You are on page 1of 4

သူ့အတွေးသူ့အမြင်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံသောအခါ

By သာလွန်ဇောင်းထက်

၁- တည်းတဲ့ဟိုတယ်ကနေ ဘုရင့်နောင်ရိပ်သာကိုရောက်တော့ တပ်ချုပ်နဲ့ တွေ့မယ့် သတင်းမီဒီယာကောင်စီဝင်တွေကို


အစီလိုက် အတန်းလိုက် စီခိုင်းတယ်။ တပ်အရာရှိတွေက နာမည်နဲ့ ထိုင်ရမယ့် ခုံ အစဉ်အလိုက်အတိုင်း တန်းစီခိုင်းတယ်။
မြန်မာသတင်းမီဒီယာကောင်စီဝင်တွေ အားလုံး ရထားတွဲကြီးတစ်ခုလိုဖြစ်သွားတယ်။ ဥက္ကဋ္ဌက ရှေ့ဆုံးခေါင်းတွဲပေါ့။
ကျနော်က နောက်ဆုံးရဲ့ ရှေ့က ရထားတွဲလို နေရာရပါတယ်။ ကိုယ့်မှာ စစ်တပ်ထဲရောက်သွားသလို သတိပဲ
ဆွဲနေရမလိုလိုပေါ့။ ကောင်စီဝင်တွေကို တန်းစီထားတာ အတော် အတန်းရှည်သားပဲလို့ တွေးမိတယ်။ ဘယ်သူ့သြဇာမှ
မခံခဲ့တာ အခုတော့ တပ်အရာရှိတွေ တန်းစီခိုင်းတာခံရပြီလို့ တွေးမိရဲ့။ သမ္မတအိမ်တော်မှာလည်း ကတိသစ္စာပြုတုန်းက
နံပါတ်စဉ်အတိုင်း နေရာချထားပေမယ့် ဒီလိုကြီးတော့ တန်းမစီရဘူးဆိုတာလည်းတွေးမိတယ်။ သြော် တပ်ပဲလေဆိုပြီး
တွေးမိတယ်။

၂- ထိုင်ခုံမဆန့်လို့ ရှေ့ဆုံးခုံတန်း ခုံတန်းရှည်မှာ ကျနော် မထိုင်ရဘဲ ဒုတိယတန်းခုံမှာ ထိုင်ခိုင်းတယ်။ အင်း ဒါလည်း


တစ်မျိုးကောင်းတယ်၊ ငိုက်ချင်ရင် ငိုက်လို့ရတာပေါ့လို့ တွေးမိတယ်။ ဒါပေမယ့် စိတ်ထဲမှာတော့ တမင်လုပ်သလား၊
ဗိုလ်ချုပ်ကြီးတွေ ငါ့မျက်နှာ မမြင်ချင်လို့များလားဆိုပြီး တွေးမိတယ်။

၃- ၀င်ဝင်ချင်း ကာချုပ်န့ေ
ဲ တွ့တယ်။ ကျေနာ့် လက်ထဲမှာ အသင့်ကိုင်ထားတဲ့ စာ ၃ စောင်ကို ချက်ချင်း ပေးလိုက်တယ်။
တစ်စောင်က PCMJ က သတင်းသမားတွေကို ထောင်ချောက်ဆင်ဖမ်းတဲ့ ပြည်ထဲရေးတာဝန်ရှိသူတွေကို အရေးယူပေးဖို့၊
နောက်တစ်စောင်က ရိုက်တာသတင်းထောက် ၂ ဦးရဲ့ ဇနီးတွေဆီက စာ၊ နောက်တစ်စောင်က ဒုရဲမှူး မိုးရန်နိုင်ရဲ့စာ။
တပ်ချုပ်က သူ့ PSO ကို စာတွေ လှမ်းယူခိုင်းတယ်။

၎- အတွင်းရေးမှူး ဦးကျော်စွာမင်းက ကျနော်ကို့ တပ်ချုပ်နဲ့ မိတ်ဆက်ပေးဖို့ ဟန်ပြင်နေတုန်းမှာပဲ တပ်ချုပ်နှုတ်က ကျနော့်


