ့ကို
သွားနှစ်ကြိမ်တိုက်ပြီးလျှင် တစ်နေ့တစ်ကြိမ်တော့ သွားကြိုသွားကြားရှိ စားကြွင်းစားကျန်ကို သွားကြားရှင်း ကိရိယာဖြင့်
ရှင်းထုတ်ဖို့လိုအပ်ပါတယ်။

ဆေးလိပ်သောက်သုံးခြင်းနဲ့ ကွမ်းစားခြင်း

ဆေးလိပ်စွဲစွဲမြဲမြဲသောက်သုံးသူနဲ့ ကွမ်းအမြဲစားသူရဲ့ ခံတွင်းကတော့ အားလုံးသိတဲ့အတိုင်းပဲ သန့်ရှင်းမှုမရှိတဲ့အပြင်


အနံ့ဆိုးလည်းထွက်နေဦးမှာပါပဲ။ သွားတိုက်ဆေးသုံးတဲ့အခါ ကျန်းမာရေးနဲ့ ညီညွှတ်မှုရှိတဲ့ ဖလိုရိုဒ်ဓာတ်ပါဝင်တဲ့
သွားတိုက်ဆေးကို ရွေးချယ်အသုံးပြုသင့်ပါတယ်။ ဆေးလိပ် နဲ့ ကွမ်းဟာ ကိုယ်ခံအားစနစ်ကို ကျဆင်းစေတာကြောင့်
ခံတွင်းပိုင်းနဲ့ သွားဖုးံ များမှာရောဂါဖြစ်နိုင်ချေများပြီးကင်ဆာရောဂါအထိဖြစ်နိုင်တာကြောင့် ဆေးလိပ်န့က
ွဲမ်းကို
ဖြတ်လိုက်တာ သင့်အတွက်အကောင်းဆုံးပါ။

Citric အက်ဆစ်ဓာတ်ပါဝင်တဲ့ သစ်သီးခွံကို ဝါးခြင်း

Citric အက်ဆစ်ဓာတ်ပါဝင်တဲ့ သံပုရာခွံနဲ့ လိမ္မော်ခွံတို့ဟာ ခံတွင်းရှိ အနံ့ဆိုးတွေကို ဖယ်ရှားပေးတဲ့အပြင် ခံတွင်းကို


သန့်ရှင်းပြီး တံတွေးထုတ်လုပ်မှု ဂလင်းကို အားပေးပါတယ်။ ဒါ့ကြောင့်ခံတွင်းရှိ အနံ့ဆိုးတွေ ပပျောက်အောင် Citric
အက်ဆစ်ဓာတ်ပါဝင်တဲ့ သံပုရာခွံ သို့မဟုတ် လိမ္မော်ခွံတို့ကို မကြာခံဆိုသလို ဝါးပေးသင့်ပါတယ်။

credit:Lifestyle_Myanmar

You might also like