နာမည်စခေါ်တယ်။ "သာလွန်ဇောင်းထက်" တဲ့။ သိလိုက်တာက လူတွေနဲ့ မတွေ့ခင် ဘယ်သူ ဘာဆိုတာ
ကိုယ်ရေးအကျဉ်းနဲ့တကွ၊ ဘယ်လို Background က လာတယ်ဆိုတာ တပ်အရာရြှိ ကီးတွေ ကြိုဖတ်ထားတယ်လို့
ကောက်ချက်ချမိတယ်။ လူနဲ့ နာမည် တွဲသိတယ်။ တစ်နည်းအားဖြင့်ပြောရင် အိမ်စာလုပ်တယ်။ ဒီထက်ပိုတွေးမိတာက
ဘယ်သူ့ဆီက ဘယ်လိုစကားထွက်မယ်ဆိုတာ ကြိုတင်ခန့်မှန်းထားတာမျိုးနဲ့ အဖြေအတွက် ကြိုပြင်ထားတာရှိနိုင်မယ်လို့
တွေးမိတယ်။ Well Planned ရှိတယ်ဆိုတာ ပေါ်လွင်တယ်လို့ တွေးမိတယ်။ အဲဒီလို တွေးရင်းနဲ့ ထိုင်ခုံဆီသွားလိုက်တာ
တပ်ချုပ်ကို လက်စွဲ နှုတ်မဆက်ခဲ့ရမှန်း ခုံပေါ်မှာ ထိုင်မိမှ သတိထားမိတယ်။ (ကျနော့်စိတ်ထင်တော့ လက်ဆွဲ
မနှုတ်ဆက်ခဲ့ဘူးလို့ပဲ ထင်ပါတယ်)

၅- တပ်ချုပ်က သူ့လူတွေကို မိတ်ဆက်ပေးတယ်။ တပ်ချုပ်ရဲ့ မိတ်ဆက်ပေးမှုနဲ့ တပ်လုပ်ငန်းစဉ်တချို့ အကြောင်း


တပ်ချုပ်က ရှင်းပြမှုကို နားထောင်ရင် သတိထားမိတာကတော့ တပ်ချုပ်ဟာ အလုပ်လုပ်တဲ့အခါမှာ Team နဲ့
အလုပ်လုပ်တယ်။ သူတစ်ဦးတည်း မဆုံးဖြတ်ဘူး။ အားလုံးနဲ့တိုင်ပင်ဆုံးဖြတ်တယ်ဆိုတာကို သွားတွေ့တယ်။
ဆုံးဖြတ်ချက်တိုင်းသည် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ Team က တာဝန်ယူတဲ့သဘောကိုလည်းတွေ့မိတယ်။
Well Trained ဖြစ်တယ်။ လုပ်စရာရှိ တစ်သင်းလုပ်၊ တစ်သင်းလုံး ဖြန့်ကစားမှုမြင်ရတယ်။
၆- ကိုယ်ပြောချင်တဲ့ အကြောင်းအရာကို တစ်ဦးချင်းစီ မိတ်ဆက်ပြောခွင့်ရတယ်။ ကျနော်ကတော့
ရိုက်တာသတင်းထောက် ၂ ဦးကိစ္စနဲ့စတယ်။ ဒုရဲမှူး မိုးရန်နိုင်ကိစ္စပြောတယ်။ ထောင်ချောက်ဆင်ဖမ်းတာ မတရားဘူး။
မသင့်တော်ဘူး ။ အရေးယူပေးပါ စုံစမ်းပေးပါ ပြောတယ်။ သတင်းရယူခွင့် နည်းတဲ့ကိစ္စ၊ ရခိုင်မှာ ရဟတ်ယာဉ်တွေသုံးပြီး
တိုက်နေတာ၊ ငြိမ်းချမ်းရေးအပေါ် တပ်ရဲ့ သဘောထား၊ တပ်ချုပ်ကြီး ပင်စင်ယူပြီး တပ်ချုပ် သစ် ဘယ်သူဖြစ်လာမလဲ (
အဲဒီအကြောင်းအရာမှာ တပ်အရာရှိကြီးတွေ မသိမသာ လှုပ်လှုပ်ရှားရှား) ဆိုတာတွေကို သတင်းမီဒီယာတွေက
စိတ်ဝင်စားတယ်ဆိုတာပြောပြတယ်။ Access to Information ပေးဖု့ပ
ိုါ။ သတင်းမီဒီယာဥပဒေ ပြင်ဖို့ လိုအပ်တယ်။
ဥပဒေပြင်ရင်တပ် လွှတ်တော်ကိုယ်စားလှယ်တွေက ပြင်ဆင်မှု ပူးပေါင်းဆောင်ရွက်ပေးဖို့။ သတင်းမီဒီယာတွေ တကယ်
အလုပ်လုပ်ဖို့က မီဒီယာဥပဒေမပြင်ဘဲ မဖြစ်နိုင်ဘူး။ မီဒီယာဆိုတာ ပြည်သူလူထုကို အမှန်ကို အမှန်အတိုင်း ချပြဖို့
တာဝန်ရှိတယ်ဆိုတာ ပြောခဲ့တယ်။

၇- ကျနော်စကားပြောနေစဉ်မှာ ကျနော့်ကို မနှစ်သက်တဲ့ အရိပ်လက္ခဏာတွေ တချို့သော ဗိုလ်ချုပ်ကြီးတွေဆီမှာ


မြင်ရပေမယ့် တပ်ချုပ်ကတော့ ငြိမ်ပြီး နားထောင်နေတယ်။ နားထောင်တတ်ခြင်းဟာလည်း အရည်အချင်း တစ်ရပ်ပဲမို့
ကိုယ်ပြောချင်ရာ ပြောလိုက်ရတော့ စိတ်ထဲမှာတော့ ပေါ့သွားတယ်။ ပြောသမျှကို အရာရှိကြီးတွေ အကုန်လုံး လိုက်ပြီး
မှတ်သားကြတာလည်း တွေ့မိတယ်။

၈- တပ်ချုပ်က ကျနော်တို့ ပြောသမျှ စကားတွေ ပြန်ပြီး ရှင်းပေးတယ်။ ရှင်းပေးရင်းနဲ့ အခြေခံဥပဒေပါ အခွင့အ


် ရေးတွေကို
ရှင်းပြတယ်။ သူအနေနဲ့ ပြည်ထဲရေးဝန်ကြီးကို ခေါ်ပြီး လုပ်သင့်တာ၊ လုပ်ရမှာတွေ ခေါ် ပြောတာတွေ ရှိတယ်ဆိုတာ
ရှင်းပြတယ်။ ပြည်ထဲရေး ၀န်ကြီးက တပ်ချုပ်ကြီးရဲ့ အောက်မှာရှိပြီး ၀န်ကြီးကို တပ်ချုပ်က ခေါ် ခိုင်းလို့ရတယ်ဆိုတဲ့
ပြင်ပက အပြောတွေ တကယ်ပါလားဆိုတာ ကောက်ချက်ချမိတယ်။

၉ - အချိန်တိကျမှု ရှိတယ်။ အစည်းအဝေး သတ်မှတ်ထားတဲ့အချိန်ကိုက် အဆုံးသတ်တယ်။

၁၀- နေ့လယ်စား စားဖို့ ခေါ်သွားတယ်။ တပ်က ချက်တဲ့ ဒံပေါက်ထမင်း၊ ကြက်ကလည်း တပ်မွေးမြူရေးက ထွက်တာတဲ့။
တော်တော်များများ တပ်က ထုတ်လုပ်တာလို့ ဗိုလ်ချုပ်တစ်ဦးဆီက ပြောသံကြားမိတယ်။

၁၁- ထမင်းစားကြတော့ ပုံစံခွက်နဲ့စားတာသတိထားမိတယ်။ ဗိုလ်ဆိုရင် စတီး ပုံစံခွက်၊ ဗိုလ်ချုပ်တွေဆိုရင်တော့


ကြွေပုံစံခွက်နဲ့ပါတဲ့။ ကြွေခွက်တွေမှာလည်း တပ်တံဆိပ် ရိုက်နှိပ်ထားတယ်။ တပ်က ထုတ်တဲ့ ပန်းကန်တွေတဲ့။

၁၂- ထမင်းစားပြီးတော့ ကျနော်တ့က


ို ခေါ်တယ်။ သတင်းစာရှင်းလင်းပွဲပုံစံ မိန့်ခွန်းပြောမယ့်နေရာလေး ပြင်ထားတယ်။
ဘာလဲပေါ့ စိတ်ထဲ စဉ်းစားမိတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က Speech ပေးတယ်။ ငြိမ်းချမ်းရေးအတွက် တပ်ရဲ့
ထုတ်ပြန်ချက်ပါတဲ့။ ဗိုလ်ချုပ်ထွန်းထွန်းညီက ဖတ်တယ်။

၁၃-ငြိမ်းချမ်းရေးအတွက် စစ်ဆင်ရေးတွေ ရပ်တယ်ပေါ့။ စိတ်ထဲ ကြောင်သွားတယ်။ သတင်းမီဒီယာကောင်စီနဲ့


တွေ့ဆုံပွဲလား၊ သတင်းထုတ်ပြန်ပွဲလား၊ နှစ်ခုစလုံး တိုက်ဆိုင်တာလား၊ တမင် နှစ်ခုစလုံး တွဲလုပ်တာလား၊
အံ့အားသင့်သွားတယ်။ ကောင်စီခေါ်ပြီး သတင်းထုတ်ပြန်တာပေါ့လို့ နားလည်တွေးလိုက်တယ်။ ကောင်စီက မီဒီယာတွေ
အားလုံးပါတော့ ချက်ချင်း ပြန့်သွားတယ်။ မီဒီယာတွေလည်းရှိနေတော့ အဲဒီသတင်းက စက္ကန့်ပိုင်းအတွင်း သတင်းဌာန
အားလုံးက Breaking News အနေနဲ့ တက်လာတယ်။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနဲ့ တွေ့ဆုံရင်း ငြိမ်းချမ်းရေး
သတင်းထုတ်ပြန်လို့ ခေါင်းစဉ် တပ်ရင်ကောင်းမလား စဉ်းစားမိတယ်။
၁၄- ဘုရင့်နောင်ရိပ်သာက ပြန်ထွက်လာတော့ စိတ်ထဲမှာ တွေးမိတယ်။ ဇေယျာသီရိဆိုတာ တပ်မြို့ လေး ဖြစ်တော့
နေပြည်တော်က ပဲခူးရိုးမ တောင်ကြားတွေကြားထဲမှာ သီးခြားကမ္ဘာလေးလိုဖြစ်နေတယ်။ ဘုရင့်နောင်ရိပ်သာလို
နေရာမျိုးက ခမ်းနားမှုတွေကလည်း သမ္မတအိမ်တော်က ဧည့်ခန်းမဆောင်ရဲ့ ခမ်းနားမှုနဲ့ မခြားပါပဲ။ နေပြည်တော်မှာကိုပဲ
အစိုးရနဲ့ တပ်ဌာနချုပ်က သီးခြားစီရှိနေကြတယ်။ တစ်နေရာကနေ တစ်နေရာရောက်ဖို့ အတော်ကို သွားလာရတာလည်း
သတိထားမိတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူတွေပြောနေတဲ့ မြန်မာနိုင်ငံမှာ အစိုးရနှစ်ရပ်ရှိတယ်ဆိုတဲ့စကား
သွားသတိထားမိတယ်။ သေချာတာကတော့ နေပြည်တော်ဆိုတဲ့မြို့ကြီးမှာ သီးခြားကမ္ဘာလေးနှစ်ခု တည်ရှိနေတာကိုတော့
အမြင်အတွေ့အားနဲ့ လက်ခံလိုက်ရတယ်။

၁၅- မီဒီယာသြဇာကြီးပုံကို သဘောပေါက်ပေမယ့် မီဒီယာတွေနဲ့ ပူးပေါင်းလုပ်မယ်ဆိုတာမျိုး ပြောတယ်။ တကယ်တော့


ပူးပေါင်းစရာလည်း မလိုပါဘူး။ မီဒီယာက တပ်နဲ့ ပူးပေါင်းလို့လည်းမရပါဘူး။ တပ်က ဘာလုပ်နေလဲဆိုတာ Access to
Information ခွင့်ပြုပေးဖို့က အဓိကပါ ။ မီဒီယာတွေမှာ လက်ဝဲ၊ လက်ယာ မီဒီယာတွေမှာရှိတယ်ဆိုတာပြောပေမယ့်
တကယ့်စစ်မှန်တဲ့ မီဒီယာသဘောတရားကို တပ်ချုပ်လည်း နားလည်ပုံမရပါဘူး။ စစ်မှန်တဲ့ မီဒီယာဆိုတာ စာဖတ်သူကို
ဘက်ပေါင်းစုံက မျှမျှတတ အမှန်ကို အမှန်တိုင်း ရှင်းပြဖို့ တာဝန်ဆိုတာကိုတော့ ရှင်းပြခဲ့တယ်။ မှန်ခြင်း မှားခြင်းက
မီဒီယာက ဆုံးဖြတ်ရတာမဟုတ်ဘဲ သတင်းစားသုံးသူတွေက ဆုံးဖြတ်ရတာကိုတော့ တပ်ချုပ်လည်း သိပ်ပြီးတော့
ရှင်းလင်းပုံမရပါဘူး။

ချုပ်ကြီးစကားစပြောတော့ အသံလေးက ကြားလိ့ေ


ု တာင်မဝ။ ကလေးလေးအတိုင်းပဲဆိုပြီး ပါးနှစ်ဖက်ကို
ပြေးဆွဲလိမ်ချင်စိတ် မနည်းထိန်းလိုက်ရတယ်။ ချုပ်ကြီးက တချက်ဝှေ့ကြည့်လိုက်ရင်တော့ မှတ်စုပဲရှာသလိုလို
တခုခုပဲရေးမှတ်သလိုနဲ့ ခေါင်းအမြန်င့ရ
ုံ တယ်။ ချုပ်ကြီးမကောင်းတာ ဘယ်တုန်းကမှ မပြောခဲ့ မရေးခဲ့ဖူးတာကြောင့်
ချုပ်ကြီးကို ရဲရဲကြည့်ရဲလာခဲ့ပြီဆိုပေမယ့်အခုလို တေ့တေ့ဆိုင်ဆိုင်တော့ မကြည့်ရဲသေး။
ငယ်ကြောက်ဖြစ်ခဲ့တာမို့ ဒီလောက်တော့ ရှိမှာပေါ့လို့ ဖြေတွေးတွေးမိတယ်။
တခြားသူတွေကို ကြည့်တော့လည်း သူ့လိုပဲ ငြိမ်ဝပ်ပိပြားလို့။ အသံမထွက်ရဲ ငြိမ်ကုပ်နေရလို့လည်း
တစ်ယောက်ကိုတစ်ယောက် ရှက်စရာလို့လည်း မမြင်ပါဘူးလေ။ တခြားသူမှမဟုတ်တာ။ ချုပ်ကြီးပဲဟာ။
ဒီအခန်းထဲမဝင်ခင်ကတည်းက ဇောင်းထက်ပါတယ်ဆိုတဲ့ ကလောင်ကိုလည်း အဖုံးလုံအောင်ပိတ်ခဲ့ပြီးပြီ။
မေးချင်မြန်းချင်စိတ်ဖြစ်မှာစိုးလို့လည်း အိမ်သာထဲဝင်ပြီး ကိုယ့်ပါးကိုယ် ရိုက်ထားပြီးပြီ။
အရာရာ ထိန်းလို့ရပြီထင်တုန်း ထဖောက်တာက သူ့ လက်ပဲ။ တစ်ခုခုကို တောင့်တသလိုလို ငတ်မွတ်သလိုလိုနဲ့ လက်က
တဆတ်ဆတ်ခါ နေမိတယ်။ ဘယ်လက်ကို ညာလက်နဲ့ထိန်း ညာလက်ကို ဘယ်လက်နဲ့ပြန်ချုပ်ရင်း ဘေးဘီကို
ငဲ့ကြည့်တော့ တော်တော်များများလည်း သူ့လိုပင်။ လက်နှစ်ဖက်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားကြတယ်။ သူသိလိုက်ပြီ။
ဒင်းတို့တတွေလည်း သူ့လို ချုပ်ကြီး � ပြေးမချင်ကြပုံပဲ။

" လေးချောင်းထောက်ရဲ့ တစ်နေ့တာ မှတ်တမ်း"

ချုပ်ကြီးနဲ့တွေ့ရမယ်ဆိုကတည်းက တဆတ်ဆတ်တုန်နေတဲ့နှလုံးဟာ အခုလို တကယ်နဖူးတွေ့ဒူးတွေ့ ဆုံလာချိန်မှာ


အသက်ရှူမဝသလိုပါဖြစ်လာတယ်။
ရင်ဘတ်ထဲကနေ တစ်ချက်တစ်ချက် စူးခနဲ အောင့်ခနဲ ဖြစ်လာတာနဲ့ နှလုံးဘက်ကို လက်နဲ့အသာဖိရင်း
လမ်းလျှောက်လာတဲ့ ချုပ်ကြီးကို ပြုံးပြုံးကြီး ကြည့်နေမိတယ်။
ချုပ်ကြီးရဲ့ အကြည့် ဒိုင်းခနဲရောက်လာတော့ လူပါဆတ်ခနဲတုန်သွားရတယ်။ ရင်ဘက်ဖိထားတဲ့လက်ကို ခပ်တင်းတင်းဖိ၊
ကျန်လက်တဖက်ကိုတင်ပါးနောက်ပစ် ၊ ဒူးကွေးကာ ခေါင်းငုံ့ ပြုံးပြပြီး ရိုရိုကျိုးကျိုး အရိုအသေပြုလိုက်တော့ ချုပ်ကြီးက
ကျေနပ်ဟန်နဲ့ ပြန်ပြုံးပြလေရဲ့။ တော်ပါသေးရဲ့လို့ သက်ပြင်းချရင်း စိတ်တည်ငြိမ်ဖို့ ကြိုးစားနေမိတယ်။

ကဲ ထိုင်ကြ ထိုင်ကြ
ဝုတ်ကဲ့ ဝုတ်ကဲ့

သူပဲနားကြားလွဲသလား သူကိုယ်တိုင်ရဲ့ အသံပဲ ပြန်ကြားရသလား အခန်းကပဲလုံလို့ ဟိန်းသံထွက်သလား မသဲကွဲ။


ထွက်လာတဲ့အသံတွေက ဟုတ်ကဲ့ကို ပီပီသသ မကြားလိုက်ရ။

ချုပ်ကြီးစကားစပြောတော့ အသံလေးက ကြားလို့တောင်မဝ။ ကလေးလေးအတိုင်းပဲဆိုပြီး ပါးနှစ်ဖက်ကို


ပြေးဆွဲလိမ်ချင်စိတ် မနည်းထိန်းလိုက်ရတယ်။ ချုပ်ကြီးက တချက်ဝှေ့ကြည့်လိုက်ရင်တော့ မှတ်စုပဲရှာသလိုလို
တခုခုပဲရေးမှတ်သလိုနဲ့ ခေါင်းအမြန်င့ရ
ုံ တယ်။ ချုပ်ကြီးမကောင်းတာ ဘယ်တုန်းကမှ မပြောခဲ့ မရေးခဲ့ဖူးတာကြောင့်
ချုပ်ကြီးကို ရဲရဲကြည့်ရဲလာခဲ့ပြီဆိုပေမယ့်အခုလို တေ့တေ့ဆိုင်ဆိုင်တော့ မကြည့်ရဲသေး။
ငယ်ကြောက်ဖြစ်ခဲ့တာမို့ ဒီလောက်တော့ ရှိမှာပေါ့လို့ ဖြေတွေးတွေးမိတယ်။
တခြားသူတွေကို ကြည့်တော့လည်း သူ့လိုပဲ ငြိမ်ဝပ်ပိပြားလို့။ အသံမထွက်ရဲ ငြိမ်ကုပ်နေရလိ့လ
ု ည်း
တစ်ယောက်ကိုတစ်ယောက် ရှက်စရာလို့လည်း မမြင်ပါဘူးလေ။ တခြားသူမှမဟုတ်တာ။ ချုပ်ကြီးပဲဟာ။
ဒီအခန်းထဲမဝင်ခင်ကတည်းက ဇောင်းထက်ပါတယ်ဆိုတဲ့ ကလောင်ကိုလည်း အဖုံးလုံအောင်ပိတ်ခဲ့ပြီးပြီ။
မေးချင်မြန်းချင်စိတ်ဖြစ်မှာစိုးလို့လည်း အိမ်သာထဲဝင်ပြီး ကိုယ့်ပါးကိုယ် ရိုက်ထားပြီးပြီ။
အရာရာ ထိန်းလိ့ရ
ု ပြီထင်တုန်း ထဖောက်တာက သူ့ လက်ပဲ။ တစ်ခုခုကို တောင့်တသလိုလို ငတ်မွတ်သလိုလိုနဲ့ လက်က
တဆတ်ဆတ်ခါ နေမိတယ်။ ဘယ်လက်ကို ညာလက်နဲ့ထိန်း ညာလက်ကို ဘယ်လက်နဲ့ပြန်ချုပ်ရင်း ဘေးဘီကို
ငဲ့ကြည့်တော့ တော်တော်များများလည်း သူ့လိုပင်။ လက်နှစ်ဖက်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားကြတယ်။ သူသိလိုက်ပြီ။
ဒင်းတို့တတွေလည်း သူ့လို ချုပ်ကြီး � ပြေးမချင်ကြပုံပဲ။
လူမမြင်ဖူးခင်ကတည်းက မ ခဲ့ကြတာဆိုတော့ အခုလို အပြင်မှာအရှင်လတ်လတ်တွေ့နေတုန်း
စိတ်ထိန်းချုပ်ရခက်ခဲသည်မှာ အပြစ်မဆိုသာ။
အကြည့်ချင်းဆုံရင် ရင်တုန်ရင်း ကိုယ့်လက်ကို ထိန်းရင်း တွေ့ဆုံပွဲက ဘယ်လိုပြီးသွားမှန်းမသိ။
မေးချင်ရာမေးဆိုတော့ မမေးရဲမယ့်အတူတူ အခက်အခဲတချို့ကို ငိုပြကြတာတော့ မှတ်မိလိုက်တယ်။ ချုပ်ကြီးကလည်း
ယောက်ခမဆီက အမွေရထားတဲ့ ငွေတွေနဲ့ ကြည့်ကောင်းအောင် ကူညီမယ်လို့ ကတိပေးတော့ သူတို့တဖွဲ့လုံးမျက်နာ
ပြုံးဖြီးဖြီး ဖြစ်ကြရတော့တာပေါ့။
ဒါမှ ချုပ်ကြီးကွ။ တွေ့လား ချုပ်ကြီးက ပစ်မထားပါဘူး။ ဆိုပြီးအချင်းချင်း တံတောင်န့တ
ဲို့ပြီး အားရဝမ်းသာ
ဖြစ်ကြရသေးတယ်။ ဘာပဲဖြစ်ဖြစ် ပါးရိုက်မခံရဘဲ အခုလို အေးအေးဆေးဆေးပြီးသွားတာ ဝမ်းသာနေမိတယ်။
ချုပ်ကြီးက ပြန်လို့ရပါပြီပြောတော့ ဝုတ်ကဲ့ ဝုတ်ကဲ့လို့သံပြိုင် ပြန်ဖြေပြီး သူတို့တဖွဲ့လုံး တိုင်ပင်စရာမလိုဘဲ
အိမ်သာပြေးကြတော့တာပဲ။
ခြေဖျားလက်ဖျားတွေ အေးလွန်းတော့ ဆီးသွားချင်တာ ကြာလှပြီမဟုတ်လား။

။....................။

( နေမကောင်းချင်သလို ဖြစ်နေပါ၍ အတွေ့အကြုံများကို နောက်ရက်မှ ဝေငှပါ့မယ်)

21.12.2018

You might also like